YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Warm on a Cold Night E15 (1080p) CM.mp4

541.55 MB N/A video/mp4 71 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
D@bbe 5: Curse of the Jinn
5

ဇာတ်ကားရဲ့အစမှာ မိန်းမတစ်ယောက် ကလေးမွေးနေတဲ့ အခန်းနဲ့ စထားတယ်။ဘေးမှာလည်း မိန်းမဖော်တွေအများကြီးနဲ့ပေါ့ ။ ညွှစ်ထား ထွက်တော့မယ် အားတင်းထား စသဖြင့် အသံတွေ ဆူညံလို့။အဲ့အသံတွေကြားထဲမှာမှ ကိုယ်ဝန်သည်မိန်းမရဲ့ နာကျင် လွန်းလို့ အော်ညည်းသံကတော့ အကျယ်ဆုံးပဲ။သိပ်မကြာလိုက်ပါဘူး။ ထွက်လာပြီဆိုတဲ့ ဝမ်းဆွဲသည်ရဲ့ အသံနဲ့အတူ ကလေးငိုသံလေးကို ကြားလိုက်ရတယ်။ကိုယ်ဝန်သည်မိန်းမဟာ ပင်ပန်းလွန်းလို့ ခြေပစ်လက်ပစ်ပေါ့။အဲ့ဒီအချိန်မှာပဲ မွေးခန်းထဲကို လူတွေ သုတ်သုတ်ပြာပြာ ဝင်လာတယ်။ပေး ပေး ဆိုပြီး ဝမ်းဆွဲသည်ဆီက ကလေးကို လုသွားတယ်။ ပင်ပန်းလွန်းလို့လှဲနေတဲ့ကလေးမိခင်ဟာ ထိတ်ထိတ်ပြာပြာနဲ့ ခေါင်းထောင်လာတယ်။ရှင်တို့ ဘယ်သူတွေလဲ ကျွန်မကလေးကို ဘယ်ခေါ်သွားကြမလို့လဲ မလုပ်ကြပါနဲ့ စသဖြင့် တစာစာအော်လို့။ ဒါပေမယ့် ဟိုလူတွေကတော့ ဂရုမစိုက်ပါဘူး။ခုမှမွေးထားတဲ့ကလေးကို သွေးနုသားနုမိခင်ဆီက ရက်ရက်စက်စက်ပဲ ခေါ်ယူသွားကြတယ်။ ဝမ်းဆွဲသည်တွေကလည်း ဟိုလူတွေကို တားရမယ့်အစား ကလေးမိခင်ကိုပဲ ဝိုင်းချုပ်ထားကြတယ်။ နောက်တစ်ခန်းမှာတော့ အိုမာ နဲ့ ဒီလေ့ဆိုတဲ့ စုံတွဲတစ်တွဲရဲ့ အိမ်ကိုပြတယ်။အခုတလောမှာ ဒီလေ့ဟာ ညဘက်ဆို အိပ်မက်ဆိုးတွေ မက်လာတယ်။သူ့အိပ်မက်ထဲမှာ လူတစ်စုက ကလေးတစ်ယောက်ကို မိခင်ဆီက လုသွားတဲ့ ပုံရိပ်တွေကို ထပ်ခါထပ်ခါမြင်နေတယ်။နောက်တော့ ဒီလေ့ဟာ ဒီစိတ်နဲ့ပဲ ကျန်းမာရေးချို့ယွင်းလာတယ်။မမြင်သင့်တာတွေကို မြင်လာရတယ်။ သူ့ယောကျ်ား အိုမာကတော့ ဒီလေ့ကို စိတ်ရောဂါဆရာဝန်နဲ့ ပြချင်တယ်။ ဒါပေမယ့် ဒီလေ့ရဲ့ သူငယ်ချင်း စုံတွဲကတော့ ဒီကိစ္စကို ပယောဂဆရာနဲ့ ပြကြည့်ဖို့ အကြံပေးတယ်။ ဒီလေ့ဟာ အဲ့ဒီအိပ်မက်တွေကို ဘာလို့ မက်နေတာလဲ။အဲ့ဒီအဖြစ်အပျက်ဟာရော ဒီလေ့နဲ့ ဘယ်လို ပက်သက် နေသလဲ။အိုမာထင်သလိုမျိုး ပင်ပန်းလွန်းလို့ စိတ်ဂယောက်ဂယက် ဖြစ်တာလား။ဒါမှမဟုတ် တကယ်ပဲ ပယောဂလား။ (သရဲကားဆိုမှတော့ သရဲပဲပေါ့နော့် :3) ကျွန်တော်ပြန်ရတဲ့ Dabbe ကားတွေကို Ratting ပေးရရင် ဒီကောင်က နံပါတ်(၂)မှာ ချိတ်တယ်။ သရဲကားဆိုတာထက် လျှို့ဝှက်သဲဖိုဘက် ပိုသွားတယ်။မထင်ထားတဲ့ လှည့်ကွက်တွေများတယ်။ ကြောက်လည်းကြောက် စိတ်လည်းစိတ်ဝင်စားနဲ့ ကြည့်ရမယ့် ကားမျိုးမို့ ညွှန်းပေးချင်ပါတယ်။ IMDB မှာတော့ 5.9 ရထားပါတယ်။ File size…1.73GB / 695MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 13m Genre ..... Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damein

Drama • Romance
5 2014 132 mins
D@bbe 5: Curse of the Jinn
The Wrath of Becky
6.9

The Wrath of Becky (2023) =================== IMDb Rating - 6.0/10 2020 တုန်းက ထွက်ထားတဲ့ Becky ကားရဲ့ Sequel ပါ။ 2020 ကားထက်လည်း IMDb rating ပိုမြင့်ပါတယ်။ ပထမ ကားမှာ သူ့အဖေကို သတ်သွားတဲ့ လူလေးယောက်ကို ပြန်သတ် ခဲ့တဲ့ ဘက်ကီက မိဘမဲ့ဖြစ်သွားတော့ မွေးစားမဲ့သူတွေရှိလာ ပေမဲ့လည်း ဘက်ကီက သူ့ခွေးလေး ဒီယေးဂိုကိုခေါ်ပြီး တစ် အိမ်ပြီးတစ်အိမ်ကနေ ထွက်ပြေးပါတယ်။ တစ်နေ့မှာတော့ အယ် လီနာဆိုတဲ့ အဘွားကြီးတစ်ယောက်က ဘက်ကီ့ကိုလမ်းကြုံခေါ် တင်ပေးရာကနေ ဘက်ကီတို့နှစ်ယောက် အယ်လီနာနဲ့ပဲ နေဖြစ် သွားကြပါတယ်။ ဒါပေမဲ့ ကံကြမ္မာကဖန်လာပြန်တော့ ဘက်ကီ့ကြောင့်ပဲ အယ်လီနာ အသတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ ဘက်ကီ့ရဲ့ လက်စားချေတဲ့ခရီးစဉ် ကြီး ပြန်လည်စတင်ပါတော့တယ်။ ၁၃နှစ်အရွယ်ဘက်ကီနဲ့ ၁၆နှစ် အရွယ် ဘက်ကီတို့ ဘယ်လိုကွာခြားသွားမလဲ၊ သစ္စာရှိခွေးလေး ဒီယေးဂိုကရော ဒီတစ်ခေါက်မှာ ဘက်ကီ့ကိုဘယ်လိုကူညီဦးမလဲ။ ရက်ရက်စက်စက် သွေးထွက်သံယို လူသတ်မှုတွေပါဝင်တဲ့အတွက် ကြောင့် အသည်းငယ်သူများ ကြည့်ရှုဖို့မသင့်တော်ပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size..........(772 MB) / (406 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Horror, Thriller Translator.......EL Encoder..........SWM

Comedy • Drama
6.9 2023 83 mins
The Wrath of Becky
Dear Frankie
7

IMDB မှာ rating 7.7 ထိရရှိထားပြီး အားလုံးရဲ့ရင်ထဲကိုထိစေမယ်ဆိုတာပြောစရာမလိုပါဘူး ဖရန်ကီက နားမကြားတဲ့ကောင်လေးတစ်ယောက်ပါ။ ဖရန်ကီရဲ့အမေကတော့ ဖရန်ကီရဲ့အဖေနဲ့ ဘာလို့တစ်ကွဲတစ်ပြားစီ ဖြစ်နေတယ်ဆိုတာကို သားလေးဝမ်းနည်းပြီး စိတ်မကောင်းဖြစ်သွားမှာဆိုးလို့မသိစေချင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် ဖရန်ကီရဲ့ အဖေကို သင်္ဘောသားအဖြစ်နဲ့ စိတ်ကူးယဉ်ဖန်တီးပြီး သားဆီကို စာတွေရေးပို့နေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဖရန်ကီဟာ သူ့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ သူ့အဖေသူ့ဆီလာ‌တွေ့မယ် မတွေ့ဘူး ဆိုတာကို လောင်းကြေးထပ်ခဲ့ပါတယ်။ ဒီတော့ ဖရန်ကီရဲ့ အမေဟာ သူစိမ်းတစ်ယောက်ကိုငှားရမ်းပြီး ဖရန်ကီရဲ့ အဖေနေရာမှာ ဟန်ဆောင်ပေးဖို့ဖြစ်လာရပါတော့တယ်။ ဖရန်ကီကရော သူလောင်းထားတဲ့ ကိစ္စမှာ အနိုင်ရရှိသွားမလား။ သူ့အမေရဲ့စိတ်ကူးယဉ်ဇာတ်လမ်းကကော ဘာဆက်ဖြစ်သွားမလဲ ဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ရှု့စားလိုက်ပါခင်ဗျာ... File Size :(2.1GB) and (683MB) Quality : AMZN.WEB-DL1080p5.1Ch,720p Format…mp4 Duration…01:43:00 Genre : Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  PROXY Encoded by Phyo Pyae

Crime • Drama • Thriller
7 2004 105 mins
Dear Frankie
Look At Me: XXXTENTACION
6.3

Look at Me: XXXTentacion IMDb-7/10, Rotten Tomatoes-89% ဒီ Documentary မှာတော့ ရက်ပ် ဆိုရင်လည်း ကြမ်းပြီး သီချင်းဆိုရင်လည်း ချိုတဲ့ ကျွန်တော်တို့ရဲ့ ကွယ်လွန်လေပြီးသော စွယ်စုံရအဆိုတော်ကြီး XXXTentacion (Jahseh Onfroy) ရဲ့ ဘဝဇာတ်ကြောင်းကို မြင်တွေ့ရမှာဖြစ်ပါတယ် X ဟာ အသက် ၁၀နှစ်အရွယ်တည်းက စိတ်ကျဝေဒနာရှင်ဖြစ်ခဲ့တာပါ သူ့ရဲ့ဂီတလမ်းကြောင်းကလည်း ဟိုးအစတည်းက သူ့ရဲ့ရွေးချယ်မှုကြောင့်ရော ဘေးလူတွေကြောင့်ပါ မထင်မှတ်ထားလောက်အောင် ကြမ်းတမ်းပြီးအကျည်းတန်ခဲ့ပါတယ် သို့သော် သူ့သီချင်းတွေကတော့ လူအများကြီးရဲ့ဘဝကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်... သူ့အကြောင်းကိုဖော်ပြသွားတဲ့နေရာမှာလည်း မိသားစု သူငယ်ချင်း ချစ်သူ လုပ်ဖော်ကိုင်ဖက် ပရိတ်သတ် စသဖြင့် ရှုထောင့်ပေါင်းစုံကနေရိုက်ပြထားတာဖြစ်တဲ့အတွက် X ကိုအမြင်မျိုးစုံနဲ့မြင်ရမှာပါ အားလုံးထက် X ကိုယ်တိုင်ဖြေထားတဲ့ Interview တွေနဲ့ ဗီဒီရိုတွေကိုပါ ထည့်သွင်းပြသထားတာကြောင့် X တစ်ယောက် အသက်ရှင်နေသေးသလားလို့တောင် အောက်မေ့ရမှာဖြစ်ပါတယ်... ဂီတလောကကို ကိုင်လှုပ်ခဲ့တဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ခံစားချက်မျိုးစုံနဲ့ ကြည့်ရှုရမှာဖြစ်တဲ့အတွက် ဒီ Documentary လေးကို X fan တွေအတွက်ရော X fan မဟုတ်တဲ့သူတွေအတွက်ကော ညွှန်းပေးလိုက်ရပါတယ်ဗျာ... File size…1.85GB / 848MB Quality…1080p WEBRIP AAC5.1CH / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Guu Guu & Honey

Drama
6.3 2022 108 mins
Look At Me: XXXTENTACION
The Apology
6.5

သမီးပျောက်ထားတာ နှစ် ၂၀ တောင်ကြာသွားပြီဖြစ်တဲ့ အမေဖြစ်သူဒါလင်း။ နှစ်တွေဆယ်နဲ့ချီသွားပေမယ့်လည်း သမီးဖြစ်သူကို တစ်နေ့နေ့တော့ရှာတွေ့မှာပါဆိုတဲ့စိတ်နဲ့ နေထိုင်လာခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ ကြာပြီးမှ ပထမဆုံးအကြိမ်အဖြစ် ခရစ်စမတ်စားသောက်ပွဲလုပ်ဖို့ စီစဉ်နေတုန်း အရင်တုန်းကခဲအိုဖြစ်ခဲ့တဲ့သူက အိမ်ကိုမမျှော်လင့်ဘဲရောက်လာတဲ့အခါ... ဒီနှစ်တွေထဲ သမီးလေးအတွက်တရားခံကို ဒါလင်းဘာလုပ်ချင်မလဲ။ သေလောက်အောင်သတ်ပစ်ချင်နေမလား ဒါမှမဟုတ် တောင်းပန်တာကိုပဲလိုချင်တာလား... Breaking Bad ကမင်းသမီး Anna Gunn ကပါဝင်သရုပ်ဆောင်ထားပါတယ် File size…(1.2GB)  / (`492MB) / (284MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina

Drama
6.5 2022 91 mins
The Apology
(18+)Buddy's Mom
4.6

ကိုးရီယား နုနုရွရွလေးတွေကို ခံစားကြည့်ရအောင် လောကဓံတွေကြောင့် အရွယ်နဲ့ မမျှအောင်တည်ငြိမ်နေတဲ့ အသက်ရွယ်ကောင်း အမျိုးသမီးတစ်ယောက်ရယ် သွက်လက်ဖျက်လက်ပြီး အရာရာမှာဦးဆောင်ပြီး ပျော်ပျော်နေတက်တဲ့ အမျိုးသမီးတစ်ယောက်ရယ် သူတို့ရဲ့ အလှတွေရယ်ကို တစ်လှည့်စီခံစားရမှာပါ နှစ်ယောက်လုံးကတော့ အလှလေးတွေချည်းပါပဲ သူတို့ရဲ့ကျွမ်းကျင်မှုတွေကြားမှာ လူပျိုပေါက်စ ဂျောင်ဆူး ဗျာများရတာပဲ ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းသလို ကောင်မလေးတွေရဲ့ ကောက်ကြောင်းတွေကလဲ ပေါ်လွင်လွန်းတာမို့ DS Fans တွေအတွက်တင်ဆက်ပေးလိုက်ပါတယ် File size…1.5GB / 734MB Quality…1080p WEB DL /720p Format…mp4 Duration….1h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Ki Mu Chi

Horror • Thriller
4.6 2015 101 mins
(18+)Buddy's Mom
My Best Friend’s Exorcism
5.1

Prime က ရိုက်ကူးထားတဲ့ လူငယ်ဆယ်ကျော်သက် သရဲကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၇၀ , ၈၀ ကာလမှ ဇာတ်အိမ်တည်ထားတဲ့အတွက် Stranger Things ဆန်ဆန်အငွေ့အသက်တွေနဲ့ ရစေမှာပါ… အက်ဘီနဲ့ဂရက်ချန်လန့်ဆိုတဲ့ သူငယ်ချင်းကောင်မလေး ၂ ယောက်ရှိပြီး တစ်ယောက်နဲ့တစ်ယောက် အတိုင်အဖောက်ညီပြီး အရမ်းခင်ကြပါတယ်… တစ်နေ့ ကျောင်းက သူငယ်ချင်းတစ်စုနဲ့ မြို့အစွန်က ရေကန်အိမ်မှာ ပျော်ပွဲစားထွက်ကြရင်း ညဘက် သရဲခေါ် ဘုတ်ပြားဂိမ်းအတူတူဆော့တာကနေ ဇာတ်လမ်းစပါတော့တယ်။ ဂရက်ချန်ကို အမည်မသိ မကောင်းဆိုးတစ်ကောင်ဝင်ပူးသွားပြီး….ဘယ်သူမှမသိလိုက်ပါဘူး ကျန်တဲ့ သူငယ်ချင်းတွေလည်း ဘာမှမဖြစ်သလိုပုံမှန်ပဲနေခဲ့ကြပြီး….နေ့စဉ်ဘဝကို ဆက်လက်ဖြတ်သန်းနေပါတယ် ဒါပေမယ့် ဝင်ပူးခံရတဲ့ ဂရက်ချန်ရဲ့ အပြုအမူတွေကဟာ တစ်နေ့တစ်နေ့ပိုပိုဆိုးလာပြီး အက်ဘီက ရိပ်မိသွားပါတော့တယ်….အက်ဘီတစ်ယောက် သူ့အချစ်ဆုံး သူငယ်ချင်းကို ဘယ်လို သရဲနှင်မလဲဆိုတာကိုတော့ ဒီကားလေးမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(1.95GB)/(877MB)/(428Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre…Horror / / Comedy / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing

Action • Animation • Comedy • Family
5.1 2022 96 mins
My Best Friend’s Exorcism
Ju Dou
7.6

Ju Dou (1990) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ ကျန်းရိမူဆိုတာနဲ့ သူ့ကနဦးကားတော်တော်များများကြည့်ဖူးတဲ့လူဆို အနီရဲရဲအရောင်တွေကိုပဲ ပြေးမြင်ကြမှာပါပဲ။ တရုတ်ကားတစ်ကားကြည့်လို့ စီနီမာတိုဂရပ်ဖီက Composition လည်း သာမန်မြင်နေကျတွေထက် ကျကျနနဖြစ်နေ၊ အရောင်အသုံးတွေကလည်း စုတ်ချက်ပြင်းပြင်းဆွဲထားသလိုတွေဖြစ်နေရင် သူ့ပဲပြေးမြင်မိကြမှာပဲ။ ကနဦးကားတွေမှာဆိုရင်တော့ ရဲရဲနီနီတွေပေါ့။ Red Sorghum, Ju Dou, To Live, Raise the Red Lantern တို့လိုကားတွေပေါ့။ နောက်ပိုင်းကားတွေမှာတော့ Shadow တို့၊ House of Flying Daggers တို့၊ Curse of the Golden Flower တို့၊ Hero တို့လို အသားပေးအရောင်ပြောင်းသွားတဲ့ကားတွေများပေမဲ့ အဲဒီအရောင်တွေမှာလည်း သူပြချင်တဲ့အရောင်ကိုပဲ တစ်စိုက်တစ်မတ်သုံးသွားတတ်တဲ့ သူ့ဟန်ကို မြင်နေရသေးတာပါပဲ။ ဆိုတော့ ကျန်းရိမူဆိုတာနဲ့ ကျွန်တော်တို့ ပြေးမြင်မိကြမှာက စစချင်းဆို တရုတ်လူနေမှုဘဝ တရုတ်လူ့ဘောင် လူစနစ်ကိုပေါ်လွင်တဲ့ ဇာတ်လမ်းတွေနဲ့ အနီနီရဲရဲတွေပေါ့။ နောက်ပိုင်းကတော့ သူ့အရောင်တွေပေါ့။ 1988 မှာ ကျန်းရိမူဟာ Red Sorghum နဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ခဲ့ပြီး အတိုင်းအတာတစ်ခုအထိအောင်မြင်ခဲ့ပါတယ်။ Red Sorghum ဟာ ဂေါင်လီက ပထမဆုံး အဓိကမင်းသမီးအဖြစ် ပွဲဦးထွက်တဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ Golden Bear မှာ BP ဆုလည်းရခဲ့တယ်။ နောက် 1989 မှာ Codename Cougar ဆိုတဲ့ရုပ်ရှင်ကိုရိုက်တယ်။ ကျန်းရိမူကိုယ်တိုင် ဒီကားကို သူ့အဆိုးဆုံးကားအဖြစ် သတ်မှတ်ခဲ့တယ်။ ဒီကားမှာလည်း ဂေါင်လီကိုပဲ သုံးခဲ့တယ်။ 1989 မှာပဲ ဂေါင်လီကိုပဲသုံးပြီး Yang Fengliang နဲ့တွဲပြီး Ju Dou ကိုရိုက်ခဲ့တယ်။ ဒီကားမှာလည်း ဂေါင်လီကိုပဲ သုံးထားတယ်။ ဒီကားကတော့ ကိန်းမှာဆုရပြီး အော်စကာဆန်ခါတင်ဝင်ခဲ့တယ်။ ဒီသုံးကားဟာ ၁၉၉၀မတိုင်ခင်ရိုက်ခဲ့တဲ့ ကျန်းရိမူရဲ့အစောဆုံး သုံးကားပါပဲ။ Ju Dou က စစချင်းသူ့ရုပ်ရှင်တွေရဲ့ ပုံစံအတိုင်းပဲ တရုတ်က နာမည်ကြီးဝတ္တုတစ်ပုဒ်ကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ Liu Heng ရဲ့ Fuxi Fuxi ဆိုတဲ့ ဝတ္တုကို ပြန်ရိုက်ထားတယ်။ ထုံးစံအတိုင်း စစချင်းမှာ‌တော့ တရုတ်ပြည်မှာ ဘန်းခံထိတဲ့ကားပဲ။ ကားရဲ့အကြောင်းအရာဖြစ်တဲ့ သွေးရင်းစပ်ယှက်မှုကြောင့် ဘန်းတယ်လို့တော့ထင်ရတာပဲ။ မသေချာဘူး။ ဇာတ်လမ်းကကျ ဒီလို… အထည်ဆေးဆိုးလုပ်ငန်းပိုင်တဲ့ အဘိုးကြီးတစ်ယောက်ရှိတယ်။ ကပ်စေးနဲတော့ လူပိုမခေါ်ဘဲ သူ့တူနဲ့အတူပဲ ဒီလုပ်ငန်းကို လုပ်တယ်။ သူက သားလိုချင်လို့ မိန်းမယူတာ ဂေါင်လီ့ဇာတ်ကောင်ပါနဲ့ဆို ၃ယောက်ရှိပြီ။ ဒါပေမဲ့ သူကိုယ်တိုင်ကိုက မစွမ်းနေတော့ အဖတ်မတင်ဘူး။ အဘိုးကြီးက သူမစွမ်းတာကို လက်မခံနိုင်ဘဲ မိန်းမတွေအသုံးမကျလို့ဆိုပြီး လုပ်ပြီး သူ့မိန်းမတွေကိုနှိပ်စက်တယ်။ ဒီလိုနဲ့ပဲ ရှေ့က ၂ယောက်သေသွားပြီ။ ခုက ဂေါင်လီ့တစ်လှည့်။ နှိပ်စက်တာကို မခံနိုင်တော့တဲ့ ဂေါင်လီက အဘိုးကြီးရဲ့တူနဲ့ ကာမဆက်ဆံပြီး ကလေးရသွားတယ်။ အဘိုးကြီးကတော့ သူ့ကလေးပဲထင်နေတယ်။ ဒီနောက် အဘိုးကြီးသိသွားတဲ့အခါ ဘာတွေဆက်ဖြစ်လာလဲ ရိုက်ပြထားတယ်။ ဒါပဲ ဇာတ်ကရှင်းရှင်းလေး။ ဒါပေမဲ့ ဒီဇာတ်ကောင်လေးသုံးကောင်ကိုပဲ ကာရိုက်တာသေချာပေါ်အောင် ပုံဖော်ထားပြီး လိင်ဆွဲဆောင်မှုကို အစွမ်းကုန်သုံးပြီးရိုက်ထားတယ်။ ကြည့်ဖူးသမျှ ကျန်းရိမူဂေါင်လီကားတွေထဲတော့ ဒီကားက ဂေါင်လီရဲ့ လိင်ဆက်ဆံခန်းအများဆုံးကားဖြစ်သလို အဲဒီအခန်းတွေမပါဘဲနဲ့တောင် သူ့ဆွဲဆောင်မှုအပေါ်ဆုံးကားလည်းဟုတ်တယ်။ ဒီလိုဘာမှမဟုတ်တဲ့ ဇာတ်လေးရဲ့ နောက်ကွယ်မှာကို တရုတ်ရဲ့မုဆိုးမယဉ်ကျေးမှု၊ ဖိုဝါဒီကြီးစိုမှု၊ ဘူဇွာတွေရဲ့ နိုင်ထက်စီးနင်းမှု၊ နောက် နာမည်နဲ့ပတ်သက်တဲ့ သူတို့ယုံကြည်မှုတွေကိုပါ မြင်နိုင်တယ်။ ဇာတ်ကတော့ ကျဉ်းပေမဲ့ ပုံဖော်တဲ့လူတွေက သူတို့သိတဲ့ကိစ္စတွေဆိုတော့ အပြည့်စုံဆုံးဖြစ်အောင် ပုံဖော်ခဲ့ကြပုံပါပဲ။ ထူးခြားတဲ့သမိုင်းမှတ်တိုင်တစ်ခုလည်းရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ Academy Award for Best Foreign Language Film ကို ဆန်ခါတင်ခဲ့တဲ့ ပထမဆုံး တရုတ်ရုပ်ရှင်လို့ သတ်မှတ်ခံခဲ့ရခြင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 800MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 35Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Mystery • Thriller • Comedy • Horror
7.6 1990
Ju Dou
Two Tickets to Greece
6.1

ငယ်သူငယ်ချင်းနှစ်ယောက်ဖြစ်ကြတဲ့ ဘလန်ဒင်းနဲ့ မက်ဂလီတို့ အသက်တွေကြီးလာတော့ တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်တွေပြတ်ပြီးမတွေ့ခဲ့ကြတာနှစ်ချီသွားတာပေါ့၊ တနေ့တော့ ဘလန်ဒင်ရဲ့ သားဖြစ်သူ စီစဉ်ပေးမှုနဲ့ သူတို့ နှစ်ဦး ခရီးအတူထွက်ဖို့အကြောင်းဖန်လာသောအခါ၊ ကောင်းချင်ဇောနဲ့ စေတနာအမှားတွေလုပ်မိတဲ့ မက်ဂလီ ၊ တခုလေးမှ အမှားမခံနိုင်တဲ့ ဘလန်ဒင်တို့ နှစ်ယောက်ဆုံတော့ ကတောက်ကဆလေးတွေကို ပေါ့ပေါ့ပါးပါးရယ်စရာအဖြစ်ခံစားရမှာဖြစ်ပါတယ်။ လူတစ်ယောက်အကြောင်းသိချင်ရင် သူနဲ့အတူအခရီးထွက်ကြည့်ဆိုသလို နှစ်ယောက်ခရီးထွက်ရင်း အရင်နားလည်မှုလွဲခဲ့တာတွေ သူ့ဖက်ကိုယ့်ဖက်မပြောဖြစ်ခဲ့တဲ့ အမှန်တရားတို့ပေါက်ထွက်လာပြီး နှစ်ယောက်သားတို့ ရင်းနှီးမှုဆက်လက်ရှိနိုင်ပါမလား၊ ရပ်တန့်သွားမလား ဆိုတာ ဂရိရဲ့လှပတဲ့ရှုခင်းလေးတွေခံစားပြီးအဆုံးထိစောင့်ကြည့်လို့ကောင်းမယ့်ဇာတ်ကားလေးတစ်ကားပါ File size…(1.9 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

Thriller • Crime • Drama
6.1 2022
Two Tickets to Greece
Robots
6.4

တချို့ဇာတ်ကား​တွေက ထွက်ရှိတာ ဘယ်​​လောက်ပဲကြာခဲ့ပါ​စေ၊ ပိုစတာ​လေး မြင်ရုံ၊ ဗီဒီယိုအတိုအစ​လေးတစ်ခုကို မြင်လိုက်ရုံနဲ့ အဲဒီဇာတ်ကားကို ကြည့်ခဲ့စဉ်က အချိန်​နဲ့ အဖြစ်အပျက်​တွေကို ပြန်လည်မြင်​ယောင်လာတဲ့ Nostalgiaလို့​ခေါ်တဲ့ ခံစားချက်မျိုး ​ပေးစွမ်းနိုင်တဲ့ ဇာတ်ကား​​​​တွေ အများကြီးပါ။ ဘာသာပြန်သူလို ၁၉၉၀​နှောင်းပိုင်း​မွေးသူ​တွေအဖို့ ထိုခံစားချက်ကို​ အ​ပေးနိုင်ဆုံး ဇာတ်ကား​တွေက animationလို့ခေါ်ရမယ့် ကာတွန်းကား​တွေပဲ ဖြစ်မယ် ထင်ပါတယ်။ VCD​ခေတ်ကစလို့ တရုတ်က​လာတဲ့ ၃၂​ကားတွဲ ကတ်ထူအဖုံးနဲ့ ကာတွန်း​​ခွေတွေ၊ ၄​ကားတွဲ၊ ၈ကားတွဲ ကာတွန်းခွေ​တွေ စသဖြင့် ကျွန်​တော်တို့ က​လေးဘဝမှာ ကာတွန်းကား၊ ပါဝါရိန်းဂျားကား၊ ဘာဘီကား​တွေနဲ့ မဖြတ်သန်းဖူးတဲ့သူဆို​တာ အ​တော်ရှားမှာပါ။ ဒီဇာတ်ကားကလည်း ငယ်ငယ်တုန်းက အ​ခွေတွဲ အများစုထဲမှာ ပါခဲ့တဲ့ ဇာတ်ကားဖြစ်သလို အ​​တော်များများလည်း ရင်းနှီးမယ့် ဇာတ်ကားပါပဲ။ ဒီ Animationကို 20th Century Foxက​နေ ဖြန့်ချိခဲ့တာဖြစ်ပြီး IMDb 6.4နဲ့ RT 64%ရရှိထားပါတယ်။ Rating​တွေဆိုတာထက် ဒီဇာတ်လမ်းကို ကြည့်​ရတဲ့ခံစားချက်ကိုက သ​ဘောကျဖို့​ကောင်း ​နေတဲ့ ဇာတ်ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းက နယ်မြို့​လေးမှာ ကြီးပြင်းလာတဲ့ ​ရော့ဒ်နီ ကော့ပါး​ဘော်တွန်ဆိုတဲ့ စက်ရုပ်​လေးက ငယ်ငယ်ကတည်းက တီထွင်ဖန်တီးရာမှာ ပါရမီရှိတဲ့သူ ဖြစ်သလို အကူအညီလိုအပ်နေတဲ့ တခြားစက်ရုပ်​တွေကို ကူညီ​ပေးဖို့ အထုံ ပါလာသူပဲ ဖြစ်ပါတယ်။ သူ့မှာ အိပ်မက်တစ်ခုရှိပြီး အဲဒါက​တော့ စက်ရုပ်မြို့​တော်ကြီးဆီ သွားပြီး သူ့ရဲ့စံပြစက်ရုပ်ဖြစ်တဲ့ ဘစ်ဝဲဒ် ဆိုတဲ့ စက်ရုပ်ကြီးနဲ့ ​တွေ့ဆုံဖို့ပါ။ ဒီစက်ရုပ်ကြီးက တခြားသူ​တွေ ဘာလိုအပ်​နေလဲဆိုတာ အမြဲရှာ​ဖွေပြီး ဖြည့်ဆည်း​ပေး​တတ်တဲ့သူ ဆိုပြီး သတင်းကြီးတဲ့ စက်ရုပ်ကြီး​​ပေါ့။ အဲဒီလိုနဲ့ ​ရော့ဒ်နီတစ်​ယောက် သူ့အိပ်မက်ကိုပုံ​ဖော်ဖို့ မြို့​တော်ကို တက်ပြီး ဘစ်ဝဲဒ် တည်​ထောင်ထားတဲ့ ကုမ္ပဏီကို သွား​တွေ့ရာမှာ သူထင်ထားသလို ဖြစ်မ​နေဘဲ ဘစ်ဝဲဒ်ရဲ့​နေရာကို ရက်ချက်ဆိုတဲ့ စက်ရုပ်က အစားထိုးဝင်​နေတာ ​တွေ့လိုက်ရပါတယ်။ ရက်ချက်ရဲ့ ရည်ရွယ်ချက်က အမြတ်စွန်းရဖို့ပဲဖြစ်ပြီး နွမ်းပါးတဲ့ စက်ရုပ်​​တွေ ပြန်လည်ပြုပြင်ဖို့လိုအပ်တဲ့ အပိုပစ္စည်းထုတ်လုပ်မှုတွေကို ရပ်ပြီး upgradeစက် အသစ်​တွေကို ​ဈေးတင်​ရောင်းဖို့ပါပဲ။ သူ့စက်​တွေ ​ရောင်းရဖို့ စက်ရုပ်အ​ဟောင်း​​တွေ ပျက်စီး​နေတဲ့စက်ရုပ်​တွေကိုပါ ဒိတ်​အောက်တယ်လို့ သတ်မှတ်ပြီး ဖမ်းဆီးဖျက်ဆီး​နေသူပါ။ ဒါ​ကြောင့် ရော့ဒ်နီဟာ နွမ်းပါးတဲ့စက်ရုပ်​တွေကို ကိုယ်ထူကိုယ်ထ ကူညီ​ပေးတဲ့ စက်ရုပ်​လေးဖြစ်လာခဲ့ပြီး မြို့​​တော်ကြီးမှာ နာမည်ရ လာခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ ​ရော့ဒ်နီနဲ့ ​လောဘကြီးတဲ့ ရက်ချက်တို့ ထိပ်တိုက်​ရင်ဆိုင်ဖို့ အ​ကြောင်းဖန်လာပါ​တော့တယ်။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Animation, Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

6.4 2005
Robots
In the Electric Mist
6.1

Man In Black ကားတွေထဲက အေးဂျင့်ကေ အဖြစ်ပါဝင်ထားတဲ့ မင်းသားကြီး Tommy Lee Jonesရဲ့ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ လူစီယားနားပြည်နယ် နယူးအိုင်ဘီရီးယားမြို့မှာ အရမ်းလှပတဲ့ အသက်19 နှစ်အရွယ်ပြည့်တန်ကောင်မလေးတစ်ယောက်ရက်ရက်စက်အသတ်ခံခဲ့ရတယ် ထိုလူသတ်မှုကို စုံထောက်ကြီးရော်ဘီချော့တစ်ယောက် ကိုင်တွယ်စုံစမ်းရပါတော့တယ် ထိုအမှုကိုစုံစမ်းရင်းမှ နောက်ထပ်အမှုတွေ တစ်စတစ်စပေါ်ထွက်လာခဲ့တယ် ထိုအမှူတွေနဲ့ပက်သက်နေသူမှာ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့ ဘယ်လ်ဘွန်နီ(ဘေဘီဖိ) လို့သံသယဝင်လာပြီး သူ့ကိုစောင့်ကြည့်စုံစမ်းနေခဲ့ပါတယ် ထို့နောက် ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့အဲလ်ရော့ဆိုက်ဟာလည်း ရိုက်ကွင်းတစ်ခုကနေ အလောင်းတစ်ခုတွေ့ရှိခဲ့တာကြောင့် ရော်ဘီချော့ထံ သတင်းပို့ပြောပြခဲ့ပါတယ် စုံထောက်ကြီးရော်ဘီချော့တစ်ယောက် အမှုမှန်ပေါ်အောင်စုံစမ်းနေရင်း သူ့အတွက် အသက်အန္တရာယ်နဲ့ပါကြုံတွေ့လာရပါတယ် နောက်တော့ ဒီထပ်ပိုဆိုးလာပြီး သူ့မိသားစုကိုပါ ခြိမ်းခြောက်လာမှုကြုံတွေ့ရတဲ့အခါ စုံထောက်ကြီးအနေနဲ့ ဘယ်လိုဖြေရှင်းသွားမလဲ အမှုမှန်ရောပေါ်ပေါက်ပါ့မလား…… ဘယ်သူက ဒီအမှုတွေရဲ့ တရားခံဖြစ်နေတာလဲဆိုတာတွေကို စိတ်ဝင်စားစွာကြည့်ရှုရမှာပါ….. File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre…Thriller, Drama, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

Horror • Thriller • Mystery
6.1 2009
In the Electric Mist
Something in the Water
5.5

Something in The Water ကတော့ နာမည်အတိုင်း ရေထဲမှာရှိနေတဲ့အရာတစ်ခုခုဟာ ငါးမန်းဆိုတာကို ရုပ်ရှင်ကြည့်ပရိသတ်တွေရိပ်မိကြမှာပါ။ ၂၀၂၄ မေလ ၃ ရက်ကမှထွက်ရှိထားတဲ့ငါးမန်းရုပ်ရှင်သစ်က Mystery ၊ Thriller အမျိုးအစားဖြစ်ပြီး ပင်လယ်ထဲကို စွန့်စားခန်းထွက်မယ့်ဇာတ်ကောင်တွေက အမိုက်စား ကောင်မလေးငါးယောက်ဖြစ်တဲ့အတွက် ပရိသတ်တွေကို ဆွဲဆောင်နိုင်မယ့်ဇာတ်ကားတစ်ခုပါပဲ။ ဇာတ်လမ်းအကျဉ်း *************** မက်ဂ်၊ လစ်ဇီ၊ ကမ်၊ ရု့သ်နဲ့ကေလာတို့သူငယ်ချင်း ငါးယောက်ဟာ တစ်ယောက်အကြောင်းတစ်ယောက် အတွင်းကျကျသိရှိထားကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ပါတယ်။ သူတို့ထဲက မက်ဂ်နဲ့ကေလာကတော့ တစ်ဘဝလုံးစာအထိရည်ရွယ်ထားကြတဲ့လိင်တူချစ်သူတွေ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ လစ်ဇီကို ကမ်ရဲ့အစ်ကို ဖြစ်တဲ့ဒွန်က လက်ထပ်ခွင့်တောင်းလိုက်တဲ့အတွက် မင်္ဂလာဆောင်ကို ကမ်းခြေမှာသွားလုပ်ဖို့စီစဉ်ခဲ့ကြပါ တော့တယ်။ လစ်ဇီရဲ့မင်္ဂလာဆောင်အတွက် ပြဿနာ တွေကြောင့်ခဏတာဝေးကွာနေတဲ့မက်ဂ်နဲ့ကေလာလည်း ကမ်းခြေကိုရောက်ရှိလာခဲ့ပါတယ်။ လစ်ဇီရဲ့မင်္ဂလာဆောင် မတိုင်မီတစ်ရက်မှာတော့ ကမ်က ဟိုတယ်ရဲ့လှေနဲ့အလည် အပတ်ခရီးကိုမလိုက်ဘဲ လှေငယ်လေးတစ်စီးနဲ့ပင်လယ်ထဲကို သူငယ်ချင်းငါးယောက်စွန့်စားခန်းထွက်ဖို့လုပ်ပါတော့တယ်။ ခရီးစဉ်ရဲ့တကယ့်ရည်ရွယ်ချက်က မက်ဂ်နဲ့ကေလာကို ပြန်တွဲအောင်လုပ်ပေးဖို့ဖြစ်တာကြောင့် ဝေးလံတဲ့နေရာက လူမရှိတဲ့ကျွန်းတစ်ခုအထိသွားခဲ့ကြပါတယ်။ အစောပိုင်းမှာ အဆင်ပြေနေခဲ့ပေမယ့် သူတို့ရောက်နေတဲ့ရေပိုင်နက်ဟာ ငါးမန်းတွေကျက်စားရာနေရာမှန်းသိလိုက်ရတဲ့အခါမှာတော့ သူငယ်ချင်းငါးယောက်ဟာ မင်္ဂလာပွဲအတွက် အိမ်ပြန်နိုင်ဦး မှာလားဆိုတာ ဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ File size…2.59GB/ 1.24GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.5 2024 86 mins
Something in the Water
The Boys
7

The Boys (2024) “ငါးယောက်ပေါင်းလောင်းကျော်” IMDb – 9.1/10 အသစ်ထွက်ရှိလာတဲ့ တမီလ်စကားပြော အိန္ဒိယအချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကိုယ်တိုင်ဇာတ်ညွှန်းရေး ရိုက်ကူးလေ့ရှိတဲ့ တမီလ်လူငယ်ဒါရိုက်တာ ဆန်သို့ရှ်ကိုယ်တိုင်ရိုက်ကူးပြီး ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာရူးရူးနေတဲ့ အာကီရာ။နပန်းရူးရူးနေတဲ့ WWEအမာခံပရိသတ် အိုင်တီပညာရှင် ဂျိမ်းစ်။ ဆိုရှယ်မီဒီယာကို အစွဲကြီးစွဲနေတဲ့ ဘေဘီ။ ဟင်းချက်ဝါသနာပါတဲ့ လူ့ဂလန့် ကိုလာရူ။ ပိုက်ဆံနဲ့ပတ်သက်လာရင် အတွက်အချက်ကြီးတဲ့ ကာသစ်ခ်။ ဒီလိုသူငယ်ချင်းငါးယောက် တိုက်ခန်းတစ်ခန်းမှာ အတူပေါင်းနေပြီး မွဲချက်က အရက်သောက်စရာမရှိလို့ အရက်ဆိုင်မှာ အကြွေလိုက်တောင်းပြီး သောက်ရတဲ့ဘ၀။ ဒီလိုဘ၀ကိုမခံချင်တဲ့စိတ်နဲ့ ငှားနေတဲ့တိုက်ခန်းမှာ ဘားဖွင့်တာကြောင့် တိုက်ခန်းကနေ နှင်ချခံရပြန်ပါရော။ ဒီမှာပဲ လွပ်လွပ်လပ်လပ်နေလို့ရမဲ့ လုံးချင်းအိမ်ငှားပြီး ဘားဖွင့်ဖို့ကြံကြပါတော့တယ်။ မြို့စွန်မှာ စျေးပေါပေါနဲ့ အိမ်ကြီးတစ်လုံးတွေ့ပြီး ဝမ်းသာအားရငှားလိုက်တဲ့ရက်မှာပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၁ရက် အိမ်ပြင်မထွက်ကျဖို့ ကြေငြာချက်ကျလာပါတော့တယ်။ သူတို့နေတဲ့အိမ်ကြီးကလည်း ရပ်ကွက်ထဲမှာရှိသမျှလူတိုင်းက ရှောင်သွားကြပြီး အိမ်ကြီးမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဖြစ်လာတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ Zwe Yan ~ ToMo ~ KKKZ တို့ပဲဖြစ်ပါတယ်)

7 2024
The Boys
A Walk to Remember
7.4

A Walk to Remember (2002) IMDb Rating (7.4) “A Walk to Remember” သို့ ပြန်တမ်းတခြင်း …။ Nicholas Sparks ရဲ့ဝတ္ထုတွေဘယ်လောက်ထိ နာမည်ကြီးတယ်ဆိုတာ အထူးအထွေမိတ်ဆက်စရာတောင်မလိုတော့ပါဘူး… Romance ကြိုက်သူတိုင်းရဲ့ playlist ထဲမှာ မပါမဖြစ်တဲ့ The Notebook, The Lucky One, Dear John, The best of me စတဲ့ ဇာတ်ကားတွေဟာ သူ့ရဲ့ဝတ္ထုတွေကို ပြန်အသက်သွင်းထားတာပါ။ အခု A Walk to Remember ရုပ်ရှင်ဟာလဲ သူ့ရဲ့စာအုပ်ကိုပဲရိုက်ကူးထားတာဖြစ်ပြီး 2002 ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အချစ်ဆိုတာ ဘယ်လိုမျိုးလဲ.. အချစ်က ကျွန်တော်တို့အတွက် ဘယ်လောက်အရေးပါလဲ။ တစ်နည်းအားဖြင့် အချစ်ကို ကျွန်တော်တို့ ဘယ်လိုသတ်မှတ်ကြလဲ။ Beauford ဆိုတဲ့ သိပ်လှတဲ့ ကမ်းနားမြို့လေးက ဇာတ်လမ်းတစ်ပုဒ်…။ အဖေက သူတို့ကိုပစ်ပြီး နောက်မိန်းမယူသွားလို့ လောကကြီးကို အရွဲ့တိုက်ဆိုးပေနေတဲ့…၊ မျှော်လင့်ချက်၊ ယုံကြည်ချက်၊ ပန်းတိုင်၊ မေတ္တာ ဘာမှမရှိတဲ့ Landon Carter ဆိုတဲ့ ကောင်လေးတစ်ယောက်။ ပြီးတော့ … ငယ်ငယ်ကလေးတည်းက အမေကို ဆုံးရှူံးထားရတဲ့ …၊ ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ သမီးလေး …၊ ယုံကြည်ခြင်း မျှော်လင့်ခြင်း ချစ်ခြင်းမေတ္တာတွေပြည့်နေတဲ့ နှလုံးသားတစ်ခုနဲ့ Jamie Sullivan ဆိုတဲ့ ကောင်မလေးတစ်ယောက် …။ မူလတန်းကတည်းက သူတို့တွေ ကျောင်းတူခဲ့ကြလို့၊ တစ်ယောက်ကိုတစ်ယောက် မျက်မှန်တန်းမိခဲ့ကြတယ်။ ကျောင်းမှာပေါ်ပြူလာဖြစ်တဲ့ လန်ဒန်အတွက် ဂျင်မီဟာ ခပ်ထုံထုံ၊ ရှေးရိုးစွဲအယူအဆတွေနဲ့ ရယ်စရာမိန်းမတစ်ယောက် သက်သက်ပဲ။ ဒါပေမယ့် အချစ်ဆိုတာက နေ့တိုင်းတွေ့မြင်နေရတဲ့ လူတစ်ယောက်ကိုတောင် အခိုက်အတန့်လေး တစ်ခုအတွင်းမှာ ကောက်ကာငင်ကာ စွဲလမ်းသွားစေတတ်တာမျိုး မဟုတ်လား။ “Love is like the wind. We can’t see it, but We can feel it.” အချစ်ဆိုတာ တကယ်ကို လေပြေညှင်းနဲ့တူပါတယ်။ မမြင်နိုင်ပေမဲ့ ခံစားနားလည် သိရှိနိုင်တယ်။ ဂျေမီပြောခဲ့တဲ့ ဒီစကားလေးလိုပဲ … အချစ်ဟာ လေပြေညှင်းလို သူ့ဘဝထဲကို တိုးဝင်သက်ရောက်လာတဲ့အခါ လန်ဒန်တစ်ယောက် ပြောင်းလဲသွားခဲ့ပြီးဘာတွေဆက်ဖြစ်လာမလဲဆိုတာ…။ ကိုင်း Romance ပရိတ်သတ်တွေ တသသဖြစ်ရတဲ့ အချစ်ဇာတ်ကားလေးကို ခံစားကြည့်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

7.4 2002 101 mins
A Walk to Remember
Sitaare Zameen Par
7.2

Sitaare Zameen Par (2025) “ကမ္ဘာမြေပေါ်က ကြယ်ပွင့်လေးများ” ကြည်တောက်ရှင်းHDဗားရှင်းဖြင့် တင်ဆက်ထားပါသည် ====================================== IMDb – 7.2/10 ရုပ်ရှင်အထွက်နည်းပြီး ထွက်သမျှနီးပါးကလည်း ပရိသတ်အားပေးမှု တခဲနက်ရတတ်တဲ့ နာမည်ကျော်ခန်းသုံးခန်းထဲက ဆရာကြီးအမီရ်ခန်းရဲ့ ရုပ်ရှင်ကားသစ်ထွက်ရှိလာခဲ့ပါပြီ။ every child is specialဆိုပြီး အားလုံးမျက်ရည်ဝဲခဲ့ရတဲ့ Taare Zameen Par(2007)ရုပ်ရှင်ပုံစံမျိုးကိုမှ စပိန်ရုပ်ရှင် Champions (2018)ကို တရားဝင် Remakeရိုက်ကူးထားတဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ တချိန်ကနာမည်ကြီးခဲ့ပေမဲ့ စုတ်ပြတ်သတ်ပြီး မူးယစ်သောက်စားနေတတ်တဲ့ ဘတ်စကတ်ဘောလက်ထောက်နည်းပြဘ၀အဖြစ် မကျေမနပ်ဖြစ်တည်နေရသူ ဂိုလ်ရှန်။ တစ်ရက်မှာတော့ မူးမောင်းရုံတင်မဟုတ် ပတ်ကင်းကားကိုပါဝင်တိုက်ပြီး အချုပ်ထဲမှာ အစိုးရကိုစော်ကားတဲ့သီချင်းဆိုမှုနဲ့ တရားရုံးတက်ရပါရော။ မှတ်တမ်းဟောင်းလည်းမရှိသူမို့ ဉာဏ်ရည်မသန်စွမ်းတဲ့ကျောင်းတစ်ခုမှာ ဘတ်စကတ်ဘောနည်းပြအဖြစ် သုံးလကြာ လူမှုရေးဝန်ဆောင်မှုလုပ်ဖို့ တရားသူကြီးက အမိန့်ချမှတ်လိုက်ပါတော့တယ်။ ဒီမှာပဲ လူတွေကို လူတွေလို့မထင်တဲ့ ဂိုလ်ရှန်တစ်ယောက် ဉာဏ်ရည်မသန်စွမ်းတဲ့ ကလေးတွေကြားမှာ ဘယ်လိုပုံဖြစ်တည်လာမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Comedy • Romance
7.2 2025 155 mins
Sitaare Zameen Par