YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Wake Up Dead Man A Knives Out Mystery (2025) NF WEB-DL,720p (MW).mp4

1.14 GB N/A video/mp4 54 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Battery
7

ဒီတစ်ခါတော့ တမီးလ်ရုပ်ရှင်လေးဖြစ်တဲ့ Batteryဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းရဲ့အစမှာတော့ ရဲအရာရှိပူဂေ့ (Senguttuvan) က ချန်နိုင်းရဲစခန်းမှာ မီးလောင်ထားတဲ့ လူသေလောင်းရှာတွေ့တဲ့အမှုနဲ့ပတ်သတ်ပြီး တွဲဖက်အင်စပက်တာအဖြစ်နဲ့ရောက်လာခဲ့ပါတယ် ရာထူးမြင့်တဲ့ ရက်သနန်(Jaypee)ကတော့ ပူဂေ့ရဲ့ပူးပေါင်းမှုကို အစမှာမနှစ်မြိုပေမယ့် အမှုကိုကိုင်တွယ်ရာမှာ ပူဂေ့ရဲ့ထက်မြက်မှုကိုအသိအမှတ်ပြုလာပါတယ် နှလုံးခုန်စက်တပ်ထားတဲ့လူနာတစ်ယောက်ကိုစစ်ဆေးမေးမြန်းရာမှ လွတ်သွားတဲ့အခါလိုက်ဖမ်းရင်း နှလုံးခုန်စက်တပ်ထားတဲ့သူတစ်ယောက်ကိုရှာနေတဲ့ အဘီရာမီလိုခေါ်တဲ့မိန်းကလေးတစ်ယောက်ကနဲ့ဆုံမိကြပါတယ် ဒီနှလုံးခုန်စက်က ဒီဇာတ်လမ်း ဒီအမှုမှာ ဘယ်လိုတွေဖြစ်လာမလဲ... မတူတဲ့နည်းလမ်းတွေနဲ့မျက်နှာဖုံးစွပ်ပြီးလိုက်သတ်နေတဲ့ လူသတ်သမားကရော ဘယ်သူဖြစ်မလဲ.. သူဘာကြောင့် ဒီလိုလိုက်သတ်နေရတာလဲ သူ့ကိုဖမ်းမိမလား မဖမ်းမိဘူးလားဆိုတာကို ဒီBatteryဆိုတဲ့ဇာတ်ကားလေးမှာ မြင်တွေ့ရမှာဖြစ်ပါတယ် File size…5GB / 1.9GB / 945MB Quality…4k UHD HEVC AAC5.1CH / 1080p AAC5.1CH / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Sora & Kevin Ag & Kham Mon & OeliuJ

Action • Adventure
7 2022 120 mins
Battery
Spy-type Model
4.5

ဗျူဟာရှင် ရှေ့နေဂွမ်မင်ဝူးကိုခဏမေ့ထားလိုက်ပါ ... လူရိုးသားလေး ဟျောင်းဝူလာပါပြီ အလုပ်ဝင်ဖို့ကြိုးစားနေတဲ့ ဟျောင်းဝူဟာ ပိုက်ဆံအိတ်ကောက်ရတာကနေ သံသယစိတ်များလို့ လိုက်ချောင်းရင်း လူတစ်စုနဲ့ပတ်သက်မိပါတော့တယ် တကယ်တော့ အဲလူတွေဟာလည်း သူထင်သလိုမဟုတ်ဘဲ စိတ်စွမ်းအားပိုင်ဆိုင်ကြတဲ့ Master တွေဖြစ်နေကြတာကိုသိလိုက်ရပါတယ် အဲလိုနဲ့ ဟျောင်းဝူဟာလည်း သူတို့အကြောင်းကို တစ်စတစ်စပိုပြီး သိလာသလို သူကိုယ်တိုင်ကလည်း Master တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပါတော့တယ် ဒါပေမဲ့ Master တွေကိုသတ်ဖို့ မစ်ရှင်ရှိထားတဲ့ စပိုင်အမျိုးအစားမော်ဒယ်လည်းရှိနေပြန်တော့ ဘယ်လိုမျိုးတွေထပ်ကြုံတွေ့ကြရဦးမလဲ ဘယ်လိုစွန့်စားခန်းတွေရှိမလဲဆိုတာကို ကြည့်ရဦးမှာပါ ဇာတ်လမ်းအမျိုးအစားကတော့ Sci-fi ဖြစ်ပြီး ရှေ့နေဂွမ်မင်ဝူး တဖြစ်လဲ Joo Jong Hyuk ကနေ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre..... Drama, Sci-Fi Quality…. 1080p | 720p | 480p File size… 1.17GB | 452MB | 197MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August

Crime • Drama
4.5 2022 86 mins
Spy-type Model
Outside the Wire
6.4

ဒီနေ့အတွက် Netflix ကထွက်ရှိလာတဲ့ အလန်းစား Action, Fantasy ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ အရင်ဆုံးပြောချင်တာကတော့ Anthony Mackie ပါဝင်ထားပြီး . Damson Idris နဲ့အတူ ဒိတ်ဒိတ်ကြဲအပြိုင်သရုပ်ဆောင်ထားတဲ့ ကားလေးပါ . ဒီကားအတွက်လည်း ဘတ်ဂျက်ကို အတော် အကုန်ကျခံရိုက်ကူးထားတယ်လည်းသိရပါတယ်။ 2021 ရဲ့ အစဟာ မူဗီချစ်ပရိသတ်တွေအတွက်တော့ အတော်လေးကျေနပ်စရာကောင်းလောက်မယ့်ကား ကောင်းလေးတစ်ချို့ထွက်ရှိလာတာကိုလည်းတွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဟာ့ပ်ဆိုတဲ့ drone pilot တပ်သားတစ်ယောက်ဟာ drone ပစ်ခေတ်မောင်းနှင်ရာမှာအတော်လေးကျွမ်းကျင်ပြီး ပစ်မှတ်ကိုတိတိကျကျပစ်ခတ်နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် Mission တစ်ခုမှာ သူ့ရဲ့ စိတ်လောပြီး တဇွတ်ထိုးနိုင်တဲ့စိတ်ကြောင့် အမှားတစ်ခုကျူးလွန်မိပြီး . မိမိတပ်ဘက်ကစစ်သားတစ်ချို့ရဲ့ အသက်ပါ ပေးဆပ်လိုက် ရတာကြောင့် ဒဏ်ပေးခံရတဲ့အနေနဲ့ စစ်ဇုံတစ်ခုကိုအပို့ခံရပါတော့တယ်။ အဲ့ဒီ စစ်စခန်းရောက်မှ လီယိုနဲ့တွေ့ပြီး ခက်ခဲကြမ်းတမ်းတဲ့ Mission ကို ရပ်တန့်ရင်ဆိုင်ရမှာကို ပစ်ကွင်းပစ်ကွက် အတိုက်အခိုက်တွေနဲ့ ရိုက်ပြသွားတာကို ကြည့်ရှုရမှာပါ။ Anthony ဖန်တွေကတော့ အကြိုက်ဖြစ်ဦးမှာမလွဲပါဘူး။ (ဒီဇာတ်ကားရဲ့ အညွှန်းကို Yoon Sandi Aungကရေးသားပေးပြီး . ဘာသာပြန်ပေးသူများကတော့ Yoon Sandi Aung, Jerrica, MTA တို့က ဘာသာပြန်ပေးထားပါတယ်။) Quality – 1080p, 720p WebRip Duration - 1h 54min Subtitle – Myanmar Hardsub Format – Mp4 Genre :  Action, Adventure, Fantasy Source : 1080p.WebRip Translator –  MTA, Jerrica, Yoon Sandi Aung Encoder – SWM

Drama • Sci-Fi & Fantasy
6.4 2021 116 mins
Outside the Wire
Mysterious Skin
7.6

Mysterious Skin (2004) ==================== (ပြင်းထန်တဲ့စကားလုံးအသုံးအနှုန်းတွေနဲ့ လိင်တူဆက်ဆံတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့ မသင့်တော်တဲ့ ဇာတ်ကားအဖြစ် ကြိုတင်သတိပေးပါရစေ) ဒီဇာတ်ကားမှာ ဇာတ်လမ်းက နှစ်ခုလို့ ပြောရမယ့်အခြေအနေမှာ ရှိပါတယ်. ငယ်ငယ်ကတည်းက လိင်စိတ်ယိုင်နဲ့နေတဲ့ ကလေးနှစ်ယောက် တစ်ကွဲစီကြီးပြင်းလာပုံကို ယှဉ်ပြပြီးဇာတ်လမ်းတစ်ခုလုံးကို ဆွဲခေါ်သွားခဲ့ပါတယ်။ ငယ်ဘဝကတည်းက မဖြေရှင်းနိုင်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်ပုစ္ဆာတစ်ခုရဲ့အဖြေ ကို ဘယ်လောက် အချိန်ပေးရပေးရ ရှာဖွေချင်နေတဲ့ ဘရိုင်ရန် ငယ်ဘဝမှာ မှားယွင်းခဲ့မိတာကနေစပြီး တစ်သက်လုံး လိင်စိတ်ယိုင်နဲ့နေသူအဖြစ် ဖြတ်သန်းရင်း ဘဝကို ရေစုန်မျောနေတဲ့ နေးလ်. သူတို့နှစ်ယောက်ရဲ့ ဆက်သွယ်မှုကရော ဘာလဲ. ဘရိုင်ရန် ရှာဖွေချင်နေတဲ့ ပုစ္ဆာရဲ့အဖြေကိုရော ဘယ်သူက ဖြေရှင်းပေးသွားမှာလဲ ဆိုတာကို ပရိသတ်များရှုစားနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ပါတယ်…. File size…1.46GB / 508MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali

Horror • Thriller
7.6 2004
Mysterious Skin
Sunshine Cleaning
6.8

Genre – Comedy, Drama IMDB – 6.8/10 ရှယ်မင်းသမီးတွေဖြစ်တဲ့ Amy Adams နဲ့ Emily Blunt တို့ အပြိုင်သရုပ်ဆောင်ထားကြတဲ့ ဘဝသရုပ်ဖော် ဒရမ်မာဟာသ ကားလေးပါ။ ရို့စ်ဆိုတာက အော်စကာဆိုတဲ့ သားငယ်လေးနဲ့ စင်ဂယ်အမေတစ်ယောက် သားကိုကျောင်းထားပြီး အလုပ်ပေါင်းစုံလုပ် ရုန်းကန်နေရတာ။ ဒီလို ရုန်းကန်နေရတဲ့ထဲ ဖခင်ကလည်း တမှောင့်ပေါ့ နောက်ပြီး ပိုဆိုးတာက ညီမဖြစ်တဲ့သူ နိုရာ၊ အလုပ်တွေလည်း မမြဲ ဆေးချလိုက် အရက်သောက်လိုက် ပေါ့ပျက်ပျက်နေလိုက် သူ့သားကိုလည်း ပေါက်ကရတွေ ခေါင်းထဲရိုက်သွင်းပေးနေတဲ့ အဒေါ်ဆိုးပေါ့လေ။ ပြီးတော့ လက်ရှိတွဲနေတဲ့ ရဲအရာရှိဆိုတာက ငယ်တုန်းက ရည်းစားဟောင်း ဒါပေမဲ့ သူကလည်း မိန်းမနဲ့ ကလေးနဲ့ ခိုးစားနေရတဲ့ဘဝမျိုးပေါ့လေ။ အဲဒီအချိန်မှာပဲ အဒေါ်ဖြစ်သူ သင်ပေးထားတာ ပေါက်ကရလုပ်ရင်း သားဖြစ်သူကို ပုဂ္ဂလိကကျောင်းပဲ ထားရတော့မယ့်အခြေအနေရောက်လာပါတယ် ပိုက်ဆံလည်း ပိုလို လာပါတယ်။ အဲဒါကြောင့် ခိုးစားနေတဲ့ ရဲအရာရှိကြီးကို ရင်ဖွင့်မိတဲ့အခါ မှာတော့ လူသေမှုတွေဖြစ်တဲ့ အခင်းဖြစ်ပွားတဲ့နေရာတွေကို သန့်ရှင်း ရေးလုပ်ရတာ ငွေကောင်းကောင်းရတယ်ဆိုပြီး ပြောလိုက်တဲ့အခါ ရို့စ်တစ်ယောက် ဘာမှမသိမကန်းနဲ့ ငွေဇောတိုက်ပြီး ညီမဖြစ်သူပါခေါ် ပြီး ဒီလို မှုခင်းတွေကို သန့်ရှင်းရေးလုပ်ရဖို့ ကြိုးစား ရုန်းကန်တဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ပြီး အောင်မြင်နိုင်မလား စသဖြင့် ဘဝသရုပ်ဖော်ကားလေးပဲ ဖြစ်ပါတယ်။ လုံးဝကို အပူသည်နေရာက Amy Adam က ပိုင်နိုင်ပြီး ပေါ့ပျက်ပျက် ညီမနေရာကလည်း Emily Blunt တို့က သရုပ်ဆောင်ထားကြတာပါ။ File size…1.67GB / 528MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 31m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama
6.8 2008 91 mins
Sunshine Cleaning
The Teachers’ Lounge
7.6

The Teachers’ Lounge (2023) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ ကားနာမည်နဲ့ လိုက်အောင်ပဲ ဒီရုပ်ရှင်မှာ ကျောင်းတစ်ကျောင်းရဲ့ ဆရာများနားနေခန်းထဲက ပြဿနာတွေကို အခြေတည်ပြီး ကျောင်းက ကလေးတွေ ကျောင်းကလူတွေနဲ့ ချိတ်ဆက်ပြသထားတယ်။ ကျောင်းတစ်ကျောင်းမှာ ခိုးမှုတွေဖြစ်နေတယ်။ ဒီခိုးမှုတွေက တော်တော်များနေပေမဲ့ ဘယ်သူလား ဘာလားလဲမသိရသေးဘူး။ ပိုက်ဆံတွေအများကြီးပျောက်သွားတာတွေလည်းရှိတယ်။ ဒီတော့ ဆရာမတွေနဲ့ ကျောင်းအုပ်ချုပ်ရေးတွေပေါင်းပြီး ကလေးတွေကို စစ်ကြဆေးကြတယ်။ ဒီနောက် ကလေးတစ်ယောက်ကို မသင်္ကာလို့ မိဘခေါ်ပေမဲ့ မိဘက သူတို့ပေးလိုက်တဲ့ငွေတွေပါလို့ ပြောတဲ့နောက် ကလေးကို မတရားစွပ်စွဲသလိုဖြစ်ပြီး ဆရာမတွေ ကွိုင်တက်ကုန်တယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ကျောင်းဆရာမက လျှို့ဝှက်ကင်မရာတပ်ပြီး သူခိုးဖမ်းဖို့ကြံတယ်။ ကျောင်းဝန်ထမ်းတစ်ယောက်ကို ရိုက်မိသွားတယ်။ ဒါပေမဲ့ စစ်တော့ စွပ်စွဲပါတယ်ဆိုပြီး ငိုပြီးယိုပြီး ကျောင်းကထွက်သွားတယ်။ ဒီနောက် ကျောင်းက အကုန်လုံးကို လိုက်စွပ်စွဲနေပါတယ်ဆိုပြီး ကောလာဟလတွေ သတင်းတွေ မိဘတွေ ကလေးတွေကြား ပြန့်လာရာက ဒီပြဿနာတွေကို ဘယ်လိုအဖြေရှာကြမလဲ ဆရာများနားနေခန်းထဲ ပြဿနာတွေဖြေရှင်းကြတဲ့အကြောင်းပေါ့။ မထင်ထားခြင်းများနဲ့ ဒီဇာတ်ဟာ ပြည့်နှက်နေတယ်။ မဖြစ်မနေဆိုတဲ့ အရာတွေမထည့်ဘဲ လိုအပ်တယ်ထင်တာတွေပဲ ပြသွားခဲ့တယ်။ ဒီကားက ရုပ်ရှင်ပွဲတော်ကြိုက်ကားမျိုးဆိုတော့ ဒီလိုအအေးစား ဒရာမာတွေကို မကြိုက်တတ်တဲ့သူတွေအတွက်တော့မဟုတ်ဘူး။ ရုပ်ရှင်ကို ရုပ်ရှင်လိုကြည့်ကြမယ်ဆိုရင်တော့ ကြည့်လို့အရသာရှိတဲ့ ရုပ်ရှင်ပါပဲ။ စီနီမာတိုဂရပ်ဖီဆုတွေ မင်းသမီးဆုတွေ ဇာတ်ညွှန်းဆုတွေလည်း ရုပ်ရှင်ပွဲတော်တွေမှာ တစ်သီတစ်သန်းကြီးရထားတယ်။ သူ့ဇစ်မြစ်ဖြစ်တဲ့ ဂျာမန်က အကယ်ဒမီပေးပွဲမှာလည်း ဆုတွေတစ်သီကြီးရထားတဲ့ ဂျာမန်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 780MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 38Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror • Science Fiction
7.6 2023
The Teachers’ Lounge
Rules Ranjann
6.9

Rules Ranjan (2023) “ငယ်ချစ်ဦးနှင့် ပြန်လည်တွေ့ဆုံခြင်း” IMDb 6.9 ရုံးပိတ်ရက်မှာ အမောပြေရယ်မောလို့ရမယ့် ပေါ့ပေါ့ပါးပါး rom-com တစ်ကားဖြစ်ပါတယ် Telugu သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kiran Abbavaram နဲ့ Neha Shetty တို့ ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဥ်းကတော့ မန်နိုရန်ဂျန် ဆိုတဲ့ ရိုးရိုးအေးအေး အင်ဂျင်နီယာ ဘွဲ့ရလေးတစ်ယောက်က မွန်ဘိုင်းက ဆော့ဖ်ဝဲလ်ကုမ္ပဏီ တစ်ခုမှာ အလုပ်ရသွားပါတယ် တစ်ရုံးလုံးက သူ့ကို ဟင်ဒီစကားမတတ်လို့ ဝိုင်းအနိုင်ကျင့်ကြပြီး တစ်နေ့မှာတော့ အဲလက်ဆာ ဆိုတဲ့ AI စက်ကလေးရဲ့ အကူအညီနဲ့ ဟင်ဒီလို နားလည်ဖို့ ကြိုးစားပါတယ် အဲလက်ဆာရဲ့ အကူအညီနဲ့ ဆော့ဖ်ဝဲလ်မိတ်ဆက်ပွဲတစ်ခုမှာ မသမာမှုတစ်ခုကို အများရှေ့ ဖော်ထုတ်လိုက်နိုင်တာကြောင့် ရာထူးတိုးသွားပြီး သာမန် ရိုးရိုးအအ ဝန်ထမ်းလေး ရန်ဂျန်ကနေ ဘော့စ်ကပါ ကြောက်ရတဲ့ စည်းစနစ်ကျတဲ့ စာအုပ်ကြီးရန်ဂျန် ဖြစ်လာပါတော့တယ် အရာရာကို စည်းနဲ့ကမ်းနဲ့ လှေနံဓားထစ်လုပ်တတ်တဲ့ ရန်ဂျန်တစ်ယောက် တစ်နေ့မှာတော့ ကျောင်းတုန်းက ကြိတ် crush ခဲ့ရတဲ့ ကောင်မလေးနဲ့ ပြန်ဆုံတဲ့ အခါမှာ နောက်တစ်ကြိမ် ပြန်လည်နီးစပ်နိုင်မှာလား… စက်ရုပ်နှလုံးသားကြီးကို ကောင်မလေးက အရည်ပျော်အောင် ပြောင်းလဲပေးနိုင်ပါ့မလား ဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Action • Thriller • Science Fiction • Adventure
6.9 2023
Rules Ranjann
Robot Dreams
7.6

Robot Dreams (2023) ~ IMDb – 7.6/10, RT – 100%, Meta – 81% ~ Robot Dreams ကို A24 လိုမျိုး ထုတ်သမျှ သျှမ်းသျှမ်းတောက်အောင်မြင်နေတဲ့ Neon ကနေ ထုတ်ထားတယ်။ လက်ရှိအရတော့ A24 ထက် လက်စောင်းထက်နေတယ်ပြောရမယ်။ Animated Tragicomedy လို့ Genre တပ်ထားပေမဲ့ ဒီရုပ်ရှင်မှာ ကျွန်တော့်အနေနဲ့တော့ Comedy ဆိုတဲ့အပိုင်းကို ဘယ်မှာမှမတွေ့ခဲ့ဘဲ Tragic ဆိုတဲ့ တစ်ပိုင်းနဲ့ပဲ အသတ်ခံလိုက်ရတယ်။ Robot Dreams ဟာ အစကနေ အဆုံးထိ စကားတစ်ခွန်းမှကိုမပြောဘဲကို အပြသက်သက်နဲ့သတ်နိုင်တဲ့ ထူးထူးခြားခြား အန်နီမေးရှင်းကားလို့ဆိုရမယ်။ လက်ရှိအော်စကာမှာ အန်နီမေးရှင်းဆု ဆန်ခါတင် ဝင်ထားတာမို့ ကြည့်ကိုကြည့်မယ်ဆိုရင် ဒီတိုင်းသာ ဆက်ဖတ်မနေဘဲ ဒီတိုင်းသာ ကြည့်လိုက်ပါ။ တော်တော်ကောင်းပါတယ်။ ဘာမှမသိဘဲ ကြည့်ရတာတွေက အမြဲ ပိုအရသာရှိတာပဲမို့လား။ အဖော်စုံနေတဲ့လူတွေကိုကြည့်ရင်း ပိုအထီးကျန်လာတဲ့ ခွေးတစ်ကောင်ကနေ ဒီဇာတ်လမ်းစတယ်။ တိုက်တိုက်ဆိုင်ဆိုင် တီဗီကြော်ငြာမှာ ရိုဘော့အဖော်ဝယ်လို့ရတဲ့အကြောင်းတက်လာတယ်။ ရိုဘော့ မှာလိုက်ပြီး နောက်နေ့မှာပဲ ခွေးဆီ ရိုဘော့လာပို့တယ်။ ဒီလိုနဲ့ ခွေးက ဈေးသွားအတူတူ ရုပ်ရှင်ကြည့်အတူတူ မုန့်စားထွက်အတူတူ ပန်းခြံသွားအတူတူ စားအတူ လာအတူ သွားအတူ ရိုဘော့ အဖော်တစ်ကောင် ရသွားတယ်။ တစ်ခုသော အားလပ်ရက်မှာ ခွေးနဲ့ ရိုဘော့ ကမ်းခြေကို အပန်းဖြေခရီးထွက်လာကြတယ်။ ရေပေါ်ရေအောက် ပျော်လို့ပါးလို့ပေါ့။ ကံဆိုးချင်တော့ ရိုဘော့က သံနဲ့လုပ်ထားတဲ့အရာဆိုတော့လည်း ရေတွေအစိုများပြီး သံချေးကိုက်ပြီး လှုပ်မရတော့ဘဲ သဲသောင်မှာ လှဲနေလိုက်ရတယ်။ ခွေးကတော့ နောက်တစ်နေ့မနက်မှ လာပြန်ကယ်မယ်ဆိုပြီး ကမ်းခြေကနေ ထွက်သွားခဲ့တယ်။ နောက်နေ့မနက် သူလာတော့ ကမ်းခြေဟာ တစ်ရာသီစာ ပိတ်သွားခဲ့ပြီ။ သူလည်းတတ်နိုင်သလောက် ကြိုးစားဝင်ပေမဲ့ ဝင်မရသလို ရိုဘော့ကလည်း သဲသောင်ပေါ် လှုပ်မရရှိနေတုန်းပဲ။ သူတတ်နိုင်တာဆိုလို့ ရာသီကုန်လို့ ကမ်းခြေပြန်ဖွင့်တာကို စောင့်လိုက်ဖို့ပဲ ရှိတော့တယ်။ ဒီနောက်ပိုင်း ကျွန်တော်တို့ကို ရုပ်ရှင်ဟာ ရိုဘော့မရှိတော့တဲ့ ခွေးရဲ့လစ်ဟာခြင်းနဲ့ သဲသောင်ပေါ်မှာ နည်းနည်းမှ မလှုပ်နိုင်ဘဲ အန္တရာယ်ပေါင်းစုံကို ခါးစည်းခံနေရတဲ့ ရိုဘော့တစ်ယောက် အိမ်ကိုပြန်နိုင်ဖို့ ခွေးဆီပြန်နိုင်ဖို့ မက်ခဲ့တဲ့အိပ်မက်တွေကို ဆက်ပြတယ်။ လှုပ်မရနိုင်တဲ့သူ့ကို ဖျက်ဆီးသွားကြသူတွေလည်းရှိခဲ့တယ်။ မျှော်လင့်ချက်ပေးတဲ့အရာတွေလည်းရှိခဲ့တယ်။ နှင်းတွေကျလိုက် နေတွေသာလိုက် အရာရာ တရွေ့ရွေ့ပြောင်းသွားပေမဲ့ ရိုဘော့လုပ်နိုင်တဲ့တစ်ခုတည်းသောအရာက အိမ်အပြန်ကို အိပ်မက်မက်နေဖို့ပဲရှိခဲ့တယ်။ ရိုဘော့က ကမ်းခြေမှာ အိပ်မက်တွေ တစ်ခုပြီးတစ်ခုမက်နေတုန်း ခွေးရဲ့ဘဝမှာလည်း လစ်ဟာမှုတစ်ခုကို မေ့ပျောက်နေအောင် ရှင်သန်နေရင်း သူ့ဘဝထဲ တစ်ခုပြီးတစ်ခု ဝင်လာလိုက်ရင်း ထွက်သွားကြရင်းရှိနေခဲ့တယ်။ အင်္ဂါမစုံတော့တဲ့ ရိုဘော့တစ်ကောင်ကတော့ တစ်ခုသော သဲသောင်ပေါ်မှာပဲ နေ့ပေါင်းများစွာ ကြာရှည်အိပ်မက်နေလျက်ပေါ့။ ~~~ Spoiler Alert ~~~ နွေဦးပေါက်ကို ရောက်လာတဲ့အခါ ရိုဘော့ကို မျောက်တစ်ကောင်က သဲတွေကြားက တူးထုတ်ပြီး သံတိုသံစအဖြစ်နဲ့ အဟောင်းဆိုင်မှာ သွားရောင်းပစ်ခဲ့တယ်။ ခွေးရောက်လာတဲ့အချိန်မှာတော့ အခါနှောင်းသွားပြီး ရိုဘော့ရဲ့ ခြေထောက်တစ်ဘက်ကိုပဲ တွေ့ရတော့တယ်။ ခွေးဟာ ရိုဘော့အနံ့ကိုခံပြီး သဲသောင်ကို နက်သည်ထက်နက်အောင် တူးပြီး ရိုဘော့ကိုရှာပေမဲ့ ရိုဘော့ကို မတွေ့ရတော့ဘူး။ တစ်နေ့မှာ ကြောင်တစ်ကောင်က အဟောင်းဆိုင်ကနေ တစ်စစီဖြစ်နေတဲ့ ရိုဘော့ကို ဝယ်သွားပြီး အစအဆုံးပြန်ဆင်ခဲ့တယ်။ အဲဒီအချိန်မှာ ခွေးကလည်း နောက်ထပ်ရိုဘော့တစ်ကောင် ဝယ်ခဲ့လိုက်ပြီ။ ဒီလိုနဲ့ ကြောင်နဲ့ ရိုဘော့နဲ့ ပျော်ရွှင်စွာရှင်သန်နေတဲ့အချိန် ခွေးနဲ့ ရိုဘော့အသစ်ကလည်း ပျော်ရွှင်စွာ ရှင်သန်နေခဲ့တယ်။ ခွေးဟာ နောက်ထပ်ရိုဘော့ကို ကမ်းခြေကိုတောင် ခေါ်သွားလိုက်ပါသေးတယ်။ ဒီတစ်ခါတော့ ခွေးဟာ အရင်တစ်ခါအမှားမျိုး မလုပ်တော့ဘူး။ ရိုဘော့အသစ်ကို စက်ဆီတွေ အရင်ဖြန်းပေးခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ရိုဘော့ဟာ အိမ်ပြတင်းပေါက်ကနေ လှမ်းကြည့်ရင်း‌ ခွေးနဲ့ရိုဘော့အသစ်ကို မြင်လိုက်တယ်။ ခွေးနောက် သူပြေးလိုက်သွားပြီး သူတို့တွေ ပြန်လည်ပေါင်းစည်းသွားကြတယ်။ ဒါလည်း ရိုဘော့ရဲ့ နောက်ထပ်အိပ်မက်တစ်ခုပါပဲ။ တကယ့်အရှိတရားမှာတော့ ရိုဘော့ဟာ ခွေးကို တိုက်ပေါ်က လှမ်းကြည့်ရင်း သူတို့ကြိုက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖွင့်ခဲ့တယ်။ ရိုဘော့က တိုက်ပေါ်ကနေတဲ့အချိန် ခွေးက သီချင်းသံကို ကြားပြီးအောက်မှာ ကနေခဲ့တယ်။ သူတို့အတူတူမကခဲ့ပါဘူး။ ဒါပေမဲ့ အတူတူကခဲ့တယ်။ ခွေးဟာ ရိုဘော့ကို လှမ်းကြည့်လိုက်တဲ့အချိန်မှာပဲ ရိုဘော့ဟာ နံရံနောက်မှာ ပုန်းလိုက်တယ်။ ဘာလို့လဲတော့ ကျွန်တော်တို့သိနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘာလို့လဲ ကျွန်တော်တို့မသိနိုင်ဘူး။ ဒီလိုနဲ့ သူတို့နှစ်ယောက် ပြန်မဆုံခဲ့ကြပါဘူး။ ဒါပေမဲ့ ပြန်ဆုံခဲ့တယ်။ ရုပ်ရှင်အပြီးမှာ ကျွန်တော်သတိရမိတာက “တိမ်ဦးလေပြေ မောင့်ကိုစေ” သီချင်းက စာသားတစ်ကြောင်းပဲ။ အဆုံးသတ်ကို ကျွန်တော်တစ်ခေါက်ပြီး တစ်ခေါက်ပြန်ကြည့်မိခဲ့တယ်။ ကြည့်လိုက်တိုင်းလည်း ဒီစာသားကို ကျွန်တော်ပို သတိရလာမိတာပါပဲ။ ” တို့ကမ္ဘာလေး ကျဉ်းကျဉ်းလေးမို့ အချင်းချင်းတွေ့နိုင်ပါသေး မျှော်လင့်ချက်သံသရာမှာလေ… “ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 805MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 42Min Genre – Animation, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 2023
Robot Dreams
Exorcism: Haunted Child
5.3

Exorcism: Haunted Child (2015) ========================== မေလန်းဟာ ပြဇာတ်ဒါရိုက်တာပညာရဲ့ကျောင်းဆင်းစာတမ်းအတွက် ဒရာမာကျောင်းတစ်ခုမှာအလုပ်သင်ဆင်းဖို့တာဝန်ကျလာခဲ့ပါတယ်။ အဲ့ဒီကျောင်းမှာ သူနေထိုင်ရမယ့်နေရာကတော့ ခေါင်မိုးထပ်တစ်ခုက ဇာတ်ဝင်ပစ္စည်းအသုံးအဆောင်တွေထားတဲ့အခန်းကြီးပါပဲ။အဲ့ဒီအခန်းရှိရာ ခေါင်မိုးထပ်ပေါ်မှာကျောင်းသူတစ်ယောက်ထူးခြားစွာသေဆုံးခဲ့ဖူးပြီး အခုချိန်ထိ မကျွတ်လွတ်သေးပဲလမ်းလျှောက်နေတာကိုမြင်ရတဲ့အကြောင်း ကျောင်းအနီးအနားနေထိုင်သူတွေကပြောလေ့ရှိပါတယ်။ သူ့ကိုအခုနယ်ခံကျောင်းသားတွေက ဒီအကြောင်းတွေ သတိပေးပြောပြပေမယ့် အယုံအကြည်မရှိတဲ့သူပီပီ မေလန်းကတော့ခေါင်းမာမာနဲ့ တက်နေခဲ့ပါတယ်။ ဒါပေမယ့် ပထမဆုံးညမှာပဲ မယုံလို့မဖြစ်တော့လောက်အောင်ခြောက်ခြားစရာအဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ကြုံလာရချိန်မှာတော့..။ anthology ပုံစံမျိုးနဲ့တင်ဆက်ထားတာဖြစ်ပြီး အဆုံးသတ်ချိန်မှာအားလုံးပြန်ဆက်စပ်ပြီးအဖြေပေါ်သွားပါလိမ့်မယ်။ထူးထူးခြားခြား vietnam horror ကားလေးဖြစ်တဲ့အတွက် ခံစားကြည့်ပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.6GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5.3 2015 86 mins
Exorcism: Haunted Child
The Day Shall Come
5.9

The Day Shall Come(2019) IMDb….5.9.,,,,Rotten….76% ဒီတစ်ခေါက်တော့ Channel Myanmarပရိသတ်ကြီးအတွက် Comedy,Thriller ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်က The Day Shall Come (2019) ပဲဖြစ်ပါတယ်။Imdb Rating 5.4/10 Rotten Tomatoes 75% တောင်ရရှိထားတဲ့ ဒီကားလေးကတော့ နိုင်ငံရေးကို သရော်တော်တော်ရိုက်ကူးထားတဲ့ ကားလေးလို့ပြောရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်တင်ပြလိုပါတယ်။ရှာဘတ်ဆိုတာက အလာအရှင်မြတ်ကို ကိုးကွယ်ယုံကြည်တဲ့ လူမည်းတစ်ဦးဖြစ်ပြီး ငြိမ်းချမ်းရေးကိုမြတ်နိုးသူ လယ်သမားတစ်ယောက်လဲဖြစ်ပါတယ်။ လူဖြူအစိုးရကို ဖြုတ်ချပြီး တစ်နေ့မှာတော့လူမည်းတွေအုပ်ချုပ်မယ်ဆိုတဲ့စိတ်ကူးနဲ့ စစ်တပ်တစ်တပ်ကိုတည်ထောင်ထားပါတယ်။ စစ်တပ်ဆိုတာကလဲ သူ့ရဲ့အမျိုးလေးယောက်ရယ် သူရယ်ပါပဲ။သူကအဲလိုစည်းရုံးရေးတရားတွေပြောနေတာကို တစ်နေ့မှာတော့ FBI က မျက်စိကျကာ ရာထူးတိုးရေးအတွက် အကြမ်းဖက်သမားတံဆိပ်တပ်ကာအကွက်ချဖမ်းဆီးပါတော့တယ်။ သေနတ်တောင်မကိုင်တဲ့ ရှာဘတ်တို့တတွေ FBI ရဲ့လှည့်ကွက်တွေထဲမှာ ဘယ်လိုရှေ့ဆက်သွားကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဟာသဇာတ်လမ်းလေးပါ။ ဇာတ်လမ်းလေးရဲ့နာမည်ကတော့ The Day Shall Come(2019)ပါ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်….. File Size : 1.89GB / 750MB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…01:28:00 Genre : Comedy, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Tiff

Comedy
5.9 2019 87 mins
The Day Shall Come
My Father and I are Deskmates
5.6

ဒီဇာတ်လမ်းလေးရဲ့အဓိကဇာတ်ဆောင်ကတော့ အနာဂတ်အတွက် ဘာအစီအစဉ်မှမရှိတဲ့ အရာအားလုံးကိုပုန်ကန်ချင်နေတဲ့ ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းသားလေပဲဖြစ်ပါတယ်။ သူကငယ်ငယ်ကတည်းက အဖိုးအဖွားတွေနဲ့ကြီးလာခဲ့ရတယ်။ အဖေကအမြဲအပြင်မှာပဲအလုပ်လုပ်နေပြီး အိမ်သိပ်ပြန်မလာပါဘူး။ တစ်နေ့မှာတော့ အပြင်မှာပဲနေတဲ့သူ့အဖေက ရုတ်တရက်အိမ်ကိုပြန်လာပြီး သူ့ကိုတင်းတင်းကြပ်ကြပ်ထိန်းပါတော့တယ်။ အလွဲလွဲအချော်ချော်နဲ့ အဖေနဲ့သားအတူ ကျောင်းမှာတစ်စားပွဲထဲစာအတူတူသင်ဖို့ဖြစ်လာပါတယ်။ ဒီလိုနဲ့ရယ်စရာအဖြစ်အပျက်တွေဖြစ်လာပြီး အထင်လွဲမှုတွေနဲ့ စိမ်းကားနေတဲ့ သူတို့သားအဖနှစ်ယောက်ရဲ့ဆက်ဆံရေးက တဖြည်းဖြည်းပြေလည်လာတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

5.6 2024
My Father and I are Deskmates
Gabriel’s Rapture: Part III
5.9

Gabriel’s Rapture: Part III (2022) ********************************* နာမည်ကျော်စာရေးဆရာ Sylvain Reynard ရဲ့ Best Selling Novels Series တွေကို ပြန်ရိုက်ကူးထားတာဖြစ်ပြီး ဒီတစ်ခါမှာတော့ part 3 ကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်ကောင်တွေဖြစ်တဲ့ ဂေဘရီရယ်နဲ့ ဂျူလီယာကိုတော့ အားလုံးရင်းနှီးပြီးသား ဖြစ်မယ်လို့ထင်ပါတယ်။ အပိုင်းနှစ်မှာ ဂေဘရီရယ် ရက်ရက်စက်စက် ထားခဲ့တာ ခံခဲ့ရပြီး အသည်းကွဲသွားတဲ့ ဂျူလီတစ်ယောက် သူငယ်ချင်းပေါလ်နဲ့ ပါမောက္ခကတ်သရင်းတို့ရဲ့ ကူညီမှုတွေကြောင့် ပြန်အဆင်ပြေစပြုလာပါပြီ။ ကျောင်းဆက်တက်ဖို့ ဘော်စတွန်ကို ပြောင်းခဲ့ရာမှ ဂေဘရီရယ်ဆီက မက်ဆေ့တွေကို အမှတ်မထင် ရှာတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့ ပြန်ဆုံကြမလား။ ဂေဘရီရယ် ဘာလို့ ဒီလောက်ရက်စက်ခဲ့ရလဲဆိုတာကို ကြည့်ရှူခံစားရမှာပါ။ File Size : 2.33GB/ 750MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:13:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Tiff

Crime • Drama
5.9 2022 133 mins
Gabriel’s Rapture: Part III
Virus

Virus ကတော့ horror, sci-fi movie အမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ ကုန်ပစ္စည်းတွေသယ်ဆောင်လာတဲ့သင်္ဘောတစီးပေါ်ကလူတစ်စုဟာ တိုင်ဖုန်းမုန်တိုင်းအတွင်းကျရောက်သွားပြီး သယ်ဆောင်လာတဲ့ပစ္စည်းတွေကိုဆုံးရှုံးခဲ့ပြီးသင်္ဘောမြှပ်မဲ့အခြေအနေနဲ့ကြုံတွေ့ရကာ အသက်ရှင်သန်ဖို့ကြိုးစားနေကြရင်း မုန်တိုင်းအလယ်ဗဟိုထဲသို့ဝင်ရောက်ခဲ့ကြပါတယ်။ အမှတ်မထင်ပဲ မုန်တိုင်းအလယ်ဗဟိုအတွင်းမှာ အခြားသင်္ဘောတစ်စီးရှိနေတာကိုတွေ့ရှိခဲ့ကြရပါတယ်။ အဲဒီသင်္ဘောဟာ သူတို့ရဲ့ဆုံးရှုံးမှုတွေကိုပြန်အဖတ်ဆယ်ပေးနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့ သူတို့အဖွဲ့ဟာ အဲဒီသင်္ဘောပေါ်ကိုရောက်ရှိလာကြပါတော့တယ်။ ထူးဆန်းစွာပဲ အင်မတန်ကြီးမားတဲ့စက်ပစ္စည်းကိရိယာတွေတပ်ဆင်ထားတဲ့သင်္ဘောကြီးပေါ်မှာ လူတစ်ဦးတစ်ယောက်မှရှိမနေပါဘူး။ အဲဒီနောက်မှာသူတို့ဟာ စကားလုံးတွေနဲ့ဖော်ပြဖို့တောင်ခက်ခဲတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုကြုံတွေ့လာရပါတော့တယ်။ ဒီသင်္ဘောကြီးဟာသူတို့မျှော်လင့်ထားသလို သူတို့ရဲ့ကံကောင်းခြင်းလား ဒါမှမဟုတ် သူတို့ရဲ့အဆုံးသတ်ပဲဖြစ်သွားမလားဆိုတာကို ရင်သပ်ရှုမောဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size… (1.3 GB) / (757 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Horror, Action, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Senju

0 1999
Virus
The Girl with the Red Scarf
8.5

ပျော်ရွှင်စွာဇာတ်သိမ်းကြလေသတည်းဆိုတာ စာရေးပျင်းတဲ့ စာရေးဆရာတွေရဲ့ ဇာတ်သိမ်းထဲမှာပဲရှိတာ။ ပျော်ရွှင်စွာနေကြရတုန်းဆိုကတည်းက ဇာတ်မသိမ်းသေးလို့ပါ။ ဘယ်ဇာတ်လမ်းကမှ ပျော်ရွှင်စွာနဲ့ ဇာတ်သိမ်းကြရိုးထုံးစံမရှိပါဘူး။ ခွဲခွာခြင်း၊ နှုတ်ဆက်ရခြင်းတို့နဲ့ပဲ အမြဲတမ်း ဇာတ်သိမ်းကြရတာမျိုး။ ထာ၀ရဆိုတာကလည်း လူရယ်ဖြစ်တည်လာတဲ့အချိန်ရဲ့ တခဏသာပဲမလား။ အစ္စတန်ဘူမြို့ကြီးသား ကုန်ကားသမား အီလိယာ့စ်နဲ့ ကျေးလက်သူလေး အာစယာတို့ကြားက ချစ်ခြင်းမေတ္တာကိုတင်ဆက်ထားတဲ့ တူရကီအချစ်ဇာတ်လမ်း။ အနီရောင်ခေါင်းစည်းပဝါလေးနဲ့ ကျေးလက်သူလေးအာစယာကို မြင်မြင်ချင်းကတည်းက ကြွေခဲ့တဲ့ အီလိယာ့စ်တစ်ယောက် ပိုင်ဆိုင်ဖို့ကြိုးစားခဲ့ပြီး၊ နှစ်ယောက်သား အတူပေါင်းဖက်လို့ ပျော်ရွှင်စရာအချိန်တွေရှိခဲ့ပေမဲ့ ကြမ္မာဆိုးတို့မည်သည် အချိန်အခါမကြည့်ဘဲ ဝင်လာတတ်တာမို့ သူတို့ချစ်ခြင်းတရားလည်း ဘာတွေပဲကြုံကြုံ ပျော်ရွှင်စွာဇာတ်သိမ်းကြလေသတည်းနဲ့ ရပ်တန့်နေခဲ့မလားဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.8 GB)/(950 Mb) Quality….Web-DL 1080p / 720p Format… mp4 Duration…. 01:30:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

Horror • Thriller
8.5 1977 86 mins
The Girl with the Red Scarf
Phantasm

ဇာတ်ကားနဲ့ ဒါရိုက်တာ ဒွန် ကော့စ်ကာရယ်လီ (Don Coscarelli) Special Jury Award (အထူးဒိုင်လူကြီးဆု) ရရှိခဲ့ပြီး သိပ္ပံစိတ်ကူးယဉ် ထိတ်လန့်သည်းဖို (Science Fiction Horror) ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း——- ဇာတ်လမ်းကတော့ မိဘမဲ့ဖြစ်သွားတဲ့ ဆယ်ကျော်သက် မိုက်ခ် (Mike) ဟာ သူ့အစ်ကို ဂျိုဒီ (Jody) နဲ့အတူ နေထိုင်ပါတယ်။ သူတို့သူငယ်ချင်း တွမ်မီ (Tommy) သေဆုံးတဲ့ ဈာပနကို မိုက်ခ်က တိတ်တဆိတ် ချောင်းကြည့်ရာကနေ အဲဒီဈာပနမှာ သုဘရာဇာဖြစ်တဲ့ The Tall Man ဆိုသူဟာ အလွန်လေးတဲ့ ခေါင်းတလားကို အလွယ်တကူ မနိုင်တာကို မြင်တွေ့လိုက်တာကြောင့် မိုက်ခ်ဟာ သုဘရာဇာ အန်ဂပ်စ် စကရင်းမ် (Angus Scrimm) ကို သံသယဝင်ပြီး လိုက်လံစုံစမ်းရာကနေ Morningside သုဘရာဇာတိုက်ကို မိုက်ခ် ဝင်ရောက်စုံစမ်းတဲ့အခါ သေဆုံးပြီးသား လူတွေကို အရပ်ပုပု၊ မျက်နှာဖုံးစွပ်ထားတဲ့ သတ္တဝါလေးတွေ (Lurkers သို့မဟုတ် Dwarves) အဖြစ် ပြောင်းလဲပြီး တခြား ဂြိုလ် ကို ကျွန်အဖြစ် တင်ပို့တာကို တွေ့မြင်လိုက်ရပါတယ်. The Tall Man ဟာ အမျိုးသမီး (Lady in Lavender) အသွင်ပြောင်းလဲပြီး သားကောင်တွေကို မြှူဆွယ်သတ်ဖြတ်တာမျိုးလည်း လုပ်ပြီး the tall man ဟာ ဒီသတ္တဝါတွေနဲ့ဘယ်လို ပတ်သတ် နေလဲ မိုက်ခ် နဲ့ဂျိုဒီကရော ဒီ ထူးဆန်းမှုကို ဘယ်လို ဖြေရှင်းမလဲဆိုတာကတော့ ဆက်လက် ကြည့်ရှုလိုက်ပါ။ ဇာတ်ကား အဆုံးမှာတော့ မထင်မှတ်ထားတဲ့ plot twist ကို တွေ့ရမှာမလို့ အဆုံးထိ ကြည့်ရှုဖို့ တိုက်တွန်းပါတယ်။ File size…(1.2 GB)/(658 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Htet Naing Lin

Drama
0 1979
Phantasm