YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Waiting (2005) 1080p BluRay {CM}.mp4

1.85 GB N/A video/mp4 555 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
It Happened One Night
7.9

It Happened One Night (1934) ====================== IMDb Rating - 8.1/10 It Happened One Nightဟာ အော်စကာရဲ့ အဓိကဆုငါးဆုကို ပထမဆုံးရခဲ့တဲ့ ရုပ်ရှင်ပါ။ Outstanding Production, Best Director, Best Actor , Best Actress နဲ့ Best Adaptation ဆုတို့ကို ရရှိခဲ့ပါတယ်။ အော်စကာသက်တမ်းမှာ ၁၉၇၅ မတိုင်ခင် အထိ အဓိကဇာတ်ကောင်၂ယောက်စလုံး ဆုရခဲ့တဲ့ နောက်ဆုံးကား လည်းဖြစ်ခဲ့ပါတယ်။ ၄၁နှစ်ကြာ ဒီနေရာကို ထိန်းထားနိုင်ခဲ့တာပါပဲ။ It's a Wonderful Lifeကို ရိုက်ခဲ့တဲ့ Frank Capraက ရိုက်ထားပြီး လေရူးသုန်သုန်မင်းသား Clark Gableနဲ့ ကလီယိုပါထရာမင်းသမီး Claudette Colbertတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ အမေရိကန်ရုပ်ရှင်အစည်းအရုံးက ခေတ်အဆက်ဆက်စာရင်းလုပ်ခဲ့တဲ့ အကောင်းဆုံးရုပ်ရှင်တစ်ရာစာရင်းထဲလည်း ခဏခဏပါနေကျ ရုပ်ရှင် လည်းဟုတ်သလို တစ်ခေတ်တစ်ခါရဲ့ မာစတာပိစ်တစ်ကားလည်း ဟုတ် ပါတယ်။ ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ ကြိုတင်မမြင်နိုင်ပါဘဲ အရှိန်နဲ့လာ စိုက်တတ်တဲ့ ချစ်ခြင်းတွေအကြောင်းပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(1.47 GB) / (752 MB) / (752 MB) Quality............BLU-RAY 1080p / 720p  / 480p Duration.........1Hr 20Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......WiRa Aung Encoder..........SWM

Action • Comedy
7.9 1934 105 mins
It Happened One Night

မရေးသင့်တဲ့ဆောင်းပါးကို ရေးမိလို အလုပ်ပြုတ်လုနီးနီးဖြစ်နေတဲ့ သတင်းတစ်ယောက် ဟောမူဟျော့ တစ်ဖက်မှာလည်း ကိုယ်ဝန်သည်ဇနီးက ကွာရှင်းဖိုတောင်းဆိုခံထားရပြန်တယ်... တစ်ရက်မှာ စုံထောက်တွေ လိုက်နေတဲ့ကွင်းဆက်လူသတ်မှုအတွက် သတင်းပေးမယ်ဆိုပြီး သူ့ရုံးကို ဖုန်းဝင်လာတယ် ... အထက်လူကြီးတွေကို တင်ပြပြီးသတင်းကြေညာလိုက်တဲ့အခါ လူစိတ်ဝင်စားမှု ရရှိသွားခဲ့တယ်... ဒီလိုအချိန်မှာ လူသတ်မှုနဲ့ ပတ်သက်ပြီး သူ ရခဲ့တဲ့သတင်းက အတုဖြစ်နေလို သူ့ကိုယ်သူ ကာကွယ်ဖို ဆောင်းပါးတွေကို လိမ်ညာရေးရင်းနဲ့ လူသတ်သမားအစစ်ရဲ့ ခြိမ်းခြောက်မှုကို ခံရတော့တယ်.... ဟောမူဟျော့တစ်ယောက် ဒီအရှုတ်ထုတ်ကြီးကိုဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့... File Size : (2.4GB) (940 MB) and (340 MB) Quality : WEB-DL 1080P5.1Ch, 720p Format…mp4 Duration…02:05:00 Genre : Crime ,Comedy ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by Phyo Pyae

Comedy • Romance
null 2015
Journalist
The Land Of The Sons (La Terra Dei Figli)
6.1

The Land Of The Sons (La Terra Dei Figli) (2021) ~~~~~ Imdb – 6.1 အီတလီရုပ်ရှင်တွေဆိုရင် ထပ်ညွှန်းစရာမလိုဘူးထင်ပါတယ်။ အစဥ်အလာလည်းရှိပြီးသားရုပ်ရှင်တွေဖြစ်တာရယ် အပြောထက် အပြတွေဦးစားပေးတဲ့ရုပ်ရှင်တွေဖြစ်တာကြောင့် အ​မြဲချီးကျူးတာခံနေရတဲ့ရုပ်ရှင်တွေပါ။ ဒီရုပ်ရှင်မှာဆိုလည်း ဒိုင်ယာလော့တွေ အများကြီးမပါဘူး။ ဇာတ်ကောင်တွေလည်း အများကြီးပါမနေဘူး။ ဇာတ်လမ်းကလည်းရှုပ်မနေဘူး။ ကမ္ဘာပျက်ပြီးချိန် ကျန်ရစ်တဲ့ လူတွေရဲ့ ရှင်သန်ရစ်ဖို့ ကြိုးစားပုံတွေတွေ့ရမယ်။ အဓိကဇာတ်ဆောင်တွေက သားအဖနှစ်ယောက်။ သူတို့နှစ်ယောက်ကြားက သံ​ယောဇဉ်တွေကို တမူထူးခြားတဲ့ပုံစံနဲ့ တင်ဆက်ထားတယ်။ ဘာဆိုဘာမှ မကျန်တော့တဲ့ခေတ်ကြီးထဲမှာ မေတ္တာတရား ဆက်ရှင်သန်နေတာက လူသားတွေအတွက် ဆုလာဘ်ပါပဲ။ ကြည့်ကြည့်ပါ။ ခံစားချက်တစ်စုံတစ်ရာတော့ ရလာမှာ အမှန်ပါပဲ။ File size…(1.5GB)/(834mb)/(385 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:00:00 Genre…Drama / Sci-Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sp

Action • Animation • Fantasy
6.1 2021 118 mins
The Land Of The Sons (La Terra Dei Figli)
The New Toy
6

The New Toy (2022) ================ IMDb Rating – 6.0/10 ဒီ ပြင်သစ်ဟာသကားလေးကတော့ ၁၉၇၆ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဂန္ဒဝင်ကား The Toy ကို ပြန်လည်မှီငြမ်း ရိုက် ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အစွန်းနှစ်ဖက်က လူသား တွေ တွေ့ဆုံကြပြီး ကြုံတွေ့ရမယ့် ဒုက္ခတွေ ပြဿနာတွေ လူ့သဘာဝတွေ သုခတွေကို သေချာတင်ဆက်ထားတဲ့ ဟာသ ဒရမ်မာကားကောင်းလေးပါ။ ပထမဦးဆုံးအနေနဲ့ တစ်ဖက်မှာ လွန်ခဲ့တဲ့တစ်နှစ်က မိခင်ဖြစ်သူ ဆုံးပါးထားပြီး ဖခင်ကလည်း အလုပ်တွေရှုပ်နေတဲ့အခါ သေချာမကြည့်နိုင်လို့ ဖြစ်ချင်တိုင်းဖြစ် အင်မတန်ဆိုးသွမ်းနေတဲ့ပြင်သစ်ရဲ့အချမ်းသာဆုံးမိသားစုက ကောင်လေး အဲလက်စ်။ တစ်ဖက်မှာတော့ ကိုယ်ဝန်(၈)လရှိတဲ့ ဇနီးဖြစ်သူရဲ့လစာကို မှီခိုနေရပြီး အလုပ်အကိုင်အဆင်မပြေ ပြဿနာပေါင်းစုံတက်နေတဲ့ ဆမီ။ ဖြစ်ချင်တော့ ဆမီတစ်ယောက် ရရာအလုပ်လုပ်မယ်ဆိုပြီး ကုန်တိုက်ထဲမှာ ညစောင့်လုပ်ပြီး အိပ်ပျော်နေတုန်း အဲလက်စ် ကလည်း သူ့မွေးနေ့လက်ဆောင်ရှာဖို့ဆိုပြီး သူ့အဖေတပည့် တပန်းတွေနဲ့ လာရှာတဲ့အချိန် ဆမီ့ကို သဘောကျသွားပြီး လက်ဆောင်အဖြစ် တောင်းဆိုလိုက်ပါတော့တယ်။ ဒီမှာ သဘော မကျပေမယ့်လည်း ငွေရေးကြေးရေး အဆင်မပြေမှုကြောင့်သာ ကြိတ်မှိတ်သဘောတူလိုက်ရတဲ့ဆမီတစ်ယောက် ဆိုးသွမ်းပေ တေတဲ့ကောင်ဆိုးလေး အဲလက်စ်နဲ့ နှစ်ပါးသွားဖို့ ဖြစ်လာပြီး ပြဿနာတွေတက် အရှုပ်တော်ပုံ ဖြစ်လာတာကို ပျော်ပျော်ပါးပါး ရယ်ရယ်မောမောနဲ့ ကြည့်ရှုခံစားရမှာပါ။ ငွေရှိပေမယ့် နွေးထွေးမှုမရှိ ပျော်စရာမရှိတဲ့ သူဌေးသားအဖတို့နဲ့ ငွေမရှိပေမယ့် ဘဝကို ရိုးရှင်းစွာဖြတ်သန်းကြတဲ့လူတစ်ယောက် အချင်းချင်း အပြန်အလှန် သဟဇာတဖြစ်သွားအောင် ဘယ်လိုအရာ တွေကို ဘယ်လိုညှိယူကြမလဲဆိုတဲ့ ငွေနဲ့ ပျော်ရွှင်မှုအကြောင်း ပညာပေးထားတဲ့ကားလေးပါပဲ၊ သားအဖတွေကြားက ဖြစ်တတ်တဲ့ လွဲမှားနေမှုလေးတွေကိုလည်း ပါးပါးလေးပုတ်ပြထားပါတယ်။ ဟာသကားဆိုပေမယ့် အတင်းရယ်ရအောင် ကလိထိုးလုပ်ကွက်တွေနဲ့ မဟုတ်ပဲ ခပ်ငေါ့ငေါ့ ခပ်ထေ့ထေ့ ဒိုင်ယာလော့ခ်လေးတွေ သဘာဝကျတဲ့ ရယ်မောစရာအလွဲလေးတွေနဲ့ ပုံဖော်ထားလို့ ခက်ခဲပင်ပန်းနေတဲ့အချိန် တစ်ခဏတာ ဘဝအမောပြေသွားစေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura ဖြစ်ပါတယ်) File Size……….(1.82 GB) / (757 MB) / (431 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 52Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Thura Encoder……….SWM

6 2022 111 mins
The New Toy
Eat Drink Man Woman
7.8

Eat Drink Man Woman (1994) ~ IMDb – 7.8/10, Rotten Tomatoes – 88% ~ Directed by “ Ang Lee ” ” Taiwanese Cinema “ ပြည်မ၊ ဟောင်ကောင်၊ ထိုင်ဝမ် တရုတ်သုံးခြမ်းက ရုပ်ရှင်တွေထဲ ကျွန်တော်တို့ဆီ လူကြည့်အနည်းဆုံးက ထိုင်ဝမ်ပဲဖြစ်မယ်လို့ထင်ပါတယ်။ ဘာလို့ဆို ပြည်မက ခုနောက်ပိုင်း သိုင်းကားတွေ လော်ဘီကားတွေ ဘတ်ဂျက်ကောင်းကောင်းနဲ့ လှိုင်လှိုင်ထုတ်နေသလို ကောင်းသည်မကောင်းသည်က တကဏ္ဍထား၊ ကြည့်တဲ့ပရိသတ်အင်အားကတော့ မနည်းပါဘူး။ ကြည့်ပြီးမှသာ ဆဲချင်ဆဲပါလိမ့်မယ်။ ဟောင်ကောင်ကတော့ သူ့ရွှေခေတ်တုန်းက Mainstream ဆန်ဆန်လိုင်းမှာ John Woo, Johnnie To, Andrew Lau, Tsui Hark, Ringo Lam, Gordon Chan, ချောင်ကားတွေရဲ့ ဒါရိုက်တာတွေဖြစ်တဲ့ Jeffrey Lau တို့၊ Wong Jing တို့နဲ့ တော်တော်ပေါက်ရောက်ခဲ့သလို ကျွန်တော်တို့အားလုံးလည်း ငယ်ငယ်ကတည်းက ဟောင်ကောင်ကားတွေနဲ့ပဲ ကြီးလာကြတာမို့လား။ နှစ်ခုလုံးမှာလည်း Art Film သမားတွေ ရှိပေမဲ့ အခုက အများစုနဲ့ ရင်းနှီးခြင်းမရင်းနှီးခြင်းအကြောင်းကိုပြောနေတာဆိုတော့ သူတို့ကို ခဏတော့ဖယ်ထားလိုက်ပါမယ်။ ထိုင်ဝမ်ကားတွေက ကျွန်တော်တို့အကြည့်အနည်းဆုံးထဲပါပါလိမ့်မယ်။ ဒါပေမဲ့ သိပ်မသိခဲ့ရင်တောင် ကျွန်တော်တို့အရင်ခေတ်မှာတော့ ကင်းဟူရဲ့ ထိုင်ဝမ် သိုင်းကားတွေ Wuxia ကားတွေက ပေါက်ခဲ့တယ်ပြောရမယ်။ ဒီနေ့ထိ King Hu ကို မသိတဲ့လူမရှိသလို သူ့ထိုင်ဝမ်ကား Dragon Gate Inn ဟာလည်း ဒီနေ့ထက်ထိ ဂန္တဝင်ကားဖြစ်နေတုန်းပါပဲ။ဒါပေမဲ့ ကင်းဟူဟာ ဒီမတိုင်ခင်က ရှောဘရားသားနဲ့ နာမည်ကျော်ကားတွေအများကြီးရိုက်ခဲ့ပြီး ၁၉၆၆မှ ရှောဘရားသားက ထွက်ပြီး ထိုင်ဝမ်မှာ သွားရိုက်ခဲ့တာဆိုတော့ သူ့ကို ထိုင်ဝမ်ဒါရိုက်တာစစ်စစ်လို့ ပြောလို့မရပေမဲ့ ထိုင်ဝမ်စီနီမာအပေါ်ကျေးဇူးကြီးခဲ့တဲ့သူပါပဲ။ အန်းလီရဲ့ အော်စကာတွေရထားတဲ့ Crouching Tiger, Hidden Dragon ဆိုလည်း ကင်းဟူရဲ့ ထိုင်ဝမ်မှာ ပထမဆုံးရိုက်ခဲ့တဲ့ မာစတာပိစ်ကား Dragon Inn ကနေ Inspiration ရထားတဲ့ ရုပ်ရှင်ပါပဲ။ Tsai Ming-liang ဆိုလည်း Goodbye, Dragon Inn ဆိုပြီး Dragon Inn ကားပြတဲ့ရုံတစ်ရုံနဲ့ ကြည့်တဲ့လူတွေအကြောင်းသက်သက်နဲ့ကို ဇာတ်ကားကောင်းတစ်ကားရိုက်ထားခဲ့တာပါပဲ။ New Taiwanese Cinema ခေါ် ထိုင်ဝမ် New Wave ခေတ်မှာတော့ Edward Yang နဲ့ Te-Chen Tao တို့နဲ့အတူ In Our Time (1982) နဲ့ ထိုင်ဝမ်စီနီမာလှိုင်းသစ်စခဲ့ပြီး Hou Hsiao-Hsien ကလည်း 83မှာ A Summer at Grandpa တို့လိုကားမျိုးတွေ ရိုက်ခဲ့ပါတယ်။ အတ်ဒဝတ်ယန်းလည်း နောက်ပိုင်းဆက်တိုက်ရိုက်ပါတယ်။ A City of Sadness နဲ့ A Brighter Summer Day တို့ကတော့ သူတို့ရဲ့အကျော်ကြားဆုံးကားတွေ ဖြစ်ပါလိမ့်မယ်။ တခြား ဒါရိုက်တာတစ်ချို့လည်းရှိသေးပေမဲ့ သူတို့ကတော့နာမည်အကျော်ဆုံးတွေပါပဲ။ Second New Wave မှာတော့ Tsai Ming-liang တို့ Ang Lee တို့ ရဲ့ကားတွေကလည်း ကိန်းတို့ဘာတို့ထိ ပေါက်ရောက်ခဲ့သလို အော်စကာဆန်ခါတင်တွေလည်းဖြစ်ခဲ့ပါတယ်။ အန်းလီကတော့ ဟောလိဝုဒ်ကားတွေပဲ အရိုက်များသွားပါတယ်။ Mainstream မဆန်နေတဲ့ သူတို့ရိုက်တဲ့ပုံစံတွေကြောင့်လားတော့မသိ အဲဒီကာလတွေမှာ ဟောလိဝုဒ်ဘလော့ဘတ်စတာကားတွေကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ထိုင်ဝမ်ကားတွေဟာ တော်တော်တိုင်ပတ်ခဲ့ပေမဲ့ ၂၀၁၀နှောင်းပိုင်းမှာတော့ ပေါက်ကားတစ်ချို့နဲ့အတူ မျှော်လင့်ချက်ပြန်ရှိလာခဲ့တယ်ပြောကြပါတယ်။ သူ့ပြည်မှာတောင် သူ့ဘာသာပရိသတ်နည်းနေတဲ့ ထိုင်ဝမ်ကားတွေက ဒီမှာလည်း ပရိသတ်နည်းတာ အံ့ဩစရာတော့မရှိပါဘူး။ ဒါပေမဲ့ ထိုင်ဝမ်နယူးဝေ့တွေကို စခဲ့တဲ့ အကျော်အမော်ဒါရိုက်တာတွေထဲက ထင်ရှားတဲ့လူတွေရဲ့ကားတွေကို ကျွန်တော်ကြည့်ဖူးသလောက်ကတော့ အကုန်လုံး အနပညာအရအဆင့်မြင့်တဲ့ကားတွေများပါတယ်။ ကြည့်စမရှိရင် ပျင်းဖို့တော့နည်းနည်းကောင်းနေမှာဖြစ်လို့လည်း လူကြည့်သိပ်မများခဲ့တာပဲနေပါမယ်။ Channel Myanmar မှာတော့ Yang ၃ကား၊ Hou ၅ကားလောက်၊ Tsai Ming-liang ၅ကားလောက်နဲ့ Ang Lee ကားတော်တော်များများရှိပါတယ်။ ဒါပေမဲ့ အန်းလီဟာ အင်တာမှာ ပေါက်ရောက်နှုန်းနဲ့ ဆုရနှုန်းအရတော့ ဒီအုပ်ထဲက အပေါက်မြောက်ဆုံးလူလို့ပြောရပါမယ်။ ကျွန်တော်တို့ဆီမှာ သူ့ဟောလိဝုဒ်ကားအကုန်နီးပါးရှိပြီး တရုတ်ကားထဲကတော့ ၅ကားထဲက ၂ကားရှိပါမယ်။ ဒီတစ်ကားနဲ့ဆို ၃ကားပေါ့။ အန်းလီအကြောင်းနဲ့ သူ့ပထမဆုံး ရုပ်ရှင်၃ကားဖြစ်တဲ့ ” Father Knows Best Trilogy ” အကြောင်းကိုတော့ အောက်မှာ ဆက်ဖတ်နိုင်ပါတယ်။ ~~~~~~~~~~~~~~ ” Ang Lee “ အန်းလီဟာ ထိုင်ဝမ် Second New Wave Cinema ဒါရိုက်တာတွေထဲ နာမည်အကျော်ဆုံးလို့ ပြောလည်းရပါတယ်။ ” Father Knows Best ” Trilogy နဲ့ Second Wave မှာ ဒါရိုက်တာဘဝအစပြုခဲ့ပြီး ဒီသုံးကားလုံးဟာ ထိုင်ဝမ်ပြည်တွင်းတင်မက နိုင်ငံတကာမှာပါ အနုပညာအရရော အောင်မြင်ခဲ့သလို သူ့ပထမဆုံးသုံးကားဖြစ်တဲ့ ဒီ Trilogy ဟာ သူ့အတွက်မှတ်ကျောက်ကောင်းကောင်းတင်နိုင်ခဲ့တဲ့ကားတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒီသုံးကားရိုက်ပြီးနောက်မှာတင် သူ Sense and Sensibility (1995) ကို Emma Thompson တို့ Kate Winslet တို့ Hugh Grant တို့နဲ့ ရိုက်နိုင်နေပါပြီ။ သူ့ပထမဆုံး ဟောလိဝုဒ်ကားမှာတင် Oscar မှာ Emma Thompson က Best Writing ဆုရခဲ့ပါတယ်။ Golden Globe Award for Best Motion Picture – Drama ဆုလည်း ရခဲ့ပါတယ်။ နောက် ၉၇နဲ့ ၉၉မှာ တိုဘီမက်ဂွိုင်းယားနဲ့အတူ The Ice Storm နဲ့ Ride with the Devil ဆက်ရိုက်ပါတယ်။ နှစ်ကားလုံးအလိုက်အထိုက် အောင်မြင်ခဲ့တယ်။ ၂၀၀၀မှာတော့ သူ့ရဲ့နာမည်အကြီးဆုံး တရုတ်အခြေစိုက်ကားလို့ ပြောရမယ့် Crouching Tiger, Hidden Dragon ကို ရိုက်ခဲ့ပါတယ်။ ထိုင်ဝမ်တရုတ်ကားပေမဲ့လည်း Best Picture အပါအဝင် အော်စကာ၁၀ခု ဆန်ခါတင်ဝင်ခဲ့ပြီး Best Cinematography, Best Music , Best Art Direction နဲ့ Best Foreign Language Film လေးဆုရခဲ့ပါတယ်။ အဲဒီနောက် Hulk (2003) ရိုက်ပါတယ်။ ဒါတော့မျက်နှာပျက်ချင်စရာကောင်းပေမဲ့ နောက်တစ်ကားမှာ မာစတာပိစ် ထပ်ထုတ်လိုက်ပါတယ်။ Brokeback Mountain (2005) ပါ။ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေနဲ့ ထိတ်ထိတ်ကြဲစာအုပ်ကို ပြန်ရိုက်တဲ့ကားပါပဲ။ တော်တော်လည်းအောင်မြင်ခဲ့ပါတယ်။ တော်တော်လည်းကောင်းခဲ့ပါတယ်။ ဒါရိုက်တာအနေနဲ့ အော်စကာရခဲ့သလို ရွှေကမ္ဘာလုံးမှာလည်း ဒါရိုက်တာအနေနဲ့ရော BP ရော ရခဲ့ပါတယ်။ အော်စကာဆန်ခါတင်၈ဆုဝင်ပြီး ၃ဆုရခဲ့တယ်။ Lust, Caution (2007) ကိုတော့ တရုတ်မှာပြန်ရိုက်ခဲ့ပြီး ထိုင်ဝမ်ဒါရိုက်တာဟာ ဟောင်ကောင်မင်းသားနဲ့ တရုတ်မင်းသမီးကို သုံးပြီး ရိုက်ခဲ့ပါတယ်။ ထျန်းဝေအတွက် ကံကောင်းတယ်လို့ပြောရမလား ကံဆိုးတယ်လို့ပြောရမလားမသိတဲ့ရုပ်ရှင်ပေါ့။ ၂၀၁၂မှာတော့ Life of Pi ကို ထပ်ရိုက်ခဲ့ပြီး ဆန်ခါတင် ၁၂ဆုဝင်ပြီး ၄ဆုရခဲ့ပါတယ်။ ဒါရိုက်တာဆုလည်းပါပါတယ်။ အော်စကာမှာတင် Best Director ၂ခါရထားပြီး ကိန်းနဲ့ ရွှေကမ္ဘာလုံးမှာလည်းရဖူးပါတယ်။ အန်းလီဟာ ၉၀နောက်ပိုင်း တရုတ်ဒါရိုက်တာတွေထဲတော့ ဟောလိဝုဒ်မှာ အပေါက်မြောက်ဆုံး အော်စကာမှာ အပေါက်အမြောက်ဆုံး ဒါရိုက်တာလို့ ပြောရပါမယ်။ ဂျွန်ဝူးလို ဟောလိဝုဒ်အက်ရှင်ကားတွေကို သွားလွှမ်းမိုးနိုင်တာမျိုးတော့ မဟုတ်ဘူးပေါ့။ နောက်ဆုံး ၂ကားကတော့ Billy Lynn’s Long Halftime Walk (2016) နဲ့ Gemini Man (2019) ပါ။ ဒီ၂ကားနဲ့ Hulk (2003) ကလွဲ သူဟာ တခြား တရုတ်ကားနဲ့ပေါက်ပြီးမှ ကန်ကားသွားရိုက်တဲ့ ဒါရိုက်တာတွေလို ဘာမှမဆိုင်လောက်အောင် ကွာလတီမကျသွားခဲ့ပါဘူး။ မာစတာပိစ်တွေချည်းလို့တောင် ပြောလို့ရပါတယ်။ ဝေါင်ကာဝေးတို့ ဂျွန်ဝူးတို့ နောက် ကိုရီးယားက ဆရာပတ်တို့တောင် ဟောလိဝုဒ်ကားသွားရိုက်ရင် ရေမြေမတူတာကြောင့် ဘာမှမဆိုင်လောက်အောင် ကွာလတီကွာခြားသွားတတ်ပေမဲ့ သူကတော့ ဟောလိဝုဒ်မှာပါ အောင်မြင်ခဲ့ပါတယ်။ လက်ရှိမှာတော့ သူ့သား မေဆန်လီနဲ့ ဘရုစ်လီဘိုင်အိုကား ရိုက်မယ်လို့ ကြေညာထားပါတယ်။ ဘယ်လိုထွက်လာမလဲတော့ စောင့်ကြည့်ရမှာပါပဲ။ ~~~~~~~~~~~~~~ ” Father Knows Best Trilogy “ အန်းလီမှာ တရုတ်ကား၅ကားပဲရှိပြီး သူ့ပွဲဦးထွက် ၃ကားကိုပဲ သူကိုယ်တိုင်ဇာတ်ညွှန်းရေးထားခဲ့တာပါ။ အဲဒီသုံးကားကိုတော့ ‘Father Knows Best’ Trilogy လို့ခေါ်ပါတယ်။ အန်းလီရဲ့ ‘Father Knows Best’ Trilogy ထဲမှာ Pushing Hands (1991) နဲ့ The Wedding Banquet (1993) နဲ့ Eat Drink Man Woman (1994) ဆိုတဲ့ သုံးကားပါပြီး ရှေ့နှစ်ကားကတော့ အမေရိကန်တရုတ်တွေရဲ့ အခြေအနေကိုပုံဖော်ထားတာဖြစ်ပြီး တတိယကား Eat Drink Man Woman ကတော့ ထိုင်ဝမ်မှာချည်း ရိုက်ခဲ့တဲ့ သူ့ရဲ့တစ်ကားတည်းသောကားလည်းဟုတ်ပါတယ်။ ‘Father Knows Best’ ဟာ အဖေတစ်ယောက်နဲ့ သားသမီးတွေကြားက ခေတ်ဟောင်းနဲ့ခေတ်သစ်၊ ရိုးရာနဲ့ တိုးတက်မှု၊ အရှေ့နဲ့အနောက်ယဉ်ကျေးမှု ပဋိပက္ခတွေကို ပုံဖော်ထားတဲ့ ဇာတ်လမ်းတွေဖြစ်ပြီး မိသားစုဒရာမာကားတွေလို့ ပြောလည်းမမှားပါဘူး။ ~~~~~~~~~~~~~~ ” Eat Drink Man Woman (1994) “ သူ့နာမည်ကတော့ ကွန်ဖြူးရှပ်ဝါဒ ဂန္ထဝင်စာအုပ်တွေထဲက တစ်အုပ်မှာပါတဲ့ လူတွေရှောင်လွှဲလို့မရနိုင်တဲ့ လူ့သဘာဝ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စား သောက် ကာမဆိုတဲ့ အချက်တွေကို ဆိုလိုတာပါ။ အန်းလီကတော့ ပိုဖျော့အောင်လို့လား ကာမသက်သက်မဟုတ်ဘဲ ချစ်ခြင်းကိုပါသက်ရောက်စေချင်လို့လားတော့မသိ Man Woman ဆိုပြီး သုံးသွားပါတယ်။ ပြောရရင် ဒီတစ်ဇာတ်လုံးဟာ အဖေတစ်ယောက်နဲ့သမီး၃ယောက်ကို အခြေတည်ပြီး သူတို့ရဲ့ စားသောက်နေထိုင်ခြင်းတွေ၊ အိမ်ထောင်ရေး အချစ်ရေးတွေ၊ သူတို့ကြားက ဆက်ဆံရေးတွေအကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ ကားသက်သက်ပါပဲ။ ပြောရရင် လူတွေတစ်ယောက်နဲ့တစ်ယောက်ကြားက ချစ်ခြင်းတွေဟာ ဖြစ်တည်မှုရဲ့ အဓိပ္ပာယ်၊ ဘဝရဲ့ အဓိပ္ပာယ်အဖြစ်ဆောင်နေတဲ့အကြောင်း သွယ်ဝိုက်ရိုက်ပြထားတယ်ပေါ့။ အန်းလီရဲ့ ‘Father Knows Best’ Trilogy သုံးကားလုံးမှာ အဖေအဖြစ်သရုပ်ဆောင်ထားတဲ့ ထိုင်ဝမ်ဂန္တဝင်မင်းသား Sihung Lung ကပဲ အဖေအဖြစ်သရုပ်ဆောင်ထားတယ်။ အန်းလီငယ်ငယ်ကတည်းက သူ့ကားတွေကို သဘောကျခဲ့လို့ သုံးထားတယ်လို့ဆိုတယ်။ မင်းသမီးတွေကတော့ ထိုင်ဝမ်မင်းသမီးတွေချည်းဆိုတော့ ဟောင်ကောင်ပရိသတ်တွေ ရင်းနှီးလောက်မှာ တစ်ယောက်တော့ပါတယ်။ Wu Chien Lien ပါ။ ဘန်နီချန်းရိုက်ပြီး အန်ဒီလောင်နဲ့သူ တွဲဖက်သရုပ်ဆောင်ထားတဲ့ A Moment of Romance ကြည့်ဖူးရင် သူ့ကို မချစ်မိဘဲမနေလောက်ပါဘူး။ နှစ်သိပ်မကွာလှပေမဲ့ ဒီထဲတော့ A Moment of Romance ထဲကလို အင်နိုးဆန့်ပုံစံနဲ့ အရမ်းငယ်တဲ့ဟန်မရှိတော့ဘဲ သူ့ဇာတ်ကောင်နဲ့လိုက်ဖက်စွာဘဲ ရင့်ကျက်တဲ့ပုံစံဘက်ရောက်သွားပါတယ်။ နောက်နှစ်ယောက်ကိုတော့ ထိုင်ဝမ်ဒါရိုက်တာ Tsai Ming-liang ဖန်တွေသိပါလိမ့်မယ်။ Rebels of the Neon God နဲ့ Vive L’Amour ထဲက အဓိကမင်းသမီးတွေကို သုံးထားတာပါ။ အန်းလီဟာ ထိုင်၀မ်ဒါရိုက်တာပေမဲ့ အန်းလီရဲ့ ထိုင်၀မ်ကားစစ်စစ်ကို ပြပါဆိုလည်း ဒီတစ်ကားပဲပြစရာရှိပါတယ်။ အန်းလီရဲ့ Timeless Masterpiece ထိုင်၀မ်ကားစစ်စစ်ကိုမှ ရင်းနီးပြီးသား မင်းသမီးတွေနဲ့ဆိုတော့ ကြည့်ရလည်းမစိမ်းသလို Edward Yang တို့ Hou Hsiao-hsien တို့ရဲ့ New Taiwanese Cinema အလွန်မှာ ထိုင်ဝမ် Second New Wave ရုပ်ရှင်တွေ ဘယ်လိုအသွင်ပြောင်းလာလဲ ကြည့်ကြည့်ချင်တဲ့လူတွေအတွက်လည်း အဆင်ပြေပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 980MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 4Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.8 1994 123 mins
Eat Drink Man Woman
The Nun II The Nun 2
6

Conjuring ရုပ်ရှင်စကြဝဠာထဲက တစ်ကားဖြစ်တဲ့ Nun 2 လာပါပြီ။ ဒီရုပ်ရှင်ကတော့ Ed and Lorraine ရဲ့ ယနေ့ခေတ်ကာလမဟုတ်ဘဲ သီလရှင်နတ်ဆိုး သောင်းကျန်းခဲ့တဲ့ ရှေးခေတ်ကာလမှာ သူ့ကိုရှင်ဆိုင်ခဲ့ကြတဲ့ ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေအကြောင်းပါပဲ။ ဒီဇာတ်လမ်းအစမှာတော့ စိန့်ကာတာဘုရားကျောင်းမှာ သီလရှင်တွေဆက်တိုက် သေဆုံးမှုတွေဖြစ်ပြီး ဘုန်းတော်ကြီးတစ်ပါးနဲ့ သီလရှင်တစ်ပါးက သွားရောက်အဖြေရှာတဲ့အခါ နတ်ဆိုးတစ်ကောင်ရဲ့ လက်ချက်ဖြစ်နေတာကြောင့် နှိမ်နင်းခဲ့ရပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အကြာမှာပဲ အဲဒီနတ်ဆိုးရဲ့လုပ်ရပ်တွေနဲ့ ခပ်ဆင်ဆင်တူတဲ့ သေဆုံးမှုတွေ ဘုန်းတွေကြီးတွေနဲ့သီလရှင်တွေထပ်ကြုံလာရပြီးဥရောပတဝှမ်းမှာဖြစ်လာတာကြောင့် ဘုရားကျောင်းက ဒီအမှုတွေကိုစုံစမ်းဖို့ စိန့်ကာတာက နတ်ဆိုးကို အနိုင်ယူခဲ့တဲ့ သီလရှင်ကိုတာဝန်ပေးလိုက်ပါတော့တယ်။ အဲဒီတုန်းက ဘုန်းတော်ကြီးက သေသွားပြီဖြစ်လို့ပါ။ အဲဒီသီလရှင်နဲ့အတူ သီလရှင်အသစ်လေးတစ်ယောက် လိုက်လာပြီး နတ်ဆိုးက ဒီလိုလုပ်နေရတဲ့အကြောင်းရင်းကို လိုက်စုံစမ်းတဲ့အခါ…. ဒီရုပ်ရှင်ထဲမှာ သူတော်စင် လူစီအကြောင်းကို အခြေခံထားပါတယ်။ ရောမအင်ပါယာခေတ် Pagan ဗာရီဟဝါဒီ အားကောင်းနေတဲ့အချိန်မှာ ခရစ်ယာန်ကိုးကွယ်သူတွေ အမြောက်အမြား အသတ်ခံခဲ့ရပါတယ်။ သူတော်စင်လူစီကတော့ နောက်ဆုံးနဲ့အပြင်းထန်ဆုံးသတ်ဖြတ်တာခံရတဲ့သူပါပဲ။ မှတ်တမ်းအရတော့ သူတော်စင်လူစီကို မီးတင်ရှို့ပပေမဲ့ မီးမစွဲတာကြောင့် မျက်လုံးနှစ်လုံးကို ဖောက်ထုတ်ပြီး ကွက်မျက်ခဲ့ပါတယ်။ ဒါကြောင့် သူတော်စင်လူစီကို မျက်မမြင်တို့ရဲ့သူတော်စင်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်ထဲက နတ်ဆိုးနဲ့ အသတ်ခံရသူတွေဘယ်လိုပတ်သတ်လဲ၊ သူတော်စင်လူစီနဲ့လည်း ဘယ်လိုပတ်သတ်လဲဆိုတာ သိအောင် ဆက်ကြည့်လိုက်ပါဦး။ Conjuring ဇာတ်လမ်းတွေက အချိန်အစဉ်လိုက် ကြည့်ချင်တယ်ဆိုရင်တော့ The Nun (2018) https://channelmyanmar.to/the-nun-2018/ Annabelle: Creation (2017) The Nun 2 (2023) Annabelle (2014) The Conjuring (2013) Annabelle Comes Home (2019) The Conjuring 2 (2016) The Conjuring: The Devil Made Me Do It (2021) ဒီလိုကြည့်ရှုနိုင်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှတင်ဆက်ထားပါတယ်။)

6 2023
The Nun II The Nun 2
Haul Out the Holly: Lit Up
5.7

ခရစ္စမတ်ကာလနီးလာပြီမို့ ခရစ္စမတ်ဇာတ်ကားအသစ်တွေ အများကြီးထွက်ရှိလာခဲ့တဲ့အထဲ IMDB 6.1/10 ရရှိထားတဲ့ Romance ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ခရစ္စမတ်ကားတွေအရိုက်များတာမို့ ခရစ္စမတ်မင်းသမီးလို့တောင် တင်စားရမယ့် Lacey Chabert (The Wedding Veil/Christmas Waltz) နဲ့ အလားတူ ခရစ္စမတ်မင်းသား Wes Brown (Christmas At Graceland/ Check Inn To Christmas) တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ခရစ္စမတ်ကို အရူးအမူးရူးသွပ်ပြီး တစ်လမ်းလုံး အင်တိုက်အားတိုက် ပျော်ရွှင်စွာ တက်တက်ကြွကြွပါဝင်တတ်ကြတဲ့ အဲဗားဂရင်းလမ်းက အိမ်ပိုင်ရှင်တွေအတွက်တော့ ခရစ္စမတ်ကာလက တစ်နှစ်တာလုံးအတွက် ရင်ခုန်စိတ်အလှုပ်ရှားရဆုံးကာလပေါ့။ ရပ်ကွက်ဥက္ကဌဖြစ်သူ ဂျရတ်ဒ်ကလည်း အိမ်ပိုင်ရှင်တွေ စည်းကမ်းနဲ့အညီ ခရစ္စမတ်ကာလကို ဖြတ်သန်းနိုင်တာသေချာဖို့ အဓိကအာရုံစိုက်နေရတာပါ။ သူ့ချစ်သူ အမ်မလီကလည်း စိတ်ရောကိုယ်ပါ ပါဝင်အားဖြည့်ကူညီပေးခဲ့တာပေါ့လေ။ ဒီလိုနဲ့ အေးချမ်းနေတဲ့ သူတို့ရဲ့ပတ်ဝန်းကျင်လေးထဲကို မိသားစုတစ်စုပြောင်းလာရာကနေ အလှုပ်အခတ်‌တွေ အများကြီးဖြစ်ပေါ်ခဲ့ရပါတော့တယ်။ ရသစုံရှိုးစတားမိသားစုဖြစ်တဲ့ ဂျွန်ဆင်တို့ ပြောင်းလာမှာမို့ သူတို့ရဲ့ပရိသတ်ဖြစ်သူ အိမ်နီးချင်းတွေအကုန်လုံးက ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ပျော်ပျော်ကြီး ကြိုဆိုခဲ့ကြပေမယ့် ယှဉ်ပြိုင်လိုစိတ်ပြင်းထန်လွန်းသူ ဂျွန်ဆင်တို့လင်မယားက အမ်မလီတို့ စီစဉ်ထားတဲ့ ခရစ္စမတ်အစီအစဉ်တွေကို ပြင်းထန်တဲ့ ပြိုင်ပွဲတွေအဖြစ် ပြောင်းလဲချင်လာတဲ့အခါမှာတော့.. ပတ်ဝန်းကျင်က လူတွေအကုန်လုံးက စိတ်ဝမ်းတွေကွဲကုန်ပြီး သူ့လူ ငါ့လူ သူ့ဘက် ငါ့ဘက် အပြိုင်အဆိုင်ဖြစ်စွာနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရဖို့ ဖြစ်လာတဲ့အခါ.. ပြောင်းလဲသွားတဲ့လူတွေရဲ့ သဘောထားကို အမ်မလီတို့နှစ်ယောက်က အရင်လို ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် သိမ်းသွင်းနိုင်မှာလား.. သူတို့ရဲ့ လမ်းလေးကရော အရင်လိုပျော်ပျော်ရွှင်ရွှင်နဲ့ ဘာပြိုင်ဆိုင်မှုမှမရှိဘဲ အေးအေးချမ်းချမ်း ပြန်ဖြစ်နိုင်ပါ့မလား.. ဂျွန်ဆင်တို့မိသားစုကရော သူတို့နားချတဲ့အတိုင်းလက်ခံနိုင်ပါ့မလား.. ခရစ္စမတ်ရဲ့အနှစ်သာရကရော ဘာများဖြစ်မလဲဆိုတာကိုတော့.. ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

5.7 2023
Haul Out the Holly: Lit Up
Boy’s Note
5

Catatan Si Boy (2023) IMDb – 5.7/10 ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ Amazon Prime Videoကနေ ထုတ်လွှင့်ခဲ့ပြီး အင်ဒိုမင်းသား မင်းသမီးငယ်ငယ်ချောချောလေးတွေများစွာ ပါဝင်ထားပါတယ်။ ချစ်သူကို ပိုင်ဆိုင်ဖို့ဆိုရင် ဘာမဆိုရင်ဆိုင်တိုက်ခိုက်ဖို့ အသင့်ဆိုပေမဲ့ မိဘကို ဆုံးရှုံးသွားရမှာမျိုးဆိုရင်တော့ ကြေကွဲစွာနဲ့ အရှုံးပေးလိုက်မယ်ဆိုတဲ့ ကောင်လေးတစ်ယောက်။ အဖေဖြစ်သူကို မလွန်ဆန်နိုင်တဲ့အတွက် ချစ်သူကိုထားခဲ့ပြီး အဖေ့စိတ်တိုင်းကျ နေခဲ့ပေမဲ့ ချစ်သူကိုတော့ ထာ၀ရချစ်သွားမယ်ဆိုတဲ့ ကောင်မလေးတစ်ယောက်။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရပြီး နှစ်ဦးသား ပေါင်းစည်းနိုင်မှာလားဆိုတာ။ အချစ်စစ်မှန်ရင် အခက်အခဲအတားအဆီးတွေ များနေပါစေ ကျော်ဖြတ်နိုင်မယ်ဆိုတဲ့ မိုတီလေးရမှာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ပဲဖြစ်ပါတယ်) Genre….. Drama, Romance Quality…. 1080p | 720p File size… 1.8GB | 937MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

5 2023
Boy’s Note
The Price of Nonna’s Inheritance
5.2

ဒီတစ်ခါမှာတော့ ၂၀၀၃ ခုနှစ်ကထွက်ခဲ့တဲ့ မိသားစု ဟာသ ဇာတ်မြူးလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိမ်တစ်အိမ်မှာ အလုပ်အရမ်းလုပ်တဲ့ အမေ တစ်ယောက်ရှိပါတယ်။ သူ့သမီး အန်နာက တော့ Rock ဆိုမှ Rock ဖြစ်နေပြီး သူဝါသနာပါတာကိုပဲ လုပ်နေသလို ကျောင်းမှာလဲ သိပ်တော့ အဆင်ပြေမနေပါဘူး။ ယောက်ျားဆုံးသွားလို့ တစ်ခုလပ် အမေ ဖြစ်တဲ့ တက်စ် ကိုးလ်မန်းကလည်း သူ့ယောကျ်ားအသစ်လေးနဲ့ လက်ထပ်ဖို့အတွက်ပြင်ဆင်ရင်း စိတ်လှုပ်ရှားနေပါတယ်။ တစ်ရက် သူတို့ နှစ်ယောက် အိပ်ရာက နိုးလာတဲ့ မနက်ခင်းလေးမှာတော့ ထူးဆန်းစွာပဲ အမေနဲ့သမီး ဟာ စိတ်ချင်းလဲသွားပါတော့တယ်။ မင်္ဂလာဆောင်ဖို့ တစ်ရက်အလိုမှာပဲ စိတ်ချင်းလဲသွားကြတဲ့အတွက် နှစ်ယောက်သား အကြပ်ရိုက်ပြီး ဖြေရှင်းကြပုံကို ဟာသနှောပြီး တင်ဆက်ထားတာကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက အမေနဲ့ သမီးကြားက အသက်အရွယ်ကွာခြားမှုကြားမှာ ရှိတဲ့ စိန်ခေါ်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကို ရယူသွားပုံတွေနဲ့ မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာကို တင်ပြထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ အမေနေရာမှာ သရုပ်ဆောင်တဲ့ Jamie Lee Curtis ကလည်း ဆယ်ကျော်သက်ပုံစံကို အမိအရ သရုပ်ဆောင်နိုင်တာကို တွေ့ရမှာဖြစ်ပြီး သမီးနေရာမှာ သရုပ်ဆောင်တဲ့ Lindsay Lohan ကလည်း စိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့ ဆယ်ကျော်သက်ဘဝကို ရင့်ကျက်တဲ့ အမူအရာနဲ့ အမေတစ်ယောက်လိုပုံဖော်ရင်း သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဇာတ်အိမ်လေးကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် အချိန်ကုန်သွားမှန်းတောင် သိလိုက်မှာမဟုတ်လို့ Heart Warming ဖြစ်တဲ့ ဒီဇာတ်ကားလေးကို ကိုယ့်မိဘ မဟုတ်လည်း ချစ်ခင်ရသူတွေနဲ့အတူတူ အချိန်ပေးကြည့်ဖြစ်ရင် ပိုကောင်းမယ်လို့ အကြံပေးရင်းနဲ့ပဲ ကဲ ရှုစားလိုက်ကြပါဦးဗျာ။ File size…(1.5 GB)/(800 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:30:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thaw Ko Ko Zin

5.2 2024 90 mins
The Price of Nonna’s Inheritance
A Journey to Kasi
7

A Journey to Kasi (2023) “ကာစီသို့ မျဉ်းပြိုင်၂ကြောင်း” ဒီတစ်ခေါက်မှာတော့ စိတ်ဝင်စားစရာ အပြိုင်ဆန့်ကျင်ဘက်နိယာမသဘောကို ဆောင်တဲ့ ဇာတ်လမ်းလေး၂ခုကို ယှဥ်ပြီးရိုက်ကူးထားတဲ့ ဘောလိဝုဒ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဥ်း ပါရဂူဘွဲ့လွန်ကျောင်းသား တစ်ယောက်ဖြစ်တဲ့ ဂျက်ဝက်ဘာတစ်ယောက် တစ်ညမှာ အမျိုးသမီးပြည့်တန်ဆာတစ်ယောက် လမ်းမပေါ်မှာ အမျိုးသားတချို့ဝိုင်းဝန်း အနိုင်ကျင့်နေတာကို တွေ့ပြီးကူညီကယ်ဆယ်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း သူတို့နှစ်ယောက်ဆက်တွေ့ဖြစ်ခဲ့ကြပြီး ဂျက်ရဲ့ ဆရာကိုရှာဖို့ ကာစီမြို့ကို အတူရှာဖွေရေးတစ်ခုထွက်ခဲ့ကြပါတယ်။ နောက်ထပ်ဇာတ်လမ်းတစ်ခုမှာလည်း ဆမ်ဘိုင်ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာလည်း သူ့ရဲ့သား ဆီဗာနာဒါကို ကာစီမြို့ကို ဘုရားဖူးထွက်ချင်လို့ လိုက်ပို့ခိုင်းပါတယ်။ ဒါပေမဲ့ အဲ့ဒါကရော သဘောရိုးနဲ့ဟုတ်ရဲ့လား ဆီဗာနာဒါမိသားစုထဲမှာရော ဘာတွေဖြစ်ပြီး ဆွယ်သာကရော ကာစီမြို့နဲ့ဘယ်လိုဆက်စပ်နေမလဲဆိုတဲ့ အပြိုင်ဆန့်ကျင်ဘက်သဘောတရား နိယာမ ဇာတ်လမ်းလေးကို ကြည့်ရှူအဖြေရှာဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျ။ ဇာတ်လမ်းနဲ့အညွှန်းကတော့ CM Bollywood Team ပဲဖြစ်ပါတယ်ခင်ဗျာ။

Action • Horror • Science Fiction
7 2023 127 mins
A Journey to Kasi
Pavi Caretaker
5.7

Pavi Caretaker (2024) တံခါးစောင့်ပါဗီသရန်နဲ့ ခွေးလေးဘရို IMDb-5.9/10 Kerala State Film Awards , Filmfare Awards South တို့အပါအဝင် ဆုပေးပွဲများစွာမှာ Best Actor နဲ့ တခြားဆုတွေအများကြီးဆွတ်ခူးခဲ့ဖူးတဲ့ ပရိုဂျူဆာ ၊ မင်းသားကြီး Dileep အဓိကပါဝင်ထားတဲ့ ရိုမန့်ဟာသကားလေးပဲဖြစ်ပါတယ် ပါဗီသရန်က ဇိမ်ခံတိုက်ခန်းတွေရှိတဲ့အဆောက်အဦးကြီးရဲ့ တံခါးစောင့်လူပျိုကြီး ၊ သူ့ရဲ့ အမောပြေရန်တွေ့စရာ အဖော်ကတော့ သူ့ခွေးလေး ဘရိုပါပဲ ။ ပါဗီသရန်က ပင်စင်စားအဒေါ်ကြီးတစ်ယောက်ရဲ့တိုက်ခန်းမှာ နှစ်ရှည်လများငှားခမပေးဘဲ ကပ်နေတယ် ၊ ဒီလိုနဲ့ အိမ်ရှင်အဒေါ်ကြီးက သူ့တိုက်ခန်းမှာငှားခရမဲ့သူတစ်ယောက်ကို သူနဲ့တွဲထားတော့မယ်ဆိုပြီး တစ်ချက်လွှတ်ပြောလာတဲ့အချိန်…။ သူနဲ့ ခွေးလေးဘရိုပဲ လွတ်လွတ်လပ်လပ်နေလာတဲ့နေရာမှာ လူသစ်ရောက်လာမယ်ဆိုတော့ လူပျိုကြီးအကြံအိုက်တော့တာပါပဲ….။ ဒါပေမဲ့ရောက်လာတဲ့အိမ်ငှားအသစ်က အမျိုးသမီးဆိုတာ သိလိုက်ရတော့ လူပျိုကြီးဘယ်လိုတွေပြောင်းလဲလာမလဲ…။ သတ်လတ်ပိုင်းလူပျိုကြီးတစ်‌ယောက်ရဲ့ အလွဲအချော်တွေနဲ့ ချစ်စရာခွေးလေးရဲ့ အပြုအမူတွေက တစ်ခဏတော့ပြုံးမိစေမှာမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်

Horror • Thriller • Drama
5.7 2024
Pavi Caretaker
Mausam
4.8

Mausam (2011) “မုန်တိုင်းကို ရင်ဆိုင်၍” ၂၀၁၁ က ထွက်ရှိခဲ့တဲ့ ဟင်ဒီရိုမန့်ရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်ဗျာ မျက်နှာထားချိုချိုနဲ့ မင်းသား Shahid Kapoor နဲ့ မင်းသမီး Sonam Kapoor တို့ ပါဝင်ထားတဲ့ ဒီဇာတ်လမ်းမှာဆိုရင် ၁၉၉၂ – ၂၀၀၂ ကြား သမိုင်းနောက်ခံဖြစ်ရပ်တွေ အရေးခင်းတွေကိုပါ ထည့်သွင်းဖော်ပြထားပါတယ် ၁၉၉၂ မှာ အာရက်နဲ့ သူ့အဒေါ်ဟာ ကတ်ရှ်မီးယားကနေ Mallukut ကို ထွက်ပြေးလာပါတယ် သူ့အမေကို စစ်သွေးကြွတွေလက်ချက်နဲ့ ဆုံးရှုံးခဲ့ရတာပါ အဲဒီမှာ ပျော်ပျော်နေတတ်တဲ့ တက်တက်ကြွကြွကောင်လေး ဟယ်ရီနဲ့ စတွေ့ပါတယ် ဒီလိုနဲ့ ချစ်သူတွေဖြစ်သွားကြတယ် ဆိုပါတော့ ဒါပေမဲ့ သူတို့တွေအကြောင်းတစ်ခုကြောင့် ခွဲခွာခဲ့ရပြီး နောက်ထပ်ပြန်လည်ဆုံတွေ့ချိန်မှာလည်း နိုင်ငံရေးအခြေအနေတွေက သူတို့နှစ်ယောက်နီးစပ်ရေးကို အမျိုးမျိုးတားဆီးပြန်ပါတယ် မတူညီတဲ့ နောက်ခံမှလာတဲ့ ချစ်သူနှစ်ဦး… စစ်ပွဲ၊ ဘာသာရေးပဋိပက္ခ ခလုတ်ကန်သင်းတွေကြားမှ လွတ်လမ်းကို အတူရှာတွေ့သွားနိုင်မှာလား အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

4.8 2011
Mausam
Ramnagar Bunny
7.4

Ramnagar Bunny (2024) “လူရှုပ်ဘန်နီ” အခုတင်ဆက်ပေးလိုက်တာကတော့ တလေဂူးအချစ်ဟာသရုပ်ရှင်ကားလေးပါ။ ဘန်နီဆိုတဲ့ကောင်က သူငယ်ချင်းတွေနဲ့ လတ်လျားလတ်လျားသွားလာနေပြီး တာဝန်ယူမှုဆိုတာမရှိတဲ့ ကောလိပ်ကျောင်းသားတစ်ယောက်။ အဖေဖြစ်သူက သုံးဘီးမောင်းပေမဲ့ အိမ်မှာ စေတနာနဲ့လာကူညီပေးတဲ့ ဆိုင်လူဆိုတဲ့ ကောင်မလေးကတော့ ဘန်နီ့ကို တိတ်တခိုးလေးချစ်မိနေပါတယ်။ ဘန်နီကတော့ ဆိုင်လူ့ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်မထင်တဲ့အပြင် အိမ်အကူလောက်ပဲသဘောထားတဲ့ကောင်။ ကြုံလာသမျှမိန်းကလေးတိုင်းကို ဖွန်ကြောင်ရင်း ညီမဖြစ်သူအတွက် အဖေစုထားတဲ့ပိုက်ဆံကိုပါ ခိုးသုံးပြီး ချစ်သူမိန်းကလေးတိုင်းကလည်း သူ့ကိုထားခဲ့ကြတဲ့နောက်မှာတော့ ဘန်နီတစ်ယောက် ပြဿနာပေါင်းသောင်းခြောက်ထောင် ကြုံရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Drama
7.4 2024 148 mins
Ramnagar Bunny