YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Waist.Deep.2006.BluRay1080p5.1CH(CM).mp4

1.52 GB N/A video/mp4 465 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Honeymoon
4.6

ဘတ်ဗ်နဲ့ အဒမ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ကလေးဘဝ ချာတိတ်အရွယ်ထဲက သွားအတူလာအတူ စားအတူပေါင်းလာခဲ့တဲ့ကောင်တွေ ဖြစ်တယ် အဲ့တော့ တစ်ကောင်နဲ့တစ်ကောင်က ပြောမနာဆိုမနာ အားမနာလျှာမကျိုးကောင်တွေပေါ့ သူတို့နှစ်ယောက်ဟာ ပုံပန်းသွင်ပြင်ရော စိတ်ထားချင်ပါ တစ်ယောက်နဲ့တစ်ယောက် တက်တက်စင်အောင်မတူပေမယ့် သိပ်ကိုချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်တယ် အရမ်းပူးကပ်လွန်းလို့တောင် ပတ်ဝန်းကျင်က ဒီနှစ်ကောင်ခွဲမရပါဘူးကွာလို့ ပြောကြတဲ့ထိပဲ ဒီလိုနဲ့ ၂ကောင်သားအသက်တွေကြီးလာပြီး အဒမ်တစ်ယောက် မိန်းမယူဖို့ဖြစ်လာတဲ့အချိန်မှာ ဘတ်ဗ်တစ်ယောက် ဘယ်လိုအူတိုမလဲဆိုတာ ကြည့်ရမှာပါ ဘယ်လောက်အူတိုလဲဆိုရင် အဒမ်နဲ့ သူ့မိန်းမရဲ့ ဟန်းနီးမွန်းခရီးစဥ်ထိပါ လိုက်ရှုပ်တဲ့အထိပဲ အဲ့လိုနဲ့ကြားထဲမှာသောက်တလွဲတွေလဲ အများကြီးဖြစ်တာပေါ့ ပြောရရင် Hangover ထဲကဖက်တီးရဲ့ vibe မျိုးတောင်ပြန်ရတယ်ပြောရမယ် တော်တော်လေးလဲရီရပြီး ကြည့်ပျော်တဲ့ကားတစ်ကားပါ ကျွန်တော်ကတော့ကြည့်ပြီးလို့ အတော်လေးကြိုက်ပါတယ် တကယ်မိုက်တဲ့ကားပါ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ ) File Size__(1.7GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5.2/10 Format__mp4 Duration__02:12:00 Type__Comedy, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hein That Naing Encoded by Naing Aung Latt

Action • Adventure • Comedy • Thriller
4.6 2022 97 mins
The Honeymoon
By the Time It Gets Dark
5.9

By the Time It Gets Dark ကို ကိုယ်ပိုင်အမြင်အရပြောရမယ်ဆိုရင်တော့ ယုန်တွင်းထဲ လိုက်ဝင်သွားတဲ့ အဲလစ်လိုပါပဲ...။ ယုန်တွင်းထဲမှာတော့ ၁၉၇၆ ခုနှစ်တုန်းကာလ ထိုင်းနိုင်ငံရဲ့ ကျောင်းသားသပိတ်ရှိနေပြီး လိုက်ပြတဲ့ ယုန်လေးကတော့ ဒီကားရဲ့ အဓိကဇာတ်ဆောင်လို့ ပြောလို့ရလောက်မယ့် ဒါရိုက်တာ မိန်းမငယ်လေးပေါ့...။ အဲဒီယုန်လေးနောက် အပြေးလိုက်ရင်း အပိုင်းအစတွေ အမှတ်တရတွေကို လိုက်ပါခံစားကြည့်ရမယ့် ရုပ်ရှင်ချစ်သူတိုင်းကတော့ အဲလစ်လေးတွေပါပဲ။ ငါတို့အားလုံးသည် အဲလစ်များသာပေါ့။ အံ့ဖွယ်ကမ္ဘာထဲက အဲလစ် (Alice in Wonderland) နဲ့မတူမှာဆိုလို့ ယုန်တွင်းထဲရှိနေတာဟာ Wonder (အံ့ဖွယ်တွေ) မဟုတ်ဘဲ Massacre (လူမဆန်စွာ သတ်ဖြတ်ခံရခြင်း)တွေ ဖြစ်နေတာပါပဲ။ ဒီဇာတ်ကားကို ဘန်ကောက်မြို့ သမ်မာဆတ်တက္ကသိုလ်မှာ ကြုံတွေ့ခဲ့တဲ့ ၁၉၇၆ ကာလတုန်းက ကျောင်းသားသပိတ်ရဲ့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ အမျိုးသမီးရဲ့ဇာတ်လမ်းကို ရုပ်ရှင်ပြန်ရိုက်ဖို့ ကြိုးစားနေတဲ့ ဒါရိုက်တာမိန်းမငယ်လေး၊ ခြံလုပ်သားတဖြစ်လဲ နာမည်ကြီးသရုပ်ဆောင်ကောင်လေး၊ အလုပ်တွေတောက်လျှောက်ပြောင်းနေတဲ့ သာမန်မိန်းကလေးတစ်ယောက်၊ ဒီလို တစ်ယောက်ချင်းစီကြားက ဖြတ်သန်းမှုတွေ စတဲ့ အပိုင်းအစတွေနဲ့ ဖွဲ့စည်းထားပါတယ်။ တစ်ခုရှိတာက ဒီဇာတ်လမ်းဟာ အသင့်ခွံ့ကျွေးထားတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်ကြေညက်အောင်ဝါးစားဖို့ အချိန်ပေးရမယ့် ဇာတ်လမ်းမျိုးပါ။ ထိုင်းနိုင်ငံရဲ့ သမိုင်းဖြစ်ရပ်တစ်ခုကို အခြေခံထားတယ်ဆိုပေမဲ့ Festival Type ရုပ်ရှင်မျိုးဖြစ်တာမို့ အပြနှေးနှေးနဲ့ စိတ်ရှုပ်စရာကောင်းတယ်လို့ထင်တဲ့ကားမျိုးကို မကြိုက်ရင်တော့ ကြိုတင်သတိချပ်စေလိုပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 850MB Quality - 1080p, 720p IMDb Rating - 6.4/10 Format - mp4 Duration - 1H 45Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action • Adventure • Drama
5.9 2016 106 mins
By the Time It Gets Dark
F3: Fun and Frustration
3.8

ဒီတခေါက်တော့အသစ်ထွက်ရှိလာတဲ့ တေလဂူလ်ကားလေးတခုတင်ဆက်ပေးချင်ပါတယ်... ဇာတ်ကားရဲ့ Main Cast ကတော့ ဝါရင့်သရုပ်ဆောင်ကြီးဗန်တညကတ်ချ် ဖြစ်ပြီး မင်းသမီးကတော့ Bahuballi နဲ့ KGF Chapter 1ထဲမှာပါတဲ့မင်းသမီးပါပဲ။ ဇာတ်လမ်းအကျဉ်း ============ လောကမှာငွေက ဒုတိယဘုရားသခင်မဟုတ်လား ကိုယ်သာ သန်းချီ ချမ်းသာတဲ့ မိန်းမ ဒါမှမဟုတ် ယောက်ျားတစ်ယောက်ကို လက်ထက်ခွင့်ရမယ်ဆို ကိုယ်လဲသန်းကြွယ်သူဌေးဖြစ်နိုင်တာပဲမဟုတ်လား။ ဒီတော့ သန်းကြွာ်သူဌေးဟန်ဆောင်ပြီး တကယ်ချမ်းသာတဲ့သူတစ်ယောက်ကိုပိုင်းလုံးလုပ်ဖို့ကြံရွယ်ထားတဲ့ ယောင်္ကျားလေးအဖွဲ့နဲ့ မိန်းကလေးအဖွဲ့တို့အပြိုင်ဂျင်းထည့်ကြတဲ့အခါ။ တချိန်ထဲမှာပဲ သူတို့ထဲကတစ်ယောင်က တကယ့်သန်းကြွယ်သူဌေးကြီးရဲ့ ပျောက်ဆုံးနေတဲ့ရင်သွေးဖြစ်တယ်လို့ ကြားလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲတော့ထုံးစံအတိုင်း ရုပ်ရှင်မှာပဲလိုက်ပါစီးမျောခံစားပေးပါ။ တောင်ပိုင်း ဟာသကားအစစ်ဖြစ်တာနဲ့အညီ သဘာဝကျကျ ကြည့်ချင်သူတွေနဲ့တော့ သိပ်အဆင်ပြေမှာမဟုတ်ပဲ ပေါ့ပေါ့ပါးပါးဟာသအနေနဲကြည့်မှ အဆင်ပြေပါမယ်လို့ ပြောချင်ပါတယ်။ File size…3GB/ 1.5GB Quality…1080p WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ OeliuJ ~ Yunni

Adventure • Animation • Comedy • Family • Fantasy
3.8 2022 148 mins
F3: Fun and Frustration
Terror Trips
3.1

Horror ကားနှစ်ခြိုက်သူပရိသတ်ကြီးအတွက်ဆိုရင်တော့ Get Away တို့ဘာတို့ ကြည့်သလောက် အရသာအထိတော့ သေချာပေါက် ထိမိဂွိရစေမှာပါ။ Horror ကားတွေရဲ့ ထုံးစံအတိုင်း နောက်ဆုံးမှာ ဒုက္ခရောက်မှာလား၊ လွတ်သွားမှာလားကို သည်းထိတ်ရင်ဖိုနဲ့ တကယ်ကြည့်ရပါတယ်။ အားမလိုအားမရဖြစ်စရာတွေ ထောက် ပြစရာတွေပါပေမဲ့ Horror ကားအနေနဲ့မဆိုးတာမို့ ကြည့်ရတာတော့ အဆင်ပြေစေမှာပါ။ ဇာတ်လမ်းထဲကအကြောင်းအရာကတော့ ပုံမှန်ဇာတ်လမ်း‌တွေနဲ့ ထူးမခြားနားဆိုပေမဲ့ ဇာတ်လမ်းလေးကတော့ အရင်ကားတွေနဲ့ ထပ်မနေပါဘူး။ Horror ကားတွေရိုက်လေ့ရှိတဲ့နေရာတွေကို လိုက်ပတ်လှည့်ချင်ကြတဲ့ သူငယ်ချင်း တစ်စုဟာ Friday the 13th ရုပ်ရှင်ကားထဲကလိုနေရာကို သွားရောက်လှည့်ပတ် ကြပါတော့တယ်။ အဲလိုလည်ပတ်တဲ့အခါ ဘာတွေတွေ့ကြုံကြမလဲ၊ ဘာတွေဆက် ဖြစ်လာမလဲကိုတော့ သေချာပေါက် မျှော်တလင့်လင့်နဲ့ ကြည့်ရှုခံစားရမယ့်ကားလေးမို့ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(730 MB) / (500 MB) Quality............WebRip 1080p / 720p Duration.........1Hr 27mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......San Thu Aung Encoder..........SWM

3.1 2022 87 mins
Terror Trips
Black Fox: Ultimate Rescue
6.1

Black fox: Ultimate Rescue 2022ဒီတစ်ခါမှာတော့ CM ကနေပြီးတော့ Action/Fantasy/War movie လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 1945ကိုအခြေခံထားပြီးတော့ အဲ့ခေတ်အဲ့အခါက ဂျပန်နဲ့တရုတ်ရဲ့နိုင်ငံရေးအရှုပ်အထွေးကို ရိုက်ကူးထားတာပါ။ 1945ခုနှစ်ဧပြီလမှာ ဆိုဗီယက်စစ်‌ရေးကျွမ်းကျင်သူလော့ဖေးဟာ အရေးကြီးတဲ့တာဝန်ကိုထမ်းဆောင်ပြီး တရုတ်ပြည်ကိုပြန်လာတဲ့လမ်းမှာ ဂျပန်တပ်သားတွေရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ လော့ဖေးကိုကယ်ဖို့ မာလုံချွမ်ဦးဆောင်တဲ့ကယ်ဆယ်ရေးအသင်းကို စေလွှတ်ခဲ့ပေးမယ့်လည်း ကျရှူံးခဲ့ကြပါတယ်။ အဲ့အချိန်မှာပဲ ဝမ်ဝိန်ယွမ်း၊ရှဖန်နဲ့မြေခွေးနက်ကွန်မန်ဒိုအဖွဲ့တို့ပူးပေါင်းပြီး ကောက်ကျစ်ပြီးရက်စက်တဲ့ဂျပန်တပ်သားတွေလက်ထဲကနေ လော့ဖေးကိုအသက်စွန့်ပြီး ဘယ်လိုကယ်ထုတ်ကြမလဲ သတိကြီးပြီးအင်အားများတဲ့ဂျပန်တွေကို‌ရော သူတို့ရင်ဆိုင်နိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားစရာကောင်းစွာနဲ့ကြည့်ရှူရမှာပါ။

Action & Adventure • Crime • Drama
6.1 2022
Black Fox: Ultimate Rescue
Gilda
7.6

Gilda (1946) ~ IMDb – 7.6/10, Rotten Tomatoes – 90% ~ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ The Shawshank Redemption ဆိုတဲ့ ထောင်ဖောက်ဇာတ်ကားကို လူကြီးမင်းတို့ အပြန်ပြန်အလှန်လှန် ကြည့်ဖူးကြမယ်ဆိုရင်ပေါ့ဗျာ။ အဲဒီဇာတ်ကားထဲမှာ မိန်းမပျိုလေးတစ်ယောက်က အန်ဒီဆိုတဲ့ ဘူမိဗေဒသမားလေးကို ထောင်ဖောက်ဖို့ ကူညီပေးခဲ့တာ အမှတ်ရမိကြမှာပါ။ အန်ဒီရဲ့ အခန်းနံရံက သူတူးထားတဲ့ လိုဏ်ခေါင်းပေါက်ကို အပြုံးလေးနဲ့ ကွယ်ပေးထားတဲ့ မင်းသမီးပိုစတာလေးကို ပြောတာပါလေ။ အဲဒီမင်းသမီးလေးက Rita Hayworth တဲ့။ ထောင်မင်းသားတွေကို ရုပ်ရှင်ပြကြတော့ Gilda ဆိုတဲ့ဇာတ်ကားကို အထပ်ထပ် အခါခါ ပြခဲ့ကြတာပေါ့။ မင်းသမီးလေး Rita Hayworth က Gilda ဆိုတဲ့ ကောင်မလေးအဖြစ်နဲ့ ဆံနွယ်လေးတွေကို ဝဲခနဲ ခါလိုက်တဲ့အခါမှာ ထောင်မင်းသား ပရိသတ် ဝေါခနဲ ဖြစ်သွားရတာပေါ့။ Red ကတော့ တဖွဖွပြောလေရဲ့။ သူ့ရဲ့ဆံနွယ်လေးတွေ ဝဲခနဲခါလိုက်တဲ့အချိန်ကတော့ ကျုပ်အကြိုက်ဆုံး အခန်းပဲဗျို့ တဲ့။ ဒီတော့ အခု အဲဒီ Gilda ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ မှော်ဆရာမလေး၊ ရှေးခေတ်ရဲ့ အတောက်ပဆုံးကြယ်တစ်ပွင့် Rita Hayworth ဦးဆောင်ပါဝင်တဲ့ ဇာတ်ကားပါ။ အမေရိကန်ရဲ့ ထိန်းသိမ်းစောင့်ရှောက်ထားရမယ့် အမွေအနှစ်ဇာတ်လမ်းစာရင်းမှာ တင်သွင်းသတ်မှတ်ခံထားရတဲ့ ဇာတ်လမ်းပေါ့။ မင်းသမီးဇာတ်ဆိုတော့ မင်းသမီးအသားပေးရိုက်ကွက်တွေနဲ့ပေါ့ဗျာ။ နှမြောစရာကောင်းတာက ဇာတ်ဝင်တေးတွေကို စာတန်းထိုးမထားတာပဲ။ ဒါပေမဲ့ “Put the Blame on Me” နဲ့ “Let Be the Night Forever” ဆိုပြီး ရှာနားထောင်ကြည့်လိုက်ပါနော်။ ဇာတ်လမ်းအကျဉ်းကတော့ လောင်းကစားနဲ့ ဘဝကိုဖျံကျလာတဲ့ ကောင်ကလေး ဂျွန်နီ ဖဲရာ ကို လုပ်ငန်းရှင်ကြီးတစ်ယောက်က သဘောကျလို့ လူယုံတော်အဖြစ် ခန့်လိုက်သတဲ့။ လုပ်ငန်းရှင်ကြီး မတ်ဆွန် က နှယ်နှယ်ရရတော့ မဟုတ်ဘူး။ လောင်းကစားက တရားမဝင်တဲ့ အာဂျင်တီးနားနိုင်ငံမှာ လောင်းကစားရုံဖွင့်နေတဲ့ဘဲကြီး။ လောင်းကစားရုံက ဟန်ပြပဲရှိပါတယ်လေ။ တကယ်က အဖြိုက်နက်သတ္တုတူးဖော်ရေးနဲ့ တီထွင်မှု မူပိုင်ခွင့်တွေနဲ့ စစ်ကြီးပြီးကာစ ကမ္ဘာကို စီးပွားရေးနဲ့ အုပ်စိုးဖို့ ပြင်နေသူကြီးပေါ့။ ဂျွန်နီက သူ့ရဲ့ အာစရိကို မျိုးစုံကာကွယ်ပေး၊ လုပ်ငန်းတွေ ဦးစီးပေးလို့ အာမခံသေတ္တာနံပါတ်တောင် ပြောပြခြင်းခံရသူပါ။ ဒါပေမဲ့ မတ်ဆွန် တစ်ယောက် မိန်းမယူပြီး ပြန်လာချိန်မှာတော့ အရာအားလုံးက ကမောက်ကမ ဖြစ်သွားခဲ့ပါတယ်။ ချစ်သူဟောင်းကို ဆရာကတော်အဖြစ် ရင်ဆိုင်ရမယ့် ဂျွန်နီ တစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲ… အရှုပ်တော်ပုံကြီးထဲမှာ အရူးလင်တော်မိတဲ့ ဂီဒါ လေးကရော ဘာဆက်လုပ်မလဲ… Rating သိပ်ကောင်းတဲ့ ဇာတ်ကားဖြစ်တာနဲ့အညီ ဇာတ်ကွက်တွေ၊ သရုပ်ဆောင်တွေက ပိရိလွန်းပါတယ်။ သီချင်းတွေ၊ ကတဲ့ဝတ်စုံတွေကလည်း တစ်ခေတ်တစ်ယောက် ပညာရှင်တွေ အစွမ်းကုန်ကြဲထားတာမလို့ ရွေးချယ်ကြည့်ရှုသင့်တဲ့ ဇာတ်ကားဟောင်းလေးဖြစ်ပါကြောင်း…။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 887MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 50Min Genre – Drama, Film-Noir, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

7.6 1946 110 mins
Gilda
Khufiya
6.1

Kufiya (2023) IMDb-6/10 ယောကျာ်ားက မိန်းမကို ပစ် သားသမီးကိုပစ်ပြီး အချစ်သစ်ရှာတဲ့သာမန် အိမ်ထောင်ရေးဇာတ်လမ်းတွေနဲ့ကွဲထွက်ပြီး မိန်းမက သူသိပ်ချစ်ရတဲ့အမျိုးသမီးအတွက် သူ့အိမ်ထောင််ရေးကိုစွန့်ခွာကွဲထွက်တဲ့ ဘောလိဝုဒ်ရုပ်ရှင်အသစ်တခုကို တင်ဆက်ပေးချင်ပါတယ် Netflix ကထုတ်လွှင့်လိုက်တဲ့ တဘူးရဲ့ Spy / Thriller ကားပါ ဒီကားက Amur Bhushan ရဲ့ Escape to Nowhere စာအုပ်ကိုအခြေခံပြီးရိုက်ကူးထားတာလို့ ပြောကြတာတွေလည်းရှိသလို ဒီကားရဲ့ ဒါရိုက်တာ Vishal Bhardwaj ကလည်း သူ့ဇာတ်လမ်းတွေမှာ ရှိတ်စပီးယားပြဇာတ်တွေထဲကနေ အလျဉ်းသင့်သလိုယူပြီး ထည့်သွင်းရိုက်ကူးတတ်သူလို့လည်းပြောကြပါတယ် ဒီကားထဲက စစ်ဆေးရေးတွေနာမည်ကိုက ဂျုးလီးယက်ဆီဇာတို့ ဘရူးတက်စ်တို့ ဖြစ်နေတာပါပဲ ဇာတ်လမ်းအညွှန်း ကရစ်ရှနာ(တဘူး) တို့ စပိုင်အဖွဲ့ကလူတွေ စစ်ဆင်ရေးလုပ်တဲ့အချိန်မှာ ရန်သူဘက်ကအမြဲအသာစီးရနေပြီး စပိုင်အဖွဲ့ဝင်တွေပဲ အရင်ရှင်းပစ်ခံနေရတဲ့အချိန် ဟီနာဆိုတဲ့ စပိုင်တစ်ယောက်လည်း အဲဒီလိုအဖြစ်ဆိုးမျိုးကြုံလိုက်ရတယ် ဒီကိစ္စကိုစုံစမ်းဖို့အတွက် စပိုင်အဖွဲ့က ကရစ်ရှ်နာကိုတာဝန်ပေးလိုက်တယ် အလုပ်ကနေအနားယူတော့မဲ့ ကရစ်ရှ်နာတစ်ယောက် အဖွဲ့အတွက်အရေးကြီးဆုံးတာဝန်လည်းဖြစ် ချစ်ရသူသေရတဲ့ကိစ္စလည်းဖြစ်နေတော့ မနေသာပဲဝင်ပါရပြန်တယ် ဒီလိုအဖြစ်အပျက်တွေအတွက် အဖွဲ့ကနေအဓိကသံသယရှိသူက ရာဗီ သူကလည်း သူ့ကိုသိသွားကြမှန်းသိ‌တာနဲ့ ချက်ချင်းမိသားစုပါခေါ်ပြီး လစ်ပြေးတော့တာပဲ ဒါပေမဲ့သူကခိုင်းစေခံရသူသာသာပဲ သူ့နောက်ကွယ်မှာအဓိကတရားခံကရှိနေသေးတယ် စပိုင်တွေကိုတောင် အသာစီးယူပြီးရှင်းပစ်နိုင်နေတဲ့ရန်သူကိုအနိုင်ယူဖို့…. ခင်ပွန်းနဲ့ သားကိုဖုံးကွယ်ထားတဲ့ ချစ်ခြင်းတရားတစ်ခုအတွက်လက်စားချေဖို့… ဒါတွေကို ကရစ်ရှ်နာတစ်ယောက်အဆုံးထိအောင်မြင်အောင်လုပ်နိုင်သွားမလား ဆိုတာ မင်းသမီးချောသုံးယောက်ရဲ့အလှကို ရှူစားရင်းခံစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ ToMo ~ KKKZ ~ Zwe ~ Aditi တို့ပဲဖြစ်ပါတယ်

Drama • Thriller • TV Movie
6.1 2023
Khufiya
Avenues
6

Avenues (2017) ============= IMDb Rating – 6.0/10 ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Michael Angarano ကိုယ်တိုင်ရေး ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်း လေးပဲဖြစ်ပါတယ်။ New York မြို့ရဲ့ အငွေ့အသက်အပြည့်နဲ့ ဒီဇာတ်ကားလေးကိုတော့ Comedy/ Drama အမျိုးအစားဇာတ် ကားနှစ်သက်သူတိုင်း သဘောကျကြမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မက်စ် နဲ့ ပီတာတို့ဟာသူငယ်ချင်း ကောင်းတွေဖြစ်ပါတယ်။ မက်စ် ရဲ့အကိုဟာ လွန်ခဲ့တဲ့လပိုင်းကမှ ကိုယ့်ကိုကိုယ်သတ်သေသွားဝာာပါ။ ပီတာ ဟာအကိုတစ်ယောက်ကို ဆုံးရှုံးထားတဲ့ မက်စ် ကိုအားပေးရင်း မက်စ် ရဲ့မွေးနေ့အတွက် New York မြို့ကိုရောက်လာပါတော့တယ်။ ဆောင်းတွင်းအချိန် New York မြို့ကြီးမှာသူတို့နှစ်ယောက် ဘာ‌တွေဘယ်လိုကြုံတွေ့ပြီး ပျော်ရွှင်မှုကို ဘယ်လိုရှာဖွေသွားကြမလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်) File Size……….(1.29 GB) / (529 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 16Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Theo Katt Encoder……….SWM

Action
6 2017
Avenues
They Shot the Piano Player

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ဂီတသမားတစ်ယောက်ရဲ့ documentary ကို animation ပုံဖော်ထားတဲ့ ကာတွန်းဇာတ်လမ်းလေးပါ ဘယ်လို ခေတ်ပေါ် ဂီတမျိုးဖြစ်နေပါစေ တချိန်က ဂီတဂုရုကြီးတွေရဲ့ ဆန်းသစ်မှုကြောင့် ပေါ်ထွက်လာရတာချည်းပါ သူတို့က အချိန်ခဏလောက် ပေါ်လာပြီး ချက်ချင်းမြုပ်သွားတာလည်း ဖြစ်နိုင်တယ်… ပရိသတ်တွေမသိကြရတာလည်းဖြစ်နိုင်တယ် ဒါပေမဲ့ musician တွေကတော့ သူတို့လက်ရာတွေကို လေ့လာသင်ယူပြီး ခေတ်ပေါ်သီချင်းတွေ ဖန်တီးလာကြတာမို့လို့ အများမသိတဲ့ ဂုရုများလို့ ပြောရမလိုပဲ ဒီမှာဆိုရင်လည်း ၁၉၆၀ ကာလ ဘရာဇီး Samba Jazz ဂီတလှုပ်ရှားမှုမှာ ဂုရုတစ်ပါးဖြစ်တဲ့ စန္ဒရားဆရာ Tenório အကြောင်း နောက်ခံရာဇဝင်ကို အမေရိကန် ဂီတ ဂျာနယ်လစ်တစ်ယောက်က အားတက်သရော လိုက်လံမေးမြန်းတာတွေကို တင်ဆက်ထားတယ် ဒါ့အပြင် Tenório က စောစီးစွာ ကြွေလွင့်ခဲ့ရတယ် လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားရတယ် သူ့ရဲ့ ဆွေမျိုးအသိုင်းအဝိုင်းမိတ်ဆွေ ဂီတသမား အစုံအလင်ကို ဂျာနယ်လစ်က လိုက်လံ အင်တာဗျူးရင်း စိတ်ဝင်စားဖို့ကောင်းတဲ့ ဂီတသမားတစ်ယောက်အကြောင်းကို တဖြည်းဖြည်းခံစားမိလာပြီး ဘရာဇီးနဲ့ အာဂျင်တီးနားက အရေးခင်းတွေကိုပါ ပါးပါးလေး ထည့်သွင်းပေးထားတဲ့ စိတ်ဝင်စားဖွယ်ရုပ်ရှင်တစ်ပုဒ် ဖြစ်ကြောင်း ညွှန်းလိုက်ရပါတယ် File size…(1.4 GB)/(772 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Drama, History, Animation Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2023
They Shot the Piano Player
Sweeter Than Chocolate

ကမ္ဘာကြီးကိုတည်ဆောက်ထားတဲ့အရာဟာ မေတ္တာတရားပါလို့ ပြောမယ်ဆိုရင် ဒီကမ္ဘာကြီးကို အလှဆင်နေတဲ့အရာဟာ အချစ်ပါပဲ။ ဒီတော့အချစ်ကိုယုံကြည်တဲ့လောကသားတွေပီပီ အချစ်စစ်ဆိုတာကို right personဆိုတဲ့ညာလူကြီးကို တမ်းတကြသည်ပေါ့လေ။ ဒါပေမဲ့ အချစ်စစ်ဟာ မအေးအေးဝင်းစီစဉ်တာမဟုတ်တော့ ချစ်သူတစ်ရာတွေ့တောင် အချစ်စစ်တစ်ခုတွေ့ဖို့ရာ အင်မတန်ခက်ခဲပါသတဲ့။ How Sweet It is ဆိုတဲ့ ချောကလက်ဆိုင်လေးကတော့ အချစ်စစ်ဆိုတာ ရှာရခက်ပါတယ်ဆိုတဲ့ သဘာဝတရားကြီးကို ဆန့်ကျင်နေပါသတဲ့။ အဘိုးလက်ထက်ကတည်းက စတင်ခဲ့တဲ့ Sweetချောကလက်ဆိုင်က အထူးစပယ်ရှယ် Cupid chocolate ကိုစားလိုက်ရင် ကိုယ့်ရဲ့right person ကိုယ့်ရဲ့true loveကို ရှာတွေ့နိုင်တယ်ဆိုတဲ့ ဒဏ္ဍာရီရှိနေလို့ပါပဲ။ ဒါကိုမယုံချင်တဲ့ စုံစမ်းစစ်ဆေးရေးသတင်းထောက်လေး ဒင်းချေ့စ်တစ်ယောက် မက်လုံးတစ်ခုကြောင့် ချောကလက်ဆိုင်ကနေ သတင်းယူဖို့ဖြစ်လာတဲ့အခါ… ချောကလက်ဒဏ္ဍာရီကို အဆိုးမြင်နေတဲ့ဒင်းချေ့စ်နဲ့ မြားနတ်‌မောင် ချောကလက်ဖန်တီးရှင်မလေး လူစီဆွိတို့ How Sweet It is ဆိုတဲ့ဆိုင်လေးအကြောင်း သတင်းယူဖို့အတူအလုပ်လုပ်ရင်းနဲ့ cupid chocolate ကြောင့် ဆုံဆည်းခဲ့ရသူတွေကို အတူအင်တာဗျူးကြပါတော့တယ်။ အရာရာကို သိပ္ပံချိန်ခွင်နဲ့တိုင်းတတ်တဲ့ ဒင်းချေ့စ်၊ မှော်ဆန်ဆန် မြားနတ်မောင်ကရူးပစ်ချောကလက်နဲ့ ဒီချောကလက်ဖန်တီးတဲ့ မှော်ပညာရှင်မလေး လူစီဆွိတို့ကြား ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ အတူတူရှုစားကြပါဦး။ File size…(1.57 GB)/(816 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Tv Movie, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

0 2023
Sweeter Than Chocolate
The Angry Black Girl and Her Monster
5.4

ဗကေးရီးယားဆိုတာ အသက် ၅ နှစ်သားထဲက အမေကိုဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။ မောင်လေး ခရစ်စ်ကလည်း မကောင်းတဲ့လူတွေနဲ့ပတ်သက်မိပြီး အသက်ဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ ဗကေးရီးယားမှာ မှတ်ယူထားတာတစ်ခုရှိတယ်။အဲဒါကတော့ သေခြင်းတရားဆိုတာရောဂါတစ်မျိုးပဲ။ ရောဂါဆိုရင်ကုသလို့ရရမယ်။ သေခြင်းကိုကုသချင်တဲ့ ဗကေးရီးယားဆိုတဲ့ဆယ်​ကျော်သက်ကောင်မလေးရဲ့အကြံက တကယ်ပဲအလုပ်ဖြစ်ပါ့မလား။ ရုပ်ရှင်ခေါင်းစဉ်မှာ ဒေါသထွက်နေသော လူမည်းကောင်မလေးနှင့်သူမ​၏ မကောင်းဆိုးဝါး ဆိုတာမလို့ မကောင်းဆိုးဝါးတွေရောပါလာဦးမှာလား…. File size…(2.1 GB)/(920 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:31:00 Genre…Drama, Fantasy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff

5.4 2023
The Angry Black Girl and Her Monster
I Stand Alone
7.3

I Stand Alone (1998) ~ IMDb – 7.3/10, Rotten Tomatoes – 88% ~ ပြင်သစ်စကားပြော Psychological Drama ဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Gaspar Noé ရဲ့ ပွဲဦးထွက် ရုပ်ရှင်ဖြစ်ပြီး တော်တော်လေးကို မွန်းကြပ်စရာ မသတီစရာ ထိတ်လန့်စရာဖြစ်တာကို တွေ့ရပါလိမ့်မယ်။ ကောင်းရောင်းကောင်းဝယ်လုပ်နေတဲ့ သားသတ်သမားတစ်ယောက် အမေပစ်သမီးလေးကို တစ်ကိုယ်တည်း ပျိုးထောင်နေရင်း သမီးကို အနိုင်ကျင့်တယ်လို့ အထင်မှားပြီး လူတစ်ယောက်ကို သတ်မိလို့ ထောင်ကျသွားပါတယ်။ ထောင်ကထွက်လာတော့ သမီးဆီ ပြန်မသွားဘဲ တခြားတစ်နေရာက မိန်းမတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး အဲဒီမိန်းမကိုယ်ဝန်ရတော့ မိန်းမရဲ့ဇာတိကို လိုက်သွားပြီး ယောက္ခမရဲ့အိမ်မှာနေတာကနေ ဇာတ်ကားစထားပါတယ်။ အဲဒီကနေ သားသတ်သမားရဲ့ စိတ်အတွင်းပိုင်းက အမှောင်အတွေးတွေ ကြောက်စရာအတွေးတွေ မကျေနပ်မှုတွေကို စိတ်ကူးတွေအတိုင်း မပြုမပြင် ပွင့်ပွင့်လင်းလင်း သူကိုယ်တိုင်ပြောပြနေတဲ့ပုံစံနဲ့ ချပြသွားမှာပါ။ အတွေးတွေဆိုတာ ရောက်ချင်တာကို အမြန်ဆုံးရောက်ပြီး အတိုင်းအဆမရှိ သွားနိုင်တယ်မဟုတ်လား။ လောကကြီးထဲဝင်မဆန့်ဖြစ်ပြီး လူ့အဖွဲ့အစည်းကို မုန်းတီးနေတဲ့ လူတစ်ယောက်ရဲ့စိတ်ရဲ့ စိတ်က ဘယ်လောက်ထိ မှောင်မိုက်နက်ရှိုင်းတဲ့ နေရာထိရောက်သွားနိုင်မလဲ စဉ်းစားသာကြည့်လိုက်ပါတော့။ စကားလုံးတွေမှာ ကိုယ်ကျင့်တရား၊ တရားမျှတမှု၊ လူတွေ၊ အသိုင်းအဝိုင်း အဲဒီစကားလုံးတွေကို တွင်တွင်သုံးထားပြီး ဒီစကားလုံးတွေကို တစ်ကိုယ်ကောင်းဆန်ဆန် သူ့စိတ်တိုင်းကျ တစ်ဖက်သတ်တွေးပြီး ဝေဖန်ထားတာတွေက စိတ်ကသိကအောက်ဖြစ်နိုင်လောက်ပေမဲ့ တချို့အတွေးတွေက ပွင့်လင်းလွန်းတော့ ကြောက်စရာကောင်းနေပါလိမ့်မယ်။ Drama ဆိုပေမဲ့လည်း ပြသွားတာက အရမ်းကို ခြောက်ခြားဖွယ်လှပနေတာကို တွေ့ရမှာပါ။ ဇာတ်ကားရဲ့ နောက်ဆုံးပိုင်းမှာလည်း သူ့ရဲ့အတွေးတွေကို လွန်လာတယ်လို့ ထင်လောက်စရာအပိုင်းတွေရောက်တဲ့အချိန်ကျ ခင်ဗျားစိတ်က ဒီဇာတ်ကားကို ဆက်မကြည့်နိုင်တော့ဘူးလို့ထင်လာရင် ရပ်ပစ်လိုက်ဖို့ သတိပေးချက်တက်လာပါလိမ့်မယ်။ အဲဒါက အပိုမဟုတ်ပါဘူး။ တကယ်ကို စိတ်ကို ညစ်ညူးထိခိုက်စရာတွေ ကြုံလာနိုင်လို့ သေချာပြီဆိုမှ ဆက်ကြည့်စေချင်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးသွားရင်တော့ ဒါရိုက်တာက ခင်ဗျား Gaspar Noé ရုပ်ရှင်ဆိုတာ ကြည့်ဖူးသွားပြီဆိုတဲ့ အောင်လက်မှတ်တစ်ခု ပေးပါလိမ့်မယ်။ ရုပ်ရှင်ဇာတ်ကားကောင်း ကြိုက်တတ်ပြီး ၉၃ မိနစ်စာ စိတ်ညစ်ညူးဖွယ်လှပတဲ့ အခိုက်အတန့်လေးကို ခံစားချင်တယ်ဆိုရင်တော့ လုံးဝကို လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 710MB Quality – BluRay 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 33Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

7.3 1998 89 mins
I Stand Alone
Tom and Jerry & The Wizard of Oz
6.1

ဒီဇာတ်လမ်းက နာမည်ကျော် The Wizard of Oz ပုံပြင်ကို အခြေခံထားတဲ့ Tom&Jerryဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ မူရင်းဇာတ်လမ်းထဲကလိုပဲ ကန်းဆတ်နယ်က ဒိုရိုသီဆိုတဲ့ ကလေးမလေးဟာ လေဆင်နှာ‌မောင်းကြီး တစ်ခုကြောင့် အော့ဇ်ဆိုတဲ့ မှော်တိုင်းပြည်ကြီးတစ်ခုကို ရောက်သွားပြီး စာ‌ခြောက်ရုပ် ခြင်္သေ့နဲ့ သံပုံးလူသားဆိုတဲ့ မိတ်ဆွေသစ်သုံးယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တွမ်နဲ့ ဂျယ်ရီတို့ကတော့ ဒိုရိုသီရဲ့အဖော်လေး နှစ်ကောင်ပေါ့။ အော့ဇ်တိုင်းပြည်ကိုရောက်တဲ့အချိန် စွမ်းအားကြီးတဲ့ စုန်းမကြီးရဲ့ အန္တရာယ်ကို အော့ဇ်နိုင်ငံသားတွေ ကြုံနေရတဲ့ အချိန် ဖြစ်နေခဲ့တာပါ။ သူ့အန္တရာယ်ကို ကာကွယ်ဖို့ မှော်နတ်သမီးလေး ဂလင်ဒါက ဒိုရိုသီကို ပတ္တမြားဖိနပ်တစ်ရံပေးလိုက်ပြီး မြမြို့တော်က မှော်ဆရာကြီး အော့ဇ်ဆီကို စေလွှတ်လိုက်ပါတယ်။ အဲဒီမြို့တော်ကိုအသွား ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ၊ စုန်းမကြီးက ဘယ်လိုတွေတားဆီးပြီး ဒိုရိုသီတို့ ဘယ်လို ကျော်ဖြတ်ကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ File size… 1.2 GB / 624 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 56m Genre ….. Adventure / Animation / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by JimX

6.1 2011 59 mins
Tom and Jerry & The Wizard of Oz
Crosspoint
6

Crosspoint (2024) ***************** ၁၉၉၀ ခုနှစ်တွေက ပျိုတိုင်းကြိုက်တဲ့နှင်းဆီဖြစ်ခဲ့တဲ့ ဖိလစ်ပိုင် အဆိုတော်-မင်းသား မန်နွယ် ဟီဒါဂို… ခေတ်ရေစီးကြောင်းအလျောက် နာမည်ကျော်ကြားမှု လျော့ပါးလာခဲ့ပြီး လက်ရှိရေပန်းစားတဲ့ အနုပညာရှင်တွေနဲ့ အစားထိုးခံလာရတဲ့သူဟာ မကြာခင် မီးဖွားတော့မဲ့ ဇနီးသည်အတွက် ငွေကြေးပိုင်ဆိုင်ရာမှာ အကြပ်ရိုက်နေတော့တယ်… အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ မန်နွယ်ဟာ ဒီလိုအခြေအနေအမျိုးမျိုးကြောင့် အဆုံးမှာ ဂျပန်နိုင်ငံက ကလပ်ပိုင်ရှင်မိတ်ဆွေနဲ့ ချိတ်ဆက်ပြီး တရားမဝင်အလုပ်သွားလုပ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်… ဝန်ထမ်းတွေကို လစာမပေးနိုင်၊ သမီးဖြစ်သူကိုလည်း မထောက်ပံ့ပေးနိုင်တဲ့ စီးပွားပျက်ခါနီး လုပ်ငန်းရှင် ရှီဂယ်ရူ ယာမာဂူချီ… အကြွေးရှင်ပေါင်းများစွာကို ရင်ဆိုင်နေရပြီး သစ္စာအရှိဆုံးဝန်ထမ်းတွေကပါ အလုပ်ထွက်ကုန်တဲ့အတွက် မွဲပြာကျလုနီးနီးဖြစ်နေတဲ့ ယာမာဂူချီရဲ့ တစ်ခုတည်းသောပိုင်ဆိုင်မှုဟာ သူ့သမီးလေးပါပဲ…သူဟာ သမီးဖြစ်သူရဲ့ ရှေ့ရေးအတွက် ထောက်ပံ့နိုင်စွမ်းမရှိလို့ သူ့ကိုယ်သူ အားမလိုအားမရဖြစ်ပြီး အရက်ဆိုင်မှာပဲ အချိန်ကုန်နေရင်း တစ်နေ့မှာ ရဲတွေ ဆုကြေးထုတ်ပြီး အပူတပြင်းရှာဖွေနေတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း သိလိုက်ရတော့တယ်…အဘက်ဘက်က ငွေကြေးပိုင်းဆိုင်ရာ ချွတ်ခြုံကျနေတဲ့ မန်နွယ်နဲ့ ရှီဂယ်ရူဟာ ကံကြမ္မာအလှည့်အပြောင်းကြောင့် ဆုံစည်းမိကြပြီး ဆုကြေးငွေအတွက် အရမ်းကိုအန္တရာယ်များလှတဲ့ ကွင်းဆက်လူသတ်သမားကို ဖမ်းကြဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့… ဇာတ်လမ်းအညွှန်းကို Esther မှ ရေးသားပေးထားပါတယ် File Size : 1.41GB / 533MB Quality : WEB-DL 1080p / 720p Genres : Action / Thriller Duration : 1h 40m Subtitle : Myanmar Subtitle (Hard Sub) Translated by Esther & Mary Encoded by Heather Oo

Drama • Crime • Thriller
6 2024 101 mins
Crosspoint