YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Voice.2021.SE4EP11.mp4

485.49 MB N/A video/mp4 5839 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
How About Adolf?
6.8

ဒီကားလေးကတော့ ၂၀၁၈ ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb မှာ Rating - 7/10 ရရှိထားတဲ့ ဂျာမန်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ တစ်ညမှာ စတက်ဖန်နဲ့ အဲလိဇဘက်လင်မယားတို့ ဘွန်းမြို့ကသူတို့အိမ်မှာ မိသားစုညစာစားပွဲလေးတစ်ခုလုပ်ဖို့ အဲလိဇဘက်ရဲ့မွေးစားအစ်ကို၊ သူ့မောင်နဲ့ သူ့မောင်ရည်းစား ကိုယ်ဝန်သည်ကောင်မလေးတို့ကိုဖိတ်ထားကြတယ်။ ဇာတ်လမ်းအစမှာ‌တော့ အလယ်တန်းပြဆရာမ အဲလိဇဘက်တစ်ယောက် ညစာစားပွဲအတွက်ပြင်ဆင်ရင်း အလုပ်ရှုပ်နေပြီး အခြားမြို့မှာနေနေတဲ့ သူမရဲ့မိခင် ဒေါ်ရိုသီယာနဲ့ ဖုန်းပြောနေတာကို အစချီရိုက်ပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့နေ့ညမှာပဲ ကလေးအဖေဖြစ်တော့မယ့် အဲ့လိဇဘက်ရဲ့မောင် သောမက်စ်က သူ့သားလေးကိုပေးထားတဲ့နာမည်ကြောင့် မိသားစုတွေငြင်းခုန်ရာကနေ ယောက်ဖနှစ်ယောက် ကတောက်ကဆတ်တွေဖြစ်နေချိန်မှာ သောမက်စ်ရဲ့‌ကိုယ်ဝန်နဲ့ကောင်မလေးက လူရွေးပွဲကနေညစာစားပွဲကိုရောက်လာပြီး စကားဝိုင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာပါတော့တယ်။ စနောက်၊ ငြင်းခုံ၊ စကားနိုင်လုမှုတွေကနေအစပြုပြီး တစ်ယောက်ချင်းစီရဲ့လျှို့ဝှက်ချက်‌၊ မကျေနပ်ချက်တွေ တစ်စပြီးတစ်စထွက်လာတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 730MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 31Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

Adventure • Animation • Comedy • Family
6.8 2018 91 mins
How About Adolf?
Birdcage Inn
6.5

Birdcage Inn ဟာ ကင်ကီဒွပ်ရဲ့ အစောပိုင်း ကာလတွေတုန်းက ရုပ်ရှင်တစ်ကားပါ။ တိတိကျကျဆို တတိယမြောက်ကားပါ။ နောက်ပိုင်း တချို့ကားတွေမှာ ကင်ဟာ ပရိသတ်နဲ့ဈေးကွက်အကြိုက်အရ နာမည်ကျော်သရုပ်‌‌ဆောင်တွေသုံးရင်း သူ့ရုပ်ရှင်တွေကနေ သူပြချင်တဲ့အမှန်တရားရော သူကိုယ်တိုင်ရော ပျောက်ဆုံးဖူးခဲ့တယ်ဆိုပါတယ်။ အင်တာဗျူးတစ်ခုမှာ ရုပ်ရှင်ရိုက်တဲ့အခါ အရေးအကြီးဆုံးက ဘာလဲလို့မေးတော့ အမှန်တရား ဝါ ရိုးသားမှုလို့ဖြေခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ကတော့ သူ့ရုပ်ရှင်တွေမှာ သူ့ရင်ခုန်သံစစ်စစ်တွေကိုပဲ ကြားရချင်တဲ့ ကင်ရဲ့ အစောပိုင်းကာလတုန်းက အရိုးသားဆုံးရုပ်ရှင်တစ်ကားပါ။ ဇာတ်ကတော့ ငှက်လှောင်အိမ်အင်းလို့ခေါ်တဲ့ အင်းတစ်ခုဆီ ပြည့်တန်ဆာလုပ်ဖို့ လာတဲ့မိန်းမလှလေးတစ်ယောက်နဲ့စဖွင့်ထားတယ်။ ဒီအလုပ်က သူ့ကို ဘယ်လောက်ပင်ပန်းစေလဲတော့မသိပါဘူး။ အဖွင့်မှာ ရေစပ်နားချထားတဲ့ ခုံပေါ်မှာထိုင်ရင်း ငိုက်ပြီး ရေထဲပြုတ်ကျသွားတာနဲ့ စဖွင့်ထားတယ်။ Bad Guy မှာတော့ ကောလိပ်ကျောင်းသူလေးကနေ ဒီဘဝ ဘယ်လိုရောက်သွားလဲ အသေးစိတ်ပြထားပေမဲ့ ဒီထဲမှာတော့ ဒီကောင်မလေးရဲ့ ပြည့်တန်ဆာဘဝကိုပဲ သေချာပြထားတယ်။ တချို့အချက်တွေအရသူလည်း ကောလိပ်ကျောင်းသူ ဖြစ်ကောင်းဖြစ်ခဲ့ဖူးလောက်မယ်။ ဘာလို့ ဒီဘဝရောက်သွားလဲတော့ မရေမရာနဲ့ပဲ ပြသွားတယ်။ နောက်တော့ အဲဒီကောင်မလေးနဲ့ အင်းပိုင်ရှင်မိသားစုရဲ့ ဆက်ဆံရေးပေါ့။ သူတို့လည်း ချမ်းသာလှတယ်တော့ မဟုတ်ဘူး။ ဒီလိုပဲ။ မရှိလို့ လုပ်စားနေတာ။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် ၂ကောင်က သူတို့မိသားစုက ဒီအလုပ်ကိုမုန်းတဲ့သမီးရယ်၊ ခုနက ပြည့်တန်ဆာမလေးရယ်ပေါ့။ ထုံးစံအတိုင်း သူတို့၂ယောက်ရဲ့အခြေအနေကို အချစ်ကြောင့်လုပ်တာလား အမုန်းကြောင့်လုပ်တာလား မရေရာခြင်းတွေအပြည့်နဲ့ သီကျူးသွားတယ်။ ဒီပုံစံကိုတော့ ကင်ကီဒွပ်ပရိသတ်တွေရင်းနှီးပြီးသားပဲမလား။ ကင်ဟာ လုပ်ရပ်တွေမှာ အချစ်လားအမုန်းလားမသည်းကွဲနိုင်အောင်ပုံဖော်တတ်တဲ့ သူပါပဲ။ ဒီထဲမှာလည်း ပြည့်တန်ဆာမလေးက အိမ်ရှင်ကောင်မလေးနဲ့ အိမ်ရှင်ကောင်မလေးရဲ့ ရည်းစားကြား ပြဿနာရှာလိုက်တာလေးတွေရှိပေမဲ့ ဒါကို အချစ်ကြောင့်လည်း ပါတယ်လို့တော့ ကျွန်တော်တော့ မြင်တာပါပဲ။ ဒီရုပ်ရှင်ဟာ ပြည့်တန်ဆာမလေးရဲ့ အိပ်ခန်းတွေမနည်းပါပေမဲ့ အဲဒီအိပ်ခန်းတွေကိုယ်တိုင်ဟာ ဒီရုပ်ရှင်ရဲ့ ရိုးသားမှုကို အရောင်တင်ပေးထားတာတွေပါပဲ။ ကင်ဟာ ပြင်သစ်က ကမ်းခြေတစ်ခုမှာ ပန်းချီဆွဲရင်း နှစ်နှစ်လောက် အချိန်ဖြုန်းဖူးပါတယ်။ သူဘာပြပွဲမှလည်း မလုပ်ခဲ့ပါဘူး။ သူက သူ့ပန်းချီကားတွေကို လမ်းပေါ်မှာ တင်ပြခဲ့တဲ့သူပါ။ သူဘာလို့ပန်းချီဆွဲလဲဆို သူ့ပန်းချီကားတွေက စစချင်းကြည့်ရင် ဟီရိသြတ္တပ္ပ ကင်းမဲ့ပြီး ညစ်ညမ်းတယ်လို့ထင်ရပေမဲ့ သေချာကြည့်ကြည့်ရင်တော့ ဖန်တီးသူရဲ့ ရိုးသားခြင်းကို အပြည့်အဝ တွေ့မြင်နိုင်လို့ လို့ဆိုဖူးပါတယ်။ သူ့ရုပ်ရှင်တွေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ညစ်ညမ်းတယ်လို့ထင်ကောင်းထင်ရနိုင်ပေမဲ့ သူဟာ သူသိတဲ့ဘဝတွေကို အရိုးသားဆုံးပြထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာလည်း ညစ်ညမ်းတာတွေ စိတ်ညစ်စရာတွေအပြည့်နဲ့ကို ရိုးရိုးသားသားနဲ့ လှနေတဲ့ ကင်ကီဒွပ်ရုပ်ရှင်တစ်ကားပါပဲ။ တစ်ခုရှိတာက ကင်ကီဒွပ်ဟာ ဒီပထမကားတွေမှာဆို ကိုရီးယားပြည်တွင်းမှာ ခွက်ခွက်လန်အောင်ရှုံးခဲ့တဲ့သူပါ။ ဒီကားနဲ့ နိုင်ငံတကာပရိသတ်တချို့ စရခဲ့ပါတယ်။ ဒီတော့ သူ့ဒီလိုကားဟောင်းတွေကို အကြည်ရဖို့ဆိုတာ အတော်လေးခက်ပါတယ်။ ဒီတိုင်းကြည့်ရဖို့တောင် မလွယ်ဘူးကိုး။ ဒီလိုတတိယမြောက်ရိုက်ခဲ့တဲ့ကားမျိုးဆို ရွှေထက်ရှားပါတယ်။ ဆိုတော့ကာ 1080p ဘာညာ ကွာလတီနဲ့ရှာမရပေမဲ့ ရုပ်သံကွာလတီမူကို နည်းနည်းအတိမ်းအစောင်းခံပြီး ကင်ကီဒွပ်ပရိသတ်တွေအတွက် ကင်ကီဒွပ်ကားကို ရှိတဲ့ကွာလတီလေးနဲ့ပဲ ကြံဖန် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB Quality - 480p IMDb Rating - 7/10 Format - mp4 Duration - 1H 45Min Genre - Adult, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
6.5 1998 101 mins
Birdcage Inn
A Ghost Story
7.1

IMDb - 6.9/10_____Rotten - 91% ဇာတ်ကားနာမည်လေးကြည့်လိုက်ရုံနဲ့သရဲကားဆိုပြီးပြေးမြင်မိမှာပါ။ ဟုတ်ပါတယ်သရဲကားတော့သရဲကားပါပဲ။ ဒါပေမယ့်သရဲဖက်ကနေရိုက်ပြထားတဲ့သရဲကားလေးပါဗျာ။ နာမည်လေးအတိုင်းပါပဲသရဲတစ်ကောင်ရဲ့ဇာတ်လမ်းလေးပါ။ ကျွန်တော်တို့သေဆုံးသွားရင်ဘာတွေဖြစ်သွားမလဲ။ ဘယ်ကိုရောက်သွားမလဲ။ ဒီမေးခွန်းတွေဟာတော်တော်များများယခုထိငြင်းခုံနေကြဆဲပါ။ ဘာသာအမျိုးအမျိုးမှာပါရှိပြီးဖြစ်ပေမယ့်ဒီမေးခွန်းကိုတစ်ခါလောက်ဖြစ်ဖြစ်တော့လူတိုင်းတွေးဖူးကြမှာပါပဲ။ ဒီကားလေးဟာတကယ်ကိုရိုးရိုးရှင်းရှင်းလေးရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ ကျွန်တော်တို့နေ့စဉ်ဓူဝလုပ်ရှားနေတဲ့ပုံကိုကင်မရာချထားပြီးရိုက်ထားသလိုပါပဲ။ တကယ်ကိုရိုးရိုးရှင်းရှင်းရိုက်ပြထားတာမို့ပရိသတ်အများစုအတွက်ပျင်းစရာဖြစ်နိုင်ပါလိမ့်မယ်။ ရိုးရှင်းလွန်းလို့သရဲတောင်ရိုးရိုးလေးပဲပြထားတာပါ။ ဒါပေမယ့်သည်းခံပြီးဆက်ကြည့်မယ်ဆိုရင်တော့ဖြင့်ဇာတ်ကားလေးအပြီးမှာတစ်ခုခုတော့စဉ်းစားစရာကျန်မယ်လို့ထင်ပါတယ်။ သရဲကားကြောက်တဲ့သူတွေအတွက်Horrorကားထက်Mystryပုံစံဇာတ်ကားမျိုးပါ။ ကြောက်ဖို့မကောင်းသလိုတွေးစရာတွေပဲပေးမယ့်ကားလေးပါ။ ကျွန်တော်တို့ကြုံတွေ့နေရတဲ့လူနေမှုပုံစံတွေပြီးတော့သေပြီးသွားရင်ဘယ်လိုဖြစ်မလဲဆိုတဲ့အမြင်လေးတွေ။ သေဆုံးသွားသူနဲ့ကျန်ရစ်သူကြားသံယောဇဉ်ချည်နှောင်မှုတွေ၊ဒါတွေကိုလက်တွေ့ကျကျကိုယ်ပိုင်အတွေးအခေါ်တရပ်နဲ့ရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ ပြောခဲ့တဲ့အတိုင်းလက်တွေ့ကျပြလွန်းလို့ပျင်းကောင်းပျင်းသွားနိုင်စရာတော့ရှိပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။ အိမ်တစ်အိမ်ကိုပြောင်းလာတဲ့စုံတွဲတစ်တွဲကနေစတာပါပဲ။ သူတို့နှစ်ယောက်ကတကယ်ကိုချစ်ကြတဲ့သူတွေပါ။ တနေ့မှာတော့ကောင်လေးဟာကားတိုက်မှုဖြစ်ပြီးကွယ်လွန်သွားပါတယ်။ အဲဒီလိုနဲ့အထီးကျန်ရစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်တည်းရှိတဲ့အိမ်လေးကို ကောင်လေးရဲ့ဝိညာဉ်ပြန်ရောက်လာပါတော့တယ်။ ကောင်လေးအနေနဲ့သူ့အမျိုးသမီးကိုပြန်ဆက်သွယ်ဖို့ကြိုးစားရှာပါတယ်။ အမြဲတမ်းသူ့ဘေးမှာရှိနေပေးတယ်။ သူလုပ်သမျှကိုကြည့်နေပေးတယ်။ အဲဒီအပိုင်းတွေကြည့်ရင်းကိုယ့်ကိုဘယ်သူများကြည့်နေမလဲဆိုပြီးကလိကလိဖြစ်နေပါလိမ့်မယ်။ တကယ်လည်းကိုယ့်ဘေးပတ်ဝန်ကျင်မှာသွားလာလှုပ်ရှားနေသူတွေရှိနေနိုင်တာပါပဲ။ ဇာတ်လမ်းလေးကရိုးရိုးလေးဆိုပေမယ့်လူတွေတွေးတတ်ပုံစံတွေ၊လူ့သဘာဝတွေ၊အတွေးအခေါ်တချို့ကိုပါထည့်သွင်းပြထားပါတယ်။ စဉ်းစားစရာအပြည့်နဲ့ရိုးရိုးရှင်းရှင်းကားလေးတစ်ကားပါပဲ။ နိုင်ငံတကာမှာလည်းဝေဖန်မှုအမျိုးမျိုးရရှိထားပြီးRatingအနေနဲ့လည်း7.7ထိရရှိထားတဲ့အပြင်ဆု၂ဆုပါရရှိထားပြီးပါပြီ။ တစ်ခုတော့ရှိပါတယ်Horrorကားမဟုတ်တဲ့အတွက်Horrorကြိုက်တဲ့ပရိသတ်တွေအတွက်တော့စိတ်ကျေနပ်စရာဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့်တစ်ခုခုတွေးစရာတော့ရလိမ့်မယ်လို့ပြောပါရစေ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ သူရဇာနည်အောင်ပါ) File Size : (650 MB) Quality : 720p Bluray Running Time : 1hr 32min Format : Mp4 Genre :Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encode by Thanhtike Zaw

Crime • Drama
7.1 2017 93 mins
A Ghost Story
Pizza 3: The Mummy
6.3

Pizza 3: The Mummy (2023) IMDb-7.0/10 နာမည်ကျော် အိန္ဒိယသဲထိတ်ရင်ဖိုကားတွေဖြစ်တဲ့ ပီဇာရဲ့သုံးကားမြောက်ထွက်ရှိလာပါပြီ။ ပထမနှစ်ကားနဲ့ချိတ်ဆက်မှုမရှိပဲ သူ့ချည်းသက်သက်ကြည့်လို့ရပါတယ်။ အခုတင်ဆက်ပေးမယ့်ကားကတော့ မံမီပေါ့။မံမီရုပ်တခုကနေ စတဲ့ဇာတ်လမ်း။ သရဲတစ္ဆေတွေဆိုတာ တကယ်ရှိတာလား မရှိတာလားဆိုတာအငြင်းပွားစရာပြဿနာတစ်ခုလိုပဲ။ မြင်ဖူးတွေ့ဖူး ကြားဖူးတယ်ဆိုပြီး သရဲတစ္ဆေတကယ်ရှိတယ်လို့ လက်ခံကြသူနဲ့ မဟုတ်တာတွေ ပေါက်တတ်ကရဆိုပြီး လက်မခံကြသူတွေကြားမှာ အဖြေမယ်မယ်ရရ ရှာမတွေ့နိုင်သေးတဲ့မေးခွန်းတခုပေါ့။ မကောင်းဆိုးဝါးဝိညာဉ်တွေကို ဖိတ်ခေါ်နိုင်တဲ့ ရှေးဟောင်းအီဂျစ်မံမီရုပ်အသေးလေးတခုရှိခဲ့တယ်။ အဲဒီမံမီရုပ်က ရှေးခေတ်အီဂျစ်ဘုရင်မက သူ့အင်ပါယာပတ်ဝန်းကျင်မှာရှိတဲ့ မကောင်းဆိုးဝါးစွမ်းအင်တွေအကုန်ထည့်ပြီး သွင်းလုပ်ခဲ့တယ်။ အဲဒီမံမီရုပ်ကို မမျှော်လင့်ပဲ နာလန်ရဲ့စားသောက်ဆိုင်မှာတွေ့ခဲ့ရတဲ့အခါမှာတော့။ ပိတ်ရက်မှာ အပန်းဖြေရင်း ကြောက်လန့်မှုအရသာကိုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~YH~Yunniတို့ပဲဖြစ်ပါတယ်)

Crime • Drama • Thriller
6.3 2023
Pizza 3: The Mummy
Frankie Meets Jack

Frankie meets Jack ဆိုတဲ့ဇာတ်ကားလေးကတော့ 2023 မှာထွက်ရှိခဲ့တဲ့ဇာတ်ကားလေးဖြစ်ပြီး Romance နဲ့ Comedy အမျိုးအစားဖြစ်ပါတယ် ။ လက်ထပ်တော့မယ့်စုံတွဲတွေအတွက်ဆောင်းပါးတွေရေးပေးရတဲ့ဖရန်ကီနဲ့တိရိစ္ဆာန်ဆရာဝန်ဖြစ်တဲ့ဂျက်တို့ရဲ့ဇာတ်လမ်းလေးပါ။ဖရန်ကီက သူမကြာခင်ကမှဂေဟာကနေ ခေါ်မွေးထားတဲ့ခွေးလေးကို လမ်းလျောက်ခေါ်သွားရင် မတော်တဆဖြစ်သွားတဲ့အချိန် ဂျက်ကသူ့ခွေးတွေကိုဝင်ကယ်ပေးခဲ့တာပါ သူတို့အချင်းချင်းဟာကံတရားက စီမံထားပေးတဲ့ဖူးစာဖက်တွေလို အချင်းချင်းသဘောကျမိကြပေမယ့် ဂျက်ဆီမှာစေ့စပ်ထားတဲ့သတို့သမီးလောင်းရှိနေခဲ့ပါတယ်။ ဖရန်ကီနဲ့ဂျက်တို့ ပျော်ရွှင်စွာပေါင်းဖက်ပြီး ဇာတ်သိမ်းနိုင်ကြပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာသိရမှာပဲဖြစ်ပါတယ်။ File size…(699 MB) Quality…. 720p Format…mp4 Duration….01:24:00 Genre…Romance, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris

0 2023
Frankie Meets Jack
Sleepaway Camp II: Unhappy Campers

Sleepaway Camp 1 1983 အပြီး ၅နှစ်အကြာမှာ ဆက်ထုတ်ခဲ့တဲ့ နံပါတ်နှစ် ရုပ်ရှင်ပါ။ ရုပ်ရှင်နာမည်အတိုင်းပဲ ဒီတခေါက်မှာလည်း ကံမကောင်း အကြောင်းမလှတဲ့ စခန်းချသူတွေကို မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ဟာ Sleepaway Camp ရဲ့ အဆက်ဖြစ်တာကြောင့် နံပါတ်တစ်ကိုမကြည့်ရသေးဘူးဆိုရင်တော့ အရင်သွားကြည့်ဖို့ အကြံပေူချင်ပါတယ်။ နံပါတ်တစ်မကြည့်ထားဘဲ ကြည့်ရင်ရော ရလားဆိုတော့ ရတော့ရပါတယ် ဒါပေမဲ့ အဓိကဇာတ်ကောင်ဖြစ်တည်လာပုံကို ဂဃနဏသိချင်ရင်တော့ နံပါတ်တစ်ကိုအရင်ကြည့်မှ ပြီးပြည့်စုံသွားပါလိမ့်မယ်။ ဒီရီဗျူးက နံပါတ်တစ်ရဲ့အဆက်ဖြစ်တာကြောင့် စပွိုင်လာကင်းကင်းပြောပြရရင်တော့ နွေရာသီစခန်းမှာအလုပ်လာလုပ်တဲ့ အကြံပေးဟာ ဆိုးသွမ်းတဲ့ကလေးတွေကို သူ့နည်းသူ့ဟန်နဲ့ လိုက်ဆုံးမတာပါ။ အောက်ကရီဗျုးမှာတော့ စပွိုင်လာအနည်းငယ်ပါရှိမှာဖြစ်ပါတယ်။ ဒီကားကတော့ နံပါတ်တစ်ရုပ်ရှင်က ဖြစ်ရပ်တွေအပြီး ၅နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လိုက်ကျော်အန်ဂျလာဟာ နွေရာသီစခန်းတခုမှာ အလုပ်လုပ်ဖို့ရာပြန်လည်ရောက်ရှိလာပါတယ်။ ဒါပေမဲ့ စခန်းချသူတွေဟာ သူ(မ)ရဲ့ တင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းမရှိဘဲ မလျော်မကန်ပြုမူတာတွေ ရှိလာတဲ့နောက်မှာတော့ အန်ဂျလာဟာ နည်းဟောင်းတွေကိုသုံးပြီး ဆိုးသွမ်းတဲ့ စခန်းချသူတွေကို ပညာပေးဖို့ရာ ထပ်မံအကြောင်းဖန်လာပါတော့တယ်။ ဒီရုပ်ရှင်ထဲမှာတော့ နံပါတ်တစ်ထဲကလိုမဟုတ်ဘဲ ဆယ်ကျော်သက်သရုပ်ဆောင်တွေ ဖောဖောသီသီပါ၀င်လာပြီး ၈၀ခုနစ် လူငယ်တွေရဲ့ ဖက်ရှင်ဒီဇိုင်းကာလာ ဘာညာအနေအထားတွေကို ရော့ခ်ဂီတတွေနဲ့ ထည့်သွင်း ပုံဖော်ရိုက်ကူးထားပါတယ်။ ကိုယ်လုံးတီးရိုက်ချက်တွေ ညစ်ညမ်းတဲ့အသုံးအနှုန်းတွေလည်း အများကြီးပါ၀င်လာတာကြောင့် ၁၈နှစ်အောက်ကြည့်ဖို့ မသင့်တော်ကြောင်း သတိပေးလိုက်ရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ File size…(1.5 GB)/(763 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 1988
Sleepaway Camp II: Unhappy Campers
Open Season
6.1

သစ်တော နဲ့ နီးစပ်တဲ့ မြို့ငယ်လေး တစ်ခုမှာ ဘတ်ဂ် လို့ ခေါ်တဲ့ တောခေါင်း အမျိုးသမီးငယ်လေးဟာ ဘုဂ် လို့ နာမည်ပေးထားတဲ့ ဝက်ဝံကြီးတစ်ကောင်ကို ငယ်စဉ်ကတည်းက မွေးစားထားပါတယ် ဘုဂ် ဟာ သင်ရပြုရလွယ်ပြီး လိမ္မာရေးခြားရှိတဲ့ ဝက်ဝံကြီးတစ်ကောင် ဖြစ်လာပြီး သူ့သခင်မ နဲ့ အတူ နယ်မြိုကလေးမှာ လာလည်တဲ့ ဧည့်သည်တွေကို ဖျော်ဖြေလေ့ ရှိပါတယ်… တစ်ရက်မှာတော့ စည်းကမ်းမရှိတဲ့ မုဆိုးတစ်ယောက်ဟာ အမဲလိုက်ရာသီမစခင်မှာ သမင်လေးတစ်ကောင်ကို ကားနဲ့ တိုက်လာပြီး ဘုဂ် တို့ ရှိတဲ့ မြို့လေးထဲ ရောက်အလာ သနားတက်တဲ့ ဘုဂ် က သမင်လေး အီလီယော့ ကို ကယ်တင်ပေးလိုက်ပါတယ် ဒါပေမဲ့ ဘုဂ် ကယ်တင်ပေးလိုက်တဲ့ အီလီယော့ က တကယ့်ငမွေထိုးဖြစ်ပြီး တည်ငြိမ်နေတဲ့ ဝက်ဝံကြီး ဘုဂ် ရဲ့ ဘ၀ ကိုပါ ငါးပါးမှောက်အောင်လုပ်လိုက်တဲ့အခါ ဝက်ဝံကြီး ဘုဂ် ကို သခင်ဖြစ်သူက ရင်နာနာနဲ့ပဲ တောတွင်းထဲကို ပြန်လွှတ်ပေးလိုက်ရပါတော့တယ် လူယဉ်နေတဲ့ ဝက်ဝံကြီး ဘုဂ် တစ်ယောက် တောတွင်းထဲမှာ ဘယ်လို ကမောက်ကမတွေ ဆက်ဖြစ်မလဲ ဆိုတာတော့ ရုပ်ရှင်ချစ်သူများ ကြည့်ရှုလိုက်ကြပါဦး ရုပ်ရှင်အညွှန်းကို Thit San Khant မှ ရေးပေးထားပြီး Fio မှ ဘာသာပြန်ပေးထားပါတယ် File size… 2.09 GB / 923 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 26m Genre ….. Animation , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Fio

6.1 2006
Open Season
First Knight
6

First Knight (1995) ဒီကားကတော့ ရုပ်ရှင်လောကရဲ့ ဂန္ထဝင်သရုပ်ဆောင်များစွာပါဝင်ခဲ့တဲ့ ဂန္ထဝင်ဇာတ်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ အော်စကာဆုကိုရရှိထားဖူးတဲ့အပြင် ရာစုနှစ်တစ်ဝက်စာလောက် အထူးသဖြင့် 80s’ တွေအတွက် ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့တဲ့ James Bond Franchise ကြီးတစ်ခုလုံးကို အသက်သွင်းခဲ့သူ ဂန္ထဝင်မင်းသားကြီး “Sean Connery” ကတော့ ဒီဇာတ်ကားထဲမှာ ဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် အခြားဝါရင့်သရုပ်ဆောင်များဖြစ်ကြတဲ့ Richard Gere နဲ့ Liam Cunningham တို့ကပါ ဇာတ်ပို့အဖြစ်ပါဝင်ခဲ့တာဖြစ်တဲ့အတွက် ဇာတ်လမ်းရဲ့ Entertain နိုင်မှုကတော့ အံ့မခန်းပါပဲ။ ~ ဇာတ်လမ်းအကျဉ်း ~ ဘုရင်ကြီး အာသာဟာ ကမ်းမလော့မြို့အတွက် စစ်ပွဲပေါင်းများစွာတိုက်ပြီး ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ခဲ့တဲ့နောက်မှာ လောကကြီးမှာအခြေချဖို့အတွက် အိမ်ထောင်ပြုဖို့စီစဉ်တော့ပါတော့တယ်။ ဒီအချိန်မှာပဲ အာသာနဲ့ တစ်ချိန်က အတူစစ်ပွဲဝင်ခဲ့ဖူးတဲ့ လီယွန်နက်စ်မြို့စားကြီးက ဖြစ်စေချင်ခဲ့တဲ့ သူ့သမီး ဂွီနဗီးယားနဲ့လက်ထပ်ဖို့ကို စဉ်းစားလာပါတယ်။ တစ်ဖက်မှာလည်း ဖခင်သေဆုံးပြီးနောက်ပိုင်း မြို့စားကတော်သခင်မတစ်ယောက်ဖြစ်လာတဲ့ ဂွီနဗီးယားဟာ ကမ်းမလော့ကို တစ်ယောက်ထဲအပိုင်စီးချင်တဲ့အတွက် အာသာရဲ့ The Round Table ကနေ နှုတ်ထွက်သွားတဲ့ မယ်လဂန့်ဆိုသူရဲ့ ခြိမ်းခြောက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ တစ်ဖက်မှာလည်း လန်းစလော့ဆိုတဲ့ ခြေသလုံးအိမ်တိုင်ဓားရေးကျွမ်းကျင်သူတစ်ယောက်ဟာ ဂွီနဗီးယားနဲ့ အမှတ်မထင်တွေ့ဆုံပြီး ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဘုရင်ကြီးအာသာတစ်ယောက် နောက်ဆုံးမှာသူ့အချစ်အိပ်မက်ကိုအကောင်အထည်ဖော်သွားနိုင်မှာလား… ဂွီးနဗီးယားနဲ့ လန်းစလော့တို့အချစ်ဇာတ်လမ်းကရော ဘယ်လိုတွေဆက်ဖြစ်လာမလဲ… ဒါ့အပြင် တစ်ချိန်ကအတွင်းလူဖြစ်ခဲ့တဲ့မယ်လဂန့်ကရော ဒီလိုဖြစ်နေတဲ့အခြေအနေတွေအပေါ် ဘယ်လိုအခွင့်ကောင်းယူသွားမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ အပြည့်အဝရှုမြင်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.1GB, 1.8GB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 2H 14Min Genre – Action, Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

6 1995 134 mins
First Knight
Mr. Nice Guy
6.2

ဂျက်ကီချန်း တဖြစ်လည်း ဂျက်ကီဟာ ဟင်းချက်တဲ့တီဗွီအစီအစဉ်မှာ နာမည်ကျော်ကြားတဲ့ စားဖိုမှူးတစ်ယောက်ပါ။ တနေ့မှာ သူဟာ ဈေးဝယ်သွားရင်း အမျိုးသမီးတစ်ယောက် လူဆိုးတွေဆီက ထွက်ပြေးနေတာတွေ့လို့ လွတ်မြောက်အောင် ကူညီလိုက်ပါတော့တယ်။ ဒီအမျိုးသမီးကတော့ ဒိုင်ယာနာဖြစ်ပြီး သူမဟာ တီဗွီသတင်းထောက်ဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးကုန်သွယ်တဲ့မူးယစ်ဘုရင်ကြီး တစ်ယောက်ဖြစ်တဲ့ ဂျင်ကာလိုတို့ မူးယစ်ဆေးအပေးအယူလုပ်နေတာကို ဗွီဒီယိုရိုက်ယူထားလို့ ဂျင်ကာလိုတို့နှင့် ဂျင်ကာလိုတို့ကိုငွေညစ်ချင်နေတဲ့ နတ်ဆိုးဂိုဏ်းတို့က ဒီဗွီဒီယိုကို ပြန်ယူဖို့အတွက် သူ့နောက်လိုက်နေခြင်းဖြစ်ပါတယ်။ဒါကို ဂျက်ကီက ဘုမသိဘမသိ ကူညီလိုက်ရာကနေ သူပါ လူဆိုးတွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပြီး သူနှင့် သူချစ်ခင်တဲ့မိတ်ဆွေတို့ပါ အန္တရာယ်ကျရောက်လာပါတော့တယ်။ ဒီတော့ ဂျက်ကီတစ်ယောက် မူးယစ်ဆေးဘုရင်ဆီကရော နတ်ဆိုးဂိုဏ်းဆီကပါ ဘယ်လိုလွတ်မြောက်အောင်လုပ်ပြီး ဒီအမှုကို သူတတ်စွမ်းသမျှ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ရင်တမမ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဟောင်းပေမယ့် ရွှေဖြစ်တဲ့ ဂျက်ကီချန်းကားလေးကို ဘရားသားတို့ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ။ File size…(1.6 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

6.2 1997 95 mins
Mr. Nice Guy
A Guide to Recognizing Your Saints
6.9

ဒီတစ်ခါ ဇာတ်ကားဟောင်းပေမယ့် ကောင်းနေဆဲဖြစ်တဲ့ အမေရိကန်ဒရာမာဇာတ်ကား တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက ဒါရိုက်တာ ဒီတိုမွန်တီရယ် ကိုယ်တိုင်ရဲ့ ဘဝအတွေ့အကြုံ မှတ်တမ်းက သူ့ရဲ့ငယ်စဉ်ဘဝကို ဇောင်းပေး မှီငြမ်း ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ကား ထွက်ရှိခဲ့တဲ့ ၂၀၀၆ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဇာတ်ကားဆု၊ ဇာတ်ပို့ဆုတွေ ၈ခုထိရခဲ့ပြီး nomination ၉ခုရတဲ့အထိ အောင်မြင်ခဲ့တဲ့ ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Robert Downey Jr.၊ Channing Tatum နဲ့ Shia Labeouf တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းက ဒီတိုက လက်ရှိအချိန်မှာ အယ်လ်အေမှာ အောင်မြင်တဲ့ စာရေးဆရာ တစ်ယောက်အဖြစ်နဲ့ အစပျိုး ထားပါတယ်။ သူ့ရဲ မိခင် ဖလော်ရီနဲ့ ငယ်သူငယ်ချင်း နာ့ဖ်တို့ဆီက ဖုန်းဆက်တိုက်တွန်းမှုတွေကြောင့် သူစွန့်ခွာခဲ့တဲ့ ငယ်စဉ်နေရပ် နယူးယောက် အော်စတိုရီယား ကို နေမကောင်း ဖြစ်နေတဲ့ ဖခင်ကို ဆေးရုံတက်ရန် ဖျောင်းဖျဖို့ ပြန်လာခဲ့ပါတယ် ဇာတ်အိမ်တလျှောက် ၁၉၈၀ ဝန်းကျင် ဒီတို ငယ်စဉ်ဘဝ ကြုံဆုံခဲ့ရတဲ့ ဖြစ်ရပ်တွေနဲ့ လက်ရှိအချိန် ၂၀၀၅ ဝန်းကျင်ကို တစ်လှည့်စီ ပြသတာကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ Shia Labeouf ရဲ့ ငယ်ဇာတ်ရုပ်ကိုသာမက Channing Tatum ရဲ့ သူနဲ့ လိုက်ဖက်လှတဲ့ မိုက်ရူးရဲ ဂျစ်ကန်ကန် သရုပ်ဆောင်ချက် တွေကိုလည်း တွေ့မြင်ရမှာပါ။ File size…1.78GB / 895MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

6.9 2006 104 mins
A Guide to Recognizing Your Saints
Killer Fortune Teller
5

ဇာတ်လမ်းခပ်အေးအေးနဲ့ ဘယ်ဇာတ်ကောင် ကလိမ်ကျနေတာလဲဆိုတာကို စိတ်ကူးပုံဖော်ကြည့်ရတာ နှစ်သက်သူတွေအတွက် လျှို့ဝှက်ဆန်းကြယ်အမျိုးအစား ရုပ်ရှင်တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ရှိန်းနဲ့ အိုလီဗီယာဆိုတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။မောင်နှမနှစ်ယောက်လုံး သူတို့အဖေ တည်ထောင်ခဲ့တဲ့ ဆက်တယ်လ်ဆေးဝါးကုမ္ပဏီကြီးမှာအလုပ်လုပ်နေကြပြီး အစ်ကိုဖြစ်သူ စီအီးအိုနေရာမှာရှိနေတာကို ညီမဖြစ်သူကမကြိုက်။ အဖေဖြစ်သူ ရှိစဉ်အခါက လမ်းကူးရင်တောင် တားရော့ကတ်တွေက ဘေးကင်းတယ်ပြောမှ ကူးရလောက်အောင်ထိ တားရော့ကိုရူးသွပ်ခဲ့တဲ့သူ။ သားဖြစ်သူ ရှိန်းလည်း ကုမ္ပဏီက အရေးပါတဲ့အဆုံးအဖြတ်တစ်ခုအတွက် တားရော့ဆရာမဆီက လမ်းညွှန်မှုမှန်နေတာကို တွေ့လိုက်ရတဲ့နောက်မှာတော့ အဖေဖြစ်သူလိုပဲ တားရော့ကို အတော်လေးယုံကြည်လာခဲ့ပါတော့တယ်။ နောက်ထပ် သူ့ဘ၀အတွက်အရေးပါတဲ့နေရာကိုရောက်လာမဲ့ မိန်းကလေးကို ဘားတစ်ခုမှာ ရှိန်းတွေ့ခဲ့ရပြန်တယ်။ ရှိန်းမသိတာ သူ့ပတ်ဝန်းကျင်က ဒီအမျိုးသမီးတွေဆီမှာ ကိုယ်စီကိုယ်စီ ဖုံးကွယ်ထားတဲ့အရာတွေ ရှိနေတဲ့အခါမှာတော့…။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.5 GB)/(720 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

5 2024
Killer Fortune Teller
Twisted

ဂျက်စီကာ(Ashley Judd)က ကင်းလှည့်ရဲအဖြစ်ကနေ လူသတ်မှုစုံစမ်းစစ်ဆေးရေးဌာနကို ရာထူးတိုးပြောင်းရွှေ့သွားပြီး သိပ်မကြာခင်မှာပဲ သူမ ပထမဆုံးကိုင်ရတဲ့ လူသတ်မှုက သူနဲ့ တစ်ချိန်က One Night Stand သဘောမျိုး ပတ်သက်ခဲ့ဖူးတဲ့သူ တစ်ယောက် သတ်ခံရတာ ဖြစ်နေပါတယ်။ ဂျက်စီကာရဲ့ မိဘတွေက သူ ခြောက်နှစ်သမီး အရွယ်လောက်မှာတည်းက ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီးတော့ သူ့ဖခင်ရဲ့ တွဲဖက်ဟောင်းဖြစ်တဲ့ ဂျွန် (Samuel L. Jackson) က သူမကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့တာပါ။ ဂျွန်က လက်ရှိမှာ ရဲချုပ်ကြီး ဖြစ်တဲ့အတွက် ဂျက်စီကာရဲ့ ရာထူးတိုးမှုကို မနာလိုတဲ့သူတွေကလည်း ရှိနေပါတယ်။ သူမအနေနဲ့ လူသတ်မှုကို သူမရဲ့ တွဲဖက် မိုက်ခ် (Andy Garcia) နဲ့ အတူ စုံစမ်းနေတုန်းမှာပဲ နောက်ထပ် လူသတ်မှုတွေက ဆက်တိုက်ဆိုသလို ဖြစ်လာပြီး သတ်ခံရသူတိုင်းက သူမနဲ့ One Night Stand ပတ်သက်ခဲ့သူတွေချည်းပါပဲ။ လူသတ်မှုစဖြစ်တဲ့အချိန်ကစလို့ သူမကလည်း ညဖက်တွေမှာ သတိလစ်သလို ဖြစ်ဖြစ်သွားပြီး ဘာကိုမှ မမှတ်မိတော့ပါဘူး။ လူသတ်မှုတွေကို ဘယ်သူက ကျူးလွန်နေတာလဲ။ သူမနဲ့ ပတ်သက်ခဲ့ဖူးတဲ့ ယောက်ျားတွေထဲက သူမကို အရူးအမူး စွဲလန်းနေသူလား။ သူမကိုယ်တိုင်လား။ သူမ မိဘတွေရဲ့ သေဆုံးမှုကရော ဒီလူသတ်မှုတွေနဲ့ ဆက်စပ်နေလား ဒါတွေကို ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားလေးကတော့ Thriller/ Mystery ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.7 GB)/(872 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre… Drama, Crime, Action, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2004
Twisted
Lucky Dog
5.4

လပ်ကီးလို့ ခေါ်တဲ့ခွေးလေးရဲ့ ပိုင်ရှင်ဖြစ်သူကတော့ ဗိသုကာပညာရှင်တစ်ယောက်ဖြစ်တဲ့ ထရာဗစ်ဖြစ်ပြီး ထရာဗစ်မှာ သူ့အရင်အိမ်ထောင်နဲ့ရခဲ့တဲ့ ကလေးနှစ်ယောက် ရှိပါတယ်။ တစ်ရက် ကလေးနှစ်ယောက်နဲ့အတူ အလုပ်ခရီးတစ်ခု ထွက်ဖို့ရှိလာတဲ့အခါမှာတော့ လပ်ကီးလေးကို ခွေးဂေဟာမှာ သွားပို့ဖို့ ဖြစ်လာတော့တာပေါ့။ ဖြစ်ချင်တော့ အဲဒီဂေဟာမှာပဲ ခွေးရော သခင်ရောက သူတို့ရဲ့အချစ်နဲ့ စပြီးတွေ့ခဲ့ပါ‌တော့တယ်။ လပ်ကီးက အေမီလို့ခေါ်တဲ့ ခွေး‌‌မလေးကိုသဘောကျသွားပြီး ထရာဗစ်တစ်ယောက်ကတော့ အေမီရဲ့ပိုင်ရှင်ဖြစ်သူကိုမှ ချစ်မိသွားပါသတဲ့။ လပ်ကီးနဲ့အေမီလို့ခေါ်တဲ့ ခွေးလေးနှစ်ကောင်ကြားက အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ သူတို့ပိုင်ရှင်နှစ်ယောက်ရဲ့ အချစ်ရေးကရော ဘယ်လိုအဆုံးသတ်မလဲဆိုတာအပြင် ထရာဗစ်တို့ သားအဖတွေကြားက နွေးထွေးတဲ့မေတ္တာကိုပါ ကြည့်ရှူခံစားရမယ့် ဇာတ်ကားကောင်းလေးဖြစ်တာမို့ အချိန်ပေးရကျိုးနပ်မှာပါ။ ထရာဗစ်တို့ရဲ့ ခရီးတစ်လျှောက်မြင်တွေ့ရတဲ့ ပင်လယ်အနီးအနားကမြင်ကွင်းတွေကို လိုက်ပါခံစားနိုင်မယ့်အပြင် ခွေးချစ်သူတို့အတွက်လည်း အပန်းပြေစိတ်ကြည်နူးစေနိုင်မယ့် ဇာတ်ကားလေးဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ် ။ File Size : 1.9 GB, 1.2 GB Quality : WEB-DL 1080p / 720p Running Time : 1hr 28min Format : Mp4 Genre : Family Subtitle : Myanmar Subtitle (Hard Sub) Translated by : Mon Encode by : Thit San Khant

Action • Comedy
5.4 2015
Lucky Dog
Gobangiri (or) Bushido
7.5

Gobangiri (or) Bushido (2024) IMDb Rating (7.5) ယာနာဂီတကခုနိုရှင်းဟာ ဆာမူရိုင်းတစ်ယောက်ဖြစ်ပြီး မှားယွင်းတဲ့ စွပ်စွဲခံရမှုတခုကြောင့် မြို့ကနေမောင်းထုတ်ခံခဲ့ရပြီး သူ့သမီး ကီနုနဲ့အတူ ဆင်းဆင်းရဲရဲ နေထိုင်လျက်ရှိပါတယ်… ဒါပေမယ့် ဆာမူရိုင်းတို့ရဲ့စံအတိုင်း လူနေခြုံကြားပေမယ့် စိတ်နေဘုံဖျားရှိသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ကျားထိုးရတာကို ဝါသနာကြီးပြီး ပညာရှင်အဆင့်လို့ ဆိုနိုင်ပေမယ့် လောင်းကစားလုပ်ရတာ မကြိုက်သူတစ်ယောက်ဖြစ်တော့… ကျားထိုးရုံမှာ အပျော်သွားကစားတာကလွဲပြီး တစ်ခါမှ လောင်းကြေးနဲ့ မကစားခဲ့ဘူး… ဘာလို့လဲဆိုတော့ တစ်ချိန်က ကျားကစားရင်း လွဲချော်မှုတစ်ခုကြောင့် ဇနီးသည်ကို ဆုံးရှုံးတဲ့အထိ ဖြစ်ခဲ့ရတာကြောင့်ပါ.. တစ်နေ့မှာတော့ သူ့ဇနီးသည် သေဆုံးရတဲ့ ဖြစ်ရပ်မှန်ကိုသိသွားတဲ့အခါမှာတော့ လက်စားချေဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမယ့် ဆာမူရိုင်းတစ်ယောက်ဖြစ်လို့ အမုန်းကို လက်စားချေရင် သူ့အသက်ကို ပြန်ပေးဆပ်ရမှာလည်း သိနေပြန်တာမို့.. သူလက်စားချေရင် သမီးလေးနဲ့ ခွဲရမှာမို့ လက်စားချေဖို့လမ်းကို သူရွေးချယ်မှာလား… သူလက်စားချေဖို့ ဘာတွေက ဖိအားပေးမှာလဲ… ဒီဇာတ်ကားက ဆာမူရိုင်းခေတ်ကို နောက်ခံထားတာမို့ ကြည့်နေကြမဟုတ်သူတွေအတွက် ပျင်းဖို့ကောင်းကောင်း ကောင်းနိုင်ပေမယ့် ဂျပန်သမိုင်းနဲ့ ဆာမူရိုင်းတို့ စိတ်နေစိတ်ထားကို နားလည်ချင်ရင်တော့ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Chu Chu ဖြစ်ပါတယ်။) File size…(1.6 GB) / (860 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….02:09:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Chu Chu

7.5 2024
Gobangiri (or) Bushido
When You Get to the Forest

မြို့ပြနှင့်ဝေးရာ တောအုပ်လေးတစ်ခုသို့ တစ်ကိုယ်တော်ခရီးဆက်လာတဲ့ ဒါနာဆိုတဲ့အမျ်ုးသမီးငယ်လေးဟာ တောထဲမှာလမ်းပျောက်သွားရင်း စကားပြောတတ်တဲ့ကြောင်လေးတစ်ကောင်နှင့်ဆုံခဲ့ရပါတယ်။ ထိုကြောင်လေးမေးသမျှကို ပြန်ဖြေရင်းနဲ့ ဒါနာတစ်ယောက်အတိတ်အကြောင်းတွေ ပြန်လည်တမ်းတမိသွားကာ ဘဝအတွက်အတွေးအမြင်သစ်တွေ ရရှိလာပါတော့တယ်။ ကြောင်ကလေးနဲ့ ဒါနာတို့ လမ်းမှန်ကိုရှာရင်း ဘယ်လိုအခက်အခဲတွေနှင့် ရင်ဆိုင်ရမလဲ လမ်းမှန်ကိုရော ရှာတွေ့နိုင်ပါမလား စသည်တို့ကိုငြိမ့်ငြိမ့်လေးနှင့်စိတ်ဝင်စားဖွယ် ဆွဲခေါ်သွားမည့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(947 MB)/(482 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Animation Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson

Music • Documentary • History
0 2024
When You Get to the Forest