YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Voice.2019.SE3EP2.mp4

553.76 MB 720p video/mp4 3721 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Heneral Luna
7.6

ဖီလစ်ပိုင်နိုင်ငံကို အမေရိကန်တွေကျူးကျော်စစ်ဝင်ထိုးနေတဲ့အတွက် ဖီလစ်ပိုင်းသမ္မတကြီးက ဖြေရှင်းဖို့အတွက် အစည်းအဝေးလုပ်တယ်။ ဗိုလ်ချုပ်တွေ ဗိုလ်မှူးတွေ စီးပွားရေးလုပ်ငန်းရှင်တွေ နိုင်ငံရေးသမားတွေနဲ့ အပြန်အလှန်ဆွေးနွေးငြင်းခုံနေကြတယ်။ အမေရိကန် အင်အားနည်းနေချိန်မှာ တိုက်ခိုက်မှ ဖြစ်မယ် မဟုတ်ရင်တစ်နိုင်ငံလုံးကျွန်ဘဝရောက်မယ့်အကြောင်းကို ဗိုလ်ချုပ်လူနာကတင်ပြတယ်။ ဒါပေမယ့် စီးပွားရေးသမားတွေက သူတို့ကိုယ်ကျိုး ထိခိုက်မှာစိုးတဲ့အတွက် ငြိမ်းချမ်းရေးကမ်းလှမ်းဖို့ပဲဆန္ဒရှိကြတယ်။ နောက်ဆုံးမှာတော့ သမ္မတကြီးက ငြိမ်းချမ်းရေးကမ်းလှမ်းမယ် စစ်ရေးအတွက်လည်းပြင်ဆင်ဖို့ဆုံးဖြတ်လိုက်ချိန်မှာ အမေရိကန်တွေက မနီလာမြို့အပါအဝင်အခြားနေရာကိုသိမ်းယူလိုက်ပါတယ်.. ဖိလစ်ပိုင်တို့အတွက်တော့ အတော်ကြီးအထိနာတဲ့ကိစ္စလို့ဆိုရပါ့မယ်..အဒီနောက် ဗိုလ်ချုပ်လူနာတို့ ဘယ်လိုတုန့်ပြန်ကြမလဲဆိုတာကိုတော့.. ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပြီး ဘက်ဂျက်အတော်များများသုံးရိုက်ကူးထားတဲ့အတွက် ဖိလစ်ပိုင်ကားဆိုသော်ငြား တော်တော်ကြည့်ကောင်းတဲ့ ကားဖြစ်ပါကြောင်း... File Size :(3.3GB)(1.2 GB) and (407MB) Quality : WEB-DL 1080P5.1Ch,720p Format…mp4 Duration…01:58:00 Genre : Action, Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

Drama • Thriller
7.6 2015 118 mins
Heneral Luna
Killer Whales
4

ဒီ ရုပ်ရှင်ဟာ documetary ဆိုပေမယ့်အတော်လေးစားပါတယ် ကျွန်တော်တို့ သိတဲ့ documentary ဆိုတာ တကယ်ဖြစ်ခဲ့တဲ့ အမှန်တရားကို အခြေခံပြီးရိုက်တယ်ဆိုပေမယ့် ဒီ documentary ကတော့အဲ့လိုမဟုတ်ပါဘူး ဒါကြောင့်စားတယ်ပြောတာပါ ဒွန်နီ ဝမ်ဒါဆိုတဲ့လူငယ်လေးတစ်ယောက်ဟာ documentary filmmaker တစ်ယောက်အရမ်းဖြစ်ချင်ပါတယ် ဒါပေမယ့် ဘာမှ တော့မတတ်ပါဘူး လူကသာ ဘာမှ မတတ်တာ တကယ်ရိုက်ချင်တဲ့အကြောင်းက ပန်းချီဆရာတစ်ယောက် အသတ်ခံရမှုကိုပါ အဆိုပါ လူသတ်မှုဟာ အခုထိ လက်သည်မပေါ်ပဲရှိနေပါတယ် အဲ့ဒါကိုငချွတ်လေး ဒွန်နီက documentary ရိုက်ရင်း အဲ့လူသတ်မှုကိုပါ ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကိုပါ ရိုက်ပြချင်တာပါ အကြံကတော့အကြီးကြီးနော် ကိုယ့်လူက အဲ့လိုနဲ့အဖက်ဖက်က pressure တွေပိလာပြီး ရုပ်ရှင်ထုတ်လုပ်သူက footage တွေအတင်းတောင်းရာကနေ တလွဲ idea တွေရသွားတဲ့ ဒွန်နီဟာ documentary ကို ဘယ်လို အဆန်းကြီးရိုက်ပြထားလဲ ကိုယ်တိုင်ပဲ ကြည့်ကြည့်ပါ အခုဆို ဒွန်နီတစ်ယောက် ထောင်ထဲမှာပါရောက်နေပြီး နောက်ရုပ်ရှင်ဇာတ်ကားအတွက်ပါ fund ငွေလိုက်ရှာနေတယ်ဆိုပဲ တကယ်ဇကတော့မသေးဘူး Killer Whale နဲ့ဒွန်နီ ဘယ်လိုဆက်ဖြစ်မလဲကတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားကြပါလို့လို့ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ ) File Size__(1.7GB) / (750MB) Quality__WEB-DL_1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__0:30:00 Type__Documentary Subtitle__Myanmar Subtitle (Hardsub) Translated by Hein That Naing Encoded by Naing Aung Latt

Drama
4 2022 88 mins
Killer Whales
Missing
7.5

ဇာတ်လမ်းကို ချုပ်ပြောရရင် အမေပျောက်ရှာပုံတော်ပေါ့ဗျာ။ အဲ့ထက်နည်းနည်းလေးချဲ့ရရင်တော့ ကျွန်တော်တို့ ခေတ်ရဲ့ မြန်နှုန်းမြင့် အင်တာနက်‌တွေ၊ ဆိုရှယ်မီဒီယာတွေဟာ အသုံးပြုသူတွေအပေါ် ကောင်းကျိုးနဲ့ဆိုးကျိုး ဘယ်လိုအကျိုးသက်ရောက်မှု ရှိနေသလဲဆိုတာကို ချပြထားရင်း ဂျန်ဇီး ဇာတ်လိုက်ဟာ သူသိထားတဲ့ ဆိုရှယ်မီဒီယာတွေကိုသုံးပြီး သူ့မိခင်ကိုဘယ်လိုရှာဖွေမလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲလောက်ထိတော့ မရိုးရှင်းနေပါဘူး။ သူသိသမျှမွှေနှောက်ရင်း သူ့အမေရဲ့ အတိတ်၊ သူ့ရဲ့အတိတ်၊ သူ့နားကလူတွေရဲ့အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို သိလာတဲ့အချိန် ဘာတွေဆက်ဖြစ်မလဲ။ ဇာတ်လမ်းကလည်း လှည့်ကွက်တွေ ပါသင့်သလောက်ပါတာကြောင့် အဆုံးအထိ မပျင်းပဲ ဆွဲခေါ်သွားနိုင်ပါတယ်။ သူတို့ချပြချင်တဲ့ အကြောင်းအရာတွေကို ၂ နာရီ မပြည့်ဘဲ အကုန်ချပြသွားနိုင်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ File size…(2 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Thant Bo

Crime
7.5 2023 111 mins
Missing
Hubie Halloween
6

မင်းသားကြီး အဒမ် ဆမ်ဒလာရဲ့ ဟောလိုးဝင်း ဟာသ ကားအသစ် ထွက်ပါပြီ။ ဒီရုပ်ရှင်မှာတော့ အဒမ်ဟာ ဟျူဘီ ဒူဘွား ဆိုတဲ့ သဘောကောင်းပြီး ရိုးအတဲ့လူကြီး၊ တစ်မြို့လုံးက အနိုင်ကျင့်ခံရတဲ့သူ အဖြစ် ပါဝင်ထားပါတယ်။ ဟျူဘီဟာ အင်မတင် ရိုးအပြီး ကြီးမားတဲ့ ယုံကြည်ချက်ကြီး တစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ ဟောလိုးဝင်း ညတိုင်းမှာ မြို့သူမြို့သားတွေ ဘေးကင်းဖို့ဟာ သူ့တာဝန်ပဲ ဖြစ်တယ်လို့ပါပဲ။ ဒါကြောင့် ဟောလိုးဝင်းညတိုင်းမှာ တစ်မြို့လုံးကို ကင်းလှည့်ပြီး အမြင်မတော်တာတွေ မသင်္ကာတာတွေကို ရဲကို သတင်းပြေးပြေးပို့တတ်ပါတယ်။ ဒါကြောင့် တစ်မြို့လုံးက လူတွေရော၊ ရဲတွေရောက ဟျူဘီကို အမြင်ကတ်ပြီး ပတ်ရှောင်နေကြရတာပါ။ ဒီလိုနဲ့ အခုရောက်လာတဲ့ ဟောလိုးဝင်းညမှာတော့ အရင်က ဟောလိုးဝင်း ညတွေလို မဟုတ်ဘဲ ထူးခြားတဲ့ ကိစ္စတွေ၊ လူပျောက်ဆုံးမှုတွေစတင်ဖြစ်လာပြီး ဟျူဘီက ရဲတွေကို သတင်းပေးပေမယ့် ချက်ချင်း မယုံကြည်ကြပါဘူး။ ဒီလိုနဲ့ လူပျောက်မှုတွေ ထူးဆန်းတာတွေ ဆက်တိုက်ဖြစ်လာတဲ့အခါမှာတော့..... File size… 1 Gb / 500 Mb Quality… Webrip 1080p /720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Littleneo

Action & Adventure • Crime • Drama
6 2020 103 mins
Hubie Halloween
Fury
7.5

Blu-Ray 1080p 5.1 CH,720P IMDB rating .....7.6 ၁၉၄၅ ခုနှစ်၊ ဧပြီလ။  ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။  အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့ နာဇီ ဂျာမနီနိုင်ငံအား အမေရိကန်မှ နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။ အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ ဖျူရီ (fury)  လို့ခေါ်တဲ့ တင့်ကား ကိုဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။ ဖျူရီ ရဲ့ တခြားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့  သေနတ်သမား ဘိုင်ဘယ် (Bible) ၊ လက်နက်ကြီးကျည်ဖြည့်တာဝန် ကွန်းအက်စ် (Coon-Ass) ၊ တင့်ကားမောင်းသူ ဂေါ်ဒို (Gordo) တို့ဟာ စစ်စကတည်းက တွဲဖက်ညီညီ နဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ဝါရင့်စစ်သားတွေပဲဖြစ်ပါတယ်။ အလန်းစားတင့်တိုက်ပွဲတွေတွေ့ရမြင်ရမှာဖြစ်သလို၊ရဲဘော်ရဲဘက်စိတ်၊စစ်အတွင်း လူသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက်သဘောထားတွေကို အကောင်းဆုံးရိုက်ပြနိုင်တဲ့ကားဖြစ်ပါတယ်... ခံစားကြည့်လိုက်ပါဦး File Size : (2.7GB)၊(950MB) Quality : Blu-Ray 1080p 5.1 CH,Blu-Ray 720P Format…mp4 Duration…02:14:00 Genre :  Action , Drama , War  Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae

Action & Adventure • Crime • Drama • Mystery
7.5 2014 135 mins
Fury
[18+] Call Boy
6.6

[+18]Call Boy(2018) IMDb….6.4 ဖန်းဆင်းခဲ့ပြီးသော မိန်းမသားများ၏ ဖြစ်တည်ခဲ့သော သဘာဝတရားများသည် ယောင်္ကျားသားများနှင့်ယှဉ်လျှင် အနည်းငယ် ဒုက္ခရောက်ရသော ကိစ္စများရှိလေသည်… ထို့ကြောင့်ပင် အားနွဲ့သောမိန်းမသားလို့ သုံးနှုံးကြလေသည်…….ထို့ကြောင့် မိန်းမသားများသည် မိမိတို့၏ အားနည်းချက်များကို ဖုံးကွယ်ရန်အလို့ငှါ ဉာဏ်ကိုတတ်နိုင်သမျှ သုံးကြလေသည်… ထိုဉာဏ်ကို မာယာဟု တစ်ချို့သောသူတွေက ခေါ်ဆိုကြပြန်သည်… ဒီကားလေးကတော့ မာယာနတ္ထိနဲ့မိန်းမသားအချို့အကြောင်းကိုခပ်လှလှလေးရိုက်ပြထားတာပါ… ဒီဂျပန်ကားလေးမှာတော့ အချို့သောအမျိုးသမီးများသည် လိင်မှုကိစ္စများနှင့် အခြားမွန်းကြတ်နေသောကိစ္စများကိုဖြေဖျောက်ရန် အခကြေးငွေးပေးကာ တိတ်တဆိတ် ခေါ်ယူရနိုင်သည့် ကောင်လေးများနှင့်အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်… ဒီကားကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ ကွယ်ဝှက်ထားသော အလွှာများကိုမြင်တွေ့နိုင်သည်…. ပြီးတော့ ဇာတ်အိမ်ကောင်းကောင်းလေးနဲ့ ခမ်းခမ်းနားနားလှလှပပလေးကို ရိုက်ပြထားတာ…နောက်ခံသီးချင်းသံကအစ Lighting အဆုံး…. လူတွေကိုစနစ်တကျလေးရွေးချယ်ထားတာရော… တော်တော်ကိုမိုက်တယ်… (18+ အခန်းပေါင်းများစွာ ပါဝင်သဖြင့် မိသားစုနှင့်အတူမကြည့်သင့်ပါ….) File Size : (2.02GB) and (635MB) Quality : Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:30:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Wild Race Encoded by SD

6.6 2018
[18+] Call Boy
In My Mother’s Skin
5.4

In My Mother’s Skin (2023) ရယူခြင်းကိုသာမြင်ပြီး ပေးဆပ်ရမယ့်တန်ကြေးကိုမမြင်ရခြင်းရဲ့နောက်ကွယ်မှာ နတ်ဆိုးနဲ့အပေးအယူလုပ်သူတွေ တော်တော်များများဟာ အကျိုးထက်အဆိုးနဲ့ကြုံရတာများပါတယ်။ တချို့ကလည်း ဒီနတ်ဆိုးနဲ့အပေးအယူလုပ်တယ်ဆိုတာကို ဒဏ္ဍာရီစကားသက်သက်လို့ပဲမှတ်ယူကြပါတယ်။ အခုဒီကားလေးကတော့ နတ်ဆိုးနဲ့အပေးအယူလုပ်မိတဲ့ ကောင်မ‌လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ ဒါတွေတကယ်ရှိမရှိဆိုတာကိုတော့ ကိုယ့်အယူအဆနဲ့ကိုယ် လိုရာဆွဲတွေးနိုင်ပါကြောင်း… ဒုတိယကမ္ဘာစစ်အပြီးမှာ ဖိလစ်ပိုင်နိုင်ငံလည်း ဂျပန်စစ်မီးကြောင့် တော်တော်လေးအထုအထောင်းခံလိုက်ရပါတယ်။ အယ်လ်ဒိုတို့ကလည်း ချမ်းသာတဲ့မိသားစုဖြစ်ခဲ့ပေမဲ့ စစ်ဒဏ်နဲ့နင်းပြားဖြစ်ပြီးတော့ အခြေအနေမဟန်လှပါဘူး။ ဒါ့အပြင် အယ်လ်ဒိုတစ်ယောက်က ပဋိပက္ခတွေကြားမှာ စစ်ထွက်ရဖို့ ဖြစ်လာပြီး အယ်လ်ဒိုကို ရွှေတွေခိုးပါတယ်စွပ်စွဲသူကတစ်ဖက်၊ ဖက်ဆစ်ဂျပန်ကောင်တွေရဲ့ အကုန်သုတ်သင်ရှင်းလင်းရေးကတစ်ဖက်နဲ့ ပြဿနာစုံကြားမှာ မိန်းမနဲ့သမီးကိုထားရစ်ခဲ့ပါတော့တယ်။ စစ်မီးဒဏ်ကြောင့် စားစရာမရှိရတဲ့ကြားထဲ အမေဖြစ်သူကပါရောဂါသည်းလာလေတော့ သမီးကြီးဖြစ်သူတာရာတစ်ယောက် အမေက တောထဲမသွားဖို့ အတန်တန်တားထားတဲ့ကြားထဲကမှ တောထဲသွားရင်း နတ်သမီးတစ်ပါးနဲ့ တွေ့လာတဲ့အခါ… တောကြီးမျက်မည်းထဲမှာ ကလေးပီပီ မဲမဲမြင်ရာ နတ်သမီးလို့ဇွတ်ထင်ပစ်လိုက်ပြီး သူ့ရဲ့အကူအညီကို လက်ခံလိုက်ချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါစို့လား။ အညွန်းနဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1GB | 504MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

Crime • Drama • Thriller
5.4 2023 97 mins
In My Mother’s Skin
Ray
7.7

အော်စကာ ၂ ဆု ၊ အခြား ဆုပေါင်း ၅၃ ခုနဲ့ ဆန်ကာတင်ရွေးချယ်ခံရမှု စုစုပေါင်း ‌၅၅ အခုထိရရှိခဲ့တဲ့ အမေရိကန် ဂန္တ၀င် တေးရေး တေးဆိုနဲ့ စန္ဒရားပညာရှင်တစ်ယောက်ဖြစ်တဲ့ ရေးချားလ်စ်ရဲ့ ဂီတအတ္ထုပတ္တိ ဒရာမာရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကြောင်းမပြောချင်မှာ ရေးချားလ်စ်ရော်ဘင်ဆန် အကြောင်းကို အနည်း‌ငယ် ပြောပြချင်ပါတယ်။ ရေးချားလ်စ်ရော်ဘင်ဆန်ကို စက်ဘင်တာလ ၂၃ ရက်နေ့ ၁၉၃၀ ခုနစ်မှာ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်က အယ်လ်ဘာနီမြို့မှာဖွားမြင်ခဲ့ပြီး အသက် ၇၃ နှစ်အရွယ်မှာ ကယ်လီဖိုးနီးယားပြည်နယ် ဘာဗလီဟေးစ်မှာ ဆုံးပါးခဲ့ပါတယ်။ ရေးချားလ်စ်ဟာ အသက် ၇ နှစ်ကတည်းက ရေတိမ်ရောဂါနဲ့ မျက်စိကွယ်ခဲ့ရပါတယ်။ ရေးလ်ချားလ်စ်ဟာ စန္ဒရားတီးခတ်တဲ့နေရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်ပြီး သူ့ရဲ့သီဆိုဟန်ကိုတော့ ထိုခေတ်အခါက နာမည်ကြီး အမေရိကန် ဂျက်ဇ်အဆိုတော်တစ်ဦးဖြစ်တဲ့ Nat King Cole ကို အဓိကလွှမ်းမိုးမှုအဖြစ် ကိုးကားခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ရေးချားလ်စ်ဟာ နာမည်ကြီးအဆိုတော်တွေရဲ့ အသံတွေကိုပါ တုပပြီးသီဆိုနိုင်စွမ်းရှိပါတယ်။ ရေးချားလ်စ်ဟာ Soul ဂီတအမျိုးအစားကို စတင်ထီထွင်ခဲ့ပြီး သူ့ရဲ့သီချင်းတွေဟာ အဓိကအားဖြင့် Blues , Jazz , Gospel စတိုင်လ်တွေကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ရေးချားလ်စ်ဟာ တေးသံသွင်းကုမ္ပဏီကြီးတွေက တစ်ကိုယ်တော်အမ်လ်ဘမ်ထုတ်‌ပေးပြီး စာချုပ်ချုပ်ငှားရမ်းတာခံခဲ့ရတဲ့ ပထမဆုံး လူမည်းဂီတပညာရှင်တစ်ဦးလည်းဖြစ်ပါသေးတယ်။ ဇာတ်လမ်းကိုတော့ ရေးချားလ်စ်တစ်‌ယောက် စီရက်တယ်မြို့မှာ အလုပ်လုပ်ဖို့ ကြုံရာဘတ်စ်ကားစီးပြီးရောက်လာခဲ့တာနဲ့ စထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ရေးချားလ်စ်ဟာ ကြုံရာ ဘားအသေးလေးတွေ ကပွဲရုံအသေးလေးတွေမှာ ၀င်ရောက်တီးခတ်ရင်း ဘ၀ကို အောက်ခြေကနေစတင်ခဲ့ပြီး အသံသွင်းကုမ္ပဏီကြီးတွေဆီက ထိုခေတ်အခါက မည်သည့်ဂီတပညာရှင်မှ မရရှိခဲ့ဖူးတဲ့ အခွင့်အရေးတွေ ကမ်းလှမ်းမှုတွေနဲ့ ကမ်းလှမ်းခံရတဲ့အဆင့်အထိရောက်အောင် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကြောင်းကိုတော့ အများကြီးထပ်မပြောတော့ပါဘူး။ အော်စကာနှစ်ဆုတောင်ရရှိခဲ့ပြီး ရုပ်ရှင်ပရိတ်သတ်တိုင်း အကြိုက်တွေ့စေမဲ့ရုပ်ရှင်ဖြစ်တာကြောင့် Jazz, County, Blues နဲ့ တခြားသော တေးဂီတသံတွေကို နားဆင်ခံစားရင်း ရေးလ်ချားလ်စ်ကြီးတစ်ယောက် ဘ၀ရဲ့အနိမ့်အမြင့်အတက်အကျတွေကို ဖြတ်သန်းရင်း အောင်မြင်မှုတွေဆွတ်ခူးနိုင်ခဲ့ပုံကို ကြည့်ရှုလိုက်ကြပါဦး။ File size…(3.8 GB)/(2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:39:00 Genre…Drama, Biography, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

7.7 2004 152 mins
Ray
Scooby-Doo and the Alien Invaders
6.8

Scooby-Doo and the Alien Invaders (2000) =============================== IMDb Rating – 6.8/10 ဒီတစ်ခါမှာတော့ 2002 ခုနှစ်ထွက် Scooby Doo ရုပ်ရှင်ရဲ့ Graphic quality ကို အပြည့်အဝပြန်ခံစားပြီး Nostalgic ဖြစ်လိုက်ကြရအောင်လားဗျာ။ IMdb Rating – 6.8 ရှိတာမို့ ပုံမှန်လို Entertainment အသားပေးသာသာ Common sense rating နည်းလေ့ရှိတဲ့ ဇာတ်လမ်းမျိုးမဟုတ်တာတော့ အထွေ အထူးညွှန်းဖို့ မလို‌လောက်ပါဘူးနော်။ Mystery Machine ရဲ့ ဒါရိုင်ဘာခုံမှာ ဖင်မထိုင်ဖူး‌သူ Shaggy နဲ့ Scooby တို့နှစ်ယောက် ထူးထူးခြားခြား ကားမောင်းတာဝန်ယူတဲ့ ညမှာမှ တိုက်တိုက်ဆိုင်ဆိုင် ဇာတ်လမ်းကစတာပါ။ ကန္တာရဒေ သမို့ အချိန်အခါမဟုတ် သဲမုန်တိုင်းတိုက်နေတာပေါ့။ Mystery Machine ပေါ်ကနေ ပန်းကန်ပြားပျံသဏ္ဍာန် အရိပ်ကြီးတစ်ခု ဖြတ် ပျံသွားပြီးနောက်မှာတော့ ဂြိုဟ်သားကျူးကျော်မှုရဲ့ သားကောင်ဖြစ် နေတဲ့ နယ်မြို့လေးတစ်မြို့မှာ Scooby တို့သူငယ်ချင်းတစ်စု သောင် တင်စတည်းချရဖို့ ဖြစ်လာပါတော့တယ်။ အစိုးရစီမံကိန်းရဲ့ စလောင်းတွေကြောင့် ဂြိုဟ်သားအန္တရာယ်ဖြစ်ရပါ တယ်လို့ဆိုသူများအပြင်ကိုမှ Velma ကတော့ တခြားအရာကိုသာ သံသယရှိနေခဲ့ပါတယ်။ ညဆိုတာနဲ့ ကြက်ပျောက်ငှက်ပျောက်ရှိလှတဲ့ မြို့မှာ ခေါင်မိုးထပ်တက်ပြီး စိတ်ချလက်ချအိပ်မိတဲ့ Shaggy နဲ့ Scooby တို့ကို ဂြိုဟ်သားတွေပြန်ပေးဆွဲသွားတာကနေစလို့ Mystery Gang ရဲ့ စုံစမ်းစစ်ဆေးရေးအသက်ဝင်လာပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.6 GB) / (716 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 14Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Comedy Translator…….Hnin Wut Yi Encoder……….Zin Phyo Aung

6.8 2000
Scooby-Doo and the Alien Invaders
Love, Death and Cat
5.7

တာ့ထန်ခေတ်အချိန်မှာ တိုင်းပြည်တိုးတက်ဝပြောတဲ့အတွက် လူတွေရေ ာ မိစ္ဆာတွေရော ပျော်ပါးကြချိန်ဖြစ်ပါတယ်။ ၁၆ နှစ်အရွယ် နတ်ဆရာလေး ဟွိုင်ရှန့်ဟာ ဆရာနဲ့အတူ လော့ယန်မြို့ကြီးကို ရောက်လာခဲ့ပါတယ်။ တာ့ထန်ခေတ်ရဲ့ လော့ယန်မြို့ကြီးဟာ ညလုံးပေါက် မီးထိန်ထိန်လင်းနေပါတယ်။ အကရုံထဲမှာ သခင်လေးကုံးဟာ ငယ်စဉ်အခါက တစ်ဖက်သတ်ချစ်ရသူကို ပြန်တွေ့ခဲ့ပါတယ်။ သူချစ်နှစ်သက်တာက အဲ့ဒီလူရဲ့အရေပြားလား အရေပြားထဲက နှစ်တစ်ရာကြောင်ကြီးကိုလား…… အလောင်းရုံထဲမှာ ကြောင်နက်လေးတစ်ကောင်က အမြီးကိုဖြတ်ပြီး ကျေးဇူးရှင်ရဲ့ အသက်ကို ကယ်ခဲ့ပါတယ်။ ဒါပေမဲ့ သူပြန်ရတာက တစ်သက်တာအချစ်ခံရခြင်းလား လောဘကြောင့် သစ္စာဖောက်ခြင်းလား…… ရေမြောင်းပုပ်ထဲက ကြွက်မိစ္ဆာလေးက ကြောင်မိစ္ဆာလေးကို ချစ်မိသွားတယ်။ သူ့စိတ်ကူးထဲက ပျော်ရွှင်မှုတွေဖြစ်လာမလား ကံကြမ္မာရဲ့ အပြောင်းအလဲက ကြိုဆိုနေမလား…… ဆိုတာကို မိစ္ဆာရဲ့ သဘာဝဗီဇနဲ့ လူတွေရဲ့ သဘာဝဗီဇကို သရုပ်ဖော်ထားတဲ့ ကြောင် ၃ ကောင်ရဲ့ ပုံပြင်လေးကို အတူတကွ ကြည့်ရှုခံစားလိုက်ရအောင်နော်။

Drama
5.7 2024
Love, Death and Cat
Contact
7.5

Contact (1997) IMDb Rating (7.5) / Rotten Tomatoes (68%) Forrest Gump တို့ Cast Away တို့ Back to the Future တို့လို နာမည်ကျော်ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ရဲ့ Sci-Fi /Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသမီး Jodie Foster, မင်းသားကြီး Matthew McConaughey တို့လို ဝါရင့်သရုပ်ဆောင်တွေပါဝင်ထားပြီး ရုံတင်ဝင်ငွေ $171.1 million ထိ ရရှိခဲ့တဲ့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ လူသားတွေက ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုတည်းနဲ့တောင် ပြဿနာတွေ ဒီလောက်ရှုပ်ထွေးနေတာ အဆုံးအစမဲ့ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲကိုတောင် ခြေဆန့်လို့ ငါလိုလူမျိုးရှိသေးလား ရှာဖွေတတ်ကြသူတွေပါ။ လူကြီးမင်းအနေနဲ့ အပေါစား ဂြိုဟ်သားဇာတ်ကားထဲကလို ကွိကွိကွကွတွေပြော၊ အစိမ်းရောင်ကိုယ်ခန္ဓာနဲ့ အခြားကမ္ဘာသားတွေကို စိတ်ဝင်စားတတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဇာတ်ကားက လူကြီးမင်းအတွက် မဟုတ်ပါဘူး။ အတ္တအဇ္ဇတ္တတစ်ခုနဲ့ပဲ လူကြီးမင်းဟာ ကမ္ဘာပေါ်က နေ့ရက်တစ်ခုကို ကျင်လည်ခဲ့တယ်ဆိုပါစို့။ လူကြီးမင်းဖြတ်သန်းနေတဲ့ မိနစ်တိုင်းမှာ စကြဝဠာထဲက ခုန်လျှိုးပေါက်တွေကတဆင့် သတ္တဝါတွေဟာ အလင်းနှစ်သန်းချီအဝေးကို စက္ကန့်မခြား ခရီးထွက်နေကြသတဲ့။ မိခင်မြေက စွန့်ခွာလာသူတွေကို ကြိုဆိုလိုက် မောင်းထုတ်လိုက် လုပ်နေသူတွေရှိပါတယ်။ ဒါဟာ ဘယ်သူတွေပါလဲ။ ဒါမှမဟုတ် ဘယ်သူပါလဲ။ သိပ္ပံပညာဟာ အချက်အလက် (database) နဲ့ သက်သေသက္ကာရ (prove) ကို အလေးအနက်ထား နံပါတ် ၁ နေရာက စဉ်းစားကြသူတွေပါ။ ဒါပေမဲ့ သိပ္ပံပညာနဲ့ ဖြေရှင်းလို့မရတဲ့ အရာတွေမှာရော ဘုရားရှင်ကို အရာရာရဲ့ အဖြေပါလို့ လက်ညိုးထိုးမလား။ သတိထားပါ လူကြီးမင်း။ ဘုရားသခင်ကို ဘယ်သူဖန်ဆင်းခဲ့သလဲလို့မေးရင် ကြက်ဥနဲ့ ကြက်မပြဿနာလို ဂျာအေးကို မုန့်လုံးစက္ကူကပ်နေမှာပါပဲ။ ဆင်မှာလည်း ဆင်အထွာနဲ့၊ ဆိတ်မှာလည်း ဆိတ်အထွာနဲ့ဆိုပေမဲ့ ဆင်အထွာကိုရော ဆိတ်အထွာကိုရော ပုရွက်ဆိတ်လေးက မမီခဲ့ပါဘူး။ ဒါပေမဲ့ ဆင်တွေ ဆိတ်တွေကို အောင်သေအောင်သားစားသူက ပုရွက်ဆိတ်လေးလည်း ဖြစ်နိုင်ပါရဲ့။ နွားခြေရာခွက်ထဲမှာ ရေတင်ကျန်ရစ်တာကို သမုဒ္ဒရာကြီးထင်နေတဲ့ ဖားလောင်းကို ဧရာဝတီမြစ်ထဲက ငါးကြင်းတစ်ကောင်က ရယ်သွမ်းသွေးတယ်ပဲ ထားကြပါစို့။ ‌အတ္တလန်းတစ် သမုဒ္ဒရာထဲက ဝေလငါးကတော့ သူ့နေရာမှာတောင် နယ်မနှံ့ခဲ့သေးပါဘူး။ ဒီလိုနဲ့ပဲ ဘုရားသားတော်တစ်ပါးနဲ့ သိပ္ပံကျေးကျွန်တစ်ယောက်က ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်ခဲ့ပေမဲ့ ရေများရင် ရေနိုင်လို့ မီးများရင် မီးနိုင်တဲ့လောကကြီးမှာ အမှန်တရားနဲ့ ယုတ္တိကျ ပြေပြစ်ခြင်းဆိုတာ တစ်ခါတလေမှာလည်း ဘယ်ဘက်မှာ၊ တစ်ခါတလေမှာလည်း ညာဘက်မှာ။ လူကြီးမင်းက အဖြူကို အဖြူပါလို့လက်ခံထားချိန်မှာ မဟူရာလို နက်မှောင်ပါတယ်လို့ ပြောလာသူတစ်ယောက်ကို လေးစားတတ်ဖို့ တကယ်အရေးကြီးပါတယ်။ သူကလည်း အမည်းကို ‌အဖြူလို့ ပြောလာသူတစ်ယောက်ကို ရင်ဆိုင်နေရသူပါ။ ဒါပေမဲ့ တစ်ထွာစာ မြေနေရာလောက်နဲ့ လူတစ်သိန်းအသက်ကို စတေးရဲသူ လူသားတွေဟာ အမည်းကို အဖြူပြောတယ်ဆိုပြီး အယူလွှဲမှားသူစာရင်းထဲကိုထည့် ရက်ရက်စက်စက် အပြစ်ပေးတတ်သူတွေ။ ဒီလိုနဲ့ပဲ အပြစ်အနာအဆာတွေ အများကြီးနဲ့ လူသားတွေရယ်၊ လူသားတွေလိုသတ္တဝါတွေရယ်ကို သူတို့က ဘယ်လောက်တောင် သိမ်နုတ်သလဲ၊ ဉာဏ်တိမ်သလဲဆိုတာ ခေါ်ပြောလိုက်ရုံတမယ် တစ်ဆင့်မြင့် အခြားကြယ်စုကြယ်ဝေးက ဂြိုဟ်သားတွေဟာ ရေဒီယိုလှိုင်းတွေနဲ့ ဆက်သွယ်ခေါ်ယူ ပညာပေးနေကြသတဲ့။ ဒီဇာတ်လမ်းဟာ လူကြီးမင်းတို့ကို အတွေးတစ်စုံတစ်ရာ ‌ပေးစွမ်းမှာဖြစ်ပြီးတော့ တနုံ့နုံ့ခံစားနေရမယ့် ရုပ်ရှင်တစ်ကားပါပဲ။ သိပ္ပံပညာရှင် အမျိုးသမီးတစ်ဦး ဗေဂါကြယ်အဖွဲ့အစည်းဆီကနေ ဆက်သွယ်မှုတစ်ခုရ၊ သူတို့ပေးတဲ့နည်းပညာနဲ့ သူတို့ဆီကို ခရီးထွက်ခဲ့တဲ့အကြောင်းဆိုပေမဲ့ အရင်းစစ်ရင် အမြစ်ကဆိုသလို မြေကမ္ဘာပေါ်မှာပဲ အသိအသစ်တွေနဲ့ အစကနေ ပြန်လည်နေထိုင်ရခြင်းကို ရည်ညွှန်းတယ်ထင်ပါရဲ့လေ။ စိတ်ပညာအသားပေးရုပ်ရှင်မလို့ ဇာတ်လမ်းနဲ့ ဇာတ်ကွက်ကို အဓိကမထားဘဲ ဒါရိုက်တာပေးချင်တဲ့ သတင်းစကားကိုသာ လိုအပ်သလို အဓိပ္ပာယ်ဖွင့်ယူနိုင်တဲ့ ကြည့်သင့်ကြည့်ထိုက်တဲ့ ဇာတ်ကားဖြစ်‌ကြောင်းပါဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

7.5 1997
Contact
Come and See
8.4

Come and See ( 1985 ) IMDb Rating (8.4) / Rotten Tomatoes (90%) Greatest War Films of all time စာရင်းမှာ ကူးဘရစ်ရဲ့ Paths of Glory (1957)နဲ့ Full Metal Jacket (1987)တို့ ကော်ပိုလာရဲ့ Apocalypse Now (1979)တို့ Jean Renoirရဲ့ Grand Illusion (1937)တို့နောက်မှာ ကပ်ပါလာတာကတော့ ဆိုဗီယက်ကား Come and See ( 1985 )ဆိုတဲ့ရုပ်ရှင်ကားပါပဲ။ တစ်ချက်ရှိတာက ဒီကားတွေကို အကောင်းဆုံးစစ်ကားတွေလို့ ပြောကြပေမဲ့ ဒီကားတွေအကုန်လုံးက Anti-war filmsစာရင်းမှာ ဝင်နေတာပါပဲ။ Anti-war filmsတွေဆိုတာကတော့ စစ်ဆိုတာ အဓိပ္ပာယ်မရှိတဲ့အရာ အနိဠာရုံများတဲ့အရာလို့ဖော်ပြထားတဲ့ စစ်ရဲ့မကောင်းခြင်းတွေကို မီးမောင်းထိုးပြနေတဲ့ ရုပ်ရှင်တွေပါပဲ။ The Thin Red Lineတို့ Platoonတို့လိုကားတွေ ဒီနောက်ပိုင်းထွက်တဲ့1917တို့ All Quiet on the Western Frontရဲ့ ဗားရှင်း၃ခုလုံးတို့အကောင်းဆုံးဆိုတဲ့စာရင်းဝင် စစ်ကားမှန်သမျှဟာ စစ်ကိုဆန့်ကျင်တဲ့ကားတွေ ဖြစ်နေတာတော့ သမိုင်းတစ်လျှောက် အနုပညာရဲ့ရပ်တည်ချက်ကို ပြနေသလိုလိုပါပဲ။ Come and See ဟာ ဆိုဗီယက်ရုရှား ရုပ်ရှင်ဒါရိုက်တာ Elem Klimovရဲ့ အအောင်မြင်ဆုံးကားဖြစ်သလို သူ့ရဲ့နောက်ဆုံးပိတ်ရုပ်ရှင်ဆိုလည်း ဟုတ်ပါတယ်။ Klimov ငယ်ဘဝက စစ်တွင်းအတွေ့အကြုံတွေကို နည်းနည်းထင်ဟပ်နေတယ်လို့လည်း ဆိုထားတယ်။ Klimov ဟာ Come and See နောက်ပိုင်းမှာတော့ ဘာရုပ်ရှင်မှ မရိုက်ခဲ့ပါဘူး။ သူလုပ်နိုင်သလောက် လုပ်ပြပြီးပြီလို့ ခံစားရလို့လို့လည်း ပြောခဲ့တယ်။ Greatest Films of all Time စာရင်းမှာ အဆင့်၄၁ချိတ်နေတဲ့ကားကို ရိုက်ပြီးပြီဆိုတော့ သူပြောသလိုဟုတ်ရင်လည်းဟုတ်ပါလိမ့်မယ်။ သူနဲ့ဇာတ်ညွှန်းတွဲဖက်ရေးတဲ့သူကလည်း ဒီစစ်ကို တကယ်တိုက်ခဲ့တဲ့သူဆိုတော့ ဒီဇာတ်လမ်းရဲ့ အများစုကတော့ သူတို့အတွေ့အကြုံတွေကပဲ လာတယ်လို့ ပြောရပါမယ်။ ပြတာတွေကလည်း အပေါ်ကစာရင်းထဲက စစ်ကားတွေအားလုံးမှာ အရက်စက်ဆုံးလို့ပြောရပါမယ်။ တစ်နည်းနဲ့ပြောရရင် သူကစစ်တိုက်တာထက် စစ်ရဲ့နစ်နာသူတွေကို အဓိက မီးမောင်းထိုးပြထားတဲ့ ကားလို့ပြောရမယ်။ ဇာတ်အိမ်ကိုတော့ ဒုတိယစစ်လယ်ကာလ ၁၉၄၃မှာ တည်ထားတယ်။ သူတို့ဆီက ယောက်ျားလေးအများစု တိုက်ပွဲဝင်နေရတဲ့ကာလပေါ့။ အဲဒီကာလမှာ ကလေးသာသာကောင်လေးတစ်ယောက်က စစ်တော်တော်ဝင်တိုက်ချင်ခဲ့တယ်။ မြေကြီးတွေပတ်တူးပြီး မြေကြီးထဲက လက်နက်ရှာနေခဲ့တယ်။ လက်နက်ရှိမှ လက်ခံမကိုး။ ဘယ်သူတွေဘာလို့မြုပ်ထားကြလဲတော့ မပြောတတ်ဘူး။ ဒီလိုနဲ့ကောင်လေးဟာ လက်နက်ကို တွေ့သွားတော့ စစ်ထဲလိုက်သွားခဲ့တယ်။ အဲဒီနောက် အနိဠာရုံအတိနဲ့ သူမမြင်ဖူးခဲ့တဲ့လောကကို သူမြင်ခဲ့ရတယ်။ Come and See ဆိုတဲ့ စကားလုံးက သမ္မာကျမ်းစာရဲ့ Revelation 6- Four Horsemen & Six Sealsထဲက Apocalypse ဖြစ်ဖို့ ဘုရားသခင်ရဲ့ Seals ၄ခုပွင့်ပြီးတဲ့နောက်မှာ four living beasts ထဲက တစ်ကောင်က ပြောခဲ့တဲ့စကားပါပဲ။ တစ်နည်းအားဖြင့် Come and See ဆိုတာကလည်း Apocalypse Now လို့ပြောတာပါပဲ။ ဒါပေမဲ့ Come and See ဟာ Apocalypse Now ထက် အများကြီး ပိုရက်စက်တဲ့ ရုပ်ရှင်, ပိုရက်စက်တဲ့ အနိဠာရုံတွေအကြောင်းပါပဲ။ ရုပ်ရှင်အစက ကောင်လေးဟာ စစ်ဟာ ဘယ်လောက်ရက်စက်လဲ မသိခဲ့ပါဘူး။ ဒီတော့ သူ့မှာဝင်တိုက်ချင်စိတ် အပြည့်ရှိခဲ့တယ်။ တကယ်တမ်းဝင်တိုက်တဲ့အခါမှာ စစ်ရဲ့အနိဠာရုံတွေကို မခံစားနိုင်ဘဲ ရူးသွားခဲ့တယ်။ ဆယ်ကျော်သက်ကောင်လေးအဖြစ်ကနေ နေ့တွင်းချင်းပဲ အိုမင်းရင့်ရော်သွားခဲ့တယ်။အနိဠာရုံတွေဟာ လူတွေကို ရူးသွားစေနိုင်တဲ့အကြောင်း ကျွန်တော်တို့ ခဏခဏမြင်ခဲ့ပြီးပါပြီ။ Come and See ကလည်း ဒါကိုပြထားတဲ့ မာစတာပိစ်ရုပ်ရှင်တစ်ကားပါပဲ။ တစ်ခုရှိတာက ဒီရုပ်ရှင်ရဲ့ အရက်စက်ဆုံးဆိုတဲ့အရာတွေမလာခင်မှာ လှပတဲ့အရာတစ်ချို့အရင်လာခဲ့တယ်။ ကောင်လေးဟာ အနိဠာရုံတွေနဲ့ ပက်ပင်းမတိုးခင်မှာ သူ့အချစ်ကို တွေ့ရှိသွားခဲ့တယ်။ မိုးစက်တွေ နူးညံ့ခြင်းတွေ အနွေးဓာတ်တွေ နေရောင်ခြည်တွေနဲ့ စိမ်းစိုနေအောင်လှနေတဲ့‌ တောအုပ်ကလေးကို သူတွေ့ရှိသွားခဲ့တယ်။ ချစ်ချင်တယ်ဆိုတဲ့ ကောင်မလေးကို သူတွေ့ရှိသွားခဲ့တယ်။ အနိဠာရုံတွေရဲ့အရှေ့မှာ ဒီလိုအရာကို အရင်ထည့်တာက ဒါရိုက်တာက နောက်လာတော့မယ့် ရက်စက်ခြင်းတွေအတွက် ကျွန်တော်တို့ကိုရော ဇာတ်ကောင်တွေကိုရော သက်ညှာတဲ့အနေနဲ့ ခဏလေးစိတ်အေးစေခဲ့တာလား။ ဒါမှမဟုတ် ပိုရက်စက်လိုက်တာလားတော့ မသိနိုင်ဘူး။ အခုတော့ ချစ်ချင်ခဲ့တဲ့ကောင်မလေးရဲ့ ခြေထောက်တွေဟာ သွေးစိမ်းရှင်ရှင်ယိုလို့။ သေချာတာတော့ အဲဒီမျက်ဝန်းတွေဟာ ဒီကမ္ဘာမှာ အချစ်ရှိပါတယ်လို့ ဘယ်တော့မှ မယုံတော့မယ့်မျက်ဝန်းတွေ ဖြစ်သွားခဲ့ပြီ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wira Aung မှ တင်ဆက်ထားပါတယ်။)

8.4 1985
Come and See
Thalavan
7.4

Thalavan (2024) “ခေါင်းဆောင်” IMDb – 7.4/10 အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ သဘောတွေ့စေမဲ့ မလေယာလမ်းမှုခင်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မလေယာလမ်းမင်းသားတွေဖြစ်တဲ့ အာဆစ်ဖ်နဲ့ ဘီဂျူးတို့ အပြိုင်ကြဲထားတဲ့ ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ကားကြီးပေါ့။ ဇာတ်လမ်းအစ တီဗီချန်နယ်တစ်ခုမှာ အောင်မြင်တဲ့အပိုင်းတွဲအဖြစ်နဲ့ ထုတ်လွှင့်နေပြီး ဖြစ်ရပ်မှန်မှုခင်းတွေကို ပြန်ပြောပြနေတဲ့ အငြိမ်းစားရဲအရာရှိ အူဒယာဘဟာနူး။ သူ မပြောချင်တဲ့ အမှုတွဲတစ်ခုကို ချန်နယ်ကတာဝန်ရှိသူတစ်ယောက်တိုက်တွန်းချက်အရ ငါးပိုင်းမြောက်မှာ ထုတ်ပြောဖို့လုပ်ပါတယ်။ ဒီအမှုတွဲမှာအဓိကပါဝင်နေတာက ရဲအရာရှိနှစ်ယောက်။ အထက်အောက်ရာထူးမတူညီကြတဲ့ ရဲအရာရှိနှစ်ယောက်ကြားက အားပြိုင်မှု။ သူတို့နှစ်ယောက် အဓိကပါဝင်ထားတဲ့အမှုမှာ ဇာတ်ကြောင်းပြောပြနေတဲ့ ရဲအရာရှိလည်းပါဝင်နေပြီး မထင်မှတ်စရာအလှည့်အပြောင်းတွေနဲ့ ဖုံးကွယ်ထားတဲ့အမှန်တရားတွေ ပေါ်လာတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.4 2024
Thalavan
Uzumaki
6.1

2000 ခုနှစ်ကထွက်ရှိခဲ့တဲ့ Japanese Horror, Sci-fi ကားလေးတစ်ခုဖြစ်ပြီး နာမည်ကျော် The Junji Ito Collection တို့ Tomie တို့ရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့ Artist Junji Ito ရဲ့ Manga ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Junji Ito ရဲ့ထုံးစံအတိုင်း လျှို့ဝှက်ဆန်းကျယ်စွာနဲ့ ခြောက်လှန့်မယ့်၊ ကြောက်လန့်ရမယ့်ကားလေးဆိုလည်း မမှားပါဘူး။ ရှူးအိချိနဲ့ခီရိအဲတို့က ငယ်သူငယ်ချင်းတွေဖြစ်ပြီး ကျောင်းသွားကျောင်းပြန် အတူတူသွားလာနေကြလျက်ရှိပါတယ်။ တစ်နေ့ ခီရိအဲ ရှူးအိချိနဲ့ဆုံနေကျနေရာကိုသွားတဲ့လမ်းမှာ ရှူးအိချိရဲ့အဖေကိုတွေ့လို့ သွားနှုတ်ဆက်ချိန်မှာတော့ ရှူးအိချိအဖေက ပြန်မနှုတ်ဆက်ခဲ့ပါဘူး။ ရှူးအိချိအဖေက အုဇုမာကိလို့ခေါ်တဲ့ ကြောင်လိမ်ပုံစံ အသွင်သဏ္ဍာန်တစ်ခုကို အလွန်စွဲလမ်းနေတဲ့လူတစ်ယောက်ပါ။ မြို့ထဲလမ်းပတ်လျှောက်ရင်း အုဇုမာကိပုံစံတစ်ခုခုကိုတွေ့တိုင်း အိမ်ကိုပြန်သယ်လာတဲ့အထိ အစွန်းရောက်စွဲလမ်းနေတာပဲဖြစ်ပါတယ်။ ရှူးအိချိက သူ့အဖေရဲ့ မူမမှန်တဲ့ပုံစံတွေကိုကြည့်ရင်း မြို့ကြီးက ထူးဆန်းနေတယ်ဆိုတာကို သတိထားမိလာပါတော့တယ်။ ဒီလိုနဲ့ ထူးဆန်းမှုတွေက ဆက်တိုက်ဖြစ်ပေါ်လာတဲ့အခါမှာတော့ တစ်မြို့လုံး ဘယ်လိုကံကြမ္မာကြီးနဲ့ ကြုံတွေ့လာရမလဲ။ အုဇုမာကိစွဲလမ်းမှုက ရိုးရှင်းရဲ့လား။ File Size : 2.4 GB, 987 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 30min Format : Mp4 Genre : Drama, Fantasy, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by : Benni Encode by : Thit San Khant

6.1 2000 90 mins
Uzumaki
The Sand Castle
4.6

The Sand Castle (2024) IMDb Rating (4.6) The Sand Castle (2024) ဟာ မိသားစု၊ အိပ်မက်တွေ၊ နှင့် အချိန်ရဲ့ ပြောင်းလဲမှုတွေကို အဓိကထားပြသတဲ့ လှပတဲ့ ဒရာမာရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ မိန်းကလေး အနုပညာရှင်တစ်ဦးဖြစ်တဲ့ အဓိက ဇာတ်ကောင်ကို Sophia Lynn က သရုပ်ဆောင်ထားပြီး သူမရဲ့ ခံစားချက်တွေကို သဲပုံတွေဖန်တီးခြင်းကတစ်ဆင့် ဖော်ပြတယ်။ ဒါရိုက်တာ Ethan Ray ရဲ့ လက်ရာဖြစ်ပြီး အချိန်ရဲ့ လှပမှုကို အနုပညာအဖြစ်ဖမ်းယူပြထားနိုင်တယ်။ ဇာတ်လမ်းဟာ သူမရဲ့ ဖခင် (Thomas Grant သရုပ်ဆောင်) နဲ့ သူမရဲ့ ကွယ်လွန်သွားတဲ့ မိခင်အကြောင်းကို ပြန်လည်နွေးပြီး သူတို့အိမ်ထောင်စုရဲ့ သာယာမှုကို ပြသထားပါတယ်။ သဲပုံတွေဖန်တီးတဲ့ ပင်လယ်ကမ်းခြေရှုခင်းတွေဟာ ပန်းချီလက်ရာလိုပဲ ကြည့်ရတာ အရမ်းလှပါတယ်။ Elena Harper ရဲ့ တေးဂီတတွေက တစ်ခန်းချင်းစီကို ပိုမိုခံစားရစေပါတယ်။ ရုပ်ရှင်ကို ဇာတ်လမ်းအဖွဲ့အစည်းနဲ့ စိတ်ထိခိုက်စေတဲ့ အာရုံစိုက်မှုကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိထားပါတယ်။ စိတ်လှုပ်ရှားဖွယ် ဒရာမာဇာတ်လမ်းတွေကို ကြိုက်သူတွေအတွက် မဖြစ်မနေ ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2.3 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Fantasy,Mystery,Thriller Duration….01:37:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Banyar Aung

Drama • Romance
4.6 2024 98 mins
The Sand Castle