YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Viral Prapancham (2025) Telugu TRUE WEB-DL - 1080p - AVC - YK(CM).mkv

1.21 GB 1080p video/x-matroska 44 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bachelorette
5.4

ယခု တင်ဆက်ပေးမှာကတော့ အမေရိကန် ဟာသဇာတ်မြူး ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ Spider Man ဇာတ်လမ်းမှာ Mary Jane အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kristen Dunst ၊ Now You See Me ဇာတ်ကားထဲက မင်းသမီးတွေဖြစ်တဲ့ Isla Fisher နဲ့ Lizzy Caplan ၊ Pitch Perfect ထဲကအချစ်တော်ကြီးဖြစ်တဲ့ Rebel Wilson တို့လိုနာမည်ကြီးမင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းသွားကတော့ နာမည်ကြီးဟာသဇာတ်လမ်း Hang Over နဲ့ခပ်ဆင်ဆင်တူပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ပြောရရင် ရီဂန်(Kristen Dunst) ၊ ဂျန်နာ (Lizzy Caplan) နဲ့ ကေတီ ( Isla Fisher) တို့က ငယ်သူငယ်ချင်းဖြစ်သူ ဘက်ကီ( Rebel Wilson ) ရဲ့ မင်္ဂလာပွဲမှာ သတို့သမီးအရံအဖြစ်လုပ်‌ပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မင်္ဂလာပွဲမတိုင်ခင်ည ပါတီမှာ သုံးယောက်သား သောင်းကျန်းလွန်ရင်းသတို့သမီးရဲ့ မင်္ဂလာဝတ်စုံပြဲသွားပါတယ်။ ဒီတော့ ညတွင်းချင်း ဝတ်စုံအသစ်ပြန်စီစဉ်ဖို့ လုပ်ရပါတော့တယ်။ သူတို့ရဲ့ ဒီမစ်ရှင် ဟာ ကောင်းကောင်းမွန်မွန်ပြီးသွားမလား၊ ဘယ်လိုကမောက်ကမတွေဖြစ်မလဲ ဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါအုံးခင်ဗျာ။ File size…(1.3 GB)/(660 MB)/(380 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

Horror • TV Movie • Thriller
5.4 2012 87 mins
Bachelorette
The First Time
7

ဆယ်ကျော်‌သက်ကျောင်းသားအချစ်ဇာတ်မြူးကားလေးတွေကို ကြိုက်တတ်တဲ့သူတွေအတွက် (၂၀၁၂) ထွက် The First Time ဆိုတဲ့ ကျောင်းသားကား‌လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပါတီပွဲတစ်ပွဲမှာ ထူးဆန်းစွာတွေ့ဆုံကြရင်း ပေါက်ဖွားလာတဲ့ခံစားချက်တွေကြားက ဒေးဗစ်ဆိုတဲ့စီနီယာအထက်တန်းကျောင်းသားလေးနဲ့ အော်ဘရီဆိုတဲ့ ဂျူနီယာအထက်တန်းကျောင်းသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ တခြားလူတစ်ယောက်ကိုချစ်သွားဖို့အတွက် အချိန် (၂) စက္ကန့်ပဲလိုပါတယ်လို့ ဖတ်ဖူးပါတယ်။ ဒေးဗစ်နဲ့အော်ဘရီကြားမှာ ပေါက်ဖွားလာတဲ့သံယောဇဉ်ကြိုးဟာလည်း အချိန်တိုတွင်းနှစ်ယောက်သားကို ချည်နှောင်လိုက်တာပဲဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးဇာတ်မြူးကားလေးပဲဖြစ်တာမို့ ထူးထူးခြားခြားဇာတ်လမ်းအတက်အကျတွေ သိပ်မပါဘဲ ခပ်အေးအေးလေးပဲသွားမဲ့ ဇာတ်လမ်းသွားမျိုးဖြစ်ပါတယ်။ ဒီလိုပြောလို့ ပျင်းစရာကြီးနေမှာပါလို့ ထင်ကြမဲ့ပရိသတ်ကြီးအတွက်လည်း IMDB rating က 6.8 ထိရရှိထားတဲ့ သေချာပေါက်ကြည့်ရကျိုးနပ်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ပြောပြရစေခင်ဗျာ။ အဓိကဇာတ်ဆောင်တွေအနေနဲ့ ဒေးဗစ်အဖြစ် မင်းသား Dylan O'Brien က ပါဝင်သရုပ်ဆောင်ထားပြီး The Maze Runner, Teen Wolf စတဲ့ရုပ်ရှင်ဇာတ်လမ်းတွေမှာ မြင်တွေ့ဖူးထားသူမို့ မျက်နှာသစ်မင်းသားတစ်လက်တော့ မဟုတ်ပါဘူး။ အော်ဘရီနေရာကသရုပ်ဆောင်ထားတဲ့ မင်းသမီး Britt Robertson ကလည်း စာရေးဆရာကြီး Nicholas Sparks ရဲ့ Movie adaptation ဖြစ်တဲ့ The Longest Ride, Tomorrowland စတဲ့ movie တွေမှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ဖူးသူမို့ ဒီဇာတ်ကားက နာမည်ရမင်းသား၊ မင်းသမီးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးတင်ဆက်ထားတဲ့ rating ကောင်းကောင်း‌ဇာတ်ကားကောင်းတစ်ကားပါလို့ ပြောပါရစေခင်ဗျာ။ File size…(1.6 GB)/(850 MB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

Reality
7 2012 95 mins
The First Time
After Masks
3.8

ကူးစက်ရောဂါ ကိုရိုနာဗိုင်းရပ်စ် သောင်းကျန်နေတဲ့ကိုဗစ် ကာလအတွင်း Stay home နေကြရင်း တစ်ယောက်ချင်းစီ ဖြတ်သန်းရပုံတွေ အခက်အခဲ တွေ့ရပုံတွေ အထီးကျန်ရပုံတွေ ပြဿနာတက်ရပုံတွေ စိတ်ထွက်ပေါက်ရှာကြတာတွေကို ရှုထောင့်အမျိုးမျိုးကနေ ပြောပြနေတဲ့ပုံစံမျိုးနဲ့ တင်ဆက်ထား ပါတယ်။ အလုပ်တွေ ကြိုးစားရုန်းကန်ပြီး အဆင်မပြေဖြစ်နေတဲ့ အမျိုး သမီးတစ်ဦး၊ လူမည်းတစ်ယောက် နှိမ့်ချခံရတာ Black Lives Matter ပြချင်တဲ့ လူမည်းအမျိုးသမီးတစ်ဦး၊ ကိုဗစ်ကာလ မူးရူး ဖြတ်သန်းနေတဲ့ အမူးသမားတစ်ဦး၊ ဘာသာရေးတွေနဲ့ ဖြတ်သန်း ကြတဲ့ ဂျူးအမျိုးသမီး၊ ယောက်ျားဆုံးလို့ ပူပင်စွာဖြတ်သန်းနေရတဲ့ ဇနီးသည်၊ သူငယ်ချင်းတွေနဲ့ ပျော်မြူးပြီး ဖြတ်သန်းကြတဲ့လူငယ်တွေ အတွဲတွေ စသဖြင့် လူပေါင်းစုံနေရာကို ရိုက်ကူးထားပြီး ကိုဗစ်ကာလ တစ်ယောက်ချင်းစီရဲ့ အကြောင်း လူသားအတွေ့အကြုံခရီးတစ်ခု ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size..........(2.27 GB) / (592 MB) / (378 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 45Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Thura Aung Encoder..........SWM

Comedy • Romance
3.8 2021 100 mins
After Masks
Throne of Blood
8

~ IMDb - 8.1/10, Rotten Tomatoes - 96% ~ ကူရိုဆာဝါဟာ သူ့ရဲ့ရုပ်ရှင်သက်တမ်းတစ်လျှောက်မှာ ရှိတ်စပီးယားဝတ္တုတွေကို မှီငြမ်းပြီး ရုပ်ရှင်၃ကားရိုက်ဖူးတယ်။ Macbeth ကို မှီငြမ်းပြီး Throne of Blood (1957) ကို ရိုက်ခဲ့၊ Hamlet ကို မှီငြမ်းပြီး The Bad Sleep Well (1960) ကို ရိုက်ခဲ့သလို King Lear ကို မှီငြမ်းပြီး Ran (1985) တို့ကို ရိုက်ကူးခဲ့ဖူးတယ်။ ဇာတ်လမ်းကျောရိုးကို ယူပြီး ဂျပန်ရဲ့ ရေခံမြေခံမှာ ပြန်အသက်သွင်းလိုက်တာတွေပါပဲ။ ဒဲ့ကြီးတော့မဟုတ်ဘဲ ပြင်သင့်တာပြင် ရိုက်ထားတယ်။ ဒါပေမဲ့ သူပြင်ရိုက်ပုံတွေကတော့ တော်တော်လေးပြည့်စုံသလိုတော့ ခံစားရတယ်။ ဆန်းတော့လည်းမဆန်းလှပါဘူး။ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲကိုး။ တကယ်ဆို ကူရိုဆာဝါက ရှိတ်စပီးယားရဲ့ မက္ကဘတ်ကို ရိုက်ချင်နေတာကြာပြီ။ Rashomon (1950) ကို ရိုက်ပြီးတဲ့နောက် ရိုက်ဖို့ လုပ်ခဲ့ပေမဲ့ အော်ဆန်ဝဲလ်ကလည်း ရိုက်ထားတာသိတော့ ခဏနောက်ဆုတ်လိုက်တယ်။ ၁၉၅၆ရောက်တော့ Throne of Blood, The Hidden Fortress နဲ့ Revenge ကို သူပရိုဂျူဆာလုပ်မယ်လို့ ကြေညာလိုက်ပေမဲ့ အခန့်မသန့်ချင်တော့ သူခန့်ချင်တဲ့ ဒါရိုက်တာတွေက အကြောင်းအမျိုးမျိုးနဲ့မရိုက်ဖြစ်တော့ သူကိုယ်တိုင်ပဲရိုက်လိုက်ရတယ်။ ဒီလိုနဲ့ ခမ်းနားလှတဲ့ Throne of Blood ထွက်လာတာပါပဲ။ Throne of Blood ဟာ မက္ကဘတ်ကိုပဲယူတယ်ဆိုပေမဲ့ Ozymandias ကဗျာအငွေ့လည်း သွင်းထားတယ်လို့ ထင်ရပါတယ်။ "The Most Successful Film Version of Macbeth" လို့လည်း ဝေဖန်ရေးသမားတွေ မှတ်ချက်ပေးခြင်းလည်း ခံခဲ့ရတယ်။ ကူရိုဆာဝါဟာ ဒီဇာတ်ကို အကြောင်းမဲ့ရိုက်ပြခဲ့တာတော့မဟုတ်ဘူး။ သူ့အမြင်မှာ အလယ်ခေတ်ကာလအတွင်း စကော့တလန်နဲ့ ဂျပန်မှာဖြစ်နေတဲ့ လူ့အသိုင်းအဝိုင်းဆိုင်ရာ ပြဿနာတွေဟာ ဆင်တူခဲ့သလို ဒီပြဿနာတွေက ဒီနေ့ခေတ်အတွက် သင်ခန်းစာပေးစရာတွေရှိနေတယ်လို့ သူယုံခဲ့တယ်။ ဒါကြောင့်လည်း သူ ဒီရုပ်ရှင်ကို ထွက်လာစေချင်ခဲ့တယ်။ နောက်ဆုံး သူပဲရိုက်ခဲ့တယ်။ သရုပ်ဆောင်တွေအနေနဲ့တော့ သူကားပေါင်းများစွာမှာ ထည့်သုံးနေကျဖြစ်တဲ့ ဂျပန်ရဲ့ ဂန္ထဝင်မင်းသားတွေဖြစ်သွားကြတဲ့ Toshiro Mifune, Takashi Shimura တို့ကို သုံးထားတယ်။ Throne of Blood ဟာ နောက်ပိုင်း ဒါရိုက်တာတွေ Homage ခဏခဏပေးခံရတဲ့ ဂျပန်ဂန္ထဝင်ကားလည်းဖြစ်လာခဲ့တယ်။ အန်နမဲဆရာတစ်ပါးဖြစ်တဲ့ စတိုရှိခွန်ရဲ့ Millennium Actress မှာဆို သိသိသာသာကိုမြင်နိုင်ပါတယ်။ ဇာတ်ကတော့ မက္ကဘတ်ဇာတ်ဆိုတော့ တော်တော်များများသိပြီးသား ဇာတ်လမ်းပါပဲ။ ဆုဇုခိဆိုတဲ့ ပင့်ကူအိမ်ရဲတိုက်ကို အုပ်ချုပ်တဲ့ စစ်နယ်ရှင်အရှင်တစ်ပါးမှာ ပထမကနေ ပဥ္စမအထိ ခံတပ် ငါးခုနဲ့ မြောက်ပိုင်းနယ်စပ်က မြို့စောင့်ခံတပ်တစ်ခုရှိတယ်။ မြောက်ပိုင်းခံတပ်က ဖူဂျိမခိက တစ်ဖက်ရန်သူအရှင်နဲ့ပေါင်းပြီး ပုန်ကန်တော့ ပဥ္စမနဲ့ စတုတ္ထခံတပ်တွေ ကျိုးပေါက်သွားတယ်။ တတိယခံတပ်လည်း အခြေအနေမကောင်းဘူး။ ဒီမှာပထမနဲ့ ဒုတိယခံတပ်က စစ်သူကြီးတွေဖြစ်တဲ့ ဝါရှိဇုနဲ့ မိခိတို့က အသည်းအသန်တိုက်ပြီး တိုက်ပွဲကို သူတို့ဘက်က အရေးသာအောင်လုပ်ပေးခဲ့တယ်။ ဒီလိုနဲ့တိုက်ပွဲအောင်သွားတော့ အရှင်က သူတို့ကို မြောက်စားဖို့ အခေါ်လွှတ်လိုက်တယ်။ ပင့်ကူအိမ်ရဲတိုက်ကို မရောက်ခင် ဝင်္ကပါလိုရှုပ်ထွေးနေတဲ့ ပင့်ကူအိမ်တောထဲမှာ သူတို့လမ်းပျောက်သွားကြတယ်။ ဒီလိုနဲ့ ပင့်ကူအိမ်တောက တစ္ဆေကြီးနဲ့တွေ့တယ်။ အဲဒီတစ္ဆေက ဝါရှိဇုကို ပထမခံတပ်ရဲ့စစ်သူကြီးကနေ မြောက်ပိုင်းခံတပ်ရဲ့စစ်သူကြီးဖြစ်လာပြီး သိပ်မကြာခင် ပင့်ကူအိမ်ရဲတိုက်ရဲ့အရှင်ပါဖြစ်လာမယ်လို့ပြောလိုက်တယ်။ မက္ကဘတ်ထဲဆိုရင်တော့ စုန်းမ၃ကောင်ပေါ့။ မိခိကိုတော့ ပထမခံတပ်ရဲ့စစ်သူကြီးဖြစ်လာပြီး သူ့သားကတော့ ပင့်ကူအိမ်ရဲတိုက်ရဲ့အရှင်ဖြစ်လာမယ်လို့ ပြောလိုက်တယ်။ တကယ်မြင်တာလား။ သူတို့ဆန္ဒတွေကိုလှည့်စားလိုက်တာလားမသိပေမဲ့ သူတို့တွေ ဒွိဟစိတ်တွေပေါ်လာကြတယ်။ ဒီလိုနဲ့ တစ္ဆေပြောတဲ့ ရာထူးတွေ မြောက်စားခံရတော့ ဝါရှိဇုရဲ့မိန်းမက ဒီကိစ္စကို အရှင်သိသွားရင် ဒီတိုင်းထားမှာမဟုတ်တာရော မိခိကို မယုံတာရော သူ့ယောက်ျားကို ကြီးကျယ်စေချင်တာရောပေါင်းပြီး အရှင့်ကိုသတ်ပြီး ပင့်ကူအိမ်ရဲတိုက်ရဲ့ အရှင်ဖြစ်အောင်လုပ်ဖို့တိုက်တွန်းတယ်။ ဝါရှိဇုဟာ စစချင်းတော့ တွေဝေနေပေမဲ့ အခြေအနေကလည်းပေးနေ ဆန္ဒကလည်းရှိနေ မိန်းမစကားကိုလည်း နားဝင်နေတဲ့အခါ သူ့အရှင်ကိုသတ်ချလိုက်တယ်။ ဒီကစပြီး ထီးရေးနန်းရေးအရှုပ်အထွေးတွေဖြစ်လာတယ်။‌ ဒီဇာတ်ကိုမှ ကူရိုဆာဝါစတိုင်နဲ့ ဂျပန်အငွေ့အသက်နဲ့ မြင်ရမှာပါ။ ရှိတ်စပီးယားဇာတ်ကို ပြန်ရိုက်ထားတယ်ဆိုပေမဲ့ သူပြန်ရိုက်ထားတဲ့ကားတွေဟာ သူ့နည်းသူ့ဟန် သူ့အလှနဲ့သူ လှပနေတာကို မျက်ဝါးထင်ထင်မြင်ကြရမှာပါပဲ။ သေချာတာတော့ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲဆိုတာကို ဘယ်သူမှငြင်းဆိုနိုင်မယ်မထင်ဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 840MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 1H 50Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime
8 1957 108 mins
Throne of Blood
She Said
7.3

~ IMDb - 7.4/10, Rotten Tomatoes - 87% ~ 2017 လောက်က ဟောလိဝုကိုရော ကမ္ဘာကြီးကိုပါ တုန်လှုပ်စေခဲ့တဲ့ အမှုအခင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဟာဗီဝိုင်းစတိန်းဆိုတဲ့ ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်သူကြီး၊ Miramax ကုမ္ပဏီကို တည်ထောင်သူကြီးရဲ့ လိင်အကြမ်းဖက်မှုနဲ့ မုဒိန်းမှုတွေအကြောင်းပဲဖြစ်ပါတယ်။ မီရာမက်စ်ကုမ္ပဏီဆိုတာ Pulp Fiction, Kill Bill လိုမျိုး ကမ္ဘာကျော်ရုပ်ရှင်တွေ မရေတွက်နိုင်အောင် ထုတ်လုပ်ခဲ့တဲ့အပြင် ဟောင်ကောင်ဌာနခွဲကနေပဲ Shaolin Soccer လို ရုပ်ရှင်မျိုးတွေထုတ်ခဲ့တာပါ။ ဒါကြောင့် ဧရာမကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ကမ္ဘာကျော် မင်းသား၊မင်းသမီး၊ ဒါရိုက်တာတွေအကုန် ဟာဗီနဲ့ ပတ်သက်နေရတာ များပါတယ်။ အဲဒီအမှုမီးပွားကို စတင်ခဲ့သူကတော့ တိုင်းမ်မဂ္ဂဇင်းရဲ့ စုံစမ်းဖော်ထုတ်ရေး သတင်းထောက် ဂျိုဒီကန်တာနဲ့ မီဂန်တူဟီတို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ဒီနှစ်ယောက်ကို အဓိက ဇာတ်ကောင်အနေနဲ့ ထည့်သွင်းထားပြီး ဟာဗီဝိုင်းစတိန်းရဲ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ကြိုးစားပုံကို ပြသထားတာပါ။ စုံထောက်ကားတစ်ကားကိုကြည့်ရသလိုပဲ အတော်ကို အရသာရှိပါတယ်။ သတင်းစာဆိုတာ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ကြတာလည်း ဒီလို သတင်းမျိုးတွေဟာ နိုင်ငံကိုရော ကမ္ဘာကိုရော ရိုက်ခတ်စေနိုင်တာမို့ပါ။ ဒီသတင်းအပြီးမှာ ဟာဗီဝိုင်းစတိန်းရဲ့ အနိုင်ကျင့်မှုခံရသူ အမျိုးသမီး ၈၀ ကျော်ထွက်ပေါ်လာပြီး စွပ်စွဲခဲ့ကြပါတယ်။ ဟာဗီလည်း အဖမ်းခံခဲ့ရပြီး ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ် ၂၃ နှစ်ချမှတ်ခံထားရပါပြီ။ ဒါတောင် စွဲချက်တွေမကုန်သေးဘဲ အကုန်လုံးအတွက်ဆို နှစ် ၁၄၀ လောက်ကျခံရမှာဖြစ်တာကြောင့် ထောင်ထဲမှာပဲ ဘဝဆုံးဖို့များသွားပါပြီ။ ဒီသတင်းနောက်ပိုင်းမှာ ကမ္ဘာအနှံ့ နာမည်ကြီးသွားတဲ့ #MeToo ဆိုတဲ့ လှုပ်ရှားမှုတစ်ခုပေါ်လာပြီး လုပ်ငန်းခွင်အတွင်း လိင်အနိုင်ကျင့်တာတွေ အသားယူတာတွေကို ထုတ်ဖော်ပြောကြားမှု အရမ်းအားကောင်းလာခဲ့ပါတယ်။ လုပ်ငန်းခွင်စည်းမျဉ်းတွေ ဥပဒေတွေကိုပါ ပြောင်းလဲစေခဲ့တဲ့အထိ ရိုက်ခတ်ခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့တာပါ။ ဒီသတင်းကိုလည်းလွယ်လွယ်ရခဲ့တာမဟုတ်ပါဘူး။ ဟာဗီဟာ သူ့ရဲ့သားကောင်တွေကို ငွေသန်းချီပေးတဲ့အထိ ကျေအေးပြီး လျို့ဝှက်ချက်မထုတ်ဖော်ရေး စာချုပ်တွေနဲ့ချုပ်ကိုင်ထားတာမို့ နာမည်တပ်ပြောကြားခံရဲတဲ့သူ တစ်ယောက်တောင် ရဖို့မလွယ်ခဲ့တာပါ။ ဒီအမှုဟာ မုဒိန်းကောင်တစ်ယောက်တည်းအတွက်တင်မဟုတ်ဘဲ ဒီလိုအရေးပါတဲ့ လူကြီးလူကောင်းတွေကို ဝိုင်းကာကွယ်ပေးနေတဲ့ ကုမ္ပဏီကြီးတွေရှေ့နေတွေနဲ့ စနစ်ကြီးတစ်ခုလုံးကိုပါ ဖော်ထုတ်လိုက်သလိုဖြစ်သွားတာပါပဲ။ ခု သတင်းထောက်နှစ်ယောက်ဆိုရင်လည်း ဟာဗီရဲ့ သားကောင်တွေကို နိုင်ငံထဲတင်မက လန်ဒန်၊ ဝေလလို အခြားနိုင်ငံတွေမှာပါ လိုက်ပြီး စုံစမ်းမေးမြန်းခဲ့ရတာပါ။ နောက်ပြီး တရားစွဲမခံရဖို့ ရှေ့နေတွေနဲ့ လုံခြုံရေးအကြံပေးတွေနဲ့ဆက်တိုက်တိုင်ပင်ပြီး စွန့်စားခဲ့ရတာမို့ အတော်ကို ကြီးမားတဲ့အတွေ့အကြုံနဲ့ ဘတ်ဆဲလား စာအုပ်တွေပါ ထွက်လာခဲ့တာပါ။ ဒီကားရဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေထဲမှာ မင်းသား ဘရက်ပစ်လည်း ပါဝင်ခဲ့ပါတယ်။ ဘရက်ပစ်ဟာ ဟာဗီရဲ့ သားကောင်ဖြစ်ဖူးတဲ့ မင်းသမီးတွေနဲ့ ဒိတ်ခဲ့ဖူးသူဖြစ်လို့ ဟာဗီအကြောင်းတွေကို အရင်ကတည်းက သိခဲ့ရသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ရုပ်ရှင် Inglourious Basterds လိုဟာတွေကို ဟာဗီဝိုင်းစတိန်းနဲ့အတူ ပူးပေါင်းပြီးထုတ်ခဲ့တဲ့သူဆိုတော့ ဒီအမှုပေါ်လာချိန်မှာ အတော်လည်း နာမည်ထိခဲ့သလို ဟာဗီရဲ့သားကောင်ထဲမှာ ဂျိုလီလည်း ပါဝင်ခဲ့တာမို့ လင်မယားပဋိပက္ခလည်း အတော်ကို ကြီးမားခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဟာဗီရဲ့ သားကောင်ဖြစ်ခဲ့သူ၊ တိုင်းမ် သတင်းစာတိုက်ကို ထုတ်ဖော်ပြောခဲ့သူတွေကိုယ်တိုင်လည်း သူတို့နေရာမှာသူတို့ ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။ အဓိကမင်းသမီးတွေဖြစ်တဲ့ Carey Mulligan ဟာလည်း Promising Young Woman (2020), An Education (2009) တို့နဲ့ အော်စကာဆန်ကာတင်ဝင်ခဲ့သူဖြစ်ပြီး။ နယူးယော့ခ်တိုင်းမ်ရဲ့ အယ်ဒီတာ Rebecca Corbett အနေနဲ့ သရုပ်ဆောင်ထားတဲ့ Patricia Clarkson ဆိုရင်လည်း Pieces of April (2003) နဲ့ အော်စကာဆန်ကာတင်ဝင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်မှာလည်း သူတို့တွေ အော်စကာဝင်ဦးမလား ဆက်စောင့်ကြည့်ရမှာပဲ။ ဒီတော့ ကြည့်ကိုကြည့်ဖူးသင့်တဲ့ ရုပ်ရှင်ထဲမှာပါလို့ ချန်နယ်မြန်မာကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.2GB, 660MB Quality - 1080p, 720p, 480p IMDb Rating - 7.4/10 Format - mp4 Duration - 2H 9Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Adventure • Family • Fantasy • Horror
7.3 2022 129 mins
She Said
Crocodile Island

ကျွန်းပေါ်မှာ ဝှက်ထားတဲ့ ရွှေဥကို တွေ့အောင်ရှာနိုင်ရင် ဆုကြေးသိန်း ၅၀ ရမယ်ဆိုတဲ့ Variety Show တစ်ခုမှာ လူတစ်စုဟာ ရည်ရွယ်ချက်ကိုယ်စီနဲ့ အဲဒီ သိန်း ၅၀ ကို လိုချင်ခဲ့ကြတာကြောင့် ပြိုင်ပွဲဝင်ပြိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲအတွက် ရိုက်ကူးရေးစတဲ့နေ့မှာပဲ အဖွဲ့သား ၂ ယောက် မိကျောင်းကိုက်ခံရပြီး သေဆုံးခဲ့တာကြောင့် ကျွန်းပေါ်မှာ မိကျောင်းရှိတဲ့အကြောင်းကို ခုနက မိကျောင်းလိုက်ကိုက်တာခံရတဲ့အဖြစ်အပျက်မှာ လွတ်မြောက်လာခဲ့တဲ့ ရိုက်ကူးရေးအဖွဲ့တစ်ဦးက လာပြောခဲ့ပေမဲ့ ဒါရိုက်တာက ကျွန်းနာမည်ကကို (မိကျောင်းကျွန်း) ဖြစ်လို့ ဒီမိကျောင်းဟာ သူတို့ ဆင်ထားတဲ့ လှည့်ကွက်တစ်ခုသာ ဖြစ်ကြောင်းပြောပြီး ရိုက်ကူးဆက်လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ရွှေဥ ရှာပုံတော်စဖွင့်တဲ့အချိန်ကစပြီး ၂ ယောက်တစ်တွဲ ခရီးထွက်လာခဲ့တဲ့ သူတွေဟာ မိကျောင်းကိုက်ခံရပြီး တစ်ယောက်ပြီးတစ်ယောက်သေဆုံးခဲ့ပါတယ်။ အဲဒီနောက်မှာ အသက်ရှင်ကျန်ရစ်သူတွေဟာ မိကျောင်းရန်ကနေ ထွက်ပြေးဖို့ လုပ်ရင်း ဒီအစီအစဥ်မှာ ပါဝင်မိတဲ့ သူတို့အားလုံးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က နွေရာသီကမ့်ပ်မှာ အတူတူပါဝင်ခဲ့ဖူးတဲ့သူတွေ ဖြစ်နေတာကို အမှတ်မထင် သိလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ ဒီမိကျောင်းတွေပေါ်လာတာ မရိုးရှင်းဘူးဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ ကျန်ရစ်သူအားလုံး ဒီကျွန်းပေါ်ကနေ အသက်ရှင်လျက်လွတ်မြောက်နိုင်ပါ့မလား မိကျောင်းတွေကို နောက်ကွယ်က ကြိုးကိုင်နေတာ ဘယ်သူလဲ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက နွေရာသီကမ့်ပ်မှာ ဘယ်လို အဖြစ်ဆိုးတွေ ဖြစ်ခဲ့လဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာပဲဆက်လက်အဖြေရှာလိုက်ပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Action Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Meemee JueJue Encoded by LK

Adventure • Thriller
0 2023 63 mins
Crocodile Island
Tonight You’re Sleeping with Me
4.3

Tonight You’re Sleeping with Me (2023) ============================= ပိုလန်နိုင်ငံရဲ့ မမနဲ့မောင်လေး အချစ်ဇာတ်ကားလေးပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက မမနဲ့မောင်လေးဟာ တွေ့ခဲ့ကြတယ်၊ သိပ်ချစ်ခဲ့ကြတယ် စိတ်ကူးတွေယဉ်ခဲ့ကြတယ် ဒါပေမဲ့ မပေါင်းဖက် ခဲ့ရပါဘူး။ ဒီလိုနဲ့ ခုလက်ရှိမှာတော့ မမက သမီးလေးနှစ်ယောက်နဲ့ အိမ်ထောင်သည် ဖြစ်နေပါပြီ။ ဖြစ်ချင်တော့ မောင်လေးက တခြားနိုင်ငံက ပြန်လာပြီး အလုပ်ဝင် လျှောက်တာ မမရဲ့ဌာနကို ကွက်တိ ဖြစ်နေပါတော့တယ်။ မမက လည်း အိမ်ထောင်ရေးမှာက ကတောက်ကဆတွေနဲ့ သာယာတာ မဟုတ် ယောက်ျားဖြစ်သူနဲ့ လိုချင်တာမရ ဆန္ဒမပြည့်ဝနေခဲ့သူ။ မောင်လေးကလည်း ဘယ်နှနှစ်ကြာကြာ မမမှ မမဆိုတဲ့ ကောင်ဇိုး လေးပေါ့။ အဲဒါနဲ့ တစ်နေ့ကျတော့ မမရဲ့ယောက်ျားဖြစ်သူဟာ မမကိုလည်း မတိုင်ပင်ပဲ အပန်းဖြေခရီးဆိုပြီး အိုင်းစ်လန်းကို တစ်လ သွားသာယာပါတော့တယ်။ ဘာပြောကောင်းမလဲ ပေါက်ကွဲချင်ပေမယ့်မီးစနက်တံကောင်းကောင်း မရှိလို့ ထိန်းထားရတဲ့ မမတစ်ယောက်မောင်လေးရဲ့လောင်ကျွမ်းမီး တောက်ကြားမှာ ထိန်းမရ သိမ်းမရ ပေါက်ကွဲကုန်ကြပါတော့တယ်။ အဲဒါကြောင့် မမနဲ့မောင်လေး ရှေ့ဆက် ဘယ်လိုနှစ်ပါးသွားကြမလဲ၊ ဆန္ဒကို သိက္ခာနဲ့ပဲ ထိန်းကြမလား၊ စိတ်လွတ်လက်လွတ် သားပစ်မယား ပစ် ပျော်ပါးကြမလား၊ ပျော်ရွှင်ရမလား ဒူးနဲ့မျက်ရည်သုတ်ကြရမလား ဆိုတာတော့ ဆက်လက်ရှုစားပေးကြပါလို့….။ အိပ်ရာပေါ်က အခန်းတချို့နဲ့ ရွှေရင်နှစ်မွှာတွေပါ ပြသထားတာမို့ မိသားစု နဲ့အတူကြည့်ရှုရန် မသင့်ပါကြောင်း သတိပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.56 GB) / (572 MB) / (320 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1H 32Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Thura Aung Encoder……….SWM

4.3 2023 93 mins
Tonight You’re Sleeping with Me
The Suck Up Project

The Suck Up Project (2012) အိုဒုံရှစ်က အာမခံစီမံရေးကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူ့ကို ဌာနက အရောင်းပိုင်းကို လွှတ်လိုက်လို့ အလုပ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူလည်း အိမ်ပြန်အရောက် မွစာကြဲနေတဲ့ အိမ်နဲ့ သူ့အမေကို တွေ့လိုက်ရပါတယ်။ အကြောင်းအရင်းက သူ့အမေဟာ သူ့အဖေ လူရိုးလူမှန် ဒုကျောင်းအုပ်ကို သူ့အဖေမသိဘဲ လာဘ်ထိုးကာ ကျောင်းအုပ်ဖြစ်အောင် လုပ်ပေးဖို့အတွက် လူမိုက်တွေဆီက အကြွေးတွေ ယူခဲ့တာကြောင့် အကြွေးလာတောင်းရင်း လာသောင်းကျန်းသွားခဲ့ပါတယ်။ ဒုံရှစ်ကတော့ သူ့အဖေလည်း မသိအောင် သူ့ဘာသာ အကြွေးပြန်ဆပ်မယ်ဆိုပြီး အာမခံအရောင်း အလုပ်ကိုပဲ ပြန်ဝင်လုပ်ခဲ့ပါတယ်။ ပြဿနာက သူများကို မဖားတတ် အပြောမချို အနေအေးတဲ့ အိုဒုံရှစ်လိုလူက အာမခံရောင်းရတယ်ဆိုတော့ ဘယ်သူက သူ့လိုလူဆီ အာမခံဝယ်တော့မလဲ… သူ့မှာလည်း အကြွေးဆပ်ချိန်က တစ်လပဲ ရှိတာမလို့ အာမခံရောင်းတဲ့သူတွေရဲ့ လက်စွဲစာအုပ်ကို ရေးတဲ့ အဖားမာစတာကို ရှာဖွေရပါတော့တယ်။ အဖားမာစတာကို ရှာတွေ့တဲ့အခါ သူ့ကို တပည့်အဖြစ် လက်ခံပေးအောင် ပြောပြီး လူတွေကို ဖားနည်းကို အခြေခံကနေစပြီးတော့ သင်ယူပါတော့တယ်။ အဖားမာစတာဆီက သင်ယူထားတဲ့ ပညာနဲ့ ထုံထုံအေးအေး အိုဒုံရှစ်တစ်ယောက် ဘယ်လို ပြောင်းလဲသွားမလဲ၊ သူ့အမေယူထားတဲ့အကြွေးတွေကိုရော ပြန်ဆပ်နိုင်မလားဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ Comedy genre ဆိုပြီး အူတက်နေအောင် ရယ်ရမှာမဟုတ်ပေမဲ့ ယူတတ်ရင်တော့ ပညာတွေချည်းပါပဲနော်^^ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kppks ပဲ ဖြစ်ပါတယ် Genre….. Horror Quality…. 1080p | 720p File size… 1.8Gb | 695MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kppks Encoder ….. Aaron

0 2012
The Suck Up Project
French Kiss
6.6

When Harry meets Sally, You’ve got mail, Sleepless in Seattle လိုမျိုး 90s romantic movies တွေရဲ့ ပင်တိုင်စံ မင်းသမီးကြီး တစ်ယောက်ဖြစ်တဲ့ Meg Ryan ရဲ့ romance ကားကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကိတ်ဆိုတာက ဘ၀မှာ ဘာမှ မစွန့်စားရဲ သာမန်ရိုးကျလိုပဲ နေတတ်လွန်းတဲ့သူပေါ့။ သူ့ရဲ့ စေ့စပ်ထားသူဖြစ်တဲ့ ချာလီနဲ့ အတူတူ အိမ်လေး တစ်လုံး၀ယ် အခြေချဖို့ပဲ မျှော်လင့်ထားပြီး အချစ်မြို့တော် ပါရီမြို့ကို ချာလီနဲ့အတူတူ လေယာဉ်စီးလိုက်ခဲ့ဖို့ကိုတောင် မဝံ့ရဲတဲ့သူ‌‌လေးပါ။ ဒီလိုမျိုးကိုမှ ပါရီကို ထွက်သွားတဲ့ ချာလီတစ်ယောက်က ပြင်သစ်သူ တစ်ယောက်နဲ့ ငြိပြီး လမ်းခွဲဖို့တွေ ပြောလာတဲ့အခါမှာတော့ ကိတ်တစ်ယောက် ဘာကိုမှမကြောက်နိုင်တော့ပဲ ချာလီ့ကို ရှာဖို့ ပြင်သစ်ကို ထွက်လာရပါတော့တယ်။ ကိတ်ရဲ့ ပြင်သစ်တခွင် ချာလီ ရှာပုံတော်ခရီးမှာ ပါလာတဲ့သူကတော့ “လု”လည်းမဟုတ် “လယု”လည်းမဟုတ်တဲ့ “လျုခ်” တက်ဆီယာဆိုတဲ့ ပြင်သစ်သား သူခိုးတစ်ယောက်ပေါ့။ ကိတ်ကို အသုံးချပြီး ပြင်သစ်နိုင်ငံထဲ ပစ္စည်းခိုးသွင်းခဲ့တာကနေပဲ သူမရဲ့ ရှာပုံတော်ခရီးကို လိုက်ကူညီပေးဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ စလာတည်းက ဘုနဲ့ဘောက် တကျက်ကျက် စကားများနေရတဲ့ သူတို့ နှစ်ယောက်ရဲ့ ရည်းစားပျောက်ရှာပုံတော်ခရီးမှာ ချာလီကိုရော ရှာတွေ့ကြပါ့မလား။ ကိတ်နဲ့ လျုခ်တို့ကြားမှာ တဖြည်းဖြည်းနဲ့ ပေါက်ဖွားလာတဲ့ အချစ်မေတ္တာလေးတွေကရော သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးအတွက် လမ်းစတစ်ခု ဖြစ်လာပါ့မလား။ ဒီခရီးကြီးရဲ့အဆုံးမှာရော သူတို့တွေရဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်က ဘယ်လိုပြီးဆုံးသွားမလဲ ဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။ File size… 2.1 GB / 972 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 51m Genre ….. Comedy/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

Thriller
6.6 1995
French Kiss
Warning 2
7.5

Warning 2 (2024) ကလဲ့စား IMDb – 7.5/10 ၂၀၂၁ကထွက်ရှိခဲ့တဲ့ Warning (2021) အက်ရှင်ကားကြီးရဲ့ နောက်ဆက်တွဲရုပ်ရှင် ထွက်လာခဲ့ပါပြီ။ အပစ်အခတ်အကြမ်းပတမ်းတွေနဲ့ လက်စားချေမှုတွေရောယှက်ထားတဲ့ မှုခင်းရုပ်ရှင်ဖြစ်တာမို့ အက်ရှင်ကားနှစ်သက်သူတို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ပေါ့။ ပါမာဆိုတာ ပိုက်ဆံသာပေးရင် အလုပ်မရွေး လုပ်ကိုင်နိုင်သူတစ်ယောက်ပါ သူ့ဆရာက ဂျာဒါဆိုတဲ့လူကိုသတ်ခိုင်းပြီး ပါမာတာဝန်ပြီးလို့ပြန်လာချိန်မှာတော့ ဆရာဖြစ်သူကသစ္စာဖောက်ပြီး ပါမာ့ကိုနှုတ်ပိတ်လုပ်ကြံခဲ့တယ် ဒါပေမဲ့ကံကောင်းထောက်မစွာနဲ့ ရှင်ကျန်ခဲ့တဲ့ပါမာက ဆရာဖြစ်သူကိုလက်စားချေဖို့ ပြန်လည်ကြိုးစားလာခဲ့ပါတယ် တစ်ဖက်မှာလည်း ဖခင်ဖြစ်သူဂျာဒါအသတ်ခံလိုက်ရလို့ ကလဲ့စားအတွက် ပါမာ့ကိုလိုက်ရှာနေတဲ့ ဂျာဒါ့ရဲ့သားရှင်ဒါ။။ အဖေ့အကူအညီကြောင့် ဝန်ကြီးဖြစ်သွားတဲ့လူကို ကူညီပေးဖို့သွားပြောခဲ့ပေမဲ့ ငြင်းလွှတ်လိုက်လို့ ဝန်ကြီးသမီးကို ပစ်မှတ်ထားခဲ့တယ် ဒါကိုသိတဲ့ဝန်ကြီးဖြစ်သူက ရှင်ဒါကိုလုပ်ကြံဖို့ လူမိုက်ငှားခဲ့တယ် ဟိုဘက်အဖွဲ့ကပါမာနဲ့ ဒီဘက်ကရှင်ဒါကိုသတ်ဖို့ ငှားလိုက်မိတဲ့လူကတော့ဂေဂျာပါပဲ။။။ ပါမာနဲ့ ရှင်ဒါကို လက်စားချေလုပ်ကြံဖို့ လိုက်ရှာနေတဲ့ ဂေဂျာတစ်ယောက် ပါမာကထောင်ကျနေမှန်းသိသွားပြီး သူပါထောင်ထဲလိုက်ဝင်လာခဲ့တယ် ဒါပေမဲ့ သူတို့လိုအန္တရာယ်များတဲ့ထောင်သားတွေကို အကြင်နာတရားမဲ့တဲ့ရဲအရာရှိက ထောင်ရွှေ့ဖို့လုပ်တဲ့အချိန်မှာ မထင်မှတ်ထားတာတွေဖြစ်ခဲ့ပါတော့တယ်။ ဒါကဘာများဖြစ်မလဲ ဂေဂျာ့တာဝန်ပဲပြီးမြောက်မလား ပါမာနဲ့ရှင်ဒါတို့ပဲလွတ်မလားဆိုတာကိုတော့။။။ ( အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ BpL ~ V တို့ပဲဖြစ်ပါတယ်)

7.5 2024 125 mins
Warning 2
All That Heaven Allows
7.6

All That Heaven Allows (1955) IMDb: 7.6/10 Genre: Drama / Romance အရမ်းအောင်မြင်ခဲ့တဲ့ ဂန္ထဝင် romanceရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးမယ်ဗျ။ ဒီရုပ်ရှင်က 1955ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ ရုပ်ရှင်လို့ပြောရမယ်ဗျ။ ဘာလို့လဲဆိုရင် မင်းသားကြီး ဝင်းဦးကိုယ်တိုင် ဒီရုပ်ရှင်ကိုမှီငြမ်းပြီး “နှစ်ယောက်တည်းနေချင်တယ်” ဆိုတဲ့ ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးခဲ့တယ်လို့ ပြောကြလို့ပါပဲ။ ဒီရုပ်ရှင်ကတော့ စတုန်နင်ဟမ်လို့ခေါ်တဲ့မြို့လေးမှာနေထိုင်တဲ့ မုဆိုးမတစ်ယောက်ဖြစ်သူ ကယ်ရီဟာ သူ့အိမ်ကို သစ်ပင်အကိုင်းအခက်တွေ လာရောက်ပြုပြင်ပေးသူ ဥယျာဉ်မှူး လူငယ်လေး ရွန်ကာဗီနဲ့ ချစ်ကြိုက်မိတဲ့ အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ကယ်ရီဟာ ကြွယ်ဝပြီး အပေါင်းအသင်းနည်းတဲ့သူတစ်ယောက်လို့ ပြောရပါမယ်။ သားသမီးတွေဟာလည်း အားလပ်ရက်မှ ပြန်လာတတ်တာမို့ ကယ်ရီဟာ အိမ်မှာပဲ အေးဆေးစွာ နေထိုင်သူတစ်ဦးပါ။ ရွန်ကတော့ ရင့်ကျက်ပြီး ဘဝကို ရှိတာနဲ့ရောင့်ရဲတင်းတိမ်နိုင်တဲ့ ငယ်ရွယ်တဲ့ လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ ငွေကြေးနဲ့ဂုဏ်ဒြပ်တွေကို မက်မောတဲ့ ကယ်ရီရဲ့ အသိုင်းအဝိုင်းက တစ်ဖက်၊ ရိုးရှင်းတဲ့ဘဝကိုသာ လိုချင်တဲ့ ရွန်က တစ်ဖက်၊ ဒီလိုရင်ဆိုင်လာရချိန်မှာတော့ ကယ်ရီတစ်ယောက် သူ့ရဲ့ ခံစားချက်တွေကို ဘယ်လိုပြုပြင်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဒီရုပ်ရှင်မှာ အချိန်တွေပြောင်းလဲသွားပေမယ့် လိုက်ပြောင်းလဲမသွားတဲ့ လူ့အသိုင်းအဝိုင်းရဲ့ ထုံးတမ်းအစဉ်အလာတွေအကြောင်းကိုလည်း သေချာတွေ့မြင်ရမှာပါ။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Douglas Sirkက ရိုက်ကူးထားပြီး မင်းသမီး Jane Wymanနဲ့ မင်းသား Rock Hudsonတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဝင်းဦးကိုယ်တိုင် ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်လို့ ဘယ်လောက်လက်ရာမြောက်လဲဆိုတာတော့ ပြောဖို့လိုမယ်မထင်ပါဘူးဗျ။ အရမ်းကောင်းတဲ့ classic romanceရုပ်ရှင်တစ်ကားဖြစ်လို့ ကြည့်ကြဖို့ ညွှန်းချင်ပါတယ်။ File size… 2.7 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Spencer Potato

7.6 1955
All That Heaven Allows
Fox Hunt
6

ဘီလီယံပေါင်းများစွာလိမ်လည်ခဲ့တဲ့ ငွေကြေးလိမ်လည်မှုဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီးတော့ ရိုက်ထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ရှန်ဟိုင်းမှာစတော့ရှယ်ယာပေါင်းများစွာလိမ်လည်ပြီးထွက်ပြေးသွားတဲ့ လူလိမ်ကြီး ( Tony Leung )တစ်ယောက်ဟာ ၈နှစ်ကြာအောင် ထွက်ပြေးနေပြီးတော့ ပြင်သစ်မှာပြန်ပေါ်လာခဲ့တယ်။ ဒါကိုတရုတ်ရဲတပ်ဖွဲ့ကအရာရှိယဲ့ကျွင်းကသိသွားပြီးတော့ သူ့ရဲ့မြေခွေးတပ်ဖွဲ့လေးနဲ့ နိုင်ငံကူးပြီးတော့ လိုက်ဖမ်းဖို့ကြိုးစားကြပါတယ်။ ဉာဏ်များတဲ့လူလိမ်ကြီးကတော့ ဝီလျံဂျိမ်းစ်ဆိုတဲ့နာမည်သစ်တစ်ခုနဲ့ ပြင်သစ်လူကုံထံတွေနဲ့အတူပူးပေါင်းအလုပ်တွဲလုပ်ပြီး ဘဝကိုစံစားနေပါတယ်။ ပိုက်ဆံအတွက်ဘာမဆိုလုပ်နိုင်တဲ့ဝီလျံဂျိမ်းစ် သူ့ရဲ့ငွေကြေးအကျိုးအမြတ်တွေကို ထိပါးလာတဲ့အခါ ရက်စက်ပြီးအောက်တန်းကျတဲ့နည်းလမ်းတွေသုံးခဲ့ပါတယ်။ နောက်ဆုံးမရတော့တဲ့အဆုံးမှာ ပြင်သစ်ကနေထွက်ပြေးဖို့ကြိုးစားတာကို ပြင်သစ်ရဲနဲ့တရုတ်ရဲတွေပူးပေါင်းပြီး ဖမ်းဆီးဖို့ကြိုးစားပါတော့တယ်

Comedy • Thriller
6 2025
Fox Hunt