YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Vigil S02E04_new.720p.(CM).mp4

503.88 MB 720p video/mp4 143 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Plot to Kill My Mother
5.4

(ဖြစ်ရပ်မှန်ကို အခြေခံထားသည်) အယ်လီနာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ မမွေးခင်ကတည်းက ဖက်ဒရယ်အေးဂျင့်တွေရဲ့ သက်သေခံစောင့်ရှောက်မှု ရထားတာကိုမသိဘဲ နေထိုင်လာခဲ့ပါတယ်။ တစ်နေ့မှာ သူမရဲ့မိခင် သေဆုံးသွားတဲ့အချိန်မှာတော့ ဒီအကြောင်းတွေကို သိလိုက်ရပြီး သူမရဲ့မျိုးရိုးနာမည်အပြင် သိထားသမျှကိစ္စတွေအားလုံးကို မယုံကြည်နိုင်ဖြစ်လာတော့တာပါပဲ။ ဒီအခါမှာ အယ်လီနာဟာ အစိုးရရဲ့မျက်မြင်သက်သေစောင့်ရှောက်မှုကို စွန့်လွှတ်ပြီး မိခင်ဖြစ်သူရဲ့ မွေးရပ်မြေကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ မိခင်ဖြစ်သူအသတ်ခံရတဲ့ အကြောင်းအရင်းရဲ့အဖြေကိုရှာဖို့ မွေးရပ်မြေကိုပြန်သွားတဲ့ အယ်လီနာ..။ သူမကိုစောင့်ရှောက်ပေးဖို့ မိခင်ဖြစ်သူ ထရီဇာကို ကတိပေးခဲ့တဲ့ အေးဂျင့်ကာတာ။ သူတို့နှစ်ယောက် အဖြေရှာ ဖော်ထုတ်သွားမယ့် တရားခံအကြောင်းကို သို့လော သို့လော စဥ်းစားရင်းကြည့်ရှုရမယ့်ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ထူးထူးခြားခြား ပါးစပ်အဟောင်းသားဖြစ်သွားမယ့် ရုပ်ရှင်ကားမျိုးမဟုတ်ပေမဲ့လည်း ကွက်ကျော်တွေးပြီး စဥ်းစားရင်းကြည့်ရတဲ့ဇာတ်ကားမျိုး တစ်ကားပဲ။ ဒါကိုမှ ဖြစ်ရပ်မှန်ကို အခြေခံထားတယ်ဆိုတော့ မျက်ခုံးပင့်မိလောက်မယ့် တင်ဆက်မှုမျိုးပေါ့..။ တစ်ကားလုံးမှာ သုံးပြထားတဲ့အရောင်တွေ ၊ အလင်းအမှောင်တွေ ကွက်တိကျတယ်။ အပိုမရှိ ၊ အလိုမရှိ ၊ အစပ်အဟပ်မိတယ်။ အသွေးအသားထဲမှာ စုံထောက်ညဉ်တွေ စီးဆင်းနေရင် ဒီကားကို ကြည့်။ ဖြစ်ရပ်မှန်ကိုအခြေခံထားတာဆိုတော့ သူများရဲ့ဘဝအကြောင်းကို 'ဘယ်က ဘယ်လို စဖြစ်ကြတာလဲ' လို့ ပေါက်ပေါက်ဆုပ်စားပြီး စပ်စုချင်ရင်လည်း ဒီကားကိုကြည့်။ ဒီဇာတ်ကားကိုကြည့်ခြင်းအားဖြင့် ၅၂၈ မေတ္တာအကြောင်းကို အနည်းငယ်တော့ ပြန်ဆင်ခြင်မိမှာပါ။ ပြီးတော့ လူသတ်သမား ဘယ်သူလဲဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေရင်းနဲ့ Romy Weltman တို့ Samantha Brown တို့လို အလှတရားလေးတွေကိုလည်း ရှုစားရဦးမယ်ဗျာ။ သိပ်မကြာသေးခင်ကမှ ထွက်တဲ့ကားဆိုတော့ ဘယ်သူမှ ဝေဖန်လေကန်ရေးမလုပ်ခင် မြန်မြန်လေးတော့ကြည့်ထားကြပါ။ လူသတ်သမား ဘယ်သူလဲဆိုတာကိုလည်း ကြိုတင်ခန့်မှန်းပြီး အဖြေတိုက်ကြည့်ကြပေါ့။ File size… (775MB) / (974MB) Quality….  720p / 480p Format…mp4 Duration….01:14:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Man Htet Myat

Action • Thriller
5.4 2023 88 mins
The Plot to Kill My Mother
The Eternal Daughter
6.3

ဒေါက်တာထူးဆန်းထဲက အေးရှန့်ဝမ်းအနေနဲ့ သရုပ်ဆောင် ထားတဲ့ မင်းသမီးကြီး Tilda Swinton က ဇာတ်လိုက်အနေနဲ့ ပါဝင်ထားတဲ့ BBC ရဲ့ ဟော်ရာဇာတ်ကားအသစ်လေးကို တင် ဆက်ပေးလိုက်ပါတယ်။ တစ်ချိန်ကမိသားစုစံအိမ်ကြီးဖြစ်ခဲ့ပေမယ့် ယခုအချိန်မှာတော့ သရဲခြောက်တဲ့‌ ဟိုတယ်အဖြစ်လူအများသိနေကြတဲ့ အိမ်ကြီးထဲကို ဂျူလီတို့သားအမိနှစ်‌ယောက်ပြန်သွားရာကနေ ဇာတ်လမ်းအစပျိုး ထားတယ်။ သူတို့စစရောက်ချင်းညမှာပဲ ဂျူလီက စိတ်ထဲမသိုး မသန့်ကြီးခံစားရပြီး ဘယ်ကမှန်းမသိတဲ့ ဝုန်းကနဲ အသံကိုကြားလိုက် ရတယ်။ အစကတော့ ပြတင်းပေါက်တွေမကောင်းလို့ဘာညာလို့ပဲ ထင်လိုက် ပေမယ့်၊ နောက်ညတွေမှာပိုပိုဆိုးလာလို့ ဂျူလီတစ်ယောက် အိမ်ကြီးရဲ့ လျို့ဝှက်ချက်ကို စူးစမ်းချင်မိသွားတော့တယ်။ အဲတော့မှသိလိုက်ရတဲ့ အိမ်ကြီးရဲ့လျို့ဝှက်ချက်တွေက ဘာများဖြစ်မလဲဆိုတာ ကြည့်ရှုပေးလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naing မှ ရေးသားပေးပြီး၊ ဘာသာပြန် ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size..........(1.5 GB) / (500 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 36Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Mystery Translator.......CM Team Encoder..........SWM

TV Movie • Thriller
6.3 2022 96 mins
The Eternal Daughter
(18+) Body Heat
7

~ IMDb - 7.4/10, Rotten Tomatoes - 98% ~ ဒီကားက Neo-Noir ကိုမှ Erotic ကားပါ။ Neo-Noir ကားတွေ ကြမ်းရင် ဘယ်လောက်ထိကောင်းလဲ အားလုံးသိကြလောက်ပါတယ်။ ဒီကားကလည်း ရိတ်တင်၉၈ရာခိုင်နှုန်းတောင်ရထားတဲ့ Neo-Noir ကားပါ။ David Fincher ရဲ့ နာမည်ကြီးကားဖြစ်တဲ့ Seven တို့ Zodiac တို့ထက်တောင် များပါတယ်။ ဆိုတော့ ဒီကားဘယ်လောက်ကောင်းမလဲ စဉ်းသာစားကြည့်ပေါ့။ ရှေ့နေနက်ဒ်ရာဆင်းဟာ အကျင့်ပျက်ခြစားမှုတွေ မရှားပါးတဲ့ သူ့မြို့မှာ သူလည်သလို ဖျံကျလိုက်၊ လူလွတ်ဘဝနဲ့ ပျော်ပါးလိုက်နဲ့ ဘဝကိုဖြတ်သန်းနေရာက တစ်ညမှာ မတ်တီဝေါ်ကာဆိုတဲ့ မိန်းမတစ်ယောက်ကို ဆုံမိပြီးတော့ စွဲလမ်းသွားခဲ့တယ်။ မတ်တီက အိမ်ထောင်ရှိအမျိုးသမီးပေမဲ့ အဲဒီလိုစည်းမျိုးကို သောင်ပြင်ပေါ်ကခြေရာလောက် သဘောထားတဲ့ နက်ဒ်က မရမကလိုက်တဲ့နောက်မှာ အစတည်းက ခင်ပွန်းသည်အပေါ် အလိုမကျတဲ့ မတ်တီကလည်း နက်ဒ်လက်လှမ်းတည်းက ပါသွားခဲ့တယ်။ မတ်တီ့ယောက်ျားနောက်ကွယ်မှာ နှစ်ယောက်သား ပျော်ပျော်ကြီးကြိတ်ပုန်းခုတ်ရင်း တစ်ရက်မှာတော့ သူတို့ဖောက်ပြီးသားစည်းထက် အများကြီးပိုကြီးကျယ်တဲ့ စည်းတစ်ခုကို ထပ်ကျော်ဖို့အတွက် နက်ဒ်တို့တွေ စိတ်ကူးရလာကြတယ်။ အဲဒါကတော့ ငွေကြေးအတော်တောင့်တင်းတဲ့ မတ်တီရဲ့ယောက်ျားဖြစ်သူကို လုပ်ကြံပြီးတော့ ကျန်ခဲ့မယ့်အမွေတွေကို သူတို့နှစ်ယောက် အပိုင်သိမ်းယူဖို့ပဲ။ ဒါပေမဲ့ အဲဒီအကြံအစည်ကို အကောင်အထည်ဖော်ရင်းကနေ ကြုံလာရတာတွေက မှန်းထားသလိုနဲ့ မကိုက်တော့တဲ့နောက်မှာ သူ မြွေပွေးခါးပိုက်ပိုက်မိပြီလားလို့ နက်ဒ်တစ်ယောက် မယုံနိုင်ခြင်း တုန်လှုပ်ခြင်းများစွာနဲ့အတူ မေးခွန်းထုတ်လာမိတော့တယ်။ ကားကောင်းတွေ မရှားခဲ့ဘဲ ရိုက်သမျှနီးပါး အကောင်းတွေချည်းဖြစ်ခဲ့တဲ့ မင်းသားကြီး William Hurt ရဲ့ ကားပါပဲ။ သူ့ကို ကျွန်တော်တို့ ကလေးဘဝမှာကတည်းက MCU ရဲ့ The Incredible Hulk ထဲက General Thaddeus Ross အနေနဲ့ စသိခဲ့ရတာပေါ့။ ခုတော့ သိပ်မကြာသေးခင်ကပဲ သူကြွေလွင့်သွားပြီပေမဲ့ သူ့အနုပညာတွေကတော့ ဆက်လက်ကျန်ရှိနေပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.02GB, 1GB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 53Min Genre - Crime, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Romance
7 1981 113 mins
(18+) Body Heat
Jane Got a Gun
5.8

ဒီရုပ်ရှင်ကို ဘာကြောင့်တင်ဆက်ဖြစ်သလဲဆို တစ်အချက် နာတာလီ ပေါ့တ်မန်း၊ နှစ်အချက် နာတာလီ ပေါ့တ်မန်း၊ သုံးအချက် နာတာလီ ပေါ့တ်မန်းပါပဲ။ ပေါ့တ်မန်းဟာ ငယ်ငယ်ကတည်းကကို Léon: The Professional လို မာစတာပိစ်ရုပ်ရှင်ကားမှာ အဓိကနေရာက ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သူဖြစ်ပြီး V for Vendetta တို့ Heat တို့ Jackie တို့လို တကယ့်ကားကောင်းတွေမှာပါခဲ့သလို Black Swan နဲ့လည်း အော်စကာရထားတဲ့ မင်းသမီးတစ်လက်ပါပဲ။ ခုထိကို တကယ့်မင်းသမီးကောင်းတစ်လက်ဖြစ်နေသေးသလို ဒါကလည်း သူအဓိကနေရာက ပါတဲ့ ရုပ်ရှင်ဆိုတော့ မကောင်းမှာ ပူစရာမရှိဘူးပေါ့။ ပေါ့တ်မန်းအပြင် နောက်ထပ်အကြောင်းရင်းတွေကတော့ The Great Gatsby မှာပါခဲ့တဲ့ တွမ်ဘူချာနန်မင်းသား Joel Edgerton နဲ့ ကျွန်တော်သိပ်ချစ်တဲ့ သိပ်နှစ်လိုဖွယ်ကောင်းတဲ့ ရုပ်ခံနဲ့ Ewan McGregor တို့ပါပဲ။ အီဝန်ဟာ သိပ်ချစ်ဖို့ကောင်းတဲ့ မင်းသားဖြစ်သလို ကျွန်တော်သိသလောက် သူပါဝင်သမျှအားလုံး အတော်လေး နွေးထွေးတဲ့ရုပ်ရှင်တွေပါပဲ။ ဒီကားထဲမှာ ထူးတာကတော့ ဘူချာနန်အနေနဲ့ အတော်စမြင်ကတ်ဖို့ ကောင်းခဲ့တဲ့ Joel က လူကောင်းအဖြစ်သရုပ်ဆောင်ထားပြီး Ewan ကတော့ လူဆိုးနေရာက သရုပ်ဆောင်ထားပါတယ်။ ဇာတ်ညွှန်းရေးတဲ့ထဲ Joel လည်းပါပါတယ်။ တော်တော်တော့စားပါတယ်။ Ewan ကိုဆို မမှတ်မိနိုင်လောက်အောင်ပါပဲ။၊ သို့ပေမဲ့ သရုပ်ဆောင်ကောင်းပြီးသား ဆရာတွေဆိုတော့ ပြဿနာတော့မရှိခဲ့ပါဘူး။ ဇာတ်ကတော့ အနောက်ပိုင်းမှာအခြေတည်ထားတဲ့ ကောင်းဘွိုင်ဇာတ်ပါ။ ဆာဂျီယိုလီယွန်နီရဲ့ ရုပ်ရှင်တောင်ဆန်ပါတယ်။ ဆန်ဆို သူကလည်း ကောင်းဘွိုင် ဘိုးအေကြီးကိုး။ အနောက်ပိုင်း ရုပ်ရှင်ကြိုက်တဲ့လူတွေအတွက် မတရားမှုတွေ လက်စားချေမှုတွေ သေနတ်ပစ်ခန်းတွေ ဝေဝေဆာဆာနဲ့ ကြည့်ရမယ့် ခပ်ကြမ်းကြမ်း ကောင်းဘွိုင်ရုပ်ရှင်ပါပဲ။ နာတာလီပေါ့တ်မန်းရဲ့ ဇာတ်ကောင် ဂျိန်းဆိုတဲ့ ကောင်မလေးရဲ့ ယောက်ျားနောက်ကို ဘစ်ရှော့လို့ခေါ်တဲ့လူက လိုက်နေတယ်။ အဲဒီလူကပြောရရင်‌ ကောင်းဘွိုင်လူမိုက် ဖာခန်းထောင်ပြီး ကြီးပွားချင်တဲ့သူ။ ဂျိန်းယောက်ျားကလည်း သူ့လူဟောင်း။ ဂျိန်းကို ပခြုပ်သည်ဇာတ်သွင်းဖို့လုပ်နေတုန်း ဂျိန်းယောက်ျားက ကယ်ပြီး ထွက်ပြေးခဲ့ကြတာ။ သူတို့နောက်ကို ဘစ်ရှော့က လိုက်ရှာနေတယ်။ ဘစ်ရှော့က ဂျိန်းရဲ့ သမီးလေးကိုလည်း ဂျိန်းကို ပခြုပ်သည်ဇာတ်သွင်းတဲ့အချိန်မှာ သတ်ပစ်ခဲ့တယ်။ နောက်ကျ ဂျိန်းယောက်ျားကို သူတို့သေနတ်နဲ့ပစ်တာ ထိသွားတယ်။ ဂျိန်းက သူ့ယောက်ျားကို အားကိုးလို့မရတော့ သူ့ရည်းစားဟောင်းဆီက အကူအညီသွားတောင်းတယ်။ သူ့ရည်းစားဟောင်းကလည်း စစ်ပြန် သူရသတ္တိဆုတွေမနည်းရခဲ့တဲ့သူ။ ဒီလိုနဲ့ မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ သေနတ်မှန်ထားတဲ့လူတစ်ယောက်က ဒီကောင်းဘွိုင်လူမိုက်ဂိုဏ်းကြီးကို ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 1.1GB, 630MB Quality - Blu-ray 1080p, 720p, 480p IMDb Rating - 5.9/10 Format - mp4 Duration - 1H 38Min Genre - Action, Drama, Western Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Adventure • Fantasy
5.8 2015 98 mins
Jane Got a Gun
Ram Gopal Varma Ki Aag
2.1

ကလည်းက ချလည်းချပြီး ဘောလိဝုဒ်ရဲ့အကျော်မော် မင်းသားနှစ်ယောက်ဖြစ်တဲ့ အမီတာဘချမ်းနဲ့ဗီဂျေးတို့ အပြိုင်ကြဲထားတဲ့ အဟောင်းထဲက ဇာတ်ကောင်းတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ မင်းသားတွေဖြစ်တဲ့ ဟီရိုနဲ့ရာ့ဂ်ျတို့ဟာ လက်ရှိအလုပ်ကပြုတ်လာပြီး မွန်ဘိုင်းကိုရောက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ရရာအလုပ်၀င်လုပ်ရင်း ဒုစရိုက်ဂိုဏ်းတစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့အခါမှာ သူတို့သူငယ်ချင်းနှစ်ယောက် ရဲတွေနဲ့ပူးပေါင်းပြီး လူဆိုးတွေကိုဘယ်လိုနှိမ်နှင်းသွားမလဲဆိုတာကို အသည်းတယားယားနဲ့ ကြည့်နေရမှာပါ။ ဇာတ်ကားရဲ့အဓိကဗီလိန်ဖြစ်တဲ့ ဘာ့ဘန်းရဲ့ သရုပ်ဆောင်ချက်တွေကလည်း ကိုယ်တိုင်ပါကြက်သီးထမိလောက်အောင်ကို ပီပြင်လွန်းတဲ့အပြင် မင်းသားနှစ်ယောက်ရဲ့စော်ရှိတ်ပုံတွေကလည်း နှစ်ချို့FAဂေါင်းကြီးတို့အတွက် မနာလိုလွန်းချင်စရာတွေဖြစ်နေမှာပါ။ ဒီကားမှာလူသတ်တာ၊ကြမ်းတာ၊ရမ်းတာတင်မကပဲ အပြင်ဘက်မှာ ဘယ်လောက်ပဲကြမ်းတမ်းနေမှာစေ အတွင်းထဲမှာတော့ချစ်တတ်တဲ့စိတ်က လူတိုင်းမှာရှိနေပါတယ်ဆိုတာကိုပါ ရိုက်ပြသွားပါသေးတယ်။ ခေါင်းယမ်းပြီးစကားမပြောပေမယ့် ခါးယမ်းပြီး က သေးတာမို့ အိန္ဒိယကားချစ်သူတွေအတွက် အိန္ဒိယကားအရသာလည်း ခံစားနေရဦးမှာပါ။ File size…2.8GB / 1.4GB Quality…1080p WEBRIP AAC2.0CH / 720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Haruko

2.1 2007 163 mins
Ram Gopal Varma Ki Aag
Turkey Shoot
4.7

Turkey Shoot (2014) =============== ရစ်ခ်တိုင်လာဟာ စစ်ပွဲအတွင်း အမျိုးသမီးတွေနဲ့ ကလေး အများအပြားကို သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုကြောင့် ထောင် ဒဏ်ချမှတ်ခံထားရဲ့ Navy SEAL commander တစ်ဦးပါ။ တစ်နေ့မှာတော့ သူ့လွတ်မြောက်နိုင်ဖို့ အခွင့်အရေးတစ်ခု ရလာပါတယ်။ အခွင့်အရေးကတော့ Turkey Shoot ဆိုတဲ့ survival အစီ အစဉ်မှာ ပါဝင်ရမှာပါ။ တစ်ကမ္ဘာလုံး အချိန်နဲ့ တစ်ပြေးညီ ထုတ်လွှင့်နေတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ကစားပွဲမှာ အဆင့် သုံးဆင့်ရှိပြီး တစ်ဆင့်မှာ မိနစ်(၉၀)တိတိ အချိန်ပေး ထားပါတယ်။ အဆင့်တစ်ဆင့်တိုင်းမှာ ကမ္ဘာအနှံ့က ကြည့်ရှု သူတွေ မဲပေးရွေးချယ်ထားတဲ့ ညှာတာမှု အလျဉ်းမရှိတဲ့ သေနတ်သမားတွေနဲ့ ရင်ဆိုင်ရမှာပါ။ သေနတ်သမားတွေကို ကျော်ဖြတ်ပြီး ပေးထားတဲ့အချိန်အတွင်း သတ်မှတ်ထားတဲ့နေရာမှာ ပုံးတစ်ပုံးကို ရှာနိုင်ရင် နောက်တစ်ဆင့် တက်နိုင်ပါပြီ။ အဆင့်သုံးဆင့်လုံးကို မသေဘဲ ဖြတ်ကျော်နိုင်ရင် တော့ လွတ်လပ်ခွင့်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ထင်ထားသလောက် တော့ မလွယ်ကူပါဘူး။ တစ်ဖက်မှာလည်း သူ့ကို သတ်ဖို့ အခွင့် အရေးကို စောင့်နေကြသူတွေလည်း ရှိပါတယ်။ ဘာလို့ ဒီလို သတ်ဖို့ ကြိုးစားနေတာလဲ အဲဒီအစုအပြုံလိုက် သတ် ဖြတ်မှုကို သူတကယ် ကျူးလွန်ခဲ့သလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File Size……….(1.82 GB) / (757 MB) / (431 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 37Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Thriller Translator…….Phu Myat Thwe Encoder……….SWM

4.7 2014 90 mins
Turkey Shoot
The Angels’ Share
7

IMDb 7/10 အထိရထားပြီး ဟာသဒရမ်မာအမျိုးအစားဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့လူမှုရေးအလုပ်နဲ့ပြစ်ဒဏ်ချခံထားရတဲ့အပြစ်သားတစ်စုကအတိတ်ကအမဲစက်ကြောင့်အပယ်ခံလိုဖြစ်နေရတာပါ သူတို့ကတော့အကျင့်ဆိုးတွေကိုပြင်ဖို့ကြိုးစားနေကြပေမဲ့ဘယ်သူကမှအရေးပေးမဆက်ဆံကြပါဘူး ဒါပေမဲ့ကံကြမ္မာကမျက်နှာသာပေးတာကြောင့်သူတို့ဝီစကီအရသာမြည်းစမ်းပွဲကိုသွားရင်းအခွင့်အရေးကောင်းတစ်ခုကိုရသွားခဲ့ကြပါတယ်။ ဝီစကီတွေဟာအရက်တွေထဲမှာတော့လူကြိုက်များတဲ့အရက်တစ်မျိုးဖြစ်ပြီးအဆင့်အတန်းမှီဝီစကီကောင်းကောင်းတစ်လုံးဟာဈေးအဆမတန်ပေးရနိုင်ပါတယ် ဒါပေမဲ့တကယ်ရူးသွပ်တဲ့သူတွေကတော့အလုအယက်ဝယ်ကြတုန်းပါပဲ သူတို့ရသွားတဲ့အခွင့်အရေးကတော့ဝီစကီတွေကိုမလိမ့်တစ်ပတ်နဲ့ခိုးထုတ်ပြီးရောင်းစားဖို့ပါပဲ သူတို့အုပ်စုတွေရည်မှန်းချက်ပြည့်ဝဖို့ဘယ်လိုကြိုးစားကြမလဲ သူတို့ရဲ့အကြံအစည်ကရောအောင်မြင်နိုင်ပါ့မလားဆိုတာကိုကြည့်ရှူရမှာပါ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

7 2012
The Angels’ Share
Aachar & Co
8

Aachar & Co (2023) IMDb-8.1/10 သားသမီးတွေကို ကိုယ့်စိတ်တိုင်းကျအိမ်ထောင်ဖက်နဲ့ပဲပေးစားချင်ကြတာက မိဘအုပ်ထိန်းသူတော်တော်များများရဲ့ အတ္တလို့ဆိုရမလား။သူတို့ဘက်ကကျလည်း ကိုယ့်သားသမီးကို ဆင်စီးမြင်းရံတာပဲ မြင်ချင်တာမျိုး ကောင်းစားစေချင်တာမျိုးပေါ့။ ဒီကားလေးက ၁၉၆၀ပြည့်နှစ်အလွန်က အိန္ဒိယတောင်ပိုင်းပြည်နယ် ဘန်ဂါလူရူပြည်နယ်ကိုနောက်ခံထားပြီး အမျိုးသမီးဒါရိုက်တာ ဆင်ဒူးဆရီနီဗာဆာမူသီ ရိုက်ကူးထားတဲ့ မိသားစုဟာသဇာတ်မြူးရုပ်ရှင်လေးပဲဖြစ်ပါတယ်။ သားသုံးယောက် သမီးခုနစ်ယောက်မွေးထားတဲ့ အစိုးရဝန်ထမ်း ဆောက်လုပ်ရေးအင်ဂျင်နီယာကြီး ဦးအာချာပေါ့။သူ့သားသမီးတွေကို သူ့စိတ်တိုင်းကျဖြစ်စေချင်တဲ့ ဖခင်တယောက်။ သားသမီးတွေကို သူ့စိတ်တိုင်းကျ အိမ်ထောင်ဖက်ရှာပေး အိမ်ထောင်ချပေးနေရာက ရုတ်တရက်ကွယ်လွန်သွားတဲ့အခါမှာတော့ အိမ်ထောင်မကျသေးတဲ့ သမီးရဲ့ဘ၀က အခြေအနေတွေပြောင်းလဲသွားပါတော့တယ်။ အဲဒီခေတ်အခြေအနေမှာ ဘာလဲဆိုတော့ အမျိုးသမီးတွေက အိမ်ထောင်ရေးအတွက် အသုံးချခံအနေနဲ့ သက်မဲ့အရာလိုသတ်မှတ်ခံထားရမှုတွေကို မီးမောင်းထိုးပြရင်း ခပ်မြူးမြူးလေးကြည့်ရမယ့် ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~BpL~Zwe~Moon~Vတို့ပဲဖြစ်ပါတယ်)

Family • Adventure • Action • Comedy
8 2023 103 mins
Aachar & Co
Wake Wood

IMDb 5.5 နဲ့ Rotten Tomatoes 88%အထိရရှိခဲ့တဲ့ ၂၀၀၉ခုနှစ်ထွက် သဘာ၀လွန် horrorကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၉နှစ်အရွယ်သမီးဖြစ်သူ အဲလစ်ဟာ လည်ပင်းကိုခွေးကိုက်ခံရပြီး သေဆုံးသွားပြီးတဲ့နောက်မှာ ပက်ထရစ်နဲ့ လူဝိစ်တို့ ဇနီးမောင်နှံဟာ မြို့ပြနဲ့ဝေးလံတဲ့တစ်နေရာက Wake Woodလို့အမည်ရတဲ့ မြို့လေးတစ်မြို့မှာအခြေချဖို့ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ မြို့ငယ်လေးရဲ့ အကြီးအကဲဖြစ်သူ အာသာဟာ ပက်ထရစ်နဲ့လူဝိစ်တို့ရဲ့သမီးဖြစ်သူကို ထူးဆန်းတဲ့သဘာ၀လွန်ဓလေ့ထုံးတမ်းတွေကိုအသုံးပြုပြီး သေရွာကပြန်ခေါ်ကာ လူ့ဘ၀ကို ခေတ္တပြန်ရောက်လာအောင် ကူညီပေးနိုင်ကြောင်းကမ်းလှမ်းလာပါတယ်။ ဒီလိုနဲ့ ပက်ထရစ်တို့ဇနီးမောင်နှံနှစ်ယောက်ဟာ အာသာနဲ့ တင်းကြပ်တဲ့စည်းကမ်းတွေ အပေးအယူတွေကို သဘောတူညီမှုရပြီးတဲ့နောက်မှာတော့ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေနဲ့ စတင်ကြုံတွေ့လာရ‌ပါတော့တယ်။ စပွိုင်လာကင်းအောင် အများကြီးမညွှန်းထားပါဘူး။ ဇာတ်အိမ်ကအတော်ကောင်းသလို ၉နှစ်သမီးအဲလစ်ရဲ့သရုပ်ဆောင်ချက်ကလည်း အတော်ပီပြင်တာမလို့ Horror ပရိတ်သတ်တွေအနေနဲ့ မြည်းစမ်းကြည့်ဖို့ မမှားတဲ့ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ကြောင်း ညွှန်းဆိုပေးရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ (သွေးသံတရဲရဲဇာတ်၀င်ခန်းတွေပါရှိတာကိုတော့ သတိပြုပေးစေလိုပါတယ်) File size…(1.5 GB)/(713 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven

Comedy
0 2009
Wake Wood
The Quantum Devil

ဒီဇာတ်လမ်းကတော့ သိပ္ပံပညာနဲ့ပတ်သက်တဲ့ horror, mythology ဖြစ်ပါတယ်။ သိပ္ပံပညာနယ်ပယ်မှာထူးချွန်ကြပေမယ့် မတော်တဆလုပ်မိတဲ့အမှားတွေကြောင့် လူ့အဖွဲ့အစည်းကနေတိမ်းရှောင်နေရတဲ့ အရည်အချင်းရှိ သိပ္ပံပညာရှင်တွေရှိပါတယ် တနေ့မှာ သူတို့ အသီးသီးဆီကို အမည်မသိဖိတ်ကြားစာရောက်လာပြီး နေရာတစ်ခုမှာဆုံစည်းကြဖို့ဖိတ်ခေါ်ထားပါတယ် အဲ့ဒီဖိတ်ကြားစာကိုပို့လိုက်တဲ့သူကလည်း လူ့ကျင့်ဝတ်နဲ့သွေဖယ်တဲ့ လူတွေကိုစမ်းသပ်တဲ့ကိစ္စလုပ်နေတာမလို့ နယ်နှင်ဒဏ်ပေးခံထားရတဲ့ သိပ္ပံပညာရှင်ဖြစ်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ သိပ္ပံပညာရှင်တွေကိုစုစည်းပြီး သူတို့တွေရဲ့နောင်တရစရာအတိတ်တွေကို ပြန်လည်းဖြည့်ဆည်းနိုင်ဖို့ သံလိုက်စွမ်းအင်အဟန့်အတားကိုချိုးဖောက်ပြီး နောက်လောကတစ်ခုဆီကို စိတ်နဲ့အချိန်ခရီးသွားပြီး ဝင်ရောက်ချင်တာပဲဖြစ်ပါတယ် ။ဒီအရူးသိပ္ပံပညာရှင်တွေ အောင်မြင်သွားကြမလား အတိတ်ကိုပြင်ဆင်ဖို့ဆိုတာကရောဖြစ်နိုင်လို့လား ဒါတွေကိုဒီဇာတ်လမ်းလေးထဲမှာသိရမှာဖြစ်ပါတယ် File size…(1.4 GB)/(733 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre… Horror, Science Fiction, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris

Horror • Action • Science Fiction
0 2023
The Quantum Devil
Treacherous Rattle
5.9

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် သည်းထိတ်ရင်ဖိုမှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- နိုင်ငံခြားပြန် ဆရာဝန်မလေး ဟန်ချွင်းလင်ဟာ မိသားစုဆရာဝန်အဖြစ် လုံအိမ်ကို ရောက်သွားခဲ့ပါတယ်။ သူမရောက်တဲ့ ညမှာပဲ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က သေဆုံးသွားတဲ့သခင်မကြီးရဲ့ အခန်းနဲ့ ချိတ်ဆက်ထားတဲ့ ခေါင်းလောင်းက ထမြည်ခဲ့ပါတယ်။ ထိုအသံကို ကြောက်လန့်ပြီး လုံအိမ်က အစေခံကြီး အဘွားတုက ရူးသွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ ထူးဆန်းတဲ့ ကိစ္စတွေ ဆက်တိုက် ဖြစ်လာခဲ့ပါတယ်။ ဖုန်အိမ်ကသခင်မလေး(၂) ကလည်း အခန်းထဲမှာ ထူးဆန်းစွာ သေဆုံးသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဖုန်အိမ်ထဲရှိ လူအားလုံး ထိတ်လန့်ကြောက်ရွံ့နေကြပါတယ်။ ဟန်ချွင်းလင်က အမှန်တရားကို ရှာဖွေခဲ့ပြီး နောက်ဆုံးမှာ အတိတ်က အမှုဟောင်းကြီးတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က အမှုနဲ့ အခုအမှုနဲ့က ဘယ်လို ပတ်သက်နေမလဲ…… နောက်ဆုံး လူသတ်တရားခံက ဘယ်သူ ဖြစ်လိမ့်မလဲ…… ဆိုတာကို လှည့်ကွက်တွေကို ရုပ်ရှင်ကြည့်ပြီး အဖြေရှာလိုက်ရအောင်နော်။

5.9 2023
Treacherous Rattle
Catch That Kid

ဒီဇာတ်ကားလေးကတော့ Twilight Saga ထဲက နာမည်ကြီးမင်းသမီး Kristen Stewart ငယ်ဘဝတုန်းက ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်လို့ သူလေးကို ကြည့်ရတာနဲ့တင် တန်နေပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ မက်ဒီဟာ အဖေ့တူသမီးလို့ ပြောရလောက်အောင် တောင်တက်ရတာ အရမ်းဝါသနာပါပြီး သူ့မှာ အော်စတင်နဲ့ မက်စ်ဆိုတဲ့ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ သူ့အဖေကတော့ တောင်တက်ဝါသနာရှင်ဖြစ်ပေမဲ့ ပေ ၂၀ အမြင့်ကနေ မတော်တဆပြုတ်ကျပြီးတဲ့နောက်မှာ ဝါသနာကို အပြီးတိုင်စွန့်လွှတ်လိုက်ပြီး သမီးဖြစ်သူ မက်ဒီကိုလည်း တောင်မတက်စေချင်ပါဘူး။ သူ့အမေကတော့ ဘဏ်တစ်ခုမှာ လုံခြုံရေးစနစ်ကို အလွတ်တန်း ဒီဇိုင်းဆွဲပေးတဲ့ပညာရှင်ပါ။ တနေ့မှာတော့ သူ့အဖေက တောင်တက်တုန်းကရတဲ့ဒဏ်ရာကြောင့် အောက်ပိုင်းသေသွားခဲ့ပြီး ပြန်ကောင်းလာအောင် ခွဲစိတ်ဖို့ဆိုရင် ဒေါ်လာ ၂ သိန်းခွဲ ကုန်ကျမှာဖြစ်ကြောင်း သိလိုက်ရပါတယ်။ သာမန်မိသားစုထဲကဖြစ်တာကြောင့် ဒီလောက်ငွေပမာဏမရှိလို့ ခွဲစိတ်ဖို့ကို အမေဖြစ်သူ လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ မက်ဒီအနေနဲ့ ကွန်ပျူတာကျွမ်းတဲ့ အော်စတင်၊ ပြိုင်ကားမောင်းကျွမ်းတဲ့ မက်စ်နဲ့ သူ့တောင်တက်အရည်အချင်းတို့ကို အသုံးချပြီး သူ့အမေ ဒီဇိုင်းဆွဲပေးနေတဲ့ ဘဏ်ကို ဖောက်ထွင်းဖို့ စီစဉ်ပါတော့တယ်။ ဒီတော့ သူတို့ ကလေးသုံးယောက် ဘဏ်ဖောက်ထွင်းမဲ့အစီအစဉ်က အောင်မြင်နိုင်ပါ့မလား သူ့အဖေကိုရော ခွဲစိတ်ပေးနိုင်ပါမလား ဆိုတာကို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော သင်ခန်းစာရဖွယ် ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre… Family, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

Drama • History
0 2004
Catch That Kid
[18+] Sci-Fi Vixens From Beyond
5.5

(၁၈ ယောက်စုကြည့်ရမယ့် ဇာတ်လမ်းဖြစ်တဲ့အတွက် မိသားစု/ကလေးများ ကြည့်ရှုရန် မသင့်ပါ) တခြားဂြိုလ်ကနေ ကမ္ဘာမြေ ဂြိုလ်စနစ်ထဲကို ရောက်ရှိလာတဲ့ ပရော်ဖက်ဆာနဲ့ ကျောင်းသူလေး။ ကျောင်းသူလေးကို ကမ္ဘာမြေ ယဉ်ကျေးမှုဘာညာအကြောင်း စာတမ်းရေးခိုင်းတယ် ဒါကြောင့် သူ့ကို ကမ္ဘာမြေပေါ် သွားလည်ပတ်ခွင့် ပြုမယ်ပေါ့။ အဲဒီမှာတင် ဂြိုလ်သားကျောင်းသူလေး ကမ္ဘာမြေအကြောင်း သိမှတ်စရာတွေ ယူပြီး ကမ္ဘာမြေပေါ် ရောက်ခဲ့ရာကနေ ယောက်ျားလေး ၁ ယောက် မိန်းကလေး ၂ ယောက်နဲ့ ဆက်တွေ့ပြီး ဘာတွေဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ TRA ပဲဖြစ်ပါတယ်။) File size…(2.4 GB) / (950 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:15:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by TRA

Family • Drama
5.5 2024
[18+] Sci-Fi Vixens From Beyond
The Bar El Bar
6.3

The Bar (Aka) El Bar (2017) IMDb Rating (6.3) / Rotten Tomatoes (100 %) RT 100% Rating ရရှိထားတဲ့ ဒီစပိန်ကားက တကယ်ကို သည်းထိတ်ရင်ဖိုစိတ်လှုပ်ရှားရမယ့် Underrated ရုပ်ရှင်ကားတကားပါပဲ။ အေးချမ်းတဲ့ သာမန်နေ့ရက်တစ်ရက်မှာ စားသောက်ဆိုင်ဘားတခုထဲ‌မှာ လူတစ်စုက အေးအေးချမ်းချမ်း ရှိနေချိန် ကံကြမ္မာဆိုးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒါကတော့ ဆိုင်အပြင်ဘက်ကို ထွက်သွားတဲ့ လူနှစ်ဦး ရှေ့ဆင့်နောက်ဆင့်ဆိုသလို စနှိုက်ပါသေနတ်နဲ့ပစ်သတ်ခံလိုက်ရတာကို ဘားထဲက လူအားလုံး မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတာပဲဖြစ်ပါတယ်… အပြင်ဖက်ကလူတွေအားလုံးလဲ ထွက်ပြေးပျောက်ကွယ်ကုန်ပြီး ဖုန်းလိုင်းတွေပါဆက်မရဖြစ်သွားပါတော့တယ်။ စနှိုက်ပါသေနတ်သမားရှိနေတာကြောင့် ဘယ်သူမှ ဆိုင်အပြင်မထွက်ရဲတော့ချိန်မှာပဲ ထူးဆန်းစွာ ဆိုင်အပြင်ဖက်က အလောင်း၂လောင်းကပါ ထပ်မံပျောက်ဆုံးသွားတဲ့အခါမှာတော့….။ ဘာမဟုတ်တဲ့မနက်ခင်းလေးကနေ သေရေးရှင်ရေးထိ ဆွဲခေါ်ခံသွားရမယ့် ဒီရုပ်ရှင်ကားက အသည်းတယားယားအခန်းတွေနဲ့ ပဟေဠိတွေကို ထိုင်အဖြေရှာရမှာပါ။

Crime • Drama • Thriller
6.3 2017 102 mins
The Bar El Bar
Los Frikis
6.8

Los Frikis (2024) IMDb Rating (6.8) / Rotten Tomatoes (85%) ၁၉၉၀ ကျူဘားနိုင်ငံမှာ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ HIVတော်တော်ဇောင်းကြွနေတဲ့ ကုသနည်းမရှိတဲ့ သူစပေါ်ခါစ ကာလမှာ ဇာတ်အိမ်တည်ထားတယ်။ နိုင်ငံရေးအခြေအနေကလည်း တော်တော်ကျပ်တည်းနေတဲ့ကာလပေါ့။ ဘာမဟုတ်တဲ့ ဘာအမှုနဲ့မဆို ထောင်ထဲကျသွားနိုင်ပြီး အလုပ်အကိုင်ရှားပါးတဲ့ခေတ်ပေါ့။ ဒီခေတ်မှာ လူငယ်တွေက ခေတ်ကြီးကခက်ခဲပေမဲ့ ဂီတကို ချစ်နေကြသေးတယ်။ ဒီရုပ်ရှင်ကတော့ အဲဒီထဲကမှ လူငယ် punk rock band ထောင်ထားတဲ့ လူငယ်လေးတွေကိုပြထားတယ်။ ကျပ်တည်းလှတဲ့ခေတ်ကြီးကို ကျော်ဖြတ်ဖို့ HIVတမင်အကူးခံခဲ့တဲ့လူငယ်တွေပေါ့။ သေလုဆဲဆဲကာလမှာတောင် သီချင်းတွေကို ဆက်ချစ်နေကြတုန်းပဲ။ သဘောထားလည်းသိပ်ကြီးကြတဲ့ ပန့်တွေပေါ့။ သေမင်းနဲ့စစ်ခင်းရင်း ဂီတကိုဖက်တွယ်တာက ဒီရုပ်ရှင်ရဲ့ အဓိကအချက်တော့မဟုတ်ပေမဲ့ အဲဒါကပဲ ဒီရုပ်ရှင်ကိုပိုလှစေခဲ့တယ်။ အေအိုင်ဒီအက်စ်ရဲ့ကာလကြီးအကြောင်းမှာ သီချင်းတွေဝေနေတာကို ဒီရုပ်ရှင်မှာမြင်ကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(4.5 GB) / (1.6 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:51:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

6.8 2024 105 mins
Los Frikis