YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

VID_20220110_231412_359.mp4

380.97 MB 1080p video/mp4 41 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Riceboy Sleeps
7.2

Riceboy Sleeps (2022) IMDb - 7.6/10, Rotten Tomatoes - 95% ~ 90 ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားပြီး သားငယ်အတွက် ပိုကောင်းတဲ့ဘဝကိုရည်ရွယ်လို့ ကိုရီးယားကိုစွန့်ကာ ကနေဒါကိုလာခဲ့တဲ့ အာဃ မုဆိုးမလေး ဆိုယွန်းနဲ့ သားလေး ဒုံဟျွန်းတို့ ၂ယောက်အကြောင်းကို ကိုယ်ပိုင်မှတ်ဉာဏ်တွေလိုမျိုး ညှင်ညှင်သာသာလေး ဆွဲခေါ်ပြသွားမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားမှုတို့ ခွဲခြားဆက်ဆံမှုတို့လို အသုံးအနှုန်းတွေကို ရေရေလည်လည် သုံးတတ်ကြသူတချို့ဟာ ကိုယ်တိုင်က အဲ့ဒီ့လို ပြန်အထောက်ခံရတဲ့အခါ ဆတ်ဆက်ထိမခံဖြစ်တတ်ကြတဲ့သဘာဝကိုလည်း မြင်ရမှာပါ။ နိုင်ငံကြီးသားဆိုတာ နိုင်ငံက "ကြီး" နေတာကို ပြောတာမဟုတ်ဘဲ လူက ကြီးမြတ်တာကို ပြောတာဆိုသလိုပါပဲ "နိုင်ငံကြီး"မှာနေသလောက် "နိုင်ငံကြီးသား" မဟုတ်တဲ့ သူတွေနဲ့ နေ့စဉ်ဘဝမှာ ရင်ဆိုင်ရမယ့် အရှေ့တိုင်းသား သားအမိရဲ့ နိစ္စဓူဝဒုက္ခအဖုံဖုံ…။ အက်ရှင်ကားတို့ ဒရမ်မာ အပြင်းစားတို့ မဟုတ်ပေမယ့်လည်း ကြည့်သူကို ထပ်တူကျလိုက်ခံစားမိစေမယ်ဆိုတာတော့ အာမခံနိုင်ပါတယ်။ ကိုယ်တိုင်လည်း အရှေ့တိုင်းသားဖြစ်တဲ့အလျောက် ဒီထဲက ဆိုယွန်းဟာ ကိုယ့်အမေ မဟုတ်၊ ကိုယ်အမေနဲ့ တစ်စက်မှ မတူသည့်တိုင် အမေ့ကို ပြန်သတိရစေမယ့် ခံစားမှုမျိုးကို ပေးနိုင်တဲ့ သိပ်လှတဲ့ ရုပ်ရှင်တစ်ခုပါ။ ရုပ်ရှင်သမားတွေအတွက်ပြောချင်တာကတော့ ဒီရုပ်ရှင်ဟာ တစ်ကားထဲမှာတင် Aspect Ratio ၂ခု သုံးသွားတယ်ဆိုတာလေးပါ။ ဘယ်နေရာမှာ ဘယ်လိုပြောင်းသွားပြီး ဘာကြောင့်များ ပြောင်းသုံးသလဲဆိုတာ လေ့လာချင်တယ်ဆိုရင်တော့ ဒေါင်းကြည့်လိုက်ရုံပါပဲ။ ရုပ်ရှင်ဖန်တီးသူ Anthony Shim ဟာ သူ့ငယ်ဘဝရဲ့ တမ်းတစရာတချို့တွေကို ဒီရုပ်ရှင်မှာ ဖော်ပြသွားတာ ရင်နှင့်အမျှပါပဲ။ နောက်ပြီး TIFF တို့ Busan တို့လို ပွဲကြီးတွေရဲ့ ဆုတွေအပါအဝင် ဆုပေါင်း ၂၃ ဆုရရှိထားပါသေးတယ်...။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 935MB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 1H 57Min Genre - Drama, Family, History Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Drama • History
7.2 2023 117 mins
Riceboy Sleeps
[18+]Road Movie
5.8

[18+]Road Movie(2002) *********************** ဒီနေ့မှာတော့ ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ 18+ BL ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Cast တွေအနေနဲ့ movie star တွေဖြစ်တဲ့ Hwang Jung-min နဲ့ Jung Chan တို့မင်းသားနှစ်ယောက်နဲ့ မင်းသမီး Seo Lin က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ အတိတ်ကိုဖုံးကွယ်ထားပြီးတော့ လမ်းပေါ်မှာပဲ ရှင်သန်နေထိုင်တဲ့ဒယ်ရှစ်၊ သူက ခက်ထန်တဲ့ပုံပေါ်ပေမဲ့ တစ်ခါတစ်လေမှာ ဝမ်းနည်းအထီးကျန်နေတဲ့ပုံလည်း ပေါ်ပါတယ်။ တစ်နေ့မှာတော့ ဒယ်ရှစ်က လမ်းပေါ်မှာ အရက်မူးပြီးလဲနေတဲ့ ဆော့ဝန်လို့ခေါ်တဲ့သူကို တွေ့ခဲ့တယ်။ အစက လှည့်ထွက်ဖို့လုပ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူနေတဲ့နေရာကို ခေါ်လာခဲ့လိုက်ပါတယ်။ ထပ်မချစ်တော့ဘူးလို့လုပ်ခဲ့ပေမဲ့ သူ့နှလုံးသားက ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ ဆော့ဝန်က စီးပွားပျက်ပြီး မိန်းမရဲ့စွန့်ပစ်မှုကိုပါ ခံလိုက်ရလို့ စိတ်ဓာတ်ကျပြီး ကိုယ်ကိုယ့်ကိုယ်သတ်သေဖို့ အမြဲကြိုးစားနေတဲ့သူပါ။ ဒယ်ရှစ်နဲ့တွေ့ပြီးတဲ့နောက်မှာတော့ ငြီးငွေ့စရာကောင်းတဲ့ လူအဖွဲ့အစည်းကနေ ရုန်းထွက်ပြီးတော့ ဒယ်ရှစ်နဲ့အတူ ခြေဦးထွက်ရာ ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့... File Size :(3.6GB)& (1.4GB) Quality :WEB-DL1080P,720p Format…mp4 Duration…01:54:00 Genre : Romance , Drama, Adult Subtitle : Myanmar Subtitle (Hard Sub) Translated by  SD Encoded by  DS

Drama • Mystery • Sci-Fi & Fantasy
5.8 2002 114 mins
[18+]Road Movie
...ing
6.8

အင်္ဂလိပ်ဝေါဟာရ "Present" ဟာ မြန်မာလို "လက်ရှိ" လို့ ဘာသာပြန်လို့ ရသလို "လက်ဆောင်" လို့လည်း ဘာသာပြန်လို့ရပါတယ် ကိုယ့်ရဲ့"လက်ရှိ"အချိန်ဟာ ကိုယ်လုပ်ချင်တာတွေ လုပ်ဖို့အတွက် ဘဝကို ပျော်ရွှင်ခံစားဖို့အတွက် ကိုယ်ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံး "လက်ဆောင်" ပါပဲ အဲ့ဒါကြောင့် "Present is Present❤" "လက်ရှိက လက်ဆောင်" လို့ ပြောကြပါတယ် ဒီဇာတ်ကားလေးမှာလည်း သမီးဖြစ်သူ ဘဝကို အဓိပ္ပါယ်မဲ့ ဆွဲဆန့် ရှင်သန်နေရမယ့်အစား လက်ကျန်အချိန်လေးမှာ ဘဝအရသာကို ပျော်ရွှင်ခံစားခွင့်ရအောင် ဖန်တီးပေးခဲ့တဲ့ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို အသည်းနင့်ဖွယ် တွေ့မြင်ခံစားရမှာပါ ကိုရီးယားတွေဟာ melodrama အချစ်ဇာတ်လမ်းတွေကို ရိုက်ကူး တင်ပြရာမှာ ထိပ်တန်းမှာ ရှိနေတာ အားလုံးအသိပါ နေမကောင်းဖြစ်နေတဲ့ ကောင်မလေးနဲ့ ကောင်လေးရဲ့ အချစ်ဇာတ်လမ်း တွေကိုလည်း မရေနိုင်အောင် ရိုက်ကူးခဲ့ ရိုက်ကူးနေကြဆဲပါ ဒါပေမယ့် ဒီ "...ing" ရုပ်ရှင်လေးလိုမျိုး ငြိမ့်ငြိမ့်လေးနဲ့ ရင်ထဲနင့်နေအောင် ခံစားရစေတဲ့ ဇာတ်ကားတွေကတော့ ရှားပါတယ် အားလုံးရဲ့ အချစ်ဦး Kim Rae Won နဲ့ မမလှလှ Lim Su Jeong တို့ကလည်း ဓာတုဗေဒမိမိ ပါဝင် သရုပ်ဆောင်ထားပါတယ် ဒီ Old but gold (အိုင့်အတွက်တော့ old but diamond ပါ) ရုပ်ရှင်ကားကောင်းလေးကို ကြည့်ဖြစ်အောင် ကြည့်ကြပါလို့ တိုက်တွန်းရင်း... File size…1.89GB / 536MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ..... Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe

Drama • Horror • Thriller
6.8 2003 104 mins
...ing
Alive Drift
8

ဂျပန်ကားကြိုက်တဲ့ ညိုကီတို့ ညောင်နီတို့ရှိကြလားဗျို့ အချင်းချင်းလက်တို့ မန်းရှင်းခေါ်ပြီး ဒီကားလေးသာပြလိုက်ပါတော့... အရမ်းမိုက်တဲ့ကားပြိုင်ပွဲလေးကိုရိုက်ထားတဲ့ကားလေးပါ။ တစ်ခြားပြိုင်ကားတွေနဲ့မတူတာက Drift ဆွဲတာကိုပြိုင်တဲ့ကားလေးပါ။ ဘာသာပြန်သူကလည်း အရမ်းကြီးမသိပေမယ့် ဘာသာပြန်တာ ခဏရပ်ပြီး ပြိုင်ပွဲကိုအားပေးလိုက်ရတဲ့အထိ ဆွဲဆောင်မှုရှိတဲ့ကားလေးပါ။ အားကစားကားတွေဆို လေ့ကျင့်မယ်၊ ရှံးမယ်၊ ရှုံးခါနီးမှနိုင်သွားမယ် အဲ့ဒီလိုပုံစံခွက်ထဲကနေ မတူအောင်ရိုက်ပြထားပါတယ်။ Drift ဆွဲပြိုင်မယ့်သူက E-sport မှာချန်ပီယံရထားတဲ့ ပြိုင်ကားမောင်းသူ ကိုအိချိ ပဲ ဖြစ်ပါတယ်။ ဂိမ်းသမားတစ်ယောက်က လက်တွေ့မှာတကယ့်ပြိုင်ကားကို မောင်းရမယ်ဆိုတော့ ခေါင်းတွေလည်းမူး၊ အန်လည်းအန်ပြီး တော်တော်စိတ်ညစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဂိမ်းဆိုသည်မှာလည်း လက်တွေ့နဲ့တူအောင်ဖန်တီးထားတာမို့ ဂိမ်းဆရာကြီးဖြစ်တဲ့ ကိုအိချိ က လက်တွေ့နဲ့ ဂိမ်း ဘယ်လိုရောစပ်သွားမလဲဆိုတာကို ဂျပန်အဆင်လေးလည်းငမ်းရင်း အားရပါးရကြည့်ဖို့ ဒေါင်းလိုက်ပါတော့နော်... အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။ Genre..... Sport Quality…. 1080p | 720p | 480p File size… 2.2GB | 1.1GB | 54oMB Format… mp4 Duration…. 2h 1min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JoJoVa Encoder ..... August

Action • Science Fiction • Thriller
8 2022 121 mins
Alive Drift
Code Name: Tiranga
4.8

အခုတစ်ခေါက်မှာတော့ မင်းသမီးချောလေး ပရီနီသီးချိုပရာရဲ့ စပိုင်အက်ရှင် ရုံတင်ကားသစ်တစ်ကားကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်... စပိုင်တစ်ယောက်ရဲ့တာဝန်က ဘာလဲ စပိုင်တစ်ယောက်ဟာသူ့ရဲ့ တာဝန်နဲ့ပက်သက်လာရင် ဘယ်လောက်ထိကြောက်ဖို့ကောင်းပြီး အရေးပါလဲဆိုတာကို အက်ရှင်ဇာတ်ဝင်ခန်းအလန်းတွေနဲ့ချပြထားပြီး plot twistတွေနဲ့ ကြည့်ရတာမအီစေသွားမယ့် ဇာတ်လမ်းတပုဒ်ပဲဖြစ်ပါတယ် ဇာတ်လမ်းကိုတော့ ဒေါက်တာမစ်ဇာဆိုတဲ့ လူတစ်ဦးနဲ့စတင်ထားပြီး မစ်ဇာကတော့ ကုလသမ္မဂရဲ့တာဝန်တခုကြောင့် တူရကီကနေ အာဖဂန်နစ္စတန်ကိုရောက်ရှိလာသူပဲဖြစ်ပါတယ်.... သူ့တာဝန်ကိုထမ်းဆောင်ရင်း သူ့ဘဝရဲ့မထင်မှတ်ထားတဲ့ အလှည့်ပြောင်းကိုကြုံတွေ့လိုက်ရပါတယ်... အဲ့တာကတော့သူနဲ့အမှတ်မထင်ဆုံတွေ့ပြီး ရင်းနှီးခဲ့ရတဲ့မိန်းမပျိုလေးဖြစ်ပြီး အဲ့ဒီမိန်းမပျိုကို သဘောကျမိရာကနေ ကံကြမ္မာအပြောင်းလဲကြီးတခုကြုံတွေ့ရပြီး မထင်မှတ်ထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားဖွယ်ရုပ်ရှင်တကားကိုတင်ဆက်သွားမှာပဲဖြစ်ပါတယ် File size…1.34GB / 630MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ OeliuJ ~Yunni

Drama • Mystery • Thriller
4.8 2022 137 mins
Code Name: Tiranga
The Post
7

IMDb....7.3,,,,,Rotten ....88 ဒါရိုက်တာက Steven Spielberg ....အဓိက သရုပ်ဆောင်တွေက Meryl Streep, Tom Hanks နဲ့  Sarah Paulson  .... Rating တွေ မြင့်တာတွေ အော်စကာဆုတွေမှာ စာရင်းဝင်ခဲ့တာတွေ အခြားဆုပေါင်းများစွာ ရတာတွေ အသာထား .. .ဒီဒါရိုက်တာ နဲ့ ဒီသရုပ်ဆောင်တွေနဲ့တင် ထွေထွေထူးထူး ညွှန်းဆိုဖွဲ့စရာ မလိုဘူးထင်တယ်.... အမေရိကန်ရဲ့ထိပ်တန်းသတင်းစာတိုက်တစ်ခုဖြစ်တဲ့ The Washington Post မှာ ပထမဆုံးအမျိုးသမီးပုံနှိပ်ထုတ်ဝေသူဟာ Katherine Graham (မင်းသမီးကြီး Meryl Steep) ပါ...အယ်ဒီတာကတော့ Ben Bradlee (မင်းသားကြီးTom Hanks) ဖြစ်ပါတယ်. .သူတို့ဟာ အစိုးရရဲ့နှစ်ပေါင်းသုံးဆယ်တိုင်တိုင်  ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ပြည်သူတွေကိုညာခဲ့တာတွေကို ပြိုင်ဘက်သတင်းစာတိုက်ဖြစ်တဲ့ The Nw York Times နဲ့အပြိုင် ထုတ်ဖော်ကြတယ်... အစိုးရကိုလျှို့ဝှက်ချက်တွေ ထုတ်ဖော်ပြီဆိုမှာတော့  သူတို့တွေ ကြုံရတဲံ အခက်အခဲတွေ အန္တရယ်တွေဟာ ဘေးပတ်လည် ဝိုင်းနေပါတယ်... အစိုးရရဲ့ လျှို့ဝှက်ချက်တွေ လိမ်ညာမှုတွေက ဘာလဲ...သူတို့တွေကရော ရင်ဆိုင်နိုင်ပါ့မလား... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ညီမငယ် JtheKoala  ဖြစ်ပါတယ်... File Size :(2.6GB) &(994MB) Quality : Blu-Ray 1080P5.1Ch, 720p Format…mp4 Duration…01:55:00 Genre :Biography, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by Phyo Pyae

Drama
7 2017 116 mins
The Post
Jailbreak Pact
7

Jailbreak Pact (2020) ~ IMDb – 7/10, Rotten Tomatoes – 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ “နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး” ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size – 2GB, 1.1GB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 2H 15Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Action • Adventure • Science Fiction
7 2020
Jailbreak Pact
South Park: Joining the Panderverse

Dark humour တွေကြိုက်တဲ့လူတိုင်း South Park Series လေးကိုတော့ သိမယ်ထင်ပါတယ် ဒီတစ်ကားမှာလည်း ထုံးစံအတိုင်း ‌ဒီခေတ်မှာ ဖြစ်ပျက်နေတာကို သိသိသာသာ Troll ထားတာပါ Disney က ထုတ်သမျှ ဇာတ်ကားတိုင်း လူမည်းနဲ့ အစားထိုးပြီး လူမျိုးရေးခွဲခြားတာလို့ ထိုင်အော်နေတဲ့ အကြောင်းနဲ့ AI ကို အားကိုးလာကြတဲ့ လူတွေအကြောင်းကို သရော်ထားတာဖြစ်ပါတယ် အဲရစ်ကာမန်းဟာ သူ့ပတ်ဝန်းကျင်ကလူတွေ အစားထိုးခံလိုက်ရတယ်ဆိုတဲ့ အိမ်မက်ကို အမြဲမက်နေခဲ့တာပါ တစ်ရက်မှာတော့ သူ့အပေါ်ကို ဂိတ်ပေါက်တစ်ခုဖွင့်လာပြီး တခြား ကမ္ဘာတစ်ခုကို ရောက်ရှိသွားတဲ့အခါ အဲရစ်တစ်ယောက် လူမှန်နေရာမှန်ပြန်ရောက်အောင် လုပ်ရပါတော့တယ် File size…(760 GB)/(350 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:48:00 Genre…Animation, Comedy, Science Fiction, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

0 2023
South Park: Joining the Panderverse
Trading Places
7.5

Trading Places (1983) ~ IMDb – 7.5/10, RT – 88%, Meta – 69% ~ ကျွန်တော်တို့ရဲ့ ဟာသမင်းသားကြီး အက်ဒီ မာဖီ ရဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ချင်ပါတယ်။ နှယ်နှယ်ရရဇာတ်ကားတော့ မဟုတ်ပါဘူး။ ကုန်သွယ်မှု မသမာတိုက်ဖျက်ရေးမှာ အရေးတကြီးအဆိုတင်သွင်းတော့ ဒီဇာတ်ကားကို မှီငြမ်းပြုခဲ့တာပါ။ ဒီဇာတ်လမ်းကို မကြည့်ခင်မှာ Trading Places လို့ခေါ်တဲ့ ကြိုပွိုင့်ရောင်းဝယ်ရေးကို အရင်နားလည်ထားရင် ပိုကောင်းမယ်ထင်ပါတယ်။ ကျွန်တော်နားလည်သလောက် ရှင်းပြပါရစေ။ စီးပွားရေးပညာရှင်မဟုတ်လို့ လွဲမှားတာတွေ ပါနိုင်ပေမဲ့ တီး‌မိခေါက်မိဖြစ်သွားရင် ဇာတ်ကားကို ပိုသဘောပေါက်နိုင်ပါတယ်။ ကုန်ပစ္စည်းတွေကို တကယ်တမ်း အရောင်းအဝယ်မလုပ်ခင်မှာ ကြိုပွိုင့်အနေနဲ့ အရင်ရောင်းဝယ်ကြပါတယ်။ ဂျုံရောင်းဝယ်ရေးအတွက်ဆိုရင် ဂျုံတွေကို မစိုက်ရသေးခင်မှာပဲ အရောင်းအဝယ်ကတော့ ဖြစ်နေပါပြီ။ ဈေးလည်း သတ်မှတ်ပြီးသားပါ။ ကျွန်တော်တို့နိုင်ငံလို ငွေဈေးမတည်ငြိမ်ရင်တော့ ခွေးဖြစ်မယ့်ကိန်းပေါ့လေ။ ဒါပေမဲ့ သူတို့ဆီမှာတော့ အလုပ်ဖြစ်တယ်ဗျ။ ဂျုံရောင်းရေး ဂျုံဝယ်ရေး စာချုပ်တွေက ဈေးကွက်စချိန်မှာပဲ ရောင်းဝယ်ပြီးကြပါပြီ။ ကိုင်ထားတာကတော့ ပွဲစားတွေပေါ့။ သူတို့ဆီကနေမှ တကယ့် ကုန်သည်တွေ လယ်သမားတွေက စာချုပ်တွေမှာပြီး ကုန်ပစ္စည်းနဲ့တကွ ရောင်းဝယ်ရတာပါ။ ဒီတော့ ရောင်းသူဖြစ်ဖြစ် ဝယ်သူဖြစ်ဖြစ် မြတ်စွန်းအောင် ပွဲခံပေးနိုင်တဲ့ ပွဲစားတွေက လူကြိုက်များ အလုပ်ဖြစ်တာပေါ့လေ။ ဒီဇာတ်ကားကို ရိုက်ကူးမယ်လုပ်တုန်းက အခြားသရုပ်ဆောင်တွေကို မှန်းထားကြတာ။ ဒါပေမဲ့ Dan Aykroyd ရယ် Eddie Murphy ရယ် ဝင်လိုက်ရတယ်ပေါ့။ ကျွန်တော်တို့ မာဖီ ကြီးက အဲဒီတုန်းက အကောင်မဖြစ်သေးဘူး။ သူ့ရဲ့ အောင်မြင်ခဲ့တဲ့ကားတွေထဲက ဒုတိယကားပဲရှိသေးတယ်။ ပြီးတော့ ဒုတိယမင်းသားအနေနဲ့ ပါဝင်ရတာ။ ဒါပေမဲ့ မင်းသားနေရာပေးပုံကတော့ ဇာတ်လမ်းအရ ဇာတ်ကွက်အရ အတူတူပါပဲ။ နှစ်ယောက်လုံး လုပ်ကွက်ရကြတယ်။ ဟာသပိုင်းကိုတော့ မာဖီကြီးပဲ သယ်ရတာပါလေ။ ဒီဇာတ်ကားက ဟာသဆိုတာထက် သရော်တဲ့ဇာတ်ကားပါ။ အရင်းရှင်စနစ်ရဲ့ လက်ဝါးကြီးအုပ်မှုတွေကြားမှာ မလူးသာရတဲ့ကြားထဲ ဩဇာရှိ ပွဲစားကြီးတွေရဲ့ မသမာလုပ်မှုကြားမှာ ချမ်းသာပြီးသားသူတွေပဲ ချမ်းသာရတဲ့အကြောင်း ပညာပေးရိုက်ပြထားသလိုပါပဲ။ ဇာတ်ကားက ကြည့်သူရော ဝေဖန်သူရော အကြိုက်တွေ့ခဲ့ပြီး အမြတ်အစွန်းကြီးတဲ့ဇာတ်ကားတွေထဲလည်း ပါခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ပွဲစားညီနောင်နှစ်ယောက်က သူတို့အချင်းချင်း အပျော်သဘော လောင်းကစားလုပ်ကြတယ်။ သူတို့ငြင်းခုန်နေတာက လူတစ်ယောက် ကောင်းစားရေးဟာ မျိုးရိုးဗီဇနဲ့ဆိုင်သတဲ့။ ပြိုင်မြင်းတွေလိုပဲ မွေးကတည်းက အပြေးမြန်နေတဲ့ကောင်မျိုးတွေပေါ့။ တစ်ယောက်ကတော့ မျိူးရိုးဗီဇနဲ့မဆိုင် ပတ်ဝန်းကျင်နဲ့ဆိုင်သတဲ့။ ဒီတော့ သူတို့လုပ်ငန်းက မန်နေးဂျင်း ဒါရိုက်တာတစ်ယောက်ကို လမ်းဘေးမှာ လိမ်ညာတောင်းစားနေတဲ့ သတောင်းစားတစ်ယောက်နဲ့ နေရာချင်းလဲပစ်လိုက်ပါလေရော။ မျိုးရိုးကောင်းတဲ့ မန်နေဂျာကောင်ကို လမ်းဘေးပို့လိုက်လို့ ရာဇဝတ်ကောင်ဖြစ်သွားရင်၊ သူတောင်းစား ကုမ္ပဏီထဲရောက်လာပြီး လုပ်ငန်းတွေ လည်ပတ်နေနိုင်ရင် ပတ်ဝန်းကျင်သမားက နိုင်မယ်ပေါ့လေ။ ဒီလိုနဲ့ မန်နေဂျာမင်းသားနဲ့ သူတောင်းစားမင်းသားတို့ နေ့ချင်းညချင်း ဘဝတွေပြောင်းပြန်ဖြစ်ကုန်ပြီး ပရမ်းပတာတွေဖြစ်လာတဲ့အခါ… (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 920MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 56Min Genre – Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

7.5 1983
Trading Places
Maboroshi
6.4

Maboroshi (2023) ~ IMDb – 6.4/10, RT – 62%, MyDramaList – 7.3/10 ~ အဲဒီမြို့ကလေးမှာ လူတွေဟာ ဘယ်တော့မှ ရုပ်ရော နာမ်ရောပြောင်းလဲမလာကြဘူး။ ဒီအဖြစ်တွေဟာ မြို့ကလေးရဲ့ကောင်းကင်မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး ဒီမြို့ကလေးရဲ့ အချက်အချာ စတီးစက်ရုံကြီးကို နတ်ဘုရားတွေ ဝင်စီးရာက စတယ်။ ဒီစတီးစက်ရုံကြီးက တစ်မြို့လုံးက လူတွေအားလုံးကို အလုပ်ပေးထားတဲ့နေရာတစ်ခု။ ကောင်းကင်မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး တစ်ခုသောမနက်မှာ စတီးစက်ရုံကြီးဟာ ဘယ်သူမှ ဝင်လည်ပတ်ပေးစရာမလိုဘဲ သူ့ဘာသာ လည်ပတ်နေတော့တယ်။ စက်ရုံက အဓိကထုတ်ပေးတာက ဝံပုလွေလို သဏ္ဍာန်ရှိတဲ့ မီးခိုးတွေပေါ့။ အဲဒီမီးခိုးတွေက အလုပ်၂ခုလုပ်တယ်။ တစ်ခုက ကောင်းကင်က အက်ကွဲကြောင်းကိုဖာတာ၊ တစ်ခုက လူတွေကို ပျောက်ကွယ်အောင်လုပ်တာ။ ဘယ်လိုလူတွေကိုပျောက်ကွယ်အောင် လုပ်သလဲဆိုရင်တော့ ခံစားချက်ရှိတဲ့လူတွေကို…။ အဲဒီမြို့ကလေးက လူတွေဟာ ခံစားချက်ရှိနေလို့မရဘူး။ ခံစားချက်မရှိအောင်လည်းနေရတယ်။ ခံစားချက်တစ်ခုရှိလာပြီဆိုတာနဲ့ မီးခိုးဝံပုလွေတွေဟာ အဲဒီလူကို ဝါးမြိုသွားတတ်တယ်။ ခံစားချက်ရှိလာလေ လူတွေရဲ့ နှလုံးသားမှာ အက်ကွဲကြောင်းတွေပေါ်လာလေ မြို့ကလေးရဲ့ ကောင်းကင်က အက်ကွဲကြောင်းတွေကလည်း ပိုအက်ကွဲလာပြီး မြို့ဟာ ပိုပျက်လာတတ်တယ်။ မြို့က လူကြီးတွေက အဲဒီမြို့ကလေးကလူတွေကို အပြောင်းအလဲမရှိအောင်ရော ခံစားချက်မရှိအောင်ရော ထိန်းချုပ်ထားတယ်။ သူတို့ခံစားချက်တွေ မပြောင်းလဲကြသလိုပဲ အဖြစ်တွေ ရာသီတွေကလည်း မပြောင်းလဲဘူး။ အမြဲတမ်း ဆောင်းကျနေတဲ့ မြို့ကလေးမှာ သူတို့အသက်တွေကလည်း ကြီးမလာကြသလို မြို့ကလေးကလူတွေမှာ ဘယ်လိုဒဏ်ရာမျိုးပဲရရ နာကျင်မှုဆိုတာလည်း မရှိဘူး။ ရုပ်ရဲ့အထိအခိုက်နဲ့ နာကျင်မှုကို သူတို့တွေရှာကြည့်ကြပေမဲ့လည်း နာကျင်မှုက သူတို့ဆီ ရောက်မလာခဲ့ဘူး။ သူတို့ကိုနာကျင်စေနိုင်တဲ့ တစ်ခုတည်းသောအရာက ချစ်မိခြင်းပဲရှိခဲ့တယ်။ ချစ်မိသူတွေများလာရင်လည်း မြို့ကလေးရဲ့ကောင်းကင်မှာ အက်ကွဲကြောင်း‌တွေ တိုးသည်ထက်တိုးလာရင်း မြို့ကလေးရဲ့ပျက်ကပ်ဟာ ဆိုက်ရောက်လာလိမ့်မယ်။ တချို့ကတော့ ဒီမြို့ကလေးဟာ နတ်ဘုရားတွေရဲ့ အမျက်တော်ရှခံနေရတာလို့ ဆိုကြတယ်။ တစ်ချို့ကတော့ ဒီမြို့ကလေးဟာ နတ်ဘုရားတွေရဲ့ ကရုဏာလို့ဆိုကြတယ်။ မြို့ကလေးကလူတွေကို ရှိခဲ့ဖူးတဲ့ အလှပဆုံးအချိန်တစ်ခုမှာ သိမ်းဆည်းထားပေးချင်တာလို့ ဆိုကြတယ်။ အလှပဆုံးအချိန်တွေမှာ ခံစားချက်မဲ့စွာရှင်သန်မလား… ခံစားချက်တစ်ခုရဲ့ အရွေ့မှာ မြို့ကလေးရဲ့ ကောင်းကင်အက်ကွဲကြောင်းတစ်ခုတိုးစေမလား… ကတော့ မြို့ကလေးက လူတွေရဲ့ ရွေးချယ်မှုပေါ့။ Maboroshi မှာ အဲဒီရွေးချယ်မှုတွေ ဘယ်လောက်ခက်ခဲပြီး အဲဒီရွေးချယ်မှုတွေ ဘယ်လောက်လှပလဲ မြင်ရလိမ့်မယ်။ အခုပြောနေတဲ့ဇာတ်ကြောင်းဟာ စတိသဘောပါပဲ။ Maboroshi ရဲ့ ဇာတ်ကြောင်းဟာ ဒီထက်အများကြီးပိုရှုပ်ထွေးတယ်။ Maboroshiဟာ ဘယ်လိုကားမျိုးလဲပြောရရင် ကျွန်တော့်အတွက်တော့ Fragmentation တစ်ကြောင်းကို ပြန်အမှတ်ရစေခဲ့တယ်။ “ပြောင်းလဲမရနိုင်တဲ့ရင်နာစရာတွေအတွက် ချစ်စရာ အနုပညာထွက်ပေါက်ဟာ အိမ်နီးချင်းတိုတိုရိုကလေးမှာ ရှိနေတယ်” ဆိုတဲ့ စာသားတစ်ကြောင်းပေါ့။ တိုတိုရိုနဲ့ မတူတာက ဒီရုပ်ရှင်ကတော့ အရှိတရားကို လက်ခံပြီး ဒီထွက်ပေါက်တွေကနေ ကျွန်တော်တို့ရွေ့ပြီး ပိုလှတဲ့နေ့တွေအတွက် ရှေ့ဆက်မလား။ ဒီထွက်ပေါက်ကလေးကိုပဲ မက်မောပြီးနေလိုက်မလားဆိုတာကို ပြသွားခဲ့တယ်။ Maboroshi ဟာ အန်နမဲကြည့်နေကျမဟုတ်တဲ့လူတွေအတွက်တော့ အဆင်ပြေဖို့မသေချာပေမဲ့ အန်နမဲဖန်တွေအတွက်တော့ ကားကောင်းတစ်ကားဖြစ်နေလိမ့်မယ်။ Perfect Blue, Paprika, The Prestige, Inception, Shutter Island နဲ့ Predestionation တို့လို ရုပ်ရှင်တွေကြိုက်တဲ့လူတွေလည်း ကြိုက်ကောင်းကြိုက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 720MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 51Min Genre – Animation, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.4 2023
Maboroshi
With Love, Your Sweetly Salted
6.1

အယ်လီ ဟာ ချီကာကို က စာဖတ်သူတွေရဲ့ အားပေးမှုကို ရရှိထားတဲ့ Sweety Salted အချိုကဲ အငံဓာတ် နာမည်ပြောင် သုံးပြီး ရေးတဲ့ အစားအသောက်ဝေဖန်သူတစ်ယောက်ပါ…… ဂုဏ်သတင်းကျော်ကြားပြီး လူပုံဓာတ်ပုံရိုက်မခံလို့ သူ့ကို နာမည်သာ ကြားဖူးကြပြီး ဘယ်သူမှ မမြင်ဘူးကြတဲ့ စာဖိုမှုး ဆတ်ရေနယ်ဒို ဆိုင်သစ်ဖွင့်တော့ အယ်လီရေးလိုက်တဲ့ သူ့ဆိုင်က ဂျဘရီတို အကြောင်းဝေဖန်ချက်ကြောင့် အယ်လီအတွက်ရော ဆတ်အတွက်ပါ အဆင်မပြေမှုတွေဖြစ်လာတဲ့အခါ ဘာတွေဆက်ဖြစ်ပြီး တခါမှမတွေ့ဘူးတဲ့ သူတို့နှစ်ယောက်ဘယ်လိုတွေ့ဆုံကြမယ်ဆိုမလဲဆိုတာ ငြိမ့်ငြိမ့်ညောင်းညောင်းကြည့်ရှုခံစားရမှာပါ အစားအသောက်ကားလေးတွေကြည့်ရတာ သဘောကျတဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပါ File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:31:00 Genre… Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

6.1 2023 90 mins
With Love, Your Sweetly Salted
The Others
7.6

The Others (2001) IMDb Rating (7.6) / Rotten Tomatoes (84%) “The others” ရုပ်ရှင်ဟာ 2001ခုနှစ်မှာစတင်ဖြန့်ချိခဲ့တဲ့ အမေရိကန်-ပြင်သစ်သဘာဝလွန်သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာဖြစ်သူ Alejandro Amenabarကရိုက်ကူးထားပြီး အဓိကဇာတ်ကောင်တွေအဖြစ် Nicole Kidman, Fionnula Flanagan, Christopher Eccleston, Elaine Cassidy, Eric Sykes, Alakina Mann, James Bentleyစတဲ့သူတွေက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားရဲ့ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ 17မီလီယံဖြစ်ပြီး ရုံတင်ဝင်ငွေက 209.9မီလီယံဒေါ်လာဖြစ်ပါတယ်။ အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်တဲ့ပထမအပတ်မှာတင် 14မီလီယံဒေါ်လာကိုရရှိခဲ့ပြီး ရုံတင်ဝင်ငွေအများဆုံးနံပါတ်4နေရာမှာ နောက်ထပ်သုံးပတ်တိတိရပ်တည်ခဲ့ပါတယ်။ ဒါ့အပြင် Goya Award for Best Film Goya Award for Best Director Goya Award for Best Original Screenplay Goya Award for Best Sound Goya Award for Best Art Direction Goya Award for Best Editing Goya Award for Best Goya Award for Best စတဲ့ဆုတွေကိုလည်း အသီးသီးရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်း ခရစ်ယာန်ဘာသာကို လေးနက်စွာယုံကြည်သောအမျိုးသမီးတစ်ယောက်သည် ကလေးငယ်နှစ်ဦးနှင့်အတူ အိမ်ကြီးတစ်အိမ်တွင်နေထိုင်ကြသည်။ သူမ၏ယောကျ်ားသည် ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့ကိုတိုက်ထုတ်ရန် ထွက်သွားသည်မှစ၍ မည်သည့်သတင်းမှမကြားရတော့။ အမျိုးသမီး၏ကလေးငယ်များသည် photosensitivityဟုခေါ်သော နေရောင်နှင့်ဓာတ်မတည့်သောရောဂါတစ်မျိုးကြောင့် တစ်အိမ်လုံးကိုလိုက်ကာများဖြင့်ကာ၍ အမှောင်ချထားရသည်။ ထိုအိမ်ကြီးသို့ လူသုံးယောက် အိမ်အကူအဖြစ်လုပ်ကိုင်ရန် ရောက်ရှိလာသည့်အချိန်မှစ၍ အမျိုးသမီးသည် ထူးဆန်းမှုများကို သတိထားမိလာသည်။ အမျိုးသမီးကမူ အိမ်စေတို့သည် သူမတို့မိသားစုကို အန္တရာယ်ပေးလိုသည့်အတွက်ကြောင့် စီရင်ဖန်တီးသည်ဟုယူဆပြီး။ “တမလွန်လောကနှင့် လူ့ဘုံလောကတို့အတူနေထိုင်နိုင်ရန် ကြိုးစားရမည်”ဟူသောစကားကို သူမကြားရသောအခါ သမ္မာကျမ်းစာအပေါ် လုံးဝဥဿုံယုံကြည်မှုနှင့် လက်တွေ့အဖြစ်အပျက်တို့ကွာဟနေမှုကို ကြုံတွေ့ရသောအခါ အမှန်တရားကိုသိမြင်လာရပြီးနောက်မှာတော့.. (ဤဇာတ်ကား၏ ထူးခြားချက်မှာ ဖြစ်ရိုးဖြစ်စဉ်သည်းထိတ်ရင်ဖိုဇာတ်လမ်းများနှင့်မတူဘဲ ပရိသတ်အနေနှင့် မည်သို့မျှမျှော်လင့်ထားစရာမရှိသည့်ဇာတ်ကွက်ကို ချပြထားခြင်းဖြစ်သည်။ ထို့အပြင်စိတ်ပညာပိုင်းဆိုင်ရာရှုထောင့်မှ စဉ်းစားစရာအချက်တစ်ချို့ကိုလည်း ထည့်သွင်းထားသည်။) File size…(1.5 GB) / (850 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Mystery, Thriller Duration….01:44:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Aung Hein Myint

7.6 2001
The Others
Yes, Chef! Christmas
6.3

Yes, Chef! Christmas (2024) IMDb Rating (6.3) / Rotten Tomatoes (50%) ခရစ္စမတ် ဟင်းချက်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဟင်းချက်တော်တဲ့ အယ်လီရှာဟာ မွေးစားအဖေနဲ့အတူနေထိုင်ပြီး ကျောင်းတစ်ကျောင်းမှာပဲ ဟင်းချက်သင်နေပါတယ်။ သူ့ရဲ့ စားဖိုမှူးဘဝဟာ အကြောင်းတစ်စုံတစ်ရာကြောင့် နိဂုံးချုပ်သွားခဲ့ပြီးကတည်းက စားသောက်ဆိုင်မီးဖိုချောင်နဲ့ အဆက်ပြတ်နေခဲ့ရာမှာ တစ်ရက်တော့ နာမည်ကြီးဟင်းချက်ပြိုင်ပွဲ Kringle-Cookoff က ပြိုင်ပွဲဝင်ခွင့်ရကြောင်း ဖိတ်စာရလာတဲ့အခါ သူကိုယ်တိုင် အံ့သြသွားရတယ်။ အစကတည်းက မလျှောက်ထားဘဲ သူ့ကို ဒီလိုနာမည်ကြီးပြိုင်ပွဲမှာ ဘယ်သူက ဝင်ပြိုင်စေချင်ခဲ့တာလဲ? ပြိုင်ပွဲအဖွဲ့အစည်းက သူနဲ့ တွဲပေးတဲ့ ဘုကလန့်နည်းပြနဲ့ ဘယ်လိုနှစ်ပါးသွားကြမှာလဲ ကြည့်ရှုခံစားလိုက်ပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။) File size…(1.5 GB) / (800 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:28:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Sike Tan

Horror • Thriller
6.3 2024 88 mins
Yes, Chef! Christmas