YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Vampire.Academy.S01E05.Near.Guard.Far.Guard.1080p.WEB-DL.AAC5.1Ch(CM).mp4

595.98 MB N/A video/mp4 396 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Chup
6.6

အခုတစ်ခေါက်မှာတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အိန္ဒိယမှုခင်းကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် အမျိုးသမီးတစ်ယောက် အိမ်ပြန်လာတော့ အိမ်ထဲမှာမှောင်နေတယ် သူ့ယောက်ျားကို သူအော်ခေါ်နေရင်း လိုက်ရှာတော့ အိမ်သာထဲမှာ တွေ့လိုက်ရတာက တစ်ကိုယ်လုံးကို တိတိပပ လှီးဖြတ်ထားတဲ့ ဓားရာတွေနဲ့ သေဆုံးနေတဲ့ သူ့ယောက်ျားကို တွေ့လိုက်ရတော့တယ် သူ့ယောက်ျားက ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်ဖြစ်ပြီး သူသေတော့ သူ့နဖူးပေါ်မှာ အမှတ်အသားတစ်ခုရှိနေခဲ့တယ် အဲဒီလိုနဲ့ သိပ်မကြာခင်မှာပဲ ရထားလမ်းပေါ်မှာ လူတစ်ယောက် ကိုယ်တစ်ပိုင်းပြတ်ပြီး သေနေပြီး သူကလည်း ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်ဖြစ်ကာ သူ့ရဲ့နဖူးမှာလည်း ပထမတစ်ယောက်လိုမျိုး အမှတ်အသားတစ်ခု ရှိနေခဲ့တယ်.. အဲဒီလိုနဲ့ လူသတ်မှုတွေ ဆက်တိုက်ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး ရဲတွေကို ပဟေဠိပေးနေတဲ့ အဲဒီကွင်းဆက်လူသတ်သမားက ဘယ်သူဖြစ်မလဲ ဘာကြောင့် ဒီလိုတွေသတ်နေတာလဲဆိုတာ မှုခင်းကားကြိုက်တတ်သူတွေအဖို့ ဒီကားဟာ တကယ့်ကို ပဟေဠိတွေနဲ့ အဖြေညှိရမယ့် မှုခင်းကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ် File size...1.72GB / 788MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Yunni & Poe & OeliuJ

Drama • Family
6.6 2022 130 mins
Chup
Troll
6.7

နော်ဝေး စိတ်ကူးယဉ် ရုပ်ရှင်ကောင်းတစ်ခုလာပါပြီ။ အမေရိကန်မှာကင်းကောင် ဂျပန်မှာ ဂေါ်ဇီလာဆိုသလို နော်ဝေးပုံပြင်တွေမှာလည်း ဘီလူးကြီးတွေဟာ မပါမဖြစ်ပါ။ နော်ဝေးမှာ ခရစ်ယာန်သာသနာ စတင်ပြန့်ပွားစဉ်က ဘီလူးတွေနဲ့ လူတွေတိုက်ပွဲဖြစ်ခဲ့ပြီး ဘီလူးတွေမျိုးတုံးသွားတဲ့ ပုံပြင်တွေရှိခဲ့ပါတယ်။ အဲဒီဘီလူးတွေဟာ ခရစ်ယာန်တွေကိုမုန်းတယ်၊ ဘုရားကျောင်းတွေကို ကျောက်တုံးကြီးတွေနဲ့ထုတယ်၊ နေရောင်နဲ့တွေ့ရင် ကျောက်ဖြစ်ပြီး သေသွားတယ်ဆိုတဲ့ အချက်တွေ ရှိခဲ့ပါတယ်။ ဒါတွေအားလုံးဟာ နော်ဝေးဒဏ္ဍာရီတွေကနေ စတင်ခဲ့တာပါ။ နော်ဝေးတွေဟာ ဒဏ္ဍာရီအပိုင်းမှာတော့ အတော်ခိုင်လုံတဲ့ ဇာတ်ကောင်တွေနဲ့ဇာတ်အိမ်တွေရှိခဲ့တာအမှန်ပါပဲ။ စိတ်ကူးယဉ် စာပေလောကမှာ နတ်ဘုရားတစ်ပါးလိုဖြစ်တဲ့ The Lord of the Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာတိုကင်းန်တောင် ဘီလူးတွေကို နော်ဝေးကနေ အခြေခံခဲ့တာပါ။ အခုဒီရုပ်ရှင်မှာတော့ လက်ရှိခေတ်မှာ တောင်တွေထဲမှာ ရထားလမ်းဖောက်ဖို့ ဥမင်တူးရင်းနဲ့ ဘီလူးကြီးတစ်ကောင် နိုးထလာတဲ့ ဇာတ်လမ်းကို ပြသထားပါတယ်။ အဲဒီဘီလူးကြီးကို တိုက်ခိုက်ဖို့နည်းတွေ နောက်ကြောင်းတွေကို လေ့လာပြီး ရင်ဆိုင်ရတဲ့ ဇာတ်လမ်းမို့ Godzilla Origin ကားတွေရဲ့ ဖီလင်မျိုးရမှာပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Mr.Anderson ပါ။) File Size          : 2GB, 745MB, 397MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 41mins Genre              : Action, Adventure, Drama Translated by Mr.Anderson Encoded by Kinnov, Thit San Khant

Romance
6.7 2022 104 mins
Troll
The Grandmother
5.9

ဇာတ်စစအဖွင့်မှာ အဘွားကြီးတစ်ယောက်က သူ့ သူငယ်ချင်းအိမ်ကို အလည်သွားတယ်။ အဲဒီကိုရောက်တော့ သူ့သူငယ်ချင်းက ကြမ်းပြင်မှာ သေနေပြီ။ ဒါပေမဲ့ သူ မျက်နှာတစ်ချက်မှ ပျက်မသွားဘူး။ ပြီးကျ အခန်းထဲက ကောင်မလေးတစ်ယောက် ကိုယ်လုံးတီးနဲ့ ထွက်လာတယ်။ အဘွားကြီးဟာ ကောင်မလေးကိုကြည့် အားရပါးရပြုံးရင်း ကောင်မလေးရဲ့ အောက်ပိုင်းကို နမ်းလိုက်တယ်။ အဲဒီအဘွားကြီးမှာ မြေးမလေးတစ်ယောက်ရှိတယ်။ ကောင်မလေးရဲ့ အဖေအမေတွေက ဆုံးသွားတာကြာပြီ။ သူတို့နှစ်ယောက်တည်း ဆွေရယ်မျိုးရယ်ကျန်ခဲ့တာပေါ့။ ကောင်မလေးက မော်ဒယ်လုပ်တယ်။ တစ်နေ့ကျ အဘွားကြီး ဦးနှောက်ထိသွားပြီ သိပ်မလှုပ်နိုင် စကားမပြောနိုင်တော့လို့ ဆရာ၀န်က ကောင်မလေးကို ခေါ်လိုက်တယ်။ ကောင်မလေးက သူ့အဘွားကို ပြုစုပေးရင်း သူ့အဘွားနဲ့ နေရဖို့ အကြောင်းဖန်လာတယ်။ ဒီလိုနဲ့ ကောင်မလေးဟာ နေမကောင်းတဲ့ သူ့အဘွားကို ပြုစုရင်း ထူးဆန်းတာတွေ ဖြစ်လာခဲ့တယ်။ Jump Scare သိပ်မသုံးထားဘဲ အဖွားနဲ့မြေးကြားတင် တစိမ့်စိမ့် ရင်တုန်ရအောင် ရိုက်ထားတဲ့ ကားကောင်းပါ။ ဇာတ်ကိုလည်း မှန်းရလွယ်သလို ဖြစ်အောင် လုပ်ထားပေမဲ့ ‌ရင်ဖိုစရာအတော်ကောင်းပါတယ်။ မခြောက်ဘဲလည်း ရင်တုန်ရတာတွေပါပါတယ်။ ကောင်မလေးက သူ့အဘွားပုံကို ကြည့်တဲ့အခန်းမှာတောင် နောက်ခံအသံနဲ့ပေါင်းစပ်ပြီး ရင်တုန်စရာတကယ်ကောင်းပါတယ်။ ပညာသားပါပါနဲ့ ခြောက်ပြထားသလို ဝုန်းခနဲလည်း ခြောက်ပြထားတဲ့ ဟော်ရာကားကောင်း တစ်ကားပါပဲ။ Horror ကား Rating 6 ပါ။ သို့ပေမဲ့ စစကတည်းက ဘောင်မ၀င်တဲ့ User rating တွေကို ဖယ်ထားလိုက်ပါ။ အဲဒီ Rating ဘေးမှာ Critic Review ဆိုတာ ရှိပါတယ်။ ၀င်ကြည့်လိုက်ပါ။ 4/5 တွေ 4.5/5 တွေချည်း ပေးထားတာပါ။ ဒီလိုပေးဖို့လည်း တကယ်တန်ပါတယ်။ ဒါရိုက်တာကလည်း ဟော်ရာလိုင်းမှာ နာမည်ရှိတဲ့ Rec ကားတွေကို ရိုက်ခဲ့တဲ့ Paco Plaza ပါပဲ။ Size - 1.24GB, 591MB Quality - 1080p, 720p Format - mp4 Duration - 1H 40Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Drama • Thriller
5.9 2022 101 mins
The Grandmother
Lights Out
6.3

၂၀၁၆ မှာ နာမည်ကြီးနေတဲ့ Lights Out ကို တင်ပေးထားပါတယ်။ IMDb 6.7 ရထားတဲ့ သရဲကားပါ။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ ကြာချိန်က ၈၀ မိနစ်ကျော်လေးပါပဲ။ ဒါပေမယ့် Horror ကြိုက်သူတွေအတွက် ကျေနပ်မှုပေးပါလိမ့်မယ်။ အသံ၊ ညမြင်ကွင်း၊ ရိုက်ကွက်တွေက အတော်ကို ကောင်းမွန်ပါတယ်။ Conjuring အပြီးနောက်ပိုင်း ဘာနဲ့ထပ်ကြောက်ရမလဲ ရှာနေတဲ့သူတွေ အကြိုက်တွေ့စေမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဖအေတူ မအေကွဲ မောင်နှမ နှစ်ယောက်မှာ စိတ်ကျရောဂါခံစားနေရတဲ့ မိခင်ရှိနေပါတယ်။ သူဟာ အမြဲလိုလို ဘာမှန်းမသိတဲ့ တစ်စုံတစ်ယောက်နဲ့ စကားပြောနေတတ်တာပါပဲ။ အဲဒီတစ်စုံတစ်ယောက်ကို စုံစမ်းဖော်ထုတ်ဖို့ သူ့ဆီကနေဖယ်ရှားဖို့ ကြိုးစားသူတိုင်းအတွက် အန္တရာယ်အကြီးအကျယ် ကျရောက်လာတဲ့အခါ....... Horror ကြိုက်တတ်တယ်၊ မကြောက်တတ်ဘူး သို့မဟုတ် ကြောက်ချင်တယ်ဆို ညဖက်မှာ တစ်ကိုယ်တည်း မီးလေးပိတ်ပြီးကြည့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ File Size : 600 MB Duration : 81 min Quality : Bluray Translator : Littleneo

Crime • Thriller
6.3 2016 81 mins
Lights Out
The Blue Skies at Your Feet
5.4

The Blue sky at your feet (2022) “တစ်နေ့ကျရင် မိုးတိမ်ကင်းစင်ပြီး ဖဝါးအောက်မှာ ကောင်းကင်ပြာကြီးဖြန့်ကျက်နေတဲ့တစ်နေ့ကို ရောက်လာဦးမှာပါ။ မင်းသာ ပြုံးထားမယ်ဆိုရင် သေချာပေါက် ရောက်လာမှာပါ” ဂျပန် ကျောင်းသားကား romance/dramaကားလေးတွေကြိုက်တဲ့ ရုပ်ရှင်ချစ်သူတွေအတွက် လောလောလတ်လတ်ထွက်ရှိထားတဲ့ ဇာတ်ကားလေးကို တင်င်ဆက်ပေးလိုက်ပါတယ်။ အထက်တန်းတက်နေတဲ့ မိယုနဲ့ ရှုယတို့က တွဲနေတာ ၂နှစ်နီးပါးပါပြီ။ လတိုင်း ၁ရက်နေ့မှာ ရုပ်ရှင်အတူတူကြည့်မယ်လို့ ကတိပေးထားပြီး ကတိအတိုင်းလည်း တောက်လျှောက်ကြည့်ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုတစ်လောမှာတော့ ရှုယအနားမှာ “တိုမိုက”ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ နိုဝင်ဘာလ၁ရက်နေ့မှာ ထုံးစံအတိုင်း သူတို့နှစ်ယောက်ရုပ်ရှင်သွားကြည့်ဖို့ ရုပ်ရှင်ရုံကိုသွားကြပါတယ်။ ဒါပေမဲ့ မကြည့်ခင်မှာ ရှုယဆီကို ဖုန်းကောတစ်ခုဝင်လာခဲ့ပါတယ်။ အဲဒီဖုန်းကောကြောင့် ရှုယက ရုပ်ရှင်ကြည့်ဖို့ကတိကို ဖျက်ပြီးထွက်သွားပါတယ်။ အဲဒီနောက်တော့ ရှုယကပြန်ရောက်လာပြီး မိယုကိုစိတ်မဆိုးအောင် ရှင်းပြဖို့ကြိုးစားပါတယ်။ ဒါပေမဲ့မိယုကလက်မခံဘဲထွက်သွားဖို့လုပ်တာကို လိုက်တားရင်းနဲ့ ကားမတော်တဆမှုနဲ့ကြုံရပြီး ၂ယောက်လုံးသတိမေ့သွားပါတယ်။ မိယုပြန်နိုးလာတဲ့အခါ နောက်တစ်ရက်ကိုရောက်မသွားဘဲ နိုဝင်ဘာ၁ရက်နေ့ကိုပဲ ပြန်ရောက်နေတာကို သိလိုက်ရပါတယ်။ အဖြစ်အပျက်တွေက အရင်နေ့ကနဲ့အတူတူပဲမို့ ရှုယကို ကားတိုက်ခံရတာကနေ ကယ်ဖို့ကြိုးစားပါတော့တယ်။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.7GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__5.4/10 Format__mp4 Duration__01:33:00 Type__Romance Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Crime • Drama • Mystery
5.4 2022
The Blue Skies at Your Feet
The Falconer
6

The Falconer (2021) ~ IMDb – 6/10, Rotten Tomatoes – 100% ~ ခရမ်းချဉ်သီးအလုံးတစ်ရာအပြည့်နဲ့ Art Film ကားကောင်းတစ်ကားပါ။ ရုပ်ရှင်ပွဲတော်တွေမှာ ဆု ၁၂ဆုရထားပါတယ်။ ဝင်ပြိုင်တဲ့ပွဲ အားလုံးနီးပါး ဆုရသွားခဲ့တဲ့‌ ကားကောင်းတစ်ကားပေါ့။ ဇာတ်လမ်းကတော့ Falconer ဆိုတဲ့အတိုင်းပဲ ဖယ်ကွန်တစ်ကောင်ကို လေ့ကျင့်ပေးတဲ့ တိရိစ္ဆာန်ချစ်တဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ သားကောင်ကို စားတဲ့ သားရဲတွေဟာ လှောင်ချိုင့်ထဲကနေ အပြင်လောကကို လွှတ်ပေးခံလိုက်ရတဲ့အခါ ကြာကြာမနေနိုင်ပါဘူး။ သုံးလေးရက်နေ သေကြတာပါပဲ။ အရင်လိုသန်မြန်မှုတွေ မရှိတော့တာကြောင့်ပေါ့။ Falcon တွေလည်း ထိုနည်းလည်းကောင်းပါပဲ။ တိရိစ္ဆာန်ရုံထဲ လှောင်ထားခံထားရတာကြာတဲ့ ဖယ်ကွန်တစ်ကောင်ဟာ ရင်အုပ်ကြွက်သားတွေမရှိတော့ဘဲ ကောင်းကောင်းမပျံနိုင် သားကောင်ကိုဖမ်းဖို့မတတ်နိုင်ဖြစ်ကုန်ပါတယ်။ တိရိစ္ဆာန်ရုံစောင့်တဲ့ ကောင်လေးနှစ်ကောင်ဟာ အခြေအနေအကြောင်းကြောင်းနဲ့ ဖယ်ကွန်တစ်ကောင်ကို ခိုးပြီး အပြင်လောကမှာ ရှင်သန်နိုင်အောင် လေ့ကျင့်ပေးကြတဲ့ ဇာတ်လမ်းလေးပါပဲ။ တိရိစ္ဆာန်ချစ်တဲ့လူတွေအတွက်ရော Independent Film ကြိုက်တဲ့သူတွေအတွက်ရော အကြိုက်တွေ့မယ့် ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 850MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 40Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Adventure • Comedy • Fantasy
6 2021
The Falconer
Art Museum by the Zoo
7

Art Museum by the Zoo (1998) တိရိစ္ဆာန်ရုံနံဘေးက ပန်းချီတစ်ချပ်အကြောင်း စိုထိုင်းစအသင့်အတင့်နေ့တွေရဲ့ သံသရာထောင့်ချိုးကလေးတစ်ကွေ့မှာ ရှုံးပြီးသားကောင်မလေးနဲ့ ရှုံးပြီးသားကောင်ကလေးတို့ ဝင်တိုက်မိခဲ့တဲ့အခြင်းအရာမျိုးနဲ့ ငါမက်မောဖူးခဲ့တဲ့တိမ်တွေလိုပဲ တကယ်မရှိခဲ့တဲ့နေ့တွေ။ တစ်သက်ရဲ့နှစ်ဘဝမှာ တစ်ခါချစ်ရင်း တစ်ကြိမ်တော့ ငါတို့လွဲမှားဖူးကြမှာပဲ။ ရှိဘူယဘူတာက ဟာချီကိုလို… အရိုးခေါင်းကျွန်းက ကင်းကောင်လို… လွဲမှားစွာမက်မောမိခဲ့တဲ့ ငါတို့ရဲ့ မီးစိမ်းကလေးတွေဟာ အသက်နဲ့ဘဝကို ဆူးကလေးတစ်ချောင်းလို ဆင်မယဉ်သာ နှုတ်သွားခဲ့ကြမယ်လို့လည်း ငါတို့ ဘယ်ထင်ခဲ့ပါ့မလဲ။ အလေ့အကျင့်တွေဆိုတာလည်း ငါတို့ကစခဲ့ပြီးမှ ငါတို့ကို ပုံပြန်သွင်းသွားတဲ့အရာတွေပဲ မဟုတ်လား။ သဏ္ဍာန်တူအဖြစ်အပျက်တို့နဲ့ ပက်ပင်းတိုးမိတဲ့အခါ ဒီကဗျာကို မင်းနားလည်နိုင်ကောင်းရဲ့။ ဘာတွေဘာကို ထိုင်တွေးနေမှန်းမသိနိုင်တဲ့ ရိုဒင့်ပန်းပုထက် ထိုင်ဖို့တောင် ပျင်းနေလောက်မယ့်ပန်ဒါကလေးကို မင်းပိုသဘောကျခဲ့မှာပဲ။ ဗန်ဂိုးရဲ့ ဂျုံခင်းထဲ ကျီးကန်းတွေရဲ့ ရက်စက်လွန်းတဲ့ကမ္ဘာထက် ခေါက်ရှာငှက်ကလေးရဲ့ ကဗျာကို မင်းပိုသဘောကျခဲ့မှာပဲ။ တစ်ခါတလေပေါ့ မတူညီခြင်းတွေဟာ ပိုဝေးစေတယ်။ တစ်ခါတလေလည်း မတူညီခြင်းတွေဟာ ပိုနီးစေတယ်။ တိရိစ္ဆာန်ရုံလေးရဲ့နံဘေးက မင်းအလွမ်းပြေစမ်းဖို့ ပန်းချီလေးတစ်ချပ်လိုအဖြစ်နဲ့ ကမ္ဘာကို ငါရဲရဲကြီး ခါးစည်းခံထားခဲ့တာလည်း ကြာပြီ။ အလှတရားနဲ့ ငါ့ကိုသတ်သွားတဲ့ ကမ္ဘာကြီးရဲ့အပြင်ဘက်မှာ မိုးတွေရွာနေပြီ အချစ်ရေ။ လွမ်းတယ်။ မင်းလည်းမင်းအချစ်နဲ့ ငါလည်းငါ့အချစ်နဲ့ ငါတို့လည်း ချစ်ခဲ့ကြတဲ့ ကောင်းကင်မှာ မိုးသားတွေမဲလို့… ငါ့ဘဝရဲ့ နေ့တွေလည်း ဒီလိုပဲ…. ဝါဆို။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p File size… 1.5GB | 708MB Format… mp4 Duration….1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

Drama • Crime
7 1998
Art Museum by the Zoo
Handsome

Handsome (2023) မီနမ်(လူချောလေး)ဆိုတဲ့ စုံထောက်ဟာ နာမည်ချောပေမဲ့ လူကတော့ မချောနိုင်လို့ တော်တော်အခက်တွေ့နေသူပါ အဲဒါတင်မကဘဲ လုပ်တဲ့ အလုပ်တိုင်းမှာ တော်တော်ကိုးရိုးကားယားနိုင်ပြီး ပြဿနာချည်းဖြစ်နေလို့ အဖွဲ့က မစ်ရှင်တွေမှာ သူ့ကိုချန်ထားချင်ကြပါတယ် တစ်နေ့ယာဉ်တိုက်မှုဖြစ်ပြီး လုံးဝတခြားတစ်ယောက်လူလို ပြောင်းသွားတဲ့အခါမှာ ပြဿနာကပိုကြီးလာပါတော့တယ် အဲဒါကြောင့် အဖွဲ့က အထူးတာဝန်ပေးတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ကို အသွင်ယူ စုံစမ်းခိုင်းရင်းကနေ အဲဒီရာဇဝတ်မှုကို ဖမ်းနိုင်မလား အလုပ်မှာ ယုံကြည်မှုပြန်ရမလားဆိုတာ ကြည့်လိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre…..Comedy Quality…. 1080p | 720p File size… 1.1GB | 406MB Format… mp4 Duration….1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder …..Aaron

0 2023
Handsome
Talk to the Dead

Talk to the Dead (2013) ကိုယ်တန်ဖိုးထားရတဲ့သူတစ်ယောက်ကို ရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ သူ့ကို ပြောချင်တဲ့စကားတွေအများကြီး ကျန်နေခဲ့ဦးမှာပါ။ ဒီလိုပဲ ဒီဇာတ်ကားမှာလည်း ယူရီဆိုတဲ့ ကောင်မလေးက မောင်လေးဖြစ်သူကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီး မပြောလိုက်ရတဲ့ စကားတွေကို ပြောပြချင်နေခဲ့တဲ့သူတစ်ယောက်ပါ။ ယူရီဟာ ဆိုးသွမ်းတဲ့ မိခင်ကြောင့် အကြွေးတွေပိနေခဲ့ပြီး call girl အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း မောင်လေးဖြစ်သူကို စောင့်ရှောက်နေရသူဖြစ်ပါတယ်။ တစ်နေ့မှာ မောင်လေးကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီး အချိန်မီမကယ်တင်လိုက်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း နောင်တတွေနဲ့ ရှင်သန်နေခဲ့ရပါတယ်။ အဲ့အချိန်မှာပဲ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မာယူဆိုတဲ့ မိန်းကလေးက ထူးဆန်းတဲ့ App တစ်ခုအကြောင်းကို ပြောလာခဲ့ပါတယ်။ အဲဒီ App က သေသွားတဲ့သူတွေကို ဖုန်းဆက်ပြီး စကားပြောလို့ရတဲ့ App ဖြစ်နေခဲ့ပါတယ်။ တစ်ခုရှိတာက စကားပြောလို့ရပေမယ့် သေသွားတဲ့လူဘက်က “တွေ့ချင်တယ်” လို့ပြောတဲ့အခါမှာ ပြန်မပြောရပါဘူး။ မောင်လေးနဲ့ဆက်သွယ်ခွင့်ရဖို့ဆို ဘာမဆိုလုပ်ဖို့အဆင်သင့်ဖြစ်နေတဲ့ ယူရီဟာ အဲဒီ App ကို Down ပြီး အသုံးပြုလာပါတော့တယ်။ ဒီ App ဟာ တကယ်ပဲ သေသွားတဲ့သူတွေကို ဆက်သွယ်လို့ရတာလား၊ တွေ့ဖို့ပြောတာကို လက်ခံလိုက်တဲ့အခါမှာရော ဘာတွေဖြစ်ကြမလဲဆိုတာကိုတော့ ရင်ဖိုဖိုနဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ Genre….. Horror Quality…. 1080p | 720p File size… 1.2GB | 545MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thada NL Encoder ….. Aaron

Drama
0 2013
Talk to the Dead
Saw VI Saw 6
6

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 6 (2009) “Live or Die..Choice is Yours” ဇာတ်အိမ်ခိုင်ခိုင်နဲ့ စိတ်လှုပ်ရှားဖို့​ကောင်းတဲ့ horror ချစ်သူ​တွေအ​နေနဲ့ လက်လွတ်ဖို့မသင့်တဲ့ကား​ကောင်းတစ်ကားပါ SAW VI မှာ ကိုယ်​တွေရဲ့ဇာတ်လိုက်ကြီး ဂျစ်​ဆောက ​သေသွား​ပေမယ့် သူ့ရဲ့ဇနီး​ဟောင်းနဲ့ ရဲအရာရှိတစ်​ယောက်​ပေါင်းပြီး သူ့ရဲ့​နောက်ဆုံးဆန္ဒကိုဖြည့်ဆည်း​ပေးတဲ့အ​နေနဲ့ လူသတ်ဂိမ်း​တွေ ဆက်ပြီးအသက်သွင်းကြတယ် ဒီထဲမှာ​​တော့ ဂျစ်​ဆောကို သနားစိတ်ဝင်မိမယ်လို့ထင်ပါတယ် သူ့မှာက​လေးလည်းဆုံးရှုံးရတယ် သူ့ကျန်းမာ​ရေးအာမခံအတွက် အာမခံမ​ပေးခဲ့တယ့် အကျင့်ပြတ်ချစား​နေတဲ့ အာမခံကုမ္ပဏီပိုင်ရှင်ကို ဘယ်လို​တွေ ကလဲ့စား​ချေရင်း စိတ်လှုပ်ရှားစရာ (လူသတ်)ဂိမ်း​တွေနဲ့ ဇာတ်လမ်းအဆုံးထိ ကြည့်ချင်​လောက်တဲ့အထိ ဖြစ်မှာ ကို အာမခံပါတယ်။

6 2009
Saw VI Saw 6
The Lost Medallion: The Adventures of Billy Stone

The Lost Medallion : The Adventures of Billy Stone [2013] ( IMDb 4.8/10, RT 52%) ဒန်နီရယ်တစ်ယောက် ဘောလုံးပွဲကြည့်ဖို့ သွားရင်း မစ္စဆယ်လီ့အိမ်က မိဘမဲ့တွေအတွက် ပစ္စည်းပစ္စယတွေ လမ်းကြုံသွားပို့ခဲ့ပါတယ်… ဖြစ်ချင်တော့ အဲ့နေ့ဟာ ကလေးတွေအတွက် ပုံပြင်ပြောပေးနေကျ အမျိုးသမီး နာမကျန်းနေတာကြောင့် ပုံပြောတာဝန်ဟာ ဒန်နီရယ့်အပေါ် ဆိုင်းမဆင့်ဗုံမဆင့် ကျရောက်လာပါတော့တယ်… ဒီလိုနဲ့ ဒန်နီရယ်ဟာလည်း ဘောလုံးပွဲကို ကြည့်ချင်သော်ငြား မိဘမဲ့ကလေးတွေရဲ့ စိတ်ဆန္ဒကို တစ်စိတ်တစ်ဒေသ ဖြည့်ဆည်းပေးလိုတာကြောင့် ပုံပြင်ပြောပေးဖို့ ရွေးချယ်လိုက်ပါတော့တယ်… ဒန်နီရယ်ဟာ ပုံပြောနေကျသူ မဟုတ်တာမို့ မိဘမဲ့ကလေးတွေဖြစ်ကြတဲ့ ဆွမ်းသွမ်းတဲ့ ဟူကို၊ ဘုရားသခင်ကို မေးခွန်းထုတ်နေတဲ့ အယ်လီ နဲ့ ဉာဏ်ကောင်းပါလျက် လူတောမတိုး နှုတ်ဆိတ်နေတဲ့ ဘီလီတို့ကို အခြေတည်ပြီး အက်ရှင်အပြည့်နဲ့ စွန့်စားခန်းတွေပါတဲ့ မှော်ဝင်လည်ဘယက် ရှာပုံတော်ကြီးအကြောင်း ပြောပြပါတော့တယ်… ဒန်နီရယ်ပြောပြတဲ့ ပုံပြင်အကြောင်းနဲ့ ဒီထဲက သင်ခန်းစာတွေကို ပရီတ်သတ်တို့ ကိုယ်တိုင် ရှုစားလိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Adventure, Family, Fantasy Quality…. 720p File size… 950MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

0 2013
The Lost Medallion: The Adventures of Billy Stone
Barikowa aka Crazy Scary

Barikowa 1 ယခုတစ်ခါ တင်ဆက်ပေးမှာကတော့ သရဲကားအကြိုက်ပရိသတ်ကြီးအတွက် ဂျပန်Horror ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ Barikowa ဆိုတဲ့သရဲကားလေးဟာ ၁,၂,၃ ၃ကားထွက်ရှိထားတာဖြစ်ပြီးတော့ အခုတင်ဆက်ပေးမှာကတော့ နံပါတ်၁ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ဇာတ်လမ်းတစ်ပုဒ်တည်းမဟုတ်ဘဲ ဇာတ်လမ်းတွေအများကြီးကို ပေါင်းပြီးတော့ ဇာတ်ကားတစ်ခုအနေနဲ့ ဖန်တီးတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းလေးတွေကလည်း တစ်ပုဒ်ဆိုတစ်ပုဒ် ကြည့်ရှုလို့ကောင်းတဲ့အပြင် သရဲတွေရဲ့ SFX မိတ်ကပ်တွေဟာလည်း အရမ်းကို ပီပြင်တဲ့အတွက် သရဲကားကြိုက်တဲ့သူတွေအတွက်တော့ ရှယ်ပါပဲ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ဖြစ်ပါတယ်)

Drama • Action • Thriller
0 2023
Barikowa aka Crazy Scary
Venicephrenia Veneciafrenia
5.3

Veneciafrenia (2024) IMDb Rating (5.2) / Rotten Tomatoes (75%) စပိန်နိုင်ငံသား သူငယ်ချင်းတစ်စုဟာ သူတို့အုပ်စုထဲကတစ်ယောက် လက်မထပ်ခင် နောက်ဆုံးခရီးအဖြစ် ဗင်းနစ်မြို့ကိုထွက်ခွာလာခဲ့ကြပါတယ်။ လမ်းမှာ သူတို့သတိထားမိတာကတော့ မြို့ခံတွေဟာ ခရီးသွားသင်္ဘောကြီးတွေကိုဆန္ဒပြနေတာ၊ ခရီးသည်တွေအပေါ် အမြင်မကြည်ကြတာတွေကိုပါပဲ။ ရောက်ရောက်ချင်းညမှာပဲ သူတို့တစ်အုပ်လုံး သောက်စားပျော်ပါးကြရင်း လမ်းမှာတွေ့တဲ့ မျက်နှာဖုံးစွပ်ပါတီတစ်ခုကို ဝင်နွှဲပြီး အမူးလွန်သွားခဲ့ကြပါတယ်။ နောက်တစ်နေ့မနက် ဟိုတယ်ပြန်ရောက်ချိန်မှာတော့ သူတို့ထဲက တစ်ယောက်ဟာ ပျောက်ချင်းမလှပျောက်နေခဲ့ပါပြီ။ ဒီလိုနဲ့သူငယ်ချင်းပျောက်ကိုပြန်ရှာရင်း၊ ဟိုတယ်နဲ့ ရဲတပ်ဖွဲ့တွေဆီမှာ အကူအညီတောင်းခံရင်းသိလာရတာကတော့ ဟိုတယ်ကလူတွေရော အထောက်အထားတွေအရပါ ပျောက်သွားတဲ့သူငယ်ချင်း သူတို့နဲ့အတူရှိနေခဲ့တာကို သက်သေခံနိုင်တဲ့အရာတစ်ခုမှရှိမနေခဲ့တာပါ။ ဒါပေမယ့် အခိုင်အမာသိကြတဲ့ သူတို့သူငယ်ချင်းတစ်စုကတော့ လက်မလျှော့ပဲ ရှာဖွေရင်း နောက်တစ်ယောက် ရက်ရက်စက်စက်အသတ်ခံလိုက်ရသလို ကျန်တဲ့သူတွေပါ အန္တရာယ်တွေရဲ့ခြိမ်းခြောက်မှုကို ခံလာရပါတော့တယ်။ တင်ပြပုံရော ဇာတ်လမ်းပါ ဆန်းသစ်ကောင်းမွန်တဲ့ Slasher/Thriller ကို ဟာသနှောတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (6.7 GB) / (2.4 GB) / (1.2 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror, Thriller Duration…. 01:40:45 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Alias

Thriller
5.3 2024 100 mins
Venicephrenia Veneciafrenia
Stealing Jokes
4

Stealing Jokes (2024) ဟာသလောကရဲ့နောက်ကွယ်ကဖြစ်ရပ်တွေ၊ ဟာသတွေ ခိုးယူခံရခြင်းတွေနဲ့ပတ်သက်ပြီး အပြင်လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လူရွှင်တော်တွေရဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ရိုက်ကူးပုံဖော်ထားတဲ့ ဟာသကားတစ်ကားဖြစ်ပါတယ်။ လူရွှင်တော် Jake Burman နဲ့ သူ့သူငယ်ချင်းတွေက ပထမဆုံးဖျော်ဖြေရေးပွဲမှာ ပိုက်ဆံမရတာကြောင့် ပိုက်ဆံကို လုယက်ခဲ့ကြတယ်။ လုလို့ရလာတဲ့ပိုက်ဆံတွေနဲ့ ခရီးထွက်လာတဲ့လမ်းမှာ ကောင်မလေးနှစ်ယောက်နဲ့ တွေ့ခဲ့ပြီး ပိုက်ဆံတွေအကုန်လုံး ဓားပြတိုက်ခံလိုက်ရတယ်။ သူတို့လုယက်ခဲ့တဲ့ပိုက်ဆံတွေက လူဆိုးဂိုဏ်းတစ်ခုရဲ့ ငွေတွေဖြစ်နေတဲ့အခါမှာ ဂိုဏ်းစတားအဖွဲ့က သူတို့နောက်ကို လိုက်နေခဲ့တာကြောင့် လုလာတဲ့ပိုက်ဆံတွေကို ပြန်ဆပ်နိုင်ဖို့ ဖျော်ဖြေပွဲတစ်ခုကိုလုယက်ဖို့ စီစဉ်ခဲ့ကြတယ်။ သူတို့စီစဉ်ထားသလို အောင်မြင်စွာ လုယက်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားမှာပဲ ကြည့်ရှုလိုက်ရအောင်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (1.9 GB) / (880 MB) Quality…. WEB-DL 1080p / 720p Format…. mp4 Genre…. Comedy Duration…. 01:29:29 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Su Mon

Romance • Comedy • Horror
4 2024 88 mins
Stealing Jokes