YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

V.H.S.99.2022.1080p.(CM).mp4

1.75 GB N/A video/mp4 698 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Gangster Gangaraju
6

ဒယ်ဗာလန်ကာလို့ခေါ်တဲ့မြို့လေးတစ်မြို့ကို ဘာဆီရက်ဒီနဲ့ ဆစ်ဟပ်ပါလို့ခေါ်တဲ့ဂန်းစတားနှစ်ယောက်က‌အုပ်စိုးလျက်ရှိပါတယ် သူတို့ရဲ့ဆရာကြီးဥပဒေအရာရှိ ဆီ‌ဗာရက်ဒီကွယ်လွန်ပြီးနောက်မှာ သူတို့ကတရားဝင်နိုင်ငံရေးအာဏာမှာ ပါဝါတည်ဆောက်ယှဉ်ပြိုင်ကြပြီး ဗိုလ်လုဖို့ကြိုးစားကြပါတော့တယ် ဒယ်ဗာလန်ကာမြို့မှာလည်းသူတို့ကိုဘယ်သူမှမလှန်ရဲဘဲ ပြည်သူ‌တွေက ရွံကြောက်ကြီးဖြစ်နေပါတော့တယ် ဒီဇာတ်ကားရဲ့အဓိက‌ဇာတ်ကောင်မင်းသားဖြစ်တဲ့ ဂန်ဂါရာဂျူးကတော့ အဲ့ဒီမြို့လေးမှာ အပေါင်းအသင်းတွေနဲ့ပရုတ်ကျနေတဲ့ ဂျစ်ပစီလေးတစ်ယောက်ပဲဖြစ်ပါတယ် ဥမာဒေဝီလို့ခေါ်တဲ့မင်းသမီးဖြစ်တဲ့ ရဲမေ‌အချောလေး ရောက်ရှိလာချိန်မှာတော့ မင်းသားကသူ့သူငယ်ချင်းတွေနဲ့အကူအညီနဲ့နောက်ပိုးပါ‌တော့တယ် တနေ့မှာမင်းသားက သူ့‌အဖေကိုစော်ကားတာကြောင့် ဆစ်ဟပ်ပါရဲ့လူတွေကိုဆော်လွှတ်လိုက်ရာမှ ဂန်းစတားအာဏာရှင်တွေရဲ့လက်အောက်မှာခံစားနေရတဲ့လူထုကြီးက အုံကြွလာကာမင်းသားကို ဆရာ့ဆရာကြီးထင်ပြီးထောက်ခံမြှောက်စားပါတော့တယ် ဒီလိုနဲ့ဆရာ့ဆရာကြီးလို့ ပြည်သူတွေကရော ချစ်ရည်းစားရဲမေလေးကပါအထင်ခံရတဲ့အချိန် ဂန်းစတားတွေရဲ့စစ်ပွဲကြားထဲအာဏာပါဝါတွေလုတာရော ကြားမှာ မင်းသားကဘယ်လိုဖြေရှင်းကိုင်တွယ်မလဲဆိုတာ .................... ဒီကားမှာ သူငယ်ချင်းတွေရဲ့ကူညီပံ့ပိုးပေးမှုတွေ ဟာသ‌ရောနှောကာ ပျော်ရွှင်မြူတူးစရာကောင်းပေမဲ့ တဖက်မှာအာဏာရှင်တွေလက်အောက်ကဘဝတွေ ရက်စက်ကြမ်းကြုတ်မှုတွေကိုပါ ဖော်ကျူးရိုက်ကူးထားတာမို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်.......... File size…2.25GB /  1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Kevin & Kham Mon & Yunni & Khai & Honeyey

Mystery
6 2022 132 mins
Gangster Gangaraju
The Eden Theory
4

ဒီရုပ်ရှင်ရဲ့ Genre ကတော့ Sci-Fi Horror ပါ။ ဒီ Genre က ကားတွေက နှယ်နှယ်ရရ ကားတွေတော့ မဟုတ်ပါဘူး။ နာမည်ကျော် Alien Franchise ကြီးဟာ ဒီ Genre က ကားတွေပါပဲ။ World war Z, I am Legend, The Thing, The Mist လိုကားတွေကလည်း ဒီ Genre ထဲပါသေးတယ်။ ပြောရရင်တော့ဗျာ Sci-Fi Horror ကားတွေက လန်းတတ်တယ်ပေါ့။ သူငယ်ချင်း၂ယောက် ကျောင်းပိတ်တဲ့တစ်နွေမှာ မြို့နားက နေရာလေးတစ်ခုကို အလည်သွားကြတယ်။ သွားတုန်းက ၂ယောက်ပေမဲ့ အပြန်မှာတော့ တစ်ယောက်တည်း ပြန်လာနိုင်ခဲ့တယ်။ အဲဒီတော့ ပြန်လာတဲ့တစ်ယောက်ကို ရဲတွေက စစ်လားဆေးလားလုပ်တာ‌ပေါ့။ 2016 မှာထွက်ခဲ့တဲ့ Arrival ဇာတ်ကားလိုလို ဘာလိုလိုနဲ့ ဒီရုပ်ရှင်မှာ ကောင်လေးဟာ ပျောက်သွားတဲ့ သူငယ်ချင်းနဲ့ ရဲတွေကြားဗျာများရင်း ဘယ်လို အရာတွေနဲ့ ကြုံတွေ့ရမလဲ အသည်းတထိတ်ထိတ်နဲ့ ကြည့်ရမယ့် ရုပ်ရှင်ပါ။ ဇာတ်ကားနာမည်ကိုက အေဒင်သီဝရီလို့ နာမည်အလန်းပေးထားတာမို့ ကမ္ဘာဦးအစက အေဒင်ဥယျာဉ်ကြီးရဲ့ ဘယ်လိုသီဝရီတွေကို ဖော်ထုတ် အဖြေညှိပြမလဲ အသည်းတအေးအေးနဲ့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 860MB Quality - 1080p, 720p IMDb Rating - 4.7/10 Format - mp4 Duration - 1H 47Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Drama
4 2021 107 mins
The Eden Theory
Blood-Club Dolls 1
10

Japan Animation Series “Blood C”ကို Live Action အဖြစ်အသက်သွင်းထားတဲ့ Blood-Club Dolls 1 ဝန်ကြီးချုပ် Muto ကို ကျောထောက်နောက်ခံထားပြီး တရားမဝင်တိုက်ခိုက်ရေး Club တစ်ခုကို ထူထောင်ထားတဲ့ Souen ရဲ့ Club မှာတော့ ပြစ်မှုကျူးလွန်သူဖူးသူ လူမိုက်တွေဟာ “သေရင်မြေကြီး ရှင်ရင်ရွှေထီး” ဆိုသလို မိမိအသက်ရှင်ခွင့်ရရှိဖို့ တစ်ဦးနဲ့တစ်ဦး အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်ကြရမှာပါ ။ အနိုင်ရရှိသူအတွက် ဆုရရှိမယ်ဆိုပေမယ့် ရှုံးတဲ့လူအတွက်ကတော့ သေဖို့ပဲရှိတဲ့ ဂိမ်းတစ်ခုပါပဲ တစ်နေ့မှာတော့ ...Souen ရဲ့ Club ကို လူ 32 ယောက်ကို ပုဆိန်နဲ့ခုတ်သတ်ခဲ့တယ်ဆိုတဲ့ ပြစ်မှုကျူးလွန်ထားသူ Aiba တစ်ယောက် ရောက်ရှိလာပြီး သေရေးရှင်ရေးအတွက် တိုက်ခိုက်ရဖို့ အကြောင်းဖန်လာပါတယ် ။ အတိတ်ဟောင်းတွေရှိခဲ့ဖူးတဲ့ Souen နဲ့ Aiba တို့ကြားထဲကို လျှို့ဝှက်ဗျူဟာအပြည့်နဲ့ မိန်းကလေး Arisugawa ဝင်ရောက်လာခဲ့ပြီးတဲ့နောက်...။ တည်ထောင်သူ Lord Nanahara Fumito ရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ လောကကြီးထဲမှာ ဘယ်သူကများ အဆုံးထိအသက်ရှင်ခွင့်ရရှိသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Action ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre.....Action Quality….  720p | 480p File size… 810MB | 366MB Format… mp4 Duration….1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... August

Action • Adventure
10 2018 84 mins
Blood-Club Dolls 1
Babel
7.4

[Unicode] Babel (2006) IMDB – 7.4 Rotten Tomatoes – 69/100 ဘာသာစကားတွေဟာ လူတွေရဲ့ စိတ်အ‌ခြေအနေ ခံစားချက်တွေကို ဖော်ပြဖို့ တည်ရှိနေတာပါ။ ဒါပေမယ့် တစ်ရံတစ်ခါ အနုပညာမှာဖြစ်ဖြစ် တကယ့်ဘဝမှာဖြစ်ဖြစ် ကျယ်ပြန့်လှတဲ့ ဘာသာစကားတွေတောင် သူ့ထက်ပိုကျယ်ပြောတဲ့ ခံစားချက်တွေကို စီးကူးသယ်‌ဆောင်ဖော်ပြဖို့ရာ မစွမ်းသာတော့ပါဘူး။ ရုပ်ရှင်တစ်ကားကို ညွှန်းဆိုခြင်းမှာ ဇာတ်လမ်းအကြောင်းအရာထက် ရရှိတဲ့ခံစားမှုက ပိုပဓာနကျပါတယ်။တစ်ခါတလေ ဘာသာစကားက ခံစားမှုကို မသယ်ဆောင်နိုင်တဲ့အခါမှာတော့ ရုပ်ရှင်ကရတဲ့ခံစားမှုကို ဖော်ညွှန်းဖို့ မတတ်‌နိုင်တော့ပါဘူး။ ဆိုတော့ကာ အကြောင်းအရာသက်သက်ကိုပဲ ညွှန်းဆိုပါမယ်။ ဘာဘယ်ဆိုတဲ့ နာမည်ဟာ စာသမားတွေနဲ့ မစိမ်းလှတဲ့ နာမည်ပါပဲ။ သမ္မာကျမ်းစာထဲက ရေလွှမ်းမိုးမှုပြီးတော့ နောဧနောက်ပိုင်းလူတွေဟာ မိုးကောင်းကင်ကို မှီနိုင်မယ့် မျှော်စင်ကို ဆောက်ဖို့ကြိုးစားခဲ့ကြတယ်။ အဲ့ဒီမျှော်စင်ဟာ ဘာဘယ်ပါပဲ။ နာမည်ကျော် ဖရန့်ကာဖ်ကာရဲ့ မြို့တော်ရဲ့တံဆိပ်ထဲက လူတွေဆောက်လို့မပြီးကြတဲ့ မျှော်စင်ကြီးဟာ ဘာဘယ်ပါပဲ။ အဲ့ဒီမျှော်စင်ဟာ နာမည်ကျော် ဘေဘီလုံမှာရှိတယ်။ ဒီရုပ်ရှင်ရဲ့ နာမည်ဖြစ‌်နေရုံကလွဲပြီး အစအဆုံးမှာ လေသံစိုးစဉ်းမျှ မကြားရတဲ့ ဒီဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးက ဘာပက်သက်သတုန်းလို့တော့ တွေးမိကြမှာပဲ။ ကမ္ဘာဦးကျမ်းမှာ မြို့တစ်မြို့နဲ့ ဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးကို လူတွေ ဆောက်ကြတော့ ဘုရားသခင်က လူတွေ စည်းလုံးမှုပျက်ပြားပြီး မအောင်မြင်အောင် သူတို့လျှာကထွက်တဲ့ ဘာသာစကားတွေကို ကွဲအောင်လုပ်ပြီး နေရာအရပ်ရပ်ကိုပါ ကွဲပြားစေခဲ့တယ်။ ဒီရုပ်ရှင်မှာ နိုင်ငံသုံးနိုင်ငံပါတယ်။ အမေရိကန် ဂျပန် မော်ရိုကို သူတို့ရဲ့ဘာသာစကားတွေ မတူညီကြဘူး။ ဒါပေမယ့် အဖြစ်အပျက်တစ်ခုဟာ အဲ့ဒီနိုင်ငံသုံးခုက မိသားစုသုံးခုက ကလေးတွေကို ချိတ်ဆက်ပေးလိုက်တယ်။ ဒီချိတ်ဆက် မှုဟာ ကလေးတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေနဲ့ ချိတ်ဆက်ထားတယ် ထင်စရာရှိပေမယ့် ဂျုန်းမိသားစုက ကလေးနှစ်ယောက်ကတော့ ဘာအမှားမှမလုပ်ခဲ့တဲ့အတွက် ဒီရုပ်ရှင်ရဲ့ ဦးတည်ရာက မိဘတွေကိုပါပဲ။ ” ထာဝရဘုရားက၊ ကြည့်ရှုလော့။ လူတမျိုးတည်း။ စကားတမျိုးတည်းရှိသည် ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။ လာကြ။ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်းနာမလည်စေခြင်းငှာ၊ သူတို့စကားကို ရှုတ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။ ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေ‌ ‌တော်မူသဖွငျ့ သူတို့သည်မြို့ကိုမတည်ဘဲ နေကြ၏။ “ ကမ္ဘာဦးကျမ်း ၁၁ ၆ ၇ ၈ ကမ္ဘာဦးကျမ်းအတိုင်းပြောရရင် ဘုရားသခင်ဟာ လူသားတွေကို ဖန်တီးခဲ့တယ်။ ဘုရားသခင်ဟာ လူသားတွေရဲ့ဖခင်ပါပဲ။ သူဖန်တီးခဲ့တဲ့ သူ့သားသမီးတွေဟာ ဘုရားသခင်ကို အန်တုဖို့ပြင်ဆင်လာကြတယ်။ ကလေးတွေရဲ့ ဘာသာသဘာဝအသစ်အဆန်းကို မြင်ရင် စမ်းသပ်ချင်ကြတယ်။ ဒါကို ဘုရားသခင်က လူသားတွေကို အပြစ်ပေးပြီး ဘာသာစကား အရပ်ဒေသတို့ ကွဲပြားစေခဲ့တယ်။ ဒီရုပ်ရှင်ကို ခင်ဗျားကြည့်ပြီးတဲ့ အခါ ဒီကလေးတွေရဲ့ အမှားတွေအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ ကမ္ဘာဦးက လူတွေရဲ့အမှားအတွက်ရော ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ သိမှာပါ။ ဒီရုပ်ရှင်ဟာ ဒီတစ်လမ်းတည်းတည်းသွားတာတော့ မဟုတ်ပါဘူး။ Brad Pittကိုယ်တိုင်မှာလည်း ကမ္ဘောဒီးယား အီသီယိုးပီးယားနဲ့ ဗီယက်နမ်က ကလေးသုံးယောက်ကို မွေးစားထားပါတယ်။ သူ့သွေးရင်းကလေးသုံးယောက်လည်းရှိတယ်။ ဒီရုပ်ရှင်ဟာ ဘရက်ပစ်ရဲ့ကလေးသုံးယောက်နဲ့ လူမျိုးကွဲ ကလေးသုံးယောက်ကို အဓိကပြထားပါတယ်။ တိုက်ဆိုင်မှုဆိုရင်တောင် အတော်ကြီးတဲ့ တိုက်ဆိုင်မှုပါ။ ဒါရိုက်တာ Alejandro G. Iñárrituကလည်း Revenant တို့ 21 gramsတို့ Birdmanတို့ ရိုက်ထားတဲ့သူပါ။ ့ ဘာသာစကားခြောက် မျိုးကိုသုံးသွားပြီး တစ်ခုသော ဘာသာစကားကတော့ ဆွံ့အနားမကြားကောင်မလေးသုံးတဲ့ Sign Languageပါပဲ။ သေချာတာကတော့ မိဘနဲ့ သားသမီးမှမဟုတ်ပါဘူး။ ဆက်နွယ်ပက်သက်နေတဲ့ လူတွေတိုင်းမှာ ဘယ်လိုဘာသာစကားကိုပဲသုံးသုံး ချစ်ခြင်းရဲ့ အရာရာလိုက်လျောမှုသဘောအပေါ် ခံစားနားလည်မှုမပေါင်းရင် တကယ်တမ်း ကျွန်တော်တို့ တစ်ဖက်သားကို အပြည့်အဝ နားလည်နိုင်မှာမဟုတ်ပါဘူး။ ဒီရုပ်ရှင်ဟာ ပင်လယ်သမုဒ္ဒရာကြီးပါပဲ။ ဘာဘယ်မျှော်စင်ကြီးပေါ်က ကြည့်နေရသလို ကျယ်ပြန့်လှတဲ့ကမ္ဘာထဲက ဘဝတွေကို ခင်ဗျား‌မြင်ရမယ်။ ဘယ်မြစ်ကနေပဲသွားသွား အဆုံးမှာတော့ ဒီရသပင်လယ်ကြီးရဲ့တစ်နေရာကို ရောက်သွားမှာပါပဲ။ ပင်လယ်နီလား ပင်လယ်ဝါလား ဘယ်ပင်လယ်ထဲရောက်သွားမလဲဆိုတာတော့ ခင်ဗျားအပေါ်ပဲမူတည်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ် ) File size__( 2GB ) IMDb Rating__7.4/10 Format__mp4 Duration__02:23:50 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Animation • Family
7.4 2006
Babel
Hot Tub Time Machine 2
5

ကြမ်းတမ်းတဲ့အသုံးအနှုံးတွေနဲ့ ဇာတ်ဝင်ခန်းတွေပါဝင်တာကြောင့် အသက် ၁၈ နှစ်အောက် ကလေးတွေတော့ မကြည့်ရှုသင့်ပါဘူး။ 2010 ကထွက်ခဲ့တဲ့ HTTM ရဲ့အဆက်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လု ဒေါ်ချန်တစ်ယောက်ပါတီပွဲပေးနေရင်း သေနတ်နဲ့အပစ်ခံလိုက်ရတာကြောင့် သူ့ရဲ့သားဖြစ်သူ ဂျေကော့၊ သူငယ်ချင်းဖြစ်သူ နစ်ခ် ဝက်ဘာတို့က လုကို ရေပူကန်ထဲခေါ်ပြီး အတိတ်ကိုပြန်သွားရင်း ဒီဖြစ်ရပ်ကြီးဖြစ်မလာအောင်တားဆီးဖို့လုပ်ကြပါတယ်။ ဖြစ်ချင်တော့ သူတို့ ရောက်သွားတာက အတိတ်ကာလမဟုတ်ပဲ အနာဂတ်ကာလကို ‌ဆယ်နှစ်တောင်ကြိုပြီးရောက်သွားတာပါ။ ဒီလိုနဲ့ ငရှုပ်သုံးယောက် လုကိုပစ်သွားတဲ့ သေနတ်သမားကို လူသတ်မှုမကျူးလွန်ခင်ရှာတွေ့နိုင်မှာလား၊ အနာဂတ်မှာရော ဘယ်လိုတွေပတ်ပြီး ရှုပ်ကြ၊ မွှေကြ၊ ပွေကြဦးမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

5 2015
Hot Tub Time Machine 2
The Search for Secret Santa
5.7

“လျှို့ဝှက်ဆန်တာရှာပုံတော်” ခရစ်စမတ်အားလပ်ရက်မှာ အလွတ်တန်းသတင်းထောက်မလေးဆိုဖီယာက တိုက်ခန်းတစ်ခန်းမှာငှါးနေဖြစ်ခဲ့ပါတယ်၊တနေ့ဆိုဖီယာဟာ ပစ္စည်းတွေကို စတိုခန်းထဲသွားထားရင်း အဲ့မှာ မဖောက်ရသေးတဲ့ခရစ်စမတ်လက်ဆောင်လေးကိုတွေ့လိုက်ရပါတယ်။ အက်ဘီဂေးလ်အတွက်လျှို့ဝှက်ဆန်တာကပေးထားတာလေးပါ။ ဒါပေမဲ့လက်ဆောင်ကနှစ်ပေါင်းအတော်ကြာထိပိုင်ရှင်ဆီလည်းမရောက်သေးတော့သတင်းထောက်ပြီပြီစူးစမ်းရင်းဆောင်းပါးလေးပါရေးဖြစ်ပါတော့တယ်၊လက်ဆောင်ထဲမှာဘာတွေပါလဲ၊ လျို့ဝှက်ဆန်တာကဘယ်သူလဲ၊အက်ဘီဂေးလ်ဆိုတာဘယ်သူလဲ၊ ဘာလို့လက်ဆောင်ကဒီအတိုင်းရှိနေရသေးတာလဲစသဖြင့်မေးခွန်းတွေကိုအဖြေရှာသွားမှာဖြစ်ပါတယ်။ ရှာပုံတော်ခရီးစဉ်ကိုပါဝင်အားဖြည့်ပေးတာတော့ရှေးဟောင်းပစ္စည်းတွေကိုစိတ်ဝင်စားတဲ့ဂျက်ဆင်ဖြစ်ပြီး နှစ်ဦးသားအဖြေရှာရင်းနှလုံးသားရေးရာအဆင့်တွေဘယ်လိုတက်သွားမလဲဆိုတာ ခရစ်စမတ်အငွေ့အသက်နဲ့ ရိုမန့်စ်ဆန်ဆန်ကြည့်ရမှာပါ။ File size…(1.6 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

5.7 2022
The Search for Secret Santa
Splinter

လူသွားလူလာနည်းပါးတဲ့ ဂတ်စ်ဆိုင်လေးတစ်ခုရဲ့ပန့်ကိုင်ကို အမျိုးအမည်မသိသတ္တဝါကောင်တစ်ကောင်က လာရောက်တိုက်ခိုက်ပုံနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ ဆက်သ်နဲ့ပေါ်လီဆိုတဲ့ လူငယ်စုံတွဲတစ်တွဲဟာ အိုကလာဟားမားက တောအုပ်တွေထဲကို အပျော်စခန်းချခရီးလာခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ကားကို ထောင်ပြေးတစ်ဦးနဲ့ ဆေးစွဲနေတဲ့သူ့ကောင်မလေးဖြစ်တဲ့ လေစီတို့က ကြားဖြတ်လုယူချိန်မှာတော့ အစီအစဉ်ပျက်သွားပြီး ဂတ်စ်ဆိုင်တစ်ခုမှာ ဝင်နားဖို့အခြေအနေဖြစ်လာပါတော့တယ်။ ဂတ်စ်ဆိုင်ကိုရောက်ကာစမှာပဲ လေစီကိုဆူးချွန်တွေတကိုယ်လုံးပေါက်နေတဲ့ဂတ်စ်ဆိုင်လုပ်သားရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပြီး သေဆုံးသွားခဲ့တဲ့အတွက် ဆက်သ်တို့စုံတွဲနဲ့ထောင်ပြေးတို့ဟာ ဂတ်စ်ဆိုင်ထဲကိုပြေးပုန်းလိုက်ရပါတယ်။ သူတို့သေပြီလို့ထင်ခဲ့တဲ့ လေစီကလည်း ဆူးချွန်တွေစိုက်ဝင်ခံထားရာက တွန့်လိမ်ကောက်ကွေးအသက်ပြန်ဝင်လာပြီး မှန်တံခါး၀ကိုလာတိုက်ခိုက်တဲ့အချိန်မှာတော့..။ သူတို့ကိုတကယ်တမ်းလိုက်တိုက်ခိုက်နေတာ ဂတ်စ်ဆိုင်လုပ်သားလည်းမဟုတ်သလို လေစီလည်းမဟုတ်ပါဘူး။ သူတို့ကိုယ်မှာစိုက်ဝင်နေတဲ့ အဲ့ဒီဆူးချွန်တွေပါပဲ။ ဆူးချွန်တွေဟာ စိုက်ဝင်သွားမိတဲ့သားကောင်ကိုမှီတွယ်ပြီး အဲ့ဒီသားကောင်ရဲ့သွေးသားကိုစားသုံးရွေ့လျားပြိး နောက်ထပ်သားကောင်ကိုဆက်ပြီးရှာပါတယ်။ သူတို့အနေနဲ့ ဒီဆူးချွန်တွေ ရဲ့ အားသာချက်အား နည်းချက်တွေ ကိုအဖြေရှာပြီး ရှင်သန်ဖို့ကြိုးစားရတော့မှာဖြစ်ပါတယ်။ Splinter ကစိတ်ကူးကောင်းသလို အဲ့ဒီစိတ်ကူးကိုထိထိရောက်ရောက်အကောင်အထည်ဖော်သွားနိုင်တဲ့ Horror ကားကောင်းတစ်ကားပါ။ ဇာတ်စကတည်းက သွက်သွက်လက်လက်နဲ့ဇာတ်ကိုသယ်သွားသလို အသည်းယားစရာ ရင်ဖိုစရာ နဲ့ jump scare တွေမျှတပြီး သရုပ်ဆောင်တွေကလည်း လိုရင်းရောက်အောင်ပို့ပေးနိုင်ပါတယ်။ ရုပ်ရှင်ပွဲတော်တွေမှာသက်ဆိုင်ရာဆုတွေအများကြီးရထားတဲ့ Hidden gem တစ်ခုပါပဲ။ File size…(1.5 GB)/(843 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Horror, Thriller, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

0 2008
Splinter
Bas Terakhir Malam Raya
8.7

Bas Terakhir Malam Raya ( 2023 )==============================အစ်နေ့မှာ ဇာတိကိုပြန်ကြမယ့် လူတစ်စုဟာ ဘတ်စ်ကားဂိတ်မှာ လာဆုံကြပါတယ်။ စလာကတည်းက သူတို့ဟာ အလွဲလွဲအမှားမှားတွေနဲ့ နောက်ဆုံး ကားကောင်းမရဘဲ မထင်ထားတဲ့ ကျောင်းကားစုတ်ကြီးနဲ့ ခရီးဆက်ရဖို့ ဖြစ်လာခဲ့တယ်။ ကားကြီးကလည်းစုတ် လမ်းကလည်း မထင်ထားတဲ့လမ်းက သွားခဲ့သလို ကားဆရာကလည်း စိတ်မနှံ့တဲ့လူလိမ်ဖြစ်နေတတော့ တစ်လမ်းလုံး သူတို့ တိုင်တွေပတ်ကြတဲ့အကြောင်းပေါ့။ ဒီလိုနဲ့ စစချင်းတစ်ယောက်ကိုတစ်ယောက် စကားတောင်မပြောခဲ့ကြတဲ့ သူတို့တွေဟာ တဖြည်းဖြည်းချင်း တစ်ယောက်ဇာတ်လမ်း တစ်ယောက်ကိုပြောပြရင်း တစ်ယောက်နဲ့တစ်ယောက် တော်တော်လေးခင်လာခဲ့တယ်။ သူတို့ဇာတ်လမ်းဆိုတာကလည်း သရဲအကြောင်း အသည်းကွဲတဲ့အကြောင်း စုံလို့ပဲပေါ့။ဒီလိုနဲ့ ဥပုသ်ကာလပြီးလို့ အစားစားရမယ့်အချိန်ရောက်လာတဲ့အခါမှာ သူတို့ဟာ စားစရာမရှိတဲ့အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရသလို အဲဒီအချိန်နှောင်းပိုင်းမှာပဲ သရဲမတစ်ကောင်ဟာလည်း သူတို့ကားပေါ်ပါလာခဲ့တယ်။ ဒီသရဲမကလည်း အသည်းကွဲနေတဲ့ သရဲမဆိုတော့ အသည်းကွဲနေတဲ့ကောင်တွေနဲ့ အသည်းကွဲနေတဲ့ သရဲမကြား ဘာတွေဆက်ဖြစ်လာမလဲ စိတ်ဝင်စားဖို့ကောင်းအောင် ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ဒီမလေးရှားရုပ်ရှင်ဟာ အရမ်းအကောင်းကြီးမဟုတ်ပေမဲ့ ရယ်စရာတွေအပြည့်နဲ့ အချိန်ဖြုန်းလို့တော့ကောင်းမယ့် ရုပ်ရှင်ပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(2GB)/(870MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:39:00 Genre_Comedy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

8.7 2023
Bas Terakhir Malam Raya
Loving Leah
7.1

ဒီတစ်ခါ cm ပရိသတ်ကြီးကို မိုးအေးအေးလေး ဇိမ်နဲ့ကွေးပြီး ကြည့်ဖို့ ဆွတ်ပျံ့ကြည်နူးဖို့ ကောင်းတဲ့ အချစ်ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ နှလုံးခွဲစိတ် ဆရာဝန်တစ်ဦး ဖြစ်တဲ့ ဂျိတ်ခ်ဟာ ဂျူးလူမျိုး တစ်ဦးဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ ဆရာဝန်တစ်ယောက်ပါ။ တစ်နေ့မှာ အစ်ကိုဖြစ်သူ ဂျူးဘာသာရေးဆရာ ရုတ်တရတ်ဆုံးပါးသွားပြီး အိမ်ကို နာရေးပြန်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သူမသိလိုက်တာက ကလေးမရှိသေးတဲ့ ဂျူးအိမ်ထောင်မှာ အစ်ကိုဖြစ်သူ ဆုံးပါးပြီး ညီဖြစ်သူက လူပျိုလူလွတ်ဆိုရင် အစ်ကိုဖြစ်သူရဲ့ ဇနီးကို လက်ထပ်ယူဖို့ သတ်မှတ်ထားတဲ့ လယ်ဗီရိတ် အိမ်ထောင်ပြုခြင်း ရှိနေတယ်ဆိုတာပါပဲ။ ဘာသာရေးကို သိပ်ပြီး ယုံကြည်မှုမရှိတဲ့ ဂျိတ်ခ်နဲ့ သူ့ရဲ့ ဆန့်ကျင်ဘက် ခယ်မလေး လေယာတို့ နှစ်ဦး ဆုံတွေ့ ချိန်မှာတော့ ဘယ်လိုတွေ ဖြစ်လာမလဲ။ ရှေးရိုးစွဲ ယုံကြည်မှု ဘာသာရေး ကိုင်းရှိုင်းတဲ့ ဂျူးမိသားစုအတွင်း ဖြစ်တတ်တဲ့ သဘောတရားလေးတွေနဲ့ အမြင်မတူညီတဲ့ သူနှစ်ဦး ပေါင်းစပ်ဖို့ အကြောင်းဖန်လာတဲ့အခါ….။ ရိုမန်တစ် ဇာတ်ကားကောင်းတွေ ရိုက်ကူးလေ့ရှိတဲ့ Hallmark Channel က ရိုက်ကူးထားပြီး Nomination ငါးခု အထိ ရထားတဲ့ အချစ်ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။ File size…2.01GB / 986MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 35m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

7.1 2009 97 mins
Loving Leah
The Investigator
7

The Investigator (2024) IMDb Rating (7.0) The Investigator အမည်ရတဲ့ Documentary ဇာတ်ကားဟာဆိုရင် Czech လူမျိုးလည်းဖြစ် နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ ပထမဆုံးစုံစမ်းစစ်ဆေးသူလည်းဖြစ်ခဲ့တဲ့ Vladimír Dzuro ရေးသားထားတဲ့ ယခင်ယူဂိုစလားဘီးယားက စစ်ရာဇဝတ်မှုတွေအကြောင်းစာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ နာမည်ကြီးရုပ်ရှင်မင်းသား၊ မင်းသမီးတွေနဲ့ရိုက်ကူးထားခြင်းမရှိသလို ဇာတ်ရံတွေကိုလည်း အသုံးပြုထားခြင်းမရှိပါဘူး။ ဇာတ်ကားမှာပါဝင်ခဲ့ကြသူတွေဟာ တကယ့်အဖြစ်မှန်ကြုံတွေ့ခဲ့သူတွေနဲ့ စာရေးသူကိုယ်တိုင်ဖြစ်ပြီး စစ်ပွဲကာလက မှတ်တမ်းဗွီဒီယိုတွေကိုပါ ထည့်သွင်းဖော်ပြပေးထားတာဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းရိုက်ကွက်တွေ၊ စကားပြောခန်းတွေကြောင့် ပျင်းစရာကောင်းတဲ့ဇာတ်ကားလို့ထင်ရပေမယ့် အဲဒီရိုးရိုးရှင်းရှင်းစကားပြောခန်းတွေကပဲ ကြောက်ရွံ့စက်ဆုပ်ဖွယ်၊ ရက်စက်ကြမ်းကြုတ်တဲ့စစ်ပွဲကာလက စစ်ရာဇဝတ်ကျူးလွန်မှုအကြောင်းကို မျက်ဝါးထင်ထင်မြင်လာအောင် ဆွဲဆောင်နိုင်စွမ်းကောင်းနေတာလို့ပြောရမယ်ဆိုရင် မမှားပါဘူး။ စစ်ပွဲကာလဆိုးယုတ်မှုတွေနဲ့ရင်နာစရာအဖြစ်အပျက်တွေကို ပြန်ပြောင်းပြောပြထားတဲ့မှတ်တမ်းရုပ်ရှင်ဖြစ်တာမို့ ဗဟုသုတလည်းရ၊ Documentary Genre ကြိုက်သူတွေလည်းကြည့်ရတန်စေမယ့်ဇာတ်ကား‌ကောင်းတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vivien ဖြစ်ပါတယ်။) File size…(900 MB) / (480 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Documentary Duration….01:13:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Vivien

7 2024 73 mins
The Investigator
By the Stream
6.9

By the Stream (2024) ******************** IMDb…..6.9 ကျွန်တော်တို့ CM ကနေ ယခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ Drama အမျိုးအစားလေးဖြစ်ပြီး Toronto International Film Festival မှာ ပြသခဲ့တဲ့ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ The HandMaiden ထဲက မင်းသမီး Kim Minhee, Parasyte:The Grey ထဲက စုံထောက် မင်းသား Kwon Hae Hyo, ပြဇာတ်မင်းသမီး Cho Yoon Hee, မင်းသား Ha Seong Guk နဲ့ အခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ်။ -ဇာတ်လမ်းအညွှန်း- ဂျွန်အင်း (Kim Min Hee) ဟာ စမ်းချောင်းဘေးမှာ ထိုင်ကာ သဘာဝတရားကို ခံစားရင်း သူ့အထည်အလိပ်တွေရဲ့ ဒီဇိုင်းကို ရေးဆွဲလေ့ရှိသူပဲ ဖြစ်တဲ့အပြင် အမျိုးသမီးတက္ကသိုလ်တစ်ခုက ဆရာမတစ်ယောက်လည်း ဖြစ်ပါသေးတယ်။ တက္ကသိုလ်ရဲ့ နှစ်စဉ်ဟာသပြဇာတ်တိုအတွက် သူမရဲ့ဌာနမှ တာဝန်ယူရသော်လည်း ဒါရိုက်တာအဖြစ် တာဝန်ယူထားတဲ့ ကျောင်းသားတစ်ယောက် လူမှုရေးကိစ္စဖြစ်ပြီး အဖွဲ့မှ နှုတ်ထွက်သွားတဲ့အခါ ဆရာမ ဂျွန်အင်းတစ်ယောက် တစ်ခေတ်တစ်ခါက နာမည်ကြီး သရုပ်ဆောင်-ဒါရိုက်တာဖြစ်တဲ့အပြင် သူမ၏ ဦးလေးဖြစ်သူ ချူရှီအွန်း (Kwon Hae Hyo) ကို အကူအညီ တောင်းရပါတော့တယ်။ တစ်ဖက်မှာလည်း ဂျွန်အင်းတို့ဌာနက ပါမောက္ခဂျောင် (Cho Yoon Hee) ဟာ ဦးလေး ချူရှီအွန်းရဲ့ အမာခံပရိသတ်တစ်ဦး ဖြစ်နေပြန်ပါသေးတယ်။ ပြဇာတ်တိုအတွက် လေ့ကျင့်တဲ့ အချိန်အတွင်း ဖြစ်ပေါ်လာမဲ့ ဆရာနဲ့ တပည့်တွေကြားက တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု ခင်မင်ရင်းနှီးလာပုံတွေကို ရိုက်ကူးပြသထားတဲ့ Drama ကားကောင်းလေးမို့လို့ By the Stream ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးကို ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ာ Theint မှ ရေးသားထားပါတယ်။) File Size : 2.00GB/ 900MB Quality : WEB-DL 1080p/720p Format…mp4 Duration…01:52:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Thet, Thinn & Nyein Sandi Encoded by Tiff

Family • Drama • Music
6.9 2024 111 mins
By the Stream
Machante Malakha

Machante Malakha (2025) “ငါ ခလုပ်တိုက်မိခဲ့တဲ့ ခပ်ထက်ထက်ဆူးငြှောင့်လေး” ======================================= အသစ်ထွက်ထားတဲ့ မာလျာလမ်စကားပြော အချစ်ဇာတ်လမ်းလေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဆာဂျီဗန်ဟာ စူပါဖက်စ်ဆိုတဲ့ ယာဉ်လိုင်းတစ်ခုမှာ ယာဉ်အကူလုပ်နေသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အိမ်ထောင်မကျသေးတဲ့ လူပျိုကြီးတစ်ယောက်ဖြစ်ပြီး သူ ကြိုက်နေတဲ့ လုပ်ဖော်ကိုင်ဖက်မလေးကို ဖွင့်ပြောဖို့ အခွင့်ကောင်းစောင့်နေတဲ့သူပါ။ ဒါပေမဲ့ အဲဒီလိုဖွင့်ပြောဖို့လုပ်နေတုန်းမှာ အဲဒီတစ်ယောက်က ရုတ်တရက်အိမ်ထောင်ပြုသွားတဲ့အတွက် စိတ်ညစ်ညစ်နဲ့ တခြားယာဉ်လိုင်းကို ပြောင်းပြီးလိုက်နေတုန်းမှာ သူ့ဘဝထဲကို ခပ်စွာစွာကောင်မလေးတစ်ယောက်ဝင်လာခဲ့ပါတယ်။ အဲဒီကောင်မလေးနဲ့ စတွေ့ကတည်းက ဆာဂျီဗန်တစ်ယောက် အဆူခံရ၊ အိမ်ပြန်နောက်ကျရ၊ အလုပ်ပြုတ်မလိုတွေဖြစ်ခဲ့ရပေမဲ့ အဲဒီကောင်မလေးအပေါ် ခံစားချက်တွေဖြစ်လာတဲ့အချိန်မှာတော့…။ မထူးဆန်းပေမဲ့ မြင်နေကျမဟုတ်တဲ့ ယာဉ်အကူကောင်လေးနဲ့ ခပ်စွာစွာကောင်မလေးတစ်ယောက်ကြားက ကဗျာဆန်ဆန်အချစ်ဇာတ်လမ်းလေးကို ဒီရုပ်ရှင်လေးထဲမှာ ဆွတ်ပျံ့ကြည်နူးဖွယ် မြင်တွေ့ခံစားကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Family • Drama
0 2025 125 mins
Machante Malakha
Hearts Around the Table: Jenna’s First Love
6.3

Hearts Around the Table: Jenna’s First Love (2025) IMDb Rating (6.3) ဒီတစ်ခေါက်တင်‌ဆက်ပေးမှာကတော့ ကြည်ကြည်နူးနူး စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဒီ Hearts Around The Table ဆိုတဲ့ခေါင်းစဉ်နဲ့ပဲ ဒီဇာတ်ကားထဲမှာပါဝင်တဲ့ ကာရိုက်တာ ၄ ယောက်ရဲ့ spin off တစ်ခုစီ ထွက်ရှိထားတာပါ။ အခုဇာတ်လမ်းလေးကတော့ Jenna ရဲ့ အချစ်ဦးဇာတ်လမ်းလေးပေါ့.. ဇာတ်ကြောင်းလေးကတော့ ငယ်ငယ်ကတည်းက ၁၃ နှစ်အရွယ်မှာ မိခင်‌က နေမကောင်းဖြစ်ပြီး ဆုံးသွားခဲ့လို့ မွေးစားမိသားစုမှာ ကြီးပျင်းလာရတဲ့ Jenna ဟာ တော်ပြီးထက်မြက်သူမို့ သူ့လုပ်ငန်းနယ်ပယ်မှာ နာမည်ရထားတဲ့သူပေါ့.. တစ်နေ့ နာမည်ကြီး ဘီလျံနာဖြစ်သူ Tom Redlands ရဲ့ charity event တစ်ခုအတွက် ပွဲစီစဉ်ပေးဖို့ တာဝန်ယူရင်း ငယ်ချစ်ဦး Andrew နဲ့ ပြန်ဆုံခဲ့တယ်.. ပြန်တွေ့ကြတဲ့အချိန်မှာ Andrew ဘက်က အချစ်မကုန်သေးတဲ့ပုံ ပြလာခဲ့တယ်။ တစ်ဘက်မှာ ဘီလျံနာကြီး Tom ကလည်း Jenna ကို စိတ်ဝင်စားနေလေရဲ့ ဒီလို သုံးပွင့်ဆိုင်လာတဲ့ဇာတ်လမ်းမှာ Jenna တစ်ယောက် ငယ်ချစ်ဦးကိုပဲ ရွေးမလား ဘီလျံနာကြီးကိုပဲ ရွေးမလားဆိုတာ ကြည့်ရှုလိုက်ပါဦးခင်ဗျာ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Khey Ki ဖြစ်ပါတယ်။) File size… (1.6 GB) / (680 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Romance Duration…. 01:24:17 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Khey Ki

Drama • Comedy
6.3 2025 84 mins
Hearts Around the Table: Jenna’s First Love
Kidnapped Soul
6.1

ဒီတစ်ခေါက်မှာတော့ rainie ရဲ့ ထိုင်ဝမ်ကားကောင်းလေးကို ချစ်ရပါသော CM ချစ်ပရိသတ်တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းလေးက သည်းထိတ်ရင်ဖိုကြိုက်တဲ့ သူတွေအတွက်လိုဆိုနိုင်သလို အားကြီးနဲ့ မိုးနဲ့အတူ ငိုချချင်သူတွေအတွက်လည်း ကြည့်သင့်တဲ့ဇာတ်ကားလေးပါနော်…. ဒီဇာတ်လမ်းလေးကKidnapped Soul ဆိုတဲ့ နာမည်လေးအတိုင်းပါပဲ… ပြန်ပေးဆွဲခံရတဲ့ကလေးလေး ၂ ယောက်အကြောင်းပေါ့… တစ်ယောက်က ဖုံဖုံ တစ်ယောက် သောသောတဲ့ ဇာတ်လမ်းလေးအကျဉ်းလေး ပိစိလေးပြောရမယ်ဆိုရင်… ရဲမှူးကျီခိုင်က အမည်မဖော်နိုင်တဲ့ကလေးအလောင်းသေတ္တာ ကွင်းဆက်အမှုကို တာဝန်အရ စုံစမ်းနေချိန်မှာပဲ သူ့အစ်မဖြစ်သူ မူလတန်းဆရာမမိန်ကျိန်းရဲ့ သမီးလေးလည်း အလားတူ ပုံစံနဲ့ ပြန်ပေးဆွဲခံခဲ့ရပါတယ်။ အမှုလိုက်နေတဲ့အချိန် သဲလွန်စအရ မိန်ကျိန်းရဲ့ အိမ်နီးနားချင်းဟောင်းဖြစ်တဲ့ မင်းချန်နဲ့ ဟွေ့လန်တိုနဲ့ ဆုံတွေ့ချိန်မှာတော့ သူတိုရဲ့ သမီးလေးဟာလည်း ပျောက်ဆုံးနေတာ တစ်နှစ်ရှိပြီဆိုတာ သိခဲ့ရပါတယ်။ ရှုပ်ထွေးပြီး သဲလွန်စပျောက်တဲ့ အမှုကိုလိုက်ဖို့ လမ်းစရှာမရတဲ့အဆုံး ကျီခိုင်ဟာ ထူးထူးဆန်းဆန်းနဲ့ ၂၁ ရာစုထဲမှာ အမှုမှန်ပေါ်ဖိုအတွက် နတ်ကတော်ကျိန်းပိုင်ရှီကိုပဲ အကူအညီတောင်းရပါတော့တယ်။ ကဲကဲ… ဝိညာဉ်တွေအကူအညီသုံးရင်း အမှန်တရားကိုဖော်ထုတ်နိုင်မလားဆိုတာရယ်… ပြန်ပေးဆွဲခံရတဲ့ ကလေး ကိုပြန်ကယ်တင်နိုင်မှာလား… ဇာတ်လမ်းအစက ကလေးအလောင်းက ဘယ်သူဖြစ်မှာလဲ… ပြန်ပေးဆွဲခံရချင်းတူပေမယ့် ကလေးနှစ်ယောက်ရဲ့ အဆုံးသတ်တူပါ့မလား ဆိုတာကို မိုးအေးအေး စောင်လေးကွေးပြီး ဒေါင်းကြည့်နေတဲ့ CM ချစ်ပရိသတ်တို့ တစ်ယောက်တည်းအိမ်မှာရှိရင် တံခါးဖွင့်ဖို ကြောက်မသွားကြနဲ့နော်…

6.1 2021
Kidnapped Soul
Hidden in the Kunlun
5.8

CM ကနေဒီတစ်ခါတင်ဆက်ပေးမယ့်ရုပ်ရှင်ကားလေးကတော့ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ သည်းထိတ်ရင်ဖို သင်္ချိုင်းဂူဖောက်တဲ့ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် ပါးစပ်ရာဇဝင်တွေအရ ခွမ်းလွန်တောင်ရဲ့ ခွမ်းလွန်ရွှီးလို့ခေါ်တဲ့နေရာမှာ အမြဲနုပျိုပြီးဘယ်တော့မှ မသေနိုင်တဲ့ နည်းလမ်းရှိတယ်ဆိုပြီး ဟန်မင်းကြီးကို အိပ်မက်ပေးခဲ့ပါတယ် အဲ့အခါမှာတော့ ရတနာတူးဖော်ရေး (သင်္ချိုင်းဂူဖောက်ပြီး ရတနာခိုးခြင်း)ခေါင်းဆောင် ဟော့အန်းကို အနောက်ပိုင်းသို့စေလွှတ်ပြီး အနောက်ပိုင်းဘုရင်မဆီမှာရှိတဲ့ ရတနာကို ယူလာဖို့အမိန့်ပေးလိုက်ပါတယ် အဲ့နောက်ပိုင်းအဖြစ်အပျက်တွေကိုတော့ မျိုးစုံပြောကြပေမယ့် တကယ့်ဖြစ်ရပ်မှန်ကိုတော့ ဘယ်သူမှ မသိကြပါဘူး အဲ့လိုနဲ့ နှစ်၂၀၀၀ ကြာပြီးနောက်မှာတော့ ကျန်းရှောင်းဟန်တစ်ယောက် ခွမ်းလွန်ရွှီးရဲ့ သဲလွန်စကိုရှာတွေ့ပြီး အဖြစ်မှန်ဖော်ထုတ်ဖို့သွားတဲ့ အဖေဖြစ်သူ ကျန်းယွီကို လိုက်ရှာခဲ့ရာကနေ ဇာတ်လမ်းလေးကစတင်ပါတော့တယ် တစ်ဖက်မှာလည်း ကျန်းယွီရဲ့သူငယ်ချင်းဖြစ်သူ ဆရာလင်ကလည်း ဟော့အန်းရဲ့ သင်္ချိုင်းဂူကိုရှာတွေ့ခဲ့ပေမယ့် ဂူတံခါးကို ဖွင့်မရဖြစ်နေခဲ့ပါတယ် အဲ့နောက်မှာတော့ ကျန်းရှောင်းဟန်နဲ့ ဝူဟောကါတို့ရောက်လာခဲ့ပြီး တံခါးကိုဖွင့်ဖို့ကြိုးစားရင်း မတော်တဆဖြစ်ပြီး တံခါးပွင့်ရုံတင်မဟုတ်ဘဲနဲ့ သူတို့နဲ့အတူ သူတို့ကိုလာကယ်တဲ့ လင်ကျွမ်းပါ အထဲကိုရောက်သွားခဲ့ပါတယ် အဲ့ထဲမှာ အန္တာရယ်ထောင်ချောက်တွေကိုကျော်လွန်ပြီးတော့ ဟော့အန်းရဲ့ အေးခဲခံထားရတဲ့အလောင်းရယ် နာမည်ကြီး ခွမ်းလွန်ပုလင်းရယ်ကိုရှာတွေ့တဲ့အပြင် သူ့အဖေရဲ့ ဓါးမြှောင်ကိုပါ တွေ့ခဲ့ရတော့ ကျန်းရှောင်းဟန်တစ်ယောက် မျှော်လင့်ချက်မီးစလေးရလာတာပေါ့ ဆရာလင်နဲ့သူ့အဖွဲ့က ခွမ်းလွန်ပုလင်းနဲ့ဟော့အန်းကို ခွဲထုတ်ပြီးနောက်မှာတော့ ခွမ်းလွန်ရွှီးဆီကို ခရီးနှင်ပါတော့တယ် ခွမ်းလွန်ရွှီးဆိုတာက ဘယ်လိုနေရာမျိုးလဲ ဒီကိစ္စရပ်တွေရဲ့ တကယ့်ဖြစ်ရပ်မှန်ကရော ဘာများဖြစ်မှာလဲဆိုတာကိုတော့ စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်ဖို့ CMကနေအခုပဲ တင်ဆက်ပေးလိုက်ပါတယ်နော်

Documentary
5.8 2025
Hidden in the Kunlun