YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Upload.S02E07 Download1080p(CM).-.mp4

732.94 MB 1080p video/mp4 690 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ace Bodyguard

ကိုယ်တိုင်က အရည်အချင်းသိပ်မရှိပေမဲ့ မတော်တဆ တိုက်ဆိုင်မှုများကြောင့် "လုံခြုံရေး"ရာထူးနေရာမှာ အောင်မြင်မှုတွေ ဆက်တိုက် ရရှိခဲ့သူ - ယောင်အာ့ကာ သူ့ရဲ့ အောင်မြင်မှုတွေကြောင့် လုံခြုံရေးနယ်ပယ်မှာ နာမည်ရလာခဲ့ပြီး သူဌေးကြီး ကျန်းရှစ်ဟောင်ရဲ့ ကိုယ်ရံတော် တစ်ဦးဖြစ်လာခဲ့ပါတော့တယ် ။ တစ်နေ့မှာတော့ သူဌေးကြီး ကျန်းရှစ်ဟောက်ရဲ့ သမီးလိဆာနဲ့ အတူတူ အရေးကြီးစာချုပ်တွေ ၊ ငွေကြေးတွေကို လုံခြုံစွာနဲ့ ပို့ဆောင်ပေးဖို့ တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ် ။ ဒါပေမဲ့လမ်းမှာမျက်နှာဖုံးတပ်ဆင်ထားတဲ့ လူတစ်စုနဲ့ထိပ်တိုက်တွေ့ဆုံပြီး လိဆာဟာ ပြန်ပေးဆွဲခံလိုက်ရကာအရေးကြီးစာရွက်စာတမ်းတွေဟာလဲ ပျောက်ဆုံးလို့သွားခဲ့ပါတော့တယ် ။ သက်တော်စောင့်တစ်ယောက်ကနေပြီး နေ့ခြင်းညခြင်းဆိုသလို အမှုရဲ့ သံသယအရှိဆုံး သူအဖြစ်ပြောင်းလဲသွားတဲ့ အခါမှာတော့ ....? ❏ ယောင်အာ့ကာ တစ်ယောက် ဘယ်လိုတွေဖြေရှင်းသွားမလဲ? ❏ ကြားထဲမှာ ဘယ်လိုအရာတွေနဲ့ရင်ဆိုင်ကြုံတွေ့ပြီး အမှန်တရားကိုရော သူရှာဖွေနိုင်ပါ့မလား? ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှူလိုက်ရအောင်ပါနော် ။ ဟာသနှောကာ ရိုက်ကူးထားတဲ့ကားလေးဖြစ်တာမို့ ဘဝအမောတွေပြေစေမှာအမှန်ပါပဲ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 1080p , 480p Format : mp4 Genres : Family , Drama Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Romance • Science Fiction
0 2023 80 mins
Ace Bodyguard
The Upside
7.1

မတော်တဆမှုတစ်ခုကြောင့် ကိုယ်ရောလက်ပါ အကြောသေခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးတစ်ဦး နဲ့ မိသားစုဘဝကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေတဲ့ ထောင်ထွက်တစ်ဦးရဲ့ကြားက သံယောဇဉ်ကို ရိုက်ပြထားတဲ့ဇာတ်ကားလေးပါ။ တကယ့်အပြင်မှာလည်း ရှိခဲ့တဲ့သူတွေရဲ့အကြောင်းပါ။ သူတို့နှစ်ယောက်က လုံးဝကို ကွာခြားနေခဲ့တဲ့ လူနှစ်ယောက်ပါ။ တစ်ယောက်က သူဌေး၊ တစ်ယောက်က ထောင်ထွက်။ တစ်ယောက်က လူဖြူ၊ တစ်ယောက်က လူမည်း။ တစ်ယောက်က ပညာရှင်၊ တစ်ယောက်က ပညာမဲ့။ ဒီလို ကွာခြားမှုတွေ များလွန်းလှတဲ့ လူနှစ်ယောက်ကြားက သံယောဇဉ်ကို ဇာတ်လမ်းဆုံးတဲ့အထိ မျောပါသွားအောင် ရိုက်ပြထားတာပါ။ မင်းသမီးချော Nicole Kidman ကလည်း ဒီလူနှစ်ယောက်ရဲ့ သံယောဇဉ်ကို အဓိက ပံ့ပိုးသူအနေနဲ့ သရုပ်ဆောင်ထားပါသေးတယ်။ မေတ္တာတရားဆိုတာ အသားအရောင်၊ အဆင့်အတန်း၊ ပညာတတ်ခြင်း မတတ်ခြင်း ဆိုတာတွေအပေါ်မှာ မူတည်မနေဘူး ဆိုတာကို ဒီဇာတ်လမ်းက သက်သေပြသွားပါလိမ့်မယ်။ မူရင်းကတော့ ၂၀၁၁ ခုနှစ်က ပြင်သစ်ရုပ်ရှင် The Untouchables ပါ။ The Untouchables တုန်းကလည်း အရမ်းကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ Remake အနေနဲ့ ပြန်ရိုက်ခဲ့ပြီးတော့ သရုပ်ဆောင်တွေကတော့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Bryan Cranston၊ Kevin Hart နဲ့ Nicole Kidman တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ သူတို့ ၃ ယောက်ရဲ့အတွဲညီညီ သရုပ်ဆောင်ထားမှုတွေက ပရိသတ်ကို ဇာတ်အဆုံးထိ ပါအောင် ဆွဲခေါ်သွားမှာပါ။ IMDb Rating ကတော့ 6.5/10 ရရှိထားပြီးတော့ Rotten Tomatoes ကတော့ 84% ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။

Drama • Sci-Fi & Fantasy
7.1 2019 126 mins
The Upside
Dorian Gray
6.2

ဒီဇာတ်ကားက Oscar Wilde ရဲ့ ဂန္တဝင်ဝထ္ထုကို လိုက်လျောညီထွေနဲ့စွဲမက်ဖွယ်ကောင်းလောက်အောင် ပြန်လည်ပုံဖော်ထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ လူတွေရဲ့အတ္တနဲ့သေခြင်းတရားအပေါ်ကြောက်ရွံ့မှုတို့ကို နက်ရှိုင်းတဲ့သဘောနဲ့ပုံဖော်ပြထားပါတယ်။ စွဲမက်လောက်စရာရုပ်သွင်ရှိတဲ့ Ben Barners က Dorian Gray ဇ ာတ်ကောင်နေရာမှာသရုပ်ဆောင်ပေးထားတာက ဇာတ်လမ်းနဲ့တကယ့်ကိုလိုက်ဖက်ညီလွန်းပါတယ်။ ဇာတ်လမ်းသဘောကတော့ သူ့ရဲ့ဝိညဥ်ကိုနတ်ဆိုးနဲ့မမျှော်လင့်ပဲ အပေးအယူလုပ်မိသွားတဲ့ ကောင်ချောလေးတစ်ယောက်အကြောင်းပါ။ ရိုးသားဖြူစင်တဲ့ကောင်ချောလေးဒိုရီယန်ဟာ အဖိုးသေဆုံးသွားပြီးအမွေဆက်ခံဖို့အတွက်တောကနေ လန်ဒန်မြို့ကြီးကိုရောက်လာခဲ့ပါတယ်။ မအူမလည်ဖိုးသခွားလေးဟာ လူရှုပ်လူပွေကြီး Lord Henry နဲ့ပေါင်းမိပြီးတဲ့နောက်မှာ ကောင်ချောလေးကနေကောင်ဇိုးလေးဖြစ်လာခဲ့ပါတယ်။ ဆရာထက်တပည့်လက်စောင်းထက်လာတဲ့ဒိုရီယန်ဟာ သူ့ဝိညဥ်ကိုမမျော်လင့်ဘဲ နတ်ဆိုးနဲ့အလဲအလှယ်လုပ်မိသွားတဲ့နောက်မှာ မအိုမင်းနိုင်တဲ့ခန္တာကိုပိုင်ဆိုင်သွားပြီး မြင်းကိုဂျိုတပ်ပေးလိုက်သလိုတွေဖြစ်သွားတဲ့အခါ…. သူ့နုပျိုမှုကထာဝရခံပါ့မလား အဲ့ဒီအလဲအလှယ်အတွက် သူဘာတွေပေးဆပ်လိုက်ရမလဲဆိုတာ ဇာတ်ကားထဲမှာဆက်ပြီးစောင့်ကြည့်ပေးကြပါဦး…. Ben Bernes က Dorian Gray ရဲ့ ဇာတ်ကောင်ကို အပြစ်ကင်းစင်တဲ့လူငယ်လေးတစ်ယောက်ရဲ့ဘဝကနေပြီးတော့ စိတ်ဝိညဥ်မရှိတော့တဲ့အထိကိုယ့်ကျင့်တရားဖောက်ပြန်စိတ်ဓာတ်ပျက်ပြားတဲ့ လူတစ်ယောက်အဖြစ်ကူးပြောင်းလာပုံကို ကျွမ်းကျွမ်းကျင်ကျင်ပဲပုံဖော်ပြသွားပါတယ်။ Horry and Mystery vibes မျိုးကိုသေချာခံစားချင်ပြီး တကယ်စိတ်ဝင်စားစရာကောင်းပြီးကြည့်ရတာတန်တဲ့ဇာတ်လမ်းမျိုးကိုရှာနေရင် ဒီဇာတ်ကားလေးကသင်တို့အတွက်ပါပဲလို့… ( PS. တစ်ချို့ဇာတ်ဝင်ခန်းတွေက မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်တဲ့အတွက်ကြောင့် ညမှောင်မှောင်မှာ တစ်ယောက်တည်း or သူငယ်ချင်းတွေနဲ့စုကြည့်ကြဖို့ပြောချင်ပါတယ်။) File size… 1.74 GB / 800 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Drama, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Wai Wai Thin

Crime • Drama • Comedy
6.2 2009 112 mins
Dorian Gray
When Time Got Louder
7.3

ဒီဇာတ်လမ်းလေကတော့ coming of age dramaအမျိုးအစားလေးဖြစ်ပြီး မိသားစုလေးတစ်ခုရဲ့ ချစ်မေတ္တာတရားတွေ တစ်ဦးအပေါ်တစ်ဦး နစ်နာ ပေးဆပ်ပုံတွေ၊ ကြိုးစားရုန်းကန်ပုံတွေကို မျှဝေခံစားရမယ့် ငယ်ဘဝပုံပြင်ကားလေးပါ…။ အဓိကအားဖြင့်တော့ ပီတာဆန်မိသားစုရဲ့ မောင်နှမနှစ်ယောက်ကို အားပြုပြီးဇာတ်အိမ်တည်ထားပါတယ်…. မောင်ဖြစ်သူ ကေဒန်ဟာဆိုရင် ငယ်စဥ်ကတည်းက အော်တစ်ဇင်လို့ခေါ်တဲ့ မွေးရာပါအာရုံကြောချို့တဲ့မှု ဝေဒနာခံစားနေရသူပါ။ စကားလည်းကောင်းကောင်းမပြောနိုင်သလို နားလည်နိုင်စွမ်းလည်း သာမန်လူတွေထက်တစ်ဆင့်နိမ့်ခဲ့ရလို့ မိသားစုကမျက်စိအောက်က အပျောက်မခံ ကြည့်ရှုထားရသူလေးပါ…။ ဒီလိုဖြစ်နေတဲ့ မောင်လေးအပေါ် အစ်မဖြစ်သူအက်ဘီက အချစ်ပိုခဲ့ရပြီး မိဘတွေမအားလပ်ရင်တောင် အစ်မကြီးအမိအရာတာဝန်ကျေကာ အမြဲစောင့်ရှောက်ခဲ့သူပေါ့…။ ဒီလို မိသားစုအသိုက်အဝန်းလေးဟာ အက်ဘီတစ်ယောက် နယ်ဝေးမှာ ကျောင်းသွားမတက်ခင်အထိသာအဆင်ပြေခဲ့ပါတယ်…။ အက်ဘီတစ်ယောက် သူ့ဘဝတက်လမ်းအတွက် ကယ်လီဖိုးနီးယားမှာ ကျောင်းသွားတက်တော့ အိမ်မှာကေဒန်လေးတစ်ယောက် အဖော်မဲ့ကျန်ခဲ့ပြီး မိဘတွေကလည်း အလုပ်ကိုယ်စီနဲ့မအားလုပ်နိုင်တဲ့အခါ…. ကြေကွဲဖွယ်ဇာတ်အိမ်လေးနဲ့အတူ မိသားစုကြားချစ်မေတ္တာလေးတွေကို မြင်တွေ့ရမယ့် ဇာတ်ကားလေးမို့ ခံစားစီးမျှောကြည့်ရှုလိုက်ပါဗျာ… File size…1.33 GB / 561 MB Quality…AMZN WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Drama • Family • Comedy
7.3 2022 114 mins
When Time Got Louder
Murder Mubarak
7.1

Murder Mubarak (2024) “လူသတ်မှုအတွက် ဂုဏ်ယူပါတယ်” IMDb – 7.6/10 Netflixကနေ ထုတ်လွှင့်ခဲ့ပြီး နာမည်ကျော်သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားတဲ့ အိန္ဒိယမှုခင်းရုပ်ရှင် အလန်းစားလေးကို တင်ဆက်ပေးပါရစေ။ သရုပ်ဆောင်တွေကတော့ Kedarnath(2018)မှာ ဆူရှန့်နဲ့တွဲဖက်ပါဝင်ခဲ့တဲ့ အပြုံးလှလှနဲ့ မင်းသမီးချော ဆာရာအလီခန်း၊ OMG 2ထဲမှာ ဖခင်ဖြစ်သူနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ပန်ဂာာ့ဂျ်တရီပတီ၊ Aashiqui 2 (2013)ထဲမှာ အရက်ရဲ့ကျေးကျွန်ဘ၀နဲ့ နာမည်ကြီးအဆိုအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော အာဒစ်တယာတို့အပြင် ဗီဂျေးဗာမာ၊ ကာရီစ်မာကပူးရ်၊ ဂျန်ဟ်ဗီးကပူးရ်တို့ ပါဝင်ထားကြပါတယ်။ လူသေရာကနေစတဲ့ မှုခင်းဇာတ်လမ်း။ နယ်ပယ်အသီးသီးက ဇာတ်ကောင်တွေကို တစ်ယောက်ချင်းမိတ်ဆက်ပေးပြီးတစိမ့်စိမ့် ကြည့်လို့ကောင်းမဲ့ တစ်စချင်းဆီ ဆွဲထုတ်ပြတဲ့ ရုပ်ရှင်မျိုးပါပဲ။ ကျိကျိတက်ချမ်းသာတဲ့ အထက်တန်းစားတွေပဲ အသင်းဝင်လို့ရပါတယ်ဆိုတဲ့ ရွိုင်ရယ်ဒေလီကလပ်မှာ လူတစ်ယောက်သေသွားပါတယ်။သေတာကလည်း အလေးမရင်း အလေးပိပြီး လည်ပင်းကျိုးသေသွားတဲ့ ခပ်လွယ်လွယ်အမှုဆိုတော့ ထုံပေပေနေတတ်တဲ့ ရဲအရာရှိကြီး ဘာဟာဗ်နီဆင်းဂ်ကို စုံစမ်းဖို့လွှတ်လိုက်ပါတော့တယ်။ ဒီကစလို့ လွယ်မယောက်နဲ့ခက် တိမ်မယောင်နဲ့နက်ဆိုသလိုပဲ တစတစနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Drama
7.1 2024
Murder Mubarak
Trinket Box
5

သရဲကား ကြိုက်နှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ Trinket Box ဆိုတဲ့ သရဲကားလေးကို တင်ဆက်ပေးလိုက် ပါတယ်။သရဲကား အမျိုးအစားတွေထဲကမှ ပြောရမယ်ဆိုရင် ဒီကားက ဖြဲခြောက်တာမျိုးမဟုတ်ဘဲနဲ့ စိတ္တဇဆန်ဆန် ခြောက်ခြားစရာကောင်းအောင် ရိုက်ကူးထားတဲ့ကားမျိုးပဲ ဖြစ်ပါတယ်။ပြီးတော့ သရဲခြောက်ရတဲ့ အကြောင်းအရင်းက အမေရိကန်မှာ ဘိုးဘေးဘီဘင်‌ ခေတ်အဆက်ဆက် ကတည်းဖြစ်တည်လာခဲ့တဲ့ လူဖြူလူမည်းလူမျိုးရေးခွဲခြားမှုကို အခြေခံပြီး ဖြစ်လာရတာပဲဖြစ်ပါတယ်။ လူဖြူကောင်မလေးနဲ့ လူမည်းကောင်လေးတို့က ကောင်မလေးရဲ့ အိမ်ထဲမှာ တိုးတိုးတိတ်တိတ် မိဘတွေမသိအောင်ချိန်းတွေ့ ကြည်နူး သာယာတစ်တီတူးနေတုန်း ကောင်မလေးရဲ့ အဖေဖြစ်သူ အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ဖြစ်ချင်တော့ ကောင်မလေးရဲ့ အဖေကလူမည်းတွေကို အရမ်းမုန်းတီးနေသူဖြစ်တဲ့အတွက် ကောင်လေးကို မရမကလိုက်ဖမ်းပြီး အပီအပြင်တွယ်ပါ တော့တယ်။ခွေးတောင်မှ ချောင်ပိတ်ခံရရင် ပြန်ကိုက်သလို သူလည်းကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပါတဲ့ ဓားနဲ့ယမ်းလိုက်တာ ကောင်မလေးအဖေ သေသွားပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်း သူတို့နေတဲ့ အိမ်ထဲမှာခြောက်ခြားစရာတွေဖြစ်လာပြီး အခုခေတ် အချိန်ကာလကို ရောက်လာပါတော့တယ်။အခုလည်း အဲ့ဒီအိမ်မှာ လူဖြူကောင်မလေးနဲ့ လူမည်းကောင်မလေးလင်မယား နှစ်ယောက်ပြောင်းရွှေ့နေထိုင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဘ၀လေးက ပျော်ရွင်စရာလေးဆိုပေမဲ့ မစ္စဒေးဗစ်လို့ခေါ်တဲ့ လူမျိုးရေးခွဲခြားတဲ့ အဖွားကြီးတစ်ယောက်က အတင်းတွေအိမ်ကို လာမိတ်ဆက်ပြီး လည်ဆွဲလေးတစ်ခုကို လက်ဆောင်ပေးခဲ့ပြီးနောက်မှာ သူတို့လင်မယားဘ၀မှာ ထူးဆန်းမှုတွေ ပြည့်နှက်လာပြီး အဲ့ဒီလည်ဆွဲကရော ဘာတွေထူးခြားနေလဲဆိုတာကိုကြည့်ရမဲ့ Horror/Thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1GB/ 427MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Documentary
5 2023 104 mins
Trinket Box
A Carol for Two
6.2

A Carol for Two (2024) ********************** ခရစ္စမတ် Vibe ရပြီး ပေါ့ပေါ့ပါးပါးလေးကြည့်လို့ကောင်းမယ့် Romance ကားလေးတစ်ကားကိုတင်ဆက်ပေးပါရစေ .. Broadway ဆိုတာက သီချင်းပြဇာတ်လောကမှာ တက်သစ်စ အနုပညာရှင်တိုင်းအတွက် အိပ်မက်တစ်ခုပါ .. ဗိုင်အိုလက်ဆိုတဲ့ နယ်မြို့လေးက ကောင်မလေးဟာ Broadwayမှာ ပါဝင်ဖို့အရွေးခံရပြီး New Yorkကို တက်လာခဲ့ပါတယ် .. ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သူ့ကိုရွေးထားတဲ့ ပွဲဟာပျက်သွားတဲ့အခါမှာတော့ အဖေဖြစ်သူကိုလည်း အမှန်အတိုင်းပြောလို့မရတဲ့ အခြေအနေဖြစ်လာပြီး ဗိုင်အိုလက်တစ်ယောက် New Yorkမှာ သောင်တင်ဖို့ဖြစ်လာပါတော့တယ် .. ဒီလိုနဲ့ အဒေါ်ဖြစ်သူရဲ့ဆိုင်မှာ အလုပ်သင်ဝင်လုပ်ရင်း အိပ်မက်နောက်ကိုဆက်လိုက်ဖို့ ကြိုးစားရကနေ အဲဒီဆိုင်မှာပဲအလုပ်လုပ်နေတဲ့ ဝါသနာတူအဲလက်စ်နဲ့ဆုံပြီး ခရစ္စမတ်အကြိုညမှာ ဖျော်ဖြေဖို့အခွင့်အရေးရလာခဲ့ပါတယ် .. ဝါသနာတူလူငယ်လေးနှစ်ယောက်ဖြစ်တဲ့ ဗိုင်အိုလက်နဲ့ အဲလက်စ်တို့ကြားမှာ ဘယ်လိုမျိုးတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ရှုစားလိုက်ရအောင်ပါ .. ။ (အညွှန်းကို Thura Mg Mg မှ ရေးသားထားပါတယ်) File size…1.89GB / 782MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 24m Genre ….. Holiday, Romance, Romantic Comedy Subtitle….Myanmar Subtitle (Hard Sub) Translated by Thura Mg Mg Encoded by AHtet

Drama • Romance
6.2 2024 84 mins
A Carol for Two
An American Crime
7.2

Tommy O’Haver ရိုက်ကူးတင်ဆက်ထားပြီးDecember 7, 2007 မှာ ရုံတင်ခဲ့တဲ့ အမေရိကန် တစ်နိုင်ငံလုံးကိုတုန်လှုပ်စေခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်း ရုပ်ရှင်ဖြစ်ပါတယ်… ဒီဇတ်ကားကို Channel Myanmar ရဲ့ Admin တစ်ဦးဖြစ်သူLittle Neo မှ အချိန်ပေး အသေးစိတ်က အစ ဘာသာပြန်ခဲ့တာဖြစ်ပြီး ဘာသာပြန်နေစဉ် အချိန်အတွင်း ဇတ်ကားအတွင်းက ရက်စက်မှုတွေကြောင့်စိတ်မကောင်းဖြစ်ပြီး ရက်အနည်းငယ် အချိန်ထပ်ယူပြီးမှ ဘာသာပြန်ခဲ့ရပါတယ် အလွန်တရာ စိတ်ထိခိုက်စရာတွေ မြင်ရလို့ပဲ ဖြစ်ပါတယ် ဇတ်လမ်း အကျဉ်း နယ်လှည့်ပွဲစျေး ရောင်းသူ လင်မယား နှစ်ယောက်ရှိပါတယ်သူတို့မှာ သမီးကြီး ဆလ်ဗီယာ နဲ့ သမီးငယ် ဂျန်းနီ ဆိုတဲ့ သမီးနှစ်ယောက်ရှိပါတယ် သမီးကြီး ဆလ်ဗီယာ မှာ စိတ်ထားရိုးဖြောင့်လှသူဖြစ်ပြီး ခြေထောက်မသန် ပိုလီယို ဖြစ်နေသောညီမဖြစ်သူ ဂျန်းနီ အပေါ်တွင်လဲ အနွံတာ ခံသူ တစ်ယောက်ပါ… တစ်ရက်မှာတော့ သူမ တို့ မိဘ တွေနဲ့ မြို့တစ်မြို့က ခရစ်ယာန် ဘုရားကျောင်းတွင်တရားဟော သွားနားထောင်စဉ် ဂါထရု ရဲ့ သမီးတွေ နဲ့ တွေ့ပြီးသူတို့ ညီအစ်မ နှစ်ယောက်ဟာ ဂါထရု တို့ အိမ်ကို အလည်လိုက်သွားပါတော့တယ် ကလေးတွေ နဲ့ ပတ်သက်ပြီး အမျိုးသမီးကြီး ဂါထရု နှင့် ဆလ်ဗီယာ ရဲ့ အဖေ တို့တွေ့ဆုံကြပြီ ကလေးတွေ ကျောင်းပြောင်းပြောင်းနေရတာ မလွယ်ကြောင်း အိမ်မှာလဲ သမီးတွေ ရှိလို့ ဆလ်ဗီယာ နဲ့ ဂျန်းနီ ကို စိတ်ချ လက်ချ အပ်ခဲ့ပါတစ်ပတ် ကို ဒေါ်လာ ၂၀ ပဲ ပေးပါလို့ နားချတော့ ဆလ်ဗီယာ အမေနဲ့ တိုင်ပင်ပြီးကလေးတွေကို ဂါထရု တို့ အိမ်မှာ အပ်ခဲ့တယ်… တစ်ရက်သော နေ့မှာတော့ ဆလ်ဗီယာ အဖေ ငွေပို့တာ ရောက်မလာသေးလို့ ဆိုပြီးဆလ်ဗီယာ နဲ့ ဂျန်းနီ ကို မြေအောက်ခန်းထဲ ခေါ်သွားပြီး တစ်ယောက် ၃ ချက်ကြာပွတ်နဲ့ ရိုက်တယ် ဂျန်းနီ မှာ မကျန်းမာသူမို့ တစ်ချက်အရိုက်ခံရပြီး ငိုနေလို့ဆလ်ဗီယာ က ဂျန်းနီ အစား အရိုက်ခံပါ့မယ် ဆိုပြီး အရိုက်ခံလိုက်ရပါတယ်… နောက်နေ့ ဆလ်ဗီယာ နဲ့ ဂျန်းနီ တို့ဟာ ကျောင်းနားက အမှိုက်တစ်ချို့ ကောက်ရောင်းပြီးရတဲ့ ပိုက်ဆံလေးနဲ့ သူတို့ မိဘ တွေဆီ သွားဖုန်းဆက်ပါတယ် နေရတာ အဆင်မပြေဘူး ဂါထရုက ပိုက်ဆံပို့ နောက်ကျလို့ စိတ်ဆိုးတယ် ဆိုပြီးမိဘ တွေကို ပြောပြပေမယ့် အလုပ်ရှုပ်နေတဲ့ မိဘတွေဟာ အဆုံးထိ သေချာနားမထောင်ပါဘူးနောက် လဆို လာခေါ်ပါမယ် လိမ်လိမ်မာမာ နေကြပါဆိုပြီး ပြန်ပြောလွှတ်လိုက်တယ် ဖုန်းဆက်တာကို မြင်သွားတဲ့ ဂါထရု ရဲ့ သမီးတွေက သူတို့ အမေကို ပြန်တိုင်တဲ့အခါဂါထရုက ပိုက်ဆံခိုးပါတယ်လို့ စွပ်ဆွဲပြီး ဆလ်ဗီယာ ကို ဆေးလိပ်မီး နဲ့ တစ်ကိုယ်လုံးကိုတို့ပြီး နှိပ်စက်ပါတယ် နောက်ရက်များမှာလဲ ပြသနာမျိုးစုံရှာပြီး နည်းမျိုးစုံနဲ့ဆလ်ဗီယာ ကို နှိပ်စက်ပြန်ပါတယ် ဂျန်းနီ အစား သူပဲ ခံတဲ့ အတွက်ဂျန်းနီ အနှိပ်စက်မခံရပေမယ့် ဆလ်ဗီယာ တစ်ယောက်မျာတော့ သေလုမျှောပါးပါပဲ… တစ်ရက်မှာတော့ ဂါထရု ရဲ့ သမီးကြီး ကိုယ်၀န်ရှိနေတယ်လို့ လူတကာကို လိုက်ပြောပါတယ်ဆိုပြီးဆလ်ဗီယာ ကို စွပ်ဆွဲပါတယ် အပြစ်ပေးတယ်ဆိုပြီး တစ်စိမ်းယောင်္ကျားလေးတွေ ရှေ့နဲ့တစ်အိမ်သားလုံးရှေ့မှာ အပျိုလေး ဆလ်ဗီယာ ကို မဖွယ်မရာ လုပ်ခိုင်းခဲ့ပြီး မြေအောက်ခန်းထဲ တွန်းချကာ အစာရေစာ မကျွေးပဲ ကြိုးဖြင့် ချည်နှောင်ထားခဲ့ပါတယ်.. အော်သံတွေကို အိမ်နီးနားချင်းတွေက ကြားပေမယ့် သူများကိစ္စ၀င်မပါတာကောင်းတယ်ဆိုပြီးမသိကျိုးကျွန်သာ ပြုနေခဲ့ပါတော့တယ်.. ဂျန်းနီမှာလဲ ဂါထရုက ချောက်ထားသဖြင့် မည်သူ့ကိုမျှ မပြောရဲပဲ ကျိတ်ငိုနေခဲ့ပါတော့တယ်… ဆလ်ဗီယာ ကို ချုပ်ထားသည့် ရက်များအတွင် ဂါထရု ၏ အငယ်ဆုံးသား ဂျွန်နီ မှာကျောင်းက ကလေးတစ်ချို့ကို ခေါ်လာပြီး မြေအောက်ခန်းတွင်း ဆလ်ဗီယာ အားခြေထောက်ဖြင့် ကန်ချင်း လက်သီးဖြင့် ထိုးချင်း ရေဖြင့် ပတ်ချင်း ဖြင့် လူပေါင်းစုံဖြင့်မျိုးစုံ နှိပ်စက်လျက် ရှိပါတော့တယ်.. ဆလ်ဗီယာ မှာ တောင်းပန်ပါတယ် ဆိုတဲ့ စကားသာ အသံတိုးတိုးလေးပြောနိုင်ပြီးမျက်ရည်များသာ စီးကျပြီး ဒုက္ခက လွတ်မြောက်ဖို့ ဘုရားမှာသာ ဆုတောင်းနေမိပါတော့တယ်.. File Size : 3 GB, 1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 38min Format : Mp4 Genre : Crime, Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by : Little Neo Encode by : Thit San Khant

7.2 2007
An American Crime
Dear Santa
5.5

ဒီဇာတ်ကားလေးကတော့ ဟာသမင်းသားကြီး Jack Black ပါဝင် သရုပ်ဆောင်ထားတဲ့ ကြည်နူးချမ်းမြေ့ရယ်ရွှင်ဖွယ် ခရစ်စမတ် ဟာသကားလေးပဲဖြစ်ပါတယ်… Liam Turner ဆိုတဲ့ ကလေးလေးတစ်ယောက် အကြီးမားဆုံး ဆန္ဒတစ်ခု ပြည့်ဝစေဖိုအတွက် ခရစ်စမတ်ဘိုးဘိုးကြီး ဆန်တာကလော့ဆီ ဆုတောင်းစာရေးပိုရာမှ အလွဲအချော် တစ်ခုကြောင့် မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေကို ဒီကားလေးမှာ ပြုံးရွှင်ဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်… အဆိုတော် Post Malone ကိုလည်း ဒီကားမှာ Cameo အနေနဲ့ တွေ့မြင်ရမှာဖြစ်လို Postmates ‌တွေလည်း သဘောကျမိမယ်လို မျှော်လင့်ပါတယ်… မိတ်ဆွေက ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာဟာသကားလေးကို သဘောကျသူဆိုရင်တော့ ဒီကားလေးဟာ အချိန်ပေးကြည့်ဖို ထိုက်တန်တဲ့ ကားလေးတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်… File size… (1.84GB) / (954MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 47m Genre ….. Comedy , Fantasy , Holiday , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

5.5 2024 108 mins
Dear Santa
Freelance
5

အလွတ်တန်းဗီဒီယိုတည်းဖြတ်သူ ကိတ်တီကအရမ်းကို ငွေလိုအပ်တဲ့အချိန်မှာ ထူးဆန်းပြီး ပိုက်ဆံကောင်းကောင်း ပေးးတဲ့အလုပ်တစ်ခုရခဲ့ပါတယ်။ အဲဒါကတော့ ကြောက်စရာဗီဒီယိုတွေကို တည်းဖြတ် ပေးဖို့ပါပဲ။ ဒီအလုပ်ကို မလွှဲရှောင်သာ လုပ်ကိုင်နေရင်း “ကိုယ်တိုင်ရိုက်ကူး” ရမယ်ဆိုတဲ့အချိန်မှာတော့ လုံးဝ နောက်ပြန်ဆုတ်လို့မရတော့ဘဲ တစ်ခုပြီးတစ်ခု ခြောက်ခြားဖွယ်ကိစ္စတွေကြုံတွေ့ရပါတော့တယ်။ ဇာတ်ကောင်တွေကြားက လျှို့ဝှက်ချက်တွေကို ဖြည်းဖြည်းချင်းမြင်တွေ့ရပြီး အပြည့်အဝ အာရုံကို ဖမ်းစားနိုင်မဲ့ horror flim ကောင်းလေးမလို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။ File size… (1.32 GB) / (734 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Alice

5 2024 110 mins
Freelance
Bangkok Haunted
5.5

Bangkok Haunted (2001) *********************** ဟာသမနှောတဲ့ Thai horror စစ်စစ်ကိုမှ ခံစားလိုသူတွေအတွက် ၂၀၀၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ old but gold ထိုင်းသရဲကားလေးတစ်ကားကို CMမှ ပြန်လည်တင်ဆက်ပေးလိုက်ပါပြီ… ဒီကားလေးကတော့ anthology horror movies အမျိုးအစားဖြစ်ပြီးတော့ မတူညီတဲ့သရဲဇာတ်လမ်း ၃ ခု၊ မတူညီတဲ့ရသ ၃ ခုကို ခံစားရမှာဖြစ်ပါတယ်ဗျ… ဇာတ်လမ်းလေးကိုတော့ သူငယ်ချင်း ၃ ယောက် ကော်ဖီဆိုင်ထိုင်ရင်း ဆက်မိစပ်ရာနဲ့ သရဲအကြောင်းပြောရာကနေ အစပျိုးထားပါတယ်…ဒီမှာတော့ ရှေးဟောင်းဗုံ၊ ပီယဆေးနဲ့ ကြိုးတန်းလန်းနဲ့အလောင်းဆိုပြီး ဇာတ်လမ်း ၃ ခု ကို တင်ဆက်ပေးထားပါတယ်… ဇာတ်လမ်းအကျဉ်း ————- ပထမတစ်ခုမှာတော့ ဘယ်သူပို့မှန်းမသိဘဲ ဆိုက်ဆိုက်မြိုက်မြိုက် အိမ်ကိုရောက်လာတဲ့ ရှေးဟောင်းဗုံတစ်လုံး၊ ဒီဗုံကရှေးဟောင်းပစ္စည်းဆိုတော့ စိတ်ဝင်စားစရာပေမဲ့ ဗုံရဲ့နောက်ကွယ်မှာ သမိုင်းကြောင်းတွေရှိနေပါသတဲ့… ဘယ်လိုသမိုင်းကြောင်းတွေဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ခံစားကြည့်လိုက်ပါဦးဗျာ… ဒုတိယဇာတ်လမ်းမှာတော့ ရည်းစားနဲ့ပြတ်ခါစ ဂျီယက်တစ်ယောက် အိမ်နီးချင်းအစ်မကြီးဆီကနေ ပီယဆေးလက်ဆောင်ရလိုက်ပြီး ဒီပီယဆေးအစွမ်းနဲ့ပဲ အချစ်ကနေ သေမင်းခံတွင်းဝ ရောက်သွားဖို့ ဖြစ်သွားတဲ့အခါ… ဂျီယက်တစ်ယောက် အသက်ရှင်နိုင်ပါ့မလားဆိုတာ ရင်တဖိုဖိုနဲ့ ကြည့်ရှုလိုက်ပါဦးနော်… တတိယဇာတ်လမ်းကတော့ ကြိုးတစ်ချောင်းနဲ့အလောင်းတစ်လောင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုလို့လူတိုင်းက ယူဆကြပေမဲ့ ဒါကိုမယုံနိုင်တဲ့ ရဲအုပ်’နော့’တစ်ယောက် အမှုကိုစုံစမ်းရာကနေ သူသိလာရတဲ့အမှန်တရားက ဘာတွေဖြစ်မလဲ… Jumpscare တွေလည်းပါတယ်ဆိုပေမဲ့ creepy sense ကို အပြည့်အဝရစေမဲ့ ဇာတ်လမ်းလေးတွေဆိုတော့ ညဘက်တစ်ယောက်တည်းဖြစ်နေသူတွေ တစ်ယောက်ယောက်ရှိနေတဲ့ခံစားချက်လေး လိုချင်ရင်တော့ ညဘက်မှာ နားကြပ်လေးနဲ့ ကြည့်ရှုခံစားဖို့ recommend ပေးလိုက်ပါတယ်… ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Mary ဖြစ်ပါတယ်… File Size : 1.48GB / 747MB Quality : WEB-DL 1080p / 720p Duration : 02:10:00 Genres : Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Mary Encoded by Heather Oo

Thriller
5.5 2001 130 mins
Bangkok Haunted
Captain America: The First Avenger
6.9

Marvel Cinematic Universe: Phase One ဆိုတာ MCU ရဲ့အစဖြစ်ပြီး စူပါဟီးရိုးရုပ်ရှင်သမိုင်းမှာ ကြီးမားကျယ်ပြန့်တဲ့ Universe ကို အောင်မြင်စွာမိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒီ Phase 1 ထဲမှာတော့ MCU ဇာတ်ကောင်တွေကို Solo တွေအနေနဲ့ ပရိတ်သတ်တွေ စတင်ထိတွေ့ခွင့်ရခဲ့ပြီး ဇာတ်ကောင်တိုင်း ပရိတ်သတ်ရင်ထဲ ကိုယ်စီရောက်ရှိခဲ့ကြပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 1 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။ Iron Man (2008) The Incredible Hulk (2008) Iron Man 2 (2010) Thor (2011) Captain America: The First Avenger (2011) The Avengers (2012) Marvel Cinematic Universe ဇာတ်ကားအားလုံးကို CM App>>>https://www.cmapp.tv/?share=15957066C1681DF နဲ့ https://www.channelmyanmar.to/category/special-package/mcu/ ဒီလင့်တွေမှာ ကြည့်လို့ရပါတယ်။ ++++++++++++++ Captain America: The First Avenger (2011) IMDb Rating (6.9) / Rotten Tomatoes (80 %) MCU ရဲ့ ပဉ္စမမြောက်ရုပ်ရှင်ကားဖြစ်ပြီး မင်းသား Chris Evans ရဲ့ Captain America ဇာတ်ကောင်ကို မိတ်ဆက်ခဲ့ပါတယ်။ Captain America ဇာတ်ကောင်ဟာ MCU ရဲ့ အသည်းကျော်ဇာတ်ရုပ်ဖြစ်ပြီး ဒီကားထဲမှာ သာမန်လူသားလေးတယောက်ကနေ စူပါဟီးရိုးဘယ်လိုဖြစ်လာတယ်ဆိုတာ မြင်တွေ့ကြရမှာပါ။ Budget $140–216.7 million ကုန်ကျခဲ့ပြီး Box office ဝင်ငွေ $370.6 million ထိပြန်လည်ရရှိခဲ့ပါတယ်။

Romance
6.9 2011 124 mins
Captain America: The First Avenger
Enthiran Robot
7.2

Enthiran (2010) Robot IMDB Rating (7.2) / Rotten Tomatoes (72%) ဒီကားကတော့ အိန္ဒိယသမိုင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ထိ အောင်မြင်ခဲ့တဲ့ စိတ်ကူးယဉ်သိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားပါ ရုံတင်ငွေလည်း ကုဋေ ၂၉၀လောက်အထိ ပြန်ရခဲ့ပြီး အဲ့ဒီခေတ်ကာလအနေအထားအရ ခေတ်ရှေ့ပြေးတဲ့ ဇာတ်ညွှန်းနဲ့တင်ဆက်မှုမျိုးပါပဲ။ ဒီလိုဆိုလို့ ဘောလိဝုဒ်ဇာတ်ကားလို့ထင်စရာရှိပေမယ့် တကယ်တော့ တောင်ပိုင်းက Tamil ဇာတ်ကားဖြစ်ပြီး မယ်ကမ္ဘာဆုရှင် Aishwarya Rai နဲ့ တမီးလ်မင်းသားကြီး Rajinikanth တို့အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့… ဆယ်စုနှစ်တစ်ခုကြာ သုတေသနပြုပြီးတော့ ပါရမီရှင်သိပ္ပံပညာရှင် ဒေါက်တာဗာစီက လူသားနဲ့ ခပ်ဆင်ဆင်တူတဲ့ အဆင့်မြင့် humanoid စက်ရုပ်တစ်ရုပ်ကို ဖန်တီးနိုင်ခဲ့ပါတယ် သူ့ရဲ့နာမည်ကိုတော့ ချစ်တီးလို့ပေးလိုက်ပါတယ် ချစ်တီးကို လူသားတွေကိုကူညီဖို့ ရည်ရွယ်ပြီး ဖန်တီးခဲ့တာပါ အစပိုင်းမှာတော့ ချစ်တီးက အမိန့်တွေကို တိတိကျကျ လိုက်နာပြီး လူသားတွေအတွက် အလွန်အသုံးဝင်တဲ့ စက်ရုပ်တစ်ရုပ်ဖြစ်ခဲ့ပေမဲ့ ဒေါက်တာဗာစီက ချစ်တီးရဲ့ ဆော့ဖ်ဝဲလ်ကို အဆင့်မြှင့်တင်ပြီး လူသားဆန်တဲ့ စိတ်ခံစားမှုတွေကို ထည့်သွင်းလိုက်တဲ့အခါ ဇာတ်လမ်းက စတင်ရှုပ်ထွေးလာပါတော့တယ် ချစ်တီးတစ်ယောက် ဒေါက်တာဗာစီရဲ့ ချစ်သူဖြစ်သူဆာနာကို ချစ်မိသွားတဲ့အခါ ပြဿနာတွေ စတင်ပေါ်ပေါက်လာပါတော့တယ် ချစ်ခြင်းမေတ္တာရဲ့ ခံစားချက်တွေကို နားလည်လာတဲ့ ချစ်တီးက ဆာနာ့ကို ရယူလိုစိတ် ပြင်းပြလာပြီး ဒေါက်တာဗာစီနဲ့ပါ ထိပ်တိုက်ရင်ဆိုင်လာပါတော့တယ် ချစ်တီးက စွမ်းအားကြီးမားတဲ့ လူသားတွေကိုပါ ခြိမ်းခြောက်နိုင်တဲ့ စက်ရုပ်အဖြစ် ပြောင်းလဲလာတဲ့အခါမှာတော့ ဒေါက်တာက သူဖန်တီးခဲ့တဲ့စက်ရုပ်ကို ပြန်လည်ထိန်းချုပ်ဖို့နဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် အပြင်းအထန် တိုက်ပွဲဝင်ရပါတော့တယ် ဒီကားက စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းအိမ်နဲ့အထူးပြုလုပ်ချက်တွေ ရင်ခုန်စရာကောင်းတဲ့ အက်ရှင်ခန်းတွေနဲ့ အချစ်ဇာတ်လမ်းကို ပေါင်းစပ်ထားတာကြောင့် အိန္ဒိယရုပ်ရှင်လောကမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ ဇာတ်ကားပါ ရာဂျီနီကန့် ရဲ့ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ချက်တွေကလည်း ဇာတ်ကားရဲ့အသက်လို့ ပြောလို့ရလောက်ပါတယ် ဇာတ်ကားကောင်းတစ်ကားမို့ လက်မနှေးဘဲ အပြေးကြည့်ကြဖို့တိုက်တွန်းရင်း။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) ဒီကားရဲ့အဆက်အနေနဲ့ 2.0 (2018) ဇာတ်ကားထပ်မံထွက်ရှိခဲ့ပြီး CM မှာတော့ တင်ပြီးသားပါ။

Thriller • TV Movie
7.2 2010 176 mins
Enthiran Robot