YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Upload.S02E05 Mind Frisk 1080p(CM).-.mp4

557.7 MB 1080p video/mp4 654 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] Bitter Moon
7.1

Bitter Moon (1992) ~ IMDb - 7.2/10, Rotten Tomatoes - 63% ~ ခေတ်လိုအပ်ချက်အရရော လူ့လိုအပ်ချက်အရရော Erotic ကားတွေကို ရိုက်ခဲ့ကြတဲ့ အထဲမှာ ထိတ်ထိတ်ကြဲဒါရိုက်တာတွေလည်း မကင်းခဲ့ပါဘူး။ မင်းသားမင်းသမီးတွေကတော့ ပိုမကင်းပေါ့။ အရှေ့တိုင်း အနောက်တိုင်းအပါအဝင် နာမည်ကြီးစီနီမာတော်တော်များများက ဒါရိုက်တာတွေထဲ ဒီလိုကားတွေရိုက်ခဲ့တဲ့သူတွေ မနည်းပါဘူး။ ဒီတစ်ခါကားကို ရိုက်တဲ့သူက ရိုမန်ပိုလန်စကီးပါ။ ရိုမန်ပိုလန်စကီးနာမည်ကို ဂိတော်တော်များများလည်း ရင်းနှီးပြီးသားပါပဲ။ သူ့မရင်းနှီးတောင် သူရိုက်ခဲ့တဲ့ကားတွေကိုတော့ ရင်းနှီးကြမှာပါပဲ။ The Pianist, Rosemary's Baby, Chinatown စသဖြင့် မာစတာ့ မာစတာပိစ်တွေကားတွေကို ရိုက်ခဲ့တဲ့ ဆရာကြီးပါပဲ။ ဒီဘဲက အော်စကာ၊ ဗြိတိန်အကယ်ဒမီ၊ ဆီဇာ၊ ရွှေကမ္ဘာလုံး၊ ရွှေဝက်ဝံ၊ Palme d'Or စသဖြင့် ထိပ်တန်းတကာထိပ်တန်းဆုကြီးတွေနဲ့ အမြဲ မျက်မှန်းတန်းမိနေတဲ့ လူဆိုလည်းမမှားဘူး။ ဒီတော့ သူ့စကေးကိုတော့ သွားရှုပ်လို့မရဘူးပေါ့။ ဒီဘိုးအေကြီးက ဟိုးဟောလိဝုဒ်ရွှေခေတ်ကတည်းကရှိခဲ့တဲ့သူဖြစ်သလို ဒီနှစ် ၂၀၂၃မှာလည်း ကားအသစ်ထွက်ဖို့ရှိသေးပြန်တာပါပဲ။ ဒီကားကလည်း သူကိုယ်တိုင်ရိုက်ထားတဲ့ Erotic ဆန်ဆန်ကားဆိုတော့ ဇာတ်ကတော့ ကြမ်းပါတယ်။ ဒါပေမဲ့လည်း သူ့ကားကိုမျှော်မှန်းထားမယ့်လူတွေအတွက် စံတင်လောက်စရာမဖြစ်ခဲ့လို့လားမသိ ရိတ်တင်ကတော့ မကောင်းသွားရှာပါဘူး။ အဲဒီလိုဆိုရင်တောင် Erotic ဆန်ဆန်ကားကိုမှ ဇာတ်အိမ်အလန်းစားကြီးနဲ့ ကြည့်ချင်ကြတဲ့လူတွေအတွက် ကြည့်ကို ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဆိုမမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 940MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 2H 19Min Genre - Drama, Romance, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama • Thriller
7.1 1992 139 mins
[18+] Bitter Moon
Blast
6.9

ရုပ်ရှင်နဲ့ပတ်သက်ရင် သမိုင်းကြီးတဲ့ ပြင်သစ်ကထုတ်တဲ့၊ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုရထားတဲ့ Thriller ကားကောင်းလေးတစ်ကားပါ။ ဗုံးရှင်းလင်းရေးသမားကို အဓိကဇာတ်ဆောင်လုပ်ထားတဲ့ကားဆိုတော့ ဗုံးထောင်တာတွေ အကြမ်းဖက်တာတွေကို ရင်ဖိုစရာရောကောင်းအောင် ပြထားတဲ့ ရုပ်ရှင်ကောင်းပါပဲ။ ဆိုနီယာက ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူ၊ အလုပ်ကလွဲ ဘာမှမမြင်တာမို့ တော်လည်းတော်သလို နာမည်လည်းကြီးတယ်။ ဆိုနီယာနဲ့ ဖရက်တို့က ဒီမင်တာအမည်ရ ပြင်သစ်အခြေစိုက် မိုင်းရှင်းလင်းရေးလုပ်ငန်းမှာ အတူအလုပ်လုပ်ရင်း မေတ္တာမျှခဲ့ကြသူတွေ။ မိုင်းရှင်းလင်းရေးကျွမ်းကျင်သူဖြစ်တဲ့ ဆိုနီယာက အလုပ်ကို ဦးစားပေးလွန်းပေမဲ့ ဖရက်နဲ့ သူ့ရဲ့ဆက်ဆံရေးက အပေးအယူမျှတာမို့ အရင်လက်တွဲမှုကနေ ကိုယ်စီရထားကြတဲ့ သားသမီးတွေနဲ့အတူ တရားဝင်မိသားစုလေးတစ်ခုလို ဖြစ်နေကြပြီဖြစ်တဲ့ သူတို့ဘဝကို ကံဆိုးမိုးမှောင်ကျစေမယ့်အဖြစ်က တစ်နေ့မှာ ရောက်ရှိလာခဲ့တယ်။ အဲဒါကတော့ ဒီမင်တာကုမ္ပဏီအပေါ် ရန်ကြွေးရှိသူတစ်ယောက်က လက်စားချေမှုအဖြစ်နဲ့ ဆိုနီယာရဲ့ကားမှာ ဗုံးထောင်ထားခဲ့ပြီး ဆိုနီယာနဲ့ သူတို့ရဲ့ကလေးနှစ်ယောက် ကားထဲကထွက်မရတော့ဘဲ ပိတ်မိသွားကြတာပဲ။ ကားဗုံးကိုဖြုတ်ဖို့အတွက် ဆိုနီယာတို့အဖွဲ့သားတွေ အပူတပြင်းကြိုးစားချိန်မှာ ဒီဗုံးရဲ့နောက်ကွယ်က လက်သည်ဟာ ယူကရိန်းမှာ သွားလုပ်ဆောင်ခဲ့တဲ့ ဒီမင်တာကုမ္ပဏီရဲ့ မစ်ရှင်ဟောင်းတစ်ခုနဲ့ ပတ်သက်နေနိုင်တယ်ဆိုတာကို ဆိုနီယာလို့ သိလာကြရတယ်။ အဲဒီကနေ တစ်စထက်တစ ကုမ္ပဏီတွင်းက ခြစားမှုတွေပါ မီးခိုးကြွက်လျှောက် ပေါ်လာပြီးတော့ သူတို့အဖွဲ့သားချင်းကြားမှာ အကြိတ်အခဲတွေ ဖြစ်လာတာနဲ့အတူ၊ ချိန်ကိုက်ဗုံးကလည်း တားထားလို့မရတော့တဲ့အနေအထားကို ရောက်လာတာကြောင့် သူတို့ဘဝတွေအပေါ် တစ်သက်စာရိုက်ခတ်မယ့် ဆုံးဖြတ်ချက်တွေကိုချရဖို့ ဖြစ်လာတော့တယ်။ ဘတ်ဂျက်အကြီးစားကားကြီးမဟုတ်တာကြောင့် Cringy အခန်းလေး နည်းနည်းပါပေမဲ့ အများအားဖြင့်ကတော့ လက်တွေ့ကျကျပြထားတဲ့ အခန်းတွေချည်းပါပဲ။ သူ့အတိုင်းလေးပဲ စီးမျောကြည့်လိုက်ရင်းကို ခင်ဗျားအတွက် အသည်းထိတ်ရမယ့်အခန်းတွေက ရောက်လာပါလိမ့်မယ်။ ဒီလောက်ဆို Thriller ကားတစ်ကားက ကြည့်ရတန်နေပြီမလား... (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 855MB Quality - 1080p, 720p IMDb Rating - 5.2/10 Format - mp4 Duration - 1H 30Min Genre - Drama, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Comedy • Drama
6.9 2022 90 mins
Blast
Koati
7.1

အသစ်ထွက်ရှိလာတဲ့ Animation ကာတွန်းကားလေး တင်ဆက်လိုက်ပါတယ်... ဇာတ်လမ်းကတော့.... Balam ဆိုတဲ့ဂျာဂွားအုပ်ချုပ်နေတဲ့ မိုးသစ်တောလေးထဲမှာ Nachi လေးက တစ်ကောင်တည်းသော coati ကောင်လေးပေါ့။ သူတို့နေတဲ့မိုးသစ်တောလေးမှာမထင်မှတ်ထားတဲ့ဘေးအန္တရာယ်ကျရောက်ခဲ့ပြီးတော့ Balmလည်းအသက်ဆုံးရှုံးခဲ့ရသလို အကုန်လုံးကလည်း ဒီတောထဲကနေရွှေ့ပြောင်းမလား တောထဲကဘေးကင်းတဲ့နေရာမှာပဲနေမလားဆိုတဲ့အခြေအနေမျိုးနဲ့ကြုံလာရပါတယ်။ နောက်ဆုံးမှာ Zaina ဆိုတဲ့မြွေမကြောင့် သူ့စကားတွေအောက်မှာကြွေကျပြီး အကုန်လုံးကပြောင်းရွှေ့ဖို့လုပ်ခဲ့ကြပေမယ့် Nachi ကတော့တောထဲမှာပဲနေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူဒီလိုဆုံးဖြတ်ခဲ့တာကလည်း နောက်ကွယ်မှာအကြောင်းအရင်းတစ်ခုရှိနေလို့ဖြစ်ပြီးတော့ အဲ့ဒီအကြောင်းအရင်းကိုအဖြေရှာဖို့အတွက်လည်း Nachi တစ်ကောင် Pako ဆိုတဲ့ခရားရေလွှတ်စကားပြောတတ်တဲ့ဖားလေးရယ် အကြောက်အလန့်မရှိတဲ့ Xochi ဆိုတဲ့လိပ်ပြာမလေးရယ်နဲ့ သုံးကောင်သားစွန့်စားခန်းရှာပုံတော်ဖွင့်ခဲ့ပါတယ်။ သူတို့တွေရဲ့စွန့်စားခရီးလေးမှာ ဘယ်လိုအန္တရယ်တွေကစောင့်ကြိုနေပြီး ဘယ်လိုတွေဖြတ်ကျော်ကြမှာလဲ။ Nachi တစ်ကောင် တောထဲမှာကျန်နေခဲ့ဖို့ဆုံးဖြတ်ခဲ့ရတဲ့နောက်ကွယ်ကအကြောင်းအရင်းကဘာလဲ... စတာတွေကိုတော့ ကြည့်ရှုခံစားရမှာပါ။ File size…(1 GB)/(640 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:31:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Chit Tee , Htet Kyaw Myo

Fantasy
7.1 2021 92 mins
Koati
Gold
6.2

ဇက် အက်ဖရွန်ရဲ့ ရုပ်ရှင်အသစ်ထွက်ပါပြီ။ ရင်တထိတ်ထိတ်ကြည့်ရမယ် Thriller မျိုးပါပဲ။ ဒီဇာတ်ကားထဲမှာတော့ သူက စုတ်ပြတ်နေတဲ့ သေမထူးနေမထူး ဇာတ်ကောင်ပါပဲ။ အရမ်းဆိုးရွားတဲ့နေရာတစ်ခုကနေ ထွက်လာပြီး လူသူမနီးတဲ့မှော်ထဲမှာ အလုပ်လုပ်ဖို့ လာခဲ့တယ်။ ကန္တာရကြီးထဲကို ဖြတ်ပြီး ကားမောင်းပို့ပေးတဲ့ တက္ကစီသမားလို လူနဲ့ပေါ့။ ဒါပေမဲ့ သူအလုပ်လုပ်မယ် မှော်ထဲကိုမရောက်ခင်မှာပဲ လမ်းမှာ ရွှေကြောကြီးနဲ့ ရွှေတုံးတွေကို တွေ့လိုက်ရတော့တာပဲ။ လူနှစ်ယောက်အင်အားနဲ့မသယ်နိုင်လောက်အောင် ကြီးနေတာမို့ ကားသမားက ကရိန်းသွားငှားဖို့ ထွက်သွားရတယ်။ သူက ကန္တာရထဲမှာ တစ်ယောက်ထဲ ရွှေတုံးကြီးတွေကို ထိုင်စောင့်နေရပြီး လူတွေ ခွေးတွေ မြွေတွေနဲ့ ဒုက္ခမျိုးစုံကို ရင်ဆိုင်ရတော့တာပေါ့။ အဆုံးသတ်က ထင်ထားသလိုလည်းဟုတ်တယ်ပြောလို့ရသလို မဟုတ်ဘူးလို့လည်း ပြောလို့ရတယ်။ စိတ်ဝင်စားစရာ ဇာတ်ကားပါပဲ ကြည့်လိုက်ပါဦး။ File size…(1 GB)/(500 Mb)/(250 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr.Anderson

Drama • Mystery • Thriller
6.2 2022 97 mins
Gold
On the Count of Three
6.5

Val နဲ့ Kevin တို့ဟာငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းတွေပါ။Kevin ဟာကလေးဘ၀တည်းကစိတ်ကျန်းမာရေးပြဿနာတွေရှိခဲ့သူပါ။ တစ်ခါကဆေးသောက်ပြီးကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကြိုးစားတဲ့အတွက်စိတ်ကျန်းမာရေးဆေးရုံကိုပို့ခံထားရပါတယ်။Val ဟာလည်းငယ်စဉ်ကဖခင်ဖြစ်သူရဲ့ရိုက်နှက်တာခံရလို့နာကျည်းနေသူပါ။ သူမုန်းတီးတဲ့အလုပ်ကြောင့်လည်း စိတ်ဆင်းရဲနေပါတယ်။တစ်နေ့မှာတော့ Val ဟာ Kevin ကိုစိတ်ကျန်းမာရေးဆေးရုံကနေခေါ်ထုတ်ပြီး နှစ်ယောက်တူတူအဆုံးစီရင်ဖို့ သဘောတူလိုက်ကြပါတယ်။ ဒါပေမယ့် မသတ်သေခင်နောက်ဆုံးတစ်ရက်မှာ သူတို့ရဲ့မပြီးပြတ်တဲ့ကိစ္စတွေကို လုပ်ဖို့ကြိုးစားရာကနေ တလွဲတွေဖြစ်လာပြီး ဘ၀အပေါ်အမြင်ပြောင်းလဲလာပုံကိုတင်ဆက်ထားပါတယ်။ Jerrod Carmichael ကဒါရိုက်တာ‌အနေနဲ့ရော သရုပ်ဆောင်အနေနဲ့ပါ ပါ၀င်ထားပါတယ်။ဘ၀ရဲ့တန်ဖိုးကိုဆန်းစစ်ပြပြီး သူငယ်ချင်းနှစ်ယောက်ကြား သံယောဇဉ်ကိုပါကြည့်ရမှာပါ။ Rotten tomatoes -85% Metacritic -74% File size…(1.6gb)/(746MB)/(349MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:26:00 Genre...Comedy /Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP

Horror
6.5 2022 86 mins
On the Count of Three
Gifted
8

ဒီကားလေးကို ရုပ်ရှင်ရုံထဲမှာ ထရေလာ မြင်မိကတည်းက စိတ်ဝင်စားနေတာပါ။ မင်းသားက ခရစ်စ် အီဗန်။ ဒါရိုက်တာကလည်း 500 days of summer ထဲက မာ့ခ် ဝဘ် ဆိုတော့ အတော်တော့ကောင်းလိမ့်မယ် တွက်ထားပါတယ်။ အခုထွက်လာတော့ ကြည့်လိုက်တော့လည်း ကျေနပ်စရာပါပဲ။ ကျွန်တော်အရမ်းကြိုက်လို့ ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ rating ကတော့ IMDb မှာ 7.6 ပါ။ ဇာတ်လမ်းအကျဉ်းလေး နည်းနည်းပြောပြပါမယ်။ မထင်ထားတာလေးတွေ ပါလို့ spoiler မဖြစ်အောင် လျှော့ပြောပါရစေ။ နယ်မြို့လေးတစ်ခုမှ ဖရန့် နဲ့ မေရီဆိုတဲ့ သားအဖ ၂ ယောက်တည်း အတူနေကြတယ်ဗျာ။ သမီးလေး ၇ နှစ်ပြည့်ချိန်မှာ ကျောင်းကိုလွှတ်တာကနေ စပါတယ်။ သူတို့ ၂ ယောက်ကို သံယောဇဉ်ဖြစ်နေတဲ့ အိမ်နီးချင်းမိန်းမကြီးကတော့ တားပါတယ် ကလေးကို ကျောင်းကိုမလွှတ်ပါနဲ့ပေါ့။ ဘာလို့ပါလိမ့်။ ကျောင်းမှာအဖြေပေါ်လာတာပါပဲ ကလေးက ပါရမီရှင် master brain ဖြစ်နေလို့ပါ။ ကလေးအကြောင်းသိသွားရင် သူတို့ ၂ ယောက်ကို ခွဲမယ့်သူတွေ ပေါ်လာမှာ စိုးရိမ်လို့ တားမိတာပါပဲ။ တကယ်လည်း ကလေးကို ခွဲမယ့်သူ ပေါ်လာပါတယ်၊ အဲဒါကတော့ သူတို့ကို ၇နှစ်လုံး ပစ်ထားခဲ့တဲ့ မေရီရဲ့အဘွားပါပဲ။ တကယ်တော့ မေရီလေးရဲ့ အမေဟာ သချာင်္ဉာဏ်ကြီးရှင်ပါပဲ။ မပြီးဆုံးသေးတဲ့ အလုပ်တစ်ခုကို ထားခဲ့ပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တာပါ။ မေရီအမေ ထားခဲ့တဲ့ ပုစ္ဆာဟာ millennium problems တွေထဲက တစ်ခုပါ။ Millennium problems တွေဆိုတာ ၂၀၀၀ ခုနှစ်တုန်းက Clay သချာင်္တက္ကသိုလ်ကြီးကနေ သက်သေပြပေးဖို့ ထုတ်ခဲ့တဲ့ ပုစ္ဆာ ၇ ပုဒ်ပါ။ အဖြေရှာနိုင်သူဟာ ဒေါ်လာသန်းချီပြီး ဆုရရှိမယ့်အပြင် ဆုတံဆိပ်တွေနဲ့ နိုဘယ်ဆုအထိကို မှန်းနိုင်ပါလိမ့်မယ်။ လက်ရှိ ၂၀၁၇ အထိကို တစ်ပုဒ်ပဲ အဖြေရှာနိုင်သူရှိပါသေးတယ်။ ဒီဇာတ်လမ်းမှာတော့ မေရီလေးကို သူ့အဘွားက ဒီပုစ္ဆာတွေရှင်းနိင်ဖို့နဲ့ သူ့လက်အောက်မှာ ပျိုးထောင်ဖို့ ဖရန့်ဆီကနေ လာခေါ်ပါတယ်။ ဖရန့်ကတော့ သူ့အမေရဲ့ ဖြစ်ခဲ့သလို မေရီ့ကို မဖြစ်စေချင်ဘဲ သာမာန်ကလေးဘဝနဲ့ ကြီးပြင်းစေချင်တာမို့ လုံးဝငြင်းဆန်လိုက်တဲ့အခါ သားအမိနှစ်ယောက် ကလေးလုဖို့အတွက် ရှေ့နေကိုယ်စီနဲ့ တရားရုံးမှာ ရင်ဆိုင်တွေ့ရပါတော့တယ်။ ဖရန့်က ကလေးတက်လမ်းအတွက် မေရီ့ကို လက်လွှတ်နိုင်မလား၊ ဆက်ခေါ်ထားဖို့ ဆုံးဖြတ်မလား။ မေရီကို ပိုင်ဆိုင်တဲ့သူက အနိုင်လား အရှုံးလား၊ လက်လွှတ်ရတဲ့သူက အနိင်လား အရှုံးလား။ မေရီအတွက်ကရော ဘယ်လမ်းက အမှန်လည်း ဘယ်လမ်းကအမှားလည်း။ ပြိုင်ပွဲတစ်ခုဆိုတာ အနိုင်အရှုံး ရိုးရှင်းပေမယ့် မေတ္တာတရားနဲ့ ရောယှက်လာရင်တော့ ဒီမေးခွန်းတွေဟာ အင်မတန်ကို ဖြေရခက်ပါလိမ့်မယ်။ မထင်ထားတဲ့ဟာတွေနဲ့ လှည့်ကွက်တွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ခံစားကြည့်ပါလို့ ညွှန်းချင်ပါတယ်။ File Size     :   725 MB Duration    :   1 : 36: 54 Quality       :   Bluray rip 720p Translator  :  Littleneo Encoder      :  Littleneo

Comedy • Crime • Drama
8 2017 101 mins
Gifted
From Me to You (or) Kimi ni Todoke
6.9

From Me to You (or) Kimi ni Todoke (2010) =============================== IMDb Rating – 6.9/10 Anime fan လေးတွေအကြိုက် Kimi ni Todoke ကိုမှ ၂၀၁၀ တုန်းက ထွက်ရှိခဲ့တဲ့ Live action movie အဟောင်း လေး ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။ Sawako Kuronuma (Mikako Tabe)ဟာ ဆံပင်ရှည်ကြီးအမြဲချ ထားပြီး ရှက်ကြောက်တတ်တဲ့အပြုအမူတွေကြောင့် ၁၉ ၉၈ တုန်းကထွက်ခဲ့တဲ့ ဂျပန်သရဲကား ‘Ring’ ထဲက သရဲမ “Sadako” နဲ့ တူတာမို့ ငယ်ငယ်ကတည်းက အတန်းဖော် တွေရဲ့ အရှောင်ကြဉ်ခံခဲ့ရပါတယ်။ အထက်တန်းကျောင်းမှာလည်း လူတိုင်းရဲ့ ကြောက်ရွံ့မှုကို ခံနေရပေမဲ့ အတန်းထဲက လူချစ်လူခင်များတဲ့ နာမည်ကြီး ကောင်လေးတစ်ယောက် Shota Kazehay‌a (Haruma Miura)ကတော့ သူများတွေနဲ့မတူဘဲ Sawako ကို အမြဲ ဂရုစိုက်ကြင်နာပေးပါတယ်။ အဲလိုနဲ့ Kazehay‌a ကြောင့် Sawako မှာ သူငယ်ချင်းတွေရလာပြီး သူမ အမြဲတောင့် တခဲ့ရတဲ့ ကျောင်းသားဘဝလေးရလာတဲ့အခါ သူတို့ သူငယ် ချင်းနှစ်ယောက် တဖြည်းဖြည်းကြီးထွားလာတဲ့ ကိုယ်စီ ခံစားချက်တွေကို အချင်းချင်းသိအောင် အရောက်ပို့နိုင် ကြမလားအဆင့် တက်သွားကြမလား ဆိုတာ…ကြည့်ရှု ရမှာပါ။ လူငယ်တွေရဲ့ friendship တွေ စိတ်ခံစားချက် တွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ ဒါရိုက်တာ Naoto Kumazawa ရဲ့ masterpiece လေး… ဇာတ်အိမ်ခိုင်တဲ့ ဒီဇာတ်ကားလေးကို ကြည့်ဖို့ recommend ပေးလိုက် ပါတယ်။ ကား‌ဟောင်းလေးဆိုပေမဲ့ 2009 တုန်းကထွက်ခဲ့တဲ့ original anime အပြီး ၂၀၁၀ မှာထွက်ခဲ့တာဆိုတော့ မူမပျက် ဇာတ် လမ်းကောင်းလေးကို စီးရီးအနေနဲ့မဟုတ်ဘဲ တစ်ကားတည်း အပြီးပြန်ကြည့်ချင်သူတွေအတွက် ကွက်တိဖြစ်မှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khaing Khin ဖြစ်ပါတယ်) File Size……….(2.32 GB) / (905 MB) / (532 MB) Quality…………WEB-DL 1080p / 720p / 480p Duration………2Hr 08Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Khaing Khin Encoder……….Zin Phyo Aung

6.9 2010 128 mins
From Me to You (or) Kimi ni Todoke
A Christmas Spark
6

ဒီတစ်ခါမှာတော့ ကြည်နူးစရာကောင်းတဲ့ ခရစ္စမတ်အချစ် ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးသွားမှာပါ။ မိုလီဆိုတဲ့အမျိုးသမီးဟာ အပြောင်းအလဲကို မကြိုက်တဲ့ အမျိုးသမီးတစ်ယောက်ပါ သူရဲ့ ခင်ပွန်းဟာလည်း လွန်ခဲ့တဲ့ ၂နှစ်က ဆုံးပါးသွားတာဖြစ်ပြီး သူ့သမီးဟာလည်း တခြားမြို့မှာ သူ့မိသားစုနဲ့ အတူနေထိုင်နေတာပါ။ မိုလီတစ်ယောက် အတိတ်ကို လက်မလွှတ်နိုင်ဘဲ နေအိမ်မှာ တစ်ယောက်တည်း အထီးကျန်စွာ နေထိုင်နေရတာပေါ့။ တနှစ်မှာတော့ မိုလီရဲ့ သမီးမိသားစုဟာ သူ့အိမ်ကိုလာပြီး ခရစ္စမတ်ပွဲကို မကျင်းပနိုင်တာကြောင့် သူကိုယ်တိုင် သမီးဖြစ်သူရဲ့ နေအိမ်ကိုသွားဖို့ အကြောင်းဖန်လာပါတော့တယ်။ လေဆိပ်မှာ မိုလီနဲ့ တွေ့ခဲ့သူကတော့ ဂျာနယ်လစ်ဟောင်းတစ်ယောက်ဖြစ်ပြီး အသစ်အဆန်းတွေ အမြဲလုပ်ချင်နေတဲ့ ဟန့်ခ်ဆိုတဲ့သူပါ။ အကြောင်းအမျိုးမျိုးနဲ့ သမီးရဲ့မြို့မှာ ကျင်းပမယ့် ခရစ္စမတ်ပြဇာတ်အတွက် မိုလီဟာ ဒါရိုက်တာ တာဝန်ယူလိုက်ရပြီး သက်ကြီးပိုင်းထဲမှာ ရေပန်းစားနေတဲ့ ဟန့်ခ်နဲ့ ထပ်တွေ့ရပါတော့တယ်။ အပြောင်းအလဲမကြိုက်တဲ့ မိုလီတစ်ယောက် အသစ်အဆန်းတွေ စိတ်ဝင်စားတဲ့ ဟန့်ခ်နဲ့တွေ့ပြီး ရှောင်လွှဲလို့မရတဲ့ အပြောင်းအလဲတွေ ကြုံလာရင်း သူကိုယ်တိုင်ရော ပြောင်းလဲနိုင်ပြီး အတိတ်ကို လွှတ်ချနိုင်မလားဆို‌တာကိုတော့ စောင့်ကြည့်ပေးကြပါဦးခင်ဗျာ။ File size…(1.6 GB)/(960 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

Horror
6 2022 85 mins
A Christmas Spark
Fireflies in the Garden
6.4

ဥယျာဉ်ထဲက ပိုးစုန်းကြူးတွေ အထက်ကောင်းကင်ကိုဖြည့်ဖို့ရာ ကြယ်တွေရှိပါသတဲ့ ကမ္ဘာပေါ်မှာတော့ ပိုးကလေးတွေပေါ့ အရွယ်အစားချင်းတော့ဘယ်တူလိမ့် အနှစ်သာရအားဖြင့်လည်းသူတို့က ကြယ်တွေမဟုတ်ခဲ့ တစ်ခါတလေတော့ သူတို့မှာကြယ်လိုစတင်ခြင်းမျိုးရှိလေရဲ့ ကြယ်လိုတောက်ပမှုမျိုး ကြာကြာထိန်းမထားနိုင်တာကလွဲ…။ – ရောဘတ်ဖရော့စ် ဒီကဗျာဟာ မှောင်မိုက်တဲ့အချိန်တွေကြားက ခဏတဖြုတ်ဖြစ်လာတဲ့ အလင်းရောင်အခိုက်အတန့်လေးတွေကို ဖော်ကျူးထားတာပါပဲ။ ဘယ်အရာမှမတည်မြဲပါဘူး။ မတည်မြဲဘူးဆိုတိုင်း အခွင့်သင့်သလိုလင်းလာတတ်တဲ့ အေးချမ်းခြင်းအခိုက်အတန့်တွေကို မခံစားရတော့ဘူးလို့မှမဟုတ်ပဲလေ။ ကဗျာနဲ့ရုပ်ရှင်က ထပ်တူကျလောက်အောင်ဆွဲညှိမရပေမဲ့ ကြည့်တတ်ရင် အရိပ်အမြွက်လောက်တော့မြင်ပါလိမ့်မယ်။ Cast တွေကတော့ လက်ဖျားခါလောက်စရာပါပဲ။ William Dafoe, Ryan Reynolds, Julia Roberts, Carrie- Ann Moss တို့လို တကယ့်အကြီးကြီးတွေကိုမှရွေးသုံးထားတယ်။ ဒီရုပ်ရှင်ကတော့ ရီဗျူးတွေကောင်းလှတယ်မဟုတ်ဘူး။ ကောင်းလှတယ်မဟုတ်တဲ့အခြေအနေကိုတောင် သရုပ်ဆောင်တွေဆွဲတင်ခဲ့လို့ ရောက်တာဖြစ်လိမ့်မယ်။ တိုက်ဆိုင်မှုရှိသူတွေအတွက်တော့ ရင်ထဲရောက်မှာပေါ့။ ဒီရုပ်ရှင်က မိသားစုပြဿနာတွေအကြောင်း။ အဓိကကတော့ အဖေ နဲ့ သားကြားက ညှိမရတဲ့နာကျည်းချက်တွေပေါ့။ သိပ်ကိုဒေါသကြီးပြီး အရာအားလုံးကိုထိန်းချုပ်ချင်နေတဲ့အဖေတစ်ယောက်၊ အဖေ့ကိုသေလောက်အောင်မုန်းနေတဲ့သားတစ်ယောက်၊ သားကိုချစ်လွန်းတဲ့အပြင် အဲဒီလိုအဖေကိုလည်း သည်းခံလွန်းတဲ့အမေ။ ဒါက သိပ်မဆန်းတဲ့ မိသားစုပုံစံတစ်ခုပါပဲ။ “လှိုင်းထန်လေထဲမျောတဲ့အခါ အထီးကျန်လာတိုင်းအတွေးထဲမှာ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ဘဝဒဏ်ချက်များအိပ်မက်မှာ မျက်ရည်တွေစို့ရတဲ့အခါ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ဒုက္ခတွေထည်လဲတွေ့ခဲ့အခါ တခြားသူမရှိဘူးကျွန်တော့်အတွေးမှာ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ…” လေးဖြူရဲ့အဖေသီချင်းကို နားထောင်မိတဲ့လူတိုင်းကတော့ အဖေ့ကိုချစ်စိတ်နဲ့လွမ်းနိုင်လိမ့်မယ်မထင်ဘူး။ အဖေ့ကိုမျက်နှာချင်းတောင်မဆိုင်ချင်တဲ့လူတွေ တပုံတပင်ကြီးရှိလိမ့်မယ်။ မြင်ယောင်တမ်းတမိသမျှ အဖေ့ပုံရိပ်တွေက အမုန်းရောင်ခြယ်ထားရင် ဘယ်လိုနတ်ဆေးမျိုးက ပယ်ဖျက်နိုင်ပါ့မလဲ။ မိဘဆိုတာက ကောင်းတာပဲဖြစ်စေချင်မှာပါ။ ဒါပေမဲ့ မိဘတွေရဲ့အတ္တကြား ကလေးတွေရင်ထဲ ကျည်ဘယ်နှချက်ထိခဲ့ပြီလဲ။ ငယ်ဘဝစိတ်ဒဏ်ရာဆိုတာ ပျောက်ဖို့အခက်ဆုံး ဒဏ်ရာတွေထဲမှာပါတယ်။ အနာကျက်တယ်ဆိုတာမရှိဘူး။ အချိန်မရွေးသွေးထွက်လာနိုင်တဲ့ ဒဏ်ရာမျိုးပါပဲ။ အထူးသဖြင့် အဲဒီဒဏ်ရာက ကိုယ့်မိဘတစ်ယောက်ယောက်ဆီက ရခဲ့တာဆိုရင်ပေါ့။ ဒီရုပ်ရှင်ထဲမှာ အဖေဖြစ်တဲ့ချာလီနဲ့ သားဖြစ်တဲ့ မိုက်ကယ်တို့ကြားက ပြဿနာတွေက ဇာတ်လမ်းပဲ။ ချာလီက သိပ်စည်းကမ်းကြီးတယ်။ အတင်းအကြပ်ဆန်တယ်။ အရာရာကို ပြီးပြည့်စုံနေစေချင်တယ်။ မိုက်ကယ်ခမျာ ငယ်သေးတော့ ကလေးဆန်ဆန် အမှားတွေလုပ်မိတာပေါ့။ ဒီထဲမှာ ကလေးတွေအမှားလုပ်တဲ့အပေါ် မိဘတွေရဲ့ဖြေရှင်းပုံက သိပ်အရေးပါကြောင်းပြသွားတယ်။ ဆူလိုက် ငေါက်လိုက်လုပ်တဲ့ ချာလီကို သူ့သားမိုက်ကယ်က သေစေချင်တဲ့အထိ မုန်းတီးသွားအောင် အဲဒီစကားလုံးတွေက ဖန်တီးခဲ့တာပါပဲ။ အချိန်တွေကိုအမြန်ရစ်ပြီး လက်ရှိအချိန်မှာတော့ ချာလီက ပင်စင်စားအရွယ်၊ မိုက်ကယ်က သက်လတ်ပိုင်းအရွယ် ရောက်နေကြပြီ။ မိုက်ကယ်ရင်ထဲက ဆူးတွေတော့ ရှိနေဆဲပါပဲ။ ချာလီရဲ့စရိုက်တွေကလည်း အရင်လိုပါပဲ။ သူတို့တွေပြန်တွေ့မယ့်နေ့မှာ ယာဉ်မတော်တဆမှုနဲ့ မိုက်ကယ်ရဲ့အမေ လီဆာ ဆုံးပါးသွားခဲ့တယ်။ ဇာတ်လမ်းဟာ ဒီအချိန်မှအသက်ဝင်လာတယ်။ အတိတ်နဲ့ ပစ္စုပ္ပန်ကို တလှည့်စီပြရင်း ချာလီစိုက်ခဲ့တဲ့ မိုက်ကယ်ရင်ထဲက ဆူးတွေကို တချောင်းချင်း အသက်ပြန်သွင်းတယ်။ ချာလီဟာတော်တော်ဆိုးတာပဲလို့ ကျွန်တော်တို့ လိုက်မုန်းမိလိမ့်မယ်။ မိုက်ကယ်နေရာမှာ ကိုယ်ရောက်နေသလို ချာလီ့အပေါ်ရွံမုန်းစိတ်တွေမွေးမိလိမ့်မယ်။ ဒါပေမဲ့ တနေ့ထက်တနေ့ မျက်ဝန်းမှာနောင်တရိပ်တွေပြည့်လာတဲ့ ချာလီကိုမြင်လာရတော့ ကျနော်တို့သနားမိလိမ့်မယ်။ “ကျွန်တော်တို့ကြားထဲ ဘာတွေဖြစ်သွားတာလဲ” ဆိုတာ မိုက်ကယ်က သူ့အဖေ ချာလီကိုမေးခဲ့တဲ့စကားပေါ့။ မိသားစုနဲ့မတူလောက်တဲ့အထိ ထူးဆန်းနေလွန်းတဲ့သူတို့ရဲ့ဆက်ဆံရေးမှာ စကား ၁၀ ခွန်းလောက်တောင် ဖြောင့်အောင်မပြောနိုင်တဲ့အထိဖြစ်သွားတယ်။ ဒီနေရာမှာ ကျနော်တို့သူတို့ ၂ ယောက်လုံးဘက်က ခံစားကြည့်လို့ရတယ်။ မိုက်ကယ်ဆိုရင် ဘယ်တုန်းကမှ နွေးထွေးမှုမရခဲ့တဲ့သားတယောက်၊ အဖေ့ရဲ့တင်းကြပ်တဲ့စည်းကမ်းတွေအောက်မှာ ပြားပြားဝပ်ခဲ့ရတဲ့အပြင် တချိန်လုံးအမှားလုပ်မိမှာကြောက်နေရတဲ့အထိ စိတ်ဒဏ်ရာပေါင်းစုံ သူ့အဖေကြောင့်ရခဲ့တယ်။ ဒါဆို ချာလီကကော။ ချာလီကလည်း အထီးကျန်နေတဲ့ အတ္တသမားကြီးပါပဲ။ သူ့မိန်းမကလည်းသူ့ကိုမချစ်၊ သူ့သားကလည်း သူ့ကိုသေစေ‌ချင်လောက်တဲ့အထိမုန်း၊ အလုပ်ကလည်းအဆင်ပြေလှတယ်မရှိ။ အဲဒါတွေကို သူ့ဘေးနားကလူတွေဆီပုံချပြီး အားလုံးရဲ့အမုန်းကိုလက်ခံခဲ့တယ် ။ ဒါပေမဲ့ဘယ်တတ်နိုင်မလဲ။ သူ့ရဲ့အထီးကျန်မှုကလည်း သူစိုက်ပျိုးသမျှ သူရိတ်သိမ်းရတာပဲကိုး။ သူတို့ ၂ ယောက်ဘယ်သူမှန်သလဲဆိုရင် ကျနော်က မိုက်ကယ်မှန်တယ်လို့မြင်တယ်။ ဒီအမြင်က ကျနော်အဖေနေရာမရောက်သေးလို့လည်းဖြစ်ပါလိမ့်မယ်။ ရောက်ခဲ့ရင်လည်း ကိုယ်မရှိတော့တဲ့အခါ ကိုယ့်သားသမီးတွေကို လိပ်ပြာလုံလုံနဲ့ လေးဖြူရဲ့ အဖေသီချင်းကို နားထောင်စေချင်တယ်။ ဒါပါပဲ။ File size…(1.7 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:39:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Thant Bo

6.4 2008 108 mins
Fireflies in the Garden
Coward Hero
5.7

ဒီ coward hero ဆိုတဲ့ဇာတ်ကားလေးက Dramaတွေ ဟာသ‌တွေအပြည့်နဲ့ ကြည့်ရမဲ့ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်ကားလေးကတော့ ရှန့်ဟိုင်မြို့ရဲ့ 1930 ပတ်ဝန်းကျင်လောက်က လူဆိုးဂိုဏ်းအဖွဲ့ဝင် ယန်သဟိုင်(မင်းသား)ဆိုတဲ့ ငကြောက်လေးတစ်ယောက်ကနေ စတင်ခဲ့ခြင်းပဲဖြစ်ပါတယ် ယန်သဟိုင်မှာ တိတ်တခိုးချစ်‌နေရတဲ့ သုချင်း(မင်းသမီး) အကမယ်လေးတစ်ယောက်ရှိပါတယ် ယန်သဟိုင်က သူ့ဘဝ‌လေးကိုအေးဆေးပျော်ရွှင်စွာ ဖြတ်သန်းနေချိန်မှာပဲ သူ့မှာကုသလို့မရတော့တဲ့ရောဂါတစ်မျိုးရနေကြောင်း၊ သေတော့မှာဖြစ်ကြောင်းကိုသိလိုက်တဲ့အခါ သူချစ်ရတဲ့ကောင်မလေးအတွက် အကြွေးတွေပြန်ဆပ်ပေးဖို့ဆုံးဖြတ်ခဲ့တယ် သူအကြွေးဆပ်ဖို့ ငွေရှာရင်းနဲ့ ကြက်ကန်းဆန်အိုးတိုးပြီး ရဲအရာရှိတစ်ယောက်ဖြစ်ခဲ့တယ် ဒါပေမဲ့ ဘာမှတတ်ကျွမ်းမှုမရှိတဲ့လူတစ်ယောက်က ရဲအရာရှိတစ်‌ယောက်အနေနဲ့ အမှုတွေဘယ်လိုဖြေရှင်းကြမလဲ… ရဲအရာရှိဖြစ်သွားတာနဲ့အတူ လူဆိုးဂိုဏ်းအဖွဲ့ဝင်ဖြစ်နေလို့ ကြားထဲက ပြဿနာတွေ ဘယ်လိုဖြေရှင်းမလဲ… သူအသက်ရှင်နေတုန်း သေရကျိုးနပ်အောင် ဘယ်လိုများ Drama Kingလုပ်မလဲ.. သူချစ်ရတဲ့မိန်းကလေးကို ဘယ်လိုပေးဆပ်ခဲ့မလဲဆိုတာကို နောက်ဆုံးအခန်းလေးထိကြည့်ရှုလိုက်ကြရအောင်နော်

5.7 2019
Coward Hero
You Call It Passion
6.2

You Call It Passion (2015) ************************* IMDb… 6.2 ဒီတစ်ခေါက်တင်ဆက်ပေးသွားမှာကတော့ လက်ရှိထုတ်လွှင့်နေဆဲဖြစ်တဲ့ Our Unwritten Seoul ထဲက မင်းသမီးလေး Park Bo-young နဲ့ Partners For Justice ထဲက မင်းသားကြီး Jung Jae-young တို့ရဲ့ Comedy,Romance ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ဘယ်ကုမ္ပဏီမှာ အလုပ်ဝင်လျှောက်လျှောက် ဘယ်တော့မှမအောင်တဲ့ ရာဟီး (Park Bo-young) တစ်ယောက် ကံကောင်းထောက်မစွာနဲ့ အားကစားသတင်းကုမ္ပဏီဖြစ်တဲ့ ဒုံမြောင်ရဲ့ဖျော်ဖြေရေးဌာနမှာ အလုပ်သင် သတင်းထောက်အဖြစ်လုပ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ သူမ အလုပ်ဝင်ရမယ့်ဌာနရဲ့ ခေါင်းဆောင်သတင်းထောက်က အင်မတန်လက်ပေါက်ကပ်ပြီး ဇီဇာကြောင်တဲ့သူဖြစ်နေတယ်ဆိုတာပါ။ ဒီလိုနဲ့ ရာဟီးတစ်ယောက် အဆဲမပါဘဲ စကားပြောလို့မပြီးသူ ခေါင်းဆောင် ဟာဂျယ်ဂွမ် (Jung Jae-young) ရဲ့ လက်အောက်မှာ ဘယ်လိုအလွဲတွေလုပ်ပြီး အဆူခံအ​ဆဲခံရမလဲ.. သတင်းထောက်အဖြစ် ဘယ်လိုအဖြစ်အပျက်တွေနဲ့တွေ့ပြီး ရင်ဆိုင်ဖြေရှင်းသွားမလဲ.. ပါးစပ်ကြမ်းသော်လည်း စိတ်ထားကောင်းတဲ့ခေါင်းဆောင်ဆီက ပညာတွေသင်ယူရင်း စစ်မှန်တဲ့သတင်းထောက်အဖြစ် ဘယ်လိုပြောင်းလဲလာမလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမဲ့ကားလေး ဖြစ်တာကြောင့် ညွှန်းဆိုတင်ဆက်ပေးလိုက်ပါတယ်ရှင်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hsu Pyae ပဲ ဖြစ်ပါတယ်။) File Size : 1.61GB/ 740MB Quality : BluRay 1080p 5.1CH/ 720p Format…mp4 Duration…01:43:49 Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hsu Pyae Encoded by Tiff

Comedy • Thriller • Crime • Drama • Horror
6.2 2015 106 mins
You Call It Passion
Wife peke Husband Theke

Wife peke Husband Theke (2025) “လင်နဲ့မယား လျှာနဲ့သွား” ဒီတစ်ခါမှာတော့ CM ဘောလိဝုဒ်ပရိသတ်ကြီးအတွက် ရယ်ရယ်မောမောကြည့်ရမဲ့ ပန်ချာပီဟာသဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဟာသဆိုပေမဲ့ အဓိကကအိမ်ထောင်းရေးနဲ့ ဘ၀မှာဖြစ်လေ့ဖြစ်ထရှိတဲ့ အခက်အခဲတွေကိုပါ ဟာသနှောတင်ဆက်ထားတာပါ။ ဟာဂျိဟာ အာမခံကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အိမ်ထောင်ရှင်အမျိုးသားတစ်ယောက်ပါ။ အိမ်မှာလည်း မိန်းမနဲ့တကျက်ကျက်၊ ရုံးမှာလည်း အထက်လူကြီး အထုအထောင်းခံနေရသူပေါ့။ တစ်ဖက်မှာတော့ ရာမန်ဆိုတဲ့ကောင်မလေးဟာ ပညာကိုအရမ်းကြိုးစားတဲ့ ကောလိပ်ကျောင်းသူလေးပါ။ သူ့အဘွားဖြစ်သူကတော့ မိန်းကလေးတစ်ယောက်အတွက် ပညာတတ်ဖို့မလို၊ ယောက်ျားကောင်းရဖို့သာ အဓိကဆိုတဲ့ ရှေးရိုးစွဲဝါဒကို လက်ကိုင်ထားသူမို့ အိမ်ထောင်ပြုဖို့ အမြဲဖိအားပေးတတ်ပါတယ်။ အဲဒီလိုနဲ့ မိန်းမတွေကို ပညာဘယ်လောက်တတ်တတ် အချိန်တန်ရင် ကလေးဒိုင်ပါလဲရမှာဆိုတဲ့ အတွေးအခေါ်တွေနဲ့ ကျား/မ ခွဲခြားလွန်းတဲ့ သူတို့အသိုင်းအဝိုင်းရဲ့အိမ်ထောင်ရေးကိစ္စတွေမှာ ဘာတွေဘယ်ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ရယ်ရယ်မောမောဆက်လက်ကြည့်ရှုကြရမှာပါ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

Animation • Comedy • Family
0 2025
Wife peke Husband Theke