YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Unpredictable Family (2023)EP76.WEB-DL1080P(CM).mp4

498.37 MB N/A video/mp4 33 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Chakravyuham

Chakravyuham-The Trap (2023) IMDb-9.3/10 ရုံတင်ငွေ ၂ ကုဋေခွဲအမြတ်ရရှိထားပြီး Ajay ပါဝင်ထားတဲ့ လှည့်ကွက်ပရိယာယ်လေးတွေနဲ့ ထောင်ချောက်ဆိုတဲ့ကားလေးဖြစ်ပါတယ် ရှရီနဲ့ ဆန်ဂျေးဆိုတာသိပ်ချစ်လွန်းလို့လက်ထပ်ထားကြတဲ့ ဇနီးမောင်နှံတွေပါ တစ်နေ့ရှရီ့ကို အိမ်ထဲမှာပဲ ရက်ရက်စက်စက် လည်လှီးအသတ်ခံထားရတာတွေ့ရပါတယ် အပြင်ကနေခိုးဖျက်ဝင်ထားတဲ့ လက္ခဏာလည်း ရှိမနေတော့ အတွင်းလူလက်ချက်လို့ပဲ ထင်ကြတာပေါ့ အင်စပက်တာဆပ်တရာကတော့ ဒါဆန်ဂျေးလက်ချက်လို့ပဲ စတွေ့ခဲ့တည်းကထင်နေတော့တာပဲ တစ်ခုပြီးတစ်ခုရှာတွေ့တဲ့သက်သေတွေကလည်း ဆန်ဂျေးလို့ပဲညွှန်နေကြတယ် ဆန်ဂျေးခမျာအိမ်ထဲမှာပဲ ချစ်ဆုံးဇနီးရက်ရက်စက်စက်သတ်ခံထားရလို့ စိတ်ထိခိုက်ရတာတစ်ဖက် လူသတ်မှုကိုအပြစ်ကင်းကြောင်းသက်သေမပြနိုင်တာက တစ်ဖက်ပေါ့ တကယ်ပဲ သူကိုယ်တိုင်ရှရီ့ကိုသတ်ခဲ့တာလား ဇာတ်လမ်းနာမည်လေးအတိုင်း သူပါထောင်ချောက်ဆင်ခံရလားဆိုတာ သက်သေတွေနဲ့အတူ ပရိသတ်ကြီးပါ စီးမျောခံစားဖော်ထုတ်ကြည့်ပါဦး (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ V ~ Yunni ~ BpL ~ Thaik San တို့ပဲဖြစ်ပါတယ်) File size…1.5GB / 607MB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by V ~ Yunni ~ BpL ~ Thaik San

Crime • Drama
0 2023 111 mins
Chakravyuham
The Pay Day
5

ကွန်ပျူတာပရိုဂရမ်မာအဖြစ် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်နေတဲ့ ဂျနီဖာဟာ အထက်လူကြီးနဲ့အဆင်မပြေဖြစ်ပြီး အလုပ်ပြုတ်သွားခဲ့ပါတယ်။ အလုပ်ပြုတ်ပြီးနောက် အိမ်လခပေးဖို့ငွေအသည်းအသန်လိုနေတဲ့ဂျနီဖာဆီကို ဘယ်ကမှန်းမသိတဲ့ဖုန်းဝင်လာပြီး အလုပ်တစ်ခုကမ်းလှမ်းခဲ့ပါတယ်။ အဲဒီလူက ဂျနီဖာကို သူများရုံးခန်းထဲခိုးဝင်ပြီး ဒေတာခိုးယူရမယ့် တစ်မနက်စာအလုပ်အတွက် ဒေါ်လာ ၅ သန်းပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။ အလုပ်လည်းရှာမရ၊ ငွေလည်းလိုနေတာမှန်ပေမဲ့ တရားမဝင်တဲ့အလုပ်ဖြစ်တာကြောင့် ဂျနီဖာဘက်ကလက်ခံရမှာတွန့်ဆုတ်နေခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်ကမ်းလှမ်းသူဘက်က သူ့ကိုအကျပ်ကိုင်ခြိမ်းခြောက်လာတဲ့အတွက်ကြောင့် လက်ခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ သူများကုမ္ပဏီထဲခိုးဝင်ဖို့ မှန်းထားတဲ့အတိုင်းမဖြစ်ဘဲ အလွဲလွဲအချော်ချော်ဖြစ်ပုံတွေ၊ ဒေတာခိုးရင်းကုမ္ပဏီထဲမှာ ဖူးစာဖက်နဲ့ပါတွေ့မယ့်ပုံတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.1 GB)/(600 GB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

Drama
5 2022 93 mins
The Pay Day
(21+) The Key
6

လူတွေက အသက်အရွယ်လေး ရလာကြရင် အချစ်ကို ပုံစံပြောင်းပြီးခံစားချင်လာကြတယ် အိမ်ထောင်သည်တွေလည်း အိမ်ထောင်သက်တမ်းကြာလာတဲ့အခါ အချစ်ကို ပုံစံပြောင်းပြီး ခံစားချင်လာကြတယ် ဒါပေမဲ့ အိမ်ထောင်ရေးမှာတော့ စဉ်းမျည်းတွေ ထိန်းချုပ်တာ များတယ်လေ ဖွင့်ချချင်ပေမဲ့လည်း အိမ်ထောင်သည်ဆိုတဲ့ ဘောင်အတွင်းက ဘယ်လိုမှမလွတ်နိုင်ဘူးလေ ပရော်ဖက်ဆာ နီနို တစ်ယောက် ငယ်ရွယ်ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းမချောလေး ထရေဆာ နဲ့ အိမ်ထောင်ကျပြီး သမီးလေး လီဆာ ရှိပါတယ် သူတို့က အထက်တန်းလွှာ မိသားစုတစ်ခုဖြစ်ပါတယ် ပရော်ဖက်ဆာမှာ သူများနဲ့မတူတဲ့ လိင်ပျော်ပါးလိုစိတ် အတွေးရှိနေပါတယ် အဲဒါကတော့ သမရိုးကျ ဘောင်အပြင်ဖက်ထွက်ဖို့ပါပဲ ဟုတ်ပါတယ် သူက သူ့အမျိုးသမီး ချောချောလေး တစ်ခြားကောင်လေးနဲ့ အိပ်တာကို မနာလိုစိတ်နဲ့ အရသာခံ ကြည့်ချင် တွေးချင်နေတဲ့ သူပါပဲ ထရေဆာမှာ သူ့သမီးလီဆာနဲ့ သဘောတူတဲ့ကောင်လေး တစ်ယောက်ရှိပါတယ် လာဆလို ပါပဲ ပရော်ဖက်ဆာ နီနိုက သူ့အကြံကိုအကောင်ထည်ဖေါ်ဖို့ ဇာတ်လမ်းဆင်ရပါတော့တယ် ဒါပေမဲ့ သူ့မှာကန့်သတ်ချက်တွေရှိတယ်လေ တိုက်ရိုက်ဖွင့်ဟဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ သူတို့ ဇနီးမောင်နှံသာ သိနိုင်တဲ့ ဆက်သွယ်နည်းနဲ့ ကြိုးစားပါတော့တယ် တစ်ကယ်တော့ မီးကို ကစားနေသလိုပါပဲ ကိလေသာဆိုတာ အပူတွေလေ မီးလို့ပဲ တင်စားလိုက်ပါတယ် ဇာတ်လမ်းလေးက ဝထ္တုလေး တစ်ပုဒ်ဖတ်နေရလို စိတ်ဝင်စားစရာကောင်းနေပြီး အီတလီ ကားဟောင်းတွေ ထုံးစံအတိုင်း ရှင်းရှင်းလင်းလင်းကြီးတွေ ဖြစ်နေတဲ့အတွက် DS Fans တွေအတွက် ရွေးချယ်တင်ဆက်လိုက်ပါတယ် File size…1.7GB / 700MB Quality…1080p BluRay H264 / 720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi

Drama
6 1983 110 mins
(21+) The Key
Date With an Angel
6.7

ဂျင်မ် ဆန်ဒါစ်ဆိုတဲ့ ကောင်လေးက ဂီတကို စိတ်ဝင်စားပြီး သူငယ်ချင်း ကောင်ရှုပ်လေးတွေနဲ့ အချိန်ဖြုန်းလေ့ရှိသူပါ သူ့မှာ ပက်တီဆိုတဲ့ ချစ်သူကောင်မလေးရှိပြီး မိဘချင်းလဲ သဘောတူတာကြောင့် စေ့စပ်ပွဲလုပ်ပေးခဲ့ပါတယ် စေ့စပ်ပွဲ ညမှာပဲ သူငယ်ချင်းတွေက စနောက်ခေါ်ဆောင်ပီး ဂျင့်မ် အိမ်မှာပဲ ပါတီလုပ်ခဲ့ကြတယ် ပါတီရဲ့မနက်မှာတော့ ဂျင်မ် တစ်ယောက်ထဲရှိတဲ့အချိန် ရေကူးကန်ထဲမှာ "နူးညံ့သိမ်မွေ့တဲ့အလှတရားအစစ်” ပိုင်ဆိုင်ထားတဲ့ အတောင်ပံ ကျိုးနေတဲ့ နတ်သမီးတပါးကို တွေ့လိုက်ရတယ် နတ်သမီးရဲ့ အတောင်ပံပြန်ကောင်းအောင် ကုပေးရင်း စောင့်ရှောက်ပေးရင်းနဲ့ အဲ့နတ်သမီးကိုသုံပြီး အမြတ်ထုတ်ချင်တဲ့ လူတွေရန်မှ ဂျင်မ်က ကာကွယ်ပေးရင်းနဲ့ ဘယ်လိုတွေဆက်ဖစ်ကြမလဲဆိုတာတော့ ဇာတ်လမ်းလေးကို ဆက်ပီး ကြည့်ရှုပေးကြဦးနော်...... File size…1.45GB / 659MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 45m Genre ..... Comedy , Romance , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Duckkie

Comedy • Romance
6.7 1987 105 mins
Date With an Angel
Finch
8

အိုဇုန်းလွှာ ပျက်စီးပြီး ခရမ်းလွန်ရောင်ခြည်ကြောင့် နေရောင်ထဲကို လူသားတွေထွက်လို့မရတော့ အချိန်၊ EMP ကြောင့် လျှပ်စစ်ဓာတ်အားလုံး သေဆုံးသွားတဲ့အချိန်၊ ရာသီဥတုဖောက်ပြန်ပြီး မုန်တိုင်းတွေ ဆက်တိုက်တိုက်ခတ်နေတဲ့ အနာဂတ် ကမ္ဘာပျက်ကြီးထဲမှာ အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့ ဖင့်ချ်ဆိုတဲ့ အဘိုးကြီးတစ်ယောက်။ အဖော် အနေနဲ့ ခွေးလေး တစ်ကောင်နဲ့ စက်ရုပ်လေး တစ်ရုပ်ရှိတယ်။ သူ မရှိတော့တဲ့အချိန်မှာ ခွေးလေးကို စောင့်ရှောက်ဖို့နောက်ထပ်စက်ရုပ်တစ်ရုပ်တိုးလာပြီး အဲဒီစက်ရုပ်ကို သင်ကြားပေးဖို့ ကြိုးစားနေတဲ့အချိန်။ စက်ရုပ်ကလည်း လူလုပ်အသိဉာဏ်ရှိတဲ့အဆင့်ဖြစ်တော့ တဖြည်းဖြည်းသင်ယူ လာနိုင်တာပေါ့။ ဒီလိုနဲ့ ဖင့်ချ် လက်ရှိနေတဲ့နေရာကို ဧရာမမုန်တိုင်းကြီးရောက်လာတော့မယ့်အခါမှာ ဘေးကင်းတဲ့အဝေးတစ်နေရာကို အခက်အခဲတွေ ကြားထဲကနေ ရောက်အောင်သွားဖို့ စွန့်စားခန်းဖွင့်တာကို တွေ့ရပါလိမ့်မယ်။ Finch အဖြစ်သရုပ်ဆောင်ထားသူကတော့ အားလုံးရဲ့အချစ်တော် မင်းသားကြီး Tom Hanks ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ပဲဖြစ်ပါတယ်။) File Size - (3 GB) / (2 GB) / (1.3 GB) / (600 MB) Quality – Web-DL 4K HEVC, HEVC 1080p, 720p, 360p Duration - 1hrs 55min Subtitle – Myanmar Hardsub Format – Mp4 / Mkv Genre : Drama, Sci-Fi Translator – Mr.Anderson Encoder – SWM, Nyein Saeya Aung

Adventure • Animation • Fantasy • Science Fiction
8 2021 115 mins
Finch
[21+] Good Service House Keeper [DLDSS-078]

DLDSS-078 ( Good Service House Keeper) ဂျပန်ဆိုတာ စီးပွားရေးသောင်းကျန်းတဲ့နိုင်ငံတခု… ခုကားကလဲ ဂျပန်ပြည်ရဲ့စီးပွားရေးချဲ့ထွင်မှုတခုကို သဘာဝကျကျချပြထားတာဆိုလဲ မမှားလှဘူး… လူဦးရေတိုးတက်ပြီး စားဝတ်နေရေးအတွက်စီးပွားရေးကို အွန်လိုင်းကပါ လုပ်ဆောင်လာတဲ့ ဂျပန်ပြည်မှာ မအားလပ်သူတွေအဖို့ ကိုယ့်အိမ်ကိုယ်သန့်ရှင်းဖို့ဆိုတာတောင် အနိုင်နိုင်ပါပဲ…ဒါကြောင့်လဲ အိမ်တိုင်ရာရောက်အချိန်ပိုင်း လာရောက်သန့်ရှင်းပေးတဲ့ သန့်ရှင်းရေးဝန်ဆောင်မှုကလဲ လိုအပ်ချက်တခုဖြစ်လာပါတယ်…. စီးပွားရေးအရ သန့်ရှင်းရေးဝန်ထမ်းလေးတွေကို လှလှပပဖြူဖွေးနုဖက်နေတဲ့ Mino Suzumeလို အလှသွေးကြွယ်သူကို ခန့်ထားလိုက်တဲ့အခါ… ဝန်ဆောင်မှုရော ဖောက်သည်အပေါ်ဂရုစိုက်မှုတွေဟာ ဆိုရင်တော့ဖြင့်………

Crime • Drama
0 1900
[21+] Good Service House Keeper [DLDSS-078]
Suspect
6.1

CM ရဲ့ တရုတ်ကားချစ်ဖန်လေးတွေအတွက် suspect ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းလေးကတော့ ရုတ်တရက်ကြီး ကြိုးဆွဲချသေသွားတဲ့ လူတစ်ယောက်… ဒီလူကို သတ်ပါတယ်လို့ ကိုယ်တိုင်ရဲစခန်းရောက်ပြီး ဝန်ခံခဲ့တဲ့ သံသယရှိသူ အမျိုးသမီးတစ်ယောက်… ဒါပေမယ့် ဒီအမျိုးသမီးက ငရဲတရားသူကြီးရဲ့ စွမ်းအားသုံးပြီး စီရင်လိုက်တယ်ပဲ ဖြောင့်ချက်ပေးနေတဲ့အပြင် ပြည်သူ့ရဲတပ်ဖွဲ့က အနားယူသွားတဲ့ ကောဝမ်ပင်းကိုမှ တွေ့ချင်တယ် ဆိုသောအခါ… ကောဝမ်ပင်းဆိုတာ ဘယ်သူလဲဆိုတော့ မှုခင်းအရာရှိဟောင်းတစ်ဦးပေါ့… မွေးရပါ ဓာတ်ပုံမှတ်ဉာဏ်လို မှတ်ဉာဏ်ထူးကို ပိုင်ဆိုင်ထားသူပေါ့… ဒါပေမယ့် ကွင်းဆက်လူသတ်မှုတစ်ခုကို ညီအစ်ကို ၂ ယောက်အတူလိုက်ရင်း သူ့မျက်စိရှေ့တင် သူ့ညီလေး အသတ်ခံလိုက်ရပြီး ထူးထူးဆန်းဆန်း အဲ့လူသတ်တရားခံမျက်နှာကို ဘယ်လိုမှ မမှတ်မိတော့တာကြောင့် ဘဝကို အရှုံးပေးဖို့အထိ စဉ်းစားပြီး အလုပ်နားခဲ့သူပေါ့… ဒီတော့ ငရဲတရားသူကြီးကရော ဘယ်သူလဲ… သူက ဘာလို့ လူတွေကို စီရင်နေတာလဲ… စခန်းမှာ လာဝန်ခံခဲ့တဲ့ အမျိုးသမီးကရော တကယ့်တရားခံလား… တကယ်တရားခံမဟုတ်ရင် သူဘာလို့ တရားခံပါလို့ ဝန်ခံရတာလဲ… ဇာတ်လမ်းလေးကြည့်ပြီး အဖြေရှာလိုက်ကြတာပေါ့…

6.1 2024
Suspect
Death Wish II
6

ဒီတစ်ခါမှာတော့ နယူးယောက်မြို့ကနေ “Vigilante” ဘဝကို ဇာတ်မြုပ်ဖို့ ရည်ရွယ်ချက်နဲ့ ချီကာဂိုကို ပြောင်းသွားတဲ့ ပေါလ်ကာဆင်ရဲ့ နောက်ကို သူ့ရဲ့ “Vigilante” ဘဝကလည်း ထပ်ချပ်မကွာ လိုက်ပါလာခဲ့ပါတယ်။ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တွေ့ပြီး လော့စ်အိန်ဂျလိရုံးခွဲကို ပြောင်းရွှေ့သွားခဲ့တဲ့ ပေါလ်ကာဆင်ရဲ့ နောက်ကို နယူးယောက်မြို့က အိပ်မက်ဆိုးကြီးက ထပ်မံခြောက်လှန့်ခဲ့ပါတယ်.။ စိတ်ဒဏ်ရာတွေကနေ သက်သာစပြုလာတဲ့ သမီးဖြစ်သူနဲ့အတူ အေးချမ်းစွာ နေထိုင်မယ်ဆိုတဲ့ အိပ်မက်ကို လော့စ်အိန်ဂျလိမြို့က လူဆိုးတစ်သိုက်က ဖျက်ဆီးခဲ့ပြန်ပါတယ်။ ရေခဲမုန့်ကားရှေ့မှာ တန်းစီနေတုန်းမှာ လုယက်သူတစ်သိုက်က ပေါလ်ရဲ့ ပိုက်ဆံအိတ်ကို ရသွားရာကတစ်ဆင့် ပေါလ်ရဲ့အိမ်ထိသွားရောက်ပြီးတော့ ပေါလ်ကို ဆုံးမဖို့ စောင့်နေခဲ့ပါတယ်။ အိမ်စေကိုလည်းမုဒိန်းကျင့်စော်ကားသတ်ဖြတ်လိုက်ပြီး ပေါလ်ရောက်အလာမှာတော့ သတိမေ့အောင်လုပ်ကာပေါလ်ရဲ့သမီးဖြစ်သူ ကယ်ရိုးကို ဖမ်းဆီးသွားခဲ့ပြန်ပါတယ်။ ကယ်ရိုးဟာ ကာမဘီလူးတွေရန်ကနေ လွတ်မြောက်ဖို့ ကြိုးစားရင်းနဲ့ ခြံစည်းရိုးသံတိုင်ပေါ်ကို ပြုတ်ကျပြီး မရှုမလှဇာတ်သိမ်းခဲ့ရပါတယ်။ သမီးဖြစ်သူရဲ့ အဖြစ်ဆိုးကို ဒုတိယအကြိမ် ပြန်လည်တွေ့ကြုံခဲ့ရချိန်မှာတော့ ပေါလ်ကာဆင်အနေနဲ့ သူ့ရဲ့လက်စွဲတော်သေနတ်ကို ပြန်လည်ကိုင်စွဲပြီး သမီးဖြစ်သူအတွက် လက်စားချေဖို့ “Vigilante” ဘဝကို ပြန်ရောက်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်က နယူးယောက်မြို့ပေါ်က လူဆိုးလူမိုက်တွေကို အကွက်ဆင်သတ်ဖြတ်မှုတွေနဲ့ ဆင်တူတဲ့ မှုခင်းတွေကြောင့် လော့စ်အိန်ဂျလိရဲတပ်ဖွဲ့အနေနဲ့ “Vigilante” ရဲ့ သတ်ဖြတ်မှုတွေကို တားဆီးနိုင်ခဲ့တယ်လို့ထင်ပြီး နယူးယောက်ရဲတပ်ဖွဲ့ကို အကူအညီတောင်းလာခဲ့ပါတယ်.။ “Vigilante” ရဲ့ အကြောင်းစုံကို သိနေတဲ့ စုံထောက်ဖရန့်ခ်အိုချိုဟာက ပေါလ်ကာဆင်ကို အယ်လ်အေပီဒီ ထက် လက်ဦးစွာအမိဖမ်းနိုင်ဖို့ လော့စ်အိန်ဂျလိကို ရောက်လာခဲ့ပါတော့တယ်။ File Size : 3.2 GB, 1.3 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 29min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

6 1982 92 mins
Death Wish II
100 Girls
5.8

100 Girls (2000) IMDb Rating (5.8) / Rotten Tomatoes (60%) မိန်းကလေးအယောက်တစ်ရာ….။ ရုပ်ရှင်နာမည်အတိုင်းပဲ ဒီဇာတ်လမ်းမှာ မိန်းကလေးအယောက်တစ်ရာပါခဲ့ပါတယ်။ ဘယ်လိုပါလဲဆိုတော့ မက်သရူးဆိုတဲ့ကောင် ပါတီကနေအပြန် ဓာတ်လှေကားပေါ်မှာကုန်ဆုံးခဲ့ရတဲ့တစ်ညနဲ့စပါတယ်။ မီးပျက်သွားလို့ရပ်နေတဲ့ ဓာတ်လှေကားမှာ မက်သရူး စော်လေးတစ်ဗွေနဲ့ ဇာတ်လမ်းဖြစ်ခဲ့တယ်။ တစ်ညတာမတ်တပ်ရပ်ခဲ့ရပေမဲ့ စော်လေးကိုချစ်မိသွားတဲ့ မက်သရူးတစ်ယောက် စင်ဒရဲလားကိုလိုက်ရှာရတဲ့မင်းသားလိုပဲ သူ့ဆီမှာကျန်ခဲ့တဲ့ပင်တီတစ်ထည်နဲ့ အဲဒီစော်လေးကို လိုက်ရှာဖို့ဖြစ်လာခဲ့တယ်။ ရှာရမှာကလည်း မိန်းကလေးအယောက်တစ်ရာတောင်ရှိတဲ့ မိန်းကလေးဆောင်မှာ။ မက်သရူးတစ်ယောက် သူချစ်မိသွားတဲ့ကောင်မလေးကို ရှာနိုင်မှာလားဆိုတာကို အဆောင်သူလေးတွေရဲ့အလှကိုငမ်းရင်းခံစားကြည့်ရှုကြပါဦး။ အဖော်အချွတ်များတာနဲ့ စကားပြောရိုင်းစိုင်းလွန်းတာတွေကြောင့် ၁၈နှစ်အောက်ကလေးတွေ မကြည့်ချင်ရင်မကြည့်ကြပါနဲ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(2.9 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:35:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Pyae Phyo

5.8 2000 94 mins
100 Girls
Final Destination 2
6.2

Final Destination 2 (2003) ************************** IMDb…..6.2 Horror ကားကြိုက်နှစ်သက်သူတို့အဖို့ ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ ဇာတ်ကားများကို ပြောပါဆိုရင် Final Destination တွေကို ပြောကြမှာသေချာသလောက်ပါပဲ…. ယခု နောက်ပိုင်းထွက်တဲ့ horror ကား တော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲ ဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့အဖို့ ကြာလာတော့ အနည်းငယ်ရိုးအီလာသလိုပါပဲ……. Final Destination လို horror မျိုးကျတော့လည်း တကယ့်ကို သွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင် ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး… မင်း horror ဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5) ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ… ယခုလည်း New Line Cinema က Final Destination Reboot ကို စတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ ဒီတော့ စဆုံးလေးကို ပြန်လည် ခံစားချင်သူများအတွက် အရည်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်….. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ War Dog / Baby Chit ပဲဖြစ်ပါတယ်) File Size : 2.47GB/ 1.04GB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…01:30:00 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by War Dog / Baby Chit Encoded by Aaron, Tiff

Drama • Action • Fantasy
6.2 2003 90 mins
Final Destination 2
The Open Door
6

လှည်းလေးနဲ့ဝက်အူချောင်းကင်ရောင်းတဲ့အစ်ကိုကြီးတစ်ယောက် မတော်တဆခြေချော်ပြီးတော့ နာမည်ကြီးOnline Cele မလေးရဲ့ အယောင်ဆောင်ရည်းစားဖြစ်သွားတဲ့ ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ဆယ်လီမလေးဟာ သူဌေးနဲ့ကြိုက်နေတာဖြစ်ပြီးတော့ အားလုံးသိသွားရင် သူဌေးကိုအပိုင်ဖမ်းပြီးတော့နာမည်ကြီးလာတယ်ဆိုပြီး နာမည်တပ်ခံရမှာကြောက်တဲ့အတွက် အရေးပေါ်အဖြေအနေနဲ့ ဝက်အူချောင်းရောင်းတဲ့လူ တစ်ယောက်ကိုအစားထိုးလိုက်ရတာဖြစ်ပါတယ်။ ရိုးသားပြီးနုံအတဲ့ဝက်အူချောင်းသည်နဲ့ နာမည်ကြီးဆယ်လီရဲ့အချစ်ဇာတ်လမ်းဟာ မထင်မှတ်ပဲပရိသတ်တွေအားပေးတာခံရပြီးတော့ သူတို့ဟာခေတ်သစ်အွန်လိုင်းဆယ်လီစုံတွဲဖြစ်လာတဲ့ပုံကို ရယ်မောစရာလေးတွေနဲ့ပုံဖော်ထားတာပဲဖြစ်ပါတယ်။ 4K & 1080p Quality >> Only On CM App ( www.cmapp.tv )

Drama
6 2025
The Open Door