YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Unpredictable Family (2023)EP30.WEB-DL1080P(CM).mp4

524.58 MB N/A video/mp4 48 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Legions
7

Horror ဇာတ်ကားကောင်း ကြိုက်သူများအတွက် ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ စပိန်စကားပြော ဇာတ်ကားတစ်ကား တင်ဆက်ပေး လိုက်ပါတယ်။ အန်တိုနီယို ပိုဟူ ဟာ စွမ်းအားကြီးတဲ့ နတ်ဆရာတစ်ယောက်ဖြစ် ပါတယ်။ အာဂျင်တီးနားတောအုပ်ထဲမှာ အပနှင်ရင်း အင်အားကြီး နတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အမန်ဒါဆိုတဲ့ အမျိုးသမီးနဲ့ ချစ်ကြိုက်ကာ အယ်လေနာဆိုတဲ့ သမီးလေးတစ်ယောက် မွေးဖွားခဲ့ ပါတယ်။ အဆိုပါ နတ်ဆိုးကြောင့်ပဲ အမန်ဒါ့ကို ဆုံးရှုံးလိုက်ရပြီး သမီး လေးကို တစ်ယောက်တည်း စောင့်ရှောက်လာခဲ့ပါတယ်။ တောထဲကနေ မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြသလို သူ့ရဲ့ အလုပ် အကိုင်ကြောင့် သမီးဖြစ်သူနဲ့လည်း အဆင်မပြေဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အပနှင်ရာမှ အမှားအယွင်းဖြစ်သွားပြီး လူသေသွားခဲ့တာမို့ အန်တို နီယိုလည်း အရူးထောင်ထဲ ရောက်သွားပါတော့တယ်။ အန်တိုနီယို အရူး ထောင်ထဲ ရောက်နေတုန်းပဲ အဆိုပါ နတ်ဆိုးက တစ်ကျော့ပြန်လာပြီး အယ်လေနာ့ကို ဒုက္ခပေးကာ အသက်ကိုပါ ဆုံးရှုံးအောင်လုပ်ဖို့ ကြိုးစား လာပါတော့တယ်။ အဆိုပါကိစ္စကို အန်တိုနီယိုတစ်ယောက် ဘယ်လို တားဆီးမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ပါဦး။ ဒီဇာတ်ကားက မိစ္ဆာတွေ နတ်ဆိုးတွေ အပနှင်တာတွေပါတဲ့ Horror ကားမျိုးကြိုက်နှစ်သက်တွေအတွက် ကြည့်သင့်တဲ့ ဇာတ်ကားပါပဲ။ Constantine တို့လို vibe မျိုးပေးနိုင်ပြီး အသုံးပြုထားတဲ့ practical effect တွေကလည်း ကောင်းမွန်တာကြောင့် ကြည့်လို့ကောင်းတဲ့ ရုပ် ရှင်အဖြစ် recommend ပေးချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size..........(1.4 GB) / (523 MB) / (293 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 28Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Fantasy, Horror Translator.......Leonard Lin Encoder..........SWM

Comedy • Drama • Fantasy
7 2022 88 mins
Legions
F3: Fun and Frustration
3.8

ဒီတခေါက်တော့အသစ်ထွက်ရှိလာတဲ့ တေလဂူလ်ကားလေးတခုတင်ဆက်ပေးချင်ပါတယ်... ဇာတ်ကားရဲ့ Main Cast ကတော့ ဝါရင့်သရုပ်ဆောင်ကြီးဗန်တညကတ်ချ် ဖြစ်ပြီး မင်းသမီးကတော့ Bahuballi နဲ့ KGF Chapter 1ထဲမှာပါတဲ့မင်းသမီးပါပဲ။ ဇာတ်လမ်းအကျဉ်း ============ လောကမှာငွေက ဒုတိယဘုရားသခင်မဟုတ်လား ကိုယ်သာ သန်းချီ ချမ်းသာတဲ့ မိန်းမ ဒါမှမဟုတ် ယောက်ျားတစ်ယောက်ကို လက်ထက်ခွင့်ရမယ်ဆို ကိုယ်လဲသန်းကြွယ်သူဌေးဖြစ်နိုင်တာပဲမဟုတ်လား။ ဒီတော့ သန်းကြွာ်သူဌေးဟန်ဆောင်ပြီး တကယ်ချမ်းသာတဲ့သူတစ်ယောက်ကိုပိုင်းလုံးလုပ်ဖို့ကြံရွယ်ထားတဲ့ ယောင်္ကျားလေးအဖွဲ့နဲ့ မိန်းကလေးအဖွဲ့တို့အပြိုင်ဂျင်းထည့်ကြတဲ့အခါ။ တချိန်ထဲမှာပဲ သူတို့ထဲကတစ်ယောင်က တကယ့်သန်းကြွယ်သူဌေးကြီးရဲ့ ပျောက်ဆုံးနေတဲ့ရင်သွေးဖြစ်တယ်လို့ ကြားလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲတော့ထုံးစံအတိုင်း ရုပ်ရှင်မှာပဲလိုက်ပါစီးမျောခံစားပေးပါ။ တောင်ပိုင်း ဟာသကားအစစ်ဖြစ်တာနဲ့အညီ သဘာဝကျကျ ကြည့်ချင်သူတွေနဲ့တော့ သိပ်အဆင်ပြေမှာမဟုတ်ပဲ ပေါ့ပေါ့ပါးပါးဟာသအနေနဲကြည့်မှ အဆင်ပြေပါမယ်လို့ ပြောချင်ပါတယ်။ File size…3GB/ 1.5GB Quality…1080p WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ OeliuJ ~ Yunni

Adventure • Animation • Comedy • Family • Fantasy
3.8 2022 148 mins
F3: Fun and Frustration
The Quiet
6.1

--- စံလွဲသူနှစ်ယောက် --- ကိလေသာထောင်ချောက်ရဲ့ အဆွဲဆောင်နိုင်ဆုံး အထိအတွေ့များ၊ တီးတိုးညည်းညူသံ၊ ဖိုလှိုက်တဲ့အသက်ရှုသံများနဲ့ အိပ်ယာပေါ်က ချစ်တလင်းမှာ ဗျူဟာကျင်းလို့ စေတန်နတ်ဆိုးရဲ့ ပန်းသီး (ချဉ်စော်ကားသီး) ကို စားသုံးနေကြလေရဲ့။ ရှူထုတ်လေရဲ့ လေနုငွေ့ငွေ့တိုးခတ်မှုကို အပြန်အလှန်ထိခတ်ရင်း လေပေါ်မှာလွင့်နေသလိုခံစားရရှာတဲ့ လိင်မတူ ချစ်သူနှစ်ဦး။ ရိုးတွင်းခြင်ဆီထဲအထိ တိုးဝင်လာတတ်တဲ့ တဖျင်းဖျင်း ကြက်သီးထဖွယ် အရသာများကို ဆား‌ငံရေလို တစွတ်စွတ်သောက်၊ မောလေ သောက်လေ ငတ်မပြေနိုင်။ သဘဝတရားရဲ့ ရုန်းမထွက်နိုင်တဲ့ ထောင်ချောက်ထဲကို သက်ဆင်း ဝပ်တွားခယရတဲ့ ဟောဒီလူသားနှစ်ယောက်က လောကကြီးကိုမေ့နေပါလေရော။ သူတို့ဟာ လောကကြီးကို မေ့လျှော့နေသလိုပဲ သူတို့ဟာ သွေးရင်းသားရင်း သားအဖ တော်စပ်ပါတယ်ဆိုတာကိုပါ သတိမရ အနက်ဆုံး အမှောင်ဆုံးတွင်းကို အထိန်းမပါဘဲ သက်ဆင်းနေကြပြီ။ ဟုတ်ပါတယ်လေ။ သမီးနဲ့ ဖခင် သွေးရင်းခေါက်ခေါက်ကြီးတွေပါ။ သူတို့ဟာ သားအဖအဖြစ်ကသွေဖည်လို့ လင်မယားဘဝကို အသက်သွင်း၊ ငရဲတွင်းကို ဆင်းချင်တိုင်းဆင်းနေလေရဲ့။ --- ကိုယ်ပျောက်မိန်းကလေး --- လူအဖြစ်မွေးဖွားလာပေမဲ့ လူ့အဖြစ်ကို မတမ်းတတဲ့ မိန်းကလေး။ လူအများကြားမှာ ကိုယ်ပျောက်နေချင်တဲ့ မိန်းကလေး။ သူတကာ သတိမထားမိစေချင်လို့ နှစ်ပေါင်းများစွာ သည်းညည်းခံ၊ မုသားတစ်ထွာကို ခြုံလွှာလို မချွတ်တမ်း သူဝတ်ခဲ့တယ်။ သူဟာ အရာရာကို ဉပေက္ခာပြုသူ၊ ရင်ထဲကို အမှိုက်သရိုက် အဝင်မခံသူ၊ လောကဓံအထုအထောင်းကို သူ့နည်းသူဟန်နဲ့ ဆန္ဒပြ ဆန့်ကျင်သူ။ ပင်လယ်သမုဒ္ဒယာထဲမှာ ရေတစ်စက်အဖြစ် ပျော်ဝင်ပျောက်ကွယ်ခဲ့သူ။ သူဟာ ဆယ်ကျော်သက် မိန်းမငယ်လေးတစ်ယောက်ပါပဲ။ --- The Quiet (2005) --- ဒီဇာတ်လမ်းဟာ အမေရိကန်ရုပ်ရှင် ဝေဖန်ရေးလောကမှာ တစ်ခေတ်ထစေခဲ့တဲ့ ဇာတ်ကားတစ်ကားပေါ့။ လောကကြီးရဲ့ ကမောက်ကမတွေကို သရော်တဲ့ ရုပ်ရှင်ဆိုပေမဲ့ တင်ပြပုံက သိပ်ကို တည်တံ့လွန်းတဲ့အခါမှာ လွန်ကျူးတဲ့၊ ကြည့်ရှုခံစားဖို့ခက်ခဲတဲ့၊ ပျက်ဆီးနေတဲ့ ရုပ်ရှင်အဖြစ် ဝေဖန်ရေးဆရာအားလုံးက တခဲနက် ဝေဖန်တာကိုခံရပါတယ်။ IMDb 6.2 ရရှိထားပြီး ဝေဖန်ရေး Rotten Tomato မှာတော့ 21% ပဲရခဲ့တာပါ။ ကျွန်တော့်အနေနဲ့ 21% က များနေသေးတယ်တောင်ထင်မိပါတယ်။ ဝေဖန်ရေးအနေနဲ့တော့ ဇာတ်ကားဟာ ဦးတည်ရာကို ရောက်အောင်သွားတဲ့လမ်းက မှားယွင်းတယ် မြင်မိတယ်ဗျ။ ဒါပေမဲ့ မတူကွဲပြားတဲ့ဇာတ်ကားဖြစ်လို့ လူကြီးမင်းတို့အနေနဲ့ မြည်းစမ်းထိုက်တဲ့ ရုပ်ရှင်တစ်ကားပါ။ ကျွန်တော်အကြိုက်နှစ်သက်ဆုံး ဇာတ်ကားတွေထဲမှာ ပါတယ်ဆိုတာ ပြောပါရစေ။ သရုပ်ဆောင်တဲ့နေရာမှာ အားလုံးက ကိုယ်တိုင်ဖြစ်နေသလို အံဝင်ခွင်ကျ စီးမျောတဲ့နေရာမှာ ပိုင်နိုင်လွန်းလို့ပါ။ ဇာတ်ကွက် ဘာမှမရှိတဲ့ရုပ်ရှင်ကို အဆုံးထိဆွဲဆောင်နိုင်ပုံက မှော်ပညာတစ်ရပ်လိုပါပဲ။ ဇာတ်လမ်းကိုတော့ မိဘနှစ်ပါးလုံး ဆုံးပါးသွားပြီး ဆေးပညာအရ အငုံ့စိတ်ရိုက်ခတ်မှုနဲ့ ဆွံ့အနားမကြားဖြစ်သွားရတဲ့ မိန်းကလေးတစ်ယောက်ကို လူချမ်းသာမိသားစုတစ်ခုက မွေးစားလိုက်တာကနေ စပါတယ်။ သူတို့မိသားစုမှာ ကောင်မလေးနဲ့ သက်တူရွယ်တူ သမီးတစ်ယောက်လည်း ရှိပါတယ်။ အထက်တန်းကျောင်းသူလေးတွေပေါ့။ မိဘချင်းကလည်း ရင်းနီး၊ ငယ်စဉ်ကလည်း သူငယ်ချင်းတွေဖြစ်ခဲ့ဖူးတဲ့သူတွေဆိုပေမဲ့ အစေးတော့ သိပ်မကပ်ကြပါဘူး။ ဒါပေမဲ့ အိမ်ရှင်ရဲ့သမီးငယ်ဟာ သူ့အဖေနဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးရှိသူပါ။ လိုချင်တဲ့အရာကို ဖခင်နဲ့အတူအိပ်ပြီး ရအောင်တောင်းဆိုတတ်တဲ့ မိန်းမဆိုးလေးပေါ့။ ဒါပေမဲ့ တဖက်မှာ ဖခင်နဲ့ လိင်ဆက်ဆံရေးကို သွေးသားတက်ကြွမှုနဲ့ သဘောကျနှစ်သက်ပေမဲ့ တဖက်မှာလည်း မသင့်မှန်းသိပြီး အခွင့်အရေးယူတဲ့ ဖခင်ကို မုန်းတီးနေသူပါ။ မိခင်ကလည်း မအောင်မြင်တဲ့ အိမ်တွင်းအလှဆင်ပညာရှင်၊ အရက်စွဲ ဆေးစွဲနဲ့ သူတို့မိသားစုထဲမှာ နေရာမရတဲ့ အပယ်ခံတစ်ယောက်ပေါ့။ သူ့သမီးနဲ့ သူ့ခင်ပွန်း ဖြစ်ချင်တိုင်းဖြစ်နေတာတွေကို သူသိသလား၊ မသိဘူးလားဆိုတာကတော့ ပရိသတ်များ စဉ်းစားဖို့ ဒါရိုက်တာက လက်ဆောင်ထည့်ပေးထားပါတယ်။ အဲဒီနောက် သူတို့မိသားစုထဲကို ဆွံ့အ နားမကြားမိန်းကလေးရောက်လာအပြီးမှာ လျှို့ဝှက်ချက်တွေ ဗူးပေါ်သလိုပေါ်ကုန်ရင်းနဲ့ အဖြစ်ဆိုးကြီးတွေ ပေါ်ပေါက်လာချိန်မှာတော့ ...။ ဒီထဲက မင်းသမီး Elisha Cuthbert ကိုတော့ The Girl Next Door ဇာတ်ကားနဲ့မှတ်မိနေမှာဖြစ်ပြီး နောက်မင်းသမီး Camilla Belle ကိုတော့ စိတ္တဇဆန်တဲ့ဇာတ်ရုပ်နဲ့မြင်ရမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။) File size…(2.2 GB)/(600 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Thriller
6.1 2005 96 mins
The Quiet
Infinite
6.6

သိပ္ပံစိတ်ကူးယဉ် အက်ရှင် ကောင်းတာလေး ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။ မင်းသားမင်းသမီးတွေကလည်း သိပြီးသားလူတွေပါပဲ။ ဇာတ်လမ်းကတော့ လူဝင်စားအယူအဆတွေကို အခြေခံထားပါတယ်။ ကမ္ဘာကြီးထဲက လူအချို့မှာအတိတ်ဘဝတွေအကုန်လုံးကို မှတ်မိနိုင်တဲ့ အစွမ်းပါလာတဲ့ လူတွေရှိနေပါတယ်။ သူတို့ သင်ခဲ့သမျှ တတ်ခဲ့သမျှတွေကိုပါ မှတ်မိနေတာဖြစ်တဲ့အတွက်ဘဝတွေ ကြာရှည်လာလေလ ပိုပြီး တော်လာလေလေပါပဲ။ ဒီလို လူတွေထဲမှာမှ နှစ်မျိုးကွဲနေပါတယ်။ တစ်ဖွဲ့ကတော့ ဒီအစွမ်းနဲ့ အသိပညာတွေကို လူသားတွေကော်းဖို့ သုံးသင့်တယ်လို့ထင်တဲ့အဖွဲ့ပါ။ နောက်တစ်ဖွဲ့ကတော့ ဒီလိုတွေ ပြန်ဝင်စားနေရတာဟာ ဆင်းရဲဒုက္ခမို့ ဒီဘဝကနေ လွတ်မြောက်ဖို့ အတွက် ကြိုးစားမယ့်အဖွဲ့ပါ။ သူတို့ ကြိုးစားတာကတော့ ရိုးရှင်းပါတယ်။ ပြန်ဝင်စားစရာမရှိအောင် သက်ရှိတွေ တစ်ယောက်မကျန် သတ်လိုက်ရင် သံသရာအေးသွားမယ်ဆိုတာပါပဲ။ အဲဒီလို နှစ်ဖွဲ့ နှစ်ပေါင်းများစွာ အားပြိုင်လာရင်းနဲ့ တစ်နေ့မှာ သူ့ကိုယ်သူ လူဝင်စားမှန်းမသိဘဲ စိတ်ရောဂါရှိနေတယ်ထင်လို့ ပြဿနာတွေ တက်နေတဲ့ မင်းသားကိုတွေ့သွားတဲ့အခါ အဲဒီမင်းသားက သူတို့ နှစ်ဖွဲ့လုံးအတွက် အရေးအကြီးဆုံးလူဖြစ်နေတာကြောင့် အပြိုင်အဆိုင် လာလုကြပါတော့တယ်။ ကမ္ဘာကြီးရဲ့ ကံကြမ္မာကပါ သူ့အပေါ်မှာ မူတည်နေတာကို သိသွားတဲ့အခါ... File Size :(900 MB) Quality : Web-DL 720P Format…mp4 Duration…01:48:00 Genre : Sci-Fi, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Mr.Anderson Encoded by Phyo Pyae

Comedy • Drama
6.6 2021 106 mins
Infinite
Chaos Walking
6.6

မင်းသားကတော့ တွမ်ဟော်လန်ပါဝင်သရုပ်ဆောင်ထားတဲ့ သိပ္ပံစွန့်စားခန်း ရုပ်ရှင်ကားကြီးဖြစ်ပါတယ်.... ။ တော့ဒ် ဟီးဝစ်ဟာ ကမ္ဘာသစ်မှာ အခြေချနေတဲ့ လူသားတွေထဲက အငယ်ဆုံး ကောင်လေးတစ်ယောက်ပါ။ အဲဒီ ကမ္ဘာသစ်ရဲ့ ထူးခြားချက်က လူတွေရဲ့ အတွေးတွေက အသံတွေပုံရိပ်တွေအဖြစ် ခေါင်းထဲက ထွက်ပေါ်နေတာပါပဲ။ ဒီတော့ တစ်ယောက်ကို တစ်ယောက် လိမ်ဖို့ အတော်ခက်ပါတယ်။ ပြီးတော့ နောက်ထပ်ထူးခြားတာက မိန်းမ တစ်ယောက်မှ မရှိတော့တာပါ။ အဲဒီဂြိုလ်ရဲ့ စပက်ကယ်ဆိုတဲ့ ဂြိုလ်သားတွေက မိန်းမတွေအားလုံးကို သတ်ဖြတ်ခဲ့လို့ပါပဲ။ တစ်နေ့မှာတော့ လူသားတွေပါတဲ့ ယာဉ်တစ်ခု အဲဒီဂြိုလ်ပေါ် ပျက်ကျလာပြီး မိန်းမတစ်ယောက် အသက်ရှင်ကျန်နေခဲ့တဲ့အခါ..... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတော့ Littleneo ပဲဖြစ်ပါတယ်.... File Size : (2.1GB) and (936MB) Quality : HEVC5.1CH,WEB-DL720p Format…mp4 Duration…01:30:00 Genre :  Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Phyo Pyae

Sci-Fi & Fantasy
6.6 2021 109 mins
Chaos Walking
Mary Queen of Scots
6.6

~ IMDb - 6.3/10, Rotten Tomatoes - 62% ~ 1500 ပြည့်နှစ်တွေက စကော့တလန်ဘုရင်မ မယ်ရီနဲ့ အင်္ဂလန်ဘုရင်မ အယ်လိဇဘက်တို့အကြောင်းကို ပြန်လည်ပုံဖော်ထားတဲ့ သမိုင်းကားကောင်းတစ်ကားပေါ့။ တိုင်းပြည်နှစ်ခုရဲ့ ကိုးကွယ်တဲ့ဘာသာ အယူအဆတွေ နိုင်ငံရေးရပ်တည်ချက်တွေ ကွဲပြားပုံနဲ့ နှစ်ဖက်ကောင်စီ၀င်၀န်ကြီးတွေရဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကြားက ၀မ်းကွဲတော်စပ်တဲ့ ဘုရင်မ၂ဦးအကြောင်းကို ရိုက်ထားတာပါ။ မယ်ရီက ကက်သလစ်ကိုးကွယ်သူဖြစ်ပြီး အယ်လိဇဘက်က ရိုမန်ကက်သလစ်ကိုးကွယ်သူဖြစ်ပါတယ်။ အဲဒီတုန်းက ဘာသာရေးကွဲလွဲချက်တွေပြင်းထန်တဲ့အတွက် ၂နိုင်ငံအမြင်မတူဘဲ စစ်ဖြစ်နိုင်တဲ့အခြေအနေပါ။ ဒါကို မယ်ရီက ၀မ်းကွဲအမ အယ်လိဇဘက်ဆီကနေ ဆက်ခံသူအဖြစ်တောင်းဆိုတဲ့အခါ ဒီအချက်က နိုင်ငံ၂ခုကြားက တင်းမာတဲ့အခြေအနေကို ပိုလှုံ့ဆော်လိုက်တာပါ။ မယ်ရီက အသက်၁၅နှစ်မှာ ပြင်သစ်သားနဲ့ အိမ်ထောင်ကျခဲ့ပြီး မုဆိုးမအဖြစ်နဲ့ စကော့တလန်ကိုပြန်လာတာပါ။ အယ်လိဇဘက်က အိမ်ထောင်မရှိ ဆက်ခံသူမရှိတဲ့အတွက် မယ်ရီရဲ့ဖြစ်တည်မှုက အယ်လိဇဘက်ရဲ့အာဏာနဲ့ ထီးနန်းကို ခြိမ်းခြောက်နေခဲ့ပါတယ်။ သံတမန်တွေနဲ့ တွေ့ဆုံပြီး မယ်ရီကို သူတို့ကြိုးကိုင်လို့ရမယ့် အင်္ဂလိပ်လူမျိုးမင်းမျိုးနွယ်နဲ့ လက်ဆက်ပေးဖို့ စီစဉ်ပါတယ်။ မယ်ရီကလည်း သူ့တွက်ကိန်းနဲ့သူ လက်ခံခဲ့ပါတယ်။ မယ်ရီဘုရင်မဖြစ်တာကို ရိုမန်ကက်သလစ်တွေက မုန်းတီးပြီး သွေးထိုးလှုံ့ဆော်ကြပါတယ်။ ပြည်သူတွေကြားမှာ သူက အိမ်ထောင်ရေးဖောက်ပြန်တဲ့ ပြည့်တန်ဆာသာသာပဲ ရှိပါတယ်။ မယ်ရီနဲ့ လက်ထပ်ရသူက သခင်ဒန်လီဖြစ်ပြီး မယ်ရီအတွက် မျိုးဆက်ဆောင်ယူပေးဖို့နဲ့ ဘုရင်ရာထူးမယူပါဘူးဆိုပြီး ကတိပေးထားပါတယ်။ ဒန်လီကိုလည်း ယောကျာ်းချင်းစိတ်၀င်စားသူအနေနဲ့ ထည့်သွင်းထားပါတယ်။ ဒါပေမဲ့ ဒန်လီလည်း သက်ဆိုးမရှည်လှပါဘူး။ ကောင်စီ၀င်တွေရဲ့ နိုင်ငံရေးလှည့်ကွက်ကြားမှာ လုပ်ကြံခံလိုက်ရပါတယ်။ မယ်ရီက သူမသားတော်ရဲ့ ကံကြမ္မာအတွက်ထီးနန်းစွန့်ခဲ့ရပြီး နောက်ဆုံးမှာ အသက်ပါစွန့်ခဲ့ရတဲ့ထိ ပေးဆပ်ခဲ့ရတာကို သံဝေဂရဖွယ် ရှုစားရမှာပါ။ ဒီရုပ်ရှင်ကို ပြဇာတ်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Josie Rourke က ရိုက်ထားပြီး ထိတ်ထိတ်ကြဲ မင်းသမီး ၂ယောက်က မယ်ရီနဲ့ အယ်လီဇဘက် ဘုရင်မနှစ်ပါးအဖြစ် အပြိုင်သရုပ်ဆောင်ထားသေးပါတယ်။ အဲဒီ၂ယောက်ကတော့ ရုပ်ရှင်ပရိသတ်တွေအားလုံးချစ်ကြတဲ့ Saoirse Ronan နဲ့ Margot Robbie ပါပဲ။ Tag Line ကိုက Bow To No One ဆိုတော့ သူတို့၂ယောက် အားပြိုင်တာကို ကောင်းကောင်းကြီးမြင်ကြရမှာပါ။ အော်စကာဆန်ခါတင်လည်း ၂ဆုဝင်ထားပါသေးတယ်။ အဆစ်အနေနဲ့ Guy Pearce နဲ့ Gemma Chan ပါ ပါထားပါသေးတယ်။ John Guy ရဲ့ Queen of Scots: The True Life of Mary Stuart ဆိုတဲ့ နာမည်ကြီးစာအုပ်ကို ပြန်ရိုက်ထားတာဆိုတော့ ‌အင်္ဂလန်နန်းတွင်းကားတွေ အလယ်ခေတ်ကားတွေကြိုက်တဲ့လူတွေအတွက် သရုပ်ဆောင်ရော ဇာတ်လမ်းရော ဘာမှမပြောစရာမရှိအောင် ကြည့်ကောင်းမယ့်ဇာတ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.95GB, 670MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 2H 4Min Genre - Biography, Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Drama • Fantasy • Romance
6.6 2018 124 mins
Mary Queen of Scots
God’s Country Song
5.7

God’s Country Song (2023) ဒီကားလေးကတော့ အရက်အလွန်အကျွံသောက်ပြီး ဒုက္ခရောက် ရုန်းကန်နေရတဲ့ နိုင်ငံကျော် အဆိုတော်တ်ယောက်အကြောင်းပါ။ နိုအာဘရိုင်ယန် ကန်းထရီး အဆိုတော် ဖြစ်ချင်တာကလွဲပြီး တခြား ဘာဆန္ဒမှ မရှိသူရယ်ပါ။ ဒါပေမဲ့ ဒါတွေက သူ့ရဲ့အတိတ်က ဖြစ်ရပ်တွေနဲ့ ပြန်မဆုံမိခင်အထိပါပဲ။ သူ့ရဲ့မန်နေဂျာ လယ်ရီ ဝေါ့ကာ ရဲ့ အကူအညီနဲ့ သူဟာ နာမည်ကြီးတစ်ယောက်အဖြစ်ကို လျင်လျင်မြန်မြန်ပဲ ရောက်ရှိလာခဲ့ပါတယ်။ ရှိုးပွဲဆိုပြီး တစ်ညမှာ သူ မမှတ်မိတော့တဲ့ ဆုံးပါးသွားပြီ ဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ဆီမှာ သူ့ရဲ့သားဖြစ်သူ ၄ နှစ်သား ဂျေ‌ဂျေ ဆိုတဲ့ ကလေးလေး ရှိကြောင်း သတင်းစကား ကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နိုအာ တစ်ယောက် ဘာတွေ ဆက်လုပ်တယ်ဆိုတာကို ဇာတ်ကားထဲမှာ ဆက်ကြည့်လိုက်ကြပါဦး။ ဒီဇာတ်ကားက သီချင်းကြိုက်သူတွေအတွက်ဆိုလည်း မမှားသလို မိဘမေတ္တာဖွဲ့ ကြိုက်သူတွေလည်း ကြိုက်ပါလိမ့်မယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hetang ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.2GB | 639MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hetang Encoder ….. Aaron

5.7 2023
God’s Country Song
Sitting in Bars with Cake
6.5

“အခက်ခဲဆုံးအချိန်တွေမှာ ဘေးနားမှာရှိနေပေးတဲ့သူကမှ စစ်မှန်တဲ့သူငယ်ချင်း” ဆိုတဲ့အတိုင်းပဲ ကိုယ်ကောင်းစားနေတုန်းကတော့အနားမှာရှိနေပေမဲ့ အခက်အခဲကြုံလာတဲ့အခါ တကယ့်သူငယ်ချင်းစစ်စစ်ပဲကျန်ခဲ့ပြီး ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားကြတဲ့ fake friend တွေနဲ့ကြုံဖူးကြမှာပါ ဒီဇာတ်လမ်းလေးကတော့ သူငယ်ချင်းနှစ်ယောက်ကြားကစစ်မှန်တဲ့ သံယောဇဉ်ကိုအသားပေးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ် IMDb 6.5 ရရှိထားပြီး ဒီနှစ်အတွင်း ကြည့်ရှုသူဆက်တိုက်မြင့်တက်လာနေတဲ့ ဇာတ်ကားဆိုရင်လည်းမမှားပါဘူး ဇာတ်လမ်းအကျဉ်းကတော့…. Jane နဲ့ Corrinne တို့ဟာငယ်ကတည်းကခင်လာခဲ့တဲ့သူငယ်ချင်းတွေဖြစ်ပြီး အရွယ်ရောက်လာတဲ့အထိအတူတူကြီးပြင်းလာခဲ့ကြတာပါ Corrinne ကတော့အပြင်ထွက်ရတာကြိုက်ပြီးအပေါင်းအသင်းများပေမဲ့ Jane ကတော့အရှက်ကြီးတဲ့စာဂျပိုးတစ်ယောက်ဖြစ်ပါတယ် တစ်နေ့တော့ Corrinne ရဲ့မွေးနေ့အတွက်ဘားတစ်ခုမှာ သွားကဲကြရင်း ဘားမှာကိတ်မုန့်တွေကျွေးတာက Jane ကိုလူတွေစိတ်ဝင်စားလာစေတယ်ဆိုတာကို သတိထားမိသွားပါတော့တယ် ဒီလိုနဲ့သူတို့သူငယ်ချင်းတွေစုပြီး “Cakebarring” ဆိုတဲ့ဘားတွေကိုကိတ်မုန့်ယူသွားပြီး Jane အတွက်ကောင်လေးရှာပေးဖို့ ပရောဂျက်ကြီးကိုစတင်လိုက်ပါတော့တယ် အားလုံးအဆင်ပြေချောမွေ့နေခဲ့ပေမဲ့ ရုတ်တရက် Corrinne တစ်ယောက်ဦးနှောက်အကျိတ်ကြောင့်ဆေးရုံတင်လိုက်ရပြီး ကင်ဆာရောဂါဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့….. ကင်ဆာရောဂါကလူကိုတစ်စတစ်စတိုက်စားနေပေမဲ့ Corrinne ကတော့ဘေးမှာအမြဲရှိနေပေးတဲ့သူငယ်ချင်းကြောင့် လုံးဝ အားမငယ်ခဲ့ရပါဘူး Corinne တစ်ယောက်ကင်ဆာရောဂါကိုတိုက်ထုတ်ရင်း သူတို့ကတိပေးထားတဲ့ “Cakebarring” ပရောဂျက်ကိုပြီးဆုံးအောင်လုပ်နိုင်ပါ့မလား သူတို့သူငယ်ချင်းနှစ်ယောက်သား ခက်ခဲတဲ့အချိန်တွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ ဆိုတာကို ကြည့်ရှူရမှာပါ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Romance, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

6.5 2023
Sitting in Bars with Cake
The Second Best Exotic Marigold Hotel
6.5

The Second Best Exotic Marigold Hotel (2015) ~ IMDb – 6.5/10, Rotten Tomatoes – 66% ~ ဒါကတော့ 2011 ခုနှစ်ကထွက်ခဲ့တဲ့ “The Best Exotic Marigold Hotel” ရဲ့ အဆက်ကားပါပဲ။ လေးနှစ်အကြာ 2015 ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး ပထမကားရဲ့ ဒါရိုက်တာဖြစ်တဲ့ အော်စကာဆုရှင် John Madden ကပဲပြန်ရိုက်ထားပါတယ်။ အရင်တစ်ကားလိုပဲ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေဖြစ်တဲ့ Maggie Smith, Judi Dench, Bill Nighty တို့ပြန်ပါတဲ့အပြင် မင်းသားကြီး Richard Gere ပါထပ်ဆောင်းပါလာသေးလို့ Cast တွေက မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ ဒီ Sequel ထဲမှာဆိုရင် ဆန်နီက ဒုတိယအကောင်းဆုံးတိုင်းတစ်ပါးမေရီဂိုးလ်ဟိုတယ်ဖွင့်ဖို့ ကြိုးစားနေရင်း တစ်ဖက်မှာလည်း ချစ်သူနဲ့လက်ထပ်ဖို့ပြင်ဆင်နေတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ အဲဒါအပြင် တခြားဇာတ်ကောင်တွေရဲ့ချစ်သူရည်းစားဆက်ဆံ‌ရေးအကြောင်းတွေ၊ အသက်ကြီးပေမဲ့ ဘ၀အသစ်တစ်ခုပြန်စဖို့မနောက်ကျသေးတဲ့အကြောင်းတွေအပြင် တခြားနမူနာယူ အတုယူစရာတွေကို ရင်တသိမ်သိမ့်တနွေးနွေးကြည့်ရှုရမှာဖြစ်ပါတယ်။ အရင်ကားထက် မသာပေမဲ့လည်း မဆိုးရွားတဲ့ Sequel ဖြစ်တဲ့အပြင် တမူထူးခြားတဲ့အရသာကိုပါခံစားကြည့်နိုင်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 970MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 2H 2Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.5 2015
The Second Best Exotic Marigold Hotel
The Phantom Lover
6.6

The Phantom Lover (1995) ~ IMDb – 6.6/10, Rotten Tomatoes – 60% ~ လတ်စလီချောင်ရဲ့ သမိုင်းတစ်လျှောက်က အရမ်းမခမ်းနားရင်တောင် လတ်စလီချောင်ကားမို့ အလိုလိုခမ်းနားသွားတဲ့ ရုပ်ရှင်တွေထဲကတစ်ကားပေါ့။ ဒါပေမဲ့ The Phantom Lover က တကယ်ဆို တော်တော်ခမ်းနားတဲ့ ကလပ်စစ်ကားဖြစ်သွားသင့်တာကို မဖြစ်သွားခဲ့တာဆိုတော့ နှမြောစရာတော့ကောင်းတယ်။ ဘာလို့ဆို The Phantom Lover ဟာ နာမည်ကျော် The Phantom of the Opera ဝတ္တုကိုပဲ မှီးပြီးရိုက်ခဲ့တာမို့ပါပဲ။ အင်္ဂလိပ်ကားတွေလည်း တစ်သီတစ်သန်းကြီး ထွက်ခဲ့ဖူးတဲ့ ဝတ္တုပေါ့။ The Phantom Lover ဟာတော့ ဒါရိုက်တာလည်းကောင်း သရုပ်ဆောင်တွေလည်းကောင်းပေမဲ့ သရုပ်ဆောင်နှစ်ယောက်ကြားက Chemistry က ပေါ်သင့်သလောက်မပေါ်သွားတာကြောင့် ကလပ်စစ်တန်းဝင်ကားတော့ မဖြစ်သွားခဲ့ဘူး။ ဒီလိုဆိုလို့ ဒါရိုက်တာမကောင်းလို့လားဆိုတော့ မဟုတ်ပြန်ဘူး။ The Phantom Loverရဲ့ ဒါရိုက်တာ Ronny Yu ဟာ ဟီးရိုးပြီးရင် ဂျက်လီရဲ့ ဒုတိယအကောင်းဆုံးကားလို့ ပုဂ္ဂလိက အမြင်အရ ကျွန်တော်သတ်မှတ်ထားတဲ့ Fearless ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်းဟုတ်သလို ကမ္ဘာသိ အများကြိုက်ကြတဲ့ Freddy vs. Jason ကို ရိုက်ခဲ့တဲ့သူလည်း ဟုတ်တယ်။ နောက် ဒီကားမှာ လတ်စလီချောင်အပြင် ကျွန်တော်သဘောကျတာက ဂျက်ကလင်းဝူ။ ဂျက်ကလင်းဝူဟာ A Moment of Romance ထဲ အချစ်ကလွဲ ဘာမှမမြင်တဲ့ ချစ်စရာကောင်မလေးအဖြစ် သရုပ်ဆောင်တဲ့နေရာမှာ အတုမရှိအောင် ပြောင်မြောက်ခဲ့သလို ဒီရုပ်ရှင်ထဲက အချစ်ကို ဘဝတစ်ခုလုံးနဲ့ ရင်းခဲ့တဲ့ဇာတ်ကောင်နေရာမှာလည်း အံဝင်ခွင်ကျဖြစ်နေတယ်။ ဒါရိုက်တာဘက်ကလိုနေရင်တောင် သရုပ်ဆောင်တွေ မျက်နှာထောက်ပြီး ကြည့်တော့ကြည့်သင့်တဲ့ရုပ်ရှင်လို့ပြောရမှာပဲ။ ဟောင်ကောင်ပရိသတ်တွေတော့ ကျွန်တော့်လိုပဲ လတ်စလီချောင်နဲ့ ဂျက်ကလင်းဝူနဲ့တင် သဘောကျကြမှာပဲ။ The Phantom of the Opera ကို မှီးထားတယ်ဆိုပေမဲ့လည်း ဒီရုပ်ရှင်ထဲက ကာရိုက်တာကတော့ တကယ်ရှိခဲ့တဲ့ တရုတ်အော်ပရာသမား ထန်ချောင်ကိုလည်း မှီငြမ်းထားသေးတယ်။ ရိုမီရို ဂျူးလိယက်ဇာတ်ကိုသုံးပြီးလည်း ဇာတ်ကို ပိုကြွအောင်လုပ်ထားသေးတယ်။ ဇာတ်လမ်းကတော့ ၁၉၄၀ဝန်းကျင် တရုတ်ပြည်က နာမည်ကျော် အော်ပရာသမားတစ်ယောက်ရယ် သူချစ်တဲ့ မြို့မျက်နှာဖုံးသူဌေးသမီးရယ်။ တားမြစ်ထားတဲ့အချစ်ကို ဖန်တီးမိတဲ့သူတို့၂ယောက်ကို ခွဲကြမယ့်သူတွေရယ်ကြားက ဇာတ်ပေါ့။ ကြမ္မာဆိုးတွေ ဝိုင်းရံခြင်းခံရတဲ့ ချစ်ခြင်းတစ်ခုအကြောင်းဆိုလည်း မမှားဘူး။ ထူးတာကတော့ ဒါရိုက်တာက အတိတ်နဲ့ လက်ရှိမှာ လက်ရှိကို မှုန်မှုန်မှိုင်းမှိုင်းပြပြီး အတိတ်ကိုကြည်ကြည်လင်လင်ပြသွားတယ်။ မြင်နေကျစတိုင်တော့မဟုတ်ပေမဲ့ ဒီရုပ်ရှင်ရဲ့ပစ္စုပ္ပန်က မှုန်မှိုင်းနေပြီး လှပခဲ့တဲ့ အချိန်တွေက အတိတ်မှာပဲကျန်နေတာဆိုတော့ ဒီလိုပဲဖြစ်သင့်တယ်လို့ ပြောရမှာပဲ။ ဘာနေနေပါ ဂျက်ကလင်းကို ချစ်မိဖူးတဲ့လူတွေ၊ ဟောင်ကောင် ဂန္ထဝင်တစ်ပါးဖြစ်တဲ့ လတ်စလီချောင်ရဲ့ ကြွင်းရစ်တဲ့ ဖန်တီးမှုတွေကို ချစ်တဲ့လူတွေအတွက် ဒီကားဟာ အရမ်းကြီးမကောင်းတောင် ကောင်းနေပါလိမ့်မယ်။ ဒီရုပ်ရှင်ရဲ့ Theme song ကိုလည်း လတ်စလီချောင်ကိုယ်တိုင်သီဆိုခဲ့ပြီး သူ့အယ်လ်ဘမ်မှာ ပြန်ထည့်ခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ဟာလည်း လတ်စလီကို လွမ်းဆွတ်တဲ့ နောက်ထပ်ရုပ်ရှင်တစ်ကားပဲပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 865MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 40Min Genre – Drama, Music, Romace Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.6 1995
The Phantom Lover
Trinket Box
5

သရဲကား ကြိုက်နှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ Trinket Box ဆိုတဲ့ သရဲကားလေးကို တင်ဆက်ပေးလိုက် ပါတယ်။သရဲကား အမျိုးအစားတွေထဲကမှ ပြောရမယ်ဆိုရင် ဒီကားက ဖြဲခြောက်တာမျိုးမဟုတ်ဘဲနဲ့ စိတ္တဇဆန်ဆန် ခြောက်ခြားစရာကောင်းအောင် ရိုက်ကူးထားတဲ့ကားမျိုးပဲ ဖြစ်ပါတယ်။ပြီးတော့ သရဲခြောက်ရတဲ့ အကြောင်းအရင်းက အမေရိကန်မှာ ဘိုးဘေးဘီဘင်‌ ခေတ်အဆက်ဆက် ကတည်းဖြစ်တည်လာခဲ့တဲ့ လူဖြူလူမည်းလူမျိုးရေးခွဲခြားမှုကို အခြေခံပြီး ဖြစ်လာရတာပဲဖြစ်ပါတယ်။ လူဖြူကောင်မလေးနဲ့ လူမည်းကောင်လေးတို့က ကောင်မလေးရဲ့ အိမ်ထဲမှာ တိုးတိုးတိတ်တိတ် မိဘတွေမသိအောင်ချိန်းတွေ့ ကြည်နူး သာယာတစ်တီတူးနေတုန်း ကောင်မလေးရဲ့ အဖေဖြစ်သူ အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ဖြစ်ချင်တော့ ကောင်မလေးရဲ့ အဖေကလူမည်းတွေကို အရမ်းမုန်းတီးနေသူဖြစ်တဲ့အတွက် ကောင်လေးကို မရမကလိုက်ဖမ်းပြီး အပီအပြင်တွယ်ပါ တော့တယ်။ခွေးတောင်မှ ချောင်ပိတ်ခံရရင် ပြန်ကိုက်သလို သူလည်းကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပါတဲ့ ဓားနဲ့ယမ်းလိုက်တာ ကောင်မလေးအဖေ သေသွားပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်း သူတို့နေတဲ့ အိမ်ထဲမှာခြောက်ခြားစရာတွေဖြစ်လာပြီး အခုခေတ် အချိန်ကာလကို ရောက်လာပါတော့တယ်။အခုလည်း အဲ့ဒီအိမ်မှာ လူဖြူကောင်မလေးနဲ့ လူမည်းကောင်မလေးလင်မယား နှစ်ယောက်ပြောင်းရွှေ့နေထိုင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဘ၀လေးက ပျော်ရွင်စရာလေးဆိုပေမဲ့ မစ္စဒေးဗစ်လို့ခေါ်တဲ့ လူမျိုးရေးခွဲခြားတဲ့ အဖွားကြီးတစ်ယောက်က အတင်းတွေအိမ်ကို လာမိတ်ဆက်ပြီး လည်ဆွဲလေးတစ်ခုကို လက်ဆောင်ပေးခဲ့ပြီးနောက်မှာ သူတို့လင်မယားဘ၀မှာ ထူးဆန်းမှုတွေ ပြည့်နှက်လာပြီး အဲ့ဒီလည်ဆွဲကရော ဘာတွေထူးခြားနေလဲဆိုတာကိုကြည့်ရမဲ့ Horror/Thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1GB/ 427MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Documentary
5 2023 104 mins
Trinket Box
Once Upon a Time in China V
5.9

ဒီဇာတ်ကားလေးမှာတော့ ဝမ်ဖေးဟုန်ဟာ မိသားစုဝင်တွေ တပည့်တပန်းတွေနဲ့ ဟောင်ကောင်ကို ပြန်တဲ့လမ်းတစ်ထောက်မှာ သုဿန်တလင်းလို ခြောက်ကပ်နေတဲ့ မြို့တစ်မြို့ကို ရောက်ရှိလာပါတော့တယ်။ ဖြစ်ပုံကတော့ မဟာမိတ်တပ်တွေက မြို့တော်ကို သိမ်းပိုက်လိုက်တဲ့အချိန်မှာ ဒေသခံအာဏာပိုင်တွေက တစ်ကိုယ်ကောင်းဆန်ပြီး မြို့နယ်ဘဏ္ဍာငွေတွေကို ခိုးယူကာ ထွက်ပြေးသွားပါတော့တယ်။ ဒါကြောင့် တစ်မြို့လုံးက တရားဥပဒေစိုးမိုးမှုမရှိဘဲ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလို ပင်လယ်ဓားပြတွေကလည်း သောင်းကျန်းချင်တိုင်း သောင်းကျန်းနေပြီး မြို့သူ့မြို့သားတွေခမျာ စားစရာမရှိ လျော်စရာရှိ ဖြစ်နေပါတော့တယ်။ ဒါကို သိလိုက်ရတဲ့ ဝမ်ဖေးဟုန်ဟာ တရားဥပဒေစိုးမိုးရေး နှင့် ငြိမ်ဝပ်ပိပြားရေး ပြန်လည်ဖြစ်တည်လာအောင် ပင်လယ်ဓားပြတွေကို တိုက်ထုတ်ဖို့အတွက် အကြောင်းဖန်လာပါတော့တယ်။ ဂျက်လီ၊ ဂျက်ကီချန်း၊ ဝမ်ဖေးဟုန်တို့ဆိုတာ ငယ်ငယ်ကတည်းက မသိတဲ့သူ မရှိလောက်အောင် နာမည်ကြီးတဲ့အတွက် ဒီဇာတ်ကားလေးကတော့ ငယ်ဘဝကို လွမ်းဆွတ်စရာ ဇာတ်ကားကောင်းလေးမို့လို့ ကြည့်လိုက်ကြပါဦးခင်ဗျာ။ File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre… Action, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

Horror
5.9 1994 101 mins
Once Upon a Time in China V
Brutal Heat Brutální vedro
4.4

Brutal Heat (2023) IMDb Rating (4.4) လူသားတွေဟာ အခက်အခဲဒုက္ခတွေနဲ့တွေ့ကြုံလာရရင် သိမ်မွေ့နူးညံ့တယ်ဆိုတဲ့ အပြုအမူတွေမရှိတော့ဘဲ အဆင်ပြေပြေရှင်သန်နိုင်ဖို့အတွက် သင့်၏ မသင့်၏ မစဉ်းစားနေတော့ဘဲ ဦးနှောက်ကနေ ပေါ်လာတဲ့အတိုင်း ထင်ရာစိုင်းလုပ်တတ်လေ့ရှိပါတယ်။ ဒါကို ဒီ “Burning Heat” ဆိုတဲ့ ကားထဲမှာ တွေ့ရမှာပါဒီရုပ်ရှင်ကားထဲမှာဆိုရင်တော့ နေအပိုင်းအစတစ်ခုဟာ ကမ္ဘာဂြိုလ်နားနီးကပ်လာပြီးတော့ လှည့်ပတ်နေတာကြောင့် ကမ္ဘာကြီးဟာ ပုံမှန်ထက်အများကြီးပူလောင်လျက်ရှိပါတယ်။ ဒါကြောင့် ကမ္ဘာမြေပေါ်မှာနေထိုင်ကြတဲ့လူတွေဟာလည်း ဒီပူလောင်တဲ့ဒုက္ခကနေ ခဏတာဖြစ်ဖြစ်ကင်းဝေးဖို့ဆိုပြီး စိတ်ထဲထင်တာတွေအကုန် ဘာမှမစဉ်းစားဘဲ လုပ်လာကြပါတယ်။ အဲဒီထဲကမှ ဗင်းဆန့်ဆိုတဲ့လူငယ်လေးဟာ ရာသီပူလောင်လို့ စိတ်ညစ်ရသလို ဖခင်ဖြစ်သူနဲ့လည်း အဆင်မပြေတာကြောင့် တစ်နေ့မှာ သူ့သူငယ်ချင်း တွေ ပါတီစုဖွဲ့လုပ်နေတဲ့ အဝေးက သစ်သားအိမ်လေးဆီကို စိတ်ထွက်ပေါက်အဖြစ်နဲ့ ခရီးစထွက်လာခဲ့ပါတယ်။ ဒီခရီးလမ်းတလျှောက်မှာပဲ လူအမျိုးမျိုးကိုတွေ့ကြုံလာရပြီး ဘယ်လိုအခက်အခဲတွေ ကြုံတွေ့လာရမလဲဆိုတာနဲ့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးကိုပဲ ဆက်လက်ကြည့်ရှုအဖြေရှာကြည့်လိုက်ပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Fiona Spalko ဖြစ်ပါတယ်။) File size…(1.6 GB) / (670 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:13:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Fiona Spalko

4.4 2023 73 mins
Brutal Heat Brutální vedro