YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Unpredictable Family (2023)EP107 WEB-DL720P(CM).mp4

209.17 MB N/A video/mp4 50 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Blue Gate Crossing
7

IMDb Rating - 7.4/10 ကိုယ့်နှလုံးသားကို ဝေခွဲမရဖြစ်နေတဲ့ မိန်းကလေးတွေရော၊ မချစ်သင့်တဲ့သူကို ချစ်မိတဲ့ကိုကိုတွေရောမမတွေရော အတွေး တစ်စုံတစ်ရာရရှိအောင်လုပ်ပေးနိုင်တဲ့ LGBT ထိုင်ဝမ်ကား လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ထိုင်ဝမ်ရုပ်ရှင်တို့ထုံးစံအတိုင်း သဘာဝကျတဲ့ရိုက်ချက်တွေနဲ့ အပီအပြင်တင်ဆက်ပေးထား ပါတယ်။ ကျောင်းမှာအရမ်းချောတဲ့ ကျောင်းသားလေးဖြစ်တဲ့ ကျန်းရှီး ဟောင်ကို လင်ယွဲ့ကျန်းကျောင်းသူက အရူးအမူးချစ်နေပါ တယ်။ ဘယ်လောက်တောင်ချစ်လဲဆိုရင် ကျန်းရှီးဟောင် စွန့်ပစ်ထားတဲ့ စာအုပ်၊ ဘောလုံး၊ အသုံးအဆောင်ပစ္စည်း တွေကအစ အမှိုက်ပုံးထဲကနေယူပြီး အိမ်မှာစုထားတဲ့သူပါ။ ဘယ်လောက်ပဲချစ်ချစ် သူငယ်ချင်းလုပ်ဖို့တောင် လုံးဝဖွင့် မပြောရဲတဲ့ ကြိတ်ခရက်ချ်သူလေးပေါ့။ သူ့ကိုကူညီပေးဖို့ မုန့်ခယ်ရုံဆိုတဲ့အချစ်ဆုံးသူငယ်ချင်းကို အကူအညီတောင်းခဲ့ပါတယ်။ ကြားထဲကနေ အောင်သွယ် ပေးရင်းနဲ့ ကျန်းရှီးဟောင်နဲ့လင်ယွဲ့ကျန်းတို့ နှစ်ယောက်ကြား ဗျာများလာခဲ့ရပါတော့တယ်။ တစ်နေ့မှာ “ကျွန်မကိုမနမ်း ချင်ဘူးလား”လို့ အရဲစွန့်ပြီးမေးလိုက်တဲ့တစ်ယောက်က မုန့်ခယ်ရုံဖြစ်သွားတဲ့အခါ.... ကျန်းရှီးဟောင်၊ လင်ယွဲ့ကျန်း၊ မုန့်ခယ်ရုံတို့သုံးယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့် လိုက်ပါတော့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.5 GB) / (622 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 39Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Jo Jo Va Encoder..........SWM

Horror
7 2002 85 mins
Blue Gate Crossing
A Banquet
4.3

Horror, Thriller ဟိုလီဟာ ခင်ပွန်းသည် ရောဂါဆိုးတစ်ခုနဲ့သေဆုံးသွားပြီးတဲ့နောက်မှာ ဘက်စီ ၊ အစ်ဇီ ဆိုတဲ့ သမီးနှစ်ယောက်နဲ့ ဘ၀ကို ဆက်လက်ရုန်းကန် နေခဲ့ပါတယ်။ တစ်နေ့မှာ သမီးကြီး ဘက်စီဟာ အစာလုံး၀မစားနိုင်ဘဲ နေမကောင်း ဖြစ်လာပါတယ်။ ဆရာ၀န်မျိုးစုံ အထူးကုမျိုးစုံပြပေမယ့် ထူးခြားမလာ ပါဘူး။ တကယ်တော့ ဘက်စီကို နတ်ဆိုးတစ်ကောင်က ၀င်ပူးနေခဲ့တာ ဖြစ်ပြီး ဘက်စီရဲ့ အပြုအမူအပြောအဆိုတွေဟာလုံး၀ပြောင်းလဲလာကာ ရှေ့ဖြစ်ဟော မှော်ဆရာတစ်ယောက်လိုဖြစ်ပါတယ်။ အဲ့တော့ ဘက်စီကို ဘာကြောင့် ဒီလိုတွေဖြစ်နေတာလဲ၊ ဖခင်သေဆုံးမှုနဲ့ ဘယ်လိုပတ်သက် နေလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ စိတ်၀င်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(730 MB) / (489 MB) / (281 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 37mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Thiha Yan Naing Encoder..........SWM

Action • Drama
4.3 2022 97 mins
A Banquet
Gwen Shamblin: Starving for Salvation

ဖြစ်ရပ်မှန်‌ဇာတ်လမ်းကို ‌အခြေခံပြီး ရိုက်ကူးထားတဲ့ ဘာသာရေး ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဂွမ်ရှမ်ဗလင်လို့ခေါ်တဲ့ အမျိုးသမီးဟာ ဝိတ်ချနည်း သင်ကြားတဲ့သူတစ်ယောက်ဖြစ်ပါတယ် ဒါပေမဲ့ သူဟာ သူ့ဝိတ်သူ လိုချင်တဲ့ အနေအထားကို ထိန်းမထားနိုင်ခဲ့ပါဘူး ဒီလိုနဲ့ ဂွမ်ဟာ ဝိတ်ချနည်းကိုရှာဖွေရင်း ဝတ်ပြုရင်း ဝိတ်ချတဲ့ နည်းလမ်းကို ရှာဖွေတွေ့ရှိသွားပါတယ် ထိုနည်းလမ်းဟာလည်း တကယ်အောင်မြင်သွားပြီး ဂွမ်ထုတ်ဝေခဲ့တဲ့ စာအုပ်ဟာလည်း အောင်မြင်လာကာ ဂွမ် တစ်ယောက် ဝိတ်ချ ပရိုဂရမ်ကနေ ဘာသာရေး အသင်းတစ်ခုကိုပါ တည်ထောင်လိုက်ပါတော့တယ် ဒီလိုနဲ့ တဖြည်းဖြည်း အကြီး အကျယ် အောင်မြင်လာတဲ့ ဂွမ်တစ်ယောက် အောင်မြင်မှုကို ထိန်းထားနိုင်မလား အောင်မြင်မှုကြောင့် ဘာတွေဖြစ်လာမလဲဆိုတော့ ‌စောင့်ကြည့်ပေးကြပါဦးခင်ဗျာ…….. File size…(1.5 GB)/(670 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

0 2023
Gwen Shamblin: Starving for Salvation
Maestro
7.2

Maestro (2023) ~ IMDb – 7.2/10, RT – 80%, Meta – 78% ~ Maestro ဟာ လက်ရှိမှာ American Film Institute ရဲ့ Top Ten Films of The Year စာရင်းဝင်ထားပြီး Bradley Cooper ရဲ့ ဒါရိုက်တာဘဝ ပိုအသက်ဝင်လာစေတဲ့ ရုပ်ရှင်လို့ပြောကြတယ်။ Maestro ကို ကနဦးမှာတော့ ပါရာမောင့်က မာတင်စကောဆဲစီရိုက်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး The Irishman ရိုက်ဖို့ မာတင်ကြီးက ငြင်းလိုက်လို့ စပီးဘာ့ဂ်ရဲ့ Amblin Entertainment လက်ထဲရောက်သွားပြီး ဘရက်ဒလေကူးပါးလက်အပ်လိုက်ပါတယ်။ မာတင်စကောဆဲစီလည်း သူ မရိုက်ဖြစ်ပေမဲ့ စတီဗင်စပီးဘာ့ဂ်နဲ့အတူတူ ပရိုဂျူဆာတော့ ဝင်လုပ်ထားပေးတယ်။ စီနီမာတိုဂရပ်ဖာကတော့ ဒါရန်အာရွန်နော့စကီးရဲ့ Pi (1998), Requiem for a Dream (2000), The Fountain (2006) နဲ့ Black Swan (2010) တို့အပြင် သူ့ကားတိုင်းအားလုံးနီးပါးမှာ စီနီမာတိုဂရပ်ဖာလုပ်ပေးခဲ့တဲ့ Matthew Libatique ပါပဲ။ ကူးပါးရဲ့ ပထမကား A Star is Born မှာလည်း သူပဲ စီနီမာတိုဂရပ်ဖာလုပ်ပေးထားတာပါ။ ဇာတ်ညွှန်းပိုင်းကိုတော့ ဘရက်ဒလေကူးပါးနဲ့ ဂျို့စ်ဆင်းဂါးက ကိုင်ခဲ့တယ်။ ဂျို့စ်ဆင်းဂါးက Spotlight (2015) နဲ့ အော်စကာမှာ အကောင်းဆုံးဇာတ်ညွှန်းဆုရဖူးတဲ့လူလည်းဟုတ်သလို The Post (2017) နဲ့ First Man (2018) တို့ကိုလည်း ဇာတ်ညွှန်းရေးခဲ့ဖူးတယ်။ ဇာတ်ကတော့ ခေတ်တစ်ခေတ်ရဲ့ဂန္ထဝင် ဂီတပညာရှင်တစ်ယောက်ဖြစ်တဲ့ လီယိုနာ့ဒ်ဘန်စတိုင်းအကြောင်းပါ။ သူ့အကြောင်းဆိုတာထက် သူနဲ့ သူ့မိန်းမ တယ်လီဗေးရှင်းမင်းသမီး ဖယ်လီစီယာမွန်တီလက်ဂျ်ရဲ့ ဆက်ဆံရေးအကြောင်းဆို ပိုမှန်မယ်။ အဲဒီဆက်ဆံရေးဆိုတာကလည်း ကျွန်တော်တို့မြင်နေကျတွေလို ကတောက်ကဆတွေချည်း ရိုက်ပြထားတာမျိုးမဟုတ်တာက သူ့ထူးခြားချက်ပဲဖြစ်မယ်။ လီယိုနာ့ဒ်အကြောင်းအရင်ပြောရရင် ဒီဘဲက ဂီတပညာရှင်။ ဘယ်လိုဂီတပညာရှင်လဲဆိုတော့ ဂီတနဲ့ပတ်သက်ရင် အကုန်သူ့နယ်ပယ်ပဲလို့ ခံယူပြီး ဂီတနဲ့ပတ်သက်သမျှ အကုန်လုပ်တဲ့ အကုန်လည်းဟုတ်တဲ့ ဂီတပညာရှင်။ သူက ဂီတမှူး၊ ဂီတစာဆို၊ စန္ဒယားဆရာ၊ ဂီတသင်ကြားသူ၊ ရုပ်ရှင်နောက်ခံတေးစသဖြင့် အစုံ့အစုံအကုန်လုပ်ခဲ့တဲ့သူ။ အမေရိကန်သမိုင်းက အတော်ဆုံး အအောင်မြင်ဆုံး ဂီတသမားတွေထဲက တစ်ယောက်လည်းဟုတ်တယ်။ သူ့ကို နာမည်နဲ့တွဲမသိရင်သာနေမယ်။ ရုပ်ရှင်သမားတွေတော့ သူ့ဂီတနဲ့ကောင်းကောင်းရင်းနှီးကြလိမ့်မယ်။ Elia Kazan ရိုက်ပြီး မာလွန်ဘရန်ဒိုသရုပ်ဆောင်ထားတဲ့၊ Best Picture အထိရခဲ့တဲ့ On the Waterfront ရဲ့ နောက်ခံတေးကို သီကုံးခဲ့တဲ့သူ။ အဲဒီကားနဲ့ သူဆန်ခါတင်လည်းဝင်ခဲ့ဖူးတယ်။ West Side Story မူရင်းကားရဲ့ဂီတပိုင်းကိုရော သူပဲကိုင်ခဲ့သလို လူမရှိတော့ပေမဲ့ စပီးဘာ့ဂ်ပြန်ရိုက်တဲ့အသစ်မှာလည်း သူ့ဂီတကိုပဲ ပြန်သုံးထားတယ်။ ကုန်ကုန်ပြောရရင် ဒီ Maestro ထဲက ဂီတပိုင်းတောင် သူ့ဂီတကိုပဲ ပြန်သုံးထားတာပါပဲ။ လီယိုနာ့ဒ်ဟာ တိုနီဆု ၂ဆု၊ ဂရမ်မီ ၁၆ဆု၊ အမ်မီ ၇ဆု ရခဲ့တယ်။ အော်စကာတော့ မရခဲ့ရှာပါဘူး။ ဒါပေမဲ့လည်း သူ့လိုင်းက ပြဇာတ်နဲ့ဂီတမှူး ဂီတစာဆိုလိုင်းဘက်ပိုသွားတော့ သူလုပ်ခဲ့တာတွေနဲ့ သူရထားတာတွေနဲ့က အံကိုက်တော့အံကိုက်ပါပဲ။ ဘန်စတိုင်းနေရာကတော့ ဘရက်ဒလေကူးပါးကပဲ သရုပ်ဆောင်ထားပြီး သူ့မိန်းမနေရာကတော့ ကာရေးမယ်လီဂန်က သရုပ်ဆောင်ထားတယ်။ Maestro မှာ ကူးပါးဟာ ဘန်စတိုင်းရဲ့ ဘဝဇာတ်ကို သူ့အနုပညာနဲ့ သူ့မိသားစုဘဝ ၂ခုလုံးကို ပြသွားတယ်။ ဒီလိုဆိုပေမဲ့ သူ့မိသားစုဘဝဘက်ကိုတော့ ပိုအလေးပိုလိမ့်မယ်။ ဒီရုပ်ရှင်မှာ ဘန်စတိုင်းရဲ့ အောင်မြင်ခြင်းတွေထက် သူ့မိန်းမဖယ်လီစီယာရဲ့ အချစ်နဲ့နားလည်မှုက သူ့အောင်မြင်ခြင်းကို ဘယ်လိုအရောင်တင်ပေးခဲ့လဲ ပိုအလေးပေးပြသွားတယ်လို့ပြောရမယ်။ ဒါကြောင့်ပဲ မယ်လီဂန်အတွက် သရုပ်ဆောင်ကွက် ပိုရခဲ့သလို သူကလည်း ကောင်းကောင်းကြီး ထုတ်ပြနိုင်ခဲ့တယ်။ ဒီရုပ်ရှင်မှာတော့ ကူးပါးထက်ကို မယ်လီဂန်ရဲ့သရုပ်ဆောင်ပေါက်တွေက ပိုတာသွားတယ်လို့ မြင်တယ်။ ၂၀၀၉မှာ An Education, ၂၀၂၀မှာ Promising Young Woman တို့နဲ့ အော်စကာ ဆန်ခါတင်ဝင်ဖူးခဲ့တဲ့ Carey Mulligan ကတော့ ဒီနှစ်လည်း Golden Globe မှာ မင်းသမီးဆုဝင်ထားသလို Maestro နဲ့ သူ့ကိုရသင့်တယ်အော်နေကြတဲ့ အသံတွေလည်းရှိနေ‌တော့ ဆန်ခါတင်ပဲထပ်ဝင်သွားမလား ရပဲရသွားမလား ကြည့်ရဦးမှာပါပဲ။ လီယိုနာ့ဒ်နဲ့ ဖယ်လီစီယာတို့ရဲ့ သမီးနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဂျေမီအဖြစ်သရုပ်ဆောင်သွားတဲ့ Maya Hawke ကလည်း အခန်းသိပ်မရပေမဲ့ ပါသလောက်မှာ သဘောကျချင်စရာတော့ကောင်းတယ်။ ဇာတ်လမ်းက လီယိုနာ့ဒ်နဲ့ သူ့မိန်းမကြားက အချစ်လို့ခေါ်မလား မေတ္တာလို့ခေါ်မလား အဲဒီအရာတစ်ခုကိုတော့ ပေါ်လွင်အောင်ပြသွားနိုင်ခဲ့တယ်။ ပြဿနာလုံးဝကင်းတယ်တော့မဟုတ်ပေမဲ့ ချစ်ခြင်းနဲ့အဆုံးသတ်ပြီး သတိရခြင်းနဲ့ ခရီးဆက်နေတဲ့ လီယိုနာ့ဒ်ရဲ့အခြေအနေကိုလည်း ပြသွားတယ်။ ပြောရရင် Maestro တစ်ယောက်ရဲ့ ဘဝပဲ့ကိုင်ရှင်တစ်ယောက်အကြောင်းပဲထားပါတော့။ သေချာတာတော့ သတိရခြင်းနဲ့ ခရီးဆက်နေတဲ့ လူတစ်ယောက်ကိုတော့ ခံစားမိမှာပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.6GB, 1.2GB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 2H 9Min Genre – Biography, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.2 2023
Maestro
[18+] Bedspacer
8.2

Bedspacer (2023) ဂျဲနက်စ်ဆိုတဲ့ကောင်မလေးဟာ တစ်ချိန်က ရာဇဝတ်မှုနောက်ခံရှိခဲ့ပြီး ကျောင်းကိုပြောင်းလာတဲ့ ကျောင်းသူသစ်ဖြစ်ပါတယ်။ သူလာတက်တဲ့ကျောင်းက သူဌေးသားသူဌေးသမီးတွေအတက်များပြီး အရက်၊ မူးယစ်ဆေးနဲ့ လိင်ကိစ္စတွေဟာ အထူးအဆန်းမဟုတ်သလို အရာရာကို ငွေလမ်းခင်းလို့ရတဲ့နေရာပါ။ ရောက်ရောက်ချင်းညမှာပဲ သူ့အဆောင်က ကောင်မလေးနှစ်ယောက် ချစ်တင်းနှောတာကိုချောင်းကြည့်သလိုဖြစ်သွားတဲ့အတွက် ရန်ငြိုးဖွဲ့ခံလိုက်ရပြီး နောက်နေ့ကျ သူကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုက ဗီဒီယိုနဲ့ အရှက်ခွဲခံခဲ့ရပါတယ်။ အဲဒီမှာသူ့ကိုကယ်တင်ပေးခဲ့တဲ့ လက်စီ ဆိုတဲ့ မိန်းကလေးကို အားကိုးမိ၊ တွယ်တာမိရာကနေ ပုံမှန်ထက် လွန်ကဲသွားတဲ့အခါမှာတော့…။ မမြင်ရတာကြာပြီဖြစ်တဲ့ Christine Bermas ရဲ့တကျော့ပြန်ဇာတ်ကားဖြစ်ပါတယ်။ အားရစရာကောင်းကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 970MB Quality – 1080p, 720p IMDb Rating – 8.2/10 Format – mp4 Duration – 1H 30Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Science Fiction • Action • Adventure
8.2 2023
[18+] Bedspacer
The Pregnancy Scheme

The Pregnancy Scheme (2023) တစ်ခါကြည့်လောက်တော့ စိတ်ကျေနပ်မှုပေးနိုင်မဲ့ လျှို့ဝှက်သည်းဖိုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျူလီယာဆိုတဲ့ အမျိုးသမီးလေးက အတူနေချစ်သူနဲ့ လမ်းခွဲထားတဲ့အပြင် အလုပ်ကလည်း ပြုတ်ထားပါတယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာသလားတော့မသိ ကိုယ်ဝန်ရှိနေတာကို ရုတ်တရက်သိလိုက်ရတဲ့အချိန်မှာ ကိုယ်ဝန်က ပထမသုံးလပတ်ထဲရောက်နေခဲ့ပြီ။ ကိုယ်ဝန်ကိုဆေးခန်းအပ်ဖို့ အာမခံတွေကလည်း သွင်းမထားနိုင်တော့ ငွေရေးကြေးရေးအရမ်းကို ကျပ်တည်းနေခဲ့တယ်။ လမ်းခွဲထားတဲ့ရည်းစားဖြစ်သူကလည်း သူ့အပူနဲ့သူဆိုတော့ ငွေရေးကြေးရေးပိုင်းကို မကူညီနိုင်။ ဒီမှာပဲ အချစ်ဆုံးသူငယ်ချင်းကနေတဆင့် ရင်းနီးခွင့်ရတဲ့ အာလန်နာဆိုသူပေါ်လာပါတယ်။ အာလန်နာရဲ့အကြံနဲ့ သူ့ရဲ့ကိုယ်ဝန်ရှိကြောင်းပြတဲ့ ဆီးစစ်တဲ့အတံတွေကို အကြောင်းအမျိုးမျိုးကြောင့် လိုအပ်နေတဲ့ အမျိုးသမီးတွေဆီရောင်းစားရာကနေ ပိုက်ဆံအဆင်ပြေလာခဲ့တယ်။ ဒါပေမဲ့ ဒီကိစ္စကြီးကို ဂျူလီယာ စိတ်မလုံလို့ ဆက်မလုပ်ချင်တော့တဲ့အချိန်မှာတော့ အာလန်နာဆီက ခြိမ်းခြောက်မှုတွေနဲ့အတူ ရန်လိုမှုတွေကိုပါ ရင်ဆိုင်ရပါတော့တယ်။ ဒီပြဿနာကို ဂျူလီယာတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမလဲဆိုတာကို ကြည့်ရှုကြပါဦး။ (ဒီရုပ်ရှင်ကို aungmo3han ဘာသာပြန်ထားပါတယ်) Genre….. Thriller Quality…. 1080p | 720p File size… 1.2GB | 517MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

Animation • Romance • Music
0 2023
The Pregnancy Scheme
Sunshine

အာကာသခရီးသွား ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာကို ရှာကြည့်တဲ့အခါမှာ 28 Days Later, Slumdog Millionaire, Yesterday စသဖြင့် ပရိသတ်ကြိုက်ကားတွေကို ရိုက်ဖူးတဲ့ Danny Boyle ဆိုသူ ဖြစ်နေတယ့်အပြင် သရုပ်ဆောင်တွေအနေနဲ့လည်း လက်ရှိအော်စကာရထားတဲ့ Cillian Murphy အပါအဝင် မြန်မာနိုင်ငံသားတိုင်းသိကြတဲ့ The Lady က မီရှဲလ်ယို၊ Chris Evans, Benedict Wong စသဖြင့် စုံစုံလင်လင် အားဖြည့်ထားတာကို တွေ့ရပါတယ် ဇာတ်လမ်းကို ၂၀၅၇ မှာ တည်ထားပြီး နေမင်းဟာ ပျက်စီးလုဆဲဆဲ ကမ္ဘာမြေအေးခဲပြီး လူသားမျိုးနွယ်ပျက်သုဥ်းမယ့် အရေးကို ကြုံနေရပါတယ် သိပ္ပံပညာရှင်တစ်သိုက်က Icarus 1 ကို မောင်းနှင်ပြီး နေကို အနုမြူဗုံးဖောက်ခွဲ အသက်သွင်းဖို့ လုပ်ဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ ၇ နှစ်အကြာမှာ အဖွဲ့ဝင် ၈ ယောက်ပါ Icarus အမှတ် 2 နဲ့ နောက်တစ်ကြိမ် နေကို အသက်သွင်းဖို့ ကြိုးစားကြပါတယ် အာကာသကားဆိုတော့ ထုံးစံအတိုင်း ခရီးစဥ်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေ၊ စွန့်လွှတ်အနစ်နာခံရမှုတွေ၊ ပဋိပက္ခတွေ စသဖြင့် ကြုံရတာပေါ့ဗျာ သိပ္ပံဇာတ်လမ်းချည်းမဟုတ်ပဲ Drama ပိုင်းကိုလည်း သေချာ လေးနက်အောင် ရိုက်ကူးထားတဲ့ ကားလေးမို့ ဒေါင်းကြည့်လိုက်ပါဦး File size…(1.7 GB)/(883 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Drama, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Drama • Thriller
0 2007
Sunshine
Fate/Grand Order: First Order
5.7

Fate/Grand Order: First Order(2016) ရင်းနှီးပြီးသားဖြစ်တဲ့ Fate/Grand Order ဂိမ်းရဲ့ Live action ဖြစ်တဲ့ Fate/Grand Order ရုပ်ရှင်စီးရီးတွေထဲက ပထမဆုံး prequel ပါ။ လူသားမျိုးနွယ် ဆက်တည်တံ့ဖို့ Chaldea အဖွဲ့အစည်းဟာ ပညာရှင်တွေစုစည်းပြီးတော့ အချိန်ခရီးသွားခြင်း(ရေးရှစ်ဖ်)နဲ့ လူသားမျိုးနွယ်မပျက်သုဉ်းသွားအောင်ကာကွယ်ဖို့ကြိုးစားနေတာပါ။ မာစတာဖြစ်နိုင်တဲ့ လူသားတွေကိုစုစည်းပြီးတော့ အချိန်ခရီးသွားစေပြီး လူသားမျိုးနွယ်ပျက်သုဉ်းစေတဲ့အကြောင်းရင်းကို ဖြေရှင်းတဲ့နည်းလမ်းကိုသုံးတာပါ။ ပထမဆုံးစမ်းသပ်တဲ့မစ်ရှင်မှာပဲ မတော်တဆပေါက်ကွဲမှုဖြစ်ပြီး စီစဉ်ထားသလိုမဖြစ်လာခဲ့ပါဘူး။ ပေါက်ကွဲမှုထဲမပါဘဲ ကျန်ခဲ့တဲ့မာစတာဖြစ်နိုင်သူ ဖူဂျီမာရုနဲ့ သူရဲကောင်းဝိဉာဉ်နဲ့ပေါင်းပြီး အစေခံတစ်ပိုင်းဖြစ်သွားတဲ့ မက်ရှ်တို့နှစ်ယောက် ရေးရှစ်ဖ်နဲ့ အချိန်ခရီးသွားမိသွားပြီး မစ်ရှင်ကိုဆက်လုပ်ဖို့ဖြစ်လာပါတော့တယ်။ ဖူဂျီမာရု နဲ့ မက်ရှ်တို့ မစ်ရှင်အောင်ပြီးတော့ လူသားမျိုးနွယ်ကိုထိန်းသိမ်းနိုင်မှာလား ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရပြီးတော့ ဘယ်လိုမြင့်မြတ်တဲ့ သူရဲကောင်းတွေက‌ရော မစ်ရှင်မှာဝင်ကူညီမှာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ။ File size… 1 GB / 490 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 14m Genre ….. Aniamtion/Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia

5.7 2016
Fate/Grand Order: First Order
Abang Adik
7.4

Abang Adik ( 2023 ) ================ မလေးရှားဒါရိုက်တာ Jin Ongရဲ့ ပွဲဦးထွက်ကားသစ်ဖြစ်တဲ့ Abang Adikဟာ Golden Horse Awardsမှာ နိုမီ၇ခုဝင်ခဲ့ပြီး အကောင်းဆုံးသရုပ်ဆောင်ဆုကို ဒီရုပ်ရှင်က မင်းသား Wu Kang-renက ရရှိထားတဲ့ ပွဲဦးထွက်ပေမဲ့ ဘောင်ဝင်တန်းဝင်ကားပါပဲ။ ထိုင်ဝမ်လို ရုပ်ရှင်အဆင့်မြင့်တဲ့ နေရာမှာပြခဲ့ပြီး တော်တော်လည်း ဝင်ငွေကောင်းခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဒါရိုက်တာဖြစ်တဲ့ Jin Ong ကိုယ်တိုင်ပဲ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးသားခဲ့ပြီး သူလည်းပွဲဦးထွက်ကားနဲ့တင် တော်တော်ချီးကျူးခံလိုက်ရပါတယ်။ ဟောင်ကောင်မှာလည်း အောင်မြင်ခဲ့တဲ့ မလေးရှားရုပ်ရှင်ပါပဲ။ ဇာတ်ကတော့ မလေးရှားက ခိုးဝင်တွေအကြောင်းကို အဓိကထား ဦးတည်ထားတယ်။ ဒီထဲက ခိုးဝင်ဆိုရာမှာ လူမျိုးပေါင်းစုံပါတယ်။ အိန္ဒိယ , တရုတ်, မြန်မာ အစုံပဲ။ အဓိကကတော့ မလေးရှားမှာမွေးလာခဲ့ရင်းနဲ့ကို မွေးစာရင်းမရှိ ဘာအထောက်အထားမှမရှိလို့ ခိုးဝင်စာရင်းဝင်သွားတဲ့ လူငယ်လေးနှစ်ယောက်အကြောင်းပေါ့။ သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက တစ်ယောက်အတွက် တစ်ယောက်ရှိပေးရင်း နေလာတာဆိုတော့ တစ်ယောက်ကို တစ်ယောက်သိပ်ချစ်ကြတယ်။ သူတို့အိပ်မက်က တရားဝင်နေနိုင်တဲ့လူတွေဖြစ်ဖို့ပေါ့။ ဒီအတွက်လည်း သူတို့ငွေ ငွေတွေရှာပြီး ကြိုးစားလုပ်ကြတယ်။ အဓိကမင်းသားကတော့ ဒီလိုဘဝရောက်နေတဲ့အပြင် နားလည်းမကြား စကားလည်းမပြောတတ်တော့ တော်တော်တော့ ခက်ခဲခဲ့တယ်။ သူကြိုက်နေတဲ့ မြန်မာမလေးကိုတောင် သူရဲရဲဖွင့်မပြောရဲတဲ့အထိ သူ့ဘဝကို သူသိမ်ငယ်နေခဲ့တယ်။ ဒီလိုဘဝကနေ ရုန်းထွက်ဖို့ တရားဝင်နေထိုင်သူဖြစ်လာအောင် သူကြိုးစားခဲ့ပေမဲ့ မထင်မှတ်ထားတဲ့ အရာတွေကြုံလာရာကနေ သူ့ဘဝကြီး ဇောတ်ထိုးမိုးမျှော်ဖြစ်သွားတာကို သူဘယ်လိုပြန်ကုစားမလဲ ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ ဒီလိုကားတွေ တော်တော်တော့ ထွက်ဖူးပေမဲ့ ဒီကားက အရသာကတော့ သူ့ရှေ့က ထွက်ဖူးတဲ့ ဒီလိုခိုးဝင်ကားတွေနဲ့ နည်းနည်းတော့ကွဲထွက်နေပါတယ်။ နောက် ရုပ်ရှင်တစ်ကားမှာ ရှိသင့်တဲ့အချက်အလက်တွေလည်း သူ့မှာ လိုသလောက်တော့ ပါနေတယ်။ ဒါရိုက်တာက လက်သစ်ပေမဲ့ သူပြချင်တာကို ကောင်းကောင်းပြနိုင်ခဲ့တဲ့ ဒါရိုက်တာပါပဲ။ ဒါကြောင့်လည်း ဒီကားဟာ တော်တော်လည်းအောင်မြင်ခဲ့ပုံပါပဲ။ ထူးတာကတော့ ဒီလိုကားတွေကို စိတ်ညစ်စရာနည်းနည်းကောင်းလို ပုံမှန်ဆို ကျွန်တော်‌တော့ သိပ်သဘောမကျတတ်ပေမဲ့ ဒီရုပ်ရှင်မှာတော့ အဲဒီစိတ်ညစ်စရာတွေနဲ့ ဆွဲဆောင်မှုကို အချိုးကျကျသုံးထားတာမို့ ကြည့်လို့တော့ တော်တော်ကောင်းတဲ့ရုပ်ရှင်ပါပဲ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File size_(1.7GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Crime, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung

7.4 2023
Abang Adik
A Record of Sweet Murder

A Record of Sweet Murderer (2014) ********************************* စိတ္တဇဆေးရုံကနေထွက်ပြေးလွတ်မြောက်ပြီး စိတ္တဇလူသတ်သမား ဘတ်ဆန်းဂျွန်း… ဘတ်ဆန်းဂျွန်းက သူလူသတ်ရတဲ့ အကြောင်းအရင်းတွေကို လူတွေကိုပြောပြချင်ခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ ငယ်သူငယ်ချင်းလည်းဖြစ် သတင်းထောက်လည်းဖြစ်တဲ့ ဂင်ဆိုယွန်းထံ ဖုန်းခေါ်ခဲ့ပါတယ်။ အင်တာဗျူးလုပ်ပေးဖို့အတွက်လည်း ဂျပန်လူမျိုးကင်မရာသမားတစ်ယောက်ကိုပါ ခေါ်ခဲ့ဖို့… ဂင်ဆိုယွန်းကို တောင်းဆိုခဲ့ပါတယ်။ သတင်းထောက်ဖြစ်တဲ့ ဆိုယွန်းကလည်း သူတောင်းဆိုတဲ့အတိုင်း… သူနဲ့ရင်းနှီးတဲ့ ဂျပန်လူမျိုးကင်မရာသမား တာရှီရိုကိုခေါ်ပြီး ချိန်းဆိုတဲ့နေရာကိုသွားခဲ့ပါတယ်။ ဘတ်ဆန်းဂျွန်းရဲ့လူလိုက်သတ်ရတဲ့အကြောင်းပြချက်ကလည်းထူးခြားလှပါတယ်။ အဲဒီအကြောင်းအရင်းကိုဆိုယွန်းအပါအဝင် ဘယ်သူမှမယုံကြည်ကြပါဘူး။ သူလူသတ်ရတဲ့အကြောင်းအရင်းက ဘာတွေဖြစ်မလဲ….အလောင်းရှာမတွေ့သေးဘဲ.. သူသတ်လာတဲ့လူတွေ ဘယ်နှယောက်တောင်ရှိပြီလဲ…. ဘယ်လိုလူမျိုးကိုရွေးသတ်တာလဲ… ဆိုယွန်းနဲ့ တာရှီရိုရော အန္တရာယ်ကင်းနိုင်ပါ့မလား…ဘတ်ဆန်းဂျွန်းရဲ့ လူသတ်ရတဲ့… အကြောင်းအရင်းကရော…ယုတ္တိရှိနေမလား…ရူးနှမ်းမှုသက်သက်ပဲလားဆိုတာ… ဒီ Thriller, Drama ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြရအောင်နော် File size… 1.89GB / 780MB Quality…WEB-DL 1080p 720p Genres: Horror, Drama Duration: 1 hr 30 mins Subtitle….Myanmar Subtitle (Hard Sub) Translated By Han Encoded By Heather Oo

0 2014 86 mins
A Record of Sweet Murder
Aap Mujhe Achche Lagne Lage

Aap Mujhe Achche Lagne Lage 2002 မင်းနဲ့မှချစ်တတ်ပြီပေါ့ အဟောင်းပေမဲ့ရွှေဆိုပြီး 2000 ခုနှစ်များဆီက အချစ်ဇာတ်လမ်းလေးတွေကို သဘောကျသူတို့အတွက် မင်းသားကြီး Hrithik Roshan ရဲ့အချစ် အမုန်း ရင်သပ်ရှုမောစရာလေးတွေအပြင် အက်ရှင်ပါ ပါဝင်တဲ့ဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဆက်ပနာဟာ မြေအောက်လောကခေါင်းဆောင်ကြီးရဲ့ သမီးချောလေးပါ။ အများအမြင်မှာတော့ အဖေနဲ့အစ်ကိုရယ် အစ်ကို့မိန်းမရယ်ရဲ့ စောင့်ရှောက်မှုအောက်မှာ အပူအပင်ကင်းစွာကြီးပြင်းလာရတဲ့ မင်းသမီးလေးပေါ့။ ဒါပေမဲ့သူ့ဘဝဟာ စာသင်ရင်လည်းအိမ်မှာခေါ်သင်ရ၊ အပြင်ထွက်လည်ပတ်ခွင့်လည်းမရှိတဲ့အပြင် သူ့အဖေတို့ရဲ့ ကလဲ့စားချေသတ်ဖျက်မှုတွေကို မြင်နေကြားနေရတဲ့ လှောင်အိမ်ထဲက မင်းသမီးလေး ဖြစ်လို့နေပါတယ်။ သူ့ယောက်မဖြစ်သူကို သူဒီဘဝမှာနေမပျော်ကြောင်း၊ ဘယ်လောက်ကြာအောင် နေရမယ်မသိကြောင်းပြောရင် မကြာခင် သူ့ကိုကယ်တင်မယ့် မင်းသားလေးရောက်လာမှာမို့ စိတ်ရှည်ပါဆိုပြီးပဲ နှစ်သိမ့်ခံနေရပါတယ်။ သူ့ရဲ့မွန်းကြပ်မှုကနေ ထွက်ပြေးဖို့တစ်နေ့ သူ့ငယ်သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကို ခိုးထွက်လာခဲ့လေရဲ့။ ဖြစ်ချင်တော့ သူ့အဖေရဲ့ရန်သူတော်တွေဆီက လိုက်လံတိုက်ခိုက်ခံရပါတော့တယ်။ အဲဒီအချိန်မှာ ကောလိပ်ကျောင်းသားလေး ရိုဟစ်က တွေ့ပြီးကယ်တင်လိုက်ရာကစ သူတို့တွေ့ဆုံခဲ့ပါတယ်။ နောက်တစ်နေ့သတင်းစာမှာ ဆက်ပနာအကြောင်းပါလာမှ ရိုဟစ်ဟာ သူဘယ်သူဆိုတာသိပြီး တွေ့ဖို့နည်းလမ်းရှာပါတော့တယ်။ ဆက်ပနာကတော့ အဲဒီနေ့အဖြစ်အပျက်ပြီးတည်းက အိမ်ထဲကခြေတစ်လှမ်းတောင်မထွက်ဖို့ အမိန့်ပေး ပိတ်လှောင်ခံထားရတာပါ။ အဲဒီအပြင်သူ့အဖေက သူ့သမီးကို အိမ်ထောင်ပြုပေးပြီး အဝေးပို့ဖို့ပါ စီစဉ်နေပါတော့တယ်။ ဒီလိုနဲ့ ရိုဟစ်က နည်းလမ်းစဉ်းစားပြီး သူတို့အိမ်မှာ လုပ်တဲ့ဆုတောင်းပွဲမှာ ဒရမ်သမားလေးအနေနဲ့လိုက်ပါသွားလေရဲ့။ ရိုဟစ်အနေနဲ့ သူမြင်မြင်ချင်းချစ်မိသွားတဲ့ မင်းသမီးလေးနဲ့ ရှေ့ဆက်နိုင်ပါ့လား၊ သူ့အဖေတွေ အစ်ကိုတွေနဲ့ ဘယ်လိုဖြေရှင်းကိုင်တွယ်မလဲ၊ ဆက်ပနာကရော လှောင်အိမ်စံမင်းသမီးလေးဘဝက လွတ်မြောက်ဖို့ ဘယ်လိုကြိုးပမ်းအားထုတ်မလဲဆိုတာ ကြည့်ရှုအဖြေထုတ်ပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Romance • Drama
0 2002 166 mins
Aap Mujhe Achche Lagne Lage
The Sixth Sense
8.2

The Sixth Sense (1999) IMDb Rating (8.2) / Rotten Tomatoes (86%) မင်းသားကြီး ဘရုစ်ဝီလီ ရဲ့ ၁၉၉၉ က ဇာတ်ကားဟောင်းလေးပါ။ အော်စကာ ဆန်ကာတင် ခြောက်ခုအထိဝင်ခဲ့တဲ့ Psycho-Thriller ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကလေးသူငယ်စိတ်ဓါတ်မြှင့်တင်ရေးအလုပ်တွေမှာစိတ်ရောကိုယ်ပါနှစ်ထားတဲ့ ဒေါက်တာမယ်လ်ကွန်ဟာ ကလေးတယောက်ကိုကူညီဖို့ပျက်ကွက်ခဲ့တယ်။ ဒီအလုပ်နဲ့ပါတ်သက်ပြီး စိတ်ရောကိုယ်ပါနှစ်ထားတဲ့သူ့အတွက်တော့ ဒီပျက်ကွက်မှုဟာ သူ့ကိုယ်သူခြောက်လှန့်နေခဲ့တယ်.. တစ်နေ့မှာ သူ့ရဲ့ အောင်မြင်မှုတွေအတွက် မြို့တော်ဝန်က ဂုဏ်ပြုလွှာ ချီးမြှင့်တာကိုခံရပါတယ်။ သူ့ရဲ့ဇနီးနဲ့အတူ အောင်ပွဲခံနေစဉ်မှာပဲ ကလေးဘဝက သူ့ရဲ့လူနာဖြစ်ခဲ့ဖူးတဲ့ ဗင်းဆင့်ဆိုသူ အိမ်ထဲဖောက်ထွင်းဝင်ရောက်လာပါတယ်.. သူ့ကိုမကူညီပေးနိုင်ခဲ့တဲ့ ဒေါက်တာခရိုးကို ဒေါသတကြီး လာရှာခဲ့တာပါ.. သူ့စိတ်က ဒီကလေးပေါ်မှာ စွဲလန်းနေခဲ့သလို ကိုးလ် ဆိုတဲ့ ၉ နှစ်အရွယ်ကလေးတယောက်မှာ ဒီလိုစရိုက်လက္ခဏာတွေတွေ့လာရတဲ့အခါမှာသူဟာ ဇနီးကိုပါ တာဝန်မကျေသလိုဖြစ်ခဲ့ရတယ်.. ကိုးလ်ဆိုတဲ့ကလေးကလဲ မွေးရာပါ တမလွန်ကလူတွေကိုမြင်ရတဲ့စရိုက်တခုပါလာခဲ့တယ် သူဟာဝိဉာဉ်တိုင်းကို မြင်နိုင်ခဲ့ပြီး ဒီအစွမ်းကပဲ ဒီဇာတ်လမ်းရဲ့အဓိက မြှုပ်ကွက်ဖြစ်လာခဲ့တယ်.. ကိစ္စတွေဘယ်လိုရှုပ်ထွေးသွားဦးမလဲ ဒေါက်တာခရိုးတစ်ယောက် အတိတ်ကနေ ရုန်းထွက်နိုင်ပါ့မလား.. ဇာတ်လမ်းဇာတ်ကွက်အကူးအပြောင်းများနဲ့ ရင်ခုန်စရာ ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ ကြည့်ရင်းတွေးရတဲ့ဇာတ်ကားမျိုးဖြစ်တာကြောင့် အညွှန်းအများကြီးမဆက်တော့ပါဘူး ကြည့်ဖြစ်အောင်ကြည့်လို့သာ လက်တို့ပါရစေ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Thway ဖြစ်ပါတယ်။) File size… (9.8 GB) / (2.9 GB) / (1.1 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery, Thriller Duration….01:47:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Min Thway

Comedy • Drama
8.2 1999 107 mins
The Sixth Sense
Forest
6.4

Forest (2025) “တောနက်ကြီး” CM မဆလာ ပရိသတ်တို့အတွက် ကန်နားဒါးစကားပြော ဟာသဇာတ်လမ်းအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ် ထူထပ်အုံ့ဆိုင်းတဲ့ တောအုပ်ကြီးတစ်ခုမှာ ရွှေတုံးတွေ ဝှက်ထားတယ်လို့ သတင်းရတဲ့အခါ မီနာ့ခ်ရှီ၊ ဆာသီရှာ၊ ဆူနီလာ၊ ကူမာရာနဲ့ နတ်ဆရာ ဂိုလ်ပါဆွာမိတို့ ၅ ယောက်သား တောနက်ထဲကို သက်စွန့်ဆံဖျား ရွှေသွားရှာဖို့ လုပ်ကြပါတယ် ဒါပေမဲ့ တောထဲမှာ စွမ်းအားကြီးတဲ့ တစ္ဆေတစ်ကောင်က ရတနာတွေကို စောင့်ရှောက်နေတာဖြစ်ပြီး ထိတ်လန့်စရာ သဘာဝလွန် အန္တရာယ်မျိုးစုံကို သူတို့ရင်ဆိုင်ရတဲ့အခါမှာ ရွှေတွေကို အိမ်ပြန်သယ်သွားနိုင်မလား အက်ရှင်စွန့်စားခန်းတွေကို ဟာသလေးနှောထားတဲ့ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Comedy • Romance • TV Movie
6.4 2025 145 mins
Forest
Crazxy
5.3

Crazxy(2025) “အတိတ်ရဲ့အရိပ်” IMDb – 7.3/10 ဒီရုံတင်ကားကတော့ ခွဲစိတ်ဆရာဝန်ကြီးဖြစ်တဲ့ ဒေါက်တာအဘီမန်ယူရဲ့ တစ်ကိုယ်တော်ဇာတ်လမ်းပေါ့ ရုံတင်ငွေအနေနဲ့လည်း ၁၅ကုဋေ ပြန်ရထားပါတယ် ဆရာဝန်တစ်ယောက်ဖြစ်ပေမဲ့ သမီးဖြစ်သူ ဉာဏ်ရည်မမီဘဲမွေးဖွားလာမှာမို့ မလိုချင်တဲ့ထိဖြစ်ပြီး ဇနီးဖြစ်သူနဲ့ပါ ကွာရှင်းခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ ကားမောင်းနေရင်းက သမီးဖြစ်သူကို ပြန်ပေးဆွဲထားတယ်ဆိုတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာခဲ့တယ်။ သမီးနဲ့ဇနီးပေါ်မှာ သံယောဇဉ်သိပ်မရှိသူမို့ နောက်ပြောင်ပြီးခေါ်ဆိုတယ်လို့ပဲ ထင်ခဲ့တာပေါ့။ အဘီမန်ယူတစ်ယောက် သူ့သမီးကို ပြန်ကယ်ဖို့ရာ ဘယ်လိုတွေရင်ဆိုင်ဖြတ်သန်းရမှာလဲ။ ပိုပြီးထူးခြားတာက ဒီကားမှာ ဒေါက်တာအဘီမန်ယူက တစ်ယောက်တည်းသော ဇာတ်ကောင်ပါ။ သူ့ရဲ့ အတွင်းစိတ်ခံစားချက်တွေ ရုန်းကန်လှုပ်ရှားမှုတွေကို နက်နက်ရှိုင်းရှိုင်း မြင်ရမယ်။ သူ့သမီးကို ပြန်ပေးဆွဲသွားတဲ့လူက ဘယ်သူလဲ၊ သူကရော အချိန်မီကယ်တင်နိုင်မလား၊ ပြန်ပေးသမားနဲ့ သူနဲ့က ဘယ်လိုပတ်သက်မှုတွေရှိနေမလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေကို ရှာဖွေရင်းနဲ့ ဒတ်ပူးမင်းသားကြီး ရိုင်ယန်ရေးနိုးရဲ့ Buried (2010)လို ibeမျိုး ခံစားရမလားဆိုတာအားပေးကြည့်ရှုလိုက်ကြပါဦး။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

5.3 2025 94 mins
Crazxy
The Devil’s Bride (aka) Pengantin Setan
5.1

“The Devil’s Bride” (aka) Pengantin Setan (2025) နတ်ဆိုးရဲ့သတို့သမီး Imdb 5.2 အင်ဒိုနီးရှားရဲ့ ထိတ်လန့်ဖွယ်ရာ ဇာတ်လမ်းအိမ်ကနေ နောက်ဆုံးပေါ် ကြောက်မက်ဖွယ်ရာ အတွေ့အကြုံတစ်ခု ပေးစွမ်းဖို့ “The Devil’s Bride” ရုပ်ရှင် ရောက်ရှိလာပါပြီ ဒီရုပ်ရှင်က သာယာခဲ့တဲ့ အိမ်ထောင်ရေးတစ်ခုကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ နတ်ဆိုးတစ်ပါးရဲ့ ခြောက်လှန့်မှုအကြောင်းကို ရင်တထိတ်ထိတ်ဖြစ်အောင် ပုံဖော်တင်ဆက်ပေးထားပါတယ် ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်တွေကတော့ အီချာနဲ့ အာရီယယ်ဆိုတဲ့ ဇနီးမောင်နှံပါ သူတို့ရဲ့ အိမ်ထောင်ရေးက အစပိုင်းမှာ ပျော်ရွှင်စရာကောင်းခဲ့ပေမဲ့ မကြာခင်မှာပဲ အက်ကြောင်းထပ်လာခဲ့ပါတယ် အိမ်ထောင်ရေး အဆင်မပြေဖြစ်နေချိန်မှာ အီချာက သူ့ရဲ့အိပ်မက်တွေထဲမှာ ချောမောတဲ့ အမျိုးသားတစ်ဦးနဲ့ ပျော်ရွှင်မှုတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ဒါပေမဲ့ အဲဒီအိပ်မက်ထဲက အမျိုးသားက အိမ်ထောင်ရေးတွေကို ဖျက်ဆီးဖို့ ဖြစ်တည်နေတဲ့ နတ်ဆိုးတစ်ပါးရဲ့ အသွင်အပြင်ဖြစ်နေကြောင်း မကြာခင်မှာပဲ ကြောက်မက်ဖွယ်ရာ နည်းလမ်းနဲ့ သိလိုက်ရပါတော့တယ် ဒီနတ်ဆိုးရဲ့ ခြောက်လှန့်မှုတွေက အီချာရဲ့ ဘဝကို ခြိမ်းခြောက်လာရုံသာမက သူတို့အိမ်ထောင်ရေးကိုပါ ပိုပြီးဆိုးရွားလာစေလာလို့ သူတို့နှစ်ဦးက အိမ်ထောင်ရေးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေချိန်မှာပဲ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်များစွာနဲ့ ရင်ဆိုင်ရဖို့ဖြစ်လာချိန် မှာတော့ နတ်ဆိုးရဲ့ လက်ထဲကနေ သူတို့ ဘယ်လိုလွတ်မြောက်မလဲ သူတို့ရဲ့ အချစ်နဲ့ အိမ်ထောင်ရေးကို ကယ်တင်နိုင်ပါ့မလားဆိုတာကတော့ ပရိသတ်ကို ဇာတ်ကားအဆုံးထိ မျက်တောင်မခတ်တမ်း စောင့်ကြည့်စေမဲ့ အချက်ပါပဲ ဒီကားမှာဆိုရင် အင်ဒိုနီးရှား ရိုးရာပုံပြင်တွေနဲ့ ဘာသာရေးဆိုင်ရာ နတ်ဆိုးနှင်ထုတ်ခြင်း ဇာတ်ဝင်ခန်းတွေက ရုပ်ရှင်ကို ပိုပြီး ထူးခြားတဲ့ ထိတ်လန့်မှုအရသာကို ပေးစွမ်းမှာဖြစ်လို့ ထိတ်လန့်သည်းဖိုရုပ်ရှင်တွေကို နှစ်သက်သူတွေ အင်ဒိုနီးရှား သရဲကားတွေရဲ့ ထူးခြားတဲ့ အရသာကို ခံစားချင်သူတွေအတွက် လက်လွှတ်မခံဘဲ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါလိမ့်မယ် အချစ်နဲ့ နတ်ဆိုးရဲ့ တိုက်ပွဲမှာ ဘယ်သူ အနိုင်ရမလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါဦး ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Team ပဲဖြစ်ပါတယ် )

5.1 2025 78 mins
The Devil’s Bride (aka) Pengantin Setan