YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Unknown_ The Lost Pyramid 2023 Web-DL 720p {CM}.mp4

676.78 MB 720p video/mp4 766 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ravanasura
5.8

အသစ်ထွက်ရှိထားတဲ့ တေလဂူးမှုခင်းကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb 6.4 အထိရရှိထားပြီး ရုံ၀င်ငွေလည်း ၂၁ကုဋေအထိအမြတ်ရထားပါတယ်။ သရုပ်ဆောင်အနေနဲ့ တေလဂူးဝါရင့်ရုပ်ရှင်မင်းသားရာဗီကရှေ့နေအဖြစ်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ကောလိပ်တက်တုန်းက ရည်းစားဟောင်းရဲ့လက်အောက်မှာ အလုပ်၀င်လုပ်နေရပြီး အငယ်တန်းရှေ့နေရာထူးနဲ့ ရုန်းကန်နေရရှာတဲ့ ရှေ့နေလေးရာဗင်ဒရာ၊ ငွေရပေါက်မြင်တာနဲ့ ဘာမဆိုလုပ်ဖို့ အမြဲအဆင်သင့်ဖြစ်နေတဲ့သူ၊ အများကလက်ရှောင်နေပါတယ်ဆိုတဲ့အမှုတောင် သူကခေါင်းမာပြီးအမှု၀င်ကိုင်တဲ့သူမျိုးပေါ့။ တစ်နေ့မှာ ချမ်းသာတဲ့လုပ်ငန်းရှင်ကြီးတစ်ယောက် လူသတ်မှုနဲ့စွပ်စွဲခံရပြီး သမီးဖြစ်သူက အဖေ့ကိုထောင်ကထုတ်ဖို့ ဘာမဆိုပေးမယ်လုပ်နေတဲ့ချိန်မှာ ရာဗင်ဒရာတစ်ယောက် သမီးဖြစ်သူကိုလည်းသဘောကျ၊ ‌ငွေကိုလည်းသဘောကျနဲ့ အရှေ့နောက်မစဉ်းစားဘဲ တာ၀န်ယူလိုက်တယ်။ အမှုဟာ သူထင်ထားသလို မရိုးရှင်းနေတဲ့အခါ ငွေမက်တဲ့သူတစ်ယောက် ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပါဦးမလား၊ လူသတ်မှုကို သူဖော်ထုတ်သွားနိုင်မှာလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ မှုခင်းစုံထောက်၊အက်ရှင်ကား ဖြစ်လို့ ကိုယ်တိုင်ပဲစုံထောက်လုပ်ပြီး အဖြေရှာကြည့်ရအောင်ပါ.... File size…2.85GB /1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar  Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Nyein ~ Cherry

Comedy
5.8 2023 142 mins
Ravanasura
Voir la Mer
5.5

ဒီတစ်ခေါက်မှာတော့ ပြင်သစ် သုံးပွင့်ဆိုင် ဒရမ်မာကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ နီကိုလာနဲ့ ကလီမန့်လို့ခေါ်တဲ့ ညီအစ်ကို နှစ်ယောက်က အားလပ်ရက်မှာ သူတို့အမေရှိတာ ပြင်သစ်ကို အလည်သွားဖို့ ခရီးထွက်လာခဲ့ပါတော့တယ်။ ခရီးမသွားခင်မှာပဲ ပရူဒန့်ဆိုတဲ့ ကောင်မလေးတစ်ယောက်က နီကိုလာနောက်လိုက်ပါပြီး သူမလည်း ခရီးစဥ်မှာအတူပါလာပါတော့တယ်။ တကယ်တော့ ဇာတ်လမ်းလေးက ရိုးရိုးလေးပါပါပဲ . ညီအကိုတွေ ခရီးထွက်တယ်၊ ကောင်မလေးက လမ်းကြုံလိုက်တယ်ပေါ့။ မရိုးတာ ကတော့ ကောင်မလေးနဲ့ ညီအကိုနှစ်ယောက်လုံးနဲ့ ညိတာပါပဲ။ ကျန်တာတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုကြပါ၊ တစ်ခုသတိ ပေးချင်တာက မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်တဲ့ အခန်းတွေ ပါဝင်တာမို့ သတိပြုကြည့်ရှုကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.8 GB) / (780 MB) / (449 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 31mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Parris Encoder..........SWM

Action • Fantasy • Thriller
5.5 2011 91 mins
Voir la Mer
Rangasthalam
7.1

IMDb Rating(8.2) / Rotten Tomatoes (100%) Rating အလန်းစားနဲ့ ဒီဇာတ်ကားက ဇာတ်လမ်းဇာတ်အိမ်ရော Plot Twist ရော ရိုက်ကူးမှုပိုင်းတွေရော အကုန်လုံး ပြည့်စုံကောင်းမွန်တဲ့ တောင်ပိုင်းရုပ်ရှင်ကားကြီးတစ်ကားပါပဲ။ သာမန်ကြည့်ဖူးနေကျ တောင်ပိုင်းကားတွေလို Overတွေ မပါဘဲ သဘာဝကျကျ အက်ရှင်အလန်းစားတွေ၊ သီချင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားပါတယ်။ မင်းသားကလဲ ဘိုင်ရာဘာမင်းသားလို့ လူသိများတဲ့ ရမ်ချရန်းဆိုတော့ သဘာဝကျတဲ့သရုပ်ဆောင်မှုတွေနဲ့ လိုက်ဖက်လွန်းနေပါတယ်... ဇာတ်လမ်းလေးကတော့... ၁၉၈ဝခုနှစ်တွေက ရန်ဂက်(စ်)တလန်ဆိုတဲ့ ကျေးရွာလေးတစ်ရွာက ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ရွာထဲမှာ လယ်တွေကိုရေသွင်းတဲ့အလုပ်ကိုလုပ်တဲ့ ချစ်တီးဘာဘူဟာ မွေးရာပါနားလေးတဲ့ ချို့ယွင်းချက်ရှိပြီး မဟုတ်မခံ လူစားမျိုးပါ၊ သူ့အရှေ့မှာ မတရားတာတွေ့ရင် ဝင်ချဖို့ နှစ်ခါမစဉ်းစားတတ်ပါဘူး.. ရွာထဲမှာ အဖွဲ့အစည်းဆိုတဲ့နာမည်နဲ့ ရွာသားတွေကို ချေးငွေတွေထုတ်ချေးထားပြီး အမြတ်ကြီးစား ခေါင်းပုံဖြတ်နေတဲ့ အဖွဲ့တဖွဲ့လည်းရှိပါတယ်် ဒီအဖွဲ့ကို အဓိကချုပ်ကိုင်ထားတာက နှစ်(၃၀)ဆက်တိုက် သူကြီးဖြစ်နေတဲ့ ရွာသူကြီးပါ လူတွေက သူ့ကို ကြောက်ရွံ့ကြသလို၊ ရင်မဆိုင်ရဲကြပါဘူး သူနဲ့ထိပ်တိုက်တွေ့တဲ့သူမှန်သမျှ မရှု့မလှသေပွဲဝင်ကြရစမြဲပါ။ ဒီလို ဂုတ်သွေးဆုပ်အမြတ်ထုတ်နေတဲ့ အဖွဲ့ကို ရင်ဆိုင်ပြီး သူကြီးနေရာက ဝင်ပြိုင်မယ်လို့ စိန်ခေါ်လိုက်တဲ့သူ တစ်ယောက်ရှိပါတယ်။ သူနာမည်က ကူမာရ် ဘာဘူပါ ကူမာရ်ဟာ ချစ်တီးဘာဘူရဲ့ အစ်ကိုဖြစ်ပြီး၊ ဒူဘိုင်းမှပြန်လာတဲ့ ပညာတတ် တစ်ယောက်လည်း ဖြစ်ပါတယ်။ မတရားမှုကို ရင်ဆိုင်ဖို့ သူကြီးအဖွဲ့နဲ့ထိပ်တိုက်တွေ့နေတဲ့ အစ်ကိုဖြစ်သူကို ချစ်တီးဘာဘူတစ်ယောက် ဘယ်လိုတွေ ကာကွယ်စောင့်ရှောက်သွားမလဲဆိုတာကတော့....။ File size…(3.9 GB) / (1.2 GB) Quality….BluRay 1080p HEVC /HDRip 720p Format…mkv/mp4 Duration….02:53:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Kyaw Ye Aung,Nyeinsaeya Aung Translated by Zaw Htoo

Comedy • Drama • Romance
7.1 2018 179 mins
Rangasthalam
Closed Doors Village

အိမ်တစ်အိမ်မှာ လူမရှိရင် တံခါးပိတ်ထားတတ်ကြတယ်မလား ? အဲ့ဒီလိုပဲ ရွာသားတွေတစ်ယောက်မှမရှိလို့ အဲ့ဒီရွာကို “တံခါးပိတ်ရွာ” လို့နာမည်ပြောင်းခေါ်လာကြပါတယ်။ တံခါးပိတ်ရွာလေးက အရင်က “လေသာရွာ” လို့ခေါ်ပါတယ်။ နာမည်နဲ့လိုက်အောင် ရွာသားတွေအများကြီးနဲ့ သာယာနေတဲ့ရွာလေးပေါ့။ အဲ့ဒီရွာလေးက အခုတော့ခြောက်ကပ်ခြင်းအတိနဲ့ တိတ်ဆိတ်နေရပါပြီ ။ ဟူတုန်းဟိုင်တို့ လမ်းတံတားပြုပြင်ရေးအဖွဲ့က ပရောဂျက်တစ်ခုပြသာနာတက်လို့ တံခါးပိတ်ရွာလေးကို ဖြတ်သန်းသွားဖို့အကြောင်းဖန်လာပါတော့တယ်။ ထုံးစံအတိုင်း ညနက်သန်းခေါင်အချိန် တောလမ်းမကြီးမှာ ဘီးပေါက်ပြီး မီးအလင်းရောင်ရှိတဲ့ရွာထဲ အကူအညီတောင်းဖို့ရောက်သွားတယ်ပေါ့။ ရွာထဲဝင်ပြီးကာမှ မီးအလင်းရောင်လည်းမတွေ့ရ။ ခြံအဟောင်းကြီးထဲမှာ တဝဲလည်လည်ဖြစ်နေတုန်း အတူတူပါလာတဲ့သူငယ်ချင်းနဲ့လည်း လူစုကွဲသွားပါတယ်။ မရှိမဲ့ရှိမဲ့ သတ္တိကိုစုစည်းပြီး ဟူတုန်းဟိုင်တစ်ယောက် လမ်းပျောက်နေတုန်း ခြံပိုင်ရှင်လင်မယားနဲ့တွေ့ပြီး ရွာကြီးအကြောင်းမေးကြည့်တဲ့အခါ…. အဲ့ဒီရွာကြီးမှာ ရွာသားတွေဘာလို့မရှိကြတာလဲ? ဟူတုန်းဟိုင်ကရော အဲ့ဒီရွာကြီးနဲ့ ဘယ်လိုပတ်သက်မှုရှိနေမလဲဆိုတာ ကြောက်ကြောက်နဲ့ပဲ ဆက်ကြည့်လိုက်ပါတော့နော်။

Drama
0 2014
Closed Doors Village
Whisper of the Heart
5.8

Whisper of the Heart (2022) စတူဒီယိုဂီဘီရဲ့ နာမည်ကျော်အန်နီမဲရုပ်ရှင်တစ်ကားဖြစ်တဲ့ Whisper of the Heartကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ အန်နီမဲလောက်တော့ မလှပပေမဲ့ သူ့နည်းသူ့ဟန်နဲ့သူတော့ လှပ်နေတဲ့ ရုပ်ရှင်တစ်ကားလို့ပြောလို့ရပါတယ်။ အန်နီမဲနဲ့မတူတာကတော့ သူက ကလေးဘဝနဲ့ လူကြီးဘဝကို အပြိုင်ပြထားတာပါပဲ။ ရှေ့ကြောင်းပြန်လိုက် နောက်ကြောင်းပြန်လိုက်နဲ့ ကောင်လေးနဲ့ ကောင်မလေးကြားက သံယောဇဉ်စဖြစ်လာပုံကို ဖော်ပြထားတယ်။ တစ်ုခုရှိတာက အန်နီမဲပရိသတ်တွေအတွက်တော့ ဟုတ်မှာမဟုတ်ပါဘူး။ ဒီတိုင်းစကြည့်မယ့်လူတွေအတွက် ညွှန်းရရင်တော့…. စာအုပ်တွေဖတ်ပြီး အသံတွေကြားရတဲ့ ကောင်မလေးရယ် ကောင်လေးရယ်ရှိတယ် သူတို့ကြားနေရတဲ့အသံက သူတို့နှလုံးသားရဲ့အသံတွေပေါ့ ကောင်လေးက တယောဆရာဖြစ်ချင်ပြီး ကောင်မလေးက ပုံပြင်ရေးဆရာမဖြစ်ချင်ခဲ့တယ်။ ဒီလိုနဲ့ သူတို့အိပ်မက်တွေနောက် အတူတူလိုက်ကြမယ်လို့ ကတိထားခဲ့ကြတယ်။ ကောင်လေးက တစ်ရပ်တစ်ကျေးမှာ သူ့အိပ်မက်နောက်လိုက်ရင်း အောင်မြင်ရင်း ၁၀နှစ်တာကုန်ဆုံးသွားပေမဲ့ ကောင်မလေးကတော့ သူ့အိပ်မက်တွေဖြစ်မလာဘဲ အချိန်တွေပဲ ကုန်ရင်းနေလာခဲ့ရတယ်။ သူ့နှလုံးသားက အသံကိုလည်း သူမကြားနိုင်တော့ဘူး။ ဒီလိုနဲ့ သူဟာဇာတိမြို့ကလေးကို ပြန်ရောက်လာပြီး သူ့နှလုံးသားက တီးတိုးသံလေးကို သူပြန်နားထောင်ဖို့ကြိုးစားရင်း အိပ်မက်တွေနောက်ပဲလိုက်မလား လက်တွေ့ဘဝမှာပဲ ရှင်သန်သွားမလား ။ လှလှပပပြသသွားတဲ့ Coming Of Age ဆန်ဆန်ဂျပန်ဒရာမာကားလေးပါပဲ။ အိပ်မက်နဲ့လူ ကင်းပြီးနေနိုင်လား အိပ်မက်နဲ့ လက်တွေ့ ဒွန်တွဲရှိနေနိုင်လား ကြည့်ကြရမယ့်ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Romance Quality…. 1080p | 720p File size… 1.3GB | 717MB Format… mp4 Duration…. 1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

Horror • Thriller
5.8 2022
Whisper of the Heart
Mary Cherry Chua
6.9

Mary Cherry Chua (သို့) သွေးရောင်လွှမ်းတဲ့ည (2023) IMDb – 6.3/10 ကျွန်မတို့ဘဝမှာ သရဲခေါ်နည်းပေါင်းစုံကစားခဲ့ကြဖူးမှာပါ ဖျာလိပ်နတ် ဆေးလိပ်နတ် ဘောပင်နတ် စသဖြင့်ပေါ့ ခေါ်ရင်းနဲ့သိချင်တာတွေမေးပြီး အရယ်အမောနဲ့ဇာတ်သိမ်းသွားသူတွေရှိသလို နှင်ပုံနှင်နည်းမဟုတ်လို့ ဒုက္ခရောက်ကြသူတွေကိုလည်း ကြားဖူးကြမှာပါ ဒီဇာတ်လမ်းဟာဆိုရင် ဖိလစ်ပိုင်မှာလူသိများတဲ့ မ တရားသဖြင့်အသတ်ခံလိုက်ရတဲ့ ကျောင်းသူလေး မယ်ရီချယ်ရီချူရာဆိုတဲ့ လူပြောများတဲ့ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ ကျောင်းမှာဆို စာကြိုးစားတဲ့ကလေးမလေး ရုပ်ကလည်းချော စာလေးကလည်းတော်နဲ့ လူချစ်လူခင်များတဲ့လူတစ်ယောက်.. တစ်နေ့မှာတော့ တစ်ကျောင်းလုံးကိုရှော့ခ်ရစေတဲ့သတင်းတစ်ပုဒ်တက်လာခဲ့တယ် ဒါကတော့ သူမရဲ့အလောင်းကိုကျောင်းရေကူးကန်မှာတွေ့လိုက်ရလို့ပါပဲ သွေးအလိမ်းလိမ်းနဲ့မြင်မကောင်းအောင် အသက်မရှိတော့တဲ့သူ့ကို ဘယ်သူကများအငြှိုးတကြီးသတ်လိုက်တာများလဲ ခံပြင်းလွန်းလှတဲ့သူမအတွက်တော့ သွေးတွေနဲ့ပဲ တစ်ကျောင်းလုံးကိုလှည့်ပတ်ပြီးတရားမျှတမှုတောင်းဆိုနေပါတော့တယ် ကာရန်ဆိုတဲ့ ကျောင်းသူလေးကတော့ သရဲဇာတ်လမ်းတွေ အရမ်းစိတ်ဝင်စားပြီး အပေါင်းအသင်းသိပ်မရှိတဲ့ ကောင်မလေးတစ်ယောက်ပါ ..လူငယ်သဘာဝ တားထားတာကိုမှပိုလုပ်ချင်တဲ့သူမ သူငယ်ချင်းဖြစ်သူနဲ့ မယ်ရီ့ကိုခေါ်ဖို့ မယ်ရီသေခဲ့တဲ့ရေကန်ဆီသွားပြီးခေါ်ပါတော့တယ် ဒါပေမဲ့ ဂိမ်းကစားရင်းအကြောက်လွန်ပြီး ဂိမ်းစည်းကမ်းဖောက်ဖျက်လိုက်တဲ့ သူငယ်ချင်းကြောင့် ဘာတွေဆက်ဖြစ်သွားမလဲ.. အဆိုရှိနေကြတဲ့ မယ်ရီဆိုတာရောတကယ်ရှိရဲ့လား သူမရဲ့တရားမျှတမှုကိုရှာနိုင်ပါ့မလား နောက်ဆုံး ဒီသရဲဇာတ်လမ်းက ကာရန်ကိုယ်တိုင်နဲ့ပါ ဆက်နွယ်မှုရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့… ဘယ်လိုဆက်ဖြစ်မလဲ အာရှ horror ကြိုက်တဲ့ CM ပရိသတ်ကြီးအတွက် ဖိလစ်ပိုင်စကားပြော horror ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် (အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ V ~ ToMo ~KKKZ တို့ပဲဖြစ်ပါတယ်

TV Movie • Thriller
6.9 2023
Mary Cherry Chua
The Disappearance of Alice Creed

ဒီတစ်ခါမှာတော့ The Disapperance Of Alice Creed ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကတော့ ဗစ်တာနဲ့ဒန်နီဆိုတဲ့ ထောင်ထွက်နှစ်ယောက်ဟာ တစ်ဦးတည်းသောသမီးဖြစ်သူ သူဌေးသမီးအဲလစ်ခရိဒ်ကိုပြန်ပေးဆွဲပြီး သူဖခင်သူဌေးကြီးဆီက ပိုက်ဆံနှစ်သန်းနဲ့ပြန်ရွေးခိုင်းပါတယ်။ သူမကိုပြန်ပေးဆွဲလာပြီး အခန်းတစ်ခုထဲမှာ ခြေတွေလက်တွေကိုကြိုးတုပ်ပြီးဖမ်းထားပါတယ် ဗစ်တာနဲ့ဒန်နီတို့ဟာ ပိုက်ဆံတွေကိုယူပြီး ထွက်ပြေးကြဖို့ စီစဥ်ထားခဲ့ကြတာပါ။ ဒါပေမဲ့ ဗစ်တာတစ်ယောက်မသိလိုက်တာက ဒန်နီနဲ့အဲလစ်တို့ဟာ အရင်ကတည်းက ချစ်သူရည်းစားတွေဖြစ်ခဲ့ကြပြီး ဒန်နီဟာ ဗစ်တာကို သစ္စာဖောက်ပြီး ပိုက်ဆံတွေကို တစ်ယောက်တည်းယူပြီး အဲလစ်နဲ့ထွက်ပြေးဖို့ ကြိုတင်စီစဥ်ထားခဲ့တာပါ ဗစ်တာတစ်ယောက် ထိုအစီစဥ်ကိုသိသွားမလား ဒန်နီနဲ့အဲလစ်ကပဲ ပိုက်ဆံတွေယူပြီးထွက်သွားကြမလား နောက်ဆုံးမှာပိုက်ဆံတွေကို ဘယ်သူကရယူသွားနိုင်မလဲဆိုတာ ကြည့်ရှုရမှာပါ ထူးခြားတာတစ်ခုက ဇာတ်ကားတစ်ကားလုံးထဲမှာ ဇာတ်ကောင်သုံးယောက်တည်းပါဝင်ပြီး ထိုသုံးယောက်တည်းနဲ့ပဲ စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာပဲဖြစ်ပါတယ် File size…(1.5 GB)/(686 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

TV Movie • Comedy • Romance
0 2009
The Disappearance of Alice Creed
Piano no mori [The Piano Forest]
7.1

Piano no mori [The Piano Forest] (2007) ============================== IMDb Rating – 7.1/10 CM ပရိတ်သတ်ကြီးတို့ကို (2007)ခုနှစ်ကထွက်ရှိခဲ့တဲ့ IMDb rating 7.1 /10 Anime လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ စန္ဒရားသံကိုသဘောကျတဲ့ သူတွေ၊ တီးရတာဝါသနာသူတွေ သဘောကျနှစ်သက်လောက်မဲ့ကားလေးပါ။ ဒီAnime ထဲမှာ တူညီတဲ့နယ်ပယ်တစ်ခုတည်းက ပုံစံမတူတဲ့ ကောင်လေးနှစ် ယောက်ကို ယှဉ်ပြီးပြထားပါတယ်။ “အကောင်းဆုံးပြိုင်ဘက်”တွေဟာ “အကောင်း ဆုံးမိတ်ဆွေ”တွေဆိုတဲ့ ခံစားချက်မျိုး ရရှိပါလိမ့်မယ်။ အိချိနိုဆဲခိုင်နဲ့ အာမမိယရှုဟေတို့ဟာ စရိုက်ချင်းရော၊ ကြီးပြင်းတဲ့ပတ်ဝန်းကျင် ရော၊ အနေအထားချင်းရော မတူညီတဲ့သူတွေပါ။ ရှုဟေက အဘွားကျန်းမာရေး ကြောင့် တိုကျိုမြို့ကြီးကနေ နယ်မြို့လေးကို ခဏကျောင်းပြောင်းလာတဲ့ ဆွေကြီး မျိုးကြီးစန္ဒရားပညာရှင်မျိုးရိုးမိသားစုက ဗိုင်းကောင်းကျောက်ဖိ သားယောက်ျား လေးဖြစ်ပြီး၊ ခိုင်ကတော့ ကျောင်းမှာလည်းဂျစ်ကန်ကန်၊ ပြောစကားနားမထောင် ဘဲ လွတ်လွတ်လပ်လပ်နေတတ်တဲ့ နယ်ခံလေးပါ။ သူတို့နှစ်ယောက်လုံးမှာ တူညီ တာတစ်ခုက “စန္ဒရားတီး”တော်ကြတာပါပဲ။ ဒါပေမဲ့ ရှုဟေက မိဘတွေရဲ့ခိုင်းစေမှုကြောင့် အိမ်မှာ ငယ်ငယ်ကတည်းက ဆရာနဲ့ သေချာလေ့ကျင့်ခဲ့တာဖြစ်ပြီး ခိုင်ကတော့ ဘယ်သူမှအသံထွက်အောင်မတီးနိုင်တဲ့ တောထဲက စွန့်ပစ်စန္ဒရားကြီးကို ၃နှစ်သားကတည်းက ကလိရင်း အပျော်တမ်းတီး တဲ့သူပါ။ ဒီလိုအခြေအနေမျိုး ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း ရင်းနှီးပါလိမ့်မယ်။ မိဘခိုင်းလို့ လုပ်တာနဲ့ တကယ်ဝါသနာပါလို့လုပ်တဲ့ လူငယ်တွေလိုပေါ့။ ဒါပေမဲ့ ကြာ လာရင် ကိုယ်ကျွမ်းကျင်သွားတဲ့နယ်ပယ်မှာ “ပျော်မွေ့”တတ်လာတာမျိုးလည်း ရှိ သေးတယ်ကိုး။ တစ်နေ့ကျ ၅၆ကြိမ်မြောက်ဂျပန်နိုင်ငံလုံးဆိုင်ရာကျောင်းပေါင်းစုံ စန္ဒရားပြိုင်ပွဲကို အကြောင်းအမျိုးမျိုးကြောင့် နှစ်ယောက်လုံးဝင်ပြိုင်ဖို့ဖြစ်လာရင်း သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးမှာ “ပြိုင်ဘက်”ဆိုတဲ့စကားလုံးလေးလည်းဖြည့်စွက် လာတဲ့အခါ….။ အကြောင်းပြချက်ရော၊ ပင်ကိုစရိုက်ရော မတူကြတဲ့ သူတို့နှစ်ယောက်ရဲ့စန္ဒရားပညာ ရှင်လမ်း ဘယ်လိုဖြစ်သွားလဲဆိုတဲ့ ဇာတ်သိမ်းကို ကျွန်တော်လည်းမသိပါဘူး။ Piano Forest ဟာ ခိုင်နဲ့ ရှုဟေတို့ လူကြီးဖြစ်ချိန်ထိပါတဲ့ Series ရှိပြီးသားပါ။ ဒါပေမဲ့ ကျွန် တော့်အတွက် Movie ရဲ့အဆုံးသတ်က လုံလောက်သွားပြီမို့ အကြည့်ရပ်ထားပါတယ်။ ခိုင်နဲ့ ရှုဟေတို့နှစ်ယောက်ဆီကနေ အများကြီးသင်ယူလိုက်ရတာပါပဲ။ ရှုဟေကို စည်းစနစ်ကျမှုနဲ့ ခိုင်းနှိုင်းရင် ခိုင့်ကို အထိန်းအကွပ်မဲ့မှုနဲ့ ခိုင်းနှိုင်းရပါလိမ့်မယ်။ ရှုဟေက ပိရိသေသပ်ပြည့်စုံသူလို့‌ဆိုရရင် ခိုင်က တီထွင်ဆန်းသစ်တတ်တဲ့သူလို့ဆိုရမှာပါ။ နှစ်ယောက်လုံးက “ကြိုးစားမှုပါရမီရှင်”တွေပါပဲ။ ဒီ movie ထဲမှာ ခိုင်နဲ့ ရှုဟေတို့ သူငယ် ချင်းပြိုင်ဘက်နှစ်ယောက် စတင်သိကျွမ်းပုံကစလို့ တစ်ယောက်ဆီကတစ်ယောက်သင်ယူ ရင်း၊ ကိုယ့်ကိုယ်ကိုယ်ပိုနားလည်လာရင်း၊ အိပ်မက်ပန်းတိုင်တစ်ခုကို မတူညီတဲ့လူသားနှစ် ယောက် ခံယူချက်ကိုယ်စီနဲ့ ကိုယ်ပိုင်ဟန်အတိုင်းလျှောက်လှမ်းဖို့အစပြုပုံကိုကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.0 GB) / (527 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Anime, Animation, Drama, Family, Translator…….Ngwe Zin Encoder……….SWM

7.1 2007 101 mins
Piano no mori [The Piano Forest]
Vayassethrayayi Muppathi
6.7

Vayasethrayaayi Muppathiee ( 2024 ) သတို့သမီးရှာပုံတော် Imdb 8/10 မင်းသား ပရာဆန့် မူရာလီ အဓီကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒရာမာဟာသကားလေးကို အခုတစ်ခေါက်မှာ တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်း အသက် ၃၀ အရွယ် ဘရီဂက်ရှ်ဟာ အခုချိန်ထိ လူပျိုကြီးဘဝနဲ့ တစ်ကိုယ်တည်းအားထုတ်နေရတဲ့သူ ဖြစ်တဲ့အလျောက် ပတ်ဝန်းကျင်ကြားမှာလည်း မျက်နှာငယ် ရွယ်တူအပေါင်းအသင်းတွေကြားမှာလည်း မျက်နှာငယ်ရရင်း နေထိုင်နေပါတယ်။ တကယ်တော့ သူဟာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက အကျိုးဆောင်တစ်ယောက်ကို အကူအညီတောင်းပြီး လက်ထပ်ပွဲ ဖြစ်မြောက်နိုင်ဖို့ အားစိုက်ခဲ့ပေမဲ့ ကံဆိုးစွာနဲ့ အကြောင်းအမျိုးမျိုးကြောင့် တစ်ပွဲမှ မအောင်မြင်ခဲ့ပါဘူး ။ ဒါကြောင့် သူကိုယ်တိုင်လည်း ဒီလိုအခြေအနေနဲ့ ပတ်သက်လို့ အရမ်းကိုမှ စိတ်ဖိစီးနေခဲ့ရပြီး သူ့ရဲ့သတို့သမီးလောင်းလေးနဲ့ ဘယ်အချိန်မှများ တွေ့ရမလဲလို့ သောကရောက်နေရရှာပါတယ် ဒီကားထဲမှာဆိုရင်တော့ တကယ့်အပြင်လောကက အိန္ဒိယမှာလို အခြေခံလူတန်းစားတွေ အိမ်ထောင်တစ်ခုတည်ထောင်ရာမှာ ဘယ်လိုအခက်အခဲတွေရှိတတ်ပြီး သာမန်ပတ်ဝန်းကျင်နဲ့ မိသားစုအတွင်းမှာရော ဘယ်လိုအလွဲလေးတွေ အတင်းအဖျင်းတွေ ရှိတတ်ကြောင်းတို့ကို ပေါ့ပေါ့ပါးပါး ဟာသလေးလည်းနှောပြီး ဒရာမာဆန်ဆန် ရိုက်ကူးထားတာဖြစ်လို့ ပိတ်ရက်မှာ အပန်းဖြေတဲ့အနေနဲ့ ကြည့်လို့ရအောင် CM ကနေ တင်ဆက်ပေးလိုက်ပါတယ်ရှင် အညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်။

Drama • Family
6.7 2024
Vayassethrayayi Muppathi
One Night Stand
5.8

ကျောင်းပြီးဘွဲ့တွေရကြပြီးတော့ အသီးသီးကိုယ်စီ ကိုယ့်လမ်းကိုယ်လျှောက်နေကြတဲ့အခါ ကျောင်းတုန်းကအတူတူအတန်းလစ်ခဲ့တာ၊ဆိုးခဲ့ကြတဲ့ သူငယ်ချင်းတွေနဲ့ဝေးကွာနေကြတယ်ဆိုရင် ဒီဇာတ်ကားလေးကိုကြည့်ရင်းဘဝအမောတွေဖြေဖျောက်နိုင်ဖို့ တင်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကတော့ကြော်ငြာကုမ္ပဏီမှာလက်ထောက် ဒါရိုက်တာရာထူးကနေ ဒါရိုက်တာရာထူးကိုလိုချင်လို့အလုပ်ကြိုးစားနေတဲ့ လင်သာ့ချုံ၊ ဘေးပတ်ပတ်လည်မိန်းကလေးတွေ ဝိုင်းရံနေတဲ့ခန့်ညားချောမောတဲ့ဓါတ်ပုံဆရာ ဖန့်သာ၊ တက္ကစီမောင်းရင်းမိန်းမနဲ့ကလေးကိုရှာကျွေးနေတဲ့ လျိုရှောင်သောင်း၊ ငယ်စဉ်တည်းကသူဌေးသား လွီဖန့်ဖန့် ၊ သူတို့လေးယောက်ကတော့ ကျောင်းနေဖက်သူငယ်ချင်းဆိုးဖော်ဆိုးဖက်တွေဖြစ်ကြတာပေါ့။ တနေ့မှာ ဖန့်ဖန့်ကတော့လင်သာ့ချုံရှိရာဆီလာပြီး မတွေ့ကြာတဲ့သူငယ်ချင်းတွေနဲ့ စုံစည်းချင်တယ်လို့ပြောတယ်။ သို့ပေမဲ့သာ့ချုံက သူလိုချင်တဲ့ဒါရိုက်တာရာထူးကို မက်မောနေတာကြောင့် ငြင်းဆိုခဲ့တာကြောင့်ဖန့်ဖန့်တစ်ယောက် သူ့အမေသေဆုံးသွားပြီး သူ့မှာနှလုံးရောဂါကြောင့် ဘယ်လောက်မှမခံတော့ကြောင်းဇာတ်လမ်းဆင်ခဲ့ရာမှာ သာ့ချုံလည်းသနားသွားပြီး တစ်နေ့တာသူငယ်ချင်းတွေနဲ့ အလုပ်လုပ်ရင်းလည်ပေးဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့သူငယ်ချင်းလေးယောက်သား စကားဝိုင်းမှာ တစ်ယောက်တစ်မျိုးစီကိုယ်ဖြစ်ချင်တဲ့ဆန္ဒတစ်ခုစီပြောရင်း အဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးကြဖို့ သဘောတူခဲ့ကြတယ်။ ဒီလိုနဲ့သမီးလေးရှိတဲ့ရှောင်းသားကတော့ သူ့သမီးဆန္ဒဖြစ်တဲ့ ဝက်ဝံလေးမွေးဖို့၊ဓါတ်ပုံဆရာ ဖန့်သာကတော့ သူ့အချစ်ဦးနဲ့တွေ့ဖို့၊ရုံးမှာစိတ်ကျဉ်းကျပ်လာတိုင်း လမ်းဘေးခေါက်ဆွဲဆိုင်လေးမှာ ခေါက်ဆွဲစားချင်တဲ့ သာ့ချုံ၊ငယ်စဉ်ကချမ်းသာပေမဲ့ သူများကဘောင်းဘီခွကြားထဲကနေ ဝပ်သွားဖြတ်လျှောက်ခိုင်းတာကြောင့် လက်စားပြန်ချေချင်တဲ့ ဖန့်ဖန့်။ ဒီဆန္ဒလေးခုကို အကုန်အတူတူဖြည့်ဆည်းပေးကြတဲ့ အချိန်မှာဘယ်လိုတွေဖြည့်ဆည်းပေးကြမလဲ။ ဘယ်လိုတွေများသူငယ်ချင်းတွေစုပြီး ကယက်ထကြမလဲဆိုတာတွေနှင့်အတူ ဒီဇာတ်ကားလေးထဲမှာကျောင်းနေဖက် သူငယ်ချင်းတွေနဲ့ ပြန်တွေ့ဆုံကြတဲ့ခံစားချက်မြင်ကွင်းလေးတွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့အပြင် ပေါ့ပေါ့ပါးပါးဟာသဇာတ်လမ်း ဆိုပေမဲ့လည်း ရင်ထဲမှာတခုခုစွဲကျန်သွားစေရုံတင်မက One Night Stand ဆိုသည့်အတိုင်းတစ်ညတာပျော်ပါးကြပုံတွေကို ဇာတ်လမ်းလေးထဲမှာ မြင်တွေ့ရမှာဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်

5.8 2024
One Night Stand
The Cursed Land
6

The Cursed Land (2024) ************************* ထိုင်းသရဲကားထဲမှာမှ မူကွဲပုံစံအသစ်လေးနဲ့ အင်ဒိုသရဲကားနဲ့ခပ်ဆင်ဆင်တူတဲ့ horror movie သစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ကျိန်စာသင့်ဖုန်းဆိုးမြေပေါ်မှာရှိနေတဲ့ အိမ်ကြီးတစ်လုံးရဲ့ ရာဇဝင်အကြောင်းလေးပေါ့ .. ။ အင်ဂျင်နီယာချုပ်မစ်တစ်ယောက် စက်ရုံမှာ ကြီးကြပ်ပေးဖို့အတွက် နုံကျုပ်မှာရှိတဲ့ မွတ်စလင်ရပ်ကွက်က စက်ရုံနဲ့နီးတဲ့ အိမ်လေးတစ်အိမ်မှာ သမီးဖြစ်သူမေနဲ့ နေရဖို့ဖြစ်လာပါတော့တယ်။ အိမ်ဟောင်းဆိုပေမဲ့ အိမ်ပိုင်ရှင်တွေက သူတို့ကို အိမ်ကိုပြုပြင်ရုံပဲပြုပြင်ပြီး ဘာပစ္စည်းကိုမှ မထိဖို့ မလွှင့်ပစ်ဖို့တော့ အတန်တန်မှာခဲ့ပါသတဲ့။ နဂိုကတည်းက သူ့ရဲ့ပယောဂမကင်းတဲ့ ဇနီးသည်ဆုံးပါးမှုကြောင့် စိတ်မတည်မငြိမ်ဖြစ်ပြီး အကြောင်းအရင်းမရှိ ခေါင်းကိုက်ဝေဒနာ ခံစားခံနေရတဲ့ထဲ ဘာသာမတူတဲ့ မွတ်စလင်ရပ်ကွက်ကလည်းဖြစ် ဘေးအိမ်မှာကလည်း ပယောဂဆရာလိုလို အောက်လမ်းဆရာလိုလို ဟင်ဆိုတဲ့လူတစ်ယောက်လည်းရှိနေတော့ မသိုးမသန့်ခံစားနေရတဲ့ မစ်ဟာ အိမ်မှာကပ်ထားတဲ့ ဘာမှန်းမသိတဲ့အဆောင်တွေကို အကုန်ဖြဲပြီးလွှင့်ပစ်ပြီးတော့ နတ်ကွန်းလေးတစ်ခုဆောက်လိုက်ပါတယ် .. ။ အဲဒီချိန်ကနေစလို့ မစ်တစ်ယောက် ထူးထူးဆန်းဆန်းတွေမြင်ရ ကြားလာရတဲ့အခါမှာတော့…. (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.8GB / 727MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 11 min. Genre ….. Horror, Supernatural Subtitle….Myanmar Subtitle (Hard Sub) Translated by CharOu & Mary Christ Encoded by AHtet

6 2024 131 mins
The Cursed Land
Avenging Angelo

(IMDb 5.1/10) Director ကြီး Martyn Burke ရိုက်ကူးထားတဲ့ Action/Comedy/Crimeဇာတ်ကားကောင်းလေးပါ မင်းသားကြီး Sylvester Stallone နဲ့ မင်းသမီးကြီး Medeleine Stowe တို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်ကားလေးကတော့ ဖရန်ကီ ဆိုတဲ့ သစ္စာရှိသက်တော်စောင့်ကောင်လေးဟာ အန်ဂျလို ဆိုတဲ့မာဖီးယား ဂိုဏ်ခေါင်းဆောင်ကြီးရဲ့လက်စွဲတော်ပေါ့ဖအေနဲ့သားလိုဆက်ဆံမှုမျိုးရှိကြတာပေါ့…..ဒီလိုနဲ့တစ်နေ့မှာ အန်ဂျလို ဟာသူသေတော့မှာကိုသိနေတဲ့အတိုင်း ဗီဒီယိုမှတ်တမ်းနဲ့သူ့ကိုအဖေမှန်းတောင်မသိတဲ့ သူ့ရဲ့သမီးကိုအမှာစကားထားခဲ့ပါတယ်…..အန်ဂျလို လုပ်ကြံခံရပြီးသေသွားတော့ ဖရန်ကီ ဟာသူ့သမီးရှိရာကိုသွားပြီးဖြစ်ကြောင်းကုန်စင်ပြောပြပြီး…… နှစ်ယောက်ပေါင်းပြီး ပြန်လက်စားခြေမယ့်အစီအစဉ််တွေကိုဘယ်လိုလုပ်ကြမလဲ…..မသိနိုင်တဲ့နောက်ကွယ်ရိုမန့်တစ်ဆန်တဲ့ ဇာတ်လမ်းလေးကရောဘယ်လိုများလဲဆိုတာကိုတော့….. ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(933 MB)/(748 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leo

0 2002
Avenging Angelo
Silent Roar

Silent Roar (2023) ဆိုတဲ့ ဇာတ်ကားက စကော့တလန်ရဲ့ အိုင်လပ်စ်ရေပြင်မှာ ရိုက်ထားတဲ့ လူငယ်ဘဝအကြောင်း ဒရာမာကားလေးပါ ဇာတ်လမ်းက ဒွန်ဒိုဆိုတဲ့ လှိုင်းစီးသမားလူငယ်လေးတစ်ယောက်အကြောင်းပဲ သူ့အဖေ ဝီလီ တစ်နှစ်လောက်ကြာတဲ့အထိ ပင်လယ်ထဲမှာ ပျောက်သွားတာ လူတွေက သေသွားပြီလို့ ထင်ကြပေမယ့် ဒွန်ဒိုကတော့ အဖေအသက်ရှင်နေသေးတယ်လို့ ယုံကြည်ထားတယ် ဒွန်ဒိုတစ်ယောက် အဖေ့ကို ရှာဖို့ ကြိုးစားရင်း သူ့သူငယ်ချင်း ဆပ်စ်ဆိုတဲ့ ပုန်ကန်တတ်တဲ့ ကောင်မလေးနဲ့ အတူ စွန့်စားခန်းတွေ ဖွင့်တယ် ဆပ်စ်က ဒွန်ဒိုကို ကူညီရင်း သူ့ရဲ့ ဝမ်းနည်းမှုတွေကို ရင်ဆိုင်ဖို့ တွန်းအားပေးတယ် ဒီလိုနဲ့ ကျွန်းပေါ်က ဘုရားကျောင်းက သင်းအုပ်ဆရာသစ်တစ်ယောက်ရောက်လာပြီး ဒွန်ဒိုရဲ့ ဘာသာရေးနဲ့ ခံစားချက်တွေကို ပိုရှုပ်ထွေးသွားစေတယ် ဒီဇာတ်ကားက ဝမ်းနည်းမှု ဘာသာရေး နဲ့လူငယ်ဘဝရဲ့ စွန့်စားရှာဖွေမှုတွေကို ဟာသလေးနဲ့ ရောပြီး ပြထားတာပါ ဒွန်ဒိုနဲ့ ဆပ်စ်ရဲ့ ချစ်စရာဇာတ်လမ်းလေးက ရုပ်ရှင်ပြီးတာတောင် စိတ်ထဲမှာ ကျန်နေစေမှာပါဗျ File size… (1.6 GB) / (921 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

Action • Comedy • Crime
0 2025
Silent Roar
Submarine
7.3

Submarine (2011) IMDb – 7.3 IMDb မှာ rating 7.3 ရရှိထားတဲ့ ဟာသ-ဒရာမာ အမျိုးအစား ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Submarine ဇာတ်ကား နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းဟာဆိုရင် အရွယ်ရောက်လာပုံကို ဟာသဆန်ဆန်ပုံဖော်ထားပေးပြီး ဆယ်ကျော်သက်ဘဝရဲ့အတွေ့အကြုံတွေကို ထင်ဟပ်ပြထားနိုင်မှုကြောင့် ဝေဖန်သူတွေရဲ့ ချီးကျူးမှုတွေကိုပါ လက်ခံရရှိခဲ့ပါတယ်။ အရွယ်ရောက်ချိန်မှာ ကြုံတွေ့ရတတ်တဲ့ အချစ်ဇာတ်လမ်းနဲ့ မိသားစုရေးရာအကြောင်းတွေကိုပါ ထည့်သွင်းပြထားတဲ့အတွက် လက်တွေ့ဆန်မှုကိုပါခံစားနိုင်မှာဖြစ်ပါတယ်။ Oliver Tate ဆိုတဲ့ကောင်လေးတစ်ယောက် အရွယ်ရောက်ချိန်မှာ ဘာတွေကြုံတွေ့ရသလဲ…ဆယ်ကျော်သက်အတွေးတွေကရော ဘယ်လိုရှိလဲ…မိသားစုနဲ့ရော အခြေအနေဘယ်လိုလဲ…အချစ်ဇာတ်လမ်းကရော အဆင်ပြေပါ့မလား ဒါတွေအားလုံးကို Submarine ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားနိုင်မှာဖြစ်ပါတယ်။ ကြည့်ရတာတန်တဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်လို့ညွန်းပေးလိုက်ပါရစေ။ File Size – 3.28 GB/ 777 MB Quality – BluRay 1080p/ 720p Duration – 1:38:53 Format – mp4 Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Theint Waddy Lynn Encoded by – Treasure Htet

Action • Crime • Thriller
7.3 2011 97 mins
Submarine
Psycho IV: The Beginning
5.4

Psycho IV Beginning 1990 IMDb: 5.4/10 ဒီတစ်ခေါက်မှာတော့ ဆိုက်ကိုလူသတ်ဇာတ်လမ်းတွေကို သဘောကျကြိုက်နှစ်သက်တဲ့ လူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဒါကတော့ လေးကားမြောက်ဖြစ်ပြီး ရှေ့မှာ sequel 1 2 3 လည်းရှိပါသေးတယ်။ ဇာတ်လမ်းတွေအားလုံးက ပျင်းစရာမကောင်းသွားအောင် plot twist များစွာနဲ့ ဇာတ်လမ်းကိုအဆုံးထိ ဆွဲခေါ်သွားနိုင်မယ့် ဇာတ်ကားမျိုးပါ။ ဒီလိုဇာတ်လမ်းမျိုးကို အသစ်ပုံဖော်ရိုက်ကူးထားတဲ့ Bates Motel (2013)လည်း အတော်လေး လူကြိုက်များခဲ့တာမို့ မူရင်း ဇာတ်ကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာ နော်မန်ဘိတ်စ်ဟာ ကိုယ့်ရဲ့မိခင်ဖြစ်သူကို ဘဝနိဂုံးချုပ်စေတဲ့ လူတွေနဲ့ တိုက်ရိုက်ဆွေးနွေးတင်ဆက်တဲ့ ရေဒီယိုတင်ဆက်မှုတစ်ခုကို ဖုန်းခေါ်ရင်းက စတင်ထားပါတယ်။ ရေဒီယိုရှိုး အစီအစဉ်တင်ဆက်သူနဲ့ စိတ်ပညာရှင်တွေဟာ နော်မန်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ တကယ့် လူသတ်သမားဆိုတာကို မသိကြပါဘူး။ ဇာတ်လမ်းဟာ အဲဒီကနေမှ နော်မန့်ရဲ့ ဆိုးရွားတဲ့ ငယ်ဘဝကို နောက်ကြောင်းပြန် ထင်ဟပ်စေရင်း စတင်ခဲ့ပါတယ်။ အဲဒီမှာ သူ့အမေရဲ့ အကျင့်ဆိုးတွေက သူ့စိတ်ကို ဘယ်လို ပြောင်းလဲလာစေတယ်ဆိုတာကို ဖော်ပြလာပါတယ်။ မိခင်ဖြစ်သူ နော်မာ ဘိတ်စ်ဟာ လှည့်စားတတ် ဝန်တိုတတ်ပြီး စိတ်ပိုင်းဆိုင်ရာကို အတော်လေး ဒုက္ခပေးနိုင်လွန်းတဲ့ မိခင်မျိုးပါ။ ဒါကြောင့်ပဲ နော်မန်လေးဟာ လူတစ်ကိုယ်တည်းနဲ့ စိတ်၂မျိုး ဖြစ်မှန်းမသိဖြစ်လာခဲ့ရပါတယ်။ အခုအချိန်မှာတော့ နော်မန်ဟာ အိမ်ထောင်ကျနေပြီဖြစ်ပြီး တည်ငြိမ်သယောင်ရှိနေပေမဲ့ သူဟာကလေးယူလိုက်လို့ သူ့ရဲ့ကလေးက သူ့ဗီဇလိုက်ပြီး မကောင်းဆိုးဝါးလေးတစ်ကောင်ကို လက်သပ်မွေးသလိုဖြစ်လာမှာကို ကြောက်ရွံ့နေခဲ့ပါတယ်။ သူ့လိုမျိုး ဇာတ်နာခဲ့ရတဲ့ ကောင်လေးဘဝကနေ စိတ္တဇလူသတ်သမားဖြစ်လာမှာမျိုးကို သူမလိုလားတဲ့အတွက် ကိုယ်ဝန်ရှိနေတဲ့ မိန်းမကိုပါ သတ်ဖို့ကြံလာပါတယ်။ အဲဒီအကြောင်းတွေကိုလည်း ရေဒီယိုရှိုးမှာ ထုတ်ဖော်ရင်ဖွင့်လာတဲ့အခါ သူ့ရဲ့ကောင်းတဲ့မသိစိတ်ကို တင်ဆက်သူတွေက ပြန်ပြီးကြီးစိုးလာနိုင်အောင် ဝိုင်းဝန်းဖျောင်းဖြရင်း ဇာတ်လမ်းလေးကို စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ File size… 1.8 GB / 970 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Kyi Sin Thant

Comedy
5.4 1990 96 mins
Psycho IV: The Beginning