YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

University War(2023)Ep5 WEB-DL 1080P(CM).mp4

998.66 MB N/A video/mp4 110 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Conspiracy Theory
6.6

ခုတစ်ခေါက် တင်ဆက်ပေးမယ့် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသမီး အလှပဂေး Julia Roberts နဲ့ ဒါရိုက်တာ-သရုပ်ဆောင် မင်းသားကြီး Mel Gibson တို့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေ ပါဝင်ပြီးတော့ ကြည့်ရှုသူတွေအနေနဲ့ အက်ရှင်၊ နိုင်ငံရေးလျှို့ဝှက်မှုခင်းတွေနဲ့ အချစ် အကြောင်းတို့ကို စုံလင်စွာ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ တက္ကဆီမောင်းသမား Jerry က နိုင်ငံမှာ ဖြစ်ပျက်နေတာတွေအကုန်လုံးကို လိုက်ကြည့်ပြီး ဒါကတော့လက်မဲကြီးတွေကလုပ်တာ၊ ဘယ်သူတွေကကြိုးကိုင်နေလို့ ဒီလိုဖြစ်တာဆိုပြီး ကိုယ်ပိုင်သီအိုရီတွေထုတ်တတ်လေ့ရှိပါတယ်။ တက္ကဆီမောင်းတဲ့သူလည်း ဖြစ်နေတော့ လူတွေအများကြီးနဲ့ ဆက်ဆံရပြီး တွေ့သမျှလူတိုင်းကိုလည်း သူ့အတွေးတွေအကုန်လုံးကို လိုက်ပြောလေ့ရှိပါတယ်။ သူပြောသမျှက ယုံချင်စရာမကောင်းလွန်းလို့ အရူးလို့ထင်ရပေမဲ့ သူပြောတဲ့အထဲက တစ်ခုခုကမှန်သွားပြီးတော့ သူ့ကိုလိုက်ဖမ်းတဲ့ အဖွဲ့အစည်းတစ်ခုပေါ်လာပါတယ်။ Jerry ကတော့ သူထုတ်ထားတဲ့ သီအိုရီတွေက များလွန်းလို့ ဘယ်ဟာကြောင့်ခုလို ဖြစ်ရတယ်ဆိုတာတောင် မသိတော့ပါဘူး။ Jerry မှာ သူ အရူးအမူးစွဲလမ်းနေတဲ့ Alice လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်လည်း ရှိပါတယ်။ Jerry ကို လိုက်ဖမ်းတဲ့ အဖွဲ့အစည်းက အဲဒီကောင်မလေးနဲ့ရော ဘယ်လိုဆက်စပ်မှုတွေရှိလဲ။ Jerry ရဲ့ စွဲလမ်းမှုကရော Alice အပေါ် အန္တရာယ်ဖြစ်စေနိုင်မလား ဆိုတာတွေကို ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ကောင်းစွာ တင်ဆက်ပေးထားလို့ လက်လွှတ်မခံဘဲ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size…(2.63GB)  / (`1.36GB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:15:00 Genre... Action / Mystery /  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

6.6 1997 135 mins
Conspiracy Theory
Raksha Bandhan
7.2

ဒီဇာတ်ကားလေးကတော့ အရှေးကူမားရဲ့မေတ္တာစာဖွဲ့ကားလေးလို့ ပြောရမယ်..စွန့်လွှတ်အနစ်နာခံတဲ့ အစ်ကိုကြီး အဖရာ နေရာကနေ သရုပ်ဆောင်ထားတယ်.. အိန္ဒိယနိုင်ငံအတွင်းမှာက သတို့သမီးဘက်က သတို့သားကို တင်တောင်းရတယ် သမီးမွေးထားတဲ့ မိဘတွေက တစ်သက်လုံးလျှာထွက်အောင်ရုန်းရတယ် သူတို့သမီးလေး ယောက္ခမအိမ်မှာ မျက်နှာမငယ်ရဖို့အတွက် တင်တောင်းငွေများများပေးပြီး မင်္ဂလာဆောင်ပေးတဲ့ ဓလေ့ဆိုပါတော့... ဒါတင်မကသေးဘူး တချို့သားရှင်တွေက ဘယ်လောက်ဆိုးလဲဆိုရင် တင်တောင်းငွေပေးပြီး ပေးစားလိုက်ပြီးတာတောင် ပွဲတော်အခါသမယတွေရောက်တိုင်း ဟိုဟာပေးပါဦး ဒီဟာပေးပါဦးနဲ့ ထပ်တောင်းကြသေးတယ် မပေးရင်တော့ ဒီသမီးမိန်းကလေးက စိတ်ချမ်းချမ်းသာသာနဲ့ မနေရ သိမ်ငယ်ရတာပေါ့ ဒီအဖြစ်ဆိုးမျိုးတွေနဲ့ ဓလေ့ကြီး ရိုက်ခတ်အခံရဆုံးသူကတော့ ချန်ဒီချော့မြို့လေးအတွင်းမှာ နေထိုင်သူ လာလာကီဒါနသ်ဆိုသူပေါ့...မိဘတွေဆုံးပါးသွားကြပြီးနောက် ညီမလေးယောက်ဖြစ်သူကို ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့ရသူပေါ့... ညီမလေးတွေ အရွယ်ရောက်လာတော့ သူတုိ့လေးတွေကို မင်္ဂလာဆောင်ပေးရမယ့် ဝန်ထုပ်ကြီးက သူ့ခေါင်းပေါ်မှာ ပိနေသလို ချစ်ရသူလေးကလည်း သူ့ကိုလက်ထပ်ပေးဖို့ ဂျီကျလာတဲ့အခါ မိခင်မဆုံးခင်ကလည်း သူညီမလေးယောက်ကို မင်္ဂလာဆောင်ပေးပြီးမှ သူလက်ထပ်ပါ့မယ်လို့ ကတိပေးထားခဲ့လေတော့.... မိခင်ကိုပေးထားတဲ့ ကတိကိုတည်နိုင်အောင်ကြိုးစားဖို့ပဲ အားသန်နေတဲ့ လာလာတစ်ယောက်... ကတိတည်နိုင်ပါ့မလား.... သူ့အချစ်လမ်းခရီးဖြောင့်ဖြူးနိုင်ပါ့မလား... ရှေ့ဆက်ပြီးတော့ အရှေးကူမားရဲ့ထုံးစံအတိုင်းအလွဲလေးတွေနဲ့ ခွီရမယ့်အပြင် လောကဓံကရိုက်ခတ်လာတဲ့အခါ ဝမ်းနည်းစရာလေးတွေကြုံလာရမှာမို့ ဒီကားလေးဟာ ခွီလည်းခွီရ ငိုလည်းငိုရနဲ့ ပညာပေးရိုက်ကူးထားတဲ့ အရှေးကူမားရဲ့ မိသားစု ဒရာမာ ဟာသကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်... File size…4.1GB / 2.03GB / 1.04GB Quality…4k HEVC WEBDL  / 1080p WEB DL / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Crime • Thriller
7.2 2022 110 mins
Raksha Bandhan
That Peter Crouch Film
6.9

That Peter Crouch Film (2023) ~ IMDb - 7.2/10, Rotten Tomatoes - 89% ~ ရပ်ကွက်အခေါ် "ပီတာခရော့" ပြောင်ပြီးခေါ်တာ "ပီတာငပျော့" ချစ်လို့ခေါ်ရင် "ပီတာငကျော့" ပီတာခရောက်ခ်ျဆိုတဲ့နာမည်က ဘောလုံးပရိသတ်တွေနဲ့ စိမ်းတဲ့နာမည်တော့မဟုတ်ပါဘူး။ အက်စတွန်ဗီလာ၊ ဆောက်သမ်တန်၊ လီဗာပူး၊ စပါး၊ စတုတ်စီးတီးနဲ့ အင်္ဂလန်ရဲ့ ရွှေရောင်မျိုးဆက်မှာ ပါဝင်ခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်အဖြစ် မှတ်မိနေကြမှာပါ။ အရပ်မြင့်မြင့် ခြေတံလက်တံရှည်ရှည်နဲ့ ဂိုးသွင်းပြီး စက်ရုပ်အက ကတယ်ဆိုတာ ဘုရားသခင်သွန်းလုပ်တဲ့ ဒီပုံမကျပန်းမကျကစားသမားနဲ့ ခွဲထုတ်လို့မရတဲ့အရာတွေပေါ့။ ဒီစက်ရုပ်ကြီးက ပရီးမီးယားလိဂ်မှာ ဂိုးပေါင်း ၁၀၀ သွင်းခဲ့ပြီး ခေါင်းတိုက်ဂိုးအများဆုံးဆိုတဲ့ စံချိန်ကိုတင်ထားပါတယ်။ ပီတာခရောက်ခ်ျဟာ ပရီးမီးယားလိဂ်မှာဆိုရင် တော်တော်ကို Underrated ဖြစ်တဲ့ ကစားသမားလို့ ကျွန်တော်ပြောရင် ငြင်းချင်တဲ့လူတွေရှိလိမ့်မယ်။ ဒါပေမဲ့ ဆက်ပြောပါရစေဦး။ ပီတာ‌ခရောက်ခ်ျလို အရပ်အမောင်းနဲ့ ရှေ့တန်းတိုက်စစ်မှူးဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ သူ့လို ဂိုးတွေသွင်း ဖလားတွေယူဖို့ဆိုရင် ပိုတောင်ခက်ဦးမှာပါ။ သူ့ရဲ့ ကစားပေါက်ကိုကြည့်မယ်ဆိုရင် အရပ်အမောင်းမြင့်တာအပြင် သူ့မှာ နည်းစနစ်ကြွယ်ဝမှုတစ်ခုရှိနေတယ်ဆိုတာလည်း မြင်ရပါလိမ့်မယ်။ ဂိုးတွေ တဒိုင်းဒိုင်းလှိမ့်သွင်းတဲ့ကစားသမားမျိုးမဟုတ်ပေမဲ့ လွှတ်ထားလို့ရတဲ့ကစားသမားမျိုးလည်းမဟုတ်ပြန်ဘူး။ သူကန်တာက အချိုးမကျဖြစ်နေပေမဲ့ ခေါက်ရိုးမညီမှုကြားမှာ အနုပညာချည်မျှင်ပါးပါးလေးတစ်ချောင်းရှိတယ်။ အဲဒီချည်မျှင်လေးကပဲ ကျွန်တော်တို့ကို သူ့ကစားဟန်‌‌ကနေ ရုန်းမရအောင် ချည်ထားခဲ့တာဖြစ်မှာပါ။ ပီတာခရောက်ခ်ျ ဒိုင်ယာရီတွေက ကျွန်တော်တို့သတိမထားမိခင် ကျွန်တော်တို့ရင်ထဲ ကြိုထွင်းထုပြီးသားဖြစ်နှင့်နေတယ်။ စက်ရုပ်အက ကတဲ့ဘဲကြီး... ကလန်ကလား ဘဲကြီး... ခေါင်းတိုက်ဂိုးတစ်ပေါက်တော့ နောက်လို့မရဘူးဆိုတဲ့ဘဲကြီး... အစရှိသဖြင့်ပေါ့။ လက်ဖက်ရည်ဆိုင်ခေတ်မှာ ကျွန်တော်ဘောလုံးပွဲစကြည့်ဖြစ်တော့ ပီတာငကျော့ဟေ့လို့ တစ်ယောက်အော်လိုက်တာနဲ့ ကျွန်တော်တို့မှာ ပြူးတူးပြဲတဲ ကလန်ကလားနဲ့ ဘဲကြီးကို ရယ်ချင်သလိုလို ထူးဆန်းသလိုလို မျက်လုံးမျိုးတွေနဲ့ ငေးခဲ့ရဖူးတယ်။ သူ့မျက်နှာမှာ အပြုံးတစ်ပွင့်ပန်ပြီး က,လိုက်တဲ့ စက်ရုပ်အကမှာ သူ့လက်တစ်ချက်လှုပ်တိုင်း ကျွန်တော်တို့ အပျော်တွေ တစ်စက်ချင်း သွေးကြောထဲစိမ့်ဝင်ခဲ့ရတာပေါ့။ အောင်မြင်မှုအရ ခြေစွမ်းအရ ဆိုရင် သူ့ထက်သာတဲ့ကစားသမားတွေ မရေမတွက်နိုင်အောင်ရှိလိမ့်မယ်။ ဒါပေမဲ့ ပရိသတ်အချစ်ကိုရတဲ့နေရာမှာတော့ သူ့ထက်သာတဲ့လူ လက်‌နှစ်ဖက်ပြည့်မယ်မထင်ပါဘူး။ ကလန်ကလား၊ ဂိုးမသွင်းတတ်‌တဲ့ကောင်၊ အင်္ဂလန်လက်ရွေးစင်နဲ့ မတန်ဘူး ဘာညာဆိုတဲ့ ဝေဖန်သံတွေ၊ အမုန်းစကားတွေကြားထဲက ပီတာခရောက်ခ်ျတစ်ယောက်ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ပြီး အိမ်ပြင်မထွက်ရဲတဲ့ထိဖြစ်ရာကနေ ပရိသတ်အချစ်တော် ကစားသမား‌တစ်ယောက် ဘယ်လိုဖြစ်လာခဲ့သလဲဆိုတာကို ဒီမှတ်တမ်းရုပ်ရှင်မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘောလုံးဆိုတာ အသင်းနှစ်သင်း အလုံးတစ်လုံးကို ဝိုင်းလုကြတာထက်ပိုပါတယ်။ ဘောလုံးခေတ်တစ်ခု၊ ကစားသမားတစ်ယောက်၊ ပွဲတစ်ပွဲ ကိုကြည့်လိုက်ရင် အဲဒါနဲ့ ပတ်သက်တဲ့ တစ်ချိန်က အမှတ်တရတွေဟာ အတွေးပိတ်ကားပေါ် ‌မှတ်ဉာဏ်ဆေးစက်တွေမှောက်ချလိုက်တဲ့အတိုင်း အလိုလို ပြန်မြင်ယောင်လာတတ်ကြတာပါပဲ။ ဒီမှတ်တမ်းရုပ်ရှင်‌လေးကြည့်ပြီး တစ်ချိန်က ကျွန်တော်တို့သဘောကျခဲ့ဖူးတဲ့ စက်ရုပ်ကြီးပီတာခရောက်ခ်ျနဲ့ပတ်သက်လို့ အမှတ်တရတချို့ အရိပ်ထင်လာခဲ့တာမျိုးရှိရင်လည်း ပြန်လည်မျှဝေပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 800MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 25Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Crime • Drama
6.9 2023 85 mins
That Peter Crouch Film
Nightmare on 34th Street
3.6

Nightmare on 34th Street (2023) ========================= ခရစ္စမတ်ရာသီကိုအခြေတည်ပြီး ရိုက်ကူးတင်ဆက်ထားတဲ့ Slasher/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် စိတ်ဝေဒနာနဲ့ စိတ်ဒုက္ခတွေခံစားနေရတဲ့လူ သုံးယောက် တစ်ယောက်တစ်မျိုးစီသောင်းကျန်းကြပုံကို ပုံပြင် လေးတွေအနေနဲ့ပြောပြသလို ရှုစားရမှာဖြစ်ပါတယ်။ လူ့အသိုင်းအဝိုင်းနဲ့ မိသားစုရဲ့ဒဏ်တွေကို မျိုသိပ်မထားနိုင်တော့ တဲ့နောက်မှာတော့ ဆန်တာရယ်၊ နတ်သူငယ်ရယ်၊ နှင်းလူသားရယ်လို့ နာမည်ပြောင်ရခဲ့တဲ့ စိတ္တဇလူသတ်သမားသုံးယောက်ပေါ်လာပါ တော့တယ်။ သူတို့သုံးယောက်သား ထောင်ထဲမှာဆုံမိသွားကြပြီး ထောင်ဖောက်လွတ်မြောက်လာပြီးတာနဲ့ သုံးယောက်ပေါင်းပြီး ထပ်သောင်းကြမ်းကြပြန်ပါတယ်။ Christmas ရဲ့ cozy vibeလေးနဲ့ Halloween ဆန်ဆန် သွေးသံတရဲရဲနဲ့ ကြောက်စရာဇာတ်ကား တစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zayar Maw ဖြစ်ပါတယ်) File Size……….(1.5 GB) / (540 MB) Quality…………WEB-DL 1080p / 720p Duration………2Hr 09Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….Zayar Maw Encoder……….SWM

Comedy • Romance
3.6 2023 110 mins
Nightmare on 34th Street
Wake of Death
5.5

Wake of Death (2004) 2004 မှာထွက်ရှိထားပြီး အက်ရှင်ကားပရိသတ်တွေရော၊ မင်းသားကြီး ဗန်ဒိမ်းဖန်တွေရော အကြိုက်တွေ့စေမယ့် ခပ်ကြမ်းကြမ်းကားတစ်ကားဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ မကြာခင် ကလပ်​လောကက​နေ အနားယူ​တော့မယ်လို့ ဘန်အာချာတစ်​ယောက် လုပ်​ဖော်ကိုင်ဖက်​တွေကို​ပြောပြီး​နောက်မှာ ဇနီးဖြစ်သူ စင်သီယာတစ်​​ယောက် ကင်မ်ဆိုတဲ့ တရားမဝင်​ရွေ့​ပြောင်း​နေထိုင်သူက​လေးကို ကူညီ​​ပေးရာက ရုတ်တရက်အသတ်ခံလိုက်ရပါတယ်။ အဲဒီလူသတ်မှု​နောက်ကွယ်က တရုတ်ဂိုဏ်း​နောက် ဘန်တစ်​ယောက်လိုက်လံ​ချေမှုန်းရာက​နေ ဘယ်လိုဆုံးရှုံးမှု​တွေ ဘယ်လိုအခက်အခဲ​တွေနဲ့ ​တွေ့ရမလဲ… ဆိုတာကို အက်ရှင်ပရိသတ်တို့အကြိုက်ရိုက်ပြထားတဲ့ ကား​ကောင်း​တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 730MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 31Min Genre – Action, Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

5.5 2004
Wake of Death
Elizabeth: The Golden Age
6.8

အနုပညာ ကဗျာစာပေတွေ တစ်ခေတ်ပြန်လည် ထွန်းကားလာတဲ့ ၁၅၅၈-၁၆၀၃ ခုနှစ် ကာလကို The Golden Age လို့ ခေါ်ကြပါတယ်။ အင်္ဂလန်ပြည်ကို Queen Elizabeth I အုပ်စိုးခဲ့စဉ်မှာ ထွန်းကားခဲ့တဲ့ ကာလဖြစ်လို့ Elizabethan era လို့လည်း တင်စားကြပါသေးတယ်။ Queen Elizabeth I ဟာဆိုရင်ဖြင့် တခြားသော ဘုရင်မတွေလို ကြင်ယာဖက်နဲ့အတူ ချစ်ကြည်နူးတစ်တီတူးတတ်တဲ့ မိန်းမ‌တစ်ယောက်တော့ မဟုတ်ပါဘူး။ သူဟာ နိုင်ငံ့အရေးကို သူတစ်ယောက်တည်း အစွမ်းအစနဲ့ ဦးဆောင်နိုင်တယ်လို့ ခံယူချက်ရှိတဲ့ တစ်ကိုယ်တည်း အပျိုကြီးလုပ်ကာ အုပ်ချုပ်သူပါ။ ဒါကြောင့်လည်း သူဟာ Virgin Queen လို့ နာမည်ကြီးပါတယ်။ ဒီဇာတ်လမ်းကတော့ Queen Elizabeth ရဲ့ သူအုပ်စိုးစဉ်ကာလအတွင်းမှာ သူ့ရဲ့စကားကိုတည်အောင် ဘယ်လိုတွေ စွမ်းဆောင်သွားခဲ့လဲ၊ The Golden Age, Elizabethan era လို့ တင်စားရလောက်အောင် သူဘာတွေ စွမ်းဆောင်ခဲ့လဲဆိုတာ ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။ File size… 2.2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Drama/History Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Yoon Sandi Aung

6.8 2007 114 mins
Elizabeth: The Golden Age
Kurt Turns Evil
6.3

Kurt Turns Evil (2008) IMDb – 6.3/10 ၂၀၀၈ခုနစ်ကထွက်ရှိခဲ့တဲ့ နော်ဝေသရီးဒီကာတွန်းရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ သားသမီးသုံးယောက်ရယ် ဇနီးဖြစ်သူရယ်နဲ့အတူ နေထိုင်နေပေမဲ့ ဖော့ကလစ်မောင်းတဲ့ ကာ့တ်ကို မိသားစုဝင်တစ်ယောက်ကမှ အထင်မကြီးကြပါဘူး။ ဒီကြားထဲ ဘေးအိမ်ကို ဆရာဝန်တစ်ယောက်ပြောင်းလာတဲ့အခါမှာတော့ မိသားစုဝင်တွေအကုန်လုံးက စကားပြောတိုင်းမှာ ဆရာဝန်ရဲ့နာမည်မပါမပြီးဖြစ်နေကြရော။ ဒီမှာပဲ ကာ့တ်တစ်ယောက် မိသားစုဝင်တွေ သူ့ကိုအထင်ကြီးဖို့အရေး နည်းအမျိုးမျိုးနဲ့ ကြံဆောင်ရာကနေ အလွဲတွေဖြစ်ပါတော့တယ်။ ကာ့တ်တစ်ယောက် မိသားစုဝင်တွေ သူ့ကိုအထင်ကြီးဖို့ကြိုးစားမှု အောင်မြင်မလားဆိုတာကြည့်ရမဲ့ ကာတွန်းရုပ်ရှင်လေးပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။ Genre….. Animation, Comedy, Family Quality…. 1080p | 720p File size… 1.2GB| 631MB Format… mp4 Duration…. 1h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

6.3 2008
Kurt Turns Evil
Jade Dynasty
6

စာရေးဆရာ Xiao Ding ရဲ့ XianXia အမျိူးအစား Zhu Xian ဝတ္ထုကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတာပါ… ခေါင်းဆောင်မင်းသားကတော့ အမှောင်လောကသခင် ရိလင်လောင်ဂျူလို့ လူသိများတဲ့ ရှောင်းကျန့်ဖြစ်ပြီး တွဲဖက်မင်းသမီးတွေကလည်း ခေသူမဟုတ်တဲ့ မုန့်မိန်ချီ, လီချင့် တို့ ပါဝင်သရုပ်ဆောင်ထားတာနော် ဒီ ဝတ္ထုကိုအရင်က ဇာတ်လမ်းတွဲအရှည်အဖြစ် လီရိဖုန်း, ကျောက်လိယင်, ယန်ဇီ တို့ကသရုပ်ဆောင်ခဲ့ပါသေးတယ်။ ဇာတ်လမ်းကတော့ တစ်ရွာလုံး အသတ်ခံရပြီး ရှင်ကျန်သူ ကျန်းရှောင်ဖန်း ချင်ယွင်ဂိုဏ်းအကူအညီနဲ့ နတ်တို့ကျင့်စဉ်ကို လေ့ကျင့်ရင်း…. မိဘတို့အတွက် လက်စားချေချင်စိတ် လွန်ရင်း မိစ္ဆာလမ်းစဉ်ရောက်သွားတဲ့ ကျန်းရှောင်ဖန်းတစ်ယောက်အကြောင်းကို သရုပ်ဖော်တင်ဆက်ထားတာပါ ဇာတ်လမ်းတွဲအနေနဲ့ ရင်းနှီးပြီးသား ဇာတ်ကို အခု တစ်ပိုင်းတည်းအပြီး ကြည့်ရမှာဆိုတော့ အရင်ကြည့်ခဲ့တဲ့ဇာတ်လမ်းတွဲထက် ပိုကောင်းလေမလား… အရသာပဲပေါ့နေမလား… ဇာတ်အိမ်တွေ အချိုးအကွေ့တွေပြောင်းသွားလေမလား… ဇာတ်လမ်းလေးကြည့်လိုက်ကြပါတော့…

6 2019 101 mins
Jade Dynasty
The Second Act aka Le Deuxième Acts
6.7

The Second Act aka Le Deuxième Acts(2024) ဘဝအသစ်စတင်ခြင်း အချစ်ဟာသကားလေးကိုမှကြိုက်တယ်ဆိုတဲ့လူတွေအတွက် ၂၀၂၄ ထွက် ပြင်သစ်ဟာသကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးက IMDB – 6.7/10 ရရှိထားတဲ့အပြင် ၂၀၂၄ ခုနှစ်၊ မေလကကျင်းပခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော်ရဲ့ အဖွင့်ရုပ်ရှင်အဖြစ်ပြသခြင်းခံထားရတဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်။ မိန်းမကျမ်းကြေပြီး မိန်းမတစ်ကာကိုထည်လဲတွဲနေတဲ့ ရုပ်ချောရေလျှံ ဒေးဗစ်တစ်ယောက်.. သူ့ကိုတမ်းတမ်းစွဲချစ်ပြီး ဖခင်ဖြစ်သူနဲ့ပါ မိတ်ဆက်ပေးဖို့လုပ်နေတဲ့ ဖလောရန့်ကို အဆက်အသွယ်ဖြတ်ဖို့လုပ်ပေမယ့် မအောင်မြင်လို့ သူငယ်ချင်းဖြစ်သူ ဝီလီကိုအကူအညီတောင်းခဲ့ပါတယ်။ ဝီလီက ဒေးဗစ်လိုရုပ်ချောရေလျှံတစ်ယောက်တော့မဟုတ်ပေမယ့် သူငယ်ချင်းဖြစ်သူကအကူအညီတောင်းလာတာကြောင့် အကူအညီပေးဖို့လက်ခံခဲ့ပါတော့တယ်။ အဆက်အသွယ်ဖြတ်ဖို့ကြိုးစားနေတဲ့ ဒေးဗစ်နဲ့ ဖခင်ဖြစ်သူနဲ့ပါမိတ်ဆက်ပေးဖို့လုပ်နေတဲ့ ဖလောရန့်ရဲ့ကြားမှာ ဝီလီတစ်ယောက် ဘယ်လိုဆက်ဖြစ်ပြီး ဘယ်လိုအလွဲတွေကြုံရမလဲဆိုတာကိုရိုက်ကူးထားတဲ့ ပြင်သစ်ဟာသကားလေးတစ်ကားဖြစ်လို့ ကြည်ရှုအားပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ CM Team က ရေးသားပေးထားတာပဲဖြစ်ပါတယ်)

Drama
6.7 2024 80 mins
The Second Act aka Le Deuxième Acts
Gyeongju

Gyeongju 2014 ************* မင်းသား Park Hae Ilနဲ့ မင်းသမီး Shin Min Ah တို့ပါဝင်သရုပ်​ဆောင်ထားတဲ့… Romance & Drama ရုပ်ရှင်ကား​လေးတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း ————- ချွဲဟျွန်းက ​​ပေကျင်းတက္ကသိုလ်က ပါ​မောက္ခတစ်​ယောက်ဖြစ်ပြီး… တရုတ်​ကောင်မ​လေးတစ်​ယောက်နဲ့လက်ထပ်ထားတာပါ။ တစ်​နေ့မှာ​တော့ သူ့သူငယ်ချင်းတစ်​ယောက်ရဲ့ နာ​ရေးကိုတက်​ရောက်ဖို့ ​… ကိုရီးယားကိုပြန်လာခဲ့ပါတယ်။ ကိုရီးယားကို ပြန်​ရောက်​တာနဲ့… ဂ​ယောင်းဂျူမြို့​လေးဆီကိုပါ သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၇နှစ်ဂ​ယောင်းဂျူမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်က.. ပန်းချီကားတစ်ချပ်ကို မ​မေ့နိုင်တာ​ကြောင့် ပြန်ကြည့်ဖို့သွားခဲ့တာပါ။ လက်ဖက်ရည်ဆိုင်ကို​ရောက်တဲ့အခါမှာ​တော့ ဆိုင်ပိုင်ရှင် အသစ်ဖြစ်တဲ့… မိန်းမ​လှ​​လေးဂုံးယွန်းဟီးနဲ့ ​တွေ့ပါ​တော့တယ်။ ယွန်းဟီးကိုပန်းချီကားအ​ကြောင်း​မေးရင်း… နှစ်​ယောက်ရင်းနှီးသွားကြပြီး ဘယ်လို​ဆက်ဖြစ်မလဲဆိုတာကို ငြိမ့်ငြိမ့်​လေးနဲ့ ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ File size… 1.77GB / 755MB Quality…WEB-DL 1080p 720p Genres: Adventure, Romance, Drama Duration: 2 hr 25 mins Subtitle….Myanmar Subtitle (Hard Sub) Translated By Phyu Sin Encoded By Heather Oo

Drama • Mystery
0 2014 145 mins
Gyeongju
A Dangerous Method
6.4

ဒီဇာတ်ကားကတော့ စိတ်ပညာရပ်နယ်ပယ်မှာ ဖခင်ကြီးတစ်ဖြစ်တဲ့ အော်စတြီးရန်းနိုင်ငံသာ ဂျူးလူမျိုး အာရုံကြောပါရဂူ ဆစ်ဂ်မန်ဖရွိုက်ဒ်နဲ့ ကားလ်ဂျန်ဆိုတဲ့ စိတ်ကုထုံးကညာရှင်တစ်ဦးရဲ့အကြောင်းကို အသားပေးရိုက်ကူးထားတဲ့ Biography Drama ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒေါက်တာကားလ်ဂျန်ဟာ စိတ်ဖောက်နေတဲ့ ရုရှားသူ ဆဘရီနာရှပီရွိုင်းဆိုသူကို လူနာအဖြစ် လက်ခံကုသပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ကိုကုသရမှာ သူတို့ခေတ်အခါက ကုထုံးတွေ နည်းလမ်းတွေကိုသုံးပြီး စိတ်ကိုစိစစ်ကုသပေးခဲ့ပါတယ်။ သို့ပေမဲ့လည်း သူတစ်ဦးတည်းကုသဖို့ အဆင်မပြေတဲ့အခါ ပရော်ဖက်ဆာဖရွိုက်ဒ်နဲ့ တွေ့ဆုံပြီး နည်းလမ်းအသစ်တွေရှာဖို့ကြိုးစားပါတော့တယ်။ ဇာတ်လမ်းကတော့ ပညာရပ်ပိုင်းဆိုင်ရာဇာတ်ကားဖြစ်တဲ့အတွက် ခက်ခဲနက်နဲပြီး တွေးရတာကြိုက်တဲ့သူတွေအတွက် အဆင်ပြေမယ့်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇတ်ကားက ဒိတ်ဒိတ်ကြဲဆရာကြီးတွေရဲ့ စကားဝိုင်းတွေ အတွေးအခေါ်တွေအပေါ်ကို အခြေခံရိုက်ကူးထားတာဖြစ်လို့ သာမန်လူတစ်ယောက်အနေနဲ့ကြည့်မယ်ဆိုရင် လိုက်မီဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ သင်က လက်ရှိခေတ်စိတ်ပညာရပ်ပိုင်းဆိုင်ရာရဲ့ သမိုင်းကြောင်း မြစ်ဖျားခံရာကို လေ့လာလိုသူဆိုရင်တော့ ဒီဇာတ်ကားက သင့်အတွက်ပါပဲ။ File Size : 1.9 GB, 728 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 39min Format : Mp4 Genre : Biography, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Vader ft Riley Encode by : Thit San Khant

Drama • Romance
6.4 2011
A Dangerous Method
The Caller
6

The Caller (2011) IMDb Rating (6.0) / Rotten Tomatoes (29%) မေရီဟာ နှိပ်စက်တတ်တဲ့ ခင်ပွန်းသည်နဲ့တရားရင်ဆိုင်ကွာရှင်းပြီးကာစ ပူပူနွေးနွေး မုဆိုးမလေးတစ်ယောက်ဖြစ်ပြီး။ ကိစ္စတွေ ရှင်းပြီးပြီးချင်း တိုက်ခန်းတွဲဟောင်းကြီးတစ်ခုမှာ ရရာအခန်းတစ်ခန်းကိုငှားနေခဲ့ပါတယ်။ အဲ့ဒီအခန်းကိုရောက်ပြီး မကြာမှီမှာပဲ အမည်မသိထူးဆန်းတဲ့ မိန်းမတစ်ယောက်ဆီက ဖုန်းခေါ်ဆိုမှုတွေကို သူ စပြီး လက်ခံရရှိလာပါတော့တယ်။ အဲ့ဒီအမျိုးသမီးဟာ ”ဘော်ဘီရှိလား ဘော်ဘီနဲ့စကားပြောချင်လို့” ဆိုတဲ့ မေးခွန်းကိုတွင်တွင်မေးပြီး မေရီက ဒီတိုက်ခန်းကို သူအခုမှပြောင်းလာတာဖြစ်ပြီး ဘော်ဘီဆို တာကိုမသိသလို ဘော်ဘီဆိုတာလည်းမရှိကြောင်းပြောပေမယ့်လက်မခံပါဘူး။ တစ်ခါတစ်လေဆိုရင် ဘော်ဘီကို မနေ့ညကတောင် ပြူတင်းပေါက်မှာ ရပ်နေတာတွေ့လိုက်သေးတယ်ဆိုတာမျိုးလည်းပြောတတ်ပါသေးတယ်။ မေရီက မယုံသင်္ကာပြန်မေးစမ်းတဲ့အခါမှာလည်း သူနေတဲ့လိပ်စာ အခန်းအစရှိတာတွေမှန်သမျှ ကွက်တိမှန်နေတတ်ပါသေးတယ်။ တစ်နေ့တော့ စကားစပ်မိရင်း စပ်မိရင်း သိလိုက်ရတာက အဲ့ဒီအမျိုးသမီးဟာ အသက် ၄၀ အရွယ်မိန်းမတစ်ယောက်ဖြစ်ပြီး ၁၉၇၀ ဝန်းကျင်က သူနေတဲ့တိုက်ခန်းမှာနေ သွားခဲ့ဖူးတယ်ဆိုတာပါပဲ။ သူ့အနီးဝန်းကျင်မှာစုံစမ်းခဲ့မိတော့ အဲ့ဒီအမျိုးသမီးရဲ့နာမည်အပြည့်အစုံနဲ့ဇာတ်ကြောင်းကိုပါသိခွင့်ရခဲ့ပြီး ဒီတိုက်ခန်းထဲမှာပဲဖုန်းကြိုးနဲ့ဆွဲကြိုးချပြီးသတ်သေသွားခဲ့တာ ကိုပါ ထိတ်လန့်ဖွယ်သိရှိခဲ့ရပါတော့တယ်။ သူနဲ့နေ့တိုင်းဖုန်းပြောတတ်တဲ့ မိန်းမဟာ သူနဲ့တစ်ချိန်တည်းတစ်ပြိုင်တည်း ၁၉၇၀ ကျော်ကာလမှာ သက်ရှိထင်ရှားရှိနေဆဲလား? ဒါမှမဟုတ် တစ်ချိန်က ဒီတိုက်ခန်းထဲမှာပဲ ဆွဲကြိုးချသေဆုံးခဲ့တဲ့ ဝိဉာဉ်ရဲ့ခြောက်လှန့်မှုတွေလား? အစရှိတဲ့ ပဟေဠိတွေနဲ့အတူ၊ အတိတ်ကာလမှာနေထိုင်ဆဲဖြစ်တဲ့ အမျိုးသမီးဟာ သူနေတဲ့လက်ရှိမျက်မှောက်ခေတ်ကာလအထိအန္တရာယ်ပြုဖို့ကြိုးစားလာတာတွေကို တစ်ကိုယ်တည်းရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ The Caller ဟာ ဗြိတိန်ဟော်ရာဇာတ်ကားတစ်ကားဖြစ်ပြီး Jump scare မပါသလောက်နဲ့ဇာတ်လမ်းဇာတ်အိမ်၊လှည့်ကွက်ကောင်းကောင်းကိုအဆုံးသတ်ထိ သည်း ထိတ်ရင်ဖို့ကြည့်ရှုရမယ့် ကားဟောင်းကားကောင်းတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.2 GB) / (670 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Horror,Mystery,Thriller Duration….01:32:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

6 2011 92 mins
The Caller
Grave Encounters
6.1

Grave Encounters (2011) IMDB – 6.1/10 ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် ပရလောကဖြစ်ရပ်မှန်ဆိုပြီး ဂျင်းပါးပါးပုတ် ဆေးရုံ သချိုင်းစသဖြင့် နေရာတွေမှာရိုက်ကူးနေတဲ့ တီဗီအစီအစဉ်အုပ်စုရဲ့ မတည်းဖြတ်ရသေးတဲ့ စိတ်ကျန်းမာရေးဆေးရုံက ၇၆ နာရီကျော်ကြာ ဗီဒီယိုမူကြမ်းတွေကို ရရှိထားတဲ့ ထုတ်လုပ်သူက ပြန်ပြပေးတဲ့အနေနဲ့ တင်ဆင်ထားတာပါ။ အဖွဲနာမည်က Grave Encounters (သေခြင်းတရားနဲ့ ဆုံတွေ့သူများ) အဖွဲဝင်က ခေါင်းဆောင် Lance၊ ကင်မရာသမား Sash နဲ့ TC၊ နည်းပညာသမား Mike ရယ် စိတ်စွမ်းအားရှင်လို ဘာလိုလို Houston တို့ ပါဝင်ပါတယ်။ ဒီဇာတ်ကားမှာဖြစ်ပျက်သွားတာက အပိုင်း ၆ ပိုင်း ရိုက်ကူးဖို စိတ်ကျန်းမာရေးဆေးရုံပျက်ကြီးမှာ ၈ နာရီကျော် Lockdown ချ ညအိပ်ရင်း မယုံကြည်သူတွေကို ဘယ်လိုသက်သေပြခံရမလဲ စောင့်ကြည့်ရမှာပါ။ ဒီကားကလည်း Documentary Horror အမျိုးအစားဆိုပေမယ့် ဇာတ်လမ်းကသွက်တယ်၊ Plot မပါပေမယ့် ကြည့်ရှုသူကို ဆွဲခေါ်သွားနိုင်တယ် Runtime နာရီဝက်လောက်ကနေစပြီး တစ်ကားလုံးကြမ်းတော့တာပဲ (ရှေ့ပိုင်းပျိုးထားတာတွေလည်း စိတ်ဝင်စားဖိုကောင်းပါတယ်)။ ပုံမှန်သရဲကားတွေလိုမျိုး Jump Scare သုံးတာလည်းရှားပြီး ကင်မရာရှုထောင့်တွေ ညကြည့်မြင်ကွင်းတွေကလည်း ခြောက်ချားစရာဖြစ်နေမှာတော့ အမှန်ပဲ။ ခြောက်တဲ့သရဲတွေ နေရာတွေကလည်း ဖြစ်ကတတ်ဆန်းခြောက်နေတာမဟုတ်ပဲ သူ့ဇာတ်ကွက် သူ့ဇာတ်လမ်းသူ ဖြစ်နေတော့ စိတ်ဝင်စားဖို့လည်းကောင်းတယ်။ နောက်ပြီးတော့ တောခြောက်တယ်ဆိုတာ အားလုံးကြားဖူးကြမှာပါ ခုဟာကလည်း ဒီလိုမျိုး ခပ်ဆင်ဆင်ဇတ်ကွက် တစ်မျိုးလည်းဖြစ်လို့ စောင်ခြုံကွေးရင်း ခံစားနိုင်ကြပါစေဗျာ… (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size… 2.4 GB/ 1.4 GB Quality… Bluray 1080p/ 720p Format… mp4 Audio… AAC Duration…. 1:34:00 Genre ….. Horror, Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

6.1 2011 93 mins
Grave Encounters
The Gingerbread Man

IMDb – 5.7/10 RT – 60% ဇ ာတ်လမ်းအကျဉ်းကို ပြောပြရရင် အောင်မြင်နေတဲ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ ရစ်ခ် မက်ဂရူဒါ (Kenneth Branagh) ဟာ ဇနီးသည် လီယန် (Famke Janssen)နဲ့ ကွာရှင်းထားရသလို လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါမကျန် ဇာတ်ရှုပ်ချင်သူဖြစ်ပါတယ်။ တစ်ညမှာတော့ စားပွဲထိုးမလေး မယ်လိုရီ (Embeth Davidtz) ကို အိမ်ပြန်လိုက်ပို့ပေးရင်း ငြိသွားကြပါတယ်။ နောက်ပိုင်းမှာတော့ မယ်လိုရီကို သူမရဲ့အဖေ ဒစ်ဆင် (Robert Duvall)က လိုက်နှောက်ယှက်ပြီး စိတ်ဒုက္ခပေးနေတာကို သိရတော့ ဒစ်ဆင်ကို စိတ်ကျန်းမာရေးဆေးရုံရောက်အောင် သူတတ်နိုင်တဲ့နည်းနဲ့ လုပ်လိုက်ပါတယ်။ ဒါပေမယ့် ခေသူမဟုတ်တဲ့ ဒစ်ဆင်ကလည်း ဆေးရုံကနေ ထွက်ပြေးလာပြီး ရစ်ခ်နဲ့ သူနဲ့ပတ်သတ်သူတွေကို အန္တရာယ်ပြုပါတော့တယ်။ သူခေတ်သူ့အခါက နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်တဲ့ ဆာဘွဲ့ရ Kenneth Branagh ၊ စနိုက်ပါ မင်းသားကြီး Tom Berenger ၊ Daryl Hannah ၊ Embeth Davidtz ၊ Robert Duvall တို့အပြင် MCU ရဲ့ သခင်ကြီး RDJ ရဲ့ ငယ်နုစဉ်က သရုပ်ဆောင်ပုံတွေကိုပါ ရှုစားရမှာပါ။ အဖော်အချွတ်အချို့ပါလို့ R-rated ပါ။ ဇာတ်ညွှန်း‌ရေးသားသူ John Grisham နဲ့ Clyde Hayes ဖြစ်ပြီး ဒါရိုက်တာ Robert Altman ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူ Thompson ဖြစ်ပါတယ်။ File size…(2.8 GB)/(1.5 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson

TV Movie • Drama • Thriller
0 1998
The Gingerbread Man