YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Universal Language 2024 1080p AMZN WEB-DL (CM).mp4

3.44 GB N/A video/mp4 21 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Play Dead
6.5

Play Dead သို့မဟုတ် သေချင်ယောင်ဆောင်သူလေး.. ချဲလို အဲလ်ဘရိုက်နဲ့ တီဂျေ အဲလ်ဘရိုက်ဆိုတဲ့ မောင်နှမနှစ်ယောက်ဟာ မကြာသေးခင်ကမှ မိဘမဲ့ဖြစ်သွားပြီး အကြွေးတွေကြောင့် နေအိမ်ကိုပါ ဆုံးရှုံးတော့မလိုဖြစ်နေပါတယ်။ အစ်မကြီး အမိရာလို အရာအားလုံးကို တစ်ယောက်တည်း ဒိုင်ခံဖြေရှင်းနေရတဲ့ ချဲလိုကို တစ်ဖက်တစ်လမ်းက ကူညီပေးချင်တဲ့ တီဂျေဟာ အစ်မဖြစ်သူရဲ့ရည်းစားဟောင်းနဲ့ ဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ဖို့ပေါင်းကြံခဲ့မိပါတယ်။ သို့သော်လည်း ကံအကြောင်းမလှစွာ ဆိုင်ပိုင်ရှင်မှာ သေနတ်တစ်လက်ရှိနေခဲ့တာကြောင့် ခွေးပြေး ဝက်ပြေးပြန်ပြေးလာခဲ့ရပါတော့တယ်။ တီဂျေဟာ သေနတ်ထိသွားတဲ့ အစ်မဖြစ်သူရဲ့ရည်းစားဟောင်း ရော့စ်ကိုထားခဲ့ပြီး ကားကိုလက်စဖျောက်ကာ အိမ်ကိုပြန်လာခဲ့ပါတယ်။ သို့သော်လည်း အိမ်ပြန်ရောက်ခါမှ သေနတ်ထိလို့ သေသွားလောက်ပြီဖြစ်တဲ့ရော့စ်ဆီမှာ ဓားပြတိုက်ဖို့ပြောဆိုထားခဲ့တဲ့ သက်သေတစ်ခုပါသွားတာကို သတိရသွားပါတော့တယ်။ လူသေမှုဖြစ်သွားတဲ့ လက်နက်ကိုင်ဓားပြမှုဖြစ်တာကြောင့် အနည်းဆုံး ထောင်ဒဏ် ၂၅ နှစ်ကနေ တစ်သက်တစ်ကျွန်းထိကျနိုင်ခြေရှိတဲ့မောင်ဖြစ်သူကို လက်လွှတ်မခံနိုင်တဲ့ ချဲလိုဟာ ရင်ခွဲရုံကို သေချင်ယောင်ဆောင်ပြီး ဝင်သွားတဲ့အခါ.. ရင်ခွဲရုံက အလောင်းတွေကြားမှာ ရှာတွေ့လိုက်ရတဲ့ လျှို့ဝှက်ချက်တွေအကြောင်းကို စိတ်လှုပ်ရှားဖွယ်ကောင်းစွာ ကြည့်ရှုနိုင်မှာပါ။ ဒီလိုရုပ်ရှင် genre မျိုးတွေကြည့်နေကျလူတွေအတွက်တော့ သြချရလောက်တဲ့ ဇာတ်လမ်းကြောင်းမျိုးမဟုတ်ပေမဲ့လည်း ပီပြင်တဲ့ SFX မိတ်ကပ်တွေကြောင့် သွေးသံတရဲရဲမြင်ကွင်းတွေကို ထိတ်လန့်ရမယ့်ရုပ်ရှင်မျိုးဖြစ်တာကြောင့် မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ ထိတ်လန့်စရာကောင်းတဲ့ရုပ်ရှင်မျိုးဆိုပေမဲ့လည်း သဘောကျဖို့ကောင်းတာတစ်ခုက ဒီဇာတ်လမ်းထဲမှာ လူ့လောကဗေဒ အမှောင်ခြမ်းရဲ့ အယူအဆတွေကို ပါးပါးပုတ်ပြထားတယ်။ Gorge Orwell ရဲ့ ‘1984’ ကိုပါ မတူညီတဲ့အမြင်ဝေဖန်ထားတဲ့ဇာတ်လမ်းကြောင်းမျိုးဆိုတော့ သေချာပေါက် ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းလိုက်ရပါတယ်ဗျာ..။ အရေးကြီးတဲ့ကိစ္စကတော့ ဘယ်လိုကိစ္စပဲ ရှိရှိ သေချင်ယောင်မဆောင်ကြပါနဲ့။ ရင်ခွဲရုံမှာ သေတာထက်ဆိုးတဲ့ကိစ္စမျိုးနဲ့တိုးမှ ငုတ်တုတ်မေ့နေပါ့မယ်ဗျ။ မသေခင်တော့ ဒီဇာတ်ကားကို ကြည့်သွားပေးပါ။ File size…(1.59GB)  / (821MB) /580MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre...  Thriller /Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shinn Man Htet Myat

Action • Adventure • Science Fiction
6.5 2022 106 mins
Play Dead
The Weather Man
6.1

ကျွန်တော်တို့အားလုံးဟာ ဘဝသင်ခန်းစာတွေကို ပုံစံအမျိုးမျိုးနဲ့ life long learningလုပ်နေရတဲ့ ဘဝကျောင်းတော်ထဲက ကျောင်းသားလေးတွေပေါ့။ တစ်ခါတလေမှာ အလွယ်တကူနားလည်လိုက်တာ ရှိပေမဲ့ တစ်ခါတစ်လေကျ ခက်ခက်ခဲခဲနဲ့ ရင်းနှီးပေးဆပ် မှုတွေများပြီးမှ ရင်ဘတ်ကြီးကိုရင်းနှီးလိုက်ရပြီးမှ သင်ယူလိုက်ရတာတွေလည်း အများကြီးပါပဲ။ လွယ်ကူတယ်ဆိုတာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ ဘဝထဲကို ဝင်မလာဘူးလို့ ဒေ့ဗ်ရဲ့အဖေက ဒေ့ကို အမြဲဆုံးမပါတယ်။ ဒါပေမဲ့ဒေ့ဗ်တစ်ယောက် ဒါကို လက်မခံနိုင်ဘဲ ပြဿနာပေါင်းစုံနဲ့ ဗရုတ်သုတ်ခလူ့ဘဝကြီးကို အကြီးအကျယ်အဆိုးမြင်နေသူတစ်ယောက်ပါ။ အသက်အရွယ်နဲ့ယှဉ်ရင် မရင့်ကျက်နိုင်သေးတဲ့ဒေ့ဗ်ကတော့ ဘဝရဲ့ပြဿနာတွေကို ထိုင်အလိုမကျဖြစ်နေတဲ့ Grumpy kidလိုပါပဲ။(Grumpyဖြစ်မဖြစ်ကတော့ တစ်ကားလုံးကိုလွှတ်ဆဲနေတော့တာ) work lifeကိုကြည့်ရင်လည်း ဒေ့ဗ်စပရစ်ဇ်ရဲ့ဘဝက စာမေးပွဲခန်းထဲက ကျွန်တော်တို့နဲ့မခြားပါဘူး။ စာမေးပွဲခန်းထဲ ထိုင်နေပေမဲ့ စာဆိုတာဒါလားလို့မေးယူရတဲ့အနော်တို့လိုပဲ သူလည်း မိုးလေဝသပညာဆိုတာ ချိုနဲ့လားဆိုသလိုပါပဲ။ ဒီလိုလူက မိုးလေဝသသတင်းကြေညာသူဆိုတော့ကာ သူမှန်းသမျှကတော့ ကတွတ်ပီအမဲလိုက်သလိုပါပဲ___ ပြောင်းပြန်မှတ်ယူမှ စိတ်ချရမှာပါ။ အလုပ်ကအဆင်မပြေတော့ Family Lifeကိုကြည့်တော့လည်း တလွဲ။ ဇနီးဖြစ်သူနိုရင်းနဲ့ကလည်း တကျက်ကျက်ရန်ဖြစ်၊ နေ့တိုင်းဆူပူနေတဲ့မိဘတွေကြောင့် စိတ်ထွက်ပေါက်ရှာ‌တဲ့ ကလေးတွေက ဆေးစွဲတဲ့လူနဲ့ ဆေးလိပ်သောက်တဲ့လူနဲ့ ပြဿနာတွေဒုနဲ့ဒေး။ ဒီကြားထဲမှာမှ အဖေဖြစ်သူရဲ့ သတင်းဆိုးကလည်း သူ့အတွက်တော့ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာပါပဲ။ Social lifeကတော့ အထွေအထူးပြောစရာ မလိုပါဘူး။ တလွဲချည်းပဲ တီဗီပေါ်တက်တက်ပြောနေတဲ့ဒေ့ဗ်ကို လူတွေကအင်မတန်ချစ်ခင်ကြတော့ အပြင်မှာတွေ့ရင် ကြုံသလို သွားရည်စာနဲ့ပစ်ပေါက်ပြီး ဆွမ်းကြီးလောင်းကြပါတယ်။ ဒီလိုစုတ်ပြတ်နေတဲ့ဒေ့ဗ်ရဲ့ဘဝကို ပြောင်းလဲပေးမယ့် မဟာအခွင့်အရေးဖြစ်တဲ့ သူ့ရဲ့Dream Jobက သူ့ရှေ့မှောက်ကို ရောက်လာတဲ့အခါမှာတော့ သူ့ရဲ့ရွေးချယ်မှုတွေ အရင်လိုပဲ ဝေဝါးနေဦးမှာလား။ ဘဝရဲ့ပြဿနာတွေကိုရော သူဘယ်လို ဖြေရှင်းသွားမလဲဆိုတာ အတူတူကြည့်ရှုလိုက်ရအောင်ပါ။ Family Dramaပီသစွာနဲ့ လက်တွေ့ဘဝကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ Nicolas Cageရဲ့နာမည်ကျော်ရုပ်ရှင်ကား တစ်ကားဖြစ်သလို လက်တွေ့ဘဝလိုပဲ မထင်မှတ်ထားတာတွေ အလွဲအချော်တွေ အဖုအထစ်တွေရှိလာတဲ့အခါမှာ လူသားတွေ အတွက်လိုအပ်တဲ့ self-acceptance ဆိုတာကို မျက်ဝါးထင်ထင် ရိုက်ကူးပြထားတဲ့ဒရာမာကောင်းတစ်ကားဆိုတာတော့ ငြင်းမရတဲ့ အမှန်တရားပါပဲ။ life lessonက ပြောင်မြောက်သလို ပရိတ်သတ် ရင်ထဲကိုထိသွားစေမဲ့ နောက်ထပ်တစ်ခုကတော့ ဒေ့ဗ်နဲ့ ရောဘတ်တို့ရဲ့ ဖခင်မေတ္တာပါပဲ။ Comedy drama‌ ကောင်းတစ်ခုပီပီ အခွီလေးလည်းပါ Deepသွားမဲ့scene‌‌လေးတွေလည်းပါတာဖြစ်လို့ ဘဝရဲ့အဆင်မပြေမှုတွေကြားက warming vibe‌လေးကို လိုအပ်နေတဲ့ ပရိသတ်တွေအတွက် Healing ဖြစ်စေမယ့် ရုပ်ရှင်ကားအဖြစ် ညွှန်းပေးလိုက်ရပါတယ်။ File size…1.66GB / 642MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ..... Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Action • Adventure • Comedy • Romance
6.1 2005 101 mins
The Weather Man
Official Competition
6.8

2021 ခုနှစ်က ထွက်ရှိထားတဲ့ စပိန်ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Rotten Tomatoes 86%၊ IMDb – 7.2 အထိ ရရှိထားတဲ့ Comedy/Drama ဇာတ်ကားအမျိုးစား ဖြစ်လို့ ကြည့်ရှု့ရကျိုးနပ်စေမှာပါ။ နာမည်ကြီး စပိန်မင်းသား Antonio Banderas လည်း ပါဝင်သရုပ်‌ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အသက် ၈၀ ရှိပြီဖြစ်တဲ့ သူ‌ဌေးကြီးတစ်ယောက်ဟာ သူ့ဘဝမှာ မှတ်တမ်းတင်နိုင်စရာ၊ လူတွေ မှတ်မိစေနိုင်တဲ့ တစ်ခုခုကို လုပ်ချင်တဲ့ စိတ်ကူးဖြစ်ပါတော့တယ်။ ထို့အတွက်ကြောင့် သူဟာ အကောင်းဆုံးရုပ်ရှင်ကား တစ်ကားကို ထုတ်လုပ်မယ်ဆိုပြီး နာမည်ကြီး ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ လိုလာ ကွေဗာ့စ် ကို ငှားရမ်းလိုက်ပါတော့တယ်။ လိုလာ‌ ကွေဗာ့စ်ဟာ ထူးချွန်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး သူမရဲ့ ရိုက်ကူးနည်းတွေဟာလည်း တမူထူးခြားပါတယ်။ လိုလာဟာ နာမည်ကြီး မင်းသား ၂ ယောက်ဖြစ်တဲ့ ဖီးလစ်နဲ့ အီဗန်တို့ကို ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်နေရာတွေမှာ ပါဝင်စေပါတယ်။ မင်းသား ၂ ယောက် စရိုက်ချင်းလည်း မတူ၊ အကြိုက်ချင်းလည်း မတူ၊ သရုပ်ဆောင်ပုံခြင်းလည်း မတူကြပါဘူး။ သူတို့နှစ်ယောက်ဟာ အဆိုပါရုပ်ရှင်မှာမှ ပထမဆုံးအကြိမ်တွဲပြီး အလုပ်လုပ်ဖူးတာပါ။ ဇာတ်ညွှန်းကို အစမ်းလေ့ကျင့်မှုလုပ်ရင်း သူတို့နှစ်ယောက်ကြားက ပြိုင်ဆိုင်မှုတွေကို ဒရာမာ ဇာတ်လမ်းကောင်းကောင်းအနေနဲ့ ဟာသ‌လေးစွက်ရင်းကြည့် ရှု့ရမှာပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Drama Quality….1080p | 720p| 480p File size… 1GB | 476MB | 268MB Format…mp4 Duration….1h 54min Subtitle….Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... August

Comedy • Romance
6.8 2021 114 mins
Official Competition
Polar
6.2

Comic Series တစ်ခုကိုအခြေခံရိုက်ကူးထားတာမို့ ကြည့်ရတာ အမြင်ဆန်းနေစေမယ့် အက်ရှင်ဇာတ်ကြမ်းကားဖြစ်ပါတယ် ၁၈+ခန်းတစ်ချို့နဲ့ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ သွေးသံတရဲရဲ Gore တွေပါဝင်တာမို့ မိသားစုနဲ့မကြည့်ရှုသင့်ကြောင်းကိုတော့ စကားခံထားပါရစေ ဇာတ်လမ်းအကျဉ်းကတော့ ရရှားကြေးစားလူသတ်သမားအငှားဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာ အသက် ၅၀ ပြည့်ရင် ဘယ်လောက်လက်စွမ်းထက်နေပါစေ ပင်စင်ယူကိုယူရတဲ့စည်းမျဉ်းတစ်ခုရှိပါတယ် ဘလက်ကိုင်ဇာလို့နာမည်ကြီးတဲ့ ဒန်ကန်ဗစ်ဇလာက မကြာခင် အသက် ၅ဝပြည့်တော့မယ့် ထိပ်ထိပ်ကြဲ ကြေးစားတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ သူ့လိုသက်တူရွယ်တူတွေ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရနေတာ ကြားလိုက်ရတဲ့အခါ... သက်ကြီးဝါကြီးကြေးစားတွေကို လိုက်သတ်နေတာဘယ်သူဖြစ်မလဲဆိုတာကို ဖော်ထုတ်ရပါတော့တယ်... ဒန်ကန်ဗစ်ဇလာအဖြစ် Mads Mikkelsen နဲ့အတူ High school musical ထဲကမင်းသမီး Vanessa Hudgens တို့ကပါဝင်သရုပ်ဆောင်ထားပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  မေမြတ်သူ ပါ)

Comedy
6.2 2019 118 mins
Polar
Collateral Beauty
7.2

ဒီရုပ်ရှင်ကားမှာ ဝီလ်စမစ် ကို အကြမ်းအရမ်း အနေနဲ့ တွေ့မြင်ရမှာမဟုတ်ပဲ ပုံစံတစ်မျိုး ထူးခြားစွာ မြင်တွေ့ရမှာပါ... ဟောင်းဝါ့ဒ် (ဝီလ်စမစ်) ဟာ စီးပွားရေး နယ်ပယ်မှာ အချိန် ၊ အချစ် ၊ သေခြင်းတရား ဆိုတဲ့ စကားလုံး သုံးခု နှင့် လူတွေ ရဲ့ စိတ်ကို ဖမ်းစားနိုင်တဲ့ စီးပွားရေး ပညာရှင် တစ်ယောက်ဖြစ်ပါတယ်... ဟောင်းဝါ့ဒ် နှင့် သူငယ်ချင်း ၃ ယောက်ဖြစ်သော ဝှစ် ၊ ကလဲယား ၊ ဆိုင်မွန် တို့ အတူ တကွ အောင်မြင်အောင် စီးပွားရေး လုပ်ငန်းကို ထူထောင်ခဲ့ပါတယ်.... သို့ပေမယ့်.... ၃ နှစ်ကြာပြီးနောက် ဟောင်းဝါဒ် ဟာ သူ့ရဲ့ သမီးငယ်လေး သေဆုံးသွားတဲ့ အချိန်ကစပြီး တစ်ယောက်ထဲ ငူငူ ငိုင်ငိုင် ဖြစ်ကာ အလုပ်ကိုလဲ စိတ်မဝင်စား မိမိကိုယ်ကိုယ်လဲ ဂရုမစိုက်ပဲ နေချင်သလိုနေခဲ့ပါတယ်... အောင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ ရုတ်တရက် ဆိုသလို ရပ်တန့်လိုက်တဲ့ အခါ စီးပွားရေးလုပ်ငန်းမှာလဲ အရှုံးပေါ် ရလဒ်တွေပဲ ဖြစ်ပေါ်လာခဲ့ပါတယ်... ဒါကြောင့် သူငယ်ချင်း လုပ်ဖော်ကိုင်ဖက် ဖြစ်သူ ဟောင်းဝါဒ် ကို အဲ့ဒီ စိတ်ဒဏ်ရာတွေကနေ ဆွဲထုတ်ဖို့အတွက် ဟောင်းဝါဒ် ရဲ့ သူငယ်ချင်းတွေက အချိန် ၊ အချစ် ၊ သေခြင်းတရား တို့ကို အပြင်မှာ စပြီး အကောင်အထည်ဖော်ကာ အသက်သွင်းပြီး သူတို့ သူငယ်ချင်း ဟောင်းဝဒ် ကို ကယ်တင်ဖို့ ကြိုးစားပါတော့တယ်.... Thit San Khant

Action • Adventure • Fantasy
7.2 2016 97 mins
Collateral Beauty
The Gates
5

Genre – Horror, Thriller IMDB – 5.0/10 လန်ဒန်မြို့ကြီးမှာ အမျိုးသမီးတွေချည်း အောက်လမ်းလိုလို ပညာသည်လိုလိုနဲ့ ၂၈ ယောက်လောက် သတ်ခဲ့တဲ့ အတွဲလိုက်လူသတ်သမားကို နောက်ဆုံးတစ်ယောက် သတ်နေတဲ့အချိန် ဖမ်းမိခဲ့တာပါ။ ဒီလို ပြစ်မှုကြီးမားတဲ့အတွက် သေဒဏ်ကျခံရမှာပဲ ဖြစ်ပါတယ် ဒါပေမဲ့ သူ့ကို မကွပ်မျက်ခင်မှာ လူသတ်သမားဟာ အကျဉ်းထောင်ထဲမှာ ထူးဆန်းတဲ့သင်္ကေတတွေ ပုံတွေဆွဲပြီး ဂါထာလိုလို ဘာလိုလိုတွေရွတ်ပြီး သေဒဏ်ကျခံသွားရော။ သူ သေပြီးတဲ့နောက်မှာ ဒီအကျဉ်းထောင်ကြီးထဲ ညညဆို အကျဉ်းသားတွေ စိတ္တဇတွေဖြစ်ပြီး သေဒဏ်ကျခံရမှာကိုတောင် ကိုယ့်ကိုကိုယ် အဆုံးစီရင်တာတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန် တစ်ဖက်မှာ လူသေအလောင်း ဓာတ်ပုံရိုက်ပြီး တစ်ဖက်က တမလွန်ဆိုတာကို စက်နဲ့တည်ရှိကြောင်း သက်သေပြချင်တဲ့ တူဝရီးနှစ်ယောက်ကလည်း သေဒဏ်ပေးရသူကို ရိုက်ပေးဖို့ ထောင်ထဲကို ရောက်လာချိန် ထူးခြားမှုတွေ ဖြစ်နေလို့ လာရောက်ဖြေရှင်းတဲ့ ပရလောက ကျွမ်းကျင်သူနဲ့တွေ့ပြီး ဒီလူ တိုက်ခဲ့တဲ့ကျိန်စာတွေ အသက်ဝင်လာပြီး ထကြွသောင်းကျန်းတဲ့အခါ ဒီအကျဉ်းထောင်ထဲမှာ အသက်ရှင်သန်နိုင်ဖို့ ၃ ယောက် ပေါင်းပြီး အတူတကွ ကြိုးပမ်းရပါတော့တယ်။ ခေါင်းဆောင်မင်းသားကြီး နေရာကိုတော့ Lord of the Ring ထဲက Dwarf ဂျပုလေး Gimli နေရာက ဝေလမင်းသားကြီး John Rhys-Davies က သရုပ်ဆောင်ပေးထားပါတယ်။ File size…1.29GB / 416MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 51m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

5 2023 111 mins
The Gates
3: Alif Lam Mim
7.1

3.Alif Lam Min [2015] IMDB (7.1/10) အင်ဒိုနီးရှားဟာ ဘာသာရေးဂိုဏ်းဂဏ ကွဲပြားမှုတွေကြောင့် အကြမ်းဖက်မှုတွေ ပဋိပက္ခတွေနဲ့ အပြင်းအထန်ရင်ဆိုင်ရပြီး နောက်မှာ လူထုဟာ တော်လှန်ရေးတစ်ရပ် ကျင်းပကာ ဘာသာရေးကို အဓိကထောက်တိုင်အဖြစ်ကနေ ဖယ်ရှားပစ်လိုက်ကြပါတယ်… ဒီလို ဖယ်ရှားလိုက်တဲ့အခါ ကျန်ရှိတဲ့ ယုံကြည်ကိုးကွယ်သူတွေကိုလည်း အစိုးရက နှိမ်နှင်းဖို့ ကြိုးစားပါတော့တယ်… ဘာသာရေးနဲ့ သက်ဆိုင်သူတွေကို ရာဇဝတ်မှုမျိုးစုံတပ်ပြီး ရှင်းလင်းလာပါတယ်… ဒီလိုအရှုပ်အထွေးကြီးထဲမှာ တိုင်းပြည်အတွက် နိုင်ငံအတွက် ဘာမဆိုလုပ်ပေးမယ့် ရဲတပ်ဖွဲ့ဝင် အာလစ်ဖ်က အသုံးချခံ ဖြစ်လာပါတော့တယ်… ဒီလိုနဲ့ တစ်ရက် သူ့ရည်းစားဟောင်း လာရာစ်နဲ့ ပြန်ဆုံပြီး မရှေးမနှောင်းမှာပဲ လာရာစ် အလုပ်လုပ်ကိုင်ရာ ကန်ဒီကဖေးမှာ ဗုံးပေါက်ကွဲပါတော့တယ်… အာလစ်ဖ်ကိုယ်တိုင်လည်း ရှိနေခဲ့တာမို့ ဒီဗုံးကွဲမှုရဲ့ လက်သည်တရားခံဟာ အစ္စလာမ်ကျောင်းသားလေးတွေကြောင့်လို့ အာလစ်ဖ် ထင်မှတ်သွားပါတယ်…. တကယ်တော့ အဖြစ်မှန်ဟာ ထင်သလောက် ရိုးစင်းမနေဘဲ ရှုပ်ထွေးပွေလီမှုတွေ အများကြီး ရှိလို့နေပါတယ်… ဒီလိုအဖြစ်ကြီးကို အာလစ်ဖ်တစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Action, Drama, Sci-fi Quality…. 1080p | 720p File size… 3.1GB | 1.3GB Format… mp4 Duration…. 2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

7.1 2015
3: Alif Lam Mim
The Peasants
7.8

The Peasants ဇာတ်ကားဟာ ၁၉၄၂ ခုနှစ်မှာ စာပေဆိုင်ရာ နိုဘယ်ဆုရရှိခဲ့တဲ့ ပိုလန်ဝတ္ထုတစ်ခုကို အခြေခံရိုက်ကူးထားတဲ့ ဘောင်ဝင်တန်းဝင် ဇာတ်ကားကြီး ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်. အခုလို ရိုက်ကူးထွက်ရှိလာတဲ့အခါမှာလည်း ဆုတွေအများကြီး ဆန်ကာတင်စာရင်းတွေထဲ အများကြီးဝင်ထားတဲ့ အရမ်းကို အနုပညာဆန်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်.. ဒီဇာတ်ကားက သူများနဲ့ မတူတာကတော့ တစ်ကားလုံးကို rotoscoped oil painting စတိုင်မျိုးနဲ့ ပြုလုပ်ထားတာဖြစ်လို့ ဇာတ်ကားရဲ့ ဘယ်နေရာကိုပဲ pause pause ပန်းချီကားတစ်ချပ်ကို ခံစားနေရသလိုမျိုး မြင်နေရမှာ ဖြစ်ပါတယ်. ဇာတ်လမ်းကိုတော့ ကြည့်ရပေါ့သွားမှာစိုးလို့ အများကြီး မပြောတော့ဘူးနော်. အဓိကကတော့ Jagna ဆိုတဲ့ ပိုလန်ရွာ လေးတစ်ရွာက အရမ်းချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်ကြောင်းပါ. ချောမောသူဖြစ်တဲ့အလျှောက် ရွာထဲက လူပျို လူအို မုဆိုးဖို စတဲ့သူ အကုန်လုံးက သူနဲ့ လက်ဆက်ချင်ကြပါတယ်. ပိုလန်ရိုးရာတွေကို အသားပေးရိုက်ပြထားပြီး သူမရဲ့ အချစ်ရေး အိမ်ထောင်ရေး ဇာတ်လမ်းတွေ ဘယ်လိုရှုပ်ထွေးမလဲ… အဆုံးသတ်မှာ သူဘယ်လိုဖြစ်သွားမလဲဆိုတာကို ပန်းချီပြခန်းထဲ လမ်းလျှောက်သွားသလို ကြည့်ရှုခံစားနေရမှာဖြစ်လို့ ကြည့်ကိုကြည့်ရမဲ့ကားလေး ဖြစ်ကြောင်း အသိပေးပါရစေ… File size…2.3 GB / 1.13 GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ….. Animation , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Comedy • Crime
7.8 2023 115 mins
The Peasants
Valiant

ဒုတိယကမ္ဘာစစ်အတွင်း တိရစ္ဆာန်လေးတွေက လူ့အသက်ပေါင်းများစွာကယ်တင်ပေးနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ရဲစွမ်းသတ္တိရှိမှုအတွက် အမြင့်ဆုံးဆုတံဆိပ်ကတော့ Dickin Medal ဖြစ်ပြီး စစ်ပွဲအတွက် ယင်းဆုတံဆိပ်ပေါင်း ၅၄ ဆုချီးမြှင့်ခံရတဲ့အထဲမှာ ၁၈ ဆုကို တော့ ခွေးလေးတွေကရရှိခဲ့ပြီး၊ မြင်းလေးတွေက ၃ ဆု၊ ကြောင်လေးတစ်ကောင်က ၁ ဆုနှင့် ခိုလေးတွေက ဆုပေါင်း ၃၂ ဆု ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးက ဒုတိယကမ္ဘာစစ်အတွင်း စစ်သားတွေကို ကူညီပေးခဲ့တဲ့ ရာနဲ့ချီတဲ့ ခိုလေးတွေရဲ့အကြောင်းကို Inspire ယူပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းမှာ ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားစဉ်ကာလကို အခြေတည်ထားပြီး ဇာတ်လမ်းအစပိုင်းတွင် Royal Homing Pigeon Service က ခိုလေး ၃ ကောင်ဟာ အလွန်အရေးပါတဲ့စာတစ်စောင်ကို သယ်ကာ အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပျံရင်း ဗြိတိန်နိုင်ငံထံသို့ အရောက်ပြန်နေကြပါတယ်။ ညဖက်အချိန် ဆိုးဝါးလှသည့်ရာသီဥတုကြားမှ အားတင်းကာ ပျံသန်းကြရင်း ဒိုဗာ အဖြူရောင်ကမ်းပါးကိုမြင်နေရပြီဖြစ်တဲ့အတွက် သူတို့ရဲ့ ဦးတည်သည့်နေရာ သို့မဟုတ် သူတို့ရဲ့ အိမ်ကိုရောက်ရှိတော့မှာဖြစ် ပါတယ်။ သို့သော် ရုတ်တရတ် နာဇီဂျာမန်များဘက်မှ ရန်သူသိမ်းငှက်ကြီးတစ်ကောင်က သူတို့ကို ခြုံခိုတိုက်ခိုက်ပါတော့တယ်။ ခိုလေးနှစ်ကောင်မှာ ထိုနေရာတွင်ပင်သတ်ဖြတ်ခံလိုက်ရပြီး ကျန်တစ်ကောင်ကိုတော့သိမ်းငှက်ကြီးက ဖမ်းခေါ်သွားပါတော့တယ်။ အခြားတစ်နေရာမှာတော့ ဗားလီယန့်လို့ခေါ်တဲ့ သေးငယ်ပြီးရဲရင့်တဲ့ ခိုငှက်ငယ်လေးက မဟာမိတ်တပ်များဘက်မှ ပါဝင်ပြီး တိုက်ပွဲဝင်ပေးချင်သည့်အတွက် သူ့အမေတားနေတဲ့ကြားက စာပို့ခိုလေးအဖြစ် တာဝန်ထမ်းဆောင်ရန်စာရင်းပေးလိုက်ပါတော့ တယ်။ စစ်ပွဲအတွင်းစာပို့ခိုတစ်ကောင် ဖြစ်လာနိုင်ရန် လေ့ကျင့်နေစဉ်ပင် စာပို့ခိုတပ်စုများတစ်ခုပြီးတစ်ခု သုတ်သင်ရှင်းလင်းခံ နေရတဲ့အတွက် သူတို့အဖွဲ့ကအရေးကြီးပြီးအန္တရာယ်များတဲ့စစ်ဆင်ရေးတစ်ခုကို ဖော်ဆောင်ဖို့အကြောင်းဖန်လာပါတော့တယ်။ ဗားလီယန့်နဲ့သူတို့အဖွဲ့ စစ်ဆင်ရေးကို အောင်မြင်သည်အထိဖော်ဆောင်နိုင်ပါ့မလား? နာဇီဘက်က သိမ်းငှက်ကြီးကရော သူတို့ကို ဘယ်လိုမျိုးတိုက်ခိုက်မှာလဲ? ဒါတွေကိုကြည့်ရှုရမှာပဲဖြစ်တယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.4 GB)/(864 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:16:00 Genre…Animation, Adventure, Comedy, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2005
Valiant
All Star Superman
6.8

All Star Superman (2011) IMDB: 6.8/10 Rotten Tomatoes: 80% Genre: Action/Sci-fi ဒီဇာတ်လမ်းလေးကနည်းနည်းရင်ထဲမှာခံစားရလိမ့်မယ်လို့ကျွန်တော်ကြိုပြောပါရစေ။ Animation ထက်ကိုပိုတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးက လူဆိုးတွေကိုချနေတဲ့ဇာတ်လမ်းဆိုတာထက် စူပါမန်းရဲ့ စိတ်နေစိတ်ထားကိုရိုက်ပြသွားတာဖြစ်ပါတယ်။ ဒေးလီးပလန်းနက်က လယ်သမားသားကလာ့ခ်ကန့်တ်၊ ခရစ်ပတွန်သား ကဲလ်အဲလ်၊ ကမ္ဘာကြီးကိုကယ်တင်နေတဲ့သံမဏိလူသား တစ်ယောက်ရဲ့ စိတ်ထားကဘယ်လောက်ထိ မြင့်မြတ်ကြောင်းပြသွားတာဖြစ်ပါတယ်။ ဇာတ်ညွှန်း ဒေါက်တာ လီယိုကွင်တမ်နဲ့သူ့အဖွဲ့တွေနေကို သွားရောက်လေ့လာနေတုန်းမှာ လက်စ်လူသာကြောင့် အဆင်မပြေထဖြစ်ပါတော့တယ်။ လက်စ်လူသာဟာ အဖမ်းခံထားရတဲ့အချိန်ဖြစ်လည်းဖြစ်ပါတယ်။ ဒါပေမယ့် လက်စ်လူသာဟာ ဉာဏ်ကြီးရှင်တစ်ယောက်လည်းဖြစ်တာကြောင့်လူသားမျိုးနွယ်စု ကောင်းကျိုးအတွက် တီထွင်ခိုင်းပါတော့တယ်။ စောင့်ကြည့်ရေးကာလမှာ သူဟာ နေလောက်ထိအကွာအဝေးကိုကမ္ဘာကနေလှမ်းထိန်းပြီး ဒေါက်တာ ကွင်တနမ်တို့ရဲ့ယာဉ်ကို တိုက်ခိုက်ပါတော့တယ်။ ဒါပေမယ့်လည်း ဒေါက်တာကွင်တမ်တို့ကို စူပါမန်းကလာကယ်ခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ နေကြောင့် စူပါမန်းရဲ့ဆဲလ်တွေဟာ မြန်မြန်ကြီးပြိုကွဲလာပါတယ်။တစ်နည်းပြောရရင်တော့ စူပါမန်းဟာသေတော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စူပါမန်းကြီးဟာဘယ်လိုမှသူသေတော့မယ်ဆိုတာကို ထုတ်မပြောခဲ့ပါဘူး။ သူပြောခဲ့တာတစ်ယောက်ပဲရှိပါတယ်။ အဲဒါကတော့… သူမသေခင်မှာ သူဘယ်လိုတွေလုပ်သွားလဲ၊ ကမ္ဘာကြီးအတွက်ဘာတွေလုပ်သွားလဲဆိုတာကို မြင်ရမှာဖြစ်ပါတယ်။ File size… 1.3 GB / 571 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 16m Genre ….. Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by LuciferMaximoff

Fantasy • Comedy
6.8 2011 76 mins
All Star Superman
Love in the Afternoon
7.6

လူဆိုတစ်မျိုးတည်းကိုပဲ ထပ်ခါတလဲလဲမြင်နေရရင် ရိုးလာကြတာပါပဲ။ ဒီဇာတ်ကားမှာလဲ ဖရက်ဒရစ်ဆိုတဲ့ ပဲရစ်က အောင်မြင်နေတဲ့ ရှေ့နေ့တစ်ယောက်က ဟယ်လင်နာဆိုတဲ့ မိန်းမနဲ့ပျော်ပျော်ရွှင်ရွှင် ကလေးတွေယူပြီး လက်ထပ်ထားတာပါပဲ။ ဒါပေမဲ့ သူ့မှာတခြား အိမ်ကမိန်းမကိုရိုးပြီးတော့ တခြားမိန်းမတွေနဲ့ ဖောက်ပြန်ချင်တဲ့စိတ်ကူးယဉ် ဇာတ်လမ်းတွေရှိနေပါတယ်။ တနေ့မှာ ကလိုဝီဆိုတဲ့ သူငယ်ချင်းဟောင်း တစ်ယောက်နဲ့ပြန်တွေ့ပြီးတော့ သူလိုချင်တဲ့ စိတ်လှုပ်ရှားမှုတွေကို ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်နေပါတယ်။ ကလိုဝီနဲ့ သူ့မိန်းမကြားမှာ ခံစားချက်လွန်ဆွဲရင်း ဖရက်ဒရစ် အနေနဲ့ ဘယ်ဘက်ကိုပါသွားမလဲ ဆိုတာကတော့ ဇာတ်လမ်းထဲမှာကြည့်လိုက်ပါခင်ဗျ File size…(1.8 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby

7.6 1972
Love in the Afternoon
Feet of Death

ဂျေဆန်တို့နယ်မြို့လေးနားက တောထဲမှာ တိရစ္ဆာန်တိုက်ခိုက်ခံရလို့သေဆုံးမှုက ပြည်နယ်တစ်ခုလုံးထက် နှစ်ဆလောက်များနေခဲ့ပါတယ်။ အဲဒါကြောင့် ဆိုရှယ်အင်ဖလူရန်ဇာတစ်ယောက်က တောထဲကသေဆုံးမှုတွေကို စုံစမ်းဖို့ရောက်လာခဲ့တယ်။ အဲဒီအင်ဇလူရန်ဇာပါသေသွားတော့ ဇနီးဖြစ်သူသေထားတာမကြာသေးလို့ဘူနေတဲ့ သစ်တောဌာနက ဂျေဆန်တစ်​ယောက် ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး စုံစမ်းဖို့ရာဖြစ်လာပါရော။ ဒီသေဆုံးမှုတွေရဲ့ အဓိကလက်သည်က နှင်းလူကြီးဖြစ်မယ်လို့ တစ်ယောက်စကားတစ်ယောက်နား ပြောဆိုနေကြတဲ့ ကောလာဟလတစ်ခုရှိနေတာပါပဲ။ ဒီမှာပဲ ဂျေဆန်နဲ့ ရဲမှူးတို့ နှင်းလူအကြောင်းအတော်လေးသိပါတယ်ဆိုတဲ့ တောထဲက ဟင်နရီဆိုတဲ့လူဆီကို ရောက်သွားရာကစ မထင်မှတ်တာတွေ တွေ့လာရတဲ့နောက်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.7 GB)/(822 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Kyawt Hay Thar

Action • Science Fiction
0 2024
Feet of Death
Clear Cut
4.8

Clear Cut(2024) ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ကထွက်ရှိထားတဲ့ Action , thriller ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ မင်းသား Clive Standen , Alec Baldwin , Stephan Dorff တို့အဓိက ပါဝင်သရုပ်ဆောင်ထားပြီးတော့ဒါရိုက်တာကတော့ Brian Skiba ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း သစ်ထုတ်လုပ်သမား နှစ်ယောက် တောထဲကို သစ်ပင်ခုတ်ဖို့လာရင်းနဲ့ တောအုပ်အလယ်မှာ မူးယစ်ဆေးချက်တဲ့ နေရာတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ မူးယစ်ဆေးအရောင်းအဝယ်သမားများရဲ့ လျှို့ဝှက်ချက်ကို သိရှိသွားတဲ့အလျောက် သူတို့ဟာ မူးရစ်ဆေးသမားတွေရဲ့ ရန်ကနေလွတ်မြောက်အောင် လုပ်ဖို့ဖြစ်လာပါတယ်။ Thriller ဆန်ဆန်ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပြီးတော့ မြှုပ်ကွက်တွေလဲ ပါတာမလို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size…(1.9 GB) / (1.1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Thriller Duration….01:28:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nay

Drama
4.8 2024 88 mins
Clear Cut
[18+] Sleeping Beauties

ဇာတ်လမ်းအကျဉ်းလေးကတော့ တရံရောအခါက တိုင်းပြည်တစ်ပြည်မှာ အလွန်လှပတဲ့ မင်းသမီးလေးရှိတယ်ပေါ့ဗျာ. သူမကို အရမ်းချစ်တဲ့ မင်းသားလေးလဲ ရှိတော့ သူငယ်ချင်းဖြစ်သု မယဂရတ်က မနာလိုတာပေါ့.အဲ့တာနဲ့ပဲ ကျိန်စာတိုက်လိုက်တာ မင်းသမီးလေးဟာ ထာဝရအိပ်ပျော်သွားပါလေရော. ဒီလိုနဲ့ပဲ အိပ်ပျော်လိုက်တာ ရာစုနှစ်များစွာကြာပြီး ယနေ့ခေတ်အခါကို ရောက်ရှိလာပါတော့တယ်. အဲ့အချိန်မှာ မင်းသမီးလေး အိပ်ပျော်နေတဲ့ ရဲတိူက်ကြီးကို ဟိုတယ်အဖြစ်ပြောင်းဆောက်မယ့် အင်ဂျင်နီယာကိုကိုဟာ အိပ်ပျော်နေတဲ့ မင်းသမီးလေးကို တွေ့တဲ့အခါ အသည်းယားလို့ အာဘွားပေးမိလိုက်ပါတယ်. အဲ့အချိန်မှာ မင်းသမီးလေးဟာ ကျိန်စာပျယ်ပြီးတော့ နိုးထလာခဲ့ပါတယ်. သူမ နိုးထလာတဲ့အခါ သူမရဲ့ကျေးဇူးရှင် အင်ဂျင်နီယာကိုကို ကို ဘယ်လိုကျေးဇူးတုန့်ပြန်မယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း ဘွင်းဘွင်းရှင်းရှင်း ရိုက်ပြထားတာကြောင့် dark side ဖန်တွေ သဘောကျနှစ်ခြိုက်ကြမှာပါ။ (Dark Side Production မှ တင်ဆက်သည်။) File Size : (2 GB) & (1 GB) Quality : WEB-DL 1080p HEVC & 720p Running Time : 01:21:00 Format : mkv/mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Dark Knight Encoded by RGB

Drama
0 2017 81 mins
[18+] Sleeping Beauties
The Nanny Diaries
6.2

The Nanny Diaries (2007) မိမိကိုယ်ကို ဘယ်သူလဲ၊ ဘယ်လိုလူလဲဆိုတာ တိတိကျကျ သိကြပါသလား။ The Nanny Diaries ထဲက ဘွဲ့ရပြီးခါစ အသက် ၂၁ အရွယ်ကောင်မလေးကတော့ သူ့ကိုယ်သူ ဘယ်လိုလူလဲဆိုတာကို အဖြေရှာရင်း နာနီလို့ခေါ်တဲ့ ကလေးထိန်းဘဝကို ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီအကြောင်းကို The Nanny Diaries ဆိုတဲ့ ဟာသ-ဒရမ်မာ ဇာတ်လမ်းမှာ စိတ်ဝင်စားစရာကောင်းအောင် ဟာသလေးနှောပြီး ရိုက်ကူးထားတာပါ။ အန်နီဘရတ်ဒေါ့ခ်ဟာ ဘွဲ့ရပြီးချိန်မှာ အလုပ်ရှာဖွေရင်းနဲ့ မထင်မှတ်ဘဲ အထက်တန်းလွှာမိသားစု တစ်ခုရဲ့ ကလေးထိန်းဘဝကို ရောက်ရှိခဲ့ပါတယ်။ အဲဒီလိုနဲ့ အန်နီဟာ အားကျစရာကောင်းလောက်အောင် ပြီးပြည့်စုံနေပြီလို့ ထင်ရတဲ့ အိမ်ထောင်သည် အမျိုးသမီးမှာလည်း လူမသိတဲ့ ဒုက္ခတွေ ရင်ဆိုင်နေရကြောင်း သိမြင်လာခဲ့ရပါတယ်။ ငွေကြေးချမ်းသာ သလောက် မိဘတွေရဲ့ ဂရုစိုက်ခြင်းကိုမခံရဘဲ၊ အိမ်ထောင်ရေးအဆင်မပြေတဲ့ မိဘတွေကြားမှာ မြေစာပင် ဖြစ်နေရတဲ့ ဂရေယာလေးကို သံယောဇဉ် ဖြစ်မိတဲ့ အန်နီဟာ အလုပ်ထွက်ချင်ပေမဲ့ မထွက်နိုင်ခဲ့ပါဘူး။ အလုပ်ကြောင့် ရည်းစားမထားရဲခဲ့ပေမဲ့ အန်နီဟာ သူ့အလုပ်ရှင်အိမ်နားမှာနေတဲ့ ဟားဗတ်တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်နဲ့ ချစ်ကြိုက်မိခဲ့ပါတယ်။ အဲဒီအခါ သူရုန်းမထွက်သေးတဲ့ အလုပ်နဲ့ ချစ်သူကြားမှာ ဗျာများရပါတော့တယ်။ အဲဒီလိုနဲ့ အန်နီတစ်ယောက် ကလေးထိန်းဘဝက လွတ်မြောက်နိုင်မှာလား၊ သူ့ကိုယ်သူ ရှာဖွေသိရှိသွားမှာလား၊ ဂရေယာ့အတွက်ရော ဘာတွေလုပ်ပေးမလဲ၊ ချစ်သူနဲ့ရော ရှေ့ဆက်အဆင်ပြေပါ့မလားဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရှုရမှာပါ။ ဇာတ်လမ်းတင်ကောင်းတာမဟုတ်ဘူးနော်၊ မင်းသားသမီးတွေလည်း ကြည့်လိုက်ပါဦး၊ ညှို့အားပြင်း ဟောလိဝုဒ်မင်းသမီးချော Scarlett Johansson နဲ့ အခုအချိန်မှာ Captain America ဇာတ်ကောင်အဖြစ် လူသိများနေတဲ့ ဟောလိဝုဒ်မင်းသား Chris Evans တို့က အဓိက ပါဝင်ထားပါတယ်။ မင်းသမီးဇာတ်ဆိုတော့ မင်းသမီးအခန်းပိုများပါတယ်။ ဟာသနဲ့ အတွေးလေးတွေပါတဲ့ ပေါ့ပေါ့ပါးပါး Comedy-Drama ကြိုက်သူတွေအတွက်တော့ တကယ်ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းကောင်းလေး ပါပဲ။ (ရုပ်ရှင်အညွှန်းကို Cherry Mon မှရေးသားထားပြီး ဘာသာပြန်ကိုတော့ Lone Lone မှ တင်ဆက်ထားပါတယ်။)

Comedy
6.2 2007 106 mins
The Nanny Diaries