YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Under.the.Queens.Umbrella.S01E09.1080p(CM).mp4

754.45 MB N/A video/mp4 1643 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Knock at the Cabin
6.4

M. Night Shyamalan ရိုက်ကူးထားတဲ့ ဟော်ရာရုပ်ရှင်အသစ်ပဲဖြစ်ပါတယ်။ Horror, Mystery, Thriller အမျိုးအစားဖြစ်တဲ့အတွက် ပဟေဠိဆန်ဆန်ကြည့်ရမှာဖြစ်ပြီး နောက်ဆုံးကျမှပဲ အဖြူအမည်း သဲကွဲမယ့် ရုပ်ရှင်မျိုးပါ။ The Sixth Sense လို ရုပ်ရှင်မျိုးကို ရိုက်ခဲ့တဲ့ဒါရိုက်တာပီပီ သို့လော သို့လောလေးတွေနဲ့ ရိုက်ပြတဲ့နေရာမှာတော့ တော်ပါတယ်။ မင်းသား ဒေးဗစ် ဘာတစ်စတာကလည်း GotG ဇာတ်ရုပ်လို ဟာသမဟုတ်ဘဲ တကယ်ကို အလေးအနက်နဲ့ သရုပ်ဆောင်သွားတာပါ။ ဇာတ်လမ်းအကျဉ်း အဲရစ်နဲ့ အန်ဒရူးဆိုတဲ့ လိင်တူစုံတွဲဟာ ဝန်လင်ဆိုတဲ့ကလေးမလေးကို မွေးစားထားပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြပါတယ်။ တစ်နေ့မှာတော့ အားလပ်ရပ်ခရီးအဖြစ် ရှုခင်းလှပြီး လူသူမရှိတဲ့ သစ်လုံးအိမ်လေးတစ်ခုကို ပျော်ပွဲစားထွက်ခဲ့ကြပါတယ်။ အဲဒီအိမ်လေးကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက် လူလေးယောက်ရောက်ရှိလာခဲ့ပါတယ်။ လူလေးယောက်ဟာ အလွန်ထူးဆန်းတဲ့အကြောင်းနဲ့ရောက်လာပြီး ထူးဆန်းတဲ့လက်နက်ကိုယ်စီနဲ့ အဲရစ်တို့ကို ဖမ်းထားပြီး မယုံနိုင်စရာ တောင်းဆိုမှုတွေလုပ်လာတဲ့အခါ.... File size…(1.29GB)  / (696MB) / (324MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:40:00 Genre... Horor / Mystery / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Mr. Anderson

Drama
6.4 2023 100 mins
Knock at the Cabin
Road to Ninja: Naruto the Movie
7.6

Narutoဆိုတဲ့ animeဟာ ၂၀၀၀ခုနှစ်ဝန်းကျင်က နာမည်အကြီးဆုံးကြီးသုံးကြီးမှာ (One piece, bleach, naruto)ပါခဲ့ပြီး သူ့​ခေတ်သူ့အခါအချိန်တုန်းက ကြည့်ရှုသူ​တွေရဲ့ပါးစပ်ဖျားမှာ never give up, this is my way of ninja, Dattebayo ?ဆိုပြီးရွတ်ဆို ခဲ့ကြတဲ့အထိ moti​ပေးနိုင်ခဲ့တာပါ။ ရုပ်ရှင်အ​နေနဲ့လည်း က​လေးဘဝကို ၃ကားထွက်ခဲ့ပြီး shippudenလူငယ် ဘဝက​တော့ ၇ ကားအထိထွက်ခဲ့ပါတယ်။ ဒီကားက​တော့ shippuden ရုပ်ရှင်​တွေထဲမှာ ဆဌမကားဖြစ်ပြီး IMDb 7.6/10 My anime list 7.7/10ရထားပါတယ် ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​​​​တော့ Konohaရွာကို Akatsuki​ကြေးစားအဖွဲ့က ဝင်တိုက်ခိုက် ပါတယ်။ ထူးဆန်းတာက Narutoတို့သုတ်သင်ခဲ့တဲ့ Akatsukiအဖွဲ့သားအ​ဟောင်း​တွေပါ ပြန်ထွက်လာတာပါ။ Narutoတို့​တွေခုခံတာ​ကြောင့် Akatsuki​တွေဟာ ထွက်သွားခဲ့ပါတယ်။ ဒါ​ပေမဲ့ ညအချိန် Narutoနဲ့Sakura နှစ်​ယောက်ထဲရှိချိန်မှာ Madaraဟာ​ပေါ်လာပြီး Narutoတို့ကို ကမ္ဘာတခုစီပို့လိုက်ပါတယ်။ အဲ့ဒီကမ္ဘာမှာ ​သေသွားတဲ့ သူ​တွေဟာ မ​သေပဲဆက်ရှင်သန်​နေပြီး Naruto ရဲ့မိဘ​တွေ ဟာလည်း အ​ကောင်းအတိုင်းရှိ​နေဆဲပါ။ ကျန်တာ​တော့ ကိုယ်တိုင်ဆက်ကြည့်လိုက်ပါ။ ဒီကားမှာသ​ဘောကျမိတာက Narutoရဲ့မိဘ​တွေနဲ့အတူတူရှိချိန်မှာဖြစ်​ပေါ်လာတဲ့ ခံစားချက်​တွေပါ။ တစ်ရှူး​လေး​ဆောင်ပြီးကြည့်လိုက်ကြ​နော်။ File size…1.17GB / 600MB Quality…1080p  / 720p Format…mp4 Duration….1h 49m Genre ..... Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Dr Nyan

Drama • Romance
7.6 2012 109 mins
Road to Ninja: Naruto the Movie
Kerosene
7

အဖေတစ်ခု သမီးတစ်ခုပဲရှိတဲ့သားအဖနှစ်ယောက်တစ်နေ့ မင်္ဂလာဆောင်ကအပြန် ရွာထဲခဏဆိုပြီး ထွက်သွားတဲ့သမီးလေးပြန်မလာလို့ တစ်ညလုံးအနှံ့လိုက်ရှာခဲ့ပေမယ့် မတွေ့ခဲ့ရပဲ နောက်တစ်ရက်မနက်မှာ မီးကျွမ်းထားတဲ့အရိုးစုကိုပဲ တွေ့ရတော့တယ် သမီးလေးအတွက် တရားဥပဒေနဲ့အညီ မျှမျှတတလုပ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ရွေးကောက်ပွဲနီးကပ်နေတာကို အကြောင်းပြပြီး အနားရှိတဲ့ လူတစ်ယောက်ကိုပဲ တရားခံဆိုပြီး ထောင်ထဲဖမ်းထည့်ထားလိုက်တယ် ရဲမှူးတစ်ယောက်ရဲ့ သူငယ်ချင်းသတ်ခံရတဲ့အမှုနဲ့ပတ်သတ်ပြီး မှုခင်းထောက်လှမ်းရေး ဗိုင်ဗက်ကို တာဝန်ပေးလိုက်တဲ့အချိန် သွားစစ်ဆေးတဲ့အချိန်ပိုင်းအတွင်းမှာပဲ တရားခံဖော်ထုတ်နိုင်ခဲ့တဲ့အတွက် နောက်ထပ်အမှုမှန်မပေါ်သေးတဲ့ မိန်းကလေးတွေ သတ်ခံရတဲ့ အမှုကိုပါ တာ၀န်ပေးဖော်ထုတ်စေခဲ့တယ် မိန်းကလေးတွေ ရက်ရက်စက်စက် အသတ်ခံရတဲ့ တရားခံကို ဘယ်လိုဖော်သွားမလဲ အကွက်ကျကျ ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးပါ File size…1.95GB / 996MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl & OeliuJ & Kevin Ag & Yunni

Comedy • Drama • Romance • TV Movie
7 2022
Kerosene
(18+) Bambola
4.2

Erotic Thriller ပုံစံနဲ့ ဒီအီတလီဇာတ်ကားက နာမည်ကြီးသလို နိုင်ငံတချို့မှာ ပြန်ရိုက်ထားကြတဲ့ Version တွေရှိပါတယ်... 'ကျွန်မ နာမည်က မီနာ ဒါပေမယ့် အားလုံးက ကျွန်မကို ဘမ်ဘိုလာ (အရုပ်ကလေး)လို့ခေါ်ကြတယ်' ဘမ်ဘိုလာက နယ်မြို့လေးတစ်မြို့မှာ စားသောက်ဆိုင်သေးသေးလေးဖွင့်ထားတဲ့ မိခင်နဲ့အတူနေပြီး လိင်တူစိတ်ဝင်စားတဲ့မောင်တစ်ယောက်ရှိတယ်၊ သူ့ရဲ့ငယ်ငယ်လေးကတည်းက အိမ်မက်ကတော့ နယ်မြို့လေးတွေမှာရှိတတ်တဲ့လူငယ်အတော်များများနဲ့ထပ်တူပါပဲ၊ ဒီမြို့လေးကိုစွန့်ခွာပြီး အဝေးတစ်နေရာမြို့ကြီးပြကြီးမှာ အခြေချအောင်မြင်ဖို့ပေါ့။ ဘမ်ဘိုလာဟာ နာမည်နဲ့လိုက်အောင် ချောတယ်၊ အရုပ်ကလေးတစ်ရုပ်လိုလှလွန်းတယ်။ ယောက်ျားတကာကိုဆွဲဆောင်နိုင်ရုံတင်မက ရူးသွပ်သွားအောင်ဖမ်းစားနိုင်တယ်။ အဲ့ဒီအလှအပကပဲ သူ့အတွက် အားသာချက်ဖြစ်သလို အဲ့ဒီအလှအပကပဲသူ့အတွက် အန္တရာယ်ဖြစ်လာပြန်တယ်၊ အဲ့ဒါကတော့ ထောင်ထဲက စရိုက်ကြမ်းတမ်းလှတဲ့လူဆိုးလူမိုက်တစ်ယောက်က သူ့ကိုအရူးအမူးချစ်မိသွားတာဖြစ်ပြီး ပိုဆိုးတာကတော့ ဘမ်ဘိုလာကိုယ်တိုင်အဲ့ဒီလူဆိုးရဲ့ သူ့အပေါ်နိုင်ထက်စီးနင်းအဓမ္မတွေကို စွဲလန်းမိသွားခဲ့တာပါပဲ။ ဒါပေမယ့်..။ Bámbola က ဘာမျှော်လင့်ချက်မထားပဲကြည့်ရမယ့် ပေါ့ပေါ့ပါးပါး cheesy ဖြစ်တဲ့ erotic melodrama ကားလေးတစ်ကားပါ၊ အီတလီနယ်မြို့လေးတစ်မြို့ရဲ့ သာယာလှပတဲ့ရှုမျှော်ခင်းတွေပါမယ်၊ ပီပြင်ကြမ်းတမ်းတဲ့ လိင်ဆက်ဆံခန်းတွေများမယ်၊ ဇာတ်ရုပ်နဲ့လိုက်အောင် မင်းသမီးလေးအရမ်းလှတယ်။ အဲ့ဒီလောက်ဆိုလုံလောက်တာထက်ပိုနေပါပြီ။ File Size : (1.3 GB) Quality : DVDRip 720p Running Time : 01:32:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Action • Adventure • Drama • Romance
4.2 1996 95 mins
(18+) Bambola
Skinamarink
5.3

Skinamarink (2022) ~ Rotten Tomatoes – 75%, Meta – 68% ~ Horror Streaming Service ဖြစ်တဲ့ Shudder ရဲ့ အသစ်ထွက်ကားလေးပါ။ ဒီရုပ်ရှင်ကိုမရိုက်ခင် ဒါရိုက်တာဟာ Youtube ချန်နယ်တစ်ခုထောင်ပြီး Viewers တွေကို သူတို့ရဲ့အိပ်မက်ဆိုးတွေအကြောင်း မေးမြန်းခဲ့ပါတယ်။ ဒီနောက် သူတို့ပြောတဲ့အိပ်မက်ဆိုးတွေကနေ ဒီရုပ်ရှင်ကို ပြန်လည်ဖန်တီးခဲ့ပါတယ်။ အဓိကကတော့ အကုန်ဘုံတူနေတယ်ပြောလို့ရတဲ့ အိပ်မက်ကိုပေါ့။ ဒါရိုက်တာဟာ ” ကျွန်တော်ငယ်ငယ်က အိပ်မက်ဆိုးတစ်ခုမက်ခဲ့ဖူးတယ်။ အိပ်မက်ထဲ ကျွန်တော်က မိဘတွေနဲ့အတူအိမ်မှာပေါ့။ ပြီး‌တော့ ကျွန်တော့်မိဘတွေ ပျောက်သွားပြီး အိမ်ထဲမှာ မကောင်းဆိုးရွားတစ်ကောင်ရှိနေခဲ့တယ်။ ဒီလိုအိပ်မက်မျိုး လူတော်တော်များများလည်း မက်ဖူးကြပါတယ် ” လို့ ပြောခဲ့သလို ဒီလိုပုံစံကိုပဲရိုက်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ဟော်ရာကားပေမဲ့ Experimental Horror ခေါ် အတွေးအမြင်အသစ်ဟော်ရာကားမျိုးဖြစ်တဲ့အတွက် အမြင်များတဲ့ကားတွေနဲ့တော့မတူပါဘူး။ ဒီကားမှာဆို အိမ်တစ်အိမ်ထဲကပစ္စည်းတွေနဲ့ ဇာတ်ကောင်ဆိုလို့ ကလေး၂ယောက်လောက်ကိုပဲသုံးပြီး အိမ်တစ်လုံးထဲတင်ရိုက်ပြထားပါတယ်။ များသောအားဖြင့်တော့ First Person Point of View ကနေ ပြပြီး အိမ်အနှံ့လိုက်ပတ်ကြည့်ခိုင်းပြီး ကိုယ်တိုင် အဲဒီအိမ်ထဲရောက်သွားရသလို ပုံစံမျိုးရိုက်ထားပါတယ်။ မထင်ရင်မထင်သလို ဘာတွေမြင်ရမလဲမသိတာကိုကလည်း တော်တော်လေးလန့်ဖို့ကောင်းသလို ဇာတ်ကလည်း ခပ်ဆန်းဆန်းအကြောင်းအရာတွေပါ သွတ်သွင်းထားလို့ ဟော်ရာဖန်တွေ မြည်းစမ်းကြည့်သင့်တဲ့ ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 820MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 40Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Adventure • Family • Fantasy
5.3 2022
Skinamarink
The Wandering Moon
7

The Wandering Moon ( 2022 ) ဒီကားရဲ့ဒါရိုက်တာ ကိုရီးယားနွယ်ဖွား Lee Sang-il။ သူ့ကား Unforgiven ( 2013 ) နဲ့ Rage ( 2016) တို့က အာရှရုပ်ရှင် ဂျပန်ရုပ်ရှင်ပရိသတ်တွေ တစ်ခုတ်တရထည့်ထည့်ပြောရတဲ့ထဲပါတတ်တော့ သူ့စကေးကိုက လျှော့တွက်လို့တော့မရဘူး။ ဒီကားဆိုလည်း ဇာတ်အိမ်က ရှားရှားပါးပါးဇာတ်အိမ်မျိုးလို့တောင် ပြောလို့ရတယ်။ တစ်သီးတစ်သန့်ပဲနေတတ်တဲ့ အပေါင်းအသင်းသိပ်မရှိတဲ့ လူငယ်လေးနဲ့ အိမ်ကထွက်ပြေးချင်နေတဲ့ ကလေးမပေါက်စနလေးတွေ့ကြတာကနေ သဘောကောင်းတဲ့ လူငယ်လေးက ကလေးမလေးကို ခေါ်ထားရင်း ကလေးတွေကိုမှ လိင်စိတ်တိမ်းညွတ်နေတဲ့လူလို့ စွပ်စွဲခံလိုက်ရပြီး အပြစ်ရှိတယ်လို့ပါ သတ်မှတ်ခံလိုက်ရတဲ့ ဇာတ်။ ဒါပေမဲ့ အဲဒီလူငယ်လေးက ကလေးမလေးကို ဘာမှမလုပ်ခဲ့သလို ကလေးမလေးကလည်း သူ့ကြောင့်ဖြစ်သွားတဲ့ အသိကြီးနဲ့ ရှင်သန်လာခဲ့ရတယ်။ ဒီလိုနဲ့ ကလေးမလေး အရွယ်ရောက်လာတဲ့အခါ သူတို့ပြန်တွေ့ကြရာကနေ ဇာတ်ကို ဆက်အသက်သွင်းထားတယ်။ အများအမြင်တော့ ကလေးမုဒိန်းကောင်နဲ့ သူ့နစ်နာသူကလေးမလေး ချစ်မိကြတယ်လိုလို ဖြစ်လာတဲ့အခါ သူတို့တွေ လူတွေရဲ့တိုက်ခိုက်မှုတွေကို သူတို့နည်းသူတို့ဟန်နဲ့ရင်ဆိုင်ကြရာက ဒီဇာတ်ဖြစ်လာတယ်။ ဒီကားရဲ့ ဇာတ်လိုက်က ၂၀၁၄တုန်းကထွက်ထားတဲ့ ကိုရီးယားကား monster ထဲက Lee Min Kiရဲ့ဇာတ်ကောင်နဲ့ တော်တော်တူတယ်။ တခြားပွိုင့်ကနေ အဲဒီကားကို ပြန်ပြထားသလိုလိုတောင် ဖြစ်နေတယ်။ ဒါပေမဲ့ ဒီထဲက ဇာတ်လိုက်ကတော့ လီမင်ကီကာရိုက်နဲ့ ဆန့်ကျင်ဘက် အရမ်းသနားတတ်တဲ့ကာရိုက်တာမျိုးအဖြစ် အသက်သွင်းထားတယ်။ စီနီမာတို ဂရပ်ဖီတွေလည်း အတိုင်းအတာတစ်ခုအထိ လှတာမို့ ဂျပန်ရုပ်ရှင်ပရိသတ်တွေ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း လက်ရှိဂျပန်ရဲ့ထိပ်တန်းဒါရိုက်တာတွေဖြစ်တဲ့ Hirokazu Koreeda ရဲ့Our Little Sister တို့ The Third Murderတို့ Shunji Iwaiရဲ့ Last Letter တို့လို ကားတွေမှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Suzu Hiroseဆိုတော့ မကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Drama, Mystery Quality…. 1080p | 720p | 480p File size… 1.4GB | 773MB | 402MB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

Thriller • TV Movie
7 2022
The Wandering Moon
Bringing Down the House
5.6

Bringing down the House (2003) Genre – Comedy IMDB – 5.6/10 ခွက်ထိုးလန် ရယ်ရတာမျိုး မဟုတ်ပဲ ပေါ့ပေါ့ပါးပါးနဲ့ ပြုံးရယ်နေရမယ့် ၂၀၀၃ ခုနှစ်တုန်းက ဟာသကားလေး တင်ဆက်ပေးချင်ပါတယ်ဗျ။ မင်းသားကတော့ Pink Panther တို့ Cheaper by Dozen တို့လို ဟာသကားကောင်းလေးတွေ ရိုက်ကူးခဲ့တဲ့ ဟာသမင်းသားကြီး Steve Martin ဖြစ်ပြီး အမွှေစိန်နေရာက မင်းသမီးတစ်ဖြစ်လဲ ရပ်ပ်အဆိုတော်လည်း ဖြစ်တဲ့ Queen Latifah တို့ အဓိက သရုပ်ဆောင်ပြီး ပံ့ပိုးထားကြတာပါ။ American Pie ရုပ်ရှင်တိုင်းမှာ ပါလေ့ရှိတဲ့ ဘဲကြီး Eugene Levy ကလည်း ဒီကားထဲ ပရမ်းပတာနဲ့ ဝင်ဖောက်ထားပါသေးတယ်။ ဒီကားလေးထဲမှာတော့ သက်လတ်ပိုင်းအရွယ် ကြုံဆုံရတဲ့ ဒုက္ခတွေနဲ့အတူ လူမျိုးရေး ခွဲခြားမှု အိမ်ထောင်ရေး ပြဿနာ အဆင့်အတန်း ခြားနားမှုတွေကို ခပ်ပါးပါး သရော်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ပီတာဆိုတဲ့ အခွန်ရှေ့နေက အလုပ်ပဲအရမ်းလုပ်ပြီး ကလေး ၂ ယောက်ကို အချိန်မပေးနိုင်တဲ့အပြင် ဇနီးဖြစ်သူကိုပါ ချစ်ပေမဲ့လည်း ကွာရှင်းခံထားခဲ့ရတဲ့လူပါ။ အဲဒီမှာတင် လိုင်းပေါ်ကနေ ကောင်မလေးတစ်ယောက်နဲ့ ဥပဒေအကြောင်း တိုင်ပင်ဆွေးနွေးကြပြီး အပြင်မှာပါ တွေ့ဖို့ ချိန်းထားတဲ့အထိ အဆင်ပြေ ချောမွေ့နေတာပေါ့။ တစ်ရက်ကျ အလုပ်မှာ အပေါက်ဆိုး ဂုဏ်မောက်တဲ့ဖောက်သည် တစ်ယောက်ကိုလည်း အလုပ်ကိစ္စ စာချုပ်ရအောင် ချုပ်ရမယ့်အချိန် ကလေးနှစ်ယောက်ကိုလည်း အိမ်မှာခေါ်ထားရမယ့်အချိန် မတိုင်ခင်မှာ အွန်လိုင်းပေါ်က လူဖြူကောင်မလေးနဲ့ ညစာဒိတ်ထားလို့ စောင့်နေတာပေါ့။ ဒီမှာတင် ပေါက်ချလာတာက ပုံထဲမှာ ပြထားသလို လူဖြူမချောချောလေး မဟုတ်ပဲ ထောင်ထွက် ရာဇဝတ်သား လူမည်းအမျိုးသမီးကြီး ဖြစ်နေပြီး သူ့ကို တစ်ပတ်ရိုက် ဂျင်းထည့်ပြီး ရောက်လာတာနဲ့ ဖြစ်ပါတယ်။ အဲဒီမှာ ဘယ်လိုမှ နှင်ချမရတဲ့အဆုံး အိမ်ပေါ်ခေါ်တင်ထားပြီး ကလေးနှစ်ယောက်နဲ့ အပြင် ဖောက်သည် စာချုပ်ချုပ်ရမယ့်ကိစ္စတွေကြား ဒီ ဘွားတော်နဲ့ ပြဿနာတွေတက် တလွဲတွေ ဖြစ်ကြပြီး ဘယ်လိုဖြေရှင်းကြမလဲ ရယ်မောပြီး ကြည့်နေရမှာ ဖြစ်ပါတယ်။ File size… 1.73 GB / 833 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ….. Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Western • Action • Adventure
5.6 2003
Bringing Down the House
The Day of the Jackal
7.8

The Day of the Jackal (1973) ~ IMDb – 7.8/10, Rotten Tomatoes – 90% ~ ပြင်သစ်နိုင်ငံရဲ့ ၁၉၆၂ ခုနှစ်ကတော့ နိုင်ငံရေး မုန်တိုင်းထန်တဲ့ အချိန်လို့ပဲပြောပါတော့။ စစ်ရေးဗိုလ်ချုပ်တွေကနေ နိုင်ငံတော်သမ္မတနေရာ ဝင်ယူတာမျိုးတွေ၊ စစ်ဘက်မှာလည်း နိုင်ငံရေးဆန်ချင်တဲ့အဖွဲ့နဲ့ စစ်ရေးအမြင်ကိုသာ ဆုပ်ကိုင်ချင်တဲ့အဖွဲ့တွေဆိုပြီး ဂိုဏ်းကဏ္ဍတွေ ကွဲခဲ့တဲ့အချိန်ပါပဲ။ ဒီလိုနဲ့ ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ နိုင်ငံတော်သမ္မတ ချားလ် ဒီဂေါလ် က အာဂျီးရီးယားကို လုံးဝလွတ်လပ်ရေးပေးလိုက်တယ်။ ရင်ကို မြေကတုတ်လုပ်ပြီး တစ်လက်မချင်းစီကို သွေးချောင်းစီးတိုက်ယူခဲ့ရတဲ့ စစ်ဘက်ရေးရာပုဂ္ဂိုလ်တွေကတော့ ဘယ်ကျေနပ်နိုင်ပါ့မလဲလေ။ ဒီလိုနဲ့ နိုင်ငံတော်သမ္မတကို လုပ်ကြံဖို့ OAS မြေအောက်အဖွဲ့ကို တည်ထောင်ပြီး သမ္မတကို အကြိမ်ကြိမ် လုပ်ကြံခဲ့ကြတယ်။ တစ်ခါ မအောင်မမြင်ဖြစ်တိုင်း ဦးစီးသူတစ်ယောက် အသက်ပေးလာရတဲ့အခါ OAS အဖွဲ့ကြီး ချိနဲ့လာတော့တာပေါ့။ ဒီမှာတင် နိုင်ငံခြားသား ကြေးစားလုပ်ကြံရေးသမားတစ်ယောက်ကို ငွေအပုံလိုက်ပေးပြီး ငှားရမ်းလိုက်တော့တာပဲ။ သူကတော့ ခေသူမဟုတ်ဘူးပေါ့ဗျာ။ လုပ်ကြံရခက်ခဲတဲ့ နိုင်ငံတော်အဆင့်ခေါင်းဆောင်တွေကို လုပ်ကြံပြီး ခြေရာဖျောက်သွားတတ်တဲ့သူကြီး။ သူကိုယ်တိုင်ဆင်းလာပြီး ပြင်သစ်သမ္မတကို လူ့လောကထဲက မောင်းထုတ်ဖို့ ကြံစည်အားထုတ်သွားတဲ့ ဇာတ်လမ်းကောင်းပါပဲ။ ပြင်သစ်အစိုးရအဖွဲ့နဲ့ OAS အဖွဲ့တို့ကလည်း အပြန်အလှန် နှစ်ဖက်ချွန်သူလျှိုတွေနဲ့ တစ်ယောက်ခြေလှမ်း တစ်ယောက်စောင့်ကြည့်နေကြချိန်ပါ။ ဒီမှာတင် လုပ်ကြံရေးသမား အမည်ဝှက် ဂျက်ကယ်လ် (သဲကန္တာရမြေခွေး) က ပြင်သစ်အစိုးရတစ်ဖွဲ့လုံးနဲ့တစ်ယောက် ဉာဏ်ပြိုင်ပြီး လုပ်ကြံဖို့ကြိုးစားခဲ့ပုံတွေကို ၂ နာရီခွဲနီးပါး အားရပါးရ ကြည့်ရှုရပါမယ်။ သိပ်ကိုကောင်းမွန်တဲ့ ဝေဖန်ချက်တွေရခဲ့တဲ့ ဇာတ်လမ်းပါ။ ခရမ်းချဉ်သီးပုပ် ၉၀ % ရထားတာကိုသာ ကြည့်ပေတော့။ ပရိသတ်ကလည်း ကြိုက်တဲ့ရုပ်ရှင်ပဲ။ IMDb 7.8 အထိ ရထားတဲ့ 1973 ခုနှစ်က ဟောင်းပေမဲ့ ကောင်းနေဆဲဇာတ်ကားကြီးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.6GB, 1GB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 23Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Horror • Romance
7.8 1973 143 mins
The Day of the Jackal
Never Been Chris’d
5.4

Never Been Chris’d (2023) ===================== နှစ်အကြာကြီးနေမှ ကျောင်းတုန်းက crush ကြီးကို အရှင်လတ်လတ်ပြန်တွေ့ရရင် ဘယ်လိုခံစားရမယ် ထင်ပါသလဲ။ နှစ်ဖက်လုံးက လူပျိုလူလွတ်အခြေအနေနဲ့ဆိုရင် ပေါ့။ ဒီဇာတ်လမ်းလေးကတော့ ခရစ္စမတ်ပိတ်ရက် မွေးရပ်မြေကိုပြန်လာတဲ့ အချစ် ဆုံးသူငယ်ချင်းမနှစ်ယောက် ၁၇ နှစ်ကြာမှ ကျောင်းတုန်းက crush နဲ့ ပြန်ဆုံရပုံ၊ သူတို့တွေရဲ့ လူမှုရေး၊ အချစ်ရေးကိစ္စတွေကို ခရစ္စမတ်အငွေ့အသက်လေးနဲ့ ခပ်မြူး မြူး‌လေးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – နေအိုမီနဲ့လစ်ဇ်ဟာ အထက်တန်းကတည်းက အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ၃၅ နှစ်အရွယ်တန်းကို ရောက်လာတဲ့အထိ အတူအလုပ်လုပ်ရင်း single ဘ၀နဲ့ နေလာ ကြသူတွေပေါ့။ ခရစ္စမတ်ပိတ်ရက်ရှည်မှာတော့ သူတို‌ဇာတိမြေကိုပြန်လာခဲ့ကြပါတယ်။ အဲဒီမြေကို စရောက်ပါပြီဆိုကတည်းက အရင်ဆုံးကြုံတွေ့ရသူဟာ သူတိုနှစ်ယောက် လုံးရဲ့ အထက်တန်းကျောင်းက crush ကြီး ခရစ်ဆေးလ်ဗားပါပဲ။ ခရစ်ကောင်းမှုနဲ့ တခြား အတန်းဖော်ဟောင်းတွေနဲ့ပါ ပြန်ဆုံရပြီး ခရစ်နဲ့လည်း အရင်ထက်ပိုရင်းနှီးလာကြပါတယ်။ နေအိုမီနဲ့လစ်ဇ်ဟာ အိမ်ကမိသားစုပြဿနာတွေ အလုပ်ကိစ္စတွေဖြေရှင်းရင်းကပဲ ခရစ်နဲ့ သုံးပွင့်ဆိုင်ဆန်ဆန် အချစ်ဇာတ်‌လမ်းလေးစတင်ပါတော့တယ်။ ဒီလိုနဲ့ ဘယ်သူက ခရစ်ရဲ့နှလုံးသားကိုပိုင်ဆိုင်ရမလဲ၊ အချင်းချင်းအမြဲအနစ်နာခံလေ့ရှိတဲ့ နေအိုမီနဲ့လစ်ဇ်ရဲ့ သူငယ်ချင်းသံယောဇဉ်ကရော ဘယ်လိုတွေအစမ်းသပ်ခံရမလဲ၊ နောက်ဆုံး မှာ happy ending ဖြစ်နိုင်ပါ့မလားဆိုတာကို ရယ်မောပြုံးရွှင်ရင်း ကြည်ကြည်နူးနူး ကြည့် ကြရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.9 GB) / (659 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….C’mon Encoder……….SWM

5.4 2023 84 mins
Never Been Chris’d
What Happens Later
5

What Happens Later (2023) Meg Ryan ဆိုတဲ့ မင်းသမီးကြီးကို အားလုံးလည်း သိကြမှာပါ။ When Harry Met Sally, Sleepless in Seattle, You’ve Got Mail နဲ့ City of Angels တို့လို ဂန္ထဝင်ရိုမန့်ကားတွေမှာချည်း သရုပ်ဆောင်ခဲ့တဲ့ ရိုမန့်ကွင်း မင်းသမီးကြီးပါပဲ။ Top Gun မှာလည်း သူ့ရဲ့ထုံးစံ ကပိုကရိုအလှနဲ့ ပုရိသတွေကို ဖမ်းစားခဲ့ဖူးတယ်ပြောရင် မမှားပါဘူး။ သူ့သမိုင်းကို ပြန်လှန်ကြည့်လိုက်ရင် ရိုမန့်ကားတွေမှာချည်း သရုပ်ဆောင်ထားတာကို တွေ့ရပါလိမ့်မယ်။ ဒါ့အပြင် အဲဒီကားတွေအကုန်ကလည်း ဂန္ထဝင်တန်းဝင်ကားတွေဖြစ်ခဲ့ဖူးတယ်။ ဒီတစ်ခေါက်မှာတော့ သူ့ရဲ့ဒါရိုက်တာအနေနဲ့ ပွဲဦးထွက်ရုပ်ရှင် ထွက်ရှိလာပါပြီ။ သူကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်းကူရေး မင်းသမီးလုပ်ထားတဲ့ ရုပ်ရှင်ကားပေါ့။ သူ့ဝသီအတိုင်း သူပိုင်နိုင်တဲ့ ရိုမန့်ကားပဲဆိုတော့ သူ့ပရိသတ်တွေအတွက်တော့ နောင်တမရစေမယ့်ကားဆိုတာ ဗေဒင်သွားတွက်စရာမလိုပါဘူး။ မင်းသားကတော့ The X-Files စီးရီးရဲ့ မင်းသားကြီး David Duchovny ပါ။ ဇာတ်လမ်းကတော့ အနှစ် 20 ကျော်ကြာမှ ပြည်တွင်းလေဆိပ်မှာ မထင်မှတ်ဘဲ ပြန်ဆုံတဲ့ ချစ်သူဟောင်းနှစ်ယောက်ရဲ့ အတိတ်တုန်းက ပဟေဠိကို ပြန်လည်ဖြေရှင်းတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ အရွယ်တစ်ခုရောက်နေပြီဖြစ်တဲ့ လူကြီးတွေရဲ့ Generation Gap ကြောင့် ယနေ့ခေတ်မှာ အခက်တွေ့နေရတာကိုပါ မြင်ရမှာပါ။ ဆယ်ကျော်သက်အရွယ်မှာ ချစ်မိခဲ့ပြီး ဘ၀ထူထောင်ဖို့ရာ အသင့်မဖြစ်သေးဘဲ နားလည်မှုလွဲပြီး ကွဲကွာသွားကြတဲ့ ဘေလ်နဲ့ဝီလာတို့ စုံတွဲ… ဘေလ်က ရိုးရှင်းတဲ့ မိသားစုတည်ဆောက်ချင်ပြီး ဝီလာက‌တော့ အရာရာကို မှော်ဆန်ဆန်တွေးတတ်ပြီး မိခင်ဖြစ်ဖို့ အသင့်မဖြစ်သေးဘူး ထင်တဲ့သူ… အက်ကြောင်းတွေထပ်လာတဲ့ သူတို့ပတ်သက်မှုက ဝီလာ့ဗိုက်ထဲက သမီးလေးကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ပြတ်တောက်သွားပါတယ်။ တကယ်က ဘေလ်က ဝီလာကို တစ်ခွန်းမှ မပြောဘဲထားပြီးထွက်သွားခဲ့တာပါ။ နှင်းမုန်တိုင်းကြောင့် သွားစရာရှိတဲ့ခရီးစဉ်ကြန့်ကြာနေပြီး သူတို့နှစ်ယောက် လေဆိပ်မှာ သောင်တင်နေတဲ့အခါ ဒီအဖြစ်က သူတို့ရဲ့ အတိတ်က မကျေလည်မှု အထင်အမြင်လွဲမှားမှုတွေကို ပြန်ဖြေရှင်းဖို့ အခွင့်အရေးလားဆိုတာ လိုက်ပါစီးမျောခံစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 875MB Quality – 1080p, 720p IMDb Rating – 5/10 Format – mp4 Duration – 1H 43Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5 2023 104 mins
What Happens Later
Punch
7.3

တစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကား‌ လေးကတော့ 2011ခုနှစ်မှာထွက်ရှိခဲ့တဲ့ Punch ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် အသက်18နှစ်အရွယ်ဒိုဝမ်ဒုက ခါးကုန်းနေတဲ့အဖေဂျောင်ဘို့နဲ့ စကားထစ်တဲ့ဦးလေးမင်ဂုတို့နဲ့အတူနေထိုင်တယ် အကသမားအဖြစ် နှစ်တွေအကြာကြီးအလုပ်လုပ်ခဲ့တဲ့ ကပွဲရုံပိတ်သွားပြီးတဲ့နောက် ဈေးတွေကိုလှည့်ပြီးတော့ဈေးရောင်းတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ် ကျောင်းသားတိုင်းကိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံတတ်တဲ့ ဝမ်ဒုရဲ့အတန်းပိုင် ဆရာအီဒုံဂျူက ဘေးအိမ်ခေါင်မိုးထပ်မှာနေတယ် ဝမ်ဒုရဲ့အဖေဖြစ်သူက ဈေးလှည့်ရောင်းဖို့သွားရတိုင်းဝမ်ဒုကိုစောင့်ရှောက်ပေးဖို့ဆရာ့ကို အကူအညီ တောင်းရာကနေဆရာနဲ့ရင်းနှီးလာခဲ့တယ် တစ်နေ့မှာ 17နှစ်ကြာအောင် အမေမရှိဘူးလို့တွေးပြီး ကြီးပြင်းလာတဲ့ဝမ်ဒုကိုဆရာက အမေရှိကြောင်းနဲ့ အမေကတွေ့ချင်နေကြောင်းပြောတဲ့အခါမှာတော့ ဝမ်ဒုတစ်ယောက် ဘယ်လိုတွေ ဆက်ဖြစ်မလဲ အဖေကမသန်မစွမ်းဖြစ်တာကြောင့်‌ရောဆင်းရဲတာကြောင့်ပါ အလှောင်ခံရပြီးပေပေတေတေလမ်း‌ပေါ်ကရန်ပွဲတွေမှာပါဝင်တတ်တဲ့ အခန်းရဲ့ ဘိတ်ချေး ကောင်လေးတစ်‌ယောက်သူကျွမ်းကျင်တဲ့လက်သီးကိုဘယ်လိုအသုံးချမလဲ မသန်မစွမ်းအဖေနဲ့ရွေ့ပြောင်းနေထိုင်သူအ‌မေရှိတဲ့ အထီးကျန်နေတဲ့ဆယ်ကျော်သက် အရွယ်လူငယ်လေးတစ်ယောက်က ပျော်ရွှင်နိုင်လာပြီးတော့ အိမ်မက်တွေကို အောင်မြင်နိုင်မှာလား အာရှဒေသမှာဖြစ်ပွားနေတဲ့‌ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝတွေကဘယ်လိုမျိုးလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ် File size…1.91 GB / 688 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ….. Comedy , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phyu

Science Fiction • Adventure • Drama
7.3 2011 110 mins
Punch
Powder Blue

ဒီတစ်ခါမှာတော့ IMDb 6.2ထိရရှိထားတဲ့ Thriller/Drama ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါဖြစ်ပါတယ် ဒီဇာတ်ကားလေးကတော့ Los Angeles က လူလေးယောက် အကြောင်းကို ရိုက်ကူးထားတာပါ ခရစ္စမတ်မှာ ဒေါ်လာငါးသောင်းထည့်ထားတဲ့အိတ်တစ်လုံးနဲ့ သူ့ကိုသတ်ပေးမယ့်သူ လိုက်ရှာနေတဲ့ ဖာသာဖြစ်ခဲ့ဖူးသူ ချာလီ…… ကိုမာဖြစ်နေတဲ့ သားလေးရဲ့ ဆေးရုံစရိတ်အတွက် အဖော်အချွတ်မယ်လုပ်ပြီး ပိုက်ဆံရှာနေတဲ့ ဂျွန်နီ…… အဖေဆုံးသွားပြီး အကြွေးပိနေ‌တဲ့ သုဘရာဇာ ကွာရတီ……. ၂၅နှစ်ထောင်ကျပြီးနောက် ထောင်က လွတ်လာတဲ့ ဂျက်……. သူတို့လေးယောက်ရဲ့ ဘဝတွေက ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကို ကြည့်ရှုသွားရမှာဖြစ်ပါတယ် File size…(1.7 GB)/(810 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

0 2009
Powder Blue
Blood Harvest

အခုတစ်ခါ တင်ဆက်ပေးချင်တာကတော့ ဟော်ရာရုပ်ရှင်လေးတစ်ကားပါ။ ဂျိတ်ဆိုတဲ့ ကောင်လေးက အသက်၁၂နှစ်။သူများတွေ မမြင်ရမကြားရတဲ့အရာတွေကို ကြားရတဲ့ကလေးတစ်ယောက်။ အဖေသေပြီးတဲ့နောက်မှာ ပထွေးဖြစ်သူအသုံးမကျတာကြောင့် အမေရယ် ပထွေးရယ် အစ်မဖြစ်သူ မက်ဂီရယ်နဲ့ အမေ့မွေးရပ်ဇာတိမြို့လေးက အမေ့ဦးလေးဖြစ်သူအိမ်မှာ ကပ်နေကြရတယ်။ ဒါပေမဲ့လည်း အမေဖြစ်သူက ဂျိတ်နဲ့မက်ဂီကို ဦးလေးနဲ့ဝေးဝေးနေဖို့ သတိပေးထားပါတယ်။ ဦးလေးဖြစ်သူတင်မက တစ်မြို့လုံးကလူတွေကပါ ထူးဆန်းတဲ့ပုံစံတွေနဲ့မို့ သတိထားနေဖို့ အမြဲမှာနေတတ်ပြီး ဒီမြို့ကနေ အမြန်ဆုံး ပြန်ပြောင်းဖို့အရေး ကြိုးစားနေပါတယ်။ ဒီလိုနဲ့ ဂျိတ်နဲ့ မက်ဂီတို့ကလေးနှစ်ယောက် လျောက်သွားရင်း မထင်မှတ်ထားတဲ့အရာတွေကို တွေ့ရတဲ့အခါ…။ ပျောက်ဆုံးနေပါတယ်ဆိုတဲ့ မြို့ထဲက ကလေးငယ်တွေကို ဦးလေးဖြစ်သူရဲ့ စပါးကျီကြီးထဲက ရေဒီယိုနဲ့ ဆက်သွယ်မိတဲ့အခါ…။ ဒီမြို့လေးထဲကနေ ပြန်ထွက်ဖို့ သူတို့အမေရဲ့ဆန္ဒပြည့်မှာလားဆိုတာ အသည်းတထိတ်ထိတ်နဲ့ ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.2 GB)/(671 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:19:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2023
Blood Harvest
The Yellow Duck El Batta El Safra
5

The Yellow Duck (2023) IMDb Rating (5.0) ဒါရိုက်တာ Essam Nassar စီစဥ်ရိုက်ကူးပြီးတော့ IMDb rating 5 ရရှိထားတဲ့ ဒီဇာတ်ကားကတော့ Romantic Comedy ရုပ်ရှင်အမျိုးအစားပါ။ ငွေကြေးလိုအပ်မှုကြောင့် အတူမနေရတဲ့ စုံတွဲဟာ သူတို့ကြားထဲမှာ တဖြည်းဖြည်းနဲ့ အနေအေးလာကြပါတယ်။ သဘောထားတွေ မတိုက်ဆိုင်ကြတော့ဘဲ တနေ့တော့ အမျိုးသမီးဘက်က ခဏ ခွဲနေဖို့ပြောလာရတဲ့အထိပါပဲ။ အဲဒီကနေမှ တဖြည်းဖြည်းနဲ့ အမျိုးသမီးဘက်က သူ့ကို အကိုကြီးလိုပဲ သဘောထားလာတဲ့အခါမှာတော့ တစ်ဖက်မှာ ဝါဖစ်ခ်က စွန့်စားရမှာတွေ ရှိလာပါတယ်။ ဒီစွန့်စားစရာတွေကပဲ သူ့ကို ပြန်ပြီးတော့ ရှင်သန်လာစေပါတော့တယ်။ သူ့ကို စိတ်လှုပ်ရှားတတ်တဲ့သူ ပြန်ဖြစ်လာစေပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(2.3 GB) / (830 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:36:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thy Santa

Family • Drama
5 2023
The Yellow Duck El Batta El Safra
Invincible Swordsman
6

ဒီ ၂၀၂၅ နှစ်စမှာ ဆရာကြီး ကျင်းရုံရဲ့ Classic Novel တွေ ရုပ်ရှင်အဖြစ် ပြောင်းလဲရိုက်ကူးပြီးထွက်လာတာကိုတွေ့ရပါတယ် ဒီတခါတင်ဆက်ပေးမှာကတော့ သိုင်းလောကရဲ့စိန်ခေါ်သံ လို့ လူသိများတဲ့ Invincible Swordsman (2025) ပဲဖြစ်ပါတယ် စီးရီးဇာတ်လမ်းတွဲနဲ့မတူပဲ ဒီဇာတ်လမ်းမှာတော့ လင့်ဟူချုံးနဲ့ တုံးဖန်းပုပိုက်တို့ရဲ့ ဇာတ်ကြောင်းကိုဦးတည်ရိုက်ကူးထားတာကိုတွေ့ရပါတယ် ဇာတ်လမ်းအကျဉ်းကတော့ လင့်ဟူချုံးဟာ သိုင်းလောကနေအနားယူချင်ပေမယ့် သိုင်းလောကရဲ့အကောင်းအဆိုးအရှုပ်အထွေးတွေကြားထဲမှာ မဖြစ်မနေပါဝင်ခဲ့ရတယ်။ လင့်ဟူချုံးကမိန်းကလေးတစ်ယောက်ကို တုံးဖန်းပုပိုက်မှန်းမသိပဲ ကယ်မိခဲ့တယ်။ ဒီလိုနဲ့စိန်ခေါ်သံတွေပြည့်နှက်နေတဲ့ သိုင်းလောကရဲ့ခရီးကိုစတင်လိုက်တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ တုံးဖန်းပုပိုက်နဲ့ လင့်ဟူချုံးကိုပဲအဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ တုံးဖန်းပုပိုက်နေရာမှာ သရုပ်ဆောင်တဲ့ Zhang Yu Qiရဲ့သရုပ်ဆောင်ချက်တွေကိုကြည့်ရတာ Brigitte Linရဲ့အငွေ့အသက်တွေကိုပြန်မြင်ရပြီးတော့ Sammo Hongလို ဝါရင့်သရုပ်ဆောင်တွေအားဖြည့်ထားတဲ့ 2025နှစ်စရဲ့သိုင်းကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

Crime • Drama • Romance
6 2025
Invincible Swordsman