YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Under.the.Fig.Trees.2021.ARABIC.720p.WEBRip.(CM).mp4

689.61 MB N/A video/mp4 98 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Black Box
6.5

~ IMDb - 6.2/10, Rotten Tomatoes - 71% ~ 2020 ​နှစ်က ထွက်ရှိထားတဲ့ အ​မေရိကန် Sci-Fi Horror ကားတစ်ကားပါ။ ဒီလို Genre မျိုး ကြိုက်တတ်ရင် ကြည့်သင့်တဲ့တစ်ကားပါပဲ။ ဇာတ်လမ်းအညွှန်း ကားမ​တော်တဆမှု ကြောင့် ဇနီးသည်ပါမက မှတ်ဥာဏ်​တွေကိုပါ ဆုံးရှုံးလိုက်ရတဲ့ နိုလန်... ဆရာဝန်​တွေအားလုံးက လက်​လျော့လိုက်​ပေမယ့် တဖန် သတိပြန်ရလာတဲ့ နိုလန်တစ်​ယောက် မှတ်ဥာဏ်​တွေလိုက်ရှာ​ဖွေ​နေရင်း ကုမရတဲ့အဆုံး သူငယ်ချင်းဆရာဝန် လမ်းညွှန်မှုနဲ့ စိတ်အထူးကုဆရာဝန် ဘရု နဲ့ ​တွေ့သွားတဲ့အခါ... - ဘယ်​လို​တွေ မှတ်ဥာဏ်ရ​အောင်ရှာ​​ဖွေခဲ့လဲ -​ သတိပြန်ရလာတဲ့ နိုလန်ဖြစ်ရပ်က​တော့ ထူးခြားမှုတစ်ခုပဲလား -​​ ဒေါက်တာဘရု နိုလန်ကို ​သွေးရိုးသားရိုးပဲ ကူညီခဲ့တာလား - ​ဒေါက်တာဘရု လျှို့ဝှက်ထားတဲ့ အရာ​တွေက​ရော ဘာ​တွေလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုလို့​ကောင်းမယ့်ကား​လေးပါ။ သရဲ​တွေဘာ​တွေမပါ​ပေမဲ့လည်း ကြည့်​နေရင်း ချမ်းစိမ့်စိမ့်ဖြစ် ကြက်သီးထလာတဲ့ ခံစားမှုကိုလည်းရမယ့်ကားတစ်ကားပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 750MB Quality - 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 40Min Genre - Horror, Mystery, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Horror
6.5 2020 100 mins
Black Box
Dilan 1991
6.5

Dilan 1991(2019) IMDb~ 6.5/10 အင်ဒိုနီးရှားနိုင်ငံရဲ့ ရိုမန့်တစ်အဆန်ဆုံး အချစ်ဇာတ်လမ်းလို့ ပြောလိုက်ရင် စာရေးဆရာ Pidi Baiq ရဲ့ Dilan စီးရီးက မပါမဖြစ်ပါ Dilan 1990(2018)၊ Dilan 1991(2019) နဲ့ Milae(2020) ဆိုပြီး ဇာတ်ကား သုံးကား ထွက်ရှိထားပါတယ် အခု တင်ဆက်ပေးမှာကတော့ 2019 မှာ ထွက်ခဲ့တဲ့ Dilan 1991 ပဲ ဖြစ်ပါတယ် (ကျန်တဲ့ နှစ်ကားကိုလည်း CM မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်) ဒါကတော့ Dilan 1990 (2018) ပါ Dilan 1990 (2018) ဒါကတော့ Milae (2020) ပါ Milea (2020) Dilan 1990(2018) မှာတုန်းက ဒီလန် နဲ့ မီလယ်ရာတို့ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ် ချစ်သူတွေဖြစ်ပြီးတဲ့နောက် ပေပေတေတေနေတတ်တဲ့ ဆိုင်ကယ်ဂန်းစတားလေး ဒီလန် နဲ့ ဆိုင်ကယ်အဖွဲ့နဲ့ မပတ်သက်စေချင်တဲ့ မီလယ်ရာတို့အကြား ပဋိပက္ခတွေ၊ အထင်အမြင်လွဲမှားမှုတွေ ပေါ်ပေါက်လာပါတော့တယ် အဲဒီပဋိပက္ခတွေ ကြားထဲမှာ ဒီလန် နဲ့ မီလယ်ရာတို့ ချစ်ခြင်းမေတ္တာကို ဆက်လက် ပုံဖော်နိုင်ပါ့မလားဆိုတာကတော့…. အချစ်ဇာတ်လမ်းကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်တတ်တဲ့သူဆိုရင်တော့ ဒီဇာတ်လမ်းလေးကို လက်လွတ်မခံသင့်ပါဘူး အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size…1.5GB | 841MB | 305MB Format… mp4 Duration…. 2h 1min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Roman NoX Encoder ….. August

Adventure • Animation • Comedy • Family • Fantasy
6.5 2019 118 mins
Dilan 1991
Little Dragon Maiden
5.9

CM chinese fan တွေအတွက်ကို အခုတစ်ခါ သဘာဝလွန် မိစ္ဆာနဲ့လူသားတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းလေးမှာ အချစ်ဆိပ်တက်တဲ့ နဂါးမိစ္ဆာခေါ် ရှောင်လုံနွီညီအစ်မ ၂ ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ…. လူနဲ့ မိစ္ဆာ ဘယ်သူက ပိုကြောက်ဖို့ကောင်းလဲ… ဘယ်သူကပိုရက်စက်လဲ… နောက်ပြီး လူနဲ့ မိစ္ဆာကြားက အချစ်ကို ဘာလို့ ကန့်သတ်ထားတာလဲ… ဒီလောကမှာ အချစ်ဆိုတဲ့ အဓိပ္ပာယ်ကဘာလဲ… အချစ်က ဘာမလို့ ဒီလောက်တောင် တားဆီးနေကြတာလဲ… ဒီဇာတ်လမ်းလေးက အဖြေပေးပါလိမ့်မယ်… ဇာတ်လမ်းအကျဉ်းလေးကတော့ အချစ်ဆိပ်တက်ပြီး လူ့ပြည်မှာပဲ တစ်သက်လုံးခေါင်းချဖို့ကြိုးစားနေတဲ့ အစ်မဖြစ်သူကို ပြန်ခေါ်ဖို့ လူပြည်လာခဲ့တဲ့ ရှောင်ပိုင် နဂါးဖြူမိစ္ဆာမလေး… လူ့ပြည်ရဲ့ အစားသောက်တွေကို နှစ်သက်လက်ခံလာရာကနေ ဟုန်ကျီဆိုတဲ့ ဘုန်းကြီးကျောင်းသားလေးပေါ်ပါ တဖြည်းဖြည်း မသိမသာ ရင်းနှီးလာခဲ့တယ်… ဒါပေမယ့် ဟုန်ကျီဟာ သာမန်ဘုန်းကြီးကျောင်းသားလေး မဟုတ်တဲ့အတွက် သူတို့ ၂ ယောက်ကြားက ခင်မင်မှုသံယောဇဉ်ဟာ ထင်သလောက် အဆင်မပြေခဲ့သလို… ရှောင်ပိုင် သူ့အစ်မကို ရှာတွေ့မှာလား နဂါးပြည်ကိုပြန်ခေါ်နိုင်မှာလား… ဒါမှမဟုတ် ဟုန်ကျီနဲ့ပဲ လူ့ပြည်မှာ အရိုးထုတ်သွားမလား… မိစ္ဆာနဲ့လူက တကယ်ပဲ နီးစပ်ခွင့်မရှိဘူးလားဆိုတာ ဇာတ်လမ်းလေးကြည့်လိုက်တော့နော်…

Drama • Music
5.9 2022
Little Dragon Maiden
What If

What If (2023) ဇာတ်လမ်းဟာ drama-romance ဇာတ်လမ်းဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာ Manny Paloက ရိုက်ကူးထားတာပါ။ Alessandra de Rossi နှင့် JM de Guzman တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းက ဟန်းနီးမွန်းထွက်လာတဲ့ ကြင်စဦးဇနီးမောင်နှံကိုအခြေတည်ရိုက်ကူးထားတာပါ။ သူတို့ဟာအိမ်ထောင်ရေးကို ပြိုကွဲစေနိုင်တဲ့ ခက်ခဲတဲ့ အမှန်တရားတွေကို ရင်ဆိုင်ရတယ်။ နှစ်ဦးစလုံးက မတူညီသောဘဝတွေ အလိုဆန္ဒနှင့်လိုအပ်ချက်တွေ၊ မိသားစုဝင်ရောက်စွက်ဖက်မှု၊ အသက်မွေးဝမ်းကျောင်း၊ မနာလိုမှု‌တွေလို လက်တွေ့အိမ်ထောင်ရေးပဋိပက္ခတွေကိုရိုက်ကူးတင်ဆက်ထားတာပါ။ သူတို့ အဆင်ပြေသွားမှာလား၊ ကွဲသွားမှာလား ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။ Genre….. Drama, Romance Quality…. 1080p | 720p File size… 1.7GB | 536MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Pyae Phyo Min Encoder ….. Aaron

0 2023
What If
Our Secret Diary
7.5

Our Secret Diary (2023) ~ IMDb – 7.5/10, MyDramaList – 8.2/10 ~ ဟိုတလောက နာမည်ကြီးသွားတဲ့ Videoထဲက Anime Voice Actor လေး တဖြစ်လဲ မင်းသား Fumiya Takahashi ရဲ့ အသစ်စက်စက်ရုပ်ရှင်လေး ထွက်ရှိလာပါပြီ။ ကျောင်းရဲ့စားပွဲခုံပေါ်မှာ စာအပြန်အလှန်ရေးရာက စတဲ့ဇာတ်လမ်းလေးဖြစ်တာမို့ Highschool Movie တွေကြိုက်တဲ့သူတွေအဖို့ သေချာပေါက် ရင်ခုန်စွာနဲ့ လိပ်ပြာတွေပျံရင်း ကြည့်ရှုရမှာပါ။ ဇာတ်လမ်းကိုတော့ ဘောလုံးကစားတာကို နားရတော့မဲ့ ကောင်လေး “ဆဲတိုရာမ”က စာရေးစားပွဲပေါ်မှာ သူလက်မလျှော့ချင်တဲ့အကြောင်း ရေးထားခဲ့တာကနေ စထားပါတယ်။ အတန်းတွေချိန်းကြတဲ့အခါ အဲဒီခုံနေရာမှာထိုင်မိတဲ့ “ခုရိုဒ”ဆိုတဲ့ကောင်မလေးက သူ့စာရဲ့အောက်မှာ အရှုံးမပေးဖို့အတွက် အားပေးစကားလေး ရေးထားခဲ့ပါတယ်။ ဒီစာကြောင့်ပဲ ဆဲတိုရာမတစ်ယောက် မိုတီတွေရသွားခဲ့ပြီးတော့ စာရေးခဲ့တဲ့ကောင်မလေးကို လိုက်ရှာနေခဲ့ပါတယ်။ ခုံပေါ်မှာ စာလေးတွေသွားထားရင်းနဲ့ သူတို့နှစ်ယောက်က စာပေးစာယူကနေတဆင့် စကားပြောဖြစ်လာပါတယ်။ ဒီလိုနဲ့ တစ်ယောက်အကြောင်း တစ်ယောက်သိအောင်လုပ်ဖို့ ဒိုင်ယာရီစာအုပ်လေးတစ်ခုကို ကျောင်းရဲ့တစ်နေရာမှာထားပြီး အပြန်အလှန် ရေးဖြစ်လာကြပါတယ်။ ဒါပေမဲ့ ဆဲတိုရာမ ရှာနေတဲ့သူက စာအတူရေးနေတဲ့ကောင်မလေးမဟုတ်ဘဲ သူ့ရဲ့သူငယ်ချင်းမလေးရဲ့နာမည်ဖြစ်နေတဲ့အခါ… တစ်ဖက်မှာလည်း ခုရိုဒရဲ့ ရည်းစားဟောင်းဖြစ်သူက ခုရိုဒကို ပြန်ပြီး ချဉ်းကပ်လာတဲ့အခါမှာတော့… သူတို့ကြားက Romance, ဂရုစိုက်ပေးတာလေးတွေ အထင်လွဲမှုတွေနဲ့ သူငယ်ချင်းတွေကြားက ချစ်စရာကောင်းလောက်အောင်နားလည်မှုရှိတဲ့အကြောင်းတွေက ဘယ်လိုဆက်ပြီးဖြစ်သွားမှာလဲဆိုတာကို သူတို့နှစ်ယောက်ရဲ့ Secret Diary လေးထဲမှာ ဆက်လက် ဖတ်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 950MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 51Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

7.5 2023
Our Secret Diary
Eileen
6.5

Eileen (2023) ~ IMDb – 6.6/10, RT – 85%, Meta – 71% ~ မမလေး အန်းဟဲသားဝေးရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ အချို့အိမ်တွင်းအကြမ်းဖက်မှုတွေရဲ့ ကြောက်စရာကောင်းပုံကို ဒီရုပ်ရှင်မှာ တွေ့ရမှာပါ။ အိမ်တွင်းအကြမ်းဖက်မှု၊ လုပ်ငန်းခွင် အနိုင်ကျင့်မှုတွေမှာ ကျူးလွန်သူတွေ လွတ်နေတာ၊ ဆက်တိုက်ကျူးလွန်နိုင်တာဟာ သိသိသာသာ၊ မသိမသာ အားပေးကူညီသူတွေရှိနေလို့ပါပဲ။ အားပေးကူညီတဲ့သူတွေဟာလည်း အနိုင်ကျင့်တဲ့သူတွေနဲ့ တန်းတူအပြစ်ရှိပါတယ်။ လက်ရှိ ဖြစ်နေတဲ့ ဘုန်းကြီးမုဒိန်းမှုတွေမှာ ဘုန်းကြီးဘက်က ရပ်တည်တဲ့သူတွေ၊ လုပ်ငန်းခွင်အနိုင်ကျင့်မှုတွေမှာ အနိုင်ကျင့်တဲ့သူဘက်က ထောက်ခံတဲ့သူတွေရဲ့ တကိုယ်ကောင်းစိတ်ဓာတ်နဲ့ အငုံ့စိတ်တွေကို ပြထားတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ Lady Macbeth ရုပ်ရှင်ရဲ့ဒါရိုက်တာ William Oldroyd ရဲ့ လက်ရာဖြစ်ပြီး အဓိကသရုပ်ဆောင်ကတော့ Last Night in Soho ထဲက မင်းသမီး Thomasin McKenzie ပါပဲ။ ရုပ်ရှင်ကတော့ အစပိုင်းမှာ Family Guy ထဲက ဟာသလိုပဲ “ရုပ်ချောချောလူတွေ ဆေးလိပ်သောက်ပြနေတိုင်း ရုပ်ရှင်မဖြစ်ဘူးလို့ ပြင်သစ်တွေကို ပြောလိုက်” ဆိုသလိုပါပဲ။ ဘဝမှာ စိတ်ဒဏ်ရာတွေနဲ့ ကြေကွဲလူငယ် ကောင်မလေးနှစ်ယောက် ထောင်ထဲကအလုပ်မှာ တွေ့ပြီး ဆေးလိပ်အတူသောက် အရက်အတူသောက်ကြရင်း ရင်းနှီးလာတယ်။ သူတို့နှစ်ယောက် အချင်းချင်း နားလည်သလို ရင်းနှီးမှုကနေ မှုခင်းကြီးတစ်ခုဆီ တစ်ဆစ်ချိုးပြောင်းသွားပြီး ဒရာမာကနေ သည်းထိပ်ရင်ဖိုဖြစ်သွားတဲ့ဇာတ်ကြောင်းကိုကြည့်ရမှာပါ။ ဒီရုပ်ရှင်မျိုးကြည့်ပြီး ကြိုက်တတ်ရင်တော့ ဒီလောက် စိတ်ဒဏ်ရာမကြမ်းတမ်းပေမဲ့ ရုတ်တရက်ကြီးဒုက္ခမျိုးစုံတွေ့တဲ့ အမျိုးသမီးနှစ်ယောက်အကြောင်းကို အကောင်းဆုံးရိုက်ထားတဲ့ Thelma & Louise (1991) ကိုလည်း ကြည့်ဖို့ ညွှန်းချင်ပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 5GB, 2.65GB, 720MB Quality – 4K HEVC, 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 37Min Genre – Drama, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y, Ka Naung

6.5 2023
Eileen
Ek Tha Tiger
5.6

Ek Tha Tiger (2012) (သို့) တစ်ချိန်က တိုက်ဂါး မင်းသားကြီးဆယ်လ်မန်ခန်းနဲ့ မင်းသမီးချော ကတ်ထရီနာကေ့ဖ်တို့ရဲ့ ၂၀၁၂ခုနစ်ထွက် အက်ရှင်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ မကြာသေးခင်ကထွက်ရှိထားတဲ့ မင်းသားကြီးရှာရွတ်ခန်းရဲ့ ပထန်ထဲမှာလည်း ပါဝင်ခဲ့တဲ့ဇာတ်ကောင် လျှို့ဝှက်အေးဂျင့် တိုက်ဂါးရဲ့ဇာတ်လမ်း။သုံးကားမြောက်လည်း ထွက်ရှိလာတော့မှာဖြစ်တဲ့အတွက် ပြန်နွှေးကြတာပေါ့။ အိန္ဒိယရဲ့ RAWပါလာပြီဆိုလျှင်ဖြင့် ပါကစ္စတန်လည်းပါရသည်မှာ ဓမ္မတာပါပဲ။ ဒီထဲမှာတော့ အိန္ဒိယရဲ့ RAWနဲ့ ပါကစ္စတန်ရဲ့ ISIတို့ လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီနှစ်ခုကြားကတိုက်ပွဲ။ မင်းသားကြီးဆယ်လ်မန်ခန်းကတော့ RAWအေးဂျင့်တစ်ယောက်ပေါ့။နိုင်ငံကို သစ္စာဖောက်တဲ့အေးဂျင့်တွေ ရန်သူစပိုင်တွေကိုအမြစ်ဖြတ်သုတ်သင်တတ်တဲ့ အထူးစပိုင်တစ်ယောက်။ တစ်နေ့သူ့အထက်အရာရှိရဲ့ စေလွှတ်မှုနဲ့အတူ နိုင်ငံတစ်ခုမှာ စာသင်ကြားနေတဲ့ အိန္ဒိယအစိုးရဝန်ထမ်းဟောင်း ပရော်ဖက်ဆာတစ်ယောက်ကို စောင့်ကြည့်ဖို့တာဝန်ပေးအပ်ခံရပါတယ်။ ပရော်ဖက်ဆာထံ ချဉ်းကပ်ဖို့ကြိုးစားရင်း ပရော်ဖက်ဆာရဲ့အိမ်မှာ အချိန်ပိုင်းစောင့်ရှောက်ပေးနေတဲ့ မင်းသမီးကတ်ထရီနာကေ့ဖ်နဲ့ တွေ့ဆုံပါတော့တယ်။ အထူးအေးဂျင့်တစ်ယောက်က စာသင်ကြားနေတဲ့ ပရော်ဖက်ဆာတစ်ယောက်ကို ဘာလို့စောင့်ကြည့်နေရတာလဲ။ ပရော်ဖက်ဆာအိမ်မှာ အချိန်ပိုင်းစောင့်ရှောက်နေတဲ့ မင်းသမီးနဲ့ရော ဘယ်လိုပတ်သက်မှုတွေရှိလာမှာလဲဆိုတာ ကြည့်ရမယ့် ကားဟောင်းထဲက အက်ရှင်ကားကောင်းလေးကို ပြန်လည်ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Dee~Yunni~Zweတို့ပဲဖြစ်ပါတယ်)

5.6 2012
Ek Tha Tiger
A Summer at Grandpa’s
7.6

A Summer at Grandpa’s ( 1984 ) Directed by Hou Hsiao-Hsien ထိုင်ဝမ်ပထမနယူးဝေ့ရဲ့ အထင်ရှားဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်သလို ကမ္ဘာ့ရုပ်ရှင်လောကရဲ့ အထင်ကရတွေထဲက တစ်ယောက်ဖြစ်တဲ့ Hou Hsiao-hsienဟာ ဟောင်ကောင်နယူးဝေ့ စကတည်းက နောက်ဆုံး ဖီးချားဖလင် ၁၈ကားရိုက်ခဲ့ပြီး A Summer at Grandpa’s (1984)ကတော့ ထိုင်ဝမ်နယူးဝေ့ရဲ့ ကနဦးပိုင်းကားတွေထဲက တစ်ကားပါပဲ။ ထိုင်ဝမ်နယူးဝေ့ မစခင်မှာ ထိုင်ဝမ်မှာ ကင်းဟူရဲ့ သိုင်းကားတွေလို သိုင်းကားတွေ, မယ်လိုဒရာမာတွေ ခေတ်စားခဲ့ပေမဲ့ ထိုင်ဝမ်နယူးဝေ့မှာတော့ ထိုင်ဝမ်ရုပ်ရှင်ဟာ ထိုင်ဝမ်နေဘဝတွေကို လက်တွေ့ကျကျပုံဖော်ထားတဲ့ ရုပ်ရှင်တွေ အရိုက်များလာခဲ့တယ်။ A Brighter Summer Day တို့ Taipei Storyတို့ A City of Sadness တို့ In Our Timeတို့ Growing Upတို့ဟာာ ဒီနယူးဝေ့ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ကြတယ်။ Hou Hsiao-hsienဟာ ထိုင်ဝမ်နယူးဝေ့မစခင်မှာ ဟာသကားသုံးကား ရိုက်ခဲ့ဖူးပြီး အတ်ဒဝတ်ယန်းတို့က In Our Time နဲ့ ထိုင်ဝမ်နယူးဝေ့ကို စဖောက်ပြီးတဲ့နောက်မှာ The Boys from Fengkuei (1983)ကို စရိုက်ခဲ့တယ်။ he Boys from Fengkuei က သူ့ရဲ့ပထမဆုံး Art House ရုပ်ရှင်ဖြစ်ခဲ့သလို ထိုင်ဝမ်နယူးဝေ့ရဲ့ ကနဦးအကျဆုံးကားလည်း ဟုတ်ခဲ့တယ်။ ဒီနောက်မှာတော့ သူက A Summer at Grandpa’s (1984)နဲ့ A Time to Live, A Time to Die (1985)ကို ဆက်ရိုက်ခဲ့တယ်။ ဒီနှစ်ကားအပြီး တစ်ကားထပ်ရိုက်ပြီးမှ Daughter of the Nile (1987)ကို ဆက်ရိုက်ခဲ့တယ်။ ဒီသုံးကားကို ဟောင်ရဲ့ The “Coming of Age” Trilogyလို့ ခေါ်ကြတယ်။ A Summer at Grandpa’s ( 1984 )ကတော့ “Coming of Age” Trilogyရဲ့ ပထမကားပါပဲ။ ထိုင်ဝမ်နယူးဝေ့မှာ ထိုင်ဝမ်ဒါရိုက်တာတွေဟာ ထိုင်ဝမ်နေပြည်သူတွေရဲ့ ဘဝကို ထဲထဲဝင်ဝင် စာစာနာနာနဲ့ လက်တွေ့အကျဆုံး ပုံဖော်လာကြသလို Houရဲ့ A Summer at Grandpa’s ( 1984 ) ဟာ သူ့ရဲ့ ပထမဆုံးထိုင်ဝမ်နယူးဝေ့ရုပ်ရှင်ဖြစ်တာနဲ့အညီပဲ အဲဒီကာလရဲ့ ထိုင်ဝမ်နေ ဘဝတွေကို လက်တွေ့ကျကျပုံဖော်ပြထားတယ်။ ဇာတ်ကတော့ ကောင်လေးရယ် သူ့ညီမလေးရယ် နွေရာသီကျောင်းပိတ်ရက်မှာ အဘိုးအိမ်မှာ သွားနေရတဲ့ အချိန်ကာလတွေကို ရိုက်ပြထားတယ်။ အမေနေမကောင်းလို့ မလွှဲရှောင်သာ ရွာမှာ သွားနေနေရတဲ့ ထိုင်ဝမ်မြို့ကြီးက ကလေးတွေစိတ်ထဲ ရွာက သက်ရှိသက်မဲ့ ဒြပ်ရှိဒြပ်မဲ့အရာတွေ တွယ်ငြိလာပုံကိုပြထားတယ်။ နောက် ကလေးရဲ့ ဦးလေးကနေတစ်ဆင့် အဲဒီခေတ် ထိုင်ဝမ်လူငယ်တွေနဲ့ လူကြီးတွေကြားက ပဋိပက္ခတွေ လူကြီးတွေရဲ့ အမြင်တွေ လူငယ်တွေရဲ့ဖြတ်သန်းမှုတွေကိုလည်း ဆင့်ကဲပြထားသေးတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းရဲ့အများစုကို ကျွန်တော်တို့က ကလေးတစ်ယောက်ရဲ့ နေရာကနေပဲ မြင်ရလိမ့်မယ်။ သူ့အဘိုးက သူ့ဦးလေးကို ပြောတဲ့ တစ်ချို့အရာတွေ, သူ့အဘိုးရဲ့ တစ်ချို့လုပ်ရပ်တွေကို သူနားမလည်ပုံတွေကိုလည်း မြင်ရလိမ့်မယ်။ ပြောရရင် A Summer at Grandpa’sဟာ ကလေးတစ်ယောက်ရဲ့ မျက်လုံးထဲကနေ ထိုင်ဝမ်ဘဝတွေကို မြင်ရအောင် တင်ဆက်သွားတဲ့ ရုပ်ရှင်ပါပဲ။ Flowers of Taipei Taiwan New Cinema ဒိုကူမန်ထရီထဲ ဟောင်က ” နယူးစီနီမာဆိုတာ ဘာများလဲ။ ဘာအသစ်မှမရှိတော့တဲ့အထိ ဟိုးကတည်းက ပုံစံမျိုးစုံနဲ့ ရိုက်ခဲ့ကြဖူးပြီးသားပဲ။ အရေးအကြီးဆုံးက အကြောင်းအရာပဲ။ ကိုယ့်မျက်မှောင်ခေတ်က အကြောင်းအရာတွေပေါ့”လို့ ပြောဖူးတယ်။ ဟောင်ဟာ ထိုင်ဝမ်နယူးဝေ့ရဲ့ ဦးဆောင်သူတွေထဲ ပါခဲ့ပေမဲ့လည်း ဘာအသစ်မှမရှိဘူးလို့ ခံယူထားခဲ့ပုံပါပဲ။ ဟောင် သူ့မျက်မှောက်ခေတ်ကိုပဲ သူတင်ပြခဲ့ပုံပါပဲ။ A Summer at Grandpa’sဟာ ဟောင်အနေနဲ့ သူ့မျက်မှောက်ခေတ်ကို သူပထမဦးဆုံး စတင်ပြဖြစ်ခဲ့တဲ့ ရုပ်ရှင်လို့ ပြောလည်း မမှားပါဘူး။ File size… 2.4 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by W

7.6 1984
A Summer at Grandpa’s
Mean Spirited

Mean Spirited(2022) ================ ဇာတ်လမ်းအညွှန်း အန်ဒီတစ် ယောက် Youtube မှာ Mean Spirited ဆိုတဲ့ချန်နယ်တစ်ခု ထောင်ပြီး စ နေတဲ့ဗီဒီယို တွေတင် ပေမယ့် လူအာရုံစိုက်ခြင်း စိတ်ဝင်စားခြင်းကို မခံရဖြစ် နေပါတယ် ကြံရာမရတဲ့အဆုံး ဟောလိဝုဒ်မှာ လျှပ်စစ်လူသားအဖြစ် အောင်မြင် နေတဲ့ ငယ်သူငယ်ချင်း ဘရိုက်စ်ဆီကို သွားဖို စီစဥ်လိုက်ကြပါတယ် ငယ်သူငယ်ချင်းဆို ပေမယ့် ဘရိုက်စ် အောင်မြင်လာပြီး နောက် ဘာလို အန်ဒီနဲ့ သူငယ်ချင်းတစ်စုကိုထားသွားလဲ ဆိုတာ သိချင်တဲ့အတွက် ကြောင်ြ ဘ လော့မှတ်တမ်း လေးရိုက်မယ်ဆိုပြီး အန်ဒီရယ် ဂျူးရယ် တွမ်ရယ် နစ်ကီရယ် ဂျိုအီရယ် သူငယ်ချင်းတစ်စု ဘရိုက်စ် ရှိရာ ပိုကိုနိုပြည်နယ်ကို ပိတ်ရက်ခရီးထွက်လာခဲ့ကြပါတယ် ဘရိုက်စ်ဆီ ရောက်တဲ့ နေ့ကစပြီး လမ်းခရီးမှာတင် အမျိုးမျိုး ခြောက်လှန့်ခံရ ပေမယ့် အစသန်တဲ့အန်ဒီ ကြောင့်လိုပဲ ထင်ခဲ့ကြတာ နေ တဖြည်းဖြည်းစိတမ ခြောက်ခြားဖွယ်ရာအဖြစ်အပျက် တွေကို ကြုံလာခဲ့ရပါ တော့တယ် ဒီအ ခြေအ နေ တွေရဲ့ နောက်ကွယ်ကဘယ်သူလဲ ဒီ ခြောက်လှန့်စရာမြိုကြီးက နေ ရောထွက်သွားနိုင်မလားဆိုတာ တွေကို ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို ဟာသကား လေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ DB ပါ ) File size_(1.8GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_0::00 Genre_Horror , Documentry Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB

Horror • Mystery
0 2023
Mean Spirited
A Costa Rican Wedding
6.1

ကော်စတာရီကာဆိုတာနဲ့ ကမ်းရိုးတန်းတွေ၊ အပူပိုင်းသစ်တောတွေနဲ့ ဌာနေတောရိုင်းတိရစ္ဆာန်တွေကြောင့် နာမည်ကြီးလှပါတယ်။ နောက်တစ်ခုကတော့ ချစ်သူတွေအတွက် ပျားရည်ဆမ်းခရီးထွက်ဖို့ရာနေရာတစ်ခု အနေနဲ့လည်း နာမည်ကြီးပြန်တယ်။ အချစ်ရဲ့အငွေ့အသက်တွေပြည့်နေတဲ့ ကော်စတာရီကာက ချစ်သူတွေအတွက် လောကနိဗ္ဗာန်ဘုံ တစ်ခုဖြစ်သလို အသည်းကွဲနေတဲ့သူတွေအတွက်လည်း အချစ်ကို ပြန်လည်တွေ့ရှိနိုင်တဲ့နေရာတစ်ခုလို့ဆိုရင် မှားနိုင်မယ်မထင်ဘူး။ အသည်းကွဲနေတဲ့ ဆရာဝန်မလေး အမ်မလီတစ်ယောက် အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဖိုဘီ နဲ့ ဂျမဲလ်တို့ရဲ့ ကော်စတာရီကာမှာလုပ်မယ့် မင်္ဂလာပွဲအတွက်ကူညီပြင်ဆင် ပေးနေသူပေါ့။ နှစ်ဖက် မိသားစုဆုံချိန်မှာတော့ သူလုံးဝကြည့်မရခဲ့တဲ့ ရိုင်ယန်ဆိုတဲ့ အမျိုးသားကပါ သတို့သားရဲ့မိသားစုဝင်အနေနဲ့ပါလာတော့ အမ်မလီတစ်ယောက် စိတ်ရှုပ်သွားခဲ့ရတယ်။ ပိုဆိုးတာကတော့ ရှပ်ပြာပြာအမ်မလီတစ်ယောက် လက်ထပ်လက်စွပ်ထည့်လာတဲ့ ကျောပိုးအိတ်ကို ‌မျောက်တွေလုသွားတဲ့အခါ သူတို့ဘာဆက်လုပ်ကြမလဲ? မင်္ဂလာပွဲကရော ဆက်လက်ကျင်းပနိုင်မှာလား? အမ်မလီရဲ့ကြေကွဲနေတဲ့ နှလုံးသားကိုရော ကော်စတာရီကာက ကုစားပေးနိုင်မှာလား? အချစ်ဟာသကားလေးမို့ကြည့်ရတာ ပေါ့ပေါ့ပါးပါးလေးဖြစ်မှာပါ။ ကိုယ့်ကိုအမှတ်ပေးဆိုရင်တော့ 7.5/10 လောက်တော့ ပေးပါမယ်။ File size…(1.8 GB)/(1.1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:24:00 Genre… Adventure, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Scarlet Maung

Animation • Comedy • Drama
6.1 2024
A Costa Rican Wedding
The Curse of the Necklace
5.5

ကြောက်ဖို့ကောင်းတဲ့ Horror movie ကြည့်ချင်တယ် The Exorcist ရဲ့ Themes လိုမျိုး ကြည့်ချင်တယ် ဆိုတဲ့သူတွေအတွက် Warner Bros. က ရိုက်ကူးထုတ်လုပ်လိုက်တဲ့ The Curse of the necklace ဇာတ်ကားက စိတ်ကျေနပ်မှု ရစေမှာပါ။ ၁၉၆၀ ဝန်းကျင် ခေတ်အနေအထားကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့ သရုပ်ဆောင် တွေကလည်း Horror Genre နဲ့ အသားကျပြီးသား သရုပ်ဆောင်တွေမို့ အပိုအလိုမရှိ အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်ကြပါတယ်။ (ဖရန့်ခ်- Pet Sematary၊ လော်ရာ – Shevenge ၊ အယ်လင်- M3GAN) ဇာတ်လမ်းကတော့ အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတဲ့ မိသားစု တစ်စုမှာ ဖခင်လုပ်သူ ဖရန့်ခ်က ရဲဝန်ထမ်း တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ လော်ရာက ဆေးရုံမှာ နာ့စ်လုပ်ပါတယ်။ လင်မယား ရန်အကြီးအကျယ် ဖြစ်ပြီးနောက်ပိုင်း ယောကျ်ားက အိမ်မှာမနေတော့ဘဲ ဟိုတယ်တစ်ခုမှာ နေနေရတာပါ။ ဆယ်ကျော်သက်အရွယ် သမီးကြီး ဂျူးဒစ်နဲ့ သမီးအငယ် အယ်လင်ကတော့ မိခင်ဖြစ်သူနဲ့ အတူ အိမ်မှာပဲ နေထိုင်ပါတယ်။ တစ်နေ့တော့ ဖရန့်ခ်က သက်သေခံ ပစ္စည်းအခန်းထဲက အနှစ်သုံးဆယ်ကျော် အမှုပိတ်ပြီးသား လူသတ်မှုတစ်ခုရဲ့ သက်သေခံပစ္စည်းပုံးကို ဖွင့်ကြည့်မိတဲ့ အခါမှာ ရတနာပစ္စည်း လည်ဆွဲလေးကို တွေ့သွားပါတယ်။ ပိတ်ပြီးသား အမှုမို့ ပြဿနာ တက်စရာမရှိလို့ ယူဆပြီး သူ့ရဲ့ ဇနီး လော်ရာကို မျက်နှာလုပ်ဖို့အတွက် အိမ်ကို ယူသွားခဲ့ပါတယ်။ လော်ရာက လက်မခံဘဲ ဒီလည်ဆွဲကို အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့ပေမယ့် သမီးငယ် အယ်လင်က ကောက်ယူထားလိုက်ပါတယ်။ အဲဒီကနေ စပြီး သူတို့အိမ်မှာ ထူးဆန်းတာတွေ မြင်ရကြားရသလို၊ ဂျူးဒစ်မှာ ညတိုင်း အိပ်မက်ဆိုးတွေ မက်နေပါတော့တယ်။ ဒီကျိန်စာသင့် လည်ဆွဲရဲ့ သမိုင်းကြောင်းက ဘယ်လိုတွေ ရှိခဲ့လဲ၊ သူတို့အိမ်လေးမှာ ဘယ်လိုတွေ ဖြစ်လာဦးမလဲဆိုတာ…..။ File size…939MB / 500MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 39m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2024
The Curse of the Necklace
You Are Not Me
7

မိဘအိမ်နဲ့ဝေးရာကိုသွားပြီး အိမ်ပြန်လာတဲ့အချိန်မှာ ကိုယ့်ကိုမကြည်ဖြူတော့ဘဲ ကိုယ့်နေရာမှာလည်း တခြား သူစိမ်းတစ်ယောက်ကိုအစားထိုးထားပြီဆိုရင် ဘယ်လို ခံစားရမလဲလို့စဉ်းစားကြည့်လိုက်ပါ။ ဒါမျိုးကမရှိတာတော့မဟုတ်ပေမဲ့ ထူးထူးခြားခြားဖြစ်တဲ့ အတွက် ဒီအိုင်ဒီယာကိုယူပြီး ဇာတ်ကားတစ်ကားအဖြစ် ဖန်တီးလိုက်တဲ့အခါမှာတော့ အခုတင်ဆက်ပေးမဲ့သည်းထိပ် ရင်ဖိုဇာတ်ကားလေးထွက်လာပါတော့တယ်။ နာမည်ကိုတော့ You Are Not Me(နင်က ငါမဟုတ်ဘူး)လို့ ပေးထားပြီး လက်ရှိ IMDb Rating 7.0 အထိရရှိထားတဲ့ အတွက် သည်းထိပ်ရင်ဖိုပရိသတ်တွေအတွက် ကြည့်လို့ ကောင်းမယ်ဆိုတာကတော့ အသေအချာပါပဲ။ အိုက်တာနာဆိုတဲ့အမျိုးသမီးတစ်ယောက်က သူ့ရဲ့လိင်တူ ချစ်သူဂါဘီနဲ့ သူတို့ရဲ့မွေးစားသားလေး ဂျိုးတို့နဲ့အတူ ခရစ္စမတ် အကြိုနေ့ညမှာ မိဘတွေရှိရာအိမ်ကို ကြိုအသိမပေးဘဲ စပရိုက်စ်ပြန်လာခဲ့ပါတော့တယ်။အိုက်တာနာစိတ်ထဲမှာတော့ မိဘတွေပျော်သွားမယ်လို့ထင်ခဲ့ပေမဲ့ သူတို့ကိုတွေ့လိုက်တဲ့ အခါမှာ မိဘတွေကမျက်စိပျက်မျက်နှာပျက်တွေဖြစ်နေခဲ့ ကြပါတော့တယ်။ဒါနဲ့တင်မပြီးသေးဘဲ သူ့အခန်းထဲမှာလည်း သူစိမ်းအမျိုးသမီးတစ်ယောက်ဝင်အိပ်နေလို့ လန့်တောင်လန့် ခဲ့ရပါသေးတယ်။အဲ့ဒီအမျိုးသမီးကတော့ နာဒီယာဖြစ်ပြီး သူ့မိဘတွေကသနားလို့မွေးစားထားတဲ့ လမ်းဘေးကကောင်မလေး ပဲဖြစ်ပါတယ်။ဒါပေမယ့် သူ့မိဘတွေက သူ့ထက်နာဒီယာကိုပဲ အရေးပေး ဂရုစိုက်နေပြီး သူ့ကိုတော့ရှိလေတယ်လို့တောင်မထင်တဲ့ အတွက် အိုက်တာနာတစ်ယောက် ဒေါသလည်းဖြစ် ရှုပ်လည်း ရှုပ်ထွေးရင်းနဲ့ သူ့အိမ်မှာဖြစ်နေတဲ့အဖြစ်အပျက်တွေရဲ့ နောက်ကွယ်က တကယ့်အကြောင်းအရင်းကိုစုံစမ်းတဲ့အခါမှာတော့ ဘယ်လို ထိတ်လန့်စရာတွေကိုသိလာရမယ်ဆိုတာကို ရှုစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (669 MB) / (406 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre …. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Action • Thriller
7 2024 98 mins
You Are Not Me
Am Ah
6.8

Am Ah (2025)”အ.. မေ” ================== အသစ်ထွက်ရှိထားတဲ့ မာလျာလမ်စကားပြော ကြည်နူးစရာ မိဘမေတ္တာဖွဲ့ ရုပ်ရှင်ကောင်းလေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ ရိုးရိုးရှင်းလေးပါပဲ။ ဝေးလံခေါင်ဖျားပေမဲ့ အရမ်းလှတဲ့ ကာဗန်သာဆိုတဲ့ရွာလေးကို ကတ္တရာလမ်းခင်းတဲ့စီမံကိန်းမှာ ကြီးကြပ်သူအဖြစ်တာဝန်ကျပြီး ကာဗန်သာရွာလေးကို ရောက်လာတဲ့ စတီဖန်တစ်ယောက်၊ ရွာမှာနေထိုင်တဲ့ သားအမိနှစ်ယောက်ကြားက ဆွတ်ပျံ့ကြည်နူးစရာ ချစ်ခြင်းမေတ္တာတွေကို မြင်တွေ့ခံစားရပုံတွေကို အင်မတန်လှပတဲ့ တောင်ပေါ်ရှုခင်းတွေနဲ့အတူ ပရိသတ်တွေ ကြည့်ရှုခံစားခွင့်ရမယ့် ရုပ်ရှင်ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Fantasy • Drama
6.8 2025 113 mins
Am Ah
Chhorii 2

Chhorii 2 2025 (မိန်းမပျိုလေး) ၂၀၀၁ မှာထွက်ရှိခဲ့တဲ့ Chhorii ရဲ့ အဆက်လေး ထွက်ရှိလို့လာခဲ့ပါပြီ။ ရှေ့ကားမှာတော့ ဆတ်ရှီတစ်ယောက် ကိုယ်ဝန်ကြီးနဲ့ ခက်ခက်ခဲခဲ ကလေးမွေးဖို့အတွက် ရုန်းကန်ရင်းနဲ့ ထိတ်လန့်ဖွယ်ရာတွေ ကြုံတွေ့ခဲ့ရတာကို မြင်တွေ့ခဲ့ရမှာပဲဖြစ်ပါတယ်။ ဆတ်ရှီတစ်ယောက် ကလေးလေးကို ခက်ခဲစွာမွေးဖွားပြီးတဲ့နောက်မှာတော့ ဆတ်ရှီ့ကလေးလေးဟာ ထူးခြားစွာနဲ့ နေရောင်ကို မခံနိုင်ဘဲ နေရောင်နဲ့ထိတွေ့မိတာနဲ့ အသားတွေလောင်သွားတဲ့ ဓာတ်မတည့်မှုကြီးဖြစ်နေတဲ့အတွက် အိမ်ထဲမှာပဲ ပိုးလိုမွေးလာခဲ့ရပါတယ်။ ဆတ်ရှီတို့ သားအမိကို အရာရှိဆမ်မာက ကူညီပေးထားပြီး ဆတ်ရှီ့အတွက် ကျောင်းတစ်ကျောင်းမှာ ဆရာမအလုပ်ပါ ရှာပေးထားလို့ အဆင်ပြေခဲ့ရပါတယ်။ သို့ပေမဲ့လည်း ဆတ်ရှီတစ်ယောက် ကလေးလေးရဲ့ပညာရေးအတွက် သမီးလေးကျောင်းတက်နိုင်ဖို့ သူအလုပ်လုပ်ရာကျောင်းမှာ အိမ်ကနေပဲ စာသင်နိုင်ဖို့ ကြိုးစားနေရင်းနဲ့ သမီးလေးရဲ့ နေရောင်မခံနိုင်တဲ့ကိစ္စအတွက် ဘယ်လိုမျိုး အဖြေရှာသွားမလဲ ……. အရာရှိဆမ်မာကရော ဘယ်လောက်ထိ အကူအညီရနိုင်မလဲ ……. ဒီရဲ့နောက်ကွယ်မှာရော ဘယ်လောက်တောင်ကြောက်ဖို့ကောင်းတဲ့ကိစ္စတွေရှိနေမလဲဆိုတာကို ထိတ်လန့်စရာများနဲ့အတူ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Action • Adventure • War
0 2025 133 mins
Chhorii 2
Killing the Competition
6

Killing the Competition (2025) ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်တွေကိုအခြေခံထားပေမယ့် ဇာတ်ကောင်တွေနဲ့ဇာတ်လမ်းကတော့ စိတ်ကူးဖန်တီးထားတာဖြစ်တယ်လို့ဆိုပါတယ်။ ဒါရိုက်တာက Lee Gabiana ဖြစ်ပါတယ်။Jane Espenson နဲ့ Christina Welshတို့ကရေးသားပေးထားပါတယ်။ သားသမီးနဲ့မိဘဆိုတာကတော့ မိဘကလည်းသားသမီးကို “မကောင်းမြစ်ထာ ကောင်းရာညွှန်လတ်ဆိုပေမဲ့ “ တစ်ချို့အရာတွေမှာကိုယ့်အမြင်နဲ့ကိုယ်တစ်အားမှန်တယ်ထင်ပြီး ထိန်းချုပ်ဖို့ကြိုးစားလာတဲ့အခါ ပဋိပက္ခဖြစ်လာတာကိုပြထားပါတယ်။ သားသမီးကလည်းကိုယ့်အမြင်နဲ့ကိုယ်ထင်ရာကိုကောက်ချက်ဆွဲမိဘစိတ်ထိခိုက်အောင်ပြောလာမျိုးကလည်းဖြစ်တတ်တဲ့သဘာဝတွေပါပဲ။ နောက်တစ်ခုက မိဘတွေရဲ့ အငုံ့စိတ်တွေ စိတ်ရင့်ကျက်မှုအဆင့်တွေကလည်း သားသမီးကိုထိန်းကျောင်းပုံသွင်းတဲ့နေရာမှာလာရိုက်ခတ်တဲ့အပြင်ကိုယ်ကိုယ်တိုင်ရဲ့ဘဝကိုပါထိခိုက်သွားနိုင်တာရှိပါတယ်။ အဖြစ်အပျက်တွေသာမတူမယ်လက်တွေ့ဘဝတွေမှာဒီလိုပဋိပက္ခတွေရှိနေတဲ့အတွက်လည်းဒီဇာတ်ကားကိုဖြစ်ရပ်မှန်လို့ပြောထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း အဲလစ်ဇဘက်ဖန်းဝှစ်ခ်( Melissa Joan Hart)က မိသားစုနဲ့အတူသူ့ဇာတိမြို့လေးကိုပြန်ပြောင်းလာပါတယ်။ သူ့မှာ ဂရေ့စ်ဆိုတဲ့သမီးလေးတစ်ယောက်နဲ့ဂျက်ခ်ဆန်ဆိုတဲ့သားလေးတစ်ယောက်ရှိပါတယ်။ယောကျာ်းကလည်း အဲလစ်ဇဘက်ကိုချစ်ရှာပါတယ်။ ဂရေ့စ်(Lily Brooks O’Briant) ကသူ့အမေတက်တဲ့ အထက်တန်းကျောင်းမှာပြန်တက်ပါတယ်။ ထရက်ရှာရတ်စ်အကအဖွဲ့မှာပါဖို့ လူရွေးပွဲလုပ်တဲ့အခါ အဲလစ်ဇဘက်က ဂရေ့စ်ကိုသင်ပေးပါတယ်။ သူကိုယ်တိုင်ကလည်းတစ်ချိန်က ထရက်ရှာရတ်စ်အဖွဲ့မှာပါခဲ့ပြီး အဲဒီတုန်းကတော့ သူ့ကသူသိများတဲ့ကြယ်ပွင့်တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ တကယ်ရွေးတော့ ဂရေ့စ်အရွေးမခံရဘူး။ အဲလစ်ဇဘက်က ချက်နဲ့လက်နဲ့ဘုတ်အဖွဲ့ကိုစောဒကတက်လိုက်တော့ ဂရေ့စ်တင်မကဘူး ပယ်ချခံထားရတဲ့မိန်းကလေးတွေကိုပါလက်ခံလိုက်ပါတယ်။ ဂရေ့စ်က သူ့ကိစ္စတွေမှာသူ့အမေစွက်ဖက်လွန်းတာကို သိပ်မကြိုက်ပါဘူး။ သူ့အမေကလည်းသူ့သမီးအမှားလုပ်ရင် ပြင်ပေးမယ် ကာကွယ်ပေးမယ်ဖြစ်နေပါတယ်။ ဂရေ့စ်ရဲ့ရည်းစားတိုင်လာကိုလည်းသဘောမကျ။ဂရေ့စ်ရဲ့သူငယ်ချင်းအသစ်ဟန်နာကိုလည်းသဘောမကျ။ နောက်တော့သားအမိနှစ်ယောက်စကားများကြရင်း ဂရေ့စ်က သူ့အမေကို သူတို့အကအဖွဲ့ကမယ့် ဘောလုံးပွဲဖွင့်ပွဲနေ့ကျရင်မလာပါနဲ့လို့ပြောလိုက်တော့အဲလစ်ဇဘက်တစ်အားခံစားသွားရပါတယ်။ တိုင်လာနဲ့ဟန်နာတို့ဂရေ့စ်မသိအောင်တွဲနေတယ်လို့အဲလစ်ဇဘက်ကသူ့ဘာသာထင်လာတဲ့အခါ အဲဒါကိုအတည်ပြုဖို့ကြိုးစားရင်းမထင်မှတ်တဲ့ပြဿနာတွေဖြစ်လာပါတော့တယ်။ ဘာတွေဖြစ်လာမယ် ဘယ်လိုအဆုံးသတ်မယ်ဆိုတာကတော့ ဆက်ကြည့်ပေးကြပါ။ Heartထိတဲ့ဇာတ်ကွက်ကလေးတွေနဲ့စကားတွေကတော့“ဒါပေမဲ့အမေ့ကိုကျွန်မသိစေချင်တာကနေ့တိုင်းတစ်ခုခုဖြစ်လာခဲ့ရင်ကျွန်မအမေ့ကိုအဲဒါတွေအတွက်ရှိစေချင်တယ်အဲဒီလိုမှမဟုတ်ရင်အမေ့ရဲ့အကြံပေးတာတာတွေကိုရချင်ပါတယ်” အစကတည်းကသာ မိဘကလည်းသားသမီးကိုလွတ်လပ်စွာရှင်သန်ခွင့်ပေးပြီး ဘေးကနေအသာထိန်းကျောင်းပေးခဲ့ရင် သားသမီးကလည်း မိဘရဲ့စေတနာ မေတ္တာကိုနားလည်ပြီးစိတ်ထိခိုက်အောင်မပြောခဲ့ရင် ဇာတ်သိမ်းလေးကလှမှာပါ။ သားသမီးဆိုတာရတနာတစ်ပါးဖြစ်သလိုအမေဆိုတာလည်းတန်ဖိုးဖြတ်မရတဲ့ရတနာတစ်ပါးပါ။ ကျွန်မကတော့ အဲလစ်ဇဘက်နေရာမှာ သရုပ်ဆောင်တဲ့ Melissa Joan Hart သရုပ်ဆောင်တာကိုတကယ်ကြိုက်ပါတယ်။ ပရိသတ်တွေလည်းကြိုက်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size… (2 GB) / (880 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Thriller Duration…. 01:27:03 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Khin Sakar Khin

Thriller • Drama • Crime
6 2025 88 mins
Killing the Competition