YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Uncle Samsik 2024 - Episode 06 - 720p DSNP [RMC].mp4

246.42 MB N/A video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Stay Out of the Basement
3

“မြေအောက်ခန်းနဲ့ ဝေးဝေးနေ”ဆိုတဲ့ စကားကိုနားထောင်ဘဲ လျှာရှည်မိရင်တော့ ခြောက်ခံရမှာပဲ မက်ကန်ဇီဆိုတဲ့ ၁၄နှစ်အရွယ်ကောင်မလေးက သူငယ်ချင်းတွေနဲ့ အလောင်းအစားလုပ်ပြီး သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ပြောင်းခင်းထဲကို တစ်ယောက်တည်းသွားကြည့်ခဲ့ရာကနေ သူ့နောက်ကို တစ်ယောက်ယောက်လိုက်လာတယ်လို့ ခံစားလာရပါတော့တယ်။ အဲဒီနောက်မှာတော့ သားအမိနှစ်ယောက်နေတဲ့အိမ်မှာ ကလေးထိန်းသွားလုပ်ဖို့ အကြောင်းဖန်လာရင်းကနေ အဲဒီ အိမ်က ပုံမှန်မဟုတ်ဘူးဆို သိလာရပါတော့တယ်။ အိမ်ရှင်မိန်းမကြီးက မြေအောက်ခန်းထဲမသွားဖို့ပြောထားတဲ့ကြားက စပ်စုလိုက်မိတဲ့အခါ ... အဲဒီအိမ်မှာလည်း သဘာ၀လွန်ဖြစ်ရပ်တွေဖြစ်နေတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့... ပြောင်းခင်းထဲမှာတွေ့ခဲ့တဲ့အရာကြီးနဲ့ ဒီအိမ်နဲ့က‌ ဘယ်လိုဆက်စပ်နေတာလဲ? အိမ်ရှင်သားအမိကရော ဘာတွေလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားက ဝူးဝါးရှူးရှား jumpscareကြီးတွေနဲ့ အတင်းဖြဲခြောက်တာမဟုတ်တာကြောင့် ညဘက်နားကြပ်လေးတပ် background musicကို သေချာလိုက်ခံစားပြီး တစိမ့်စိမ့်ကြောက်ရမဲ့ကားမျိုးပါ။ File size…(1.2 GB)/(530 GB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:12:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Comedy • Drama
3 2023 72 mins
Stay Out of the Basement
Enter The Coffin
6.5

အယူသည်း / အစွဲလမ်းကြီးတယ်ဆိုတဲ့နေရာမှာ ကောင်းတာတွေလဲ ရှိသလို ဆိုးတတ်တဲ့အရာတွေလဲ ရှိစမြဲပါ ။ ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီး ကို အယူသည်း / အစွဲလမ်းကြီးတတ်တာနဲ့ ပတ်သတ်ပြီး ရိုက်ကူးထားတဲ့ ပညာပေးဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ။ စီးပွားရေးလုပ်ငန်းတိုင်း လုပ်သမျှအဆင်မပြေ အခက်အခဲတွေနဲ့ အမြဲတမ်းရင်ဆိုင်နေရသူ ၊ ၆ လသားအရွယ်သားငယ်လေးဟာလဲ ညညဆို ထူးဆန်းစွာနဲ့ ငိုနေသည်မို့ စိတ်ပူပန်နေရသူ ၊ မိမိလုပ်ကိုင်နေတဲ့ သိုလှောင်ရေးရုံမီးလောင်ပြီး လုပ်ဖော်ကိုင်ဖက်လဲ မီးထဲပါကာ သူ့ရဲ့ဆေးကုစရိတ်နဲ့ လျော်ကြေးငွေတွေပေးအပ်ဖို့ ရင်ဆိုင်နေရသူ - မာယွမ်ဟောက် ဒီလို ကံဆိုးမှုတွေဟာ တိုက်တိုက်ဆိုင်ဆိုင် တစ်ကြိမ်ပြီး တစ်ကြိမ်ဖြစ်ပေါ်လာတဲ့အချိန်မှာတော့ ရှေးရိုးစွဲဆန်ပြီး အယူသည်းတဲ့ မာယွမ်ဟောက်ရဲ့ မိခင်ဟာ နတ်ဆရာတွေကို အတင်းအကျပ် ယုံကြည်ကိုးကွယ်ခဲ့ပါတော့တယ် ။ ယနေ့ခေတ် လူငယ်ပီပီ နတ်တွေ ဝိဉာဥ်တွေမယုံကြည်တဲ့ မာယွမ်ဟောက်တို့ ဇနီးမောင်နှံကလဲ အမေဖြစ်သူရဲ့ လုပ်ရပ်အတွက် အရမ်းကိုစိတ်ကျဥ်းကျပ်နေရရှာပါတော့တယ် ။ ❏ ဒီလိုအခက်အခဲနဲ့ ကြုံနေစဥ်အတွင်းမှာပဲ ကွဲကွာနေတာကြာပြီဖြစ်တဲ့ မာယွမ်ဟောက်ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ ကျန်းဟိုင်လင်ဟာ မာယွမ်ဟောက်ရဲ့ နံဘေးကို ပြန်လည်ချဥ်းကပ်ရောက်ရှိလာခဲ့တဲ့အခါမှာ....? ❏ တစ်ဖက်မှာလဲ နတ်ဆရာတွေရဲ့ဟောပြောမှူတွေ ဖိအားပေးမှုတွေကြောင့် ဒီအိမ်ကြီးဟာ မကောင်းဆိုးဝါးကပ်နေသည့်အတွက်ကြောင့် စွန့်ပြစ်ဖို့အခြေအနေထိ ဖြစ်လာတဲ့အခါ....? မာယွမ်ဟောက်တစ်ယောက် ဒီအခက်အခဲတွေကို သူဘယ်လိုဖြေရှင်းမလဲ ။ မိသားစု အယူသည်းတဲ့အမေ မိန်းမဖြစ်သူနဲ့သား အစရှိတဲ့သူတွေ တစ်ပြီးတစ်ခု ပြဿနာတွေကြုံနေရချိန်မှာ ဘယ်လိုတွေရင်ဆိုင်မလဲ ။ အယူသည်းမှုတွေရဲ့ နောက်ကွယ်က အမှန်တရားဟာ ဘာတွေဖြစ်မှာလဲဆိုတာ ဒီဇာတ်ကားလေးကို စိတ်ဝင်တစား ကြည့်ရှုလိုက်ရအောင်ပါနော်။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Thriller
6.5 2023 90 mins
Enter The Coffin
Arthur: Malediction
3.2

ဒီကားက ဟိုးတုန်းက နာမည်ကျော်ခဲ့တဲ့ Arthur and the Invisibles Trilogyကို Theme ယူပြီး ရိုက်ထားတဲ့ ဆိုက်ကိုလိုဂျီကယ် ဟော်ရာကား။ ဟော်ရာကားတွေထဲ ဆိုက်ကိုလိုဂျီကယ်ဟော်ရာတွေ ဘယ်လောက်စားလဲ သိကြတယ်မလား။ ဒီကားကလည်း အဲဒီလိုခပ်စားစားကား။ စစချင်းမှာ ကြည့်ရင် အရောင်စိုစို ကလေးဘဝဆန်ဆန် စိတ်ကူးယဉ်ဆန်ဆန်လိုလေး အာသာကားတွေလို ဖြစ်တော့မလိုလိုပုံလေးပြထားတယ်။ အမှန်ပြောရရင် ဒီကားကို ကျွန်တော် ဘာကားလဲ ရှာမကြည့်မိဘူး။ ဒီတိုင်းပဲကြည့်လိုက်မိတာ ဆိုတော့ ဘာအမျိုးအစားလဲတောင် မသိခဲ့ဘူး။ တစ်ဝက်လောက်ထိကို ဖန်တက်စီကားလေးလိုလိုပဲထင်နေခဲ့တာ တစ်ဝက်နားကျမှ အရိပ်အယောင်တွေပြ ဘာတွေပြနဲ့ ဒီကားမဟုတ်တော့မဟုတ်တော့ဘူးလို့ သိလိုက်တယ်။ နောက်ကျမှပဲ သတ်တာဖြတ်တာတွေ ပါလာတော့မှ ဒီလိုကားကိုးလို့ သိလိုက်တာ။ ပြောချင်တာက ဒီတိုင်းကြည့်တဲ့လူတစ်ယောက်ဆို ဘာကားမှန်းတောင် သတိထားမိမှာမဟုတ်ဘူး။ တစ်ဝက်လောက်ကျမှ သတ်ချသွားမယ့် အချိုးအကွေ့ကြမ်းတဲ့ ရုပ်ရှင်ပေါ့။ ဆန်းတာက ဒီကားက ဟိုကားထဲက အဖြစ်တွေ တကယ်မရှိနေသလို ပါတော့ပါပေမဲ့ ဟိုကားထဲကလို မှော်ဆန်နေတာမျိုးမဟုတ်ဘူး။ ဒါပေမဲ့ ဒီကားကို Spin-off အဖြစ် သတ်မှတ်ထားတယ်။ ဆန်းတော့ဆန်းပါတယ်။ မကြာခင်မှာ ဂရင့်ဟော်ရာတွေ ဝင်နီသည်ပူးလ် ဟော်ရာတွေလာဦးမှာဆိုတော့ အာသာကိုဟော်ရာပြောင်းပစ်တဲ့ ဒီကားကို ကြည့်ပြီး ကြိုကြိုတင်တင် စိတ်ညစ်ကြလို့ရပါပြီ။ ဒီကားကတော့ အဲဒီ၂ကားလောက် တိုက်ရိုက်မဟုတ်တော့ အဲဒီ၂ကားလောက်တော့ ဖျက်လိုဖျက်ဆီးဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်လိုအရသာမျိုးဖြစ်မလဲ အပေါ့စားမြည်းစမ်းကြည့်ကြပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 695MB Quality - 1080p, 720p Format - mp4 Duration - 1H 27Min Genre - Horror Subtitle - Myanmar Subtitle (Hardsub)

Action & Adventure • Drama • Sci-Fi & Fantasy
3.2 2022 87 mins
Arthur: Malediction
Revenge Girl
7

ဒီတစ်ခါတော့ ခေတ်လွန်ရာစုသစ်ကိုသွားကြည့်ရအောင်။ မြစ်ကြီးတစ်ခုက စည်းခြားထားပြီးတော့ မြစ်ရဲ့အောက်ဘက်ခြမ်းက လူဆင်းရဲရပ်ကွက် (တစ်နည်း) သာမာန်လူတွေနေထိုင်နေကြတဲ့နေရာပေါ့။ မြစ်ရဲ့အပေါ်ဘက်ခြမ်းမှာတော့ လူကုံထံတွေနေထိုင်ကြပြီး အာရုံကြောအဖွဲ့အစည်းတစ်ခုက လွှမ်းမိုးချုပ်ကိုင်ထားပါတယ်။ အဲ့ဒီအဖွဲ့အစည်းက မြစ်ရဲ့အောက်ဘက်ကိုပါလွှမ်းမိုးဖို့ ကြံစည်နေရင်း လူ့ဦးနှောက်ကိုထိန်းချုပ်ဖို့ ချစ်ပ်ပြားပါတီထွင်နေကြပါတယ်။ အရမ်းတော်တဲ့သိပ္ပံပညာရှင်က မူလချပ်စ်ပြားရဲ့အားနည်းချက်ကိုရှာတွေ့သွားပြီး ဒုတိယမျိုးဆက်ချစ်ပ်ပြားကို တီထွင်တဲ့အခါမှာ ထူးခြားတဲ့စွမ်းအင်တွေ ထွက်ပေါ်လာပါတော့တယ်။ မတီထွင်သင့်တာကို တီထွင်ခဲ့တာကြောင့် အကျိုးဆက်ကို သူ့သမီးဖြစ်သူကခံစားရပြီး တစ်မိသားစုလုံးလည်း အသတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒုတိယမျိုးဆက်ချစ်ပ်ပြားဆိုပြီး အာရုံကြောပိုင်းဆိုင်ရာအဖွဲ့အစည်းတစ်ခုက ရှာဖွေနေကြတဲ့ချစ်ပ်ပြားက သာမာန်ချစ်ပ်ပြားမဟုတ်ဘဲနဲ့ အရမ်းလှပတဲ့ အနုပညာပစ္စည်းတစ်ခုဖြစ်နေတဲ့အခါ..... ဒုတိယမျိုးဆက်ချစ်ပ်ပြားနဲ့ ဘယ်လိုသောင်းကျန်းမလဲ.. ဘယ်လိုစွမ်းအင်တွေရှိလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့ဗျာ။ ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ ) File Size__(1.5GB) / (750MB) Quality__1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__01:24:00 Type__Action, Drama, Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt

Drama
7 2022 84 mins
Revenge Girl
The Fly
7.6

The Fly (1986) ~ IMDb – 7.6/10, Rotten Tomatoes – 93% ~ Horror တကာ့ Horror ထဲမှာမှ ကြည့်ရတော်တော် အသည်းယားစရာကောင်းတဲ့ Body Horror ကားတွေကိုမှ သိပ်ကြိုက်တဲ့သူဆိုပါစို့။ ခင်ဗျား ဘယ်လိုမှ မေ့ထားလို့မရတဲ့သူက David Cronenberg ပဲ။ သူက Body Horror တစ်လိုင်းရိုက်တဲ့သူ။ ဒါပေမဲ့ လူတစ်ယောက်နဲ့တစ်ယောက် ခံစားမှတ်ယူပုံချင်းမတူပေမဲ့ ရုပ်ရှင်ပွဲတော်တွေထဲကမှ Art House ဖြစ်တယ်၊ Art House ဆန်တယ်လို့ ယူဆလို့ရတဲ့ ကားတွေအများစုထဲကိုမှ ရွေးတတ်တဲ့ နာမည်အကြီးဆုံးရုပ်ရှင်ပွဲတော်တစ်ခုပြပါဆို ကိန်းကို အဓိကပြရမှာပဲ။ အဲဒီကိန်းရုပ်ရှင်ပွဲတော်ကနေ ခရိုနင်ဘတ်ရထားတဲ့ ဆုတွေကမနည်းဘူး။ ဒီတော့ သူက Body Horror ကို သူ့နည်းသူ့ဟန်နဲ့အကောင်းဆုံးပြနိုင်တဲ့ တစ်ခေတ်တစ်ယောက် ဒါရိုက်တာဆိုလည်း မမှားဘူး။ သူ့ကားတွေက အပြတွေဟာ အော်ဂလီဆန်စရာ အသည်းယားစရာကောင်းသလို သူ့ဇာတ်အိမ်တွေကလည်း မနုံနဲ့ဘူး။ Body Horror ပရိသတ်ဖြစ်ဖြစ်၊ ရိုးရိုး Horror ပရိသတ်ဖြစ်ဖြစ် ခင်ဗျားသာ ခရိုနင်ဘတ်ကားမကြည့်ဖူးသေးဘူးဆိုရင် ဘော်ဒီဟော်ရာဖန်မဖြစ်သေးဘူးလို့ မှတ်ယူလို့ရတဲ့အထိ ခရိုနင်ဘတ်ဟာ သူ့နယ်ပယ်မှာ သူထွန်းပေါက်တဲ့လူပါပဲ။ ဒီကားကတော့ ခရိုနင်ဘတ်ရဲ့ အစဦးပိုင်းကားတွေထဲက တစ်ကားဖြစ်သလို သူ့ရဲ့မာစတာပိစ်စာရင်းဝင်ကားလို့ပြောရင်လည်း မမှားပါဘူး။ ဒီကားနဲ့ပဲ အော်စကာမှာ Academy Award for Best Makeup ဆုကိုရထားတဲ့အထိ သူ့အပြတွေကလည်း ပီပြင်ခဲ့ပါတယ်။ ဆက်သ်ဘရန်ဒယ်က ကမ္ဘာကိုကိုင်လှုပ်မယ့် သိပ္ပံနည်းပညာတစ်ခုကို အပြီးသတ်တီထွင်နိုင်ဖို့ လက်တစ်ကမ်းပဲ လိုတော့တဲ့သူ။ သူ့တီထွင်မှုက တခြားမဟုတ်၊ Teleportation ခေါ်တဲ့ ရုပ်ဒြပ်တစ်ခုကို တစ်နေရာကနေ နောက်တစ်နေရာဆီ အချိန်မဆိုင်းဘဲ တစ်မုဟုတ်ချင်း ရွှေ့ပြောင်းပေးနိုင်တဲ့စက်ပဲ။ တစ်ခုရှိတာာက စက်က သွေးသားမပါတဲ့ သက်မဲ့ပစ္စည်းတွေကိုသာ ရွှေ့ပြောင်းပေးနိုင်သေးတာပဲ။ သူ့ရဲ့လူပါးမနပ်မှုကတဆင့် ဒီစက်အကြောင်းကိုသိသွားတဲ့ သတင်းထောက်ဗရွန်နီကာနဲ့ ဆက်သ်တို့ ရင်းနှီးကျွမ်းဝင်သွားရင်း ဆက်ဆံရေးတိုးတက်လာချိန်မှာ သူ့စက်ရဲ့အားနည်းချက်ကို ဖြေရှင်းပြီးတော့ သက်ရှိတွေကိုပါ ရုတ်ခြည်းရွှေ့ပြောင်းပေးမယ့် နည်းလမ်းကိုပါ ဆက်သ်တစ်ယောက် ရှာလိုက်နိုင်ပြီး စုတ်ရော လာဘ်ပါ ဝင်လာခဲ့ပေမဲ့ လောကကြီးရဲ့ပြက်ရယ်ပြုမှုတစ်ချက်မှာ သူကိုယ်တိုင် ပထမဆုံးအကြိမ် စမ်းသပ်မှုလုပ်တဲ့အချိန် သူနဲ့အတူ စက်ထဲကို ဖိတ်မခေါ်ဘဲ ဝင်လာတဲ့ ဧည့်သည်တစ်ယောက်ကြောင့် သူ့ဘ၀ အကြီးအကျယ်လမ်းချော်ဖို့ ဖြစ်လာတော့တယ်… (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.02GB, 824MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 36Min Genre – Drama, Horror, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Comedy • Drama
7.6 1986 96 mins
The Fly
A Lifeguard’s Obsession

A Lifeguard’s Obsession (2023) အသက်ကယ်ရတဲ့အလုပ်ဆိုရင် ကျန်တဲ့အလုပ်တွေထက် ပိုပြီးမြင့်မြတ်တယ်လို့ ကျွန်တော်တို့တော်တော်များများ ယူဆတတ်ကြပါတယ်။ အသက်ကယ်လိုက်တဲ့လူကိုလည်း အသက်သခင်ကျေးဇူးရှင်ရယ်ဆိုပြီး အရေးတယူပြုတတ်ကြတာ သဘာဝပါပဲ။ သင့်ကိုအသက်ကယ်လိုက်တဲ့လူက လူကောင်းလား လူဆိုးလားဆိုတာကိုတော့ ဘယ်သူမှမသိကြပေမဲ့ ကူညီချင်စိတ်ရှိတဲ့လူဟာ လူကောင်းရယ်လို့ပဲ တထစ်ချတွက်ဆတတ်ကြပါတယ်။ မက်ဂီဆိုတဲ့ကောင်မလေးဟာ ပင်လယ်ကိုအင်မတန်မှာချစ်တဲ့ကောင်မလေးတစ်ယောက်၊ ပင်လယ်ပျော်ပီပီ လှိုင်းစီးနေရတာကို ပျော်မွေ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့ အားကစားသမားနဲ့ဒဏ်ရာဆိုတာကလည်း အမြဲဒွန်တွဲနေတဲ့အရာဖြစ်နေလေတော့ တစ်နေ့မှာ ဒူးခေါင်းအရွတ်ပြဲဒဏ်ရာရသွားပြီးတော့ လှိုင်းစီးရတာကို စွန့်လွှတ်ထားရသူဆိုလည်း မမှားပါဘူး။ လှိုင်းစီးတာကို တစ်ကမ္ဘာလို့ထင်မှတ်ထားတဲ့မက်ဂီအတွက်တော့ ဒီဒဏ်ရာဟာ ဘဝတစ်ခုလုံးကို အမှောင်ချလိုက်သလိုပါပဲ။ မက်ဂီရဲ့ချစ်သူကတော့ ကမ်းခြေကlifeguardလည်းဖြစ် နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲလည်းဖြစ်တဲ့ Influencer celeချောလေး ကိတ်ဒ်ပေါ့။ တစ်ချိန်က သိပ်ချစ်ကြတဲ့ မက်ဂီတို့ ချစ်သူစုံတွဲဟာ ဒဏ်ရာပြဿနာကြောင့် အရာရာကိုစိတ်မကြည်တဲ့မက်ဂီ ဒါကို ကိတ်ဒ်က Influencer ပီပီ လိုင်းပေါ်မှာပဲ ၂၄/၇ အချိန်ကုန်နေပြီး မက်ဂီကိုအချိန်မပေးနိုင်တော့ ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့အပြင် အဆင်လေးတွေပတ်လည်ဝိုင်းနေတတ်တဲ့ သူ့ဘေးမှာလည်း လုပ်ဖော်ကိုင်ဖက်ထက်ပိုတဲ့အရိပ်အယောင်တွေနဲ့ တီနာဆိုတဲ့ကောင်မလေးပါရှိနေတဲ့ကိတ်ဒ်ကြောင့် RS တစ်ခုရဲ့ လေစိမ်းတိုက်နေတဲ့အခိုက်အတန့်ကို ရောက်ရှိနေချိန်ပေါ့။ ထုံးစံအတိုင်းပါပဲ rsတွေကြားမှာ ပြဿနာတက်ပြီဆိုရင် ရောက်လာတတ်တာကတော့ third partyလို့ခေါ်တဲ့ ကြားပွဲစားလေးတွေပေါ့။ အခုမက်ဂီတို့အတွဲကြားကိုလည်း လှိုင်းခိုးစီးဖို့ကြိုးစားရင်း ရေနစ်နေတဲ့မက်ဂီကို ကယ်တင်ပေးရင်းနဲ့ ဝင်ရောက်လာတဲ့ တောင့်တောင့်ဖြောင့်‌ဖြောင့်Lifeguardတစ်ယောက်ဖြစ်တဲ့ ဘလိတ်ခ်၊ မက်ဂီကတော့ အသက်သခင်ကျေးဇူးရှင်လို့မြင်နေတာကတစ်ကြောင်း တော်ကီကောင်းလွန်း သူ့ကိုဖေးမတတ်လွန်းတဲ့ ဒီဘဲကြီးရဲ့ခြွေချက်တွေကြားမှာ မျောမလိုဖြစ်သွားတဲ့အခါမှာတော့…. ကိတ်ဒ်နဲ့ကတောက်ကဆတွေများနေချိန်မှာ ကယ်တင်ရှင်လိုပေါ်လာတဲ့ဘလိတ်ခ်ကို မိန်းမသားပီပီ အားကိုးချင်စိတ်ဖြစ်လာမိတဲ့ မက်ဂီ၊ မက်ဂီကိုချစ်ပေမဲ့ အလုပ်ကိုပိုချစ် ပိုအလေးပေးနေမိတဲ့ကိတ်ဒ်၊ အသက်ကယ်တာကိုအရင်းတည်လို့ မက်ဂီရဲ့ဘဝမှာပါ နေရာဝင်ယူဖို့ကြိုးပမ်းလာတဲ့ဘလိတ်ခ် ဒီ ၃ ပွင့်ဆိုင်ချစ်ဇာတ်လမ်းကနေ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Thriller Quality…. 1080p | 720p | 480p File size… 1.5GB | 712MB | 335MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

Drama • Thriller • Mystery
0 2023
A Lifeguard’s Obsession
Bakit Di Mo Sabihin
6.7

Bakit Di Mo Sabihin(2023) ************************ မင့်ဂ်နဲ့ နတ်တ်တို့ဟာ နှစ်ယောက်လုံး စကားမပြောတတ်ကြပေမယ့် အသည်းနှလုံးကပြောတဲ့ ဘာသာ စကားကို နားလည်သူတွေဖြစ်တဲ့အတွက် သိပ်ချစ်ကြတဲ့ စုံတွဲတစ်တွဲပါ။ မင့်ဂ်က တောကတက်လာတဲ့သူဖြစ်ပြီး နတ်တ်က လူချမ်းသာမိသားစုကဖြစ်ပေမယ့် ချစ်ခြင်းတရားတဲ့ဖွဲနှောင်ထားတဲ့ ချစ်သူနှစ်ဦးကို ဂုဏ်ဒြပ်တွေက ခွဲခြားပစ်နိုင်စွမ်းမရှိသေးပါဘူး။ စကားမပြောတတ်ကြပေမယ့် ချစ်ခြင်းတရားကြောင့် တစ်ဘဝထူထောင်လိုက်တဲ့ သူတို့နှစ်ယောက်ဆီကို အိမ်သားတွေထပ်မံတိုးပွားလာချိန်မှာတော့ လောကဓံရဲ့ရိုက်ခတ်မှုကို တဖြည်းဖြည်းနဲ့ရော၊ မြန်မြန်ဆန်ဆန်ပါ ခါးစည်းခံလာရပါတယ်။ ဒီလိုလောကဓံတရားတွေကြားမှာ သိပ်ချစ်ရတဲ့ ချစ်သူနှစ်ဦးအတွက် အရင်ကလို ပျော်စရာတွေရှိပါဦးမလား၊ အခက်အခဲတွေကြားမှာ ချစ်ခြင်းနဲ့ နားလည်မှု ဘယ်သင်းက ပိုအရေးပါလဲ ဆိုတာတွေကို ဆွတ်ပျံကြည်နူးဖွယ်ရာ၊ လွမ်းမောဖွယ်ရာ ရိုက်ကူးထားတဲ့ ဖိလစ်ပိုင် အချစ်၊ ဒရာမာ၊ ဘဝသရုပ်ဖော် ဇာတ်ကားလေး ဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ အများစုရိုက်ကူးထားတာဖြစ်တာကြောင့် လှပပြီးအရိုင်းဆန်တဲ့ သဘာဝ ရှုခင်းများစွာကို ခံစားကြည့်ရှုရမှာပါ။ စကားမပြောတတ်တဲ့သူများအပေါ် အလေးပေးပြီးနားလည်ပေးတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ File Size :(2.07GB)& (845MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:30:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae

6.7 2023 120 mins
Bakit Di Mo Sabihin
Perdida
6.1

Perdida (2023) ============ IMDb Rating – 6.1/10 မတူညီတဲ့ ခေတ်နှစ်ခေတ်ကို အခြေခံထားတဲ့ ပေါ်တူဂီစကားပြော ဘရာဇီး အချစ်ကားလေး ဖြစ်ပါတယ်။ ဆိုဖီယာဆိုတာက လက်ရှိအချိန်ကာလမှာ စာအုပ်ထုတ်ဝေရေးတိုက်က ရှေးဂန္ဒဝင်စာအုပ်တွေကို ချစ်မြတ်နိုးတဲ့ ကောင် မလေးတစ်ယောက်၊ အချစ်ဆိုတာကို နာကျင်မှုတွေနဲ့သာ အဆုံးသတ်လေ့ရှိပြီး စာအုပ်တွေထဲမှာသာ ပျော်စရာဇာတ်သိမ်း ရှိနေတယ်လို့ အချစ်ကို အယုံအ ကြည်မရှိ အစွန်းရောက်နေသူလေးပေါ့။ ငယ်စဉ်ကတည်းက တစ်ဦးတည်းရှိတဲ့ သူငယ်ချင်းမလေး နီနာက အချစ်စစ်နဲ့တွေ့ပြီး အိမ်ထောင်ပြုမယ် ယောင်နောက် ဆံထုံးပါတော့မယ်ဆိုတော့ လက်ထပ်တာကို မယုံကြည်သူ ဆိုဖီယာနဲ့ နီနာတို့ စကားများကြပြီး တစ်ယောက်တည်း အိမ်ပြန်လာချိန် ထူးဆန်းတဲ့ အမျိုးသမီး တစ်ယောက်နဲ့ ဆုံစည်းခဲ့ပါတယ်။ ထို အမျိုးသမီးဖြစ်သူက ဆိုဖီယာကို သူ သိပ်နှစ်သက်တဲ့ ရှေးဂန္ဒဝင်စာအုပ်တွေ ထဲကအတိုင်း ၁၈၀၀ ကျော်ကာလဆီကို ပို့ပေးလိုက်ပါတော့တယ်။ အဲဒီမှာ ဆိုဖီ ယာတစ်ယောက် အမျိုးသမီးတွေဆို အပိုးကျိုးကျိုးနေရတဲ့ ရှေးခေတ်ကို ရောက် သွားပြီး လူကုံထံအသိုင်းအဝိုင်းက ရုပ်ချော ဥစ္စာပေါ သူဌေးလေး အီယန်နဲ့ တွေ့ ဆုံလိုက်ရတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာ ဟာသလေးနှောပြီး အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပါ။ အမျိုးသမီးတွေရဲ့ လွတ်လပ်မှုတွေကို ပိတ်ပင်ချုပ်နှောင်ထားတာတွေ အရင်ခေတ် ရဲ့ မတူညီတဲ့ စံနှုန်း ယဉ်ကျေးမှု ဓလေ့စရိုက် ကွာခြားမှုကို ပညာပါးပါး ပုတ်ပြထား ပါသေးတယ်။ ပါဝင်ထားတဲ့ မင်းသား မင်းသမီးလည်း ချောမောပြီး ကျွန်တော်က တော့ အရံလေးတွေကိုတောင် အဓိကမင်းသမီးထက် ပိုသဘောကျမိပါသေးတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.8 GB) / (747 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 55Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Thura Aung Encoder……….SWM

Drama
6.1 2023
Perdida
Journey to the West: Conquering the Demons
6.8

Journey to the West Conquering the Demons (2013) IMDb Rating (6.7) / Rotten Tomatoes (94%) ဒီရုပ်ရှင်ကို Stephen Chow က ဒါရိုက်တာအဖြစ်ရော တွဲဖက်ပရိုဂျူဆာအဖြစ်ပါ ဖန်တီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့ အနောက်ဖက်သို့ခရီးသွားခြင်း ဒဏ္ဍာရီကို အခြေခံထားပြီး ကျမ်းစာသယ်တဲ့ ခရီးစဉ်မစတင်မီ ဆရာတော်ထန်စန်းကျန့်ဆိုပြီးဖြစ်မလာခင် သူ့ရဲ့တပည့်၃ယောက်ဖြစ်လာမယ့် ဝူခုန်းတို့ ပါကျဲတို့ မိစ္ဆာဘဝဖြစ်စဉ်နဲ့ မိစ္ဆာတွေကို နှိမ်နင်းတဲ့အကြောင်းကိုရိုက်ကူးထားတာပါ။ ဇာတ်လမ်းလေးကတော့ မြစ်ဘေးကရွာတစ်ရွာမှာ ငါးမိစ္ဆာကြီးတစ်ကောင်သောင်းကျန်းနေတာကို ထန်စန်းကျန့်ကနှိမ်နင်းဖို့ကြိုးစားရာကနေစတင်ပါတယ်… မိစ္ဆာကိုမသတ်ဘဲ မေတ္တာနဲ့အစွဲချွတ်ချင်တဲ့သူ့ရဲ့လမ်းစဉ်ဟာ ထင်သလောက်မအောင်မြင်ပါဘူး… သူက လောကကြီးကိုကယ်တင်ဖို့ရာ ကြီးမားတဲ့မေတ္တာတရားကသာ အခရာလို့ သိထားပေမယ့် အစွမ်းမရှိတဲ့ သာမန်လူဖြစ်နေတော့ အခက်အခဲတွေအများအပြားနဲ့ စမ်းတစ်ဝါးဝါးဖြစ်နေခဲ့ပါတယ်။ဆိုတော့ကာ ထန်စန်းကျန့်ကိုအစွမ်းထက်အောင် ဘယ်သူကအလင်းပြမလဲ….လာပါပြီ မမရှုကြည်(Shu Qi)ပါပဲခင်ဗျာ….ထန်းစန်းကျန့်အဖြစ် မင်းသား Wen Zhang ရော မင်းသမီးရှုကြည်ရော အတိုင်အဖောက်ညီတာမလို့ ဒီရုပ်ရှင်က Rating မြင့်မားတဲ့ Journey to the West ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ Stephen Chow ရဲ့ လက်ရာခြေရာတချို့ပါတာမလို့ မြင်နေကျ Journey to the West ဇာတ်လမ်းတွေနဲ့မတူဘဲ ကွဲပြားတဲ့ရသတချို့ကို ပေးစွမ်းနိုင်ခဲ့ပါတယ်။

6.8 2013
Journey to the West: Conquering the Demons
The End We Start From

အခြေအနေအကြောင်းကြောင့် မိုတီပျောက်နေသူတွေအတွက် reviewကောင်းတွေပိုင်ဆိုင်ထားတဲ့ The End We Start from ဆိုတဲ့ Survival ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့ဦးထူးဆန်းBenefict Cumberbatch လည်း supportingအနေနဲ့ ပါဝင်ထားတာဖြစ်လို့ မကြည့်ရသေးရင်တော့ tryကြည့်ဖို့ ညွှန်းလိုက်ပါတယ်။ မိန်းမတစ်ယောက်အတွက် အနာကျင်ရဆုံး သေမင်းနဲ့အနီးဆုံးကာလတစ်ခုဖြစ်တဲ့ မီးဖွားချိန်ကျမှပဲ ကံဆိုးမသွားရာ မိုးလိုက်ရွာဆိုတဲ့အတိုင်းပဲ လန်ဒန်မြို့မှာ မုန်တိုင်းထန် ရေလွှမ်းပြီး ကပ်ဆိုက်ပါတော့တယ်။ သွေးနုသားနုမှာ ပြုစုယုယတာခံရမယ့်အစား ခင်ပွန်းဖြစ်သူနဲ့အတူ ရေဘေးကနေပြေးပြီး ယောက္ခမတွေနဲ့ အတူနေဖို့ဖြစ်လာတာပေါ့။ သဘာဝကပ်ဘေးနဲ့အတူလိုက်လာတဲ့ အစာရေစာရှားပါးခြင်းနောက်မှာ ခင်ပွန်းဖြစ်သူရဲ့မိဘနှစ်ပါးက အသက်ဆုံးသွားတာနဲ့အတူ ခင်ပွန်းကလည်း စိတ်ဓာတ်ကျပြီး သွေးနုသားနုဇနီးနဲ့သားလေးကိုထားရစ်ခဲ့တာခံရ၊ ကိုယ်တိုင်လည်း သေခြင်းတရားကို နဖူးတွေ့ဒူးတွေ့ကြုံထားရတော့ နှလုံးသားမှာ ကြောက်ရွံ့တုန်လှုပ်မှု အားငယ်မှုတွေပြည့်နေတဲ့တော့တာပေါ့။ ဒါပေမဲ့ သူကတော့ သူ့ကိုပဲအားကိုးရှင်သန်ရမယ့် ရင်ခွင်ပိုက်ကလေးငယ်လေးရဲ့မိခင်ဖြစ်နေတာကြောင့် ကြောက်ရွံ့တုန်လှုပ်ရင်း ပုန်းခိုနေလို့မရပါဘူး။ ဒီလို ငတ်မွတ်ခေါင်းပါးတဲ့ဘေး သူခိုးဓားပြတွေရဲ့ဘေးရန်အသွယ်သွယ်ကနေ အရရုန်းကန်လို့ ဒီကလေးငယ်လေးကို ကပ်ဘေးအသွယ်သွယ်ကနေအရကယ်ထုတ်မယ့် မိခင်တစ်ယောက်ရဲ့သတ္တိကို ဒီရုပ်ရှင်လေးကနေ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size…(1.7 GB)/(845 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

Thriller • Crime
0 2023
The End We Start From
A Tribe Called Judah
6.3

Jedidah Judah က Single Mother တစ်ယောက်ဖြစ်ပြီး သူ့မှာ အယ်မီကာ၊ အာဒါမူ၊ ပဲယေး၊ ရှီနနဲ့ အယ်ဂျီရိုဆိုတဲ့သားငါးယောက် ရှိပါတယ်။ ထိုသားငါးယောက်ရဲ့ ဖခင်တွေကလည်း တစ်ယောက်စီဖြစ်ပြီးတော့ သူမကပဲ သားငါးယောက်လုံးကို ရုန်းကန်ကျွေးမွေး စောင့်ရှောက်နေရတာပါ။ သားအကြီးဆုံးတွေဖြစ်ကြတဲ့ အယ်မီကာနဲ့ အာဒါမူတို့ကတော့ ကုန်တိုက်တစ်ခုတည်းမှာ ပရိဘောဂ အရောင်းကိုယ်စားလှယ်နဲ့ လုံခြုံရေးအရာရှိတို့အဖြစ် အသီးသီး အလုပ်လုပ်ကိုင်ကြပါတယ်။ တစ်နေ့သူမမူးလဲကျလို့ဆေးရုံတင် လိုက်ရင်း သူမရဲ့ ကျောက်ကပ်ကပျက်စီးနေတာကို သိခဲ့ရပြီး သားတွေက သူတို့မိခင်ရဲ့ ကျောက်ကပ်အစားထိုးဖို့အတွက် အကြီးဆုံးသားနှစ်ယောက်အလုပ်လုပ်တဲ့ ကုန်တိုက်ကိုဓားပြတိုက်ဖို့ ပြင်ဆင်ကြပါတော့တယ်။ သူတို့ဓားပြတိုက်နေတဲ့အချိန် လက်နက်တွေနဲ့ရောက်ရှိလာတဲ့ အခြားဓားပြတစ်ဖွဲ့နဲ့ တွေ့လိုက်ရတဲ့အခါ သူတို့ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကို ကြည့်ရှု ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားလေးကတော့ Comedy/ Crime ဖြစ်ပြီး Jedidah က သူမရဲ့သားများကို ဘယ်လောက်ထိအလိုလိုက် ချစ်ခင်သလဲ Single Parent တစ်ယောက်အနေနဲ့ လူ့အသိုင်းအဝိုင်းမှာ သူမဘယ်လောက်ထိရုန်းကန်ရလဲ သားတွေကရော သူတို့အမေကို ဘယ်လောက်ထိချစ်သလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(2.4 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

6.3 2023
A Tribe Called Judah
Auschwitz
5

ဒီfilm ကတော့ ထုတ်လုပ်သူနဲ့ ဒါရိုက်တာ Uwe Boll ရိုက်ကူးထားတဲ့ နာဇီတွေရဲ့ ကွန်ဆန်ထရေးရှင်းစခန်း ( Concentration camp) အကြောင်းနဲ့ ဂျူးလူမျိုးတွေကို ရက်ရက်စက်စက် အဆိပ်ငွေ့တိုက် သတ်ဖြတ်ခဲ့တဲ့အကြောင်းကို လက်တွေ့ဆန်တဲ့ ရုပ်ပုံတွေနဲ့ အရှိကိုအရှိအတိုင်း ရိုက်ကူးတင်ဆက်ထားတဲ့ German Documentary film တစ်ပုဒ်ပဲဖြစ်ပါတယ်။ နာဇီတွေရဲ့ လူသားချင်းမစာနာ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ တကယ်လက်တွေ့ ကွန်ဆန်ထရေးရှင်းစခန်းရဲ့ ခြောက်ခြားစရာ လူမျိုးပြုန်းသတ်ဖြတ်မှုတွေကို ကျောင်းသားတွေကို ဗဟုသုတနဲ့ပညာပေးဖွယ်ဖြစ်အောင် ရိုက်ကူးထားတာမို နာဇီသမိုင်းအကြောင်းစိတ်ဝင်စားပြီး အခြေခံအဆင့်ကစ သိချင်တဲ့သူတွေအတွက် လက်မလွတ်တမ်းကြည့်သင့်တဲ့ Documentary တစ်ပုဒ်ပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(1.1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:12:00 Genre_Drama, War, History Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

5 2011
Auschwitz
A.I. Artificial Intelligence
7.1

A.I. Artificial Intelligence(2001)အညွှန်း *********************************** IMDb….7.1,,,,Rotten….73 ဒါရိုက်တာ Steven Spielberg ဆိုတာနဲ့ ခင်ဗျားတို့ ဒီကားကိုနည်းနည်းတော့စိတ်ဝင်စားသွားမယ်ထင်တယ်.. ..ဒီကားရိုက်တော့ သူကိုယ်တိုင်လည်း အော်စကာ ဆန်ကာတင်အဆင့်ပါခဲ့တယ်.. .ကျွန်တော်တို့တွေဟာ ရုပ်ရှင်ကြည့်သက်ရင့်လာတာနဲ့အမျှ ဇာတ်ကားကြည့်တဲ့နေရာမှာ အစပိုင်းနည်းနည်းကြည့်ပြီးတာနဲ့ တစ်ကားလုံးမဟုတ်တောင် ရှေ့ဆက်ဖြစ်နိုင်ခြေရှိတဲ့ဟာတစ်ချို့ကိုမှန်းဆနိုင်ပါတယ်… ဒါပေမယ့် ဒီကားကိုကြည့်မိရင် ခင်ဗျားတို့ ထင်ထားတာတခြားစီဖြစ်သွားနိုင်တယ်. .ဘာလို့ဆို ၁၀မိနစ်လောက်စထားတဲ့ plotတစ်ခုဟာ နောက်တစ်နေရာရောက်တော့ ခင်ဗျားတို့လုံးဝထင်မထားတဲ့ရှုထောင့်တစ်ခုကိုချိုးကွေ့လိုက်တယ်… ..အချိုးအကွေ့ပေါင်းများစွာနဲ့ဒီကားကိုတည်ဆောက်ထားတယ်… ဒါကြောင့်လည်း Steven Spielberg ဟေ့ဆိုပြီးနာမည်ကြီးတာနေမယ်… ပြီးတော့ကျွန်တော်ပဲ စဉ်းစားဉာဏ်နဲ့ရေးသားမှုပိုင်းညံလေသလားမသိ ဒီကားကိုအညွှန်းဘယ်လိုရေးရမှန်းမသိဘူး. ..ကောင်းလားလို့မေးရင်တော့ ပြန်ဖြေလို့ရတယ်….ကျွန်တော်တို့တွေလေထဲကအောက်ဆီဂျင်ကိုရှူကြတယ်… တစ်ယောက်ယောက်က လေဘယ်မှာလဲပြဆိုရင် လက်ဆုပ်လက်ကိုင်ပြလို့မရဘူး… ဒီတော့လေမရှိဘူးလားဆိုတော့မဟုတ်ပြန်ဘူး လေဟာနေရာတိုင်းမှာရှိတယ်… ဒီလိုပဲ ဒီကားရဲ့ကောင်းကွက်ကဘာလဲ ဘယ်နေရာဘယ်အပိုင်းကကောင်းတာလဲ music ပိုင်းလား plotပိုင်းလား .. သရုပ်ဆောင်ပိုင်းလား နည်းပညာပိုင်းလား..ဆိုတော့ လေရှိလားဆိုတဲ့မေးခွန်းကိုဖြေသလိုပြန်တုန့်ပြန်ရမယ်ထင်တယ်… .အယ် ဒေါင်းမဲ့သူတွေအတွက် ဆင်ခြင်လို့ရအောင်ပြောလို့ရတာတော့တော့ရှိတယ် . .အမိုက်စားအက်ရှင်ခန်းတွေ …ဘီကီနီဝတ်အလှအပတွေ….၁၅၀၀ဖွဲ့ romantic ဆန်အကွက်တွေ မပါဘူး… File Size…(3GB) and (1.43GB) Quality…Blu-Ray 1080p, 720p Format…mp4 Duration…02:26:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe

Thriller • Comedy • Romance • Horror
7.1 2001 146 mins
A.I. Artificial Intelligence
Bombay Talkies
6.6

Bombay Talkies ဟာဘောလိ၀ုဒ်ရုပ်ရှင်လောကရဲ့ နှစ်တစ်ရာပြည့်အဖြစ်ပွဲထွက်ခဲ့တာဖြစ်ပြီး Karan Johar, Dibakar Banerjee, Zoya Akhtar နဲ့ Anurag Kashyap တို့ နာမည်ကျော်ဒါရိုက်တာလေးဦးရဲ့ ဇာတ်လမ်းတိုလေးပုဒ်နဲ့ဖွဲ့စည်းထားတဲ့ anthology film ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဒါရိုက်တာလေးဦးရဲ့ anthology သုံးကားတွဲထဲက ပထမဆုံးဇာတ်ကားဖြစ်ပြီး နောက်ပိုင်းမှာ အားလုံးသိကြတဲ့ Lust Stories (2018) Ghost Stories (2020) တို့ဆက်ပြီး ထွက်ရှိထားပါသေးတယ်။ ဇာတ်လမ်းတိုတွေထဲမှာ Rani တို့လို Nawazuddin Siddiqui တို့လိုနာမည်ကျော်တွေ ပါဝင်သလို သရုပ်ဆောင်ဘက်မှာမခေတဲ့ အဲ့ဒီခေတ်အခါက တက်သစ်စတွေလည်းအင်တိုက်အားတိုက်ပါဝင်ထားပါတယ်။ Amitabh Bachchan တို့ Katrina Kaif တို့ကိုလည်း cameo နေရာမှာတွေ့မြင်ရမှာပါ။ ဘောလိ၀ုဒ်နှစ်တစ်ရာ ဂုဏ်ပြုသီချင်းဖြစ်တဲ့ အပိတ်သီချင်းမှာတော့ ပိတ်ကားပေါ်မှာ တစ်စုတစ်စည်းထဲ မြင်ရခဲတဲ့ ဘောလိ၀ုဒ်ရဲ့နာမည်ကျော် ဒိတ်ဒိတ်ကြဲ မင်းသားမင်းသမီးတွေ အများကြီးကို သီချင်းတစ်ပုဒ်ထဲမှာတွေ့မြင်ရမှာဖြစ်တဲ့အတွက် ဘောလိ၀ုဒ်ချစ်သူတွေလက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဆိုတာတော့လက်တို့လိုက်ပါရစေ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Alias ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 2.8GB | 1.1GB Format… mp4 Duration….2h 7min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Alias Encoder ….. Aaron

6.6 2013
Bombay Talkies