YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Uncanny.Counter.2020.E12.1080p.WEB-DL(CM).mp4

862.61 MB N/A video/mp4 460 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Collection
6.3

IMDB 6.1/10 Rotten tomatoes 35% 2012 ကထွက်ရှိခဲ့တဲ့ The Collection ရုပ်ရှင်ဟာဆိုရင်ဖြင့် ၂၀၀၉ခုနှစ်ကထွက်ခဲ့တဲ့ The Collector ဆိုတဲ့ ရုပ်ရှင်ကားရဲ့အဆက်လို့တောင်ပြောလို့ရပါတယ်။ ဒီရုပ်ရှင်ကတော့ တစ်နေ့မှာ အယ်လီနာဆိုတဲ့ ကောင်မလေးတစ်ယောက်က သူမရဲ့ သူငယ်ချင်းတွေနဲ့အတူပါတီတစ်ခုကိုသွားရမှာ အဲ့ပါတီက လူအစုလိုက်အပြုံလိုက်သတ်တဲ့နေရာတစ်ခုဖြစ်နေရာမှ ထွက်ပြေးရန်ကြိုးစားရင်းကနေ The collector ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရသူတစ်ယောက်ပဲဖြစ်ပါတယ်။ အာကင်ဆိုတဲ့လူကတော့ The collector ဆီကနေ လွတ်မြောက်လာတဲ့လူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူဆီကို အယ်လီနာအဖေရဲ့ လက်ထောက်ကနေရောက်လာပြီး အယ်လီနာကိုကူရှာပေးဖို့ပြောရာကနေ အယ်လီနာကို The collector လက်ကနေဘယ်လိုကယ်ထုတ်သွားမလဲဆိုတာကိုရင်ခုန်စွာကြည့်ရမယ့် horror, thrillerအမျိုးအစားဖြစ်ပါတယ်။ File size…(1.4 GB)/(760 MB)/(430 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:22:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated byPhyo Phill

Mystery • Thriller
6.3 2012 82 mins
The Collection
Tomorrow
4.5

Poetry,Politics and Promises are lies “ နိုင်ငံရေး၊ကဗျာတွေနဲ့ ကတိတွေဆိုတာ အလိမ်အညာတွေကွတဲ့။ မှတ်မှတ်ရရ Pacific Rim ထဲမှာ ကြားဖူးတဲ့စကား။ အခု ဒီ Ghodwa ဆိုတဲ့ဇာတ်ကားကို ကြည့်အပြီးမှာ အဲ့စကားကို ပြန်သတိရသွားတယ်။ Ghodwa ဆိုတာ မြန်မာလိုအလွယ်ပြန်ရရင် မနက်ဖြန် (ဒါမှမဟုတ်) မျှော်လင့်ခြင်းလို့ အဓိပ္ပာယ်ရတယ်။ ဒီဇာတ်ကားက Jasmine Revolution လို့ခေါ်တဲ့ တူနီးရှန်းတော်လှန်ရေးအပြီး ဆယ်နှစ်အကြာမှာဇာတ်အိမ်တည်ထားပြီး ဟာဘစ် လို့ခေါ်တဲ့ လူ့အခွင့်အရေးရှေ့နေတစ်ယောက် နဲ့ သူ့သားအာမက်တို့ရဲ့ဘဝကို ရိုက်ပြထားတာ။ ဟာဘစ်ဆိုတဲ့ လူဟာ လွန်ခဲ့တဲ့ဆယ်နှစ် တူနီးရှန်းတော်လှန်ရေးမှာ အဖမ်းဆီးခံ၊အနှိပ်စက်ခံရတဲ့ စိတ်ဒဏ်ရာနဲ့ စိတ်ကစဉ့်ကလျားရောဂါ ခံစားနေရပြီး သူ့စိတ်ထဲမှာလည်း လူတွေအတွက် တရားမျှတမှုဘယ်လိုဆောင်ကြဉ်းပေးရမလဲဆိုတာကိုပဲ အမြဲတမ်းတွေးနေတတ်တယ်။ အာမက်ဆိုတာကတော့ သူ့ရဲ့သားပေါ့။ဆယ်ကျော်သက်ချာတိတ်လေး။ဒါပေမယ့် အရွယ်နဲ့ မလိုက်အောင်ကို တစ်ဖက်သားအတွက် တွေးပေးတတ်ပြီး ရောဂါသည် သူ့အဖေကိုလည်း တစ်ချိန်လုံးပူပန်စောင့်ရှောက်ပေးနေရတယ်။ ဒီဇာတ်ကားဟာ သူတို့နှစ်ယောက်အကြောင်းကိုအခြေတည်ပြီး တူနီးရှန်းပြည်သူတွေရဲ့ လက်ရှိဘဝတွေ၊တရားစီရင်ရေးစနစ်ရဲ့ ပျက်ကွက်မှုတွေ၊တူနီးရှန်းတော်လှန်ရေးရဲ့ မပြီးပြတ်သေးတဲ့ရည်မှန်းချက်တွေအကြောင်းကို တည့်တည့်ကြီးမီးမောင်းထိုးပြထားတယ်။ ပြီးခဲ့တဲ့နှစ်ကလုပ်တဲ့ Cairo International Film Festival မှာလည်း International Federation of Critics’ Award ဆုကိုလည်း ရထားသေးတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးရင် ခင်ဗျားစိတ်ထဲမှာ တွေးစရာတွေ အများကြီးပေါ်လာလိမ့်မယ်။ရင်မောစရာတွေ အများကြီး ပေါ်လာလိမ့်မယ်။ ကျွန်တော့်လို တွေးချင်ငေးချင်တဲ့လူတွေ လက်မလွှတ်သင့်တဲ့ social drama ကားကောင်း တစ်ကားပေါ့ဗျာ။ File size…(1.98GB)  / (1GB) /502MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:36:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Damien

Drama • Romance
4.5 2022 96 mins
Tomorrow
Mutant Tiger
3

အခုတစ်ခေါက် CM ပရိသတ်တွေအတွက် mutant လို့ခေါ်တဲ့ ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- မင်ကျားချင် ၃၇ ခုနှစ်မှာ မိန်းမစိုးအမတ်တွေက အစိုးရနေပါတယ်။ ပညာရှင်တစ်ယောက်က မိန်းမစိုးအမတ်ကြီးကို ကပ်ဖားဖိုအတွက် ကျားရှင်ရဲ့ နှလုံးနဲ့ ဆေးဖော်ဖို စီစဉ်ခဲ့ပါတယ်။ တုန်းခြံဌာနက ကျားတွေကျက်စားရာ အနောက်တောင်နယ်စပ်မှ မြိုလေးတစ်မြိုမှာ အမဲလိုက်ကွင်းတစ်ခု တည်ဆောက်ပြီး ကျားတွေကို ဖမ်းဆီကာ ဆေးဖော်ခဲ့ပါတယ်။ ဒါပေမဲ့ မထင်ထားပဲ ထိုလုပ်ဆောင်မှုက ကပ်ရောဂါတစ်မျိုးအဖြစ် ကျားတွေကို ကူးစက်သွားခဲ့ပါတယ်။ ထိုအချိန်တွင် ရာထူးမှ ထုတ်ပယ်ခြင်းခံရတဲ့ ကျင်ရီးဝေ့ရဲမက် ကျန်းလျိုချန်က ဟွမ်းအာဆိုတဲ့ ကလေးကိုခေါ်ပြီး ထိုနေရာကိုရောက်လာခဲ့ပါတယ်။ အမဲလိုက်ကွင်းထဲတွင် တာဝမ်ထမ်းဆောင်နေတဲ့ ညီလေးဖြစ်သူ ကျန်းလျိုဖျင်ကို လာရောက်ရှာဖွေခြင်းဖြစ်ပါတယ်။ သူတိုလည်း ကျားတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ အန္တရာယ်တွေက အစပဲရှိပါသေးတယ်။ မကြာခင်မှာ ကပ်ရောဂါကြောင့် ကျားတွေက အကောင်ရာကျော်ထိ စုဝေးလာကြပြီး မြိုလေးကို ဝိုင်းထားပါတော့တယ်။ မြိုသူမြိုသားတွေလည်း ကျားရိုင်းတွေရဲ့ တိုက်ခိုက် သတ်ဖြတ်ခြင်းကိုခံရပြီး အန္တရာယ်တွင်းထဲ ကျရောက်နေပါတယ်။ ကျန်းလျိုချန်တစ်ယောက် ဟွမ်းအာနဲ့အတူ မြိုသူမြိုသားတွေကို ကယ်တင်နိုင်မလား...... အမဲလိုက်ကွင်းထဲမှာရော ဘယ်လို ယုတ်မာမှုမျိုးတွေ ရှိနေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ပါနော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 16 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

3 2022
Mutant Tiger
The Soccer Football Movie
6

လောလောလတ်လတ် ထွက်ရှိထားတဲ့ Netflix ရဲ့ကာတွန်းကားလေးဖြစ်ပါတယ်။ အရင် PSG အသင်းရဲ့ ဘောလုံးသမား မိုဗစ်ချ်ကိုတော့ လူတိုင်းသိကြမှာပါ။ ဇာတ်ကောင်ကိုတော့ မိုဗစ်ချ်လို ဆွဲထားပေမဲ့ အပြင်ကမိုဗစ်ချ် လိုတော့ လူကြမ်းကြီးမဟုတ်ပါဘူး ဇာတ်လမ်းက ကလေးကားဆိုတော့ မိုဗစ်ချအစစ်လိုတော့ မဟုတ်ဘူးပေါ့။ ဇလာတန်ဆိုတဲ့ ဘောသမားတစ်ယောက်ဟာ အောစတားဆိုတဲ့ ဖလားကို ပြိုင်ဆိုင်ဖို့အတွက် နောက်ဆုံးပွဲစဉ်ရောက်ခါနီးမှာ ကလေးတစ်သိုက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ နောက်ပြီး သူ့ရဲ့ ဘောစကေးတွေကို လိုချင်နေတဲ့ သိပံ္ပပညာရှင်အရူးတစ်ယောက်က ဇလာတန်ရဲ့ ဘောစကေးတွေကို ခိုးသွားတဲ့အချိန်မှာ စကေးတွေ မရှိတော့တဲ့ ဇလာတန်နဲ့ ကလေးတစ်သိုက်ဟာ ပြိုင်ဘက် အသင်းကို ဘယ်လိုအနိုင်ယူပြီး အောစတားဖလားကို အရယူနိုင်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Animation, Comedy, Family Quality…. 1080p | 720p | 480p File size… 1.42GB | 759MB | 406MB Format… mp4 Duration…. 1h 13min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... August

Crime • Drama • Thriller
6 2022 74 mins
The Soccer Football Movie
Iris Warriors
5.2

ဘာဆိုဘာမှ လုပ်ပေးဖို့စိတ်ကူးမရှိတဲ့ လူကောင်းပါဆိုတဲ့ ပုဂ္ဂိုလ်တွေကြောင့်ပဲ ဆိုးယုတ်ခြင်းက အောင်လံလွှင့်ထူနိုင်တာပါပဲလေ။ ကောင်းမွန်သန့်စင်ခြင်းအလင်းရောင်က လောကကို အလှဆင်ရုံနဲ့ တာဝန်ကျေပြီလား။ စေတန်နတ်ဆိုးကတော့ အမှောင်ကမ္ဘာမှာ သူ့တာဝန်ကို သူကျေတယ်။ မဆုတ်မနစ် ကြိုးစား၊ စဉ်ဆက်မပြတ်အားထုတ်၊ ကောက်ကျစ်ခြင်းအပြုံးရဲ့ အမှုန်တွေ လေထုထဲကို အဆိပ်ခတ်လို့ သူယုံကြည်ရာသူ့လမ်းကြောင်းကို တည်ဆောက်နေလေရဲ့။ လှပသွားတဲ့လောကကြီးကို ထိုင်ကြည့်ပြီး တာဝန်ကျေပါတယ်ဆိုတဲ့ အထာနဲ့ ပြုံးပြုံးကြီးထိုင်ကြည့်နေတဲ့ လူကောင်းကြီး‌တွေ။ ကာကွယ်သူမဲ့နေတဲ့ မြေကမ္ဘာကို သိမ်းပိုက် အမှောင်တိုက်လိုသူတွေကတော့ စက္ကန့်မလပ်အားထုတ်ရင်း ပန်းတိုင်ဆီကို ဖြည်းဖြည်းမှန်မှန် ဝေ့ဝဲပျံသန်းလာနေတုန်း။ အရွယ်မတိုင်ခင်မှည့်တဲ့ ပန်းသီးကိုစားပြီး ကိုယ်ကျင့်တရားလက်ဖက်တစ်ရိုးနဲ့ ကိုယ့်ကိုယ်ကိုယ် မျက်နှာလုပ်ကြသူတွေကတော့ လေးစားခံဘဝမှာ ယစ်မူးသာယာရင်း တာဝန်တွေမေ့၊ သေနေ့စေ့မှ " မတရားဘူး " ကုန်းအော်ကြတယ်။ ပင်လယ်ပြာတဝှမ်း ရေခမ်းရင်တော့ အသိတရား ရလောက်ရဲ့။ အစွန်းနှစ်ဖက်ဟာ သိပ်ဝေးကွာသလိုလိုနဲ့ သူ့ရဲ့အထိအတွေ့ကို ကျောဖက်မှာ ရှတတခံစားရတာမျိုး။ အမုန်းတရားနဲ့ အဆုံးထိသွားမယ်ဟန်ပြင်မှ နှလုံးသားတောင့်မှာ မသိလိုက်ဘဲ ဖုန်တက်နေတဲ့ မောင်မင်းကြီးသားထရှုပ်လို့ မျက်ရည်ပေါက်ပေါက်ကျရတာကလည်း မြေကြီးကိုလက်နဲ့ပုတ်လို့ လက်သာကျိုးသွားမယ့်အဖြစ်ပဲပေါ့။ ရင်ကဖြစ်လို့ ရင်နှစ်သည်းချာဆိုမလား။ ရန်သူလို ရန်ငြိုးထား ကျောင်းတော်က ရန်စလို ကမ္ဘာပြိုတဲ့အထိ အမုန်းတွေ မအိုတာလည်း ကြုံဖူးကြမယ်ထင်ပါရဲ့။ ဒီဇာတ်လမ်းက မဆန်းပါဘူးဗျာ။ မြေတိုက်တစ်ခန်းမှာ ကလေးတသိုက်နဲ့ အထိန်းတော်တစ်ယောက် ဗုံးမိုး ခိုနေကြတဲ့ တစ်ခန်းစာပါပဲ။ ကိုယ်တိုင်ကြောက်တာထက် ကိုယ်ကြောက်နေတာကို သိသွားမှာ ပိုကြောက်ရတဲ့အဖြစ်က မှိုဟင်းစားရင်း ငရုတ်သီးစပ်တဲ့အဖြစ်ပဲဗျ။ အမူအယာကိုဖုံးဖိရင်း တဂျိမ်းဂျိမ်းကျနေတဲ့ ဗုံးသီးတွေအောက်မှာ မတစ်ထောင်သားသမီးတွေကို ပုံပြင်ဖတ်ပြရနေရတဲ့ အပျိုရည်တောင် မပျက်လောက်သေးတဲ့ ကောင်မလေးက ရဲရင့်တယ်ခေါ်မလား။ ကြံရာမရ ကောက်ရိုးတစ်မျှင်ဆွဲတယ် ခေါ်မလား။ ပုံပြင်ဆိုတော့ ပုံကို လိုအပ်သလို ပြင်ထားတာဖြစ်မှာပေါ့။ အကောင်းနဲ့အဆိုး တိုက်ခိုက်ကြတဲ့အခါ အကောင်းကပဲ နိုင်လေသတည်းတဲ့။ စာအုပ်ထဲကထွက်လာတဲ့ မှော်ပရိုဂျက်တာမှာ မှော်ဆန်တဲ့ ကကွက်တွေ ပုံဖော်၊ အံ့မခန်းတဲ့ နောက်ခံဂီတကတော့ အဖန်တရာ ဖန်အပ်သော ဝါဂွမ်းကို အဖန်တရာစစ်အပ်သော ဆီထဲနှစ်သကဲ့သို့ပေါ့။ ဘဲလေးအကကြိုက်သူ‌တွေကတော့ ရတနာပုံဆိုက်တာပဲဗျာ။ ပုံပြင်လေးကို ဘဲလေးအကနဲ့ သရုပ်ဖော်သွားတာမြင်တော့ ရာမဇာတ်တော်ကြီးကိုတောင် သတိရမိသေး။ ရောင်စဉ်ခုနှစ်သွယ်ကို ပုံဖော်ကြတဲ့ ရောင်စဉ်ခုနှစ်မျိုး မိတ်ကပ်မျက်နှာလှလှ‌လေးတွေ၊ ‌အမှောင်သခင်မရဲ့ မဟူရာဆန်တဲ့အလှနဲ့ကျက်သရေတွေက ဒီဇာတ်ကားရဲ့အနှစ်သာရပေါ့။ ဇာတ်ကားနာမည်လေးက "ရောင်စဉ်ခုနှစ်ဖော် စစ်သည်တော်" ပါတဲ့... (ဇာတ်ကားအညွှန်းကို Arr Khun Winchester မှ ရေးသားပေးထားပါတယ်) Size - 1.53GB, 720MB, 330MB Quality - WEBrip 1080p, 720p, 480p Duration - 1Hr 20mins Subtitles - Myanmar Hardsub Format - MP4 Genre - Family, Fantasy, Musical Translated by Arr Khun Winchester Encoded by Y

Action • Fantasy • Romance
5.2 2022 107 mins
Iris Warriors
Vaan Moondru
7

Vaan Moondru (2023) IMDb-5.7/10 တစ်ခါတလေမှာဘဝကို အကောင်းမြင်စိတ်ခွန်အားပေးအရာတွေထက် ခါးသီးတဲ့လက်တွေ့ဖြစ်ရပ်တွေက ပိုအားဖြစ်စေတဲ့အချိန်တွေရှိပါတယ် ချစ်ရတဲ့သူတွေကို ပစ်ခွာသွားကြလို့ သေကြောင်းကြံရင်း ဆေးရုံပေါ်ရောက်ပြီး ရင်းနှီးသွားသူတဲ့သူတွေ အဖေသဘောမတူတဲ့ကြားက ဆက်တွဲရင်းကိုယ်ဝန်ရပြီထင်ရာက ဦးနှောက်အကြိတ်ဖြစ်မှန်းသိလိုက်ရတဲ့သူ ဇနီးခွဲစိတ်ကုသဖို့ သားဆီဆေးရုံစရိတ်တောင်းခံဖို့သွားရာက ပစ်ပစ်ခါခါငြင်းဆိုခံလိုက်ရတဲ့သူ ဒီလိုကာရိုက်တာမျိုးစုံနဲ့ ခက်ခဲကြတဲ့ဘဝတွေကို ရှုစားရင်းလက်တွေ့ဘဝကို ပိုတန်ဖိုးထားရှင်သန်နိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ် (အညွှန်းနှင့်ဘာသာပြန်ကတော့ BpL ~ Zwe ~ V ~ Cherry တို့ပဲဖြစ်ပါတယ်) File size…1.25GB  / 568MB Quality…1080p WEB DL /720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ~ V ~ Cherry

Action & Adventure • Crime • Drama
7 2023 99 mins
Vaan Moondru
Once Upon Two Times
7.2

Once Upon Two Time (2023) တစ်ချိန်ကနှစ်ကိုယ်တူချစ်ခြင်း ဒီတစ်ခါမှာတော့ အိန္ဒိယဒရာမာကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ အာဟန်ဆိုတဲ့ကောင်လေးတစ်ယောက် သူ့အမေရဲ့ဖြစ်ချင်စိတ်နဲ့ သီချင်းတွေနောက်ကို လိုက်ရင်း စီးပွားရေးနဲ့ ပတ်သတ်တဲ့ ဘွဲ့တစ်ခုကို နိုင်ငံခြားမှာ ယူဖို့ ကျောင်းသွားတက်ချင်သူတစ်ဦး။ သူ့မှာ ရူဟီဆိုတဲ့ အရမ်းကိုချစ်ရတဲ့ ချစ်ရသူလေးတစ်ယောက်ရှိပြီးတော့ ကျောင်းသွားဖို့ ဝေးရမယ်ဖြစ်လာတော့ ချစ်သူတို့ရဲ့ ထုံးစံအတိုင်း မခွဲနိုင်ဖြစ်ကြပြီး လက်ထပ်ဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း ရူဟီရဲ့အဖေက သူ့အလုပ်ကနေ ထွက်ခဲ့ပြီး အလုပ်ထွက်လို့ဆိုပြီး သူဌေးက လက်ဆောင်အနေနဲ့ ပေးတဲ့ လေးရက်တာ မိသားစုနဲ့အတူခရီးသွားခွင့်ရပြီးတော့ ခရီးထွက်ခဲ့ကြရင်းနဲ့ အာဟန်ရဲ့အဖေနဲ့ ရူဟီရဲ့အမေကလည်း တစ်ချိန်က အခုအာဟန်နဲ့ရူဟီလိုပဲ ခွဲရဖို့ဖြစ်လာတဲ့အတွက် ခိုးပြေးဖို့အထိ ဇာတ်လမ်းတွေရှိခဲ့ပြီးမှ ချစ်တိုင်းလည်းမညားဖြစ်ခဲ့ရတဲ့အကြောင်းကို သိလိုက်ရပြီးတော့ နှစ်ဖက်မိဘလုံးက သူတို့လက်ထပ်ဖို့ကို ခါးခါးသီးသီးငြင်းဆန်လာချိန်မှာတော့… အာဟန်နဲ့ ရူဟီတို့ရဲ့ အချစ်ဇာတ်လမ်းကရော ဘယ်လိုရှေ့ဆက်မလဲ…. သူတို့ မိဘတွေကရော ဘယ်လို ဇာတ်လမ်းတွေရှိခဲ့ကြလဲ ……. သူတို့ဖြစ်နေတဲ့ ပြဿနာတွေကရော ပြေလည်သွားပါ့မလား။ တစ်ချိန်က သူတို့မိဘတွေလိုမျိုး ခါးသီးတဲ့ဇာတ်သိမ်းဖြစ်လာမလား၊ ချိုမြိန်တဲ့ချစ်ခြင်းနဲ့အဆုံးသတ်သွားမလားဆိုတာတွေကို ဒရာမာကားပီသစွာနဲ့ ကြည့်ရှူရမယ့် ဒရာမာကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ BpL~Alex~V~Yunni~ToMo တို့ပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.2 2023
Once Upon Two Times
Poka
6

Poka 2023 ဘာဘီ IMDb 6.3 ဒုစရိုက်လောကက ဂိုဏ်းတွေကို ယောကျာ်းတွေပဲဦးစီးပြီးအောင်မြင်တာတွေပဲတွေ့ရတတ်ပေမဲ့ မိန်းမဦးစီးတဲ့ဂိုဏ်းဆိုတာမရှိသလောက်ပါပဲ ဒီမှာတော့ ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ မိန်းမကအုပ်ချုပ်တဲ့ဂိုဏ်းတစ်ခုပေါ့ အစကတော့ဒီလောက်အာဏာမရှိခဲ့ပေမဲ့ သူကိုင်တွယ်လိုက်တဲ့ပို့ကုန်မှန်သမျှက ယောကျာ်းသားတွေပို့ရင်တောင် ၂ခါလောက်ပျောက်တတ်ပေမဲ့ သူပို့ရင်တော့တိတိကျကျရောက်တယ် အဆင်ပြေတယ်ဆိုတဲ့မှတ်ချက်တွေကြောင့် လူအထင်ကြီးလေးစားခံရပြီး အောင်မြင်လာခဲ့တယ် ဒါကြောင့်မို့ ဒီအဖွဲ့ကိုဦးစီးဖို့ ဆရာဖြစ်သူကသူ့ကိုတာဝန်ပေးလိုက်ချိန်မှာတော့ အဖွဲ့သားတွေကသဘောတူတဲ့လူကတူ မတူတဲ့လူကမတူနဲ့ အဖွဲ့တွေကွဲသွားရင်းက ရန်စတွေဖြစ်ခဲ့ကြတယ် ဒီကြားထဲ နေထိုင်နေတဲ့ပတ်ဝန်းကျင်မှာပါ မထင်ထားတဲ့ပြဿနာတွေကြုံလာချိန်မှာတော့ ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာကြည့်ရှုလိုက်ပါဦး (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် )

6 2023
Poka
Hellboy
6.8

Hellboy (2004) IMDb – 6.8/10 Genre – Action, Adventure, Fantasy Hell Boy ဆိုရင် အားလုံး သိကြတဲ့ အမှီးပါတဲ့ အနီရောင်လူသားကြီး ပေါ့ သူ့ ဂျိုတွေကိုလဲ ဖြတ်ထားသေးတယ်… Hell Boy ဇတ်လမ်း အစက နာဇီ ခေတ်ကတည်းက လို့ ဆိုရမယ် ဟစ်တလာ က သူ့ တပ်တွေ အနိုင်ရဖို့ အတွက် မှော်ပညာရှင် အဖွဲ့အစည်းတစ်ခုကို စေခိုင်းပြီး ငရဲတံခါး ကို ဖွင့်ခိုင်းခဲ့တယ်… အဲ့ဒီတံခါးကနေ အတော်ဆုံး မကောင်းဆိုးဝါးတွေကို ဆင့်ခေါ်ပြီး ဟစ်တလာ ကမ္ဘာကို သိမ်းပိုက်မယ့် အကြံဆိုးနဲ့ပေါ့ ဒါပေမဲ့ အစိုးရ အဖွဲ့က အချိန်မှီ ရောက်လာပြီး တိုက်ပွဲတွေ ဖြစ်ပြီးနောက် ဟစ်တလာ ရဲ့ မကောင်းဆိုးဝါး အဖွဲ့လဲ အစ ပျောက်သွားခဲ့ပါတယ်… ဒါပေမဲ့ စစ်တပ် နဲ့ အတူ ပါလာတဲ့ ဒေါက်တာ တစ်ဦးကတော့ ငရဲတံခါးကနေ ကျွံဝင်လာတဲ့ လူနီကောင်လေး တစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ပြီး မွေးစားခဲ့ပါတယ် အဲ့ဒီ လူနီကောင်လေးက Hell Boy ဖြစ်လာခဲ့ပြီး ငရဲသား လို့ သတင်းစာတွေမှာ အရိပ်အမြွတ် ပါခဲ့ပါတယ် သူဘယ်သူလဲ ဘယ်သူမှ မသိပါဘူး ညဘက်တွေမှာ လှုပ်ရှားတဲ့ သူရဲကောင်း တစ်ဦးဖြစ်ပြီး လူတွေ နဲ့ ဝေးဝေး နေခဲ့ပါတယ် သူ့ အကြောင်းကို သိတာကတော့ မွေးစားထားတဲ့ ဒေါက်တာ နဲ့ FBI ပဲ ဖြစ်ပါတယ်… ဒီလိုနဲ့ တစ်ရက်မှာတော့ အစ ပျောက်နေတဲ့ ဟစ်တလာ ရဲ့ အဖွဲ့တွေ ပြန်ပေါ်လာပြီး Hell Boy ဆီကို ရောက်ရှိလာခဲ့သော အခါ…. File size… 9.6 GB / 3.7 GB / 1.8 GB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 2h 2m Genre ….. Action / Adventure / Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Archi Thang Gyi

6.8 2004 122 mins
Hellboy
The Fog
3.7

The Fog (2005) Genre – Horror, Mystery Halloween ဇာတ်လမ်းတွေကို ရေးသားခဲ့သူ John Carpenter ရဲ့ လျှို့ဝှက်သည်းထိတ်ရင်ဖိုဇာတ်လမ်း လေးကို ၁၉၈၀ တုန်းက တစ်ခါ ရိုက်ကူးခဲ့ပြီး ယခုကားကတော့ ၂၀၀၅ မှာ ပြန်ရိုက်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းကလေးက အန်တိုနီယိုကျွန်းမြို့ကလေးမှာ အခြေခံထားတာပါ။ ငါးဖမ်းလှေကလေးကို သူငယ်ချင်းဖြစ်သူနဲ့အတူ စီးပွားဖြစ်လုပ်ကိုင်နေတဲ့ လူငယ်လေး နစ်ခ်၊ ကျွန်းပေါ်က မီးပြတိုက်လေးမှာ ရေဒီယိုအသံလွှင်ရုံလေးထောင်ပြီး လူတွေကို ဖျော်ဖြေတင်ဆက်နေတဲ့ စတီဗီ၊ ဘုန်းတော်ကြီးတစ်ပါး၊ မြို့တော်ကောင်စီကလူတွေရယ် ဒီလိုလေး နေထိုင်လာခဲ့ကြတာ ကြာပြီပေါ့။ တစ်ရက်ကျ တည်ထောင်သူ ဘိုးဘေး ၄ ဦးကြောင့် ဒီမြို့လေး ဒီလို စည်ပင်သာယာခဲ့တာဆိုပြီး ရုပ်ထု ၄ ရုပ်နဲ့ ဂုဏ်ပြုပွဲမလုပ်ခင်တစ်ရက်မှာ ထူးခြားဆန်းကြယ်တဲ့ မြူခိုးတွေ မြို့လေးထဲကို ဝင်ရောက်လာပြီး ကြမ္မာဆိုး ဝင်ရောက်ခဲ့ပါတော့တယ်။ ဒီအချိန်မှာပဲ နစ်ခ်ရဲ့ ၆ လလောက်ပျောက်သွားတဲ့ ချစ်သူလေး အဲလိဇဘတ်ကလည်း ပြန်ရောက်လာတဲ့အချိန်နဲ့ တိုက်ဆိုင်ကာ နစ်ခ်တို့အတွဲလည်း ဒီ ပဟေဠိကို ဘယ်လိုအဖြေရှာကြမလဲ အသက်အန္တရာယ်တွေထဲက ဘယ်လိုရုန်းကန်ကြမလဲဆိုတာကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ နစ်ခ်နေရာကိုတော့ Smallville စီးရီးထဲက Superman မင်းသား Tom Welling ဖြစ်ပြီး အဲလိဇဘတ်နေရာကိုတော့ နာမည်ကြီး Taken မှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသမီးချော Maggie Grace တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ဆိုသူထားကတော့ Thura Aung ဖြစ်ပါတယ်) File size… 1.9 GB / 880 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Horror/Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Thura Aung

3.7 2005
The Fog
Don’t Get Derailed
5.6

အိမ်ထောင်ရေးဆိုတာ လူတိုင်းအတွက် ဘဝပုစ္ဆာတွေထဲက အခက်ဆုံးပုစ္ဆာတစ်ခုပါပဲ။ ရှင်းနော့နဲ့ ယန်ရော့ပင်းတို့ရဲ့ ဘဝဟာ စိတ်ချမ်းသာစရာကောင်းပြီး အေးချမ်းသာယာခဲ့ပါတယ်။ တစ်နေ့မှာ ရှင်းနော့ရဲ့ သူငယ်ချင်းဝေးဝေးနဲ့တွေ့ခဲ့ပြီး ဝေးဝေးက သူ့အိမ်ထောင်ရေးကံကောင်းကြောင်း ကြွားလုံးတွေ ထုတ်ခဲ့တဲ့အတွက် ရှင်းနော့ရင်ထဲမှာ သူ့ယောကျာ်းအပေါ် အားမလို အားမရဖြစ်နေပါတော့တယ်။ တစ်ဖက်မှာလည်း ယန်ရော့ပင်းက ဇနီးဖြစ်သူရဲ့ ပြဿနာလုပ်မှုတွေကြောင့် စိတ်ရှုပ်နေရတဲ့အချိန်မှာ အလုပ်က ဝန်ထမ်းအသစ်တစ်ယောက်နဲ့ လမ်းမှားပေါ်ရောက်သွားခဲ့ပါတယ်။ ရှင်းနော့ကလည်း ခန္ဓာကိုယ်လှပဖို့အတွက် ယောဂကစားရင်း နည်းပြဆရာနဲ့ အနေနီးသွားတဲ့အခါ…… သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကဘယ်လို ဆက်ဖြစ်မလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.6 2018
Don’t Get Derailed
[18+] Backrider
5

ဖိတ်သ်က အနှိပ်ကုထုံးပညာရှင်တစ်ယောက်ဖြစ်‌ပြီး ငွေပိုရရင် ခန္ဓာကိုယ်ကိုယ်ပါ ပေးလေ့ရှိပါတယ်။ သူဒီလိုကြိုးကြိုးစားစားငွေရှာနေတာ တစ်ချိန်မှာ သူ့ချစ်သူနဲ့အတူနိုင်ငံခြားကိုထွက်သွားဖို့ပဲဖြစ်ပြီး သူ့ချစ်သူကို အွန်လိုင်းလုပ်ငန်းတစ်ခုမှာ ရင်းနှီးဖို့အတွက်ရသမျှငွေကို အပ်ပါတယ်။ သူက ငွေကိုနည်းပေါင်းစုံနဲ့ရှာနေပေမယ့် သူ့ချစ်သူဖြစ်တဲ့ ရေမွန်ကတော့ ငွေရှာတယ်ပြောပြီး အမြဲတမ်းဂိမ်းဆော့ ဘိလိယက်ထိုး အရက်သောက် အမြဲတမ်းအပျော်ရှာနေတဲ့သူပါ။ သူ့ချစ်သူကိုတစ်စစ စိတ်ကုန်လာရင်း ဖောက်သည်အသစ်လူချောတစ်ယောက်ကို ရင်ဖွင့်မိရင်း တစ်ဖြည်းဖြည်းချင်းရင်းနှီးလာပြီး သူတို့နှစ်ယောက်ဟာ ဘ၀တူတွေဆိုတာသိလိုက်ရပါတော့တယ်။ ကားရိုက်ကြဲသလို မတွေ့ရတာလည်း နည်းနည်းကြာသွားတဲ့ မမ Jenn Rosa ဦးဆောင်ပါဝင်ထားပါတယ်။ ( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:10:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by ‌alias

5 2024 63 mins
[18+] Backrider
Hell of a Summer
5.9

Hell of a Summer (2025) IMDb Rating (5.9) / Rotten Tomatoes (52%) ဒီရုပ်ရှင်က နွေရာသီမှာ သည်းထိတ်ရင်ဖိုနဲ့ ဟာသရောထားတဲ့ ကားလေးတစ်ကားပါ။ ဒီဇာတ်ကားကို Finn Wolfhard နဲ့ Billy Bryk ဆိုတဲ့ လူငယ်နှစ်ယောက်က ရေးသားရိုက်ကူးထားပြီး သူတို့ပဲ သရုပ်ဆောင်ထားသေးပါတယ်။ ဇာတ်လမ်းက Camp Pineway ဆိုတဲ့ နွေရာသီ ကလေးတွေအပန်းဖြေစခန်းမှာ ဖြစ်ပျက်တာပါ။ ဇာတ်လမ်းစတော့ စခန်းပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့ John နဲ့ Kathy တို့ဟာ ညတစ်ညမှာ ရုတ်တရက် နတ်ဆိုးမျက်နှာဖုံးနဲ့ လူသတ်သမားတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး သေဆုံးသွားရာကနေ အစပြုတယ်။ နောက်နေ့မှာ အသက် ၂၄ နှစ်အရွယ် Jason Hochberg ဆိုတဲ့ စခန်းကြီးကြပ်ရေးမှူးတစ်ယောက်က သူ့ရဲ့ ဆယ်ကျော်သက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေတာကိုပဲ စိတ်ပူနေရင်း စခန်းကို ရောက်လာတယ်။ ဒါပေမယ့် သူမသိတာက ဒီလူသတ်သမားက စခန်းထဲမှာ လှည့်လည်နေပြီး ကြီးကြပ်ရေးမှူးတွေကို တစ်ယောက်ပြီး တစ်ယောက် ရက်ရက်စက်စက် သတ်ဖြတ်နေတာပဲ။ ဒီရုပ်ရှင်က ၁၉၈၀ ခုနှစ်က Friday the 13th လို ဂန္ထဝင်စခန်းအခြေပြု သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကို ဂုဏ်ပြုထားတဲ့ ဟာသပါတဲ့ ဇာတ်လမ်းမျိုးပါ။ သတ်ဖြတ်ခန်းတွေကို ရုပ်ရှင်ထဲမှာ သိပ်ပြတာမဟုတ်ဘဲ မျက်နှာဖုံးနဲ့ လူသတ်သမားရဲ့ လှုပ်ရှားမှုတွေကို ခပ်သွက်သွက်နဲ့ ဟာသလေးနှောပြီး ရိုက်ပြထားတယ်။ Jason နဲ့ သူ့ရဲ့ စခန်းက သူငယ်ချင်းတွေက ဒီလူသတ်သမားကို ဘယ်လိုရင်ဆိုင်မလဲ ဘယ်သူက ဒီမျက်နှာဖုံးနောက်က ဖြစ်နိုင်မလဲဆိုတာကို ကြည့်ရှုရတာ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီဇာတ်ကားက အရမ်း ကြောက်စရာမဟုတ်ဘူး ဒါပေမယ့် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ဟာသတွေနဲ့ စခန်းထဲက ရယ်စရာ အပြန်အလှန်ဆက်ဆံမှုတွေက ကြည့်လို့အတော်ပျော်ဖို့ကောင်းတယ်။ ဂန္ထဝင်သည်းထိတ်ရင်ဖိုကားတွေကို သဘောကျရင် ဒီကားလေးက လက်မလွှတ်သင့်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size… (1.1 GB) / (700 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Horror, Mystery Duration…. 01:28:28 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Min Khant

Thriller • Crime • Drama
5.9 2025 88 mins
Hell of a Summer
Jin-Roh: The Wolf Brigade

ဒီနေ့မှာတော့ IMDb rating 7.3 ရရှိထားတဲ့ American release anime film လေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Political thriller အမျိုးအစားဖြစ်တဲ့ “Jin-Roh: The Wolf Brigade” anime ထဲမှာဆိုရင် ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံရဲ့ အခြားတစ်ဖက်မှာ ဖြစ်ပေါ်နေတဲ့ လူမှုရေးမငြိမ်မသက်မှုတွေနဲ့ နိုင်ငံရေးပဋိပက္ခတွေအကြောင်း သည်းထိတ်ရင်ဖိုကြည့်ရှူခံစားရမှာဖြစ်ပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ Kazuki Fuse ဟာဆိုရင် မြို့တော်ရဲအဖွဲ့ရဲ့ အထူးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူ့ရှေ့မှာ မိန်းကလေးငယ်တစ်ဦး ဗုံးဖောက်ခွဲတာကို မျက်မြင်တွေ့ ရှိခဲ့ရပြီးနောက် စိတ်ဒဏ်ရာရသွားခဲ့ပါတယ်။ Fuse နဲ့ အဲ့မိန်းကလေးရဲ့အစ်မနဲ့ ပြန်တွေ့ပြီး ဘာတွေဆက်ဖြစ်ကြမှာလဲ။ Wolf Brigade ကရော ဘယ်လိုအဖွဲ့အစည်းလဲ အစရှိတာတွေကို ဒီ anime ထဲမှာ ဆက်လက်‌ကြည့်ရှုခံစားနိုင်ပါတယ်။ အန်နီမေးရှင်းလက်ရာကလည်း အမိုက်စားမို့ သည်းထိတ်ရင်ဖို anime film ကြည့်ရတာ စိတ်ဝင်စားတဲ့သူတွေအတွက် အကြည့်သင့်ဆုံးလက်ရာတစ်ပုဒ်ဖြစ်ပါတယ်။ File size… (1.3 GB) / (772 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama, Romance Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Theint Waddy Lynn

Action • History • Drama • War
0 1999
Jin-Roh: The Wolf Brigade