YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Two Worlds S01E09 1080p CM.mp4

513.55 MB N/A video/mp4 13 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Black Demon
6.2

မက်ဂါလိုဒွန်လို့ခေါ်တဲ့ငါးမန်းကြီးတွေဟာ ကမ္ဘာဦးခေတ်တုန်းက ရှင်သန်နေထိုင်ခဲ့တဲ့ အလွန်ကြီးမားတဲ့ ဧရာမငါးမန်းမျိုးစိတ်‌တစ်ခုဖြစ်ပြီး ကြောက်စရာအကောင်းဆုံးနဲ့ အသက်အန္တရာယ်အပေးနိုင်ဆုံးသတ္တဝါတွေအဖြစ် မှတ်တမ်းဝင်ပါတယ်။အခုချိန်မှာ မျိုးသုဉ်းသွားပြီဖြစ်ပေမဲ့လည်း "မျိုးသုဉ်းပျောက်ကွယ်သွားပြီးဖြစ်သော ကြောက်စရာအကောင်းဆုံး သတ္တဝါဆန်းကြီးများ"၊ "မက်ဂါလိုဒွန်ငါးမန်းကြီးတွေသာ မျိုးမသုဉ်းသွားခဲ့လျှင်" အဲဒီလိုခေါင်းစဉ်တွေနဲ့ YouTube မှာတော့ hot topic တစ်ခုဖြစ်နေဆဲပါပဲ။ မက္ကဆီကန် ဘာဂျာကမ်းခြေက တံငါသည်တွေရဲ့ ပါးစပ်ဒဏ္ဍာရီမှာတော့ ဒီမက်ဂါလိုဒွန်ကြီးတွေကို ရိုးရာနတ်ဘုရားတစ်ပါးရဲ့ အမျက်ဒေါသကြောင့် ဆင့်ခေါ်ခံလိုက်ရတဲ့ မိစ္ဆာကြီးတွေရယ်လို့ အယူရှိပါတယ်။ ဒီလိုအယူရှိတဲ့ မက္ကဆီကန်ကမ်းခြေ ဘာဟီရာဒေသရှိရာကို ပေါလ်နဲ့သူ့မိသားစုဟာ အလုပ်ကိစ္စလည်းလုပ်ရင်း အပန်းဖြေခရီးလည်းထွက်ရင်းဆိုတဲ့ရည်ရွယ်ချက်နဲ့ ရောက်လာခဲ့ပါတယ်။ ကံဆိုးချင်တော့ နတ်ဘုရားတစ်ပါးရဲ့အမျက်နဲ့ တည့်တည့်တိုးပြီး မက်ဂါလိုဒွန်ငါးမန်းကြီးတစ်ကောင်က သူတို့ကိုအသင့်စောင့်နေပါတော့တယ်။ ဒီငါးမန်းကြီးရန်ကလွတ်အောင် သူတို့မိသားစုဘယ်လိုတွေ ရုန်းကန်ရမလဲ၊ မက်ဂါလိုဒွန်ကြီးကရော တကယ်ပဲဒဏ္ဍာရီတွေထဲမှာပြောထားသလို နတ်ဘုရားတစ်ပါးရဲ့ဆင့်ခေါ်မှုကြောင့် ရောက်လာတာလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ တထိတ်ထိတ်နဲ့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ငါးမန်းကားတွေ၊ မိကျောင်းကားတွေက အရင်ကတည်းက ကျွန်တော်တို့နဲ့ရင်းနှီးပြီးသားကားတွေဖြစ်ပြီး ဒီလိုဇာတ်ကားတွေနဲ့ပဲကြီးပြင်းလာတာမို့ ကြည့်ရှုသူတွေနဲ့ သိပ်ပြီးစိမ်းနေမှာမဟုတ်ပေမဲ့ ဇာတ်လမ်းဇာတ်အိမ်က အနည်းငယ်ထူးခြားနေတာမို့ ကြည့်ရတာတော့တန်မယ်ဆိုတာ သေချာပါတယ်ခင်ဗျာ။ သိပ်ပြီးအားမရမိတဲ့အချက်ကတော့ အရင်ကြည့်ဖူးတဲ့ The Meg တို့ Deep Blue Sea တို့လောက် သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေ ပါမနေတာပါပဲ။ ဒီတစ်ခုကလွဲရင် ဇာတ်အိမ်လည်းခိုင်ပြီး ဒီနှစ် (၂၀၂၃) မှာမှထွက်ရှိထားတဲ့ အသစ်စက်စက်ဇာတ်ကားတစ်ကားဖြစ်တာမို့ အားလပ်ရက်မှာ မုန့်လေးစားရင်း ဇာတ်ကားလေးကြည့် အေးအေးဆေးဆေးလေး chill ဖို့ အဆင်ပြေမဲ့ကားတစ်ကားပါပဲခင်ဗျာ။ File size…(2.2 GB)/(1 GB)/(580 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:40:00 Genre...Sci-Fi Horror Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

Law • Mystery
6.2 2023 100 mins
The Black Demon
Coyote
3.1

အခုမှအသစ်စက်စက်ထွက်ရှိထားတဲ့ ရုပ်ရှင်ကားဟာဆိုရင် တကယ်ကစိတ်ဝင်စားဖွယ်ကောင်းတဲ့အပြင် dystopian era ထဲမှာရိုက်ကူးထားတဲ့ကားမျိုးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင်ဖြင့် လူတိုင်းဟာ teleportation နည်းပညာကိုအသုံးပြုပြီးတော့ ခရီးသွားလာနေကြတဲ့အချိန်မှာ ဒုက္ခသည်တွေကလည်း ယူကေ ယူအက်စ် စတဲ့နိုင်ငံတွေကို အဲ့နည်းပညာတွေအသုံးပြုပြီး ခိုးဝင်နေကြတာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ ယူ‌‌ကေမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီးတော့ အန်ယာနဲ့ အက်ကတရီနာတို့ဟာ သူတို့ရဲ့နိုင်ငံကနေ ယူကေကိုထွက်ပြေးဖို့ကြိုးစားနေကြတဲ့သူတွေပဲဖြစ်ပါတယ်။ တစ်ညမှာတော့ အန်ယာရဲ့အဖေကသူတို့နေတဲ့အိမ်ကိုရောက်လာပြီး အန်ယာကိုပြန်ခေါ်ဖို့ကြိုးစားရာကနေ အသတ်ခံလိုက်ရပြီးတော့ သူတို့နှစ်ယောက်ဟာလည်းချက်ချင်းပဲ အဲ့ teleportationနဲ့ ယူကေကိုပို့ပေးတဲ့ ပွဲစားဆီ ကိုအပူသွားကပ်တာကနေ ဘယ်လိုတွေဖြစ်ပြီးတော့ သူတို့နှစ်ယောက်လုံး ယူကေမှာ ဘေးကင်းကင်းနဲ့နေရမလား ဆိုတာကို စိတ်ဝင်စားဖွယ်ရိုက်ပြထားတဲ့ sci fi thirller ရုပ်ရှင်ဇာတ်ကားမျိုးပဲဖြစ်ပါတယ် File size…(1 GB)/(470 MB)/(270 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Drama, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Thura

Drama
3.1 2023 101 mins
Coyote
Where Hands Touch
8

ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ ဂျာမနီမှာ အခြေတည်ထားတဲ့ ဇာတ်လမ်း တစ်ပုဒ်ပါ။ Layna ဟာ ဂျာမန်လူဖြူအမေနဲ့ ပြင်သစ်လူမည်း အဖေတို့ ပေါင်းစပ်ပြီး မွေးလာတဲ့ (၁၆)နှစ်အရွယ် ကလေးမလေးပါ။ Rhineland မှာ မွေးဖွားကြီးပြင်းခဲ့ပြီး ဟစ်တလာရဲ့ နာဇီတပ်ဖွဲ့တွေက Leyna လို သွေး နှောလူမည်း ကလေးတွေကို ရှင်းလင်းပစ်ဖို့ ကြိုးစားနေတာကြောင့် ဘာ လင်မှာများ အန္တရာယ်ကင်းနိုင်မလားဆိုပြီး Leyna ရဲ့ အမေ Kerstin တစ်ယောက် သားနဲ့သမီးကို လက်ဆွဲပြီး ဘာလင်ကို ထွက်လာခဲ့ပါတယ်။ ပိုကောင်းတဲ့ ဘဝတစ်ခု ရနိုင်ဖို့ Leyna ကို ကျောင်းပို့ပြီး စာသင်ပေးခဲ့ပေမဲ့ နီဂရိုးတစ်ယောက် စာသင်ဖို့ မလိုဘူးဆိုပြီး ကျောင်းကနေဆွဲထုတ်ပြီး စက်ရုံ မှာ အလုပ်လုပ်ဖို့ ပို့လိုက်ကြပါတယ်။ အဲဒီနောက်မှာတော့ Leyna တစ်ယောက် ထင်ရှားတဲ့ SSအရာရှိတစ်ဦးရဲ့ သားဖြစ်ပြီး ကိုယ်တိုင်လည်း လူငယ်တပ်ဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Lutz နဲ့ တွေ့ပြီး အချစ်ဇာတ်လမ်း အစပျိုးမိပါတော့တယ်။ ဟစ်တလာဟာ Gestapo လို့ ခေါ်တဲ့ လျှို့ဝှက်ရဲတွေကို အမိန့်ပေးပြီး Rhineland ဒေသက ဂျာမန်-လူမည်း သွေးနှောကလေးတွေကို နောက်ထပ်ဂျာမန်တွေနဲ့ သွေးမနှောနိုင်အောင် သားကြောဖြတ်ဖို့ လျှို့ဝှက်အမိန့်ပေးခဲ့ပါတယ်။ မှတ်တမ်း တွေအရ ကလေးပေါင်း ၈၀၀ ကျော် ရှိတယ်လို့ ဆိုကြပါတယ်။ ဒီရုပ်ရှင်မှာ ဂျာမန်- လူမည်း မိန်းကလေးတစ်ယောက် ဂျာမန်အလုပ်ကြမ်း စခန်းတွေမှာ အသက်ရှင်ဖို့ ရုန်းကန်ရပုံတွေ၊ ကြုံတွေခဲ့ရတဲ့ ဖိနှိပ်မှုတွေကို တွေ့မြင်ရမှာပါ။ ဖျောက်ဖျက်ခံခဲ့ရတဲ့ တကယ့်ဖြစ်ရပ်မှန်တွေကို အခြေခံထားတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်တာ ကြောင့် ခံစားကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe မှဖြစ်ပါတယ်) File Size..........(1.42 GB) / (588 MB) / (343 MB) Quality............WEB-DL 1080p / 720p / 480p Duration.........2Hr 2Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance, War Translator.......Phu Myat Thwe Encoder..........SWM

Drama • Romance
8 2018 122 mins
Where Hands Touch
Match Me If You Can
5.9

လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ Match Me If You Can ဆိုတဲ့ Romance/ Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB rating 5.3 ရရှိထားပြီး ဇာတ်အိမ်ကလည်း တမူထူးခြားနေတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ကားလေးတစ်ကားပါပဲ။ ကစ်ပ်က ကွန်ပျူတာပရိုဂရမ်မာတစ်ယောက်ဖြစ်ပြီး တစ်ဘဝလုံးအချစ်နဲ့ဝေးရာမှာနေလာရတဲ့ စာဂျပိုးမလေးတစ်ယောက်ပါ။ သူ့အတွက်အဖော်ဆိုလို့ ရုံးကအူကြောင်ကြောင် သူငယ်ချင်းသုံးယောက်နဲ့ ဝင်ကစွပ်ကောင်လေးတစ်ကောင်ပဲ ရှိပါတယ်။ ရိုင်လေကတော့ I Promise လို့အမည်ရတဲ့ Online Dating ဝက်ဘ်ဆိုက်တစ်ခုကို ဦးစီးနေသူဖြစ်ပြီး သူ့ရဲ့ကုမ္ပဏီက လူငယ်တွေကြားမှာ ရေပန်းစားတဲ့ကုမ္ပဏီတစ်ခုပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ မထင်မှတ်ဘဲ I Promise မှာ sign up လုပ်ပြီး ရည်းစားရှာဖို့ကြိုးစားခဲ့တဲ့ကစ်ပ်ဟာ ကုမ္ပဏီဘက်က ကစ်ပ်အတွက် ရည်းစားရှာမရနိုင်ကြောင်း ပြန်စာကိုရရှိပြီးနောက်မှာတော့ အကြီးအကျယ်ပေါက်ကွဲပြီး I Promise ကို စတင်တိုက်ခိုက်ပါတော့တယ်။ ရန်သူတွေအဖြစ်စတင်ခဲ့တဲ့ ကစ်ပ်နဲ့ရိုင်လေရဲ့ဇာတ်လမ်းလေးက ဘယ်လိုများအချစ်အသွင်ကို ပြောင်းလဲသွားမှာလဲ‌‌ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုပေးပါဦးနော်။ အခုခေတ်က အင်တာနက်ခေတ်ဖြစ်ပြီး အရာရာကိုအင်တာနက်မှာပဲ အလွယ်တကူရှာဖွေရရှိနေနိုင်တာမို့ online dating app တွေ website တွေဆိုတာလည်း ဒီနေ့ခေတ်လူငယ်တွေနဲ့တော့ သိပ်ပြီးစိမ်းနေမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ရိုးရိုးလေးနဲ့ဆန်းတဲ့ဒီဇာတ်ကားက နားလည်ရခက်မှာလည်းမဟုတ်သလို ကြည့်ရင်းနဲ့အပျင်းပြေစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ File size…(1.91 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mariposa

Adventure • Drama • Fantasy • Romance
5.9 2023 106 mins
Match Me If You Can
The Match
5.9

The Match (2021) ==================== 1944 ခုနှစ် နွေဦးကာလမှာ ထောင်စခန်းက အကျဉ်းသားတွေနဲ့ နာဇီလက်ရွေးစင်အသင်းတို့ ဘောလုံးပြိုင်ခဲ့တဲ့ ဖြစ်ရပ်မှန် အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကဘယ်လိုလဲဆိုရင် ဘရန်ကို ဆိုတဲ့ အဘိုးကြီးတစ်ယောက်က သူငယ်ငယ်က ဆုံခဲ့ဖူးတဲ့ လက်စ်ဇလို ဆိုတဲ့ နာမည်ကြီး ဟန်ဂေရီ ဘောလုံး သမား အကြောင်းကို သူ့မြေးလေးကို ပြောပြနေတဲ့ narrative ဆန်ဆန်ပုံစံ လေးပေါ့။ လက်စ်ဇလိုက နာဇီတွေကို ဘောပွဲတစ်ပွဲမှာ အနိုင်ပိုင်းခဲ့ဖူးတော့ နာဇီတွေက သူ့ကိုတင်းနေတာ၊ အဲတာနဲ့ ညနေခင်းတစ်ခုမှာ နာဇီတွေက သူရောက်နေတဲ့ ‌စားသောက်ဆိုင်ရောက်လာပြီး သူတို့ သိက္ခာပြန်ဆယ်ဖို့အတွက် အလောင်းကစားလုပ်ဖို့ပြောတယ်။ ဇာတ်လိုက်မင်းသားကလည်း ခပ်မာမာနဲ့ ငြင်းလွှတ်လိုက်တော့ သူ့ကို နာဇီတွေက သူ့တို့စခန်းထဲဖမ်းခေါ်သွားရော နောက်‌ကျတော့ ဗိုလ်မှူးတစ်ယောက်က သူနဲ့ နာဇီတွေနဲ့ ဘောလုံးထပ်ကန်ခိုင်း ဖို့အတွက် အပေးအယူတစ်ခုလုပ်လိုက်ပြီး၊ အဲဲဒီနောက် လက်စ်ဇလိုက စခန်းတွေမှာ လူတွေလိုက်စု အပြင်းအထန်လေ့ကျင့်ပြီး နာဇီတွေကိုထပ်ပြီး အနိုင်ပိုင်းနိုင်မလား ဆိုတာကိုတော့ အဘိုးဘရန်ကို ရဲ့ မြေးလေးနဲ့အတူ ဆက်လက်နားထောင်ပေးလိုက် ပါဦးခင်ဗျ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.64 GB) / (835 MB) / (507 MB) Quality…………WebRip 1080p / 720p / 480P Duration………1Hr 59mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, History, Sport Translator…….Khant Sett Naing Encoder……….SWM

Action • Comedy • Crime
5.9 2021 119 mins
The Match
Mortal Kombat Legends: Cage Match
6

Mortal Kombat လို့ပြောလိုက်တာနဲ့ လုံးဝကိုမိတ်ဆက်ပေးစရာမလိုအောင် လူတိုင်းနီးပါးသိကြမှာပါ။အဓိကအားဖြင့်တော့ ဂိမ်းနဲ့နာမည်ကြီးပြီးတော့ Animation တွေရုပ်ရှင်တွေလည်း အများကြီးထွက်ရှိထားပါတယ်။ အခုလည်း Mortal Kombat Legends Cage Match ဆိုတဲ့ Animation ကားတစ်ကားကိုထပ်တင်ဆက်ပေးချင်ပါတယ်။ ရှေ့မှာလည်းတင်ဆက်ပေးထားတဲ့ Mortal Kombat ဇာတ်ကားတွေအများကြီး ရှိတဲ့အတွက်မကြည့်ရသေးရင် ကြည့်လို့ရပါတယ်။ဒီကားထဲမှာတော့ Mortal Kombat ကိုသိတဲ့ လူတိုင်းနဲ့မစိမ်းတဲ့ Johnny Cage (ဂျွန်နီကေ့ဂျ်) အကြောင်းကို တွေ့ရမှာပဲဖြစ်ပါတယ်။သူ့ရဲ့ဘဝနေထိုင်မှုပုံစံတွေ မင်းသားအလုပ်အကိုင်တွေအပြင် တခြားအကြောင်းအရာတွေ အများကြီးကိုလည့်းတွေ့ရမှာပါ။အကျဉ်းချုပ်ပြောရရင်တော့ ဂျွန်နီတစ်ယောက် နင်ဂျာမိုင်းဆိုတဲ့ရုပ်ရှင်ရိုက်ကူးနေရင်းသူနဲ့ အတူရိုက်ကူးနေတဲ့ မင်းသမီးပျောက်သွားလို့ ဇာတ်ကားဆက်ရိုက်လို့မရတော့မှာကို စိတ်ပူပြီး ကိုယ်တိုင် လိုက်ရှာရင်းနဲ့ ရှုပ်ထွေးတဲ့ အမှောင်နတ်ဘုရားတွေနဲ့ပတ်သတ်တဲ့ အန္တရာယ်တွေကို တွေ့မြင်လာရပြီး ဘယ်လိုတွေရင်ဆိုင်မလဲ သူ့အစွမ်းတွေကရော ဘယ်လိုရလာတာလည်း ဆိုတာကိုမြင်ရမှာပဲဖြစ်ပါတယ်။ File size…1.44GB / 653MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 16m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6 2023 80 mins
Mortal Kombat Legends: Cage Match
The Day of the Jackal
7.8

The Day of the Jackal (1973) ~ IMDb – 7.8/10, Rotten Tomatoes – 90% ~ ပြင်သစ်နိုင်ငံရဲ့ ၁၉၆၂ ခုနှစ်ကတော့ နိုင်ငံရေး မုန်တိုင်းထန်တဲ့ အချိန်လို့ပဲပြောပါတော့။ စစ်ရေးဗိုလ်ချုပ်တွေကနေ နိုင်ငံတော်သမ္မတနေရာ ဝင်ယူတာမျိုးတွေ၊ စစ်ဘက်မှာလည်း နိုင်ငံရေးဆန်ချင်တဲ့အဖွဲ့နဲ့ စစ်ရေးအမြင်ကိုသာ ဆုပ်ကိုင်ချင်တဲ့အဖွဲ့တွေဆိုပြီး ဂိုဏ်းကဏ္ဍတွေ ကွဲခဲ့တဲ့အချိန်ပါပဲ။ ဒီလိုနဲ့ ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ နိုင်ငံတော်သမ္မတ ချားလ် ဒီဂေါလ် က အာဂျီးရီးယားကို လုံးဝလွတ်လပ်ရေးပေးလိုက်တယ်။ ရင်ကို မြေကတုတ်လုပ်ပြီး တစ်လက်မချင်းစီကို သွေးချောင်းစီးတိုက်ယူခဲ့ရတဲ့ စစ်ဘက်ရေးရာပုဂ္ဂိုလ်တွေကတော့ ဘယ်ကျေနပ်နိုင်ပါ့မလဲလေ။ ဒီလိုနဲ့ နိုင်ငံတော်သမ္မတကို လုပ်ကြံဖို့ OAS မြေအောက်အဖွဲ့ကို တည်ထောင်ပြီး သမ္မတကို အကြိမ်ကြိမ် လုပ်ကြံခဲ့ကြတယ်။ တစ်ခါ မအောင်မမြင်ဖြစ်တိုင်း ဦးစီးသူတစ်ယောက် အသက်ပေးလာရတဲ့အခါ OAS အဖွဲ့ကြီး ချိနဲ့လာတော့တာပေါ့။ ဒီမှာတင် နိုင်ငံခြားသား ကြေးစားလုပ်ကြံရေးသမားတစ်ယောက်ကို ငွေအပုံလိုက်ပေးပြီး ငှားရမ်းလိုက်တော့တာပဲ။ သူကတော့ ခေသူမဟုတ်ဘူးပေါ့ဗျာ။ လုပ်ကြံရခက်ခဲတဲ့ နိုင်ငံတော်အဆင့်ခေါင်းဆောင်တွေကို လုပ်ကြံပြီး ခြေရာဖျောက်သွားတတ်တဲ့သူကြီး။ သူကိုယ်တိုင်ဆင်းလာပြီး ပြင်သစ်သမ္မတကို လူ့လောကထဲက မောင်းထုတ်ဖို့ ကြံစည်အားထုတ်သွားတဲ့ ဇာတ်လမ်းကောင်းပါပဲ။ ပြင်သစ်အစိုးရအဖွဲ့နဲ့ OAS အဖွဲ့တို့ကလည်း အပြန်အလှန် နှစ်ဖက်ချွန်သူလျှိုတွေနဲ့ တစ်ယောက်ခြေလှမ်း တစ်ယောက်စောင့်ကြည့်နေကြချိန်ပါ။ ဒီမှာတင် လုပ်ကြံရေးသမား အမည်ဝှက် ဂျက်ကယ်လ် (သဲကန္တာရမြေခွေး) က ပြင်သစ်အစိုးရတစ်ဖွဲ့လုံးနဲ့တစ်ယောက် ဉာဏ်ပြိုင်ပြီး လုပ်ကြံဖို့ကြိုးစားခဲ့ပုံတွေကို ၂ နာရီခွဲနီးပါး အားရပါးရ ကြည့်ရှုရပါမယ်။ သိပ်ကိုကောင်းမွန်တဲ့ ဝေဖန်ချက်တွေရခဲ့တဲ့ ဇာတ်လမ်းပါ။ ခရမ်းချဉ်သီးပုပ် ၉၀ % ရထားတာကိုသာ ကြည့်ပေတော့။ ပရိသတ်ကလည်း ကြိုက်တဲ့ရုပ်ရှင်ပဲ။ IMDb 7.8 အထိ ရထားတဲ့ 1973 ခုနှစ်က ဟောင်းပေမဲ့ ကောင်းနေဆဲဇာတ်ကားကြီးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.6GB, 1GB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 23Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Horror • Romance
7.8 1973 143 mins
The Day of the Jackal
What Happens Later
5

What Happens Later (2023) Meg Ryan ဆိုတဲ့ မင်းသမီးကြီးကို အားလုံးလည်း သိကြမှာပါ။ When Harry Met Sally, Sleepless in Seattle, You’ve Got Mail နဲ့ City of Angels တို့လို ဂန္ထဝင်ရိုမန့်ကားတွေမှာချည်း သရုပ်ဆောင်ခဲ့တဲ့ ရိုမန့်ကွင်း မင်းသမီးကြီးပါပဲ။ Top Gun မှာလည်း သူ့ရဲ့ထုံးစံ ကပိုကရိုအလှနဲ့ ပုရိသတွေကို ဖမ်းစားခဲ့ဖူးတယ်ပြောရင် မမှားပါဘူး။ သူ့သမိုင်းကို ပြန်လှန်ကြည့်လိုက်ရင် ရိုမန့်ကားတွေမှာချည်း သရုပ်ဆောင်ထားတာကို တွေ့ရပါလိမ့်မယ်။ ဒါ့အပြင် အဲဒီကားတွေအကုန်ကလည်း ဂန္ထဝင်တန်းဝင်ကားတွေဖြစ်ခဲ့ဖူးတယ်။ ဒီတစ်ခေါက်မှာတော့ သူ့ရဲ့ဒါရိုက်တာအနေနဲ့ ပွဲဦးထွက်ရုပ်ရှင် ထွက်ရှိလာပါပြီ။ သူကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်းကူရေး မင်းသမီးလုပ်ထားတဲ့ ရုပ်ရှင်ကားပေါ့။ သူ့ဝသီအတိုင်း သူပိုင်နိုင်တဲ့ ရိုမန့်ကားပဲဆိုတော့ သူ့ပရိသတ်တွေအတွက်တော့ နောင်တမရစေမယ့်ကားဆိုတာ ဗေဒင်သွားတွက်စရာမလိုပါဘူး။ မင်းသားကတော့ The X-Files စီးရီးရဲ့ မင်းသားကြီး David Duchovny ပါ။ ဇာတ်လမ်းကတော့ အနှစ် 20 ကျော်ကြာမှ ပြည်တွင်းလေဆိပ်မှာ မထင်မှတ်ဘဲ ပြန်ဆုံတဲ့ ချစ်သူဟောင်းနှစ်ယောက်ရဲ့ အတိတ်တုန်းက ပဟေဠိကို ပြန်လည်ဖြေရှင်းတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ အရွယ်တစ်ခုရောက်နေပြီဖြစ်တဲ့ လူကြီးတွေရဲ့ Generation Gap ကြောင့် ယနေ့ခေတ်မှာ အခက်တွေ့နေရတာကိုပါ မြင်ရမှာပါ။ ဆယ်ကျော်သက်အရွယ်မှာ ချစ်မိခဲ့ပြီး ဘ၀ထူထောင်ဖို့ရာ အသင့်မဖြစ်သေးဘဲ နားလည်မှုလွဲပြီး ကွဲကွာသွားကြတဲ့ ဘေလ်နဲ့ဝီလာတို့ စုံတွဲ… ဘေလ်က ရိုးရှင်းတဲ့ မိသားစုတည်ဆောက်ချင်ပြီး ဝီလာက‌တော့ အရာရာကို မှော်ဆန်ဆန်တွေးတတ်ပြီး မိခင်ဖြစ်ဖို့ အသင့်မဖြစ်သေးဘူး ထင်တဲ့သူ… အက်ကြောင်းတွေထပ်လာတဲ့ သူတို့ပတ်သက်မှုက ဝီလာ့ဗိုက်ထဲက သမီးလေးကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ပြတ်တောက်သွားပါတယ်။ တကယ်က ဘေလ်က ဝီလာကို တစ်ခွန်းမှ မပြောဘဲထားပြီးထွက်သွားခဲ့တာပါ။ နှင်းမုန်တိုင်းကြောင့် သွားစရာရှိတဲ့ခရီးစဉ်ကြန့်ကြာနေပြီး သူတို့နှစ်ယောက် လေဆိပ်မှာ သောင်တင်နေတဲ့အခါ ဒီအဖြစ်က သူတို့ရဲ့ အတိတ်က မကျေလည်မှု အထင်အမြင်လွဲမှားမှုတွေကို ပြန်ဖြေရှင်းဖို့ အခွင့်အရေးလားဆိုတာ လိုက်ပါစီးမျောခံစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 875MB Quality – 1080p, 720p IMDb Rating – 5/10 Format – mp4 Duration – 1H 43Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5 2023 104 mins
What Happens Later
Say Anything…
7.3

Say Anything… (1989) ~ IMDb – 7.3/10, RT – 98%, Meta – 86% ~ Say Anything က Ghostတို့ Titanicတို့ 10 Things I Hate About You တို့လို When Harry Met Sally… တို့လို Classic Romance ကားပဲ။ အနီးစပ်ဆုံးအရသာတူတာကတော့ When Harry Met Sally… နဲ့လို့ ပြောရမယ်။ တစ်နှစ်တည်းထွက်တဲ့ ရိုမန့်ဟာသကားချင်းအတူတူကိုး။ သူ့ဇာတ်ကတော့ အထက်တန်းကျောင်း ကျောင်းဆင်းပွဲနေ့ကနေစတယ်။ ကျောင်းက အရာရာတော်နေတဲ့ ထက်မြက်တဲ့ကျောင်းသူလေးကို သွားကြိုက်မိတဲ့ ပေတေတေနေတဲ့ကောင်လေးတစ်ယောက်က သူအဲဒီကောင်မလေးကို ချစ်မိနေတဲ့အကြောင်း သူ့ဘော်ဒါနှစ်ယောက်ကို ပြောရာကစတယ်။ သူ့ဘော်ဒါမတွေကတော့ သူ့ကို မဖြစ်နိုင်တာတွေ မလုပ်နဲ့ ဘာညာ တားကြပေမဲ့ သူကတော့ ရအောင်လိုက်မယ်ဆိုပြီး လိုက်လေရဲ့။ ကောင်မလေးက သူ့ကို စိတ်ဝင်စားပေမဲ့လည်း အဖေတစ်ခုသမီးတစ်ခုနေနေတဲ့ သူတို့ဘဝမှာ သူ့အဖေရဲ့ အတွေးတွေက သူ့ကို လွှမ်းမိုးထားတော့ သူ့စိတ်အတိုင်းသွားရခက်နေခဲ့တယ်။ ဒီလိုနဲ့ကောင်လေးကပဲ ကောင်မလေးကို ပြောင်းလဲပေးနိုင်မလား။ ကောင်မလေးကပဲ ကောင်လေးကို ပြောင်းလဲပေးသွားမလားဆိုတဲ့ ဇာတ်ပေါ့။ A Walk to Remember နဲ့တောင် နည်းနည်းခပ်ဆင်ဆင်ပဲ။ ဒါပေမဲ့ Say Anything ကတော့ ကလပ်စစ်ပိုဖြစ်သလို သူ့ထဲက ကတ်ဆတ်ကြီးအကျယ်ကြီးဖွင့်ပြီး မ,လာပြီး ကောင်မလေးအိမ်ရှေ့ရောက်လာတဲ့အခန်းကတော့ ရိုမန့်ရုပ်ရှင်သမိုင်းရဲ့ Iconic အခန်းတွေထဲပါသလို သူ့ဇာတ်ကလည်း Reality တော်တော်ဆန်တဲ့ဘက်ကို သွားတယ်။ ဇာတ်ကြောင်းက Romanceကားပေမဲ့ Reality မတရားဆန်နေတော့ ဇာတ်ကြောင်းသစ်သလိုဖြစ်နေတယ်။ ရုပ်ရှင်ကတော့ ဆယ်ကျော်သက်ရုပ်ရှင်ဆန်ပေမဲ့ အတွင်းမှာ ပိုနက်နဲခါးသက်တဲ့အရာတွေကိုလည်း ထည့်ထားတဲ့ရုပ်ရှင်လို့ ပြောကြပေမဲ့လည်း တကယ်တမ်း ဒီရုပ်ရှင်ကြည့်ဖို့ ဒါတွေမလိုပါဘူး။ Say Anything ဟာ အတန်းထဲက ကိုယ်ကြိတ် Crushနေတဲ့ ကောင်မလေးကို ရဲရဲတင်းတင်းလိုက်ပိုးရင်း ကောင်မလေးဘက်က အခြေအနေပေးလာတဲ့ အချစ်ဇာတ်လမ်းလေးရဲ့ အခင်းအကျင်းမှာ ဘဝတွေအတိုင်း မိသားစု ကျောင်းစတဲ့ လွမ်းစရာဆွေးစရာ အဖြစ်တွေပေါ်လာတဲ့ ဇာတ်ပါပဲ။ တစ်ခါတလေ ဒါတွေက ကျွန်တော်တို့ငယ်ဘဝတွေပေါ့။ တစ်ခါတလေ လွမ်းစရာအတိနဲ့ ဇာတ်တွေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.5GB, 930MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 40Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.3 1989
Say Anything…
Journey to the West: Conquering the Demons
6.8

Journey to the West Conquering the Demons (2013) IMDb Rating (6.7) / Rotten Tomatoes (94%) ဒီရုပ်ရှင်ကို Stephen Chow က ဒါရိုက်တာအဖြစ်ရော တွဲဖက်ပရိုဂျူဆာအဖြစ်ပါ ဖန်တီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့ အနောက်ဖက်သို့ခရီးသွားခြင်း ဒဏ္ဍာရီကို အခြေခံထားပြီး ကျမ်းစာသယ်တဲ့ ခရီးစဉ်မစတင်မီ ဆရာတော်ထန်စန်းကျန့်ဆိုပြီးဖြစ်မလာခင် သူ့ရဲ့တပည့်၃ယောက်ဖြစ်လာမယ့် ဝူခုန်းတို့ ပါကျဲတို့ မိစ္ဆာဘဝဖြစ်စဉ်နဲ့ မိစ္ဆာတွေကို နှိမ်နင်းတဲ့အကြောင်းကိုရိုက်ကူးထားတာပါ။ ဇာတ်လမ်းလေးကတော့ မြစ်ဘေးကရွာတစ်ရွာမှာ ငါးမိစ္ဆာကြီးတစ်ကောင်သောင်းကျန်းနေတာကို ထန်စန်းကျန့်ကနှိမ်နင်းဖို့ကြိုးစားရာကနေစတင်ပါတယ်… မိစ္ဆာကိုမသတ်ဘဲ မေတ္တာနဲ့အစွဲချွတ်ချင်တဲ့သူ့ရဲ့လမ်းစဉ်ဟာ ထင်သလောက်မအောင်မြင်ပါဘူး… သူက လောကကြီးကိုကယ်တင်ဖို့ရာ ကြီးမားတဲ့မေတ္တာတရားကသာ အခရာလို့ သိထားပေမယ့် အစွမ်းမရှိတဲ့ သာမန်လူဖြစ်နေတော့ အခက်အခဲတွေအများအပြားနဲ့ စမ်းတစ်ဝါးဝါးဖြစ်နေခဲ့ပါတယ်။ဆိုတော့ကာ ထန်စန်းကျန့်ကိုအစွမ်းထက်အောင် ဘယ်သူကအလင်းပြမလဲ….လာပါပြီ မမရှုကြည်(Shu Qi)ပါပဲခင်ဗျာ….ထန်းစန်းကျန့်အဖြစ် မင်းသား Wen Zhang ရော မင်းသမီးရှုကြည်ရော အတိုင်အဖောက်ညီတာမလို့ ဒီရုပ်ရှင်က Rating မြင့်မားတဲ့ Journey to the West ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ Stephen Chow ရဲ့ လက်ရာခြေရာတချို့ပါတာမလို့ မြင်နေကျ Journey to the West ဇာတ်လမ်းတွေနဲ့မတူဘဲ ကွဲပြားတဲ့ရသတချို့ကို ပေးစွမ်းနိုင်ခဲ့ပါတယ်။

6.8 2013
Journey to the West: Conquering the Demons
Jaws: The Revenge

Jaws Franchiseက အကျတော်တော်မှန်တဲ့ Franchiseလို့ပြောရပါမယ်။ ပထမကားမှာ ချီးကျူးခံရပေမဲ့ တစ်ကားထက်တစ်ကား ပိုပိုလို့ အဆဲခံရလာတဲ့ရုပ်ရှင်ပါပဲ။ ၄မှာတော့ ၃ကို မဆက်တော့ဘဲ ၃ကဟာတွေအကုန်ပယ်ချပစ်လိုက်ပါတယ်။ ဒီထဲမှာလည်း မိုက်က အဓိကဇာတ်ကောင်နီးနီးနေရာရထားပါတယ်။ ဒါပေမဲ့ ဒီမှာတော့ သူ့အလုပ်အကိုင်ပြောင်းသွားပါတယ်။ အင်ဂျင်နီယာမဟုတ်တော့ဘဲ အဏ္ဏဝါဇီဝဗေဒပညာရှင်ဖြစ်သွားပါတယ်။ အဓိကဇာတ်ကောင်ကတော့ ဘရိုဒီ့မိန်းမ အယ်လန်ပါ။ သူ့ယောက်ျားလည်း ငါးမန်းလာပြန်သတ်မှာကို လန့်ရင်းနဲ့ သေသွားသလို သူ့သားအငယ်ဆီလည်း ငါးမန်းက တမင်လက်စားလာချေတာလို့ သူယုံနေခဲ့ပါတယ်။ ဒီတော့ သူဟာ သူ့ရဲ့ကျန်ခဲ့တဲ့သားဖြစ်တဲ့ မိုက်ကို ရေနဲ့ဝေးဝေးနေစေချင်နေတယ်။ ဒါပေမဲ့ မိုက်အလုပ်ကိုက ရေထဲဆင်းရတဲ့အလုပ်ဖြစ်နေတဲ့နောက် လက်စားချေချင်နေတဲ့ ငါးမန်းကိုရှောင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ ဒီလိုနဲ့ အယ်လန်ဟာ သူ့သားကိုကယ်ဖို့ ပင်လယ်ထဲထွက်ပြီး ငါးမန်းကိုရှာတဲ့ အကြောင်းကို ရိုက်ပြထားတာပါ။ ပထမ၂ကားက ဘရိုဒီ့မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကပဲ ပြန်သရုပ်ဆောင်ပေးထားသလို မိုက်ကယ်ကိန်းကလည်း ဝင်အားဖြည့်ပေးထားပေမဲ့ Jaws 4ဟာလည်း တော်တော်ဝေဖန်ခံခဲ့ရတဲ့ ရုပ်ရှင်တစ်ကားဖြစ်လာပါတယ်။ ရိုက်ဖြစ်ပုံကလည်း ယူနီဗာဆယ်က သူတို့ရဲ့ ခက်ခဲနေတဲ့နှစ်တွေမှာ ရှေ့က jaws အဆက် ၂ကားဟာ အဆဲခံရလည်း ဝင်ငွေတော့ကောင်းသေးတာကြောင့် ငွေရပြီးရောသဘော ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း အဆိုးဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့တယ်။ ဒီရုပ်ရှင်ကို မိုက်ကယ်ကိန်းရိုက်နေတုန်းက ရော်ဂျာအတ်ဘတ်က ” မိုက်ကယ်ကိန်းက Hannah and Her Sistersရုပ်ရှင်အတွက် သူရခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်ဆုကိုယူဖို့ ပွဲမတက်တာက Jaws 4 ရိုက်နေလို့ဗျ။ သူက ဒီရုပ်ရှင်ကို လုံးဝစိတ်နှစ်ထားတာ ။ မပြီးမချင်း အိမ်ပြန်ဖို့အစီအစဉ်မရှိဘူး။ ဘာလို့ဆို အဲဒီရိုက်ကွင်းကနေ သူထွက်လာမိရင် လုံးလုံးပြန်သွားချင်တော့မှာမဟုတ်တာ သူ့ကိုယ်သူသိနေလို့ပဲ”လို့ အရွှန်းဖောက်ခဲ့ပါသေးတယ်။ Jaws 4 ဟာ ငွေကြေးအရလည်း Jawsကားတွေထဲ မအောင်မြင်ဆုံးရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ ပြောခဲ့သလိုပါပဲ။ စပီးဘာ့ခ်ရဲ့ မှော်ကို စပီးဘာ့ခ်ဆီကပဲ ကျွန်တော်တို့ ရနိုင်မှာပါပဲ။ File size… 2.8 GB / 1.2 GB Quality… BluRay Remastered 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Adventure/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

0 1987 89 mins
Jaws: The Revenge
The Man Who Shot Liberty Valance
8.1

ဒီရုပ်ရှင်ဟာဆိုရင် ဒါရိုက်တာ ဂျွန်ဖို့ဒ် ရိုက်ကူးခဲ့တဲ့ အနောက်တိုင်းဂန္တဝင်ရုပ်ရှင်ကား တစ်ကားပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာဆိုရင် ဥပဒေသမားလေး ရန်ဆမ် စတောဒတ် နဲ့ ဥပဒေဆို မထီမဲ့မြင်ပြုပြီး ကမ်းကုန်အောင် မိုက်ရိုင်းတဲ့ လစ်ဘာတီ ဗဲလန့်စ် ကြားထဲက ဇာတ်လမ်းအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အထက်လွှတ်တော်အမတ် ဖြစ်တဲ့ ရန်ဆမ် စတောဒတ် ဟာ သူ့နယ်မြို့လေးကို ချစ်ဇနီး ဟယ်လီ နဲ့အတူ ပြန်ရောက်လာပါတယ်။ လာရင်းကတော့ ရန်ဆမ်ရဲ့ သူငယ်ချင်း ဇာပနအတွက်ပါ။ အဲဒီမှာ သတင်းထောက်သမားတွေက အထက်လွှတ်တော်အမတ်တစ်ယောက်က နယ်မြေလေးကို ဒုန်းဆိုင်းပြန်လာရတဲ့အကြောင်းရင်းကို သိချင်ဇောနဲ့ အင်တာဗျူးဖို့ ကြိုးစားကြပါတော့တယ်။ ဒီတော့ ရန်ဆမ့် အနေနဲ့ အတိတ်က ဇာတ်လမ်းဟောင်းလေးဖြစ်တဲ့ “လစ်ဘာတီ ဗဲလန့်စ် ကို ပစ်ခဲ့သူ” အကြောင်း ပြန်ပြောပြဖို့ရာ အကြောင်းဖန်လာပါတော့တယ်… ဒီရုပ်ရှင်ဟာဆိုရင် ရန်ဆမ် စတောဒတ် နဲ့ သူ့သူငယ်ချင်း၊ နောက်ပြီး ဟယ်လီတို့ ကြားထဲက သုံးပွင့်ဆိုင်ဇာတ်လမ်းကို ပါးပါးလေးပုတ်ပြသွားတာကိုတွေ့ရမှာဖြစ်ပြီး၊ ဟာသ အနည်းအကျဥ်း နဲ့ ဇာတ်အိမ်ကို ကျစ်ကျစ်လစ်လစ်ဖြစ်အောင် တင်ဆက်ထားတာကို တွေ့ရမှာပါ။ တစ်ခါတစ်လေတော့ ဒီလို အဖြူအမည်းကားလေးတွေကို ပြန်ကြည့်ရတာလည်း အရသာ တစ်မျိုးပါပဲ… ခံစားလိုက်ကြပါဦးဗျာ… File size…(2.4 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:03:00 Genre… Classical Western, Drama, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min

Animation • Family • Action • Adventure • Fantasy
8.1 1982
The Man Who Shot Liberty Valance
Jane
6.1

Jane (2017) *********** ဒီတစ်ခေါက်မှာတော့ ကိုရီးယားရုပ်ရှင်ပွဲတော်များစွာမှာ သရုပ်ဆောင်မှုအတွက်ရော ဇာတ်ဝင်ခန်းရိုက်ချက်တွေအတွက်ပါ ဆုပေါင်းများစွာ ဆွတ်ခူးခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးလောကမှာလည်း ချီးကျူးမှုတွေ ခံခဲ့ရတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ D.P. ထဲက မင်းသား Koo Gyo Hwan, Lee Min Ji နဲ့ Itaewon Class ထဲက Lee Joo Young တို့ အဓိကပါဝင်ထားတဲ့ ဒီကားလေးမှာ စွန့်ပစ်ခံထားရပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ဆယ်ကျော်သက်မိန်းကလေး ဘန်းဆိုဟျွန်းနဲ့ မိခင်သဖွယ်‌နွေးထွေးကြင်နာတတ်တဲ့ လိင်ပြောင်းအမျိုးသမီး ဂျိန်း (Jane)တို့နှစ်ဦးကို ဇာတ်အိမ်တည်ထားပါတယ် .. ဘန်းဆိုဟျွန်းဟာ အစ်ကိုသဖွယ် အားကိုးရတဲ့လူတစ်ယောက်ရဲ့ စွန့်ပစ်တာကို ခံရပြီး ဘဝကြီးကို သူများလက်အောက်မှာ ကျီးလန့်စာစားရင်း ဖြတ်သန်းနေရတဲ့ မိန်းကလေးတစ်ဦး ဖြစ်ပါတယ်။ ဦးတည်ရာမဲ့ရင်း ဆိုးလ်မြို့လမ်းမပေါ် သွားလာနေချိန်မှာ .. သူမလိုပဲ လူမှုအသိုင်းအဝိုင်းရဲ့ ဖယ်ကျဥ်ခြင်းကို ခံရတဲ့ Jane က သူမကို ခေါ်ယူမွေးစားပြီး သူမလို ပုံစံတူလူငယ်များနဲ့ မိသားစုလေးတစ်စု ဖွဲ့စည်းခဲ့တယ်။ ဒီလိုနဲ့ ဆိုဟျွန်းအတွက် Jane ဟာ စိတ်ခွန်အားတစ်ရပ်၊ နားခိုရာအိမ် ဖြစ်လာခဲ့ပြီး ဘဝဒဿနတွေကို သင်ယူရာ ကျောင်းတော် ဖြစ်လာခဲ့ပါတော့တယ် .. သူတို့နှစ်ဦးရဲ့ ဇာတ်လမ်းလေးဟာ ရုပ်ရှင်ထဲမှာ အိပ်မက်လိုလို လက်တွေ့ဘဝလိုလို ဇာတ်ကွက်တွေ ရောယှက်နေပြီး လူ့အဖွဲ့အစည်းက ‌ဘေးဖယ်ထားတဲ့သူတွေရဲ့ ဘဝကို ကောင်းကောင်းမီးမောင်းထိုးပြနိုင်ခဲ့တဲ့ကားကောင်းလေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် .. File size…1.9GB / 631MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 45m Genre ….. Life, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Esther Oo Encoded by AHtet

Drama • Romance
6.1 2017
Jane