YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Twist of Fate S01E27 720p CM.mp4

195.06 MB N/A video/mp4 115 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Civil War Saint

ဇာတ်လမ်းလေးကတော့ တိုက်ပွဲအတွင်းမှာဒဏ်ရာရလာတဲ့ ဂျွန်နသန်ကို ဆေးရုံက ဝီလာမီနာဆိုတဲ့ခွေးကရှာတွေ့ပြီးတော့ ကယ်ဆယ်လိုက်ပါတယ်။ နောက်ပြီး ဂျွန်နသန်မေ့နေတုန်းက စစ်ပွဲကြီးပြီးသွားတဲ့အတွက် အကုန်လုံးအိမ်ပြန်ကြတယ်။ ဂျွန်နသန်ပြန်သတိရလာတဲ့အခါမှာတော့ သူနာပြုဆရာမကြီး က စစ်ပွဲကြီးပြီးသွားကြောင်းနဲ့ အကုန်လုံးနေရပ်ကိုပြန်သွား ကြောင်းပြောပြတယ်၊ အဲ့ဒါနဲ့ပဲ ဂျွန်နသန်လည်းသူ့နေရပ်ဖြစ်တဲ့ မေယာလန်းကိုပြန်ဖို့လုပ်တယ်၊ ဆေးရုံမှာစောင့်ရှောက်မယ့်သူ မရှိတဲ့ ဝီလာမီနာဆိုတဲ့ခွေးမကို သူနာပြုဆရာမကြီးက ခေါ်သွား ပေးဖို့တောင်းဆိုတယ်၊ လမ်းမှာလည်းအဖော်ရတဲ့အတွက် ဂျွန် နသန်ဟာခေါ်သွားဖို့ဆုံးဖြတ်လိုက်တာပေါ့။ ဒီလိုနဲ့ ဂျွန်နသန်ရဲ့ အိမ်ပြန်ခရီးမှာမမျှော်လင့်ထားတာတွေဖြစ်လာတဲ့အခါမှာတော့....... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size..........(1.47 GB) / (693 MB) / (460 MB) Quality............WEB-RIP 1080p / 720p / 480p Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, War Translator.......Tin Myo Lwin Encoder..........SWM

Drama
0 2022 70 mins
Civil War Saint
Sleepers
7.6

IMDb...7.5,,,,Rt...73 Robert De Niro ,Kevin Bacon  နဲ့ Brad Pitt တို့ အဓိကပါဝင်ထားတယ်.. စာရေးဆရာ Lorenzo Carcaterraရဲ့ best sellerဖြစ်ခဲ့တဲ့ ဒီဇာတ်ကားဟာ စာအုပ်အဖြစ်ထုတ်ဝေတုန်းမှာ ဝေဖန်သူတွေ၊ သတင်းရေးသူတွေကြားမှာ ဝေဖန်မှုတွေနဲ့ အငြင်းပွားဖွယ်ဖြစ်ခဲ့သလို ရုပ်ရှင်အဖြစ်ရိုက်ကူပြီးနောက်မှာလည်း အတော်လေးဂယက်ရိုက်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ရုပ်ရှင်ထဲမှာပါတဲ့ အကြောင်းအရာတွေဟာ နယူးယော့မြို့တော်အတွက် မေးခွန်းထုတ်စရာ ဖြစ်နေလို့ပါပဲ။ စာဖတ်သူတွေအနေနဲ့ ဒီဝတ္ထုဟာ အဖြစ်မှန်ဟုတ်သလား မဟုတ်ဘူးလားဆိုတဲ့အကြောင်းကို သို့လောသို့လောဖြစ်ရာမှာ ဝတ္ထုရေးဆရာ Lorenzo Carcaterraကတော့ အဖြစ်မှန်ဖြစ်ကြောင်း တစ်ခါအတည်ပြုဖူးပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာနေရာတွေကတော့ ဒီလိုအဖြစ်အပျက်မျိုးမရှိဖူးကြောင်း ငြင်းချက်ထုတ်တာပေါ့။ တစ်ခုသတိပေးချင်တာကတော့ ကလေးသူငယ်နှိပ်စက်မှုတွေပါဝင်လို့ စိတ်ခိုင်မှ ဒီကားကို ကြည့်စေချင်ပါတယ်။ နယူးယော့မြို့ ရွှေ့ပြောင်းလုပ်သားတွေနေထိုင်ကြတဲ့ Hell's Kitchenဆိုတဲ့ ဆင်းရဲသားရပ်ကွက်လေးမှာ သူငယ်ချင်းလေးယောက်ဟာ တခြားကလေးတွေလိုပဲ ရပ်ကွက်ထဲ ဆော့ကစားလိုက် ဘုရားကျောင်းတက်လိုက်နဲ့ပေါ့။ အားရင်အားသလို ဘုရားကျောင်းမှာ ဘုန်းတော်ကြီးအကူအဖြစ် ဝင်လုပ်လေ့ရှိသလို ပိုက်ဆံရရင်ရသလိုလည်း နာရေး‌တွေမှာ ဝင်ကူလေ့ရှိပါတယ်။ ဆင်းရဲကြပေမယ့် ရှိတာလေးနဲ့ ရောင့်ရဲစွာ ပျော်ပျော်ရွှင်ရွှင်နေတတ်ကြတဲ့ ကလေးတွေပေါ့။ သူတို့သူငယ်ချင်းတွေကြားမှာ နောက်ပြောင်ကျီစယ်ခြင်းကိုလည်း အလှည့်ကျလုပ်လေ့ရှိပါတယ်။ တစ်ခါမှာတော့ သူငယ်ချင်းအဖွဲ့လိုက် လုပ်လိုက်တဲ့ ကျီစယ်မှုဟာ မရည်ရွယ်ထားဘဲနဲ့ လူတစ်ယောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတဲ့အတွက် လူငယ်ထိန်းသိမ်းရေးစခန်းကို ‌လေးယောက်လုံး အပို့ခံလိုက်ရပါတယ်။ အဲဒီထိန်းသိမ်းရေးစခန်းမှာပဲ အစောင့်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုတွေ၊ လိင်အမြတ်ထုတ်မှုတွေကြောင့် စိတ်ရောကိုယ်ပါ ဒဏ်ရာအသီးသီး။ နောက်ပြောင်မှုတစ်ခုကြောင့် ပြန်ရလိုက်တဲ့အဖိုးအခကတော့ တစ်ဘဝလုံးစာစိတ်ဒဏ်ရာတွေ။ အားလုံးဟာ ဒီနေ့အထိ ညအိပ်ရင်တောင် မီးပိတ်ပြီး မအိပ်ရဲတဲ့အထိပါပဲ။ နောက်၁၃နှစ်ကြာတဲ့အချိန်မှာတော့ လက်စားချေဖို့ အခွင့်အရေး ပြန်ရလာတဲ့အခါမှာတော့.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Jane ပဲဖြစ်ပါတယ်.. File Size : (2.39GB)(866MB) and (246MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:27:00 Genre : Crime ,Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Action • Science Fiction • Thriller
7.6 1996 147 mins
Sleepers
9 Bullets
5.2

လူရယ်လို ဖြစ်လာရင် မိသားစုကောင်း၊ အိမ်နီးချင်းကောင်းရှိဖို လိုအပ်ပါတယ်။ ဒါမှ အန္တရာယ်တစ်ခုခု ကြုံလာရတိုင်းမှာ ကိုယ့်ကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီကားလေးထဲမှာတော့ အဖော်အချွတ် အကမယ်လေးက အိမ်နီးနားချင်းဖြစ်တဲ့ ၁၁ နှစ် အရွယ်ကောင်လေးကို ကယ်တင်ဖို့ အသက်လုပြေးရင် ကာကွယ်ရတဲ့ Thriller ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အစမှာ ဆမ် ဆိုတဲ့ကောင်လေးရဲ့ မိဘတွေ အသတ်ခံရပြီး လူသတ်သမားတွေက ဆမ်ကိုပါ သတ်ဖို မြေလှန်ရှာတဲ့အခါမှာတော့... - ဘာအတွက်ကြောင့် ဆမ် ကို လိုချင်ကြတာလဲ...? - အိမ်နီးချင်း ဂျစ်ပစီဆိုတဲ့ ကောင်မလေးက ဘယ်လို ကယ်တင်သွားမလဲ...? - လွတ်မြောက်သွားနိုင်ပါ့မလား...? Game of Thrones မင်းသမီး Lena Headey အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ကလေးသရုပ်ဆောင် Dean Scott ရဲ့ acting တွေကလည်း မခေတာမို Thriller ဆန်ဆန် ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ (ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thura Hein ပဲ ဖြစ်ပါတယ်) File size…1.4GB / 780MB  Quality…1080p AAC 5.1CH / 720p  Format…mp4 Duration….1h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa Hein

Comedy • Drama • Horror
5.2 2022 96 mins
9 Bullets
Mahaan
6.8

ယခုနှစ်မှထွက်ရှိလာတဲ့အိန္ဒိယတောင်ပိုင်း ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မဟတ္တမဂန္ဒီကို လေးစားအားကျတဲ့မိသားစုမှာမွေးဖွားလာတဲ့ ဂန္ဒီမဟန်ဆိုတဲ့လူတစ်ယောက်အကြောင်းကိုအခြေခံပြီး တင်ဆက်ထားတာပါ။ ဂန္ဒီမဟန်ရဲ့အဖိုးနဲ့အဖေဟာ မဟတ္တမဂန္ဒီကိုအင်မတန်လေးစားတာကြောင့် သူ့ရဲ့နာမည်ကိုပါဂန္ဒီလို့ပေးထားတဲ့အပြင် မဟတ္တမဂန္ဒီနဲ့မွေးနေ့တစ်ရက်ကွာနေလို့ မွေးစာရင်းမှာပါ တစ်ရက်စောသွင်းလိုက်တဲ့အထိပါပဲ။ နောက်တော့သူကိုယ်တိုင်ကလည်း မဟတ္တမဂန္ဒီကိုစံပြအဖြစ်သတ်မှတ်ထားတဲ့ နာချီဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်ခဲ့ပါတယ်။ နာချီဟာအရမ်းကိုစည်းကမ်းတင်းကြပ်ပြီး ဟောလီးဝုဒ်ဇာတ်ကားတွေရဲ့ပိုစတာကိုမြင်ရင်တောင် သူ့သားကိုမျက်လုံးပိတ်ထားခိုင်းတဲ့အထိပါပဲ။ ဘာကြောင့်လဲဆိုတော့ ဟောလီးဝုဒ်ဇာတ်ကားတိုင်းမှ ာကြမ်းတမ်းပြီးညစ်ညမ်းတဲ့ဇာတ်ဝင်ခန်းတွေပါဝင်တယ်လို့ သူကယုံကြည်ပါတယ်။ ဂန္ဒီမဟန်အနေနဲ့ကတော့ သူ့ဘေးကလူတိုင်းဟာ ဂန္ဒီကိုအတိုင်းထက်အလွန်ကိုးကွယ်နေကြရုံမက သူ့ကိုပါအမြဲဖိအားပေးလေ့ရှိတာကြောင့် ဂန္ဒီအကြောင်းကြားရင် စိတ်အနှောင့်အယှက်ပါဖြစ်လာတဲ့အထိပါပဲ။ သူ့အမြင်မှာတော့ မဟတ္တမဂန္ဒီရဲ့လမ်းစဥ်ဟာ တချို့နေရာမှာတရားသဘောနဲ့မကိုက်ညီရင်တောင် လွပ်လပ်ပျော်ရွှင်မှုကိုရှာဖွေဖို့ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ သူ့မိန်းမနဲ့အ ဖေရဲ့ဖိအားပေးမှုတွေကြောင့် သူတို့ပြောသလို မဟတ္တမဂန္ဒီရဲ့ နေထိုင်မှုပုံစံအတိုင်းနေလာခဲ့ရင်းအသက်လေးဆယ်အရွယ်မှာတော့ သူ့ရဲ့ငယ်သူငယ်ချင်း စက်သီယန် နဲ့အမှတ်မထင်ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ စက်သီယန်က အဲဒီအချိန်မှာသူ့အဖေရဲ့အရက်ချက်လုပ်ငန်းကိုဆက်ခံထားသူဖြစ်ပြီးတော့ ဂန္ဒီမဟန်ကလည်းသူနဲ့ပြန်ပေါင်းမိတဲ့အချိန်မှာ အရင်ကမလုပ်ဖူးတဲ့မကောင်းမှုတွေကို ဆက်တိုက်လုပ်ရင်း မဟတ္တမဂန္ဒီကိုမုန်းတီးသူတစ်ယောက်ပါဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ဆက်သွားရင်းသူ့ဘဝအတွက်အရမ်းကိုအရေးပါတဲ့ရွေးချယ်မှုတစ်ခုကိုလုပ်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့...။ လူတွေမြင်ဖူးနေကျဇာတ်လမ်းမျိုးလည်းမဟုတ်တဲ့အပြင် ဇာတ်ကားကပုံမှန်ထက်ကြာပေမယ့် ပျင်းစရာမကောင်းသလို ကြည့်ရကျိုးလည်းနပ်မယ့် ကားကောင်းတစ်ကားဖြစ်လို့ ရုပ်ရှင်ပရိသတ်တွေ အထူးသဖြင့် တောင်ပိုင်းကားတွေကြိုက်တတ်ရင်တော့ မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။ File size…1.2Gb / 2.8GB Quality…720p WEB DL AAC 2.0  / 1080p HEVC  Format…mp4 / mkv Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Haruko & Shwe Pwint &  Yate

Horror • Mystery
6.8 2022 163 mins
Mahaan
Project Power
6.5

IMDb Rating - 6.1/10 #Unicode August 14 ရက်နေ့က Netflix ကနေပြသသွားတဲ့ Action, Crime, Sci-Fi ကားကောင်းလေးကို တင်ပေးချင်ပါတယ်။ ဇာတ်လမ်း အကျဥ်းလေးကိုပြောပြရရင်တော့ . . . နယူးအော်လင်းမြို့ရဲ့ လမ်းတွေပေါ်မှာ ဆေး အသစ်အဆန်းတစ်မျိုးရဲ့ သတင်းက ပျံ့နှံနေပါတယ်။ ထိုဆေးက မူးယစ်စေတဲ့ ဆေးမဟုတ်ဘဲ သောက်လိုက်တဲ့လူကို ၅ မိနစ်ခန့် စူပါစွမ်းအားပေးတဲ့ဆေးပါ။ ကိုယ်က ဘာအစွမ်းရမယ်ဆိုတာကိုတော့ သောက်ပြီးမှပဲ သိရမှာပါ။ တစ်ချို့က ကိုယ်ပျောက်နိုင်တယ်။ တစ်ချို့က သေနတ်ပြီး တယ်။ အဲဒီလိုကွဲပြားတဲ့ အစွမ်းတွေပေးတဲ့ဆေးကို အသုံးချပြီး လူတွေက ပစ်မှုတွေ ကျူးလွန်လာတဲ့အခါမှာတော့ ရဲတွေအနေနဲ့ ဘယ်လိုဖြေရှင်းကြမလဲ။ ဒီဆေးတောင့်တွေ ဘယ်ကရောက် လာတာလဲ။ ဒီဆေးကိုဖန်တီးရတဲ့ ရည်ရွယ်ချက်ကဘာလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Htet Wai Lwin ပဲဖြစ်ပါတယ်။) Quality –  1080p, 720p WebRip Duration - 1hr 51 min Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Crime, Sci-Fi Source : 1080p.WebRip Translator – Htet Wai Lwin Encoder – SWM

Action & Adventure • Drama • Mystery
6.5 2020 113 mins
Project Power
Inubu: The Dog Club
6

Inubu: The Dog Club (2021) ~ MyDramaList – 7.5/10, IMDb – 6/10 ~ ဖြစ်ရပ်မှန်ပေါ် အခြေတည်ပြီးရိုက်ကူးထားတဲ့ ၂၀၂၁ ခုနှစ်ထွက် ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ခွေးချစ်သူဖြစ်ဖြစ် ကြောင်ချစ်သူဖြစ်ဖြစ် တိချစ်သူတိုင်းအတွက် ရင်ထဲရောက်စေမယ့် ကြည့်သင့်တဲ့အကြည်ဓာတ်ကားလေးဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့… တိုဝါဒါ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ရဲ့ ဆေးကျောင်းသားဖြစ်သူ “ဟနိုင်း-ဆိုတ”ဟာ တိရစ္ဆာန်တွေကို အလွန်အမင်း ကရုဏာရှိတဲ့သူတစ်ယောက်ပါ။ သူတို့ကိုချစ်တဲ့စိတ်ကြောင့် တိမွေးကုဆရာဝန်တစ်ယောက် ဖြစ်လာအောင် ကြိုးစားနေသူလည်းဖြစ်ပါတယ်။ ၂၀၀၀ခုနှစ် နွေရာသီမှာ ဂျပန်ရဲ့ တိရစ္ဆာန်ဂေဟာတစ်ခုကနေ ခွေးတစ်ကောင်ကိုမွေးစားဖို့ သွားရင်းနဲ့ သူ့လိုပဲ ခွေးချစ်သူ သူငယ်ချင်းတွေရလာခဲ့ပါတယ်။ လေလွင့်ခွေးလေးတွေကို သူ့တိုက်ခန်းကျဉ်းထဲမှာစုမွေးထားပြီး သူငယ်ချင်းတစ်သိုက်က အတူတူစောင့်ရှောက်ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ လမ်းပျောက်နေတဲ့ခွေးလေးတစ်ကောင်ကို သူ့ထုံးစံအတိုင်းကယ်လာခဲ့ပါတယ်။ အစကတော့ ဆေးကုပေးပြီး ပိုင်ရှင်လက်ထဲပြန်အပ်ဖို့ပါပဲ။ ဒါပေမဲ့ ပိုင်ရှင်က သူတို့ဆေးတက္ကသိုလ်ရဲ့သုတေသနဌာနက ပါမောက္ခကြီးမှန်းသိရတော့ ဟနိုင်းတွေ‌ဝေသွားပါတယ်။ အကြောင်းရင်းကတော့ သုတေသနခန်းက ခွေးတွေဟာ တစ်ချိန်ကျရင် ခွဲစိတ်လေ့ကျင့်မှုအတွက် အရှင်လတ်လတ်ဗိုက်ခွဲကာ လေ့ကျင့်ခံရင်း သေဆုံးကြရမှာမို့လို့ပါပဲ။ “တစ်ယောက်ကိုစတေးခြင်းက အများကိုကယ်တင်နိုင်မယ်” လို့ စာဆိုရှိသော်ငြားလည်း တိရစ္ဆာန်တွေကိုအရမ်းချစ်တဲ့ ဟနိုင်းကတော့ တိတွေကို ဒီလိုသေဆုံးနေရတာကနေ ကယ်တင်ဖို့ ပိုင်ရှင်ရှာပေးမယ့် ခွေးဌာန(Inubu)ကို စတင်တည်ထောင်ပြီး မိတ်ဆွေတွေနဲ့အတူ အိမ်မွေးတိရစ္ဆာန်တွေကို စကယ်ပါတယ်။ ဒီလိုနဲ့ ၁၈နှစ်အကြာမှာတော့ အတိတ်ကဖြစ်ရပ်တွေ တကျော့ပြန်လာတဲ့အခါ… သူတို့ကြုံရမယ့် တိလေးတွေနဲ့ပတ်သက်တဲ့ ချစ်စရာဖြစ်ရပ်လေးတွေ ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေရဲ့ ခါးသီးမှုတွေနဲ့အတူ တိမွေးကုဆရာဝန်တွေရဲ့ မတူညီတဲ့မေတ္တာတွေနဲ့ လောကအကြောင်း တစေ့တစောင်း သိခွင့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 1GB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 54Min Genre – Family Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Action • Drama • History • War
6 2021
Inubu: The Dog Club
Aurora: A Love Story
5.5

ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးကိုမှ လှည့်ကွက်ပါတာတွေ တရားခံစဥ်းစားရတဲ့ ပြန်ပေးဆွဲဇာတ်လမ်းတွေကြိုက်တယ်ဆိုရင် ၂၀၂၃ မှာထွက်ရှိထားတဲ့ Aurora: A Love Story ကိုကြည့်ဖို့ပြောချင်ပါတယ်။ “အချစ်အတွက်ဘယ်လောက်ထိစွန့်လွှတ်နိုင်လဲ၊ ဘယ်လောက်ထိခွင့်လွှတ်ပေးနိုင်လဲ” အချစ်ဆိုတဲ့စကားလုံးဟာ ပုံစံအမျိုးမျိုးနဲ့ သူစိမ်းတွေအချင်းချင်းကြား မိသားစုအချင်းချင်းကြားမှာတည်ရှိပါတယ်။ ဒါပေမဲ့ အချစ်ကအမြဲချိုသာပြီး လှပနေတဲ့အရာတော့မဟုတ်ပါဘူး။ ဒီဇာတ်ကားလေးက လှပတဲ့အချစ်နောက်ကွယ်ကမုသားတွေ၊ အလိမ်အညာတွေကို လှည့်ကွက်တွေနဲ့ရိုက်ပြထားတာပါ။ ကန်နီဂိမ်းစ်နဲ့ ဂီဆယ်ဇေဘီယာတို့ဟာ ခရစ္စမတ်နေ့မှာ Puerto Rico ဆိုတဲ့ အရမ်းလှတဲ့ကျွန်းလေးမှာလက်ထပ်ကြမှာပါ။ သူတို့နှစ်ယောက်ဟာ သိတာ မကြာသေးပေမဲ့ အရမ်းချစ်ကြတဲ့အတွက် လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတာပဲ ဖြစ်ပါတယ်။ လက်မထပ်ခင်သုံးရက်လောက်အလိုကနေ Puerto Rico ဆိုတဲ့ ကျွန်းမှာ မိသားစုတွေ၊ အရင်းနှီးဆုံးသူငယ်ချင်းတွေကိုခေါ်ပြီး ပျော်ပျော်ပါးပါး ပါတီပွဲကျင်းပကြပါတယ်။ ဒါပေမဲ့ ကန်နီဂိမ်းစ်ရဲ့အစ်မဖြစ်သူလီယာက ဂီဆယ်ကို သိပ်သဘောမကျပါဘူး။ ဂီဆယ်ကတစ်ခုခုကိုဖုံးကွယ်ထားတယ်ထင်နေပါတယ်။ သူတို့ ကျွန်းပေါ်ကိုရောက်လာပြီး ပျော်ပျော်ရွင်ရွင်အချိန်ကုန်ဆုံးကြပြီးတော့ လက်ထပ်မယ့်နေ့မှာ သတို့သမီးပျောက်သွားပါတော့တယ်။ အစက ကန်နီဂိမ်းစ်ရဲ့ အစ်မကြောင့် မင်္ဂလာပွဲကနေထွက်ပြေးသွားတယ်လို့ထင်ကြပေမဲ့ ဂီဆယ်ကို ပြန်လိုချင်ရင် ဒေါ်လာ၂မီလီယံပေးရမယ်ဆိုတဲ့ ခြိမ်းခြောက်စာတစ်ခုသူတို့ဆီ ရောက်ရှိလာတဲ့အခါ အရာအားလုံးဟာပြောင်းလဲသွားပါတော့တယ်။ File size…1.19GB/ 519MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 35m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

5.5 2023 95 mins
Aurora: A Love Story
Tantiram Chapter 1: Tales of Sivakasi
8.7

Tantiram (2023) “တစ္ဆေများရဲ့မာယာ” IMDb 8.7 ရထားတဲ့ စိတ်ဝင်စားစရာ တေလဂူး Mystery Horror ကားကောင်းတစ်ကားပါ မျက်နှာသိ သရုပ်ဆောင်တွေဖြစ်တဲ့ Priyanka Sharma နဲ့ Srikanth Gurram တို့ပါဝင်ထားပြီး ဝေဖန်ရေးဆရာတို့ရဲ့ ရီဗျူးလည်း ကောင်းတာမို့ အချိန်ပေးရတာ တန်မှာပါ “ထိုင်နေတော့ ကောင်းသား ထသွားမှ ကျိုးမှန်းသိ” ဆိုသလို ဘဝမှာ တချို့ကိစ္စတွေမှာ ကိုယ်က သူများရဲ့ အကူအညီယူမိကာမှ ဒုက္ခလှလှ တွေ့ရတဲ့ အဖြစ်တွေ ရှိတတ်ကြပါတယ် ဒီဇာတ်လမ်းမှာ ရိုးရာ ဒဏ္ဏာရီဇာတ်လမ်းတစ်ခုကို နောက်ခံထားပြီး စတင်ထားပါတယ် ဒီကားထဲက “ဂျင်” ဆိုတဲ့ စွမ်းအားမြင့် တစ္ဆေတွေက ဘုရားသခင်ဖန်ဆင်းခဲ့တာဖြစ်ပြီး သူတို့ကို တားမြစ်ထားတဲ့ ပညတ်တွေလည်း ရှိလို့နေပါတယ် ဒါကတော့ လူသားမိန်းမနဲ့ အိပ်လို့ မရတာပါပဲ ဒီစည်းမျဥ်းကို ဖောက်ဖျက်ကြတဲ့ “ဂျင်” တို့ဟာ ကြီးလေးတဲ့ အပြစ်ကို ခံကြရပါတယ် သို့ပေသိ တော်တော်ဖြစ်တဲ့ “ဂျင်” ပုဂ္ဂိုလ်တို့ဟာ လူသားမိန်းမကို တပ်မက်လွန်းတာကြောင့် သူတို့ရဲ့ အထီးကျန်ဆန်ချိန်တွေကို စောင့်ပြီး သွေးဆောင် ဖြားယောင်းကြပါတယ် ဘာလာချန်ဒရန်က ခိုးရာလိုက်ပြီး သူ့အဖေကို ထားခဲ့တဲ့ အမေဖြစ်သူကို |စိတ်နာပြီး မိန်းမတွေကို မုန်းတီးနေသူတစ်ယောက်ပါ သူ့အဖေလည်း တစ်ပင်လဲလို့ တစ်ပင်ကလည်း ထူချင် ထိုစဥ်က ရွာမှာ အသက်ရှင်တဲ့ မိန်းမရှိရက်နဲ့ မယားငယ်ထားရင် ရွာက နှင်ထုတ်တတ်တဲ့ ဓလေ့လည်း ရှိနေတော့ သူတို့ရဲ့ မီးရှူးမီးပန်း စက်ရုံကို သားဖြစ်သူဆီ လွှဲအပ်ခဲ့ပြီး ရွာပြင်မှာ ဇနီးသစ်လေးနဲ့ သွားနေပါတော့တယ်… သားဖြစ်သူကိုလည်း အချောဆုံးဆိုတဲ့ မိန်းကလေးနဲ့ ပေးစားလိုက်ပါတယ် အဖေလည်းမရှိတော့ အထီးကျန်နေတဲ့ ဘာလာချန်ဒရန်က တစ်ညမှာ စာရင်းတွက်နေတုန်း “ဂျင်” ရဲ့ ခြောက်လှန့်မှုကို ခံလိုက်ရပါတယ် အစက မိန်းမတွေကို မုန်းပြီး ကိုယ့်ဇနီးသည်ကို အနားကပ်မခံတဲ့ ဘာလာ ဟာ အိပ်မက်ဆိုးတွေ မက်တာကြောင့် ကြောက်ကြောက်နဲ့ ဇနီးလေးရဲ့ ပြုစုယုယမှုကို လက်ခံလိုက်ပြီး ချစ်ကြည်နူး တစ်တီတူး သွားကြပါတော့တယ် သူတို့ရဲ့ ချစ်ခြင်းကို ခွဲမှာကတော့ “ဂျင်” ဆိုတဲ့ တဏှာရူးတစ္ဆေပဲ ဖြစ်ပြီး ဘာလာချန်ဒရန်ကို အာလာဒင်ကားထဲက မီးခွက်စောင့်ဘီလူးလို လိုရာဆုတောင်းစေ ဆိုပြီး သူ့မိန်းမကို တဖန်စားရဖို့ ကြံပါတော့တယ်….. ဒီကားရဲ့ ဇာတ်လမ်းသွားပုံ ဇာတ်ညွှန်း နဲ့ သရုပ်ဆောင်တွေက မိတ်ဆွေကို ထိုင်ခုံအစွန်းမှာ မြဲနေစေမှာ ဖြစ်တာမို့လို့ အခုပဲ ဒေါင်းကြည့်လိုက်ပါဦး IMDb 8.7 ကလည်း လူထောင်ချီ vote ပေးထားတာမို့ ကြည့်ရတာ တန်မှာပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က KKKZ ~ Aditi ~ Cherry တို့ ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.7 2023
Tantiram Chapter 1: Tales of Sivakasi
Detective Karthik
6.8

Detective Karthik 2023 (စုံထောက်ကြီးကာသစ်) Detective and mystery seeker CMပရိသတ်တို့သဘောကျမယ့် IMDb – 6.9 ရထားတဲ့ စုံထောက်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ မမျှော်လင့်ထားတဲ့plot twistလေးတွေနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် ဇာတ်လမ်းတည်ထားတဲ့ရုပ်ရှင်‌လေးဖြစ်တာမလို့ ရှုစားပေးကြပါဦး။ တောစပ်မှာတွေ့တဲ့ ကျောင်းသူလေးတစ်‌ယောက်အလောင်းကြောင့် အရာရှိစီရီကန့်သ်ရဲ့ အကူအညီတောင်းမှုနဲ့ အလွတ်တန်းစုံထောက်မလေးဆန်ဒရာနဲ့ ပါလဗီတို့လည်း အမှုလာစုံစမ်းပါတော့တယ်။ သေဆုံးသူဟာ ရီရှိတာဆိုတဲ့ကျောင်းသူလေးဖြစ်ပြီး တောအုပ်နားကကျောင်းက ကျောင်းသူလေးဆိုတာ သိလိုက်ရချိန်မှာတော့ ဆန်ဒရာတစ်ယောက် ကျောင်းမှာသွားစုံစမ်းရင်း ပျောက်ချင်းမလှပျောက်သွားပါတော့တယ်။ တစ်ဖက်မှာတော့ ဆန်ဒရာကိုနေ့တိုင်းလာရှိတ်နေတဲ့ကာသစ်တစ်ယောက် ဆန်ဒရာရုံးမလာလို့ အမြဲအတူသွားနေကြ ပါလဗီကိုအမေးမှာ ဆန်ဒရာပျောက်နေတာ ၃ ရက်ရှိမှန်း သိလိုက်ရတဲ့အခါ… တစ်ချိန်က ကိစ္စတစ်ခုကြောင့် အလွတ်တန်းစုံထောက်ဘဝကနေ အနားယူခဲ့တဲ့ကာသစ်တစ်ယောက် မတော်ရသေးတဲ့ချစ်သူကိုရှာဖို့ ရီရှိတာသေဆုံးမှုကို စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Yunni ~ ToMo ~ BpL ~ Alexတို့ပဲ ဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

6.8 2023
Detective Karthik
[18+] The Last Resort
5.3

The Last Resort (2023) ပရိသတ်အခိုင်အမာရှိပြီးသား Vivamax တို့ AQ Prime တို့လို Streaming လောကထဲကိုတိုးဝင်လာတဲ့ Platform အသစ် Goblin Films ရဲ့ပွဲဦးထွက်ဇာတ်ကားဖြစ်ပါတယ်။ ကားနာမည်က The Last Resort ပါ။ ဇာတ်ကားထဲမှာတော့ အလုပ်ကိုဦးစားပေးလွန်းပြီး ခင်ပွန်းကို၊ အိမ်ထောင်ရေးကိုအချိန်မပေးနိုင်တဲ့အိမ်ရှင်မ၊ အဲဒါကို အကြောင်းပြပြီး ခင်ပွန်းဖြစ်သူဖောက်ပြန်တဲ့အထိဖြစ်သွားတဲ့ ဇနီးမောင်နှံနှစ်ယောက် သူတို့အိမ်ထောင်ရေးကိုပြန်အဖတ်ဆည်ဖို့ ကုထုံးပညာရှင်နဲ့တိုင်ပင်၊ အချစ်တွေကိုပြန်နွှေးဖို့ အပန်းဖြေခရီးထွက်ကြပါတယ်။ သူတို့သွားတဲ့ Resort နာမည်က The Last Resort လို့ခေါ်ပါတယ်။ သူတို့မတိုင်ခင် အပန်းဖြေသွားတဲ့ လူငယ်အဖွဲ့တစ်ဖွဲ့မှာလည်း ကောင်မလေးတစ်ယောက်အမူးလွန်အိပ်ပျော်နေချိန် ညဘက်မှာ ကာမဘီလူးစီးခံလိုက်ရတဲ့ဖြစ်စဉ်တစ်ခုဖြစ်ဖူးပါတယ်။ အချစ်တွေကိုပြန်ဖာထေးဖို့ခရီးထွက်လာတဲ့ သူတို့ဇနီးမောင်နှံရော ဘာတွေကြုံကြမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ Vivamax လို Mainstream လိုင်းထက် Indie ဘက်ကိုနွယ်ပုံရပြီး သရုပ်ဆောင်တွေကလည်း Indie ကားဘက်ကလူတွေပါ။ Vivamax ထက်အပြတွေ ပိုမိုကြမ်းတမ်းပါတယ်။ ခုတော့ အဲဒီကုမ္ပဏီက ပျက်သွားပြီဖြစ်လို့ သူတို့ရဲ့ ပထမဆုံးကားနဲ့ နောက်ဆုံးကားလေးကို အသစ်အဆန်းတစ်ခုအနေနဲ့ ခံစားကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 785MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 7Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Crime • Drama • Comedy
5.3 2023 67 mins
[18+] The Last Resort
Hunt to Kill
5.1

တစ်ခေတ်တစ်ခါက အက်ရှင်ဇာတ်ကြမ်းကားတွေထဲမှာ အလွန်နာမည်ကြီးခဲ့တဲ့ မင်းသားဟောင်းကြီး Steve Austin ရဲ့ 2010 တုန်းကထွက်ရှိခဲ့တဲ့ Hunt To Kill ဆိုတဲ့ အက်ရှင် ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 5.1 ရရှိထားပြီး Rotten Tomatoes မှာ 34% သာရရှိထားပေမဲ့ ဇာတ်ကားကသူ့ခေတ်သူ့အခါအတိုင်းအတာနဲ့ အထိုက်အလျောက်တော့ကြည့်ကောင်းပါတယ်။ဂျင်မ်ဆိုတဲ့ လူတစ်ယောက်က ရဲတပ်ဖွဲ့ကဖြစ်ပြီးလုပ်ငန်းခွင်အတွင်းဖြစ်ရပ်ဆိုး တစ်ခုကြောင့် သူ့ တွဲဖက်ဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့အခါမှာ သမီးဖြစ်သူနဲ့ အတူပြန် အနားယူနေခဲ့ပါတယ်။သမီးဖြစ်သူကလည်း လူငယ်ပီပီ ပြဿနာ မီးခွက်ထွန်းရှာတဲ့အခါမှာတော့ ရဲစခန်းရောက်သွားခဲ့ပါ တော့တယ်။ဒီလိုနဲ့ သမီးဖြစ်သူကိုပြန်လိုက်ရွေးဖို့လိုက်သွားခဲ့တဲ့ အခါမှာတော့ ရဲစခန်းမှာထိတ်လန့်စရာမြင်ကွင်းကိုမြင်လိုက်ရ ပါတော့တယ်။အဲ့ဒါကတော့လူဆိုးတစ်သိုက်က ရဲစခန်းကိုဝင်စီးထားတဲ့ မြင်ကွင်းပါပဲ။သမီးဖြစ်သူက လူဆိုးတွေကြားမှာရှိနေပြီးတော့ ရဲမှူးကလည်း အသတ်ခံလိုက်ရပါတယ်။နောက်မှသိလာရတာက အဲ့ဒီလူဆိုးတွေက ဘဏ်ဓားပြတိုက်တဲ့လူတွေဖြစ်ပြီး ပိုက်ဆံတွေ အကုန်ယူပြီး ထွက်ပြေးသွားတဲ့ သူတို့ထဲကလူတစ်ယောက်ကို လိုက်ရင်းနဲ့ ဒီကိုရောက်လာတာပါပဲ။နေရာမှားကို အချိန်မှား ရောက်သွားခဲ့တဲ့ ဂျင်မ်တို့သားအဖသူတို့ လက်ကနေလွတ်မြောက်နိုင် ဖို့အတွက် အဲ့ဒီလူကိုရှာဖို့ ကူညီပေးရပါတော့တယ်။ဒီလိုနဲ့ သူတို့သား အဖနဲ့ လူဆိုးတစ်သိုက်တောထဲမှာ ထွက်ပြေးသွားတဲ့လူကိုလိုက်ရှာရင်း ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး ဘာတွေဖြစ်ကြမယ်ဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…2.07GB / 1.14GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 38m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.1 2010
Hunt to Kill
Touch of Evil
8

IMDb – 8/10 ဂန္တဝင်​ရုပ်ရှင်​ Citizen Kane ကို ရိုက်​ကူး၊ သရုပ်​ဆောင်​ခဲ့တဲ့ ဒါရိုက်တာ​ Orson Welles ရိုက်​ကူး​ထား​ပြီး ၁၉၅၈ ခုနှစ်​မှာ ထွက်ရှိ​ခဲ့တဲ့​ ဒီဇာတ်ကားက Noir/ Thriller အမျိုး​အစား​ မှုခင်း​ရုပ်ရှင်​ဖြစ်​ပါတယ်။ Ten Commandments မှာ Moses အဖြစ်​၊ Ben Hur ရုပ်ရှင်​မှာ Ben Hur​ အဖြစ်​ အဓိက​ဇာတ်​ကောင်​နေရာတွေ​ကနေ သရုပ်ဆောင်​ခဲ့တဲ့ မင်းသား​ကြီး​ Charlton Heston က ဒီ​ဇာတ်​ကား​မှာ မက္ကဆီကန်​အရာရှိ Vargas အဖြစ်​ အဓိက​သရုပ်ဆောင်​ထားပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ မက္ကဆီကိုနဲ့ အမေရိက​ နယ်စပ်​အနားက မြို့​လေး​တစ်မြို့မှာ ကားဗုံး​ပေါက်ကွဲ​မှုတစ်ခု ဖြစ် သွားပါတယ်။ မက္ကဆီကန်​ မူးယစ်​အရာရှိ​တစ်ဦးဖြစ်တဲ့ Miguel Vargas နဲ့ အမေရိကန်​စုံထောက်​အရာရှိ​ ကပ္ပတိန်​ Hank Quinlan​တို့ ဒီအမှုကို အတူစုံစမ်းဖော်ထုတ်ကြရာမှ နှစ်ဦး​ကြား​ ပဋိပက္ခ​တွေဖြစ်ပွားလာပြီး တစ်​ချိန်​တည်း​မှာ​ Vargas​ ရဲ့ ဇနီး​ Susan ကိုလည်း​ Vargas​ ရဲ့ရန်သူ Grandi မိသားစု​က ဒုက္ခ​ပေး​ဖို့ ကြံစည်​လာပါ​တာ့တယ်။ ဒီဇာတ်ကားကို ရိုက်ကူး​တဲ့ ဂန္တဝင်​ဒါရိုက်တာ​ကြီး Orson Welles က ရဲ​အရာရှိ​ကြီး Hank Quinlan​ နေရာ​မှာ သရုပ်ဆောင်​ထား​ပါတယ်။ အဖြူ​အမည်း​ရုပ်​ရှင်​ကိုမှ Noir​ အမျိုးအစား​ဖြစ်​ပေမဲ့​ Thriller ဇာတ်လမ်း​ပီပီ ဆွဲဆောင်​မှုရှိတဲ့ ဇာတ်​အိမ်​နဲ့အတူ​ Orson Welles ရဲ့​ အကောင်း​ဆုံး​ရုပ်ရှင်​တွေ​ထဲက တစ်ခု​အဖြစ်​ သတ်မှတ်​ခံထားရ​ပါတယ်။ ၁၉၉၈ မှာ Universal က ဒီရုပ်ရှင်ကို ဗားရှင်းအသစ်နဲ့ ပြန်​လည်​ထုတ်​လွှင့်​ခဲ့ပါသေးတယ်။ File size…(1.9 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:35:00 Genre… Film Noir, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

8 1958 111 mins
Touch of Evil
Amy
7.8

“Amy Winehouse” ရိုးရှင်းမှုနဲ့ အင်အားကြီးမားမှုတို့ ပေါင်းစပ်ထားတဲ့ နာမည်တစ်ခုက ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်စေဖို့ သာမန်မိသားစုလေးတစ်စုကနေ Amy Winehouse ကို ၁၉၈၃ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာ မွေးဖွားပေးခဲ့ပါတယ်။ Documentary Film တွေရဲ့ ထုံးစံအတိုင်းပဲ သူ့ရဲ့အင်တာဗျူးတွေ၊ မိသားစု၊ သူငယ်ချင်းမိတ်ဆွေ တွေရဲ့ အင်တာဗျူးတွေ၊ ဗီဒီယိုမှတ်တမ်းတွေ၊ တီဗီအစီအစဉ်တွေကနေတစ်ဆင့် Amy ရဲ့ ဘဝဖြစ်စဉ်ကို နောက်ခံစကား‌ပြောပုံစံမျိုးနဲ့ တင်ဆက်ထားပါတယ်။ ဂျက်ဇ်ဂီတကို ခုံမင်တဲ့ Amy ရဲ့ ငယ်ဘဝဟာ တီးဝိုင်းအဖွဲ့တွေထက် တစ်ကိုယ်တော်ဖျော်ဖြေရေးသမားတွေရဲ့ သီချင်းတွေကို နားထောင်ရင်း ကြီးပြင်းခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံး မန်နေဂျာဖြစ်လာခဲ့သူ Nicky Shymansky ရဲ့ တိုက်တွန်းမှုကြောင့်ပဲ သီချင်းတွေကို စတင်ရေးသားဖြစ်ခဲ့ပါတယ်။ ကိုယ်ပိုင်ခံစားချက်သီးသန့်ကိုပဲ သီချင်းအဖြစ် ဖန်တီးတတ်သူ Amy ဟာ ငယ်ရွယ်တဲ့အချိန်မှာပဲ ကိုယ်ဆိုမယ့်သီချင်းကို ကိုယ်တိုင်ရေးစပ်နိုင်တဲ့ Musical Genius တစ်​ယောက်ဖြစ်နေခဲ့ပါပြီ။ စကားပြောပွင့်လင်းပြီး ချိုသာတဲ့အပြုံးနဲ့ လူတွေကို ရင်ဖွင့်ဆက်ဆံတတ်တဲ့ Amy ဟာ သူ့ရဲ့ ကိုယ်ပိုင်စတိုင်၊ ကိုယ်ပိုင်သီချင်းဆိုဟန်တွေနဲ့ပဲ ပရိသတ်ရဲ့ အသည်းနှလုံးကို ဖမ်းစားယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပရိသတ်ထောင်ပေါင်းများစွာရဲ့ ရှေ့မှာဖျော်ဖြေရလောက်တဲ့အထိ အောင်မြင်ဖို့က သူ့ရဲ့ ရည်ရွယ်ချက်မဟုတ်ခဲ့ပါဘူး။ ဂျက်ဇ်ကလပ်တွေထဲက လူနည်းစုလေးတွေရဲ့ လက်ခုပ်သံကိုပဲ ခုံမင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ပွဲဦးထွက်အယ်လ်ဘမ် ဖြစ်တဲ့ “Frank” ဟာ ဝေဖန်ရေးအရရော၊ ငွေကြေးအရရော အထိုက်အလျောက် အောင်မြင်ခဲ့တာကြောင့် Amy ဟာ လူထုရဲ့အမြင်မှာ စောင့်ကြည့်ခံရတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ Amy ဟာ သူ့ဘဝမှာ အခန်းကဏ္ဍ ကြီးကြီးမားမား တစ်ခုအနေနဲ့ ချယ်လှယ်နိုင်စွမ်းရှိတဲ့ Blake နဲ့ မတွေ့ခင်အထိ အချစ်ရေးမှာ အပြောင်းအလဲမြန်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့လက်ရှိရည်းစားကို မစွန့်လွှတ်နိုင်တဲ့ Blake ဟာ Amy ဆီကို လမ်းခွဲဖို့ မက်ဆေ့ပို့လာခဲ့ပါတယ်။ အချစ်ရေးကို လျင်လျင်မြန်မြန် ပြောင်းလဲနိုင်ခဲ့တဲ့ Amy ဟာ Blake နဲ့ လမ်းခွဲချိန်ကာလတွေမှာတော့ စိတ်ခံစားချက်တွေ ပြိုလဲကြေကွဲပြီး အရက်စွဲရောဂါ စွဲကပ်လာခဲ့ပါတယ်။ သူ့ရဲ့ ပရိုဂျူဆာတွေက Amyကို အရက်ဖြတ်ပေးဖို့ ကြိုးစားလာခဲ့ပေမယ့်. ဖခင်ဖြစ်သူရဲ့ ခွင့်ပြုချက်မရတာကြောင့် ရှေ့ဆက်မရခဲ့ပါဘူး။ ဒီအခိုက်အတန့်က သူ့အတွက် အရေးအကြီးဆုံးအချိန်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ Amy အရက်ဖြတ်တာ အောင်မြင်သွားခဲ့ရင် စိတ်ထိခိုက်စရာတွေတော့ ဖြစ်မလာနိုင်ဘူး။ ကမ္ဘာကြီးကတော့ “Back to Black” အယ်လ်ဘမ်ကို ဘယ်တော့မှ နားမထောင်ခဲ့ရတာလည်း ဖြစ်သွားနိုင်တယ်။ ၂၀၀၆ ခုနှစ်မှာ Amy က သူ့ရဲ့ပရိသတ်အတွက် “Back to Black” အယ်လ်ဘမ်ကို ကြိုးစားချပြပေးနိုင်ခဲ့ပါတယ်။ “Back to Black” အယ်လ်ဘမ်ရဲ့ အောင်မြင်မှုက Amy ဆီကို ဂရမ်မီ (၅) ဆု ယူဆောင်လာပေးနိုင်တဲ့အပြင် ပါပါရာဇီတွေရဲ့ အချိန်ပြည့်အာရုံစိုက်မှုကိုပါ တစ်ပါတည်း ယူလာပေးခဲ့တာဖြစ်ပါတယ်။ အောင်မြင်ပြီးစကာလမှာ ဝိုင်းဝန်းချီးမြှောက်ခဲ့ကြတဲ့ မီဒီယာတွေကပဲ အောင်မြင်မှုရဲ့သားကောင် ဖြစ်လာခဲ့တဲ့ Amy ကို သူတို့အတွက် လှောင်ပြောင်ရှုံ့ချစရာ အဖြစ် မြင်လာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ အရက်အဆိပ်သင့်မှုကြောင့် Amy ဟာ လန်ဒန်က နေအိမ်မှာပဲ သူ့ရဲ့ပရိသတ်ကြီးရော ချစ်ရတဲ့သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုတွေကိုပါ စွန့်ခွာပြီး လောကကြီးထဲက အပြီးအပိုင်ထွက်သွားခဲ့ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးပါးခဲ့ရပေမယ့် Amy ဟာ ဂီတချစ်သူပရိသတ်တွေတင်မကဘဲ ဂီတဖန်တီးသူ၊ အဆိုတော်အချင်းချင်းကပါ လေးစားပြောစမတ်တွင်လောက်မယ့် သီချင်းတွေ၊ ဂီတအမွေအနှစ်ခြေရာတွေကိုပါ ချန်လှပ်ထားခဲ့နိုင်သူဖြစ်ပါတယ်။ File size… 3.3 GB / 1.7 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 8m Genre ….. Biography, Documentary, MUsic Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

7.8 2015 128 mins
Amy
Wars In Chinatown
6.3

တရုတ်တန်းက စစ်ပွဲလေးအကြောင်း ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးက အမေရိကားရောက်နေတဲ့ တရုတ်တန်းက တရုတ်တွေ အမေရိကန်ရဲအဖွဲ့ရဲ့ လျစ်လျူရှုခံရတာတွေ ဂျပန်ရဲ့ အမှောင်ထဲက အသုံးချခံရတာတွေကို ပုံဖော်ပြထားခဲ့တာပါ။ ဇာတ်လမ်းလေးကိုအကျဉ်းပြောရမယ်ဆိုရင်တော့ အမေရိကားရောက် တရုတ်လူမျိုးတွေ တစ်နေ့ကိုတစ်ယောက်နှုန်းနဲ့ နှလုံးဖောက်ခံရပြီး အမည်မဲ့အလောင်းတွေအနေနဲ့ ပေါ်ပေါ်လာတယ်။ ဒါကို ဉာဏ်ကြီးရှင် မျက်နှာဖြူပလိပ်တွေက နှလုံးစားတဲ့မိစ္ဆာကြီးပေါ်လာတယ်ဆိုပြီး အမှုမလိုက်ဘူးတဲ့။ ဒီတော့ ကိုယ်ထူကိုယ်ထစနစ်နဲ့ တရုတ်တန်းက တရုတ်တွေ ဒီကိစ္စနောက်ကွယ်ကို စုံစမ်းရင်း ဒီဇာတ်လမ်းလေးပေါ်လာတာပါပဲ

Crime • Thriller • Drama
6.3 2019
Wars In Chinatown