YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Trust (2025) 1080p HEVC WEB-DL [RMC].mp4

1.52 GB N/A video/mp4 7 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Alex Cross
5.2

ဒီရုပ်ရှင်ကတော့​ စာရေး​ဆရာ​ ဂျိမ်းစ်ပီတာဆင်ရဲ့ Cross​ ဝတ္ထု​များကို​ ပြန်လည်​ရိုက်ကူး​ထားတဲ့​ Action/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဝတ္ထု​ရဲ့အဓိကဇာတ်လိုက်ကတော့​ ဒေါက်တာ​ Alex Cross ဆိုတဲ့​ စိတ်ပညာရှင်နဲ့ ရဲစုံထောက်တစ်ဦးဖြစ်ပြီး ဒီဇာတ်ကောင်ကို​ Morgan​ Freeman ကလည်းသရုပ်ဆောင်ဖူးပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Alex Cross က​ ဇနီးဖြစ်သူ​ ကိုယ်ဝန်သည် မာရီယာ​နဲ့အတူ​ ဒီထရွိုက်မြို့မှာနေပါတယ်။ အဲဒီအချိန်မှာ အက်ဖ်ဘီအိုင်က သူတို့ရဲ့​ဝါရှင်တန်​ဒီစီကဌာနချုပ်မှာ​ တာဝန်​ထမ်းဆောင်​ပေးဖို့​ ကမ်းလှမ်းပါတယ်။ လက်ခံသင့်မခံသင့်​ စဥ်းစား​နေချိန်မှာပဲ​ လူချမ်းသာအမျိုးသမီးတစ်ဦးကို​ နှိပ်စက်​သတ်ဖြတ်​သွားတဲ့အမှုတစ်ခုဖြစ်သွားပါတယ်။ လူသတ်သမားဟာ​ အမျိုး​သမီးတင်မက​ သက်တော်စောင့်တွေကိုပါ တစ်ဦး​တည်းသတ်ဖြတ်သွားခဲ့တဲ့အပြင် အခင်း​ဖြစ်ပွား​ရာနေရာမှာတင် ပန်းချီတစ်ပုံရေးဆွဲပြီး ထားရစ်ခဲ့ပါသေးတယ်။ ဒီလူသတ်သမားဟာ စိတ္တဇ​လူသတ်​သမားဖြစ်ရုံမက နောက်ထပ်​ကွင်းဆက်လူသတ်မှုတွေကိုပါ ထပ်မံ​ကျူးလွန်​ဖို့ရှိတယ်ဆိုတာကို Alex​ Cross​သိရှိ​သွားတဲ့အခါမှာတော့ လူသတ်သမားနဲ့ Alex အကြား​အားပြိုင်မှုစတင်ပါတော့တယ်။ လူသတ်​သမား​က​ Alex ရဲ့မိသားစုကိုပါ ထိပါးဖို့ကြိုးစားလာတဲ့အချိန်မှာတော့​ Alex တစ်ယောက်ဘယ်လိုတုံ့ပြန်မလဲ စနစ်တကျ​လေ့ကျင့်​ထားတဲ့လူသတ်သမားကိုယှဥ်ပြိုင်နိုင်ပါ့မလားဆိုတာ​ကို​ Action Thriller ဇာတ်ကား​ပီပီ​ ရင်တမမနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီ​ရုပ်ရှင်​က​ Box Office မှာထင်ထားသလောက် ဝင်ငွေမရခဲ့ပေမဲ့ ဝတ္ထု​ပရိသတ်​အချို့​ကတော့​ အကြိုက်တွေ့ခဲ့ပါတယ်။ ဇာတ်လမ်း​မှာ plot twist တစ်ခုလည်းပါဝင်ပြီး Action Thriller နှစ်သက်သူတွေအတွက်တော့ ကြည့်ပျော်စေမဲ့ဇာတ်ကားဖြစ်ပါတယ်။ ဘာသာပြန်သူ​ကတော့​ Wolfenheim​ ဖြစ်ပါတယ်။ File size…(2.3 GB)/(1.1 GB)/(650 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Action, Thriller, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemheim

Comedy • Crime • Drama
5.2 2012 101 mins
Alex Cross
Pacto de Fuga
7.5

~ IMDb - 7/10, Rotten Tomatoes - 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ "နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး" ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.1GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 15Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

7.5 2020 138 mins
Pacto de Fuga
The Righteous
5.8

The Righteous(2022) =============== IMDb Rating – 5.8/10 နာကျည်းမှုနဲ့ အတိတ်မဲတွေရှိခဲ့တဲ့ ဘုန်းတော်ကြီး တစ်ယောက်ဟာ မြို့ငယ်လေးတစ်မြို့ကို ပြောင်းရွှေ့လာပြီး အဲ့ဒီမှာ မိသားစုတစ်ခု ထူထောင်ပြီး ဘုန်းတော်ကြီးဘဝကိုစွန့်လွှတ်လိုက်ပါတယ်။ တစ့်နေ့မှာ ဘုရားသခင်ကပဲ သူ့ကိုအပြစ်ပေးတဲ့ အနေနဲ့ သမီးရဲ့အသက်ကို နှုတ်ယူ သွားလေတာလား၊ အပြစ်သားတစ်ယောက်ကို ဝဋ်ဆိုတဲ့အရာကပဲ ပြန်နှိပ်စက်နေခဲ့တာလား။ သမီးကိုဆုံးရှုံးလိုက်ရတဲ့ ဘုန်းတော်ကြီး ဖရက်ဒရစ်ရဲ့ ဘဝထဲကို တစ်နေ့ လူငယ်လေးတစ်ယောက်က အိမ်ရှေ့တံခါးခေါက်ပြီး ရောက်လာပါတယ်။ ဒီကောင်လေးက သူတို့လင်မယားဘဝမှာ ဘုရားသခင်ပြန်ပေးတဲ့ ကောင်း ခြင်းလက်ဆောင်တစ်ခုလို့ ထင်မှတ်ပြီး သံယောဇဉ်တွယ်တာခဲ့မိပေမယ့်။ မကောင်းမှုတွေကပဲ ပြန်လည်အရောက်ပို့ပေးလိုက်တဲ့ ဖရက်ဒရစ်ရဲ့ အတိတ် အရိပ်ဆိုးကြီး တစ်ခုဖြစ်နေခဲ့တဲ့ အခါမှာတော့ အမှားနဲ့ အမှန်ကို အဖြူအမည်း ရုပ်ရှင်နဲ့ ဒိုင်ယာလော့ကောင်းကောင်းတွေနဲ့ တဖြည်းဖြည်းဇာတ်ရှိန်တက်လာရင်း ကြည့်ရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(930 MB) / (400 MB) / (200 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 37mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Horror, Mystery Translator…….Thiha Yan Naing Encoder……….SWM

Adventure • Comedy • Drama • Family • Fantasy
5.8 2022 97 mins
The Righteous
Hell’s Garden
6.4

Hell’s Garden (2021) ဒီတစ်ခါမှာတော့ Imdb 6.4/10 ရရှိထားတဲ့ ဂျပန်ဟာသအက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် သာမန်ကားတွေနဲ့ မတူတာကတော့ မိန်းကလေးတွေ တိုက်ခိုက်နေကြတာကိုပဲ မြင်ရမှာဖြစ်ပါတယ်။ ဘယ်နယ်ပယ်မှာမဆို ဝန်ထမ်းအမျိုးသမီးတွေရဲ့ အုပ်စုတွေရှိကြပါတယ်။ ကုမ္ပဏီတစ်ခုထဲမှာလည်း အုပ်စုတွေအများကြီးရှိနိုင်သလို အုပ်စုရဲ့ ဘော့စ်ကိုတိုက်လို့နိုင်သွားတာနဲ့ တစ်အုပ်စုလုံး အနိုင်ရတဲ့သူလက်အောက်ရောက်မှာပါ။ အဲဒီလိုနဲ့အုပ်ချုပ်နေကြပါတယ်။ တာနာခနာအိုကိုဆိုတဲ့ မိန်းကလေးကတော့ အဲဒီကိစ္စတွေစိတ်မဝင်စားဘဲ သာမန်ရုံးအလုပ်လေးပဲ လုပ်နေချင်တဲ့သူပါ။ ဒါပေမဲ့ တစ်နေ့ ရုံးကို အသစ်ရောက်လာတဲ့ ဟိုဂျိုရန်ဆိုတဲ့ ဝန်ထမ်းသစ်က ကုမ္ပဏီကို လက်ရှိအုပ်ချုပ်နေတဲ့ အုပ်စု ၃ စုလုံးကိုအနိုင်ရသွားတဲ့အခါ … ဒါ့အပြင် နာအိုနဲ့လည်း အရမ်းခင်မင်သွားတဲ့အခါမှာတော့ … ပါဝင်ပတ်သတ်မိတဲ့ နာအိုတစ်ယောက် သူလိုချင်တဲ့သာမန်ဘဝလေးကို ဆက်လက်ထိန်းသိမ်းနိုင်ပါ့မလား? (ဇာတ်လမ်းအညွှန်းကို ကို Shin Rina က ရေးပေးထားပါတယ်။) File Size : 3.7GB, 1.1GB, 542MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr 42mins Genre : Comedy, Drama Translated by Shin Rina Encoded by Kinnov

Drama • History • Romance
6.4 2021
Hell’s Garden
White Noise 2: The Light
5.7

အမေရိကန်နိုင်ငံမှာ နေ့စဉ်လူတစ်သောင်းနီးပါးဟာအကြောင်းအမျိုးမျိုးနဲ့သေဆုံးလျက်ရှိပြီး သေဆုံးမှုအများစုဟာ မြို့ပြဝန်းကျင်မှာဖြစ်ပါတယ်။လူတစ်ဦးကိုသေဆုံးပြီလိုအတည်ပြုအပြီး သတိပြန်မလည်လာခင်အချိန်မှာ မျက်စိကွယ်လုနီးပါးတောက်ပတဲ့အဖြူရောင်အလင်းတန်းကိုတွေ့မြင်ရတဲ့အတွေ့အကြုံကိုသေလုနီးပါးအတွေ့အကြုံ(NDE)လို့ခေါ်ဆိုပြီး ပျှမ်းမျှအနေနဲ့ အမေရိကန်မှာ သေလုနီးပါးအတွေ့အကြုံ (NDE) ကိုကြုံဆုံရသူ တစ်နေ့ကို ၇၇၄ ဦးဝန်းကျင်ရှိတယ်လို့သိရပါတယ်။ဒီမှာဆိုရင်သေရွာပြန်လို့ခေါ်တဲ့လူမျိုးဖြစ်ပါလိမ့်မယ်။ Abe ဟာ သူ့ဇနီး၊သားတို့နဲ့အတူ မနက်စာထွက်စားနေတဲ့အချိန်မှာ လူတစ်ယောက်က သူ့ဇနီးနဲ့သားကို သေနတ်နဲ့အသေအချာချိန်ရွယ်ပစ်ခတ်ခဲ့ပြီး သူ့ကိုတောင်းပန်ကာ သူ့ကိုယ်သူလည်းသေနတ်နဲ့ပစ်သတ်သွားခဲ့ပါတယ်။ ဝေခွဲမရတဲ့စိတ် ယူကျုံးမရစိတ်တွေနဲ့ ဖြေမဆည်နိုင်တဲ့ Abe ဟာဆေးအလွန်အကျွံသောက်ပြီး သူ့ကိုယ်သူသတ်သေဖို့ကြိုးစားခဲ့ပေမယ့် သူ့သူငယ်ချင်းက အချိန်မှီသိရှိကယ်တင်နိုင်ခဲ့ပြီး သတိပြန်လည်မလာခင်အချိန်မှာ NDE အတွေ့အကြုံကိုရရှိခဲ့တဲ့နောက် Abe ဟာသေဆုံးတော့မယ့်လူတွေကိုသူတို့ဘေးမှာဖြာထွက်နေတဲ့အဖြူရောင်အလင်းတန်းတွေကတစ်ဆင့်ကြိုမြင်နိုင်စွမ်းရှိလာခဲ့ပါတယ်။ ဒီလိုနဲ့ အဲ့ဒီအစွမ်းကိုအသုံးချပြီးသေဘေးဆိုက်တော့မယ့်လူတွေကို ကယ်တင်နိုင်ခဲ့ပေမယ့် သူဟာကြီးမားတဲ့အမှားတွေတစ်ခုပြီးတစ်ခုကျူးလွန်နေခဲ့တာတွေကိုသိရှိလာရပြီးတဲ့နောက် သူ့ဇနီးနဲ့သားကိုပစ်သတ်သွားတဲ့သူဘာကြောင့် အဲ့ဒီလိုလုပ်ခဲ့ရတယ်ဆိုတဲ့အဖြေကိုပါ နားလည်လာတဲ့အခါမှာတော့..။မူရင်းဇာတ်ကားကို မှီရုံတင်မက မူရင်းထက်ပါ ပိုသာတဲ့ ရှားရှားပါးပါး Sequel တွေထဲက တစ်ခုဖြစ်ပါတယ်။မူရင်းဇာတ်ကားနဲ့ ချိတ်ဆက်မထားတဲ့ Stand alone sequel တစ်ခုလည်းဖြစ်တဲ့အတွက် Horror ပရိသတ်တွေလက်လွတ်မခံသင့်တဲ့ကားကောင်းတစ်ကားပါ။ File size…(1.6 GB)/(811 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Thriller, Horror, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

5.7 2007
White Noise 2: The Light
What If

What If (2023) ဇာတ်လမ်းဟာ drama-romance ဇာတ်လမ်းဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာ Manny Paloက ရိုက်ကူးထားတာပါ။ Alessandra de Rossi နှင့် JM de Guzman တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းက ဟန်းနီးမွန်းထွက်လာတဲ့ ကြင်စဦးဇနီးမောင်နှံကိုအခြေတည်ရိုက်ကူးထားတာပါ။ သူတို့ဟာအိမ်ထောင်ရေးကို ပြိုကွဲစေနိုင်တဲ့ ခက်ခဲတဲ့ အမှန်တရားတွေကို ရင်ဆိုင်ရတယ်။ နှစ်ဦးစလုံးက မတူညီသောဘဝတွေ အလိုဆန္ဒနှင့်လိုအပ်ချက်တွေ၊ မိသားစုဝင်ရောက်စွက်ဖက်မှု၊ အသက်မွေးဝမ်းကျောင်း၊ မနာလိုမှု‌တွေလို လက်တွေ့အိမ်ထောင်ရေးပဋိပက္ခတွေကိုရိုက်ကူးတင်ဆက်ထားတာပါ။ သူတို့ အဆင်ပြေသွားမှာလား၊ ကွဲသွားမှာလား ကြည့်ရှုအားပေးကြပါဦးခင်ဗျာ။ Genre….. Drama, Romance Quality…. 1080p | 720p File size… 1.7GB | 536MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Pyae Phyo Min Encoder ….. Aaron

0 2023
What If
Life, Animated
7.4

ဒီရုပ်ရှင်လေးကို ဘာသာပြန်နေရင်းနဲ့ “အနုပညာစစ်မှန်ရင် ဘယ်လိုရောဂါမျိုးမဆို ကုစားနိုင်တယ်”ဆိုတဲ့ စကားတစ်ခွန်းကိုပြန်အမှတ်ရမိပါတယ်။ ကျွန်တော်တို့ ဝမ်းနည်းနေရင် သီချင်းတစ်ပုဒ်ကို ထပ်ခါတလဲလဲနားထောင်တာဖြစ်ဖြစ် မီးလေးပိတ်၊စောင်လေးခြုံပြီး ရုပ်ရှင်ကြည့်ရင်းနဲ့ဖြစ်ဖြစ် အချိန်ဖြုန်းကြပြီး ဒဏ်ရာကိုပြန်လည်ကုစားကြတယ်မလား။ အော်တစ်ဇင်ဆိုတဲ့ ရောဂါအကြောင်းကို ရုပ်ရှင်ချစ်သူတော်တော်များများ သိကြမှာပါ။ ဒီရုပ်ရှင်ထဲမှာတော့ အော်တစ်ဇင်ရောဂါအကြောင်းကို ရှင်းပြပေးပြီး ဒရာမာဆန်ဆန် ဝမ်းနည်းဖို့ကောင်းအောင် ဖန်တီးထားတာမဟုတ်ပါဘူး။ ကျွန်တော်သေချာပြောနိုင်တာတစ်ခုက ဒီရုပ်ရှင်လေးကြည့်ပြီး စိတ်ဓါတ်ခွန်အားရလာပါလိမ့်မယ်ဗျာ။ ဇာတ်လမ်းလေးကို မိတ်ဆက်ပေးရရင်… အိုဝင်ဆက်စကိုင်းဆိုတာ အရမ်းသွက်လက်ပြီး တက်ကြွတဲ့ကလေးငယ်လေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အသက်သုံးနှစ်အရွယ်ရောက်တော့ မိဘတွေအတွက် အိုဝင်ဆိုတာ ပျောက်သွားခဲ့သလိုမျိုး သွက်လက်တက်ကြွပြီး ပျော်ပျော်နေတတ်တဲ့ပုံရိပ် မရှိတော့ပါဘူး။ မပီမသစကားတွေပြော၊ အော်ဟစ်သောင်းကျန်းပြီး အရမ်းရန်လိုတတ်တဲ့ အိုဝင်ကို ကလေးအထူးကုဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးကြည့်တော့ “အော်တစ်ဇင်”ဆိုပြီး ခေါင်းစဉ်တပ်ပါသတဲ့။ အဲ့ဒီခုနှစ်များဆီက “အော်တစ်ဇင်”ဆိုတာ ထူးခြားတဲ့ရောဂါဖြစ်ခဲ့ပြီး မိဘတွေအတွက် စိတ်မချဖြစ်စေတဲ့ရောဂါတစ်ခုပါ။ မပီမသစကားတွေပြောလာတဲ့ အိုဝင်က ရုတ်တရက်ကြီး စကားစပြောတဲ့အခါ ဒစ်စနေကာတွန်းထဲက “Just your voice” ဆိုတဲ့စာကြောင်းဖြစ်လာတဲ့အခါမှာတော့… အိုဝင်တစ်ယောက် အော်တစ်ဇင်ရောဂါနဲ့အတူ ငယ်ဘဝကိုဘယ်လိုဖြတ်သန်းခဲ့ရလဲ? အရွယ်ရောက်လူငယ်ဘဝကိုရော ဘယ်လိုကျော်ဖြတ်ရမလဲ? ဒစ်စနေကာတွန်းရုပ်ရှင်ကရော သူ့အတွက် ဘယ်လိုမျိုးတွန်းအားပေးခဲ့သလဲဆိုတာတွေကို အတွေးတစ်စရအောင် သေချာရိုက်ပြထားတာမို့ ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းလေးပါပဲခင်ဗျာ…. File size… 1.1 GB / 630 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Comedy/Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa

Drama
7.4 2016 91 mins
Life, Animated
Fuks 2
5.5

Fuks 2 (2024) ဧပြီလတုန်းက ထွက်ရှိခဲ့တဲ့ Action/ Comedy ဇာတ်ကားကောင်းလေးပါ။ IMDb rating – 6 ရရှိထားပြီး ပိုလန်နိုင်ငံက ထုတ်လုပ်တဲ့ ရုပ်ရှင်ဖြစ်တာမို့ Hollywood က ရုပ်ရှင်တွေနဲ့ မတူညီတဲ့ အရသာမျိုးကို ခံစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ မီရိုစလော ဘိုင်ချောစကီဟာ ပိုလန်နိုင်ငံက လူချမ်းသာတစ်ယောက်ပါ။ သူဟာ ငွေရဖို့ဆို တရားမဝင်ရော၊ တရားဝင်ရော အကုန်လုပ်ပါတယ်။ ကာစီနိုလည်း ထောင်ထားသလို လူတွေကို ရိုက်နှက်တာမျိုးလည်း လုပ်ပါတယ်။ မာချက်ခ်ဆိုတဲ့ ကောင်လေးတစ်ယောက်က ဘိုင်ချောစကီရဲ့ ဒုတိယဇနီး အန်နာ့ကို ဘိုင်ချောစကီရဲ့ သမီး ယူကာလို့ ထင်ပြီးတော့ ပတ်သက်မိသွားပါတယ်။ အန်နာကလည်း ဘိုင်ချောစကီးက ချုပ်ချယ်တာမို့ ထွက်ပြေးချင်နေပါတယ်။ ပိုဆိုးတာက မာချက်ခ်ဟာ အန်နာ ထွက်ပြေးဖို့ ကူညီလိုက်မိပါတယ်။ ဒီလိုနဲ့ ဒေါသယမ်းပုံပေါက်သွားတဲ့ ဘိုင်ချောစကီဟာ မာချက်ခ်အဖေကို ရိုက်နှက်ပြီး သူတို့ရဲ့ ကားဝင်းကိုလည်း မီးရှို့သွားပါတော့တယ်။ ယူကာကလည်း သူ့အဖေရဲ့ လုပ်ငန်းကြောင့် သူတန်ဖိုးထားတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ရတယ်ဆိုပြီး တားဆီးဖို့ ကြိုးစားနေသူပါ။ ဒီလိုနဲ့ မာချက်ခ်၊ အန်နာနဲ့ ယူကာတို့ ပူးပေါင်းပြီး ဘိုင်ချောစကီးကို သူတို့လိုချင်တာတွေရဖို့အတွက် လိမ်ဖို့ ကြိုးစားကြပါတော့တယ်…. အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy Quality…. 1080p | 720p File size… 1.5GB | 792MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

Action • Thriller
5.5 2024
Fuks 2
Bachubhai
7.5

Bachubhai ( 2023 ) ဘာချူဘိုင် CM Bollywood ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ဘာချူဘိုင်ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ .. ဘာချူဘိုင်ဆိုတဲ့အဘိုးကြီးဟာ အင်မတန်တိကျပြီးအလုပ်မှာတော်တဲ့သူဖြစ်ပါတယ်။ လုပ်သက်ကလဲ နှစ်ပေါင်း ၃၀ တောင်ရှိခဲ့ပြီမလို့ သူ့ကုမ္ပဏီမှာ သူဌေးတောင် သူ့ကိုမကျော်နိုင်ပါဘူး။ သူက အလုပ်မှာဆရာကျပေမဲ့ သူ့အားနည်းချက်က ဘွဲ့လက်မှတ်မရှိတာပဲဖြစ်ပါတယ်။ တစ်ရက် ကုမ္ပဏီကို ကိုရီးယားတွေလက်လွှဲယူလိုက်တဲ့အခါမှာတော့ ဘွဲ့လက်မှတ်က ပြဿနာအကြီးကြီးဖြစ်လာပါပြီ။ အလုပ်မှာ ဘယ်လောက်ပဲကျွမ်းကျင်ပြီး ဘယ်လောက်ပဲတော်နေပါစေ ဘွဲ့လက်မှတ်မရှိတာကြောင့် ကုမ္ပဏီကနေ ကန်ထုတ်ခံလိုက်ရပါတယ်။ ဒီအခါမှာ ခံပြင်းစိတ်နဲ့ ဘာတွေဆက်လုပ်မလဲ.. ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းဆင်ရိုက်ကူးထားပါတယ်။ မင်းသားက အသက်ကြီးကြီးဘိုးတော်ကြီးဖြစ်နေပေမဲ့ ဘယ်လောက်တောင်ကောင်းလဲဆို 21st Transmedia Gujarati Awards ဆုပေးပွဲမှာ nominations 6 ခုရတဲ့အထိပါပဲဗျာ။ ဒါကြောင့် ဒီလိုချစ်ကြိုက်ကွဲညား မဲပြာမုဆိုးထဲက ကွဲထွက်နေတဲ့ ဇာတ်ကားကောင်းလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ ( ဘာသာပြန်နဲ့အညွှန်းကတော့ KKKZ , Yunni , Tomo , Alexia , LL တို့ဖြစ်ပါတယ်)

7.5 2023 118 mins
Bachubhai
Sijjin (or) Siccin
6

Siccin (2014) IMDB: 6 Genre: Horror Siccin ဆိုတာ ၂၀၁၄ ခုနှစ်ထွက်တူရကီစကားပြော အတော်လေးကိုနာမည်ကြီးသွားတဲ့ Horror ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ Siccin ဆိုတာကတော့ အစ္စလာမ်ဘာသာအရ ငရဲသားတွေကို ထည့်မှတ်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီကားထဲမှာ ထူးခြားတဲ့အချက်က ဂါတာတွေ၊ အစီအရင်တွေက အပြင်မှာသုံးနေတဲ့ အရာတွေဖြစ်ပြီး တကယ်လည်း ရုပ်ရှင်ထဲမှာ ဂါထာအစစ်တွေကိုသုံးသွားတာဖြစ်ပါတယ်။ ဇာတ်လမ်းလေးက လှည့်ကွက်တွေလည်းပါတာကြောင့် တော်တော်လေးလည်းကြည့်လို့ကောင်းပါတယ်။ ဇာတ်ညွှန်း အော့ဇ်နာ ဆိုတာ အန်တီအရင်းရဲ့သားကိုတန်းတန်းစွဲနေတဲ့ မိန်းမတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စုန်းတစ်ယောက်ဆီမှာ ရှေ့ဖြစ်သွားမေးတော့ အဲဒီယောကျ်ားဟာနင့်အတွက်မဟုတ်ဘူး၊ သူ့ကိုချစ်ရင် နင်သေလိမ့်မယ် ဆိုပြီးပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း စုံလုံးကန်းနေတဲ့ အော့ဇ်နာဟာ အဲဒီယောကျ်ားနဲ့ပဲ ကိုယ်ဝန်ရခဲ့ပါတယ်။ အကြောင်းမလှခဲ့တော့ ကိုယ်ဝန်ပျက်ကျခဲ့ပါတယ်။ အော့ဇ်နာဟာ အဆိုပါစုန်းဆီကိုသွားပြီး ယောကျ်ားအားသူ့ဘက်မပါပါအောင် အစီအရင်နဲ့လုပ်ပါတော့တယ်။ စုန်းဟာ အစီအရင်နဲ့ ဂျင်းတစ်ကောင်အား ဝင်ပူးစေခဲ့ပါတယ်။ ဇာတ်လမ်းကဘယ်လိုတွေဆက်ဖြစ်မှာလဲ။ ဘာတွေကိုမြုပ်ထားသေးလဲ။ Jumpscare များများနဲ့ Horror ပရိသတ်တွေသဘောခွေ့မယ့် ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ File size… 2.1 GB / 881 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

History • Drama • Action
6 2014 96 mins
Sijjin (or) Siccin
The Merry Gentlemen
5.5

Comedy ၊ Holiday နဲ့ Romance ရုပ်ရှင် The Merry Gentlemen ကတော့ ဝမ်းဗိုက်ကြွက်သားခြောက်ခုနဲ့အမိုက်စားမင်းသားတွေကို တစ်ဝကြီးကြည့်ရမယ့်ခရစ္စမတ်ကားဖြစ်ပါတယ်။ ဘရော့ဒ်ဝေးရဲ့ ဂျင်ဂဲလ်ဘဲစ်ဘဲလေးအကအဖွဲ့မှာ ၁၂ နှစ်ကြာအောင် အရွယ်ကောင်းကိုမြှပ်နှံထားခဲ့တဲ့အက်ရှ်လေတစ်ယောက် အသက်ကြီးလာပြီဆိုတဲ့အကြောင်းပြချက်နဲ့အထုတ်ခံလိုက်ရတဲ့ အခါ တစ်ဘဝလုံးကြိုးစားခဲ့သမျှပြိုလဲသွားသလိုခံစားရပြီး မိဘတွေရှိတဲ့နယ်မြို့လေးကိုပြန်သွားခဲ့ပါတယ်။ မိဘတွေပိုင်တဲ့အရက်ဘားဟာ တစ်ချိန်ကမြို့ရဲ့အထင်ကရနေရာ ဖြစ်ခဲ့ပေမယ့် ခေတ်ကာလပြောင်းလဲတာနဲ့အမျှ ခေတ်နောက်ကျ ကျန်ရစ်ပြီး အကြွေးတွေနဲ့ဆိုင်ပိတ်ရတော့မလိုဖြစ်နေခဲ့ပါတယ်။ အက်ရှ်လေက ပညာရှင်အကသမားပီပီ အကဖျော်ဖြေပွဲတစ်ခု ဖန်တီးပြီး ဆိုင်ကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အက်ရှ်လေက လူတွေရဲ့အာရုံကိုဆွဲဆောင်နိုင်ဖို့ သူ့ပတ်ဝန်းကျင်က ခန္ဓာကိုယ်တောင့်တင်းတဲ့ရုပ်ချောချောအမျိုးသားတွေကိုအသုံးချ ပါတော့တယ်။ ခရစ္စမတ်အမျိုးသားအဝတ်ချွတ်ဖျော်ဖြေပွဲအတွက် အက်ရှ်လေနဲ့အဆင်တစ်သိုက်ပြင်ဆင်ကြပုံကို ကြည့်ရှူကြရမှာ ဖြစ်ပါတယ်။ File size… (1.52GB) / (802MB ) Quality… NF WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre …..Comedy , Musical , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Drama
5.5 2024 88 mins
The Merry Gentlemen
Bloody Beggar
6.3

Bloody Beggar (2024) “သူတောင်းစား” IMDb 6.3 တင်ဆက်ပုံတစ်မျိုးဆန်းသစ်တဲ့ တမီးလ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် အမည်မသိသူတောင်းစားတစ်ယောက်က ကောင်လေးတစ်ယောက်နဲ့အတူနေထိုင်ပြီး နည်းလမ်းပေါင်းစုံနဲ့ တောင်းစားပါတယ် သူ့ရဲ့ မျက်မမြင်၊ ခြေကျိုး၊ လက်ကျိုးစတဲ့ လှည့်ကွက်တွေတင်မကဘဲ တခြားဇာတ်လမ်းတွေထွင်ပြီး ပြောတတ်တာကြောင့် သူနဲ့တူတူနေတဲ့ကောင်လေးက စာရေးကိရိယာရောင်းပြီး မန်ကျည်းသီးထမင်းစားနေရတဲ့အချိန်မှာ သူက ပီဇာတွေ ဘာဂါတွေ မှာစားနိုင်တဲ့အထိပါပဲ တစ်နေ့တော့ စံအိမ်ကြီးတစ်အိမ်ရဲ့ပိုင်ရှင်ဆုံးတဲ့ ၁၆ ရက်မြောက်မှာ သူဌေးကြီးရဲ့ နောက်ဆုံးဆန္ဒအဖြစ် ဆာလောင်မွတ်သိပ်နေတဲ့ လူ ၂၅ ဦးကိုကျွေးမွေးဖို့ နောက်ဆုံးတစ်ယောက်လိုနေတဲ့အချိန် လိုက်သွားတဲ့အခါမှာ အမည်မသိ သူတောင်းစားရဲ့ ဘဝတစ်ခုလုံးပြောင်းလဲသွားစေနိုင်လောက်အောင် ဘယ်လိုအရှုပ်ဇာတ်လမ်းတစ်ခု ဖြစ်လာမလဲဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

6.3 2024 139 mins
Bloody Beggar
Someday We’ll Tell Each Other Everything Irgendwann werden wir uns alles erzählen
6

Someday We’ll Tell Each Other Everything (2023) IMDb Rating (6.0) 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ သူမရဲ့နာမည်က မာရီယာ။ ချစ်သူကောင်လေးနဲ့အတူ ကောင်လေးရဲ့မိသားစုနဲ့ပါ လယ်ထဲမှာအတူနေနေကြတာပေါ့။ ဇာတ်အိမ်တည်ထားတာက ၁၉၉၀ ခုနှစ် အရှေ့ဂျာမန်နဲ့ အနောက်ဂျာမန် နှစ်ခြမ်းကွဲနေတဲ့ကာလပဲဖြစ်တယ်။ မာရီယာတို့က အရှေ့ပိုင်းမှာနေကြတာပါ။ မာရီယာက ကျောင်းဆက်မတက်ချင်ပေမဲ့ စာဖတ်ရတာတော့အရမ်းဝါသနာပါတယ်ရယ်။ ဒါပေမဲ့ သူမထက်အသက်နှစ်ပြန်ကြီးတဲ့ ဟန်နာဆိုတဲ့ အိမ်နီးနားချင်းကိုမှ မေတ္တာတွေပုံအပ်ပေးလိုက်တယ်။ သူတို့နှစ်ယောက် အပြန်အလှန်မေတ္တာမျှသွားကြပြီးနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရှုရမဲ့ ဂျာမန်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။) File size…(3.3 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Drama Duration….02:08:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Khant Sett Naing

Horror • Thriller
6 2023 124 mins
Someday We’ll Tell Each Other Everything Irgendwann werden wir uns alles erzählen
Mufasa: The Lion King
6.7

Mufasa: The Lion King (2024) IMDb Rating (6.7) / Rotten Tomatoes (57%) Simba ဆိုတဲ့ ခြင်္သေ့ဘုရင်ကိုတော့ မသိသူဆိုတာ မရှိသလောက်ပါပဲ။ Animation မှာရော Live Action မှာပါ လူကြိုက်များပြီး အောင်မြင်မှုတွေ ရထားပါတယ်။ ဒါပေမဲ့ Simba ဆိုတာ Mufasa မရှိရင် ဖြစ်မလာပါဘူး။ ဒီတော့ ကျွန်တော်တို့တွေ Simba ဆိုတဲ့ ခြင်္သေ့ဘုရင်ကို မွေးထုတ်ပေးခဲ့ပြီး တစ်ချိန်ကလည်း သူကိုယ်တိုင် ခြင်္သေဘုရင်ဖြစ်ခဲ့တဲ့ Mufasa အကြောင်းကို နောက်ကြောင်းပြန်လိုက်ကြရအောင်ပါ။ ဒီဇာတ်လမ်းမှာတော့ Mufasa ဆိုတာ ဘာလဲ။ Mufasa ဟာ ခြေလေးချောင်းသတ္တဝါတွေ ဘုရင်တစ်ပါး ဘာကြောင့်ဖြစ်နေရလဲ။ ဒီလို တောဘုရင်တစ်ပါးဖြစ်မလာခင် သူ့နောက်ကြောင်းကရော ဘာလဲ။ သူဘယ်လို အခက်အခဲတွေ ဖြတ်သန်းခဲ့ရလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ File size… (8.6 GB) / (3.2 GB) / (1.9 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Animation, Drama, Family Duration….01:58:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Act Molemy, Cyberboy

Family • Drama • Romance
6.7 2024 118 mins
Mufasa: The Lion King
Echo 8
3.9

Echo 8 (2024) IMDb Rating (3.9) အထူးအေးဂျင့်တွေ လုပ်ကြံရေးသမားတွေ လျှို့ဝှက်အဖွဲ့တွေ ဘာတွေပါတဲ့ အက်ရှင်ကားတွေ ကြိုက်တဲ့လူတွေ ကြိုက်ချင်ကြိုက်ကြမယ့် ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းလေးကတော့ နိုင်ငံတစ်ခုရဲ့ နိုင်ငံရေးပိုင်းကလူတွေကိုပါ လွှမ်းမိုးထားတဲ့ လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့တစ်ခုရှိပါတယ်။ အဲဒီအဖွဲ့က မိဘမဲ့ကလေးတွေ အိမ်ပြေးတွေကို ငယ်ငယ်လေးကတည်းက သတ်ဖြတ်ရေးအတွက် လေ့ကျင့်ပေးပြီး အေးဂျင့်တွေအဖြစ် တာဝန်ထမ်းဆောင်စေခဲ့တယ်။ အဲဒီထဲ အန်နာခေါ် Echo 8 ဆိုတဲ့ ကောင်မလေးလည်းအပါအဝင်ပေါ့။ သူတို့ဆရာကတော့ သူတို့ကို အတိတ်ကို မတွေးနဲ့။ အနာဂတ်ကိုအိပ်မက်မမက်နဲ့ လက်ရှိက လက်ဆောင်ပဲပြောပြီး သူတို့အတိတ်တွေကို မေ့ခိုင်းပေမဲ့ အတိတ်ကလူကိုသတ်ဖို့အကြောင်းဖန်လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ မြင်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ozymandias ဖြစ်ပါတယ်။) File size…(1.4 GB) / (640 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Thriller Duration….01:36:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Ozymandias

3.9 2024 96 mins
Echo 8