YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

True.To.Love.S01E06.1080p(CM).mp4

956.66 MB N/A video/mp4 511 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
2 Guns
6.5

2 Guns (2013) ~ IMDb - 6.7/10, Rotten Tomatoes - 64% ~ 2013 က ထွက်ထားတဲ့ Denzel Washington နဲ့ Mark Wahlberg တို့ရဲ့ အက်ရှင် ဇာတ်ကားလေးပါ။ ဒီမင်းသားနှစ်ယောက်ကို မြင်တာနဲ့ သိပ်ညွှန်းစရာတောင်မလိုလောက်တော့ပါဘူး။ အသွင်ယူပြီး ထောက်လှမ်းနေတဲ့ ရေတပ်က စတစ်ဂ်မန်းရယ်၊ အသွင်ယူပြီးထောက်လှမ်းရေးလုပ်နေတဲ့ မူးယစ်အရာရှိ ဘော်ဘီရယ် နှစ်ယောက်ပေါင်းပြီး ဘဏ်ဓားပြတိုက်တာကနေ ဇာတ်လမ်းစပါတယ်။ နှစ်ယောက်လုံးကလည်း အချင်းချင်း မကောင်းတဲ့ကောင်ပဲထင်နေတာပေါ့။ သူတို့တွယ်ချင်နေတဲ့ ဆေးမှောင်ခိုဂိုဏ်းခေါင်းဆောင် ငွေတွေထားတယ်လို့ ဘဏ်ကို ဝင်တိုက်ကြပါလေရော။ သူတို့ ဓားပြတိုက်တဲ့ ဘဏ်မှာက ဂိုဏ်းခေါင်းဆောင်ရဲ့ငွေတွေတင်မကဘဲ ငွေပမာဏက ဆယ်ဆလောက် ပိုများနေတယ်။ အဲဒီငွေတွေက CIA ရဲ့ တရားမဝင်ရန်ပုံငွေတွေဖြစ်နေပါတယ်။ နောက်တော့ စတစ်ဂ်မန်းက တပ်ပြေးလို့ ထောင်ခြောက်ဆင်ခံရပြီး ဘော်ဘီက အထက်အရာရှိကို သတ်မှုနဲ့ အကွက်ဆင်ခံရပါတယ်။ စတစ်ဂ်မန်းနဲ့ ဘော်ဘီတို့နှစ်ယောက် CIA, ရေတပ်က စတစ်ဂ်မန်းရဲ့ အရာရှိနဲ့ ဆေးမှောင်ခို ဂိုဏ်းသုံးခုကြားမှာ ဒေါ်လာ ၄၃ သန်းနဲ့ တိုင်ပတ်သွားတဲ့ ဇာတ်လမ်းလေးပါ။ ရယ်လည်း ရယ်ရပြီး ကြည့်လည်းကြည့်ပျော်တဲ့အပြင်ကို မင်းသမီးဖြစ်တဲ့ Paula Patton ကလည်း ရှယ်လန်းတဲ့ အက်ရှင်ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 810MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 49Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama
6.5 2013 109 mins
2 Guns
Plane
6.9

မင်းသားကြီး Gerard Butler ရဲ့ နောက်ဆုံးထွက် အက်ရှင်ရုပ်ရှင်သစ် လာပါပြီ။ ဒီကားကတော့ rating လည်းကောင်းသလို ပရိသတ်တွေလည်းအတော်ကြိုက်ကြပါတယ်။ တောရန့်ဆိုတဲ့ လေယာဉ်မှူးဟာ တော်ဝင်လေတပ်ထွက် စစ်သားဟောင်းတစ်ယောက်ဖြစ်ပြီး ပုဂ္ဂလိကခရီးသည်တင်လေကြောင်းလိုင်းမှာ ပိုင်းလော့လုပ်နေခဲ့တာပါ။ နှစ်သစ်ကူးအညမှာတော့ သူ့သမီးဆီကို မပြန်ခင် လေယာဉ်တစ်ခေါက် တိုကျိုကို ဆွဲပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ တိုကျိုအသွားလမ်းမှာ မုန်တိုင်းကြောင့် ကျွန်းတစ်ခုပေါ် ထိုးဆင်းလိုက်ရပြီး လက်နက်ကိုင်ပြန်ပေးသမားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ.... File size…(1.9 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Fantasy • Horror • Mystery • Thriller
6.9 2023 107 mins
Plane
The Truth About Charlie
4.9

Angella ဆိုတဲ့အမျိုးသမီးငယ်တစ်ဦးဟာ အပျော်ခရီးထွက်နေရင်း သူ့ယောက်ျားနဲ့ကွာရှင်းဖို့စိတ်ကူးနေပါတယ်။ ခရီးက‌နေအိမ်ရှိရာ ပဲရစ်မြို့ကိုပြန်လာချိန်မှာတော့ သူ့ယောက်ျားဖြစ်သူ အသတ်ခံလိုက်ရတာကို သိလိုက်ပြီး သူ့တိုက်ခန်းကလည်း ဟောင်းလောင်းဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ ပြင်သစ်ရဲတွေရော တခြားသူစိမ်းတွေကပါ သူ့ကိုလိုက်လံစုံစမ်းမေးခွန်းထုတ်ရာကနေ Angella လည်းခင်ပွန်းဖြစ်သူ Charles ရဲ့သရုပ်မှန်ကိုတဖြည်းဖြည်းပုံဖော်လာပါတော့တယ်။ 1963 က Cary Grant နဲ့ Audrey Hepburn တို့ရဲ့နာမည်ကျော်ဇာတ်ကားကြီး Charade ကိုပြန်ရိုက်ထားတာဖြစ်ပြီး နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Mark Wahlberg, Thandiwe Newton နဲ့ Tim Robbin တို့ပါ၀င်ထားတဲ့ Mystery ကားလေးပါ။ File size…(1.91GB)  / (924.47MB) /594.95MBMB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre...  Mystery / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Crime • Drama • Romance
4.9 2002 104 mins
The Truth About Charlie
Thirteen Lives
7.9

~ IMDb - 7.9/10, Rotten Tomatoes - 88% ~ "Directed by Ron Howard" ထိုင်းမှာ ကလေး ၁၂ယောက်နဲ့ ဘောလုံးနည်းပြတစ်ယောက် ဂူထဲပိတ်မိတဲ့ သတင်းဟာ ဟိုးတုန်းက ဟိုးလေးတကျော်ပေါ့။ အဲဒီထဲ ရှမ်းအမေ မြန်မာနိုင်ငံသူရဲ့ ကလေးတောင်ပါပါတယ်။ ပထမဆယ်ရက်ထိ သူတို့ဆီမှာ ဘာစားစရာ ဘာရေမှ မရှိဘဲ ကယ်ဆယ်ရေးတွေရောက်တဲ့အထိ ရှင်အောင်နေနေခဲ့ကြတဲ့ စိတ်ရောကိုယ်ပါ သန်မာတဲ့ကလေး ၁၂ယောက်နဲ့ နည်းပြတစ်ယောက်ရဲ့အဖြစ်ကို ရှေ့နှစ်မှာ ဒိုကူမန်ထရီတစ်ကားထွက်ခဲ့ပြီး အဲဒီအရင်လည်းတစ်ကားထွက်ဖူးပေမဲ့ ဒီနေ့တစ်ရက်တည်းတင် နောက်၂ကားထွက်လာပါတယ်။ သို့ပေမဲ့ ဒီရုပ်ရှင်ကတော့ မတူပါဘူး။ မတူဆို ဒါရိုက်တာက စပြောရမှာပဲ။ ဒါရိုက်တာက ရွန်ဟောင်းဝတ်။ 2001 မှာထွက်ခဲ့တဲ့ A Beautiful Mind ရုပ်ရှင်နဲ့ Best Picture, Best Director အပါအဝင် တခြားဆုတွေ တန်းစီရခဲ့တဲ့သူ။ တခြားကားကောင်းတွေအများကြီးလည်းရိုက်ထားတဲ့သူပါပဲ။ ဒီလိုလူက ဘာလို့ ဒီလိုကားရိုက်လဲ ဆိုတာတော့မသိပေမဲ့ ဒီကားလည်း IMDb - 7.9/10 , Rotten Tomatoes - 88% နဲ့ ရပ်တည်နေတာဆိုတော့ ပရိသတ်တွေရော ဝေဖန်ရေးသမားတွေရော သဘောကျတဲ့ရုပ်ရှင်လို့ပြောရမှာပါပဲ။ မင်းသားတွေကလည်း Colin Farrell တို့ Joel Edgerton တို့လို နာမည်ထက် အရည်အချင်းက ပိုသာနေတဲ့ မီးခဲပြာဖုံးတွေအပြင် Viggo Mortensen ကြီးပါပါသေးတယ်။ သူ့ကိုတော့ Lord of the Rings ထဲက အာရဂွန်အဖြစ် လူသိများပြီး တခြားကောင်းပေ့ဆိုတဲ့ ရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်ထားတဲ့သူပါပဲ။ ဒါရိုက်တာရော မင်းသားတွေရောက အကောင်းကြိုက်တွေဆိုတော့ ဒီကား ကောင်းမကောင်းပြောဖို့မလိုပါဘူး။ အဆစ်အနေနဲ့ ထိုင်းရဲ့ နာမည်ကြီး Bad Genius ထဲက Teeradon Supapunpinyo ပါပါသေးတယ်။ (ဟာသပြောရရင်တော့ ဒီရုပ်ရှင်ထဲက Colin Farrell ရဲ့ဇာတ်ကောင်ဖြစ်တဲ့ John Volanthen က မစ္စတာဘင်းကြီး ရိုဝန်အက်ကင်ဆန်ကို သူ့နေရာက သရုပ်ဆောင်ခိုင်းဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ရွန်ဟောင်းဝတ်ကြီးက ငါတို့အဲဒီလိုကားမျိုးရိုက်တာမဟုတ်ဘူးကွဆိုပြီး ငြင်းပြီး Colin Farrell ကိုရွေးလိုက်ပါတယ်။ Volanthen ကတော့ Colin ကို သိတောင်မသိပါဘူးတဲ့...) ရွန်ဟောင်း၀တ်ဟာ အနောက်ကလူပေမဲ့ အရှေ့အကြောင်းကို အဓိကထားပြီး ရိုက်တဲ့ကားမှာ အရှေ့တိုင်းယဉ်ကျေးမှု ထိုင်းယုံကြည်မှုကို မပစ်ပယ်ဘဲ သေချာထည့်သွင်းရိုက်ကူးခဲ့တာကိုလည်း ကျွန်တော်တို့ တွေ့နိုင်ပါတယ်။ နတ်ကိုင်သလိုလို ထင်နေကြတာမို့ နတ်ပုံကိုလည်း သေချာကြက်သီးထစဖွယ်ရိုကိခဲ့သလို ဆုတောင်းတာတို့ ကလေးတွေအတွက် အဆောင်ထည့်ပေးတာတို့ကို သေချာပြခဲ့သလို အင်္ဂလိပ်တွေရဲ့ တုံ့ပြန်ပုံကိုပါ သေချာပြခဲ့ပါတယ်။ တကယ့် ဝါရင့်ဆရာကျတဲ့ ဒါရိုက်တာပီသစွာ နှစ်ဖက်စလုံးကအမြင်ကို အခြေအနေတော်တော်များများမှာ ရိုက်ပြသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီအားလုံးသိပြီးသားဇာတ်ကို ရွန်ဟောင်းဝတ်ဟာ အတော်လေး အီမိုရှင်နယ်ဖြစ်အောင်ရိုက်ပြခဲ့သလို ဒီဖြစ်ရပ်မှာပါဝင်ကူညီခဲ့တဲ့ လယ်သမားအစ နိုင်ငံခြားသားအဆုံးရဲ့ အားထုတ်မှုတွေကိုလည်း တလေးတစားဖော်ပြထားခဲ့ပါတယ်။ ပရိသတ်အချို့က ဒါမျိုးမှ စူပါဟီးရိုးကားအစစ်ဆိုတဲ့ သဘောမျိုးတောင် ချီးကျူးကြပါတယ်။ လူကိုလူချင်းကူညီတာထက် စူပါဟီးရိုးဆန်တာ ရှိဦးမလား။ ထူးတာကတော့ မိဘတွေရဲ့ပူပန်မှုကို ဖော်ပြတဲ့နေရာမှာ မြန်မာနိုင်ငံသူ ထိုင်းမှာနေပြီး နိုင်ငံပျောက်နေတဲ့ ရှမ်းအမျိုးသမီးကိုပဲ အဓိကဖော်ပြထားခဲ့ပါတယ်။ အဆုံးမှာတော့ သူတို့ကို ထိုင်းဘက်က နိုင်ငံသားခံယူခွင့်ပေးခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ဒိုကူလား ရုပ်ရှင်လား မသည်းကွဲရလောက်အောင် ပီပြင်သလို Colin ကလည်း ဒီရုပ်ရှင်ကို ရိုက်ရင်းစိတ်မသက်မသာဖြစ်ရတဲ့အထိဖြစ်ခဲ့ပါတယ်။ သေချာတာကတော့ ဒီဖြစ်ရပ်ကို သရုပ်ဖော်ခဲ့တဲ့ထဲ ရုပ်ရှင်တွေထဲ ဒီကားအကောင်းဆုံးဖြစ်ဖို့များသလို ကယ်ဆယ်သူတွေဘက်က စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ခရေစေ့တွင်းကျ ခံစားရမယ့် ရုပ်ရှင်လည်းဟုတ်ပါတယ်။ ကားအသစ်ထွက်ရင် ကြည့်ကိုကြည့်သင့်တဲ့ ဆရာ့ဆရာ ဒါရိုက်တာကြီးတွေထဲက တစ်ယောက်ရဲ့ လက်ရာဆိုတော့လည်း ဒီလောက်တော့ရှိမပေါ့။ ဒီရုပ်ရှင်ဟာ ၂၀၂၂ထဲ ခင်ဗျားကြည့်ကိုကြည့်သင့်တဲ့ ကားကောင်းတစ်ရာလောက်ကို စာရင်းလုပ်မယ်ဆို တစ်ဝက်လောက်မှာ ပါကိုပါနေမယ့်ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.33GB, 1.3GB Quality - 1080p, 720p IMDb Rating - 7.9/10 Format - mp4 Duration - 2H 27Min Genre - Action, Adventure, Biography Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Mystery • Thriller
7.9 2022 147 mins
Thirteen Lives
Father of the Bride
5.9

သမီးရှင် …. အဖေဆိုတာ သူ့တို့အလှည့်တုန်းကသာ မိန်းမယူဖို့ တကဲကဲဖြစ်ပြီး ဇွတ်တွေ ယူကြပေမယ့် တကယ်တမ်း သူတို့ မိဘဖြစ်လာတဲ့အခါ သားသမီးကို တစ်ပါးသူလက်ထဲ ထည့်ပေးရမှာ အင်မတန် အူတိုကြသူတွေပါပဲ။ အထူးသဖြင့် သမီးရှင် ဖခင်တွေပါ။ သူ ပိုးမွေးသလို မွေးခဲ့ရတဲ့ သမီးလေးကို အနာဂတ်မှာ သမက်ဖြစ်လာမယ့်လူရဲ့ လက်ထဲကို အပြီးအပိုင် ပေးလိုက်ဖို့အရေးဟာ သူတို့အတွက်တော့ ကမ္ဘာကြီး ပူနွေးလာမှုထက် ပိုပြီး ရင်ဆိုင်ရခက်ခဲတဲ့ ပြဿနာကြီးတစ်ခုပါ။ ဒီ‌လူဟာ ငါ့သမီးနဲ့ သင့်တော်ရဲ့လား၊ ငါ့သမီးကို တင့်တောင်းတင့်တယ် ထားနိုင်ပါ့မလား၊ ငါ့သမီးအပေါ် ကောင်းပါ့မလား စတဲ့ စတဲ့ သံသယတွေနဲ့ လောင်မြိုက်ကြတာဆိုသည်မှာ မသိရင် သူတို့အလှည့်တုန်းက ပြီးပြည့်စုံနေသည့်အလား ….. ဒီ သ၀န်တိုမှုဟာ တစ်မျိုးလေးတော့ ချစ်စရာကောင်းနေပါတယ်။ ဖခင်ရဲ့ မေတ္တာပါပဲ …. ဒီဇာတ်လမ်းမှာလည်း ဘီလီဆိုတဲ့ သူဌေးကြီးဟာ သိပ်ကို ရှေးရိုးစွဲပြီး အရာရာကို သူ့ခေတ်တုန်းက အခြေအနေနဲ့ နှိုင်းယှဉ်ပြီး အလကားနေ အလကား ဇီဇာကြောင်သူ ဖေဖေကြီးပါ။ လူဆင်းရဲဘ၀က လာခဲ့သူဖြစ်လို့ သမီးဖြစ်သူတွေ လိုလေသေးမရှိ နေနိုင်ရေး အလုပ်တွေပဲ ဖိလုပ်နေသူ သူဌေးကြီး ဦးဘီလီကို မိန်းမဖြစ်သူကလည်း ဒီကိစ္စတွေကြောင့်ပဲ စိတ်တွေကုန်ပြီး ကွာရှင်းဖို့ ပြောလာခဲ့ပါပြီ။ အဲဒီအချိန်မှာ ကောလိပ်က ပြန်လာသူ သမီးကြီး ဆိုဖီက ရုတ်တရက် သူ လက်ထပ်တော့မယ့်အကြောင်း ဖွင့်ပြောလာခဲ့ရာ ဘီလီတစ်ယောက် တစ်ပူပေါ် တစ်ပူတွေ ဆင့်လို့ မိသားစုအရေး သမီးရှင်အရေးတွေကြား ဗျာများ ဒုက္ခကြုံရပုံတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်။ IMDb 5.9, Rotten Tomatoes 81 % ရရှိထားတဲ့ ဒီဇာတ်လမ်းမှာ မင်းသားကြီး Andy Garcia က သမီးရှင် ဘီလီအဖြစ် ကာရိုက်တာနဲ့ လိုက်ဖက်စွာ ပါ၀င်ထားပါတယ်။ စာရေးသူ ကိုယ်တိုင်လည်း ဘ၀င်ကျမိတာဖြစ်လို့ တကယ့်ကို အနှစ်ရှိတဲ့ Romance, Drama သစ်မျိုး ရှာဖွေနေသူဆို ဒီကားကို လက်မလွှတ်တမ်း ကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။ File size…(2.56GB/(1.24GB)/(811.29MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:57:00 Genre…Drama / Comdey / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yoon Sandi Aung

Adventure • Science Fiction
5.9 2022 118 mins
Father of the Bride
Love Life

ဒီဇာတ်ကားကတော့ ဂျပန်နဲ့ ပြင်သစ် ပူးပေါင်းရိုက်ကူးထားတဲ့ ၂နာရီကျော်ကြာမြင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး ဒါရိုက်တာ Koji Fukadaက ရိုက်ကူးထားတာဖြစ်ပါတယ်။ Love lifeလို့အမည်ရတဲ့ ၁၉၉၁မှာထွက်ရှိခဲ့တဲ့ ဂျပန်သီချင်းကို ဇာတ်လမ်းကျောရိုးအဖြစ် ပုံဖော်ထားတာဖြစ်​ပြီး အဓိကကတော့ “တအဲကို”နဲ့ “ဂျိရို”ရဲ့ အချစ် နဲ့ ဘဝအကြောင်း ဖြစ်ပါတယ်။ 79th Venice International Film Festivalမှာ ပွဲဦးထွက်ပြသခဲ့တာဖြစ်ပြီးတော့ Hochi Film awardအတွက် nominationတွေလည်း ဝင်ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ လူတွေရဲ့ ဘဝထဲမှာ ဘယ်တုန်းကမှ ရောက်မလာခဲ့သင့်တဲ့သူဆိုတာကို တစ်ကွေ့မှာတော့ ကြုံရလေ့ ရှိပါတယ်။ “တအဲကို”ဆိုတဲ့ အမျိုးသမီးရဲ့ ယောက်ျားဖြစ်သူက “ဂျိရို”လို့ခေါ်ပြီး သူတို့မှာ သားလေးတစ်ယောက်လည်း ရှိပါတယ်။ သားဖြစ်သူ “ခေးတ”က တအဲကိုရဲ့ အရင်ယောက်ျားနဲ့ရခဲ့တဲ့ကလေး ဖြစ်ပေမဲ့ ယောက်ျားဖြစ်သူက သားအရင်းလိုချစ်ပြီး ပျော်စရာကောင်းတဲ့ မိသားစုလေးဖြစ်ခဲ့ပါတယ်။ တအဲကိုက တစ်ခုလပ်ဖြစ်ခဲ့တာမို့ ယောက်ျားရဲ့မိဘတွေက သဘောမတူခဲ့ပါဘူး။ တစ်နေ့မှာတော့ ယောက္ခထီးဖြစ်သူရဲ့မွေးနေ့ကို သူတို့အိမ်မှာလုပ်ပေးရင်း သီချင်းတွေအကျယ်ကြီးဆိုနေခဲ့ကြရာက ကလေးဖြစ်သူ ရေချိုးကန်ထဲပြုတ်ကျသွားတာကို မသိလိုက်ကြပါဘူး။ ဒီလိုနဲ့ သားဖြစ်သူလည်း ရေနစ်ဆုံးပါးသွားပြီး ဈာပနအခမ်းအနားပြုလုပ်နေတုန်း ယောက်ျားဟောင်းဖြစ်သူ ဘတ်ရှင်းဂျီက ပြန်ရောက်လာခဲ့ပါတယ်။ ဘတ်ရှင်းဂျီက ဆွံ့အနားမကြားတစ်ယောက်ဖြစ်ပြီး တအဲကိုတို့သားအမိကို ထားခဲ့ကာ ထွက်ပြေးသွားခဲ့တဲ့သူလည်းဖြစ်ပါတယ်။ ခု ပြန်တွေ့ချိန်မှာလည်း သူဟာ ဘေးလူရဲ့ အကူအညီလိုအပ်သူဖြစ်တာမို့ “ဂျိရို”ကလည်း သူ့ကိုကူညီပေးဖို့ တအဲကို ကို ပြောလာပါတယ်။ နားလည်မှု အတော်လေးရှိတယ်လို့ထင်ရတဲ့ သူတို့အိမ်ထောင်ရေးနဲ့ အရင်လူတွေပြန်လာတဲ့အချိန်မှာ ဘယ်လိုမျိုး ပြောင်းလဲနိုင်မလဲ။ အိမ်ထောင်ရေးနဲ့ လူနှစ်ဦးကြားက တချို့သောကိစ္စတွေဟာ ကန့်သတ်ချက်တွေမပါဘဲ ကာယကံရှင် နှစ်ယောက်ရဲ့ လက်ခံနားလည်မှုတွေနဲ့ပဲ တည်ဆောက်ရှေ့ဆက်သွားတာကို တအဲကိုနဲ့ဂျိရိုရဲ့ အချစ်နဲ့ဘဝအကြောင်းထဲမှာ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:03:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ingyin San

Comedy • Drama
0 2022
Love Life
Ice Age: Continental Drift
6.5

ဒီဇာတ်ကားက Ice age franchiseရဲ့ စတုတ္ထဇာတ်ကား ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းကြီးတစ်ခုလုံးမှာ အစကတည်းက ပါဝင်ခဲ့တဲ့ ဝက်သစ်ချသီးကိုမှ အရူးအမူးစွဲလမ်း ​နေတဲ့ ရှဉ့်​လေး​ကြောင့်ပဲ ဒီဇာတ်လမ်း မြစ်ဖျားခံလာခဲ့တယ်လို့ ​ပြောရမှာပါပဲ။ အမြဲတမ်း ကိုရီးယားကားလိုမျိုး တေ့လွဲလွဲ​နေတဲ့ ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း အဆိုပါရှဉ့်ဟာ ကမ္ဘာ့ဗဟိုချက် အူတိုင်ထဲကို ​ကျသွားပြီး သူ့ရဲ့ဂယက်​ကြောင့်ပဲ ကမ္ဘာဦး​ခေတ်ရဲ့ ကုန်း​မြေ​တွေ တစ်စစီပြိုကွဲသွားကာ ယ​နေ့​ခေတ် တိုက်ကြီး၇ခုရဲ့ ကနဦးဗားရှင်း​​တွေ ဖြစ်လာခဲ့ပါတယ်။ ဒီသက်​ရောက်မှုကို အဓိကခံခဲ့ရတာက ​ကမ္ဘာပေါ်က တိရစ္ဆာန်​တွေ ဖြစ်ပြီး ​မြေလွှာပြတ်​ရွေ့မှု​တွေ​ကြောင့် ​​နေရပ်​ဌာနတွေ ပျက်စီးကာ မိသားစုပြိုကွဲမှု​တွေ ကြုံခဲ့ရပါတယ်။ အဲဒီထဲမှာ ဇာတ်လိုက်​ကျော် မန်နီတို့ မိသားစုလည်း ပါဝင်ခဲ့ပြီး ဇနီးအယ်လီ၊သမီးပိချက်စ်တို့ရဲ့ အ​ဝေးကိုရောက်သွားခဲ့တာ​ကြောင့် မိသားစုဆီပြန်ဖို့ မန်နီတို့အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှု​တွေ၊ ခရီးမှာကြုံရတဲ့ ဓါးပြ​အဖွဲ့ရဲ့ အန္တရာယ် ​တွေကို ​ကျော်ဖြတ်ဖို့ကြိုးစားမှု​တွေကို မြင်​တွေ့ရမှာပါ။ ဒီကားမှာ character အသစ်​တွေအဖြစ် ဒီ​ယေဂိုရဲ့ချစ်သူဖြစ်လာမယ့် ရှီရာ ဆိုတဲ့ ကျားမ​လေးနဲ့ ဆစ်ဒနီရဲ့ အဘွားဖြစ်သူပါ ပါလာတာ​ကြောင့် အလွဲအ​ချော်​တွေ၊ဟာသ​တွေနဲ့ Ice age​တွေရဲ့အရသာ မပျက်တဲ့ Animationဇာတ်ကား​ကောင်းပဲ ဖြစ်ပါတယ်။ File size… 5.8 GB / 2.2 GB / 1.1 GB Quality… Web-DL 4K HDR / 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Animation, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

6.5 2012
Ice Age: Continental Drift
Dayı: Bir Adamın Hikâyesi
6.1

Dayi: Bir Adamin Hikayesi (2021) (ယောကျ်ားတစ်ယောက်ရဲ့ ဇာတ်လမ်း) IMDb – 6.1/10 ဆုပေါင်းများစွာရရှိဖူးတဲ့ မင်းသားကြီးတွေပါဝင်ထားတဲ့ တူရကီ ဂန်းစတားရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ပုံဖော်ထားတဲ့ရုပ်ရှင်။ ဒီရုပ်ရှင်ထွက်တဲ့အချိန်တုန်းက ဝေဖန်ရေးဆရာတွေနဲ့ ပရိသတ်တွေဆီကနေ အကောင်းဆုံးတူရကီရုပ်ရှင်တွေထဲကတစ်ကားလို့ ချီးကျူးခံခဲ့ရပါတယ်။ ချေဗာဟိရှ်က ထင်ရာစိုင်းတတ်ပြီး မှားနေတာကိုမြင်ရင် အမှန်ပြင်ပေးလိုက်ဖို့ဝန်မလေးတဲ့ ခပ်ဂျစ်ကန်ကန် ကောင်လေးတစ်ယောက်။ အရွယ်ရောက်လာတဲ့ထိ တဇွတ်ထိုးနိုင်လွန်းလို့ အဖေဖြစ်သူက ဘာမှ လက်ကြောတင်းအောင် မလုပ်နိုင်တဲ့ကောင်ဆိုပြီး အမြင်မကြည်တာမို့ မိခင်ဖြစ်သူက အစ္စတန်ဘူလ်မှာကြီးပွားနေတဲ့ ရပ်ဆွေရပ်မျိုးလုပ်ငန်းရှင်တစ်ယောက်ဆီကို ပို့လိုက်ပါတယ်။ ဒီမှာပဲ ချေဗာဟိရှ်ရဲ့ဘ၀ တစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။ အစ္စတန်ဘူလ်က အစ်ကိုကြီးလိုခင်ရတဲ့ လုပ်ငန်းရှင်သူဌေးက ဒုစရိုက်လုပ်ငန်းတွေ လုပ်နေတဲ့အခါမှာ ချေဗာဟိရှ်ရဲ့ ထင်ရာစိုင်းတဲ့စိတ်နဲ့ ဒီလုပ်ငန်းတွေထဲမှာ ပါဝင်ပတ်သက်မိတဲ့အခါမှာတော့…။ (aungmo3han ဘာသာပြန်ပေးထားပါတယ်) Genre….. Action, Adventure, Drama Quality…. 1080p | 720p File size… 1.5GB | 675MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

6.1 2021
Dayı: Bir Adamın Hikâyesi
Flypaper
6.4

လူတစ်ယောက် အကြွေလိုချင်လို့ ဘဏ်ထဲဝင်လဲတယ် ဘဏ်စာရေးမလေး က မင်္ဂလာဆောင်ပြီးကာစ အဲ့အချိန်မှာ ဘဏ်ကဓါးပြအတိုက်ခံရတယ် ထူးဆန်းတာက တိုက်တာက အဖွဲ့၂ ဖွဲ့ FBI ကနေ ဓါးပြတွေကို အဆင့်တွေခွဲထားတဲ့ခေတ် လာတိုက်တဲ့ ၂ဖွဲ့မှာ သုံးကောင်အဖွဲ့က ဆရာတွေ rank အမြင့် ၂ကောင်အဖွဲ့က ငစနူ အောက်တန်းစားဓါးပြတွေ အကြွေလာလဲတဲ့ သူက OCD ဝေဒနာသည် အတွေးအခေါ်က ရှယ်ဂျွတ် ဂဏန်းသချာၤ က အသေတော် ဘဏ်စာရေးမလေးကို ကာကွယ်ပေးချင်တဲ့သူ ဖြစ်ချင်တော့ ဓါးပြ ၂ ဖွဲ့အချင်းများနေတုန်း ဘေးကရပ်ကြည့်နေတဲ့ တယောက်ကို ကျည်ဆန်ထွက်ပြီး မှန်ပြီးသေ သေသွားတာက အရပ်ဝတ်နဲ့ရဲဖြစ်နေတယ် ဘယ်သူပစ်လိုက်မှန်းလဲ မသိ ဉာဏ်ပြေးတဲ့ မင်းသားအပါအဝင် ဓါးစာခံ ရှစ်ယောက်ရယ် smart ဖြစ်တဲ့ ဓါးပြအဖွဲ့ရယ် ငပေါ ဓါးပြ ၂ကောင်ရယ် plot မိုက်မိုက်လေးနဲ့ twist လန်းလန်းလေးနဲ့ ဘဏ်ဓါးပြကားမျိုး ကြည့်ချင်သူများ အကြိုက်တွေ့မှာပါ အစက ဘာသာပြန်ရေးမလို့စဉ်းစားထားပေမဲ့ ပျင်းတာ မအားတာနဲ့တိုင်ပတ်နေလို့ လိုချင်ရင် tag ထားတဲ့ CM admin တွေ ဆီက တောင်းယူကြပါကုန် ပက်ထရစ် ဒမ့်ပ်ဆေး နဲ့ အက်ရှ်လေ ဂျုဒ် သရုပ်ဆောင်ထားပါတယ်။ (ရုပ်ရှင်အညွှန်းကို YeWai LynnHtut မှတင်ဆက်သည်။)

TV Movie • Comedy • Romance
6.4 2011 87 mins
Flypaper
Ghost in the Shell
8

AI တွေဆိုတာဟာ အခုလိုခေတ်မှ ခေတ်စားလာတယ်ဆိုပေမယ့် ဒီ Ghost In The Shell ဆိုတဲ့ Anime ကားထဲမှာတော့ 1995 ခုနှစ်လောက်ထဲက စိတ်ကူးဉာဏ်ကွန့်မြူးပြီ ဒီ Anime ကို ဖန်တီးသူတွေက ပုံဖော်ခဲ့ကြတာပါ. ဇာတ်လမ်းအကြောင်းကိုပြောရရင်တော့ ရုပ်သေးဆရာဆိုတဲ့ AI က အစိုးရအဖွဲ့က လူကြီးတွေကို သူတို့စမ်းသပ်ထားတဲ့ တစ္ဆေဆိုတဲ့ ခန္ဓာကိုယ်တွေကိုသုံးပြီး ချိမ်းခြောက်အကျပ်ကိုင်တဲ့ ဇာတ်အိမ်မျိုးကို တည်ထားပါတယ်. ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်က မိုတိုကို ကူဆာနာဂီဆိုတဲ့ အမျိုးသမီး ဗိုလ်မှူူးတစ်ယောက်ဖြစ်ပြီး သူကိုယ်တိုင်ကလည်း စက်ရုပ်တစ်ပိုင်း လူတစ်ပိုင်းခန္ဓာကိုယ်ဖြစ်တဲ့အပြင် အထူးပြုလုပ်ထားတဲ့ နည်းပညာတွေကို ပိုင်ဆိုင်ထားတဲ့ အေးဂျင့်တစ်ယောက်ပါ. သူတို့ လိုက်နေရတဲ့ လူက အင်တာနက်ကွန်ရက်ထဲကို လိုသလို သွားလာနိုင်ပြီး သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိတဲ့လူတွေကို စိတ်ရှိတိုင်း ခိုင်းစေလို့ရနေပေမယ့် အဲဒီ့ ရုပ်သေးဆရာလို့ခေါ်တဲ့ AI ဟာ ဘယ်လိုကိစ္စရပ်မျိုးတွေမှာ ပါဝင်ပတ်သက်နေမလဲဆိုတာကို ကြည့်ရှုရမှာပါ. ဒါ့အပြင် ဒီ Anime ကားကို 2017 ခုနှစ်မှာ ကျွန်တော်တို့အားလုံးရဲ့ မမဖြစ်တဲ့ Scarlett Johansson က Live Action အနေနဲ့လည်း ပြန်လည်ရိုက်ကူးထားပါသေးတယ်. အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Jo Joe မှရေးသားပြန်ဆိုထားပါတယ် File size…(1.4 GB)/(704 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre… Action, Animation, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jo Joe

8 1995 83 mins
Ghost in the Shell
God’s Not Dead: In God We Trust

IMDb Rating – 2.5 Genre – Politics, Religion ကဲ ဒီတစ်ခေါက်တော့ နိုင်ငံရေးကားအသစ်မျှော်နေတဲ့သူတွေအတွက် 2024ခုနှစ်ထွက် အမေရိကန်နိုင်ငံရေးဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအညွှန်း – ဖာသာ ဒေးဗစ် ဟေးလ် တစ်ယောက် မူဝါဒက နေ ဘာသာရေးကို ဖယ်ထုတ်ချင်သူတစ်ဦးနဲ့ လွှတ်တော်မတ်အဖြစ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်တာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ယုံကြည်သက်၀င်မှုဟာ ပြည်သူလူထုရဲ့ ဘ၀မှာ ဘယ်လောက်အရေးပါသလဲ‌ဆိုတာရယ် ဘာသာရေးတန်ဖိုးများကို အစိုးရ အနေနဲ့ တစ်စိတ်တပိုင်း ပါ၀င်အားစိုက်ထုတ်ထားရန် ကြိုးစားမှုကို ဖော်ပြထားပါတယ်။ ဘာသာရေးနဲ့ နိုင်ငံရေး အားပြိုင်ထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by IVY

Comedy • Romance
0 2024
God’s Not Dead: In God We Trust
Shaadi Ke Side Effects
5.6

Shaadi Ke Side Effects 2014 အိမ်ထောင်ရေး၏ ဘေးထွက်ဆိုးကျိုးများ IMDb 5.6/10 ရှာရွတ်ရဲ့ နာမည်ကျော် Donရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာလည်းဖြစ်သလို သရုပ်ဆောင်နဲ့ အဆိုတော်လည်းဖြစ်တဲ့ နာမည်ကျော်ဟင်ဒီအနုပညာရှင် ဖာဟန်အက်ခ်တာ နုစဉ်အခါက သရုပ်ဆောင်ခဲ့တဲ့ အဟောင်းထဲက ကားကောင်းလေးတစ်ကားပေါ့။ မင်းသမီးအနေနဲ့ကလည်း ပါကစ္စတန်အိန္ဒိယနယ်စပ်က ဆောင်ကြာမြိုင်မှာ အရမ်းကြမ်းခဲ့တဲ့ Begum Jaan (2017)က မင်းသမီး ဗစ်ဒ်ယာဘာလန်ဆိုတော့ ညွှန်းနေဖိုတောင်မလိုသလောက်ပါ။ ဒီဇာတ်ကားလေးထဲက ဆစ်ဒ်နဲ့ ထရီရှာက သိပ်ချစ်ကြတဲ့ လင်မယားတွေပေါ့။ သူတိုရဲ့အိမ်ထောင်ရေးကလည်း သိပ်ကိုသာယာခဲ့ပါတယ်။ ဆစ်ဒ်ရဲ့ လက်ကိုင်ဆောင်ပုဒ်ကတော့ “ကိုယ်မှားရင် ကိုယ်တောင်းပန်တယ်၊ မိန်းမ မှားရင်လည်း ကိုယ်ပဲတောင်းပန်တယ်” တဲ့။ ဒီလိုနဲ့ လေပြည်ပြီး မုန်တိုင်းရောက်ရှိလာပါတော့တယ်။ အဲဒါကတော့ ထရီရှာမှာ ကိုယ်ဝန်ရှိလာတာပါပဲ။ ၃-၄ လနေရင် ရာထူးတိုးတော့မယ့် ထရီရှာနဲ့ ခုမှပထမဆုံးအယ်လ်ဘမ်ကို အသံသွင်းဖိုကြိုးစားနေဆဲ တေးရေးဆရာပေါက်စ ဆစ်ဒ်တိုအတွက်တော့ ကလေးယူဖို အဆင်သင့်မဖြစ်သေးပါဘူး။ ဒီလိုနဲ့ ကလေးကိုမယူဖိုဆုံးဖြတ်ကြပြီး ဖျက်ချဖို ဆေးရုံကိုရောက်ရှိလာပါတော့တယ်။ ဆရာဝန်တွေက ထရီရှာကို အော်ပရေးရှင်းလုပ်နေစဉ်အတွင်းမှာ ဆစ်ဒ်ကအပြင်မှာ ထိုင်စောင့်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆစ်ဒ်ကလွဲလို ဘယ်သူမှ မသိလိုက်တဲ့ကိစ္စတစ်ခု ဖြစ်သွားခဲ့ပါတော့တယ်။ အဲဒီလိုနဲ့ဆစ်ဒ်လည်း ခွဲခန်းထဲအထိလိုက်ဝင်ပြီး ကလေးကိုယူပါတော့မယ့်အကြောင်းပြောပြီး အော်ပရေးရှင်းဆက်မလုပ်စေတော့ပါဘူး။ ထရီရှာရဲ့အမေကလည်း အလုပ်အကိုင်အတည်တကျမရှိတဲ့ဆစ်ဒ်နဲ့ သဘောမတူပါဘူးဆိုမှ အခုကလေးပါယူမယ်ဆိုတော့ သူတိုကိုအမြင်မကြည်ဝောာ့ပါဘူး။ ဒါပေမဲ့ဆစ်ဒ်ကတော့ ကမ္ဘာမှာ အကောင်းဆုံးဖခင်ဖြစ်ဖို အစွမ်းကုန်ကြိုးစားပါတော့တယ်။ သူ့မိန်းမရဲ့ ကိုယ်ဝန်‌ဆောင်သည်ခံစားချက်ကိုသိရအောင် ပူဖောင်းထည့်ပြီး သူပါလိုက်နေတာ‌မျိုးကစလိုပေါ့။ ခွဲခန်းအပြင်မှာ ဆစ်ဒ်ကြုံတွေ့ခဲ့ရတာ ဘာပါလဲ၊ ဖခင်ကောင်းဖြစ်အောင် သူကြိုးစားနိုင်ပါ့မလား၊ ထရီရှာရဲ့မိခင်နဲ့ ဘယ်လိုပြေလည်အောင်ညှိနှိင်းမလဲဆိုတာတွေကို ဟာသလေးနှောပြီး ရင်သပ်ရှုမောကြည့်ရှုအားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Documentary • Drama
5.6 2014 145 mins
Shaadi Ke Side Effects
Nailed
6.5

Nailed (2019) ********************* ဂျယ်ဂူနဲ့ ဆွန်းယောင်းဟာ အမြန်လမ်းမငယ်လေး နံဘေးမှာ ကားဝပ်ရှော့တစ်ခု ဖွင့်စားနေတဲ့ လင်မယားတွေဖြစ်တယ်။ ဖောက်သည်များ တဖြည်းဖြည်း လျော့ပါးလာတာနဲ့အမျှ စားဝတ်နေရေးလည်း ခက်ခဲလာတဲ့ သူတို့ဟာ လူမှုရေးပိုင်းမှာပါ ပြဿနာတွေ ကြုံတွေ့လာရတော့တယ်။ ဒီလိုရုန်းကန်နေရတဲ့ ကာလမှာပဲ ကားဘီးပေါက်တဲ့ ဖောက်သည်များစွာ ရရှိလာတဲ့အခါ ဂျယ်ဂူတို့ လင်မယားဟာ ဘာကြောင့်လည်းဆိုတာကို အဖြေရှာပါတော့တယ်။ အမြန်လမ်းမကနေ ဆောက်လုပ်ရေးဆိုက်ကို သွားနေတဲ့ ထရပ်ကားပေါ်ကနေ သံတိုသံစတွေကြောင့် ကားဘီးပေါက်သူ များလာမှန်း သိရှိလာတဲ့အခါ ဂျယ်ဂူနဲ့ သူ့ဇနီးဟာ ဒီထက်ပိုပြီး ဖောက်သည်တွေများလာဖို့ မသမာနည်းနဲ့ အကြံထုတ်ပါတော့တယ်။ ဒီလုပ်ရပ်ရဲ့ အကျိုးဆက်တွေဟာ အနောက်ကနေ လိုက်လာတဲ့အခါမှတော့….. (ဇာတ်လမ်းအညွှန်းကိုတော့ Esthက ရေးသားထားပါတယ်) File Size – 965 MB/ 429 MB Quality – WEB-DL 1080p/ 720p Duration – 1h 37m Format – mp4 Genre – Comedy, Crime Subtitle – Myanmar Subtitle (Hard Sub) Translated by – Esth Encoded by – Treasure Htet

6.5 2019 96 mins
Nailed