YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Tron Legacy (2010) 720p DSNP WEB-DL [RMC].mp4

1.18 GB 720p video/mp4 28 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hunter Killer
6.9

(အက်ရှင်ဦးစားပေးစစ်ကားဖြစ်သဖြင့် Blu-Ray 1080p 5.1 CH , Blu-Ray 720p အားUpdate ပေးလိုက်ပါသည်...)) စစ်ကားကောင်းတွေ ငတ်နေကြသူတွေအတွက် ရုရှားနဲ့ အမေရိကန်ဆော်ကြမယ့် 2018 ထွက် Hunter Killer ဆိုတဲ့ ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်.... Hunter Killer ဆိုတာက အမေရိကန်ရေငုပ်သင်္ဘော အမျိုးအစားတစ်ခုရဲ့နာမည်ဆိုပါတော့... တစ်နေ့ အမေရိကန်ရေငုပ်သင်္ဘောတစ်စီး (တန်ပါဘေး) ဟာ အာတိတ်သမုဒ္ဒရာထဲ ကင်းထောက်နေတုန်း ရုရှား ရေငုပ်သင်္ဘောတစ်စီး ပေါက်ကွဲပျက်စီးသွားတာကြားလိုက်ရပါတယ်... ဘာကြောင့် ဒီလိုဖြစ်သွားသလဲ စုံစမ်းနေတုန်း မရှေးမနှောင်းမှာပဲ သူတို့သင်္ဘော တန်ပါဘေးလည်း ဒုံးကျည်ထိမှန်ပြီး နစ်မြုပ်ခဲ့ရပါတယ် ...အမေရိကန်အစိုးရ နဲ့ ရုရှားအစိုးရလည်း ဘယ်သူက စတင်ပစ်ခတ်တယ်ဆိုတာ မသေချာပေမယ့် နှစ်ဖက်စလုံးမှာအထိအခိုက်ရှိသွားတာဖြစ်တဲ့အတွက် နိုင်ငံရေးတင်းမာမှုတွေ ရှိလာခဲ့ပါတယ်... ဒါကြောင့် အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးက နစ်မြုပ်သွားတဲ့ တန်ပါဘေးကို ကယ်ဆယ်ဖို့ ကပ္ပတိန် ဂျိုးဂလက်စ် ဦးစီးတဲ့ Hunter killer တစ်စီးလွှတ်ပါတော့တယ်... မြေပြင်မှာ လည်း ရုရှားသမ္မတရဲ့ခြေလှမ်းတွေစောင့်ကြည့်ဖို့ အထူးစစ်သားလေးယောက် ချထားလိုက်ပါတယ်.... ရုရှား အမေရိကန် နိုင်ငံရေးတင်းမာမှုတွေဟာ ဘယ်လောက်ထိကြီးကျယ်ပြီး တတိယကမ္ဘာစစ်ကို ခေါ်ဆောင်သွားနိုင်သလားဆိုတာ ပရိတ်သတ်ကြီးပဲ ရှုစားတော်မူကြပါ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwinပဲဖြစ်ပါတယ်... File Size : (2.13GB),(982MB)  Quality : Blu-Ray 1080p 5.1 CH, Blu-ray 720P Format…mp4 Duration…02:02:00 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by Phyo Pyae

Drama • Mystery • Sci-Fi & Fantasy
6.9 2018 121 mins
Hunter Killer
Call Jane
6.1

Call Jane (2022) ~ IMDb – 6.1/10, RT – 82%, Meta – 64% ~ နာမည်ကျော် Gotham စီးရီးထဲ ပင်ဂွင်းနဲ့အတူတူ ပရိသတ်အချစ်တော်ဖြစ်ခဲ့တဲ့ Riddler နေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသား Cory Michael Smith ရဲ့ ဇာတ်ကားအသစ်ပါ။ မင်းသမီးကတော့ Charlie’s Angels, Pitch Perfect Trilogy, Power Rangers နဲ့ The Hunger Games အစုံအစုံက မင်းသမီး Elizabeth Banks ပါ။ စပယ်ရှယ်ဘွန်းခဲ့တဲ့ Fantastic Four (2015) က Kate Mara လည်းပါသလို Alien Franchise ကြီးရဲ့ အခရာအကျဆုံးဖြစ်ခဲ့သူ Sigourney Weaver လည်းပါတဲ့ သမိုင်းနောက်ခံဇာတ်ကားသစ်ပါပဲ။ ခင်ပွန်းဖြစ်သူရဲ့အလုပ်ကြောင့် တက်ရတဲ့အခမ်းအနားကနေ ပြန်အထွက်မှာ လမ်းလျှောက်ဆန္ဒပြနေကြတဲ့ လူတစ်အုပ်ကို ရုတ်တရက်တွေ့လိုက်ရလို့ ဂျွိုင်းဂရစ်ဖင်တစ်ယောက် အံ့သြတကြီး ဖြစ်သွားရတယ်။ ဒါပေမဲ့ ဒီဆူပူမှုနဲ့ အဲဒါကိုထိန်းချုပ်ဖို့ ကြိုးစားနေကြတဲ့ရဲတွေကို ကြည့်နေတဲ့ သူ့မျက်ဝန်းထဲမှာ ရှိနေတာက ထိတ်လန့်မှုတင်မကဘဲ စိတ်ဝင်စားမှုနဲ့ စိတ်ထက်သန်မှုလေးတွေပါ နည်းနည်းစွက်နေခဲ့တယ်။ ဂျွိုင်းက အိမ်ထောင်ရှင်မ,ပီသတဲ့ ဇနီးကောင်းတစ်ယောက်။ အရွယ်ရောက်ခါနီးသမီးလည်း ရှိနေနှင့်ပြီးသား၊ သူတို့လင်မယားအတွက် သားသမီးတစ်ယောက် ထပ်ရတော့မယ့် အနေအထားမှာ မထင်မှတ်ဘဲ ဂျွိုင်းတို့သိလိုက်ရတာက သူ့ဆီမှာ မွေးရာပါနှလုံးချို့ယွင်းမှုတစ်ခု ရှိနေပြီး ကိုယ်ဝန်ဆက်လွယ်ထားရင် မီးဖွားပြီးနောက် သူအသက်ရှင်ဖို့က ငါးဆယ်ရာခိုင်နှုန်းသာ ရှိနေတယ်ဆိုတာပဲ။ အမျိုးသမီးတွေ မိမိဆန္ဒအလျောက် ကိုယ်ဝန်ဖျက်ချခွင့်မရှိသေးတဲ့ အဲဒီ ၁၉၆၀ နှောင်းပိုင်းခေတ်မှာ သူ့အသက်မသေရအောင်လို့ တရားဝင်ဖျက်ချခွင့်ပေးဖို့ ဆေးရုံကို အသနားခံစာတင်ပေမဲ့ ကလေးကျန်းမာဖို့က အဓိကဖြစ်တယ်လို့ ယူဆပြီး ကိုယ်ဝန်ဆက်လွယ်စေဖို့ မိခင်ဖြစ်သူကိုရှေ့ထားပြီး ဆုံးဖြတ်လိုက်ကြတဲ့ ယောက်ျားရင့်မာကြီးတစ်သိုက်သာပါတဲ့ ဘုတ်အဖွဲ့ကို မယုံနိုင်အောင်ကြည့်ရင်း သူ့အသက်ကိုကယ်ဖို့ သူကိုယ်တိုင်လမ်းထွင်မယ်လို့ ဂျွိုင်းတစ်ယောက် ဆုံးဖြတ်ချက်ချလိုက်ရာမှာ အဲဒီလမ်းဟာ သူတစ်ယောက်တင်မက အမေရိကန်တစ်နိုင်ငံလုံးက ဖိနှိပ်ခံအမျိုးသမီးတွေအတွက် အကြီးကျယ်ဆုံးသော အရွေ့တစ်ခုမှာ အရေးပါတဲ့နေရာကနေ ပါဝင်လာခဲ့တော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.02GB, 1GB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 2H 1Min Genre – Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Action & Adventure • Drama • Sci-Fi & Fantasy
6.1 2022
Call Jane
Gabdunri: The Vanishing Town
5

Gabdunri : The Vanishing Town (2022) Horror တွေကိုမှ ကြိုက်တတ်ကြတဲ့သူတွေအတွက် ကိုရီးယားရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပါဦးမယ်နော် သရဲတွေ၊ ထူးခြားဆန်းပြားတဲ့အရာတွေကို မှတ်တမ်းရုပ်ရှင်ရိုက်တဲ့ အဖွဲ့ဟာ ဂတ်ဒွန်းရီဆိုတဲ့ အဆောက်အဦးပျက်ကို သွားပြီးမှတ်တမ်းယူရင်း လွန်ခဲ့တဲ့ ၁၇ နှစ်က ပျောက်သွားတဲ့ ဆောင်းဟျော့ရဲ့ ညီမဖြစ်သူရဲ့အလောင်းကို သွားရှာကြပါတယ် ညီမပျောက်လို့ စိတ်လွတ်နေတဲ့ ဆောင်းဟျော့ကိုပါ လမ်းပြအဖြစ် မဖြစ်မနေခေါ်သွားရသလို သွားရတဲ့နေရာလည်း အချိန်တွေကြာသွားတော့ လူမသိသူမသိဖြစ်တဲ့နေရာဆိုတော့ အရမ်းကိုစွန့်စားသွားရပြန်ရော အဲလိုနဲ့ အဲဒီဂတ်ဒွန်းရီဆိုတဲ့ အဆောက်အဦးပျက်ထဲမှာ ဘယ်လိုအရာတွေကြုံတွေ့ရမလဲ၊ မှတ်တမ်းအဖွဲ့ဝင် ၅ ယောက်ကရော အဲဒီကနေ ဘယ်လိုထွက်လာနိုင်မလဲ မှတ်တမ်းရိုက်ကူးသလိုပုံစံနဲ့ ရိုက်ကူးထားတာဖြစ်ပြီးတော့ ဘာသာပြန်သူအနေနဲ့တော့ ၂၀၁၈ ကထွက်ခဲ့တဲ့ Wi Ha Joon ရဲ့ Gonjiam: Haunted Asylum လိုမျိုး Vibe ပြန်ရလို့ ခပ်အေးအေးနဲ့ စိမ့်စိမ့်လေး ကြည့်ရမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်လို့ ညွှန်းချင်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre…Horror Quality…. 1080p | 720p | 480p File size… 1.78GB | 684MB | 317MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. August

Action • Drama • History
5 2022
Gabdunri: The Vanishing Town
King of Killers
6

ဂယ်ရန်လို့ခေါ်တဲ့ လူတစ်ယောက်ကကြေးစား လူသတ်သမားတစ်ယောက်ဖြစ်ပြီး သူ့ကိုသတ်ဖို့ တာဝန်ပေးတဲ့လူတွေကို လိုက်သတ်ပေးရတဲ့လူဖြစ်ပါတယ်။ ပြီးတော့သူက အဲ့လိုလုပ်ကြံတဲ့နေရာမှာလဲ အရမ်းကိုထူးချွန်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်တစ်နေ့မှာတော့ သူအလုပ်လုပ်ဖို့သွားနေတုန်း သူ့မိန်းမက အဲ့ဒီကို လိုက်လာခဲ့ပါတယ်။ ဒီလိုနဲ့သူ့မိန်းမ သေနတ်မှန်သွားပြီးတော့ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီကနေစပြီး ဘဝကလဲပျောက်ဆုံးသွားပြီးတော့ ကျန်ရစ်သူဖြစ်တဲ့ သူ့သမီး ကိုတောင်ဂရုမစိုက်ဖြစ်ခဲ့ပါဘူး။ဒါပေမဲ့ နောက်ပိုင်းမှာ သမီးဖြစ်သူက နှလုံးရောဂါ ဖြစ်ပြီးတော့ နှလုံးခွဲစိတ်အစားထိုးဖို့ဖြစ်လာပါတော့တယ်။ ဒါပေမယ့် သူ့မှာရှိတဲ့ ပိုက်ဆံနဲ့ မလောက်မငှဖြစ်နေတဲ့အချိန်မှာ သူ့ကိုကမ်းလှမ်းထားတဲ့ ဒေါ်လာဆယ်သန်းတန် ပစ်မှတ်တစ်ခုကို လက်ခံလိုက်ရပါတော့တယ်။အဲ့ဒီပစ်မှတ်ကတော့ တခြားသူမဟုတ်ပါဘူး သူတို့ရဲ့ လုပ်ကြံရေးသမားလောကထဲမှာ အတော်ဆုံးဆိုတဲ့ လူသတ်သမားတွေရဲ့ ဘုရင် ဒရေကိုဆိုတဲ့ လူကိုသတ်ဖို့ပါပဲ။ဒါပေမယ့် သူ့ကိုသတ်ဖို့က ပုံမှန်အလုပ်တွေလို ရိုးရှင်းမနေပဲနဲ့ တခြားလူတွေနဲ့ပြိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ အဲ့ထက် ပိုထူးဆန်းတာက ဒရေကိုကိုသတ်ဖို့ သူတို့ကို ဒရေကိုကိုယ်တိုင်ကငှားထားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဂယ်ရန်နဲ့ တခြားလူသတ်သမားတွေ ဒရေကိုကို သတ်ဖို့ကြိုးစားပြီးတော့ နောက်ဆုံးမှာ လူသတ်သမားတွေရဲ့ ဘုရင်ဆိုတဲ့ဂုဏ်ပုဒ်ကို သူတို့ထဲက တခြားလူတွေက ပိုင်ဆိုင် သွားမလား ဒရေကိုကပဲ ဆက်ထိန်းသိမ်းထားနိုင်မလားဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.24GB / 491MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6 2023 91 mins
King of Killers
Believer 2
8.8

Believer 2 (2023) (အညွှန်း) ==================== 2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Believer ရဲ့ sequel ထွက်ရှိလာပါပြီ။ စုံထောက် Won Ho အပူတပြင်းလိုက်ရှာနေတဲ့ အာရှရဲ့အကြီးဆုံး မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် ဆရာ အီက ဘယ်သူဖြစ်နေမှာလဲ .. ပျောက်ဆုံးနေတဲ့ Seo Young Rak ကရော ဘယ်ကိုရောက်သွားတာလဲ။ ဘရိုင်ယန့်ကို ဆရာအီအဖြစ်ဖမ်းဆီးခဲ့ပေမယ့် ဆရာ အီ မဟုတ်တဲ့ ဘရိုင်ယန်က Big Knife နဲ့လက်တွဲပြီး တကယ့်ဆရာ အီအစစ်နဲ့တွေ့ရဖို့ကြိုးစားလာတဲ့အခါ ဘာတွေဆက်ဖြစ်ဦးမှာလဲ။ ဒီတစ်ခေါက်မှာတော့ main cast အနေနဲ့ မမ Han Hyo Joo က “Big Knife” အဖြစ်ကြမ်းပြဦးမှာဖြစ်သလို Seo Young Rak နေရာမှာ အရင် cast ဟောင်း Ryu Joon Yeol အစား Oh Seung Hoon က ပါဝင်သွားမှာပဲဖြစ်ပါတယ်။ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေလည်းပါဝင်သလို မမ Han Hyo Joo ရဲ့ ကွဲပြားတဲ့ဇာတ်ရုပ်ကိုမြင်ရဦးမှာမို့ ကြည့်ကိုကြည့်သင့်တဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီးတော့ ဘာသာပြန်ာထာတာကတော့ Laii, Thant Sin ,Thae, Kaung တို့ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime , Thriller Quality…. 1080p | 720p File size… 1.4GB | 593MB Format… mp4 Duration…. 1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Laii, Thant Sin ,Thae, Kaung Encoder ….. Aaron

Thriller • Crime • Mystery
8.8 2023
Believer 2
The Void

ရဲဝန်ထမ်းဒန်နီရယ်ကာတာက တစ်ညမှာ လမ်းမပေါ်ကင်းလှည့်ရင်း ဒဏ်ရာတွေနဲ့လူတစ်ယောက်ကိုတွေ့ပြီး ဆေးရုံကိုခေါ်လာခဲ့ပေးတယ်။ ဆေးရုံကိုရောက်ပြီးပြီးချင်းမှာပဲ ထူးဆန်းတာတွေတစ်ခုပြီးတစ်ခုဖြစ်လာတယ်။ ဆေးရုံကလူတွေက အကောင်အဖြစ်ပြောင်းသွားတာတွေ၊ အသတ်ခံရတာတွေအပြင် ဆေးရုံအပြင်မှာလည်း အမည်မသိတဲ့အရာတွေက စောင့်ကြပ်ထားလို့ ဒန်နီရယ်တို့ အပြင်ထွက်ပြေးလို့လည်းမရပါဘူး။ ဒီကိစ္စတွေအားလုံးရဲ့လက်သည်က ဘယ်သူလဲ ၊ အဆောင်အအုံထဲမှာရော အပြင်ဘက်မှာရောမလုံခြုံတော့တာကြောင့် ဒန်နီရယ်တို့ ဘယ်လိုတွေရင်ဆိုင်သွားမလဲ။ ဇာတ်လမ်းထဲကလူသတ်သမားမှာ သဘာဝလွန်စွမ်းအားတွေရှိနေတာကြောင့် ကိုးကွယ်ယုံကြည်မှုနဲ့ဆိုင်တဲ့ horror သို့မဟုတ် သိပ္ပံ horror ဆိုပြီးယူဆလို့လည်းရပါတယ်။ File size…(1.1 GB)/(527 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Mystery, Horror, Science fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

0 2016
The Void
Sorority Row

Sorority Row ဟာ 1982 ရုပ်ရှင် The House on Sorority Row ရဲ့ Remake ဖြစ်ပြီးရှားရှားပါးပါးမူရင်းကိုလိုက်မှီတဲ့ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ ရော့စ်မန်းတက္ကသိုလ် Theta P Sorority ညီအစ်မတစ်စုဖြစ်တဲ့ Cassidy, Jessica, Ellie, Claire, Chugs နဲ့ Megan တို့ဟာ စီနီယာပါတီကိုတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီညမှာပဲ ချက်ဂ်ရဲ့မောင်ဖြစ်သူ ဂဲရတ်အပေါ်သူ့ရည်းစား မီဂန်နဲ့ပေါင်းပြီး ဇာတ်လမ်းဆင်ဟာသတစ်ခုလုပ်ပြီး စနောက်ရာကနေ မီဂန်သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီမှာပဲအားလုံးတိုင်ပင်ပြီးတော့ မီဂန်အလောင်းကို မိုင်းတွင်းဟောင်းကြီးထဲပစ်ချဖျောက်ဖျက်ခဲ့ပြီးနောက်အားလုံး ဘာမှမဖြစ်သလိုပြန်နေခဲ့ကြပါတယ်။ အဲ့ဒီဖြစ်ရပ်အပြီးနောက်ရှစ်လအကြာ သူတို့ရဲ့ကျောင်းဆင်းပွဲပါတီနေ့မှာတော့ ခေါင်းစွပ်ဘွဲ့ဝတ်စုံနဲ့မီဂန်ကိုသေဆုံးစေခဲ့တဲ့ တာယာတံတစ်ချောင်းကိုကိုင်ထားတဲ့လူသတ်သမားဟာ သူတို့အုပ်စုကိုအမှည့်ချွေပါတော့တယ်။ Horror ကားပီသစွာ Rated R ကိုယူထားတဲ့အတွက် သတ်ခန်းဖြတ်ခန်းတွေ ရှယ်ကြမ်းပါတယ်။ အမျိုးသမီးဆောင်ကိုအခြေခံပြီး ဗရုတ်ကျကျမိန်းကလေးငယ်တစ်စုဦးဆောင်တဲ့အတွက် အဖော်အချွတ်လေးတစ်ချို့လည်းပါပါသေးတယ်။ Slasher ကားကောင်းငတ်မွတ်နေတဲ့ ပရိသတ်တွေအတွက် Old but gold တစ်ကားပါပဲ။ File size…(1.7 GB)/(894 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre… Mystery, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

Action • Comedy • Crime • Drama
0 2009
Sorority Row
Gyeongju

Gyeongju 2014 ************* မင်းသား Park Hae Ilနဲ့ မင်းသမီး Shin Min Ah တို့ပါဝင်သရုပ်​ဆောင်ထားတဲ့… Romance & Drama ရုပ်ရှင်ကား​လေးတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း ————- ချွဲဟျွန်းက ​​ပေကျင်းတက္ကသိုလ်က ပါ​မောက္ခတစ်​ယောက်ဖြစ်ပြီး… တရုတ်​ကောင်မ​လေးတစ်​ယောက်နဲ့လက်ထပ်ထားတာပါ။ တစ်​နေ့မှာ​တော့ သူ့သူငယ်ချင်းတစ်​ယောက်ရဲ့ နာ​ရေးကိုတက်​ရောက်ဖို့ ​… ကိုရီးယားကိုပြန်လာခဲ့ပါတယ်။ ကိုရီးယားကို ပြန်​ရောက်​တာနဲ့… ဂ​ယောင်းဂျူမြို့​လေးဆီကိုပါ သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၇နှစ်ဂ​ယောင်းဂျူမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်က.. ပန်းချီကားတစ်ချပ်ကို မ​မေ့နိုင်တာ​ကြောင့် ပြန်ကြည့်ဖို့သွားခဲ့တာပါ။ လက်ဖက်ရည်ဆိုင်ကို​ရောက်တဲ့အခါမှာ​တော့ ဆိုင်ပိုင်ရှင် အသစ်ဖြစ်တဲ့… မိန်းမ​လှ​​လေးဂုံးယွန်းဟီးနဲ့ ​တွေ့ပါ​တော့တယ်။ ယွန်းဟီးကိုပန်းချီကားအ​ကြောင်း​မေးရင်း… နှစ်​ယောက်ရင်းနှီးသွားကြပြီး ဘယ်လို​ဆက်ဖြစ်မလဲဆိုတာကို ငြိမ့်ငြိမ့်​လေးနဲ့ ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ File size… 1.77GB / 755MB Quality…WEB-DL 1080p 720p Genres: Adventure, Romance, Drama Duration: 2 hr 25 mins Subtitle….Myanmar Subtitle (Hard Sub) Translated By Phyu Sin Encoded By Heather Oo

Drama • Mystery
0 2014 145 mins
Gyeongju
Rez Ball
6.3

Rez Ball (2024) IMDb Rating (6.3) / Rotten Tomatoes (94%) ဒီ ဘတ်စကတ်ဘော ကားလေးကတော့ LeBron James ကိုယ်တိုင် producer ထဲမှာပါဝင်ထားပြီး rating တွေလည်းတော်တော်ကောင်းကောင်းရထားပါတယ်၊၊ ဇာတ်လမ်းကတော့ခန့်မှန်းရလွယ်တယ်ဆိုပေမဲ့ သရုပ်ဆောင်တွေ သရုပ်ဆောင်ကောင်းတာကြောင့်တော်တော်လေး ကြည့်လို့ပြေပါတယ်။ ဘတ်စကတ်ဘော အသုံးအနှုန်းအချို့ကိုတော့ အဆင်ပြေသလိုပဲ ပြန်ပေးထားပါတယ်။ ဘတ်စကတ်ဘော ကြိုက်တဲ့သူတွေအနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအညွှန်းလေးကတော့ Warriors ဆိုတဲ့ New Mexico က Native American Basketball အဖွဲ့က သူတို့ရဲ့ အဓိက ကစားသမားဖြစ်တဲ့ နာတာနီဂျက်ဆင် ကအဆုံးစီရင်သွားတဲ့နောက်မှာ ပြိုင်ပွဲတွေနိုင်ဖို့တော်တော်လေး ရုန်းကန်လာရပါတယ်။ ဒီကိစ္စကို အသင်းရဲ့ ကပ္ပတိန်အသစ် ဂျင်မီဟောလီ’ဒေးက သူတို့ရဲ့ နာဗာဟိုရိုးရာ တွေနဲ့ပေါင်းစပ်ပြီး အသင်းကိုဘယ်လိုပြန်လည်ခေါင်းထောင် လာအောင်လုပ်မလဲ ရင် ခုန်စိတ်လှုပ်ရှားစရာကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nikobaby ဖြစ်ပါတယ်။) File size…(2.1 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:53:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Nikobaby

6.3 2024 113 mins
Rez Ball
45 Years
7.1

45 Years (2015) IMDb Rating (7.1) / Rotten Tomatoes (97%) Andrew Haighရဲ့ပုံစံအတိုင်း လူ၂ယောက်ရဲ့ Relationshipကို အဖြစ်အပျက်နည်းနည်း အချိန်ကာလတိုတိုကိုပြပြီး အဲဒီကာလတိုတိုမှာ ဟိုးအဆက်ဆက်ကတည်းက သူတို့ရဲ့ ခံစားချက်တွေရဲ့ သက်ရောက်မှုကို ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အဓိကဇာတ်ကောင်က အိမ်ထောင်သက်၄၅နှစ်ပြည့် နှစ်ပတ်လည်ကို ကျင်းပတော့မယ့် ၇၀ နား ၇၀ကျော်က စုံတွဲတစ်တွဲပဲ။ ပြောရရင် အငြိမ်းစားယူပြီးသား အဘိုးကြီးအဘွားကြီး၂ယောက်ပေါ့။ ၄၅နှစ်ပြည့် နှစ်ပတ်လည်နေ့နားနီးတဲ့အချိန်မှာ သူတို့ဘဝထဲကို ဘဝဟောင်းက တစ်ပတ်ပြန်လည်လာခဲ့တယ်။ အဘိုးကြီးရဲ့ မေ့ထားသလား မေ့ချင်ယောင်ဆောင်ထားသလား မေ့မေ့ပျောက်ပျောက်ပဲဖြစ်နေခဲ့သလားမသိတဲ့ အတိတ်က လူတစ်ယောက်ရဲ့ သတင်းရောက်လာတယ်။ လွန်ခဲ့တဲ့အနှစ်၅၀လောက်က ရေခဲမြစ်ထဲပြုတ်ကျပြီး ဆုံးသွားတဲ့ သူ့ရည်းစားဟောင်းရဲ့ အလောင်းကို ရှာတွေ့ပါပြီဆိုတဲ့ သတင်းပေါ့။ ဟိုဘက်က အတည်ပြုဖို့ အဘိုးကြီးကို လာပေးဖို့ အကြောင်းကြားတယ်။ ဒါက ဇာတ်ရဲ့ပင်မကျောရိုးပါပဲ။ အဲဒီပင်မကျောရိုးကို ပြန်ယှက်ထားတာက အသက်၇၀နားနီးနေတဲ့အဘွားကြီးရဲ့ သူ့ယောက်ျားကို ဝန်တိုစိတ်တွေနဲ့ အသက်၇၀ကျော်အဘိုးကြီးရဲ့ ဘဝဟောင်းမှာ ကျန်နေတဲ့ အလွမ်းတွေပါပဲ။ ဒီ၂ခုက အားပြိုင်တယ်လို့တောင် ပြောမရလောက်ဘူး။ ပျော့ပျော့လေး တွန်းနေဆွဲနေတာလို့ပြောရမယ်။ သူတို့အသက်ရဲ့လက်ကျန်အင်အားနဲ့ပေါ့။ ဒီဘာမှမပါတဲ့ဇာတ်ရဲ့အသက်ကလည်း အပျော့စားအားပြိုင်မှုလေးတွေနဲ့ နောက်ဆုံးရလဒ်တွေပဲ။ ရွေးချယ်မှုတွေ အချစ်တွေ ခင်ဗျားဖွင့်ချင်သလို ဖွင့်လို့ရတယ်။ ဘယ်လိုပဲဖွင့်ဖွင့် သူ့အခြေအနေကြီးက မတရားဘဝမြောက်လွန်းနေတယ်။ အဘိုးကြီးက အဲဒီအတိတ်ကို သွားကြည့်ချင်ခဲ့တယ်။ ဒါကိုလည်း အဘွားကြီးကသိတယ်။ ဘယ်လိုသိဆို မိန်းမတွေရဲ့အလိုလိုသိစိတ်နဲ့သိတယ်။ ယောက်ျားတွေမှာလည်း ဒီလို အလိုလိုသိစိတ်ရှိတတ်ပေမဲ့ သူတို့ကိုတော့ မမီဘူးကိုး။ ခေတ်အဆက်ဆက် လူနေမှုမှာကိုက မိန်းမတွေဟာ စတင်သူမဟုတ်ခဲ့ဘူး။ ယောက်ျားတွေကတော့ သူတို့လိုချင်တာကို ထုတ်ပြထုတ်ပြောပြီး ယူဖို့ကြိုးစားခွင့်ရှိခဲ့ပေမဲ့ မိန်းမတွေကတော့ များသောအားဖြင့် သူတို့လိုချင်တာကိုရဖို့ လမ်းကြောင်းပေးရတာ အခြေအနေအချိန်အခါ စိတ်ကိုအကဲခတ်တာတွေက ဒီဘက်ခေတ်အထိတောင် သုံးနေရသေးတာပဲ။ ဒီတော့ သူချစ်လို့ယူထားတဲ့ နှစ်ပေါင်းများစွာပေါင်းလာတဲ့ ယောက်ျားကို သူပိုအကဲခတ်လို့ရ ပိုရိပ်မိတယ်။ လေ့ကျင့်လာသလိုဖြစ်သွားလို့ ကျွမ်းကျင်အဆင့်ဖြစ်နေပြီကိုး။ ဒီတော့ အဘိုးကြီးဘယ်ခြေလှမ်း လှမ်းလှမ်းအဘွားကြီးက သိတယ်။ သိတော့ စကားနဲ့ဖြစ်စေ သက်သေနဲ့ဖြစ်စေ မကြီးပေမဲ့ ထိခတ်တဲ့ပြဿနာလေးတွေကလာတယ်။ အဘွားကြီးက အကုန်သိနေတော့ အဘိုးကြီးမှာ ဘယ်လိုမှမလှိမ့်တပတ်လည်းလုပ်မရ အကြောင်းပြချက်လည်းပေးမရဘူး။ ဒီတော့ နောက်ဆုံးရွေးချယ်မှုပေါ့။ ခင်ဗျားတို့ ကျွန်တော်တို့ယုံကြည်တဲ့ အချစ်ဆိုတဲ့အရာတော့ တကယ်ရှိမရှိတော့ မသိဘူး။ သေချာတာကတော့ ခံစားချက်တွေကတော့ တကယ်ရှိတယ်။ ကျွန်တော့်မိတ်ဆွေတစ်ယောက်ကတော့ အချစ်ဆိုတဲ့ ဘော်ဒီကြီးတစ်ခုလုံးကို မသေချာပေမဲ့ အဲဒီဘော်ဒီကြီးကို ဖွဲ့စည်းထားတဲ့ ခံစားချက်ဆိုတဲ့ အစိတ်အပိုင်းလေးတွေကိုတော့ သေချာတယ်လို့ ပြောဖူးတယ်။ ဒါလည်းဟုတ်တာပါပဲ။ ကျွန်တော်သိပ်မသေချာတာက ခံစားချက်ဆိုတာက ဘော်ဒီကြီးဖြစ်ပြီး အချစ်က အဲဒီထဲက အစိတ်အပိုင်းဖြစ်နေမလားဆိုတာကိုပဲ။ အချစ်ထဲမှာပဲ ခံစားချက်ရှိရှိ ခံစားချက်ထဲမှာပဲ အချစ်ရှိရှိ ဘာနေနေ လိုရင်းကတော့ အတူတူပါပဲ။ ဒါတွေဟာ တစ်ဦးဆိုင်တစ်ဦးပိုင်ဆိုတာရဲ့ သဘောကိုကျော်ပြီး ရွေ့လျောတတ်တယ်။ အဲဒီရွေ့လျောမှုကို ရွေ့လျောမှုအတိုင်း အမြဲလိုက်ရွေ့လျောနေကြတာမျိုးတော့ မဟုတ်ဘူးပေါ့။ အတွေ့အကြုံနဲ့ ကံတရားကို မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက်ကွဲပေမဲ့ လူအများစုမှာတော့ ပြန်ထိန်းကျောင်းသွားတဲ့ အရာတွေတော့ ရှိလာတတ်တယ်။ အရင်းအနှီးသိပ်ကြီးတဲ့အရာတွေရောပေါ့။ ဒီတော့ အဘိုးကြီးရဲ့ ခံစားချက်က အတိတ်ကိုရွေ့လျောနေတာကို ကျွန်တော်တို့မြင်နေရပေမဲ့ အဆုံးသတ်မှာ အဘိုးကြီးဟာ ထိန်းကျောင်းမှုအတိုင်းပဲ ရွေးချယ်ခဲ့တယ်။ ဒါရွေးချယ်တာလည်း ဟုတ်ချင်မှဟုတ်ပါမယ်။ သူပြောသလို ဘဝမှာ ရွေးချယ်စရာတွေအများကြီးနဲ့လာခဲ့ကြပေမဲ့ ကြာလာလေ ရွေးချယ်မှုတွေက သုံးလို့ကုန်လာလေဖြစ်ပြီး ဒါဟာရွေးချယ်ရမယ့်အပိုင်းမဟုတ်တော့လို့လည်း ဖြစ်နိုင်တယ်။ အဘိုးကြီးဟာ သူ့ခံစားချက်ရဲ့လမ်းကြောင်းကိုလိုက်ရင် ပေးရမယ့် အရင်းအနှီးသိပ်ကြီးလို့လည်းဖြစ်နိုင်တယ်။ အဘိုးကြီးဟာ သူတကယ်ရွေးသင့်တယ်လို့ ထင်ရတဲ့အရာကိုပဲ ရွေးမှန်းမသိ ရွေးသွားခဲ့တယ်။ ဒါကို အဘွားကြီးကလည်း သိခဲ့ပါတယ်။ ဇာတ်လမ်းအဆုံးသတ်က အဘွားကြီးရဲ့မျက်နှာဟာ သူ့အလိုလိုသိစိတ်ရဲ့အဖြေလို့ပြောလို့ရတယ်။ ဒီဘာမှမပါတဲ့ ရုပ်ရှင်ဟာ ကျွန်တော်တို့ဘာသာတောင် ဝန်ခံဖို့ခက်တဲ့ အချစ်နဲ့ ရွေးချယ်မှုရဲ့ တကယ့်သဘာဝအမှန်ကို ကောင်းကောင်းကြီး ပုံဖော်သွားနိုင်ခဲ့တယ်လို့ ကျွန်တော်တော့မြင်တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.6 GB) / (890 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:35:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

7.1 2015 95 mins
45 Years
Can I Get a Witness?
6

အနာဂတ် မှာဖြစ်လာမှာကိုကြိုတင်စိတ်ကူးယဥ် ဖန်းတီးထားတာပါ။ ကမ္ဘာကြီးမှာ အစားအသောက် ၊ရေ၊မြေ ပိုက်ဆံနဲ့ အာဏာတွေကြောင့် စစ်ပွဲများ ဖြစ်လာပြီးနောက် ထိုစစ်ပွဲများကိုရပ်တန့်ဖို့အတွက် အခြေခံဥပဒေဖွဲ့စည်းပုံအသစ်ကို ထုတ်ပြန်ခဲ့ပြီး လူတိုင်းကလက်ခံခဲ့ကြပါတယ်။ ထိုဥပဒေဟာ လူ့သက်တမ်း ငါးဆယ်ပြည့်တာနဲ့ ကမ္ဘာမြေကြီးကနေ ကိုယ့်ဘဝကိုအဆုံးသတ်သွားပေးဖို့ ဖြစ်ပြီး သတ္တဝါတိုင်းအတွက် တရားမျှတမှုရှိစေရန် ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ ဒီကားမှာတော့ ကီရာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ လူတွေအသက်ငါးဆယ်ပြည့်တဲ့အခါ ဘာလို့ အဆုံးစီရင်ဖို့ လက်ခံကြလဲဆိုတာကိုနားမလည်နိုင်သူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ လူတွေအဆုံးစီရင်ကြတဲ့အချိန်မှာ သေချာအောင် သက်သေအဖြစ် စောင့်ကြည့်ပေးရတဲ့ E.O.Lအဖွဲ့အစည်းမှာ အလုပ်စလုပ်ခဲ့ပါတယ်။ ထိုအလုပ်စလုပ်တဲ့အချိန်ကစပြီး သူမ ဘာတွေလေ့လာရမလဲ… ဘယ်လိုအတွေ့အကြုံတွေရမလဲ…. လူတွေဘယ်လိုအဆုံးစီရင်ကြလဲဆိုတာကိုတွေ့မြင်ပြီး ထိုဥပဒေကိုလက်ခံနိုင်ဖို့ကြိုးစားတာကိုတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ဒီကားမှာတော့ တရားမျှတမှုတွေ ဘဝရဲ့အဓိပ္ပာယ်တွေကို ကြည့်မြင်နိုင်ရမှာဖြစ်ပြီး ကြည့်ပြီးတဲ့အချိန်မှာတော့ စိတ်ထဲတစ်ခုခုကျန်ရစ်ခဲ့မှာပဲ ဖြစ်ပါတယ်။ File size… (1.52 GB) / (899 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 50m Genre …..Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

6 2024 110 mins
Can I Get a Witness?