YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Trolls.Band.Together.2023.1080p.(CM).mp4

2.28 GB 1080p video/mp4 1065 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
New Religion

New Religion(2022) ******************* မာရာဘီ ဟာ Single Mother ဖြစ်ပြီး သမီးဖြစ်သူနဲ့ နေထိုင်ရင်းဝမ်းရေးအတွက် ကြေးကြီးဇိမ်မယ် အလုပ် ကို လုပ်ကိုင်နေသူတစ်ယောက်ပါ။ တစ်ရက်မှာ သမီးဖြစ်သူ သေဆုံးသွားတာကြောင့် စိတ်ဆင်းရဲနေချိန်မှာ ယောက်ျားဟောင်းဖြစ်သူကပါ သမီးသေသွားတဲ့ကိစ္စနဲ့ပက်သက်ပြီး လာနှိပ်စက်သွားလို့ ခံစားနေရတဲ့ စိတ်ဒုက္ခတွေ မီးလောင်ရာလေပင့်ဖြစ်‌နေပါတယ်။ ဒီလိုသောကပွားနေတဲ့ မာရာဘီကို တစ်ရက်မှာ သူ့အလုပ်က ဖောက်သည် အသစ်တစ်ယောက်နဲ့ချိတ်ဆက်ပေးလို့ ထိုသူ့ဆီရောက်သွားပါတယ်။ ထိုဖောက်သည်ဟာ မာရာဘီနဲ့ ပက်သက်ပြီး တခြားကိစ္စကိုစိတ်မဝင်စားဘဲ ခန္ဓာကိုယ်ကိုသာ ဓါတ်ပုံရိုက်ဖို့ စိတ်ဝင်စားတဲ့ ထူးထူးဆန်းဆန်းလူတစ်ယောက်ပါ။ နောက်ပြီး နောက်ရက်တွေမှာလည်း မာရဘီကို ထပ်ခေါ်ပြီး ဓါတ်ပုံရိုက်ရင်း ထူးဆန်းတာတွေ ပြောပြပါတယ်။ ထို သူက မာရာဘီရဲ့ စိတ်ဆင်းရဲမှုတွေကို ပျောက်ကင်းအောင် လုပ်ပေးနိုင်တယ်လို့ ဆိုပါသေးတယ်။ သူပြောသလိုပဲ မာရဘီရဲ့စိတ်ဆင်းရဲမှုတွေ ပျောက်သွားမလား၊ မပျောက်ကင်းဘဲ ပိုဆိုးသွားမလားဆိုတာကိုတော့ ဇာတ်ကားလေး ထဲမှာ ကြည့်ရှုခံစားလိုက်ပါဦးဗျာ။ ကလေးတစ်ယောက်ပြေးရင်းလွှားရင်း အကြောင်းတစ်ခုခုကြောင့် မှောက်လျက်လဲသွားချိန်မှာ ထူပေးရင် ဆွဲထူပေးတဲ့သူဘယ်သူဖြစ်နေနေ လက်လှမ်းပြီး ထတတ်ပါတယ်။ အရွယ်ရောက်ပြီးသား လူကြီးတွေလည်း ကိုယ် ဒုက္ခရောက်ချိန် အနားမှာ နှိမ့်သိမ့်ပေးသူ၊ ကူညီပေးသူမှန်သမျှကို ကျေးဇူးတင်ရုံမက ယုံမှတ်ပြီး ထိုသူပြောသမျှကို လိုက်လုပ်တတ်ပါတယ်။ ကိုယ့်ကို ကူညီတဲ့သူက စေတနာနဲ့လား၊ ဝေဒနာပေးဖို့လားဆိုတာ ထိုအချိန်မှာ မတွေးမိ တတ်တဲ့အတွက် ဒီလိုလူတွေရဲ့အားနည်းချိန်ကို ကျားချောင်းချောင်းနေတဲ့သူတွေရဲ့ သားကောင်အဖြစ် ရောက်သွား လေ့ရှိကြပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးကို သေချာရိုက်ပြထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ File Size :(2.1GB)& (416MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:40:00 Genre : Horror, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Ko Myo Encoded by Phyo Pyae

Action • Thriller
0 2022 100 mins
New Religion
What's Love Got to Do with It?
6.2

IMDb Rating - 6.4/10 ဘာမှမညွှန်းခင် အရင်ဆုံးပြောချင်တာကတော့ ဒီကားကို တီတီတာတာလုပ်စရာ ရည်းစားမရှိတဲ့သူတွေ ကြည့်သင့် တယ်ဗျ။ "ရည်းစားမရှိလည်း အေးဆေးပါ အချိန်တန်ရင် အိမ်ကစီစဉ်ပေးလိမ့်မယ်" ဆိုတဲ့သူတွေဆို အပြေးကို ကြည့် သင့်တဲ့ကားမျိုးပါ။ အဲ....အိမ်ကတောင် စီစဉ်ပေးစရာလူ မရှိဘူးဆိုရင်တော့ ဘုန်းကြီးကျောင်းမှာသာ တိုကင်ပေး ထားလိုက်ပါတော့။ အဖြစ်ကတော့ ဒီလို။ ကက်ဇ် က "အိမ်ထောင်ရေးမှာ အချစ်ဆိုတာက ပါမွှားပါ၊ နောက်ကျ သူ့အလိုလိုအဆင်ပြေသွားလိမ့်မယ်" ဆိုတဲ့ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လန်ဒန်မှာမွေးတဲ့ ပါကစ္စတန်သား ဆရာဝန်တစ်ယောက်။ ဇိုဝီကတော့ မှတ်တမ်းရုပ်ရှင်တွေ ဖန်တီးတဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဆုတွေပါ ရရှိထားတဲ့ ဗြိတိန်သူလေး။ "ယောက်ျားယူတာ ကောင်းတယ်ဆိုတာ ပုံပြင်တွေထဲမှာပဲ ရှိတယ် အပြင်မှာတော့ ယောက်ျားတွေက အလကားပဲ" ဆိုတာ သူ့ဆောင်ပုဒ်ပေါ့။ သူတို့နှစ်ယောက်က ငယ်စဉ်တည်းက အိမ်နီးချင်းတွေဖြစ်ပြီး မိသားစုချင်းကလည်း ပြောမနာဆိုမနာတွေဆိုပါတော့။တစ်ရက်မှာ ကက်ဇ်ရဲ့မိဘတွေက သူတို့ရဲ့ ပါကစ္စတန်ရိုးရာအတိုင်း သူ့ကို အိမ်ထောင်ချပေးဖို့ စီစဉ်ကြပါလေရော။ အဲဒီမှာ ဇိုဝီက ကက်ဇ်ရဲ့ မိဘတွေအချင်းချင်း စီစဉ်ကြတဲ့ လက်ထပ်ပွဲကို မှတ်တမ်းတင် ရုပ်ရှင် ရိုက်ကူးမယ်ဆိုပြီး ဖြစ်လာခဲ့တာပေါ့။ ဆိုတော့ ပါကစ္စတန် သားတွေရဲ့ အိမ်ထောင်ဖက်ရှာကြပုံတွေ၊ မိဘတွေစီစဉ်တဲ့ အိမ် ထောင်ရေးအကြောင်းတွေကို ရယ်စရာလေးတွေနှောပြီး ကြည့်ရှု့ ရမဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဒါလေးပဲလားတော့ ဘယ်ဟုတ်မလဲလေ။ ဇာတ်ရဲ့အလှည့်အပြောင်း တွေကတော့ ရှိစမြဲပေါ့။  ဒါကိုတော့ ပရိသတ်တို့ ကိုယ်တိုင်ပဲ ကြည့်ရှု့ ကြည့်လိုက်ပါဗျာ။ အချိန်တစ်နာရီခွဲဝန်းကျင်အတွင်း စိတ်ပျော်သွား ရဖို့တော့ အာမခံပေးနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.8 GB) / (735 MB) / (422 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 48Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......May Thet Khine Soe Encoder..........SWM

Action • Drama • Thriller
6.2 2023 109 mins
What's Love Got to Do with It?
Mr. Malcolm’s List
5.3

Mr.Malcolm’s List (2022) ~ Rotten Tomatoes – 82% ~ ကျွန်တော်တို့တွေ Marvel ရဲ့ Loki အနေနဲ့ သိကြတဲ့ မင်းသား Tom Hiddleston ရဲ့ မိန်းမ Zawe Ashton ပါတဲ့ ရုံတင်ကားသစ်လေးပါ။ ၁၈၁၈ခုနှစ် အင်္ဂလန်မှာ လင်ဖမ်းဖို့အသင့်ဆုံးလူတစ်ယောက်ရှိတယ်။ သူတို့စကားအရတော့ ရုပ်ကလည်းချော ငွေကလည်းထောတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါ။ ဒီတစ်ဇာတ်လုံးက ခေတ်ကာလနဲ့လည်းလုံးဝကိုက်ပါတယ်။ ဘာလို့ဆို ဇာတ်က အစအဆုံး မကြာခင်မှာ ကြင်နာမယ်ဆိုပြီး ကိုကို မောင်မောင်မရွေး အချိန်ပြည့် လင်ရှာနေတဲ့ မိန်းမတစ်အုပ်နဲ့ ခုန ပျိုတိုင်းကြိုက်တဲ့ ဘဲကြီးရဲ့ တိုင်ပတ်နေတဲ့ဇာတ်ပါပဲ။ ဘဲကြီးက ဘယ်မိန်းမကိုမှ လက်မခံပါဘူး။ ဒီတော့ မလိုချင်တာလားဆိုတော့ မဟုတ်ဘူး။ သူ့မှာ သတ်မှတ်အရည်အချင်းစာရင်းရှိတယ်။ မယားအဝယ်မှားရင် အလိုက်ပေးပြန်လဲလို့မရလို့ သေချာရွေးတယ်ပေါ့။ ရုပ်ချောရမယ် ဘာညာကအစ မျိုးကောင်းရမယ်အဆုံး ဉာဏ်ကောင်းရမယ် မျက်စမပစ်ရဘူး ဘာညာပါတဲ့ တကယ်တမ်းဆို အရေးမပါတဲ့အချက်တွေနဲ့ တိုင်းပြီး ရွေးတာပါ။ ဒီတော့ အငြင်းခံလိုက်ရတဲ့ ကလေးမက သူ့ကို လက်စားချေဖို့လုပ်ပါတယ်။ လက်စားချေမယ်ဆိုပြီး သူ့သူငယ်ချင်းကို ဟိုဘဲကြီး ကြိုက်လောက်တဲ့ပုံဖြစ်အောင် ပုံသွင်းပြုပြင်ပေးပါတယ်။ ကံကောင်းချင်တော့ နှင်းဆီခိုင်ကြီးက သူ့သူငယ်ချင်းကို ကြိုက်သွားပါတယ်။ ဒီနောက် ပျိုတိုင်းကြိုက်တဲ့ ဘဲကြီးနဲ့ စကီနှစ်‌ယောက်ဇာတ် ဘာဆက်ဖြစ်သွားမလဲကိုတော့ ဒီရုပ်ရှင်လေးမှာ ကြည့်ရှုရယ်မောလိုက်ကြပါဦး။ နာမည်ကျော်စာအုပ်လည်းရှိ ရုံတင်ကားလည်းဟုတ်တဲ့ ဇာတ် ရိတ်တင်ကလည်းမဆိုးဆိုတော့ ပေါနေမှာပူစရာမလိုပါဘူး။ Tom Hiddleston ရဲ့ မိန်းမ Zawe Ashton ကလည်း အဓိက‌ဇာတ်ကောင်တစ်ယောက်အဖြစ် ပြောင်ပြောင်မြောက်မြောင် ၀င်သရုပ်ဆောင်ထားလေတော့ သူ့စကေးတွေကို ရှိုးရမယ့်အပြင်ကို 19 ရာစုနှစ် အင်္ဂလန် ဝိတိုရိယခေတ်ကို ဇာတ်အိမ်တည်ထားတဲ့ ကားမျိုးတွေ ကြိုက်တတ်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ ကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 1GB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 57Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Crime • Drama
5.3 2022
Mr. Malcolm’s List
Manual of Love 2 (2007) Manuale d’amore 2
5.5

Manual of Love 2 (2007) Manuale d’amore 2 (or) Capitoli successivi အချစ်ကျမ်းစာ (Manual of Love) လို့အမည်ရတဲ့ အီတလီဇာတ်ကားဟာ စုစုပေါင်း ၃ ကားထွက်ရှိခဲ့ပြီး ဒါကတော့ ဒုတိယဇာတ်ကားဖြစ်ပါတယ်။ အီတလီ အချစ်ဇာတ်လမ်းလေးတွေဖြစ်ပြီးတော့ တစ်ကားမှာ အပိုင်းလေးတွေခွဲပြီး တင်ဆက်တဲ့ကားပါ။ တစ်ကားတည်းမှာပဲ ဇာတ်လမ်း လေးပုဒ်လောက် ပါရှိတာပါ။ အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ချစ်ကြ မုန်းကြ ခံစားကြ ငိုယိုကြ လွမ်းဆွေးကြ ပျော်ရွှင်ကြ၊ ခံစားမှုပေါင်းမျိုးစုံနဲ့ လောကဇာတ်ခုံ အဖုံဖုံပေါ့လေ။ ယခု အမှတ် (၂) ကားကို ဒါရိုက်တာ Giovanni Veronesi ရိုက်ကူးတင်ဆက်ထားပြီး ဇာတ်လမ်းလေးခု ပါရှိပါတယ်။ ကျွန်တော်တို့ရဲ့ မမ Monica Bellucci ရဲ့ ညှို့အားပြင်း ဆွဲဆောင်ခြင်းတွေကို အသည်းတယားယား မြင်တွေ့ရမှာပါပဲ။ Elsa Pataky ရဲ့ ပျိုမြစ်တဲ့ ဗီးနပ်စ်ရှုံးအလှကလည်း မိန်းမောစရာပဲပေါ့။ ပထမဇာတ်လမ်းကတော့ ယာဉ်မတော်တဆ ဖြစ်ခဲ့ရတဲ့ သွေးသားဆူကြွတဲ့အရွယ် လူငယ်လေးတစ်ယောက် ခြေတောက်ပြန်လည်သန်စွမ်းဖို့ ဆေးရုံတက်ရတဲ့အချိန် လုံးကြီးပေါက်လှ ကာယဆရာမ Monica Bellucci ရဲ့ အညှို့ဓာတ်ကို ပြားပြားဝပ် အရှုံးပေးလိုက်ရတဲ့ အဖြစ်‌ေပါ့ဗျာ။ မမ ကလည်း လက်ထပ်ရမယ့်သူရှိ၊ မောင်လေးကလည်း ရည်းစားငုတ်တုတ်နဲ့။ နှစ်ယောက်သား စိတ်ကစားတဲ့ တစ်ညတာ ဆားငန်ရေတွင်းလေးအကြောင်းပါပဲ။ ဒုတိယဇာတ်လမ်းလား။ သူကတော့ လင်မယားချစ်ကို ကျော်လွန်လို့ သားသမီးချစ်ပေါ့။ သားသမီးသာဆိုတယ်။ မမွေးရသေးပါဘူး။ ရဖို့ကြိုးစားနေတုန်းပါ။ ပန်းသေနေတဲ့ ခင်ပွန်းကိုမှ မပစ်နိုင် ချစ်နေရတဲ့ ဇနီးသည်ခင်မျာ ဆေးရုံပေါင်းများစွာကိုသွားလို့ ကလေးရဖို့အရေး လုံးပမ်းရပုံပါပဲ။ အတူနေရုံနဲ့ ကလေးမရနိုင်တဲ့အခါမှာ ဖခင်ရဲ့သုတ်သွေးနဲ့ မိခင်ရဲ့ မျိုးဉကိုပေါင်းစပ်ပြီး မိခင်ရဲ့ သားအိမ်ထဲ ထည့်သွင်းသန္ဓေအောင်ဖို့ ကြိုးစားကြပုံလေးပါ။ တတိယမြောက် ဇာတ်လမ်းလား။ အမျိုးသားနဲ့ အမျိုးသမီး ချစ်ကြတာနဲ့ လူသားတွေက အားမရနိုင်ပါဘူး။ အမျိုးသားချင်းရော ချစ်လို့မရဘူးလား။ ရပါတယ်လေ။ ချစ်ခြင်းဆိုတာ အပြစ်ကင်းတာမျိုးပဲ။ ဒါပေမဲ့ ဘေးလူတွေရဲ့ အမြင်ကိုတော့ ရဲရဲကျော်ဖြတ်ဖို့ လိုသပေါ့လေ။ အမျိုးသားချင်း ချစ်မိရှာတဲ့ သူတို့နှစ်ယောက်ဟာ မိသားစုဝင်တွေနဲ့ ပတ်ဝန်းကျင်ဒဏ်ကို ကြံ့ကြံ့ခံလို့ လက်ထပ်နိုင်ဖို့ ကြိုးစားကြပုံလေးပါ။ လေးခုမြောက်ဇာတ်လမ်းကတော့ ရိုးသလိုလိုဆန်း၊ ဆန်းသလိုလိုနဲ့ရိုးတာမျိုး။ စလာကတည်းက ယဉ်သကို ဆိုတာမျိုးပါပဲ။ အိမ်ထောင်သက် ရင့်နေပြီဖြစ်တဲ့ “ရင့်ကျက်တဲ့ ကိုကြီး” က ငယ်သေးပေမယ့် ပင်လယ်ကူးမယ့် ပုဇွန်ဆိတ်မလေးကို အကြည့်လေးတွေ ခ,လိုက်တာ ဒီဇာတ်လမ်း ဖြစ်တော့တာပါပဲ။ ကလေးလေးတစ်ယောက်ကိုပိုက်လာတဲ့ အမျိုးသမီးလေးတစ်ယောက်။ သူ့ဖခင်ကို သိပေမယ့် မြင်သာမြင်ရ ဖွင့်မပြောရဲတဲ့အဖြစ်ပါ။ သူ့သားလေးကို သူ့အဖိုးနဲ့ တွေ့ဆုံပေးချင်ပေမယ့် ဖခင်ဖြစ်သူကို မခေါ်ရဲတဲ့ ညငှက်မလေး Elsa Pataky ဟာ ရင့်ကျက်တဲ့ ကိုကြီးရဲ့ ရင်ခွင်ကို ခရီးသွားဟန်လွှဲ ဝင်ခိုသွားပါတယ်။ ထူးဆန်းတာက သူတို့ရဲ့ နောက်မီးလင်းတဲ့အဖြစ်ကို မိန်းမလုပ်သူက ပြုံးပြုံးလေး ခွင့်လွှတ်သတဲ့။ အဲဒီမှာတင် ကိုကြီးတစ်ယောက် ပေါက်ကွဲတော့တာပဲ။ သူ့မိန်းမနဲ့ အကြီးအကျယ် ပြဿနာရှင်းရမယ်ထင်ပေမဲ့ သူ့မိန်းမရဲ့ အပြုအမူဟာ သူ့ကို စိတ်ရှုပ်ထွေးသွားစေပါတယ်။ အစက တောင်းပန်ခြင်းနဲ့ အိမ်ထောင်ရေးဆက်မယ်စိတ်ကူးပေမဲ့ သူ့မိန်းမရဲ့ ခွင့်လွှတ်ခြင်းက သူ့အပေါ် ချစ်ခြင်းမရ‌ှိ ငွေကြေးတစ်ခုနဲ့ မှီခိုချင်တယ်ထင်ခဲ့ပြီး အိမ်ပေါ်က ဆင်းသွားပါတော့တယ်။ ပြီးတော့ ဘာဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့နော်။ အီတလီစကားပြောများကို အင်္ဂလိပ်လိုပြန်၊ အင်္ဂလိပ်မှ မြန်မာလိုပြန်ရတဲ့အတွက် ဘာသာပြန်သူအနေနဲ့ အချိတ်အဆက်မိဖို့နဲ့ ပြေပြစ်ဖို့ အားထုတ်ခဲ့ရပါတယ်။ အီတလီစကားကို ကျွမ်းကျင်မှုမရှိပေမဲ့ တစ်ခုသိလိုက်တာက သူတို့ဟာ စကားတစ်ခွန်းပြောဖို့အတွက် အသံတွေ အများကြီး ထွက်ရတယ်ဆိုတာပဲ။ တစ်ခါတလေ တစ်ခွန်းတည်းကိုပဲ နှစ်ခါ နှစ်ခါ ပြောကြပြန်ရော။ ဒီတော့ စာတန်းထိုး တိုပေမဲ့ သူတို့ပြောနေတာ အကြာကြီး ဖြစ်နေပါတယ်။ ဒါပေမဲ့ ချန်ခဲ့တာမရှိ အားလုံးကို ဘာသာပြန်ပေးထားတယ်ဆိုတာ သိစေချင်ပါတယ်နော်။ ဒီဇာတ်လမ်းတွေဟာ 18+ မဟုတ်ပါဘူး။ ဒါပေမဲ့ မိသားစုနဲ့လည်း မတူမကြည့်သင့်ပါဘူး။ အမေရိကန်ကားတွေလို အပြောအဆို ယုတ်ရင့်နေတာမျိုးမဟုတ်ပေမဲ့၊ အဖော်အချွတ်တွေ မပါသလောက် ထည့်မထားပေမဲ့ လိင်စိတ်ကြွလာစေတဲ့ အကြောင်းအရာတွေကို ငြိမ့်ငြိမ့်ညောင်းညောင်း တင်ဆက်ထားလို့ တစ်ယောက်တည်း အိပ်ယာထက်မှာ Feel ရမယ့် ပုံစံလေးပါ။ ရှင်းခနဲ ဗွင်းခနဲ မြင်ရပြီး အချိန်တိုအတွင်း ကြည့်ပြီးသွားမဲ့ဇာတ်လမ်းမဟုတ်လို့ ကြိုတင်သတိပေးပါရစေ။ အီတလီတို့ရဲ့ ရုပ်ရှင်မြင်ကွင်းဟာ နာမည်ကြီးသလို ကြီးသလောက်လည်း လှပလွန်းပါတယ်။ Cinematography အတွက် ဒါရိုက်တာတစ်ယောက် သပ်သပ်ထားတာနဲ့တင် အထင်ကြီးလောက်ပါတယ်လေ။ သူတို့ဟာ ချစ်ခြင်းကို တင်ဆက်ရာမှာ ဂုဏ်သတင်းမွှေးသလို ဇာတ်ကားနာမည်ကိုက အချစ်ကျမ်းစာ ဆိုတော့ …။ ကဲ ဘာလိုသေးလဲဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှတင်ဆက်ထားပါတယ်။) Manual of Love ဇာတ်ကား ၃ ကားစလုံးကို channelmyanmar.to/?s=manual+of+love မှာကြည့်ပါ။ File size…(1.5 GB) Quality…BluRay 720p Format…mp4 Duration….02:05:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Arr Khun Winchester

Action • Adventure • Science Fiction
5.5 1900 125 mins
Manual of Love 2 (2007) Manuale d’amore 2
Shohorer Ushnotomo Din E
6.6

Shohorer Ushnotomo Din E (2023) IMDb-6.6/10 မဆုံစည်းလိုက်ကြတဲ့ ချစ်ခြင်းတွေမှာ ဒုတိယအကြိမ်အခွင့်အရေးရခဲ့ကြရင်….. လန်ဒန်ကို ကျောင်းသွားတက်ဖို့ထောက်ပံ့နိုင်စွမ်းအပြည့်ရှိတဲ့ မိသားစုကမွေးဖွားလာသူနဲ့ ထူးချွန်ပြီး သာမန်ကျောင်းဆရာမမိသားစုကမွေးလာသူတို့ အချစ်တွေနဲ့နှစ်ယောက်တစ်အိမ်မက်အတွက် ပညာတော်သင်သွားကြဖို့ ဆုံးဖြတ်ကြပြီးမှ ကိုယ်ရေးကိုယ်တာ မိသားစုပြဿနာတွေနဲ့ ဝေးကွာသွားခဲ့ရတယ် နှစ်အနည်းငယ်ကြာပြီး အလုပ်ရတဲ့သူ ကျောင်းတက်နေသူနဲ့ အားလုံးအသားကျနေချိန်မှ ချစ်ရသူတွေ ကောလိပ်က သူငယ်ချင်းတွေပြန်ဆုံစည်းလာကြပြီး နီးစပ်ဖို့အခွင့်အရေးထပ်ရလာချိန်မှာ… နီးမလိုနဲ့ ဝေးခဲ့ကြသူတွေ ၊ အချစ်နဲ့ဘဝကို တစ်ထပ်တည်းထပ်တူကျအောင် ပုံသွင်းနိုင်ကြမလားဆိုတာ ရှုထောင့်မျိုးစုံကနေခံစားကြည့်ပါဦး (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ BpL ~ V ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်)

Drama • Romance
6.6 2023
Shohorer Ushnotomo Din E
The Shortcut

၁၉၄၅ ၀န်းကျင် ဆယ်ကျော်သက်စုံတွဲတစ်တွဲဖြစ်တဲ့ ဒေါ်ဂီနဲ့အိုင်ရင်းန်တို့ဟာ homecoming dance ကနေ အပြန်တောအုပ်တစ်ခုကို ဖြတ်သန်းသွားရတဲ့ဖြတ်လမ်းတစ်ခုကနေ ဖြတ်ပြန်ခဲ့ပါတယ်။ လူရှင်းတဲ့တောထဲမှာ ဒေါ်ဂီကနမ်းရာကနေ တစ်ဆင့်တက်ဖို့ကြိုးစားချိန်မှာ အိုင်းရင်းက လက်မခံတဲ့အတွက် ကတောက်ကဆဖြစ်ကြရင်း ဒေါ်ဂီက သူ့ကိုတစ်ယောက်တည်းထားခဲ့ပြီးထွက်သွားခဲ့ပါတယ်။ အဲ့ဒီချိန်မှာ အနားကိုကလေးလေးတစ်ယောက်ရောက်လာတဲ့အတွက် အိုင်းရင်းက အားကိုးတကြီးအကူအညီတောင်းခဲ့ပေမယ့် အဲ့ဒီကလေးဟာ သူ့မျက်နှာတည့်တည့်ကိုလေးခွနဲ့ပစ်သတ်ပါတော့တယ်။ လက်ရှိခေတ်ကာလမှာတော့ ဒဲရက်ခ်တို့ညီအစ်ကိုဟာ မြို့ငယ်တစ်မြို့ကိုအခုမှပြောင်းရွှေ့လာတာဖြစ်တဲ့အတွက် ကျောင်း၊ ပတ်ဝန်းကျင် အသစ်နဲ့နေသားကျဖို့ကြိုးစားနေဆဲကာလဖြစ်ပါတယ်။တစ်နေ့တော့ ဒဲရက်ခ်ညီတိုဘီကို ကျောင်းက ရွယ်တူချင်း ချောက်ချလိုက်တဲ့အတွက် တိုဘီလေး ဖြတ်လမ်းတစ်ခုကဖြတ်ပြန်တဲ့အချိန်မှာ တောအုပ်ထဲမှာ ခုတ်သတ်ခံထားရတဲ့ ခွေးသေတစ်ကောင်ကို တွေ့ရှိခဲ့သလို အဘိုးကြီးတစ်ယောက်က ခြောက်လှန့်လိုက်တဲ့အတွက် ထွက်ပြေးခဲ့ရပါတယ်။ ဒီအကြောင်းကို ဒဲရတ်ခ်ပြန်သိချိန်မှာ အဲ့ဒီဖြတ်လမ်းအကြောင်းကိုစုံစမ်းရင်း မြို့ခံလူတွေပြောကြတဲ့ ကြောက်စရာဇာတ်လမ်းတွေကိုသိလာရပါတော့တယ်။ သူတို့အတန်းဖော် တေလာကလည်း ခွေးပျောက်ထားတာ ရှိတဲ့အတွက် အဲ့ဒီဖြတ်လမ်းနဲ့အဲ့ဒီထဲကနေထိုင်သူတွေကို သွားပြီးအကဲခတ်မယ့်အချိန်မှာ တစ်ခြားသူငယ်ချင်းတွေပါ ဝင်ပါလာရာကနေ သူတို့အုပ်စုကြမ္မာဆိုးတွေဆီကို တည့်တည့်ဝင်တိုးမိဖို့ဖြစ်လာပါတော့တယ်။ Rated R ဖြစ်သင့်တဲ့ ကားကို pg-13 ယူထားလို့ တစ်ချို့အခန်းတွေနည်းနည်းပေါ့နေတာထက်စာရင် ဇာတ်လမ်းကောင်းလှည့်ကွက်ကောင်း၊ suspense လည်းဖြစ်တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ File size…(1.3 GB)/(711 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:40:00 Genre…Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

Action • Comedy • Romance
0 2009
The Shortcut
Hands of Hell

ဒီ “Hands of Hell” ဆိုတဲ့ ဇာတ်ကားကတော့ အမေရိကန်နိုင်ငံရဲ့ Texas မြို့အရှေ့ဘက်မှာ ဇာတ်လမ်းတည်ထားပါတယ်။ စိတ်ကျန်းမာရေးဆေးရုံကနေ စိတ္တဇလူသတ်သမားနှစ်ဦးလွတ်လာတဲ့အခါ Texas မြို့ လူသူနဲ့ အလှမ်းဝေးတဲ့နေရာတစ်ခုမှာ အပန်းဖြေခရီး ထွက်လာကြတဲ့ လူငယ်တစ်စုနဲ့ ထိုလူသတ်သမားနှစ်ဦး တွေ့ကြတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ ဒီလူငယ်တစ်စုက ဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ။ လူသတ်သမားနှစ်ဦးကဘဲ အနိုင်ရသွားမလား။ ဒီလူငယ်တစ်စုပဲ လွတ်မြောက်သွားမလား စိတ်လှုပ်ရှားစရာ ကြည့်ရမယ့်ဇာတ်ကားမျိုးဘဲဖြစ်ပါတယ်။ Horror film ပုံစံမျိုးဖြစ်တဲ့အတွက် Weekend လိုမျိုးမှာ ကြည့်ဖို့သင့်တော်တဲ့ movie တစ်ခုပဲဖြစ်ပါတယ်။ File size…(1.3 GB)/(530 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Phoo

0 2023
Hands of Hell
Le SamouraĂŻ
8

Le Samouraï (1967) ~ IMDb – 8/10, Rotten Tomatoes – 100% ~ Jean-Pierre Melville ဟာ ပြင်သစ်နယူးဝေ့ကို စတင်ခဲ့တဲ့ဒါရိုက်တာတချို့ရဲ့ စိတ်ကူးတွေမြစ်ဖျားခံရာဖြစ်သလို ပြင်သစ်နယူးဝေ့ရဲ့ အမြင်တွေပေါ်ပေါက်လာစေခဲ့တဲ့သူတွေထဲက တစ်ယောက်လည်းဟုတ်တယ်။ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ ဒါရိုက်တာစာရင်းမှာတော့ မထည့်ကြပေမဲ့ ပြင်သစ်နယူးဝေ့ရဲ့ Spiritual Father လို့ဆိုကြတယ်။ ပြင်သစ်နယူးဝေ့ထွက်ပေါ်လာတဲ့အထဲ သူ့လွှမ်းမိုးမှုတော်တော်ကြီးခဲ့တယ်။ သူ့ရဲ့ Independence ဖြစ်တဲ့ တင်ပြပုံနဲ့ အတုလုပ်ထားတဲ့ရိုက်ကွင်းမသုံးဘဲ တကယ့်နေရာအစစ်မှာ ရိုက်ကူးခြင်းတွေကို နယူးဝေ့ဒါရိုက်တာတွေဟာ အတုယူခဲ့ကြတယ်။ ပြင်သစ်နယူးဝေ့ရဲ့ နာမည်အကျော်ဆုံးတွေထဲက တစ်ယောက်ဖြစ်တဲ့ Jean-Luc Godard ဟာ ရိုက်ထားတာတွေကို တည်းဖြတ်တဲ့နေရာမှာ အခက်အခဲဖြစ်နေတဲ့အချိန် Melville က ဂိုးဒတ်ကို သူဆို သူရိုက်ထားတဲ့ထဲက အကောင်းဆုံးအပိုင်းတွေကို ဖြတ်ယူလိုက်တာပဲလို့ ပြောပြခဲ့တယ်။ ဂိုးဒတ်ကလည်း အဲဒီနည်းကို နောက်ပိုင်းလည်း ဆက်တိုက်သုံးခဲ့တယ်။ Melville ဟာ Neo-noir တွေကို အရိုက်များခဲ့ပြီး နောက်ပိုင်း Neo-noir ကားတွေ Crime, Action ကားတွေရိုက်တဲ့ ဒါရိုက်တာတွေအားလုံးနီးပါးအပေါ် လွှမ်းမိုးမှုရှိခဲ့တယ်။ ဂျွန်ဝူးကတော့ The Killer ဆိုတဲ့ နာမည်နဲ့ ချောင်ယွန်ဖတ်ကိုသုံးပြီး ဇာတ်ကောင်ကိုနည်းနည်းမှီး ဇာတ်လမ်းကျောရိုးကိုနည်းနည်းမှီးပြီး ဒီအသွားအတိုင်းကို ပြန်ရိုက်ပြီး Heroic Bloodshed ကားတွေလို့ Genre ကွဲတစ်ခု တည်ဆောက်နိုင်ခဲ့တယ်။ ဒါလည်း ဆန်းတော့မဆန်းဘူး။ ဟောင်ကောင် Crime Action တွေဟာ ပြင်သစ်ကားတွေကို ပြန်လည်ဆန်းသစ်ပြီးရိုက်ထားခဲ့ကြတာများတယ်။ Infernal Affairs တို့ City on Fire တို့လည်း ဒီလိုပါပဲ။ ဖြစ်သင့်တဲ့ကိစ္စပဲမလား။ ဂိုးဒတ်တော့ပြောဖူးတာပဲ… ရုပ်ရှင်အတွက် အဓိကလိုတဲ့ Element က သေနတ်တစ်လက်နဲ့ မိန်းမလှတစ်ယောက်ဆိုပဲ။ အက်ရှင်နဲ့ လိင်မှုပေါ့။ Le Samouraï ဟာ ဘယ်လိုရုပ်ရှင်လဲဆို… Hitman တစ်ယောက်အကြောင်းသက်သက်ပဲ။ Hitman တစ်ယောက်က အလုပ်လက်ခံတယ်။ သူ့အလုပ်သူလုပ်တယ်။ ဒါကိုပြတဲ့အထိတော့ သိပ်တော့မဆန်းဘူး။ ဇာတ်ကောင်ပြောခဲ့သလိုပဲ။ လူသတ်ဖို့ငွေပေးထားလို့ သူက လူသတ်ပေးလိုက်ရုံပဲ။ ဒါပေမဲ့ အမှတ်မထင် အဲဒီအလုပ်က နောက်ဆက်တွဲပြဿနာတွေရှိလာတယ်။ ဒီပြဿနာတွေကို သူဖြေရှင်းတဲ့ပုံစံကနေ သူက ဘယ်လိုစိတ်ဓာတ်နဲ့ ဘယ်လိုလူမျိုးလဲဆိုတာကို ကာရိုက်တာတည်ဆောက်ပြသွားတယ်။ ဒီမှာထူးတာက သူ့အပြိုင်ဇာတ်ကောင်ဖြစ်တဲ့ ရဲအရာရှိကိုလည်း သူ့လောက်အချိန်မပေးထားပေမဲ့ သူ့လောက်နီးနီး ခိုင်မာအောင် အခန်းနည်းနည်းနဲ့ တည်ဆောက်ပြသွားတာပဲ။ မင်းသမီးကို သူလိုချင်တဲ့အတိုင်း ထွက်ဆိုလာအောင် နားချတဲ့အခန်းမှာ ဒီရဲဇာတ်ကောင်ကလည်း သူ့အလုပ်သူဖြစ်မြောက်ဖို့ ဘာမဆိုလုပ်မယ့်ဇာတ်ကောင်မျိုးဆိုတာကို မြင်သာစေခဲ့တယ်။ ဒါကြောင့်လည်း Hitman ဇာတ်ကောင်ရဲ့ အခြေအနေက ပိုကျပ်တည်းသွားသလို ကျပ်တည်းသွားတဲ့ အခြေအနေမှာ သူ့ခံယူချက်နဲ့ သူ့စိတ်ဓာတ်က ပိုထင်းလင်းလာတယ်။ ဒါကို Melville က အရိပ်တွေ အမှောင်တွေ အငြိမ်တွေသုံးပြီး ဒိုင်ယာလော့နည်းနည်းနဲ့ တင်ဆက်ထားတဲ့ ရုပ်ရှင်ပါပဲ။ သေချာတာတော့ Le Samouraï မှာ သေနတ်တစ်လက်နဲ့ မိန်းမတစ်ယောက်ပါတယ်။ ဒါပေမဲ့ အဲဒီသေနတ်ကလည်း အငြိမ် အဲဒီမိန်းမကလည်း အငြိမ်ပဲ။ “Action is the enemy of Suspense” ဆိုတဲ့စကားရှိပေမဲ့ Le Samouraï ကတော့ Action မှာ Suspense တွေ တွဲလွဲခိုနေတဲ့ ရုပ်ရှင်လို့ပြောရလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.4GB, 700MB Quality – BluRay 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 1H 41Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
8 1967 105 mins
Le SamouraĂŻ
How to Survive a Marriage? Catatan Harian Menantu Sinting
7.1

How to Survive a Marriage? (2024) IMDb Rating (7.1) မီနာနဲ့ဆာဟတ်တို့ဟာ ငယ်သူငယ်ချင်းဘ၀ကနေစုံမက်လက်ထပ်ခဲ့ကြတဲ့ အသစ်စက်စက်လင်မယားဖြစ်ပါတယ်။ လက်ထပ်ပြီးပြီးချင်းမှာ အိမ်ခွဲနေဖို့ကြိုးစားခဲ့ကြပေမယ့် ချက်ချင်းကြီး အိမ်ရှာဖို့ခက်ခဲနေတဲ့အပြင် ယောက္ခမကြီးကလည်း သူတို့လင်မယားငယ်စဉ်ကနေခဲ့တဲ့ အိပ်ခန်းကို မီနာတို့လင်မယားနေဖို့အတွက်ကမ်းလှမ်းလာတဲ့အတွက် သဘောတူလက်ခံခဲ့ကြပါတယ်။ အဲ့ဒီကစလို့မီနာဟာ သူတို့ရဲ့အိမ်ထောင်ရေးနဲ့နေ့စဉ်ဘ၀ထဲကို ယောက္ခမဖြစ်သူရဲ့ မသိမသာရော သိသိသာသာဝေဖန်စွက်ဖက်မှုတွေကြုံရတော့တာပါပဲ။ အဆိုးဆုံးကတော့ မြေးအရမ်းလိုချင်နေတဲ့ ယောက္ခမဖြစ်သူရဲ့ သူတို့လင်မယားရဲ့အိပ်ယာပေါ်က အတွင်းရေးတွေကို နှိုက်နှိုက်ချွတ်ချွတ်စပ်စုတဲ့ဒဏ်ပဲဖြစ်ပါတယ်။ အဲ့ဒါတွေကိုမခံစားနိုင်တဲ့အဆုံး အိမ်ခွဲဆင်းဖို့ဆုံးဖြတ်လိုက်ပေမယ့် အဲ့ဒီအိမ်ကိုပါ ယောက္ခမကြီးက အကြောင်းအမျိုးမျိုးနဲ့ရောက်လာပြီး မပြန်နိုင်တော့တာပဲ သောင်တင်နေတဲ့အချိန်မှာတော့..။ မီနာနဲ့ဆာဟတ်တို့ရဲ့အိမ်ထောင်ရေးအဆင်ပြေနိုင်ပါ့ဦးမလား? ယောက္ခမကြီးလိုချင်တဲ့ မြေးရတနာကို မီနာတို့လင်မယားမွေးပေးနိုင်ပါ့မလား? မီနာရဲ့ယောက္ခမကြီးအပေါ် သည်းခံစိတ်တွေဘယ်အချိန်မှာထပေါက်ကွဲမလဲ အစရှိတာတွေကို သဘာ၀ကျကျ ပြုံးစရာ ရယ်စရာတွေနဲ့ ရှုစားရမှာဖြစ်ပါတယ်။ အင်ဒိုနီးရှားဆိုရင် စုန်းကဝေ၊သရဲကားတွေနဲ့အသားကျနေခဲ့ကြပေမယ့် အခုလိုပေါ့ပေါ့ပါးပါးမိသားစုဟာသဇာတ်ကားလေးက အရသာသစ်တစ်ခုပေးစွမ်းမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.7 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….02:02:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

7.1 2024 122 mins
How to Survive a Marriage? Catatan Harian Menantu Sinting
Soodhu Kavvum 2: Nadum Naatu Makkalum…
5.3

Soodhu Kavvum 2 (2024) “မမွှေးသင့်သောမီး” အသစ်ထွက်ရှိထားတဲ့ တမီးလ်အက်ရှင်ဟာသဇာတ်လမ်းလေးကို ပရိသတ်တို့အတွက် တင်ဆက်လိုက်ရပါတယ် ၁၉၈၇ ခုနှစ်မှာ ကျင့်ဝတ်စောင့်ထိန်းပြီး အများချစ်ခင်တဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဟာ တမီးလ်နာဒူပြည်နယ် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ မတော်တဆ ချော်လဲသွားပါတယ် ကံဆိုးပုံကတော့ သူ့တပည့်တစ်ယောက်က ကျမ်းကျိန်တဲ့နေ့မှာ သားကလေးမွေးလို့ သူ့ကို ကလေးနာမည်ပေးခိုင်းရာမှာ ကလေးက သေးပေါက်ချမိလို့ သေးစိုနေတဲ့ကြမ်းပြင်ပေါ် နောက်ပြန်လဲကျမိကာ ကိုမာဝင်သွားခဲ့ပါတယ် နှစ်များစွာအကြာ ပါတီခေါင်းဆောင် သတိပြန်ရလာချိန်မှာတော့ ခုနက ဂြိုဟ်ကောင် ကလေးက အကျင့်ပျက်ခြစားတဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်နေပြီး သူ့ပါတီကလူတွေလည်း သူ့ခံယူချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတော့တယ် တစ်ဖက်မှာလည်း ထောင်ကလွတ်လာတဲ့ စည်းမျဉ်းတွေနဲ့အညီ လုပ်ကိုင်တတ်တဲ့ ဂုရုနဲ့ သူ့ဘော်ဒါတွေက အာဏာပါဝါရှိတဲ့လူတစ်ယောက်ကို ပြန်ပေးဆွဲဖို့ စီစဉ်တဲ့အခါမှာတော့ …. အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Drama • Fantasy • Mystery • Romance
5.3 2024 129 mins
Soodhu Kavvum 2: Nadum Naatu Makkalum…
Boonie Bears: Future Reborn
6

ဒီတစ်ခေါက်မှာတော့ တရုတ်ရဲ့ ပြည်တွင်း နာမည်ကြီး ကာတွန်းစီးရီးတွေထဲက တစ်ခုဖြစ်တဲ့ ဝက်ဝံညီအစ်ကိုနဲ့ သစ်ခုတ်သမားကြီး ဖိုးကတုံး (ကွမ်းထို့ချန်) တို့ရဲ့ ၁၁ ခုမြောက်ရုပ်ရှင်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ရုံတင်သွားခဲ့တဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းလေးထဲမှာ အရင်လိုပဲ မတည့်အတူနေ ဝက်ဝံကြီးနဲ့ ဝက်ဝံလေးတို့က ကွမ်းထို့ချန် နဲ့ မိတ်ဆွေတွေပါပဲ… မတူတော့တာကတော့ နောက် အနှစ် ၁၀၀ မှာ ဒီလောကကြီးက မတူတော့တာပါပဲ… အသားစားတဲ့ အပင်တွေက နေရာယူပြီး… ယခင်ကတည်ရှိနေတဲ့ သက်ရှိအားလုံးကတော့ မျိုးတုံး ပျက်စီးကုန်တာပါပဲ… ဒါတွေအားလုံးက တရားခံကတော့ ကွမ်းထို့ချန်ပါပဲ… ဟုတ်ပါတယ်… ဇာတ်လမ်းလေးအစကို ပြောရမယ်ဆိုရင်… ဒီရုပ်ရှင်ထဲမှာ ကွမ်းထို့ချန် က သစ်မခုတ်တော့ဘဲ ခရီးသွားလမ်းညွှန်အလုပ်ကို ပြောင်းလုပ်နေတာပါ… ဒါပေမယ့် ခရီးသည်တွေကို မထိန်းနိုင်တဲ့လမ်းညွှန်ပေါ့… ဒီလိုနဲ့ ခရီးသည်တွေရဲ့ ကွန်ပလိန့်(မကျေနပ်ချက်)တွေကို ဖြေရှင်းရင်း… သူက ခရီးသွားလို့ကောင်းမယ့် နေရာသစ်ကို ရှာတွေ့ပြီး… ဒီဒေသအသစ်ရဲ့ သီးသန့်ကိုယ်စားလှယ်အဖြစ် ရာထူးတိုးခံရတော့မယ့်အချိန်မှာပဲ… အနာဂတ်က ရှောင်လျန်ဆိုတဲ့ ကောင်လေးတစ်ယောက်က အချိန်ခရီးသွားပြီးတော့ ကွမ်းထို့ချန်ကို လူဆိုးကြီးဆိုပြီး အပြစ်တင်ရင်း… အလုအယက်ဖြစ်ရင်း အနာဂတ်ကိုရောက်သွားရော… ဝက်ဝံ့ညီနောင်လည်း ပါတာပေါ့… ဒီတော့ သူတို့နဲ့ စိမ်းနေတဲ့ အနာဂတ်ဝန်းကျင်မှာ နေနိုင်ပါ့မလား… ရှောင်လျန်နဲ့ပေါင်းပြီးပဲ အနာဂတ်ကို ကယ်တင်နိုင်မလား… သူတို့ရဲ့ မူလဘဝကိုပဲ ပြန်သွားနိုင်ပါ့မလားဆိုတာကိုတော့… ဇာတ်လမ်းလေးကြည့်လိုက်ကြတာပေါ့နော်

6 2025
Boonie Bears: Future Reborn
Gangers
6.3

Gangers 2025 (ရာမ်ယာလေးပျောက်ဆုံးမှု၏နောက်ကွယ်) အာဆန်ကိုတိုင်ဆိုတဲ့မြို့လေးမှာ မာလိုင်ရာဆန်နဲ့ ကိုတိုင်ရာဆန်တို့ ညီအစ်ကိုနှစ်ယောက်က တစ်မြို့လုံးကို အုပ်စိုးနေပါတယ်။ အစ်ကိုဖြစ်သူ မာလိုင်ရာဆန်ကတော့ ကျောင်းကအဖွဲ့ဝင်လိုလို လူ့အဖွဲ့အစည်းခေါင်းဆောင်လိုလိုနဲ့ လူရှေ့လူလုံးပြ ကောင်းချင်ယောင်ဆောင်ပြီး ညီဖြစ်သူ ကိုတိုင်ရာဆန်ကတော့ သတ္တုရေကုမ္ပဏီကို ဗန်းပြပြီးနောက်ကွယ်မှာ တရားမဝင်လုပ်ငန်းပေါင်းစုံလုပ်ကိုင်နေသူပေါ့။ သူတို့ဟာ တရားမဝင်လုပ်ငန်းလုပ်ရာမှာ မာလိုင်ရာဆန်ရဲ့ ကျောင်းအဖွဲ့ဝင်ဖြစ်နေတာကို အခွင့်အရေးယူပြီး ကျောင်းအတွင်းမှာ တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်လျက်ရှိပါတယ်။ အာဆန်ကိုတိုင်မြို့ရဲ့ အထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ရာမ်ယာဆိုတဲ့ကောင်မလေး ပျောက်ဆုံးသွားရာကနေ ဒီဇာတ်လမ်းစတင်ခဲ့ပါတယ်။ ရာမ်ယာပျောက်ဆုံးသွားလို့ တိုင်ချက်ဖွင့်ပေမဲ့လည်း ရဲတွေဟာ ဘယ်အမှုကိုမှ မလိုက်ဘဲ မာလိုင်ရာဆန်တို့ ညီအစ်ကိုအတွက်ပဲ အလုပ်လုပ်ခါနေနေတဲ့အတွက် ရာမ်ယာရဲ့ ဆရာမဖြစ်သူ ဆူဂျီသာက အထက် ကော်မရှင်နာရုံးကို တိုင်ချက်ဖွင့်လိုက်တဲ့အခါမှာ အထက်ကနေ အရာရှိဆာရာဗာနန်ကို ကျောင်းမှာ ကာယဆရာတစ်ယောက်အနေနဲ့ အသွင်ယူစုံစမ်းဖို့ စေလွှတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ရာမ်ယာရဲ့ ပျောက်ဆုံးမှုတင်မကဘဲ အာဆန်ကိုတိုင်မြို့ရဲ့ အခြေအနေကို စုံစမ်းဖို့ရောက်လာတဲ့ အရာရှိဆာရာဗာနန်နဲ့ ဆရာမလေး ဆူဂျီသာတို့ တွေ့ဆုံကြပြီး ဒီမြို့လေးရဲ့ နောက်ကွယ်က မကောင်းမှုတွေကို ဘယ်လိုဖော်ထုတ်သွားကြမလဲ ……. ရာမ်ယာလေးကိုရော ပြန်ပြီး ရှာဖွေတွေ့ရှိသွားမှာလား …… ရာမ်ယာလေးပျောက်သွားတဲ့ နောက်ကွယ်က အကြောင်းပြချက်ကရော ဘာဖြစ်မလဲ ….. ဆိုတာကို ကြည့်ရှုရမဲ့ ဟာသ အက်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Drama
6.3 2025 158 mins
Gangers
April
6.5

ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တာကတော့ 81st venice international film festival မှာ Special Jury Award ရရှိခဲ့တဲ့ April လို အမည်ရတဲ့ indie ရုပ်ရှင်လေး တစ်ခုဖြစ်ပါတယ် ။ ဇာတ်လမ်းကတော့ ဂျော်ဂျီယာပြည်နယ် ရွာဘက်က ဆေးရုံတစ်ခုမှာ သားဖွားဆရာဝန်လုပ်နေတဲ့ နီနာ ရဲ့ အကြောင်းပါပဲ ။ ကိုယ်ဝန်တစ်ခုကို အကြောင်းအမျိုးမျိုးကြောင့် ဖျက်ချခွင့်ရှိသင့်တယ်ဆိုတဲ့ ခံယူချက်ကို လက်ကိုင်ထားတဲ့ နီနာဟာ အားလပ်ချိန်တွေဆိုရင် ရွာဘက်တွေသွားပြီး ကိုယ်ဝန်ဖျက်ချပေးတဲ့ အလုပ်ကို လုပ်ပါတယ် ။ တစ်ရက်မှာတော့ ဆေးရုံမှာ နီနာမွေးပေးလိုက်တဲ့ ကလေးတစ်ယောက်ဟာ မွေးပြီး ၅ မိနစ်အကြာမှာပဲ သေဆုံးသွားခဲ့ပါတယ် ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကလေးအဖေဖြစ်သူက ပြဿနာရှာလာတဲ့အခါ နီနာ ရွာတွေမှာ ကလေးလိုက်ဖျက်ချပေးတဲ့အမှုကိုပါ ဆွဲထည့်ပြီး အလုပ်ဖြုတ်ဖို ကြိုးစားပါတော့တယ် ။ ကလေးဖျက်ချခွင့်မရှိတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ကလေးဖျက်ချပေးနေတဲ့ သားဖွားဆရာဝန်နီနာတစ်ယောက် ဘယ်လိုများ ဆက်ပြီးတော့ ရှင်သန်မလဲဆိုတာကိုတော့ indie film တွေရဲ့ အငွေ့အသက်အတိုင်း ခပ်မှိင်းမှိင်းလေး ကြည့်ရှုရမှာပဲဖြစ်ပါတယ် ။ ( အညွှန်းနဲ့ဘာသာပြန်ကတော့ Hazelle ဖြစ်ပါတယ်) File Size… (951 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….2h 14m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

Horror • Drama
6.5 2025 134 mins
April