YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Tricky.in.Love.S01E05.1080p.CM.mp4

812.09 MB N/A video/mp4 31 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Strong Underdog
5

အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်တဲ့ ဂျောင်ဝူးဟာ ဘွဲ့ရဖို့အတွက် နေ့တိုင်းရုန်းကန်နေရပါတယ်၊ သူက နေ့စဉ်နဲ့အမျှ အနိုင်ကျင့်ခံနေရပြီးတော့ တစ်ကျောင်းလုံးမှာ ကံမကောင်းဆုံးကျောင်းသား၊ လက်တိုလက်တောင်းအဖြစ် သတ်မှတ်ခံထားရသူပါ၊ တခြားကျောင်းသားတွေရဲ့ အောက်ဆွဲလေးပေါ့၊ သူ့လိုပဲ တခြားအနိုင်ကျင့်ခံနေရတဲ့ လက်တိုလက်တောင်းကျောင်းသားလေးတွေ ရှိနေပါသေးတယ်၊ တစ်နေ့မှာတော့ သူတို့လို လက်တိုလက်တောင်းကျောင်းသားလေးတွေအချင်းချင်း အပြိုင်အဆိုင် ရန်ဖြစ်ခိုင်းပြီးတော့ နောက်ဆုံးကျန်ခဲ့တဲ့သူက လက်တိုလက်တောင်းဘဝက လွတ်မယ်ဆိုတဲ့ လောင်းကြေးနဲ့ပြိုင်ပွဲတစ်ပွဲရှိလာပါတယ်၊ အဲဒီပြိုင်ပွဲမှာ အနိုင်ရဖို့ ဂျောင်ဝူးဟာ သူ့ဦးလေးပိုင်တဲ့ အားကစားခန်းမတစ်ခုမှာ စလေ့ကျင့်ဖို့ဖြစ်လာပါတယ်… ဂျောင်ဝူးဟာ တကယ်ပဲ ပြိုင်ပွဲမှာ ဝင်ပြိုင်မလား အနိုင်ရသွားပြီး လက်တိုလက်တောင်းဘဝကနေ လွတ်မြောက်သွားမလား ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ် အညွှန်းကိုတော့ Hsu က ရေးထားပေးပြိးတော့ ဘာသာပြန်တွေကတော့ Hsu, Milkeux, Hsu Wai, Thae Thae တို့ပဲ ဖြစ်ကြပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.8GB | 912MB | 446MB Format… mp4 Duration…. 2h 21min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hsu, Milkeux, Hsu Wai, Thae Thae Encoder ..... Aaron

Crime
5 2023
Strong Underdog
A Woman Called Sada Abe
5.3

အေဘီ ဆာဒါ ဆိုတာ သူမ ချစ်သူကို ချစ်လွန်းလို့ အဆုံးရှုံးခံရမှာစိုးလို့၊ တခြားသူလက်ထဲ မထည့်ပေးနိုင်လို့ ချစ်သူကို ကိုယ်တိုင်သတ်ပစ်ပြီး၊ လိင်အင်္ဂါကိုဖြတ်ယူကာ သူမ ကီမိုနိုထဲထည့်ကာ ကိုယ်နဲ့မကွာဆောင်ထားတဲ့ အမျိုးသမီးပဲဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ 1936 ခုနှစ်မှာ ဂျပန်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့ပြီး လူထုအကြားတုန်လှုပ်ခြောက်ခြားစေခဲ့ပြီး တွေးခေါ်ပညာရှင်တွေ၊စာရေးဆရာတွေနဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေအကြားပိုပျံ့နှံခဲ့ပါတယ်။ 1975 မှာတော့ သူမအကြောင်း ပြန်လည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ထွက်ရှိခဲ့ပါတော့တယ်။ တကယ်လည်းအချစ်ကြီးခြင်းရဲ့ ကြောက်စရာကောင်းတဲ့အိပ်ရာခန်းတွေနဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ကွင်းကွင်းကွက်ကွက်မြင်ရမှာမို့ မိသားစုနဲ့လုံးဝမကြည့်သင့်ပါဘူးခင်ဗျ File Size : (1.3GB) and (445 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:25:00 Genre : Adult, Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS

Comedy • Fantasy
5.3 1975 76 mins
A Woman Called Sada Abe
Strength of a Woman
6.5

IMDb 6.5အထိရရှိထားတဲ့အချစ်ဒရမ်မာအမျိုးအစားဇာတ်ကားတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းမှာတော့… ကန်ဒရာဆိုတဲ့အောင်မြင်တဲ့ဓာတ်ပုံဆရာမလေးတစ်ယောက်ဟာပျော်ရွှင်တဲ့အိမ်ထောင်သည်တစ်‌ယောက်ဖြစ်ပြီးသူ့ဘဝလေးကအားလုံးပြည့်စုံနေခဲ့ပါတယ် ဒါပေမဲ့ထင်ထားသလိုမဖြစ်တတ်တဲ့လောကကြီးကသူ့ဘဝကိုအကြီးကြီးပြောင်းလဲသွားစေပါတော့တယ် ဖောက်ပြားတတ်တဲ့ယောက်ျားဖြစ်သူအကြောင်းကိုသိသွားပေမဲ့ ကန်ဒရာဟာသူ့ရဲ့အိမ်ထောင်သည်ဘဝကိုနှမြောတာကြောင့်နည်းအမျိုးမျိုးနဲ့သည်းခံပြီးဆက်ပေါင်းနေခဲ့ပါသေးတယ် ဒီကြားထဲမှာအရင်ကသူ့ရဲ့ရည်းစားဟောင်းဖြစ်သူပါပေါ်လာပြီးသုံးယောက်ကြားမှာအပူတွေပွားလာပါတော့တယ် ကန်ဒရာတစ်ယောက် သူ့ရဲ့အဆိပ်သင့်နေတဲ့အိမ်ထောင်ရေးကနေရုန်းထွက်ပြီး right person ကိုရှာတွေ့နိုင်ပါ့မလား သူ့အချစ်ရေးကရောချောမွေ့နိုင်ပါ့မလား ဆိုတာကိုကြည့်ရှုရမှာပါ အချစ်ဒရမ်မာဇာတ်လမ်းလေးဖြစ်ပြီး toxic relationship ကနေရုန်းမထွက်နိုင်ဘဲ (I can fix him/her) “ငါသူ့ကိုပြောင်းလဲသွားအောင်လုပ်ပေးနိုင်တယ်” လို့ခံယူထားတဲ့သူတွေကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(1.4 GB)/(660 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khunn

Drama • Romance
6.5 2023
Strength of a Woman
Here Comes the Groom
5.1

Here.Comes.The.Groom(2023) ဒီဇာတ်ကားလေးကတော့ ဖိလစ်ပိုင်ဟာသရုပ်ရှင်အမျိုးအစားဖြစ်ပြီး ဒါရိုက်တာမာနီနက်ဇ်ကရိုက်ကူးတည်းဖြတ်ထားတာပါ။ Metro Manila Summer Film Festival မှာ ရုပ်ရှင်ဆု၃ဆုနဲ့ဇာတ်ဆောင်ဆု၉ဆုရရှိထားတဲ့ဇာတ်လမ်းလေးပါ။ ၂၀၁၀မှာဒါရိုက်တာမာတီနက်ဇ်ဟာ သူကိုယ်တိုင်ရေးသားရိုက်ကူးထုတ်လုပ်တဲ့ Here Come The Bride အောင်မြင်မှုကြောင့် ၂၀၂၂နှစ်လယ်လောက်မှာအလားတူဇာတ်လမ်းရိုက်ကူးဖို့ထပ်ဆုံးဖြတ်ခဲ့တာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဘာသာတရားကိုင်းရှိုင်းတဲ့မိသားစုတစ်စုဟာ မင်္ဂလာပွဲကျင်းပဖို့အပန်းဖြေစခန်းသို့အသွား လမ်းမှာမာမီရှိန်းတို့တစ်သိုက်ကားဘရိတ်ပေါက်ပြီးလာတဲ့ကားနဲ့‌ခေါင်းချင်းဆိုင်တိုက်မိပါလေရော။ ဖြစ်ချင်တော့ အချိန်ကနေကြတ်နေတဲ့အချိန် ရောက်နေတဲ့နေရာကသံလိုက်တောင်ကုန်း စတဲ့အကြောင်းတရားတွေကြောင့် လူတွေဝိညာဉ်ချိန်းကုန်တဲ့အခါ သူတို့ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စောင့်မျှော်ကြည့်ရှုလို့ကောင်းတဲ့ဇာတ်လမ်းလေးပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 2.6GB | 1.27GB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Pyae Phyo Min Encoder ….. Aaron

5.1 2023 107 mins
Here Comes the Groom
Father & Soldier
5.9

Father & Soldier (2022) ~ IMDb – 5.9/10, Rotten Tomatoes – 86% ~ ဒီရုပ်ရှင်နာမည်က ပြင်သစ်လိုဆိုရင် “Tirailleurs” လို့ခေါ်ပါတယ်။ အဓိပ္ပာယ်အရဆိုရင် အဲဒီခေတ်က ရှေ့တန်းမှာသုံးတဲ့ အာဖရိကတပ်သားတွေကို ရည်ညွှန်းတာပေါ့။ သူတို့တာဝန်က ရှေ့တန်းမှာကင်းစောင့်ရတယ်၊ ပစ်စရာရှိရင်ရှေ့ဆုံးကပစ်ရတယ်၊ ကျဆုံးစရာရှိရင်လည်း ဒုတိယမဟုတ်ခဲ့ကြဘူး။ အကြမ်းသုံးစစ်သည်တွေလို့ ယူဆလို့ရပါတယ်။ ပထမကမ္ဘာစစ်ကာလတုန်းက ပြင်သစ်ဟာ သူတို့ရဲ့အာဖရိကန်ကိုလိုနီနိုင်ငံတွေဆီကနေ အဲဒီလိုအကြမ်းခံစစ်သားတွေကို ခေါ်သုံးခဲ့ပါတယ်။ အကြမ်းနည်းတဖုံ အနုနည်းတဖုံပေါ့။ အကြမ်းနည်းဆိုရင် အာဖရိကန်ရွာတွေကို ဝင်စီးတယ်။ လူငယ်တွေကို ပေါ်တာဆွဲတယ်။ တပ်ထဲထည့်တယ်။ အနုနည်းဆိုရင် မင်းတို့ဒီတိုက်ပွဲအပြီးမှာ ပြင်သစ်နိုင်ငံသားဖြစ်ပြီး အဆင့်အတန်းမြင့်မြင့်နေရမယ်လို့ဆွယ်တယ်။ ရည်ရွယ်ချက်က တစ်ခုတည်းပါပဲ။ ပြင်သစ်အလံတော်အောက်မှာ စတေးကြဖို့။ ဒီရုပ်ရှင်ကတော့ အဲဒီလို အမေ့လျော့ခံအာဖရိကန်စစ်သားတွေကို အမှတ်ရသောအားဖြင့်ရိုက်ကူးထားတဲ့ War, Drama ကားကောင်းလေးပါ။ ရုပ်ရှင်အကျဉ်းကတော့… ဆီနီဂေါက ရွာတစ်ခုမှာ ဘာကရီတို့မိသားစုလေးနေတယ်။ ပြင်သစ်တွေ ပေါ်တာစဆွဲပြီလို့ သတင်းတွေကြားတော့ ရွာက အဖေတွေက သူတို့သားတွေကို ပြင်သစ်တွေလာတဲ့အချိန်မှာ ဖွက်ထားကြဖို့ စီစဉ်ကြတာပေါ့။ ဒါပေမဲ့ ဘာကရီတစ်ယောက် ကံမကောင်းခဲ့ပါဘူး။ သူ့သားလေး သီယာနို ပေါ်တာဆွဲခံလိုက်ရတယ်။ ကိုယ့်သားသမီးအသက် ၆၀ ဖြစ်နေရင်တောင် မိဘဆိုတာ ကလေးလေးလိုပဲ မြင်တတ်ကြတာမဟုတ်လား။ ပေါ်တာဆွဲခံလိုက်ရတဲ့သားကို အဖေဖြစ်တဲ့သူက ဘယ်စိတ်ချပါ့မလဲ။ အဲဒါနဲ့ ဘာကရီတစ်ယောက် သားကိုကယ်ထုတ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူ့ဖာသာစစ်ထဲဝင်ဖို့ စာရင်းပေးလိုက်တယ်။ သူ့သားလေး ရှေ့တန်းမထွက်ရအောင် နည်းမျိုးစုံကြံတယ်။ တပ်ထဲဝင်ခါစကနေ သူလွတ်လမ်းရတဲ့အထိ သူ့သားလေးကို စစ်ပွဲထဲက အမြန်ဆုံးခေါ်ထုတ်သွားဖို့ကိုပဲ စိတ်လောခဲ့တယ်။ ဒီလိုနဲ့ သူတို့သားအဖ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ 2022 ကိန်းစ်ရုပ်ရှင်ပွဲတော်မှာပြသခဲ့ပြီး 2023 မှာမှ ပြင်သစ်မှာ စတင်ရုံတင်ပြသခဲ့ပါတယ်။ ဒါဟာ စစ်ပွဲအနိဋ္ဌာရုံတွေ၊ မိဘမေတ္တာတွေကိုဖော်ကျူးထားတဲ့ရုပ်ရှင်ဖြစ်ရုံတင်မကပါဘူး။ စစ်ပွဲရဲ့ မှောင်မိုက်တဲ့ဘက်ခြမ်းကိုပါ မီးမောင်းထိုးပြထားပြီး ချစ်ရသူတို့နဲ့ခွဲခွာရခြင်းအပြင် စစ်မြေပြင်မှာ ပြင်သစ်အလံတော်အောက်စတေးခဲ့ရသူ အမေ့လျော့ခံအာဖရိကန်စစ်သည်တို့အတွက် အောက်မေ့သတိရအထိမ်းအမှတ်တစ်ခုလည်းဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 38Min Genre – Action, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

5.9 2022
Father & Soldier
Taste of Cherry
7.7

Taste of Cherry ဆိုတဲ့ ခေါင်းစဉ်ကို တွေ့တဲ့အချိန်မှာ ပထမဆုံး ပေါ်လာတဲ့အတွေးကတော့ Cherry onTop ဆိုတဲ့ စကားလေးပဲဖြစ်ပါတယ်။ ဘဝကို ထပ်ပြီးပြည့်စုံသွားစေတယ်၊ ကောင်းမွန်တဲ့အရာ အဖြစ်နဲ့Cherry ကို တင်စားကြပါတယ်။ ဒီဇာတ်လမ်းမှာတော့ သူ့ရဲ့ဘဝဇာတ်သိမ်းကိုကိုယ်တိုင် အကောင်းဆုံးအဖြစ် အဆုံးသတ်နိုင်ဖို့ ချယ်ရီပင် အောက်ကို ရွေးချယ်ထားတဲ့ လူတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ ထိုလူလတ်ပိုင်းအရွယ် မစ္စတာဘာဒီး ဟာ သူ့အတွက် အလုပ်တစ်ခု လုပ်ပေးနိုင်မယ့် လူတစ်ယောက်ကို ကားတစ်စီးနဲ့ တယ်ရန်မြို့ထဲမှာ လိုက်ရှာနေခဲ့ပါတယ်။ အဲဒီအလုပ်အတွက်လည်းငွေကြေး အမြောက်အများပေးဖို့ စီစဉ်ထားပါတယ်။ သူ့ရဲ့အကြံကတော့ သူစိတ်ကြိုက်ရွေးချယ်ထားတဲ့လူတစ်ယောက်ကို သူစိတ်ကြိုက်ရွေးချယ် ထားတဲ့နေရာမှာ သူ့ကို မြှုပ်နှံပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ မစ္စတာဘာဒီး နဲ့ ကားလိုက်စီးရတဲ့သူတိုင်းဟာ ချယ်ရီပင်တစ်ပင်ရယ်၊ သူကိုယ်တိုင်တူးထားတဲ့ ကျင်းတစ်ကျင်း ရယ်၊ မက်မောလောက်ဖွယ် ငွေကြေးရယ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လုပ်ရမယ့်အလုပ်က မစ္စတာဘာဒီးအနေနဲ့ အိပ်ဆေးတွေ အကုန်သောက်ပြီး ကျင်းထဲမှာ ညကတည်းက လှဲနေမယ်။ အလုပ်လက်ခံသူအနေနဲ့ မစ္စတာဘာဒီးကို မနက် (၆) နာရီမှာ (၂)ခါလာခေါ်ရမယ်။ အသက်ရှိသေးရင် သူ့ကိုဆွဲထူမယ်၊ အသက်မရှိတော့ ရင်တော့ မြေဖို့ပေးဖို့ပါပဲ။ ဒီတစ်ရက်တည်းမှာပဲ မစ္စတာဘာဒီးဟာ စစ်သားတစ်ယောက်၊ ဓမ္မစာသင်သားတစ်ယောက် နဲ့ တိရစ္ဆာန်ရုပ်လုံးသွင်းသူ တစ်ယောက် တို့နဲ့ တွေ့ဆုံပြီး ကမ်းလှမ်းပြောဆိုခဲ့ပါတယ်။ ပထမဆုံး (၂)ယောက်က ကြောက်လန့်ငြင်းဆန်သွားကြပေမယ့် တိရစ္ဆာန်ရုပ်လုံးသွင်းသူ မစ္စတာဘာဂယ်ရီကတော့ သူ့ကလေးအတွက် ငွေကိုလက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မစ္စတာဘာဂယ်ရီကတော့ ချယ်ရီပင်သွားရာ လမ်းတလျှောက်မှာ မစ္စတာဘာဒီးကိုဖြောင့်ဖြပြောဆိုသွားခဲ့ပေးမယ့် မစ္စတာဘာဒီးရဲ့ သတ်သေလိုတဲ့အကြောင်းရင်းနဲ့ ပြဿနာကို အဖြေရှာမတွေ့ခဲ့ပါဘူး။ ဒါ့အပြင် မစ္စတာဘာဒီးရဲ့ ဘဝအပေါ်အတွေးအမြင်နဲ့ ခံယူချက်ကလည်း မေးခွန်းထုတ်ဖွယ်ဖြစ်နေတဲ့အတွက် ပရိသတ်ကို မေးခွန်းများစွာနဲ့ အတွေးများစွာ ထင်ကျန်စေမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size… 1.1 GB / 680 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

TV Movie • Comedy • Romance
7.7 1997
Taste of Cherry
Rani Chithira Marthanda
8

Rani Chithira Marthanda (2023)IMDb 8/10 …..ဘဝဇာတ်ခုံ…. CM ပရိသတ်ကြီးကို ထူးခြားကောင်းမွန်တဲ့ မလေယာလမ်းဘာသာစကားပြော အိန္ဒိယဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ် တောင်ပိုင်း မဆလးယာလမ်းသရုပ်ဆောင်တွေပဲ ပါဝင်ထားပြီး နာမည်မကြီးဝိတ်မရှိပေမဲ့ သူ့နေရာနဲ့သူတော့ ဇာတ်ကြောင်းကိုကောင်း‌မွန်စွာ ပုံဖော်သရုပ်ဆောင်တဲ့နေရာမှာ အပိုအလိုမရှိဘူးပဲ‌ ပြောပါရစေ အိန္ဒိယကားတွေကို အိုဗာအိုက်တင်တွေ မင်းသားအသားပေးဇာတ်ကောင်တွေကြောင့် ကြိုက်တဲ့သူရှိသလို တစ်ခါတလေစိတ်ကုန်မိတဲ့သူတွေလည်း ရှိမှာပါ ဒီကားလေးမှာ‌တော့ လှပတဲ့ရှုခင်းတွေရယ် ရိုးရှင်းတဲ့ဇာတ်ကောင်တွေရယ် သဘာဝကျတဲ့ဇာတ်အိမ်ရယ် သုံးခုကိုသုံးနာညီတြိဂံလို အချိုးကျကျပေါင်းစပ်ကာ ပရိသတ်ကြည့်နေကျ ဘောလီးဝုဒ်ကားတွေနဲ့ ရသတစ်မျိူး တမူထူးကာပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ အဖေကိုအရမ်းကြောက်ရတဲ့ အန်ဆွန်ရယ် သူ့အဖေရယ် သူတို့ရဲ့ဆေးဆိုင်လေးရယ် နိစ္စဓူဝနေ့စဉ်ဘဝလေးမှာ အန်ဆွန်နဲ့ ကောင်မလေးတစ်ယောက် စတင်သိကျွမ်းသွားပြီးတဲ့နောက်တော့ …. ဘာဆက်ဖြစ်မလဲကတော့ သိသာရင်လဲ သိသာမှာပါ ဒါပေမဲ့တချို့ဇာတ်ကားတွေက ဘာဆက်ဖြစ်မလဲဆို‌တာထက် ဘယ်လိုဖြစ်သွားလဲရိုက်ပြတာကို ကြည့်နေရတာကလည်း ရသတစ်မျိုးပဲမို့ CM ပရိသတ်ကြီးကို ဘဝသရုပ်မှန်ပုံဖော်‌ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်

8 2023
Rani Chithira Marthanda
Mother of the Bride
5.5

ဒီတစ်ခေါက်တော့ သက်ကြီးပိုင်းတွေရဲ့ ငယ်ရွယ်စဉ် ကလွဲခဲ့တဲ့ အချစ်နဲ့ ပြန်တွေ့ဆုံရပုံလေးကို ဟာသလေးတွေနှောပြီး ဇာတ်လမ်းဆင်ထားတဲ့ အချစ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်… မျိုးဗီဇသုတေသနပညာရှင်ဖြစ်တဲ့ ဒေါက်တာ လာနာ ဝင်းစလိုးတစ်ယောက် တစ်ခုခုဆို အပြစ်မြင် ဝေဖန် တတ်လို့ဆိုပြီး သမီးဖြစ်သူက ရည်းစားကောင်လေးကို ရည်းစားဘဝမှာတောင် သူနဲ့ပေးမတွေ့ဘဲ စေ့စပ် လက်စွပ်ကို လက်ခံပြီးမှ နောက်တစ်လနေရင် လက်ထပ်တော့မယ်လို့ ဖွင့်ဟလာတာကို ကြုံလိုက်ရပါတယ်.. သူနဲ့အတူနေပြီး ကျောင်းဆက်တက်မယ်လို့ထင်ထားတဲ့ သမီးတော်လေးက ယောကျ်ားယူတော့မယ်ဆိုပြီး Surprise တိုက်လိုက်တဲ့အခါမှာတော့ လာနာတစ်ယောက် ရင်ကွဲနာကျရသလို သမီးဖြစ်သူ ပျော်ဖို့အတွက် သမီးအလိုကျလက်ခံပေးပြီး မင်္ဂလာပွဲကျင်းပမဲ့ ထိုင်းနိုင်ငံ ဖူးခက်မြို့ကို သွားဖို့ပြင်ရပါတော့တယ် သမီးဖြစ်သူယူမဲ့ကောင်လေးကို အဲဒီတော့မှ တွေ့ဖူးတဲ့ အပြင် နောက်ထပ် Surprise တိုက်ခံလိုက်ရတာကတော့ အဲဒီကောင်လေးရဲ့အဖေက ငယ်စဉ်က စာမလာအကြောင်း မကြားဘဲ Ghost သွားတဲ့ သူ့ရဲ့ငယ်ချစ်ဦး ဖြစ်နေတာပါပဲ.. တစ်ယောက်တည်းဆို ထက်မြက်ပြီး တော်သလောက် သူ့ငယ်ချစ်ဦး ဝေလ် ဂျက်ဆင်ရှေ့ကိုရောက်ရင် အလွဲလွဲ အချော်ချော်တွေ လုပ်တတ်တဲ့ လာနာတစ်ယောက် ဒီပြန်လည်ဆုံတွေ့မှုကနေ ဘာတွေကိုတွေ့ကြုံလာရမလဲ… ရှေးဟောင်းနှောင်းဖြစ်ဇာတ်လမ်းတွေရှိတဲ့ မိဘတွေကြောင့် သားသမီးတွေရဲ့ မင်္ဂလာပွဲကလည်း ဖြစ်မြောက်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာ ဖြစ်ပါတယ်.. File size…2.15 GB/ 0.99GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

Crime • Drama
5.5 2024
Mother of the Bride
Do Aur Do Pyaar
6.4

Do Aur Do Pyaar (2024)”နှစ် အပေါင်း နှစ်” ================================== ဆုတွေအများကြီးရထားတဲ့ မင်းသမီးကြီး ဗီဒယာဘာလန်ရဲ့ IMDb 6.5/10 ရ အသစ်ထွက် dark fantasy ဆန်ဆန် အချစ်ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ အချစ်ဆိုတာ သွားတိုက်ဆေးနဲ့တူတယ်။ မကုန်မချင်း ဖျစ်ညှစ်ခြစ်ကုပ်ပြီး သုံးကြပေမဲ့ ကုန်သွားရင်တော့ လွှင့်ပစ်ပြီး အသစ်ဝယ်ရတော့တာပဲတဲ့။ အန်နီနဲ့ ကာဗ်ရာတို့ လင်မယားနှစ်ယောက်ဟာ ချစ်လွန်းလို့ ခိုးပြေးလက်ထပ်ခဲ့ကြတဲ့သူတွေပါ။ သူတို့ဟာ ချစ်စကြင်နာစမှာတော့ ပျော်ရွှင်ခဲ့ကြပေမဲ့ အိမ်ထောင်သက် ကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် အေးစက်လာပြီး အချစ်သစ်တွေရှာမိကြပါတော့တယ်။ သူတို့နှစ်ယောက်လုံးဟာ အသစ်တွေ့နေကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အားနာပြီး သူက ကိုယ်မရှိရင်မဖြစ်ဘူးဆိုတဲ့စိတ်နဲ့ ပွင့်ပွင့်လင်းလင်း လမ်းမခွဲဘဲ တအုံ့နွေးနွေးဖြစ်နေကြတာပါ။ သူတို့တွေ တစ်ယောက်အကြောင်းကို တစ်ယောက်သိသွားကြမှာလား၊ ဖွင့်ပြောရင်ရော ဘယ်လိုတွေဖြစ်ကုန်မှာလဲ၊ လေးပွင့်ဆိုင်ဇာတ်ကို ဘယ်လိုကကြမလဲဆိုတာကို ဒီဒီရုပ်ရှင်ထဲမှာ ပုံစံတစ်မျိုးနဲ့မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL~ ToMo ~ KKKZ ~ Alex ~ Zwe Yan တို့ဖြစ်ပါတယ်။)

6.4 2024
Do Aur Do Pyaar
In the Summers
6.7

DC ရဲ့ Supergirl အဖြစ်လူသိများတဲ့ Sasha Calleပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက် ချင်ပါတယ်။ ရိုးရိုးအေးအေး Family/ Dramaဇာတ်ကား ဖြစ်ပေမဲ့ ခရမ်းချဉ်သီးပုပ်မှာတော့ 92%အထိရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဗီအိုလက်တာနဲ့ သူ့ညီမ အဲဗာတို့ နွေရာသီ ကျောင်းပိတ်ရက်တွေမှာ New Mexico ,Las Cruces မှာနေတဲ့ သူတို့အဖေဆီ အလည်သွားကြပုံကိုရိုက်ကူးပြထားတာပါ။ နှစ်တွေတဖြည်းဖြည်းကြာ နွေရာသီတွေ တစ်ခုပြီး တစ်ခု ပြောင်းလာတာနဲ့အမျှ မတူညီတော့တဲ့ သားသမီးနဲ့ဖခင်ကြားက ဆက်ဆံရေးကို သဘာဝကျကျရိုက်ကူး‌တင်ဆက်ပေးထား ပါတယ်။ Broken family တစ်ခုရဲ့ သားသမီးတွေနဲ့ အနေဝေးတဲ့ မိဘတွေရဲ့ကြားမှာ တွေ့ရတတ်တဲ့ Awkwardness တွေ၊ စိမ်းကားမှုတွေ၊ မရခဲ့တဲ့မေတ္တာကို မခံစားတတ်မှုတွေ နဲ့ ဖခင်ဘက်က ရသလောက်ဖြည့်တင်းပေးချင်မှုတွေကို ကောင်းကောင်းကြီးတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ရင်ဘတ်တစ်နေရာမှာ ဘယ်လိုမှ ဖြည့်လို့မပြည့်နိုင်တဲ့ ဟောင်းလောင်းပေါက်တစ်ခုရှိနေတဲ့ ညီအစ်မနှစ်ယောက် ဘယ်လိုကြီးပြင်းလာကြမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…1.21GB /646MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

6.7 2024 98 mins
In the Summers
Rickerl
7.5

ရစ်ကာဆိုတဲ့လူဟာ အောင်မြင်တဲ့အဆိုတော်တစ်ယောက် ဖြစ်ဖို့အတွက် ကြိုးစားနေတဲ့လူတစ်ယောက်ဖြစ်ပြီး အစိုးရရဲ့အလုပ်ရှာဖွေရေးဌာနကရှာပေးတဲ့ အလုပ်မှန်သမျှ ကိုလည်း တစ်ခုပြုတ်ရင်တစ်ခုထပ်လုပ်နေရတာပါ။ မလုပ်လို့လည်းမရပါဘူး အဲလိုမှမလုပ်ရင် သူရနေတဲ့ ထောက်ပံ့ကြေးတွေအဖြတ်ခံရမှာမို့လို့ပါ။ ဒီတော့ရစ်ကာဟာ သီချင်းကိုပဲအာရုံစိုက်လုပ်ချင်တာမို့ အလုပ်တွေမှာပြဿနာတမင်ရှာပြီးအလုပ်ဖြုတ်ခံရအောင် လုပ်နေခဲ့တာပါ။ ရစ်ကာမှာ ဒိုမီနစ်ဆိုတဲ့သားတစ်ယောက် ရှိပြီးတော့ ရစ်ကာဟာသူရဲ့အတူနေချစ်သူဗီကီနဲ့ကွဲထားတာကြောင့် ဒိုမီနစ်လေးဟာ အမေဖြစ်သူနဲ့ပဲနေနေတာပဲဖြစ်ပါတယ်။ လူကသာပေပေတေတေနေပေမယ့် ဖခင်စိတ်အပြည့်ရှိသူ ရစ်ကာဟာ သားဖြစ်သူကိုအတော်လေးချစ်ရှာပြီး ပိတ်ရက်တိုင်းသားဖြစ်သူနဲ့အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ ဒီလိုနဲ့အောင်မြင်မှုလမ်းကြောင်းကိုရှာနေတဲ့ရစ်ကာတစ်ယောက် ဘာတွေဆက်ကြုံတွေ့ပြီးတော့ ဘဝကိုဘယ်လိုမျိုးဆက် ဖြတ်သန်းသွားမလဲဆိုတာကတော့ ဆက်ကြည့်လိုက်ရအောင်ပါ။ File size… (2.47GB) / (1.26GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 44m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

Drama • Fantasy • Horror • Romance
7.5 2023 104 mins
Rickerl
The Dreamers
7.2

The Dreamers (2003) IMDb Rating (7.1) Genre: Erotic/Romantic/Drama The Dreamers ကတော့ အီတလီဒါရိုက်တာ Bernardo Bertolucci ရဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။ မင်းသမီး‌ချော Eva Green ရဲ့ ငယ်မူငယ်သွေးအလှတွေနဲ့ သူ့ရဲ့ဇာတ်ကောင်ပေါ် နှစ်ဝင်သရုပ်ဆောင်နိုင်စွမ်းကို တစ်ဝကြီးခံစားရမှာဖြစ်ပြီး ဇာတ်လမ်းလေးကလည်း နားလည်ရခက်တဲ့ ပန်းချီကားတချပ်လို ပြင်သစ်ဆန်ဆန် လှပပါတယ်။ မင်းသမီး Eva Green အပြင် မင်းသား Louis Garrel နဲ့ Michael Pitt တို့ရဲ့ ဝတ်လစ်စလစ်အခန်းတွေအများကြီးပါတာမလို့ မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။ ++++++++++++++++++++++++++++++ ဇာတ်လမ်းအညွှန်းကိုတော့ Out of Mind Fb Page က အညွှန်းနဲ့ ညွှန်းခဲ့ချင်ပါတယ်။ Spoiler Alert…. The Dreamers (2003) ဇာတ်လမ်းရဲ့အခင်းအကျင်းက ပဲရစ်မြို့ 1968ခုနှစ်က ကျောင်းသားသပိတ်ဖြစ်နေတဲ့အချိန် ဖြစ်တယ်။ Metthewဆိုတဲ့အမေရိကန်လူငယ်တယောက်က ပဲရစ်မြို့မှာ ပြင်သစ်ဘာသာစကားလေ့လာနေရင်း သူ့ရဲ့အချိန်အများစုကို ရုပ်ရှင် တွေကြည့်ရင်း ကုန်ဆုံးနေတဲ့သူ တယောက်။ တစ်ရက်မှာတော့ သူ့လိုပဲ ရုပ်ရှင်ကို အရမ်းဝါသနာပါတဲ့ Isabelle နဲ့ Theo ဆိုတဲ့ အမြွာမောင်နှမနှစ်ယောက်နဲ့ ခင်လာကြတယ်။ သူတို့ မောင်နှမ နှစ်ယောက်က Matthewကို သူတို့ရဲ့ ကိုယ်ပိုင် ပိတ်လှောင်ထားတဲ့ ကမ္ဘာထဲကိုဆွဲခေါ်လာခဲ့တယ်။ တနည်းအားဖြင့် သူတို့ရဲ့အိမ် တနည်းအားဖြင့် မိမိနဲ့တစ်ခြားကြားက မျဥ်းကြောင်းတွေဝေဝါးနေတဲ့ သူတို့ရဲ့ကမ္ဘာထဲကို Matthew ရောက်ရှိလာတယ်။ သူတို့ရဲ့ အိမ်ထဲကို ရောက်တော့ သူတို့မောင်နှမနှစ်ယောက်ရဲ့ ရုပ်ရှင်တွေကိုအသုံးပြုပြီး တယောက်ကိုတယောက်ချည်နှောင်ကြမှုတွေ ငြင်းခုံမှုတွေ ကိုသိလာတယ်။ နောက်ရုပ်ရှင်ထဲက အမူအယာတွေကို ပုံတူလိုက်သရုပ်​​ဆောင်ရင်း”ဒီရုပ်ရှင်ဟာဘာရုပ်ရှင်လဲ”ဆိုတဲ့မေးခွန်းတွေမေးပြီး သူတို့ဘလောက်သိလဲ ဘယ်လောက်အဖိုးတန်လဲဆိုတာကို ရုပ်ရှင်ဇာတ်လမ်းတွေနဲ့တိုင်းတာကြတယ်။ သူတို့အတွက်တော့ ရုပ်ရှင်သည်သာဘဝပဲ။ ဒီအိမ်လေးထဲမှာပဲ ရုပ်ရှင်ခန့်မှန်းတဲ့ဂိမ်းတွေဆော့ရင်း ရုပ်ရှင်တွေအကြောင်းငြင်းခုံရင်းနဲ့အပြင်မှာဖြစ်နေတဲ့ အရေးအခင်းတွေကိုမေ့ပျောက်ထားပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ထားကြတယ်။ ဒါ‌ပေမယ့် တဖြည်းဖြည်းနဲ့ Matthewသိလာတာက သူတို့နှစ်ယောက်ကမ္ဘာထဲမှာ သူဟာ ဘယ်တော့မှဝင်ခွင့်ရမှာမဟုတ်ဘူးဆိုတာပဲ။ သူဟာ အပြင်လူတယောက်လို့ခံစားရတယ်။ အမြွာမောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့ စိတ်ကူးယဥ်မှုတွေ ပြည့်ဖို့သက်သက် သူ့ကိုအသုံးချနေသလို ခံစားရတယ်။ Matthewရဲ့ အပြင်လူဖြစ်မှုကနေ သူတို့အမြွာနှစ်ယောက်ရဲ့ ကမ္ဘာကို ကြည့်ရှုနေခြင်းက ကျနော်တို့က Matthewကို ကြားခံအနေနဲ့အသုံးပြုပြီး သူတို့ရဲ့ကမ္ဘာကို ရုပ်ရှင်ကြည့်သူတွေက တဖန် ပြန်ကြည့်နေခြင်းလည်းဖြစ်တယ်။ ဒါနဲ့ပက်သက်ပြီး Matthewက ရုပ်ရှင်နဲ့ပက်သက်ပြီး သူမြင်တဲ့သီအိုရီတခုကို အခန်းတခန်းမှာရှင်းပြတယ်။ သူ့အမြင်အရတော့ ရုပ်ရှင်တိုင်းဟာ သူတပါးရဲ့လိင်ကိစ္စကိုတိတ်တခိုးကြည့်နေရသလိုပဲ ။ “ရုပ်ရှင်ရိုက်ကူးသူတယောက်ဆိုတာ သူများအဝတ်အစားလဲတာကိုချောင်းကြည့်ရတာ၊သူများလိင်ကိစ္စတွေကိုချောင်းကြည့်ရတာကိုသဘောကျတဲ့လူတယောက်လိုပဲ။ ကင်မရာဆိုတာကတော့ မင်းမိဘတွေရဲ့အိပ်ခန်းထဲက ချောင်းကြည့်ပေါက်ပေါ့။ မင်းသူတို့ကိုချောင်းကြည့်တယ်။ မင်းရွံလာတယ်။ မင်းမလုံမလဲဖြစ်လာတယ်။ ဒါပေမယ့် မင်းဆက်ကြည့်နေတာကိုမရပ်နိုင်ဘူး။ ရုပ်ရှင်တွေဟာ ပြစ်မှုတွေဖြစ်ပြီးတော့ဒါရိုက်တာတွေကတော့ ပြစ်မှုကျူးလွန်သူတွေဖြစ်သွားတယ်။” ကျနော်တို့က ရုပ်ရှင်ကြည့်တဲ့အခါမှာ တနည်းအားဖြင့် ဇာတ်ကောင်တွေရဲ့ လုပ်ရပ်တွေကို ချောင်းကြည့်ပေါက်ကနေကြည့်ပြီးအာသာဖြေတာပဲ။ ကျွန်တော်တို့ရဲ့စိတ်ထဲမှာဖိနှိပ်ထားတဲ့ဆန္ဒတွေကို ရုပ်ရှင်ကြည့်ရင်း ဖြေဖျောက်နိုင်လို့ပဲ​​​​ဖြစ်တယ်။ကျနော်တို့ဟာ ရုပ်ရှင်ကြည့်တဲ့အခါ ရုပ်ရှင်ကိုကြည့်နေရုံသက်သက်မဟုတ်ဘဲ ကျနော်တို့ကိုယ်တိုင်တောင်မသိတဲ့ သတိမထားမိတဲ့ ဆန္ဒတွေကို ရုပ်ရှင်ဇာတ်ကောင်တွေနေရာကနေဝင်ရောက်ခံစားရင်းနဲ့ အာသာဖြေတာပဲ ဖြစ်တယ်။ တနည်းအားဖြင့် ဇာတ်ကောင်တွေဟာ ကျနော်တို့ရဲ့ ဆန္ဒတွေကို အစားဖော်ဆောင်ပေးသလိုခံစားရလို့ပဲ ဖြစ်တယ်။ ဒါက ဆန္ဒတွေသက်သက်တင်မဟူတ်ဘူး ကျနော်တို့ရဲ့ အကြပ်အတည်းတွေ တခြားတခြားသော ကိစ္စတွေကိုလည်း ဒီလိုပဲ ကျနော်တို့ရဲ့ ကိစ္စရပ်များကိုမှတ်တမ်းတင်ပေးထားသဖွယ် ရုပ်ရှင်များကို ကြည့်နေရင်းနဲ့ ခံစားနိုင်လို့ပဲ။ ရုပ်ရှင်စခရင်တွေကိုယ်တိုင်ဟာ ကျနော်တို့ကိုယ်တိုင်ရဲ့ အမြင်တွေအစိတ်အပိုင်းတွေကို ရုပ်ရှင်တွေအပေါ်မှာprojectလုပ်နေတဲ့ မှန်တချပ်လို့ပြောလို့ရတယ်။ The Dreamers ဟာလည်း ကျနော်တို့ရဲ့ ဖြစ်တည်မှုအကြပ်အတည်းကို ပြန်လည်ရောင်ပြန်ဟပ်နေတဲ့မှန်တချပ်ပဲ။ အဲဒီရုပ်ရှင်ကာရိုက်တာတွေရဲ့ အပြုအမူ သူတို့ရဲ့အခြေအနေတွေကို ကျနော်တို့ရဲ့အခြေအနေနဲ့ ဘယ်လိုမျိုးဆက်စပ်လို့ရမလဲ။ သူတို့ကို ကြည့်နေရတာက ကျနော်တို့ကိုယ်ကျနော်တို့ ပြန်ကြည့်နေရသလို ခံစားချက်ကိုရတယ်။ ပြင်ပကမ္ဘာကိုကြောက်လို့ ဒီရုပ်ရှင်ထဲမှာ လာဖြေဖျောက်နေပေမယ့် ဒီရုပ်ရှင်ကပဲ ထပ်မံပြီးတော့ ကျနော်တို့ရဲ့ အခြေအနေကို မှန်တချပ်လို မီးမောင်းပြန်ထိုးပြ​နေတယ်။ အ​မြွာနှစ်ယောက်ဟာ အရွယ်ရောက်မှုကိုငြင်းဆန်ပြီး ကလေးဘဝထဲမှာ ပြန်ပုန်းတာပဲဖစ်တယ်။ Matthew ကိုလည်း သူတို့လို ကလေးငယ်အဖြစ်ပြန်ပြောင်းချင်တဲ့အတွက် သူ့ရဲ့ လိင်အင်္ဂါ က အမွှေးတွေကို မောင်နှမနှစ်ယောက်က ရိတ်ဖို့ ကြိုးစားတဲ့အခန်းမှာတွေ့ရမယ်။ အဲဒီအခန်းမှာပဲ Matthew ကစိတ်ပေါက်ပြီး သူတို့နှစ်ယောက်ကို ဒီလိုမျိုးကလေးဘဝထဲမှာပဲပိတ်မိနေလို့မရမှန်း ပြောတယ်။ အမြွာမောင်နှမနှစ်ယောက်က တကယ့်အပြင်ကိုထွက်ပြီး သူတို့ရဲ့စိတ်ကူးယဥ်မှုတွေ အိပ်မက်တွေ လွတ်လပ်မှုတွေပျောကိဆုံးသွားမယ့် အခြေအ​နေကိုအမြဲတမ်းကြောက်နေခဲ့တယ်။ ကျနော်တို့လည်းဒီလိုပဲမဟုတ်ပါလား။လူသားတွေရဲ့ အကြောက်ရွံ့ဆုံးအခြေအနေဟာ တဖြည်းဖြည်း အသက်ကြီးလာပြီးလူ့အဖွဲ့အစည်းနဲ့ သဟဇာတဖြစ်ဖို့ မိမိ ဆန္ဒတွေကိုချိုးနှိမ်လိုက်ရပြီး ကိုယ့်ကိုယ်ကိုယ် လူ့အဖွဲ့အစည်းရဲ့ ရုပ်သေးရုပ်တရုပ်အဖြစ် မြင်လိုက်ရတဲ့အခြေအနေပဲ ဖြစ်လိမ့်မယ်။ ဒီလိုမျိုး ကြောက်ရွံ့လာတဲ့အခါ ပြင်ပကမ္ဘာကိုငြင်းဆန်ပြီး ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပဲ ပိတ်လှောင်ကြတယ်။ကျနော်တို့က အကန့်အသတ်ဖြစ်မှုတွေကိုကြောက်ရွံ့ကြလို့ကိုယ်ပိုင်ကမ္ဘာထဲမှာပဲ အတွေးနယ်ချဲ့ ကြရင်း ပြင်ပကမ္ဘာကို ငြင်းဆန်ကြတယ်။ ဘဝရဲ့ရှုပ်ထွေးမှုတွေ ရွေးချယ်မှုတွေ တာဝန်တွေကိုမရင်ဆိုင်ရဲလို့ ရှောင်ပုန်းကြတယ်။ အပြင်ဘက်မှာရှိနေတဲ့ မှန်တွေကိုရင်ဆိုင်ပြီး အဲလိုမျိုး မှန်တွေကိုကြည့်နေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ရှာဖွေရမှာပဲ ဖြစ်တယ်။ ဒါမယ့် သူတို့ဟာ အိမ်ထဲမှာပဲနေရင်း သူတို့ရဲ့ပြတင်းပေါက်အပြင်မှာတင်ဖြစ်နေတဲ့အရေးအခင်းတွေကိုမေ့ထားရင်း ကိုယ်ပိုင်ကမ္ဘာတည်ဆောက်နေခဲ့တယ်။ ဇာတ်လမ်းရဲ့အဆုံးမှာ သူတို့အိမ်အပြင်ဘက်ကနေ ကျောက်တုံးတစ်တုံးက သူတို့ရဲ့အခန်းထဲကို ပြတင်းပေါက်ဖြတ်ပြီးဖောက်ခွင်းဝင်လာတယ်။အဲဒီကျမှပဲ သူတို့ရဲ့ ကမ္ဘာငယ်လေးကပျက်ပြယ်သွားပြီး အပြင်ကိုထွက်ကြည့်တော့ ဆန္ဒပြသူတွေနဲ့ပြည့်နေတဲ့ ပဲရစ်ရဲ့လမ်းမကိုတွေ့တယ်။သူတို့တွေအဲ့ဒီလမ်းမပေါ်ကိုရောက်ရှိလာတယ်။ ကျနော်တို့ကရော ကျနော့်တို့ကမ္ဘာငယ်လေးထဲက ပြတင်းမှန်ကိုဘယ်လိုမျိုးခွဲကြမလဲ။ (ရုပ်ရှင်အညွှန်းကို Out of Mind FB Page မှ ကူးယူဖော်ပြပါသည်။)

7.2 2003 115 mins
The Dreamers
West Side Story
7.6

West Side Story 1961 Musical Film ဖြစ်တဲ့ ဒီကားလေးကတော့ အော်စကာဆုများစွာကိုလည်း သိမ်းယူနိုင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပြီး အကောင်းဆုံး musical film လို့ သတ်မှတ်ကြတဲ့အထိ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် ။ နယူးယောက်မြို့ ဆင်ခြေဖုံးရပ်ကွက်လေးမှာ ဂျက် ဆိုတဲ့ ဂိုဏ်း နဲ့ ရှာ့ခ်စ်ဆိုတဲ့ ဂိုဏ်းတွေက နယ်မြေလုလျက်ရှိပါတယ် ။ တစ်ရက်မှာတော့ ဂိုဏ်းနှစ်ဂိုဏ်းဟာ ဂိုဏ်းစစ်ပွဲအကြီးအကျယ်ဖြစ်ဖို့ ဖန်လာပါတော့တယ် ။ စစ်ပွဲအစည်းအဝေးအတွက် ကပွဲမှာ ဂိုဏ်းနှစ်ဂိုဏ်း ရင်ဆိုင်ကြရင်း တိုနီဆိုတဲ့ ဂျက် ဂိုဏ်းအဖွဲ့ဝင်ဟောင်း ကောင်လေးက တစ်ဖက်ဂိုဏ်းခေါင်းဆောင်ရဲ့ ညီမလေးနဲ့ ချစ်ကြိုက်သွားပါတော့တယ်။ ရန်ဘက်တွေ ဖြစ်ကြတဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ သူတို့ရရဲ့ အချစ်ဇာတ်လမ်းလေးက ပျော်ရွှင်စွာ အဆုံးသတ်သွားမလား ဝမ်းနည်းစရာတွေ ကြုံရမလားဆိုတာကို ခံစားကြည့်ရှုရမှာပါ ။ Musical film ဖြစ်တဲ့အတွက် သီချင်းတွေလည်း အများကြီး ပါဝင်ပြီး ပုံမှန် ဂန်းစတား ဇာတ်လမ်းတွေနဲ့ မတူတဲ့ ထူးခြားတဲ့ ပုံစံတစ်မျိုးနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ် ။ File size… 2.8 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 33m Genre ….. Crime / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Si Thu Htun Kyaw

Drama
7.6 1961 153 mins
West Side Story
Do You Like Bears in Spring?
6.5

Do You Like Bears in Spring? (2003) ***************************************** “Do You Like Bears in Spring?” ဆိုတဲ့ 2003 ခုနှစ်ထွက် ကိုရီးယားရုပ်ရှင်ဟာ သဘောကျဖွယ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး ဟာသအနည်းငယ်နဲ့ စိတ်ကူးယဉ်ပျော်ရွှင်မှုတွေကို အတူပေါင်းစပ်ထားတဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ Bae Doona နဲ့ Kim Nam Jin တို့က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပြီး သူတို့ကြားက ငယ်သူငယ်ချင်းဆန်ဆန် စိတ်လှုပ်ရှားဖွယ်အချစ်ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးနဲ့ တင်ဆက်ထားပါတယ်။ ဂျောင်ဟျွန်းချယ် (Bae Doona) ဟာ အဖေနဲ့ပဲ ကြီးပြင်းလာခဲ့တဲ့မိန်းကလေးဖြစ်ပြီး၊ တစ်ချိန်တုန်းက လေယာဉ်မယ်ဖြစ်ချင်တဲ့အိပ်မက်ကို ရင်ထဲမှာသိမ်းဆည်းထားဆဲဖြစ်ပါတယ် သူ့ဘဝထဲမှာ ချစ်ခြင်းမေတ္တာဆိုတာက မျှော်လင့်ချက်ကင်းတဲ့အရာတစ်ခုပေါ့။ အမြဲထားခဲ့ခံနေရလည်း အချစ်ဆိုတာကို စိတ်မကုန်သေးဘဲ စိတ်ကူးယဥ် မင်းသားလေးကို စောင့်နေဆဲပါပဲ။ တစ်နေ့မှာတော့ သူ့အဖေကြောင့် စာကြည့်တိုက်မှာ စာအုပ်တစ်အုပ် သွားငှားရင်းနဲ့ စာအုပ်ထဲမှာ ချစ်ခြင်းနဲ့အပြည့်အဝဖြစ်နေတဲ့ လျှို့ဝှက်စာတစ်စောင်ကို ရှာတွေ့သွားပါတယ်။ မတူညီတဲ့စာအုပ်တွေထဲမှာလည်း ထပ်တလဲလဲပဲ တခြားချစ်ခြင်းစာတွေထပ်တွေ့လာတဲ့အခါ၊ ဟျွန်းချယ်တစ်ယောက် “ဒါက သူ့အတွက်ပဲ” ဆိုတဲ့ အတွေးနဲ့ စာရေးသူကိုစိတ်ဝင်စားမိပြီး ချစ်မိသွားပါတော့တယ်။ အခြားတစ်ဖက်မှာလည်း ဟျွန်းချယ်ကို တိတ်တခိုးချစ်နေတဲ့ သူငယ်ချင်း အီဒုံဟာ (Kim Nam Jin) ဟာ သူ့ကိုယ်သူ စာရေးသူပါဆိုပြီး လိမ်မိရာကနေ.. ဟျွန်းချယ်တစ်ယောက် ဒုံဟာလိမ်ထားတာကို ရိပ်မိသွားမလား…အဲဒီစာတွေကို ရေးနေတာကဘယ်သူလဲ…ဟျွန်းချယ်တစ်ယောက် လိုချင်တဲ့အချစ်စစ်ကို ရှာတွေ့သွားမလား… အဲဒီစာတွေကရော တကယ်ပဲ ဘယ်သူ့ကိုရည်ရွယ်တာလဲ ဆိုတာကို ဒီဇာတ်ကားလေးကနေတဆင့် ကြည့်ရှု့လိုက်ကြရအောင်နော် (ဇာတ်လမ်းအညွှန်းကိုတော့ Pan Hsuက ရေးသားထားပါတယ်) File Size – 2.25 GB/ 789 MB Quality – WEB-DL 1080p/ 720p Duration – 1h 38m Format – mp4 Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Pan Hsu Encoded by – Treasure Htet

Drama • History
6.5 2003 98 mins
Do You Like Bears in Spring?
Line of Fire Darklands
5.9

Line of Fire (2024) ဆမန်သာဆိုတဲ့ ရဲမေက သူမရဲ့ သားလေး တင်မ်ကို ကျောင်းဝင်ပို့ရင်း ကျောင်းကတိုင်ချက်ဖွင့်ထားတာတွေကို စစ်ဆေးပေးနေတဲ့အချိန် ကျောင်းတွင်းပစ်ခတ်မှုတစ်ခု ဖြစ်လာပါတယ်။ တပ်ကူလွှတ်ပေးဖို့ လှမ်းအကြောင်းကြားပေမယ့် သူတို့မရောက်လာမီမှာပဲ သေနတ်သမားက တင်မ် အပါအဝင် ကျောင်းသားပေါင်း ၂၀ ကျော်ကို သတ်ဖြတ်ပြီးပါပြီ။ ဆမန်သာက ရဲအရာရှိဖြစ်ပြီး အရေးယူဆောင်ရွက်မှုမလုပ်တဲ့အတွက် သတင်းတွေမှာ ဟိုးလေးတကျော်ကျော် ဖြစ်ကာ အိမ်ထဲကနေ အိမ်ပြင်ထွက်လို့မရတဲ့ အခြေအနေထိ ဖြစ်သွားတော့တယ်။ တစ်ဖက်မှာတော့ ဂျေမီဆိုတဲ့ အိမ်ထောင်ရှင်မက သူ့မိသားစုမှာ ယောက်ျားကပြည့်ပြည့်စုံစုံထားနိုင်လျက်နဲ့ သူ့ဘဝကိုသူစိတ်တိုင်းမကျဖြစ်ကာ ယခင် သူရဲ့ ဂျာနယ်လစ်အလုပ်ကိုပဲ ပြန်လုပ်ချင်တယ်ဆိုပြီး ကျောင်းတွင်းပစ်ခတ်မှုသတင်းကို အသည်းအသန်လိုက်ပါတော့တယ်။ ဆမန်သာက ဂျေမီနဲ့ အင်တာဗျူးမလုပ်ချင်ပါဘူးလို့ ပြောသော်လည်း ဂျေမီက အတင်းအဓမ္မလိုက်နှောင့်ယှက်တဲ့အပြင် ဘလော့ဂ်တွေကနေပါ “ကိုယ့်သားကိုတောင် ကိုယ်အသေခံလိုက်တယ် ငကြောက်“ဘာညာ ပြောလာပြီး ဆမန်သာရဲ့ သည်းခံနိုင်တဲ့အတိုင်းအတာထက် ကျော်လွန်အောင် တိုက်ခိုက်လာတဲ့အခါ …။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw က တင်ဆက်ထားပါတယ်။) File size… (940 MB) / (620 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Thriller Duration…. 01:45:50 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Nway Oo K Zaw

Animation • Science Fiction • Action
5.9 2024 104 mins
Line of Fire Darklands