YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Touch S02E12 Fight or Flight(CM).mp4

405.65 MB 720p video/mp4 112 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
In Secret
6.3

~ IMDb rating - 6.1/10 ~ အဟောင်းအကောင်းတွေ မျှော်လင့်နေတဲ့ CM ပရိသတ်တွေအဖို့ 2013 ထွက် In Secret ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ဆောင်တွေကတော့ တခြားသူမဟုတ်ပါဘူး။ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား MCU ဇာတ်ရုပ်တွေဖြစ်ကြတဲ့ Scarlet Witch နဲ့ Moon Knight တို့နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Elizabeth Olsen နဲ့ Oscar Isaac, ပြီးတော့ Harry Potter ထဲက Draco Malfoy ဖြစ်တဲ့ Tom Felton တို့ဖြစ်ပြီး မမ Elizabeth ရဲ့ အလှအပတွေကို ရှုမြင်ခံစားရဦးမှာဆိုတော့ ဘာဘာညာညာ တွေးမနေပဲ ကြည့်လိုက်ကြတော့ဗျာ။ မွေးကတည်းက မိတဆိုးဖြစ်ခဲ့ရရှာတဲ့ Thérèse (Elizabeth Olsen) လေးဟာ ဖခင်ရဲ့ ထပ်စွန့်ပစ်ခြင်းကိုလည်း ခံရပြီး အဒေါ်ဖြစ်သူရဲ့ အိမ်မှာပဲ ကြီးပြင်းလာရပါတယ်။ အရွယ်ရောက်လာကြတော့ အဒေါ်ရဲ့ သားဖြစ်သူ Camille (Tom Felton) နဲ့ Thérèse ကို အဒေါ်ဖြစ်သူဟာ လက်ဆက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ၁၅၀၀ ချစ်ခြင်းတရားမရှိတဲ့ အိမ်ထောင်ရေးမှာ Thérèse တစ်ယောက်မပျော်မွေ့ပါဘူး။ ဒီလိုနဲ့ မိသားစုလိုက် ပဲရစ္စမှာ အခြေချဖို့ ဖြစ်လာရပြီး ပဲရစ္စမှာ Camille ဟာ တစ်ညမှာ သူငယ်ချင်းဖြစ်သူ Laurent (Oscar Isaac) ကို အိမ်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ လူဆိုရင် သွေးသားဆန္ဒနဲ့ ရမ္မက် မကင်းကြသူချည်းမို့ မွေးကတည်းက သွေးသားဆန္ဒကို ထိန်းချုပ်ခဲ့ရတဲ့ Thérèse တစ်ယောက်ဟာ Laurent နဲ့ ကျူးလွန်ခဲ့ကြပါတော့တယ်။ သောက်လေသောက်လေ ငတ်မပြေ ဖြစ်တဲ့ ရမ္မက်ပင်လယ်ကြီးထဲမှာ Thérèse နဲ့ Laurent တို့ ကူးခတ်ကြရင်း မဖြစ်သင့်တာတွေ ဖြစ်ပျက်လာကြပြီး အခြေအနေတွေဟာ တဖြည်းဖြည်းနဲ့ အရုပ်ဆိုးအကျည်းတန်လာပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို CHUCK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.22GB, 1GB, 592MB Quality - 1080p, 720p, 480p IMDb Rating - 6.1/10 Format - mp4 Duration - 1H 47Min Genre - Crime, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by CHUCK Encoded by Y

Drama
6.3 2013 101 mins
In Secret
Jothi
7

IMDb 9.1/10 ရထားတဲ့ တမီးလ်ကားကောင်း Thriller ကားသစ် လေးလာပါပြီ ကမ္ဘာတစ်ဝှမ်းမှာ ကလေးပျောက် ကလေးလူကုန်ကူးခံရမှုတွေ များလာခြင်းမှာ ဂျိုသီတိုမြိုလေးလည်း ခြွင်းချက်မရှိခဲ့ပါဘူး ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဂျိုသီက သူမွေးဖွားလာမယ့် ကလေးလေး မတော်တဆ ပြန်ပေးဆွဲခံရရင် ဘယ်လိုလုပ်မလဲလို တွေးပူနေတဲ့မိခင်တစ်ယောက်ဖြစ်နေရာကနေ သူယောကျ်ားဆရာဝန်ဖြစ်သူ အဝေးကို အလုပ်ကိစ္စနဲ့သွားရချိန် တစ်ယောက်တည်းရှိနေတဲ့အချိန်မှာ သူစိတ်ပူခဲ့တဲ့အတိုင်းထက်အလွန် မွေးတောင်မမွေးရသေးတဲ့ကလေးကို အတင်းအကြပ် ဗိုက်ဖွင့်ပြီး ထုတ်ယူပြန်ပေးဆွဲတာကိုခံလိုက်ရပါတယ် ညကြီးမိုးချုပ် မိုးကာဝတ်ပြီး ပညာသည်တစ်ယောက်ရဲ့ လက်ရာအတိုင် း သေသပ်စွာ ဗိုက်ခွဲထုတ်ယူကလေးမွေးပြီး လျှိဝှက်စွာလာရောက် ပြန်ပေးဆွဲသွားတဲ့ တရားခံက ဘယ်သူလဲဆိုတာကို မြိုနယ်ရဲမှူး ရှက်သီနဲ့အဖွဲ အပြင်းအထန်ထုတ်ဖော်ကြရတော့တယ် စစ်ဆေးချက်တွေ သက်သေတွေ မှတ်တမ်းတွေအရ တရားခံဖြစ်နိုင်တဲ့ သံသယရှိသူတွေကို လိုက်ရှာရင်း သံသယရှိသူအရေအတွက်များလာတဲ့အခါ ရဲမှူးရှက်သီရဲ့ မာနကို ထိခိုက်လာသလိုဖြစ်လာတယ် တရားခံသံသယရှိသူတွေရော ဘယ်နှယောက်တိုးလာပြီး တရားခံအစစ်ကဘယ်သူလဲ ရဲမှူးဖြစ်သူရဲ့ မာနထိခိုက်ခံရမှုကို ရဲမှူးက တရားခံကို ဖမ်းပြပြီး အစွမ်းပြနိုင်မှာလား စတာတွေကို အတော်လေး စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ Run time လည်း သိပ်မကြာတဲ့အပြင် လူအင်အားများများနဲ့ ခပ်သွက်သွက်လေး ရိုက်ကူးတင်ဆက်ထားတာမို ကြည့်ရတာ တော်တော်မြိုင်ပါတယ် တချိုအပိုင်းလေးတွေတော့ သွေးထွက်သံယိုလေးတွေရှိလို သက်ဆိုင်သူများ သတိထားကြည့်ရင် အဆင်ပြေပါလိမ့်မယ် File size…5.68GB / 1.76GB / 854MB Quality…4k UHD HEVC  / 1080p True WEB DL  AAC 5.1CH  / 720p Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jerrica & Kham Mon & Thet Ko

Animation • Comedy • Family
7 2022 115 mins
Jothi
Boy Erased
7

IMDb.....7.0,,,Rotten.....81% "ဟဲလို" "မစ္စနန်စီအီမန်လားခင်ဗျ" "ဟုတ်ပါတယ်" "'ကျွန်တော်က ဒန်နင်ကော်လိပ်က တာဝန်ရှိသူပါ..ခင်ဗျားတို့သားနဲ့ပတ်သက်ပြီးကျောင်းမှာ သတင်းဆိုးတွေပြန့်နေလို့ပါ" "ရှင် ဘာများဖြစ်လို့လဲ" "အဲ့ဒါက...." ဒီဖုန်းလေးတစ်ချက်ကြောင့် နန်စီတို့မိသားစု ကမ္ဘာပျက်သလိုဖြစ်သွားရတယ်... သူတို့မိသားစု(၃)ဦးရှိတယ်..ယောက်ျားဖြစ်သူနာမည်က မာရှယ်ဖြစ်ပြီး သင်းအုပ်ဆရာတစ်ဦးလည်းဖြစ်တယ်... သားရဲ့နာမည်ကတော့ ဂျဲရက်... ဖုန်းဆက်ပြီးပြောသွားတဲ့ကိစ္စကတော့ ဂျဲရက်ဟာ လိင်တူစိတ်ဝင်စားသူဖြစ်တဲ့အကြောင်းပြောတာပါ... မိဘ(၂)ပါးဖြစ်သူဟာ LGBTကိစ္စကိုလုံးဝရှုံချသူတွေပီပီ ဒီသတင်းကိုကြားတော့ ယူကျုံးမရဖြစ်နေတယ်...ဒီလိုနဲ့ သားကို မျက်နှာချင်းဆိုင်မေးတဲ့အခါမှာတော့ ဂျဲရက်ကိုယ်တိုင်က "သားတကယ်လိင်တူစိတ်ဝင်စားမိပြီထင်တယ် အဖေနဲ့အမေ..ဘာကြောင့်မှန်းမသိဘူး...သားတောင်းပန်ပါတယ်"တဲ့... ဒီကားကတော့ LGBT တွေကို ရှုတ်ချပြီး အသွင်ပြန်ပြောင်းပေးဖို့ ကြိုးစားကြတဲ့အဖွဲ့နဲ့  LGBT ဖြစ်နေတဲ့သူတွေအကြောင်းကိုရိုက်ထားတာပါ... မိဘတွေကိုယ်တိုင်က လက်မခံတဲ့အပြင် အသိုင်းအဝန်းတစ်ခုလုံးကလည်း ကဲ့ရဲ့စရာဖြစ်နေတော့ ဂျဲရက်ခဗျာ ယောက်ျားစိတ်စင်စစ်ဖြစ်အောင်ကြိုးစားဖို့ ကတိပေးလိုက်ရတယ်... ကျွန်တော်တို့မြန်မာကားတွေထဲမှာတော့ LGBTကို ဟာသ အဖြစ်သရုပ်ဖော်ရုံမက စရိုက်ခပ်ကျကျပုံမျိုးတွေ သရုပ်ဖော်ထားတာများသောအားဖြင့်တွေ့ရတယ်... ..သူတို့ရဲ့ပုံဖော်မှုအကျိုးဆက်ကတော့လူအသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ဖို့ ဆိုတာမျိုးကြီးပဲကျန်နေခဲ့တယ်.... ကျွန်တော်ဟာ ဒီကားနဲ့ပတ်သက်လို့ ထွေထွေထူးထူးမညွှန်းလိုဘူး.... နောက်ဆုံးပြောချင်တာက လိင်တူချစ်သူဆိုတိုင်း ဟာသတစ်ခုလို၊ ကဲ့ရဲ့စရာ၊ လှောင်ပြောင်စရာ၊ နှိမ့်ချစရာလို မမြင်ပါနဲ့... အဆင့်အတန်းရှိပြီး လေးစားလောက်စရာ လိင်တူချစ်သူတွေ ကမ္ဘာမှာရော မြန်မာမှာပါ အများကြီးရှိပါတယ်.. မြန်မာဇာတ်ကားအချို့ကိုကြည့်ပြီး လမ်းမဆုံးကြပါနဲ့လို့ ပြောချင်ပါတယ်။ ဒါကိုလည်း ဒီဘက်ခေတ်မှာ အတေ်ာများများသိပြီးသားထင်ပါတယ်... မှတ်ချက်....((မြန်မာဇတ်ကားဆိုသည်မှာ LGBTများကို ဟာသ သဖွယ်ရိုက်ပြထားသည့် ဇာတ်ကားများကိုသာဆိုလိုသည်...)) File Size : (900 MB) and (367MB) Quality : Blu-Ray 720p Format…mp4 Duration…01:55:00 Genre :  Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae

Action • Comedy • Horror
7 2018 115 mins
Boy Erased
Papillon
7.8

Papillon(2018) ဟာ ၁၉၇၃ခုနှစ်က Papillonကို အသစ်တဖန် ပြန်လည်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ Henri Charrièreရဲ့ Papillon and Banco ကိုယ်တွေ့ဖြစ်ရပ်ဇာတ်လမ်းစာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ Papillonဟာ လူသတ်မှုတစ်ခုနဲ့အမှုဆင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ်ကျခံခဲ့ရပါတယ်။ သူနဲ့အတူအခြားသောအကျဉ်းသားတွေဟာ တောင်အမေရိကမှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ်ချခံခဲ့ရပါတယ်။ Papillonဟာ ထောင်ထဲစရောက်ကတည်းက ထွက်ပြေးဖို့စိတ်အားထက်သန်နေသူပါ။ အကြိမ်ကြိမ်အခါခါထွက်ပြေးဖို့ကြိုစားလိုက် ပြန်လည်အဖမ်းခံရပြီးအပြစ်ဒဏ်တွေတိုးလိုက်ဖြစ်နေခဲ့ပါတယ်။ ဘယ်လောက်ပဲဆိုးဝါးတဲ့အခြေအနေကိုရောက်ပါစေ ဇွဲမလျှော့ပဲအကြိမ်ကြိမ်ခါခါထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့မဆုတ်မနစ်ကြိုးစားမှုနဲ့ လုံ့လဝီရိယတွေကြောင့် နောက်ဆုံးမှာတော့ အောင်မြင်ခဲ့ပါတယ်။ ဇာတ်ဝင်ခန်းတိုင်းက ကိုယ်တိုင်ပါဝင်နေရသလို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ အရင်ဇာတ်ကားဟောင်းPapillon(1973)ဟာလည်း လူကြိုက်များပြီးအောင်မြင်ခဲ့တဲ့အတွက် အသစ်တဖန်ပြန်လည်ရိုက်ကူးထားတဲ့ယခု Papillon(2008)ကိုတော့ အထူးတလည်ညွှန်းနေစရာတော့မလိုပါဘူး။ ပါပီ ရဲ့ ဇတ်ကြောင်းဟာ စာအုပ်တွေ ရုပ်ရှင်တွေ များစွာထွက်ပြီး ဖြစ်လို့ ဇတ်လမ်းရဲ့ စပွိုင်လာကို ဖွင့်ချထားသလို ဖြစ်ရင် နားလည်ခွင့်လွှတ်ပေးပါ ဇတ်လမ်း ရဲ့ ရသ ကတော့ တမူထူးခြားနေမှာပါ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnin Amy Khine ပဲဖြစ်ပါတယ်… File Size : 1.4 GB Quality : 1080P BluRay Running Time : 2h 13min Format : Mp4 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Source : Rarbg Translated by Hnin Amy Khine Encoded by Thit San Khant

Drama • Thriller
7.8 1973 151 mins
Papillon
Weathering with You
8

သဘာဝ ၏ ရင်သွေးငယ် "နေရောင်ခြည်ကို မမြင်ရတော့ရော ဘာဖြစ်လဲ?? ကောင်းကင်ပြာကြီးထက် နင့်ကို ပိုပြီး လိုချင်တယ်" ~Morishima Hodaka ဒါက ၁၆ နှစ်သားကောင်လေးတစ်ယောက်ရဲ့ မိုက်ရူးရဲစကားတစ်ခွန်း... ဒီစကားတစ်ခွန်းကပဲ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တယ်ဆိုရင် သင် ယုံနိုင်မလား...?? ဟုတ်ပါတယ် ဟိုဒါကာ ဆိုတဲ့ကောင်လေးကတော့ တကယ်ကို အဲ့ဒီစကားနဲ့အညီ လုပ်ချသွားခဲ့ပါတယ် ကိုယ်ချစ်ရသူနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ဘယ်ဟာကိုရွေးမလဲ ဆိုရင် မိုက်ရူးရဲဆန်ဆန်နဲ့ပဲ ကိုယ့်ရဲ့ချစ်သူကို ရွေးကြမှာပါ ကျွန်တော်တို့လည်း အဲ့ဒီ ၁၆ နှစ်သားကောင်လေးလို မိုက်ရူးရဲဆန်ခဲ့ဖူးကြတယ်မလား? ဒီဇာတ်ကားလေးကို ကြည့်ပြီး အဲ့ဒီခံစားချက်လေးကို ပြန်အသက်သွင်းလိုက်ကြရအောင်... အရင်ဆုံးပြောချင်တာက ဒီကားကို အားလုံးလိုလိုကြည့်ပြီးလောက်ကြပါပြီ Cam Version ကနေစလို့ ထပ်ထွက်တဲ့ WebRip အထိပေါ့ ဒါကိုမှ ထပ်ထွက်တဲ့ အကြည် Blue-ray မှာ ကွာလတီအပြည့်နဲ့ပြန်ခံစားလို့ရအောင် သိမ်းချင်လဲသိမ်းထားလို့ရအောင် ထပ်လုပ်ပေးတဲ့သဘောပါပဲ။ ဘာကွာသွားလဲဆိုရင် ကြည့်သာကြည့်ကြည့်ပါလို့ပဲပြောပါရစေ။ မိုးစက်မှုံလေးတွေကအစ နေ‌ရောင်ခြည်အဆုံး ကာလာစုံလွန်းလို့ပါ ဖြစ်နိုင်ရင် တီဗွီနဲ့သာကြည့်ပါ။ ဆိုတော့ ဇတ်လမ်းကိုတော့ အားလုံးအလွတ်နီးပါးရနေကြလောက်ပါပြီ။ ဒါပေမယ့် မကြည့်ရသေးတဲ့သူတွေအတွက် နည်းနည်းလောက် ညွှန်းပေးပါရစေ။ မိုရီရှိမာ ဟိုဒါကာ(Morishima Hodaka) ဆိုတာက သူနေတဲ့ ကျွန်းမြို့လေးကနေ တိုကျိုမြို့ကြီးဆီကို ထွက်ပြေးလာတဲ့ ၁၆ နှစ်အရွယ်အိမ်ပြေးကောင်လေးတစ်ယောက် အာမာနို ဟီနာ(Amano Hina) ကတော့ တိုကျိုမြို့ကြီးမှာ အချိန်ပိုင်းအလုပ်လုပ်ပြီး ဘဝကို ထိန်းကျောင်းနေတဲ့ကောင်မလေး တိုကျိုမြို့ကြီးမှာ အသက်မပြည့်တဲ့ကလေးတွေအတွက် အလုပ်ရဖို့ဆိုတာ အင်မတန်ခဲယဉ်းပါတယ်...ဒီတော့ ဟိုဒါကာ အနေနဲ့ တိုကျိုမြို့ကြီးမှာ ဒုက္ခပင်လယ်ဝေပြီး အခက်ကြုံတော့တာပေါ့ ဒါပေမဲ့ တစ်နေ့မှာ ဟီနာဆိုတဲ့ ကောင်မလေးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့အပြီးမှာတော့...... အခု ပရိတ်သတ်ကြီး ခံစားကြည့်ရှုရမယ့် "Weathering with you" ဆိုတဲ့ ဇာတ်လမ်းကြီး စတင်ပါတော့တယ်.... ရုပ်ရှင်တစ်ကားလုံး စိုစွတ်တဲ့ခံစားချက်တွေရလောက်အောင် ရိုက်ပြထားတယ် အေးချမ်းတဲ့ မိုးရာသီကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ တကယ်ဖီးလ်လို့ကောင်းတဲ့ဇာတ်ကားပေါ့ အခုချိန်ကလည်း မိုးတွင်းရောက်နေပြီဆိုတော့ မိုးရွာနေတဲ့အချိန် ကော်ဖီလေးတစ်ခွက်နဲ့ ဒီကားလေးကြည့်နေရရင် Perfect ပါပဲ ဇာတ်ဝင်တေးနဲ့ နောက်ခံတီးလုံးတွေကလည်း ထုံးစံအတိုင်း ရှယ်တွေပါ... နားကြပ်လေးတပ်ကြည့်သင့် (ဒီကားထဲမှာပါတဲ့ cameo အခန်းလေးတွေကလည်း ပရိသတ်ကို အတော်လေးဆွဲဆောင်ထားနိုင်ခဲ့ပါတယ်) ကဲ အညွှန်းလည်း အတော်လေးရှည်သွားပြီမို့လို့ … အခုပဲ ကြည့်ရှု့ခံစားကြည့်လိုက်ကြပါဦး။ အညွှန်းကိုတော့ မားရဲကရေးသားပေးထားပါတယ် Quality – Blu-ray 1080p/720p Duration – 1hr 52min Format – Mp4 Translator – IdiotMyoKo Synced and Edited by CM Encoder – YK,Myoko

Action & Adventure • Sci-Fi & Fantasy
8 2019 112 mins
Weathering with You
Shin Kamen Rider
7.1

Shin Kamen Rider (2023) ~ IMDb - 6.6/10, Rotten Tomatoes - 82% ~ မှတ်မှတ်ရရဆို Kamen Rider ခေါ် နှံကောင်ရိန်းဂျားကားတွေကို စကြည့်ကြတော့ ပါဝါရိန်းဂျားတွေထက်တောင် စောဦးမယ်။ ဇာတ်ကိုမမှတ်မိရင်တောင် ကလေးဘဝကကြည့်ခဲ့တဲ့သူတွေ တော်ရုံတော့မေ့မှာမဟုတ်ဘူး။ ဟီးရိုးကားပေမဲ့ ရုပ်ထွက်တွေက ဒိဒတ်ပြီး ကြမ်းသကိုး။ ဗီလိန်တွေဆိုလည်း တော်တော်ရွံစရာကောင်းနေတယ်။ ဒီနှစ်မှာတော့ ဒီ Kamen Riderရဲ့ အနှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်အနေနဲ့ Shin Kamen Riderဆိုပြီး ထွက်လာတယ်။ ၂၀၂၁မှာပြည့်ဝာာပေမဲ့ ကိုဗစ်ကြောင့် နောက်ကျသွားတာ‌ပေါ့။ ဇာတ်ကလည်း ကျွန်တော်တို့ငယ်ငယ်က ဇာတ်ကိုမှ ဒါရိုက်တာကလည်း Hideaki Anno ဆိုတော့ အတိုင်းအထက်အလွန်ပါပဲ။ Evangelion တွေရဲ့ ပဲ့ကိုင်ရှင် Hideaki Anno ကိုတော့ ဂျပန်အန်နမဲဖန်တွေထဲ မသိတဲ့လူမရှိလောက်ဘူး။ သူ့အနေနဲ့ Shin Japan Heroes Universe ဆိုပြီး Shinji Higuchi နဲ့တွဲ ရိုက်ထားတဲ့ လေးကားထဲမှာ ဒီကားက နောက်ဆုံးပိတ်ကားပါပဲ။ ကျန်တဲ့သုံးကားကတော့ Shin Godzilla (2016), Evangelion: 3.0+1.0 Thrice Upon a Time (2021) နဲ့ Shin Ultraman (2022) တို့တွေပါ။ ဒီဘဲကို တစ်ပေါက်လေးစားသွားတာက ဒီယူနီဗာ့စ်ကြီးကို သူတို့ထောင်ထားပေမဲ့ ဒီအကောင်တွေအချင်းချင်းပေါင်းရိုက်ပြီး ငွေရှာဖို့ အစီအစဉ်တော့မရှိဘူး။ ပြောရရင် ဒီဟာတွေကို ရုပ်ရှင်အနေနဲ့ တွဲရိုက်ပြဖို့အစီအစဉ်မရှိဘူး။ သူတို့လုပ်ချင်တာက ပစ္စည်းစုရောင်းတာ အရုပ်ရောင်းတာတို့ တီရှပ်ရှောင်းတာတို့ပေါ့။ ဒါပဲ။ ရုပ်ရှင်ကို သွားမထိခိုက်ဘူး။ ဒါနောက်ဆုံးလို့ ပြောထားတော့ နောက်လည်းထိခိုက်လာဖို့ ရှိမယ်မထင်ပါဘူး။ သူ့ယူနီဗာ့စ်ကြီးကို ဒီမှာတင်ပဲ လှလှပပအပြီးသတ်သွားတယ်။ Cast တွေကတော့ Pale Moon တို့၊ Death Note: Light Up the New World တို့၊ Last Samurai တို့ထဲပါဖူးတဲ့ Sosuke Ikematsu, Let Me Eat Your Pancreas LA ထဲက Minami Hamabe, We Couldn't Become Adultsနဲ့ One Million Yen Girl မင်းသား Mirai Moriyama အပြင် အထူးခြားဆုံးကတော့ ကျွန်တော်တို့ရဲ့ အလှနတ်ဘုရားမ Masami Nagasawa ကလည်း ဧည့်သည်သရုပ်ဆောင်လိုလို ဝင်သရုပ်ဆောင်ထားပါသေးတယ်။ Shin Ultraman မှာလည်း အဓိကဇာတ်ကောင်နေရာက သူပါခဲ့ဖူးပါတယ်။ Cast တွေရော ဇာတ်ရော အပြရော အသံရော ရှယ်ကြမ်းတယ်ဆိုပေမဲ့ သဘောအကျဆုံးက သူ့ဇာတ်ပါပဲ။ ဒါတော့ပုဂ္ဂလိက အမြင်နဲ့ဆိုင်လောက်မယ်။ စူပါဟီးရိုးကားတကာထဲ ကျွန်တော့်အကြိုက်ဆုံး မာစတာပိစ်အဖြစ်ဆုံးလို့ ထင်တဲ့ စူပါဟီးရိုးကားက ဇက်စနိုက်ဒါရဲ့ Watchmen ဆိုတော့ ဒီကားထဲက မိန်းဗီလိန်က Ozymandias အငွေ့အသက် ပြေးပြေးရနေသလို ဒီဗီလိန်တွေဖြစ်ပေါ်လာပုံနဲ့ သူတို့ခံယူချက်တွေကို ကာရိုက်တာသွင်းထားတာရော ဇာတ်လမ်းရောက တော်တော်လေး အထာကျတယ်။ ဆရာ့ဆရာရိုက်တာဆိုတော့လည်း သိပ်တော့လည်းမဆန်းပါဘူး။ ဆန်းတာကတော့ ဒီဘဲ Shin Japan Heroes Universe ဆိုပြီးထောင်လိုက်သလို လေးကားလုံးအောင်မြင်ပေမဲ့လည်း ဒါကိုဆက်မလုပ်တော့တာပါပဲ။ အရုပ်ရောင်းဖို့ယူနီဗာ့စ်ထောင်တယ်ဆိုပေမဲ့လည်း ဒီလိုရပ်နိုင်တာကိုက ဘယ်ယူနီဗာ့စ်နဲ့မှ မတူတဲ့ ယူနီဗာ့စ်ဖြစ်သွားစေတာပါပဲ။ အန်နိုရဲ့တွဲဖက် Shinji Higuchi ကတော့ Marvel Cinematic Universe ရဲ့ဖော်မြူလာအတိုင်းမလိုက်ဘဲ ရုပ်ရှင်တွေကို တစ်ကားချင်းစီသီးခြားပဲ ရိုက်ထားတယ်လို့ ပြောခဲ့ရှာပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 805MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 2H 1Min Genre - Action, Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Sci-Fi & Fantasy
7.1 2023 121 mins
Shin Kamen Rider
It’s All My Fault

It’s All My Fault (2022) ယုတ ဆိုတဲ့ ကောင်လေးက ငယ်စဉ်တည်းက မိဘမဲ့စောင့်ရှောက်ရေးဂေဟာမှာ နေလာရတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ အမေရင်းရှိပေမဲ့ မတွေ့ခဲ့ရတာကြာပြီဖြစ်ပြီး သူအလယ်တန်းကျောင်းရောက်ရင် သူ့အမေနဲ့တွေ့ခွင့်ရနိုင်တယ်လို့ ဆရာမတွေကပြောဖူးတာကြောင့် အဲဒီနေ့ကိုပဲ စောင့်နေခဲ့တဲ့ကလေးပါ။ တစ်နေ့မှာ သူ့အမေကိုဆက်သွယ်လို့ရမယ့်နည်းကို တိတ်တဆိတ် စုံစမ်းပြီး ဂေဟာကနေ ထွက်ပြေးခဲ့ပါတယ်။ ဘယ်မှမသွားဖူးတဲ့ ယုတက အမေရှိတဲ့နေရာထိရောက်အောင် လာခဲ့ပြီး သူ့အမေကလည်း သူ့ကို တွေ့တွေ့ချင်းမှာတော့ ပျော်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဂေဟာဆရာမက သူတို့အိမ်တံခါးဝကို လာခေါက်တဲ့အချိန်မှာ ယုတရဲ့ အပျော်တွေအားလုံး အငွေ့ပျံသွားရပါတယ်။ သူအရမ်းတွေ့ချင်ခဲ့တဲ့အမေက သူ့ကိုမလိုချင်မှန်းသိလိုက်ရချိန်မှာ ထပ်ပြီးထွက်ပြေးခဲ့ပါတယ်။ ဒီလိုနဲ့ ထရပ်ကားအပျက်ပေါ်မှာ အိမ်လိုလုပ်ပြီးနေတဲ့ ဂျွန်နီဆိုတဲ့ ဦးလေးကြီးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ ဂျွန်နီကလည်း အမေဖြစ်သူရှိတဲ့မြို့ကို ပြန်ဖို့ ထရပ်ကားစုတ်ကြီးကို ပြင်ဖို့ကြိုးစားနေတာမှန်း သိလိုက်ရတဲ့အခါ မိခင်မေတ္တာကို ငတ်မွတ်နေတဲ့ယုတက ဂျွန်နီကိုကူပြီး ပိုက်ဆံရှာပေးဖို့ကြိုးစားပါတယ်။ သူအရင်ကမလုပ်ဖူးတဲ့ စက်ဘီးခိုးတာတွေ ကလိမ်ကျတဲ့အလုပ်တွေကိုပါ ကူညီပေးရင်း မိခင်ဆီပြန်နိုင်ဖို့ ငွေကူစုပေးခဲ့တာပါ။ ဒီလိုနဲ့ ငွေအတန်အသင့်ရလာလို့ မျှော်လင့်ချက်တွေရှိလာပေမဲ့ ယုတရဲ့ ကံကြမ္မာက သူ့ရဲ့တည်ရှိမှုကိုက အမှားတစ်ခုဖြစ်နေတယ်လို့ သတ်မှတ်လိုက်ချင်စရာဖြစ်နေတဲ့အခါမှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 965MB Quality – 1080p, 720p Format – mp4 Duration – 2H 1Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

0 2022
It’s All My Fault
Amandla
5.6

Amandla ဆိုတာက အင်အားလို့ အဓိပ္ပါယ်ရပြီး သူတို့လူမျိုးတွေ ကိစ္စကြီးတွေ မလုပ်ခင် ရဲဆေးတင်တဲ့အနေနဲ့ အားမာန်ပြည့်အောင် အသုံးပြုတဲ့စကားပါတဲ့။ ဒီဇာတ်လမ်းထဲမှာတော့ စစ်မှန်တဲ့အင်အားဆိုတာ ဘယ်လိုမျိုးကိုခေါ်တာလဲဆိုတာကို ပြသထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အင်ပီနဲ့ ခိုဆာနာက သိပ်ချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ဖြစ်ပြီး အနေအေးတဲ့ လူမည်းမိသားစုမှာ မွေးဖွားလာသူတွေပါ။ သူတို့ အလုပ်လုပ်တဲ့ လယ်ကွင်းပိုင်ရှင် လူဖြူက သူတို့ကိုစာနာသနားပြီး အလုပ်ရှင်ကောင်းတစ်ယောက်ပီသစွာဆက်ဆံခဲ့သလို သူ့သမီးလေး အဲလီဇဘက်ကလည်း အင်ပီ့ကို အကြင်နာပိုခဲ့တယ်ပေါ့လေ။ ဒါပေမဲ့ အင်ပီ့ရဲ့ ၁၁ နှစ်ပြည့်မွေးနေ့မှာ မထင်မှတ်ထားတဲ့ ကံကြမ္မာဆိုးကြီးက သူတို့ မိသားစုဆီကို ကျရောက်ခဲ့ပြီး သူတို့ညီအစ်ကိုက အမေနဲ့အဖေကို ဆုံးရှုံးလိုက်ရပါတော့တယ်။ ဒီလိုနဲ့ ညီအစ်ကို နှစ်ယောက်သား ခြေဦးတည့်ရာလျှောက်သွားရင်း ငတ်တစ်လှည့်ပြတ်တစ်လှည့်နဲ့ ဖြစ်နေခဲ့တာမို့ အစ်ကိုကြီးအင်ပီက သူ့ညီလေးကို စောင့်ရှောက်ဖို့အရေး မလွှဲမရှောင်သာဘဲ ခိုးဝှက်တဲ့အလုပ်ကို လုပ်ခဲ့ရပါတော့တယ်။ အချိန်တန်အရွယ်ရောက်လာလို့ ညီဖြစ်သူက ရဲလုပ်မယ်ဆိုတာမို့ အစ်ကိုကြီးနဲ့ ခွဲနေဖို့ဖြစ်လာပြီး အင်ပီတစ်ယောက်လည်း ကိုယ်ဝန်ရှိနေတဲ့ ချစ်ရသူနဲ့ တစ်အိုးတစ်အိမ် ထူထောင်မယ်လုပ်တဲ့အခါ မထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းကြောင့် ဒုစရိုက်ဂိုဏ်းတစ်ခုထဲ ရောက်သွားခဲ့ရပါတော့တယ်။ ဒုစရိုက်ဂိုဏ်းထဲရောက်ပြီး ပထမဆုံးလုပ်ရတဲ့အလုပ်မှာ မမျှော်လင့်ဘဲ ငယ်စဉ်က ကွဲကွာခဲ့ရတဲ့ အဲလီဇဘက်နဲ့ ပြန်တွေ့ခဲ့ပေမယ့် ထင်ထားသလို တွေ့ဆုံမှုမျိုးတော့ မဟုတ်နိုင်ခဲ့ပါဘူး။ အဲဒီလိုနဲ့ပဲ ရဲဖြစ်သူ ညီနဲ့ ဒုစရိုက်သမားအစ်ကိုတို့ ပြန်တွေ့ကြတဲ့အခါ အလင်းနဲ့အမှောင်၊ အဖြူနဲ့အမည်းကြား သိပ်ချစ်ကြတဲ့ညီအစ်ကိုနှစ်ယောက် ဘယ်လို ရင်ဆိုင်ကြမလဲ။ အင်ပီကရော ဘာလို့ဒုစရိုက်ဂိုဏ်းကြီးထဲ ဝင်ရောက်သွားခဲ့တာလဲ။ အဲလီဇဘက်နဲ့ရော ဘယ်လိုပြန်တွေ့ခဲ့ကြတာလဲ။ ဘယ်လိုပြစ်မှုတွေကို ကျူးလွန်ခဲ့ပြီး ညီဖြစ်သူ ရဲနဲ့ တွေ့တဲ့အခါ နောက်ဆုံးမှာရော ဘယ်လိုအဆုံးသတ်ကြမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

5.6 2022
Amandla
A Wonderful Cloud
5.8

A Wonderful Cloud 2015 IMDB 5.8/10 ကိတ်နဲ့ ယူဂျင်းဆိုတာက အကွဲကွဲအပြဲပြဲနဲ့ ပြတ်သွားခဲ့ကြတဲ့ရည်းစားဟောင်းနှစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကိတ်တယောက် ရည်းစားဘ၀တုံးက အတူထောင်ခဲ့တဲ့ ကုမ္ပဏီကိုလက်လွှဲယူဖို့အတွက် ယူဂျင်းရှိရာ လော့စ် အိန်ဂျလိစ်မြို့ကို အလည်ခရီးလာဖို့အကြောင်းဖန်လာပါတော့တယ်။ ကိတ်ကို မပြတ်နိုင်သေးတဲ့ ယူဂျင်းရဲ့ ပြန်သိမ်းသွင်းမယ့် ဉာဏ်နီဉာဏ်နက် အစီအစဉ်တွေကို ကိတ်တယောက်ရိပ်မိသွားတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ဘ၀အနာဂတ်တခု တကယ်ရှိနိုင်ပါ့မလားဆိုတာ 72နာရီအတွင်းအဖြေရှာဖို့ဖြစ်လာပါတော့တယ်။ ယူဂျင်းတယောက် ကိတ်ကို ပြန်စည်းရုံးနိုင်ပါမလား။ ကိတ်ကလည်း ဘာကိုရွေးချယ်သွားမလဲ။ ဒီအလည်ခရီးရဲ့ အဆုံးမှာ သူတို့နှစ်ယောက်ရဲ့ ထူးထူးခြားခြား ဇာတ်လမ်းလေးက ဘယ်လိုမျိုးနိဂုံးချုပ်သွားမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ ဒီ အချစ်ဒရာမာ ဇာတ်ကားရဲ့ထူးခြားချက်အနေနဲ့ကတော့ မင်းသား/ ဒါရိုက်တာ ယူဂျင်းကိုယ်တိုင်က တကယ့်ရည်းစားဟောင်းဖြစ်တဲ့ ကိတ်နဲ့ပဲ ဇာတ်လမ်းကို အမည်နာမပြောင်းလဲခြင်းမရှိ ရေးသားရိုက်ကူးထားတာဖြစ်ပါတယ်။ File size… 1.7 GB / 790 MB Quality… Webrip 1080p / 720p Format… mp4 Duration…. 1h 21m Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

Romance • Comedy
5.8 2015 80 mins
A Wonderful Cloud
They Want Me Gone

ဒီဇာတ်ကားကတော့ 2022က ထွက်ရှိခဲ့တဲ့ Psychological, Drama ဇာတ်ကားအမျိုးအစားလေးပါ။ ဒီကားထဲမှာတော့ သမီးဖြစ်သူကို ဆင်းဆင်းရဲရဲနဲ့ တစ်ယောက်တည်းပြုစုပျိုးထောင်ရတဲ့ အမေတစ်ယောက်ရဲ့ အခက်အခဲပေါင်းများစွာကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားပါတယ် ဇာတ်လမ်းအညွှန်းကိုပြောပြရရင်တော့ မိုနီကာဟာ ယောကျာ်းဖြစ်သူနဲ့ ကတောက်ကဆဖြစ်ပြီးနောက် သမီးဖြစ်သူကိုခေါ်ခဲ့ကာ ဆင်းဆင်းရဲရဲနဲ့ တစ်ယောက်တည်း ရုန်းကန်ပြီးတော့ သူ့သမီးလေးကို စောင့်ရှောက်နေခဲ့ပါတယ်။ နှစ်များစွာ ရုန်းကန်ပြီးတဲ့နောက်မှာ ခက်ခဲမှုတွေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို မတောင့်ခံနိုင်တော့ပဲ မြို့ကထွက်သွားဖို့စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အရာရာအကြောင်းကြောင်းကြောင့် ထွက်မသွားနိုင်ခဲ့တဲ့အပြင် သူအရမ်းချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ဝမ်းနည်းဖွယ်ရာအ‌ဖြစ်အပျက်နဲ့ ကြုံတွေ့ရပြီးနောက်မှာတော့ စိတ်ဖိအားတွေနဲ့ မွန်းကြပ်မှုတွေအောက်မှာ ခံနိုင်ရည်မရှိတော့ပဲ သူ့ရဲ့တစ်ခုတည်းတော့ထွက်ပေါက်ဖြစ်တဲ့ မြို့ကထွက်သွားနိုင်ဖို့ကိုပဲ စဉ်းစားနေခဲ့ပြီး ဘယ်သူတွေပဲ လာနှောင့်ယှက်ပါစေ ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ပြီးနောက်မှာတော့… ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။ File size…(939 MB)/(352 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Horror, Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero

Comedy • Drama
0 2022
They Want Me Gone
The Uninvited
6.3

The Uninvited (2009) ================= IMDb – 6.3/10 ဒါရိုက်တာ Charles Guard နဲ့ Thomas Guard တို့ရိုက်ကူးထားတဲ့ The Uninvited ဆိုတဲ့ဇာတ်ကားလေးကတော့ Horror, Drama အမျိုးအစားကြိုက်နှစ်သက်သူတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ မထင်ထားတဲ့ plot twist တွေနဲ့ ဇာတ်ကားတစ်လျှောက်လုံး ဆွဲဆောင်ထားနိုင်တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အန်နာ ဟာ မီးလောင်မှုအတွင်း မိခင်ဖြစ်သူကိုဆုံးရှုံးရပြီး စိတ္တဇဖြစ်သွားတာကြောင့် စိတ်ကျန်းမာရေးဆေးရုံကို အပို့ခံလိုက်ရပါတယ်။ ဆယ်လကြာတဲ့အထိ မီးလောင်မှုတုန်းကဖြစ်ခဲ့တာတွေကို မမှတ်မိခဲ့ပါဘူး။ ဒါပေမယ်လည်း ဆရာ၀န်က အန်နာ ကိုဆေးရုံကဆင်းခွင့်ပြုလိုက်ပါတော့တယ်။ အန်နာ အိမ်ပြန်ရောက်တော့ ရေချယ် လို့ခေါ်တဲ့ သူ့အမေရဲ့ သူနာပြုဖြစ်ခဲ့တဲ့သူဟာ သူ့ရဲ့မိထွေးဖြစ်နေပါပြီ။ အဲဒီနောက်မှာတော့ အန်နာ ဟာ သူ့ရဲ့အရမ်းချစ်ရတဲ့ အစ်မဖြစ်သူ အဲလက် နဲ့တွေ့ပြီးစကားတွေပြောရင်း ရေချယ် ကသူတို့အမေကိုသတ်တာဆိုပြီး သံသယရှိလာပါတော့တယ်။ မိထွေးဖြစ်တာကြောင့်မလို့ အန်နာ တို့ညီအစ်မဟာ ရေချယ် နဲ့လုံး၀မတည့်တဲ့အပြင် တိုက်ဆိုင်မှုတွေကြောင့်မလို့ ရေချယ် ကသူတို့အမေကိုသတ်တာဆိုပြီး သံသယစိတ်ကပိုကြီးထွားလာပါတယ်။ ဒီလိုနဲ့ အန်နာ နဲ့ အဲလက် တို့ညီအစ်မနှစ်ယောက် သူတို့အမေကိုသတ်တဲ့ တရားခံကိုဖော်ထုတ်ပုံကို စိတ်လှုပ်ရှား တုန်လှုပ်ဖွယ် ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။. ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thiha Kyaw ပါ ) File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Fantasy, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thiha Kyaw (Theo Kat)

Drama • Action
6.3 2009
The Uninvited
Horror Story
6.1

အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ Horror Story ဖြစ်ပြီး လက်ရှိ IMDb Rating 6.2 ရရှိ ထားပါတယ်။ ဇာတ်ကားနာမည်ကိုကြည့်ပြီးတော့သရဲကား လူသတ်ကား ဆိုပြီးတော့ ထင်လိုက်ရင်တော့မှားသွားပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ဒီဇာတ်ကားထဲမှာသရဲတို့ လူသတ်သမားတို့ထက်အများကြီး ပိုကြောက်ဖို့ကောင်းတဲ့ လက်တွေ့ ဘ၀ထဲကအမှန်တရားတစ်ခုကို ဖော်ပြထားတာ မလို့ပဲ ဖြစ်ပါတယ်။အဲ့ဒီ ကြောက်စရာကောင်းလွန်းတဲ့ အရာကြီးက ဘာများလဲလို့ မေးရင်တော့ အလုပ်အကိုင် မရှိမှုလို့ ဒီဇာတ်ကားထဲမှာအဖြေပေးထားပါတယ်။ ဒီအတိုင်း ကြားလိုက်ရရင်တော့ အလုပ်အကိုင်မရှိမှုက ဘာမှ အရေးမကြီးသလို ဟာသတစ်ခုလိုဖြစ်နေလောက်ပေမဲ့ သေချာ ပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာ ကိုယ့်ဘ၀ ကိုယ်ကျောင်းပြီး ရုန်းကန်နေရသူတွေအတွက်တော့ ဒါကြီးက သည်းထိပ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်လိုဖြစ်နေပါတယ်။အဲ့ဒီ အကြောင်းအရာတွေကို ကွက်ကွက်ကွင်းကွင်းမျက်စိထဲ မြင်ယောင်လာအောင် ဒီဇာတ်ကားကတိုမက်ဆိုတဲ့ လူတစ်ယောက်ကို အခြေခံပြီးရှင်းရှင်းလင်းလင်းရိုက်ကူး ပြသထားပါတယ်။ တိုမက်ဆိုတဲ့ လူကတော့ သိပ်မကြာခင်ကမှ ကောလိပ် ကျောင်းပြီးလို့ ဘွဲ့ရထားပြီး မိဘရင်ခွင်ကနေထွက်ခွာလာတဲ့ လူတစ်ယောက်ပဲဖြစ်ပါတယ်။စျေးသက်သာတဲ့ နေရာလေး တစ်ခုမှာ ငှားနေဖို့စီစဉ်ခဲ့ပြီး ပိုင်ရှင်ကောင်မလေးရဲ့ ဆွဲဆောင်မှု တွေကလည်း ကောင်းတဲ့အတွက် အဲ့ဒီတိုက်ခန်းမှာပဲ နေဖြစ် ခဲ့ပါတော့တယ်။အဲ့ဒီမှာစနေတဲ့ နေ့ကတည်းကစပြီး သူရထားတဲ့ မာစတာဘွဲ့ကြီးနဲ့ အလုပ်ရဖို့အတွက် စတင်ကြိုးစားပါတော့တယ်။ ဒါပေမယ့် ဘွဲ့လက်မှတ်တွေဆိုတာက သိတဲ့အတိုင်းပဲ တကယ့်တကယ်အပြင်လောကကြီးနဲ့ ထိတွေ့ပြီး လုပ်ငန်းခွင် ဝင်ရောက်ဖို့ ကြိုးစားတဲ့အခါမှာ ဘာမှတန်ဖိုးမရှိတဲ့ စာရွက်လေး သာသာဖြစ်နေတဲ့အတွက် တိုမက်ခမျာအလုပ်ရဖို့တော်တော် အခက်အခဲတွေ့နေပါတော့တယ်။အဲ့ဒီအပြင်ကိုမှ သူအရမ်း ချစ်ရတဲ့ ပိုက်ဆံတွေရှိလာရင် ပြန်ပိုင်ဆိုင်အောင်ကြိုးစားမယ်လို့ ဆုံးဖြတ်ထားတဲ့ ရည်းစားဟောင်းလေးကလည်း အလုပ်ရှိအကိုင်ရှိ စီးပွားရေးသမားနဲ့ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းတွေလည်း ကြားလာရတဲ့အခါမှာတော့ တိုမက်ရဲ့ဘ၀မှာ အလုပ်မရှိအကိုင်မရှိ ပိုက်ဆံမရှိမှုက လက်တွေ့လောကရဲ့သည်းထိပ်ရင်ဖို ဇာတ်လမ်း စစ်စစ်ဖြစ်နေကြောင်းကို အတွေးတစ်မျိုးနဲ့ရိုက်ကူးတင်ဆက် ထားတာကိုကြည့်ရမဲ့ စိတ်ဝင်စားစရာဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size…1.77GB/ 681MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Adventure • Comedy • Fantasy • Drama
6.1 2023 105 mins
Horror Story
Pocahontas II: Journey to a New World
4.9

Pocahontas 2 ကိုလာကြည့်ဖို့လုပ်ပြီ ဆိုကတည်းက နံပါတ် 1 ကိုအတော်ကြိုက်ခဲ့လို့ ထင်ပါရဲ့။ ဒီဒုတိယပိုင်းမှာ ပိုကာဟွန်းတက်စ် ဟာ Disney Princesses တွေလုံးဝမရွေးချယ်ဖူးတဲ့ ကြီးမားတဲ့ မထင်မှတ်စရာ ရွေးချယ်မှုကို ရွေးချယ်သွားပါတယ်။ အမှန်ပြောရရင် ဒီကားကို ဘာသာပြန်မယ်ဆိုတုန်းက နံပါတ် 1လောက်ကောင်းမယ် လို့မထင်ခဲ့ဘူးဗျ။ လုံးဝမှားတာပါပဲဗျာ။ ဒီဇာတ်လမ်းလေးမှာတော့ အင်္ဂလန်နိုင်ငံနဲ့ အင်ဒီးယန်းလူရိုင်းတွေအကြား နားလည်မှုလွဲတာကို ပိုကာဟွန်းတက်စ် နဲ့ အင်္ဂလန်နိုင်ငံသား ဂျွန်ရော့ဖ် တို့ ပညာသားပါပါ ပြေလည်အောင်ကြိုးပမ်းရတဲ့အကြောင်းကို ရိုက်ကူးထားပါတယ်။ မထင်မှတ်ထားတာ ဖြစ်မယ်ဆိုတာတော့ လောင်းရဲသဗျ File size… 1.2 GB / 566 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 12m Genre ….. Adventure / Animation / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Ag Ko Khant

4.9 1998 72 mins
Pocahontas II: Journey to a New World