YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Totally.Completely.Fine.S01E06.720p.WEB-DL.(CM).mp4

507.27 MB 720p video/mp4 12 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sea of Time
6.6

Sea of Time (2022) ~ IMDb rating - 7.6/10 ~ ဒီကားရဲ့ ဇာတ်လမ်းဟာ လက်တွေ့ဘဝက ကြေကွဲစရာဖြစ်ရပ်မှန်လေးကို အခြေခံထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်တွေတုန်းက ယိုဟန်နာနဲ့ လူးကပ်စ်တို့ဟာ သူတို့ရဲ့ သားလေး ကိုင် နဲ့အတူ ရွက်လွှင့်ခရီးတစ်ခုထွက်ရင်း အဆုံးအစမဲ့ သမုဒ္ဒရာကြီးထဲ အပျော်ခရီးစဉ်လေးတစ်ခုထွက်ခဲ့ကြပါတယ်။ ကမ္ဘာပေါ်မှာ... ပင်လယ်ရေပြင်ကြီးထဲမှာ... သူတို့ ၃ ယောက်တည်းရှိတဲ့အတိုင်း အပူအပင်ကင်းကင်း ပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့။ တစ်ရက်မှာသူတို့သားလေး ကိုင် ပင်လယ်ထဲ ပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့တာကစပြီး ကျန်ခဲ့တဲ့သူတို့ ၂ယောက်ရဲ့ဘဝကလည်း ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်တွေနဲ့ ကမောက်ကမဖြစ်ခဲ့ရတယ်။ သူတို့သားလေးပျောက်ဆုံးမှုအပေါ် ဖြေမဆည်နိုင်လွန်းလို့ အဲဒီအဖြစ်အပျက်ကြီးကို မေ့ထားပစ်ချင်တဲ့ ဖခင်ဖြစ်သူလူးကပ်စ်နဲ့ သားလေးအကြောင်းကိုပဲမေ့မရဖြစ်နေတဲ့ ယိုဟန်နာတို့ ကတောက်ကဆတွေဖြစ်ရာကနေ ဝေးသွားကြပါတော့တယ်။ ‌နှစ်ပေါင်း ၃၅ နှစ်အကြာမှ သူတို့ချင်းပြန်တွေ့ကြတဲ့အခါ ဘဝကိုယ်စီနဲ့ဖြစ်နေကြပါပြီ။ ဒါပေမဲ့ သူတို့သားလေးအပေါ်ထားတဲ့သတိရစိတ်တွေ ကတော့ လတ်ဆတ်နေတုန်း... ချစ်ရက်နဲ့ဝေးခဲ့ရတဲ့သူတို့ချစ်ခြင်းတွေကလည်း သင်းပျံ့နေတုန်း... အချိန်တွေကကုစားသွားမှာပါလို့ ကျွန်တော်တို့အမြဲပြောလေ့ရှိပေမဲ့ တချို့အဖြစ်အပျက်တွေဟာ အချိန်တွေဘယ်လောက်ကြာကြာ ဘယ်လောက်ပဲမေ့ပစ်ဖို့ကြိုးစားကြိုးစား ရုန်းထွက်ဖို့ခက်ခဲတတ်ကြတယ်။ သူတို့ကကော ကိုယ်စီဘယ်လိုရုန်းထွက်ကြမလဲ... ဒီရုပ်ရှင်ဟာ သရုပ်ဆောင်တွေရဲ့ အသက်ပါချက်နဲ့တင် ကိုယ်တိုင်လည်း ထပ်တူခံစားလာရသလို မွန်းကြပ်မှုတွေ နောင်တတွေ ဖြေဆည်မရဖြစ်ခြင်းတွေပါ တပြုံကြီးခံစားရစေမယ့် Drama ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 970MB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 1H 56Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Crime
6.6 2022 116 mins
Sea of Time
(18+)Siphayo
4.2

ခုတင်ဆက်ပေးမယ့် ကားလေးကတော့ ဖိလစ်ပိုင် erotic thriller ကားလေးပါ erotic ကတော့ ဇာတ်လမ်းသဘောအရ sex အခန်းတွေ ပေါပေါသီသီပါဝင်လို့ 18+ဖြစ်နေပေမယ့် တော်တော်လေးကို suspense ဖြစ်တဲ့ plot ကိုပိုင်ဆိုင်ထားပါတယ် ဇာတ်လမ်းအကျဉ်းလေးက လယ်ပိုင်ရှင် ဒန်တီဆိုတဲ့သူက သူ့ဇနီးဆုံးတဲ့အချိန်မှာ သားနှစ်ယောက် ချွေးမတစ်ယောက်နဲ့အတူတူ လုပ်ကိုင်စားသောက်နေကြတာပါ အဲ့အချိန်မှာ ဘွားခနဲဆို သူ့သားတွေနဲ့ မတိမ်းမယိမ်း စကီလေးတစ်ပွေကို အိမ်ပေါ်ကောက်တင်လာပါတယ် အဲ့တော့ မြန်မာကားထဲက ဒရာမာတွေလိုပဲ သားနဲ့မိထွေးဇာတ်လမ်းတွေရော အဖေနဲ့ချွေးမဇာတ်လမ်းတွေရော စောက်ပြသနာတွေရော ဘာတွေမှန်းတော့မသိပေမယ့် အားတိုင်းတဂျိန်းဂျိန်းတော့ ချနေပါတယ် Plot လေးကလဲ အဆုံးထိစိတ်ဝင်စားဖို့ကောင်း မပျင်းရအောင်လဲ ဇာတ်ရှိန်က တဂျိန်းဂျိန်းနဲ့တက်သွားတော့ ပရိသတ်တို့အတွက် လက်လွတ်မခံဖို့ လက်တို့လိုက်ပါတယ် File size…2.45GB  / 910MB Quality…1080p WEBRIP AAC /720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

Drama • History • War
4.2 2016 90 mins
(18+)Siphayo
Epic
6.5

2013 ခု‌နှစ်ကထွက်ရှိထားတဲ့ Epic ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက နာမည်နဲ့လိုက်အောင် တကယ့်ကို epic ဖြစ်တဲ့အတွေးအခေါ်‌တွေ၊ epic ဖြစ်တဲ့ယူဆချက်တွေနဲ့ ဇာတ်အိမ်ကိုတည်ဆောက်ထားတာပါ။ ဇာတ်ကားမှာ မယ်ရီကက်သရင်း ဆိုတဲ့ကောင်မလေးက သူ့‌အမေဆုံးပါးသွားလို့ တောထဲမှာ သုတေသနလုပ်နေတဲ့ အဖေ့ဆီလာနေဖို့ ရောက်လာခဲ့ပါတယ်။ သူ့အဖေက တောထဲမှာ လူအသေးလေးတွေရှိတယ်ဆိုတဲ့အကြောင်းကို အရူးအမူးကိုယုံကြည်နေခဲ့ပြီး သူ့ယုံကြည်ချက်မှန်ကြောင်း သက်သေပြဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ ဒါကို မယ်ရီကက်သရင်းက အဓိပ္ပါယ်မရှိဘူးဆိုပြီး မယုံကြည်ဖြစ်နေရာက သူကိုယ်တိုင် လူအသေးလေးတွေနဲ့တွေ့ကြုံလိုက်ရတဲ့အခါမှာ | ဘယ်လိုစွန့်စားခန်းတွေ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ သိပ်ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်တာမို့ အညွှန်းတွေများပြီး အရသာပျက်မှာစိုးတာကြောင့် လူအသေးလေးတွေကဘာလုပ်ကြတာလဲ၊ မယ်ရီနဲ့လူအသေးလေးတွေဘယ်လိုဆက်စပ်မှုရှိတာလဲ၊ သူတို့ဘာကိုရင်ဆိုင်နေကြရတာလဲ ဆိုတာကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ File size…1.7GB /  900MB Quality…1080p BluRay /  720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka

Mystery • Romance • Thriller
6.5 2013 102 mins
Epic
Extras For Chasing The Dragon
4.2

၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်တွေအတွင်း ဟောင်ကောင်မှ ရဲတပ်ဖွဲ့တွေဟာ ဒုစရိုက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကျင့်ပျက် ချစားမှုတွေ လုပ်ကိုင်ခဲ့ကြပြီးတော့ ဟောင်ကောင်ဟာ ဒုစရိုက်နယ်မြေကြီးသဖွယ်ဖြစ်လို့လာခဲ့ပါတယ် ။ အဲဒီအချိန်မှာပဲ တိုက်ရည် ခိုက်ရည်ကောင်းတဲ့ ဝူကော်ဟောင် နဲ့ သူ့ရဲ့ ငယ်သူငယ်ချင်းနှစ်ယောက်တို့ဟာ ဟောင်ကောင်ကို မှောင်ခိုလုပ်ငန်းလုပ်ပြီး စီးပွားရှာချင်လို့ ရောက်လာခဲ့ကြပါတယ် ။ ကံအကြောင်းဖန်လာပြန်တော့ ဟောင်ကောင်ရဲ့ အမှုစစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ရွှီလဲ့နဲ့ တွေ့ဆုံခဲ့ပြီး ရွှီလဲ့ဆီမှာ အခစားဖို့ ဖြစ်လာခဲ့ပါတယ် ။ အမှုစစ်ရွှီလဲ့ဟာ လက်ရှိမှာ ပိုင်အိမ်တော် မမလေးကျန်းနီရဲ့ ခင်ပွန်းဖြစ်နေပြီးတော့ တစ်နေ့မှာ သေဆုံးနေပြီဟု သိထားတဲ့ သူ့ရဲ့ ရည်းစားဟောင်း ကျန်းနီနဲ့ မတော်တဆ တွေ့ဆုံလိုက်ရတဲ့ အခါမှာတော့....? ❏ တစ်ဖက်က သူ့ရဲ့ အာဏာရာထူးတွေကို ထောက်ပံ့ပေးနေတဲ့ မမလေး ❏ တစ်ဖက်က သူ့ကိုအရမ်းချစ်ရှာပြီး အမြဲအဖော်ပြုပေးနေခဲ့တဲ့ ချစ်ရသူ အာဏာနဲ့ အချစ်ရဲ့ ကြားမှာ ရွှီလဲ့ တစ်ယောက်ဘာတွေကိုရွေးချယ်မလဲ ။ ဒုစရိုက်အမှုတွေက နက်နဲ သထက် နက်နဲလာတဲ့အခါမှာရော အမှုစစ်တစ်ယောက်အနေနဲ့ ဘယ်လိုကိုင်တွယ်မလဲ ။ တစ်ခြား နောက်ကွယ်က ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ ပုန်းကွယ်နေဦးမလဲဆိုတာသိရဖို့ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ရအောင်လားရှင် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Thriller • Western
4.2 2023 95 mins
Extras For Chasing The Dragon
Monster
1

IMDb..7.0 စတိဗ်ဟာမွန်းက ရုပ်ရှင်ရိုက်ကူးရတာကို ခုံမင်တဲ့ အထက်တန်းကျောင်းသားလေးပါ။ ချစ်စရာမိသားစုလေးကို ပိုင်ဆိုင်ထားသလို ကျောင်းမှာလည်း သူငယ်ချင်းတွေ ဆရာတွေ သိုက်သိုက်ဝန်းဝန်းနဲ့ သူ့ဘဝက ပြီးပြည့်စုံတယ်လို့ ထင်ရပါတယ်။ ကံဆိုးချင်တော့ စတိဗ်တစ်ယောက် အပေါင်းအသင်းမှားပြီး လူသတ်မှုတစ်ခုထဲ ကြားညပ်သွားတဲ့အခါ သူ့ကို လူသတ်မှုမှာကြံရာပါလို့ အားလုံးက မြင်သွားကြတယ်... ဒီလူအမြင်တွေနဲ့စွပ်စွဲချက်တွေဟာ ငယ်ရွယ်ကလေးတစ်ယောက်အတွက် အကြီးမားဆုံးထိုးနှက်ချက်ပါပဲ.. သူဘယ်ဆိုရပ်တည်မလဲ.. ဒီလို ယိုးစွပ်ချင်ကြတဲ့လူတွေရဲ့ အမြင်ကိုရော သူပြောင်းလဲနိုင်ပါ့မလား။ သူကိုယ်တိုင်ကရော တကယ်ပဲ ကြံရာပါလုပ်ခဲ့သလားဆိုတာကိုတော့... File Size : (1.8GB)(678 MB) and (235 MB) Quality : Blu-Ray 1080p5.1ch, 720p Format…mp4 Duration…01:38:00 Genre :  Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Action • Adventure • Thriller
1 2018 90 mins
Monster
Hridayam
6.6

ကိုယ်အရွယ်ရောက်လာတဲ့ အချိန်မှာ ပထမဆုံးချစ်ဖူးတဲ့ လူဟာ ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာနိုင်ရဲ့လား။ အချစ်ဦးတိုင်းမှာ ပျော်ရွှင်စရာ ဇာတ်သိမ်းမျိုး ရှိနိုင်ပါ့မလား။ ကျုပ်အနေနဲ့ဖြေရရင်တော့ ရှိနိုင်ပေမယ့် မလွယ်ကူဘူးလို့ပဲ ထင်တယ်ဗျ။ ဒီဇာတ်လမ်းထဲက အာရွမ်နဲ့ ဒါချ်နာလိုပေါ့။ ကောလိပ်ကို စရောက်တဲ့အချိန်ကနေ မြင်မြင်ချင်းရင်ခုန်မိတဲ့ နှစ်ယောက် အတူတူလက်တွဲခဲ့ကြပေမယ့် ၂၀ ပတ်လည် ကောလိပ်ကျောင်းသား ဘဝမှာ ကြုံကြရမယ့် အချစ်ရေးပြဿနာတွေ၊ အချင်းချင်းကို တသက်တာ မမေ့နိုင်မယ့် ဒဏ်ရာတွေ ပေးကြရင်း ဘယ်လိုအဆုံးသတ်ကို ဦးတည်ခဲ့ကြမလဲ။ ဒီဇာတ်လမ်းက အာရွမ်ဆိုတဲ့ အမျိုးသားဇာတ်ကောင်ရဲ့ ကောလိပ်ကျောင်းသားဘဝကနေ ၃၀ ပတ်လည် လူလတ်ပိုင်းအရွယ်ထိ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပုံတွေကို အသားပေးရိုက်ပြထားတာပါ။ လူငယ်ဘဝမှာ ကျောင်းကိစ္စ၊ အချစ်ရေး ၊ သူငယ်ချင်း လူလတ်အရွယ်မှာ စီးပွားရေးနဲ့ အိမ်ထောင်ရေး ဒါတွေကို ပျော်စရာရွင်စရာဆိုတာထက် လက်တွေ့ကျကျ ဖော်ကြူးထားတာပေါ့။ ဒီနှစ်ထဲပဲ လောလောလတ်လတ်ထွက်ထားပြီး IMDb မှာ 8.9/10 ထိရထားတဲ့အပြင် ရုံတင်ငွေရူပီး 50 crores ထိစံချိန်တင်ထားတာပါ။ ဇာတ်လမ်းရဲ့ကြာချိန် ၃ နာရီနီးပါးမှာ ဒါရိုက်တာ Vineeth နဲ့ သူ့ဇနီး Divya တို့ရဲ့ ကောလိပ်ကအကြောင်းတွေကို ဒါရိုက်တာကိုယ်တိုင်ရေးသားပြီး ပုံဖော်ရိုက်ကူးထားတာပေါ့။ ဆိုတော့ကာ ဒီပိတ်ရက်မှာလည်း Channel Myanamr ရဲ့ ဘောလိဝုဒ်ရုပ်ရှင်ချစ်ပရိတ်သတ်တို့ အပန်းဖြေရင်း ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။ File size…2.56GB /  1.1GB /  6.8GB Quality…True Web Dl 1080p AAC 5.1CH / 720p / 4k SDR HEVC DD+5.1CH Format…mp4 Duration….2h 52m Subtitle….Myanmar Subtitle(Hard Sub) Encoder…. Nyein Saeya Aung & YK Translated by Poe & Yunni & Honeyey & HM

Crime • Thriller
6.6 2022 172 mins
Hridayam
Angel Has Fallen
6.6

ဒီရုပ်ရှင်ကတော့ အိုလံပတ်ဖောလန်း၊ လန်ဒန်ဖောလန်း ရုပ်ရှင်တွေရဲ့ အဆက်လို့ပြောလို့ရသလို ရသတစ်မျိုးခံစားရအောင် အဆင့်မြှင့်ထားတယ်လို့ ပြောရင်လည်းရပါတယ်.. သမ္မတလုပ်ကြံခံရတယ်၊ မိုက်ဘန်းနင်းက လိုက်ကယ်တယ်။ သို့ပေမယ့် ဘာကွာသွားလဲဆိုတော့ ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီး မိုက်ဘန်းနင်းကြောင့် လုပ်ကြံခံရမှုကြီး အထမြောက်သွားတယ်လို့ တကမ္ဘာလုံးက ထင်အောင်ကို အကွက်ဆင်ခံလိုက်ရတာပါပဲ... မိုက်ဘန်းနင်းခဗျာ အစိုးရဘက်က လူတွေရန်ကလည်း လွတ်အောင် အသည်းအသန်ရှောင် ရသလို အချိန်မရွေးအသက်ပျောက်သွားနိုင်တဲ့ သမ္မတကြီးကိုလည်း ကယ်ဖို့အတွက် စက္ကန့်မလပ်ကြိုးစားရပါတယ်... အမိုက်စားအက်ရှင်ခန်းတွေ ဝေေ၀ဆာဆာပါသလို သုံးထားတဲ့ လက်နက်တွေ အခြားအထောက်အကူပြုပစ္စည်းတွေကလည်း အကုန် Upgrade ပါပဲ...ခံစားကြည့်ကြပါဦး... File Size : ( 1 GB , 379 MB) Quality :  WEB-DL 720p Running Time : 2 hr 01 min Format : Mp4 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Comedy • Drama
6.6 2019 122 mins
Angel Has Fallen
The Conjuring 2
7.3

ကာလရှည်ကြာစွာ စောင့်မျှော်နေရတဲ့ Conjuring 2 နောက်ဆုံးမှာတော့ Bluray ကွာလတီနဲ့ ထွက်လာခဲ့ပါပြီ။ သရဲကား ဘာသာပြန်နေကျသူတွေ အကြောင်းအမျိုးမျိုးကြောင့် မအားလပ်တာနဲ့ ကျွန်တော်ရဲ့ ပထမဆုံး ဘာသာပြန်ဖြစ်တဲ့ သရဲကား ဖြစ်သွားပါပြီ။ဒီဇာတ်လမ်းဟာလည်း ဖြစ်ရပ်မှန်ကို အခြေခံထားတာပဲဖြစ်ပါတယ်။ အ ကျဉ်းပြောရရင်တော့ တစ်ခုလပ် အမျိုးသမီးတစ်ဦးနဲ့ သားသမီး ၄ ယောက် ပြောင်းရွှေ့လာတဲ့ အိမ်မှာ ကြောက်စရာ ဖြစ်ရပ်တွေ စတင်လာခဲ့ပြီး လူတွေနဲ့ မီဒီယာတွေ အာရုံစိုက်မှု ရလာတဲ့အခါ ဘုရားကျောင်းရဲ့ အကူအညီတောင်းမှုအရ ၀ါရမ် လင်မယား လာရောက်စုံစမ်းရတာပါပဲ။ ဒီအမှုကိုတော့ သူတို့လင်မယားလိုက်ခဲ့တဲ့ အမှုတွေထဲက ကြောက်စရာ အဆိုးရွားဆုံးတွေထဲက တစ်ခုလို့ အပြင်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မထင်မှတ်တဲ့ လှည့်ကွက်တစ်ခုနဲ့ တန်ဆာဆင်ထားတာကိုလည်း တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအဆုံးမှာလည်း တကယ့် ဖြစ်ရပ်မှန်အသံသွင်းတိပ်ခွေကို ဘာသာပြန်ထားတာလေးနားထောင်ကြည့်ဖို့ မကျန်ခဲ့ဖို့နဲ့မူရင်းဓာတ်ပုံတွေကိုလည်း တွေ့ရှိနိုင်ကြောင်း ပြောပြရင်း တင်ပေးလိုက်ပါပြီ......ရုပ်ရှင်ကားကို Little Neo မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။

Crime • Drama • Mystery
7.3 2016 134 mins
The Conjuring 2
The Beach House Murders
5.4

The Beach House Murders [2024] (IMDb 5.6/10) ဇာတ်လမ်းအစမှာ မိုင်းလ်စ်တစ်ယောက် သူ့အိမ်ထဲက ရေချိုးခန်းထဲမှာ လက်မှာသွေးတွေနဲ့ ကြက်သေသေပြီး ထိုင်နေတာကို ရဲက ရှာတွေ့သွားတာနဲ့ အစပြုထားပါတယ်… မိုင်းလ်စ်လက်က သွေးတွေက သူ့မိန်းမ ဆာရာရဲ့သွေးတွေပါပဲ… ဆာရာ မသေခဲ့တဲ့အတွက် မိုင်းလ်စ် ထောင်တစ်နှစ်ကျခဲ့ရပြီး ခံဝန်နဲ့ ပြန်လွတ်လာခဲ့ပါတယ်… အဲ့အချိန်မှာ ဆာရာကလည်း အဲ့စိတ်ဒဏ်ရာနဲ့ အိမ်ထဲမှာပဲ တစ်နှစ်လုံးနီးပါး ခိုးအောင်းခဲ့ပါတယ်… တစ်နှစ်တာကာလအတွင်းမှာ ဆာရာဟာ သူ့ရဲ့ စာရေးဆရာမအလုပ်ကို ဆက်လုပ်နေခဲ့ပေမယ့် စာရေးလိုစိတ်ပျောက်ဆုံးလာတာက တစ်ကြောင်း… စာအုပ်တိုက်ဘက်က လောလာတာက တစ်ကြောင်းမို့… သူ့သူငယ်ချင်း အကြံပေးတဲ့အတိုင်း ကမ်းခြေမှာ အနားယူရင်း စာဆက်ရေးဖို့ သဘောတူလိုက်ပါတော့တယ်… ကမ်းခြေမှာ အပန်းဖြေနေတဲ့ ဆာရာဟာ တိုနီနဲ့ ဆုံစည်းရင်းက မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေဖြစ်ပြီး တိုနီ အသတ်ခံခဲ့ရပါတယ်… သေဆုံးသွားတာကလည်း ဆာရာ့အိမ်မှာ ဖြစ်နေတာကြောင့် ရဲတွေက သူ့ကိုပဲ သံသယ ရှိနေခဲ့ပါတယ်… ဒီကိစ္စအပြင် ဆာရာ့ကို အိမ်ထဲထိ ဝင်လာပြီး မုဒိမ်းကျင့်ဖို့ ကြံခဲ့တဲ့ လူတစ်ယောက်ကလည်း ရှိခဲ့သေးပါတယ်… ဒီကြားထဲမှာမှ ခင်ပွန်းဟောင်းကလည်း ကမ်းခြေကို ရောက်နေပြီး သူ့ကို မကြာမကြာမျက်နှာချင်းဆိုင်ဖို့ ကြိုးစားနေပါသေးတယ်… ဒီလို အခြေအနေတွေက အကုန်ရောပြွန်းပြီး ရှုပ်ထွေးလို့နေတဲ့ကြားမှာ ဆာရာတစ်ယောက် ဘာဆက်လုပ်သွားမလဲဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ် (အညွှန်းနဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲဖြစ်ပါတယ်) Genre….. Thriller Quality…. 1080p | 720p File size… 1.4GB | 722MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

5.4 2024
The Beach House Murders
Grrr..
4.4

Grrr.. (2024) “ဂါး!!” CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ မလေယာလမ် ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် အမျိုးဇာတ်မတူညီလို့ အကြောင်းပြပြီး သတ်ဖြတ်မှုတွေ ပေါများတဲ့ ကီရယ်လာပြည်မှာ ရီဂျီမွန်ဆိုတဲ့ အမျိုးသားတစ်ယောက် ပျောက်ဆုံးသွားတယ် သူကတော့ သူတို့နယ်က အကောင်ကြီးကြီးနိုင်ငံရေးသမားရဲ့ သမီးဖြစ်သူနဲ့ ကြိုက်နေတာဖြစ်ပြီး မီဒီယာနဲ့ လူထုကတော့ သူ့အဖေက သဘောမတူလို့ သတ်လိုက်ပြီလို့ပဲ ထင်ကြေးပေးကြပါတယ် အဲဒီနေ့က သူနဲ့ သူ့ကောင်မလေး ရာချနာ နှစ်ဦးသဘောတူ လက်မှတ်ထိုးကြဖို့ ရာချနာ ချိန်းထားတဲ့နေရာကို သူသွားတဲ့နေ့ ဟိုရောက်တော့ ရာချနာက ဖုန်းလည်းမကိုင် ပေါ်လည်းမလာတာကြောင့် သူ့ချစ်သူက ပစ်သွားပြီအထင်နဲ့ အမူးသောက်ပြီး ဘယ်သို့ဘယ်ပုံ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြုံရမလဲဆိုတာကို ပရိသတ်ကြီး ကြည့်ရှုအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

Comedy • Thriller
4.4 2024
Grrr..
White Snake: Afloat
6.8

CM ပရိသတ်တွေ မေးမေးနေတဲ့ မြွေဖြူမလေး အတွဲ ၃ ရောက်လာပါပြီ… ပထမတွဲမှာ ဆုံတွေ့ခဲ့တဲ့ ယုံကျိုးက မြွေဖမ်းသမားလေး အားရွှမ်းကတော့ ရှောင်ပိုင်အတွက် အသက်စတေးခဲ့တယ်… ဒုတိယတွဲမှာ သူ့မမ မြွေဖြူမလေးကို ရှာပုံတော်ထွက်တဲ့ ရှောင်ချင်းနဲ့ ရှောင်ပိုင် ပြန်ဆုံစည်းခဲ့တယ်… ဒီတတိယတွဲမှာ မဆုံးသေးတဲ့ အားရွှမ်းရှာပုံတော်ကို မြွေဖြူမလေးက ဆက်ဖွင့်ခဲ့ပါတယ်… ကျောက်စိမ်းဆံထိုးလေးရဲ့ လမ်းပြမှုကြောင့် စေတနာသမားတော်လေး ရွှီရှန်းနဲ့ ဆုံတွေ့ခဲ့ပြီး… မြင်လျှင်မြင်ချင်း လွန်ခဲ့တဲ့ နှစ် ၅၀၀ က အားရွှမ်းဆိုတာကို သိခဲ့တယ်… ဖူးစာလူးလာ ဒူးကာမရဆိုသလို မြင်မြင်ချင်းပဲ ချစ်မိတယ် ဖြစ်သွားတဲ့ ရွှီရှန်းဟာဆိုရင် သူ့ပိုင်မိန်းကလေးကို ဇနီးမယားဖြစ်လက်ထပ်ယူဖို့ ခဲအိုနဲ့ မိတ်ဆက်ပေးပြီး အကြင်လင်မယားဖြစ်သွားခဲ့တယ်… နောက်တော့ အားလုံးသိတဲ့အတိုင်း ရွာထဲ ပလိပ်ရောဂါတွေ စဖြစ်လာပြီး ရွှီသမားတော်က ဆေးဖော် ဆေးရှာ ဆေးကုနဲ့ အလုပ်များသလို ပါရမီဖြည့်ဖက် မြွေဖြူမလေးလည်း တတ်စွမ်းတဲ့ဖက်က ကူခဲ့ပါတယ်… နောက်တော့ … ဖာဟိုင်နဲ့ တွေ့ရမှာပေါ့… ဘယ်လိုတွေ့မလဲ… ရွှီရှန်းကရော မူရင်းဝတ္ထုထဲကလိုမျိုး မြွေဖြူမလေးကို ရိုက်သတ်မှာလား… ဇာတ်လမ်းတွေထဲကလိုမျိုး ကာကွယ်မှာလား… ဖာဟိုင်ကရော ရှောင်ချင်းနဲ့ မေတ္တာမျှမှာလား… ဒါမှမဟုတ် ထန်စန်းကိုယ်တော်လိုမျိုး မေတ္တာရှေ့ထား မိစ္ဆာတိုင်းကိုသနားပြီး လွှတ်ပေးတတ်တဲ့ မေတ္တာရှင်ဖြစ်မှာလား… အတူတူကြည့်ပြီး မျှဝေကြတာပေါ့

Horror • Thriller
6.8 2024
White Snake: Afloat
Strawman / Figurant

Figurant ဟာ ဒါရိုက်တာကြီး Robert Gliński ရဲ့ လက်ရာဖြစ်ပြီးတော့ နိုင်ငံရေး၊ဒရာမာဆန်ဆန် နဲ့ ပိုလန်နိုင်ငံရဲ့ကွန်မြူနစ်ကာလအတွင်းမှာ Bronek Budny ဆိုတဲ့ လျှို့ဝှက်အရာရှိတစ်ယောက်က Pope John Paul II ဖြစ်လာမယ့် Karol Wojtyła ကို နှစ် ၂၀ ကျော်ကြာစောင့်ကြည့်နေတဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ် ဒီလိုစောင့်ကြည့်နေရင်းနဲ့ Budny က အလုပ်အနေနဲ့စခဲ့ရတဲ့တာဝန်ကို သူ့ရဲ့ pesonal ကိစ္စတစ်ခုအနေနဲ့ မြင်သွားပြီးတော့လိုက်စုံစမ်းပါတော့တယ်။ Mateusz Więcławek က Budny အနေနဲ့ သရုပ်ဆောင်ထားပြီးတော့၊ ဇာတ်ကောင်ရဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုလည်း ပီပြင်စွာ သရုပ်ဆောင်ထားပြီးတော့ ဇာတ်ညွှန်းကိုတော့ Andrzej Gołda ကရေးသားထားပါတယ်၊ Adam Bajerski ရဲ့ ရုပ်ရှင်ရိုက်ချက်တွေနဲ့ ဒီရုပ်ရှင်က အရမ်းကြည့်လိုကောင်းနေပါပြီ ဒီ Strawman ရုပ်ရှင် ကို ပိုလန်နိုင်ငံ မှာ ရုံတင် ပြသရာကနေမှတစ်ဆင့် ပရိသတ်တွေရဲ့ရင်ထဲကိုအရောက်ပို့နိုင်ခဲ့ပါတယ် File size…(2.4 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2023
Strawman / Figurant
Dark Figure of Crime
6.7

Dark Figure of Crime (2018) **************************** 2018ကထွက်ရှိထားတဲ့ Dark Figure of Crime ဆိုတဲ့ ဒီမှုခင်းဇာတ်ကားလေးမှာတော့ Kingdom ထဲက မင်းသားဂျူဂျီဟွန်းနဲ့ The Frog ထဲက ဝါရင့်သရုပ်ဆောင်ကြီး ဂင်ယွန်းဆော့တို့ အဓိက ပါဝင်ထားပါတယ် .. တခြားဇာတ်လမ်းတွေနဲ့ မတူတဲ့အပိုင်းကတော့ ဒီဇာတ်လမ်းက 2010 ခုနှစ်၊ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်းဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ ******************** ချစ်သူကောင်မလေးကို သတ်မှုနဲ့ အချုပ်ကျသွားတဲ့ ဂန်ထယ်အိုတစ်ယောက် ဘူဆန်မြို့ရဲ့စုံထောက်ဖြစ်သူ ဂင်ဟျောင်းမင်ဆီ ဆက်သွယ်လာပါတယ်။ ဆက်သွယ်လာရတဲ့အကြောင်းရင်းကတော့ သူကျူးလွန်ထားတဲ့ နောက်ထပ် လူသတ်မှု 7 ခု အကြောင်းကို ဝန်ခံဖို့ပါပဲ။ ဒါပေမဲ့ ဒီပြစ်မှုတွေကို ဂန်ထယ်အိုက စုံထောက်ဂင်ဟျောင်းမင်တစ်ယောက်တည်းဆီပဲ ဝန်ခံခဲ့ပါတယ်။ သူဒီလိုလုပ်ရတဲ့အကြောင်းရင်းက ဘာဖြစ်မလဲ။ ဂင်ဟျောင်းမင်ကရော ဒီအမှုတွေအကုန်လုံးကို ဖော်ထုတ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေအောက်မှာပဲ လူသတ်သမားနဲ့ စုံထောက်တို့ကြားက အားပြိုင်မှုကို ရင်တလှပ်လှပ်နဲ့ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းကို Double M မှ ရေးသားထားပါတယ်) File size…1.76GB / 732MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 52 min. Genre ….. Thriller, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Double M Encoded by AHtet

6.7 2018 111 mins
Dark Figure of Crime
Green Snake: The Origin
5.7

CM ကနေဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မြွေစိမ်းကားလေးပဲဖြစ်ပါတယ် ဇာတ်ညွှန်းလေးကို ပြောပြရမယ်ဆိုရင်တော့နှစ်၅၀၀ ကျင့်ကြံထားတဲ့ မြွေစိမ်းမလေးကို သူ့မျိုးနွယ်ကရော တခြားမကောင်းဆိုးဝါး မျိုးနွယ်စုတွေကရော ကျဉ်ဖယ်ထားကြပါတယ် အမှန်ကတော့ မြွေစိမ်းမလေးက မကောင်းဆိုးဝါးဆိုပေမယ့် စိတ်ထားကောင်းပြီး လူသားမစားတာမို့လို့ သူ့ကိုပစ်ပယ်ထားတဲ့အပြင် သူတို့မျိုးနွယ်စုရဲ့ ဝိညာဉ်ကျောက်တုံးပျောက်ရတာ သူ့ကြောင့်လို့ပါအစွပ်စွဲခံထားရသူပါ အဲ့လိုနဲ့တစ်နေ့မှာ လူသားအဖြစ်ပြောင်းထားတဲ့ ‌မကောင်းဆိုးဝါးမလေးရှောင်ကွေနဲ့ စုံစည်းခဲ့ပြီး အတူတူ ဒုက္ခတွေ ပြဿနာတွေကိုရင်ဆိုင်ကြတာပေါ့ ခဏခဏ ယုံကြည်မှုတွေ ချိုးဖောက်ခံရတဲ့ မြွေစိမ်းမလေးဟာ ရှောင်ကွေကို ယုံကြည်လာပါတော့တယ် အဆုံးမှာ ရှောင်ကွေက မြွေစိမ်းမလေးယုံကြည်ထိုက်တဲ့သူလား အရမ်းသိုဝှက်တဲ့ ရှောင်ကွေကရော ဘယ်သူဖြစ်နေမှာလဲဆိုတာကို ဇာတ်ကားလေးမှာ ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်

Comedy • Fantasy • TV Movie
5.7 2025
Green Snake: The Origin