YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Top.Boy.S02E05.15.Points.1080p.NF.WEB-DL.DDP5.1.Atmos.x264-TEPES[CM].mp4

795 MB N/A video/mp4 105 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Creed
7.4

Rocky IV မှာ သေဆုံးခဲ့တဲ့ Apollo Creed ရဲ့သားဖြစ်သူ Adonis Creed အကြောင်းဖြစ်ပြီး၊ ရော့ကီ က သူ့သူငယ်ချင်းရဲ့သားဖြစ်သူကို လက်ဝှေ့ပညာလေ့ကျင့်သင်ကြားပေးပြီး အောင်မြင်မှုရအောင်ကူညီ ပေးတဲ့အကြောင်းကို ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ လက်ဝှေ့ ဆိုတာ အခြားအားကစားနည်းတွေလိုမျိုးမဟုတ်ပါဘူး။ ချွေးထွက်များမှ သွေးထွက်နည်းမယ်။ အနာခံမှ အသာစံရပါမယ်။ လေ့ကျင့်မှုကောင်းဖို့ လိုသလို ကြိုးဝိုင်းထဲမှာလဲ ဇွဲနပဲကောင်းဖို့လိုပါတယ်။ ဒီကားမှာ လက်ဝှေ့သမားတစ်ယောက်ရဲ့ကြံ့ခိုင်မှု၊ စိတ်ဓာတ်မာကျောမှု တို့ကိုပေါ်လွင်အောင်ရိုက်ပြထားနိုင်တာကြောင့် သင်ဟာ လက်ဝှေ့ဝါသနာ ပါသူ မဟုတ်လင့်ကစားဒီကားကို သဘောကျသွားနိုင်ပါတယ်။ အော်စကာ ဆုအတွက် ဇကာတင်စာရင်းဝင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို IMDB Rating ကလဲ7.6/10 ဖြစ်တာကြောင့်သင်ဟာ လက်ဝှေ့ဝါသနာပါသူ၊ Rocky ကားတွေ ကြိုက်နှစ်သက်သူဆိုရင်တော့ ဒီကားကိုလုံးဝကြည့်သင့်ပါတယ်လို့ အကြံပြုပါရစေ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ) File Size : (950 MB)  Quality : Blu-Ray 720p Running Time : 2hr 13min Format : Mp4 Genre : Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Hein Min Tun Encoded by Thanhtike Zaw

Action • Drama • History • Mystery
7.4 2015 133 mins
Creed
The Wonder
6.7

IMDb Rating - 6.7/10 ဒီတစ်ခါမှာတော့ Little Women ထဲကမင်းသမီး Florence Pugh ပါဝင်ထားတဲ့ The Wonder ဆိုတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ အချိန်ကတော့ ၁၈၆၂ခုနှစ်ကာလကို အခြေတည်ထားပါတယ်။ မစ္စစ်ရွိုက် ဆိုတဲ့ အင်္ဂလန်က ကျွမ်းကျင်သူနာပြုတစ်ယောက်ဟာ အိုင်ယာလန်ရွာငယ် လေးတစ်ရွာကို အလုပ်ကိစ္စနဲ့လာခဲ့ပါတယ်။ ဟ...သူနာပြုပဲ အလုပ်ကိစ္စပါဆိုနေမှ ဆေးကုဖို့ပေါ့လို့ထင်ရင်တော့ နည်းနည်းလွဲပါတယ်။ တကယ်က ကောင်မလေးတစ်ယောက်ကို စောင့်ကြည့် ပေးဖို့ ရွာကကော်မတီဝင်‌တွေက ခေါ်တာပါ။  အဲ့ကောင်မလေးက အစာမစားဘဲ အသက်ရှင်နေနိုင်ပါတယ်။ ဆိုတော့ ရွာမှာ သူ့ကိုလာကြည့်တဲ့လူတွေကြောင့် ရွာလူကြီးတွေက စိတ်ရှုပ်ရလို့ ကျွမ်းကျင်သူနာပြုဖြစ်တဲ့ မစ္စစ်ရွိုက်ရယ်နဲ့ ဝါရင့် သီလရှင်တစ်ပါးရယ်ကိုခေါပြီး ကောင်မလေးကို စောင့်ကြည့်ခိုင်းတာပါ။ စောင့်ကြည့်ကာလကတော့ နှစ်ပတ်ပါ။ မစ္စစ်ရွိုက်တစ်ယောက် နှစ်ပတ်အတွင်း ကောင်မလေးကိုစောင့်ကြည့်ရင်း ဘာတွေကြုံတွေ့ရမလဲ။ ကောင်မလေးကရော တကယ်အစာမစားတာ ဟုတ်ရဲ့ လား။ တကယ်မစားဘူးဆိုရင် သူဘယ်လိုအသက်ရှင်နေနိုင်တာလဲ။ နောက်ဆုံး ရွာကော်မတီဝင်တွေက ဘယ်လိုဆုံးဖြတ်ချက်ချမလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zinမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size..........(1.95 GB) / (842 MB) / (467 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 48mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Mystery, Thriller Translator.......CM Team Encoder..........SWM

Drama • Romance
6.7 2022 108 mins
The Wonder
The Battle at Lake Changjin I
6.2

တရုတ်မှာထုတ်လုပ်ရေးကုန်ကျစရိတ်အများဆုံးဇာတ်ကားဖြစ်တဲ့ စစ်ကားကြီးကို CMပရိသတ်ကြီးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာကုန်ကျစရိတ်အများဆုံးဖြစ်သလို ရုံတင်ဝင်ငွေ ဒေါ်လာ ၉၁၃သန်းထိရရှိခဲ့ပြီး တရုတ်နိုင်ငံအတွင်းရောင်းအားအကောင်းဆုံးဇာတ်ကားလဲဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းကိုပြောရမယ်ဆိုရင်တော့ အမေရိကန်စစ်တပ်ကိုတော်လှန်ဖို့မြောက်ကိုရီးယားကိုကူတိုက်တဲ့ ဒုတိယစစ်ပွဲအတွင်းမှာ Chang Jin ရေကန်တိုက်ပွဲကို နောက်ခံထားပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အအေးဓာတ်လွန်ကဲတဲ့ပတ်ဝန်းကျင်အောက်မှာ တရုတ်စစ်တပ်ဟာ သံမဏိလိုမာကျောတဲ့စိတ်ဓာတ်နဲ့ အကြောက်အလန့်မရှိတိုက်ပွဲဝင်ပြီး စစ်ရေးအခြေနေကိုပြောင်းပြန်လှန်ခဲ့ပုံကို တခန်းတနားရိုက်ကူးထားတာဖြစ်ပါတယ်။ တရုတ်သမိုင်းမှာရဲဘော်တွေရဲ့ပေးဆပ်စွန့်စားခဲ့ပုံကို တင်ဆက်ပုံတွေကပီပြင်ပြီး နာမည်ကြီးသရုပ်ဆောင်တွေပါဝင်သလို သရုပ်ဆောင်ချက်တွေကလဲအပိုအလိုမရှိတဲ့အပြင် ပျိုမေတို့ရဲ့အသဲကျော်ပဲလှော် TF BOYSမှJackson Yeeလေးလဲပါဝင်သရုပ်ဆောင်ထားတဲ့အတွက် ကြည့်ဖို့ထိုက်တန်စစ်ကားကောင်းတစ်ကားဆိုတာသေချာပါတယ်။

Drama • History • Thriller
6.2 2021
The Battle at Lake Changjin I
Dos Estaciones
6.3

Dos Estaciones (2022) ~ IMDb – 6.3/10, Rotten Tomatoes – 85% ~ မက္ကဆီကန်ဒါရိုက်တာ Juan Pablo ရိုက်တဲ့ ဒီရုပ်ရှင်ဟာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေရထားတဲ့ကားဖြစ်ပြီး မက္ကဆီကန်က တက်ကွီလာလုပ်ငန်းရှင် အမျိုးသမီးတစ်ယောက်ရဲ့ လုပ်ငန်းအကြောင်း ဘဝအကြောင်းတွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ ဇာတ်ဟာ အချိန်ထက်စာရင် ဇာတ်အိမ်တော်တော်ကျဉ်းတယ်လို့ ပြောရမယ့်ဇာတ်ပေမဲ့ ဒါရိုက်တာဟာ သူပြချင်တာကိုတော့ သူအရပြသွားခဲ့ပါတယ်။ လူတွေအကြောင်းနည်းနည်း နေရာအကြောင်းနည်းနည်းနဲ့ နိုင်ငံခြားလုပ်ငန်းရှင်တွေ သူများပြည်ထဲ ချဉ်းနင်းဝင်ရောက်ပြီး အမြတ်ထုတ်ဖို့ကြိုးစားရာက ဒေသခံလုပ်ငန်းရှင်တွေ အခက်အခဲရင်ဆိုင်ရပုံတွေကိုလည်း တည့်တိုးတော့မဟုတ်ပေမဲ့ တော်တော်လေး မြင်သာထင်သာရှိအောင်တော့ ပြသွားပါတယ်။ ဒီရုပ်ရှင်ရဲ့ထူးခြားချက်ကတော့ ဒီရုပ်ရှင်ဟာ ခင်ဗျားကို ခင်ဗျားသိတောင်မသိတဲ့ နေရာတစ်နေရာကို မိတ်ဆက်ပေးပြီး အဲဒီကလူတွေ သူတို့ရဲ့ဒုက္ခတွေကို မိတ်ဆက်ပေးပေမဲ့ အဲဒီဒုက္ခတွေကို အတုံးလိုက်အတစ်လိုက် ပြတာမဟုတ်ဘဲ ဖော့ဖော့လေးပြသွားရင်း စူးစူးနစ်နစ်ဝင်စေတဲ့ အချက်ပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ကာရိုက်တာတွေကိုမြင်ရပါလိမ့်မယ်။ ပြဿနာတွေကို မြင်ရပါလိမ့်မယ်။ နောက် ဖြေရှင်းနည်းနဲ့ မာနတွေကို မြင်ရပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်ပါ ဒီကားရဲ့ဇာတ်လိုက်ကတော့ မက္ကဆီကန်ဒေသကြီးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 770MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 39Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

6.3 2022 99 mins
Dos Estaciones
Love Tactics 2
4.8

Love Tactics 2 (2022) ================ ပထမကားမှာ နင်ချစ်မလား ငါချစ်မလားနဲ့ အချစ်ပြိုင်ပွဲလေးလုပ်ခဲ့ကြတဲ့ အက်စ်လီနဲ့ ကယ်ရမ့်ကိုမှတ်မိကြသေးရဲ့လား။ သူတို့နှစ်ယောက်ကနေ တစ်ဆင့် စုံတွဲတွေဖြစ်သွားကြတဲ့ သူငယ်ချင်းနှစ်ယောက်က လက်ထပ် ကြတော့မှာပါတဲ့။ ဒါပေမဲ့ ဒါကို အက်စ်လီတို့နှစ်ယောက်က သဘောမ ကျပါဘူး။ အိမ်ထောင်ပြုလိုက်တာနဲ့ ရန်ပဲဖြစ်ပြီး အချစ်တွေမရှိတော့ဘဲ နောက်ဆုံးကွာရှင်းကြမှာပဲလို့ ယုံကြည်ကြတဲ့နှစ်ယောက်ပေါ့။ အိမ်ထောင် ရေးကို အယုံအကြည်မရှိကြတာချင်းအတူတူ အက်စ်လီက ကယ်ရမ်ဟာ သူ့ကိုလက်မထပ်ချင်ရကောင်းလားဆိုပြီး စိတ်ဆိုးသွားပါတယ်။ ဒီလိုနဲ့ အက်စ်လီက ကယ်ရမ် သူ့ကိုလက်ထပ်ချင်လာအောင် စစ်ဆင်ရေး စပါတယ်။ ကယ်ရမ်ကလည်း အားကျမခံ အက်စ်လီ့ကို အိမ်ထောင်သည် ဘဝကို စိတ်ကုန်သွားအောင် ဗျူဟာဆွဲပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့ ဒုတိယအကြိမ်ဂိမ်းလေးမှာရော ဘယ်သူအနိုင်ရမလဲ။ ချစ်ရင်ယူမှဖြစ်မှာ လား လက်ထပ်လိုက်တာနဲ့ အချစ်တွေကုန်သွားပြီလား ပရိသတ်ကြီးရော ဘယ်လိုထင်ပါသလဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL မှဖြစ်ပါတယ်) File Size……….(1.85 GB) / (833 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 38Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….EL Encoder……….SWM

4.8 2022 98 mins
Love Tactics 2
Can You See Us?
7.4

ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ၂၀၂၂ခုနှစ်က ထွက်ရှိခဲ့ပေမဲ့ Netflix ကိုတော့ လောလောလတ်လတ်ကမှ ရောက်ရှိလာတဲ့ “Can you see us” ဆိုတဲ့ Drama ဇာတ်ကားလေးပါပဲ။ IMDB 7.5/10 ရရှိထားတဲ့ ဒီဇာတ်ကားဟာဆိုရင်တော့ Netflix ရဲ့ ပထမဆုံး ဇမ်ဘီးယားနိုင်ငံ(အာဖရိက)က full-length ဇာတ်ကားတစ်ကားဖြစ်လာခဲ့ပါတယ်။ မတူကွဲပြားခြင်းဆိုတာက ကြောက်စရာ၊ လန့်စရာ၊ အထင်သေးရှုံ့ချစရာမဟုတ်ပေမဲ့ လူသားဆိုတာမျိုးက ကိုယ်နဲ့မတူကွဲပြားရင် ကြောက်လန့်တတ်ကြတဲ့ သဘာဝမျိုးမဟုတ်လား.. မတူညီတဲ့ပုံစံရှိတဲ့သူတွေကိုဆိုရင် သူတို့နဲ့ကွဲပြားတာမို့ ရှုံ့ချဆက်ဆံတာမျိုး၊ အထင်သေးအနိုင်ကျင့်တာမျိုး လုပ်တတ်ကြတဲ့ လူသားတွေရဲ့ထုံးစံကြောင့် သူများနဲ့မတူတဲ့ပုံစံနဲ့ မွေးဖွားလာခဲ့သူ ကလေးငယ်လေးကတော့ မွေးဖွားလာကတည်းက အဖေအရင်းရဲ့ စွန်ပစ်ခြင်းကိုခံရပြီး လောကဓံရဲ့ရိုက်နှက်မှုတွေကို ခါးသီးစွာ ခံစားခဲ့ရပါတော့တယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ မွေးရာပါ albinism ရောဂါဖြစ်နေတဲ့ albino ကလေးငယ်လေး ဂျိုးဇက်ဖ်ဟာ လူမည်း အဖေ အမေက မွေးဖွားခဲ့ပေမဲ့ အသားအရောင်ကအစ တစ်ကိုယ်လုံးအမွေးအမျှင်တွေအထိ ဖြူဖွေးနေခဲ့တာမို့ အထင်လွဲစရာ ရှုံ့ချစရာဖြစ်ခဲ့ရပါတယ်။ (albinism ဆိုတာက မျိုးရိုးကြောင့်ဖြစ်တဲ့ မွေးရာပါအသားအရောင်ဖြူဖွေးတဲ့ ရောဂါတစ်မျိုးပါ.. အသားအရောင်ကို ဖြစ်ပေါ်စေတဲ့ မယ်လနင်ဆိုတဲ့ရောင်ခြယ် ချို့တဲ့မှုကြောင့် အညို၊ အမည်းစတဲ့ အရောင်တွေမပါဘဲ အသားအရောင်နဲ့ အမွေးအမျှင်တွေဟာ အဖြူသက်သက်ဖြစ်သွားခဲ့တာပါ။ မြန်မာနိုင်ငံမှာလည်း အရင်တုန်းက ကျော်ကြားတဲ့ အဆိုတော်ကြီးတစ်ဦးဖြစ်တဲ့ အဆိုတော်ဘိုဖြူဟာဆိုရင်လည်း albino တစ်ဦးဖြစ်ပြီး ဆံပင်၊ မျက်ခုံးနဲ့ မျက်တောင်မွှေးတွေကအစ အဲဒီလိုဖြူဖွေးနေခဲ့တာမို့ နာမည်က ဘိုဖြူဖြစ်နေခဲ့တာလို့ ဆိုပါတယ်) လူမည်းအဖေ အမေက မွေးပါရက်နဲ့ လူဖြူလေးထွက်လာတာမို့ ယောက်ျားရဲ့အပြစ်တင်၊ နာကျည်းတာကိုခံခဲ့ရပြီး အစွန့်ပစ်ခဲ့ရတဲ့ ဂျိုးဆက်ဖ်ရဲ့အမေဟာ ဂျိုးဆက်ဖ်လေးကို ခေါ်ပြီး ဘယ်သွားရမှန်းမသိဖြစ်နေချိန်မှာ ကံကောင်းထောက်မစွာနဲ့ ကယ်တင်ရှင်ပေါ်ပြီး ဘဝအားကိုးရာ ရခဲ့ကြပါတယ်။ ဂျိုးဆက်ဖ်လေးက အသက်အရွယ်ကြီးရင့်လာပေမဲ့လည်း အပြင်လည်းမထွက်ရ၊ ဘယ်မှလည်း မသွားရဘဲ အိမ်ထဲမှာပဲ နေနေခဲ့ရတာမို့ ရွယ်တူကလေးတွေနဲ့ အပြင်ထွက် ကစားဖို့ကြံရာကနေ အိမ်နီးနားချင်းကလေးတွေက သူ့ကို မွာဘီလို့ခေါ်တဲ့ ရွံစရာသတ္တဝါကြီးအဖြစ်ရှံ့ချပြီး ဝိုင်းဝန်းအနိုင်ကျင့်ခဲ့ကြပါတော့တယ်။ “သူတို့က မင်းကို နားမလည်ဘူးလို့ပြောတယ်ဆိုတာက မင်းကို ကြောက်လို့ပဲ.. မင်းကို သူတို့ ကြောက်နေပြီဆိုရင် မင်းကို ဖျက်ဆီးဖို့ နည်းလမ်းရှာကြတော့တာပဲ..” ဆိုတဲ့ ဒုတိယဖေဖေရဲ့ စကားကို စွဲမြဲစွာမှတ်သားရင်း ငါနဲ့မတူ ငါ့ရန်သူလုပ်တတ်တဲ့ လူတွေကို နားလည်ပေးဖို့ ကြိုးစားခဲ့ရှာတဲ့ ဂျိုးဇက်ဖ်လေးဟာ တစ်နေ့မှာတော့ သူ့ဘဝကို အပြောင်းလဲကြီး ပြောင်းလဲသွားအောင်လုပ်ပေးမဲ့ အများက အရူးလို့ သတ်မှတ်ကြသူ လူထွားကြီးတစ်ယောက်နဲ့ တွေ့ခဲ့ပါတော့တယ်။ အဲဒီလူထွားကြီးရဲ့ သင်ကြားပေးမှုနဲ့ ပညာအသစ်တစ်ခုကို သင်ကြားရင်း လူတွေနဲ့ ဆက်သွယ် ပြောဆိုဖို့ ကြိုးစားခဲ့ရာက နောက်ပိုင်းမှာ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်အောင် ဘယ်လိုကြိုးစားသွားမလဲ၊ သူ့ဘဝရဲ့ အနိမ့်အမြင့်အတက်အကျတိုင်းကို သူ ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ ကြံကြံခံ ရင်ဆိုင်ခဲ့မလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုခံစားကြည့်လိုက်ကြပါဦးနော်။ (အကြိမ် ၁၀၀ လဲကျချင်လဲကျပါစေ.. ပြန်ထတဲ့အကြိမ်အရေအတွက်က လဲကျတဲ့ အကြိမ်ထက် တစ်ခါပိုဖို့ပဲ လိုတယ်ဆိုတဲ့အတိုင်း အကြိမ် ၁၀၀ လဲကျပေမဲ့ ၁၀၁ ကြိမ်ပြန်ထခဲ့သူ ဂျိုးဇက်ဖ်လေးကတော့ လက်တွေ့ဘဝမှာ သူတို့နိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့သူတစ်ယောက် ဖြစ်လို့နေခဲ့ပါပြီ။ “ဘယ်သူကမှ အမုန်းတရားနဲ့မွေးဖွားလာတာ မဟုတ်ဘူး.. အမုန်းတရားအဖြစ် အသင်ကြားခံခဲ့ရလို့သာ” ဆိုတဲ့အတိုင်း မိဘတွေရဲ့ သွန်သင်မှုကလည်း သားသမီးတွေအပေါ် လွှမ်းမိုးမှုရှိတာမို့ မတူကွဲပြားတာဟာ (မတူကွဲပြားတယ်ဆိုတာ လူဖြူနဲ့ လူမည်း၊ ချမ်းသာသူနဲ့ ဆင်းရဲသူ၊ အရပ်ရှည်သူနဲ့ အရပ်ပုသူ၊ ပိန်တဲ့သူနဲ့ ဝတဲ့သူ စသဖြင့် အကုန်လုံးအကျုံးဝင်တာမို့ လူသားအချင်းချင်းလို့သာ မြင်ပြီး)ကဲ့ရဲ့ နှိမ့်ချစရာမဟုတ်ကြောင်း ကိုယ့်ရဲ့သားသမီးတွေကို ဆုံးမပေးနိုင်ဖို့ရာကလည်း မိဘတွေရဲ့ တာဝန်သာဖြစ်ပါတယ်။ တကယ်တမ်း ချို့တဲ့သူက အသားအရောင် မယ်လနင်ရောင်ခြယ် ကင်းမဲ့တဲ့ ဂျိုးဇက်ဖ်လေးမဟုတ်ဘဲ ငါနဲ့မတူ ငါ့ရန်သူလုပ်တတ်ကြတဲ့ စိတ်ဓာတ်ချို့တဲ့ကြသူ လူသားတွေသာ ဖြစ်ကြောင်း ဂျိုးဇက်ဖ်က လက်တွေ့လုပ်ရပ်နဲ့ သက်သေပြခဲ့တာမို့ ပရိသတ်ကြီးကလည်း ဒီဇာတ်ကားလေးကိုကြည့်ပြီး အားနေ ကိုယ့်အတင်းတုပ် ရှုံ့ချနေကြတဲ့ တခြားလူတွေကို ဂရုမစိုက်ဘဲ ဂျိုးဇက်ဖ်လေးလို ဇွဲမလျှော့တမ်း ကြိုးစားရင်း ချေပြီးရင်း ချေနိုင်ကြပါစေလို့…) (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

7.4 2022
Can You See Us?
Ouija Witch
5.5

မြို့လေးတစ်မြို့မှာ မေရီဘလက်ဝုဒ်ဆိုတဲ့ အမျိုးသမီး တစ်ယောက်ရှိပါတယ် သူမရဲ့ ခင်ပွန်းဟာ အခြားသူနဲ့ နောက်ကွယ်မှာ ဖောက်ပြားနေတာကို သိသွားပြီးတဲ့နောက်မှာ သူမရဲ့ခင်ပွန်းက သူ့အပြစ်ကို ဖုံးကွယ်ချင်တာနဲ့ သူမကို စုန်းမပါဆိုပြီး စွပ်စွဲပြောဆိုပြီး အခြားသူများကိုပါ အယုံသွင်းခဲ့တယ် ကြောက်လန့်တကြားဖြစ်လာတဲ့ မြို့သူမြို့သားတွေဟာ မေရီကို သစ်ပင်ကြီး တစ်ပင်မှာ ချိတ်ဆွဲချည်နှောင်ပြီး အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြတယ်။ ရာစုနှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ဒီမြို့လေးမှာပဲ ဆာရာဆိုတဲ့ မိန်းကလေးငယ်လေးဟာ ယောကျ်ားတစ်စုကနေ သူ့ကို အညှိုးနဲ့ အကြမ်းဖက် ရိုက်နှက်ပြီး လမ်းဘေးမှာထားပစ်ခဲ့တာကို ခံခဲ့ရပါတယ်။ ဒီလူတွေကို ဒေါသစိတ်နဲ့ လက်စားချေဖို့ ထူးဆန်းတဲ့ ဆိုင်တစ်ဆိုင်မှာ ဝိညာဉ်ခေါ်ဘုတ်သုံးပြီး တိုင်တည်လိုက်မိတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ ဟောလိုးဝင်း ရာသီအချိန်ဆိုတော့ ရာသီအမီ ထွက်လာတဲ့ စုန်းကားအသစ်လေးပါ။ File size…1.09GB / 506MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Mystery • Crime • Thriller
5.5 2023 88 mins
Ouija Witch
Monsters of California

ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဂြိုဟ်သားတွေ ရောက်နှင့်နေပြီးသားလို့ ပြောရင် ယုံကြမလား❓ Sci-fi, Adventure သမားတွေအတွက် ဇာတ်လမ်းပဲ ဆိုပါတော့။ အဓိကဇာတ်ဆောင်မင်းသားဖြစ်သူ ဒဲလက်စ်အက်ဝေါ့ဒ်က ဖခင်ဖြစ်သူ အကြောင်းမဲ့ ပျောက်ဆုံးသွားရတဲ့ကိစ္စကို တူးဖော်ဖို့ ကြိုးစားနေရင်း ဖခင်ဖြစ်သူရဲ့ အလုပ်အကြောင်းကို မတော်တဆ သိသွားခဲ့တယ်။ အဲနောက်မှာတော့ သူ့ဖခင်က အားလုံးယုံကြည်ထားသလို သေဆုံးသွားခြင်းမဟုတ်ဘူးဆိုတဲ့ သူ့ယုံကြည်မှုက ပိုပြီး ခိုင်မာလာခဲ့ပြီး သူ့အဖေထားတဲ့ သဲလွန်စတွေ၊ မှတ်စုတွေနဲ့ ဒီအဖြစ်အပျက်နောက်ကွယ်က အကြောင်းအရာတစ်ခုလုံးကို နောက်ကြောင်းလိုက်ဖော်ဖို့ သူငယ်ချင်းကောင်း ၂ ယောက်နဲ့အတူ မဆုတ်မနစ်ကြိုးစားတော့တယ်။ ကမ္ဘာကြီးမှာ ကိုယ်တိုင်မတွေ့သရွေ့ ယုံနိုင်မှာ မဟုတ်တဲ့ အကြောင်းအရာတွေမှ အများကြီးပါ။ ဒီထဲက ဇာတ်ကောင်တွေကရော ကမ္ဘာကြီးရဲ့ ဘယ်လိုသဘာဝလွန်ဖြစ်ရပ်တွေကို တွေ့ခဲ့ရမယ်လို့ ထင်ပါသလဲ❓ ဒီကားထဲမှာ ဘာထူးခြားသလဲလို့ ပြောရရင် Sci-fi ဆိုပေမဲ့ ကိုးကွယ်မှုအကြောင်းတွေလဲပါတယ်၊ ဒသနိကဆိုင်ရာအကြောင်းအရာတွေလဲပါလဲ၊ သရဲ၊ တစ္ဆေအကြောင်းအရာတွေလဲ ပါတယ်။ ဒါတွေက မဆိုင်ဘဲ ဘာလို့ပါရသလဲလို့ တွေးမိကြမှာပေါ့။ ဘာလို့လဲဆိုတဲ့ အဖြေကိုတော့ ဇာတ်ကားထဲမှာပဲ ရှာကြည့်လိုက်ကြတာပေါ့! File size…(1.5 GB)/(809 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Science Fiction, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moshimoshi

0 2023
Monsters of California
Love, Divided
6.3

ဒီတစ်ခါ cm ပရိသတ်ကြီးကို netflixက ရိုက်ကူးထားတဲ့ စပိန်ဘာသာစကားပြော အချစ်ဖန်စီ ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးကို ပူပူနွေးနွေး ဧပြီ ၁၂ ကမှ စပြီးထုတ်လွှင့် ထားတာပါ။ IMDB 7 နီးပါး ရရှိထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားဆိုရင်လည်း မမှားပါဘူး။ ဇာတ်ကြောင်းက ဗလင်တီနာဆိုတဲ့ စန္ဒယားတီးတဲ့ ကောင်မလေး တစ်ယောက် အိပ်ခန်းအသစ်ကို ပြောင်းလာခဲ့ပါတယ်၊ ဖြစ်ချင်တော့ ဘေးအခန်းက နေတဲ့သူက ဆူညံသံတွေကို အရမ်းမုန်းတဲ့ တီထွင်ပညာရှင် ဒေးဗစ်ဆိုတဲ့ ကောင်လေးပါ၊ သူတို့တွေကြားက နံရံက အုတ်တစ်ချပ်သာခြားတဲ့ ပါးလွှာတဲ့ နံရံဖြစ်နေတာပါ။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို ဗလင်တီနာ ကြောက်လန့်ပြီး မနေနိုင်အောင် အသံတွေပေးပြီး အနုနည်းနဲ့ မောင်းထုတ်ပါတော့တယ်။ ဗလင်တီနာက ဘယ်လိုမျိုး လက်တုံ့ပြန်မလဲ၊ သူတို့တွေ အချင်းချင်း ဘယ်လိုညှိကြမလဲဆိုတာ ကြည့်ရှုခံစား ကြည့်လိုက်ကြပါဦး။ File size…1.62GB / 703MB Quality…NF , WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

6.3 2024 98 mins
Love, Divided
Evil Does Not Exist
7.2

Evil Does Not Exist ( 2023 ) Drive My Carနဲ့ အော်စကာရပြီးတဲ့နောက် ရူဆုခဲဟမဂုချိဟာ Evil Does Not Exist နဲ့ Gift နှစ်ကားဆက်ရိုက်ဖို့ရှိတယ်လို့ ကြေညာခဲ့ပြီး အခုတော့ Evil Does Not Exist တော့ ထွက်လာပါပြီ။ Gift ကတော့ ပိုစတာတောင်မတွေ့ရသေးသလို ဘယ်လိုကားမှန်းလည်းမသိရသေးဘူး။ အော်စကာမှာတော့ အစကတည်းက စာရင်းမတင်ထားပေမဲ့ ဗင်းနစ်ရုပ်ရှင်ဆုပေးပွဲအပါအဝင် တခြားပွဲပေါင်းများစွာမှာတော့ ဆုတွေ တန်းစီရထားတယ်။ စစချင်းမှာတော့ Evil Does Not Existကို ဒိုင်ယာလော့မပါတဲ့ နာရီဝက်စာ ရုပ်ရှင်တိုအဖြစ် ရိုက်ဖို့ အစီအစဉ်ရှိခဲ့ပေမဲ့ ရိုက်ရင်းရှည်ရှည်သွားတတ်တဲ့ ဟမဂုချိရဲ့ထုံးစံအတိုင်း ဒိုင်ယာလော့နည်းနည်းပါးပါးဖြည့်ပြီး ၂နာရီစာကားအနေနဲ့ ပြောင်းထွက်လာခဲ့တယ်။ ဂျပန်မှာတောင် ဧပြီ၂၆မှ ရုံတင်မှာဖြစ်လို့ ဦးဦးဖျားဖျားကြည့်ရမယ့် သဘောပါပဲ။ Evil Does Not Exist ရဲ့ Concept ဟာ သဘာဝနဲ့လူသားကြားက အပြန်အလှန်သက်ရောက်မှုကို အခြေခံထားတယ်။ ကားစစချင်းမှာတော့ ပါဖက်ဒေးထဲကလိုပဲ မိုးထားတဲ့သစ်ပင်ကြီးကို အောက်ကနေ ရိုက်ထားတဲ့ အပြတွေနဲ့ အကြာကြီးပြထားသလို တစ်ကားလုံးလည်း သူဇာတ်အိမ်တည်ထားတဲ့ နယ်ဘက်ကျေးဘက်က မြို့ကလေးနဲ့ အဲဒီမြို့ကလေးနဲ့ဆက်စပ်နေတဲ့ သစ်တောရဲ့ သဘာဝတရားတွေကို တော်တော်အားရပါးရ ရိုက်ပြထားတယ်။ နောက်စမ်းချောင်းကလေးကနေ ရေသွားခပ်တဲ့ လူတစ်ယောက်ကို ဆက်ပြတယ်။ သူနဲ့အတူတူ သစ်တောကိုပါ မြင်နေရတယ်။ နောက်ဆက်ပြမှာက ဒီချောင်းရေက သူတို့မြို့အတွက် အရေးပါတဲ့အရာဖြစ်နေတော့ ချောင်းထဲက ရေခပ်တဲ့ ဇာတ်ဝင်ခန်းနဲ့ဖွင့်ထားတယ်။ ရေခပ်ပြီး အပြန်မှာတော့ သမင်လိုက်တဲ့လူတစ်အုပ်ပစ်လိုက်တဲ့ ခပ်ဝေးဝေးက သေနတ်သံတစ်ချက်ကို သူတို့တွေသဲ့သဲ့ကြားလိုက်ရတယ်။ ဒါက ဒီရုပ်ရှင်ရဲ့ သဘာဝဘက်တစ်ခြမ်းလို့ထားပါတော့။ ပြီးတဲ့နောက် မြို့ပေါ်က လူတွေက သူတို့မြို့ကလေးမှာ မြေတွေဝယ်ထားပြီး ကမ့်စခန်းအိမ်ခေါ် ကမ့်ထွက်တဲ့အရသာရမယ့် ဟိုတယ်လိုလိုနေရာ တည်ဆောက်ဖို့ သူတို့နဲ့အရင်လာညှိနှိုင်းကြတယ်။ ဒီမှာနယ်ခံတွေက မိလ္လာကန်တွေ ဘယ်မှာဆောက်မှာလဲ ဘာလဲမေးရော။ ဆောက်မယ့်နေရာကလည်း မြေအောက်ရေကြောနဲ့ မလွတ်နေတော့ သူတို့ရေတွင်း ရေကန်တွေကို ထိခိုက်စေမယ့်နေရာဖြစ်နေတယ်။ နောက် သူတို့သစ်တောကလည်း အနှစ်၂၀တိုင်းတစ်ခါမီးပြင်းပြင်းလောင်တတ်တယ်။ ကမ့်ထွက်လာတဲ့လူတွေ မီးပုံဖိုကြမှာနဲ့ဆို မီးလောင်နှုန်းက ဒီထက်လည်း မြင့်သွားနိုင်တယ်။ ဒါတွေအတွက် တစ်ဘက်က လုပ်ငန်းရှင်တွေဘက်မှာလည်း ဘာအဖြေမှမရှိဘူး။ ဒါပေမဲ့ သူတို့က မရမကဆောက်ဖို့လုပ်ကြတယ်။ ဒီလူတွေက ဒီမြို့ကလေးရဲ့ အေးချမ်းမှုကို အမှုမထားဘဲ ဖျက်ဆီးပစ်ချင်ကြတယ်။ ဒါကတော့ ဒီရုပ်ရှင်ရဲ့ လူတွေဘက်ခြမ်းပေါ့။ ရုပ်ရှင်တစ်လျှောက်မှာ ကျွန်တော်အများဆုံးမြင်ခဲ့ရတာက အရိုးပြိုင်းပြိုင်းထနေတဲ့သစ်ပင်တွေ။ အနည်းဆုံးမြင်ခဲ့ရတာကတော့ သမင်တွေပဲ။ ဒီတော ဒီတောင်တွေဟာ လူတွေ ဒီကိုအခြေလာမချခင်အထိ သမင်တွေရဲ့ ကျက်စားရာဖြစ်ခဲ့ဖူးတယ်။ အခုထိလည်း သမင်တွေကတော့ အဲဒီနေရာမှာ ကျက်စားနေကြတုန်းပဲ။ ဒါပေမဲ့ ဟမဂုချိဟာ ကျွန်တော်တို့ကို သမင်တွေကို ပစ်လိုက်တဲ့သေနတ်သံကိုပဲ ခဏခဏကြားစေပြီး သမင်တွေကိုတော့ သိပ်မပြသွားဘူး။ သူ့စကားအတိုင်းဆို သမင်တွေဟာ ရှက်တတ်ကြတယ်။ လူတွေကိုရှောင်ကြတယ်တဲ့။ ဒါပေမဲ့ သေနတ်နဲ့အပစ်ခံထားရတဲ့သမင်တို့ သူ့အဖေသမင်ကြီးတို့ သူ့လင်သမင်ကြီးတို့မဟုတ်ရင်တော့ လူတွေကို အန္တရာယ်မပြုတတ်ကြဘူးတဲ့။ ဒီတစ်ခြမ်းကတော့ “ထားပါတော့”လို့ ပြောရမယ့် သဘာဝဘက်ခြမ်းမဟုတ်တဲ့ တကယ့်သဘာဝဘက်ခြမ်းစစ်စစ်ပေါ့။ မြို့ကြီးကနေ သူတို့သဘာဝကို ဖျက်ဆီးဖို့လာကြတဲ့ လူတွေကို မနှစ်မြို့တဲ့ မြို့ကလေးကလူတွေဟာလည်း သူတို့နည်းသူတို့ဟန်နဲ့ သဘာဝကို ဖျက်ဆီးနေတဲ့လူတွေဖြစ်နေပြန်တာပါပဲ။ ဒီရုပ်ရှင်မှာ အမေးပဲတွေ့ရပြီး အဖြေကို မတွေ့ရဘူးလို့ပြောရမယ်။ ပြောသာပြောရတာ အဖြေမရှိတဲ့အရာတွေက အများသားပါ။ ဒါပေမဲ့လည်း ဒီရုပ်ရှင်ရဲ့ နာမည်ကတော့ အဖြေဖြစ်ကောင်းဖြစ်နေနိုင်တယ်။ ကျွန်တော်တို့ ကမ္ဘာကျဉ်းကျဉ်းလေးမှာပဲ အရိုက်ခံရတဲ့ လမ်းဘေးခွေးလေးတစ်ကောင်နဲ့ အတူတူဖက်ငိုနေတဲ့ ကလေးမလေးကိုလည်း ကျွန်တော်တွေ့ခဲ့ဖူးတယ်။ ကျွန်တော်တို့ ကမ္ဘာကျဉ်းကျဉ်းလေးမှာပဲ ခွေးကလေးကို မှိန်းနဲ့ထိုးသတ်တဲ့အထိ ရက်စက်တဲ့လူတွေလည်း ကျွန်တော်တွေ့ခဲ့ဖူးတယ်။ အဲဒီခွေးလေးနှစ်ကောင်ဟာ တကယ်တမ်း တစ်ကောင်တည်းပါပဲ။ အဲဒီကျဉ်းကျဉ်လေးဆိုတဲ့ ကျွန်တော်တို့ကမ္ဘာဟာ အကျပ်အတည်းတွေ အခက်အခဲတွေအပြည့်နဲ့ကမ္ဘာဆိုတာ မပြောလည်း သိကြမှာပါ။ ဒါပေမဲ့ အဲဒီကိစ္စနောက်ပိုင်းမှာ ကျွန်တော်တို့လူတွေဟာ ဒီလိုကမ္ဘာနဲ့ပဲတန်သလားလို့ မေးခွန်းတော့ ရှိလာခဲ့တယ်။ ဒါဟာ Evil Does Not Existကို ကြည့်ပြီး ကျွန်တော်ပြန်သတိရမိတဲ့ မေးခွန်းပါပဲ။ တကယ်လည်း Evil Does Not Exist နေသလားတော့ ဟမဂုချိမှာလည်း အဖြေရှိပုံမရပါဘူး။ အရိုးပြိုင်းပြိုင်းသစ်ပင်တွေ သွေးသံရဲရဲတိရိစ္ဆာန်တွေတော့ ရှိနေကြတုန်းပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 3.1GB | 1.2GB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

7.2 2023
Evil Does Not Exist
White Coats
5.4

ဒီဇာတ်ကားက ဆေးရုံတိုင်းမှာဖြစ်တတ်တဲ့ အလွဲတွေကို အမေရိကန်က စိန့်အဲလ်ဘတ်ဆိုတဲ့ ဆေးရုံမှာဖြစ်နေသလို ပုံဖော်ရိုက်ကူးထားတဲ့ comedyဇာတ်ကားပဲ ဖြစ်ပါတယ်။ အမေရိကန်တစ်နိုင်ငံလုံးမှာ အညံ့ဆုံးဆေးရုံလို့ပြောရမယ့် စိန့်အဲလ်ဘတ်ဆေးရုံကို တတိယနှစ်အလုပ်သင်ဆရာဝန် တစ်သိုက်ရောက်လာပြီးမှ ကြုံတွေ့ရတဲ့ အလွဲအချော်တွေ၊ ပေါက်ကရတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ စာမေးပွဲအချကြမ်းတဲ့ ဆရာဝန်ကြီး၊ ဆေးရုံသုံးစက်တွေ ရောင်းစားပြီး အောက်ဆိုက်ရှာဖို့ပဲ အမြဲတွေးနေတတ်တဲ့ ဆေးရုံအုပ်ကြီး၊ ဘယ်သူမှလူမထင်တဲ့ နှလုံးခွဲစိတ်အထူးကု ဆရာဝန်ကြီးတို့ လက်အောက်မှာ မအူမလည်နဲ့ တလွဲ‌တွေပဲ လုပ်တတ်တဲ့သူ၊ မြင်သမျှ မိန်းကလေးတိုင်းကို နှာဘူးထဖို့ပဲ တွေးနေတဲ့သူ၊ တတ်‌ယောင်ကားလုပ်တတ်သူ၊ ရိုးမလိုလိုနဲ့ ကုတ်ကမြင်းဖြစ်နေသူ၊ ကျောင်းစရိတ်ကို နိုက်ကလပ်မှာ ရှာရတဲ့သူ၊ နှလုံးခွဲစိတ်ဆရာဝန်ဖြစ်ချင်တဲ့သူ စသဖြင့် စရိုက်ပေါင်းစုံနဲ့ အလုပ်သင်တွေရဲ့ အမှားတွေ၊ ပေါက်ကရ လုပ်ရပ်တွေကြား ဆေးရုံကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်မသွားအောင် ထိန်းရပုံကို ဟာသနှောပြီးကြည့်ရမှာပါ။ ဆေးလောကအလွဲတွေကို သဘောကျသူတွေ ကြည့်သင့်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ File size… 1.8 GB / 914 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Comedy / Dark Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

5.4 2004
White Coats
Albert
6.2

နှစ်တိုင်း ဒီဇင်ဘာ ၂၅ရက်နေ့မှာ ကျရောက်တဲ့နေ့ရက်လေးကတော့ ခရစ္စမတ်နေ့လေးပါ။ ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထူးအမြတ်အလေးထားရတဲ့ နေ့လေးတစ်နေ့ပေါ့ခင်ဗျာ။ မိသားစု သူငယ်ချင်း မိတ်ဆွေများတို့နဲ့ ဆုံတွေ့ပျော်ရွှင်ကြည်နူးစွာ ဖြတ်သန်းကြတဲ့ အဓိပ္ပာယ်ရှိတဲ့နေ့ရက်လေးကို အစွဲပြုပြီး ရိုက်ကူးထားတဲ့ဇာတ်ကားတွေထဲကမှ Albert ဆိုတဲ့ ချစ်စရာ ကာတွန်း animation ကားလေးအကြောင်း နည်းနည်းပြောချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း Albert ဆိုတဲ့အပင်ငယ်လေးဟာ သူတို့မြို့မှာခရစ္စမတ်ရောက်တိုင်း အကောင်းဆုံး အချောဆုံး အပင်ကိုရွေးပြီး မြို့ရင်ပြင်မှာ ခရစ္စမတ်သစ်ပင်အဖြစ် အလှဆင်ပြီး ခင်းကျင်းပြသရတဲ့ ခရစ္စမတ်သစ်ပင် ဖြစ်ဖို့စိတ်ကူးအိပ်မက်ရှိတဲ့အပင်လေးပါ။ တစ်နှစ် ခရစ္စမတ်ရာသီမှာတော့ သူဟာ အပင်ရွေးတဲ့နေရာမှာ ဝင်အရွေးခံဖို့ ဆုံးဖြတ်ပြီး သူ့ရဲ့မိတ်ဆွေ ထန်းပင်မလေးရယ် သူ့အိုးထဲမှာ ကပ်နေနေတဲ့ ပေါင်းပင်လေးနဲ့အတူ စွန့်စားခန်းထွက်လာတဲ့အကြောင်းလေးကို တွေ့မြင်ရမှာပါ။ ဇာတ်လမ်းလေးက ကလေးတွေအတွက် အများစုရည်ညွှန်းပေမဲ့လို့ မိတ်ဆွေ သူငယ်ချင်းမေတ္တာ မဆုတ်မနစ်တဲ့ဇွဲနဲ့ ခရစ္စမတ်ရဲ့အဓိပ္ပာယ်အနှစ်သာရလေးကို ပေါ့ပါးစွာ မီးမောင်းထိုး ပြသထားတဲ့ကားလေးမို့ animation ပရိသတ်တွေ ကြည့်သင့်တဲ့ကားလေးတစ်ကားပါခင်ဗျာ။ File Size : 820 MB, 400 MB Quality : WEB-DL 1080p / 720p Running Time : 40min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Ko Wunna Encode by : Thit San Khant

6.2 2016
Albert
Eliminators
5.6

Action ကားကြိုက်သူတွေအတွက် Eliminators ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်း အစိုးရအေးဂျင့်ဟောင်း”သောမတ်စ်ပါကာ”ဟာအမှုကိစ္စတစ်ခုကြောင့် အင်္ဂလန်မှာ သူ့ရဲ့ရှစ်နှစ်သမီးလေးနဲ့အတူပုန်းကွယ်ပြီးနေထိုင်နေပါတယ် သားအဖနှစ်ယောက်တည်းရှိတာကြောင့်သမီးလေးကိုသေချာဂရုတစိုက်စောင့်ရှောက်ပါတယ် တစ်နေ့မှာမူးယစ်ဆေးသုံးတဲ့လူသုံးယောက်က သူတို့သားအဖရှိတဲ့အိမ်ကို အိမ်မှားပြီးကျူးကျော်ဝင်ရောက်ခဲ့ပါတယ် ဒါပေမဲ့တစ်ချိန်ကအစိုးရအေးဂျင့်ဟောင်းဖြစ်ခဲ့တဲ့သောမတ်စ်က လူဆိုးသုံးယောက်ကိုအနိုင်ယူသတ်ဖြတ်နိုင်ခဲ့ပါတယ်….. သို့ပေမဲ့ အဲ့ဒီကိစ္စအကြောင်းသတင်းမီဒီယာတွေမှာပျံ့နှံလာတော့ အင်္ဂလန်မှာခြေရာဖျောက်ပြီးပုန်းကွယ်နေကတဲ့သောမတ်စ်ပါကာရဲ့တည်နေရာဟာ အလိုအလျောက်ပေါက်ကြားသွားပါတယ် သူ့ကိုလိုက်ရှာနေတဲ့ ဂိုဏ်းစတားကြီးကူပါးရဲ့လက်ကနေလွတ်မြောက်ဖို့ သောမတ်စ်ပါကာဟာ သူရောသူ့သမီးလေးကိုပါကာကွယ်ပေးဖို့ကြိုးစားရပါတော့တယ် File size…(2.1 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:34:00 Genre… Dark Comedy, Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane

Romance • Action • Drama
5.6 2016 95 mins
Eliminators
A Few Good Men
7.7

A Few Good Men (1992) ***************************** IMDb…..7.7,,,,,Rotten…..82% Rules of Engagementဆိုတဲ့ စစ်ကား ကိုတော့ တော်တော်များများကြည့်ဖူးကြမယ်ထင်တယ်… အဲဒီလိုကားမျိုးကို သဘောကျတဲ့ဆိုရင်တော့ ဒီကားကိုကြည့်သင့်တယ်….. ဒီကားက နယ်ခြားစောင့်စစ်တပ်မှာ စစ်သည်တစ်ယောက်သေဆုံးတဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ပြီးရိုက်ကူး ထားတယ်…. စစ်သည်အချင်းချင်းအပြစ်ပေးရာကနေ မတော်တဆသေဆုံးသွားတယ်…. ဒီအမှုကို ကိုင်တွယ်ဖို့ စစ်တရားရုံးရှေ့နေအဖြစ် Tom Cruise ကိုတာဝန်ပေးခြင်းခံရတယ်…ဒီကားက ကျွန်တော်ကြည့်ခဲ့တဲ့ စစ်ကားထဲမှာ အကောင်းဆုံးစာရင်းဝင်လို့တောင်ပြောလို့ရတယ်.. အယ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတဲ့ကားတော့မဟုတ်ဘူး…. သို့ပေမဲ့ စကားလုံးတွေနဲ့ စွမ်းအားကတော့ လက်နက်ကြီးထက်ပြင်းထန်ပုံရတယ်… ဇာတ်လမ်းက စစချင်းကိုဆွဲဆောင်မှုရှိတယ်….ကျွန်တော်ပြောရင် Spoiler ဖြစ်သွားမှာစိုးလို့ ခံစားကြည့်လိုက်ပါဦး….ဒီကားရဲ့ ဒိုင်ယာလော့တွေကို အတတ်နိုင်ဆုံး အလှပဆုံး မြန်မာမှုပြုပေးတဲ့ ဘာသာပြန်ကတော့ Ko Ye Pye Sone ပါ…. IMDbရော Rotten ရော အမြင့်ဆုံးမှာရှိနေသလို သရုပ်ဆောင်တွေကလည်း. Tom Cruise, Jack Nicholson, Demi Mooreတို့ဖြစ်လို့ ဒေါင်းကြည့်သင့် မသင့် ဆုံးဖြတ်ကြပေတော့….. File Size : 2.18GB/ 870MB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:18:00 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by Tiff

7.7 1992 138 mins
A Few Good Men
Oho Enthan Baby
7.9

Oho Enthan Baby (2025) အသည်းကွဲခြင်းမှသည် အချစ်ရှိရာသို့ အချစ်ဆိုတာဘာလဲသိနိုင်ဖို့ သီအိုရီတွေ စာပေတွေ ထုတ်ပြနေရုံနဲ့ မလုံလောက်ပါဘူး။ တကယ်ချစ်ဖူးတဲ့လူမှပဲ အချစ်ရဲ့အနှစ်သာရကို သေချာနားလည်နိုင်မှာပါ။ ဒါပေမဲ့ တစ်ခါချစ်မိရုံနဲ့ အချစ်ကိုနားလည်သွားနိုင်သူတွေက ကံကောင်းတဲ့သူတွေဖြစ်ပြီး တချို့တွေကတော့ ထပ်ခါတလဲလဲ ချစ်မိတာတောင် အချစ်ဆိုတာကို နားလည်ဖို့ဝေးကွာနေဆဲပါပဲ။ ဒီထဲမှာ ကျွန်တော်တို့ဇာတ်လိုက် အက်ရှ်ဝင်းလည်း အပါအဝင်ပေါ့။ ချစ်ရသူမီရာ ထားသွားတဲ့နောက် ‌ဇာတ်ညွှန်းဆရာလေးအက်ရှ်ဝင်းလည်း တစ်နေ့တစ်နေ့ လူသတ်ကား သရဲကားဇာတ်ညွှန်းတွေချည်း ချရေးဖြစ်နေတဲ့ စော်ပစ်ကောင်ဇိုးလေးဖြစ်နေလေရဲ့။ ဒါပေမဲ့ တစ်နေ့မှာ နာမည်ကြီးမင်းသားနဲ့ အလုပ်တွဲလုပ်ရရေးအတွက် အက်ရှ်ဝင်းတစ်ယောက် အချစ်‌ဇာတ်လမ်းတစ်ပုဒ် ချက်ပြုတ်ရဖို့ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ အသည်းကွဲသမားပီပီ ဒီဇာတ်လမ်းလေးကိုရော ရိုရိုချိုချိုစောင်ကိုက်အချစ်ဇာတ်လမ်းအဖြစ် ပုံဖော်မလား ဒါမှမဟုတ်…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM B Teamမှဖြစ်ပါတယ်)

Thriller
7.9 2025 129 mins
Oho Enthan Baby