YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Top.Boy.S02E02.How.Do.I.Fix.This.1080p.NF.WEB-DL.DDP5.1[CM].mp4

723.4 MB N/A video/mp4 134 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Doubt
7.2

John Patrick Shanley ရေးသားပြီး Pulitzer Prize ရရှိထားတဲ့ Doubt: A Parable ဆိုတဲ့ ဝတ္ထုကို သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ စိန့်နီကိုးလပ်စ်ဆိုတဲ့ ကတ်သလစ်စာသင်ကျောင်းတစ်ကျောင်းမှာ အခြေခံထားပါတယ်။ စစ်စတာအယ်လိုဝစ်ရှက်စ်ဟာ ကျောင်းကို စည်းကမ်း တိတိကျကျနဲ့ အုပ်ချုပ်တတ်သူတစ်ဦးဖြစ်ပါတယ်။ ဖာသာဖလင်းကတော့ ခေတ်မီတဲ့အမြင်နဲ့ စည်းကမ်းတွေကို ဖြေလျှော့ပြီး ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်သူ တစ်ဦးပါ။ တစ်နေ့မှာ စစ်စတာဂျိမ်းစ်တစ်ယောက် ဖာသာဖလင်း ကျောင်းသားတစ်ယောက်ကို အထူးအရေးပေးပြီး ဆက်ဆံနေတာ မြင်လိုက်ပါတဲ့အကြောင်း စစ်စတာအယ်လိုဝစ်ရှက်စ်ကို ပြောပြပါတယ်။ ဘာကြောင့်ဒီလိုဆက်ဆံလဲဆိုတဲ့အကြောင်းအရင်းကိုတော့ သူတို့သေချာမသိပါဘူး။ အဲဒီမသေချာမှုကို လက်ကိုင်ထားပြီး စစ်စတာအယ်လိုဝစ်ရှက်စ် ဖာသာဖလင်းကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ဆုတွေလည်း အများကြီးရထားပြီး သရုပ်ဆောင်ပုံတွေကလည်း ပေါ်လွင်ပါတယ်။ ဇာတ်လမ်းထဲမှာ သုံးထားတဲ့ စာသားတွေကလည်း ထိထိမိမိနဲ့ ရင်ထဲရောက်စေမှာပါ။ တွေးစရာတွေလည်း အများကြီးပေးမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ ခံစားကြည့်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ်။ File size…(1.8 GB)/(860 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phu Myat Thwe

Drama • War
7.2 2008 104 mins
Doubt
(18+) American Honey
6.8

အဖော်အချွတ် ၊ ဆေးသုံးတဲ့အခန်းတွေ နဲ့ ကြမ်းတမ်းတဲ့စကားလုံးများစွာပါဝင်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး.. ယခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ American Honey ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ၇၀ကြိမ်မြောက် BAFTA ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံး British Film အဖြစ် ဆန်ကာတင်ရွေးချယ်ခံခဲ့ရပြီး ၂၀၁၆ ကိန်းစ် ရုပ်ရှင်ပွဲတော်မှာလဲ Palme d'Or ဆုအတွက်ရွေးချယ်ခံခဲ့ရပြီး Jury Prize ဆုကို ရရှိခဲ့ပါတယ်။ အခြားဆုတွေလဲ တစ်သီကြီးရထားတဲ့ ဒရာမာ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ IMDB 7/10 ရရှိထားပြီး ခရမ်းချဉ်သီးမှာလဲ Rating ကောင်းကောင်းရရှိထားပါတယ်။ ဇာတ်ကောင်တွေကတော့ Sasha Lane၊ Shia LaBeouf နဲ့ Riley Keough တို့အဓိကထား ပါဝင် သရုပ်ဆောင် ထားပါတယ်။ စတားဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ ကလေးမဟုတ်တဲ့ ကလေးနှစ်ယောက်ကို ထိန်းကျောင်းနေရပြီး အမြဲတစေ လိင်ပိုင်းဆိုင်ရာစော်ကားနေတဲ့ ဖခင်နဲ့အတူ နေထိုင်ပါတယ်။ တစ်ရက်တော့ အိမ်ပြန်ဖို့အတွက် ကားတားနေရင်းနဲ့ ဂျိတ်တို့အဖွဲ့နဲ့တွေ့ပါတော့တယ်။ စူပါမားကတ်ထဲမှာ ကျကျန်ခဲ့တဲ့ ဂျိတ်ရဲ့ ဖုန်းကို လိုက်ပြန်ပေးရင် ဂျိတ်က သူတို့ရဲ့ မဂ္ဂဇင်းရောင်းတဲ့ အဖွဲ့ထဲကို အလုပ်သွင်းပေးလိုက်ပါတော့တယ်။ အဲ့ဒီလိုနဲ့ စတားတစ်ယောက် ဂျိတ်တို့ အရောင်းအဖွဲ့နဲ့ အတူ ကန်းဆက်မြို့ဆီကို လိုက်ပါသွားရင်းနဲ့ သူ့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားပါတော့တယ်။ စိန်ခေါ်မှုတွေများစွားနဲ့အတူ လမ်းတစ်လျှောက် မဂ္ဂဇင်းရောင်းချရင်း အဖွဲ့နဲ့အတူ သူမရဲ့ ကိုယ်ပိုင်ဘဝလမ်းကြောင်းကို ပုံဖော်ဖို့အတွက် ဆုံးဖြတ်ထားပါတယ်။ ပျော်ရွင်မှု၊ စိတ်ပျက်မှု၊ ခင်မင်မှုနဲ့ ဝယ်သူတွေရဲ့ အန္တရယ်တွေကြားထဲမှာ စတားတစ်ယောက် ဘယ်လိုရှင်သန်နေထိုင်မလဲဆိုတာကို စိတ်ဝင်းစားစရာကြည့်ရှု့ရမှာပါ။ စတားရဲ့ အိမ်ကထွက်လာတာကနေစလို့ တွေ့ကြုံခဲ့ရတဲ့ အခက်ခဲတွေ၊ လူငယ်တစ်ယောက်ရဲ့စူးစမ်းလိုစိတ်၊ စွန့်စားမှုတွေ အိမ်မက်နောက်ကိုလိုက်ပြီးကြိုးစားခဲ့တာတွေကို ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှု့လိုက်ကြပါခင်ဗျာ… (ဘာသာပြန်နဲ့ အညွှန်းတင်ဆက်သူကတော့ PROXY ဖြစ်ပါတယ်ခင်ဗျာ) File Size :(3.1GB)(2.1GB) and (716MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…02:43:00 Genre : Drama, Romance, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by PROXY Encoded by Phyo Pyae

Drama • Thriller
6.8 2016 163 mins
(18+) American Honey
Michael Collins
6.9

သမိုင်းကြောင်းကိုပြန်ရိုက်ကူးထားတဲ့ Biography-Warဇာတ်လမ်းကောင်လေးဖြစ်တာနဲ့အညီ မင်းသားကြီး လီယံနယ်ဆန်ကလည်းပီပီပြင်ပြင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ အိုင်ယာလန်နိုင်ငံ လွတ်လပ်‌ရေးရအောင် ကြိုးပမ်းပေးခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Michael Collinsရဲ့ အကြောင်းကိုရိုက်ကူးထားတာပါ။ ဗြိတိသျှတို့ ကိုလိုနီလုပ်ပြီး နယ်ချဲ့အုပ်ချုပ်ခဲ့တဲ့ နိုင်ငံတွေထဲမှာ အိုင်ယာလန်နိုင်ငံလည်းပါခဲ့ပြီး နှစ် ၇၀၀ကျော် အုပ်စိုးခံခဲ့ရပါသတဲ့။ Michael Collinsရဲ့ထူးခြားတဲ့အချက်ကတော့ ဗြိတိသျှတွေစစ်ပြေငြိမ်းရေးကမ်းလှမ်းချိန်အထိ Michael Collinsဟာဘယ်သူလဲဆိုတာမသိအောင် သိုသိုဝှက်ဝှက်နေသွားနိုင်တဲ့ ထူခြားတဲ့အတွေးအခေါ်ရှိတာပါပဲ။ သိုသိုဝှက်ဝှက်နေတယ်ဆိုလို့ပုန်းနေတာမဟုတ်ဘူးဗျ။ ဆုကြေးထုတ်ထားတဲ့ကြားကနေ Dublinမြို့ပေါ်မှာ ဝတ်စုံပြည့်ဝတ် စက်ဘီးကိုမှင်သေသေစီးပြီး ဗြိတိသျှတွေမျက်စိအောက်တင်ရှိနေခဲ့တာပါ။ သူ့ရဲ့တော်လှန်ရေးလမ်းစဥ်အတွင်း ပျောက်ကျားစစ်ကိုစတင်နိုင်ခဲ့သလို အိုင်ယာလန်ကိုလည်း လွတ်လပ်တဲ့ပြည်နယ်အဖြစ်ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးရယူနိုင်ပေးခဲ့သူပါ။ နိုင်ငံရေးဆိုတာ ထင်သလောက်မရိုးရှင်းမလွယ်ကူသလို ပေးဆပ်ရတဲ့အရင်းအနှီးကလည်းကြီးမားကြောင်းပြသထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ File Size :(2.6GB) and (1.1GB) Quality : Blu-Ray 1080p,720p Format…mp4 Duration…02:13:00 Genre : Biography, Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae

Comedy
6.9 1996 132 mins
Michael Collins
Dungeons & Dragons: Wrath of the Dragon God

Dungeons & Dragons: Wrath of the Dragon God (2005) Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။ Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy Adventure ကားတွေကို ကြိုက်တဲ့သူတွေအတွက် အာသာပြေစေမယ့်ကား‌တွေလို့ပြောလို့ရတာတော့ မမှားပါဘူး။ ~ ဇာတ်လမ်းအကျဉ်း ~ ဒီဒုတိယကားကတော့ ပထမကားအပြီး နှစ်တစ်ရာအကြာမှာ ဇာတ်အိမ်တည်ထားတာပါ။ ပထမကားကလူတွေအကုန် မပါတော့ပါဘူး။ ဒါပေမဲ့ ပထမကားက အဓိကဗီလိန် ပရိုဖီယွန်ကျိန်စာတိုက်ခံထားရတဲ့ သူ့တပည့် ဒါမိုဒါကတော့ မသေနိုင်ဘဲ လူသေမကျ လူရှင်မကျ ဘဝနဲ့ သူ့တာဝန်ကို ဆက်ထမ်းဆောင်ဖို့ ပေါ်လာပါတယ်။ သူဟာ ရှေးတုန်းက လူမျိုးစုတွေ ဝှက်ထားတဲ့ နဂါးနတ်ဘုရားရဲ့ ဓာတ်လုံးကိုပါ ရထားတာမို့ ပိုလည်းအစွမ်းထက်နေပါတယ်။ ဒီကားက အခွန်အရာရှိမင်းသားနဲ့ မှော်ကောင်စီဝင်မင်းသမီး လင်မယားဟာ ရွာတစ်ရွာက လူတွေသေနေကြလို့ သွားကြည့်တဲ့အခါ တောင်တစ်တောင်ရဲ့အတွင်းမှာ နဂါးကြီးတစ်ကောင်ရှိနေတာ သိလိုက်ရပါတယ်။ ဒီနဂါးဟာ ဟိုးနှစ်ထောင်ချီတုန်းက ကမ္ဘာကိုဖျက်ဆီးဖို့ရောက်လာခဲ့တဲ့ နဂါးနတ်ဘုရားဖြစ်ပြီး ရှေးလူမျိုးစုတွေက သဘာဝနတ်ဘုရားရဲ့အကူအညီယူပြီး နဂါးရဲ့စွမ်းအားတွေကို ဓာတ်လုံးတစ်လုံးထဲထည့်ပြီး နဂါးကို တောင်ထဲပိတ်ထည့်ထားခဲ့ကြတာပါ။ ဒါမိုဒါဟာ ဓာတ်လုံးကို ပိတ်ပင်ထားရာကနေ ခိုးပြီး ဖြေလွှတ်ပေးလိုက်တဲ့အတွက် နဂါးကြီးဟာ ပြန်နိုးထလာပါတော့မယ်။ နဂါးပြန်နိုးမထလာခင် လကွယ်ညမတိုင်ခင်မှာ ဓာတ်လုံးကို ဒါမိုဒါလက်ကနေပြန်ယူဖို့နဲ့ ချိပ်ပြန်ပိတ်ဖို့ကို အက်ဇမာသားတွေ ကြိုးစားကြရတော့ပါတယ်။ ဒါမိုဒါကလည်း နဂါးကြီးကို သူ့စွမ်းအားတွေ ပြန်ပေးဖို့ကြိုးစားပါတယ်။ ဒီ၂ဖွဲ့ရဲ့အပြိုင်အဆိုင်စွမ်းအားတွေကြားဓာတ်လုံးယူဖို့ ခရီးထွက်တဲ့ စွန့်စားခန်းကို ကြည့်ကြရမှာပါ။ ပထမကားအတိုင်း လူမျိုးစုအစုံပါပါတယ်။ အဆစ်အနေနဲ့ လူတစ်ခြမ်းဖုတ်တစ်ခြမ်းကောင်ကြီးပါ ပါတယ်ပေါ့။ တော်တော်ကြောင်ပေမဲ့ အပျင်းပြေကြည့်လို့ကောင်းတဲ့ မှော်ကားပရိသတ်တွေကျမယ့်ကားပါပဲ။ (ဒီဇာတ်ကားတွေနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 872MB Quality – 1080p, 720p Format – mp4 Duration – 1H 45Min Genre – Action, Adventure, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Comedy
0 2005 105 mins
Dungeons & Dragons: Wrath of the Dragon God
Christopher
6.8

Christopher 2023 (IMDb 6.8/10) အိန္ဒိယရဲကားကောင်းကောင်းလေးကိုမျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် မင်းသားကြီးမမ်မွတ်တီးရဲ့ နောက်ဆုံးထွက် ရဲကားအလန်းလေးနဲ့ မိတ်ဆက်ပေးပါရစေ အိန္ဒိယနိုင်ငံမှာ သိတဲ့အတိုင်း ဘာအမှုပဲဖြစ်ဖြစ် မုဒိမ်းကျင့်လူသတ်ရင်တောင် ငွေနဲ့မီးငြိမ်းသလို အမှုတွေပျောက်သွားအောင် လူအားငွေအားနဲ့ လုပ်နိုင်တာကို သိကြမှာပါ ဒီကိစ္စကို ရဲမှူးခရစ္စတိုဖာဖြေရှင်းတဲ့နည်းလမ်းကတော့ ရိုးရှင်းပါတယ် ဘယ်တရားရုံးမှပို့မနေပဲနဲ့ တရားခံတွေကို သူ့သေနတ်နဲ့ပဲ ကိစ္စတုံးပေးတာပါ ဆိုရှယ်မီဒီယာ ပြည်သူလူထုအားလုံးအတွက် ခရစ္စတိုဖာက ဟီးရိုးပါ ဒါပေမဲ့ မျှတတဲ့ဒီမိုကရေစီစစနစ်တစ်ခုမှာ တရားစီရင်ရေးမဏ္ဍိုင်ဆိုတာ မရှိလို့မရပါဘူး အဲ့ဒါကြောင့် အထက်ဌာနကနေ ခရစ္စတိုဖာကို စုံစမ်းစစ်ဆေးဖို့အတွက် အမျိုးသမီးအရာရှိတစ်ဦးကို တာဝန်ပေးအပ်လိုက်ပါတော့တယ် ခရစ္စတိုဖာရဲ့ မီးစတစ်ဖက်ရေမှုတ်တစ်ဖက် မှန်ကန်မျှတပေမဲ့ မညှာတာတတ်တဲ့ စရိုက်ကို အတိတ်ကစတူးဖော်ကြည့်မိတဲ့အခါ…….. ဒီဇာတ်ကားလေးဟာ ဇာတ်လမ်းလေးက မြင်နေကျဆိုပေမဲ့ ဆက်ပြီးကြည့်ချင်လောက်အောင် လှည့်ကွက်လေးတွေကို သူ့နေရာနဲ့သူပါထားပြီး မင်းသားကြီးမမ်မွတ်တီးရဲ့ အိုဗာတွေသိပ်မပါ ရင့်ကျက်တဲ့ပုံစံနဲ့မို့ ကြည့်ရရှုရတာ စိတ်ဝင်စားဖို့ကောင်းပြီး မှုခင်းဒရာမာ ရဲအက်ရှင်ကြည့်ချင်တဲ့သူတွေအတွက် ဇာတ်အိမ်ကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်း ဒီကားလေးကို လက်မလွှတ်ကြဖို့ လက်တို့ပေးပါရစေ

Science Fiction
6.8 2023
Christopher
Man on Fire
7.7

Man on Fire (2004) IMDb-(7.7) The Equalizer 3 ထဲမှာပြန်လည်ဆုံတွေ့ကြတဲ့ Denzel Washington နဲ့ Dakota Fanning တို့ ငယ်ငယ်တုန်းက ရုပ်ရှင်ဇာတ်ကားကြီးကို Quality အမိုက်စားနဲ့ပြန်လည်တင်ဆက်လိုက်ပါတယ်။ ဇာတ်လမ်းကတော့…. နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ဗရပွနဲ့ လူတစ်ယောက်…သူက အတိတ်က လုပ်ခဲ့တဲ့ ကိစ္စတစ်ရဲ့ အမှားတစ်ချို့ ကိုမေ့ပျောက်ဖို့ အတွက် အရက်ကို အချိန်ပြည့်နီးပါးအဖော်ပြုနေတဲ့သူ….တစ်နေ့တော့ သူ့သူငယ်ချင်းတစ်ယောက်က လာပြောတယ် ဒီအတိုင်းနေမယ့် အတူတူ အပြုအမူလေးတွေဆင်ခြင်ပြီးတော့ ချမ်းသာတဲ့ အသိုင်းအဝန်းက အိမ်မှာ ဘော်ဂီဂတ်လုပ်ဖို့ အကြံပေးလာတယ်… သူဟာ အတိတ်တုန်းက စစ်မှုထမ်းခဲ့ပြီး စစ်မှုထမ်းသက်လည်း အတော်ရှိခဲ့ပြီး ထူးချွန်ခဲ့တဲ့သူတစ်ယောက်… ဘော်ဒီဂတ်လုပ်ရမှာကပြန်ပေးမှုအများဆုံးဖြစ်နေတဲ့ မက္ကဆီကို ..သူဒီအလုပ်ကိုလက်ခံလိုက်တယ်… ဒီကားက တော်တော်များများကြားဖူး ကြည့်ဖူးပြီးသားဖြစ်မှာပါ…ဒါရိုက်တာTony Scott ရိုက်ကူးပြီး ကျွန်တော်တို့ရဲ့ အသည်းစွဲမင်းသားကြီး Denzel Washington, ပါဝင်သရုပ်ဆောင်ထားပါတယ်…. ပရိယာယ်များပြီး ဘယ်ကိစ္စမဆို ယုံကြည်လို့မရတဲ့ ဒီလောကကြီးမှာ ကျွန်တော်ကတော့ Denzel Washington ရိုက်တဲ့ ကားတွေကို ချွင်းချက်ထားလိုက်ချင်တယ်… သိတဲ့အတိုင်း သူ့ကားတွေဟာ မကောင်းတဲ့ကားတောင်မရှိသလောက်ရယ်…ဒီကားမှာလည်း တိုတိုပြတ်ပြတ်ပြောပြီးအလုပ်ကိုတာဝန်ကျေတဲ့သူတစ်ယောက်… သူစောင့်ရှောက်ရတဲ့ ကလေးမလေးအပေါ် သမီးလေးတစ်ယောက်လိုသံယောဇဉ်တွယ်ပြီး တဖြည်းဖြည်းပြောင်းလဲလာတဲ့ ဆက်ဆံရေး.. ရှုပ်ထွေးပွေလီလှတဲ့ ကလေးငယ်ပြန်ပေးဆွဲမှုတွေ….ပြင်းရှရက်စက်တဲ့အက်ရှင်စွန့်စားခန်းတွေနဲ့ မနားတမ်းဆွဲခေါ်သွားမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို JtheKoala မှ တင်ဆက်ထားပါတယ်။)

7.7 2004 146 mins
Man on Fire
Sayen: Desert Road
5.1

Sayen: Desert Road (2023) ဒီဇာတ်ကားကတော့ ၂၀၂၃ အစောပိုင်းကထွက်ရှိထားတဲ့ “Sayen” ဆိုတဲ့ ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ ပထမဇာတ်ကားမှာတော့ ဆာယန်ရဲ့အဘွားသေဆုံးခဲ့ပုံနဲ့ သူ့ရဲ့လက်စားချေမှုစတင်ခန်းကို အဓိကထားရိုက်ကူးခဲ့ပါတယ်။ ဒီဒုတိယဇာတ်ကားမှာတော့ ဆာယန်ဟာ မီဒီယာတွေမှာ အကြမ်းဖက်သမားလို့ကြေညာခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း အက်တီယွန်ကုမ္ပဏီကို ဆက်ပြီးလက်စားချေဖို့အတွက် အတာကာမာကန္တရကို ရောက်လာခဲ့ပါတယ်။ ဒေသခံလူထုတချို့ကပါ ဒီပတ်ဝန်းကျင်ထိန်းသိမ်းဟန်ပြုနေတဲ့ လက်ဝါးကြီးအုပ်တဲ့ခရိုနီကုမ္ပဏီကို ထောက်ခံနေတာကို သိလိုက်ရတဲ့အခါ ဆာယန်က သူကိုယ်တိုင်ကုမ္ပဏီထဲ ဖောက်ဝင်ဖို့ပဲစီစဉ်ခဲ့ပါတော့တယ်။ ဖောက်ဝင်ပြီးချိန်မှာပဲ လင်းယုန်မျက်လုံးဆိုတဲ့ အက်တီယွန်ရဲ့ လျှို့ဝှက်စီမံကိန်းတစ်ခုကိုတွေ့ရှိသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူလိုချင်တဲ့သတင်းကို အပြည့်အဝမရခဲ့လို့ စိတ်ပျက်နေတဲ့ဆာယန်က ကုန်စုံဆိုင်တစ်ခုမှာ ရုပ်ဖျက်ပြီးစျေးထွက်နေတဲ့အချိန်မှာ အမျိုးသမီးတစ်ယောက်က သူ့ကိုသတိထားမိပြီး သူလိုချင်တဲ့သတင်းကိုပေးမယ်ဆိုပြီး သူ့အိမ်ကိုခေါ်သွားခဲ့ပါတယ်။ ဆာယန်တစ်ယောက် ဘယ်လိုသတင်းတွေသိရမလဲ အဲဒီသတင်းကြောင့် ဘယ်လိုအခက်အခဲတွေကို ထပ်ပြီးကြုံတွေ့ခဲ့ရလဲ… ဒါ့အပြင် ပထမအပိုင်းမှာမပါခဲ့တဲ့ သူ့အဘွားကိုသတ်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေးကုမ္ပဏီ အက်တီယွန်ရဲ့နောက်ကွယ်မှာရှိနေတဲ့ ကြိုးကိုင်သူတွေကို အပြီးတိုင် လက်စားချေခဲ့ပုံတွေကို ရိုက်ကူးပေးထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 810MB Quality – 1080p, 720p IMDb Rating – 5.1/10 Format – mp4 Duration – 1H 33Min Genre – Action Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

5.1 2023
Sayen: Desert Road
Obsessed

ဒီဇာတ်ကားလေးကတော့ ထူးထူးခြားခြား နာမည်ကျော်အဆိုတော် ဘီယွန်ဆေး ပါဝင်သရုပ်ဆောင်ထားပြီး ဘီယွန်ဆေးနှင့် လီဆာဖိုက်ရမယ့် ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဒဲရက်ချားစ်ဟာ ကုမ္မဏီကြီးတစ်ခုမှာ ရာထူးလစာ ကောင်းကောင်းနှင့် အလုပ်လုပ်ကိုင်နေပြီး ရှာရွန်ဆိုတဲ့ဇနီးသည်ချောချောလေးနှင့်အတူ ကိုင်ဆိုတဲ့သားလေးတစ်ယောက် ပိုင်ဆိုင်ထားပြီး စိတ်သဘောထားကောင်းတဲ့အတွက် သွားလေရာမျက်နှာပန်းပွင့်ပြီး အဘက်ဘက်က ပြည့်စုံသူတစ်ဦးပါ။ ဒီလိုသာယာနေတဲ့သူ့ဘဝကို မုန်တိုင်းစတင်ဝင်ရောက်တိုက်ခတ်လာတာကတော့ လီဆာဆိုတဲ့အမျိုးသမီးတစ်ယောက် အစမ်းခန့်ဝန်ထမ်းအနေနဲ့ သူတို့ကုမ္ပဏီကို ဝင်ရောက်လာတဲ့အချိန်ပါပဲ။ ဒဲရက်က လီဆာကို သဘောရိုးနဲ့ ပြောဆိုဆက်ဆံလိုက်ပေမယ့် လီဆာတစ်ယောက်ကတော့ တစ်ယောက်တည်းရူး စိတ်ကူးတွေယဉ်ပြီး ဒဲရက်ကို မရမကပိုင်ဆိုင်အောင် ကြိုးစားလာပါတော့တယ်။ ဘာမှမဖြစ်လောက်ပါဘူး ပြီးသွားမှာပါလို့ ဒဲရက်တစ်ယောက်ထင်ထားခဲ့ပေမယ့် လီဆာက လက်မလျှော့ဘဲ မထင်ထားတာတွေလုပ်လာတဲ့အခါ ဒဲရက်တစ်ယောက် ဘယ်လိုဒုက္ခလှလှတွေ့မလဲ သူနှင့်သူမိသားစု ဒီဒုက္ခကနေရော ရုန်းထွက်မလဲဆိုတာ ရင်တမမ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.8 GB)/(884 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2009
Obsessed
Sentinel

ဒီဇာတ်လမ်းထဲမှာတော့ အနာဂတ်မှာ ဂြိုလ်သားတွေက ကမ္ဘာမြေကိုကျူးကျော်သိမ်းယူခဲ့ပါတယ်။ နောက်ဆုံးတိုက်ခိုက်သူတွေ တိုက်ပွဲကျသွားတဲ့အခါမှာ အသက်ရှင်ကျန်ရစ်သူတွေက လကမ္ဘာဆီကိုထွက်ပြေးရင်း ပုန်းကွယ်နေထိုင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာတော့ လပေါ်မှာရှိတဲ့လူသားတွေက တိုက်ခိုက်ရေးဟီးရိုးသုံးဦးကိုရွေးချယ်ပြီး ကမ္ဘာမြေဆီကိုပြန်စေလွှတ်ခဲ့တယ်။ အဲဒီ ဟီးရိုး၃ဦးရဲ့မစ်ရှင်ကတော့ အချိန်ခရီးသွားပြီး ဂြိုလ်သားတွေကိုနှိမ်နင်းပြီးနောက် ကမ္ဘာမြေကိုပြန်လည်သိမ်းယူဖို့ပါပဲ။ လူသားတွေ ကမ္ဘာမြေပေါ်မှာ နဂိုအတိုင်းပြန်နေခွင့်ရနိုင်မလားနဲ့ မစ်ရှင်ကရော အစီအစဥ်အတိုင်းဖြစ်လာမလားဆိုတာကိုတော့.. File size…(1.8 GB)/(890 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra

0 2024 90 mins
Sentinel
A Hipster in Rural Spain

ဒီနှစ်​မှ​အသစ်ထွက်​ရှိလာတဲ့ စပိန်​စကားပြော​ရုပ်ရှင်​လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်း​အမျိုး​အစား​က Romance​/Comedy​ အမျိုး​အစား​ဖြစ်ပြီး ပေါပေါ့ပါးပါး ကြည်ရှုလို့ရမဲ့ ဟာသ​ဇာတ်ကား​လေးဖြစ်ပါတယ်။ ဇာတ်ကား​နာမည်​ရဲ့အဓိပ္ပာယ်က စပိန် ကျေးလက်​ဒေသ​ရောက်​ Hipster​ တစ်ယောက်လို့ အဓိပ္ပာယ်​ရပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ လီနာနဲ့ ကီကေးက အတူနေချစ်သူတွေဖြစ်ပြီး Progressive နိုင်ငံ​ရေး​ပါတီ​တစ်ခုမှာ ပါဝင်​လှုပ်ရှား​နေကြတဲ့ Activist တွေဖြစ်ပါတယ်။ တစ်နေ့မှာ​ ကီကေးက စပိန်​ကျေးလက်​ဒေသ​ပြုပြင်​ပြောင်းလဲ​ရေးအစီအစဥ်အရ ဝေးလံခေါင်​သီတဲ့ လာကညာဒါ​လို့ခေါ်တဲ့တောမြို့လေးကိုစေလွှတ်ခံရပါတယ်။ တကယ်​တော့​ လီနာ​နဲ့သူ့အထက်လူကြီး ဂတ်စပါတို့နှစ်ယောက်တိုင်​ပင်ပြီး ကီကေး​ကိုကန်ထုတ်လိုက်တဲ့သဘောပါ။ မြို့​လေးကို​ရောက်​သွား​ချိန်​မှာတော့ လိင်​တူ​အခွင့်အရေး​​ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျား​မတန်းတူရေး​နဲ့ တိရစ္ဆာန်​အခွင့်အရေး​တွေကို ပါးစပ်​ကမချတဲ့ မက်ဒရစ်မြို့သားကီကေး​နဲ့ ရှေး​အစဥ်အလာ​တွေကို ထိန်း​သိမ်းဖက်တွယ်ထားတဲ့ လာကညာဒါ​မြို့​သူမြို့သားတို့အကြား ပဋိပက္ခ​တွေဖြစ်ပေါ်လာပါတော့တယ်။ ရှေးရိုးစွဲ​မြို့​လေးကို ပြုပြင်​ပြောင်းလဲ​မယ်​ဆိုပြီး​ ကီကေး​တစ်ယောက်​ မြို့​တော်​ဝန်​ ဝင်အရွေးခံဖို့ကြိုးစားရာကနေ ဘာ​တွေ​ဆက်​ဖြစ်​မလဲ​ကြည့်​ရှုရမှာပါ။ ဇာတ်​အိမ်​က​ရိုး​ရှင်းပေမဲ့ ပေါ့​ပေါ့ပါး​ပါး​နဲ့ ကြည်နူး​စရာဇာတ်လမ်းလေးဖြစ်ပြီး စပိန်​နိုင်​ငံကျေးလက်မြို့လေးတစ်ခုမှာ တည်​ထားတာဖြစ်လို့ ဥရောပ​ကျေး​လက်​ရဲ့အငွေ့အသက်တွေကို တဝကြီးတွေ့မြင်ရမှာပါ။ ဥရောပ​ရုပ်ရှင်​နှစ်သက်​သူများ​ ကြည့်​ရှု​သင့်တဲ့​ဇာတ်ကား​လေး​ဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein

Animation • Action • Adventure
0 2024
A Hipster in Rural Spain
Alien Resurrection
6.2

Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ…..အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်…..ထွက်ရှိပြီးသားကားတွေကတော့…… (1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) – အကြည်မထွက်ရှိသေး….. Timeline အရကြည့်မယ်ဆိုရင်တော့….. (1) Prometheus (2012) – 2093 (2) Alien: Covenant (2017) – 2104 (3) Alien (1979) – 2122 (4) Alien: Romulus (2024) – 2142 [အကြည်မထွက်သေး] (5) Aliens (1986) – 2192 (6) Alien³ (1992) – 2197 (7) Alien Resurrection (1997) – 2381 တို့ဖြစ်ပါတယ်……Alien: Romulus (2024) ကလွဲပြီး ကျန်၆ကားလုံးကို CM မှာတင်ဆက်ထားပြီးဖြစ်လို့ ကြည့်ရှုအားပေးနိုင်ပါပြီ….. ***************************************************************************************************************** Alien 3- 1992 ရဲ့ဖြစ်စဉ်အပြီးနှစ်ပေါင်း ၂၀၀ အကြာမှာ စစ်သိပ္ပံပညာရှင်တွေဟာ သေဆုံးသူ Ripley ရဲ့ DNA နမူနာနဲ့ ကိုယ်ပွား Ripley ကိုဖန်တီးခဲ့ပြီး အဲ့ဒီ DNA ထဲမှာ ဂြိုဟ်သားလောင်းလည်းရောပါလာပါတယ်။ သူတို့ရောက်နေတဲ့ Betty စစ်လွန်းပျံပေါ်က အစမ်းသပ်ခံ ဂြိုဟ်မျိုးစိတ်တွေ သောင်းကျန်လာတဲ့အခါ ထွက်ပြေးဖို့ကြိုးစားရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဒီရုပ်ရှင်ထဲမှာ ရူစားကြပါ။ ရုပ်ရှင်ကားကို Archi Thang Gyi မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။ File size…(2.9 GB)/(1.2 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:49:00 Genre… Monster Horror, Sci-fi Epic, Space Sci-fi, Horror, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Archi Thang Gyi

6.2 1997
Alien Resurrection
Labyrinth
7.3

Labyrinth (1986) IMDb Rating (7.3) / Rotten Tomatoes (77%) ” ကိုယ့်ကို ကြောက်ရွံ့ပါ ချစ်ပါ ပြောသလိုနာခံပါ မင်းရဲ့ ကျေးကျွန် ကိုယ်ဖြစ်ပြီးသားပါ ” ” အသင်ဟာ ကျွန်မအပေါ် ထိန်းချုပ်နိုင်စွမ်းမရှိပေ ” ၈၀ ကကားဆိုပေမယ့် မှော်ဆန်ဆန် အိမ်မက်ယောင်ယောင်လေး‌တွေ ကြည့်ရတာ ကြိုက်တဲ့သူတွေအတွက်တော့ ကားကောင်းလေးတစ်ခုပါပဲနော်။ ဇာတ်လမ်းလေးက ဒီလိုလေး ဆာရာဆိုတာက အပျို၀င်စအရွယ်ကလေးမလေးတစ်ယောက် သူ့ရဲ့မိထွေးနဲ့ အဖေဖြစ်သူက ပိတ်ရက်တွေ ကလေးကြည့်ခိုင်းလို့ သူ့မောင်လေးကို ကြည့်မရဖြစ်နေတာပေါ့။ ကလေးစိတ်မကုန်သေးတဲ့ ကောင်မလေးက သူ့မောင်လေးကို ကြည့်နေရင်း ပြောလိုက်တာက ” မှင်စာ‌ တွေလာပြီးနင့်ကိုခေါ်သွားပါစေ ” တဲ့။ ဒါပေမယ့် တကယ်ကြီး မှင်စာတွေက သူ့မောင်လေးကို ခေါ်သွားတဲ့အခါမှာတော့ ဆာရာတစ်ယောက် မှင်စာဘုရင်ကြီးဆီက သူ့မောင်လေးကို ပြန်ခေါ်ဖို့ မောင်လေးရှာပုံတော်ထွက်ရပါတော့တယ်။ ဘုရင်ကြီးရဲ့ ရဲတိုက်ကိုရောက်ဖို့ ဝင်္ကပါတစ်ခုကို သူကျော်ဖြတ်ရတော့တဲ့အခါ ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ ဘယ်လိုသူငယ်ချင်းတွေ ရမှာလဲ။ အကျဉ်းချုပ်အနေနဲ့ကတော့ မိန်းမငယ်လေးတစ်ယောက်အတွက် ကလေးဘ၀နဲ့ လူကြီးဘ၀ကြားက ကြားကာလလေးကို ဘယ်လိုကျော်ဖြတ်သွားသလဲဆိုတာလေးပါပဲ။ Cast အနေနဲ့ကလည်း မှင်စာဘုရင်ကြီးဂျဲရက်အဖြစ် David Bowie နဲ့ ဆာရာအနေနဲ့ကတော့ လှတဲ့နေရာမှာနှစ်ယောက်မရှိတဲ့ မင်းသမီး Jennifer Connelly ပါပဲနော်။ ဒီကားထဲမှာ ၁၅ နှစ်အရွယ်လေးပဲရှိ‌သေးလို့ မှော်ဆန်ဆန်ကားတွေမကြိုက်ရင်တောင် သူနဲ့တင် ကြည့်ဖို့တန်ပါတယ်နော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(2.7 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Family, Fantasy Duration….01:42:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Phu Thet Khin

Horror • Thriller
7.3 1986 102 mins
Labyrinth
The Way We Speak
6.3

The Way We Speak (2024) IMDb Rating (6.3) / Rotten Tomatoes (94%) နာမည်ကျော်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဆိုင်မွန်ဟာရစ်ဆန်က နောက်ဆုံးမှာတော့ သူ့အချစ်ဆုံး သူငယ်ချင်းဂျော့နဲ့ စကားရည်လုပွဲမှာ ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရတော့မှာ ဖြစ်တယ်။ ဂျော့က ကျန်းမာရေးအခြေအနေကြောင့် ဒီပြိုင်ပွဲကို ဆက်လက်မယှဉ်ပြိုင်နိုင်ခဲ့ချိန်မှာ သူ့နေရာမှာ ဆာရပ်ဆိုတဲ့ ခရစ်စယာန် စာရေးဆရာမတစ်ယောက်နဲ့ အစားထိုးစေခဲ့တယ်။ စတိတ်စင်ပေါ်မှာ တည်ငြိမ်တဲ့ပုံစံပေါက်နေတဲ့ဆိုင်မွန်ဟာ တကယ်တမ်းတော့ စိတ်မတည်ငြိမ်နိုင်ဘဲ ကင်ဆာရောဂါခံစားနေရတဲ့ မိန်းမဖြစ်သူနဲ့ အခြေအနေတွေ တင်းမာနေခဲ့သူပါ။ သူ့အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်၊ မိန်းမဖြစ်သူကို စိုးရိမ်ပူပန်တဲ့စိတ်၊ သူ့ရဲ့ အလုပ်ရည်မှန်းချက်တွေ ပျက်စီးသွားမလားဆိုတဲ့ ပူပင်သောကပေါင်းများစွာနဲ့ ဆိုင်မွန်ဟာ သူ့ပြိုင်ဘက်ဆာရပ်ကို ပြိုင်ဘက်တစ်ယောက်အဖြစ် မမြင်တော့ဘဲ ရန်သူတစ်ယောက်အနေနဲ့ မြင်ယောင်လာခဲ့တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ? ဘယ်လောက်ပဲစံနမူနာထားစရာလူတစ်ယောက်ဖြစ်နေပါစေ လက်တွေ့မှာ တစ်ကိုယ်ကောင်းဆန်မှုတွေ မစဉ်းစားမဆင်ခြင်ဘဲ လုပ်လိုက်မိတဲ့အရာတွေဆိုတာ ရှိလာနိုင်တယ်ဆိုတဲ့အချက်ကို ကောင်းကောင်းရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မျက်ရည်လွယ်သူတွေက တစ်ရှူးဆောင်ပြီး ကြည့်ရမယ့် စိတ်ခံစားမှုကို အပြည့်အဝပေးမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ စောင့်ကြည့်ပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.1 GB) / (530 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:27:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Su Mon

Comedy • Drama
6.3 2024 87 mins
The Way We Speak
Holy Family Sveta obitelj
7.1

Holy Family (2024) Sveta obitelj ဒီ ခရိုအေးရှားစကားပြောဇာတ်ကားလေးကို ခရိုအေးရှား-ဆာဘီးယား ဖက်စပ်ရိုက်ကူးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်များကတော့ Luna Pilic (သူမရဲ့ ပွဲဦးထွက် ဇာတ်ကားပါ), Ivan Cuic, Nikola Djuricko, Judita Frankovic စသူတို့က ဦးဆောင်ပါဝင်ထားပါတယ်။ ဇာတ်ညွှန်းရေးသားသူ Slavica Snur နဲ့ Vlatka Vorkapic တို့ဖြစ်ပြီး ဒါရိုက်တာကတော့ Vlatka Vorkapic ဖြစ်ပါတယ်။ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ဇာတ်ကားဆု၊ ဝတ်စားဆင်ယင်မှု၊ သရုပ်ဆောင်၊ ဇာတ်ပို့ စသဖြင့် ဆုပေါင်း ၅ဆုရထားပြီး ဇကာတင်စာရင်း တစ်ကြိမ်ဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၆၀ ခုနှစ်တွေမှာ စလိုဗေးနီးယားရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဘောလ်ကန်ကျေးလက်ရှုခင်းများနဲ့ စလိုဗေးနီးယားရိုးရာ ကျေးလက်မင်္ဂလာဆောင်တစ်ခုကို တွေ့မြင်ရမှာဖြစ်ပြီး ပါးစပ်က ဘုရား၊ ဘုရား လက်က (ဒီဇာတ်ကားမှာတော့ လက်ကမဟုတ်ပါ) ကားယားကားယား လုပ်ကြပုံကတော့ ကမ္ဘာရဲ့ ဘယ်နေရာမှာမဆို ဘယ်ဘာသာဝင်တွေမှာမဆိုမြင်ရတတ်တယ် ဆိုတာ သက်သေခံပါလိမ့်မယ်။ ဇာတ်အဖွင့်ကတော့ ဘော့စ်နီးယားကနေ လာရောက်အလုပ်လုပ်တဲ့ နေ့စားအလုပ်သမလေး ယန်ညာ (Luna Pilic)ကို သူ့အလုပ်ရှင် မြေပိုင်ရှင်သူဌေး မာကို (Nikola Djuricko)က သူ့ရဲ့တစ်ဦးတည်းသောသားနဲ့ လက်ထပ်ပေးဖို့ ကမ်းလှမ်းလာပါတယ်။ ဘာကြောင့် ဒီလို လုပ်ရတာလဲ၊ နောက်ကွယ်က အကြောင်းရင်းတွေက ဘာဖြစ်မလဲ၊ ယန်ညာရဲ့ ဘဝလေးကရော သာယာသွားနိုင်ပါ့မလား ဆိုတာကို ဆက်လက်ရှုစားကြပါ။ အပြောအဆိုတစ်ချို့နဲ့ ကိုယ်တီးလုံးမြင်ကွင်းတစ်ချို့၊ လိင်ဆက်ဆံခန်းတစ်ချို့ ပါဝင်လို့ ကြည့်ရှုသူများဆင်ခြင်သင့်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန် Thompson ဖြစ်ပါတယ်။) File size… (1.5 GB) / (900 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Romance Duration…. 01:56:15 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thompson

Drama
7.1 2024 115 mins
Holy Family Sveta obitelj