YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Top.1.2024.1080p.mp4

926.6 MB 1080p video/mp4 1331 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Etharkkum Thunindhavan
6.2

ဟယ်လို ..ဘာ ကျွန်မသားကလူနှစ်‌ယောက်ကိုသတ်တယ်ဟုတ်လား မဖြစ်နိုင်တာ..။။ ယောကျာ်းရေ ကျွန်မတို့သားကလူနှစ်ယောက်ကိုသတ်လိုက်လို့ ဆိုပြီးဖုန်းဆက်နေတယ် -လိမ်နေတာ သူတကယ်သတ်တာလေးယောက် IMDb 8.3ထိရရှိထားတဲ့ဒီကားဟာ 2019ခုနှစ် အိန္ဒိယနိုင်ငံရဲ့ Pollachi ရွာလေးမှာဖြစ်ပျက်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာကိုယ်ထိလက်ရောက်ကျူးလွန်မှုကိုအခြေခံပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ကားတစ်ကားပဲဖြစ်ပါတယ် သားဖြစ်သူသဘောကျနေတဲ့ကောင်မလေးကို တင်တောင်းလို့မရရင်ပြန်ပေးဆွဲကွာဆိုပြီး ဝိုင်းမြှောက်ပေးကြတဲ့ အဖေနဲ့အမေမျိုးရှိတဲ့မိသားစု ဟာဆိုရင်ဖြင့်အတော်ဗရုတ်ကျစရာနဲ့ ခွီနေရမှာပါ ဟုတ်ပါတယ် ကန်နာဘီရန်လို့ခေါ်တဲ့ရှေ့နေရဲ့မိဘတွေက ဒီလိုမျိုးတွေပါ သားဖြစ်သူကလမ်းမှားမလျှောက်ဘူးဆိုတာ အမြဲယုံကြည်ထားကြတဲ့လူတွေပါ ဒါပေမယ့်မိန်းမခိုးပွဲနေ့ကြီးမှာတော့ ထင်မှတ်မထားတာဖြစ်လာခဲ့ပါတယ် ခိုးပြေးမယ့်မိန်းမရဲ့ သူငယ်ချင်းဖြစ်သူက အန္တရာယ်ဖြစ်နေပြီဆိုပြီးသတင်းရတော့ သွားကယ်တင်ရင်း သိလာခဲ့ရတဲ့အမှန်တရားတွေ... တစ်မြို့လုံးကမိန်းကလေးတွေနဲ့အကျပ်ကိုင်ခြိမ်းခြောက်လာတဲ့အခါမှာတော့ ဒီကိစ္စကသာမန်မဟုတ်တော့ပါဘူးနောက်ကွယ်က အကျပ်ကိုင်သူဟာသူမယှဉ်နိုင်တဲ့လူဖြစ်နေတဲ့အခါ ဘယ်လိုလှည့်ကွက်တွေသုံးမှာလဲ ၇၅ကုဋေထိအကုန်အကျခံရိုက်ကူးထားပြီး လူကြိုက်များ Rating များတဲ့ဇာတ်ကား ဖြစ်တာကြောင့် အခုပဲအပြေးကြည့်ရှုနိုင်ကြဖို့ တင်ဆက်ပေးလိုက်ရပါတယ် (အညွှန်းရေးသားသူက Yunniဖြစ်ပါတယ်) File size…3GB / 1.45GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Jerrica & Yunni

Drama • Thriller
6.2 2022 151 mins
Etharkkum Thunindhavan
The Great Gatsby
7.4

(၁) တစ်စထက်တစ်စ ဝင်းပလင်းဖြာလာတဲ့ လရိပ်အောက်က... လူသူကင်းမဲ့ရာ ကမ်းဆိပ်စွန်းတံတားပေါ် ကျွန်တော်ရပ်နေခဲ့တယ်။ ဟိုတစ်ဖက်ကမ်း တုရှုက အမှောင်ရိပ်ထဲမှာတော့... အလင်းပွင့်စိမ်းကလေးဟာ တောက်ပတစ်လှည့် မှိန်ဖျော့တစ်လှည့်နဲ့ နီးလာသလိုလို... ဝေးသွားသလိုလို...။ (၂) ဒီအလင်းပွင့်စိမ်းကလေးဟာ ကျွန်တော့်အတွက်တော့ ကျွန်တော်ဉာဏ်မမီနိုင်ပါတဲ့ လောကကြီးရဲ့ အမှတ်သညာပါပဲ။ ဂတ်စ်ဘီအတွက်တာ့ မတူခဲ့ဘူးပေါ့။ (၃) ကျွန်တော်လူရည်မလည်သေးခင် လူမမည်ဘဝမှာ အဖေက ကျွန်တော့်ကို ဆုံးမခဲ့ဖူးတယ်။ " သူများကို ဝေဖန်မယ်တွေးတိုင်း လူတိုင်းက မင်းလိုမျိုး လောကရဲ့မျက်နှာသာပေး မခံခဲ့ရဘူးဆိုတာကို သတိရ"တဲ့။ ဒီစကားကြောင့် ကျွန်တော် ဘယ်သူ့ကိုမှ ကိုယ့်ဘက်ကအမြင်နဲ့ အကဲဖြတ်ဝေဖန်လေ့မရှိပေမဲ့ ဂတ်စ်ဘီကိုတော့ ကျွန်တော်အကဲဖြတ်စောခဲ့မိတယ် ထင်ပါတယ်။ အဖေ့ဆုံးမစကားက သိပ်မှန်ခဲ့တယ်။ (၄) မျှော်လင့်ခြင်းဆိုတာ ဘာများလဲ။ ဒါမျိုးအမေးက အဖြေတိတိပပရှိတဲ့ အမေးတော့ မဟုတ်ဘူးပေါ့။ သို့ပေမဲ့ ဂတ်စ်ဘီအတွက်တော့ မျှော်လင့်ခြင်းဆိုတာ ဒီအလင်းပွင့်စိမ်းကလေးပါပဲ။ လဲကျလိုက် တစ်စစီပြန်ကောက်လိုက် ဘဝမှာတောင် ဒီမျှော်လင့်ချက်ကလေးကို ဂတ်စ်ဘီ မစွန့်လွှတ်ခဲ့ပါဘူး။ သူမျှော်လင့်တဲ့အနာဂတ်တစ်ဖြစ်လဲ သူ့အိပ်မက်တစ်ဖြစ်လဲ ဒီအလင်းပွင့်စိမ်းကလေးဆီ ဂတ်စ်ဘီ ခရီးရှည်ကြီးကိုဖြတ်သန်းပြီး လာခဲ့တယ်။ သူဟာ မျှော်လင့်ချက်တစ်ခု အချစ်တစ်ခုနဲ့ ဒါကိုတာက တဲကုပ်ကလေးကနေ ကျွန်တော်ကျောခိုင်းထားတဲ့ စံအိမ်ကြီးဆီအထိ အရောက်လှမ်းခဲ့တယ်။ ကျွန်တော့်ရောင်းရင်းကြီး ဂတ်စ်ဘီဟာ ဒီလောက်ထိမျှော်လင့်ချက်ကြီးခဲ့ အချစ်ကြီးခဲ့ ဝဋ်ကြီးခဲ့တဲ့သူပါ။ ကျွန်တော့်ဘဝမှာ မြင်ဖူးသမျှလူတွေထဲ ဂတ်စ်ဘီဟာ မျှော်လင့်ချက်အကြီးဆုံးလူလို့ ကျွန်တော်ပြောရဲတယ်။ (၅) ဂတ်စ်ဘီရဲ့ ဒီအလင်းပွင့်စိမ်းကလေးဟာ ကျွန်တော့်ညီမဝမ်းကွဲ ဒေစီလို့ပြောရင်လည်း မမှားဘူးပေါ့။ ကျွန်တော် ဂတ်စ်ဘီကို ပထမဆုံးတွေ့တာက နယူးယောက်က ပါတီတစ်ခုမှာပါ။ နယူးယောက်ဆိုတာထက် ဝက်စ်အက်ဂ်ပေါ့ဗျာ။ ဒေစီကတော့ ဝက်စ်အက်ဂ်နဲ့ ပင်လယ်အော်ကြီးခြားထားတဲ့ တစ်ဖက်ကမ်းက အိစ်အက်ဂ်မှာနေတယ်။ ဘယ်လောက်ပဲချမ်းသာပါစေ ခေတ်ပျက်သူဌေးတွေဟာ မျိုးနဲ့ရိုးနဲ့ချမ်းသာတဲ့ လူကုံထံတွေနေတဲ့ အိစ်အက်ဂ်ကို မကပ်နိုင်ခဲ့တာများလားပါပဲ။ ကျွန်တော့်ရောင်းရင်းကြီး ဂတ်စ်ဘီဟာ ဒေစီနဲ့နီးချင်လို့ ဒေစီ့အိမ်တစ်ဖက်ကမ်းက အိမ်ကိုဝယ်ခဲ့တယ်။ တစ်နေ့နေ့မှာ ဒေစီများ ရောက်လာမလားဆိုပြီး ခြိမ့်ခြိမ့်သဲစည်ကားတဲ့ ပါတီကြီးတွေပေးခဲ့တယ်။ သူငါးနှစ်လုံး အရိပ်မှမမြင်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်အတွက် ဒီလောက်ထိလုပ်ခဲ့တဲ့သူပါ။ ဒေစီ့ကိုချစ်မိခဲ့တဲ့ လွန်ခဲ့တဲ့ငါးနှစ်ကစပြီး ဂတ်စ်ဘီဟာ သူ့ဘဝတစ်ခုလုံးကို ဒေစီ့ပေါ်ပုံအောလိုက်တဲ့အထိ အချစ်ကြီးခဲ့တဲ့သူပါပဲ။ (၆) နယူးယောက်က Queensboro တံတားကြီးကို ဖြတ်လိုက်ပြီးတာနဲ့ ဘာမဆိုဖြစ်လာနိုင်မယ်လို့ ကျွန်တော်ထင်မှတ်မှားခဲ့သလို ဂတ်စ်ဘီလည်း သူဘာမဆိုဖြစ်လာနိုင်မယ်လို့ ထင်မှတ်မှားခဲ့ပုံပါပဲ။ ဘယ်လိုပဲ အတိတ်ကံမကောင်းခဲ့ပါစေ ဒေစီနဲ့အတူ အတောက်ပဆုံးအနာဂတ်လေးကို ဖန်တီးနိုင်လိမ့်မယ်လို့ ဂတ်စ်ဘီ ထင်မှတ်ခဲ့တယ်။ တစ်ချိန်က တိမ်လိုလေလို လွင့်သွားခဲ့တဲ့ သူတို့ရဲ့ ချစ်ကမ္ဘာကြီးကို ပြန်တည်ဆောက်နိုင်မယ်လို့ ဂတ်စ်ဘီ ယုံကြည်ခဲ့တယ်။ ဒီလောကကြီးဟာ ကျွန်တော်တို့ထင်သလို လည်ပတ်နေတာ မဟုတ်ခဲ့တာကိုတော့ ဂတ်စ်ဘီရော ကျွန်တော်ရော မသိခဲ့ကြဘူးပေါ့။ ဒီမြက်ခင်းလဲ့ပြာတွေဆီအထိ ခရီးရှည်ကြီးလာခဲ့ရတဲ့ ဂတ်စ်ဘီဟာ ဝက်စ်အက်ဂ်နဲ့ အိစ်အက်ဂ်ကြားက ပင်လယ်အော်လေးကိုတော့ ဘယ်လိုမှ မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ သူ ဘယ်လိုပဲကြိုးစားပြေးလည်း ဒေစီဆိုတဲ့ မီးပွင့်စိမ်းလေးဟာ သူ့အနောက်မှာ ကျန်ရစ်ခဲ့ပြီးသားဖြစ်နေလေတော့ သူ ဘယ်လိုမှ လက်လှမ်းမမီနိုင်ခဲ့ဘူးပေါ့။ (၇) သူမမီနိုင်ပါတဲ့ အိပ်မက်ကလေးနောက် ဂတ်စ်ဘီလိုက်ခဲ့တယ်။ သူ့အိပ်မက်ကလေးဟာ သူ့မျက်စိရှေ့တင်ရောက်နေပြီလို့ သူထင်ခဲ့တယ်။ ကျိန်းသေပေါက်ဖမ်းဆုပ်နိုင်ပြီလို့ ထင်မှတ်မှားခဲ့တယ်။ စစကတည်းကိုက သူ့အိပ်မက်ကလေးဟာ သူ့နောက်မှာ ကျန်ရစ်ခဲ့ပြီးသားဖြစ်နေတာကိုတော့ သူမသိခဲ့ပုံပါပဲ။ အလင်းပွင့်စိမ်းကလေးကို ဂတ်စ်ဘီ ယုံကြည်မျှော်လင့်ခဲ့ဖူးတယ်။ အလင်းပွင့်စိမ်းကလေးဟာ ကျွန်တော်တို့မျက်စိရှေ့တင်ပဲ တစ်စထက်တစ်စ မှေးမှိန်လာရင်း အဆုံးကျ ဂတ်စ်ဘီ လက်လွှတ်လိုက်ရတာပါပဲ။ ပသို့ပဲဆိုဆို ဂတ်စ်ဘီဟာ အရင်လိုဘ၀အစမှာ ပြန်ပြီးနေခွင့်ရခဲ့လည်း ဒေစီ့အတွက် အပြန်တစ်ရာမိုက်ဦး အဖန်တစ်ရာမှားဦးမယ့် သူဆိုတာ ကျွန်တော်သေချာနေတယ်။ (၈) ခင်ဗျားကို ကျွန်တော် "အတိတ်ကို ပြန်ပြင်လို့မရဘူး"လို့ ပြောတုန်းက "အတိတ်ကို ပြန်ပြင်လို့မရဘူးဆိုတဲ့ ခင်ဗျားအယူအဆမှားတယ်ဗျ"လို့ ခင်ဗျား ကျွန်တော့်ကို ပြန်ပြောခဲ့တာ မှတ်မိသေးလား ဂတ်စ်ဘီ။ ခင်ဗျားပြောသလို ကျွန်တော် မှားလိုက်ချင်ပါတယ်။ ခင်ဗျားရဲ့ အလင်းပွင့်စိမ်းကလေးကို ခင်ဗျား လက်လွတ်လိုက်ရတာကို ကျွန်တော်မမြင်ချင်ပါဘူး။ ဘယ်သူတစ်ဦးတစ်‌ယောက်ကမှ ဖျက်ဆီးမပစ်နိုင်တဲ့ အိပ်မက်တစ်ခုကို ဖုံးကွယ်ရင်း ကျွန်တော်တို့ရှေ့ ခင်ဗျားရပ်နေတဲ့အချိန်မှာ ကျွန်တော်တို့ ခင်ဗျား ဘယ်သူဆိုတာကို မှန်းဆခဲ့ကြဖူးတယ်။ ခင်ဗျားဘဝကို နားမလည်ပါဘဲ ခင်ဗျားကို အထင်မှားဖူးကြတယ်။ ကျွန်တော်လည်း ဒီအတိတ်ကို ပြန်ပြင်ချင်မိတယ်။ ပြန်ပြင်လို့ရမှာမဟုတ်တာတော့ သေချာသလောက်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ နောက်နေ့တွေမှာ ကျွန်တော်တို့ ပိုကြိုးစားပြေးပြီး ကျွန်တော်တို့လက်တွေကို ပိုဝေးဝေး ဆန့်ထုတ်ကြမယ်။   တစ်နေ့နေ့မှာတော့...    ရေစီးလားရာကို စုန်ကန်ပြီး     အတိတ်နေ့တွေဆီ လမ်းမသွေဖီ,      လည်ပြန်ခေါ်ကာသွားမယ့်       လှေတွေကို        ကျွန်တော်တို့အတူ လှော်ခတ်ကြတာပေါ့။                                              - နစ်ကာရာဝေး ------ (၉) F. Scott Fitzgerald ရဲ့ The Great Gatsby ဝတ္တုဟာ သူ့ကို ပြန်ရိုက်ခဲ့ကြတဲ့ ရုပ်ရှင်များစွာထက် ပိုကျော်ကြားတဲ့ ဂန္တဝင်ဝတ္တုကြီးပါ။ ဇာတ်လမ်းသက်သက်ကြည့်ရင် အချစ်ကြီးတဲ့သူတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲလို့ ယူဆလို့ရပေမဲ့ ထိုခေတ်ထိုအခါက အမေရိကန်အိပ်မက်တွေအကြောင်းကို သူ့အရေးအသားပညာနဲ့ metaphor တွေကို သုံးပြီး သရော်ထားတယ်လို့ ဆိုကြပါတယ်။ ရှာဖတ်ကြည့်သလောက်တော့ နောက်ဆုံးအပိတ်စာသားဆို နိမိတ်ပုံခေါ်ရမလားတော့မသိတဲ့ဟန်တွေရော တင်စားရေးသားမှုတွေရောသမထားတဲ့ ကဗျာစာကြောင်းဆန်ဆန်ဖြစ်နေတာကြောင့် ပရိသတ်တွေကြား အဓိပ္ပာယ်နည်းနည်းစီ ကွဲနေကြအထိပါပဲ။ အကောင်းမြင်တဲ့ဘက် ရောက်တဲ့စာကြောင်းပေမဲ့ b တွေအများကြီးသုံးထားတာက အတိတ်ရဲ့အလဲထိုးခံရတဲ့ ဂတ်စ်ဘီ့အဖြစ်ရဲ့ အငွေ့ပါအောင် B, beat down နဲ့ P, past ရဲ့ အငွေ့ပါအောင်သုံးထားတယ်လည်း ဆိုကြပါတယ်။ သို့ပေမဲ့ ဒီလိုစကားလုံးတွေက ကဗျာလို စကားလုံးတွေထက် ကျော်လွန်တဲ့ခံစားမှုကို ပေးချင်တဲ့အခါ သုံးကြတယ်လို့ ကျွန်တော်တော့မှတ်ယူပါတယ်။ ပြောရရင် ခံစားသူပေါ် ပိုမူတည်တယ်ထင်ပါတယ်။ ဒါရိုက်တာကလည်း ရှေ့စကားလုံးတွေမှာ စာအုပ်အတိုင်းအတိအကျယူတာနည်းပေမဲ့ ဒီအပိတ်ကိုတော့ အတိအကျကိုထည့်သုံးထားပါတယ်။ ဒါရိုက်တာဟာ စာအုပ်ကို သစ္စာမဖောက်ခဲ့ပါဘူး။ (၁၀) သရုပ်ဆောင်တွေမှာလည်း တိုဘီမက်ဂွိုင်းရားရဲ့ ဆွေးမြေ့မြေ့အသံဟာ စိတ်ကိုအတော်ဖမ်းစားနိုင်သလို လီယိုနာဒိုဆို ဂတ်စ်ဘီဇာတ်ရုပ်နဲ့ သူ့ထက်လိုက်မယ့်သူရှိမယ်မထင်လို့ ရှေ့ကားတွေကို ခုထိမကြည့်ဖြစ်တဲ့အထိပါပဲ။ ကျန်တဲ့သရုပ်ဆောင်တွေလည်း သူ့နည်းသူ့ဟန်ပီပြင်ကြသလို ဆုတွေလည်းရခဲ့ကြပါတယ်။ အော်စကာမှာ Best Production Design ဆုနဲ့ Costume Design ဆုရခဲ့သလို Cinematography ဆု, Editing ဆု၊ Original Score ဆုနဲ့ သရုပ်ဆောင်ဆုတွေကိုလည်း တခြားပွဲတွေက ရထားပါတယ်။ ရလည်းရသင့်ပါတယ်။ စီနီမာတို အသံ အခန်းအကူးတွေအကုန်လှပနေတဲ့ ဇာတ်လမ်းအရသာမက အမြင်ပိုင်း အသံပိုင်းအရပါ ဖမ်းစားနိုင်တဲ့ ရုပ်ရှင်ပါပဲ။ (၁၁) ဒါရိုက်တာ Baz Luhrmann ဟာ လီယိုနဲ့ရှေ့မှာ ရိုမီယိုဂျူးလီယက်ကားရိုက်ဖူးသလို Moulin Rouge တို့ Australia တို့လို အလှပဆုံးကားတွေကို ရိုက်ခဲ့တဲ့သူပါပဲ။ မဝေဖန်တတ်ပေမဲ့ တော်တော်လှလှပပပြတတ်တဲ့ ဒါရိုက်တာဆိုတာတော့ သေချာပါတယ်။ (၁၂) ပရိသတ်အတွက် ကားကောင်းဖြစ်သည့်တိုင်အောင်ပဲ ဝေဖန်ရေးသမားတွေကြားတော့ နှစ်ခြမ်းကွဲခဲ့ကြတဲ့ ရုပ်ရှင်ပါပဲ။ ရှေ့ကားတွေရော မူရင်းစာအုပ်ကြောင့်ရောကြောင့် ဖြစ်နိုင်ပေမဲ့ ကျွန်တော်တော့ တင်ဘာတန် ချာလီနဲ့ ချောကလက်စက်ရုံရဲ့ အရသာကို မူလကားက မီမယ်မထင်သလို ‌ဒါကိုလည်းမထင်ပါဘူး။ ကိုယ့်ရဲ့ပထမဆုံးအရသာတွေဟာ အကောင်းဆုံးဖြစ်သွားတတ်တာပဲမို့လား။ ဝေဖန်ရေးသမားတွေနှစ်ခြမ်းကွဲခဲ့ကြပေမဲ့ စာရေးဆရာရဲ့ မြေးမကတော့ ဒီရုပ်ရှင်ကို ချီးကျူးခဲ့ပြီး "Scott would have been proud"လို့ ထောပနာပြုခဲ့ပါတယ်။ (၁၃) The Great Gatsby ဟာ ကျွန်တော့်အတွက်တော့ ခဏခဏ သတိအရမိဆုံး ရုပ်ရှင်ပါပဲ။ စိုင်းခမ်းလိတ်နဲ့ စိုင်းထီးဆိုင်ဆီကထွက်တဲ့ သီချင်းတွေထဲ ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ "အချစ်ဆိုတဲ့အရသာ" သီချင်းကို နားထောင်တိုင်း သတိရမိနေကျ ရုပ်ရှင်လည်းဟုတ်ပါတယ်။ အချစ်ဆိုတဲ့အရသာဟာ ကျွန်တော်ရံဖန်ရံခါနား‌ထောင်ဖြစ်တဲ့ သီချင်းဖြစ်သလို ဒုတိယပိုဒ် "အရင်လို ဘ၀အစမှာ ပြန်ပြီးနေခွင့်ရတောင် အပြန်တစ်ရာမိုက်ဦးမှာ အဖန်တစ်ရာမှားဦးမှာ" နားရောက်တိုင်း ဂတ်စ်ဘီကို ပြေးမြင်မိစေတဲ့ သီချင်းလည်းဟုတ်ပါတယ်။ ဂတ်စ်ဘီဟာ ကျွန်တော့်အတွက် ခဏခဏ အမှတ်ရမိနေလောက်အောင် စွဲစေတဲ့ ရုပ်ရှင်ပါပဲ။ The Great Gatsby (2013) ဟာ မော်ဒန်ကလပ်စစ်ရုပ်ရှင်အဖြစ် သတ်မှတ်ခံရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.5GB, 1.36GB, 652MB Quality - Blu-ray 1080p, 720p, 360p IMDb Rating - 7.2/10 Format - mp4 Duration - 2H 23Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror
7.4 2013 143 mins
The Great Gatsby
Nanny McPhee and the Big Bang
6.1

Nanny McPhee and the Big Bang (2010) ================================ နာနီမက်ဖီးရဲ့ နောက်ဆက်တွဲအနေနဲ့ ဒုတိယကား ထပ်မံထွက်ရှိလာပါတယ်. ဘယ်လိုမှဖြေရှင်းလို့မရဘူးလို့ ထင်ရတဲ့ ပြဿနာတွေ တစ်ပုံတစ်ပင်နဲ့ မိသားစုတစ်စုဆီကို ကယ်တင်ဖို့ ထပ်မံရောက်ရှိလာရပါပြီ။ စစ်ပွဲကာလနောက်ခံထားပြီး ကျေးလက်ဒေသ အငွေ့အသက်ကလေးတွေ ပါတဲ့ ဒီဇာတ်လမ်းမှာ ဝမ်းကွဲတွေ လာလည်ကြတဲ့ ထုံးစံ၊ ကျေးလက်ဒေသက ကလေးတွေရဲ့ အမူအကျင့်တွေ၊ နေထိုင်မှုထုံးစံတွေနဲ့ ဒီဇာတ်လမ်းမှာတော့ ပြဿနာတွေ ဖြေရှင်းဖို့ ရောက်လာတဲ့ နာနီမက်ဖီးကို ဘယ်လိုအခက်အခဲ တွေက ကြိုဆိုနေမလဲ. မိသားစုတစ်စုမှာ ဘယ်လိုအရာတွေ လိုအပ်မလဲ. ဆိုတာကို သင်ခန်းစာပေးသွားမလဲ ဆိုတာကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.67GB / 693MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 49m Genre ….. Comedy , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali

Action • Adventure • Drama
6.1 2010 109 mins
Nanny McPhee and the Big Bang
[18+] Maliko
5.9

ဆွီတီကဆေးကိုယ်စားလှယ်မလေးတစ်ယောက်ဖြစ်ပြီး သူ့ဆေးတွေအရောင်းသွက် စျေးကွက်ရစေဖို့အတွက် ဘာမဆိုပေးမဆပ်ဖို့ဝန်မလေးသူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့တော့ စျေးကွက်ချဲ့ထွင်ဖို့အတွက် မာလီကိုဆိုတဲ့ တောမြို့လေးတစ်ခုကိုရောက်လာခဲ့ပြီး အဲ့ဒီမြို့သူ ပြောင်းဖူးသည် ရွာသူမလေးတစ်ယောက်ကိုသဘောကျသွားရာကနေ နည်းမျိုးစုံနဲ့ချဉ်းကပ်ပါတော့တယ်။ဒီကားမှာတော့ မာလီကိုမြို့ရောက် ဆွီတီရဲ့စွန့်စားခန်းတွေကိုရှုစားရမှာဖြစ်ပါတယ်။ ဆွီတီအဖြစ် စင်တင်မိတ်ဆက်ပေးထားတာကတော့ တစ်တော့ဆယ်လီမလေး Aica Veloso ပါပဲ။ File size_(650MB)/(320MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:49:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5.9 2024 48 mins
[18+] Maliko
The King Tide
6.5

IMDb 6.5 ရရှိထားတဲ့ Drama/Mystery/Thriller ရုပ်ရှင်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်းငယ်လေးတစ်ခုပေါ်က ရွာလေးတစ်ခုမှာ အိုင်လာဆိုတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်။ အိုင်လာမှာ ထူးခြားတဲ့ပါရမီစွမ်းအားတစ်ခုရှိပါတယ်။ ဒါကတော့ သူမက ဒဏ်ရာတွေကို စိတ်စွမ်းအင်နဲ့ကုသပေးနိုင်တာပါ။ အိုင်လာဟာ ဒီကျွန်းလေးပေါ်ကို လျှို့ဝှက်ဆန်းကြယ်စွာနဲ့ရောက်လာခဲ့တာပါ။ အိုင်လာကို ရွာသူကြီးဖြစ်တဲ့ ဘော်ဘီတို့မိသားစုကမွေးစားထားပါတယ်။ ဒီကျွန်းရွာလေးရဲ့ထူးခြားချက်ကတော့ ဒီရွာလေးမှာနေထိုင်တဲ့သူတွေဟာ ပြည်မကြီးနဲ့အဆက်အသွယ်မလုပ်ကြဘဲ တံငါလုပ်ငန်းနဲ့ပဲ သီးခြားရပ်တည်လာကြတာ ဆွေစဉ်မျိုးဆက်ရှိနေပြီဖြစ်တာပါ။ ဒါ့အပြင် ရွာသူရွာသားတွေဟာ ထိခိုက်ဒဏ်ရာရ နေထိုင်မကောင်းဖြစ်တိုင်း အိုင်လာနားကိုသွားလိုက်တာနဲ့ လုံး၀သက်သာပျောက်ကင်းသွားကြတာပါ။ ဒီလိုနဲ့ ရွာသူရွာသားတွေဟာ အိုင်လာလေးရဲ့ကျေးဇူးကြောင့် တစ်ရွာလုံး အသေအပျောက် အထိအခိုက်မရှိဘဲ နေထိုင်လာကြတာ အိုင်လာ‌လေး ကျွန်းပေါ်စရောက်လာတဲ့နေ့ကတည်းကပါပဲ။ ဒါပေမဲ့ အိုင်လာရဲ့အဖွားဟာ အိုင်လာ့ကို လူသားတစ်ယောက်လိုမဆက်ဆံဘဲ ဓာတ်ခွဲခန်းထဲက အစမ်းသပ်ခံကြွက်သဖွယ် လိုတာထက်ပိုပြီးအမြတ်ထုတ်အသုံးချဖို့ ကြိုးစားလာတဲ့နောက်မှာတော့ ဒီကျွန်းရွာလေးဟာ ငါးပါးမှောက်ဖို့ရာအကြောင်းဖန်လာပါတော့တယ်။ File size…(1.2 GB)/(590 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:40:00 Genre… Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Action • Thriller
6.5 2023
The King Tide
Two Blue Hearts aka Dua Hati Biru
7.8

Two Blue Hearts (2024) Original title: Dua Hati Biru Genre – Drama, Family 2019 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ အင်ဒိုနီးရှား လူငယ်ပညာပေး ဒရမ်မာကားကောင်းလေး ဖြစ်တဲ့ (Two Blue Stripes) နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ ရုပ်ရှင်သစ်လေး ဖြစ်ပါတယ်။ ဒါကြောင့် CM မှာလည်း ဒီရှေ့ကကားလေးကို တင်ပေးထားတဲ့အတွက် အရင်သွားကြည့်ပြီးမှ ဒီကားလေးကို ခံစားမယ်ဆိုရင်တော့ ပိုပြီးတော့ ပြည့်စုံပါလိမ့်မယ်ဗျ။ ဒီတော့ ပထမကားလေးမှာ ဘီမာနဲ့ ဒါရာတို့ အထက်တန်းကျောင်းသားဘဝမှာတင် လူငယ်သဘာဝကျူးလွန်ပြီး ကိုယ်ဝန်ရခဲ့တာ နောက်ဆုံးကလေးမွေးပြီး ဒါရာတစ်ယောက် ကိုရီးယားကို ထွက်သွားတယ်၊ ဘီမာတစ်ယောက်လည်း မိဘ နှစ်ပါးနဲ့အတူ ဒီသားလေးကို မိန်းမ ကိုရီးယားသွားတုန်း ပြုစုပျိုးထောင်မယ်ဆိုပြီး ပြီးသွားခဲ့ပါတယ်။ အခု ဒီဇာတ်ကားလေးမှာတော့ သူတို့သားလေးက ၄ နှစ် ရှိနေပါပြီ။ ဒါရာတစ်ယောက်လည်း ကိုရီးယားကနေ ပြန်ရောက်လာခဲ့ပါပြီ။ ခက်တာ ကလေးက ဖုန်းထဲမှာတော့ သူ့အမေကို သိပေမဲ့လည်း အပြင်မှာ တကယ်တမ်းကျ လက်မခံသေးပဲ သူ့အမေ မဟုတ်ဘူးဆိုပြီး ဂျစ်တိုက်နေတာပေါ့။ နောက်ပြီး အဘိုး အဘွားတွေ အလိုလိုက်ထားပေးတာကြောင့် ကလေးက ဒီလို နည်းနည်းဆိုးနေရတယ်ဆိုပြီး မိခင်တာဝန်ကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ချည်းကပ်ချင်လာတဲ့ ဒါရာတစ်ယောက် သားလေးဖြစ်သူနဲ့ ဘယ်လိုတွေ ရင်းနှီးမှုရအောင် ပြန်ယူမလဲ။ ဘီမာတစ်ယောက်လည်း ရရာအလုပ်လေးနဲ့ မိဘနှစ်ပါးကိုရော သားဖြစ်သူရောအတွက် ကြိုးစားရုန်းကန်နေရာကနေ ဒါရာပြန်ရောက်လာတော့ ဘယ်လိုမျိုး တစ်အိုးတစ်အိမ် မိသားစုလေးကို ထူထောင်ကြမလဲ ချမ်းသာတဲ့ ဒါရာတို့ မိသားစုဖက်ကနေ ဘယ်လိုတွေ ပြန်ဝင်ပါလာပြီးတော့ ဘယ်လို အခက်အခဲတွေ ကြုံပြီး ကျော်လွှားကြဦးမလဲဆိုတာကို ကြည့်ရမယ့် အင်ဒိုနီးရှား မိသားစုဒရမ်မာကောင်းလေးပဲ ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)

7.8 2024 106 mins
Two Blue Hearts aka Dua Hati Biru
Fuchsia Libre
5.5

Fusha Libre ဟာ အက်ရှင်၊ ဟာသအမျိုးအစားဖိလစ်ပိုင် ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ မိခင်ဆုံးပါးပြီးတဲ့နောက် တစ်ဦးကိုတစ်ဦးမှီခိုနေထိုင်လာကြတဲ့ဒန်နီနဲ့အိုလီဗာတို့ဟာ သိပ်ချစ်ကြတဲ့သားအဖတွေဖြစ်ပါတယ်။ ငယ်ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ်ဂေးမှန်းသိနေခဲ့တဲ့ အိုလီဗာဟာ ယောကျ်ားပီသစေချင်တဲ့ဖခင်ရဲ့ဆန္ဒကြောင့် သူ့ပုံစံမှန်ကိုမျိုသိပ်ရင်း ကြီးပြင်းလာခဲ့ရပါတယ်။ လူပျိုအရွယ်ရောက်လာတဲ့အခါမှာတော့ အိုလီဗာက ယောကျ်ားလေးချင်းရည်းစားထားနေတာကိုသိသွားတဲ့ဒန်နီက အိုလီဗာကိုစိတ်ဆိုးပြီး သားအဖဆက်ဆံရေးကိုလည်းဖြတ်ပစ် ခဲ့ပါတယ်။ အိုလီဗာက ဘဝကိုကြိုးစားရုန်းကန်ရင်း သူတည်ထောင်ထားတဲ့ အားကစားခန်းမလေးကိုကယ်တင်နိုင်ဖို့ ကြေးကြီးတဲ့ မြေအောက် လက်ဝှေ့ကြိုးဝိုင်းတစ်ခုမှာ ဝင်ထိုးဖို့ဖြစ်လာခဲ့ပါတယ်။ အိုလီဗာထင်မထားခဲ့တာက သူ့အဖေဒန်နီဟာ လက်ဝှေ့ပွဲကျင်းပ သူတွေထဲကတစ်ယောက်ဖြစ်နေတဲ့အပြင် သူပတ်သက်ခဲ့မိတာက သာမန်တရားမဝင်လက်ဝှေ့ကြိုးဝိုင်းလေးတစ်ခုမဟုတ်ဘဲ ရက်စက်တဲ့ လူသတ်မှုတွေ၊ ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ဂိုဏ်းကြီးတစ်ခု ဖြစ်နေပါတော့တယ်။ File size…2.41GB / 1.16GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Comedy , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Mystery • Drama • TV Movie
5.5 2024 113 mins
Fuchsia Libre
The Wait La espera
6.1

The Wait (2023) La esperaIMDb Rating (6.1)2023 ခုနှစ်ထွက် စပိန်ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ The Wait ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။Rings(2017) ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ F. Javier Gutiérrez က ဒီကားလေးကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ Eladio ဟာ Don Francisco ပိုင်ဆိုင်တဲ့ အမဲလိုက်တဲ့ခြံအကျယ်ကြီးမှာခြံစောင့်အဖြစ်လုပ်ကိုင်လျက်ရှိပါတယ်။သူ့မှာ မိန်းမနဲ့ သားလေးတစ်ယောက်လဲရှိပါတယ်။အမဲလိုက်သမားတစ်ဦးရဲ့ လာဘ်ထိုးတဲ့ငွေကို သူ့ပိုင်ရှင်မသိအောင် လက်ခံပြီးနောက်ပိုင်းမှာ သူ့ဘ၀ကအရင်လိုမဟုတ်တော့ပဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။တစိမ့်စိမ့်တွေးပြီးကြောက်ဖို့ကောင်းမယ့် ဇာတ်ကားဆိုလဲမမှားပါဘူး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။)File size…(1.5 GB) / (870 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Fantasy, Horror Duration….01:43:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ivy Noe Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

6.1 2023 99 mins
The Wait La espera
The Falling Star
5.7

The Falling Star (2024) ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ ပြင်သစ်စကားပြော Comedy ရုပ်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းက – ‘ဘိုရိစ်’ဆိုတဲ့ လူတစ်ယောက်က ၈၀ ပြည့်နှစ်နှောင်းပိုင်းမှာ နိုင်ငံရေးတက်ကြွသူတစ်ဦးဖြစ်ခဲ့ပြီး ဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် ဝရမ်းပြေးဖြစ်ကာ နှစ်ပေါင်းများစွာ ပုန်းလျှိုးကွယ်လျှိုးနေရသူတစ်ဦး ဖြစ်ပါတယ်။ သူ့မိတ်ဆွေ ‘တင်မ်’ဆိုတဲ့သူရယ်၊ သူ့ချစ်သူ ‘ကာယိုကို’ဆိုတဲ့အမျိုးသမီးရယ်နဲ့ ‘ဥက္ကာကြယ်’ဆိုတဲ့ ဘားတစ်ခုကို ဖွင့်ပြီး ဇာတ်မြှုပ်နေခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ဘားထဲကို လက်တစ်ဖက်ပြတ် လူတစ်ယောက်က ဝင်လာကာ လက်စားချေတဲ့အနေနဲ့ သူ့ကို သေနတ်နဲ့ပစ်သတ်ဖို့ ကြံပါတော့တယ်။ လက်က တစ်ဖက်ပြတ်နေတဲ့အတွက် ကလဲ့စားချေမှုက မအောင်မြင်လိုက်ပါဘူး။ သူတို့ ၃ ယောက်သား ထွက်ပြေးဖို့ ကြံစည်ကြတဲ့အချိန်မှာပဲ ဘိုရိစ်နဲ့ ရုပ်ချင်း ချွတ်စွတ်တူသူ ‘ဒွန်မ်’ဆိုတဲ့ လူတစ်ယောက်ကို တွေ့လိုက်တဲ့အခါ ဘယ်လိုအလွဲတွေ ဆက်ဖြစ်မလဲဆိုတာ ဆက်လက်ရှုစားကြည့်ပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw က တင်ဆက်ထားပါတယ်။) File size…(1.6 GB) / (720 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Mystery, Thriller Duration….01:38:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nway Oo K Zaw

5.7 2024 98 mins
The Falling Star
Taste of Freedom
6.6

ဒီကားလေးကတော့ ၂၀၂၃ ကထွက်ရှိခဲ့တဲ့အပြင်မှာတကယ်ရှိတဲ့ ယူကရိန်းဟင်းချက်စာအုပ်ကိုအခြေခံထားတဲ့ Comedy/Romance ရုပ်ရှင်‌လေးဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့… အဆင့်မြင့်တဲ့စားသောက်ဆိုင်တစ်ခုမှာစာဖိုမှူးဖြစ်ချင်တဲ့ကောင်မလေးတစ်ယောက်ကသူ့ဇာတိရွာသေးသေးလေးကနေထွက်ပြေးလာရင်နဲ့နာမည်ကျော်စာဖိုမှူး Olga Franko ရဲ့ ၁၉၂၉ကရေးခဲ့တဲ့ဟင်းချက်စာအုပ်ကိုရှာတွေ့သွားတာကနေစပြီးတော့ သူကြုံ‌တွေ့လာရတဲ့အခက်အခဲတွေသူ့ဘဝပြောင်းလဲသွားပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရူရမယ့်စာဖိုမှူးရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.7 GB)/(925 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:57:00 Genre… Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin

6.6 2023 116 mins
Taste of Freedom
Kadhalikka Neramillai
6.7

Kadhalikka Neramillai 2025 (ပျောက်ဆုံးနေသောအချစ် ) ယိုဂီဘာဘူပါဝင်သရုပ်ဆောင်ထားတဲ့ ဒရာမာဇာတ်ကားအသစ်လေး ထွက်ရှိလို့လာပါပြီ။ ဒရာမာဆိုပေမဲ့ ယိုဂီဘာဘူရဲ့ ထုံးစံအတိုင်းပဲ ဟာသလေးတွေနှောပြီး ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ရှရီယာဆိုတဲ့ကောင်မလေးဟာ ကလေးအရမ်းလိုချင်နေတဲ့သူဖြစ်ပြီးတော့ သူ့ကောင်လေးနဲ့ မင်္ဂလာဆောင်ပြီးတာနဲ့ တန်းပြီးတော့ ကလေးယူဖို့အတွက် ဆုံးဖြတ်ထားတဲ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့လည်း အသက်အရွယ်ကြောင့်ရော သူ့ရောဂါအခြေအနေကြောင့်ပါ သူဟာ IVF (ခန္ဓာကိုယ်ပြင်ပတွင် သန္ဓေတည်စေခြင်း) ပြုလုပ်ဖို့အတွက် ဒေါက်တာက အကြံပြုတဲ့အတိုင်းပဲ IVFနည်းနဲ့ ကလေးယူဖို့ ကြိုးစားနေသူတစ်ယောက်ပါ။ ဆစ်ဒ်ဆိုတဲ့ကောင်လေးကတော့ ဒီလောကကြီးက လူသားတွေဟာ ကမ္ဘာဂြိုဟ်ကြီးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်တယ်လို့ ထင်နေပြီး ကလေးမလိုချင်တဲ့သူတစ်ယောက်ပေါ့။ သူဟာလည်း ချစ်ရသူရှိပေမဲ့ ချစ်သူရဲ့ ဆန္ဒအတိုင်း စေ့စပ်ဖို့ စီစဉ်လိုက်ပေမဲ့ လက်ထပ်တာတွေ ကလေးယူတာမျိုးတွေကို မလုပ်ချင်သူတစ်ယောက်ပါ။ ဆစ်ဒ်မှာ ငယ်ငယ်လေးကတည်းက ဆိုးတူကောင်းဖက်ပေါင်းဖက်လာခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်၊ ဂိုဒါနဲ့ စီသူလို့ ခေါ်ပါတယ်။ စီသူဟာ ဂေးတစ်ယောက်ဖြစ်ပြီး ကလေးမွေးချင်နေရာကနေ သုက်ပိုးကို အေးခဲထားဖို့အတွက် အကြံပေါ်လာခဲ့ပါတော့တယ်။ ဒီမှာပဲ ငယ်ငယ်လေးကတည်းက ဘာမဆို အတူတူလုပ်ခဲ့ကြတဲ့သူငယ်ချင်းတွေပီပီ စီသူဟာ သူသုက်ပိုးအေးခဲမဲ့ကိစ္စကို ဂိုဒါနဲ့ ဆစ်ဒ်ကိုပါ အပါခေါ်ပါတော့တယ်။ ဒီလိုနဲ့ ကလေးမလိုချင်တဲ့ ဆစ်ဒ်ရဲ့ အေးခဲထားတဲ့ သုက်ပိုးကနေ မျိုးပွားလာမှာလား …….. ရှရီယာတစ်ယောက်ရော IVF ကုထုံးနဲ့အတူ သူလိုချင်တဲ့ ကလေးလေး ရရှိလာမှာလား … ရှရီယာနဲ့ ဆစ်ဒ်တို့ကရော ဘယ်လို ဆက်စပ်မှုတွေ ရှိနေလဲ …. ဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ ZweYan ~ V ~ Star တို့ဖြစ်ပါတယ်)

Comedy
6.7 2025 143 mins
Kadhalikka Neramillai
Hard Times
7.2

1975 ခုနှစ်က ထွက်ထားတဲ့ ဟောင်းပေမယ့်ကောင်းနေဆဲ Action/Sport အမျိုးအစားဇာတ်ကားတစ်ကားပါ ဘယ်ကလာပြီး ဘယ်ကိုသွားမယ်မှန်းမသိရတဲ့ လူထူးဆန်းတစ်ယောက်နဲ့ လမ်းဘေး Boxing ပွဲတွေမှာ ဖျံကျပြီး အသက်မွေးဝမ်းကြောင်းပြုနေတဲ့ လောင်းကစားသမားတစ်ယောက်တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲကြည့်ရမှာပါ အပိုအလိုလည်းမရှိ Brutal လည်းဖြစ်တဲ့ fighting scence တွေက ဒီဇာတ်ကားကိုပိုပြီး ထူးခြားစေတဲ့အပြင် အရင်ခေါတ်က မင်းသားကြီးတွေရဲ့ ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေကလည်း အံ့မခန်းပါပဲ Fighting ကားလည်းကြိုက်တယ် ဘောလိဝုဒ်ကားတွေလို အလွန်အကျွံကြီးလည်းမကြိုက်ဘူး သဘာဝကျကျလေးလည်းကြည့်ချင်တယ်ဆိုရင် ဒီကားကသေချာပေါက်လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ File size… 2 GB / 649 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Crime, Drama, Sport Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aries

Horror • Thriller
7.2 1975 93 mins
Hard Times
The Quick and the Dead
6.5

The Quick and the Dead (1995) IMDb Rating (6.5) မင်းသားကြီး Russell Crowe , မင်းသားချော Leonardo DiCaprio , မင်းသမီးချော Sharon Stone တို့ပါဝင်ထားတဲ့ ကောင်းဘွိုင်အက်ရှင်ဇာတ်ကားပါ။ ကြမ်းကြမ်းရမ်းရမ်း မိုက်မိုက်ကန်းကန်း မြင်းတွေစီးပြီး သေနတ်တွေနဲ့ ပစ်ကြခတ်ကြ တဲ့ အနောက်ပိုင်းရုပ်ရှင်တွေကို ကြည့်ချင်သူများအတွက် ၁၉၉၅ ခုနှစ်ထွက်ရှိထားတဲ့ The Quick and the Dead ဆိုတဲ့ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းကတော့… အစိုးရရဲ့ ဥပဒေမစိုးမိုးဘဲ လူမိုက်တွေ ကိုသာ ဆက်ကြေးပေးနေရတဲ့ မြို့လေးတစ်မြို့မှာ သေနတ်ယှဉ်ပစ်တဲ့ ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ် … အနိုင်ရရှိတဲ့သူဟာ ဒေါ်လာ ၁၂၃၀၀၀ ကိုပိုင်ဆိုင်ရမှာဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်က သေနတ်သမားတွေ လာရောက်လက်စွမ်းပြလေ့ရှိတာပေါ့ တစ်ရက်မှာ အဲ့ဒီကစားပွဲကို မိန်းကလေးတစ်ယောက်ရောက်ရှိလာခဲ့ပုံက ကျားတောထဲရောက်လာတဲ့ သမင်မလေး တစ်ကောင်လိုပါပဲ … သို့သော် မိန်းကလေးဟာ သမင်မလေးဖြစ်မလား ကျားသစ်မလေးဖြစ်မလားဆိုတာ…..။

6.5 1995 107 mins
The Quick and the Dead
The Road Home
7.7

The Road Home (1999) IMDb Rating (7.7) / Rotten Tomatoes (89%) ဒီရုပ်ရှင်ဇာတ်ကားကိုတော့ နာမည်ကျော်ဒါရိုက်တာ Zhang Yimou က ရိုက်ကူးခဲ့ပြီး နာမည်ကျော်မင်းသမီး Zhang Ziyi မှ အဓိကပါဝင်ခဲ့ပါတယ်။ ဒါရိုက်တာ ကျန်းရိမူဆိုတာ Hero (2002) နဲ့ House of Flying Daggers (2004)တို့လို နာမည်ကျော်ရုပ်ရှင်ကားတွေကိုရိုက်ခဲ့တဲ့ ဂန္တဝင်ဒါရိုက်တာကြီးဖြစ်ပြီး Zhang Ziyi ကတော့ တရုတ်ရဲ့ National Actress လို့တင်စားရမယ့်အထိ အောင်မြင်ခဲ့သူပါ…The Road Home(1999) က သူတို့နှစ်ယောက်စလုံးကို ရုပ်ရှင်လောကမှာအောင်မြင်မှုကြီးကြီးမားမားတွေ ရရှိဖို့ အစပျိုးခဲ့တဲ့ရုပ်ရှင်လို့ဆိုရင် မမှားနိုင်ပါဘူး။ တောရွာဇနပုဒ်က ဆရာတစ်ယောက်ရဲ့ဘဝနဲ့ ကျေးလက်သူလေးတယောက်တို့ရဲ့အချစ်ဇာတ်လမ်းလေးကို တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ဟာ အဲ့ဒီကာလက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး အခုချိန်ထိ အားလုံးက စံထားကြရတဲ့ ဒရမ်မာဇာတ်ကားတကားဖြစ်ပါတယ်။ ဟုတ်ပါတယ်ဗျာ….ထာဝရအလင်းတန်းဆိုတဲ့မြန်မာရုပ်ရှင်က ဒီတရုတ်ကားကို မှီငြမ်းရိုက်ကူးခဲ့တာပါ။ ထာဝရအလင်းတန်းမြန်မာရုပ်ရှင်ဟာလဲ 2011 ခုနှစ် မြန်မာ့အကယ်ဒမီဆုပေးပွဲမှာ မင်းသား နောင်နောင်နဲ့ မင်းသမီး မယ်လိုဒီတို့ အမျိုးသားဇာတ်ဆောင်ဆု အမျိုးသမီးဇာတ်ပို့ဆုနဲ့အတူ ကျွန်တော်တို့ရဲ့ ငယ်ဘဝရဲ့ အမှတ်တရတွေထဲ မပါမဖြစ်တဲ့ ဟာသသရုပ်ဆောင်ကြီးဦးမော့စ်ပါ အမျိုးသားဇာတ်ပို့ဆုအကယ်ဒမီရခဲ့တဲ့ထိ အောင်မြင်ခဲ့ပါတယ်။ The Road Home တစ်နည်းအားဖြင့် အိမ်အပြန်လမ်း တရုတ်တွေမှာ ရှေးကအယူအဆတစ်ခုရှိပါတယ်တဲ့။ ဒါကတော့ သေဆုံးသူရဲ့အလောင်းကို သူ့ရဲ့နေရပ်ဌာနီကို လူတွေနဲ့ထမ်းပြီး ပြန်သယ်သွားပြီးတော့ လမ်းတစ်လျှောက်မှာ ဒါကမင်းရဲ့အိမ်ပြန်လမ်းဖြစ်ကြောင်း အော်ပေးရတယ်တဲ့။ ဒီလိုအော်ပေးတဲ့အခါ တမလွန်ဘဝကိုရောက်သွားတဲ့သူက အိမ်ပြန်လမ်းကို မမေ့တော့ဘူးဆိုလို့ ယူဆကြတာပါ။ ဆန်းကျစ်တစ်ယောက် ဇာတိရွာလေးကနေထွက်လာပြီး မြို့မှာအလုပ်သွားလုပ်တာ နှစ်နဲ့ချီကြာခဲ့ပါပြီ။ မြို့မှာနေတဲ့လူငယ်တစ်ယောက်ရဲ့ဘဝဟာလည်း လွယ်ကူလှတာမဟုတ်တော့ ဆန်းကျစ်လည်း အိမ်ကိုမပြန်ဖြစ်တာ နှစ်နဲ့ချီကြာခဲ့ပြီပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့ဇာတိ ဆန်းဟော်ထွမ်က သူကြီးက သူ့ဆီကို သတင်းဆိုးနဲ့အတူ ဖုန်းဆက်လာပါတယ်။ “မင်းအဖေဆုံးပြီ”တဲ့ ဒါကပဲဆန်းကျစ် ဇာတိမြေကို မဖြစ်မနေပြန်လာဖို့ အကြောင်းရင်းဖြစ်ခဲ့တာပေါ့။ ဒီလိုနဲ့ ဇာတိမြေကိုပြန်ရောက်ရာကနေ ဆန်းကျစ်တစ်ယောက် သူ့ရဲ့အဖေဖြစ်တဲ့ဆန်းဟော်ထွမ်ရွာကဆရာလေး လော့ချန်ယွီနဲ့ ရွာရဲ့အလှပဂေး ကျောက်တိတို့ရဲ့ အချစ်ဇာတ်လမ်းကို နောက်ခံ ဇာတ်ကြောင်းပြန်ပြောပြတဲ့ပုံစံလေးနဲ့ တင်ဆက်ထားတာဖြစ်လို့ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Mary မှ တင်ဆက်ထားပါတယ်။)

Drama
7.7 1999 89 mins
The Road Home
Ellipsis Puntos suspensivos
6.1

Ellipsis (2024) IMDb Rating (6.1) လူသုံးယောက်ကို အဓိကထား နောက်အရန်လူတစ်ယောက်ပဲ ထပ်သုံးပြီး လူလေးယောက်နဲ့ပဲ ဒီဇာတ်ကို ရိုက်ထားတယ်။ ဒါပေမဲ့ ဒီဇာတ်ကို အစကနေ အဆုံးထိ အချိုးအကွေ့တွေ ပြောင်းသွား ပြောင်းသွားရင်း စိတ်ဝင်စားဖို့ကောင်းလာတဲ့ ဇာတ်ဖြစ်အောင် တည်ဆောက်ထားတယ်။ စစချင်းမှာ နာမည်မဖော်ဘဲ ဇာတ်မြုပ်နေတဲ့ နာမည်ကြီး စာရေးဆရာတစ်ယောက်အိမ်ကို ဖုန်းတစ်ကောဝင်လာတယ်။ အဲဒီလူက စာရေးဆရာဘယ်သူမှန်း သူသိနေကြောင်း စကားခဏပေးပြောရင် မဖော်ကြောင်းပြောလာတယ်။ ဒီတော့ မတတ်သာတဲ့အဆုံး စာရေးဆရာက အဲဒီလူကို အိမ်ထဲဝင်ခွင့်ပေးလိုက်တယ်။ ဒီအထိကို သူတို့၂ယောက်ကိုမသိသလိုလိုပဲ ပရိသတ်ကိုပြတယ်။ ပြီးကျမှ အဲဒီလူက သူနဲ့အတူတူ ကလောင်နာမည်တစ်ခုတည်းအောက်အတူတူရေးနေတဲ့လူတွေ သူတို့ဝတ္တုထဲက ဇာတ်ကောင်တွေနေရာက အစမ်းသရုပ်ဆောင်နေတာဆိုပြီး ပြောင်းချပစ်တယ်။ အဲဒီလိုပြောင်းသွားပြောင်းသွားတာက ပြီးတဲ့ထိလို့ပြောရမယ်။ နောက် ဒီဇာတ်လမ်းကို Non linear အနေနဲ့ပြထားပြီး မျက်စိမလည်ရအောင်တော့ အခန်းတစ် အခန်းနှစ်ဆိုပြီး ထထခွဲပေးထားတယ်။ စာရေးဆရာ၂ယောက်ရဲ့ ဒီဇာတ်မှာ သူတို့ရေးနေတဲ့ဇာတ်လမ်းက သူတို့ဇာတ်လမ်းဖြစ်လာပြီး သူတို့ကလည်း သူတို့ဇာတ်လမ်းဖြစ်လာတာကို မြင်ရလိမ့်မယ်။ နာမည်ကြီးမင်းသားကောင်းကောင်းတွေနဲ့ ရိုက်ရင် နာမည်ကြီးမယ့်ဇာတ်လမ်းပါပဲ။ အခုလည်း ဇာတ်လမ်းကောင်းဖြစ်နေတုန်းပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.3 GB) / (610 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:30:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Action • Drama
6.1 2024 90 mins
Ellipsis Puntos suspensivos