YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Tomorrow E14 (720p) CM.mp4

407.02 MB N/A video/mp4 1511 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Everything Is Illuminated
7.2

အဓိကဇာတ်ဆောင်ကတော့ The Lord of The Ringထဲက ဖရိုဒိုဘတ်ဂင်ဖြစ်တဲ့Elijah Woodကသရုပ်ဆောင်ထားပါတယ် ဒုတိယကမ္ဘာစစ်တုန်း ဂျူးလူမျိုးတွေ သန်းနဲ့ချီအသတ်ခံခဲ့ရတာ၊ နေရပ်စွန့်ပြီး နိုင်ငံပြောင်းနေခဲ့ကြတာကို အားလုံးသိမှာပါ။ စစ်ကြီးပြီးသွားတော့ အချို့ဂျူးတွေက နေရာသစ်မှာပဲအခြေချသလို၊ အချို့ကလည်းနေရပ်ပြန်လာကြပြီး ဆုံးသွားတဲ့မိသားစုဝင်တို့ရဲ့ နေရာတွေ၊ အမှတ်တရတွေ၊ အကြောင်းအရာတွေကို ပြန်မှတ်မိဖော်ထုတ်ကြပါတယ်။ ဇာတ်ကြောင်းကတော့ အမေရိကန်ဖွား ဂျူးလေးတစ်ယောက်က သူ့အဘိုးရဲ့ဇာတိကိုပြန်လာပြီး သူ့အဘိုးငယ်စဥ်ကနေထိုင်ခဲ့တဲ့နေရာလေးကို ပြန်လည်ရှာဖွေတဲ့အကြောင်းပါပဲ။ အဘိုးဖြစ်သူအမေရိကန်ကိုစစ်ဘေးရှောင်မလာမီ နာဇီလက်ကနေအဘိုးဖြစ်သူကိုကယ်တင်ပေးခဲ့ဖူးတဲ့ အမျိုးသမီးကိုလည်း ကျေးဇူးတင်ချင်လို့လည်းပါတာပေါ့။ ဒီလိုနဲ့ သူ့ရဲ့စွန့်စားခန်းလေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာအပြင် လူတွေရဲ့စိတ်သဘောထား၊ အချို့လူမျိုးစုတွေရဲ့ တလွဲအမြင်တွေကို comedyလေးနှောပြီးကြည့်ရမယ့်ကားလေးပဲဖြစ်ပါတယ်။ ဟာသဆန်ဆန်ဆိုပေမယ့်လည်း အတင်းဟာသလုပ်ယူမထားဘဲ ငြိမ့်ငြိမ့်အေးအေးလေးနဲ့ ရှုခင်းလှလှလေးတွေကိုခရီးသွားရင်းကြည့်ရသလိုကားမျိုးပါ။ File Size :(2.02GB) and (982MB) Quality : BLU-RAY 1080p, 720p Format…mp4 Duration…01:46:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae

Comedy • Drama
7.2 2005 106 mins
Everything Is Illuminated
Das Boot
8.1

IMDB - 8.4/10 ဒုတိယကမ္ဘာစစ်ရဲ့ စစ်မျက်နှာပြင်မှာ ကုန်းကြောင်း၊ လေကြောင်းနဲ့ ရေကြောင်းရှိတဲ့အလျောက် ဒီလို ရေငုပ်သင်္ဘောအကြောင်း ရိုက်ထားတာ တော်တော်ကိုရှားတယ် ပြောရမယ်။ မှတ်မိသလောက်ဆို ၂၀၀၀ ခုနှစ်က U-571 ရယ် ထွက်ထားတာ သိပ်မကြာသေးတဲ့ Greyhound တို့ပဲ ရှိမယ်ထင်တယ်။ ပြီးတော့ ဂျာမန်စစ်ကားထုံးစံအတိုင်း ဝါဒဖြန့်မပါပဲ သဘာဝကျကျ ဖြတ်သန်းရတာမျိုးပဲ ကြည့်ရှုရမှာပါ။ ပြောလို့သာပြောတာ WW2 မှာ ဂျာမန်ရေငုပ်သင်္ဘောတွေက အမဲလိုက်မြေခွေးတွေဆိုတဲ့ နာမည်ပြောင်အတိုင်း ပင်လယ်ပြင်တွေမှာ မဟာမိတ်သင်္ဘောတွေကို တစ်စီးတည်းနဲ့ အုပ်လိုက်တွေကို အမဲလိုက်တာ အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ မင်းသားကြီး တွန်ဟမ့်သရုပ်ဆောင်ထားတဲ့ Grey Hound မှာ ဥပမာအနေနဲ့ မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီကားမှာကျ ဒီဂျာမန်ရေငုပ်သင်္ဘောသားတွေရဲ့ လက်တွေ့ဘဝ၊ အခက်အခဲ၊ သေရေးရှင်ရေး ကြိုးပမ်းရပုံတွေကို အမြင်တစ်မျိုးနဲ့ ပြန်ခံစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ စစ်သတင်းထောက် ဗိုလ်လေးတစ်ယောက်က ရေငုပ်သင်္ဘောတစ်စင်းပေါ်ကို စစ်ကြောင်းထွက်တဲ့အချိန် လိုက်လာပြီး မှတ်တမ်းတင် အစီရင်ခံစာ တင်ဖို့ပေါ့။ အဲဒီမှာ ကပ္ပတိန်ကြီးရဲ့ အုပ်ချုပ်ပုံ၊ တိုက်ပွဲဖြစ်တဲ့ခါ ညွန်ကြားပုံတွေ နောက်ပြီး ဒီသင်္ဘောကျင်းကျင်းလေးပေါ်က နေထိုင်စားသောက်ရတဲ့ ဘဝတွေ ကြုံရပုံ တစ်ဖက်က ထောက်ပို့ယာဉ်တန်းတွေ တွေ့ရင် ဘယ်လိုအမဲလိုက်ကြပုံ ပြန်ခံရရင်လည်း ဘယ်လိုတွေ ခွာစစ်ဆုတ်ရပုံတွေ ဟိုက်ဒရိုဖုန်းဆိုတာနဲ့ အရပ်လေးမျက်နှာက အသံတွေကို နားထောင်ပြီး သင်္ဘောတစ်စင်းလုံး အပ်ကျသံမကြားရလောက်အောင်ထိ တိတ်ဆိတ်သွားပြီး ရန်သူ့အခြေအနေ အကဲခတ်လှုပ်ရှားရပုံတွေ စသဖြင့် စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တွေနဲ့ တင်ဆက်ပြသထားတာပါ။ နောက်ပြီး သူတို့ဘဝတွေက သူများကိုအမဲလိုက်ပြီး ကြမ်းတမ်းကြတယ်ဆိုပေမယ့် တစ်ခုခုဆို သူတို့ဘဝကလည်း လေတပ်ကလူတွေလိုမျိုးပဲ သေဖို့ရာခိုင်နှုန်းများတဲ့ တပ်သားတွေပါပဲ။ ၁၉၈၁ ခုနှစ်ထွက်ရုပ်ရှင်ဆိုပေမဲ့ တော်တော်လေးအဆင်ပြေပြီး အတွေ့အကြုံအသစ်တွေ ပေးစွမ်းနိုင်မှာမို့ ပြေးသာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။ IMDB ကလည်း 8.4 ဆိုတော့ မကောင်းမှာတော့ ပူမနေပါနဲ့တော့။ File size…2.73GB / 1.25GB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….2h 25m Genre ..... Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama • TV Movie
8.1 1981 150 mins
Das Boot
The Eternal Daughter
6.3

ဒေါက်တာထူးဆန်းထဲက အေးရှန့်ဝမ်းအနေနဲ့ သရုပ်ဆောင် ထားတဲ့ မင်းသမီးကြီး Tilda Swinton က ဇာတ်လိုက်အနေနဲ့ ပါဝင်ထားတဲ့ BBC ရဲ့ ဟော်ရာဇာတ်ကားအသစ်လေးကို တင် ဆက်ပေးလိုက်ပါတယ်။ တစ်ချိန်ကမိသားစုစံအိမ်ကြီးဖြစ်ခဲ့ပေမယ့် ယခုအချိန်မှာတော့ သရဲခြောက်တဲ့‌ ဟိုတယ်အဖြစ်လူအများသိနေကြတဲ့ အိမ်ကြီးထဲကို ဂျူလီတို့သားအမိနှစ်‌ယောက်ပြန်သွားရာကနေ ဇာတ်လမ်းအစပျိုး ထားတယ်။ သူတို့စစရောက်ချင်းညမှာပဲ ဂျူလီက စိတ်ထဲမသိုး မသန့်ကြီးခံစားရပြီး ဘယ်ကမှန်းမသိတဲ့ ဝုန်းကနဲ အသံကိုကြားလိုက် ရတယ်။ အစကတော့ ပြတင်းပေါက်တွေမကောင်းလို့ဘာညာလို့ပဲ ထင်လိုက် ပေမယ့်၊ နောက်ညတွေမှာပိုပိုဆိုးလာလို့ ဂျူလီတစ်ယောက် အိမ်ကြီးရဲ့ လျို့ဝှက်ချက်ကို စူးစမ်းချင်မိသွားတော့တယ်။ အဲတော့မှသိလိုက်ရတဲ့ အိမ်ကြီးရဲ့လျို့ဝှက်ချက်တွေက ဘာများဖြစ်မလဲဆိုတာ ကြည့်ရှုပေးလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naing မှ ရေးသားပေးပြီး၊ ဘာသာပြန် ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size..........(1.5 GB) / (500 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 36Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Mystery Translator.......CM Team Encoder..........SWM

TV Movie • Thriller
6.3 2022 96 mins
The Eternal Daughter
Lightyear
7.1

ဒီ ကာတွန်းရုပ်ရှင်လေးကတော့ Toy Story ရဲ့ အဓိကဇာတ်ကောင် တစ်ကောင်ဖြစ်တဲ့  ဘက်ဇ် လိုက်ရီးယားကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ဒါပေမဲ့ အရုပ်လေးတွေရဲ့ ဇာတ်လမ်းမဟုတ်တော့ပါဘူး။ ၁၉၉၅ ခုနှစ်မှာ အန်ဒီဆိုတဲ့ကောင်လေးက ဘက်ဇ်လိုက်ရီးယားဆိုတဲ့ အရုပ်ကို မွေးနေ့လက်ဆောင်ရရှိခဲ့ပါတယ်။ အဲဒီအရုပ်လေးက ရုပ်ရှင်တစ်ခုထဲက ဇာတ်ကောင်ဖြစ်ပြီး အန်ဒီက အဲဒီရုပ်ရှင်ကို အရမ်းကြိုက်တဲ့သူပါ။ အခုကြည့်ရမယ့် ရုပ်ရှင်ကတော့အန်ဒီအရမ်းကြိုက်ခဲ့တဲ့ လိုက်ရီးယားရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း =============== ဘက်ဇ်လိုက်ရီးယားဟာ ကြယ်တာယာစခန်းကြီးရဲ့ လေ့လာရေးအဖွဲ့မှာပါဝင်တဲ့ ကပ္ပတိန်အဆင့် အာကာသရိန်းဂျားတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ ထူးဆန်းတဲ့ ဂြိုလ်တစ်ခုကို သွားလေ့လာရင်း ဂြိုလ်ပေါ်က ဂြိုလ်သားတွေနဲ့တိုက်ပွဲတွေဖြစ်ပြီး သူ့တို့ကြောင့်ပဲ ယာဉ်ပျက်ကျသွားခဲ့ပြီး အလင်းအလျှင်ကိုပေးတဲ့စနစ်ပါ ပျက်စီးသွားပါတယ်။ ဒီတော့ အိမ်ပြန်လို့မရတဲ့ယာဉ်ပေါ်ကအဖွဲ့သားတွေဟာ အဲဒီဂြိုလ်ပေါ်မှာ အသက်ရှင်ဖို့ ကြိုးစားရပါတော့တယ်။ တချိန်တည်းမှာပဲ ဘက်ဇ်ကတော့ ယာဉ်ကို အလင်းမြန်နှုန်းနဲ့ ပြန်မောင်းနိုင်အောင်ပြုပြင်ပြီး အားလုံးကို အိမ်ကိုပြန်ပို့နိုင်ဖို့ စွန့်စားခန်းတွေဖွင့်ရပါတော့ တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(5.8GB) / (1.81 GB) / (900 MB) / (514 MB) Quality............WEB-DL 4k HEVC / 1080p / 720p / 480p Duration.........1Hr 40mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Action, Adventure Translator.......Mr.Anderson Encoder..........SWM / YK

7.1 2022 105 mins
Lightyear
Churuli
7.3

ဇာတ်လမ်းကိုပုံပြင်တစ်ပုဒ်နဲ့စဖွင့်ထားပါတယ်။ တောအုပ်တစ်အုပ်ထဲမှာ ပါရူမာဒန်ဆိုတဲ့ခရီးသွားတွေကိုလမ်းလွဲအောင်ဖမ်းစားတတ်တဲ့ တစ္ဆေတစ်ကောင်သောင်းကျန်းလို့နေပါတယ်။(ဒီမှာဆို-မွေ့ကောင်ဆိုတာမျိုးပါးစပ်ပြောဒဏ္ဍာရီတွေရှိပါတယ်) အဲ့ဒီတစ္ဆေကိုနှိမ်နင်းဖို့ဆုံးဖြတ်ချက်နဲ့ ဘုန်းကြီးတစ်ပါးဟာ ခြင်းတစ်ခြင်းကိုခေါင်းပေါ်ရွက်ပြီးတောထဲဝင်ခဲ့ပါတယ်။ ဘုန်းကြီးဟာ အကြာကြီးလမ်းလျှောက်လာပြီးတဲ့နောက် လမ်းပေါ်မှာတွေ့တဲ့ဘောလုံးတစ်လုံးကိုကလေးတွေကစားဖို့ရည်ရွယ်ချက်နဲ့ ခြင်းထဲကောက်ထည့်လာပါတယ်။အချိန်တွေကြာလာတော့ ခြင်းတောင်းထဲက ရုတ်တရက်လှုပ်ရှားလာပြီး စကားသံထွက်လာပါတယ်။ သူကောက်ထည့်လာတာဟာ လုံးပြီးနေနေတဲ့ ပုရွက်စားကောင်တစ်ကောင်ဖြစ်နေလို့ပါ။ စကားပြောတတ်တဲ့ ပုရွက်စားကောင်ကို သဘောကျသွားတဲ့ ဘုန်းကြီးဟာ အဲ့ဒီအကောင်ညွှန်တဲ့လမ်းအတိုင်းသွားရင်းနဲ့ သူကိုယ်တိုင်လမ်းပျောက်သွားပါတော့တယ်။ သူ အသိနောက်ကျခဲ့တာက သူကောက်ထည့်ခဲ့တဲ့ ဘောလုံးဟာ အဲ့ဒီ တစ္ဆေကိုယ်တိုင်ဖြစ်နေတယ်ဆိုတာကိုပါပဲ။ အန်တိုနီနဲ့ ရှာဂျီဗန်တို့ဟာ ဝေးလံခေါင်ဖျားတဲ့ရွာတစ်ရွာက ဝရမ်းပြေးလူဆိုးတစ်ယောက်ကိုလက်ရဖမ်းဖို့ရည်ရွယ်ချက်နဲ့ အလုပ်ကြမ်းသမားတွေအဖြစ်အသွင်ယူရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီလူကို နာမည်တစ်ခုကလွဲလို့ မသိဖူး မမြင်ဖူးကြတဲ့အပြင် ဓာတ်ပုံလေးတစ်ခုတောင်ရှိမနေပါဘူး။ အဲ့ဒီ ရွာကိုသွားဖို့လဲဂျစ်ကားတစ်စီးသာခရီးကြုံရှိလု့ိမေးစမ်းပြီး တက်လိုက်လာခဲ့ကြပါတယ်။ ခရီးဖော်ရွာသားတွေနဲ့တွေ့လို့စကားစမြည်ပြောကြည့်တဲ့အခါ စကားပြောချိုသာယဉ်ကျေးပြီး ရိုးသားကြတယ်လို့တောင် သူတို့ မှတ်ချက်ပြုမိခဲ့ပါသေးတယ်။ နက်ရှိုင်းတဲ့တောအထပ်ထပ် အကွေ့အကောက်လမ်းတွေနဲ့ တောင်အသွယ်သွယ်ကိုဖြတ်ကျော်အပြီး ချောက်ကမ်းပါးကြီးတစ်ခုပေါ်မှာ ခနော်နီခနော်နဲ့ တံတားတစ်ခုရှိနေပါတယ်။ ဂျစ်ကားနဲ့လူတွေရဲ့ဝိတ်နဲ့ ဘယ်လိုမှဖြတ်မောင်းဖို့ မဖြစ်နိုင်တဲ့အတွက် လူတွေကလမ်းဆင်းလျှောက်ပြီး ကားကိုထိန်းဖြတ်မောင်းရင်း ဟိုဘက်အရောက်မှာ ဇာတ်လမ်းကစပါတယ်။ စောစောကအထိ အင်မတန်ချိုသာယဉ်ကျေးတဲ့ နယ်ခံရွာသားတွေဟာ စကားအခွန်းတိုင်းအခွန်းတိုင်းမှာ အဆဲစကားမပါမပြီးတဲ့ အလွန်ရိုင်းစိုင်းခက်ထန်စရိုက်ကြမ်းတဲ့သူတွေအဖြစ်ပြောင်းလဲသွားတော့တာပါပဲ။ ဒါပေမယ့် ပိုပြီးဆန်းကြယ်နက်နဲတဲ့ ပဟေဠိနဲ့လျှို့ဝှက်ချက်တွေက သူတို့ကိုရှေ့မှာစောင့်ကြိုနေပါသေးတယ်။ Churili ဟာ မလေယလမ်စကားဖြစ်ပြီး ဝင်္ကပါလို့အဓိပ္ပါယ်ရပါတယ်။ Independent ဘက်ကိုအားသန်ပုံရတဲ့ ဒါရိုက်တာ Lijo Jose Pellissery ရဲ့လက်ရာအသစ်ဖြစ်ပြီး ဒီကားရဲ့ ဇာတ်လမ်းသွားတင်ဆက်ပုံတွေကလဲ mainstream ရုပ်ရှင်တွေကနေ သိသိသာသာကွဲထွက်နေပါတယ်။ ဂြိုလ်သားတွေ၊ အချိန်နဲ့နေရာတွေ၊ Time loop လိုကိစ္စမျိုးတွေနဲ့ ခေါင်းရှုပ်ခံငြင်းခုန်တဲ့သူတွေက ငြင်းခုန်နေကြသလို တစ်ချို့တွေကလဲ ဇာတ်လမ်းရှင်းရှင်းလေးလို့ဆိုတဲ့သူကဆိုပါတယ်။ ကိုယ်တိုင်ကြည့်ပြီးဆုံးဖြတ်ကြပါ။ 25th IFFK ရုပ်ရှင်ပွဲတော်မှာ Silver Peacock ဆုနဲ့ Special Mention for Best Direction ဆုတွေရရှိထားသလို၊ 15th Asian Film Awards မှာလဲ Best Art Director နဲ့Best Sound ဆန်ကာတင်ဝင်ထားပါတယ်၊ တကယ်လဲ Cinematography နဲ့ Sound design မှာအတော်ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ တောအုပ်ထဲက တိတ်ဆိတ်လွန်းရာကနေ တစ်စီစီမြည်လာတဲ့အသံမျိုးကိုခြောက်ခြားစရာဖြစ်အောင် ဖန်တီးသွားတဲ့နေရာတွေဆို တကယ့်ကိုချီးကျူးချင်စရာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။) File size…(1.4 GB) Quality…WEB-DL  1080p Format…mp4 Duration….01:54:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias

Action • Adventure
7.3 2021 114 mins
Churuli
Oh My Ghost
6

Oh My Ghost (2022) IMDb 6.1 အခုတင်ဆက်ပေးမှာကတော့ ပုရိသတို့အသည်းစွဲ မင်းသမီးSunny Leone ရဲ့ အမိုက်စားသရုပ်ဆောင်မှုတွေပါဝင်တဲ့ သရဲကားပဲဖြစ်ပါတယ် ဂျန်ဂျမား vibe လိုမျိုးပြန်ရမဲ့ဒီကားက ဇောက်ထိုးခြောက်မဲ့အခန်းတွေရောအတည့်ခန်းတွေပါပါမှာမို့ Horror စစ်စစ်မှကြိုက်ပါတယ်ဆိုသူများအတွက် ရှယ်ဖြစ်နေမှာပါ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတုန်းက… ရက်စက်ကြမ်းကြုတ်တဲ့အရှင်မတစ်ပါးရှိတယ် သူမခံတပ်မြို့ဆီဘယ်ယောကျာ်းသားမှမကပ်ရဲလောက်အောင်ကြမ်းတဲ့သူပေါ့ ဒါပေမဲ့အဲဒီခေတ်မှာ သူမကအရှင်လတ်လတ်မြေမြှုပ်ခံခဲ့ရပြီး သူမရဲ့ကျိန်စာနဲ့အတူ ဝိဉာဉ်ကလည်းမကျွတ်လွတ်ဘဲ သွေးကြွေးဆပ်ဖို့ ယနေ့ခေတ်ထိတိုင်အောင်ရှိနေလေတယ် မျက်မှောက်ခေတ်မှာတော့…ဘုရင်မသွေးကြွေးဆပ်ရမဲ့လူကလူပြန်ဝင်စားလာခဲ့ပါတယ် သူကတော့ ဇာတ်လမ်းတွေရေးပြီး ပရိုဂျူဆာလိုက်ရှာနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်နေတာပါ ဒီလိုနဲ့ နှစ်ပေါင်းထောင်ချီကရန်ငြှိုးတွေ အကြေဆပ်ရမဲ့အချိန်ရောက်လာပြီး ဘုရင်မဝိဉာဉ်နိုးထလာခဲ့ချိန်မှာတော့….ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ အခုပဲအပြေးဒေါင်းကြည့်လိုက်ပါရှင် File size…2.35GB / 1.04GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl~Yunni~Khin Khin

6 2022 125 mins
Oh My Ghost
[18+] A Chinese Torture Chamber Story
5.9

ဂေါ်ဖီထုပ်ကလေးဆိုတဲ့ ခြေသေးမမိန်မပျိုလေးဟာ ဆေးဆရာယန်နေဝူ ဆီမှာအိမ်တော်ထိန်းအဖြစ်တာဝန်ထမ်းနေပါတယ်။ ဒါပေမယ့် ယန်က သူ့အပေါ်တိမ်းညွတ်နေပြီးတစ်ချိန်မှာ ကိုယ်လုပ်တော်အဖြစ်မြှောက်စားဖို့အထိ ဆန္ဒရှိနေပါတယ်။ ယန်ရဲ့ဇနီးဖြစ်သူနဲ့အောက်ရုံးတရားသူကြီးရဲ့ သားနဲ့ဖောက်ပြန်နေတဲ့ ဇာတ်လမ်းကိုဂေါ်ဖီထုပ်ကလေး အမှတ်မထင်မြင်သွားတဲ့နောက်မှာတော့ သူ့ရဲ့ဇာတ်လမ်းပေါ်လာမှာစိုးရိမ်စိတ်နဲ့ဂေါ်ဖီထုပ်ကလေးကို ယောက်ျားပေးစားပြီးအဝေးပို့လိုက်ရုံမကပဲ ဆက်လက်ဒုက္ခပေးဖို့အကြံဆိုးတွေကြံပါတော့တယ်။ အဲ့ဒါကတော့ သူပေးစားလိုက်တဲ့ဂေါ်ဖီထုပ်ကလေးရဲ့ယောက်ျားကိုတစ်ဖက်လှည့်နဲ့လုပ်ကြံပြီး အဲ့ဒီအမှုကိုဂေါ်ဖီထုပ်ကလေးနဲ့ခင်ပွန်းသည် ယန်နေဝူတို့အပေါ်ပုံချလိုက်တာပါပဲ။ဒီအမှုကိုစစ်တဲ့တရားသူကြီးကိုယ်တိုင်က ဘက်လိုက်တဲ့သူဖြစ်တဲ့အတွက်တရားခွင်မှာ အဲ့ဒီအချိန်က တရားဝင်ပြဌာန်းထားတဲ့ ရက်စက်ကြမ်းတမ်းလွန်းတဲ့နှိပ်စက်နည်းအမျိုးမျိုးနဲ့စစ်မေးတော့မှာဖြစ်ပါတယ်။ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ် ၁၉၉၀ လွန်နှစ်များဆီက ဂန္ဓဝင်ဇာတ်ကားတစ်ကားပါ။ ဇာတ်ကားနာမည်နဲ့တွဲမသိရင်တောင် ဂရုထဲမှာ လာမေးကြတဲ့ လေပေါ်မှာဝဲပျံပြီးကိုယ်ဖော့ပညာနဲ့ဂျိန်းကြတဲ့ ဟောင်ကောင်ကတုံးကြီး Elvis Tsui ရဲ့နာမည်ကျော်ဇာတ်ဝင်ခန်းကို သိကြမှာပါ။ ဇာတ်ကားနာမည်နဲ့လိုက်အောင်အလွန်ရက်စက်ပြီး စိတ်မသက်သာဖွယ် ညှင်းပန်းနှိပ်စက်နည်းပေါင်းစုံနဲ့ကြံကြံဖန်ဖန်ပေါက်ပေါက်ရှာရှာလို့ပြောရမယ့် လိင်ဇာတ်ဝင်ခန်းတွေပါဝင်ပါတယ်။ဒါပေမယ့်လည်း Dark comedy ဆန်ဆန်မြူးမြူးသွက်သွက်နဲ့ပေါ့ပါးတဲ့တင်ဆက်ပုံအရ ကြည့်ရတာပျော်စရာကောင်းပြီး entertaining ဖြစ်တဲ့ကားပါ။ File size…(880 Mb)/(520 Mb) Quality….Webrip 720p/480p Format…mp4 Duration….01:28:00 Genre…Drama Thriller Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias

5.9 1994
[18+] A Chinese Torture Chamber Story
A Most Violent Year
7

A Most Violent Year (2014) အဓိက သရုပ်ဆောင်အဖြစ် Moon Knight မင်းသား Oscar Isaac က သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းနာမည်အတိုင်း စီးပွားရေးသမားတစ်ယောက်ရဲ့ အခက်ခဲ အကြမ်းတမ်းဆုံးနှစ်တစ်နှစ်အကြောင်း ရိုက်ကူးပြထားတာပါ။ သူဟာ လောင်စာဆီသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်နေပြီး မိသားစုကိုလည်း ကောင်းကောင်မွန်မွန်စောင့်ရှောက်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ သူ့ရဲ့ ဆီသယ်ယာဥ်တွေဟာ ခဏခဏ ဓါးပြတိုက်လုယက်ခံနေရပြီး ဘယ်သူက လုပ်နေမှန်းမသိရပါဘူး။ တစ်ခါအလုခံရရင် ဒေါ်လာ 6000လောက်ပါသွားပါပြီ။ နောက်တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းကို တိုးချဲ့မယ်ဆိုပြီး ဘဏ်ချေးငွေနဲ့ နယ်မြေတစ်ခုဝယ်ဖို့ စုထားတာလေးနဲ့စရံချေထားလိုက်ပါတယ်။ ဖြစ်ချင်တော့ လုယက်မှုတွေကြားရှုပ်ထွေးလာပြီး၊ ဘဏ်ကလည်းငွေမချေးပေးတော့ စရံဆုံးပြီး ကူကယ်ရာမရ မွဲပြာကျမယ့်အခြေအနေကိုဆိုက်နေပါပြီ။ မိတ်ဆွေတွေကို အကူအညီတောင်းတော့လည်း တကယ်ဒုက္ခရောက်ရင် ကူညီမယ့်သူက ခပ်ရှားရှားရယ်။ ဒီတော့ ဒီလိုကြပ်တည်းတဲ့အခြေအနေကနေ ရုန်းထွက်နိုင်ပါ့မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size : 923MB, 387MB, 240MB Quality : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format : mp4 Duration : 2hr 5mins Genre : Action, Crime, Drama Translated by Themes Encoded by Kinnov

Mystery • Thriller • Horror
7 2014
A Most Violent Year
The List
5.3

The List (2023) ~ IMDb – 5.3/10, Rotten Tomatoes – 96% ~ “Celebrity Free Pass” ဆိုတဲ့ စကားလုံးအသုံးအနှုန်းနဲ့ လူတော်တော်များများ မရင်းနှီးကြတာတော့ အသေအချာပါပဲ။ အနောက်တိုင်းမှာ ချစ်သူရည်းစားတွေဖြစ်လာကြတဲ့အခါ ကိုယ်နှစ်သက်တဲ့ဆယ်လီတစ်ယောက်ယောက်နဲ့ ကြုံကြိုက်လာတဲ့အခါတိုင်း ဝုန်းဒိုင်းကျဲကြဖို့ဆိုပြီးတော့ စုံတွဲတွေကြားမှာ နှစ်ဦးသဘောတူ Free-past List တွေထားလေ့ရှိကြပါတယ်။ ဒီဇာတ်လမ်းကိုတော့ အဲဒီ Free-past List ကို ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ ဇာတ်ဆောင်ဖြစ်တဲ့ အက်ဘီဆိုသူရဲ့ ကောင်လေးဟာ Free-past List ကို အကြောင်းပြပြီး ဆယ်လီတစ်ယောက်နဲ့ အတူသွားအိပ်ခဲ့ပါတယ်။ ဒါကို အက်ဘီဟာ မကျေနပ်နိုင်ဖြစ်ပြီး သူမရဲ့ ကောင်လေးကို လက်စားချေတဲ့အနေနဲ့ ကိုယ်ပိုင်စာရင်းတစ်ခုလုပ်ပြီး အဲ့စာရင်းထဲကဆယ်လီတွေနဲ့ လိုက်အိပ်ဖို့လုပ်ပါတော့တယ်။ အက်ဘီဟာ သူ့ရဲ့ဒေါသစိတ်ကြောင့် စုံလုံးကန်းပြီး ပေါက်တတ်ကရလိုက်လုပ်နေတဲ့အခါကျမှ ယောင်္ကျားပေါင်းများစွာရဲ့အသွင်မျိုးစုံကို မျက်မြင်ကိုယ်တွေ့ဖြစ်သွားပါတော့တယ်။ အက်ဘီတစ်ယောက် ဘယ်လိုလူတွေနဲ့ကြုံတွေ့လိုက်ရလဲ၊ ဇာတ်သိမ်းသွားမလဲဆိုတာကိုတော့ ဒီဇာတ်ကားမှာ ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာဆိုရင်တော့ Scouts Guide to the Zombie Apocalypse နဲ့ Goosebumps က မင်းသမီး Halston Sage ကနေ ဇာတ်ဆောင်အဖြစ်ပါဝင်ထားပြီး Rotten Tomatoes မှာလည်း 96% အထိ ရရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါ့အပြင် “Unconditional Love” ဆိုတဲ့ အတိုင်း ကိုယ့်ကိုတကယ်ချစ်တဲ့သူဟာ ကိုယ်ဘယ်အခြေအနေပဲရောက်နေပါစေ ချစ်နေမှာပါပဲ၊ ဒီလိုလူမျိုးကို ကိုယ့်ဘက်ကနေ သစ္စာမဖောက်မိဖို့က အရေးကြီးဆုံးပဲဆိုတာကိုပါ ပေါ်လွင်အောင်ရိုက်ကူးပေးသွားပါသေးတယ်။ ဒါ့ကြောင့် အခုလိုမိုးအေးအေးလေးမှာ ဒရာမာတွေကို ခံစားရင်း ထိုင်ခွီနေရမယ့်ကားလေးမို့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 830MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 37Min Genre – Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Horror • Drama • Mystery
5.3 2023
The List
Fourth Down and Love
6.6

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Fourth down and love ဆိုတဲ့ ကားလေးပဲဖြစ်ပါတယ်၊ ဒီကားလေး‌က မိသားစုဇာတ်လမ်းလေးလည်းဖြစ် စိတ်လည်းအေးချမ်းစေမှာမို့လို့ တကယ်ကိုကြည့်သင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ အဓိကဇာတ်ကောင်တွေအနေနဲ့တော့ ဘောလုံးကစားရတဲ့ကြိုက်တဲ့ 12နှစ်အရွယ် ကီရာရဲ့အမေ Single mother အယ်ရင်, Whalers အသင်းရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ မိုက်ခ် ဟန်ဆင်၊ သူတို့နှစ်ယောက်ဟာ ကောလိပ်တုန်းက တွဲခဲ့ကြပြီး ကွဲကွာသွားတဲ့ ငယ်ချစ်တွေပေါ့နော်။ ပြီးတော့ တိုက်ဆိုင်စွာပဲ မိုက်ခ်ဟန်ဆင်က ကီရာ့တို့ ဘောလုံးအသင်း နည်းပြရဲ့ညီဖြစ်နေခဲ့တယ်။ ကီရာ့ရဲ့ လေ့ကျင့်ရေးမှာ အယ်ရင်နဲ့ မိုက်ခ်ဟာ ပြန်ဆုံခဲ့ကြပြီး မိုက်ခ်ဟန်ဆင်ကလည်း ဒဏ်ရာကြောင့် အသင်းကနေ တစ်လနားနေစဉ်အတွင်းမှာ ကီရာ့တို့ အသင်းကို နည်းပြလုပ်ပေးဖို့ ကံစီမံလာတဲ့ အခါမှာတော့ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေက ပြန်လည်ပေါက်ဖွားလာမှာလား ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲ၊ မိုက်ခ်ဟန်ဆင်ကရော သူ့အသင်းမှာပြန်လည်ကစားနိုင်ပါ့မလား သူတို့ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ပြီး ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ အခုပဲ ကြည့်ကြည့်လိုက်ရအောင် File size…(1.7 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Tv Movie, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe

Comedy • Drama • Romance
6.6 2023
Fourth Down and Love
Kill Me If You Dare

Kill me if you dare (2024) ပိတ်ရက်မှာ ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေး ကြည့်ရင်း အပန်းဖြေနိုင်ဖို့ ပိုလန်နိုင်ငံက ရိုက်ကူးပြီး Netflix က ဖြန့်ချီထားတဲ့ Romance/ Comedy ရုပ်ရှင်လေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ပိုလန်နိုင်ငံက ရိုက်ကူးတာမို့ မြင်နေကျ Hollywood ရုပ်ရှင်တွေနဲ့ ကွဲထွက်နေပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပျော့တ်နဲ့ နာတာလီယာတို့ဟာ ရုန်းကန်နေရတဲ့ သာမန်လင်မယားတွေပါ။ ငွေကြေးလည်း မချမ်းသာသလို စားနိုင်ရုံသောက်နိုင်ရုံပါပဲ။ အိမ်ထောင်သက်ကြာပြီဖြစ်တာမို့ ယောကျ်ားက မိန်းမကို ဂရုမစိုက်နိုင်တာ၊ ပိုက်ဆံနှမြောတာ အစရှိသဖြင့် ပြဿနာအသေးအမွှားတွေတော့ ရှိပေမယ့် အဆင်ပြေတဲ့ အိမ်ထောင်ရေးတစ်ခုပါပဲ။ နှစ်ပတ်လည်နေ့မို့လို့ ညစာထွက်စားရင်း ခဲခြစ်ကံစမ်းမဲလာရောင်းတဲ့ အဘွားကြီးဆီကနေ ခဲခြစ်ကံစမ်းမဲ ဝယ်ပြီး ကံစမ်းရာကနေ ပိုက်ဆံ ၅ သန်း မဲပေါက်သွားပါတယ်။ ဒီလိုနဲ့ လင်မယား ၂ ယောက်ကြား ငွေကြေးဝင်လာပြီး တစ်ယောက်ကို တစ်ယောက်ကများ သတ်ပစ်ပြီး ပိုက်ဆံတွေ လုမလားဆိုတဲ့ သံသယတွေ ဝင်လာကြလို့ တလွဲတွေဖြစ်တာကို ဟာသတွေနဲ့ ကြည့်ရှုရမယ့် ရုပ်ရှင်ဇာတ်ကားလေးပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.4GB | 786MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

0 2024
Kill Me If You Dare
Miller’s Girl

မမ Wednesday ရဲ့ဇာတ်ကားအသစ်လေးထွက်ရှိလာပါပြီ Wednesday ထဲက Jenna Ortega,Martin Freeman နဲ့ Gideon Adlon တို့လိုနာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားပါတယ် (ဒီဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ဝင်ခန်းတချို့နဲ့စကားအသုံးအနှုန်းတွေကြောင့် မိသားစုနှင့်အတူ ကြည့်ရှုရန်မသင့်တော်ပါ) ဇာတ်လမ်းအကျဥ်းကတော့……. မိဘတွေအဝေးရောက်နေတာကြောင့် တစ်ယောက်တည်းအထီးကျန်စွာရှင်သန်နေရတဲ့ဆယ်ကျော်သက်ကောင်မလေး “ကိုင်ရို”ဟာ ပျင်းစရာကောင်းလှတဲ့တန်နစ်ဆီပြည်နယ်မှာပဲ ဘဝကိုရိုးရိုးရှင်းရှင်းကြီးဖြတ်သန်းနေရလို့ မကျေမနပ်ဖြစ်နေပါတယ် ဒါပေမဲ့ တစ်နေ့မှာ သူမရဲ့ဘဝမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုဝင်ရောက်လာပါတယ် အဲ့ဒါကတော့ စာရေးဆရာ”ဂျွန်နသန်မီလာ”ဟာ သူ့ရဲ့စာအုပ်တွေဝေဖန်ခံရပြီးကတည်းက စာဆက်မရေးတော့ဘဲ ကျောင်းဆရာအလုပ်ကိုရွေးချယ်ခဲ့ပါတယ် စာရေးသားရတာဝါသနာပါတဲ့”ကိုင်ရို”တစ်ယောက် “ဂျွန်နသန်”ရဲ့အတန်းကိုလာတက်တဲ့အခါ…….. “ဂျွန်နသန်”ကလည်း ထူးချွန်ပြောင်မြောက်လှတဲ့တပည့်မလေးကို မျက်နှာသာပေးဆက်ဆံတယ် ပြီးတော့ နှစ်ဝက်စာမေးပွဲအတွက်ဆိုပြီး “ကိုင်ရို”ကိုသူ့အကြိုက်ဆုံးစာရေးဆရာတစ်ယောက်ရဲ့ရေးသားဟန်ကိုမှီငြမ်းပြီး ဇာတ်လမ်းတိုတစ်ပုဒ်ရေးခိုင်းပါတယ် အဲ့ဒီလိုကနေ သူတို့နှစ်ယောက်ရင်းနှီးကျွမ်းဝင်လာပြီး ဘယ်လိုပက်သက်မှုမျိုးတွေဖြစ်လာမလဲ “ကိုင်ရို”က မှီငြမ်းရေးသားမယ့်စာရေးဆရာကို ကာမရမ္မက်အကြောင်းတွေရေးလေ့ရှိတဲ့ ဟန်နရီဆိုတဲ့စာရေးဆရာကိုရွေးချယ်လိုက်တဲ့အခါ…… “ကိုင်ရို”ရဲ့သူငယ်ချင်း “ဝင်နီ”ရဲ့ မြှောက်ပင့်ပေးတဲ့စကားတွေကြောင့် “ကိုင်ရို”တစ်ယောက် ဆရာ့အပေါ်ကိုအရောင်တွေပြောင်းလဲသွားမလား….. File size…(1.2 GB)/(682 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

Documentary
0 2024
Miller’s Girl
The Reluctant Royal

ဒီဇာတ်လမ်းလေးကတော့ ရိုးမန့်ဒရာမာကားတစ်ကားဖြစ်ပါတယ်။ ဂျော်နီလို့ခေါ်တဲ့ စက်ပြင်ဆရာကောင်လေးတစ်ယောက်ဟာ အမေတစ်ခုသားတစ်ခုဘဝနဲ့ ကြီးပြင်းလာရင်းနဲ့ ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းနေခဲ့သူပါ။ တစ်ရက်မှာတော့ မထင်မှတ်ထားဘဲ အမျိုးသမီးတစ်ဦးဆီက သူ့အဖေဟာ အင်္ဂလန်ကမြို့စားကြီးတစ်ဦးဖြစ်ပြီး သူ့ကိုအမွေဆက်ခံဖို့ဆင့်ခေါ်နေကြောင်းသိလိုက်ရချိန်မှာ ဂျော်နီတစ်ယောက်ရဲ့ဘဝကြီး ဘယ်လိုတွေပြောင်းပြန်လှန်ပြစ်သလို ပြောင်းလဲသွားမှာလဲ တစ်သက်လုံးပျောက်နေပြီး ခုမှပြန်ပေါ်လာတဲ့ အဖေကရော ဘယ်လိုလူမျိုးလဲ အမွေဆက်ခံမှုကရော သူကြားရသလိုရိုးရှင်းလွယ်ကူနေပါ့မလားဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် File size…(1.5 GB)/(828 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2025
The Reluctant Royal
Acoustic
6.9

Acoustic (2010) ***************** ဒီတစ်ခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ High Kick ဇာတ်လမ်းတွဲတွေနဲ့ နာမည်ရလာခဲ့ကြတဲ့ မင်းသမီး Shin Se Kyung, Baek Jin Hee အပါအဝင် နာမည်ကြီး အဆိုတော်အဖွဲ့ 2 AM အဖွဲ့ဝင် Im Seul Ong ၊ CN Blue အဖွဲ့ဝင် Kang Min Hyuk နဲ့ အဖွဲ့ဝင်ဟောင်း Lee Jong Hyun တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဆယ်ဂယောင်းလို့ ခေါ်တဲ့ မိန်းကလေးဟာ အလွန်ရှားပါးတဲ့ ရောဂါဝေဒနာကို ခံစားနေရပြီး ခေါက်ဆွဲပြုတ်တစ်မျိုးတည်းကိုသာ စားလို့ရတဲ့သူဖြစ်ပါတယ်။ သူ့အတွက် နောက်ဆုံးလို့ဆိုရမယ့် သီချင်းတစ်ပုဒ်ကို လူတွေဆီ ချပြချင်တဲ့စိတ်နဲ့ ဆေးရုံကထွက်ပြေးလာတဲ့သူပါ။ ဆောင်းဝန်းနဲ့ ဟယ်ဝန်းတို့ ၂ ယောက်ဟာ ဂီတသမားတွေဖြစ်ကြပေမဲ့ စားဝတ်နေရေးခက်ခဲ လာတဲ့အတွက် သူတို့ရဲ့ဂီတာကို ရောင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သတိမေ့တတ်တဲ့ ဟယ်ဝန်းကြောင့် ဂီတာသွားရောင်းတဲ့လမ်းမှာပဲ ဂီတာပျောက်ခဲ့ပါတော့တယ်။ ဂျင်ဟီးဆိုတဲ့ မိန်းကလေးကတော့ အမှတ်တရသီချင်းတစ်ပုဒ်ကို ထိန်းသိမ်းထားချင်ပြီး ဂျီဟူကတော့ ဂျင်ဟီးကို သဘောကျနေတာပဲဖြစ်ပါတယ်။ အပိုင်း ၃ ပိုင်းပါဝင်တဲ့ ဒီဇာတ်ကားလေးကတော့ အချစ်၊ မျှော်လင့်ချက်နဲ့ ဂီတကို သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းပေါင်းချုပ်ပုံစံ ရိုက်ကူးထားတာမျိုးလေးပါ .. စိတ်ဝင်စားစရာ ဇာတ်လမ်းတွေနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ .. သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မလားဆိုတာကို .. ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ပါနော်။ (အညွှန်းကို Nyein Sandi မှ ရေးသားထားပါတယ်) File size…1.82GB / 739MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 27m Genre ….. Music, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by Nyein Sandi Encoded by AHtet

Action • Crime
6.9 2010 88 mins
Acoustic