YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Tom.and.Jerry.Willy.Wonka.and.the.Chocolate.Factory.2017.720p {CM}.mp4

828.42 MB 720p video/mp4 127 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Animal
5.1

ပါးစပ်မစေ့ပဲနဲ့ ရယ်နေရမယ့် ဟာသကားလေး လာပါပြီဗျာ တစ်ခုတော့ပြောမယ် IMDB Rating သွားမကြည့်လိုက်နဲ့ ဒီကားမှာတော့ အဲဒီဟာ တကယ်မှားတယ်၊ ကြည့်ကြည့်လိုက် မင်းသား Rob Schneider ရဲ့ အဖောက်သရုပ်ဆောင်ချက် တွေနဲ့တင် တန်စေရမယ်။ ဇာတ်လမ်းအကျဉ်းလေးက ဒီလို ကိုယ်တွေဆရာသမား မာဗင်ဆိုတာ သောက်တလွဲကောင် အရှုံးသမား၊ အဖေက ရဲဖြစ်ခဲ့လို့ ရဲဖြစ်ချင်ပေမဲ့ အရည်အချင်း မပြည့်မှီတဲ့ကောင် ရဲဖြစ်ဖို့ စာမေးပွဲ ဖြေတိုင်းလည်း အမြဲကျနေကြ၊ ကြိုက်တဲ့ ဆော်လေးကလည်း သဘာဝထိန်းသိမ်းရေးနဲ့ တိရစ္ဆာန်ချစ် ဘာညာပေါ့ဗျာ။ စခန်းမှာလည်း အကုန်လုံး ဝိုင်းနှိမ်ခံထားရတော့ တစ်ရက်ကျ တစ်စခန်းလုံး ဘောပွဲသွားနေကြတုန်း ဓားပြမှု ဖုန်းဝင်လာတယ်၊ အရာရှိတွေ ဆက်မရတဲ့အဆုံး သူကိုယ်တိုင် သွားကယ်တင်ရာကနေ လမ်းမှာတင် ကားမှောက် ခွေးဖြစ်ပါ လေရော သေလုနီးပါးပဲ။ ဒါပေမဲ့ နောက်နေ့ကျ ပြန်ကောင်းလာတယ် ထင်တာ တကယ်က မဟုတ်ဘူး သူပျောက်နေတာ ၈ ရက်လောက် ရှိနေပြီ နောက်ပြီး သူ ထူးဆန်းနေတယ် သတ္တဝါပေါင်းစုံလို ပြုမူနေပြီး ထိန်းချုပ်မှု လွတ်လွတ်သွားတယ်။ တကယ်တမ်း အဲဒီအတွက် အဖြေက သူ ကားမှောက်နေတဲ့အချိန် သိပ္ပံပညာရှင် ဆရာဝန်ကြီးက တွေ့ပြီး ကယ်ဖို့ အင်္ဂါအစိတ်အပိုင်းလိုတာကို တိရစ္ဆာန်ဟာတွေ ထည့်ပြီး ခွဲစိတ်ကုသလိုက်ရာကနေ လူစင်စစ် ကနေ တိရစ္ဆာန်လုံးလုံး ဖြစ်သွားခဲ့တာပါ။ ဒါပေမဲ့ တဖြည်းဖြည်း လူသားစိတ်ကိုကျော်လွန်ပြီး တိရစ္ဆာန်စိတ် များလာတဲ့အချိန် မှာတော့…..။ အညွန်းအတိုင်းပါပဲ ဒီဘဲကြီး တိရစ္ဆာန်စိတ်ပေါက်ပြီး ပရမ်းပတာလုပ်တဲ့အချိန်တွေ အခွီရဆုံး အချိန်တွေပါပဲ ခွေးတွေ လိုဖြစ်တာတို့ မိတ်လိုက်ချင်တာတို့ဆို တကယ်အတောမသတ်ရပဲ ရယ်နေရတာ။ ဒီဟာသမင်းသားကြီး သရုပ်ဆောင်ပြီး ထိန်းသွား တာလည်းပါတယ် မင်းသမီးလေးကလည်း ငယ်ဘဝတုန်းက ချစ်သုဝေ တို့လို ဒီဇိုင်းနဲ့ ချစ်စရာလေး ခက်တာ ဒီကားပြီးတော့ ဆက်ရိုက်ကူးခြင်း မရှိခဲ့တော့ အလွမ်းပြေပဲ ကြည့်ရတာပေါ့လေ။ ကဲ စိတ်ညစ်နေရင် တော့ ဒေါင်းသာကြည့်လိုက်ပါတော့ တစ်ခုရှိတာက အဖော်အချွတ် အိပ်ရာခန်းမပါပေမဲ့ လိင်ဟာသလေးတွေ ပါတာမို့ ကလေးသူငယ်ရှိ တစ်ချက် သတိထားစေလိုပါတယ်ဗျ။ File size…1.54GB / 820MB Quality…WEBRip 1080p / 720p Format…mp4 Duration….1h 24m Genre ..... Comedy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Horror • Mystery • Thriller
5.1 2001 84 mins
The Animal
Heaven, Earth and Hell

အိုလီဗာစတုန်းရဲ့ Vietnam War Trilogy ဟာ နာမည်ကျော် Trilogyတွေထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး သူ့နာမည်အတိုင်းပဲ အဲဒီသုံးကားဟာ ဇာတ်လမ်းဇာတ်အိမ် ဇာတ်ကောင် လားလားမှမဆိုင်ဘဲ ဗီယက်နမ်စစ်ပွဲကို အခြေပြုထားတာခြင်းပဲ တူနေတဲ့ ၃ကားပါ။ ပထမကားဖြစ်တဲ့ Platoon (1986) ကတော့ အကောင်းဆုံးကားလို့‌ ပြောရမှာပါပဲ။ နောက်တွမ်ခရုစ်ပါတဲ့ Born on the Fourth of July ပါ။ အခုကား Heaven and Earth (1993) ကတော့ တွမ်မီလီဂျုန်းပါဝင်ထားပါတယ်။ အိုလီဗာစတုန်းဟာ သမိုင်းကားတွေ အရိုက်များတဲ့ ဒါရိုက်တာဖြစ်ပြီး ဂျွန်အက်ဖ်ကနေဒီတို့ နက်ဆွန်တို့အကြောင်းလည်း ရိုက်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ဗီယက်နမ်စစ်ပွဲမှာ တာဝန်ကျဖူးပြီး သူ့စစ်မှုထမ်းအတွေ့အကြုံတွေဟာ ဒီ Trilogy အတွက် ထောက်တိုင်တွေဖြစ်ခဲ့တာမို့ ဒီကားတွေဟာ နာမည်ကျော်တာပါပဲ။ Vietnam War Trilogy ရဲ့ ပထမကားနဲ့ တတိယကားကို တင်ထားပေးပြီးပြီဖြစ်ပြီး ဒုတိယကား တွမ်ခရုစ်ရဲ့ Born on the Fourth of July ကလည်း လာပါလိမ့်မယ်။ စစ်ကားကြိုက်တဲ့လူတွေ လက်မလွှတ်သင့်တဲ့ Trilogy ပါပဲ။ ဗီယက်နမ်စစ်ပွဲကြီးဟာ (၁၉၅၅) ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ စစ်ပွဲတစ်ပွဲဖြစ်ပြီဆိုတာနဲ့ စစ်ရဲ့ဆိုးကျိုးတွေက နောက်ကချက်ချင်းကပ်လိုက်လာပါတယ်။ အမြင်သာဆုံးတစ်ခုကတော့ စစ်ဖြစ်ပြီဆိုတာနဲ့ ပြည့်တန်ဆာတွေ ပေါလာတာပါ။ အားကောင်းမောင်းသန် ယောက်ျားသားတွေ စစ်ထဲလိုက်သွားရတဲ့အချိန် ကျန်ခဲ့တဲ့မိန်းမသားတွေအတွက် စီးပွားရှာရခက်ခဲတဲ့အပြင် ကိုယ့်စိုက်ခင်းလေး ဘယ်အချိန်မီးရှို့ခံရမလဲ ကိုယ့်ပစ္စည်းလေး ဘယ်တော့အခိုးခံရမလဲ ကျီးလန့်စာစားနေရတဲ့ဘဝမို့ ရှာဖွေစားသောက်ရတာ မလွယ်ကူပါဘူး။ "စစ်ကဖြစ်ချင်လို့ကိုဖြစ်တာ ဖာက စားစရာမရှိလို့ဖြစ်တာ" လို့ မမမယ်လီနာက သူ့ဇာတ်ကားထဲမှာ ပြောခဲ့ဖူးပါတယ်။ ဒီဇာတ်ကားလေးကလည်း စစ်ကြောင့်ဘဝပျက်ခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့မြေနဲ့ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်ရတဲ့အရာတွေနဲ့ ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့သူတွေနဲ့ ဆုံစည်းခဲ့ရတဲ့ ဗီယက်နမ်အမျိုးသမီးလေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။ ဇာတ်ကားနာမည်က Heaven and Earth လို့အမည်ရပြီး IMDB rating - 6.8/10 ထိရရှိထားတဲ့ ကားဟောင်းတစ်ကားမို့ မခေဘူးဆိုတာတော့ အသေအချာပါပဲ။ ဇာတ်ကားထဲမှာ ဗီယက်နမ်လူမျိုးတွေနဲ့ အမေရိကန်စစ်သားတွေကြား Communication ကောင်းကောင်းမပေါက်တာကိုပြဖို့အတွက် စကားပြောတဲ့အချိန် Broken English တွေချည်း သုံးထားပေမဲ့ ဗီယက်နမ်လူမျိုးအချင်းချင်းစကားပြောတဲ့နေရာတွေ၊ Narrating လုပ်တဲ့နေရာတွေမှာ ဗီယက်နမ်စကားမသုံးဘဲ အင်္ဂလိပ်စကားကိုပဲပြန်သုံးထားတာကိုတော့ သိပ်သဘောမကျလှပေမဲ့ ဒါကလည်းဇာတ်လမ်းကို အနှောင့်အယှက်ဖြစ်လောက်တဲ့ထိ မဟုတ်တာမို့ War / Drama ကြိုက်သူတွေအနေနဲ့ လေလီရဲ့ဘဝအတက်အကျလေးကို အတူတူလိုက်ခံစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mariposa မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.1GB, 630MB Quality - 1080p, 720p, 480p IMDb Rating - 6.8/10 Format - mp4 Duration - 2H 20Min Genre - Action, Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Mariposa Encoded by Y

Comedy
0 1993 25 mins
Heaven, Earth and Hell
Naane Varuvean
6.6

6.7/ 10 IMDb ဒီတစ်ခါတော့အားလုံးရဲ့အချစ်တော် ဒါနုရှ်(Dhanush) ရဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားသစ်လေးလာပါပြီ... ပရာဘူ (Dhanush) နဲ့ကာသီရ်တို့က အမွှာညီအကိုနှစ်ယောက်ပါ အမွှာလို့ဆိုပေမယ့် ပရာဘူကစိတ်ထားနူးညံ့သလောက် ကာသီရ်ကတော့ဆိုးသွမ်းတဲ့ကလေးတစ်ယောက်ပါ... အဲ့တာကြောင့်ကာသီရ်ရဲ့အပြုအမူတွေက ပရာဘူ့အပေါ်လွမ်းမိုးလာမှာကို သူတို့အဖေကစိုးရိမ်နေခဲ့ပါတယ်.. သူတော်စင်တစ်ပါးကလဲ သူတို့ညီအကိုဟာအတူတူရှိမနေသင့်ဘူးဆိုပြီးပြောတော့ မိခင်ဖြစ်သူက ကာသီရ်ကိုဘုရားကျောင်းမှာစွန့်ပစ်ပြီး ပရာဘူနဲ့အတူထွက်ပြေးခဲ့ကြပါတယ် နှစ်တွေအတော်ကြာပြီးနောက်မှာ ပရာဘူက ဇနီးဖြစ်သူနဲ့အတူ ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ရခဲ့ပါတယ်.. တစ်ဦးတည်းသောသမီးလေးမို့သည်းသည်းလှုပ်အချစ်တွေပိုခဲ့တာပေါ့.. ဒီလိုနဲ့တစ်နေ့ကြတော့ သမီးလေးရဲ့ထူးဆန်းတဲ့အပြုအမူကို အဖေဖြစ်သူပရာဘူသတိထားမိခဲ့ပါတယ်..သမီးဖြစ်သူက တစ်ယောက်ယောက်နဲ့စကားပြောနေသလို သူတစ်ယောက်တည်းစကားပြောနေတာကိုသိရှိသွားချိန်မှာ... သမီးလေးကဘာကြောင့်ဒီလိုထူးဆန်းတဲ့အပြုအမူတွေလုပ်နေတာလဲ... သူနဲ့စကားပြောနေတာကရော ဘယ်သူလဲ.... ဒီလိုအရာတွေရဲ့နောက်ကွယ်ကအကြောင်းရင်းကရော ဘာများဖြစ်မလဲဆိုတာကို ဒါနုရှ်ပရိတ်သတ်ကြီးက ရင်တမမနဲ့စောင့်မျှော်ကြည့်ရှုအားပေးလိုက်ကြပါဦး... File size…1.5GB / 700MB Quality…1080p HQ WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & HayMan & Poe & OeliuJ

Comedy
6.6 2022 122 mins
Naane Varuvean
The Devil's Backbone
7.3

IMDb rating: 7.4/10 Rotten Tomatoes: 93% ကမ္ဘာစစ်အတွင်းမှာ သေကြေပျက်စီးတယ်ဆိုတယ် ဆန်းတဲ့အရာတော့ မဟုတ်ပါဘူး စစ်ကြောင့် လက်နက်ကြောင့်လို့ ပြောကြပေမယ့် တကယ်တမ်းကတော့ လူ့အတ္တစစ်စစ်ကြောင့်ပေါ့ဗျာ ငတ်ပြတ် ဆင်းရဲကုန်တော့ လုပ်မိလုပ်ရာတွေလုပ်ရင်း လူသားဆန်မှုဆိုတာ ဘယ်ဆီရောက်မှန်းမသိ ယုံကြည်မှုတွေကလည်း အလဲလဲအကွဲကွဲ ဘယ်ဘုရားဆီပြေးရမယ်မသိ.. မကောင်းဆိုးဝါးရဲ့ ကျောရိုးဆိုတာ ဘာလဲ သိကြလားဗျ မွေးမလာသင့်တဲ့ကလေးတွေ တစ်နည်း လူတွေစွန့်ပစ်လို့ အသက်ဆုံးရှုံးသွားရတဲ့ လူမမယ်ကလေးလေးတွေကို ခေါ်ပါသတဲ့ စပိန်နိုင်ငံရဲ့ စစ်ကြီးအတွင်းမှာ အဲဒီကလေးတွေကို ‌ဆေးရည်စိမ်ပြီး ရောဂါပျောက်တယ်ဆိုပြီး သောက်ကြသတဲ့လေ မဟုတ်မှန်းသိသိရဲ့နဲ့ လုပ်မိလုပ်ရာတွေ လုပ်ကြတာပါပဲ ကျွန်တော် လက်လှမ်းမီသလောက် ဇာတ်လမ်းရဲ့ ရည်ညွှန်းချက်ကတော့ devil's backbone ဆိုတာ ကပ်ဘေးကြောင့် လူ့လောဘအတ္တကို ကျောရိုးအရင်းခံပြီး လုပ်မိလုပ်ရာတွေ လုပ်ကြပုံပါပဲ ဇာတ်လမ်းအညွှန်းကတော့ တိုတိုလေးပါပဲ ၁၂ နှစ်သားကောင်လေးတစ်ယောက် စစ်ကြီးထဲမှာ အဖေဆုံးရှုံးသွားရလို့ စပိန်နိုင်ငံ မြို့စပ်လေးတစ်ခုက ကျောင်းတစ်ကျောင်းကို ရောက်လာတယ် သူမရောက်ခင်ကတည်းက ကျောင်းဝန်းအလယ်တည့်တည့်မှာ ဗုံးအကြီးကြီးစိုက်ဝင်နေတယ် ဗုံးကျဲခံရတဲ့ညမှာပဲ ရှန်တီဆို‌တဲ့ ကောင်လေးတစ်ယောက် ပျောက်သွားတယ်တဲ့ ကျောင်းသားတွေကြားက ကောလဟာလကတော့ သရဲလိုလို အသက်ရှင်နေသလိုလို... ဒီလိုနဲ့ ကောင်လေးကျောင်းရောက်ပြီး မကြာခင်မှာပဲ သရဲလိုလို ဘာလိုလိုဟာကို တွေ့လာတော့တယ် စုံစမ်းဖို့ကြိုးစားရင်း ကျောင်းကလူတွေရဲ့ နှစ်မြှုပ်ထားတဲ့လျှို့ဝှက်ချက်တွေထဲ ရောက်သွားပါတော့တယ် ဇာတ်လမ်း‌အသွားအလာကရိုးရှင်းပေမယ့် Nomi တွေ ဝင်ခဲ့ပါသေးတယ် Goya Award for Best Special Effects တို့ Goya Award for Best Costume Design အစရှိတာတွေပါ ကဲ ရုပ်ရှင်ကြိုက်သူတို့ လိုက်ပါစီးမျောရင်း အတွေးနယ်ချဲ့လိုက်ကြပါဦး File Size :(2.1GB)  (862 MB) and (273 MB) Quality : Blu-Ray 720p Format…mp4 Duration…01:46:00 Genre : Horror , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Mayphoo Pone Encoded by Phyo Pyae

Action • Drama • Science Fiction
7.3 2001 108 mins
The Devil's Backbone
Savage Salvation
6.3

Robert De Niro နဲ့ John Malkovich တို့လို အကျော်အမော်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပါ။ Action Thriller ကားအနေနဲ့ဆို ဒီကားက ကြည့်လို့တော့ ကောင်းပါတယ်။ ပြဿနာက De Niro ဝင်သရုပ်ဆောင်ရမယ့် ကားတော့ ဟုတ်မနေပါဘူး။ မင်းသမီးကတော့ Willa Fitzgerald ဆိုတဲ့ အချောလေးပါပဲ။ သူရဲ့ခပ်လန်းလန်း အခန်းတွေလည်း ပါတာမို့ တော်တော်တန်တဲ့ကားပေါ့။ ဒီမင်းသမီးဟာ Reacher ဇာတ်လမ်းတွဲမှာ ပါဖူးပါတယ်။ မင်းသား Jack Huston ကတော့ House of Gucci ထဲမှာ ပါဖူးပါတယ်။ ဇာတ်လမ်းကတော့ နယ်မြို့လေးတစ်မြို့က ရဲအရာရှိဖြစ်တဲ့ ဒီနဲရိုးရဲ့ဇာတ်ကောင်ရယ်၊ ဆေးသမားလင်မယားဖြစ်တဲ့ မင်းသားနဲ့မင်းသမီးရယ်၊ မင်းသမီးရဲ့ခဲအိုဖြစ်တဲ့ John Malkovich တို့ရဲ့ကြားမှာ ဖြစ်နေပျက်နေတဲ့ အကြောင်းအရာတစ်ခုနဲ့တည်ထားတာပါ။ ဘာအကြောင်းအရာလဲတော့ မပြောပြတော့ပါဘူး။ စပွိုင်လာမိမှာ စိုးလို့ပါ။ တခမ်းတနားကားကြီးတော့လည်း မဟုတ်ပေမဲ့ အလှည့်အပြောင်းလေးတွေနဲ့ အပျင်းပြေကြည့်ရင် တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ ရုပ်ရှင်လေးပါပဲ။ မင်းသားကလည်း အသေကြမ်းတာမို့ အက်ရှင်ဖန်တွေ အကြိုက်တွေ့ကြမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 885MB Quality - 1080p, 720p Format - mp4 Duration - 1H 41Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Horror • Thriller
6.3 2022 101 mins
Savage Salvation
Shogun's Ninja
5.9

ဟိဒဲရောရှိ အရှင်က မိုမိုချိမျိုးနွယ်ရဲ့ အီဂါကိုသိမ်းချင်ပေမဲ့ မိုမိုချိအရှင်က ထက်မြက်တာကြောင့် သိမ်းလို့မရနိုင်ဘဲ မချိတင်ကဲဖြစ်နေရပါတယ်။ ဒါကြောင့် ဟိဒဲရောရှိရဲ့လက်ဝေခံ ရှိုးဂန်း ရှိရနုအိက အီဂါရဲ့ မဟာမိတ်ဟန်ဆောင်ပြီး ကူညီသယောင်နဲ့ သူလျှိုလုပ် သစ္စာဖောက်ခဲ့ပါတယ်။ ဒါကြောင့် မိုမိုချိမျိုးနွယ်တွေလည်း အလစ်ဝင်တိုက်ခံရပြီး စစ်ရှုံးခဲ့ရပါတယ်။ ဒီလိုနဲ့ မိုမိုချိတို့ရဲ့ နန်းပြိုပြီး အီဂါပြည်သူတွေကိုလည်း တစ်ယောက်မကျန် လူမျိုးတုန်းသတ်ဖြတ်တာမို့ လွတ်အောင်ထွက်ပြေးကြရပါတယ်။ မိုမိုချိအရှင်ရဲ့ သားတော်ဖြစ်သူ တကမာရုလေးကို သူတို့ကိုစောင့်ရှောက်တဲ့ အဘကြီးက ခေါ်ပြီး ဘေးလွတ်ရာကိုထွက်ပြေးကြရပါတယ်။ ဒီလိုနဲ့ ဆယ်စုနှစ်တစ်ခုအကြာမှာတော့ ဟိဒဲရောရှိတွေကို ကလဲ့စား‌ချေဖို့အတွက် တကမာရုက ဂျပန်ပြည်ကိုပြန်လည်ရောက်ရှိလာပါတယ်။ ရှင်ကျန်ရစ်ခဲ့တဲ့ မိုမိုချိမျိုးနွယ်တွေနဲ့ ရှိုးဂန်း ရှိရနုအိတို့ အုပ်ချုပ်သူတွေကြားက ကလဲ့စားနဲ့ ယှဉ်ပြိုင်မှုတွေကို ကြည့်ရှုရမယ့်ရှိုးဂန်း နင်ဂျာတို့အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.1GB, 568MB Quality - 1080p, 720p, 480p IMDb Rating - 6.1/10 Format - mp4 Duration - 1H 57Min Genre - Action, Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Thriller
5.9 1980 117 mins
Shogun's Ninja
Lara Croft: Tomb Raider - The Cradle of Life
5.7

အမျိုးသမီးဖိုက်တာဇာတ်ရုပ်တွေဆိုရင် Angelina Jolie ရဲ့ Lara Croft: Tomb Raider ရုပ်ရှင်တွေက ထိပ်ဆုံးကပါလာတတ်ပါတယ်။ ဂိမ်းဇာတ်ကောင် Lara Croft ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာဖြစ်ပြီး Lara Croft ဇာတ်ကားတွေရဲ့ တင်ဆက်ပုံက ဇာတ်လမ်းဇာတ်ကွက်ထက် ဇာတ်ကောင်ရဲ့ မိမိုက်နေမှုကိုပဲ ဦးစားပေးပုံဖော်ထားပါတယ်။ ဇာတ်ကောင်မင်းသမီးကလဲ အင်ဂျလီနာဂျိုလီဆိုတော့ လိုတာထက်ပိုတဲ့ မိမိုက်နေမှုတွေကို ခံစားကြည့်ရှုရမှာပါ။ ရှေးခေတ်က သဘာဝလွန်ပစ္စည်းတွေကို ရှာဖွေရာမှာ ကမ္ဘာကိုဒုက္ခပေးမယ့် လူဆိုးတွေနဲ့ အပြိုင်အဆိုင် အနိုင်ကြဲမယ့် မိန်းမ ဂျိမ်းစ်ဘွန်း အဖြစ် ဂျိုလီကိုရှုမြင်ရတာ လိုက်ဖက်လွန်းပါတယ်။ Action, Adventure, Fantasy ဆိုတဲ့ အရသာကို အပြည့်အဝခံစားရမှာပါ။ BluRay 4K Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ File size…(6.2 GB)/(1.7 GB)/(900 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:57:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by KiKi

Adventure • Fantasy
5.7 2003 117 mins
Lara Croft: Tomb Raider - The Cradle of Life
Deborah

Deborah (2022) အားလုံးကို လက်တလောမှ ထွက်ရှိထားတဲ့ Sci-fi, Comedy movie လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ငယ်ငယ်တုန်းက ကိုယ့်ဆီမှာ အချိန်ကိုနောက်ပြန်ရစ်လို့ရမယ့် ရီမုဒ်ကွန်ထရိုးရှိရင်ကောင်းမယ် တွေးဖူးကြတဲ့သူရှိရင် ဒီဇာတ်ကားက အဲဒီအတွက်အဖြေကောင်းပါပဲ။ ဇာတ်လမ်းအစကိုတော့ ငယ်ပေါင်းသူငယ်ချင်းတစ်စု အဲလ်ဘတ်နဲ့အေဒါတို့ရဲ့ စေ့စပ်ညပါတီပွဲတက်ပုံနဲ့ စထားပါတယ်။ အဲလ်ဘတ်တို့ပိုင်ထားတဲ့ ဒက်ဘရာ(Deborah)ဆိုတဲ့ AI က အချိန်ကိုရပ်ပြီး အချိန်အနည်းငယ်လောက်ကိုပြန်ရစ်ပေးနိုင်တာပါ။ အဲလ်တို့က ပြီးပြည့်စုံတဲ့ညကိုဖန်တီးနိုင်ဖို့အတွက် အချိန်ကိုခဏခဏပြန်ရစ်ကြပါတယ်။ အစကတော့ ဘေးထွက်‌ဆိုးကျိုးကြောင့် တခြားသူတွေက Déjà Vu လိုမျိုးပဲခံစားရပေမယ့် ကြာလာတော့ရိပ်မိသွားပါတယ်။ အားလုံးသိကုန်ကြတဲ့အချိန်မှာ အကုန်ဝိုင်းသုံးကြရင်း ပေါက်ကရလေးဆယ်တွေစဖြစ်ကုန်ပါတော့တယ်။ ‌ဒီဇာတ်ကားမှာ ငယ်ပေါင်းသူငယ်ချင်းတစ်စု‌ ရောက်တတ်ရာရာစကားထိုင်ပြောနေကြတာကိုကြည့်ရင်းနဲ့ ‌ကျောင်းကန်တင်းမှာသူငယ်ချင်းတွေနဲ့ နေခဲ့ရ ပြောခဲ့ရတာတွေကို လွမ်းဆွတ်စေမယ့် Nostalgia Vibe မျိုးပြန်ရစေမှာပါ။ ပေါ့ပေါ့ပါးပါးကြည့်လို့ရတဲ့ဇာတ်ကားဆိုပေမဲ့ တစ်ချက်တစ်ချက် Dialogue တွေက ကြည့်ရှုသူတွေရဲ့လက်ရှိဘ၀နဲ့ပါ ယှဉ်ကြည့်မိရင်း တစ်မိနစ်လောက်အတွေးထဲ နစ်မြောသွားစေနိုင်ပါတယ်။ အားလုံးပဲကြည့်ရှုခံစားကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 743MB Quality – 1080p, 720p Format – mp4 Duration – 1H 28Min Genre – Comedy, Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Drama
0 2022
Deborah
Hex

ကောင်းကင်ပေါ်ကို လေယာဉ်နဲ့အမြင့်ကြီးသွားပြီးတော့ Skydiving (လေထီးခုန်ခြင်း)ကိုလုပ်ဖူးတဲ့သူတွေရှိပါသလား။ အဲ့လိုလုပ်ချင်တဲ့အိပ်မက်ရှိတဲ့လူတွေလဲရှိမှာပါပဲ။ ဒီကားထဲမှာတော့လေထီးခုန်တဲ့ အဖွဲ့တစ်ဖွဲ့နဲ့သူတို့အဖွဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတွေကို ရိုက်ကူးထားတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဆယ်ရာဆိုတဲ့ ကောင်မလေးတစ်ယောက်ကလေထီးခုန်တဲ့ကွင်းမှာ တစ်ယောက်တည်း လေထီးခုန်လေ့ရှိတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ရုပ်လေးကလဲချော စကေးကလဲကောင်းတော့ အဲ့ဒီကွင်းကငါးယောက်ရှိတဲ့ အဖွဲ့တစ်ဖွဲ့က သူတို့အဖွဲ့ထဲဝင်ဖို့အတွက်သူ့ကိုသိမ်းသွင်းပါတော့တယ်။ ဒီလိုနဲ့နောက်ဆုံးတော့လဲဆယ်ရာတစ်ယောက်အဲ့ဒီအဖွဲ့ထဲကိုရောက်သွားခဲ့ပါတယ်။ ဆယ်ရာအဖွဲ့ထဲရောက်ပြီး သိပ်မကြာခင်ပဲသူတို့အဖွဲ့ထဲကတစ်ယောက်က ဟက်ဇ်ဆိုတဲ့အဖွဲ့လိုက်လေထီးခုန်နည်းတစ်ခုကို လုပ်ဖို့အတွက်အကြံပေးပါ တော့တယ်။အဲ့ဒီလေထီးခုန်နည်းကအရမ်းအန္တရာယ်များလို့မလုပ်သင့်ဘူးလို့ ပြောကြပေမဲ့ သူတို့အဖွဲ့ကတော့ရအောင်ကိုလုပ်ပါတော့တယ်။ ဒီလိုနဲ့ပထမဆုံး လုပ်ခဲ့တဲ့နေ့မှာတော့အလွဲလေးတွေ ဖြစ်ခဲ့ပေမဲ့နောက်နေ့ပြန်ခုန်ကြည့်တဲ့အခါမှာ အောင်မြင်သွားခဲ့ပါတယ်။အဲ့ဒီမှာတင် သူတို့ဘဝရဲ့အိပ်မက်ဆိုးတွေကစတင်ခဲ့ပြီး အဖွဲ့ထဲကလူတွေနည်းအမျိုးမျိုးနဲ့တစ်ယောက်ချင်းစီသေကုန်ကြပါတော့တယ်။ ဒီလိုနဲ့ဆယ်ရာတို့လဲ အဲ့လိုဖြစ်နေရတာဘာလို့လဲဆိုတာကိုအစွမ်းကုန်အဖြေ ထုတ်ဖို့ကြိုးစားကြရင်းနဲ့ သူတို့ဘဝရဲ့အကြီးမားဆုံးအိပ်မက်ဆိုးကြီးကနေ နိုးထနိုင်ပါ့မလားဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.43GB / 584MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2023
Hex
Battle of the Warriors
6.7

စစ်သည်တို့ရဲ့တိုက်ပွဲလို့အမည်ရတဲ့ ဒီဟောင်ကောင်ရုပ်ရှင်က၂၀၀၆ ခုနှစ်ထွက်စစ်ပွဲရုပ်ရှင်ဖြစ်ပြီး ဂျပန်သမိုင်းဝင်မန်းဂစီးရီးတစ်ခုဖြစ်တဲ့ Bokkō ပေါ်အခြေခံထားပါတယ်။ ဒါရိုက်တာ Jacob Cheung ရိုက်ကူးထားပြီး နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Andy Lau, Ahn Sung-ki, Wang Zhiwen, Fan Bingbing, Nicky Wu နဲ့ Choi Siwon တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီပူးတွဲထုတ်လုပ်မှုမှာ တရုတ်ပြည်မြောက်ပိုင်း၊ ဟောင်ကောင်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ပါဝင်ပါတယ်။ ဒီရုပ်ရှင်က ဘီစီ ၃၇၀ ခုနှစ်က တရုတ်ပြည်ရဲ့ စစ်ပွဲခေတ်ကာလကို ဖော်ပြထားပြီး Zhao နိုင်ငံက စစ်တပ်ကြီးဟာ Yan နိုင်ငံကို တိုက်ခိုက်သိမ်းယူဖို့ ချီတက်လာနေပါတယ်။ Zhao-Yan နယ်နမိတ်ပေါ်မှာတည်ရှိနေတဲ့ Liang မြို့ဟာ Zhao စစ်တပ်က သိမ်းယူခြင်းကိုခံရမယ့် အန္တရာယ်ကိုကျရောက်နေပါတယ်။ Liang မြို့ကို ကာကွယ်ဖို့ Mohist တစ်ဦးဖြစ်သူ Ge Li က အကူအညီပေးဖို့ရောက်ရှိလာပါတယ်။ Liang ဘုရင်ဟာ ဘုရင့်အရည်အချင်းနဲ့မပြည့်မီတာကြောင့် ကျူးကျော်သူတွေကို ပြန်လည်ခုခံခြင်းမပြုဘဲ လက်နက်ချအညံ့ခံဖို့ရာကို စီစဉ်ထားပြီးဖြစ်ပါတယ်။ Ge Li ကတော့ လူထုစုကိုစည်းရုံးပြီး လူထုအင်အားနဲ့ ရန်သူကို ပြန်လည်ခုခံတိုက်ထုတ်နိုင်ကြောင်းကို ဘုရင့်ထံရှင်းပြလိုက်ပါတယ်။ ဒီလိုနဲ့ Liang ဘုရင်ရဲ့ခွင့်ပြုချက်နဲ့ သားတော်ဖြစ်သူ Liang မင်းသားက သူ့ရဲ့စစ်တပ်ကို Ge Li ကို အမိန့်ပေးခွင့်ပြုပြီး Ge Li က Liang စစ်တပ်ကို ကြီးကြပ်ကာ Zhao စစ်တပ်ရဲ့ တိုက်ခိုက်မှုကို ခုခံတားဆီးဖို့ကြိုးစားပါတော့တယ်။ ဒီရုင်ရှင်ထဲမှာတော့ ရှေးခေတ်စစ်ပွဲတွေမှာ ထိုးစစ်ဆင်တဲ့ဘက်နဲ့ ခုခံကာကွယ်တဲ့ဘက်တို့ရဲ့ စစ်သူကြီးတွေ၊ တပ်မှူးတွေရဲ့ စစ်ရေးဗျူဟာ‌တွေ၊ နည်းပရိယာယ်တွေကို ရှူစားရမှာပါ။ ဇာတ်အိမ်လည်းကောင်း သရုပ်ဆောင်ပိုင်းလည်း မညံ့တဲ့အပြင် တရုတ်စစ်ပွဲရုပ်ရှင်တို့ထုံးစံအတိုင်း ကြက်သီးထစရာနောက်ခံတေးနဲ့ တိုက်ပွဲဇာတ်၀င်ခန်းတွေကို ဟန်ချက်ညီအောင် ပေါင်းစပ်ရိုက်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တာကြောင့် စစ်ပွဲရုပ်ရှင်တွေကိုကြိုက်တဲ့ ပရိသတ်တွေအတွက် ဒီရုပ်ရှင်ဟာ အထူးသင့်တော်တဲ့ရုပ်ရှင်တစ်ခုဖြစ်ကြောင်း အကြံပြုလိုက်ပါတယ်။ File size…(2.5 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:13:00 Genre… Action, Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

6.7 2006
Battle of the Warriors
Mulan
7.7

Mulan 1998 IMDb: 7.7/10 ဒီကာတွန်းရုပ်ရှင်လေးဟာ တရုတ်ပြည်ကြီးမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန် ကို ပြန်လည်ပြီး ဇာတ်လမ်းဖွဲ့ ရေးဆွဲခဲ့တယ်လို့ သိရပါတယ်…တိုင်းပြည် စစ်ဖြစ်နေချိန်မှာ ယခင် တာဝန်ထမ်းဆောင်ခဲ့သော သက်ကြီးစစ်သားဟောင်းများကိုပြန်လည် ဆင့်ခေါ်ခဲ့ပါတယ် အကယ်၍ သက်ကြီးစစ်သားနှင့်အရာရှိများက စစ်ထဲ မလိုက်နိုင်အောင်ကျန်းမာရေး ဆိုးဝါးနေခဲ့ရင် အိမ်တွင်ရှိသော သား တူ မြေး ယောင်္ကျားသား တစ်ဦးစီကိုစစ်ထဲသို့ ပို့ပေးပါရန် ဘုရင်မင်းမြတ်က အမိန့်ထုတ်ပြန်ထားပါတယ်… အဲ့ဒီအချိန်မှာပဲ မုလန် ရဲ့ အဖေဆီသို့ ထိုစာချွန်လွှာ ရောက်လာတဲ့အချိန်ကျန်းမာရေး မကောင်းတော့တဲ့ အဖေကို ကြည့်ရင်း တစ်ဦးထဲသော သမီးဖြစ်သူမုလန် ဟာ ကွယ်လွန်ပြီးသော ဘိုးဘွားတွေ ရဲ့ မှတ်တိုင်များ ရှေ့တွင် ဆုတောင်းပြီးဖခင် မသိအောင် ဖခင်စစ်ဝန်တန်ဆာတွေ ခိုးဝတ်ကာ ထွက်ခွာသွားပါတော့တယ်… ယောင်္ကျားလေးကဲ့သို့ ပြင်ဆင်ပြီး စစ်မြေပြင်ကို ထွက်ခွာသွားသော ဖခင်ချစ်တဲ့မုလန် လေးကို မြင်တဲ့ ကွယ်လွန်ပြီးတဲ့ ဘိုးဘွားများဟာ အရေးပေါ် အစည်းဝေးခေါ်ပြီးမုလန် အား စောင့်ရှောက်ရန် အိမ်စောင့်ထားသော နဂါးလေး မူရှုး ကို မုလန် အနားတွင်နေစေရန် စေလွှတ်ခဲ့ပါတော့တယ်… စစ်တပ်ထဲတွင် မိန်းကလေးမှန်း မသိအောင် ဟန်ဆောင်နေရပြီး အခက်အခဲများစွာတွေ့ရမယ့် မုလန် တစ်ယောက် စစ်ပွဲကြီးတွင် အောင်နိုင်ပါ့မလားအိမ်ပြန် ဖခင်ကြီးနဲ့မိခင်ကြီး တို့ကို တွေ့နိုင်ပါအုံးမလား ဆိုတာ ဟာသ ရသ စုံလင်လှတဲ့ Mulan ကာတွန်းရုပ်ရှင်လေးကို ကြည့်ပြီးအဖြေရှာကြည့်လိုက်ကြပါ… (သစ်ဆန်းခန့်)

Horror • Adventure • Fantasy
7.7 1998
Mulan
Cholo Zombies

ဇွန်ဘီကားလည်း ကြည့်ချင်တယ် .. ဟာသလည်း ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကို ညွှန်းပေးပါရစေ။ ဇာတ်လမ်းအကျဉ်း +++++++++++ ဂျက်စီဆိုတဲ့ ဘီယာဆိုင်မှာ အလုပ်လုပ်တဲ့ ကောင်လေးတစ်ယောက်ဟာ တစ်ရက်မှာ သေတ္တာ တစ်ခုကို ခြံရှင်းရင်း တွေ့သွားပါတယ်။ အဲဒီသေတ္တာက နတ်ဆိုးရဲ့ သေတ္တာဖြစ်ပြီး အဲဒီသေတ္တာထဲက အစိမ်းရောင် အငွေ့တွေကိုကို ရှုမိတဲ့သူတိုင်း မသေမျိုး ဇွန်ဘီတွေ ဖြစ်သွားကြပါတယ်။ ဒီလိုနဲ့ အကြောင်းတစ်ခုကြောင့် သေတ္တာထဲက အငွေ့တွေဟာ တစ်ပြည်နယ်လုံးကို ဖြန့်တဲ့ ဘီယာဗူးတွေထဲကို ရောက်သွားတဲ့အခါ အဲဒီ ဘီယာကို သောက်သုံးမိသူတိုင်းဟာ ဇွန်ဘီတွေ ဖြစ်သွားကြပါတယ်။ တစ်ရပ်ကွက်လုံး .. တစ်နိုင်ငံလုံးလိုလို ဇွန်ဘီဖြစ်သွားပြီး ဇွန်ဘီဥပဒေတွေပါ ပေါ်ပေါက်လာတဲ့အခါ .. ဘာတွေ ဆက်ဖြစ်မလဲ။ ဂျက်စီဆိုတဲ့ကောင်လေးကရော အဲဒီ သူအစပြုခဲ့တဲ့ ဇာတ်လမ်းကို ဘယ်လို အဆုံးသတ်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ဟာသဆန်ဆန် ကြည့်ရမှာ ဖြစ်ပါတယ်။ (Cholo ဆိုတာက လော့စ်အိန်ဂျလိမှာ အစပြုခဲ့တဲ့ Chicano နဲ့ Latino အုပ်စု ယဥ်ကျေးမှုကို ကိုယ်စားပြုတဲ့ လူ့အဖွဲ့အစည်းထဲက ကွဲထွက်နေတဲ့ အုပ်စုကို ဆိုလိုတာဖြစ်ပါတယ်) ( ဘာသာပြန်နဲ့ အညွှန်း BZW ဖြစ်ပါတယ် ) File size… (1.59GB) / (765MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Action , Horror , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Comedy • Action • Crime
0 2024
Cholo Zombies
Gas Food Lodging
6.6

“Gas Food Lodging” ဟာ Allison Anders ရိုက်ကူးထားတဲ့ ပေါ့ပါးတဲ့ ဒရာမာရုပ်ရှင်တစ်ကား ဖြစ်ပြီး စာရေးဆရာ Richard Peck ရေးသားတဲ့ Don’t Look and It Won’t Hurt ဝတ္ထုကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ အဓိကသရုပ်ဆောင်တွေကတော့ Brooke Adams, Ione Skye နဲ့ Fairuza Balk တို့ ပဲ ဖြစ်ပါတယ်။ (Shade) အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Fairuza Balk ဟာ သူမရဲ့ ထူးချွန်တဲ့ သရုပ်ဆောင်မှုအတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု (Best Female Lead) မှာ Independent Spirit Award ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါဟာ သူမရဲ့ အနုပညာသက်တမ်းမှာ အရေးပါတဲ့ အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ဟာ သူမရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေထဲက တစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ ဒီရုပ်ရှင်ဟာ နယူးမက္ကဆီကိုက သဲကန္တာရမြို့ငယ်လေးတစ်ခုမှာ ကြီးပြင်းလာတဲ့ ဆယ်ကျော်သက် ညီအစ်မနှစ်ယောက်ရဲ့ ဘဝကို ဖော်ကျူးထားတာဖြစ်ပါတယ်။ မိခင်နဲ့ သမီးတွေရဲ့ ဆက်ဆံရေး၊ အထီးကျန်မှုနဲ့ အချစ်ကို ရှာဖွေခြင်းအစရှိတဲ့ အကြောင်းအရာတွေကို ထိထိမိမိ တင်ဆက်ထားတာကြောင့်လည်း လူသိများပါတယ်။ ဇာတ်လမ်းအကျဉ်း နယူးမက္ကဆီကိုပြည်နယ်၊ လယ်ရာမီမြို့ငယ်လေးက စားပွဲထိုးအမျိုးသမီး နိုရာ နဲ့ သူမရဲ့ ဆယ်ကျော်သက်အရွယ် သမီးနှစ်ယောက်ဖြစ်တဲ့ ထရူဒီတို့၊ ရှိတ်ဒ်တို့နဲ့ ရုပ်ရှင်ကို အစပြုပေးထားပါတယ်။ အမေဖြစ်သူနိုရာဟာ ခင်ပွန်းရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီးနောက် သမီးနှစ်ယောက်ကို တစ်ကိုယ်တည်းမိခင်ဘဝနဲ့ စားပွဲထိုးလုပ်ကာ ခက်ခက်ခဲခဲ ပြုစုပျိုးထောင်နေရပါတယ်။ အကြီးဆုံးသမီးဖြစ်တဲ့ ထရူဒီကတော့ လှပသော်ငြား ပုန်ကန်လိုစိတ်ရှိကာ ယောက်ျားတွေနဲ့ ပေါ့ပေါ့ပါးပါး တွဲတတ်ပြီး စည်းကမ်းတင်းကျပ်တဲ့ မိခင်လက်က အမြန်ဆုံး လွတ်မြောက်ရာလမ်းကို ရှာဖွေနေပါတယ်။ အငယ်ဆုံးသမီးဖြစ်တဲ့ ရှိတ်ဒ်ကတော့ ပိုပြီးအတွေးနက်ကာ အနုပညာဆန်ပြီး စပိန်ရုပ်ရှင်တွေကို နှစ်သက်တဲ့သူပါ။ သူမဟာ မက္ကဆီကန်အချစ်ရုပ်ရှင်တွေကြည့်ပြီး အချစ်စစ်ကို ရှာဖွေနေကာ မိခင်ဖြစ်သူအတွက်လည်း အဖော်တစ်ယောက်ကို ရှာပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ သူတို့အားလုံးမှာ မရှိနေတာကတော့ မိသားစုကို ပြည့်စုံစေမယ့် အိမ်ထောင်ဦးစီးတစ်ဦးနဲ့ သူတို့ကို မေတ္တာစစ်နဲ့ ချစ်ပေးမယ့် ချစ်သူတစ်ဦးပဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သူတို့တစ်ဦးချင်းစီဟာ အချစ်စစ်ကို ရှာတွေ့သွားကြမလားဆိုတာကိုတော့ ဇာတ်လမ်းလေးကြည့်ရင်းပဲ ရှာဖွေလိုက်ကြရအောင်။ File size… 1.83 GB / 918 MB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 41m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Wunna

Crime • Drama
6.6 1992 101 mins
Gas Food Lodging
Monkey King: Hero Is Back
6.7

Fengshen Cinematic Universe (FCU) ဆိုတာကတော့ တရုတ်ဒဏ္ဍာရီလာ “Fengshen Yanyi” (封神演义) ဇာတ်လမ်းအပေါ်အခြေခံထားပြီး၊ ဒဏ္ဍာရီဇာတ်ကောင်များနှင့် ဇာတ်လမ်းများကို Animation အဖြစ်ရိုက်ကူးထားသော ရုပ်ရှင်တွေဖြစ်ပါတယ်။ ဒါ့အပြင် ” Chinese Mythology Universe ” (သို့) Nezha ရဲ့အောင်မြင်မှုကြောင့် “Nezha Universe” လို့လည်း တစ်ချို့က ခေါ်ဆိုကြပါသေးတယ်။ အရင်ကတည်းက ကျုံးကော်မြေက Donghua တွေဟာ တစ်မူထူးခြားပြီး လှပတဲ့ဇာတ်ကောင်ရေးဆွဲမှုတွေကြောင့် ကြည့်ရတာမျက်စိပသာဒဖြစ်ပြီး လူကြိုက်များရေပန်းစားပါတယ်။ ဒါကိုမှ ကြီးမားကျယ်ပြန့်လှတဲ့ တရုတ်ဒဏ္ဍာရီရဲ့ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းတွေကို ဆွဲထုတ်ပြီး ပြန်လည်ပုံဖော်လိုက်တဲ့အခါမှာတော့ လက်ရှိ Hot ဖြစ်နေတဲ့ နီကျားတို့လို ရုပ်ရှင်တွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒါဆို FCU မှာ ဘယ်ရုပ်ရှင်တွေ ပါတာလဲဆိုရင်တော့ အောက်ကရုပ်ရှင်တွေပါ။ – Nezha (2019) – Jiang Ziya (2020) – Monkey King: Hero is Back (2015) – Nezha II ( 2025 ) ဒီနေရာမှာ မင်းသားကြီးဂျက်ကီချန်းအသံသရုပ်ဆောင်ထားတဲ့ Monkey King: Hero is Back ( 2015 ) က အရင်ထွက်ရှိတာဆိုပေမယ့်လည်း FCU ရဲ့ ပထမဆုံးရုပ်ရှင်က Nezha (2019) ဖြစ်ပါတယ်။ Monkey King: Hero is Back ထဲက ဇာတ်ကောင်တွေကိုတော့ Jiang Ziya (2020)ရုပ်ရှင်မှာမှ ပြန်လည်ထည့်သွင်းပြီး Universe ထည့်ထားတာဖြစ်ပါတယ်။ (အညွှန်းကို Once Upon In China FB Page မှကူးယူဖော်ပြပါသည်။) +++++++++++++++++++++ Monkey King: Hero Is Back (2015) IMDb Rating (6.7) နာမည်မြင်တာနဲ့ စွန်းဝူခုန်းမှန်း သိကြမယ်လို့ထင်ပါတယ်… ဟုတ်ပါတယ်.. 2015 July 10 ရက်နေ့တုန်းက ရုံတင်ခဲ့ပြီး Kung fu panda 2 ကိုတောင် ကျော်ပြီး ဝင်ငွေအများဆုံးကာတွန်းအဖြစ်နဲ့ အဲ့ဒီကာလမှာ အသိအမှတ်ပြုခံခဲ့ရပါတယ် ဟိုးအရင် ဝူခုန်းဇာတ်လမ်းတွေနဲ့ မတူဘဲ.. လူသားပိုဆန်ပြီး ပိုနွေးထွေးအောင် ဖန်တီးထားတဲ့ဇာတ်ကားတကားပါ ရန်သူတွေကိုပဲ သတ်ပုတ်နေတဲ့ စွန်းဝူခုန်းကိုမြင်ရမှာမဟုတ်ဘဲ အကျဉ်းချခံထားရာက လွတ်ကာစ. အမိန့်တော်ခတ်နှိပ်ထားတာ လုံးဝမလွတ်ကင်းသေးတဲ့အတွက် သာမန်မျောက်ထက် အနည်းငယ်သာ ပိုစွမ်းတဲ့ anti-hero character နဲ့ ဇာတ်လမ်းဆင်ထားပါတယ်… အဲဒါကြောင့် တန်ခိုးရှင်ပုံစံပျောက်ပြီး ဝူခုန်းရဲ့ တွေ့ရခဲတဲ့ လူသားအဆန်ဆုံး ၊ နွေးထွေးပျော့ပျောင်းဆုံး ပုံစံကို မြင်တွေ့ခံစားရမှာပါ… ဇာတ်လမ်းအကျဉ်းကတော့ ဝူခုန်းကို လွှတ်ပေးမယ့် ကျန်းလျူအာ(ရေမျောကမ်းတင်ကလေးငယ်) ဆိုတဲ့ ကိုရင်ပေါက်စလေးဟာ ငယ်စဉ်ကတည်းက မိစ္ဆာတွေကြောင့် မိဘမဲ့ဖြစ်ခဲ့ရပြီး လေလွင့်နေတဲ့ ဘုန်းကြီးတစ်ပါးက ရေထဲကနေ ကောက်ယူမွေးစားခဲ့တာပါ… တနေ့မှာ သူတို့ရဲ့ရွာကို မိစ္ဆာတွေဝင်ပြီး ကလေးတွေကို ဖမ်းတဲ့အခါ ဝင်ပြီးကူညီပေးရင်းနဲ့ အမှတ်မထင် ဝူခုန်းအချုပ်ခံထားရတဲ့ ဂူထဲရောက်ပြီး လွှတ်ပေးမိသွားတာပါ… အစွမ်းတွေရုပ်သိမ်းခံထားရလို့ စိတ်ပျက်နေတဲ့ ဝူခုန်းနဲ့… ကလေးပီပီ အင်မတန်စကားများပြီး တရစပ် မေးခွန်းထုတ်တတ်တဲ့ ကိုရင်ငယ်လေးတို့ဟာ ရွာကို ပြန်ရင်းနဲ့ လမ်းမှာ ပါကျဲတို့လိုဘော်ဒါတွေ Hun Dun မိစ္ဆာကောင်တွေနဲ့ပါကြုံတွေ့ရပါတော့တယ်။ ကိုရင်လေးကယ်လာတဲ့ ကလေးမလေးဟာ Hun Dun မိစ္ဆာရဲ့ ယစ်ပူဇော်ပွဲအတွက်အရေးပါတဲ့စတေးခံတယောက်ဖြစ်တာမလို့ ကိုရင်လေးနဲ့ကလေးမလေးနောက်ကို မိစ္ဆာတွေက တောက်လျှောက်လိုက်ပါတော့တယ်။ ကလေးတွေနဲ့ ကိုရင်လေးကို အစွမ်းထက်တဲ့ မိစ္ဆာရဲ့လက်ထဲကနေ ကယ်တင်ချင်ပေမယ့် စိတ်ပဲရှိပြီး အရင်လို မစွမ်းဆောင်နိုင်တဲ့ ဝူခုန်းက ဘယ်လိုကယ်ထုတ်မလဲ… ကြမ်းတမ်းမောက်မာတဲ့ ဝူခုန်းကို ဘယ်လိုအကြောင်းတွေကြောင့် ပြောင်းလဲသွားစေလဲဆိုတာကိုတော့…..။

Drama
6.7 2015 89 mins
Monkey King: Hero Is Back