YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Togo.2022.1080p(CM).mp4

2.38 GB N/A video/mp4 367 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Vampire's Kiss
5.9

Vampire's Kiss (1988) ~ IMDb - 6.1/10, Rotten Tomatoes - 63% ~ မင်းသားကြီး Nicolas Cageရဲ့ အောင်မြင်စဉ်အချိန်က ရိုက်ကူးခဲ့တဲ့ Dark Comedy Horror type Vampire ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Nicolas ရဲ့ ထူးခြားဆန်းပြားတဲ့ ကြောင်တောင်တောင် Acting Skill တွေကို တစ်ဝကြီး ခံစားရမှာပါ။ ပီတာဆိုသူဟာ စာပေအေဂျင်စီတစ်ခုမှာ တစ်နေကုန်အလုပ်လုပ် ညဆို ကလပ်တက် ဆေးချ အရက်သောက် တစ်ညလုံးမတ်တပ်ရပ်တွေနဲ့ပဲ အလုပ်ရှုပ်နေတတ်သူ။ တဖြည်းဖြည်းနဲ့ စိတ်ကျရောဂါဝင်လာပြီး စိတ်ရောဂါကုဆရာဝန်နဲ့ ပုံမှန် ကုသမှုခံယူနေတယ်။ ကုသနေရင်းနဲ့ကို သူ့ရောဂါဟာ အခြေအနေဆိုးရွားလာတယ်။ တစ်ညတော့ ဂျက်ကီဆိုတဲ့ မိန်းကလေးနဲ့ ကလပ်မှာဆုံပြီး အိမ်ခေါ်သွားခဲ့တယ်။ ချစ်ရည်လူးမလို့ အစပျိုးနေတုန်းမှာ ရုတ်တရက်သူ့အခန်းထဲကို လင်းနို့တစ်ကောင် ရောက်လာတယ်။ လင်းနို့ကို မောင်းထုတ်နေရင်း သူ့စိတ်ထဲမှာ ထူးခြားတဲ့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာတယ်။ နောက်နေ့ ဂျက်ကီနဲ့ပဲ ပြတိုက်ကို အတူလျှောက်လည်ကြတော့ ပီတာဟာ ကောင်မလေးကို ပလစ်သွားခဲ့တယ်။ နောက်တော့ ရေချယ်ဆိုတဲ့ မိန်းကလေးနဲ့ ကလပ်မှာ ဆုံတယ်။ အိမ်ခေါ်သွားပြီး ပလူးကြတော့ ရေချယ်ဟာ ပီတာရဲ့ လည်ပင်းသွေးကို အငမ်းမရစုပ်ယူပါတော့တယ်။ နောက်နေ့မနက်မှာ ပီတာဟာ မနက်စာလေး ကော်ဖီလေးနဲ့ ရေချယ်ကို ဧည့်ခံနေပေမဲ့ ရေချယ်ဟာ ရှိမနေဘူး... ပီတာဟာ တကယ်ပဲ Vampire ရဲ့ သားကောင်ဖြစ်သွားတာလား... ထင်ယောင်ထင်မှား ဖြစ်တာပဲလား... ဆိုတာတော့ ကြည့်ရှုခံစား အဖြေထုတ်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 835MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 31Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Comedy
5.9 1988 103 mins
Vampire's Kiss
Inside
5.7

Inside ရုပ်ရှင်ကိုကြည့်ရင်း အရင်ဆုံးသတိရမိတာက ဘုရင်မိုင်းဒက်စ်ပဲ။ အလိုကြီးပြီး ထိလိုက်သမျှရွှေဖြစ်တဲ့ဘုရင်ကြီးပေါ့။ နောက်ဆုံးတော့ သူ့စားစရာတွေတောင်ထိလိုက်တိုင်းရွှေဖြစ်လို့ ငတ်သေလုနီးပါးဖြစ်ခဲ့ရတယ်။ ဒီဇာတ်လမ်းမှာတော့ နီမိုဆိုတဲ့သူခိုးပေါ့။ သူက ခေတ်မှီထိန်းချုပ်စနစ်တွေနဲ့ တိုက်ခန်းတစ်ခုက ပန်းချီကားတွေကို သွားခိုးတာ။ ပိုင်ရှင်ကလဲခရီးသွားနေတာ ဘယ်တော့မှပြန်လာမယ်မသိ။ ဖြစ်ချင်တော့သူကအဲ့ဒီတိုက်ခန်းထဲမှာပိတ်မိသွားပါလေရော။ စနစ်ကလဲ ချို့ယွင်းမှုဖြစ်တယ်လို့တွင်တွင်ပြနေပြီး လုံးဝအလုပ်မလုပ်တော့ဘူး။ အဲ့လိုစမတ်ဟုမ်းထဲမှာပိတ်မိတာက ကျွန်းတစ်ကျွန်းပေါ်တစ်ယောက်ထဲကျန်တာမျိုးထက်တောင်ပိုဆိုးသေး။ ရေစနစ်ကလဲအလုပ်မလုပ် အပူအအေးစနစ်ကလဲ ပူလိုက်အေးလိုက်ဖြစ်ချင်ရာတွေဖြစ်။ စားစရာဆိုတာကလဲသိပ်မရှိ။ ဒီကြားထဲစမတ်ရေခဲသေတ္တာဆိုတာကလဲ စက္ကန့်ပိုင်းလောက်များကြာကြာဖွင့်မိရင် "ဟေး မာကရီနာ" ဆိုပြီး နာငြီးအောင်သီချင်းဆိုသတိပေးသေးတယ်။ ဒီလိုရူးလောက်စရာတိုက်ခန်းထဲမှာ၊ သူလာခိုးတဲ့အဖိုးတန်ပန်းချီများစွာရဲ့အလယ်မှာ ပိတ််မိနေတဲ့သူခိုး "နီမို" ထွက်လမ်းကိုဘယ်လိုရှာမလဲ။ နီမိုရဲ့ ကြိုးပမ်းမှုတွေ ပိတ်လှောင်မှုတွေ စိတ်အတက်အကျတွေကို ပန်းချီတစ်ချပ်လိုပဲ အနုစိတ်ဖော်ပြထားလို့ ကြည့်ရှုသူကိုပါ မွန်းကြပ်မှု၊ လွတ်မြောက်ဖို့တောင့်တမှုတွေ ခံစားမိလောက်အောင် ရသမြောက်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Drama, Thriller Quality…. 1080p | 720p | 480p File size…1.2GB | 564MB | 282MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

5.7 2023 105 mins
Inside
Perempuan Bergaun Merah
6.1

IMDb 5.6 ရထားတဲ့ အင်ဒိုနီးရှား သရဲကားလေးဖြစ်ပါတယ်။ ဒင်းနဲ့ကာရာက အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြပြီးတော့ ကာရာကတော့ စည်းကမ်းတင်းကြပ်လွန်းတဲ့ အမေနဲ့ အတူတူနေတဲ့သူပါ။ ဒင်းကတော့ မိဘတွေမရှိတော့တဲ့နောက်ပိုင်း မောင်လေးနဲ့ နှစ်ယောက်တည်းနေပါတယ်။ တစ်နေ့မှာ ကာရာရဲ့အမေ အိမ်မှာမရှိတုန်း သူတို့နှစ်ယောက် သူငယ်ချင်းတွေနဲ့အတူတူ ကလပ်သွားဖို့ လုပ်ကြရင်းနဲ့ ကလပ်မသွားခင် ကာရာ့အိမ်မှာ အရက်စုသောက်ကြပါတယ်။ အကုန်မူးနေတဲ့အချိန် သူတို့သူငယ်ချင်းအဖွဲ့ထဲက ဝစ်စနူးက ဒင်းကို မတရားကျင့်ဖို့လုပ်တော့ ဒင်းက ကြောက်လန့်ပြီး ထွက်ပြေးသွားပါတယ်။ နောက်တစ်နေ့ရောက်တော့ သူ့သူငယ်ချင်း ကာရာက လုံးဝကို ပျောက်သွားပြီး ရဲတွေလည်း ရှာလို့မရဖြစ်နေရင်း အချိန်တွေ ကြာလာခဲ့ပါတယ်။ ဒီလိုနဲ့ ဒင်းရဲ့မွေးနေ့ ရောက်လာတဲ့အချိန်မှာတော့ ဝတ်စုံအနီနဲ့ မိန်းမတစ်ယောက် ပေါ်လာပြီး ခြောက်လှန့်တာတွေ ဖြစ်လာခဲ့တဲ့နောက်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ အတူတူကြည့်ရှုကြပါစို့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Horror Quality…. 1080p | 720p | 480p File size… 894MB | 441MB | 231MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron

Drama
6.1 2022 91 mins
Perempuan Bergaun Merah
Lesson Plan
6.3

သူ့နာမည်က ဒမ်မီယမ်... သူဟာ အသွင်ယူရဲဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးပြီး မူးယစ်ဆေးလောကမှာ အသွင်ယူဖူးလို့ ဒီလောကကို ထုံးလိုကျေ ရေလိုနောက်တယ်။ တစ်နေ့ကျ အထက်တန်းကျောင်းတစ်ကျောင်းမှာ ဆရာဖြစ်တဲ့သူ့ သူငယ်ချင်းဟာ သူ့အခက်အခဲတစ်ခုအတွက် အကူအညီလာတောင်းတယ်။ ဒါပေမဲ့ သူမကူညီခဲ့ဘူး။ သိပ်မကြာခင်မှာပဲ... သူ့ သူငယ်ချင်းဟာ ချောက်ချခံရပြီး မတရားသဖြင့် နာမည်ဆိုးနဲ့သေခဲ့ရတယ်။ ဒီတော့ သူက ရှင်နေတုန်း ကူညီဖို့ ငြင်းဆန်မိခဲ့တဲ့ နောင်တနဲ့ အဲဒီအထက်ကျောင်းမှာ အစားထိုးဆရာအဖြစ် ဝင်လုပ်ပြီး သူ့ သူငယ်ချင်းအတွက် လက်စားချေဖို့ ကြိုးစားခဲ့တယ်။ ဒီလိုနဲ့ အဲဒီကျောင်းမှာ ဘာတွေဖြစ်ခဲ့လဲ။ သူငယ်ချင်းရဲ့ သေဆုံးမှုအပေါ် တာဝန်ရှိသူတွေကို ဘယ်လိုရှာဖွေမလဲ… ဆရာတစ်ယောက်အဖြစ် အသွင်ယူထားတဲ့ ဒမ်မီယမ်ရဲ့ ကျောင်းပေါ်က နေ့စွဲတွေကော ဘယ်လိုဖြစ်မလဲ... ဒီ ၂၀၂၂ မှ ထွက်ထားတဲ့ Low budget ပိုလန်ကားလေးပါ... စိတ်ဝင်စားရင် ဒေါင်းကြည့်လိုက်ပါဦး... (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 910MB Quality - 1080p, 720p Format - mp4 Duration - 1H 41Min Genre - Action, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • Romance
6.3 2022 101 mins
Lesson Plan
Uncharted
7

Live Actionအ​နေနဲ့ ရိုက်ကူးမယ်ဆိုတဲ့ သတင်းထွက်ကတည်းက Video Game​ဖန်​တွေ အကြီးအကျယ် hypeခဲ့ရသလို Cast list ထွက်လာ​တော့လည်း ​ဝေဖန်သုံးသပ်မှု​အမျိုးမျိုးနဲ့ ကားမထွက်ခင် ပွဲ​တော်​တော်ဆူခဲ့တဲ့ Uncharted ဇာတ်ကားသစ်ရပါပြီ။ Columbia Picturesက​နေ ရိုက်ကူးရုံတင်​နေတာဖြစ်ပြီး Cast ​တွေအ​နေနဲ့ Tom Hollandနဲ့ Mark Whalbergတို့က ဂိမ်းထဲက ဇာတ်​ဆောင်​တွေဖြစ်တဲ့ Nate Drakeနဲ့ Victor Sullivanအဖြစ် အသီးသီး သရုပ်​ဆောင်ထားတာ ဖြစ်ပါတယ်၊ Uncharted ဂိမ်း franchiseထဲက ၄ခု​မြောက်ဖြစ်တဲ့ Uncharted 4 - A Thief's End ကို ​​ကျောရိုးတည်ထား​ကြောင်း Executive Producerဖြစ်တဲ့ Tom Hollandက​ပြောထားပါတယ်။ ငယ်စဉ်ကတည်းက အစ်ကိုဖြစ်သူ ဆမ်ဒရိတ်နဲ့ ကွဲသွားတဲ့ နိတ်ဒရိတ်ဟာ Bartenderတဖြစ်လဲ လူကုံထံ​တွေဆီက အလစ်သုတ်ရင်း အသက်​မွေးလာခဲ့သူပါ၊ တစ်​နေ့မှာ ဆမ်ရဲ့မိတ်​ဆွေ ဆိုသူ ဗစ်တာဆူလီဗန်က နိတ်ဆီ​ရောက်လာပြီး ကမ္ဘာ့ပထမဆုံးနယ်​မြေ စူးစမ်းရွက်​လွှင့်သူ ဖာဒီနန်မက်ဂျဲလန်၊ ကပ္ပတိန် ဟွမ်ဆီဘက်ရှန် အယ်ကာနိုအပါအဝင် သင်္ဘောသား ၁၈ ​ယောက်ရဲ့ ​ပျောက်ဆုံး​နေ​သော ​ရွှေသိုက်ကြီးကို ရှာ​ဖွေဖို့ လာ​ခေါ်ပါတယ်။ ကာလတန်​ကြေး ၅ဘီလီယံအနည်းဆုံးရှိတဲ့ အဆိုပါ​ရွှေသိုက်ကြီးကို နိတ်တို့အပြင် ဆန်တီယာဂိုမွန်ကာဒါဆိုတဲ့ စပိန်သူ​ဌေးတစ်ဦးကလည်း လိုချင်နေရာ နိတ်ဒရိတ်တို့၂​ယောက် မွန်ကာဒါရဲ့ရန်ကို​ရှောင်ရင်း ရတနာသိုက်ကိုရှာ​တွေ့နိုင်မလား၊ ​ ရွှေ​တွေရသွားမလား၊ နိတ်တစ်​ယောက် အစ်ကိုဖြစ်သူဆမ်နဲ့ ပြန်​တွေ့နိုင်မလားဆိုတာကို Action,Adventureဆန်ဆန် ကြည့်ရှူရမှာပါ။ အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JimX, Thiha Yan Naing, Yoon Sandi Aung တို့ပဲ ဖြစ်ပါတယ်။ Genre.....Action, Adventure Quality….WEB-DL 1080p and 720p and 480p File size…1.89GB and 845MB and 300MB Format…mp4 Duration….1h 56min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX, Thiha Yan Naing, Yoon Sandi Aung Encoder ..... August

Action • Comedy • Crime
7 2022 116 mins
Uncharted
Paheli
6.2

တစ်ခါတလေ မိန်းကလေးများ အိပ်မက်ဆန်ဆန် တွေးဖူးကြပါသလား။ နတ်သားလေး နတ်သက်ကြွေပြီး ကိုယ့်ဆီ လှမ်းလာခဲ့တယ် လို့ပေါ့။ ဒါမှမဟုတ် တစ္ဆေတစ်ကောင် က ကိုယ့်ကို ချစ်တယ်လို့ ကော တွေးခဲ့ဖူးပါသလား။ ဒါပေမဲ့ ဒီမေးခွန်းဟာ အူကြောင်ကြောင် နိုင်လွန်းပါတယ်။ ဒီကားလေး ကို မညွှန်းခင်မှာတော့ ယုတ္တိ တန်သည် မတန်သည် ဝိ၀ါဒတွေ ချန်ထားခဲ့ဖို့လိုပါတယ်။ တကယ်တော့ ဒီကားလေးမှာ တစ္ဆေတစ်ကောင် ရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာမို့ပါ။ ဇာတ်လမ်းအစမှာဖြင့် ကုန်သည်လေး ကီရှန်နဲ့ အလွန်လှတဲ့ လက်ရ်ှချီ တို့ လက်ထပ်ပုံနဲ့ စတင်တင်ဆက်ခဲ့ပါတယ်။ ကီရှန်က ဖခင်ရဲ့အမိန့်အောက်ရိုကျိုးရတဲ့သားငယ် တစ်ယောက်။ လက်ရ်ှချီ ကလည်း မိသားစုရဲ့သဘောအတိုင်း အမြဲခေါင်းငြိမ့်ခဲ့တဲ့ သမီးတစ်ယောက်။ ဒီလိုနဲ့ ကီရှန်ဟာ သတို့သမီးလောင်းကို ခေါ်ပြီး အိမ်ကို ပြန်လာခဲ့ပါတယ်။ နေကလည်း ပြင်းသထက်ပြင်းတာမို့ အချို့နေရာတွေမှာ ခရီးတစ်ခေါက် နားကြရပါတယ်။ ဒီအချိန်မှာတော့ ဖြတ်သန်းရာ လမ်းမှာရှိတဲ့ ညောင်ပင်တစ္ဆေဟာ Luchchi ကိုမြင်ပြီး ကြွေသွားပါတော့တယ်။ ( စနှိုက်က စကျော်တော့မယ် ?) အဲ့ ဒီလို ခရီးဆက်ကြပြီးနောက် Kishan တို့ အိမ်ပြန်ရောက်ခဲ့တယ်။ ညရောက်တော့ Kishan ဟာ ကုန်စာရင်းစာအုပ်ကို တွက်ချက်နေခဲ့ပါတယ်။ ဖခင်ရဲ့ စကားအတိုင်း အလုပ်တွေကို သာ အာရုံစိုက်နေပြီး သတို့သမီးလောင်းကို မေ့နေခဲ့ပါတယ်။ ( တော်တော်ဆိုးတဲ့လူ ? ) ။ နောက်ပြီး Kishan ဟာ မနက်ဖြန် ကုန်သွယ်မှုတစ်ခုနှင့်ပတ်သက်ပြီး လေးနှစ်ကြာ ခရီးထွက်ရတော့မှာပါ။ ဒီအကြောင်း Luchchi သိတော့ သူမစိတ်ထဲ အထီးကျန်ဆန်မှုတွေ တစ်စတစ်စ ချဉ်းနင်းလာခဲ့ပါတယ်။ ဒါ့ပြင် မင်္ဂလာဦးညမှာတောင် အလုပ်ကိုပဲ အာရုံစိုက်လွန်းသူ ယောက်ျားဟာ သူမအတွက် ကြည်နူးစရာ စကားလုံးတွေ မရှိတတ်ကြောင်း သူမ ပိုမို သိမ်ငယ် တွေးလာခဲ့ပါတယ်။ နောက်နေ့မှာဖြင့် ကီရှန် ဟာ ခရီးထွက်သွားပါတော့တယ်။ ဒါ့ကြောင့် "အချစ် နဲ့ စစ် မှာ မတရားတာမရှိ" လို့ ယူဆထားတဲ့ ညောင်ပင်တစ္ဆေ ဟာ kishan ပုံဖန်ဆင်းပြီး အိမ်ကို ပြန်လာချင်ယောင် ဆောင်နေခဲ့ပါတယ်။ ထို့နောက် Luchchi ကို တစ္ဆေ အဖြစ်နဲ့ချစ်ရေးဆိုရန် ကြိုးစားချိန်မှာတော့ ………??? ဘာတွေ ဖြစ်လာခဲ့မလဲ။ Kishan / Luchchi နဲ့ ညောင်ပင်တစ္ဆေ တို့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းက ဘယ်လို အဆုံးသတ်ကြမလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ပြီးမှ ရင်ခုန်လိုက်ပါဦးခင်ဗျ။ ဒီကားလေးဟာ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်သင့်တဲ့ကားပေမယ့် စကားလုံးရွေးချယ်တတ်မှု ; လှပမှု သေသပ်မှုနဲ့ ကြည်နူးတတ်မှုတွေက ရသမြောက်ခဲ့ပါတယ်။ တစ္ဆေတစ်ကောင်ရဲ့စွမ်းအင်နဲ့ ဖန်တီးချက်တွေက CGI effect သုံးထားခဲ့ပြီး ဒီဇာတ်၀င်ခန်းတွေက ဟာသဆန်ဆန်လေး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မိန်းမသား တနည်းအားဖြင့် အိမ်မှာကျန်ရစ်ခဲ့သူ မိန်းမသားတွေအနေနဲ့ အထီးကျန်ဆန်မှု / အချစ်စစ်ကိုတောင့်တမှုနဲ့ မေတ္တာတရား လွှမ်းထားတဲ့ အိမ်ထောင်ရေးကို မျှော်လင့်တတ်မှု ကိုလည်း အဓိက ပုံဖော်သွားခဲ့ပါတယ်။ ငွေကြေးရေတွက်သံတွေထက် နှစ်လိုဖွယ်ကောင်းတဲ့ လင်ယောက်ျားရယ်သံကိုသာ တမြတ်တနိုး တောင့်တတတ်တဲ့ မိန်းမသား တွေကိုလည်း ပိုမို နားလည်လာစေပါတယ်။ ယောက်ျားသားတွေအနေနဲ့လည်း အလုပ်ထက် မိသားစုချစ်ခြင်းမေတ္တာကို ပိုအလေးပေးသင့်ကြောင်း အလင်းပြခဲ့ပါသေးတယ်။ ဒီကားဟာ ဆုပေါင်း သုံးဆုရရှိခဲ့ပြီး ဆုပေါင်း ၁၇ ဆု အတွက်လည်း ဇကာတင်စာရင်း၀င်ခဲ့ပါသေးတယ်။ IMDB - 6.7 အထိ ရရှိခဲ့ပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြည့်သင့်တဲ့ ကားကောင်းလေးပါ။ ဒီကားလေးရဲ့ စကားဝေါဟာရကြွယ်ပုံကလည်း ဂေါ်မစွံလူတွေအတွက် သင်ခန်းစာဖြစ်စေပါတယ်။ ? ဒါ့ပြင် ဒီ၀ယ် ဒီလောကမှာ ငွေကြေးတစ်ခုထက် ပိုမိုလေးနက်တဲ့ အရာတွေရှိနေသေးကြောင်းလည်း သတိပေးခဲ့ပါတယ်။ ဒါတင်မက ဖန်တီးထားတဲ့ ကန္တာရတွေ / CGI effect တွေနဲ့ စနစ်တကျရိုက်ကူးထားတဲ့ ဇာတ်အိမ်အဆန်းလေးမို့ ကြည့်သင့်တဲ့ကားအဖြစ် မှတ်ထားကြပါဦး လို့ သတိပေးပါရစေလား ခင်ဗျာ။ (ရုပ်ရှင်အညွှန်းကို ကိုလင်းခယံ FB မှ ကူးယူဖော်ပြပါသည်။) File size…(4.5 GB)/(1.7 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:20:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thaik San & Intelligence

Drama • History
6.2 2005 141 mins
Paheli
Nootokka Jillala Andagadu

ဒီတစ်ခေါက်မှာတော့ IMDB မှာ 6.4 အထိရထားတဲ့ ၂၀၂၁ ထွက် အိန္ဒိယကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်... အချစ်ဇာတ်လမ်းလို့ပြောလို့လည်းရသလို ပညာပေးဇာတ်လမ်းလေးလို့လဲ ပြောလို့ရတာမို့ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ညွှန်းချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း... မျိုးရိုးလိုက်တတ်တဲ့ ကိစ္စတစ်ခုကို ရှောင်လွှဲမရနိုင်တဲ့အခါမှာ သူများတွေကို လက်ညှိုးထိုးပြီး သူတို့ကျအားလုံးကောင်းတယ်လို့ မိဘတွေကို အပြစ်တင်လို့မရနိုင်ပါဘူး... မိဘဆိုတာဟာ သူတို့လုပ်နိုင်သမျှ သားသမီးတွေအတွက် အကောင်းဆုံးကိုလုပ်ပေးခဲ့ပြီး ကောင်းမွေဆိုးမွေ ချန်ထားပေးခဲ့စမြဲပါ.. ဒီရုပ်ရှင်က ဇာတ်လမ်းအကျဉ်းရေးပြလိုက်ရင် အကုန်လုံးပေါ်သွားမှာမို့ ဇာတ်လမ်းထဲက ဒိုင်ယာလော့ကိုပဲ ရေးပြနိုင်တဲ့ပုံစံဖြစ်ပါတယ်... ဒီတော့ မိဘတွေချန်ထားတဲ့ကောင်းမွေ ဆိုးမွေတွေကို ဘယ်လိုပိုက်ပြီး ဘယ်လိုအကောင်းဆုံးဖြစ်အောင် ဘ၀ကိုဖြတ်သန်းမယ်ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်လိုက်ပါစီးမျောလိုက်ပါ... ဇာတ်လမ်းထဲပါတဲ့ဆေးနည်းကိုတော့ မစမ်းကြဖို့ တိုက်တွန်းရင်း... အညွှန်းကို တော့ Lwin Htoo Aung မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Thura Htet Aung နှင့် Lwin Htoo Aung တို့ပဲဖြစ်ပါတယ် File size…1.6GB / 840MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & ThuRa Htet Aung

Drama • Romance
0 2021 119 mins
Nootokka Jillala Andagadu
Prisoner's Daughter
6.1

Prisoner's Daughter (2023) လူတိုင်းဟာအမှားနဲ့တော့ မကင်းနိုင်ကြပါဘူး တစ်ဘဝလုံးစာအမှားပဲကျုးလွန်ခဲ့ကျူးလွန်ခဲ့ အမှားသေးသေးလေးပဲ ကျူးလွန်ခဲ့ကျူးလွန်ခဲ့ လူတိုင်း ဒုတိယအခွင့်အရေးနဲ့ထိုက်တန်စမြဲပါပဲ။ လူတိုင်းဒုတိယအခွင့်ရေးလဲ ရထိုက်တယ်လို့ ထင်မိပါတယ်။ လူတိုင်းဟာလဲ အဲ့လိုပဲတွေးမိကြမှာပါပဲ ငါသာအဲ့လိုမလုပ်ခဲ့ဘူးဆိုပြီး တွေးမိတဲ့သူတွေလဲ ရှိကြမှာပါပဲ။ ယခုဇာတ်ကားလေးကလဲ လူမိုက်ကြီးတစ်ယောက် သူ့ကြောင့်ထိခိုက်ခဲ့ရတဲ့ မိသားစုဘဝကို ဘယ်လိုပြန်အဖတ်ဆယ်မလဲဆိုတာ ကြည့်ရှုရမဲ့ 2022 ခုနှစ်ကထွက်ရှိထားတဲ့ Family Drama ကားလေးပါ။ Rating တွေကလဲကောင်းသလို ဇာတ်လမ်းလေးကလဲကောင်းပြီး သရုပ်ဆောင်ထားတဲ့သူတွေကလဲ ထိတ်ထိတ်ကြဲတွေပါပဲ။ Leading Role မှာတော့ စကော့လူမျိုးမင်းသားကြီး Brian Cox ( Troy ဇာတ်ကားမှာ သူ့မိန်းမကိုခိုးသွားလို့ Troy မြို့ကိုစစ်သွားခင်းတဲ့ စစ်ဘုရင်ကြီး Agamemnon အဖြစ်သရုပ်ဆောင်ထားသူပါ) ကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မက်စ်ဆိုတဲ့လူမိုက်ကြီးတစ်ယောက် ထောင်ကျနေတဲ့အချိန်မှာပဲ ပန်ကရိယပ်ကင်ဆာဖြစ်နေတော့ ထောင်မှူးကလဲသနားပြီး သူ့သမီးသာ သူ့ကိုခေါ်ထားမယ်ဆို နေအိမ်အကျယ်ချုပ်နဲ့ နေလို့ရမယ်လို့ ပြောလာပါတယ်။ ခက်တာက သူ့သမီးနဲ့အဆက်အသွယ်မရှိတော့တာ ၁၂ နှစ်လောက်တောင်ရှိနေပါပြီ။ ခုမှပဲပြန်ဆက်သွယ်ရင်လဲ သူသမီးကပြန်လက်ခံမှာမဟုတ်တော့ပါဘူး။ ဒါပေမဲ့သူ့သမီးမှာလဲ ခွားမသေးတစ်ကောင်နဲ့ရတဲ့သားလေးတစ်ယောက်ကလဲ ရှိနေပြီး သူတို့သားအမိနှစ်ယောက်တည်း လောကကြီးအလယ် ရင်ဆိုင်ရှင်သန်နေရပါတယ်။ တစ်နေ့မှာတော့ သူ့အရင်ယောကျာ်းက ပြဿနာလာရှာတဲ့အတွက် သူ့ရဲ့လက်ရှိအလုပ်လေးကလဲ ပြုတ်သွားပြီး ဘိုင်ပြတ်သွားပါတယ်။ ဒါနဲ့ပဲ သူ့အဖေကိုသူပြန်ခေါ်ပေးမယ် ဒါပေမဲ့ အိမ်ကိုအငှားလာနေတဲ့သဘောနဲ့ အိမ်လစာပေးရင် ခေါ်ထားမယ်ဆိုပြီး သဘောတူထားလိုက်ပါတယ်။ ဒီလို ၁၂ နှစ်လောက် သမီးကိုပစ်ထားခဲ့တဲ့ လူမိုက်ကြီးတစ်ယောက် သူ့သမီးနဲ့ပြန်ဆုံရတဲ့အခါ သူမှားခဲ့တဲ့အမှားတွေအတွက် ဘယ်လိုပြန်အဖက်ဆယ်မလဲ။ ဒီလို အဆင်မပြေဘဝကိုရုန်းကန်နေတဲ့ သားမိနှစ်ယောက်ရဲ့ဘဝကို ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ Family Drama feel အပြည့်နဲ့ ခံစားကြည့်လို့ရမဲ့ မိသားစုကားလေးပါ။ ခုလိုအကျင့်စာရိတ္တတွေပျက်နေတဲ့ ခေတ်ကြီးမှာ ငွေရောင်အနားသတ်လေးတွေ ရှိသေးပါလားဆိုပြီး ကြည်နှုးခံစားကြည့်ရှုအားပေးလိုက်ကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။

Crime • Romance • Thriller
6.1 2023 98 mins
Prisoner's Daughter
Ghosts of Christmas Always
7.6

Ghosts of Christmas Always (2022) စာရေးဆရာကြီး Charles Dickens ရဲ့ Christmas Carole ကိုမသိသူရှိမယ် မထင်ပါဘူး စာအုပ်နဲ့တဖုံ ရုပ်ရှင်တွေနဲ့ တလှည့် version မျိုးစုံထွက် ခဲ့ပါတယ် Christmas Carole နဲ့ Christmas Day ဟာ အနောက်နိုင်ငံမှာတော့ ခွဲလို့တောင် မရပါဘူး သီချင်းတွေလဲ များစွာထွက်ခဲ့ပြီး Christmas vibe ကို အမျိုးမျိုးပုံဖော်ကြပါတယ် ဒါပေမယ့် ထွက်ခဲ့သမျှ Christmas ရုပ်ရှင်တွေမှာ မူလဇစ်မြစ်ဖြစ်တဲ့ Christmas အကြိုနေ့မှာ လူတယောက်ဆီ တစ္ဆေသုံးကောင် ရောက်လာတယ်ဆိုတာတော့ မပြောင်းလဲသေးပါဘူး အခုဒီကားမှာလဲ ပီတာဘယ်ရွန်ဆိုတဲ့ ကောင်လေးဆီ အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ် တစ္ဆေ ၃ကောင် အစွဲချွတ်ဖို့ ရောက်လာကြတယ် ဒါပေမယ့် ခက်တာက ပီတာတယောက်က မူရင်း ဝတ္ထုထဲက main character Scrooge လို ကပ်စီးနည်းကော်တရာ တချိန်လုံး အလုပ်ပဲလုပ်ဘာမှ ပေးကမ်းရကောင်းမှန်းမသိတဲ့ လူ့ဂွစာတယောက် မဟုတ်ပဲ တကယ်ကိုကြင်နာတတ် အပေးကမ်းရက်ရော တတ်တဲ့သူတယောက်ဖြစ်နေပါတယ် အဲ့လိုလူနဲ့မှ တစ္ဆေ ၃ကောင်တွေ့ပီး ဘယ်လိုဆက်ဖြစ်မလဲကတော့ ကိုယ့်ဟာကိုယ်သာကြည့်လိုက်ကြပါ Christmas ရာသီဒီဇင်ဘာလဲရောက်ပီဆိုတော့ Christmas vibe ကိုရမယ့် အရာလေးတွေလဲပိုပိုမြင်ရလာပါပြီ ကိုယ့်မိသားစု သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ ဒီဇင်ဘာဆောင်းညလေးမှာ ပေါက်ပေါက် အတူစားရင် ကြည့်မယ်ဆိုရင်တော့ တကယ်ကိုကောင်းတဲ့ Charles Dickens Christmas Carole ရဲ့ Another Version of Christmas ကားလေးပဲဖြစ်ပါတယ် အဲ့ထက်ပိုပြီးမညွှန်းတော့ပါဘူး ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ ) File Size__(1.7GB) / (850MB) Quality__WEB-DL_1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__01:30:00 Type__Comedy, Drama, Family Subtitle__Myanmar Subtitle (Hardsub) Translated by Hein That Naing Encoded by Naing Aung Latt

Drama • Horror • Science Fiction • Thriller
7.6 2022 84 mins
Ghosts of Christmas Always
Bengaluru Boys
9.3

Bengaluru Boys 2023 ပရိသတ်တွေအတွက် ယခုပဲထွက်ရှိလာတဲ့ rating IMDb 9.1/10 ရရှိထားတဲ့ ကန်နာဒါ ရုပ်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဘဝမှာ နောက်ဆုံးထွက်သက်ကိုရှူရှိုက်နေရတဲ့ ကုတင်အမှတ် ၄၉ ပေါ်က အချိန်မှာ ကိုယ်နဲ့အတူပါလာတာ ဘာတွေလဲ?? စည်းစိမ်ဥစ္စာ အိမ်ရာတိုက်တာတွေလား ငွေကြေးချမ်းသာစည်းစိမ်တွေလား ကိုယ့်ရဲ့ ထွက်သက်ငင်ရတော့မဲ့အချိန်တွေမှာ ကိုယ့်ကိုအဖော်ပြုပေးမှာ ကိုယ့်ဘဝရဲ့ ပျော်ရွှင်စရာအခိုက်အတန့်တွေပါ ကိုယ့်ရဲ့ ဘဝမှာ တူတူဖြတ်သန်းခဲ့ရတဲ့ မိတ်ဆွေကောင်းတွေရဲ့ အဖိုးမဖြတ်နိုင်တဲ့ အချိန်တွေပေါ့ ခုလိုလေးနက်တဲ့ ဒသနတွေနဲ့အစပြုထားပေမယ့် အဲ့ဒဿနတွေအစပြုရာဒီကားလေးက ကျောင်းသားဘဝ ပျော်စရာလေးတွေနဲ့ ငယ်ဘဝကနေ ပေါ့ပေါ့ပါးပါးပဲ ပျော်ရွှင်ဖွယ်ရာ အစပြုတင်ဆက်ထားပြီးမှ လေးနက်တဲ့ ဒဿနတွေကို ပြထားတာမို့ လက်မလွှတ်သင့်ကြောင်း ပြောကြားရင်းတင်ဆက်ပေးလိုက်ပါတယ် (အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ Saii ~ V ~ BpL ~Zwe ~ Moon ~ Yunni တို့ပဲဖြစ်ပါတယ်)

Drama
9.3 2023
Bengaluru Boys
Sab Kushal Mangal
4.2

Sab Kushal Mangal (2020)”ရွာလည်ဖူးစာ” ================================== ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော အချစ်ဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့.. ပါပူဟာ ရုပ်သံချန်နယ်တစ်ခုက ကိုယ့်ဒုက္ခကိုယ်ရှာဆိုတဲ့ ပရိုဂရမ်ရဲ့ တင်ဆက်သူတစ်ယောက်ပါ။ သူဟာ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ အတွင်းရေးတွေကို ဟောဟောဒိုင်းဒိုင်း ဖွင့်ချတတ်သူဖြစ်ပြီး ပရိသတ်အတော်အသင့်ရထားတဲ့သူလည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ကို သူ့ရဲ့ပရိုဂရမ်ကနေ အရှက်ခွဲမိသလိုဖြစ်ပြီး နောက်ဆက်တွဲပြဿနာတွေ ကြုံတွေ့လာရပုံကို ရိုးမန့်စ်ပြကွက်တချို့နဲ့အတူ ဒီရုပ်ရှင်ထဲမှာ ရယ်ရယ်မောမော မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

4.2 2020 132 mins
Sab Kushal Mangal
The Shaolin Boy
5.7

ဒီတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးမှာတော့ ဇာတ်ကြောင်းလေးကိုမပြောခင် အရင်ဆုံး ဇာတ်ကောင်လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ် – ရှောင်လင်ကျောင်းကနေ ကျောင်းပြောင်းလာတဲ့ အသက်ရှစ်နှစ်အရွယ် ကိုရင်လေး ရှောင်ယွီ – အထက်တန်းကျောင်းတိုက်ကွမ်ဒိုပြိုင်ပွဲမှာ အမြဲလိုလိုနိုင်တတ်တဲ့ တိုက်ကွမ်ဒိုအဖွဲ့ခေါင်းဆောင် အသက်၁၅နှစ်အရွယ် ချုံနန် – အထက်တန်းကျောင်းတိုက်ကွမ်ဒိုအဖွဲ့ရဲ့ မန်နေဂျာ အသက်၁၅နှစ်အရွယ် ရှောင်လန် – အသက်၁၀နှစ်အရွယ် ချုံနန်ရဲ့ညီမလေးရှန်းရှန်းနဲ့ ရှောင်လန်ရဲ့မောင်လေးရှောင်ပါး သူတို့ငါးယောက်ရဲ့ တွေ့ဆုံဇာတ်လမ်းစပုံလေးကတော့… ချုံနန်တို့မောင်နှမနှစ်ယောက်နဲ့ ရှောင်လန်တို့ မောင်နှမနှစ်ယောက်ဟာ အရမ်းကိုရင်းနှီးတဲ့ကျောင်းနေဖက်တွေဖြစ်ပြီး ရှောင်ယွီကတော့ ကျောင်းပြောင်းလာကာ ရှောင်လန်တို့အိမ်မှာ တည်းနေတဲ့ဧည့်သည်တစ်ယောက်ပါ ရှောင်ယွီ ရှောင်လန်တို့အိမ်ကိုရောက်လာတဲ့နေ့မှာပဲ ရှောင်လန်ရဲ့အဖေ သိပ္ပံပညာရှင်ကျန်းရှန်းဟာ ထူလင်နံပါတ်ကိုးဆိုတဲ့ပစ္စည်းတစ်ခုကြောင့် လူဆိုးတစ်သိုက်ရဲ့ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ် ဒါတင်မကသေးသူတို့လိုချင်တဲ့ပစ္စည်းက ရှောင်လန်တို့ မေ ာင်နှမနှစ်ယောက်လက်ထဲ ရောက်နေတဲ့အခါမှာ လူဆိုးတွေ နည်းလမ်းမျိုးစုံနဲ့ ယူဖို့ကြိုးစားပါတော့တယ် အဲ့ဒီအချိန်မှာ သူတို့ငါးယောက် လူဆိုးတွေနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ဟာသဆန်ဆန်ရိုက်ကူးထားတာမို့လို့ ဒီဇာတ်ကားလေးကို ပေါ့ပေါ့ပါးပါးလေး ကြည့်ကြရမှာပါနော်

5.7 2021
The Shaolin Boy
The Rocketeer
6.6

Rocketeer (1991) IMDb Rating (6.6) / Rotten Tomatoes (66%) Dark Horse Comicက ထုတ်ဖူးခဲ့တဲ့ Rocketeer comic စီးရီးကို Period SuperHero ကားတစ်ကားအဖြစ် ၁၉၉၁မှာ Disneyက ပြန်အသက်သွင်းထားခဲ့ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဆွဲဆောင်မှုကတော့ အမေရိကန်ဖစ်ရှင်သမိုင်းတစ်လျှောက်မှာ ဟာရိုးရော်ဘင်တို့လို ဘတ်ဆဲလ်လား စာရေးဆရာတွေ , မာတင်စကောဆေးစိလို ဒါရိုက်တာတွေ ကြီးကြီးကျယ်ကျယ် မိုက်မိုက်ကန်းကန်း သူဌေးတစ်ယောက်အဖြစ် ပုံဖော်ခဲ့ကြတဲ့ ဟောင်းဝတ်ဟုဒ်ကာရိုက်တာက ဒီဇာတ်လမ်းရဲ့ အဓိကအခရာအဖြစ်ပါနေတာပါပဲ။ အိုင်းရွန်းမန်း တိုနီစတက်ကာရိုက်တာကလည်း ဟောင်းဝတ်ဟုဒ်ကာရိုက်တာကိုပဲ မှီးထားခဲ့တယ်။ ချမ်းသာပြီး မိုက်ကန်းရူးရဲသလို အရည်အချင်းလည်းရှိတဲ့ ဟောင်းဝတ်ဟုဒ်ကာရိုက်တာဟာ ဟိုးရှေးကတည်းကနေ အခုထက်ထိ ပရိသတ်ကို ကောင်းကောင်းဆွဲဆောင်နိုင်တဲ့ ကာရိုက်တာမျိုးဖြစ်ခဲ့တယ်။ ဒီကားထဲက ဟောင်းဝတ်ဟုဒ်ကတော့ နည်းနည်းအသက်ကြီးသွားသလို နည်းနည်းလည်းကွဲပြားတယ်ပြောရမယ်။ 1938ခုနှစ်မှာ နာမည်ကျော် လေယာဉ်ထုတ်လုပ်သူ Howard Hughesဟာ ကျောမှာတပ်ဆင်ပြီးပျံသန်းလို့ရစေမဲ့ ဒုံးပျံကို အချိန်အင်အား ငွေအင်အား လူအင်အားများစွာသုံးပြီး တီထွင်ခဲ့ပါတယ်။ဒီဒုံးပျံရဲ့ ရှေ့ပြေးပုံစံကို နာဇီတွေလည်း စမ်းသပ်တီထွင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ဇာတ်လမ်းအစမှာတော့ ဒုံးပျံဝတ်ကွန်မန်ဒိုတွေနဲ့ ကမ္ဘာကိုသိမ်းချင်တဲ့ နာဇီတွေဟာ Howardရဲ့ဒုံးပျံကို ခိုးယူပြီး နည်းပညာခိုးဖို့ကြံစည်နေပါပြီ။FBIက ဒီဒုံးပျံသူခိုးတွေနောက်ကိုလိုက်ရင်း သူခိုးတွေချောင်ပိတ်မိနေချိန်မှာတော့ သူခိုးတွေဟာ လေယာဉ်ရုံတစ်ခုထဲမှာ ပစ္စည်းလဲထည့်ခဲ့ကြပြီးပါပြီ။ဒီပစ္စည်းကိုတွေ့သွားတဲ့ စတန့်ပိုင်းလော့ Cliff Secordနဲ့ သူ့ အဖော်စက်ပြင်ဆရာ Peevyတို့နှစ်ယောက်သား ဒီဒုံးပျံကို ပြင်ဆင်စမ်းသပ်ခဲ့ပါတယ်။FBIက ပျက်စီးသွားပြီထင်နေတဲ့ ကြေးစား လူဆိုးတစ်အုပ် မရမနေရှာနေတဲ့ ဒုံးပျံဟာ သတင်းစာရဲ့ ခေါင်းကြီးသတင်းကနေပါလာတဲ့အခါ နာဇီတွေနဲ့ FBI အပြိုင်ကြဲရှာကြမယ့်ကြားက မြေစာပင်တွေကတော့ Cliff , Peevy နဲ့ Cliff ရဲ့ ရည်းစား Jennyတို့ပါပဲ။ Cliff ရဲ့ Jenny အဖြစ်ကျွန်တော်တို့တွေ့ရမှာကတော့ တစ်ချိန်တုန်းက နှစ်ခါလည်ပြန်ငေးမောရလောက်အောင် ရက်ရက်စက်စက်လှဖူးတဲ့ Jennifer Connellyပါပဲ။နာဇီတွေက Jennyကို ဖမ်းသွားပြီး ဒုံးပျံနဲ့ Jennyအသက်ကိုလဲဖို့ ခြိမ်းခြောက်လာတဲ့အခါ…ဒီအကျပ်အတည်းထဲကနေ ဘယ်လိုရုန်းထွက်ကြမလဲ…ကမ္ဘာရဲ့ပထမဆုံး ဒုံးပျံစီးသမား Rocket Pioneerလေးရော ဘာဖြစ်သွားမလဲဆိုတာကိုတော့…..။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

Drama • Comedy
6.6 1991 108 mins
The Rocketeer
One Piece Film: GOLD
7.1

One Piece Film: Gold (2016) ———————————– IMDB – 7.1/10, MyAnimeList – 7.8/10 One Piece Movies တွေထဲမှာ ၁၃ ကားမြောက်ဖြစ်ပြီး Runtime အရှည်ဆုံး ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းသဘောအရတော့ Dressrosa Arc အပြီးကာလဝန်းကျင် ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်လိုနေနေပါ Movie တွေအကုန်လုံးက Non-canon ဖြစ်တဲ့အတွက် အေးဆေးကြည့်လို့ရပါတယ်။ Non-canon ဆိုလို့ အထင်တော့ မသေးလိုက်နဲ့ဗျာ ဇာတ်လမ်းဇာတ်အိမ်ကလည်း မိုက်တဲ့အပြင် Villain ကောင်တွေကလည်း Awaken ဖြစ်နေပြီးသား ဆရာကြီးဆိုတော့ အသေအကျေ တိုက်ခိုက်တာတွေ ကြည့်ရဖို့သာ ပြင်ထား။ ဒီကားမှာ တစ်ခုသဘောကျမိတာလေးက ခါတိုင်းလို သာမန် Adventure အပြင် Ocean Eleven တို့လို Money Heist တာလေးတွေ MI ရုပ်ရှင်တွေလို ပလန်လေးတွေချ အဖွဲ့ကိုယ်စီ Mission လုပ်တာလေးတွေက တော်တော်မိုက်တယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆရာ Luffy တို့ တစ်သိုက် ကမ္ဘာ့နံပါတ် ၁ ဖျော်ဖြေရေးဆိုတဲ့ ဧရာမ Gran Tesoro ဆိုတဲ့ကျွန်းပေါ်ကို ရောက်လာရာက စတယ်။ တစ်ကျွန်းလုံးက တကယ်တမ်း ဧရာမသင်္ဘောကြီးတစ်ခု နောက်ပြီး အကုန်လုံးကို ရွှေတွေနဲ့ ဖန်တီးပြုလုပ်ထားတာ။ ထုံးစံအတိုင်း အသစ်အဆန်းဆို မျက်လုံးတွေ အရောင်တောက်ပြီး ဘာကိုမှ မမြင်တော့တဲ့ ဆရာသမားတွေကို ကျွန်းပေါ်က ပိုင်ရှင်အဖွဲ့ကနေ VIP ဧည့်သည်တွေပါ ဧည့်ခံပါမယ် ငွေတွေလည်း ချေးပါမယ်ဆိုပြီး ကာစီနိုတွေ လောင်းကစားတွေ ကစားခိုင်းရာကနေ ငလူဖီတို့အုပ်လိုက် ခွေးဖြစ်ကြမှာရယ်။ နောက်ကွယ်က ကျွန်းပိုင်ရှင်က ဘယ်သူလဲ၊ တကယ့်အဖြစ်မှန်တွေကရော ဘာလဲ၊ ကမ္ဘာ့အစိုးရနဲ့ရော ဘယ်လိုတွေပတ်သက်ပြီး ဘယ်လိုအကွက်တွေရွှေ့နေတာကို Luffy တို့နဲ့ တွေ့မှ ဘာသောက်တလွဲတွေဖြစ်ပြီး ရေကုန်ရေခမ်း တိုက်ခိုက်ရတဲ့အထိ ဖြစ်လာမလဲဆိုတာကို Nami ရဲ့ ဉာဏ်ကစားမှုတွေ အသားပေးပြီး Twist ကလေးတွေနဲ့ တဖြည်းဖြည်း ဆွဲခေါ်သွားလို့ ၂ နာရီကုန်လို့ကုန်မှန်းတောင် မသိလိုက်ရမယ့် OP တစ်ကား ဖြစ်လို့ မကြည့်ရသေးရင် အပြေးကြည့်လိုက်ကြပါဦးလို့…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size… 2 GB / 1 GB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 2h 04m Genre ….. Animation, Adventure, Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

Comedy
7.1 2016 120 mins
One Piece Film: GOLD