YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

To the Moon and Back (2023) (Ep6)_1080p.mp4

1.12 GB N/A video/mp4 78 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Nine 1/2 Weeks
6.1

Nine Half Weeks ဆိုတဲ့ဇာတ်ကားလေးကတော့ မိသားစု‌ေတွနဲ့ အတူကြည့်ဖို့ မသင့်တဲ့ လူကြီးတွေကို လူကြီးပညာသင်တဲ့ ဇာတ်ကားကောင်း‌လေးပဲဖြစ်ပါတယ်။ 1986 ခုနှစ်လောက်က Cinematography နဲ့ ခန္ဓာကိုယ်ရဲ့ အနုပညာကောက်ကြောင်းတွေကို ဘယ်လိုရိုက်ပြထားလဲဆိုတာကို ကြည့်ရှုလေ့လာရင်း ပညာတွေအများကြီးတိုးပွားစေမယ့် ဇာတ်ကားလေးပါ။ လိင်ကိစ္စဆိုတာ ကြာလာတာနဲ့ တစ်ယောက်နဲ့တစ်ယောက်စိတ်လှုပ်ရှားမှု‌တွေ လျော့ကျသွားတတ်ပါတယ်.. ဒါပေမယ့် ဘယ်လိုနည်းမျိုးတွေနဲ့ စိတ်လှုပ်ရှားမှုတွေကို ပြန်ပြီးရှာဖွေပြီး သာယာမှုကိုပြန်ရှာဖွေမလဲ။ ကိုယ့်ရဲ့ ပါတနာကို လွှမ်းမိုးတဲ့နေရာမှာလဲ အတိုင်းအတာဆိုတာ ဘယ်လောက်ရှိလဲ။ သာယာမှုတွေ အလွန်မှာရော ဘယ်လိုဆိုးကျိုးတွေ စောင့်ကြိုနေလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကို ကိုယ်တိုင်ကြည့်ရှုခံစားကြည့်လိုက်ကြပါ။ File size…3.2GB / 1.2GB Quality…1080p BluRay AAC5.1Ch / 720p Format…mp4 Duration….1h 57mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thu Ra Hein

Action • Crime • Drama • Thriller
6.1 1986 117 mins
Nine 1/2 Weeks
Loving Vincent
8

သက္ကရာဇ်ကာလအားဖြင့် ၁၈၈၀ကျော်.. ဒီကာလမှာ အပြောင်းအလဲတွေ အရမ်းများခဲ့တယ်။ သရုပ်မှန်ပန်းချီကနေ သင်္ကေတဗေဒ (symbolism) ဘက် အချို့တွေ ကူးပြောင်းလာကြတယ်...။ အရောင်အယူအဆ အသစ်တွေလည်း ပေါ်ပေါက်လာခဲ့တယ်။ ပန်းချီရဲ့ တော်လှန်ရေးကာလတစ်ခုလို့ ဆိုလို့ရတယ်။ ဒါပေမဲ့ သရုပ်မှန်ကလည်း မပျက်သုဉ်းသေးပါဘူး။ မပျက်သုဉ်းသေးတဲ့အပြင် သရုပ်မှန်တွေပဲ ဈေးရတဲ့ ကာလဆိုရင်လည်း မမှားသေးပါဘူး။ ယုံကြည်ချက် အနုပညာနဲ့ မသေရုံတမယ် ရှင်သန်ကြရတဲ့ခေတ်.. ဂေါ်ဂင် ဗန်ဂိုးတို့မှာ ဒုက္ခအနာတွေ ပင်လယ်ဝေ ခဲ့တဲ့ခေတ်..။ ဒီခေတ်ကြီးမှာ အဆန်းသစ်ဆုံး အနုပညာအမြင်ရှိခဲ့တဲ့ ဗင်းဆင့်ကတော့ သူတို့ နားမလည်နိုင်တာကို မနှစ်မြို့ကြတဲ့ လူတကာရဲ့ တံတွေးခွက်မှာ ပက်လက်ကို မျောခဲ့ပါတယ် အရှုံးလဲများခဲ့ပါတယ်.. ဗန်ဂိုးရဲ့ အနုပညာဟာ.. သူ့ခေတ်သူ့အခါနဲ့ဆို ကြောင်တောင်တောင်တွေပါပဲ။ ဒါပေမဲ့ အနုပညာတော့ စစ်မှန်ခဲ့တယ်။ သူ့ခေတ် သူ့ ကာလအကြောင်းပြောပြီးတော့.. ဗန်ဂိုးဆိုတာကရော ဘယ်သူလဲ... ဝယ်သူမရှိတဲ့ ပန်းချီကားတွေအတွက် တပြားတစ်ချပ်မှ ဝင်ငွေမရပဲ ပန်းချီပစ္စည်းတွေအတွက် ငွေကုန်ပေါက် အပြည့်နဲ့ ပေမဲ့ သူချစ်တဲ့ အနုပညာကို ဆယ်နှစ်တိုင် သူသေသည်အထိ မစွန့်လွှတ်ခဲ့တဲ့ အခမ်းနားဆုံး အနုပညာရှင်....။ ကိုယ့်နားရွက် ကိုယ်ဖြတ်ပြီး ပြည့်တန်ဆာမတစ်ယောက်ကို လက်ဆောင်ပေးခဲ့တဲ.. ကိုယ့်ကို သတ်သေခဲ့တဲ့ စိတ္တဇပန်းချီဆရာ..။ " လက်ထဲ ငွေရှိရင် အရင်ဆုံး ဆာလောင်တာ အစာစားဖို့ မဟုတ်ပဲ ပန်းချီဆွဲဖို့ စာလောင်တယ်" ဆိုတဲ့ ပန်းချီဆရာ... ကိုးနှစ်တာ ပန်းချီဆွဲသက်အတွင်း ပန်းချီကား ၉၀၀ ပုံကြမ်းနဲ့ ရုပ်ပုံ ၁၁၀၀ နေ့မနား ညမနား ဆွဲသွားတဲ့ ပန်းချီဆရာ.. အဆုံးသတ်တစ်နေ့မှာ.. ပန်းချီဆရာတစ်ယောက်အတွက် သေခြင်းက ဆိုးဝါး ပြင်းထန်လောက်အောင် ခံရခက်တဲ့ အရာဟုတ်ဘူးဆိုတဲ့ သူ့ စကားအတိုင်း သေပြခဲ့သူ။ ဗင်းဆင်းရဲ့ ပန်းချီကားတွေဟာ.. အပေါ်ယံအမြင်နဲ့ ရေးဆွဲထားတာ မဟုတ်ပါဘူး။ မြင်ရတဲ့ အရာတွေပေါ် ခံစား သိရှိနားလည် သလို ရေးဆွဲထား၏။ စိတ်ကူးယဉ်ရေးဆွဲထားဟန် ရှိပေမဲ့ နားလည်နိုင်အောင် ရေးထားသည်။ သဘာဝနဲ့ကင်းကွာခြင်းမရှိ။ ထိုကဲ့သို့ ဝေဖန်သူများက သုံးသပ်ကြ၏၊ ဗင်းဆင့်ဗန်ဂိုးဟာ အနုပညာကို ခံစားတက်သူတိုင်းရဲ့ သူငယ်ချင်းပါပဲ...။ ဒီတော့ ဒီကားမှာ သူ့ဘဝ သူ့အနုပညာ သူ့အခက်အခဲ သူ့အတွေးအခေါ်တွေကို သူငယ်ချင်းတစ်ယောက်ရဲ့ အကြောင်းလို ကျွန်တော်တို့ ခံစားကြရမှာပါ။ တစ်ချို့ မရေရောတဲ့ အချက်တွေကို ဒွိဟ ပြသွားပေမဲ့.. သေချာတာကတော့ ဗင်းဆင့်ကို ကျွန်တော်တို့ လုံးဝ ခံစားမိစေမှာပါ။ ဒီ ဇာတ်လမ်းရဲ့ ဇာတ်လိုက်က ဗင်းဆင့် ဗန်ဂိုး မဟုတ်ပါဘူး။ ဗင်းဆင့် သေပြီး ကာလတစ်ခုမှာ... ဗင်းဆင့်ကို နားမလည်တဲ့ ကောင်လေးတစ်ယောက် သူ့အဖေ ဆန္ဒအရ..ဗင်းဆင့် ကျန်ခဲ့တဲ့စာကို ပို့်ရာက ဗင်းဆင့်ကို စာနာသွားတာကို ဇာတ်အိမ်တည်ထားတာပါ။ ဒီဇာတ်ကားမှာ ဗင်းဆင်းရဲ့ ပန်းချီဟန်တွေ အပြင် ဗင်းဆင့်ရဲ့ တကယ့် ပန်းချီကားတွေ အများကြီး ထည့််သုံးထားပါတယ်.. ကြယ်တွေစုံတဲ့ည.. ဂျုံခင်းထဲက ကျီးကန်းများ.. ပန်းအိုးထဲက နေကြာ၁၂ပွင့် ညလုံးပေါက်ကဖေး တဲရေ့စ်ကဖေးရဲ့ ညရှုခင်း အစရှိတဲ့ နာမည်ကျော် ပန်းချီတွေ ပါပါတယ်..။ ထူးခြားတာကတော့ ဒီကားကို အစအဆုံး ဆီဆေးပန်းချီကားပေါင်း ၆၅၀၀၀ကို Animationအနေနဲ့လုပ်ထားပြီး အဲ့ဒီပန်းချီကားတွေကို ကမ္ဘာအနှံ့ကအနုပညာရှင် တစ်ရာကျော်က ရေးဆွဲပေးခဲ့ပါတယ်။ ဒီကားရဲ့ အဓိက ဇာတ်ကောင် အာမန်ရော်လင် အပါအဝင် ဒေါက်တာ ဂါးချက်.. ပီရီ တန်ဂျိုင်း ဇာတ်ကောင်တွေဟာလည်း ဗင်းဆင့် ဆွဲခဲ့တဲ့ ပုံတူတွေကို သုံးထားတာပါ..။ ဗင်းဆင့် ဘာကြောင့် သေဆုံးသွားရခဲ့သလဲ.. အဖြေရှာနေတဲ့ ကောင်လေးတစ်ယောက်နဲ့ အတူ ဗင်းဆင့် ဘဝကို ရှာပုံတော် ဖွင့်ရမှာပါ.. Live Longer.. You'll see.. Life can even bring down the strong.. ဘဝမှာ အနေကြာလာရင် ဘဝဟာ အခိုင်အမာဆုံး စိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်ပါတယ်... ဗင်းဆင့်ရဲ့ ရင်နင့်စရာ ပြိုလဲမှု အကြီးကျယ်ဆုံး အနုပညာရှင်တစ်ယောက်ရဲ့ ပြိုလဲမှုကို ခြေရာကောက် ကြည့်ချင်ရင် ဒီကားထက် ပိုပြောပြနိုင်မဲ့ကား ရှိမယ် မထင်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 810 MB) and ( 300 MB) Quality__BR-Rip 720p IMDb Rating__7.8/10 Format__mp4 Duration__01:34:43 Type__Animation , Biography , Crime Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Action & Adventure • Drama • Sci-Fi & Fantasy
8 2017 95 mins
Loving Vincent
I Love My Dad
6.3

I Love My Dad (2022) James Morosini ရဲ့ တကယ့်ဖြစ်ရပ်မှန် ဘဝ အတွေ့အကြုံပေါ်ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… ချက်ခ် ဂရင်းဆိုသူဟာ မိန်းမနဲ့ကွဲပြီး သားနဲ့လည်း ခွဲနေရတယ်။ သားရဲ့ မွေးနေ့တွေကစလို့ ဘွဲ့နှင်းသဘင်တွေအထိ ဆင်ခြေပေါင်းများစွာ ကတိပေါင်းများစွာ ပေးပြီး ဘယ်တော့မှ ရောက်မလာခဲ့တဲ့ ဖခင်တစ်ဦးပေါ့။ သားဖြစ်သူ ဖရန့်ကလင်းက စိတ်ရောဂါ အကြံပေးနဲ့ ဆွေးနွေး ကုသမှု ခံယူနေရတဲ့သူပါ။ တစ်နေ့ သူ့အဖေကို စိတ်ပျက်လာပြီး အွန်လိုင်းကနေ ဘလော့ခ် လိုက်တယ်။ ဒီလိုနဲ့ အဖေဖြစ်သူမှာ သူ့သား သူ့ကို အဆက်သွယ်ဖြတ်လို့ စိတ်အရမ်းပူ မတင်မကျဖြစ်ပြီး ဘက်ကာဆိုတဲ့ ကောင်မလေး နာမည်နဲ့ အကောင့်အသစ်ဖွင့်ပြီး သူ့သားဆီ ချဉ်းကပ်ခဲ့တယ်။ အချဉ်းကပ်လွန်ပြီး ဖရန့်ကလင်းတစ်ယောက် ဘက်ကာဆိုတဲ့အကောင့်နဲ့ စကားတွေ ပြောပြီး ချစ်ကျွမ်းဝင်သွားတယ်။ ဒီလိုနဲ့ ဖရန့်ကလင်းတစ်ယောက် ဘက်ကာနဲ့ တွေ့ဖို့ ကြိုးစားတော့ ချက်ခ် တစ်ယောက် ဘယ်လို အလွဲလွဲ အမှားမှားတွေနဲ့ ရင်ဆိုင်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောစရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ နောက်ဆုံးမှာ သားအဖနှစ်ယောက်ဆက်ဆံရေး ပြတ်တောက်သွားမလား အဆင်ပြေသွားမလား? ပူပူနွေးနွေး အချစ်ခန်းလေး တစ်ခန်းတလေပါတယ်ဆိုတာတော့ အသိပေးပါရစေခင်ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size : 2.2GB, 634MB & 309MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 36mins Genre : Comedy Translated by Kit Encoded by Kinnov

Action • Science Fiction • Thriller
6.3 2022
I Love My Dad
Lilo & Stitch
7.3

Lilo & Stitch (2002) =============== IMDb Rating – 7.3/10 စတစ်ချ်လို့ပြောလိုက်တာ နဲ့ ပြာတာတာ နဲ့ နားရွက်ကြီးကြီး ပြူးကြောင်ကြောင် ကောင်လေးကို အားလုံးမျက်စိထဲ ပြေးမြင်မိကြမှာပါ။ ဒီလောက် နှစ်ပေါင်းများစွာ ကြာခဲ့တာတောင် စတစ်ချ်အရုပ်လေးတွေ စတစ်ချ်အင်္ကျီလေးတွေက လူတွေကြားမှာ ရေပန်းစားနေဆဲပါပဲ။ ခုCMပရိတ်သတ်ကြီးအတွက် ဒီ စတစ်ချ်ကားလေးကို ပြန် လည် ခံစားလို့ရအောင် တစ်ဖန် ပြန်တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်း ကို အနည်းငယ် ပြန်မိတ်ဆက်ပေးရရင် လီလို ဆိုတာ ဟာဝေယံ ခလေး မလေးတစ်ဦးပါ ချစ်စရာ ဂျစ်ကန်ကန် လူဆိုးမလေးပေါ့ဗျာ။ တစ်ရက်တော့ သူက ခွေးတစ်ကောင်မွေးဖို့အတွက် သူ့အစ်မနဲ့ ညီအစ်မနှစ်ယောက်သား ခွေးထိန်းသိန်း ရေးစခန်းကို သွားပါတယ်။အဲ့မှာလီလို တစ်ယောက် ပြာတာတာ နဲ့ ရယ်စရာခွေးလေး ကို သဘောကျ ပြီး မွေးခဲ့ပါတယ်။ ခွေးလေးနာမည် ကိုတော့ စတစ်ချ်လို့ ပေးလိုက် တာပေါ့။အဲ့မှာပဲ ပြသနာတွေစတော့တာပါ။ တစ်ကယ်တော့စတစ်ချ်က တစ်ခြား ဝေးလံတဲ့ ဂြိုလ်တစ်ခုက သိပ္ပံပညာရှင်တစ်ယောက် ရဲ့တီထွင်မှုပါပဲ။ အဲ့ဂြိုလ်ရဲ့ အာဏာပိုင်တွေက သဘာဝကိုဖောက်ပြန်တဲ့ ဒီတီထွင်မှုကို လက်မခံနိုင်ပဲ တီထွင် တဲ့ ပညာရှင်ကိုအကျဉ်းချ စတစ်ချ်လေးကို အပြစ်ပေးဖို့ ခေါ်လာရာမှ အဖျက်စွမ်း အားပြင်း လက်နက် ဖြစ်တဲ့မောင်စတစ်ချ်က ထွက်ပြေးပြီး ကမ္ဘာပေါ်ရောက်လာ တာပါ။ ဒီဂြိုလ်က အကြီးအကဲတွေကလည်း စတစ်ချ် ကို ပြန်ခေါ်ဖို့ သူ့ကို တီထွင်တဲ့ ပညာ ရှင်ရယ် တစ်ခြားပညာရှင်တစ်ယောက်ရယ်ကိုလွှတ်ပြီး ပြန်ခေါ်ခိုင်းတာပေါ့။ စတစ်ချ် လေးကို သံယောဇဉ်တွယ်နေတဲ့ လီလို တစ်ယောက် ဘယ်လိုပြသနာတွေ ကြုံရမလဲ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ဆက်လက် ရှု့စားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို A_Zမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.36 GB) / (550 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Comedy Translator…….Hnin Wut Yi Encoder……….Zin Phyo Aung

Drama
7.3 2002
Lilo & Stitch
30 Days of Night
7

30 Days of Night(2007) ******************** ဒီHorror,Action ကားဟာ အကောင်းဆုံး ဟော်ရာဇာတ်ကားစာရင်းဝင်သလို ဆုပေါင်း ၁၄ ခု ရရှိခဲ့ပြီး BOလည်းဝင်ခဲ့ပါတယ်…ဇာတ်ကားထဲက အက်ရှင်ခန်းတွေနဲ့ သတ်ဖြတ်ခန်းတွေဟာ ကြောက်စရာလည်းကောင်းသလို သွေးသံရဲရဲ ထိတ်လန့်စရာတွေလည်း ပါတာမို့ ကလေးသူငယ်တွေနဲ့ကြောက်တတ်တဲ့သူတွေမကြည့်သင့်ပါဘူး.. ပြီးတော့ ဇာတ်ကားရဲ့ အခြေပြုတည်နေရာကလည်း အနှုတ် ၁၀ ဒီဂရီလောက်အေးတဲ့ မြောက်ဝင်ရိုးစွန်းမှာတည်ရှိတဲ့မြို့ငယ်လေးမှာ ဇာတ်အိမ်တည်ထားတာဆိုတော့ ဟော်ရာအရာသာအပြည့်အဝကြီးကိုခံစားရမှာဖြစ်ပါတယ်… အာတိတ်စက်ဝိုင်းရဲ့မြောက်ဘက်ပိုင်း ကမ္ဘာ့မြောက်ဘက်စွန်းအခြမ်းဒေသထဲ ပါဝင်တဲ့ အလက်စကာပြည်နယ် ဘာရိုမြို့ငယ်လေးမှာ နှစ်စဉ်နှစ်တိုင်း ဆောင်းတွင်းကို တစ်လတာ ညအမှောင် နေရောင်မရတဲ့ရာသီဥတုရှိပါတယ် … နိုဝင်ဘာလပေါ့…ဒီတော့ လူတော်တော်များများဟာ ဆောင်းခိုဖို့ စက်တင်ဘာလကတည်းက တောင်ဘက်ပိုင်းဒေသတွေကို ဆောင်းခိုတဲ့အနေနဲ့ တဖွဲဖွဲထွက်သွားလေ့ရှိကြတယ်.. အဲ့ဒီနောက် နိုဝင်ဘာလရောက်တဲ့အချိန်တိုက်ဆိုင်စွာပဲ မြို့ခံလူတွေဟာ တဖြည်းဖြည်း အကောင်တွေကိုက်ခံရသလိုမျိုး ရက်ရက်စက်စက်နဲ့သေသွားကြလေ့ရှိတယ်.. အသတ်ခံရတဲ့သူတိုင်းဟာလည်း ဒီလိုအရာမျိုးတွေနဲ့တွေ့ဆုံတိုင်း မြန်ဆန်လွန်းတဲ့အတွက်ကြောင့် ပြင်ဆင်ချိန်မရလိုက်ဘဲ ဆိုးဝါးစွာသေဆုံးသွားလေ့ရှိတယ်.. နေရောင်မရတဲ့ဘဲ တစ်လလုံးမှောင်မိုက်နေတဲ့အပြင် အနှုတ် ၁၀ ကျော်အေးနေတဲ့ ဒီမြို့မှာ မြိုခံလူတွေဟာ ဒီကံကြမ္မာဆိုးကိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကိုတော့… File Size : (2.7GB)(724MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:53:00 Genre : Action, Adventure, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by AOI Encoded by Phyo Pyae

Drama
7 2007 113 mins
30 Days of Night
Skanda
5.5

Skanda (2023) =============================== တော်တော်များများ တောင်းဆိုနေကြတဲ့ တေလဂူးစကားပြော Tollywood ရုံတင်အက်ရှင်ကား ခပ်မိုက်မိုက် ကားသစ်လေးတစ်ကားကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်အစမှာတော့ နိုင်ငံတကာထိ လူသိခံရတဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ မတရားစွပ်စွဲချက်တွေကို ခေါင်းငုံ့ခံရင်း ကြိုးမိန့်ချခံထားရကာ သမီးဖြစ်သူကလည်း အကြောင်းတစ်ခုကြောင့် ကိုမာဝင် သတိလစ်နေခဲ့ပါတယ်။ အဲဒီလိုဖြစ်ရတာတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေးကစားကွက်တွေနဲ့အကွက်ရွှေ့နေကြတဲ့ ပြည်နယ်ဝန်ကြီးတွေရှိနေပြီး သူတို့တွေကလည်း သားရေးသမီးရေးကိစ္စတွေကြောင့် အချင်းချင်း လှည့်ပတ်တိုက်ခိုက်နေကြပါသေးတယ်။ အဲဒီလို တစ်စစီပြန့်ကြဲနေတဲ့ ဇာတ်ကောင်တွေကြားထဲကို တုံးတိုက်တိုက် ကျားကိုက်ကိုက်စိတ်ဓာတ်ရှိတဲ့ ယောင်္ကျားဘသား ဇာတ်လိုက်မင်းသား ဝင်လာချိန်ကစပြီး ဇာတ်လမ်းဟာ တဖြည်းဖြည်းပုံပေါ်လာခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ရုံတင်ချိန်တုန်းကလည်း အထိုက်အလျောက်အောင်မြင်ခဲ့ပြီး မင်းသမီးလေးတွေကလည်း တော်တော်လှကြတာမလို့ တောင်ပိုင်းအက်ရှင်ကြိုက်သူတွေအတွက် နှစ်နာရီကျော် အချိန်ပေးရတန်လောက်မယ့် ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Adventure • Action
5.5 2023 167 mins
Skanda
Angel Whispers
5.6

ဒီကားလေးကတော့ ပြည့်တန်ဆာတွေကိုပဲလိုက်သတ်တဲ့ ကွင်းဆက်လူသတ်သမားကားဖြစ်လို့ (၁၈)ယောက်ပေါင်းပြီးမှကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အစ်မလီလီဟာ ပြည့်တန်ဆာတွေကိုအခန်းငှါးစားတဲ့ တိုက်ရှင်တစ်ယောက်ဖြစ်တယ်။ အစ်မလီလီဟာ သဘောကောင်းပြီး သူ့ဆီမှာနေတဲ့ပြည့်တန်ဆာမလေးတွေကို မိသားစုလိုပဲ သဘောထားဆက်ဆံပေးတတ်တယ်။ တစ်ညမှာတော့ အခန်းငှါးတဲ့ပြည့်တန်ဆာတစ်ယောက်ဟာ ပျောက်နေပါတယ် အပြင်လဲမထွက်သွားဘူးလို့ဆိုတဲ့အတွက် တိုက်ပေါ်ကအခန်းလွတ်တွေမှာလိုက်ရှာကြပါတယ်။ မထင်မှတ်ပဲတွေ့လိုက်ရတာတော့ လွန်ခဲ့တဲ့တစ်လကအိမ်ပြန်သွားပြီဆိုတဲ့ ကောင်မလေးရဲ့ နိုင်ငံကူးလက်မှတ်စာအုပ်ကိုတွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ပြည့်တန်ဆာတွေကိုသတ်တဲ့လူရှိပြီး ဒီတိုက်ထဲမှာပဲတရားခံကရှိနေတာကို သိလိုက်တဲ့အချိန်မှာ နောက်ကျသွားခဲ့ပါပြီ။ တရားခံကဘယ်သူဖြစ်နေမလဲဆိုတာကတော့ ဆက်ကြည့်လိုက်ဦးနော်။

5.6 2015
Angel Whispers
Strangers When We Meet
5.9

ထောင်တံခါးဝမှာဆုံခဲ့တဲ့သူစိမ်းနှစ်ယောက်ဟာ အရင်းနီးဆုံးအလေးထားရဆုံးသူတွေဖြစ်လာနိုင်ပါတယ်။ (၂၇)နှစ်ထောင်ကျခဲ့တဲ့အတွက် လူပျိုကြီးဖြစ်နေတဲ့ လောင်ချင်ဟာ မိဘတွေကိုသားတစ်ယောက်တာဝန်ကျေဖို့အတွက် မိန်းမယူဖို့သင့်တော်တဲ့သူရှာနေပါတယ်။ ထောင်(၂)ခါကျဖူးတဲ့အတွက် ဒီကိစ္စဟာမလွယ်ပါဘူး လက်မခံနိုင်တဲ့သူများပြီး လူလိမ်နဲ့သာကြုံခဲ့ရတယ်။ သူနဲ့ဘဝတူလက်တွဲဖော်ရှာမယ်ဆိုပြီး အမျိုးသမီးထောင်ပေါက်ဝမှ ာသွားရှာရင်း အသက်(၂၀)ကျော်ကလေးမလေးတွေ့ဆုံခဲ့ကြတယ်။ နှစ်ယောက်သားအစမ်းလက်ထပ်ခဲ့ပြီး တကယ်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ ကလေးမလေးက တင်တောင်းငွေ (၁၈၄၄၀၀)ယွမ်ကို လက်ခံရရှိပြီးနောက်ပိုင်းမှာတော့ ပျောက်သွားခဲ့ပါတယ်။ လောင်ချင်ဟာလိမ်ခံလိုက်ရပြီလို့ထင်နေတဲ့အချိန်မှာပဲ ဒီငွေပမာဏရဲ့နောက်ကွယ်ကအကြောင်းအရင်းကိုသိသွားပြီးတော့ လင်မယားဆိုတာထပ် ပိုပြီးဖြူစင်တဲ့သံယောဇဉ်တွေဖြစ်လာခဲ့ပါတယ်။ ကံဆိုးသူနှစ်ယောက်ကြားကသံယောဇဉ်အကြောင်း ပုံဖော်ထားတဲ့ ဒရာမာကောင်းလေးပဲဖြစ်ပါတယ်။

TV Movie • Crime • Drama • Mystery • Romance
5.9 2024
Strangers When We Meet
The Book of Life

တော်တော်ကြည့်ကောင်းတဲ့ ကာတွန်းကားဖြစ်သလို ပေးချင်တဲ့ မက်ဆေ့တွေကလဲ တကယ်ကို ကောင်းမွန်လှပါတယ် မကြည့်ရသေးသူများ ကြည့်လိုက်ကြပါဦး ဇာတ်လမ်းအညွန်းကတော့… ဇာတ်ကားဟာ မိသားစုရဲ့ မျှော်လင့်ချက်တွေပြည့်မှီအောင်လုပ်ဖို့နဲ့ သူ့စိတ်ဆန္ဒအတိုင်း နေထိုင်ဖို့ ဆိုတဲ့အရာနှစ်ခုအကြား ရွေးချယ်ရခက်နေတဲ့ လူငယ်လေး Manolo (Diego Luna) ရဲ့ ခရီးလမ်းကိုတင်ဆက်တာဖြစ်ပါတယ်။ ချောမောလှပတဲ့ Maria (Zoe Saldana) ကိုချစ်မိသွားပြီး ဆွဲဆောင်မှုရှိတဲ့ ပြိုင်ဘက် Joaquin (Channing Tatum) နဲ့ အချစ်ရေးယှဉ်ပြိုင်ရာမှာဖြစ်တဲ့အတွက် ဝိဉာဉ်တွေဖြစ်တဲ့ La Muerte (Kate del Castillo) နဲ့ Xibalba (Ron Perlman) တို့က Maria ကိုဘယ်သူရမလဲ အလောင်းအစားလုပ်ကြပါတယ်။ Maria က Manolo ဘက်ကိုယိမ်းသွားတဲ့အခါ အလောင်းအစားကိုရူံးနိမ့်မှာစိုးရိမ်တဲ့အတွက် Joaquin ကို Maria ရဲ့ချစ်သူဖြစ်စေနိုင်ဖို့မျှော်လင့်ပြီး Xibalba က Manolo ကိုသတ်ဖို့ မြွေတစ်ကောင်ကိုလွှတ်လိုက်ပါတယ်။ Maria ရှိရာ လူသားတွေနေတဲ့ ကမ္ဘာကိုပြန်လာဖို့အတွက် Manolo တစ်ယောက် အကြီးမားဆုံးအကြောက်တရားနဲ့ ရင်ဆိုင်ရမယ့် စိတ်ကူးယဉ်ကမ္ဘာသုံးခုပါဝင်တဲ့ မယုံနိုင်ဖွယ် ခရီးစဉ်တစ်ခုကိုစတင်ရတာဖြစ်ပါတယ်။ အမေရိကန် 3D computer-animated အချစ်၊ စွန့်စားခန်း၊ ဟာသဇာတ်ကား The Book of Life ကို ဒါရိုက်တာ Jorge Gutierrez က ရိုက်ကူးပေးထားပြီး Channing Tatum, Zoe Saldana, Diego Luna နဲ့ Christina Applegate တို့ကအသံနဲ့သရုပ်ဆောင်ထားပါတယ်။ IMDb Rating (7.4/10) Rotten Tomatoes (82%) ရရှိထားလို့ ကြည့်ဖို့တိုက်တွန်းပါတယ်။ File size… 7 GB / 1.7 GB / 1.2 GB Quality… WEB-DL 4K HEVC / 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Animation / Adventure / Comedy / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Nyi Than Lwin

0 2014
The Book of Life
The Signature
6.8

The Signature 2024 (လက်မှတ်) ယခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ဝါရင့်သရုပ်ဆောင် Anupam Kher ပါဝင်တဲ့ ဒရာမာဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ အိမ်ထောင်သက် ၃၅နှစ်တာသက်တမ်းရှိပြီဖြစ်တဲ့ အာဗင်နဲ့ မာဒူတို့ လင်မယားနှစ်ယောက်၊ တစ်ရက်မှာ သူတို့လင်မယားခရီးထွက်ဖို့ပြင်ရင်းနဲ့ လေဆိပ်မှာတင်ပဲ မာဒူတစ်ယောက် မူးလဲရာကနေ ဆေးရုံတင်လိုက်ရပါတော့တယ်။ အခုခေတ်မှာ ဆေးရုံဆေးခန်းဆိုတာကလည်း သိတဲ့အတိုင်းပဲ ဘာလေးပဲဖြစ်ဖြစ် ငွေအတောင့်လိုက်ကုန်တဲ့ခေတ်ဆိုတော့လည်း မာဒူတစ်ယောက်အတွက် ဆေးရုံတက်တဲ့ ပထမနေ့မှာတင် ရူပီး၁သိန်းခွဲကုန်ခဲ့ပြီးတော့ ၉ရက်တာကာလအတွင်းမှာတင် အာဗင်စုထားတဲ့ ရူပီးငွေ၆သိန်းကျော်လုံး ကုန်သွားခဲ့ပါတော့တယ်။ ဇနီးဖြစ်သူဟာ အသက်ရှူစက်အကူအညီနဲ့ နေနေရတာဖြစ်ပြီးတော့ တစ်ရက်တစ်ရက် ကုန်ကျစရိတ်ကလည်း မနည်းဆိုတော့ မိန်းမဖြစ်သူအတွက်နဲ့ ဘယ်တုန်းကမှ သားသမီးတွေကို အောက်ကျို့မခံခဲ့တဲ့အာဗင်ဟာ သားသမီးတွေဆီကနေ ငွေအကူအညီတောင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း အိမ်ထောင်ကိုယ်စီကျနေပြီဖြစ်တဲ့ သားသမီးတွေဟာလည်း အများကြီး ကူညီမပေးနိုင်ကြပါဘူး။ ဒီလိုနဲ့ သားဖြစ်သူဟာ အမေကိုချစ်ပေမယ့် ဆေးရုံစရိတ်တွေမနိုင်တဲ့အတွက် အဖေဖြစ်သူကို အမေ့အတွက် DND လုပ်ဖို့ လက်မှတ်ထိုးခိုင်းလာတဲ့အချိန်မှာတော့ မိန်းမကို ရသလောက်အသက်ဆက်ဖို့ပဲလုပ်မယ်ဆိုပြီး ငြင်းပယ်ရင်းနဲ့ ……. ဆေးရုံစရိတ်ခတွေအတွက် အာဗင်တစ်ယောက် ဘယ်လိုတွေ ကြံဖန်မလဲ ….. သူ့မိန်းမကို ကယ်တင်နိုင်ဖို့ ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ ……. ဆိုတာကို ကြည့်ရှုရမယ့် ဒရာမာဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Alex~Yunni တို့ပဲဖြစ်ပါတယ်)

Drama
6.8 2024
The Signature
A Reason to Live
6.1

A Reason to Live (2011) *********************** ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့ နာမည်ကြီး မင်းသား မင်းသမီးတွေပါဝင်တဲ့ Life, Drama အမျိုးအစားလေး A reason to live ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် .. သရုပ်ဆောင်တွေအနေနဲ့ ဆောင်းဦးရွက်ကြွေချစ်သက်သေဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေ ရင်ထဲရောက်သွားတဲ့ မင်းသမီးချောလေး အွန်စော Song Hye Kyo, Good Partners ကားထဲက ရှေ့နေဟန် မင်းသမီး Nam Ji Hyun, Mother of Mine ကားထဲက မင်းသား Ki Tae Young, နဲ့ Desperate Mrs. Seonju ကားထဲက မင်းသား Song Chang Eui တို့ပဲဖြစ်ပါတယ် .. ။ ဇာတ်လမ်းအညွှန်း ************* မတော်တဆမှုတစ်ခုကြောင့် စေ့စပ်ထားတဲ့သူ ဆုံးရှုံးသွားတဲ့ ဒါဟယ်(Song Hye Kyo)ဟာ ကတ်သလစ်ဘာသာ ယုံကြည်သက်ဝင်သူ တစ်ယောက်အနေနဲ့ အပြစ်သားကို ခွင့်လွှတ်ပေးဖို့ လက်မှတ်ကို ကိုယ်တိုင် ထိုးခဲ့သူပါ… တစ်နှစ်ကြာပြီး တစ်နေ့မှာတော့ ကတ်သလစ်ဘုရားကျောင်းတစ်ခုရဲ့ တောင်းဆိုမှုအရ သေဒဏ်ကို ဖျက်သိမ်းပေးဖို့အတွက် မှတ်တမ်းရုပ်ရှင်တစ်ခု ရိုက်ဖို့ဖြစ်လာတဲ့အခါ .. အမျိုးမျိုးသော လူသေမှုတွေရဲ့ နစ်နာသူတွေဘက်က မိဘဆွေမျိုးတွေကို အင်တာလိုက်ဗျူးရင်း သူ့စေ့စပ်ထားတဲ့သူ ဟန်ဆန်းဝူ (Ki Tae Young)ကို သတ်ပစ်ခဲ့တဲ့ အလယ်တန်းကျောင်းသား ဘယ်လိုများ ရှင်သန်ကြီးပြင်းနေလဲဆိုတာကို သိချင်လာပါတော့တယ် .. ဒါဟယ်တစ်ယောက် ဘုရားသခင်ရဲ့အလိုဆန္ဒနဲ့ သူရဲ့ စိတ်ထဲက ခွင့်လွှတ်မှုဟာ အစစ်အမှန်ဖြစ်မလား ဆိုတာကို ရသမြောက်မြောက်တင်ဆက်ထားတာမို့လို့ ကြည့်ရှုစီးမျောလိုက်ပါဦးနော် .. ။ (အညွှန်းကို Theint မှ ရေးသားထားပါတယ်) File size…1.67GB / 676MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 7 min. Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Theint Encoded by AHtet

Romance
6.1 2011 119 mins
A Reason to Live
Samurai Rebellion
8.3

Samurai Rebellion (1967) IMDb Rating (8.3) / Rotten Tomatoes (100%) The Human Condition Trilogy, Harakiri , Kwaidan တို့ရဲ့ ဒါရိုက်တာ Masaki Kobayashiရဲ့ ဆာမူရိုင်းရုပ်ရှင်ပါ။ Kobayashiဟာ သူ့ခေတ်သူ့အခါရဲ့ ဂျပန်လူနေမှုအသိုင်းအဝိုင်းကို အကောင်းဆုံးပုံဖော်နိုင်တဲ့သူအဖြစ် အသိအမှတ်ပြုခံခဲ့ရတဲ့သူဖြစ်ပြီး ဆာမူရိုင်းကားဆိုလို့ Harakiriနဲ့Samurai Rebellion လောက်ပဲ ရိုက်ခဲ့တာပါ။ ဒါပေမဲ့ ဒီ၂ကားလုံး ဆာမူရိုင်းမာစတာပိစ်ကားတွေထဲ စာရင်းဝင်ပါတယ်။ Ratingရော ပရိသတ်အသိအမှတ်ပြုမှုရော ထိပ်ဆုံးမှာတွေချည်းပါပဲ။ ကူရိုဆာဝါတို့နဲ့ အပြိုင်ပေမဲ့ ကူရိုဆာဝါလို ရိုက်သမျှကားတိုင်းတော့ အသိအမှတ်ပြုမခံရဘူးပေါ့။ ဒါပေမဲ့ သူ့အသိအမှတ်ပြုခံရတဲ့ကားတွေကလည်း ပုဂ္ဂလိကအမြင်အရတော့ ကူရိုဆာဝါထက် ကြမ်းတဲ့ကားတွေချည်းပါပဲ။ သူနဲ့ ကူရိုဆာဝါ မကွာတဲ့တစ်ချက်ကတော့ Tatsuya Nakadaiနဲ့ Toshiro Mifuneတို့ကိုပဲ ဇာတ်ဆောင်မင်းသားအဖြစ်သုံးကြတာပဲ။ ခိုဘာယရှိကတော့ Tatsuya Nakadaiကို အဓိကသုံးတယ်။ ဒါပေမဲ့ Samurai Rebellionထဲတော့Tatsuya Nakadaiက ဧည့်သည်သရုပ်ဆောင်သာသာပါပဲ။ Toshiro Mifuneကိုပဲ အလေးပေးဖော်ပြသွားတယ်။ Harakiriလိုပဲ Samurai Rebellionဟာ အရှင်တွေထက်ကျေးကျွန်တွေရဲ့ အခြေအနေကို ပိုအလေးပေးပြထားတယ်။ အဲဒီ၂ခုထပ်တူတာက အရှင်တွေရဲ့ ရက်စက်အနိုင်အထက်ပြုမှုနဲ့ ကျေးကျွန်ဆာမူရိုင်းတွေရဲ့ သတ္တိနဲ့ သိက္ခာကြားက အားပြိုင်ပွဲကို ပြထားတာပါပဲ။ ပြောရရင် ဇာတ်လမ်းကျောရိုးမတူပေမဲ့ တင်ပြချင်တဲ့အကြောင်းအရာက အတူတူပဲလို့ပြောလို့ရတယ်။ အရှင်နဲ့ကျွန်ကြားက အများနဲ့တစ်ယောက်အားပြိုင်မှုရဲ့ အဆုံးသတ်က သိက္ခာတွေ ဘာတွေအသာဖယ်ထားရင် တစ်လမ်းတည်းပဲသွားပါတယ်။ တစ်ချို့ပရိသတ်တွေကတော့” ဒီလိုလုပ်ရတဲ့အကြောင်းရင်းကို နားမလည်နိုင်ဘူး။ ဘာမှလည်းထူးလာတာမဟုတ်ဘဲ”နဲ့လို့ဆိုကြတယ်။ အဲဒီလိုမြင်တာလည်း မှားတော့မမှားပေမဲ့ သူတို့အတွေးအခေါ်အရတော့ အသက်ထက် သိက္ခာက ပိုအရေးပါတာက ဆီလျော်ဖြစ်သင့်တဲ့ကိစ္စပါပဲ။ ဆာမူရိုင်းကားဖြစ်တဲ့အတွက် ဒီလိုဖော်ကျူးမှပဲ ဆာမူရိုင်းတစ်ယောက်ရဲ့ ဝိသေသကို ပေါ်မှာပါပဲ။ ဒါကြောင့်လည်း ကျွန်တော့်ပုဂ္ဂလိက အမြင်အရ ခိုဘာယရှိဟာ ကူရိုဆာဝါထက် ဆာမူရိုင်းတွေကို ဖော်ကျူးတဲ့နေရာမှာ ပိုပြောင်မြောက်နေတာပါပဲ။ ဒီထဲမှာ အများကြီးတော့သေချာမပြသွားတဲ့ Tatsuya Nakadaiရဲ့ အာဆာနိုဇာတ်ကောင်ကတော့ ထူးခြားတယ်ပြောရမယ်။ သူ့လုပ်ရပ်တွေက အပြည့်အဝ နားလည်နိုင်စရာတော့မပေးထားဘူး။ ဒါပေမဲ့လည်း သူတို့ယဉ်ကျေးမှုကိုက ပေါင်းသင်းဆက်ဆံရေးမှာ ဝမ်းတွင်းသိနဲ့ ကိုယ့်ဘာသာနားလည်ရတာကို အလေးပေးတဲ့ လူမျိုးတွေဆိုတော့ Tatsuya Nakadaiနဲ့ Toshiro Mifuneတို့ရဲ့ ဇာတ်ကောင်၂ကောင်ကြားက ဆက်ဆံရေးကိုလည်း ဒီလိုပဲ ဖော်ကျူးလိုက်ပုံပါပဲ။ Samurai Rebellionဟာ Harakiriနဲ့ တော်တော်လေးဆင်ပေမဲ့ Tatsuya Nakadaiရဲ့ ဇာတ်ကောင်အာဆာနိုတစ်ကောင်တည်းကပဲ ဒီ၂ခုမှာ မတူတဲ့အရသာကို ထပ်ဖြည့်ပေးလိုက်နိုင်ခဲ့တယ်။ အာဆာနိုဟာ ဒီရုပ်ရှင်မှာ စိတ်ဝင်စားဖို့အကောင်းဆုံး ဇာတ်ကောင်ဆိုလည်း ဟုတ်ပါတယ်။ ဆာမူရိုင်းအပီသဆုံး ဇာတ်ကောင်လည်း ဟုတ်တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်။) File size…(1.8 GB) / (830 MB) Quality….WEB-Rip 1080p / 720p Format…. mp4 Genre….Action,Drama,History Duration….02:02:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Wira Aung

8.3 1967 121 mins
Samurai Rebellion
Kummattikali

Kummattikali 2025 ကမ်းရိုးတန်းက စွန့်စားခန်းများ ဒန်နီ အမီးရ် လူကာနဲ့ ဘိုင်ရာဗန်တဲ့ ကလေးဘဝတည်းက အတူဆော့ အတူအိပ် အတူကြီးပြင်းခဲ့ကြတဲ့ သူငယ်ချင်း ၄ယောက် ကြီးလာတော့လည်း စီးပွားရှာလည်းအတူ ရန်ဖြစ်လည်းအတူနဲ့ ဒီလူငယ် သူတို့လေးယောက်က ပျော်ရွှင်မှုတွေ အိပ်မက်တွေနဲ့ အတူ ရိုးရှင်းတဲ့ဘဝကို ဖြတ်သန်းနေကြပါတယ် သူတို့ကို မိခင်သဖွယ်စောင့်‌ရှောက်ပေးတဲ့ အင်ဒီရာဆိုတဲ့ ဇာတ်ကောင်ကလည်း ရုပ်ရှင်ရဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးထားပါတယ် အပြောင်းအလဲက ဘယ်ကစမလဲဆိုတာကတော့ ဒီ၄ယောက်က ရက်စက်ကြမ်းကြုတ်တဲ့ပြစ်မှုတစ်ခုထဲ ပတ်သက်မိတဲ့ အဖြစ်အပျက်တစ်ခုကနေ စမှာပါ ပင်လယ်ကမ်းရိုးတန်းဒေသရဲ့ လှပတဲ့ ယဉ်ကျေးမှုကို ခံစားရင်း သူငယ်ချင်းတွေရဲ့ စွန့်စားခန်းတွေကို စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုသူတွေအတွက် လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ် မမျှော်လင့်တဲ့ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရချိန်မှာ လူငယ်တွေရဲ့ ရုန်းကန်လှုပ်ရှားမှုနဲ့ ခင်မင်ရင်းနှီးမှုရဲ့ တန်ဖိုးကို ဒီရုပ်ရှင်ကကောင်းကောင်း ပေါ်လွင်စေမှာပဲဖြစ်ပါတယ်ရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Music • Family • Fantasy
0 2025
Kummattikali
Weekend de vis
5.5

ဇာတ်လမ်းအကျဉ်းကတော့ .. အဲလတ်စ်က အိုင်တီကုမ္ပဏီတစ်ခုကဝန်ထမ်းတစ်ဦးဖြစ်ပြီး သူ့မိန်းမကတော့ ကုမ္ပဏီတစ်ခုရဲ့မာကတ်တင်းဌာနမှာအလုပ်လုပ်နေသူဖြစ်ပါတယ်။ လင်မယားနှစ်ယောက်လုံးက မိုးလင်းကနေမိုးချုပ်တဲ့အထိအလုပ်ရှုပ်နေပြီး အိမ်မှာဆိုလည်းစိတ်ချမ်းချမ်းသာသာနေရတယ်လို့လဲမရှိဘူး။ အနေကြာလာတော့ ကလေးယူဖို့တိုင်ပင်ကြတယ်။ နှစ်ယောက်လုံးကကျန်းမာရေးကောင်းတယ်ဆိုပေမယ့် စိတ်ပင်ပန်းမှုတွေကြောင့် ကလေးမရဘူးဖြစ်နေတယ်။ အဲဒါကြောင့်ဆရာဝန်တွေကစိတ်အပန်းဖြေစေဖို့အတွက် ခရီးထွက်ဖို့တိုက်တွန်းတယ်။ သူတို့ရဲ့ပထမဆုံးခရီးစဉ်ကပိတ်ရက်မှာဘရန်ကိုသွားလည်ဖို့ဖြစ်ပြီး သုံးရက်လောက်နေမယ်လို့ စိတ်ကူးထားပေမယ့် အလုပ်ကိစ္စတွေကြောင့် တစ်ရက်တောင်မပြည့်လိုက်ဘူး။ ဒီကြားထဲကိုဗစ်ကြောင့်စိတ်ပင်ပန်းမှုတွေကထပ်တိုးလာတယ်။ ဒီလိုနဲ့နောက်ဆုံးမှာတော့ သူတို့မျှော်လင့်နေတဲ့ အိမ်မက်ပိတ်ရက်ဟာရောက်ရှိလာဖို့ဖြစ်လာပါတော့တယ်။ File Size… (1.01 GB) / ( 588 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 22m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML

Thriller • Science Fiction • Action
5.5 2024 87 mins
Weekend de vis
Alma & the Wolf
5

အိုရီဂွန်ကမ်းရိုးတန်းက မြို့ငယ်လော ဒုရဲမှူး ရန်ဟာ ထူးဆန်းတဲ့ ဝံပုလွေတိုက်ခိုက်မှုတစ်ခုကို စုံစမ်းရင်း သူ့ရဲ့ စိတ်ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရတယ်။ လမ်းဘေးမှာ တွေ့လိုက်တဲ့ အထက်တန်းကျောင်းသူငယ်ချင်း အယ်လ်မာဟာ သွေးအလိမ်းလိမ်းနဲ့ ဝံပုလွေကြီးတစ်ကောင်က သူ့ခွေးကို သတ်လိုက်တာလို့ ပြောပေမဲ့ ရန်က မယုံကြည်ခဲ့ပါဘူး။ ဒါပေမယ့် ရန်ရဲ့ သားဖြစ်သူ ရုတ်တရက် ပျောက်ဆုံးသွားတဲ့အခါမှာတော့…. ဘယ်လိုတွေဆက်ဖြစ်လာမလဲ…. ရန်တစ်ယောက် သားပျောက် ရှာပုံတော်ဖွင့်ခန်း ဘယ်လိုလှည့်ကွက်အဆန်းအပြားတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး… File Size… (0.97 GB) / ( 652MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 25m Genre …..Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Horror
5 2025 89 mins
Alma & the Wolf