YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

To.the.Beautiful.You.S01E03.720p.CM.mp4

583.09 MB 720p video/mp4 159 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sahara
5.7

ဒီကားလေးကတော့ Adventure/Romance တွေကြိုက်တတ်တဲ့သူတွေအတွက် ကြည့်သင့်ကြည့်ထိုက်တဲ့ (1983)တုန်းက ထွက်ထားတဲ့ကားဟောင်းလေးပါပဲ။ ဒေးလ်တစ်ယောက် သေဆုံးသွားတဲ့ဖခင်ကိုယ်စား ကုမ္ပဏီကိုကယ်တင်ပြီး ဖခင်ရဲ့အိမ်မက်တွေအကောင်အထည်ဖော်ဖို့ နိုင်ငံတကာကားပြိုင်ပွဲကြီးမှာ၀င်ပြိုင်ခဲ့ပါတယ်။ ကားမောင်းပြိုင်ပွဲက သာမန်မဟုတ်ပဲ ကန္တာရထဲမှာရက်ရှည်မောင်းရမယ့်ပြိုင်ပွဲဖြစ်နေခဲ့တာပါ။ ဒေးလ်လိုမိန်းမတစ်ယောက်အတွက် ကန္တာရကြီးက လုံခြုံပါ့မလား။ ဘယ်လိုအန္တရာယ်တွေကြုံပြီး ဖခင်ရဲ့အိမ်မက်‌ကို အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာ စိတ်၀င်တစားကြည့်ရမှာပါ။ သရုပ်ဆောင်မင်းသမီးကလည်း သူ့ခေတ်သူ့အခါတုန်းက people choice awardတွေအများကြီးရထားတဲ့ မင်းသမီးချောBrooke Shieldsဖြစ်တဲ့အပြင် Matrixကားထဲမှာအိုမင်းစပြုနေတဲ့ Lambert Wilsonရဲ့ငယ်ရွယ်ခန့်ညားမှုတွေကိုပါ ဒီကားထဲမှာကြည့်ရှုခံစားရမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Soe Thiri Swe မှ တင်ဆက်ထားပါတယ်။) File size…(3 GB)/ (1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:46:10 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Soe Thiri Swe

Comedy • Romance
5.7 1983 111 mins
Sahara
Alpha Rift
4.7

ဒီဇာတ်ကားကတော့ 21 ရာစုကြီးမှာ မှော်ခေါင်းဆောင်းတစ်ခု ကြောင့် ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်မယ့် သူရဲကောင်းတစ်ဦး ပေါ်ထွက်လာတဲ့ comedy, sci-fi ဇာတ်ကားဖြစ်ပါတယ်။ နိုလန်ဆိုတဲ့ ကောင်လေးက သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ စပ်တူ ဖွင့်ထားတဲ့ ဂိမ်းဆိုင်ပိုင်ရှင်ဖြင်ပြီး ကလေးများအကြိုက် နိုဘယ် မန်းပုံပြင်တွေအကြောင်းကို နေ့တိုင်းပြောပြရင်း ဘဝကို အေးဆေး ဖြတ်သန်းနေတဲ့သူတစ်ယောက်ပါ။ တစ်နေ့ သူ့ဆိုင်ကို မှော်ခေါင်း ဆောင်းတစ်ခု ရောက်လာပြီး ယူဆောင်းလိုက်မိတဲ့အချိန်မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီ အကျဥ်းကျခံထားရတဲ့ နတ်ဆိုးရဲ့တမန် တော်ဝိညာဥ်နဲ့ ဆက်စပ်မိသွားပါတော့တယ်။ နောက်တစ်ရက်မှာတော့ နိုလန်ရဲ့အဖေအမြဲပြောပြနေတဲ့ နိုဘယ်မန်း ပုံပြင်တွေက ပုံပြင်သက်သက်မဟုတ်ဘဲ တကယ့်လက်တွေ့ဘဝမှာ ရှိကြောင်းသိလိုက်ရပြီး နိုလန်ကလည်း နိုဘယ်မန်းတွေရဲ့သွေးသား ဖြစ်ကြောင်း သိလိုက်ရတဲ့အချိန်မှာတော့ နိုလန်က နိုဘယ်မန်းရဲ့သွေး သားလား၊  သူနဲ့ နတ်ဆိုးက ဘယ်လိုရန်ငြိုးတွေရှိခဲ့ကြတာလဲ၊ နောက် ဆုံးမှာ နိုလန်တစ်ယောက် နတ်ဆိုးတွေကို တိုက်ထုတ််နိုင်ပါ့မလား ဆို တာကို ဆက်လက်စောင့်ကြည့်ပေးကြပါဦး။ ဒီဇာတ်ကားက ပေါ့ပေါ့ ပါးပါးနဲ့ ဟာသဆန်ပြီး Fanasty, Sci-Fi ကားတစ်ကားဖြစ်တာမို့ အားလုံးကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.87 GB) / (784 MB) / (478 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Fantasy, Sci-Fi Translator.......Parris Encoder..........SWM

Comedy
4.7 2021 94 mins
Alpha Rift
An Autumn's Tale
7.3

An Autumn's Tale ဟာ Hong Kong Film Awards ကနေပြီး ဟောင်ကောင် , ထိုင်ဝမ် နဲ့ ပြည်မ သုံးခုလုံးက ကားကောင်းတွေကို အကုန်လုံးကို Best 100 Chinese Motion Pictures ဆိုပြီး စာရင်း လုပ်ထားတဲ့အထဲ နံပါတ် ၄၉ ချိတ်ထားတဲ့ရုပ်ရှင်။ 49 လို့ဆိုပေမဲ့ ဒီကားကရိုမန့်ကားစစ်စစ် အဲဒီစာရင်းထဲ သူ့အထက်ကရှိနေတဲ့ ရိုမန့် ကားစစ်စစ်တွေက Comrades: Almost a Love Story , Chungking Expressနဲ့ Days of Being Wildပဲရှိတယ်။ ရိုမန့်ကားတွေပေါပေမဲ့ ရိုမန့်ကားကို မာစတာပိစ်ကားဖြစ်အောင် ရိုက်ဖို့ဆိုတာလည်း အခက်ဆုံး လို့တောင်ပြောချင်ပြောလို့ရတယ်မလား။ ဒီရုပ်ရှင်က အပေါ်က သုံးကား လုံးထက် ရှေးကျသလို အပေါ်ကကားတွေထက်လည်း ရိုမန့်အငွေ့အသက် စစ်စစ်ကိုတော့ ရတယ်။ ပိုသာတယ်လို့ ဆိုလိုတာတော့မဟုတ်ဘူးပေါ့။ An Autumn's Taleဟာ Mabel Cheung ရဲ့ "migration trilogy"ထဲက ဒုတိယကားပါ။ Mabel Cheungဟာ အဲဒီကားသုံးကားလုံးကို ရေးသား ရိုက်ကူးခဲ့ပြီး သုံးကားလုံး ဇာတ်ညွှန်းဆုတွေရထားသလို ဟောင်ကောင် best picture တွေ ဘာတွေလည်းရထားပါတယ်။ An Autumn's Tale ကတော့ ဒီသုံးကားထဲက အကောင်းဆုံးလို့ ယူဆလို့ရတဲ့ကားဖြစ်သလို Best Film, Best Cinematography , Best Screenplayဆုတွေရခဲ့ ပါတယ်။ ဒီထဲက မင်းသားကလည်း ဟောင်ကောင်ရဲ့ သက်ရှိထင်ရှား Legend အစစ်ကြီး သရုပ်ဆောင်စွမ်းရည်ရော Personality ရော ဘာမှအပြစ်ပြော စရာမရှိတဲ့ ချောင်ယွန်ဖတ် ။ ဒီကားထဲ သူ့ပုံစံလည်းပေါ်သလို ငပေငတေပုံနဲ့လည်း လိုက်အောင်သရုပ်ဆောင်ပြခဲ့ပေမဲ့ ဒီကားနဲ့တော့ သူ့ best actor ဖြစ်မသွား ခဲ့ပါဘူး။ ဘာလို့ဆို အဲဒီတစ်နှစ်တည်းမှာတင် သူကားသုံးကားနဲ့ best actor ဆုကို ဆန်ခါတင်ဝင်ခဲ့လို့ပါပဲ။ ဒီကားရယ် Prison on Fireရယ် City on Fire ရယ်ပါ။ Prison on Fireနဲ့ ရသွားပါတယ်။ ဒါပေမဲ့ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို Best of Chow Yun Fatလို့ ပြောကြပါတယ်။ မင်းသမီးဖြစ်တဲ့ Cherie Chung ကလည်း ဆန်ခါတင်တော့ ဝင်ခဲ့ပါတယ်။ သူ့ကိုတော့ သိပ်မရင်းနှီးလောက်ပေမဲ့ ချောင်ယွန်ဖတ်နဲ့ ကားတော်တော်များများရိုက်ခဲ့ပြီး။ မကြာသေးခင်က တင်ခဲ့တဲ့ လတ်စလီချောင်ရဲ့ Fatal love နဲ့ Once a thief ထဲ အဓိကဇာတ်ကောင်အဖြစ် ပါခဲ့ပါတယ်။ အစအဆုံး အမေရိကန်မှာပဲ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး မန်ဟက်တန်တံတား , ဘရွတ်ကလင်းတံတား , ဝီလီယမ်ဘာ့ချ်တံတား ,နယူးယောက်တရုတ်တန်းတို့လို နေရာတွေမှာ ရိုက်ကူးခဲ့ပါတယ်။ စီနီမာတိုဂရပ်ဖီ ဆုရထားတဲ့ကားပီပီသသပဲ ဇာတ်ဝင်ခန်းအများစုက တော်တော်လှပါတယ်။ အထူးသဖြင့် ချောင်ယွန်ဖတ်ရဲ့ ဖိုသီဖတ်သီ ကြေကွဲစုတ်ပြတ်နေတဲ့ ရုပ်ကလပ်ကြီးနဲ့ တွဲရိုက်ပြထားတဲ့ အခါတွေ မှာပေါ့။ ဒီရုပ်ရှင်ရဲ့ Iconic Scene ကတော့ မြန်မာဝတ္တုတိုတစ်ခုထဲတောင် ဖတ်ဖူးတဲ့ အခန်းနဲ့ခပ်ဆင်ဆင်ပါပဲ။ အဲဒီဝတ္တုထဲက အခန်းကို သိပ်တော့မမှတ်မိတော့ပေမဲ့ ဘာပစ္စည်းတွေလဲတော့ သေချာမမှတ်မိတော့ပေမဲ့ အကျဉ်းဖျဉ်းက ကောင်လေးက နာရီကြိုးအသစ်လဲချင်တယ်။ ကောင်မလေးက ကလစ်လားမသိလိုချင်တာထင်ပါ တယ်။ နောက်ကျ ကောင်လေးက နာရီစက်ကိုရောင်းပြီး ကလစ်ပေး၊ ကောင်မလေးက ဆံပင်ရောင်းပြီး နာရီကြိုးပေးတာလားတော့ မသိဘူး။ ဒီထဲက Iconic Scene ကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒီအခန်းကိုမှ ချောင်ယွန်ဖတ်ရဲ့ acting နဲ့ပေါင်းလိုက်တော့ တော်တော်လေး ထိတဲ့ ဇာတ်ဝင်ခန်းအဖြစ်အသက်ဝင်သွားတာပါပဲ။ ရိုမန့်ကားတွေ ကြိုက်တတ်ရင်တော့ ဒီကားဟာ အနှစ်နှစ်အလလ လှည့်မကြည့်ဖြစ်ခဲ့တဲ့ စာအုပ်စင်ပေါ်က ချောင်အကျဆုံးနေရာက စာအုပ်ထဲ ပြန်တွေ့လိုက်ရတဲ့ အချစ်ဦးရဲ့ ဓာတ်ပုံဟောင်းတစ်ပုံလို ဖြစ်နေမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(2.34 GB) / (930 MB) / (531 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 38mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......WiRa Aung Encoder..........SWM

Comedy • Drama • Family
7.3 1987 98 mins
An Autumn's Tale
The Lunchbox
7.3

IMDb Rating (7.8) / Rotten Tomatoes (97%) အိန္ဒိယအပြင် အာရှ ရုပ်ရှင်ဆုပေါင်း ၂၈ ခုနဲ့ ဆန်ခါတင်စာရင်းတွေမှာ ၄၈ကြိမ်ပါဝင်ခဲ့တဲ့ လွန်လေသူ မင်းသားကြီး Irrfan Khan ရဲ့ ရုပ်ရှင်လှလှလေးပဲဖြစ်ပါတယ်။ ရုပ်ရှင်နာမည်က The Lunchbox ထမင်းဘူးလေးတဲ့။ ရုပ်ရှင်တစ်ခုလုံးကို ဒီအပေါ်မှာပဲ ဇာတ်အိမ်တည်သွားတယ်။ သွေးအေးနေတဲ့ခင်ပွန်းသည်အတွက် ထမင်းဘူးထည့်ပေးတဲ့ အိမ်ထောင်ရှင်မတစ်ယောက် သူထည့်ပေးလိုက်တဲ့ ထမင်းချိုင့်က တခြားသူတစ်ယောက်ဆီမှားပြီးရောက်သွားရာကနေစလို့ ဒီဇာတ်လမ်းလေး စတင်ပါတယ်။ ကိုယ်နဲ့တစ်ခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်နဲ့ စာလေးတွေကတဆင့် အဖြူရောင်သံယောဇဉ်ကြိုးတစ်ချောင်း ချည်နှောင်တဲ့အခါမှာ ထမင်းချိုင့်လေးက ကြိုးသီသူလေးတစ်ဦးဖြစ်ခဲ့တာပေါ့။ သူတို့ ၂ ယောက်က ဒီနေ့ဟင်းတော့ ဆားငန်တယ် ဒီနေ့ဟင်းကတော့ အစပ်များတယ် ဆိုတာက‌စလို့ ကိုယ့်ရဲ့ခံစားချက်တွေ အမှတ်တရတွေကိုပါ ထမင်းချိုင့်ထဲ စာလေးထည့်ပြီးပြောပြကြတဲ့အထိ ရင်းနှီးသွားခဲ့ကြပါတယ်။ တစ်ကိုယ်တည်းနေတဲ့ ဖာနန်ဒက်နဲ့ အီလာတို့နှစ်ယောက်ကြား ပို့တဲ့စာလေးတွေကိုဖတ်ရင်း သူတို့ကြားက ထုတ်မပြောတဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို တွေ့ရတယ်။ ချစ်ခြင်းမေတ္တာဟာ ပုံစံအမျိုးမျိုးနဲ့တည်ရှိနိုင်ပြီး ဖွင့်ဟလို့ရတဲ့နည်းလမ်းတွေအများကြီးရှိကြောင်း ဒီရုပ်ရှင်လေးက သက်သေပါပဲ။ ဒီရုပ်ရှင်မှာ လူတွေက ချစ်ဖို့လည်းလိုတယ် အချစ်ခံရဖို့လည်းလိုတယ် ဆိုတဲ့အချက်ကို အသိမ်မွေ့ဆုံးပုံစံတစ်ခုနဲ့ ချပြသွားခဲ့ပါတယ်။ လူတွေက တစ်ချိန်ချိန်မှာတော့ နှောင်ကြိုးတစ်ခုမှာ ရစ်တွယ်မိတတ်ကြတာပါပဲ။ ထမင်းချိုင့်မှားပို့မိတာကနေတောင် ရစ်တွယ်မိတတ်ကြတာမျိုးပေါ့။ အိန္ဒိယရုပ်ရှင်တွေနဲ့ ပတ်သက်လို့ ကျွန်တော်သဘောကျမိတဲ့အချက်က လူတွေမေ့နေတဲ့အချက်တစ်ခုခုကို သိမ်သိမ်မွေ့မွေ့ ထောက်ပြနိုင်တာပါပဲ။ ပညာပေးစရာရှိရင်ပေးမယ် ပညာပေးကားလို့တောင် ထင်လိုက်ရတာမဟုတ်တာမျိုးတွေနဲ့ပေါ့။ မင်းသားမင်းသမီးတွေကလည်း ဆေးဆိုးပန်းရိုက် အပြင်အဆင်တွေနဲ့ အလွန်အကျွံ လုပ်ယူထားမျိုးမရှိဘဲ သာမန်လူတစ်ယောက်လို သာမန်ကိစ္စတွေကိုကြုံတွေရပုံတွေကိုပဲ သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ တင်ပြထားတာတွေကလည်း အိန္ဒိယရုပ်ရှင်တွေကို သဘောကျမိတဲ့အချက်ပါပဲ။ အကယ်၍များ တစ်ယောက်ယောက်က လူတွေကြား မေတ္တာပုံစံတစ်မျိုးကို ဖော်ကျူးမယ့် ဘောလိဝုဒ်ရုပ်ရှင်တစ်ခုကို မေးလာခဲ့ရင် ဒီဇာတ်ကားက ကျွန်တော့်စိတ်ထဲ ပထမဆုံးပေါ်လာမယ့် ရုပ်ရှင်ပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) File size…(2.2 GB)/ (850 MB) Quality….BluRay Remux 1080p /720p Format…mp4 Duration….01:48:44 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Min Thant Bo

Romance
7.3 2013 104 mins
The Lunchbox
Peter Pan
7.2

အားလုံးသိကြတဲ့ပုံပြင်လေးကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ 2003 ကထွက်ရှိတဲ့ကားပါ။Wendy နဲ့သူ့မောင်တွေဖြစ်တဲ့ John နဲ့ Michael တို့ဟာ သူတို့ပုံပြင်ပြောရင်လာနားထောင်တဲ့ Peter Pan ခေါ်တာကြောင့် Neverland ကိုလိုက်သွားပြီး စွ့န်စားခန်းတွေ ကြုံတွေ့ရပါတယ်။ လေပေါ်ပျံနိုင်စွမ်းရှိပြီး ဘယ်တော့မှအသက်မကြီးတဲ့ Peter Pan နဲ့ သူ့ရဲ့အပေါင်းအပါတွေဖြစ်တဲ့ The Lost Boys, Fairy လေး Tinkerbell တို့အပြင် ပင်လယ်ဓားပြကြီး Captain Hook တို့လည်းပါ၀င်ပါတယ်။ 2003 ကထွက်တာဖြစ်ပေမယ့်အခုပြန်ကြည့်လည်းမရိုးနိုင်တဲ့ကားလေးပါ။ မိသားစုလိုက်ကြည့်ရင် လူကြီးတွေအတွက်လည်းမပျင်းရတဲ့ကားလေးဖြစ်ပါတယ်။Wendy တို့ရဲ့ကုန်ဆုံးတော့မယ် ကလေးဘ၀ကိုကြည့်ရင်း nostalgic feeling လည်းခံစားရမှာပါ။ Rotten tomatoes -77% File size…(2.17GB)/(1.2GB)/(875MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...adventure / Family / fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Action
7.2 2003 113 mins
Peter Pan
Confession of Pain
6.5

Confession of Pain (2006) ~ IMDb rating – 6.5/10 ~ ဒါရိုက်တာက‌တော့ Alan Mak ပါ။ Infernal Affairs ၃ကားကို ဇာတ်ညွှန်းရေးသားရိုက်ကူးခဲ့သူတွေပါပဲ။ သူတစ်ယောက်တည်းရိုက်တာတော့ မဟုတ်ဘူးပေါ့။ Andrew Lau က စီနီမာတိုဂရပ်ဖီ ကူရိုက်ပေးထားပြီး Felix Chong က ကူရေးပေးထားပါတယ်။ ဒီရုပ်ရှင်မှာလည်း ဒီလိုပါပဲ၊ သူတို့၂ယောက်စလုံး ကူပေးထားကြပါတယ်။ ပြောရရင် Infernal Affairs ကို ဖန်တီးတဲ့သူ အစစ်တွေ ဖန်တီးထားတဲ့ကားပါ။ ဟောင်ကောင်မာစတာပိစ်တွေထဲအပါအဝင်ဖြစ်တဲ့၊ မာတင် စကောဆေးစိကြီးတောင် လီယိုနာဒိုနဲ့ပြန်ရိုက်လိုက်ရတဲ့ Infernal Affairs ကိုတော့ မမီပေမယ့် ကားကောင်းတစ်ကားပါပဲ။ ဇာတ်လမ်းထက် စီနီမာတိုဂရပ်ဖီနဲ့ ပိုနာမည်ကြီးပါတယ်။ စီနီမာတိုဂရပ်ဖီရိုက်တဲ့လူက Andrew Lau ပါ။ Infernal Affairs ရဲ့ စီနီမာတိုဂရပ်ဖာဖြစ်သလို Chungking Express မှာ ခရစ်စတိုဖာဒွိုင်းနဲ့ တွဲရိုက်ခဲ့တဲ့သူလည်း ဟုတ်ပါတယ်။ အဲဒီ၂ကားကိုတော့ ဟောင်ကောင်ဖန်မှန်ရင် ကောင်းကောင်းသိကြမှာပါ။ တိုက်တိုက်ဆိုင်ဆိုင် မင်းသားတွေကလည်း တိုနီလျောင်ချူဝေနဲ့ Takeshi Kaneshiro ပါ။ ဟောင်ကောင်ရဲ့ သရုပ်ဆောင်အကောင်းဆုံးလူတွေထဲက ၂ယောက်ပါပဲ။ ဒါရိုက်တာ ဇာတ်ညွှန်း စီနီမာ မင်းသား အကုန်ဆရာတွေချည်း သုံးထားပေမဲ့ ဒီကားက ထင်သလောက်တော့ တာမသွားခဲ့ပါဘူး။ သို့ပေမဲ့ သူတို့အရင်လက်ရာတွေနဲ့ မယှဉ်ဘဲ ဒီတိုင်းသီးသန့်ကားတစ်ကားအနေနဲ့ကြည့်ရင်တော့ သူ့အဆင်နဲ့သူ အဆင့်တစ်ခုတော့ရှိတယ်။ အထူးသဖြင့် စီနီမာတိုဂရပ်ဖီပေါ့။ အကွက်တိုင်းကလှနေတယ်။ ဒီလူတွေပဲရိုက်မယ့် အသစ်ထွက်လာမယ့် တိုနီလျောင်နဲ့ အန်ဒီလောင်ကားအသစ်က စီနီမာနဲ့တောင် ဆင်သလိုခံစားရတယ်။ ပုရိသတွေရဲ့ အသည်းစွဲ ရှုကျီလည်းပါပါတယ်။ ဇာတ်ကတော့ တော်တော်လေး စိတ်ဝင်စားစရာတော့ကောင်းပါတယ်။ စုံထောက်၂ကောင်ရှိတယ်။ တစ်ကောင်က အငြိမ်းစားယူပြီး အလွတ်စုံထောက်လုပ်တယ်။ တစ်ကောင်က အစိုးရဌာနမှာပဲလုပ်တယ်။ တစ်နေ့ကျ အစိုးရဌာနက စုံထောက်ရဲ့ မိန်းမရဲ့အဖေက အသတ်ခံလိုက်ရတယ်။ တရားခံဖမ်းမိပေမဲ့ သူ့သမီးက သိပ်မသင်္ကာလို့ အလွတ်စုံထောက်ကို အပ်လိုက်တယ်။ သူတို့သူငယ်ချင်း၂ယောက် အဲဒီအမှုကိုလိုက်ကြတယ်။ အဲဒီကနေ ပေါ်လာတဲ့မြုပ်ကွက်တွေက တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။ စုံထောက်ကားကြိုက်တဲ့ သူတွေအတွက်‌တော့ တကယ့်ကားကောင်းပေါ့။ တစ်ခုရှိတာက ဒီရုပ်ရှင်ဟာ စုံထောက်ကားပေမဲ့လည်း သူ့နာမည်နဲ့လိုက်အောင်ကို သိပ်နာကျင်စရာကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် Infernal Affairs က Creator တွေ ဖန်တီးထားတဲ့ကားကိုမှ တိုနီလျောင်ကြီးရဲ့ မထုံတက်သေးဟန်၊ တာကဲရှိရဲ့ အေးစက်စက် ခပ်မိုက်မိုက်ဟန်၊ ရှုကျီရဲ့ ဆက်စီကျတဲ့ဟန်တွေကို တွဲဖက်မြင်ရမှာမို့ ဟောင်ကောင်ပရိသတ်တွေ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.08GB, 830MB, 665MB Quality – 1080p, 720p, 480p IMDb Rating – 6.5/10 Format – mp4 Duration – 1H 50Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Fantasy • Horror
6.5 2006
Confession of Pain
Inventing the Christmas Prince
6.6

Inventing the Christmas Prince(2022) Christmas Prince ဆိုတာ မြောက်ဝင်ရိုးစွန်းတခွင်မှာ Santa Clause ပြီးရင် နာမည်အကြီးဆုံး လက်ဆောင်တွေ ဖြည့်ဆည်းပေးတဲ့ mythical character တစ်ယောက်ပေါ့ ဒါပေမယ့် Santa လောက်သူ့ကိုလူသိပ်မသိကြပါဘူး Christmas Prince ဆိုတဲ့story လေးကို ကျောင်းမှာ မိဘတွေခေါ်ပြီးပုံပြောခိုင်းတဲ့အစီစဥ်မှာ ရှယ်ဘီက သူ့ဖတဆိုးသမီးလေး ဂရေစ့်ကိုပြောပြပါတယ် အဲ့ကတည်းက Christmas prince ကဂရေစ့်ရဲ့စိတ်ထဲ စိုးမိုးနေတော့တာပေါ့ ရှယ်ဘီဟာ တဖက်ကလည်း ဂရေစ့်လေးကိုထိန်းရ တဖက်မှာလည်း Rocket Engineer ဆိုတဲ့အတိုင်းအလုပ်တွေကဇယ်ဆက်သလိုကိုလုပ်ရပါတယ် သူ့အတွက်ပိုဆိုးစေတာက သူတို့ရဲ့ ဘောစ့်အယ်ဗန်ပါ အယ်ဗန်ဟာ Christmas Carole ထဲက Scrooge လောက်မဆိုးပေမယ့် nearly Scrooge ပေါ့ အဲ့တော့အရမ်းလူ့ဂွစာကြီးပေါ့ တစ်နေ့မှာဖြစ်ချင်တော့ ရှယ်ဘီတယောက်သမီးဖြစ်သူကို အလုပ်ခေါ်သွားရင်း ပုံပြင်ထဲက Christmas Prince ရဲ့ လက်ကအမှတ်နဲ့ မစ္စတာအယ်ဗန်ရဲ့လက်ကအမှတ်သွားတူနေပြီး ဂရေစ့်လေး အယ်ဗန်ကို တကယ့် Chrostmas prince လို့ထင်သွားပြီးနောက်ပိုင်း ဘယ်လိုတွေဆက်ဖြစ်မလည်း ကြည့်ရတာစိတ်ဝင်စားဖို့ကောင်းပါတယ် ဟာသလေးတွေလည်းပါတော့ ပေါ့ပေါ့ပါးပါးနဲ့ Christmas ကာလမဟုတ်တော့တောင်အတော်ကြည့်လို့ကောင်းပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ ) File Size__(1.6GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__01:24:00 Type__Comedy, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hein That Naing Encoded by Naing Aung Latt

Drama
6.6 2022 84 mins
Inventing the Christmas Prince
Asura : The War of the Beehair

Asura : The War of the Beehair (2023) ဟွမ်ဆော့မီဆိုတဲ့အမျိုးသမီးက ထောင်ထဲမှာ ခေါင်းဆောင်လည်းဖြစ်တယ် ဆရာကြီးအဆင့်ထိရောက်နေတဲ့သူ.. အဲလိုလူကို မျက်စိဆံပင်မွှေးစူးတဲ့သူက ပြဿနာအိုး သူဌေးသမီးဟန်ဆိုဟီး.. ဟန်ဆိုဟီးက ထောင်ထဲရောက်တာတောင် ထောင်စောင့်တွေ ထောင်ဦးစီးတွေကို လာဘ်ထိုးပြီး ဘုရင်မတစ်ပါးလိုနေတာ သူ့ကို အပြင်ကမိသားစုကလည်း ထုတ်မပေးတော့ ထောင်ထဲမှာ ပန်ကာ့ထိပ်က ဝက်အူလိုနေရင်း ပြဿနာတစ်ခုပြီးတစ်ခုရှာတော့တာပဲ ဟန်ဆိုဟီးကိုလည်း ဟွမ်ဆော့မီက သဘောမတွေ့တော့ နောက်ဆုံး လိုက်စုံစမ်းရင်းနဲ့ ဟန်ဆိုဟီးထောင်ထဲမှာတောင် တရားမဝင်တဲ့အလုပ်လုပ်နေတာကို သိသွားတဲ့အချိန်မှာ ဟွမ်ဆော့မီက ဘယ်လိုဖော်ထုတ်မလဲ ဘယ်လိုဖိုက်ကြမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ် ထောင်ထဲမှာ အကျဉ်းသားအချင်းချင်းရော၊ ရဲတွေရော ထောင်စောင့်တွေရော ပိုက်ဆံကြောင့် မတရားမှုတွေကိုလုပ်တတ်ကြောင်းကို မီးမောင်းထိုးပြထားတာမို့ ကြည့်လိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime Quality…. 1080p | 720p File size…925MB | 437MB Format… mp4 Duration….1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder …..Aaron

0 2023
Asura : The War of the Beehair
The Last Descent
5.5

The Last Descent (2016) =================== ဒီကားလေးကတော့ 2009 ခုနှစ်တုန်းက အမေရိကန်နိုင်ငံ Utah ပြည်နယ်မှာ ရှိတဲ့ Nutty Putty ဆိုတဲ့ ဂူတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်း လေးကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း – ဂျွန် နဲ့ သူ့မိသားစုတို့ အားလပ်ရက် မွေးရပ်မြေကို ပြန်တဲ့အချိန်မှာ Adventure ထွက်ရတာကို သဘောကျတဲ့ ဂျွန် နဲ့ သူ့အကိုတို့ အစိုးရဘက်က အန္တရာယ်ရှိတယ် လို့ ယူဆပြီး 2 နှစ်ကြာပိတ်ထားခဲ့ပြီးမှ ပြန်ဖွင့်ပေးခဲ့တဲ့ Nutty Putty ဂူထဲကို ဝင်ပြီး စွန့်စားခန်းဖွင့်ဖို့ရာ ဖြစ်လာပါတော့တယ်။ အသွားမတော်တစ်လှမ်း အစား မတော်တစ်လုပ်ဆိုသလိုပဲ ဂျွန်နဲ့ သူ့အစ်ကိုတို့နှစ်ယောက်သား သွားရင်းသွားရင်းနဲ့ မြေပုံထဲတောင်မပါပဲ ဂူရဲ့အနက်ဆုံးအပိုင်းထဲထိရောက်သွားပြီး ဂျွန်တစ်ယောက် လျှိုတစ်ခုထဲကို အမှတ်မထင်ဆင်းမိသွားရာကနေ အခန့်မသင့်ပဲ ဘယ်လိုမှ ပြန် မထွက်နိုင်ဖြစ်သွားပါတော့တယ်။ အတိုချုံးပြောရရင်တော့ သာမာန်ကယ်ဆယ်ရေးကားမျိုးဆိုပေမယ့် ဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်လို့ အတော်လေးစိတ်ဝင်စားဖို့ရော ဝမ်းနည်းဖို့ရော တော်တော် ကောင်းပါတယ်။ အဲတော့ ဂျွန်တစ်ယောက် ဂူထဲကနေ အသက်ရှင်လျှက်ပြန်ထွက် နိုင်ပါ့မလား ဂျွန်ကိုဘယ်လိုကယ်ထုတ်ဖို့ကြိုးစားကြမလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(3.6 GB) / (806 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 45Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Thetti Tun Encoder……….SWM

5.5 2016 105 mins
The Last Descent
Death is All Around
5

Death is All Around (2024) သင့်အနီးအနားက မရဏတရား လူသားတွေက စိတ်ညစ်တာတွေများလာတဲ့အခါ အရမ်းတွေစိတ်ဖိစီးလာခဲ့အခါမျိုးမှာ လွတ်ရာလွတ်ကြောင်း ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လုပ်တတ်ကြပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ သူတို့ရဲ့ဝိညာဉ်က နောင်ဘဝကို မကူးခင် အပြစ်တွေကိုကျေအောင်အရင်ဆပ်ရပါတယ်။ သတ်သေတဲ့ ဝိညာဉ်တွေကို အပြစ်တွေကျေနိုင်ဖို့ ကူညီလမ်းပြပေးနေတဲ့ ကူညီသူဆိုတာရှိပါတယ်။ ကူညီသူတွေကတော့ လူသားလည်းမဟုတ် ဝိညာဉ်လည်းမဟုတ် လူတွေရဲ့ယုံကြည်မှုကနေ မွေးဖွားလာသူတွေပါ။ ကူညီသူတွေမှာ လူသားတွေနဲ့တိုက်ရိုက်ပတ်သတ်မှုမရှိရ ချစ်သူမဖြစ်ရဆိုတဲ့ စည်းကမ်းချက်ကရှိနေပါသေးတယ်။ ကူညီသူတွေထဲကမှ အတော်ဆုံးနံပါတ်၁ဖြစ်တဲ့ ကူညီသူသန့်ခ်ကတော့ လူသားတွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးရင်း လူသားကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံလာတဲ့အခါမှာတော့ …….. အဲဒီကောင်မလေးနဲ့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ….. ကူညီသူတစ်ယောက်ရဲ့ တာဝန်တွေကျေပွန်အောင်ရော ဘယ်လိုတွေ ထမ်းဆောင်သွားမလဲ… ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းကိုတော့ Char Ou က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Char Ou, Kaung, Mary တို့ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1GB | 519MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Char Ou, Kaung, Mary Encoder ….. Aaron

5 2024
Death is All Around
Auron Mein Kahan Dum Tha
5.4

Auron Mein Kahani Dum Tha (2024) ဒီနေ့မှာတော့ action crime drama အမျိုးအစားနဲ့ ဘောလိဝုဒ်ပရိသတ်မဟုတ်တဲ့ လူတွေနဲ့တောင် မစိမ်းလောက်မယ့် မင်းသားကြီး Ajay Devgn ရဲ့ဇာတ်ကားအသစ်စက်စက်လေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ခရစ်ရှ်နား (Ajay Devgn) ဟာ လူသတ်မှု၂ခုနဲ့ ထောင်ဒဏ် ၂၅ နှစ်ကျခံနေရတဲ့ အကျဉ်းသားတစ်ယောက်ဖြစ်ပါတယ်။ လူနေတည်ကြည်ပြီး ကောင်းမွန်စွာပြုမူနေထိုင်တာကြောင့် အထက်က သူ့ကို ပြစ်မှုထောင်ဒဏ်တစ်ဝက်တိတိ လျှော့ချပြီး နောက်တစ်နေ့မှာတင် ထောင်ကလွတ်တော့မှာပါ။ ဒါပေမဲ့ သူကအဲဒီလို ပြစ်ဒဏ်လျှော့ပေါ့ပေးတာကို လက်မခံနိုင်ကြောင်း စာတင်လျှောက်ထားခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။ အကျဉ်းသားတိုင်းလိုချင်တဲ့ ပြစ်ဒဏ်လျှော့ပေါ့မှုမျိုးကို ရုတ်သိမ်းပေးဖို့ တောင်းဆိုရတဲ့အကြောင်းအရင်းက ဘာများဖြစ်မလဲ။ ဘာကြောင့် ဒီလိုပြစ်မှုကို ကျူးလွန်ပြီး ဘာအတွက်ကြောင့်များ ထောင်ကထွက်ပြီး အပြင်လောကကို မရင်ဆိုင်ချင်လဲဆိုတာ ခရစ်ရှ်နားရဲ့ ဇာတ်ကြောင်းကို နောက်ကြောင်းအတူပြန်ရင်း ဇာတ်လမ်းလေးကို လိုက်ပါစီးမြောကြည့်လိုက်ရအောင်ပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ။)

5.4 2024
Auron Mein Kahan Dum Tha
Our Beautiful Summer Part1
9

Our Beautiful Summer Part1 (2024) *********************************** CM ပရိသတ်ကြီးတို့အတွက် The Player 2 ထဲမှ Jang Gyu Ri နဲ့အတူ Yoo Young Jae၊ Son Sang Yeon၊ Kim Min Ki နဲ့ Kim So Hye တို့ အဓိကပါဝင်ထားတဲ့ ကျောင်းသားကားလေးမလို့ ချိုချိုမြိန်မြိန် ကျောင်းသားကားလေးတွေကို မျှော်နေတဲ့သူတွေအတွက် အကြိုက်ဖြစ်စေမှာ အသေအချာပါပဲ။ Part 1, Part 2 ဆိုပြီး ၂ပိုင်းထွက်ရှိထားပြီး Part 1 လေး အရင်တင်ပေးလိုက်ပါတယ်နော်။ ဇာတ်လမ်းအညွှန်း- လေးမြွှာပူးဖြစ်ကြတဲ့ အာရွန်း၊ ဒါအွန်း၊ အူရီတို့က အငယ်ဆုံးညီမလေး နာရာကို ဆုံးရှုံးလိုက်ရပြီးနောက် ညီအစ်ကို သုံးယောက်တည်း အထီးကျန်နွေရက်တွေကို ဖြတ်သန်းနေကြရပါတယ်။ သိပ်မကြာခင်မှာပဲ သူတို့ရဲ့ ပတ်ဝန်းကျင်ကို ယောရွန်းဆိုတဲ့ ထူးဆန်းတဲ့ကောင်မလေးတစ်ယောက် ပြောင်းရွေ့လာခဲ့ပြီး အဲဒီနောက်မှာတော့ အေးစက်နေတဲ့ သူတို့ရဲ့ဘဝတွေက ပြန်လည်လှုပ်ရှားလာပါတော့တယ်။ ယောရွန်းဟာလည်း သူမရဲ့ ဘဝအချိုးအကွေ့တစ်ခုမှာ ဖြစ်ရပ်ဆိုးကြီး ကြုံတွေ့ခဲ့ရပြီး စိတ်ဒဏ်ရာရနေသူတစ်ဦးပါ။ သူတို့လေးယောက် ဆုံတွေ့ပြီး ဘယ်လိုတွေပြောင်းလဲလာကြမလဲ..။ ပူပူလောင်လောင် နွေရက်တွေမှာ အေးစက်နေကြတဲ့ သူတို့ရဲ့ နှလုံးသားတွေကို တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမျိုး အနွေးဓါတ်ဖြစ်ပေးရင်း ပျောက်ဆုံးနေတဲ့နွေရာသီကို ဘယ်လိုပြန်လည်ရှာဖွေကြမလဲဆိုတာ ကြည်နူးခံစားရင်း ကြည့်ရူရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို KhinNi မှ ရေးသားပေးထားပါတယ်။) File size…990MB / 480MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 25m Genre ….. Romance, Youth Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Stary, Treasure Htet, KhinNi & Theint

9 2024
Our Beautiful Summer Part1
The Silent Hour

Brad Anderson ရိုက်ကူးထားပြီ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ရဲစုံထောက်ဇာတ်ကားဖြစ်ပါတယ်။ Joel Kinnaman သည် ရဲအရာရှိ Frank Shaw အဖြစ် သရုပ်ဆောင်ထားပြီး၊ နားမကြားနိုင်တော့တဲ့ ဘဝသစ်တစ်ခုကို ရင်ဆိုင်ရင်း သက်သေတစ်ယောက်ဖြစ်တဲ့ Ava (Sandra Mae Frank) ကို ကာကွယ်ဖို့ ကြိုးပမ်းပါတော့တယ်။ ဒီဇာတ်လမ်းက အခက်အခဲများစွာနှင့် မသန်စွမ်းသူတွေရဲ့စွမ်းအားကို ထုတ်ဖော်ပြသထားပြီး စိတ်လှုပ်ရှားစရာဇာတ်လမ်းအနေနဲ့လည်း ရှုစားရမှာဖြစ်ပါတယ်။ Mark Strong လည်း အဓိက ပါဝင်သရုပ်ဆောင်ထားပြီး၊ မသန်စွမ်းတွေအပေါ် မှာ မကောင်းတာတွေ မရိုးသားမှု့တွေကို ရင်ခုန်စိတ်လှုပ်ရှာဖွယ် ခံစားရမှာဖြစ်ပါတယ်။ အားလုံးမြင်ဖူးနေကြ မဟုတ်တဲ့ ဇာတ်ကားတစ်ခုကိုကြည့်ချင်တယ်ဆိုရင်တော့ ဒီကားကို ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ File size…(1.1 GB)/(724 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Crime, Thriller, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

Comedy • Drama
0 2024
The Silent Hour