YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

To My Beloved Thief (2026) E02 1080p NF WEB-DL [RMC].mp4

1.14 GB N/A video/mp4 1 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Heaven, Earth and Hell

အိုလီဗာစတုန်းရဲ့ Vietnam War Trilogy ဟာ နာမည်ကျော် Trilogyတွေထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး သူ့နာမည်အတိုင်းပဲ အဲဒီသုံးကားဟာ ဇာတ်လမ်းဇာတ်အိမ် ဇာတ်ကောင် လားလားမှမဆိုင်ဘဲ ဗီယက်နမ်စစ်ပွဲကို အခြေပြုထားတာခြင်းပဲ တူနေတဲ့ ၃ကားပါ။ ပထမကားဖြစ်တဲ့ Platoon (1986) ကတော့ အကောင်းဆုံးကားလို့‌ ပြောရမှာပါပဲ။ နောက်တွမ်ခရုစ်ပါတဲ့ Born on the Fourth of July ပါ။ အခုကား Heaven and Earth (1993) ကတော့ တွမ်မီလီဂျုန်းပါဝင်ထားပါတယ်။ အိုလီဗာစတုန်းဟာ သမိုင်းကားတွေ အရိုက်များတဲ့ ဒါရိုက်တာဖြစ်ပြီး ဂျွန်အက်ဖ်ကနေဒီတို့ နက်ဆွန်တို့အကြောင်းလည်း ရိုက်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ဗီယက်နမ်စစ်ပွဲမှာ တာဝန်ကျဖူးပြီး သူ့စစ်မှုထမ်းအတွေ့အကြုံတွေဟာ ဒီ Trilogy အတွက် ထောက်တိုင်တွေဖြစ်ခဲ့တာမို့ ဒီကားတွေဟာ နာမည်ကျော်တာပါပဲ။ Vietnam War Trilogy ရဲ့ ပထမကားနဲ့ တတိယကားကို တင်ထားပေးပြီးပြီဖြစ်ပြီး ဒုတိယကား တွမ်ခရုစ်ရဲ့ Born on the Fourth of July ကလည်း လာပါလိမ့်မယ်။ စစ်ကားကြိုက်တဲ့လူတွေ လက်မလွှတ်သင့်တဲ့ Trilogy ပါပဲ။ ဗီယက်နမ်စစ်ပွဲကြီးဟာ (၁၉၅၅) ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ စစ်ပွဲတစ်ပွဲဖြစ်ပြီဆိုတာနဲ့ စစ်ရဲ့ဆိုးကျိုးတွေက နောက်ကချက်ချင်းကပ်လိုက်လာပါတယ်။ အမြင်သာဆုံးတစ်ခုကတော့ စစ်ဖြစ်ပြီဆိုတာနဲ့ ပြည့်တန်ဆာတွေ ပေါလာတာပါ။ အားကောင်းမောင်းသန် ယောက်ျားသားတွေ စစ်ထဲလိုက်သွားရတဲ့အချိန် ကျန်ခဲ့တဲ့မိန်းမသားတွေအတွက် စီးပွားရှာရခက်ခဲတဲ့အပြင် ကိုယ့်စိုက်ခင်းလေး ဘယ်အချိန်မီးရှို့ခံရမလဲ ကိုယ့်ပစ္စည်းလေး ဘယ်တော့အခိုးခံရမလဲ ကျီးလန့်စာစားနေရတဲ့ဘဝမို့ ရှာဖွေစားသောက်ရတာ မလွယ်ကူပါဘူး။ "စစ်ကဖြစ်ချင်လို့ကိုဖြစ်တာ ဖာက စားစရာမရှိလို့ဖြစ်တာ" လို့ မမမယ်လီနာက သူ့ဇာတ်ကားထဲမှာ ပြောခဲ့ဖူးပါတယ်။ ဒီဇာတ်ကားလေးကလည်း စစ်ကြောင့်ဘဝပျက်ခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့မြေနဲ့ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်ရတဲ့အရာတွေနဲ့ ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့သူတွေနဲ့ ဆုံစည်းခဲ့ရတဲ့ ဗီယက်နမ်အမျိုးသမီးလေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။ ဇာတ်ကားနာမည်က Heaven and Earth လို့အမည်ရပြီး IMDB rating - 6.8/10 ထိရရှိထားတဲ့ ကားဟောင်းတစ်ကားမို့ မခေဘူးဆိုတာတော့ အသေအချာပါပဲ။ ဇာတ်ကားထဲမှာ ဗီယက်နမ်လူမျိုးတွေနဲ့ အမေရိကန်စစ်သားတွေကြား Communication ကောင်းကောင်းမပေါက်တာကိုပြဖို့အတွက် စကားပြောတဲ့အချိန် Broken English တွေချည်း သုံးထားပေမဲ့ ဗီယက်နမ်လူမျိုးအချင်းချင်းစကားပြောတဲ့နေရာတွေ၊ Narrating လုပ်တဲ့နေရာတွေမှာ ဗီယက်နမ်စကားမသုံးဘဲ အင်္ဂလိပ်စကားကိုပဲပြန်သုံးထားတာကိုတော့ သိပ်သဘောမကျလှပေမဲ့ ဒါကလည်းဇာတ်လမ်းကို အနှောင့်အယှက်ဖြစ်လောက်တဲ့ထိ မဟုတ်တာမို့ War / Drama ကြိုက်သူတွေအနေနဲ့ လေလီရဲ့ဘဝအတက်အကျလေးကို အတူတူလိုက်ခံစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mariposa မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.1GB, 630MB Quality - 1080p, 720p, 480p IMDb Rating - 6.8/10 Format - mp4 Duration - 2H 20Min Genre - Action, Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Mariposa Encoded by Y

Comedy
0 1993 25 mins
Heaven, Earth and Hell
Arctic Void
5.1

သင်ဟာ အဖြေရှာရခက်တဲ့ဇာတ်ကားတွေကို တွေးချင်တဲ့လူမျိုးလား... Mystery ဇာတ်ကားတွေကိုကြိုက်နှစ်သက်သူမျိုးလား.. ခရီးသွားရတာကိုကြိုက်ပြီး ဇာတ်ကားထဲကရှုခင်းတွေကို ပါဝင်ခံစားတတ်သူလား... ဒီလိုဆိုရင် Cinematography အရမ်းကောင်းပြီး တွေးစရာတွေပါပေးမယ့် ဒီဇာတ်ကားက သင့်အတွက်ဖြစ်စေမှာပါ။ ကမ္ဘာရဲ့ မြောက်ဘက်အကျဆုံးဖြစ်တဲ့ နော်ဝေကျွန်းစု Svalbard ရဲ့ Longyearbyen ပတ်ဝန်းကျင်အာတိတ်‌ဒေသ ကိုအခြေခံထားပါတယ်။ Travel show တစ်ခုက Host ဖြစ်သူ Ray Marsh နဲ့ Producer / Director ဖြစ်သူ Alan Meursault တို့ဟာ အာတိတ်ဒေသမှာ Travel Blog တစ်ပုဒ်ရိုက်ဖို့ Los Angeles ကနေ ခရီးထွက်လာကြပါတယ်။ သူတို့ဟာ Longyearbyen ကနေ အာတိတ်ရေပြင်ကျယ်ပေါ်ကို လေ့လာရေးခရီးထွက်ခွာမယ့် အပျော်စီးလှေ Langøysund နဲ့အတူ လိုက်ပါကြရမှာပါ။ဒါပေမယ့် သူတို့နဲ့အတူအမြဲအလုပ်လုပ်နေကျဖြစ်တဲ့ Camera သမားဟာ ဗီဇာမရတာကြောင့် နှစ်ရက်အတွင်း Camera Man တစ်ယောက်ကိုအမြန်ငှားခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့ နိုင်ငံပေါင်းစုံက လူနှစ်ဆယ်ပါဝင်တဲ့ လှေလေးဟာ စစ်မဲ့နယ်မြေဖြစ်တဲ့ အာတိတ်ရပ်ဝန်းမှာ ဘာတွေဖြစ်ကြမလဲဆိုတာတော့... ရှုခင်းတွေကို အရသာခံရင်း တွေးရင်း ကြည့်လိုက်ကြရအောင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 660MB Quality - 1080p, 720p Format - mp4 Duration - 1H 25Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Thriller
5.1 2022 85 mins
Arctic Void
Phir Bhi Dil Hai Hindustani
6.5

မင်းသားကြီးရှရွတ်ခန်းနဲ့ မင်းသမီးချော Juhi Chawla တို့ပါဝင်ထားတဲ့ နိုင်ငံရေးနောက်ခံ အချစ်ဒရမ်မာ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်... အိန္ဒိယနိုင်ငံကို အိန္ဒိယလူမျိုးတွေ နည်းမှန်လမ်းမှန်နဲ့ ချစ်ကြတဲ့ ခံစားချက်တွေကို ပေါ်လွင်ထင်ရှားအောင် ပြသနိုင်ခဲ့တဲ့ဇာတ်ကားအဖြစ် နာမည်ကြီးပါတယ်... ဇာတ်ကားနာမည်ကလဲ "ရင်ထဲကအိန္ဒိယ" တဲ့။ ဇာတ်လမ်းလေးကတော့ အဂျေးဟာ လူတွေပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ နာမည်ကြီးသတင်းထောက်လေးပေါ့...သူ့ကိုအလဲထိုးဖို့ရောက်လာတဲ့သူကတော့ သတင်းထောက်မလေး ရီယား... မတူညီတဲ့ပြိုင်ဘက်ချန်နယ်တွေမှာ အလုပ်လုပ်ကြတဲ့ သူတို့နှစ်ယောက်ဟာ ကြောင်နဲ့ကြွက်...တကျက်ကျက်။ တစ်နေ့တော့ နိုင်ငံရေးပါတီတစ်ခုရဲ့ဟောပြောပွဲတစ်ခုမှာ လူသတ်မှုတစ်ခုဖြစ်ပွားပြီးတဲ့နောက် ဒီမတည့်အတူနေ နှစ်ယောက်သား လူသတ်မှုနောက်ကွယ်က အမှန်တရားကိုလိုက်ကြရင်းနဲ့ တကယ့်နိုင်ငံရေးအရှုပ်ထုပ်ထဲကို  ရောက်သွားပါတော့တယ်.... ငွေနဲ့ အာဏာရဲ့ကြား သာမန်လူတစ်ယောက်ညှပ်သွားခဲ့ရင် ဒီလူဟာဘယ်လောက်ပဲရိုးသားဖြူစင်နေပါစေ ပြသနာအကြီးကြီးတက်တာပါပဲ... ငွေလည်းမရှိ အာဏာလည်းမရှိတဲ့ ဒီနှစ်ယောက်ဟာ စဉ်းလဲတဲ့နိုင်ငံရေးလောကရဲ့ ဘေးဒဏ်တွေကို ခံနိုင်ပါ့မလား... သူတို့လိုချင်တဲ့ တရားမျှတမှုကို ရအောင်ယူပေးနိုင်ပါ့မလားဆိုတာကတော့...။ File size…(4 GB)/(1.7 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:38:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Adventure • Drama • War
6.5 2000 160 mins
Phir Bhi Dil Hai Hindustani
The Holdovers
8

The Holdovers (2023) ~ IMDb – 8/10, RT – 96%, Meta – 82% ~ တစ်နှစ်တာလုံးရဲ့ အနွေးထွေးဆုံးအချိန်တစ်ခုကို ရွေးရရင် ကျွန်တော်တော့ ကိုယ့်ယဉ်ကျေးမှုနဲ့ မဆီမဆိုင် ခရစ္စမတ်ကိုပဲ ရွေးမိလိမ့်မယ်။ ခရစ္စမတ်ဟာ ကာတွန်းတွေ ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာရတဲ့ ကျွန်တော်တို့အတွက် တိုက်ရိုက်မသက်ဆိုင်တောင် ချာလီနဲ့ချောကလက်စက်ရုံထဲက ချောကလက်တစ်ချောင်းကို လူ၇ယောက်ကိုဖဲ့ကျွေးခဲ့တဲ့ နွေးထွေးမှုလို၊ It’s a Wonderful Life ထဲက ကူညီရိုင်းပင်းခြင်းရဲ့ နွေးထွေးမှုလို၊ Home Alone ထဲကလို ဒစ္စနေးခရစ္စမတ်ကာတွန်းတွေထဲကလို၊ Klaus ထဲကလို၊ How the Grinch Stole Christmas ထဲကလို ခရစ္စမတ်မှာတော့ အရာအားလုံးအဆင်ပြေသွားမယ့် ယုံကြည်ခြင်းတွေလို… နွေးထွေးမှုတွေကူးစက်ခြင်းနဲ့ သက်ဆိုင်နေတဲ့ ကာလတစ်ခုပေါ့။ တစ်ဆင့်ခံစားမှုနဲ့တောင် ကျွန်တော်တို့အတွက် ခရစ္စမတ်က ဒီလောက်နွေးထွေးနေရင် သူတို့အတွက် ဒီကာလဟာ ဘယ်လောက်နွေးထွေးမလဲ ပြေးကြည့်စရာမလိုဘူးရယ်။ ဒါပေမဲ့လည်း ပိုနွေးထွေးတဲ့ကလာလတစ်ခုမှာ အထီးကျန်ရတဲ့အခါမှာလည်း ပိုဝမ်းနည်းစရာကောင်းတာလည်း ဖြစ်မြဲသဘောတရားတစ်ခုပဲ။ ဒီရုပ်ရှင်ကတော့ အနွေးထွေးဆုံးကာလမှာ အထီးအကျန်ဆုံးဖြစ်ရတဲ့ ဖော်ဝေးသူတွေအကြောင်းလို့ ပြောလည်း မမှားဘူး။ ဇာတ်အိမ်ကိုတော့ ၁၉၇၀ကာလရဲ့ နယူးအင်္ဂလန်တစ်နေရာက ဘော်ဒါကျောင်းတစ်ခုမှာတည်ထားတယ်။ စစချင်းတော့ ရုပ်ရှင်ဟာ ခင်ဗျားကို အဲဒီကျောင်းက လူအများစုနဲ့ မိတ်ဆက်ပေးသွားလိမ့်မယ်။ ခရစ္စမတ်ပိတ်ရက်တွေ မစခင်ကာလပေါ့။ အဲဒီမှာ စည်းကမ်းအရမ်းကြီးသလို အမြဲဘုကလန့်လုပ်တတ်လို့ ကျောင်းအုပ်အပါအဝင် အားလုံးမေတ္တာပို့တာ ခံရနေကျ ဆရာတစ်ယောက်ရှိတယ်။ ဒီဘဲက ဘယ်လောက်ဘုကလန့်လုပ်သလဲဆို မိဘတွေလည်း လာကြိုဖို့ရောက်နေသလို နောက်လေးဆယ့်ငါးမိနစ်မှာ ချာ့ချ်ကျောင်းထဲ ဒေသနာယူပြီး ပိတ်ရက်အိမ်ပြန်ရတော့မယ့် ကျောင်းသားတွေကို သင်ခန်းစာအသစ်ကောက်သင်တဲ့အထိကို ဘုကလန့်လုပ်တတ်တယ်။ ဒီနောက်တော့ ခရစ္စမတ်နဲ့ နယူးရီးယားပိတ်ရက်အတွက် အားလုံးအလျှိုလျှို အိမ်ပြန်သွားလိုက်ကြတာ နောက်ဆုံး ကျောင်းမှာပဲဆက်နေဖို့ အအပ်ခံထားရတဲ့ ကျောင်းသားငါးယောက်ရယ် ဆရာတစ်ယောက်ရယ် ထမင်းချက်မိန်းမကြီးတစ်ယောက်ရယ်ပဲ ကျန်တော့တယ်။ ဒီကျောင်းသားတွေက အစကတည်းက ခပ်ဆိုးဆိုးခပ်ပေပေကျောင်းသားတွေဆိုတော့၊ နဂိုကတည်းက စည်းကမ်းကြီးတဲ့ဆရာကလည်း ပိုကြပ်တော့ ကျောင်းသားတွေနဲ့ဆရာကြားက တောင်ငူကလည်း တောင်ငူ၊ မောင်းထောင်ကလည်း မောင်းထောင်ဆိုသလိုအဖြစ်တွေကို မြင်ရတော့တာပဲ။ ဒီနောက်တော့ နဂိုမူလ အအပ်ခံထားရတဲ့ ကျောင်းသားလေးယောက်စလုံးပြန်သွားကြပြီး ပြန်မလို့လုပ်ပြီးမှ ကျန်ခဲ့တဲ့ကျောင်းသားတစ်ယောက်ရယ် ဆရာရယ် ထမင်းချက်ရယ် ဘော်ဒါကျောင်းကြီးထဲ ကျန်ခဲ့ကြပြီ။ တရွေ့ရွေ့နဲ့ လူသူတွေပါးသွားလိုက်တာ… ဒီမှာမှ တကယ့်ဇာတ်စတယ်ပြောရမှာပဲ။ ဒီဇာတ်က အဓိကပုံဖော်သွားတာလည်း သူတို့၃ယောက်အကြောင်းပဲ။ သူတို့ သုံးယောက်ဟာ ဒီတိုင်းအထီးကျန်နေတဲ့လူတွေမဟုတ်ဘဲ ကိုယ့်ဒဏ်ရာနဲ့ ကိုယ်ရှိနေတဲ့ လူတွေချည်းပဲဖြစ်ကြောင်း ဒါရိုက်တာက ပါးပါး ပါးပါးချင်းနဲ့ ရုပ်လုံးပေါ်လာအောင် ရိုက်ပြတယ်။ မတည့်နေရာက သူတို့ချင်းအဖော်ပြုရင်း တစ်ယောက်ကိုတစ်ယောက် နားလည်လာရင်း တစ်ယောက်အတွက်တစ်ယောက် နွေးထွေးပေးချင်လာတဲ့ အခြေအနေတွေကို ရိုက်ပြတယ်။ အရာအားလုံးအဆင်ပြေလေသတည်းတော့မဟုတ်ဘူးပေါ့။ ဒုက္ခတွေ အပူတွေက တစ်ခုအပေါ် တစ်ခုဆင့်လျက်ပဲ။ ဒါပေမဲ့လည်း ဒုက္ခတွေပါ နွေးထွေးသွားစေမယ့် ဇာတ်ဝင်ခန်းတွေကို ဒါရိုက်တာက လှလှပပလေး တင်ပြသွားနိုင်ခဲ့တယ်။ Alexander Payne ရဲ့ ကာလအတန်ကြာပြီးမှ ပြန်စရိုက်တဲ့ ရုပ်ရှင်ဖြစ်သလို သူရိုက်ခဲ့တဲ့ The Descendants တို့၊ Sideways တို့လို ကွာလတီမျိုးကို သူပြန်အသက်သွင်းနိုင်ခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ ဒီရုပ်ရှင်က ခရစ္စမတ်ရုပ်ရှင်ဖြစ်နေတဲ့အပြင်ကို သူ့ရဲ့ တခြားဘက်ခြမ်းမှာလည်း Dead Poet Society ကို တခြားဗားရှင်းတစ်မျိုးနဲ့ ရိုက်ပြထားသလို ခံစားမှုမျိုးလည်းရနေတယ်။ ဆန့်ကျင်ဘက်ပေါ့။ မနာခံတဲ့ လူဘော်ကြော့ခပ်ဆိုးဆိုးကျောင်းသားတွေရယ် သူတို့လိုလူစားတွေကို မုန်းတီးစိတ်နည်းနည်းရှိနေတဲ့ စည်းကမ်းကြီးတဲ့ဆရာတစ်ယောက်ရယ်ကို ပြထားသကိုး။ ဒါလည်း အစမှာပါပဲ။ သူပြချင်တာကို ဆက်သွားဖို့ သူ့ကာရိုက်တာတွေကို ပုံဖော်နေဆဲကာလမှာပဲ ဒီလိုခံစားချက်မျိုးပေးထားတာပါ။ ဒီရုပ်ရှင်မှာ ကျောင်းဆရာအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Paul Giamatti ကြီးကို‌တော့ တော်တော်လေးချီးကျူးရပါမယ်။ လူ့ခွစာကန့်လန့်ဆရာတစ်ယောက်ကနေ သနားစရာကောင်းတဲ့ ဆရာအိုကြီးတစ်ယောက်အဖြစ် တငွေ့ချင်းပြောင်းသွားတဲ့အရွေ့ကို ပေါလ်ဟာ ကောင်းကောင်းပုံဖော်ပြနိုင်ခဲ့တယ်။ ပေါလ်ဟာ Cinderella Man နဲ့ ဇာတ်ပို့ဆု အော်စကာဆန်ခါတင်ဝင်ဖူးသလို အခုရုပ်ရှင်နဲ့လည်း ရွှေကမ္ဘာလုံးပွဲမှာ သရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ထားတယ်။ နောက်ဆုံးကျန်ခဲ့တဲ့ ကျောင်းသားနေရာက သရုပ်ဆောင်ခဲ့တဲ့ Dominic Sessa ဆိုလည်း ဒီကားကလွဲ တခြားဘာမှမရိုက်ဖူးပေမဲ့ ခုနဆရာကာရိုက်တာနဲ့ ထပ်တူညီစွာပဲ အမြင်ကတ်ဖို့ကောင်းနေရာကနေ သနားဖို့ကောင်းသွားတဲ့ ကျောင်းသားတစ်ယောက်ပုံစံကို လှလှပပ ကူးပြောင်းနိုင်ခဲ့တယ်။ အက်ကြောင်းထပ်နေပြီ ထင်ကောင်းထင်ရနိုင်ပေမဲ့ အက်ကြောင်းမထပ်တဲ့ဇာတ်နဲ့ အက်ကြောင်းမထပ်တဲ့ကာရိုက်တာတွေလို့ပဲ မှတ်ချက်ပေးရပါမယ်။ The Holdovers ဟာ မြင်နေကျ ခရစ္စမတ်ရုပ်ရှင်တွေနဲ့တော့ မတူပေမဲ့ ခရစ္စမတ်အတွက် အကောင်းဆုံးခရစ္စမတ်ရုပ်ရှင်တွေထဲက တစ်ကားတော့ ဖြစ်လာခဲ့တယ်။ ပွဲတော်ဟာ သူ့ဝိသေသအတိုင်း သူလှပပေမဲ့ ခင်ဗျားသာ တစ်ကိုယ်တည်း အထီးကျန်နေမယ်ဆို The Holdovers ဟာ ခင်ဗျား ကြည့်ကို ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 1GB Quality – 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 2H 13Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8 2023
The Holdovers
[18+] Higop
6.1

Higop (2023) နိုဝါဟာ နှစ်တွေကြာတဲ့အထိ အချစ်ဟောင်းကိုမမေ့နိုင်သေးတဲ့ လူငယ်တစ်ယောက်ပါ။ ကြားထဲမှာ သွေးသားဆန္ဒကို ကြုံရာလူနဲ့ဖြေရှင်းတတ်ပေမဲ့ နှလုံးသားကတော့ ရီဆာဆိုတဲ့ သူ့ကိုခြေရာဖျောက်ထွက်ပြေးသွားတဲ့ ကောင်မလေးတစ်ယောက်ကိုစွဲလန်းနေဆဲ ကြုံတိုင်းလိုက်ရှာမိနေဆဲဖြစ်ပါတယ်။ အဲဒီလိုနဲ့ နှစ်နှစ်တာကာလမှာတော့ ရီဆာကို ကော်ဖီဆိုင်တစ်ခုမှာ အလုပ်လုပ်နေတာကိုပြန်တွေ့ခဲ့ရပါတယ်။ အဲဒီဆိုင်ဟာကော်ဖီဆိုင်ဆိုပေမဲ့ ညဘက်မှာတော့ ဘားတစ်ခုဖြစ်သွားပြီး စားပွဲထိုးမလေးတွေရဲ့ခန္ဓာကိုယ်ကို ရောင်းစားနေတာပါ။ ရီဆာကိုယ်တိုင်လည်း ဆိုင်ပိုင်ရှင်ရဲ့အကြွေးနဲ့သိမ်းခံထားရတဲ့ အကမယ်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။ ကြားထဲမှာကွာခြားနေတဲ့ စည်းတွေအထပ်ထပ်နဲ့ ရီဆာကို သူ့ဘ၀ထဲပြန်ခေါ်နိုင်ပါ့မလားဆိုတာ ဇာတ်လမ်းထဲမှာဆက်ပြီး အဖြေရှာကြစေလိုပါတယ်။ Pantaxa Laiya ထဲက မင်းသမီးသစ်လေးတွေဖြစ်တဲ့ Angelica Hart နဲ့ Aila Cruz တို့ကို ပွဲထုတ်ထားတာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 4.25GB, 2.15GB, 945MB Quality – 4K HEVC, 1080p, 720p Format – mp4 Duration – 1H 55Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Horror
6.1 2023
[18+] Higop
Joram
7.4

Joram (2023) “ဂျိုရမ်” IMDb 7.4 ရထားတဲ့ ဟင်ဒီ thriller ရုပ်ရှင်ကားသစ်ဖြစ်ပြီး ဝေဖန်ရေးဆရာတွေ ရွေးချယ်တဲ့ အကောင်းဆုံးရုပ်ရှင်ဆုနဲ့ သရုပ်ဆောင်ဆုတွေ ဆန်ခါတင်ထားတဲ့ ဇာတ်ကား ဖြစ်ပါတယ် ခေတ်ပျက်တစ်ခုမှာ တည်ထားပြီး အရာရာယိုယွင်းနေတဲ့ အုပ်ချုပ်ရေးနဲ့အတူ ငတ်မွတ်မှုတွေ အာဏာပိုင်တွေရဲ့ လျှို့ဝှက်ချက်တွေ ကြားထဲမှာ ရုန်းကန်ရတဲ့ လူတွေအကြောင်းကို တင်ဆက်ထားတာပဲ ဖြစ်ပါတယ် ဇာတ်လမ်းကို အဓိကဇာတ်ကြောင်းနှစ်ခုနဲ့ တည်ဆောက်ထားပါတယ်… ဖခင်တစ်ယောက် ၃ လသားအရွယ် သမီးလေးကို ပိုက်ပြီး အာဏာပိုင်တွေရဲ့ လက်ကနေ ထွက်ပြေးနေရပုံကို ပြထားပြီး နောက်ထပ် ဇာတ်သွားတစ်ခုမှာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုဇာတ်လမ်းကို ပုံဖော်ထားပါတယ် Dasru တစ်ယောက် ဘာဖြစ်လို့ ထွက်ပြေးနေရလဲ သူ့ရဲ့ အတိတ်က ဘာတွေများ အရှုပ်အရှင်းတွေ ရှိခဲ့လဲ… အာဏာပိုင်တွေရဲ့ ရည်ရွယ်ချက်က ဘာလဲ စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ကားလိပ်ချသည့်တိုင် ဇာတ်လမ်းရဲ့ လျှို့ဝှက်ဆန်မှု မပျောက်သွားပဲ သမီးအတွက် အရာရာကို ရင်ဆိုင်မယ့် ဖခင်တစ်ယောက်ရဲ့ သတ္တိကို မြင်တွေ့ရမှာပါ အိန္ဒိယရုပ်ရှင်တွေရဲ့ သမာရိုးကျ ဒိုင်ယာလော့ခ်အခြေခံတဲ့ ရုပ်ရှင်တွေနဲ့ အတော်လေးကွဲထွက်ထားပြီး “အပြောထက် အပြ” ကို ဦးစားပေးဆိုသလို မျက်စိပသာဒဖြစ်ဖွယ် အလှတရားထက် ရက်စက်ကြမ်းကြုတ်တဲ့ လက်တွေ့လောကကို အရှိအတိုင်း တင်ဆက်ထားတဲ့ ဒီဇာတ်ကားလေးကို ပရိသတ်ကြီး ခံစားပေးကြပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Horror • Drama
7.4 2023 117 mins
Joram
Malicious

2023 ခုနှစ်ထွက် Mystery/Thriller ရုပ်ရှင်ကားဖြစ်ပါတယ်။ William ဆိုတဲ့လူက သူ့မိသားစုနဲ့ အတူ ပိတ်ရက်ကို အပျော်ခရီးထွက်လာတဲ့အချိန် မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ သူစိမ်းတစ်ယောက်နဲ့အတူ သူတို့မိသားစု ဘယ်လို နှစ်ပါးသွားကြမလဲဆိုတာ အသည်းတယားယားနဲ့ ကြည့်ရမှာပါ။ ဇာတ်လမ်းစစချင်းမှာ ရိုးရှင်းပေမယ့် တဖြည်းဖြည်း intense ဖြစ်လာပါတယ်။ Will ရဲ့ မိန်းမဖြစ်သူနဲ့ မယားပါသမီးက Will ကို ခပ်ခွာခွာသာ ဆက်ဆံကြပါတယ်။ Will က ဘယ်လိုလူမျိုးလဲ? ကားပျက်ပြီး သူတို့ တံခါးကို လာခေါက်တဲ့ သူစိမ်းကရော ဘာပတ်သတ်မှု ရှိတာလဲ? ရုပ်ရှင်ကားထဲမှာ အဖြေရှာ ကြည့်ရှုလိုက်ပါ။ File size…(1.7 GB)/(877 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Horror, Thriller, Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2023
Malicious
Wildlike
6.6

သိပ်မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Fallout video game ရဲ့ live action series ထဲက မင်းသမီး Ella Purnell ပါဝင်သရုပ်ဆောင်‌ထားတဲ့ ဇာတ်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီကားထဲမှာတော့ Ella Purnell ဟာ 14နှစ်အရွယ် ဆယ်ကျော်သက်မလေး Mckenzie နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ထဲက မက်ကန်ဇီဟာ 13နှစ်အရွယ်မှာပဲ ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး အမေဖြစ်သူကလည်း ဆေးကုသမှု ခံယူ နေတာကြောင့် ဦးလေးနဲ့အတူနေထိုင်ဖို့အတွက် အလက်စကာကို အပို့ခံလိုက်ရပါတယ်။ အဲဒီမှာ ဇာတ်လမ်းကို တစ်ဆစ်ချိုးသွားစေတာက ဦးလေး ဖြစ်သူဟာ မြီးကောင်ပေါက်အရွယ် မက်ကန်ဇီကို ၅၂၈ မေတ္တာမျိုးနဲ့မစောင့်ရှောက်ပေးဘဲ လူ့တိရစ္ဆာန် တဏှာမျက်လုံးနဲ့ ကြည့်ပြီး မက်ကန်ဇီအိပ်နေချိန်မှာ sexual harassment တွေ တစ်စတစ်စလုပ်လာပါတော့တယ်။ အသက်ကလည်းငယ်၊ အားကိုးစရာရယ်လို့လည်းမရှိတဲ့ မက်ကန်ဇီခမျာ ကြံရာမရဘဲ အခွင့်အရေးရတုန်း ဦးလေးဆီကနေ ထွက်ပြေးပါတော့တယ်။ ဒီလို ထွက်ပြေးရင်းနဲ့ ရီနေး ဘာ့ဒ်လက် ဆိုတဲ့လူတစ်‌ယောက်နဲ့ မတာ်တဆ ဆုံမိသွားတဲ့အခါ……. ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…1.53GB / 713MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 44m Genre ….. Adventure , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Comedy • Action
6.6 2014
Wildlike
Once Upon a Time in Asia
5.8

1990 ခုနှစ် အလယ်ပိုင်းလောက်မှာ တရုတ်အရှေ့မြောက်ပိုင်းက ရှဲ့ဝိန်တုန်းဟာ အရှေ့တောင်အာရှမှာ အိမ်ခြံမြေလုပ်ငန်းလုပ်ပြီး အရှိန်အဟုန်မြင့်စွာ တိုးတက်လာပါတယ်။ အဲဒါကြောင့် မကျေနပ်သူတွေ ရှိလာခဲ့ပြီး ဇနီးလောင်းက အသတ်ခံခဲ့ရပြီး အမေဖြစ်သူက စိတ်ရောဂါ ရသွားခဲ့ပါတယ်။ ဇာတိကိုပဲ ပြန်နေချင်တဲ့ အမေ့ကို အဖော်ပြုပြီး ရှဲ့ဝိန်တုန်းတစ်ယောက် နာမည်ပြောင်းပြီး တရုတ်အရှေ့မြောက်ပိုင်းက သစ်သားစက်ရုံတစ်ခုမှာ အလုပ်လုပ်နေခဲ့ပါတယ်။ စက်ရုံပိုင်ရှင်ရဲ့ ညီမလေးဖြစ်သူ ဝမ်ကျီဟန်က စကားနည်းတဲ့ ရှဲ့ဝိန်တုန်းအပေါ် မေတ္တာတွေ ပိုနေခဲ့ပါတယ်။ အဲဒီအကြောင်းကို ဝမ်ကျီဟန်ကို သဘောကျနေတဲ့ အစ်ကိုပါးက သိသွားတဲ့အခါ ရှဲ့ဝိန်တုန်းနဲ့ အမေဖြစ်သူကို ပြဿနာ လုပ်ပါတော့တယ်။ တစ်ချိန်တည်းမှာပဲ အရှေ့တောင်အာရှမှာ ရှိနေတဲ့ ချန်ပိုင်ချန်ကလည်း ရှဲ့ဝိန်တုန်းကို လိုက်ရှာနေပါသေးတယ်။ အရှေ့ရော အနောက်ရော ရန်သူတွေနဲ့ ပြည့်နေတဲ့ ရှဲ့ဝိန်တုန်းတစ်ယောက် သူနေချင်တဲ့ သာမန်ဘဝမျိုးမှာ နေခွင့်ရမလား…… ဘယ်လို အန္တရာယ်မျိုးတွေကို ကြုံတွေ ဖြတ်ကျော်ရမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု ခံစားလိုက်ရအောင်နော်။

5.8 2024
Once Upon a Time in Asia
200% Wolf
5.8

လူသားပုံစံနဲ့ဝံပုလွေအသွင်နှစ်မျိုးရှိတဲ့ သမန်းဝံပုလွေတွေက ညအချိန်မှာ ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်ကြတယ်။ ကမ္ဘာရဲ့အပြင်ဘက် လကမ္ဘာမှာတော့ သမန်းဝံပုလွေတွေရဲ့ မိတ်ဆွေ ရှေးဘိုးဘေး ဝိညာဉ်တို့ နေထိုင်ကြတယ်။ ဖရက်ဒီ က ‌သမန်းဝံပုလွေဖြစ်ပေမဲ့ ကံမကောင်းအကြောင်း မလှလို့ သူရဲ့ ဝံပုလွေပုံစံက ခွေးပုလေးဖြစ်နေခဲ့တယ်။ အုပ်စုထဲမှာ သူများလေးစားတာကို လိုချင်တဲ့ ဖရက်ဒီ က လဝိညာဉ်တွေဆီ တိုင်တည်ဆုတောင်းရင်းနဲ့ မထင်မှတ်ပဲ လဝိညာဉ်ပေါက်စလေး မူးပူး ရဲ့ အစွမ်းကြောင့် ဝံပုလွေဖြစ်သွားပါတော့တယ်။ လပေါ်ကနေ ရောက်လာတဲ့ ဝိညာဉ်ပေါက်စလေး မူးပူး ဟာ ကမ္ဘာပေါ်မှာ အသက်မရှင်သန်နိုင်တာကြောင့် ဖရက်ဒီတို့ သူငယ်ချင်းတစ်စု မူးပူးလေးကို အိမ်ပြန်ပို့နိုင်ဖို့ နည်းလမ်းရှာဖို့အတွက် ရှာပုံတော်ဖွင့်ကြပါတော့တယ်။ ဒီ animation ကာတွန်းလေးကတော့ မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့သင့်တော်တဲ့ animation လေးတစ်ခုပဲဖြစ်ပါတယ်။ File size…1.54GB / 867MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre ….. Animation , Action , Adventure , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

5.8 2024
200% Wolf
Narcotics Heroes
5.8

ရဲအရာရှိယိယုံကျန့်ဟာ တာဝန်ပြီးဆုံးလို့ ခွင့်ရက်ရှည်ယူချင်နေပေမယ့် မူးယစ်ဆေးဝါအသစ်တစ်မျိုးပေါ်လာတဲ့အတွက် အန်းယင်ဆိုတဲ့ အတိတ်ကမြို့လေးဆီပြန်သွားရဖို့ဖြစ်လာခဲ့တယ်။ အရင်မူးယစ်ဆေးတွေထပ် အာနိသင်ပြင်းတဲ့ ကောင်းကင်ဘုံငှက်လို့ခေါ်တဲ့ ဒီဆေးဟာ ဆေးသုံးသူတွေကြားမှာအရမ်းရောင်းရနေပြီးတော့ ဆေးလွန်ပြီးသေတဲ့လူငယ်တွေလဲများလာခဲ့တယ်။ အဲဒါကြောင့် မူးယစ်ဆေးကြောင့် ဒုက္ခရောက်တဲ့သူတွေထပ်မရှိလာဖို့ လူငယ်တွေကိုကယ်တင်ဖို့အတွက် မူးယစ်တိုက်ဖျက်ရေးရဲတပ်ဖွဲ့အတွက် ဒီမူးယစ်ဆေးရောင်းသူတွေကိုဖော်ထုတ်ဖို့ အရမ်းအရေးကြီးလာခဲ့တယ်။ ရဲအရာရှိယိဟာ သဲလွန်စတွေနောက်လိုက်ရင်း သူ့ရဲ့သူငယ်ချင်းဟောင်းတစ်ယောက်ဟာ မူးယစ်ဆေးဖြန့်ချီရေးနဲ့ပတ်သက်နေတဲ့ ကုမ္ပဏီကြီးမှာ အလုပ်လုပ်နေတာသိလိုက်ရတယ်။ မွေးရာပါရောဂါဖြစ်နေတဲ့သားလေးအတွက် ဘာမဆိုလုပ်ဝံ့တဲ့သူငယ်ချင်းကို အမှားတွေဆက်မလုပ်ဖို့တားရင်း ကြီးမားတဲ့မူးယစ်ဆေးဂိုဏ်းကြီးကို ဖော်ထုတ်တဲ့ မှုခင်းဇာတ်လမ်းဖြစ်ပါတယ်။

5.8 2023
Narcotics Heroes
Down Below
5.5

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မြို့တစ်မြို့ကခရစ်စမတ် အကြိုနေ့မှာလူပေါင်းများစွာဟာ ဘုရားကျောင်းထဲမှာ အဆိပ်ငွေ့တွေနဲ့အသတ်ခံရလိုက်တယ်။ မစ္စတာမန်းဒေးဆိုတဲ့သူနဲ့ ကလေးတစ်ယောက်ကဒီကိစ္စရဲ့ အဓိကတရားခံတွေပေါ့။ နှစ်တွေကြာလာတဲ့အခါ ဒီမြို့မှာ အကြီးအကျယ်လူသတ် ခဲ့တာကို ဘယ်သူမှမသိကြတော့ဘူး။ တစ်နေ့မှာမစ္စတာ မန်းဒေးဟာ လူတစ်ယောက်ချင်းစီရဲ့ စိတ်ကူးအတွေးထဲကနေထွက်ပေါ်လာတယ်။ ဒီထဲမှာ ကလေးငယ်လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ ဆဲလ်မ်၊ စိတ်ရောဂါခံစားနေရတဲ့ ဘန်ဒီနီ၊ မိန်းမပျက်ဘဝနဲ့အသက်မွေးနေရတဲ့ ခရစ်စမာ တို့ဟာ အတိတ်ကဖြစ်ရပ်တွေကိုတရိပ်ရိပ်ပြန်မြင်လာရတဲ့အခါမှတော့…. File size… (2.03 GB) / (946 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML

Comedy
5.5 2024 93 mins
Down Below
Swordsman
6.8

Swordsman (1990) IMDb Rating (6.8) ဒီဇာတ်ကား စာရေးဆရာကျင်းယုံ (Louis Cha) ရဲ့ နာမည်ကျော် ဝတ္ထု “The Smiling, Proud Wanderer” မြန်မာလိုဆို သိုင်းလောကစိန်ခေါ်သံ စီးရီးကို အခြေခံထားတဲ့ လင့်ဟူချုန်းရဲ့ တကိုယ်တော် wuxia ဇာတ်ကားဖြစ်ပါတယ်။ 1990 ခုနှစ်ကာလ Hong Kong ရုပ်ရှင်လောက ရွှေခေတ်ကို ကိုယ်စားပြုတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး၊ အောင်မြင်ခဲ့လို့ Swordsman 2 (1992) နဲ့ Swordsman 3 The East Is Red (1993) ဇာတ်ကားများကို ထပ်မံရိုက်ကူးခဲ့ပါတယ်။ တရုတ်ပြည် မင်မင်းဆက်ကာလမှာ လင့်ဟူးချုန်းဆိုတဲ့ ဓားသူရဲကောင်းနဲ့ သိုင်းလောကကြားမှာ နာမည်ကြီးနေတဲ့ နေကြာသိုင်းကျမ်းကို ရယူဖို့ကြိုးစားကြတဲ့ သိုင်းသမားများ၊ အုပ်စုများအကြား ပြိုင်ဆိုင်မှုများ၊ သစ္စာရှိမှုနဲ့ သစ္စာဖောက်မှုများ၊ ချစ်ခြင်းမေတ္တာနဲ့ လောဘတို့ကို ရင်သပ်ရှုမောစရာ သိုင်းကွက်တွေနဲ့ သေချာရိုက်ပြထားတဲ့ သိုင်းကားတစ်ကားဖြစ်ပါတယ်။

Crime • Drama • Thriller
6.8 1990 120 mins
Swordsman
The Squatchers
5.5

ဇာတ်လမ်းအကျဉ်းကတော့ တိုင်လာရဲ့မွေးနေ့ပွဲမှာ အထူးလက်ဆောင်ပေးဖို့အတွက် လူးဝစ် ၊ ဘရတ် နဲ့ ဖေးတို့ စီစဉ်ထားတယ်။ တိုင်လာက Bigfoot ရုပ်ရှင်ကားကိုအရမ်းကြိုက်သလို Bigfoot တွေကအပြင်မှာအမှန်တကယ်ရှိတယ်လို့လည်း ယုံကြည်ထားတယ်။ သူငယ်ချင်းသုံးယောက်လည်း ဘရတ်ရဲ့ ဒီစွဲလန်းမှုတွေကို သည်းမခံနိုင်တဲ့အဆုံးမှာဒီတစ်ပတ်ပိတ်ရက်မှာ Bigfoot ရှာပုံတော်ဖွင့်ပို့ စခန်းချသွားမယ်ဆိုပြီး မွေးနေ့လက်ဆောင် အနေနဲ့ ကတိပေးလိုက်ကြတယ်။ နောက်နောင်ဘယ်တော့မှ ဒီအကြောင်းထပ်မဟဖို့အတွက် ပြောလိုက်တယ်ဆိုပေမယ့် တိုင်လာကတော့ တကယ် ပျော်နေတယ်။ အကုန်လုံးကျောင်းသားတွေဆိုတော့ ငွေကြေးလည်း သက်သာအောင်ဆိုပြီး ကားရှိတဲ့နိတ်ကိုပါ ခေါ်လာလိုက်တယ်။ ဒီလိုနဲ့ ဝှိုက်ဟောပြည်နယ်ကသစ်တောမှာစခန်းချဖို့ ထွက်လာကြတယ်။ Bigfoot အကြောင်း ကောင်းကောင်း သိထာတဲ့ဘရတ်က ဒီညတော့စောစောအိပ်ပြီးမနက်ကျမှ Bigfoot ကိုထွက်ရှာကြမယ်လို့ပြောလို့စောစောအိပ်လိုက် ကြတယ်။ ညလည်းရောက်ရော ဝက်ဝံသဏ္ဍာန်သတ္တဝါကြီးက နိတ်ကို ဖမ်းခေါ်သွားတဲ့အခါမှာတော့….. File size… (2.02GB) / (1.04GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 55m Genre …..Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Horror • Fantasy • Action • Thriller • Adventure
5.5 2025 120 mins
The Squatchers
Children Who Chase Lost Voices
7.1

Children Who Chase Lost Voices (2011) ————————————————– IMDb – 7.1/10, MyAnimeList – 7.5/10 Anime လောကမှာ ဆြာတစ်ပါးဖြစ်တဲ့ Makoto Shinkai ကို နာမည်မကြားဘူးရင်တောင် Your Name တို့ Weathering With You တို့ကို သိကြလိမ့်မယ် ထင်ပါတယ်။ အခုရုပ်ရှင်လေးက ဒီဆရာသမားရဲ့ 2011 ထွက် ရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဒီတော့ ဇာတ်လမ်း ဇာတ်ညွန်း ရိုက်ချက် နောက်ခံတေးဂီတတွေ ပြောစရာမလိုအောင်ကောင်းမယ်ဆိုတာ သိပြီးသားဖြစ်မှာပါနော်။ ဇာတ်လမ်းအကျဉ်းလေးကတော့ Asuna ဆိုတဲ့ကျောင်းသူ‌လေးကစာတော်တဲ့ စာဂျပိုး‌ ကလေးမလေးပါ။ အဖေဖြစ်သူကဆုံးပါးသွားပြီး အမေဖြစ်သူက သူနာပြုအလုပ်တစ်ဖက်နဲ့ Asuna ကိုအချိန်မပေးနိုင်ပါဘူး။ ဒီတော့ Asuna ဟာ ညနေဆိုရင် Mimi ဆိုတဲ့ ကြောင်လေးတစ်ကောင်နဲ့ တောင်ကုန်းတစ်ခုပေါ်တက်ပြီး အဖေလက်ဆောင်ပေးခဲ့တဲ့ အသံလှိုင်းဖမ်းရေဒီယိုလေးနားထောင်လေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူမတစ်ခါမှမကြားဖူး‌ပေမဲ့ ရင်ထဲမှာစွဲကျန်နေခဲ့တဲ့ သံစဉ်တစ်ခုကိုကြားလိုက်ရပြီး အဲဒီအကြောင်းပဲ တွေးနေမိတယ်။ နောက်ရက်မှာတော့ Asuna တို့မြို့ထဲမှာ ဝက်ဝံလိုအကောင်ကြီးလွတ်နေတယ်ဆိုပြီး သတင်းတွေပျံ့နေပါတော့တယ်။ ဒါကြောင့် ညနေကျောင်းဆင်းချိန်မှာပဲ Asuna နဲ့ အဲဒီအကောင်ကြီး ထိပ်တိုက်တွေ့တဲ့အချိန် Shun လို့ခေါ်တဲ့ကောင်လေးက ကယ်တင်ပေးလိုက်ပြီး နှစ်ဦးသား ရင်းနှီးသွားကြပါတယ်။ နောက်တစ်ရက်မှာတော့ ချိန်းထားပေမဲ့ကောင်လေးကပေါ်မလာပါဘူး။ Asuna ကျောင်းဆင်းချိန်ရောက်တော့ Shun သေသွားပြီဆိုတဲ့သတင်းကြားလိုက်ရပါတယ်။ Asuna ရဲ့ကျောင်းမှာလဲအစားထိုးဆရာတစ်ယောက်ရောက်လာပြီး မြေအောက်ကမ္ဘာအကြောင်းကို သင်ခန်းစာထဲထည့်သင်သွားတဲ့အချိန် Asuna မှာ နားလည်ရခက်တဲ့ ပုစ္ဆာတွေကို သိချင်တာတွေရှိလာတော့တယ်။ အဲဒီနောက်မှာ Asunaဟာ မြေအောက်လောက (မရဏလောက) ကိုခရီးသွားဖို့ အကြောင်းဖန်လာပါတော့တယ်။ Shun က တကယ်ပဲသေသွားပြီလား အစားထိုးဆရာကရော တကယ်ပဲဆရာတစ်ယောက်လား။ Asuna တစ်ယောက်ဘယ်လိုစွန့်စားခန်းတွေကြုံရမလဲဆိုတာကို Emotional Scenes ကောင်းကောင်းလေးတွေနဲ့ တွေ့မြင်ရမှာပါ။ လူတိုင်းဟာတစ်ရက်မှာထွက်ခွာသွားရမှာလောကနိယာမပါပဲ။ အမြဲအတူရှိနေမယ် ထင်ထားတဲ့သူတွေကတောင် ထွက်ခွာသွားရမဲ့အချိန်တန်ရင် အနားကနေစွန့်ခွာသွားတာကို လက်မခံနိုင်လဲ လက်ခံရမှာပါ။ ဒီသဘောတရားကို ကောင်းကောင်းကြီးပုံဖော်ထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်လို့ ကြည့်ရှုခံစားဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Angelia ဖြစ်ပါတယ်) File size… 1.5 GB / 760 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 56m Genre ….. Animation, Adventure, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Angelia

Comedy • Drama
7.1 2011 116 mins
Children Who Chase Lost Voices