YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

To Be Continued S01E05 1080p CM.mp4

535.96 MB N/A video/mp4 38 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Maalai Nera Malipoo
7

Maalai Nera Malipoo(2023) လက်တွေ့ကျကျ ဘဝကိုမှအစ်အမှန်အတိုင်းရိုက်ပြတာကြိုက်တဲ့ CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးချင်တာကတော့ IMDb 9.5/10 ရရှိထားတဲ့ အသစ်စက်စက် ဘောလိဝုဒ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးမှာတော့ ပြည့်တန်ဆာမလေးတစ်ယောက်ရဲ့ ရုန်းလေနစ်လေတဏှာသားကောင်ဘဝထဲကနေ သားလေးတစ်ယောက်ကို ပျိုးထောင်ဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေကြုံရတယ်ဆိုတာကို အခြေတည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ နိုင်သူအကုန်စားတဲ့ လောင်းကစားဆန်ဆန်လောကကြီးမှာ ဘူမသိကိုးမသိနဲ့ ဒုက္ခတောထဲ ဒိုင်ပင်ထိုးဝင်မိရာက ဘာတွေဖြစ်လာလဲ... ဒုက္ခတောထဲကနေ မိခင်မေတ္တာကြောင့် ဘယ်လိုတွေ စွန့်စားခဲ့ရလဲ... ခြေကျွံလက်ကျွံပြီး ဝင်သွားမိတဲ့ဒီလမ်းကနေ ပြန်ရောလှည့်နိုင်ပါ့မလား... စတာတွေကိုတော့ မိုးအေးအေးမှာ ကြည့်လို့ကောင်းမယ့် ခပ်ငြိမ်ငြိမ်ဇာတ်လမ်းလေးမို့ CM ပရိသတ်ကြီးကြည့်ရှုဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော် ။ (အညွှန်းရေးသားသူကတော့ Aditi ဖြစ်ပြီ ဘာသာပြန်တွေကတော့ Aditi ~ BpL ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်) File size…1.54GB  / 688MB Quality…1080p TRUE WEB-DL /720p Format…mp4 Duration….1 h 59 min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi ~ BpL ~ Zwe ~ Yunni

Drama • Thriller
7 2023 119 mins
Maalai Nera Malipoo
The Fault in Our Stars
7.6

IMDb Rating (7.6) / Rotten Tomatoes (81%) ဒီဇာတ်လမ်းခေါင်းစဉ်လေးကတော့ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲက စကားစုတိုလေးဖြစ်တဲ့ "the fault, dear Brutus, is not in our stars but in ourselves" "ဘရူးတပ်စ်ရယ် အပြစ်က ငါတို့ရဲ့ကြယ်တွေထဲမှာ မရှိပါဘူး ငါတို့ဆီမှာပါ" ဆိုတဲ့စကားစုလေးကနေ ယူသုံးလာတယ်ထင်ပါတယ်။ အဲဒီအဆိုဟာလဲ အမြဲမှန်နိုင်ပါ့မလား။ တခါတလေ ဘဝရဲ့ခါးသီးမှုတွေက ကိုယ်တိုင်ဘာမှ လုပ်မယူခဲ့ဘဲ ဘာအပြစ်မှမရှိဘဲ ကြယ်လေးတွေရဲ့အပြစ်(ကံကြမ္မာ)ပဲ ဖြစ်နေနိုင်မလား။ "ကျွန်မတို့ရဲ့ ကမ္ဘာကြီးထဲမှာ ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးတွေကို ဘယ်လိုပုံစံနဲ့ပြောပြရမယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။တနည်းအားဖြင့် ရှင်တို့ အဲဒီဇာတ်လမ်းကို သကာလောင်းပြီး ပြောပြနိုင်သေးတာပေါ့။ သူတို့ အချစ်စိတ်ကူးယဉ် ရုပ်ရှင်နဲ့ ဝတ္ထုတွေမှာ လုပ်နေကြပုံအတိုင်း လှပတဲ့လူသားလေးတွေက လှပတဲ့သင်္ခန်းစာလေးတွေရပြီး ပီတာဂေဘရီရယ်ရဲ့ သီချင်းလေးတစ်ပုဒ်နဲ့တောင်းပန်လိုက်ရင် မပြေလည်နိုင်လောက်အောင် ပျက်စီးသွားတဲ့ပြသနာမျိုးလဲ မရှိဘူးပေါ့။ ကျွန်မလဲ အခြားကောင်မလေးတွေလိုပဲ အဲဒီလို ဇာတ်လမ်းလေးတွေကိုကြိုက်ပါတယ်။ ဒါပေမယ့် ယုံလိုက်ပါ အဲဒါတွေဟာ အမှန်တရားမဟုတ်ဘူး။ အမှန်တရားကို အခုပြောပြမယ်။ စိတ်မကောင်းပါဘူး။ " ဇာတ်လမ်းလေးရဲ့ နိဒါန်းလေးကို ဒီလိုပြောပြီးဖွင့်လှစ်လိုက်ပါတယ်။ ၂၀၁၄ ခုနှစ်ထွက် Drama,Romance ရုပ်ရှင်လေးပါ။ IMDb 7.8 နဲ့ပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ကင်ဆာနောက်ဆုံးဆင့်နဲ့ ဆယ်ကျော်သက်ကောင်မလေး ဟေဇယ်ဟာ ကင်ဆာဝေဒနာသည်တွေအချင်းချင်းနှစ်သိမ့်တဲ့ အဖွဲ့လေးမှာ တခြားကင်ဆာနဲ့ ဆယ်ကျော်သက်ကောင်လေး အောဂက်စ်တက် နဲ့ သိကျွမ်းလာရပါတယ်။ သူတို့ ၂ ယောက်ရဲ့ တွေ့တွေ့ချင်း အငြင်းပွားစရာခေါင်းစဉ်ကတော့ အာဂတ်စ်တက်က သူသေဆုံးပြီးနောက်မှာ မေ့ပစ်ခံရပြီးအလုံးစုံပျောက်ကွယ်သွားရမှာကို ကြောက်ရွံ့နေပါတယ်။ သူ့အိမ်မက်က လူတွေ သန်းပေါင်းများစွာက သူ့ကိုမှတ်မိနိုင်လောက်အောင် အရေးပါတဲ့သူ သို့မဟုတ် သူရဲကောင်းတစ်ယောက်လို ရှင်သန်ချင်နေခဲ့တာပါ။ ဟေဇယ်ကတော့ လူသားအားလုံးဟာ တစ်ချိန်မှာ ပျောက်ကွယ်ခြင်းအဖြစ်ကို ရှောင်လွှဲမရဘူး ဒီတော့ အဲဒါကို ကြောက်ရင် ဥပက္ခာပြုထားလိုက်ဖို့ပဲတွေးပါတယ်။ ပြီးတော့ လူတွေအားလုံးက အမှတ်တရဖြစ်နေဖို့ထက် တစ်ယောက်ထဲကပဲ ထာဝရအမှတ်ရနေပေးရင် လုံလောက်ပြီဆိုတဲ့ အတွေးနဲ့ ကောင်မလေးပါ။ တစ်နေ့မှာတော့  ဟေဇယ်ရဲ့ အကြိုက်ဆုံးစာအုပ်ဖြစ်တဲ့ An Imperial Affliction ကိုရေးတဲ့ စာရေးဆရာဆီက သူအမေးချင်ဆုံးမေးခွန်းတွေကို ဖြေပေးဖို့    အမ်စတာဒမ်ကို ဖိတ်ခေါ်လာတဲ့အခါ။ ဒါပေမယ့် ဟေဇယ်မိဘတွေကဒီခရီးအတွက်ပိုက်ဆံမတတ်နိုင်ကြပါဘူး။ ဟေဇယ်ကိုယ်တိုင်လဲ သေလောက်တဲ့ ရောဂါသည်ကလေးတွေကို ဆန္ဒတစ်ခု ဖြည့်ဆည်းပေးတဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ်တဲ့ ဂျင်းနီတွေဆီမှာ ၁၃ နှစ်သမီးကတည်းက ဆန္ဒတစ်ခုတောင်းဆိုခဲ့ပြီးသား ဖြစ်နေတဲ့အခါ။ အောဂတ်စ်တက်ဟာ သူ့ရဲ့နောက်ဆုံးဆန္ဒတောင်းဆိုခွင့်လေးကို ဟေဇယ်နဲ့အတူ အဲဒီစာရေးဆရာဆီသွားဖို့ အသုံးချခဲ့ပြီး ဆယ်ကျော်သက်လေး နှစ်ယောက်ရဲ့ ခရီးစဉ်လေး စတင်လာတဲ့ခါ....... တခြားဇာတ်ကားတွေမှာ ဝမ်းနည်းစရာပြကွက်မှာ ဝမ်းနည်းပြီး ပျော်စရာပြကွက်မှာ ပျော်ရွင်ကြရပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီး အမြင်မျိုးစုံနဲ့ ခံစားနိုင်ကြပါတယ်။ ကျွန်တော့်အမြင်မှာ အထူးခြားဆုံးခံစားချက်ကတော့ ဒီဇာတ်ကားလေးမှာ အပျော်ရွှင်ရဆုံး အခိုက်အတန့်တွေမှာတောင် ဟေဇယ်ရဲ့ နှာခေါင်းက အောက်စီဂျင်ပိုက်ကလေး တစ်ခုတည်းကနေ ဝမ်းနည်းမှုတစ်ခုကို အချိန်ပြည့် ရောထွေးနေစေတဲ့အတွက် ထူးဆန်းတဲ့ ခံစားမှုတစ်ခုကို အမြဲရနေခဲ့ပါတယ်။ မိတ်ဆွေတို့လဲ ကြည့်ပြီးရင် တစ်ခုခု ပြန်လာမျှဝေကြပါဦး။မူရင်းရသကို မမှီပေမယ့် အတော်လေး ကြည့်လို့ကောင်း တွေးလို့ကောင်း ခံစားလို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပြီး လူတိုင်း တစ်ခေါက်လောက်တော့ ခံစားကြည့်သင့်တဲ့ဇာတ်ကားမျိုးပါပဲ။ ဒီအောက်မှာရေးထားတဲ့အကြောင်းအရာလေးတွေကတော့ ဇာတ်လမ်းအတွင်းမှာ သုံးသွားတဲ့ တစ်ချို့ နာမည်လေးတွေရဲ့ နောက်ခံကို ပြန်ရှင်း ပြပေးထားတာပါ။ သူတို့၂ယောက် လည်ပတ်ခဲ့တဲ့ Anne Frank House အန်းဖရန့်ခ် အိမ် ဆိုတဲ့နေရာက ဒုတိယကမ္ဘာစစ်မှာ နာဇီလက်ထဲနေ အန်း ရဲ့ မိသားစု နဲ့ လူ၄ ယောက်ပုန်းခိုနေခဲ့တဲ့နေရာပါ။ အန်း ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ သေဆုံးသွားခဲ့ပေမယ့် သူရေးခဲ့တဲ့ ဒိုင်ယာရီနဲ့အတူ အဲဒီအိမ်ကလေးဟာ ကမ္ဘာကျော်နေရာတစ်ဖြစ်လာခဲ့ပါတယ်။ နောက်ပြီးတော့ နောက်ဆုံးမှာ ဗန်ဟောင်တန်ပြောခဲ့တဲ့ Omnis cellula e cellula (လက်တင်-ပြင်သစ် ထင်ရပါတယ်) ဆဲလ်အားလုံးဟာ ဆဲလ်တွေကပဲ ဖြစ်ပေါ်လာတယ်ဆိုတာ ဂျာမန်ရောဂါဗေဒပညာရှင် Rudolf Virchow ရဲ့ ထင်ရှားတဲ့ သီအိုရီ တစ်ခုပါပဲ။ Trolley Problem ဆိုတဲ့ စကားစုလေးကလဲ  Philippa Foot က ၁၉၆၇ မှာ စတင်မိတ်ဆက်ခဲ့တဲ့ လူကျင့်ဝတ်ဆိုင်ရာ အတွေးအခေါ်မေးခွန်းတစ်ခုပါ။ မူရင်းကတော့ ရထားလမ်းအတိုင်း လိမ့်ဆင်းလာတဲ့လှည်းတစ်ခုရဲ့ လမ်းကြောင်းပေါ်မှာ လူ ၅ ယောက်ကို မလှုပ်နိုင်အောင် ကြိုးချီထားခဲ့ပါတယ်။ အဲဒီရထားလှည်းကို လမ်းကြောင်းပြောင်းပေးနိုင်တဲ့ လီဗာ အနီးမှာ လူတစ်ယောက်ရှိနေပါတယ်။ တကယ်လို့ သူဟာလီဗာကို ဆွဲလိုက်ရင် လမ်းကြောင်းပြောင်းသွားမှာပါ။ ဒါပေမယ့် ခင်ဗျားပြောင်းမဲ့လမ်းကြောင်းပေါ်မှာလဲ လူတစ်ယောက်ကို တွေ့လိုက်တဲ့အခါ။ (၁) လီဗာမဆွဲဘဲ လူ ၅ယောက်ကို အသေခံမယ် (၂) လီဗာဆွဲပြီး ဘေးလမ်းက လူကို အသေခံမယ် ဆိုရင် ဘယ်အရာက မှန်ကန်တဲ့ ရွေးချယ်မှုလဲ ဆိုတာပါပဲ။ File size…(2.8 GB)/ (1 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:12:53 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Littleneo

Drama • Romance
7.6 2014 126 mins
The Fault in Our Stars
The Invisible Thread
6.7

ဒီရုပ်ရှင်လေးကတော့ မကြာခင်ကမှ Netflix ကနေ ထွက်ရှိထားတဲ့ LGBT based Drama/Comedy ဇာတ်လမ်းကောင်းလေးပါပဲ။ ဇာတ်အိမ်တည်ရာဒေသကတော့ ဥရောပတောင်ဘက်ပိုင်းက အီတလီနိုင်ငံရောမမြို့လေးပါ။ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာ့အနောက်ခြမ်းဆိုတာက လူ့အခွင့်အရေးလှုပ်ရှားမှုတို့၊ ကျားမတန်းတူညီမျှမှု၊ LGBTQ Rights တွေအတွက်လှုပ်ရှားမှုတွေဆိုတာ အမြဲလိုလိုတွေ့နေခဲ့ရပြီး အဲ့ဒါတွေအတွက် အမှန်တကယ်လည်း ဥပဒေတွေချမှတ်နိုင်ခဲ့ကြတယ်။ တကယ်တမ်း တခြားနိုင်ငံတွေနဲ့ယှဉ်ကြည့်ရင်တော့ အီတလီက LGBT Rights နဲ့ပတ်သက်ပြီး တရားဝင်အသိအမှတ်ပြုခံရတာနောက်ကျပါတယ်။ 2000 ခုနှစ်ဝန်းကျင်အတွင်းမှာ အနောက်နိုင်ငံအတော်များများက Civil Union ရခဲ့ပေမယ့် အီတလီနိုင်ငံမှာတော့ 2016 June လမှာမှ Civil Union လို့ခေါ်တဲ့ လိင်တူပေါင်းဖက်ခွင့်ကို တရားဝင်အသိအမှတ်ပြုကြောင်း ဥပဒေက အသက်ဝင်လာခဲ့တယ်။ လိင်ကွဲပေါင်းဖက်မှု‌‌တွေနည်းတူ အခွင့်အရေးအားလုံးနီးပါး ရရှိနိုင်တယ်လို့ဆိုထားပေမယ့် တကယ်တမ်းမှာ child adoption နဲ့ပတ်သက်ပြီး ကန့်သတ်ထားတာတွေရှိနေဆဲပါ။ နောက်ပြီး လိင်တူပေါင်းစည်းခွင့်နဲ့ အတူပေါင်းသင်းနေထိုင်မှုကို ခွင့်ပြုထားပေမယ့် လက်ထပ်ထိမ်းမြားခွင့်ကိုကျတော့ တရားဝင်အသိအမှတ်မပြုထားတာ ယနေ့အထိပါပဲ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့... လီယိုဆိုတဲ့ ဆယ်ကျော်သက်အရွယ်‌ကောင်လေးဟာ ကျောင်းနှစ်ကုန်ပရောဂျက်အဖြစ် ဗီဒီယိုမှတ်တမ်းတစ်ပုဒ်ရိုက်ကူးရမယ်ဆိုတဲ့အခါ သူ့မိသားစုအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဖခင်နှစ်ယောက်အကြောင်း၊ သူဘယ်လိုမွေးဖွားလာခဲ့တဲ့အကြောင်း၊ တခြားကလေးတွေလို ပုံမှန်ကြီးပြင်းလာခဲ့တဲ့အကြောင်း၊ မွေးစာရင်းမှာ ဖခင်နာမည်နှစ်ခုလုံးထည့်ချင်တဲ့အတွက် ကြိုးပမ်းခဲ့တာတွေ စသဖြင့်ရိုက်ကူးထားတယ်။ သို့ပေမဲ့ ထူးဆန်းတာတစ်ခုက လီယိုနဲ့‌ေသွးသား‌‌ တော်စပ်တဲ့အဖေရင်းကို လီယိုကိုယ်တိုင်အပြင် သူ့ဖခင်နှစ်ယောက်လုံးကပါမသိပါဘူး။ ဘာလို့လဲဆိုတော့ ..... အဖေနှစ်ယောက်လုံးရဲ့သုက်ပိုးကို စမ်းသပ်ဖန်ပြွန်ထဲရောထည့်ပြီးမှ အလှူရှင်မမျိုးဥနဲ့ပေါင်း၊ သန္ဓေသားဖြစ်တည်လာမှ အငှားကိုယ်ဝန်ဆောင်သူရဲ့သားအိမ်ထဲထည့်ခဲ့တာကြောင့်ပါတဲ့။ အဲ့လိုနဲ့ပဲ ဖခင်နှစ်ယောက်ရဲ့ 20th anniversary ကိုရောက်လာတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့သူတစ်ယောက်ရောက်လာတဲ့အခါမှာ ... အရောင်အသွေးစုံလင်ခဲ့တဲ့မိသားစုလေးရဲ့ချစ်ခြင်းတရားတွေ အဆုံးသတ်သွားတော့မှာလား??? လီယိုရဲ့ အဖေရင်း ဘယ်သူဆိုတာကိုရော ဖော်ထုတ်သိသွားမှာလား ဆိုတာတွေကို ပေါ့ပေါ့ပါးပါး တလွဲတချော်ဟာသတွေနဲ့ပေါင်းစပ်ပြီးကြည့်ရှုရမယ့် family drama လေးပဲဖြစ်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Yadi ဖြစ်ပါတယ်) Genre.....Comdedy, Drama, Family Quality….WEB-DL 1080p and 720p File size…1.6GB, 822MB and 300MB Format…mp4 Duration….1h 49min Subtitle….Myanmar Subtitle (Hardsub) Translator .....Thwal Yadi Encoder ..... August

Action • Adventure • Thriller
6.7 2022 109 mins
The Invisible Thread
The Rental
5.5

ဒီတစ်​​ခေါက်မိတ်ဆက်​ပေးချင်တာက​တော့ ညဘက်မှာ ​ကျောခြမ်းစရာ Thriller ​လေး​တွေမှ ကြည့်ချင်တယ်ဆိုတဲ့ ​လူ​တွေအတွက် အကြိုက်ဖြစ်ပါလိမ့်မယ် ။ ခရီး​တွေသွားတဲ့အခါ ငှားလို့ရတဲ့ လုံးချင်းအိမ်​လေး​တွေကို သိကြမယ်မလား ။ အခုဇာတ်အိမ်ကလည်း အဲ့လိုအိမ်​လေးအ​ပေါ် အ​ခြေခံထားခဲ့တာပါ ။ ချာလီနဲ့ ​ဂျော့ရှ်က ညီအစ်ကို နှစ်ဦးဖြစ်ပြီး သူတို့ရဲ့ ချစ်သူ​တွေဖြစ်တဲ့ မီရှယ် ၊ မီနာ တို့နဲ့အတူ ပိတ်ရက်မှာ ကမ်း​ခြေကို ခရီးထွက်ဖို့အတွက် ပြင်ဆင်ခဲ့ကြပါတယ် ။ ငှားထားတဲ့ အိမ်ကို ​ရောက်လာတဲ့အခါမှာ​တော့ အိမ်ပိုင်ရှင်က နည်းနည်း ထူးဆန်းပြီး ​လူမျိုး​ရေးခွဲခြားတတ်တဲ့ သူတစ်​ယောက်လည်း ဖြစ်​နေပြန်တာမလို့ မီနာက သ​ဘောမကျခဲ့ပါဘူး ။ ဒီလိုနဲ့ပဲ ညဘက်​​ရောက်တဲ့အခါမှ ​သောက်စားမူးယစ်ရင်း မီနာက သူ့ရည်းစားရဲ့ ညီဖြစ်သူ ချာလီနဲ့ မှားယွင်းမိပြီး နောက်တစ်​နေ့မှာ​တော့ သူတို့ရဲ့ ​ရေချိုးခန်း​တွေထဲမှာ ကင်မရာ ဆင်ခံထားရတာကို သိလိုက်ရပါ​တော့တယ် ။ ဒါတင်မက တခြားရှုပ်​ထွေးတဲ့ကိစ္စကပါ ထပ်ပြီး ထွက်​ပေါ်လာတဲ့အချိန်မှာ​တော့ သူတို့​လေး​ယောက်က ဒါ​တွေက ဘယ်လိုမျိုး ​ဖြေရှင်းကြမလဲ ဆိုတာကို ဇာတ်ကွက်အလှည့်အ​ပြောင်းကြမ်းကြမ်း ၊ အသည်းတယားယားနဲ့ ကြည့်ရမှာ ဖြစ်သလို ချစ်သူ​တွေကြားက က​တောက်ကဆကိုပါ မြင်သာ​အောင် ရိုက်ကူးပြထားတဲ့ ရုပ်ရှင်ကား​ကောင်း တစ်ခုလည်း ဖြစ်ပါတယ် ။ File Size - 954 mb Quality - web-dl 1080p Subtitle -  burmese Translator - Floria Encoder - Thit San Khant

Drama
5.5 2020 88 mins
The Rental
Batman: The Dark Knight Returns, Part 2
7.9

Part (2) မှာတော့ တော်တော်ကို Tempoမြင့်လာပါတယ် Batman လို့ ပြောလိုက်တာနဲ့ ခင်ဗျားတို့ တွဲမြင်တာ  ဘယ်လိုလဲ လို့မေးရင်? ?? ဟုတ်ပါတယ် အချစ်တော် Villain ကြီး Joker ပါပဲ ဒီလို ဆယ်စုနှစ်တစ်ခုလောက် Batman ပျောက်ကွယ်နေတော့ joker ကရော ဘယ်ကိုရောက်နေလဲ? ဘယ်ကိုမှ မရောက်ပါဘူး.... Arkham Asylum မှာ အသေကောင်နဲ့ မခြား မလှုပ်မရှားတော့ ပဲ အသက်ရှင်နေတယ် ဆိုရုံပဲရှိနေတာပါ ဒါပေမယ့် Gotham မြို့မှာ Bat ပြန်လည်လှုပ်ရှား လာတဲ့ အသံနဲ့ အတူ J လည်း ပြန်လည် အသက်ဝင်လာခဲ့ပါတော့တယ်။ ဒီမှာတစ်ခုလေး ပြောချင်တာက Batman ဇာတ်ကောင်ရဲ့ အားသာမှုတစ်ခုကို ကျွန်တော့်အမြင်အရပြောရရင် Villain တွေပါပဲ တစ်ချို့ Bat villain တွေဟာ ရည်ရွယ်ချက်ကြီးကြတယ် တစ်ချို့ Villain တွေဟာ သနားစရာကောင်းတယ် တစ်ချို့က ကျတော့ ရွံစရာသပ်သပ်ပဲ ဒါပေမယ့်အားလုံးမှာ ခိုင်မာတဲ့ Story line တစ်ခုစီရှိပြီး Hero ကို Support လုပ်ရတဲ့ Villainသပ်သပ်အဆင့်မဟုတ်ကြတာပါပဲ Joker ဆိုရင်လည်း ဒီ DKR ထဲမှာ သူ့ရဲ့ ဖြစ်တည်မှုဟာ Bat နဲ့ပဲလုံးလုံးသက်ဆိုင်တယ်ဆိုတဲ့ Chemistry ကို ပုံဖော်ထားတာဟာ တော်တော်လေးသဘောကျစရာပါပဲ.. Part (2) ဟာတော့ DKR နှစ်ပိုင်းစလုံးရဲ့ အသက်ပါပဲ အစိုးရဘက်က Batman ကို အရင်ကလို vigilante  ဆိုတဲ့အမြင်မရှိတော့ပဲ ရာဇဝတ်ကောင်တစ်ကောင်အဖြစ် သက်မှတ်ထားတာဖြစ်တဲ့အတွက် အစိုးရဘက်တော်သားဖြစ်နေတဲ့  Superman နဲ့ Batmanတို့ရင်ဆိုင်ဖို့ အကြောင်းဖန်လာပါတော့တယ်.. Zack Snyderရဲ့ Batman VS Superman ဟာ Dark Knight Returns ရဲ့ကျောရိုးကို အများဆုံးအသုံးပြုထားတာ ဖြစ်ပြီး Ben Affleck ရဲ့ Batmanဟာလည်း DKR ရဲ့ Batman နဲ့ အနီးစပ်ဆုံး တူအောင်ရွေးချယ်ထားတဲ့ Batman Character ဖြစ်ပါတယ်။ Review သပ်သပ်ရေးတာမဟုတ်ပဲ ဇာတ်ကားအတွက်အညွှန်းရေးပေးတာဖြစ်လို့ တစ်ချို့မဆိုင်တာလေးတွေနဲ့ မလိုအပ်တာလေးတွေကို ပယ်ပြီး ဇာတ်ကားကိုလည်း Spoil မဖြစ်အောင်ဒီလောက်ပဲညွှန်းပေးချင်ပါတယ်။ ကြည့်ပြီးသားလူတွေကလည်း ပြန်ကြည့်လည်းမရိုးသွားတော့ ထပ်ပြီးပြန်ကြည့်လို့ရအောင် မကြည့်ရသေးသူတွေအတွက်လည်းAnimated ကားကောင်းတစ်ကားကို မကြည့်ဖူးတယ် မဖြစ်ရလေအောင် CM မှ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ (အညွန်းကိုတော့ CM မှ Translator တစ်ဦး ဖြစ်တဲ့ ကို Han Htoo Zaw မှ တင်ဆက် ပေးထားတာဖြစ်ပါတယ်) File Size : (800 MB) Quality : Blu-Ray 720p Running Time : 1h 16min Format : Mp4 Genre : Animation, Action, Adventure Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BRrip.x264.YIFY Encoded by A_Z

Action & Adventure • Drama
7.9 2013 78 mins
Batman: The Dark Knight Returns, Part 2
Live Free or Die Hard Die hard 4
7.2

ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့ John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=die+hard ကြည့်ပါ။ Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။ Die Hard နဲ့ပတ်သက်ရင်တော့ John McClane ဇာတ်ကောင်ရဲ့ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်နဲ့ ပြသနာကို မရှိရှိရာနဲ့ ရသလိုဖြေရှင်းတတ်တဲ့ အကြောက်အလန့်ကင်းတဲ့စရိုက်က ပြောစမှတ်ပါပဲ။ John McClane ကိုလဲ ပြသနာတွေကကြိုက်ကြပြီး သူ့ဖာသာနေရင်းထိုင်ရင်း သူ့မိသားစုကိုကယ်တင်ရင်း ပြသနာတွေထဲကို သူ့ခမျာ လုံးလုံးလျားလျားရောက်သွားရတာပါ။ Die Hard 4 ထဲက Dialouge တစ်ခုကတော့ John McClane ဇာတ်ကောင်ကိုပိုထင်ရှားစေပါမယ်။ ” သူရဲကောင်းဆိုတာ မျက်စိရှေ့မှာ မကယ်လို့ မရတာကို ကယ်ရင်းကယ်ရင်း နေသာသလို မနေလိုက်ဘဲ ပြသနာကိုဖြေရှင်းရင်းဖြေရှင်းရင်း ဒီလိုလူဖြစ်လာတာပါပဲ။ ” မိသားစုအတွက် မျက်စိရှေ့ကပြသနာတွေအတွက် နေသာသလိုမနေလိုက်ဘဲ ငါကတော့ ရအောင်ဖြေရှင်းမှာပဲဆိုတဲ့ မင်းသားကြီး Bruce Willis ရဲ့ John McClane ဇာတ်ကောင်ကို ပြန်လည်ခံစားကြည့်ကြပါစို့။ Live Free or Die Hard (2007) Die hard 4 IMDb Rating (7.1) / Rotten Tomatoes (82%)

Horror
7.2 2007
Live Free or Die Hard Die hard 4
Water Lilies
6.7

Water lilies (2007) IMDb rating – 6.7 ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းမှာ “မာရီ”၊ “ဖလော်ရီယန်”နဲ့ “အန်နီ”ဆိုတဲ့ ၁၅နှစ်အရွယ် ကလေးမလေးသုံးယောက်ပါဝင်ပါတယ်။ မာရီက တစ်ခုခုဆိုရင် မဝံ့မရဲတဲ့သူ၊ စကားနဲပြီး အနေအေးတဲ့ကောင်မလေးပါ။ မာရီရဲ့သူငယ်ချင်း ‘အန်နီ’ကတော့ ဝဝတုတ်တုတ် ချစ်စရာကလေးမလေးဖြစ်ပြီး ‘ဖရန်ဆွာ’ဆိုတဲ့ ကောင်လေးဆီက ပထမဆုံးအနမ်းရချင်နေသူလေးပါ။ ဖလော်ရီယန်ကတော့ ဘယ်သူ့ကိုမှထည့်မထွက်တတ်တဲ့သူ၊ ရေထဲဘဲလေးအကအဖွဲ့ ခေါင်းဆောင်၊ ကောင်လေးတွေပါးစပ်ဖျားမှာ တသသဖြစ်ရတဲ့အလှဘုရင်မလေးပါ၊ ဒါကြောင့် ယောကျ်ားတိုင်းနဲ့အိပ်တဲ့အပျက်မလို့ သတင်းတွေထွက်နေတဲ့သူလည်း ဟုတ်ပါတယ်။ မာရီက ရေထဲဘဲလေးအကဖျော်ဖြေပွဲကိုကြည့်ပြီးတဲ့နောက်မှာ ဖလော်ရီယန်ဆီ ချဉ်းကပ်လာခဲ့ပါတယ်။ ကောင်မလေး ၃ယောက်ရယ် သုံးပွင့်ဆိုင်နေတဲ့ပြဿနာလေးရယ်က ဘယ်လိုဖြစ်သွားမလဲ။ သူတို့တစ်ဦးချင်းဆီရဲ့ ပထမဆုံးအနမ်း၊ ပထမဆုံးအထမြောက်နိုင်ဖို့ဆိုတာတွေ အဆင်ပြေပြေဖြစ်လာနိုင်ပါ့မလား။ ဒီဇာတ်လမ်းမှာ ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ကောင်မလေးတွေရဲ့ မြီးကောင်ပေါက်အရွယ် စိတ်ကစားတတ်တဲ့သဘောသဘာဝလေးတွေ၊ ပျိုဖော်ဝင်စ လိင်စိတ်နိုးကြွားမှုအကြောင်းတွေကို လှလှပပနဲ့ သဘာဝကျအောင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းက အေးအေးညိမ့်ညိမ့်လေး ကြည့်ရမှာဖြစ်ပြီး runtime ကလည်း မိနစ် ၈၀ စာလောက်ပါပဲ။ awards တွေလည်း သိမ်းပိုက်ထားတဲ့ ဇာတ်လမ်းလေးမို့ ကြည့်ရှုလိုက်ကြပါဦး။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size… 2.1 GB / 854 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

6.7 2007 85 mins
Water Lilies
Azhagiya Kanne
6.7

ဒါရိုက်တာကြီးရဲ့ ဖူးစာ IMDb-7.9/10 တမီးလ်ရုပ်ရှင်တွေရဲ့ ညိုချောမင်းသမီးလေး Sanchita Shetty က Leo Sivakumar တိုရဲ့ မတူညီတဲ့ အဆင့်အတန်းတွေကြားက အချစ်ဇာတ်လမ်းတစ်ပုဒ်။ ဗီဂျေးစည်သူပတီနဲ့ နာမည်ကြီးဒါရိုက်တာ Prabhu Solomon တိုပါ ဧည့်သည်သရုပ်ဆောင်ပါဝင်ထားတဲ့ကားဖြစ်ပါတယ် စီရူမာလိုင်ရွာလေးက နွားနိုသည်ရဲ့သားအဖြစ်နဲ့ မွေးဖွားလာပေမဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်လမ်းတွေရဲ့ ဒါရိုက်တာကိုအားကျပြီး နာမည်ကြီးဒါရိုက်တာဖြစ်ချင်သူ အင်ဘာ ။ ဖုန်းတွေ အင်တာနက်တွေကမဟုတ်ဘဲ ဒါရိုက်တာကြီးတွေဆီ စာပိုသမား စာတိုက်ကတစ်ဆင့် စာတွေနေ့စဉ်ပိုပြီး ဒါရိုက်တာအိပ်မက်အတွက် ဇွဲကြီးလွန်းသူ။ ကောလိပ်က ဇာတ်လမ်းအညွှန်းပြိုင်ပွဲတစ်ခုအတွက် ပါရမီရှိပြီးသားအင်ဘာဆီကို အကူအညီလာတောင်းတဲ့ ပုဏ္ဏားမျိုးရိုးက ကာ့စ်သူရီတို ဇာတ်လမ်းအကြောင်းပြ တီတီတာတာဖြစ်နေကြတာကို ပတ်ဝန်းကျင်ကတစ်ဆင့် ကာ့စ်သူရီတိုအုပ်ထိန်းသူတွေရဲ့ နား ပေါက်သွားတော့တယ် ။ အင်ဘာ့ဆီ နာမည်ကြီးဒါရိုက်တာကြီးဆီက ပြန်စာလည်းရောက်လာပြီဆိုတော့ မျိုးရိုးအဆင့်အတန်းကွာခြားမှုတွေနဲ့ အလှမ်းကွာကြဦးမလား ဒါရိုက်တာလောင်းကြီးဆိုတာနဲ့ ကြည်ဖြူသွားကြမလား ဘောလိဝုဒ်ကားတိုပီပီ နိုင်ငံရေးအလှည့်အပြောင်းတွေရော ပါလာဦးမလားဆိုတာတော့ ရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

Drama
6.7 2023
Azhagiya Kanne
That They May Face the Rising Sun

IMDb – 7.3/10 အိုင်ယာလန်အမျိုးသားစာ​ပေဆုရခဲ့တဲ့ စာရေးဆရာကြီး John McGahernရဲ့ ခြောက်အုပ်မြောက်လည်းဖြစ် နောက်ဆုံးလည်းဖြစ်တဲ့ ၀တ္ထုရှည်ကြီးကို ပုံဖော်တင်ဆက်ရိုက်ကူးထားခဲ့တဲ့ဇာတ်လမ်း။ အို၊ နာ၊ သေဆိုတဲ့အတိုင်းပါပဲ အိုကြနာကြသေကြရတဲ့ ဖြစ်စဉ်မှာ အိုမင်းချိန်ရောက်လို့ နာမကျန်းဖြစ်နေကြတဲ့ လူအိုမောင်နှမတွေကြားကချစ်ခြင်းမေတ္တာသံယောဇဉ်နဲ့ ပဋိပက္ခတွေအကြောင်းတင်ပြထားတဲ့ဇာတ်လမ်း။ လန်ဒန်မြို့ကြီးကနေထွက်ခွာလာပြီး ဘ၀ကို တစ်နေ့တာချင်းဆီ ရှင်သန်ဖြတ်သန်းရင်း ဘ၀ကိုရိုးရှင်းစွာနေကြတဲ့ ဂျိုးနဲ့ ကိတ်တို့ အနုပညာရှင်ဇနီးမောင်နှံနှစ်ဦးနဲ့ လူအိုကြီးတွေပတ်သက်ကြပုံ။ ကျေးလက်ဒေသက ရေကန်ကြီးဘေးမှာ ဖြစ်ပျက်သဘောတရားတွေကိုရှုမြင်ရင်း စာရေးဖို့ကြိုးစားနေတဲ့ ဂျိုးတစ်ယောက် လူအိုကြီးတွေနဲ့အတွေးအခေါ်၊ အပြုအမူ၊ အနေအထိုင်အပြောအဆိုတွေကိုသင်ယူမှတ်သားရင်း သူ့ရဲ့၀တ္ထုရှည်ကို အဆုံးသတ်ဖို့ ကြိုးစားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(932 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thaw Ko Ko Zin

0 2023
That They May Face the Rising Sun
Vacation
6.2

ဒါကတော့ Comedy ဇာတ်ကဟောင်းလေးပဲဖြစ်ပါတယ်။ ကြည့်ဖူးတဲ့သူတွေလည်းရှိမှာပါ။ မိသားစုတစ်သိုက် ခရီးထွက်ရင်းအလွဲလွဲအချော်ချော်တွေဖြစ်ခဲ့တာကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ ဇာတ်ဆောင်မင်းသားကလည်း Hangover ထဲမှာပါဝက်ခဲ့တဲ့ Ed Helms ပဲဖြစ်ပါတယ်။ ဒါ့အပြင် Thor မင်းသား Chris Hemsworthပါဝင်ပြောင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မိသားစုတွင်းသိပ်မနွေးထွေးတာကိုတွေ့နေရတဲ့ ဖခင်ဖြစ်သူ လေယာဉ်မှူးတစ်ယောက် နွေရာသီအားလပ်ရက်မှာ မိသားစုလိုက် Road Trip ထွက်မယ်ဆိုတာကစတာပါပဲ။ လမ်းတောက်လျောက် စထွက်ကတည်းကကိုတက်လိုက်တဲ့ပြသနာတွေဟာ ခရီးဆုံးတဲ့ထိကိုမပြီးပါဘူး။ အရင်က Comedy ဇာတ်ကားဟောင်းတွေကိုကြည့်ချင်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်

6.2 2015 99 mins
Vacation
Venom: The Last Dance
6.2

မာဗယ် စူပါဟီးရိုးမကျဗီလိန်မကျ ဇာတ်ကောင်ဖြစ်တဲ့ ဗဲနွမ် သုံးကားမြောက်လာပြီ။ ဒါရိုက်တာက ၁ တုန်းကလိုပဲ Kelly Marcel ပါ။ မင်းသားကလည်း တွမ်ဟာဒီ ပါပဲ။ ဗဲနွမ် အသံသရုပ်ဆောင်အဖြစ်လည်း တွမ်ဟာဒီပဲ လုပ်ပေးထားတာပါ။ ဆိုနီအတွက် နောက်ဆုံး ဗဲနွမ်ရုပ်ရှင်လို့လည်း ဆိုပါတယ်။ ဇာတ်လမ်းအကျဉ်း ************* စကြဝဠာကြီးထက်တောင် ရှေးကျတဲ့ နောလ် ဆိုတဲ့ ဆင်ဘီအုတ်တွေရဲ့ ဖန်တီးရှင်ကြီးဟာ ဆိုးသွမ်းလွန်းလို့ ဆင်ဘီအုတ်တွေ ကိုယ်တိုင်က ပြန်အကျဉ်းချထားရတာပါ။ သူသာလွတ်လာရင် ဂြိုလ်တွေအကုန် ဖျက်ဆီးပစ်မှာမို့ပါပဲ။ သူလွတ်လာဖို့ကလည်း ကိုဒက်စ်ဆိုတဲ့ သော့ချက်ကိုလိုပြီး အဲဒီသော့ကတော့ ထုံးစံအတိုင်း အက်ဒီ နဲ့ ဗဲနွမ်တို့ နှစ်ကောင်ဆီ ရောက်နေပြန်ပါတယ်။ ဒါကို လိုက်ရှာဖို့အတွက် ဇယ်နိုဖာ့ဂျ် ဆိုတဲ့ မုဆိုးကိုလွှတ်လိုက်ပါတယ်။ ဒီတော့ ကိုဒက်စ်ကိုမရအောင် ဆင်ဘီအုတ်တစ်သိုက်နဲ့ ဗဲနွမ်တို့ ဘယ်လို လွတ်အောင် ပြေးရင် ပြန်တိုက်ခိုက်ကြမလဲဆိုတာ ဒီမှာ တွေ့ရပါလိမ့်မယ်။ File size…(4.1 GB)/ (1.77GB) / (1.04GB ) Quality… WEB-DL 4K HEVC/ 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre ….. Action , Adventure , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Matteo

Animation • Adventure • Comedy
6.2 2024 109 mins
Venom: The Last Dance
The Way We Speak
6.3

The Way We Speak (2024) IMDb Rating (6.3) / Rotten Tomatoes (94%) နာမည်ကျော်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဆိုင်မွန်ဟာရစ်ဆန်က နောက်ဆုံးမှာတော့ သူ့အချစ်ဆုံး သူငယ်ချင်းဂျော့နဲ့ စကားရည်လုပွဲမှာ ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရတော့မှာ ဖြစ်တယ်။ ဂျော့က ကျန်းမာရေးအခြေအနေကြောင့် ဒီပြိုင်ပွဲကို ဆက်လက်မယှဉ်ပြိုင်နိုင်ခဲ့ချိန်မှာ သူ့နေရာမှာ ဆာရပ်ဆိုတဲ့ ခရစ်စယာန် စာရေးဆရာမတစ်ယောက်နဲ့ အစားထိုးစေခဲ့တယ်။ စတိတ်စင်ပေါ်မှာ တည်ငြိမ်တဲ့ပုံစံပေါက်နေတဲ့ဆိုင်မွန်ဟာ တကယ်တမ်းတော့ စိတ်မတည်ငြိမ်နိုင်ဘဲ ကင်ဆာရောဂါခံစားနေရတဲ့ မိန်းမဖြစ်သူနဲ့ အခြေအနေတွေ တင်းမာနေခဲ့သူပါ။ သူ့အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်၊ မိန်းမဖြစ်သူကို စိုးရိမ်ပူပန်တဲ့စိတ်၊ သူ့ရဲ့ အလုပ်ရည်မှန်းချက်တွေ ပျက်စီးသွားမလားဆိုတဲ့ ပူပင်သောကပေါင်းများစွာနဲ့ ဆိုင်မွန်ဟာ သူ့ပြိုင်ဘက်ဆာရပ်ကို ပြိုင်ဘက်တစ်ယောက်အဖြစ် မမြင်တော့ဘဲ ရန်သူတစ်ယောက်အနေနဲ့ မြင်ယောင်လာခဲ့တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ? ဘယ်လောက်ပဲစံနမူနာထားစရာလူတစ်ယောက်ဖြစ်နေပါစေ လက်တွေ့မှာ တစ်ကိုယ်ကောင်းဆန်မှုတွေ မစဉ်းစားမဆင်ခြင်ဘဲ လုပ်လိုက်မိတဲ့အရာတွေဆိုတာ ရှိလာနိုင်တယ်ဆိုတဲ့အချက်ကို ကောင်းကောင်းရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မျက်ရည်လွယ်သူတွေက တစ်ရှူးဆောင်ပြီး ကြည့်ရမယ့် စိတ်ခံစားမှုကို အပြည့်အဝပေးမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ စောင့်ကြည့်ပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.1 GB) / (530 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:27:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Su Mon

Comedy • Drama
6.3 2024 87 mins
The Way We Speak
Werckmeister Harmonies Werckmeister harmóniák
8

Werckmeister Harmonies (2000) IMDb Rating (8.0) / Rotten Tomatoes (98%) ၂၀၀၀ ပြည့်နှစ်ထွက် ဟန်​ဂေရီ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ နာမည်ကြီး ဒါရိုက်တာ Béla Tarr ရဲ့ Masterpiece လို့ နာမည်ကြီးပါတယ်။ Drama, Mystery အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Béla Tarr ဟာ ရိုက်ချက်အရှည်ကြီးတွေရိုက်တတ်တဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး ဒီရုပ်ရှင်မှာလည်း တစ်ဆက်တည်းရိုက်ချက် အရှည်ကြီးတွေကို အသုံးပြုခဲ့ပါတယ်။ ရုပ်ရှင်တစ်ကားလုံးမှာမှ ရိုက်ချက် ၃၉ ခုပဲရှိခဲ့တာပါ။ ဘာလင်ရုပ်ရှင်ပွဲတော်မှာ ဆုရခဲ့ဖူးပြီးတော့ ကိန်းရုပ်ရှင်ပွဲတော်မှာလည်း ဆန်ကာတင်တွေဝင်ခဲ့ဖူးတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ IMDB 8.0 အထိရရှိထားပါတယ်။ ဇာတ်လမ်းကတော့.. မနှစ်မြို့စရာတွေ အပြည့်နဲ့ဆပ်ကပ်အဖွဲ့တစ်ဖွဲ့ မြို့ကိုရောက်ရှိလာအပြီး လူ့စိတ်သဘောတွေ ချယ်လှယ်ခံရပုံ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးပြိုလဲရပုံ မြို့ကြီးတစ်ခုလုံးကပ်စိုက်ရပုံ ကိုရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Thway ဖြစ်ပါတယ်။) File size… (13.6 GB) / (3.9 GB) / (1.6 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery Duration….02:20:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Min Thway

Romance • Drama
8 2000 139 mins
Werckmeister Harmonies Werckmeister harmóniák
Aku Jati, Aku Asperger
7.8

Aku Jati, Aku Asperger (2024) IMDb Rating (7.8) ဒီဇာတ်လမ်းလေးရဲ့ အဓိကဇာတ်ကောင် Jati ဆိုတဲ့ အသက် ၁၆ နှစ်အရွယ် ကောင်လေးက သူ့မှာ အခြားသူတွေနဲ့ ဆက်ဆံရေးခက်ခဲတဲ့ Asperger’s syndrome ဆိုတဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်ခုရှိတယ်။ အဲဒီရောဂါကြောင့် Jati က နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေ၊ အချိန်ဇယားတွေကို အလွန်အမင်းအားကိုးပြီး သူ့ရဲ့အချိန်ဇယားတွေ ပျက်သွားရင် စိတ်မထိန်းနိုင်ဖြစ်တတ်တယ်။ Jati က သူ့အစ်ကို Daru နဲ့ Daru ရဲ့ချစ်သူ Kiara နဲ့ တစ်အိမ်တည်းမှာ အတူနေတယ်။ ဒါပေမဲ့ Daru နဲ့ Kiara ပြတ်သွားပြီး Kiara အိမ်ပေါ်ကနေ ဆင်းသွားပြီးနောက်မှာတော့ Jati ရဲ့ နေထိုင်မှုပုံစံကလည်း အကုန်ပြောင်းသွားတယ်။ သူ့အတွက် ဒီအပြောင်းအလဲဆိုတာက လက်မခံနိုင်တဲ့ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေတော့ Jati တစ်ယောက် သူ့အစ်ကိုအတွက် ချစ်သူအသစ်ရှာပေးဖို ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ ထူးဆန်းပြီး ရယ်စရာကောင်းတဲ့ ချစ်သူအသစ်ရှာခရီးစဉ် ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.5 GB) / (760 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:21:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Drama • Horror
7.8 2024 88 mins
Aku Jati, Aku Asperger