YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Titans.2018.S04E09.720p(CM).mp4

390.85 MB N/A video/mp4 592 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sneakerella
6

ဒစ်စနေးရဲ့ ဂီတ ရုပ်ရှင်အသစ်လေး ကြည့်လိုက်ရအောင်။ သီချင်းတွေနဲ့ စကားပြောလှလှလေးတွေရယ် ဇာတ်လမ်းကောင်းလေးရယ်နဲ့ တန်ဆာဆင်ထားတာပါပဲ။ သရုပ်ဆောင်အကုန်လုံးလည်း ချစ်ဖို့ကောင်းပါတယ်။ ကြည့်ရင်းတစ်ချိန်လုံးပြုံးနေရမယ့် ရုပ်ရှင်မျိုးပါပဲ။ ဇာတ်လမ်းနာမည် စနိကရဲလားဆိုတာ စင်ဒရဲလားရဲ့ ခေတ်သစ်ပုံပြင်အနေနဲ့ ရိုက်ထားတာပါ။ ဖန်ဖိနပ်လေးအစား စနိကာလေးတစ်ရံ ဖြစ်လာပြီး မင်းသမီးလေးက ဆင်းရဲသားလေးကို လိုက်ရှာရတဲ့ ဇာတ်လမ်းလေးပေါ့။ အဲလ်ဆိုတဲ့ ကောင်လေးဟာ စနိကာဖိနပ်တွေကိုအရမ်းချစ်တတ်လာအောင်သင်ပေးခဲ့တဲ့ အမေဆုံးပါးသွားပြီးနောက်မှာ ပထွေးဖြစ်သူရယ်၊ ပထွေးရဲ့သားနှစ်ယောက်ရယ်နဲ့ ဖိနပ်ဆိုင်လေးမှာ အနှိမ်ခံဘဝနဲ့ ဆက်အလုပ်လုပ်နေရပါတယ်။ ဒါပေမဲ့ တစ်နေ့မှာအောင်မြင်တဲ့ဖိနပ်ဒီဇိုင်နာဖြစ်ရမယ့် အိပ်မက်တွေရယ် ဖိနပ်ဒီဇိုင်းတွေနဲ့ ပြည့်နေတဲ့ စာအုပ်လေးတစ်အုပ်ရယ် ရှိနေတာပေါ့။ တစ်နေ့မှာတော့ သူ့အိပ်မက်တွေကို တကယ်ဖြစ်လာစေမယ့် ကောင်မလေးတစ်ယောက်နဲ့ တွေ့မိလာတဲ့အခါမှာ... ငြိမ့်ငြိမ့်မြူးမြူးလေးနဲ့ကြည့်ရမယ့် Disney movie ကောင်းလေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size - (2.4GB) / (1.13 GB) Quality – Web-Rip 1080p / 720p Duration - 1Hr 52mins Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Family, Musical Translator – Mr.Anderson Encoder – SWM

Thriller
6 2022 110 mins
Sneakerella
Martial Universe

အားလုံးသိကြတဲ့ Yang Yang(ယန်ယန်)ရဲ့2018ကထွက်ရှိခဲ့တဲ့ movieလေးကို တင်ဆက်ပေးလိုက်ပါပြီနော် လွန်ခဲ့တဲ့နှစ်ရာကျော်တုန်းက တာအိုသခင်ကြီးက နတ်ဝိညာဉ်စွမ်းအားကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့ပေမဲ့ အမှတ်မထင် လောကတံခါးကို ဖွင့်ချမိခဲ့တယ်၊ ဒီလိုနဲ့ တစ်ခြားကမ္ဘာခြား မှော်မိစ္ဆာက ရောက်ရှိလာခဲ့ပြီး ကမ္ဘာကြီးကို ကပ်ဘေးစိုက်စေခဲ့တယ်။ ဒီလိုနဲ့ တာအိုသခင်ကြီးက တပည့်ရှစ်ဦးကိုဦးဆောင်ပြီး မှော်မိစ္ဆာကို တိုက်ခိုက်ချိတ်ပိတ်ခဲ့တယ်၊ဒါပေမဲ့ နှစ်ရာချီကျော်လွန်ပြီးနောက်မှာတော့ မှော်မိစ္ဆာက သွေးဆူလာခဲ့တော့တယ်။ မှော်မိစ္ဆာပြန်လည်ထကြွလာတဲ့အခါ ကမ္ဘာကြီးပျက်သုန်းခြင်းကပ်ဘေးဆိုက်ရောက်မှာဖြစ်ပါတယ်။ တစ်ဖန် မှော်မိစ္ဆာကိုသုတ်သင်ရှင်းလင်းဖို့ လူ့ပြည်ဆင်းသက်လာကြတဲ့ တာအိုဆရာအဖွဲ့အစည်းနဲ့ လင်သုန်းဆိုတဲ့ ပေါ့ပျက်ပျက်ကောင်လေးတို့ တွေ့ဆုံခဲ့ကြတယ်၊ အဲ့ဒီအချိန် တာအိုသခင်ကြီးက လင်သုန်းကို အဖွဲ့အစည်းဂိုဏ်းထဲဝင်ပြီး ဂိုဏ်းအကြီးအကဲရာထူးဆက်ခံဖို့ ကမ်းလှမ်းခဲ့ပြီးနောက်မှာတော့ ... -မှော်မိစ္ဆာကိုဘယ်သူကဇီဝိန်ခြွေနိုင်မလဲ -လင်သုန်းကရော ဘယ်လိုရဲစွမ်းသတ္တိလမ်းကိုခင်းမလဲဆိုတာ အသေးစိတ်ကို ဆက်လက်ကြည့်ရှုခံစားပါ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK

Drama • Romance
0 2018 81 mins
Martial Universe
The Father
8.2

IMDb Rating - 8.3/10 Rotten Tomatoes - 98% လောကမှာ "အို/နာ/သေ" ဘေး တွေဆိုတာ လူတိုင်းလူတိုင်း ရှောင်လွှဲလို့မရတဲ့ နိယာမတရားတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ မသေခင်စပ်ကြား အိုမင်းမစွမ်းကာလကိုတော့ အဆိုးရွားဆုံးအချိန် လို့တောင် သတ်မှတ်လို့ရမယ်ထင်ပါတယ်။ ဒီဇာတ်ကားမှာလည်း အန်တိုနီယို ဟာ အသက်အရွယ် အိုမင်းလာတဲ့အခါ ကြုံတွေ့ရတဲ့ အလားတူ လောကဒဏ်တွေကို အလူးအလဲခံနေရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ မှတ်ဉာဏ်တွေ လျော့နည်းလာတဲ့ ဖခင်ဖြစ်သူကို တစ်ယောက်ထဲထားဖို့ စိတ်မချတဲ့အခါ သမီးဖြစ်သူ "အန်" ဟာ ဖခင်အတွက် ကိုယ်စားစောင့်ရှောက်ပေးမဲ့ သူတွေကို ငှားရမ်းဖို့ကြိုးပမ်းပါတော့တယ်။ ဒီဇာတ်လမ်းဟာ "ငါမအိုသေး" ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့ ဖခင်ဖြစ်သူ နဲ့ အစိုးရိမ်လွန်တတ်တဲ့ သမီးဖြစ်သူတို့ကြားက အားပြိုင်မှုတွေကို… လူ့သဘာဝ စရိုက်တွေ မပျောက်စေဘဲ ဂရုတစိုက် ဖန်တီးထားတဲ့ လက်ရာတစ်ခုဖြစ်တဲ့အပြင် ... ကြည့်ရှုသူ ပရိတ်သတ်ကို အတွေးပေါင်းများစွာပေးနိုင်မဲ့ နာမည်ကျော်ဒါရိုက်တာ Florian Zeller ရဲ့ လက်ရာကောင်းတစ်ခုပဲဖြစ်ပါတယ်… တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်တွေဖြစ်တဲ့ မင်းသားကြီး Antony Hopkins နဲ့ မင်းသမီးကြီး Olivia Colman တို့ရဲ့ masterpiece တစ်ခုဖြစ်တဲ့အတွက် CM ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်.. File Size : (1.85GB) and (835MB) Quality :HEVC.1080P5.1CH,WEB-DL720p Format…mp4 Duration…01:37:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Htet Encoded by Phyo Pyae

Action & Adventure • Animation • Sci-Fi & Fantasy
8.2 2020 96 mins
The Father
A Chinese Fairy Tale A Chinese Ghost Story
5.6

မိစ္ဆာမလေးနဲ့ ခပ်အအ လူငယ်လေးရဲ့ လောကတစ်ဖက်ခြား အချစ်ဇာတ်လမ်းလေးဟာ သိပ်ကိုလှပပြီး လွမ်းတရင်ဆို့ဖွယ်လေးပေါ့ဗျာ။ ကဝေမကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ ယောက်ျားတွေကို မြူစွယ်လို့ ဝိညာဉ်အာဟာရ ရှာပေးရတဲ့ မိစ္ဆာမလေးတွေရဲ့ ဂန္ဓာလရာဇ် တစ်ထောင့်တစ်ညပုံပြင်လေးတစ်ခု။ ဒီဇာတ်ကားကို Joey Wong နဲ့ စတင်ရင်းနှီးခဲ့ရတာ။ လေပေါ်မှာလွင့်မြောနေပြီး ပိတ်စပါးပါးလေးတွေတလွင့်လွင့်နဲ့ သူ့ရဲ့အလှက ရွှေစင်ကို သကြားမင်းကိုယ်တိုင် ထုဆစ်ထားသလိုပါပဲ။ အဲဒီဇာတ်ကားဟာ သိပ်ကိုအောင်မြင်လွန်းလို့ ဟောင်ကောင်ရုပ်ရှင် ဂန္ထဝင်ဇာတ်ကား ၁၀၀ ထဲမှာ နံပါတ် ၅၀ ချိတ်ခဲ့တာပေါ့။ ဒါနဲ့ပဲ အဆက် ၂ ကား၊ animated ရုပ်ရှင်တစ်ကား၊ တီဗီ series တစ်ခုနဲ့ အခုတင်ဆက်ပေးမယ့် ၂၀၁၁ remake ဇာတ်ကားတို့ အဆင့်ဆင့်ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ မကောင်းဆိုးဝါးမလေး စုစင်း နေရာမှာ Lui Yifei (ဂူးဂူး) ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂူဂူးရယ်လို့ ထင်ရှားလှတဲ့ ကျွန်တော်တို့ရဲ့ အိပ်မက်မင်းသမီးလေးဟာ ဒီဇာတ်ကားမှာတော့ Joey Wong ရဲ့လောင်းရိပ်အောက်က ဖောက်မထွက်နိုင်ခဲ့ပါဘူး။ ဘယ်လိုပဲပြောပြော၊ မူလ A Chinese Ghost Story ရဲ့ဇာတ်ကွက်နဲ့ ကျောရိုးကိုဖောက်ထွက်ပြီး ရသအသစ်တွေကို ထပ်ပေးနိုင်တဲ့ကားဖြစ်ပါတယ်။ အချစ်မှာကန့်သတ်ချက်တွေမရှိဘူးဆိုကြပေမယ့် သဘာဝခြင်း ကွာခြားလှတဲ့လူသားနဲ့မိစ္ဆာလောက ၂ခုကြားမှာ လွမ်းမောဖွယ်အဖြစ် တည်ရှိနေမယ့် အချစ်တစ်ခုကိုမြင်တွေ့ရတာဟာ လက်တွေ့ဘဝတွေထဲမှာ အချစ်ကိုဖွေရှာခြင်းလို ရင်ကိုထိရှစေခဲ့ပါတယ်။ ဇာတ်လမ်းကတော့ အားလုံးသိထားပြီးသားပါ။ မကောင်းဆိုးဝါးမလေးတွေကို ကဝေမကြီးကထိန်းချုပ်ပြီးခိုင်းစား။ ခပ်အအ လူငယ်လေး သူတို့ဆီရောက်လာ။ စုစင်း နဲ့တွေ့။ ချစ်မိသွား။ စုစင်း က သူ့ကိုကာကွယ်။ တာအိုဆရာတွေနဲ့ ကဝေမကြီးနဲ့ချ။ နိုင်ချွေးစန် ဆိုတဲ့ ခပ်အအလူငယ်လေး ကဝေမကြီးလက်က စုစင်းရဲ့ ခန္ဓာကိုယ်ကို ခိုးယူပြီး ထွက်ပြေးကြတဲ့ဇာတ်လမ်းပါပဲ။ ကဲ။ သရဲကားကို စောင်ကိုက်ပြီး ကြည့်ကြရအောင်လား‌ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်)

Horror • Romance
5.6 2011
A Chinese Fairy Tale A Chinese Ghost Story
Aneethi
7.1

Aneethi (2023) IMDb – 7.4/10 The Times Of India – 3.5/5 “မိုးလင်းကနေ မိုးချုပ်ထိ မနားတမ်းအလုပ်လုပ်တယ်… အလုပ်က နားလိုက်တာနဲ့ ဒီလောက်ကျယ်တဲ့မြို့ကြီးမှာ ငါ့အတွက်နေရာဆိုတာမရှိဘူး..” တစ်နေကုန် အစားအသောက်ပို့ရင်း တစ်ပုံစံထဲ ငြီးငွေ့စရာနေ့တွေထဲ တွေ့သမျှလူတိုင်းကို သတ်ပစ်ချင်စိတ်နဲ့ အိပ်မရညတွေဖြတ်သန်းရင်း စိတ်ရောဂါကို အံတုနေရတဲ့ ဇာတ်လိုက်ကျော်မင်းသား..။ တစ်နေ့ ညနက်မှပို့တဲ့ Deli way ထဲက အသံချိုချို လက်လှလှလေးနဲ့ ကြွေကျသွားတဲ့ နှလုံးသားကြောင့် | နေ့တိုင်း ဒီအိမ်ကြီးဆီ ချစ်ရသူလေးအတွက် မုန့်ပို့ဖို့ အကြောင်းတွေရှာပြီး နည်းလမ်းရှာအနားကို ပြေးကပ်ရပါပြီ။ စိတ်ရောဂါဆိုတာ ပန်းလေးလိုပါပဲ ဂရုထားပုံပေါ်မူတည်ပြီး ကြွေရင်ကြွေ ၊ မကြွေရင် ဝေ ။ ဒီလိုအခြေအနေမှာမှ လူသတ်ချင်နေတဲ့မင်းသားတစ်ယောက် အချစ်မှာမျောပါသွားတဲ့အခါ အရောင်မဲ့ကမ္ဘာကြီး သက်တံ့တွေထွန်းလာတော့တာပေါ့။ ဒီလိုနဲ့ ချစ်တတ်လာတဲ့မင်းသားဟာ တစ်နေ့တာမှာ အပြုံးတွေဝေ အသက်ရှင်လာသလိုခံစားရလာရကနေ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေကြောင့် တရားခွင်ရင်ဆိုင်ရမယ့်အခြေအနေတွေ ဖြစ်လာတဲ့အခါ..။ ဒီ့အပြင် ချစ်ရသူကိုယ်တိုင်ကပါ သူ့ကို ချနင်းပြီး အသုံးချသွားတဲ့အခါ..။ နဂိုစိတ်ရောဂါအခံနဲ့မင်းသားတစ်ယောက် ပိုပဲဆိုးသွားမလား… ဘာတွေဆက်ဖြစ်မလဲဆိုတာကို Romance, Thriller,Crime ရောစပ်ပြီး အချိတ်အဆက်မိမိရိုက်ကူးထားတဲ့ကားလေးမို့ CM BOLLYWOOD TEAM မှ ဘာသာပြန်တင်ဆင်ပေးလိုက်ရပါတယ်ရှင့်။ အညွှန်းကိုတော့ Aditi ရေးသားပြီး CM BOLLYWOOD TEAM မှ Aditi ~ ToMo ~ Zwe ~ Alex ~ BpL ~ V တို့ဘာသာပြန်တင်ဆက်ထားတာပဲဖြစ်ပါတယ်။

7.1 2023 143 mins
Aneethi
Chhota Bheem MahaShaitaan Ka Mahayudh
9.1

Chhota Bheem Mahashaitaan Ka Mahayudh (2023) ချိုတာဘီးမ်နှင့် မဟာရှိုက်တန်နတ်ဆိုးကြီး IMDb- 9.1/10 ကျွန်တော်တို့ ငယ်ငယ်ကကြည့်ခဲ့ရတဲ့ ချိုတာဘီးမ်ကာတွန်းကားလေး ဇာတ်ကားအနေနဲ့ထွက်လာခဲ့ပါပြီ။ လောလောလတ်လတ် အဗာထာကြည့်ပြီးတဲ့သူတွေဆို ပိုပြီးတော့ သဘောခွေ့ကြမှာပါ။ မီး,ရေ,လေ နဲ့ မြေဆိုတဲ့ ချက္ကရာလေးခုသာရှိနေသေးပြီး အာကာသချက္ကရာဆိုတဲ့ ငါးခုမြောက်ချက္ကရာ မပွင့်သေးချိန် မဟာရှိုက်တန်လို့ခေါ်တဲ့ နတ်ဆိုးကြီးက ကမ္ဘာမြေကိုသိမ်းပိုက်ဖို့အတွက် ကမ္ဘာမြေကြီးပေါ်ကိုရောက်ရှိလို့လာခဲ့ပါတော့တယ်။ ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ကြံစည်ရင်း မဟာရှိုက်တန်ဟာ သူ့တပည့် ရန်ဂနာကို လူသားတွေကို ဇွန်ဘီးနဲ့ ဗန်ပိုင်းယားတွေဖြစ်အောင်ပြောင်းခိုင်းပြီး လူသားတွေအကုန်မျိုးပြုတ်အောင်ကြံစည်ပါတော့တယ်။ ဒီလို ကမ္ဘာကြီးကို အုပ်စိုးဖို့လာခဲ့တဲ့ မဟာရှိုက်တန်နဲ့ ချိုတာဘီမ်းတို့သူငယ်ချင်းတစ်သိုက်နဲ့ တွေ့ကြတဲ့အခါမှာတော့ ချိုတာဘီးမ်တို့ သူငယ်ချင်းတစ်သိုက်က ကမ္ဘာကြီးကို ကယ်တင်ဖို့ ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ…….. ငါးခုမြောက်ချက္ကရာကရော ပွင့်သွားမလား …… ဆိုတာတွေကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ V ~ BpL ~ Alex ~ ToMo ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

9.1 2023
Chhota Bheem MahaShaitaan Ka Mahayudh
Monster Mash
5.8

ဒီရုပ်ရှင်ဟာဆိုရင်တော့ ဒရက်ကူလာ၊ ကိုယ်ပျောက်လူသား၊ မံမီ၊ သမန်းဝံပုလွေ၊ ဖရန်ကင်စတိုင်း၊ အစရှိတဲ့ ဒဏ္ဍာရီတွင်တဲ့ သတ္တဝါကြီးတွေ၊ ဇာတ်လမ်းတွေ အကုန်လုံးကို ပေါင်းထားတာပါ။ Hotel Transylvania ရုပ်ရှင်ထဲကလိုမျိုးပါပဲ။ Tom Cruise ရဲ့ The Mummy ရုပ်ရှင်နဲ့အစပြုလို့ Universal Studio ကနေ တည်ဆောက်ဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့တဲ့ Dark Universe ရဲ့ ဖြစ်လာသင့်တဲ့ ပုံစံမျိုးလို့ ပြောရမှာပါ။ ဒါပေမယ့် ဒါကတော့ low budget အမျိုးအစားဖြစ်လို့ တချို့နေရာတွေမှာ လိုအပ်ချက်တော့ ရှိနေမှာပါ။ အတည်ပေါက်လုပ်ထားပေမယ့် တချို့ ကြောင်တောင်တောင် အကွက်တွေ ပါနေတာမျိုးကိုတော့ သည်းခံကြည့်ရမှာပါ။ ဒါပေမယ့် ရှေးဟောင်းစတိုင် Horror ရှပ်ရှင်ပုံစံမျိုး ရိုက်ကူးထားတာမို့ ကြည့်ရတာ တော့ တစ်မျိုးဆန်းနေမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကန်ဒယ်ဝုဒ်ရွာလေးရဲ့ တစ်နေရာတွေဆီမှာ ဒရက်ကူလာ၊ မံမီ၊ သမန်းဝံပုလွေနဲ့ ကိုယ်ပျောက်လူသားတို့ဟာ အသီးသီး လူသားတွေနဲ့ ဝေးရာမှာ ပုန်းကွယ်ကြီးနေကြပါတယ်။ ဖရန်ကင်စတိုင်း ဖန်တီးထားတဲ့ သတ္တဝါကြီးဟာ ဒရက်ကူလာရဲ့ သမီး အယ်လီဆာဘက်တာ့ကို ဖမ်းသွားပါတယ်။ ဒါပေမယ့် ဖရန်ကင်စတိုင်းဟာ အဲမှာတင် ရပ်မနေဘဲ ရွာနားတစ်ဝှိက်မှာရှိနေတဲ့ သတ္တဝါအားလုံးကို ပစ်မှတ်ထားပြီး သူတို့ဆီကနေ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ လုယူဖို့ ကြိုးစားပါတယ်။ ဒရက်ကူလာလည်း သူ့သမီးအဖမ်းခံရပြီး တခြားသတ္တဝါတွေ တိုက်ခိုက်ခံရတာကို လိုက်စုံစမ်းရင်း မံမီ၊ သမန်းဝံပုလွေ၊ ကိုယ်ပျောက်လူသားတို့နဲ့ အဖွဲ့ကျသွားပါတယ်။ ဖရန်ကင်စတိုင်းရဲ့ ရည်မှန်းချက်ကဘာလဲ၊ ဒရက်ကူလာတို့အဖွဲ့ကရော ဖရန်ကင်စတိုင်းနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်မှာလားဆိုတာကိုတော့ ဆက်လက်ကြည့်လိုက်ပါဦး

5.8 2024
Monster Mash
Death Whisperer / Tee Yod
6.6

Tee Yod / Death Whisperer (2024) Thai horrorတွေထဲမှာ ထူးထူးခြားခြား IMAX certified cameraနဲ့ ရှယ်ရိုက်ကူးထားတဲ့first thai imax horrorဖြစ်တဲ့အပြင် lead castကိုကြည့်ရင်လည်း acting တစ်ပေါက် ရှမ်းရှမ်းတောက်တဲ့ Nadech နဲ့ပွဲထွက်လာတဲ့ Death Whisperer မနှစ်ထဲက တနုံ့နုံ့နဲ့ OTTတက်ဖို့ မျှော်ခဲ့ရ၊ ရုံမှာကြည့်တဲ့သူတွေရဲ့ အညွှန်းအတိုအစလေးတွေနဲ့ စိတ်ကူးပဲယဉ်နိုင်ခဲ့တဲ့သူထဲ စီအမ်ပရိသတ်တွေပါခဲ့မယ်ဆိုရင် ခုပဲကြည့်ရှုခံစားလိုက်ဖို့ တင်ဆက်ပေးလိုက်ပါပြီဗျ။ ဖြစ်ရပ်မှန်လိုလို ဘာလိုလိုပြောနေကြပေမဲ့ သက်ကြီးစကားသက်ငယ်ကြား လက်ဆင့်ကမ်းရာကနေ websiteမှာ ပို့စ်အနေနဲ့တက်လာပြီး လူသိများလာတဲ့ဒီဇာတ်လမ်းလေးက ဘယ်လောက်ထိစိတ်ဝင်စားဖို့ကောင်းနေလို့လဲ။ B.O စံချိန်တွေဘာတွေချိုးတဲ့အထိ အထာကျတဲ့ရုပ်ရှင်ကလည်းဖြစ် Sequel လည်းလာဖို့ရှိတော့ Thai horror fanမှန်ရင်တော့ လက်မလွှတ်တမ်းကြည့်သင့်ပါကြောင်း ပြောရင်းနဲ့ပဲ ဇာတ်လမ်းကိုဆက်လိုက်ရအောင်ပါ။ ကန်ချနာဘူရီမြို့က ရွာငယ်လေးမှာ အမျိုးသမီးငယ်လေးတွေက အတော်လေးရက်စက်ပြီး ထူးဆန်းတဲ့ပုံစံတွေနဲ့ သေဆုံးကုန်ကြပါတယ်။ ဒါပေမဲ့ ဘာကြောင့်သေတယ်ဆိုတာကိုတော့ ဘယ်သူမှ သေချာမသိကြပါဘူး။ အောက်လမ်းလိုလို နတ်ဆိုးလိုလိုနဲ့ အမှုမဲ့အမှတ်မဲ့နေကြတာပေါ့။ ဒီရွာလေးမှာ သမီး ၃ ယောက် သား ၃ ယောက်ရှိတဲ့ လယ်သမား ထိုင်းတရုတ်ကပြားမိသားစုတစ်စု နေထိုင်ကြပါတယ်။ ဒီလိုနဲ့ ညီအစ်မ ၃ ယောက် ကျောင်းအပြန်နောက်ကျလို့ အိမ်ပြန်ရင်း ကျောချမ်းဖွယ်သစ်ပင်ကြီးအောက်က ထူးဆန်းတဲ့မိန်းမကြီးကိုမြင်ရာကနေ ကြမ္မာဆိုးဝင်ဖို့ဖြစ်လာပါတယ်။ အဲဒီတုန်းကတော့ ညီအစ်မ ၃ ‌ယောက်သား ခပ်သုတ်သုတ် အိမ်ပြန်ပြေးလာပေမဲ့ ဒုတိယအကြိမ် ဒီမိန်းမကြီးကို ပွဲဈေးမှာ ထပ်တွေ့အပြီးမှာတော့ အမြဲချူချာတတ်တဲ့ယမ်က တရှောင်ရှောင်ဖြစ်လာပြီး ပုံမှန်မဟုတ်တဲ့လက္ခဏာတွေလိုလို သရဲပူးသလိုလိုတွေ ဖြစ်လာတဲ့အခါ… သိပ်ကိုစည်းကမ်းကြီးလွန်းတဲ့အဖေရဲ့ ချုပ်ချယ်မှုအောက်မှာ လွတ်လပ်မှုကိုလိုချင်လို့ စစ်ထဲဝင်သွားတဲ့အစ်ကိုအကြီးဆုံးယာ့ခ်တစ်ယောက် တကယ်တမ်းမိသားစုက အကူအညီလိုအပ်လာချိန်မှာ ဘယ်လိုဦးစီးဦးဆောင်လုပ်ပြီး ပြဿနာကို ဖြေရှင်းမလဲဆိုတာ ရှုစားကြပါဦး။ Evil Dead Rise/ Evil Deadလို ခံစားချက်မျိုးရစေပြီးတော့ Old But Gold Shutterနဲ့ The Mediumတို့လို ကြည့်ရတန်စေမယ့်ကားပါဆိုပြီး သူ့ထက်ငါအပြိုင်ညွှန်းနေကြတာမလို့ တကယ်ပဲ worth watching ဖြစ်မဖြစ် ကိုယ်တိုင်ကြည့်ရှု အကဲဖြတ်လိုက်ရအောင်ပါ။ အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kaung, Mary, Char Ou တို့ပဲ ဖြစ်ကြပါတယ်။ Genre….. Horror, Thriller Quality…. 1080p | 720p File size… 1.8GB | 765MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung, Mary, Char Ou Encoder ….. Aaron

6.6 2024
Death Whisperer / Tee Yod
Full Metal Jacket
8.3

Full metal Jacket ( 1987 ) IMDb Rating (8.3) / Rotten Tomatoes (90%) အမေရိကန်ဒါရိုက်တာတွေထဲ အတော်ဆုံးဆိုတဲ့ ဒါရိုက်တာတွေ တော်တော်တော့များတယ်ပေမဲ့ စတန်လေကူးဘရစ်ကတော့ အဲဒီအတော်ဆုံးတွေရဲ့ အတော်ဆုံးထဲကမှ အတော်ဆုံးလို့တောင် ပြောလို့ရလောက်ပါတယ်။ Genre ပေါင်းစုံရိုက်ခဲ့ပြီး ရိုက်ခဲ့သမျှလဲ သူ့Genreမှာသူ အနုပညာအရထိပ်ဆုံးက အောင်မြင်နေတဲ့ ရုပ်ရှင်တွေချည်းရိုက်ထားတဲ့သူပါပဲ။ သူ့ရုပ်ရှင်တွေဟာ ဟောလိဝုဒ်နယူးဝေ့ရဲ့ အရေးပါတဲ့ ရုပ်ရှင်တွေဖြစ်ခဲ့သလို ၂၀ရာစု ကမ္ဘာ့ရုပ်ရှင်ရဲ့ အရေးအပါဆုံး ရုပ်ရှင်တွေလည်းဖြစ်ခဲ့တယ်။ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးရုပ်ရှင်လို့လည်း ပြောကြတဲ့ Citizen Kaneရဲ့ ပဲ့ကိုင်ရှင် အော်ဆန်ဝဲလ်က သူ့အောက်မျိုးဆက်မှာ ကူးဘရစ်ဟာ တော်တော်အထင်ကြီးစရာကောင်းတယ်လို့ ပြောခဲ့ဖူးတယ်။ စပီးဘာ့ချ်, စကောဆေးစိ,ကော်ပိုလာ,လူးကတ်စ်,ကလင့်အိစ်ဝုဒ်, ကင်မရွန်း,ဝူဒီအယ်လန်, တင်ဘာတန်, တာရတန်တီနို ,ဒေးဗစ်လင်း, ပေါလ်သောမတ်အန်ဒါဆန်, ဝက်စ်အန်ဒါဆန်, အာရွန်နော့စကီး, နိုလန်, ရစ်ချက်လင့်လိတ်တာ, မိုက်ကယ်မန်း, ဒယ်တိုရို, ဂျော့အေရိုမီရို ဆက်ရေးရင် အေဖိုးတစ်မျက်နှာပြည့်မှာမို့ ဒီနားပဲထားလိုက်တာပေါ့။ ဒီလူတွေဟာ လိုင်းပေါင်းစုံက ကိုယ်ပိုင်ဟန်အပြည့်နဲ့ ဒါရိုက်တာတွေပါ။ ရိုမီရိုဆို zombieရုပ်ရှင်တွေရဲ့ ဖခင်ကြီးပါပဲ။ ဒီလိုလူတွေက ကူးဘရစ်က သူတို့ရဲ့ inspirationဖြစ်စေတဲ့ ရင်းမြစ်လို့ ပြောခဲ့ပါတယ်။ ဟုတ်လည်းဟုတ်မှာပါ။ ကူးဘရစ်မရိုက်ဖူးတဲ့ ရုပ်ရှင်အမျိုးအစားကလည်း ခပ်ရှားရှားပါပဲ။ ပြောရရင် ကျွန်တော်တို့သိတဲ့ အမေရိကန်ဒါရိုက်တာတွေအားလုံးနီးပါးက ကူးဘရစ်ကို ချစ်တဲ့သူတွေ ကူးဘရစ်နဲ့ မကင်းတဲ့လူတွေချည်းပါပဲ။ IMDBက The Top 50 Greatest Directors of All Timeစာရင်းမှာလည်း ကူးဘရစ်က ထိပ်ဆုံးကနေရာယူထားပါတယ်။ ၂ကတော့ အကီရာကူရိုဆာဝါပါပဲ။ ဒါက ကူးဘရစ်ရဲ့ခမ်းနားမှုနဲ့ သူ့ကို တန်ဖိုးထားကြပုံကို ပြောရုံသက်သက်ပါပဲ။ ကိုယ့်ရင်ဘတ်နဲ့ ကိုယ်တိုင်းပြီး ကိုယ့်အကြိုက်ဆုံး ရုပ်ရှင်ကိုတော့ ဆုံးဖြတ်လို့ရပေမဲ့ အကောင်းဆုံးရုပ်ရှင်ကိုတော့ သွားဆုံးဖြတ်လို့မရသလိုပဲ ဘယ်ဒါရိုက်တာက ဘယ်ဒါရိုက်တာထက်ပိုတော်ပါတယ်လို့လည်း ကျွန်တော်တို့ သွားပြောလို့မရဘူး။ အနုပညာမြောက်နေတဲ့အနုပညာပစ္စည်းတွေကို တစ်ခုနဲ့တစ်ခု ဘာက ဘာထက်ပိုသာတယ်လို့ သွားပြောလို့မရသလိုပဲပေါ့။ Full metal Jacket ဟာ ကူးဘရစ်မသေခင် ရုံတင်ခဲ့တဲ့ကူးဘရစ်ရဲ့ နောက်ဆုံးကားဆိုလည်းဟုတ်တယ်။ သူရိုက်ခဲ့တဲ့နောက်ဆုံးကားကတော့ Eyes Wide Shut။ ဝေဖန်ရေးသမားတွေဆုံးဖြတ်ထားတဲ့ အကောင်းဆုံးစစ်ကားတွေစာရင်းထဲတော့ ထိပ်ဆုံးကားက ကူးဘရစ်ရဲ့ကားဖြစ်သလို Full metal Jacketကလည်း အဲဒီစာရင်းမှာ နံပါတ်၃နေရာကိုယူထားတယ်။ သူရိုက်ခဲ့တဲ့ နောက်စစ်ကား ၂ကားမှာ တစ်ကားကလည်း စစချင်းရိုက်ခဲ့တာပေမဲ့ အခြေအနေတစ်ခုမှာရှိနေသလို Dr. Strangelove ဆိုလည်း နောက်ထပ်မာစတာပိစ်တစ်ကားပါပဲ၊။ ဇာတ်ကတော့ အမေရိကန်တွေရဲ့ ပြဿနာတော်တော်ကြီးခဲ့တဲ့ ဗီယက်နမ်စစ်ပွဲအကြောင်းပဲ။ ဒါမဲ့ ကူးဘရစ်ရိုက်ပြပုံက သူများနဲ့တော့ နည်းနည်းထူးတယ်။ သူက ဗီယက်နမ်စစ်ပွဲကို အရင်မပြဘူး။ စစ်သင်တန်းဝင်တာကနေ အရင်စပြတယ်။ စစ်သင်တန်းမှာ ဘယ်လိုရက်စက်ခက်ထန်ပြီး ဘယ်လိုလူတွေဖြစ်လာအောင် ပုံသွင်းခံခဲ့ရလဲက အရင်ပြတယ်။ ဒါကလည်း နောက်လာမယ့် အခန်းတွေအတွက် တော်တော်လေးတာသွားတယ်။ ဒီလောက်ရက်စက်ခက်ထန်တတ်အောင်‌ လူကိုလူလို့မမှတ်ဘဲအုပ်ချုပ်ခဲ့တဲ့ သွေးခွဲအုပ်ချုပ်တဲ့အထိ လုပ်ခဲ့တဲ့ လေ့ကျင့်ရေးစခန်းကို ဖြတ်သန်းပြီးတဲ့ မရိန်းတပ်သားတွေရဲ့ပြောင်းလဲသွားပုံနဲ့ အဲဒီလိုပြောင်းလဲပေးပြီးတာတောင် ဗီယက်နမ်စစ်ပွဲကို လက်တွေ့ရင်ဆိုင်ရတဲ့အခါ ဆောက်တည်ရာမရဖြစ်သွားတဲ့ပုံစံတွေကို ယှဉ်ပြထားတယ်လို့တောင် ပြောရမယ်။ ဒီကားရဲ့တစ်ဝက်လောက်အထိကို စစ်သင်တန်းက ပေးတဲ့ထရော်မာတွေရဲ့ ရက်စက်ပုံကို ပြထားပြီးတဲ့နောက် ပိုဆိုးတာမရှိလောက်တော့ဘူးလို့ အားလုံးထင်နေတဲ့အချိန်မှာပဲ လောကကြီးက ပိုရက်စက်တတ်ကြောင်း ပြက်ရယ်ပြုသွားတဲ့ရုပ်ရှင်ပါပဲ။ ကူးဘရစ် ဗီယက်နမ်တိုက်ပွဲကို ပြတဲ့ပုံစံက ကော်ပိုလာတို့ အိုလီဗာစတုန်းတို့လို ခမ်းကြီးနားကြီးမဟုတ်ဘူး။ ယုတ်စွအဆုံး ဖောရပ်ဂန့်စ်ထဲကလောက်တောင် ကြီးကျယ်တဲ့ တိုက်ပွဲမဟုတ်နေဘူး။ သူ့ကိုကလည်း ဟိုးအောက်ဆုံးအဆင့်အထိ တမင်ခေါ်ပြီး သရော်ထားတာပါပဲ။ ကူးဘရစ်မှာ စစ်ပွဲကို သရော်တတ်တဲ့အကျင့်လေးတော့ ပါလာပုံရတယ်။ ကူးဘရစ်ရဲ့တင်ဆက်ပုံဟာ ဇာတ်က ဘာမှမရှိဘူးလို့ထင်ရတယ်။ ဘာမှအရေးမပါလှတဲ့ အကြောင်းအရာလို့လည်းထင်ရတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒီဘာမှမရှိတဲ့ဇာတ်ကိုက ခင်ဗျားခေါင်းထဲ စွဲသွားမယ့်ဇာတ်ဖြစ်သွားပြီး ဘာမှအရေးမပါတဲ့အကြောင်းအရာကိုက ဗီယက်နမ်စစ်ပွဲနဲ့စစ်သားတွေရဲ့အခြေအနေတွေအားလုံးကို ကိုယ်စားပြုနေတယ်။ ဒါတော့ ကူးဘရစ်အတွက် မဆန်းလှတော့ပါဘူး။ The Shiningလို ဟော်ရာကားမျိုးကို သူရိုက်ခဲ့တာကိုပဲ ကြည့်ပေါ့။ ကူးဘရစ်ရဲ့ Full Metal Jacketဟာ စစ်ကားတစ်ကားဆိုတာထက် စစ်ပွဲထဲက လူတွေအကြောင်းလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဒီရုပ်ရှင်မှာ စုတ်ပြတ်သတ်နေတဲ့ လောကကြီးတစ်ခုရှိတယ်။ အဲဒီလောကကြီးမှာ ရှင်နေကြတဲ့လူတွေရှိတယ်။ အဲဒီလူတွေထဲ ကိုယ့်ကိုယ်ကိုယ်လိမ်လိုက်ပြီး အဲဒီလောကကြီးကို ရင်ဆိုင်နိုင်ခဲ့ကြသူတွေရှိတယ်။ အဲဒီလောကကြီးကို ရင်မဆိုင်နိုင်တော့တဲ့သူတွေလည်းရှိတယ်။ အဲဒီလောကကြီးကတော့ ဘာမှမပြောင်းလဲသွားပေမဲ့ တပ်သားဂျိုကာရဲ့အဆုံးပိတ်စကားလိုပဲ အဲဒီလောကကြီးကို ရင်ဆိုင်နိုင်သွားတဲ့လူတွေကတော့ အသက်နဲ့ကိုယ် အိုးစားမကွဲသွားတာကိုပဲ ကျေးဇူးတင်ရင်း ဘာကိုမှမကြောက်တတ်ကြတော့ဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

8.3 1987
Full Metal Jacket
Maruthi Nagar Subramanyam
7.7

Maruthi Nagar Subramanyam (2024)”ဗရုတ်သုတ်ခ မိသားစု” ============================================= တေလေဂူးမင်းသားကြီး ရောဝ်ရာမက်ရှ်ရဲ့ အသစ်ထွက်ထားတဲ့ ဟာသဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဆူဘရာမန်ယမ်ဟာ အစိုးရအလုပ်မရမချင်း အလုပ်မလုပ်ဘူးလို့ သံဓိဌာန်ချထားသူဖြစ်ပြီး သားဖြစ်သူ လူပျိုဖြစ်တဲ့ထိ အလုပ်မရှိသေးတဲ့သူဖြစ်ပါတယ်။ သူတို့မိသားစုဟာ ဆူဘရာမန်ယန်ရဲ့ ဇနီးဖြစ်သူ ရာနီရဲ့လစာတစ်ခုတည်းနဲ့ လည်ပတ်နေရတာဖြစ်ပြီး မိသားစုဝင်တွေကလည်း ရောဂါသည်ဖြစ်ချင်နေတဲ့ ယောက္ခမကြီးရယ် သူ့ကိုယ်သူ လူစားလဲခံရတဲ့သူဌေးသားလို့ထင်နေတဲ့ သားဖြစ်သူရယ်နဲ့ တကယ့် ကဂျီကဂျောင်တွေပါ။ အဲဒီလို အလုပ်မရှိတဲ့ ဆူဘရာမန်ယန်ကို မိန်းမဖြစ်သူက အမြင်ကပ်လို့ စီးကရက်ဖိုးတောင်မပေးတော့တဲ့အချိန်မှာ သူ့ရဲ့ဘဏ်အကောင့်ထဲကို ဘယ်ကမှန်းမသိရတဲ့ ပိုက်ဆံဆယ်သိန်း မှားဝင်လာတဲ့အချိန်မှာတော့ ဆူဘရာမန်ယမ်ရဲ့ဘဝအတွက် အလှည့်အပြောင်းတွေဖြစ်လာခဲ့ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Science Fiction • Thriller • Horror
7.7 2024 144 mins
Maruthi Nagar Subramanyam
The Blue Rose

The Blue Rose (2023) ဒီရုပ်ရှင်ဟာ တစ်မျိုးထူးဆန်းပါတယ်။ အမျိုးအစား သတ်မှတ်ထားခြင်းမရှိတဲ့ genre bending ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အမြင်မှာတော့ သဘာဝလွန်၊ မှုခင်းအမျိုးအစားလို့ သတ်မှတ်ချင်ပါတယ်။ ဒါကလည်း ကြည့်ရှုသူရဲ့အမြင်ပေါ်မှာ မူတည်သွားနိုင်ပါတယ်။ ဇာတ်လမ်းတည်ဆောက်ပုံကလည်း ထူးခြားပြီးတော့ သာမန်ကြည့်ရှုသူ ပရိသတ် ကြိုက်နိုင်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် ကြည့်ရှုရင်း ခံစားချက်တစ်ခုခုတော့ ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၅၀ ခုနှစ်မှာ ဒယ်လ်တန်နဲ့ လီလီဆိုတဲ့ လူသစ်စုံထောက် နှစ်ယောက်ဟာ လူသတ်မှုတစ်ခုကို လိုက်လံစုံစမ်းကြပါတယ်။ အသတ်ခံရသူက ဟဲရိုး အိုမယ်လီဆိုတဲ့ လူပါ သူ့ဇနီးသည် ဆိုဖီ အိုမယ်လီဟာလည်း ပျောက်ဆုံးနေတာမို့၊ ပြန်ပေးဆွဲခံရတာဆိုပြီး ရဲဖက်က ကောက်ချက်ချထားပါတယ်။ အယ်လ်တန်နဲ့ လီလီလည်း အခင်းဖြစ်နေရာကိုသွားကြရင်း ထူးဆန်တဲ့လက္ခဏာတွေ တွေ့ကြရပါတယ်။ တွေ့တဲ့ သဲလွန်စအရ ဆိုဖီ့အစ်မ နော်မာစတီးလ်ရဲ့ အိမ်ကို ဆက်သွားကြပါတယ်။ အဲလိုနဲ့ သဲလွန်စတွေကို လိုက်လံ့ စုံစမ်းရင်း ဒီဖက်လောကနဲ့ မတူညီတဲ့ တခြားဖြစ်တည်မှုတစ်ခုကို ရောက်သွားပါတယ်။ အဲမှာက သူတို့ရဲ့ အဆိုးဆုံးအိပ်မက်ဆိုးတွေနဲ့တည်ဆောက်ထားပြီး သူတို့ လွတ်မြောက်နိုင်ဖို့ ရုန်းကန်ကြရပါတော့တယ်….. အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Fantasy, Horror, Mystery Quality…. 1080p WEB-DL | 720p WEB-DL File size… 1.6GB | 626MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator …..Leonard Lin Encoder ….. Aaron

0 2023
The Blue Rose
Blue Cave/ Mavi Magara

တူရကီ အချစ်ဇာတ်လမ်းကောင်းလေး တစ်ပုဒ်လို့ ဆိုရမယ့် ဒီရုပ်ရှင်ကားဟာ ကြည့်ရှုသူတွေကို ဝမ်းသာ ဝမ်းနည်း mood အမျိုးမျိုး ပေးနိုင်ပါတယ်။ အဓိက ဇာတ်ကောင် နှစ်ဦး ဖြစ်တဲ့ Alara နဲ့ Cem ရဲ့ ချစ်ဇာတ်လမ်းလေးမှာ ကိုယ်တိုင်က third wheel တစ်ယောက်လိုဖြစ်သွားပါတယ်။ Cem က ရေတပ်က တပ်သားတစ်ဦး ဖြစ်ပြီး သူငယ်ချင်းတွေနဲ့ အတူ အပြင်ထွက်ရင်းနဲ့ စားသောက်ဆိုင်တစ်ခုမှ Alara ကို စတွေ့ခဲ့ပါတယ်။ စစတွေ့ချင်း မြင်မြင်ချင်း ချစ်မိသွားပေမယ့် စကားသွားမပြောရဲခဲ့ပါဘူး။ ဒါနဲ့ပဲ Alara ကိုယ်တိုင်က သူ့ကို တစ်ချိန်လုံး ငေးကြည့်နေခဲ့တဲ့ Cem ကို သတိထားမိပြီး စကားစလာပြောခဲ့ပါတယ်။ Alara က ရှေးဟောင်းသုတေသန ပညာရှင်တစ်ယောက်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ နှစ်ဦးသား ချိန်းတွေ့ဖြစ်ကြပါတယ်။ Cem ကAlaraကို သူ့အတွက်အရေးပါတဲ့ နေရာလေးတစ်ခုဖြစ်တဲ့ ကစားကွင်းလေးတစ်ခုကို ခေါ်သွားခဲ့ပြီး Alara ကလည်း သူ့အတွက် အရေးပါတဲ့ နိဗ္ဗာန်ဘုံလို လှတဲ့ Mavi Magara လို့ခေါ်တဲ့ လှိုဏ်ဂူပြာအကြောင်းပြောပြခဲ့ပါတယ်။ တစ်နေ့မှာ ချစ်တဲ့သူ Cemနဲ့ အတူသွားမယ်ဆိုပြီး Alara တစ်ယောက် ရည်စူးထားပေမယ့် အိမ်မက်တွေ မပြည့်ဝခဲ့ရပါဘူး။ ရုပ်ရှင်ထဲမှာ Cem တစ်ယောက်ပဲ လှိုဏ်ဂူပြာဆီကို သွားနေတာ တွေ့ရမှာပါ။ ကြည့်ရင်း ကြည့်ကောင်းလာတဲ့ ရုပ်ရှင်မျိုးမလို့ ကိုယ်တိုင် ခံစားကြည့်ကြဖို့ တိုက်တွန်းပါတယ်။ File size…(1.2 GB)/(782 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

0 2024
Blue Cave/ Mavi Magara
Hoard
6.6

Hoard (2023) IMDb Rating (6.6) / Rotten Tomatoes (94%) မာရီယာက မိခင်ဖြစ်သူ စင်သီယာနဲ့ အမေတစ်ခုသမီးတစ်ခုကြီးပြင်းလာခဲ့ရသူဖြစ်တယ်။ စင်သီယာက စွန့်ပစ်ပစ္စည်းတွေကို‌ကောက်ရတာ ဝါသနာကြီးသူဖြစ်တာကြောင့် အိမ်မှာအမြဲအမှိုက်တွေပွနေတတ်ပြီး သမီးဖြစ်သူနဲ့လည်း အဲ့ကိစ္စကြောင့် စကားများတတ်ကြပါတယ်။ ဒါပေမဲ့ မာရီယာလေး ဆယ်ကျော်သက်အရွယ်ကျောင်းသူဘဝရောက်လာတဲ့အချိန်မှာတော့ မွေးစားမိခင် မီရှဲလ်နဲ့အတူ ဘဝအသစ်တစ်ခုမှာနေနေရပါတော့တယ်။ မာရီယာက ကျောင်းထွက်လိုက်ပြီး ဘာလုပ်မှန်းမသိဖြစ်နေချိန်မှာ မီရှဲလ်အရင်ကစောင့်ရှောက်ပေးခဲ့ဖူးတဲ့ မိုက်ကယ်ဆိုတဲ့လူတစ်ယောက် သူတို့အိမ်မှာလာတည်းဖို့အကြောင်းဖြစ်လာပါတော့တယ်။ မိုက်ကယ်က ချစ်သူကောင်မလေးရှိရက်နဲ့ မာရီယာ့အပေါ်စိတ်ခံစားချက်တွေ ယိုင်နဲ့လာတဲ့အခါတော့ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကြည့်ရမဲ့ စိတ်ကျန်းမာရေးအသားပေး ဒရာမာဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။) File size…(2.3 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….02:07:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khant Sett Naing

Romance • Drama
6.6 2024 126 mins
Hoard
Little Children
7.5

Little Children (2006) IMDb Rating (7.5) / Rotten Tomatoes (80 %) မင်းသမီး Kate Winslet နဲ့ Jennifer Connelly တို့အပြိုင်ကြဲထားပြီး သူတို့နှစ်ယောက်အပြိုင်လုမယ့်မင်းသားကတော့ Patrick Wilson ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့.. ဘရက်ဆိုတဲ့ ကလေးအဖေဆီမှာ ကေသီဆိုတဲ့ မော်ဒယ်ရှုံးအောင်လှတဲ့ ဇနီးသည်လေးရှိပေမယ့် သူ့ဘဝသူ မလွတ်လပ်ဘူး မရှင်သန်ဘူးထင်ရာကနေ ဆာရာဆိုတဲ့လုံးကြီးပေါက်လှ ကလေးအမေ နောက်တယောက်ကို ငြိတွယ်မိသွားပါတယ်။ ဆာရာကျတော့လဲ သူ့ခင်ပွန်းရဲ့လိင်စိတ်စွဲလမ်းမှုတလွဲတွေကို သည်းမခံနိုင်ဖြစ်ရာကနေ သူ့ဘဝသူမကျေနပ်နဲ့ ပိတ်လှောင်နေရသူပါ။ ဒီလိုရှင်သန်ရာကိုယ်စီဘဝမှာ အားမရသူနှစ်ယောက်အချင်းချင်း အားပေးကူညီကြရင်း အားတွေပါကုန်ပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ……။ ဒါတင်မကသေးဘဲ ဝမ်းနည်းကြေကွဲစရာ လူ့သဘောသဘာဝတခုနဲ့ပါ ချိတ်ဆက်ထားတာမလို့ ဒီရုပ်ရှင်ကားက Rating တွေလဲ ကောင်းခဲ့သလို တကယ်လဲ ထိုင်ရာမထတမ်းကြည့်မိမယ့် ရုပ်ရှင်မျိုးဖြစ်ပါတယ်။ ” လူတွေဟာ အတိတ်ကို ပြန်မပြင်နိုင်ကြပါဘူး.. ဒါပေမယ့်..အနာဂတ်ဘဝကိုတော့..မတူကွဲပြားအောင် တည်ဆောက်လို့ရပါတယ်… စပြောင်းလဲဖို့သာ အဓိကပါပဲ” – Little Children (2006) (အဖော်အချွတ်ခန်းတချို့ပါတာကြောင့် မိသားစုနဲ့ကြည့်မယ်ဆို ချင့်ချိန်ကြည့်ရမယ့်ကားပါ။)

Horror • Action
7.5 2006 137 mins
Little Children