YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Titans.2018.S04E04.Super.Super.Mart.720p(CM).mp4

225.15 MB N/A video/mp4 812 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Veteran
5.8

ရောဘတ်မဲလ်လာတစ်ယောက် အာဖဂန်စစ်ပွဲကနေ သူ့ရဲ့အိမ်ရှိရာ လန်ဒန်တောင်ပိုင်းကဂန်းစတားတွေအများစုအခြေချရာ နေရာကိုပြန်လာခဲ့ပါတယ်. ဂျုံးစ်ဆိုတဲ့မူးယစ်ရာဇာက သူ့လက်အောက်မှာအလုပ်လုပ်ဖို့အတွက် ကမ်းလှမ်းခဲ့ပေမယ့် သူကတော့ ပယ်ချခဲ့ပါတယ်။ဒီလိုနဲ့အလုပ်မရှိဖြစ်နေတဲ့သူ့ကို သူငယ်ချင်းဖြစ်သူက လူသိမခံတဲ့အစိုးရပိုင်းဆိုင်ရာအလုပ်တစ်ခုနဲ့ မိတ်ဆက်ပေးပြီးတဲ့နောက်မှာတော့ သူလုပ်ကိုင်ရမှာ အကြမ်းဖက် တွေနဲ့ထပ်မံပတ်သက်နေတယ်ဆိုတာသိရှိရပြီးတဲ့နောက်...... ဒီဇာတ်ကားက ဗြိိတိန်အက်ရှင်ကားအမျိုးအစားဖြစ်ပြီးတော့ အစိုးရ ပိုင်းဆိုင်ရာဟာ အကြမ်းဖက်တွေနဲ့ဘယ်လိုကူးလူးဆက်သွယ်လှုပ်ရှား နေကြတယ်ဆိုတာကိုပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်. ကြာချိန်အနေနဲ့က ၁နာရီခွဲဖြစ်ပြီး Action, Crime , Thrillerအမျိုးအစားဖြစ်ပါတယ်။ File size…1.69GB / 559MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm

Drama
5.8 2011 98 mins
The Veteran
Tid Noi: More Than True Love
3

“Pee Mak”, “Ghost of Mae Nak”, “Nak”, “Nang Nak” တို့ကို ကြည့်ဖူးပြီးသားသူတွေကတော့ ထိုင်းနိုင်ငံရဲ့နာမည်ကြီး မီးနေသည်သရဲ Mae Nak Phra Khanong အကြောင်း စိမ်းမယ်မထင်ပါဘူး။ Mae Nak အကြောင်းကို သိနေပြီးသားသူတွေအတွက် ဇာတ်လမ်းကျောရိုးကတော့ မထူးဆန်းလောက်ပေမယ့် ဒီတစ်ခါအတွက် အဓိကဇာတ်လိုက်ကျော်ကတော့ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ Pee Mak လည်းမဟုတ်သလို Mae Nak လည်းမဟုတ်ပါဘူး။ အရမ်းလှတယ်လို့ နာမည်ကြီးခဲ့တဲ့ Mae Nak ကိုချစ်ခဲ့တဲ့သူက Pee Mak တစ်ယောက်တည်းမကလောက်ဘူးလို့ တွေးမိဖူးတဲ့သူတွေရှိတယ် .. ဟုတ်? ဟုတ်ပါတယ် Mae Nak တို့အိမ်နားက Mae Nak နဲ့ငယ်ငယ်လေးတည်းကအတူကြီးပြင်းလာခဲ့ပြီး Mae Nak ကို Pee Mak ထက်မသာရင်တောင် မလျော့တဲ့အချစ်တွေနဲ့ချစ်ခဲ့တဲ့ အစ်ကိုကြီး Tid Noi ရှိပါသေးတယ်။ မပိုင်ဆိုင်ရမယ်မှန်းသိသိကြီးနဲ့ Mae Nak မှ Mae Nak ဖြစ်နေခဲ့တဲ့ ပေးဆပ်သူတို့နှလုံးသားပိုင်ရှင် အစ်ကိုကြီး Tid Noi ရဲ့ သနားစရာအလွဲတွေကို အသစ်အဆန်းအနေနဲ့ရယ်မောဖွယ်ကြည့်ရဦးမှာဖြစ်သလို သိပ်ချစ်ကြတဲ့ Mae Nak တို့လင်မယားရဲ့ ကြေကွဲဖွယ်ရာဇာတ်လမ်းလေးကို မတူညီတဲ့မင်းသား မင်းသမီးတွေနဲ့အတူ 2023 ver အနေနဲ့ပြန်ရှုစားနိုင်မှာမို့ ကြည့်သင့်တဲ့ကားလေးဖြစ်ကြောင်း လက်တို့လိုက်ပါတယ်နော်။ အညွှန်းကိုတော့ Lai Laii က ရေးခထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lai Laii နဲ့ Hmwe ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.8GB | 9o4MB | 430MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lai Laii, Hmwe Encoder ..... Aaron

Comedy
3 2023 105 mins
Tid Noi: More Than True Love
My Fake Boyfriend
6.1

Pride Month ဖြစ်တဲ့အတွက် LGBT ကားလေး ထပ်ပြီးတင်ဆက်ပေးလိုက်ပါပြီ ဇာတ်ကားနာမည်အတိုင်းပဲ အန်ဒရူးတစ်ယောက် ကောင်လေးအတု တစ်နည်းပြောရရင် အယောင်ဆောင်ကောင်လေးထားတဲ့ ဇာတ်လမ်းလေးပါ ဇာတ်လမ်းက ဘယ်ကစလဲဆို အန်ဒရူးတစ်ယောက် သူ့ရဲ့ပထမဆုံးလိင်တူချစ်သူဖြစ်တဲ့ နီကိုသစ္စာဖောက်တာခံလိုက်ရာကနေ စတာပါ သစ္စာဖောက်ခံရ၊ အလိမ်ခံရတာ တစ်ကြိမ်လည်းမဟုတ်၊ နှစ်ကြိမ်လည်းမဟုတ် အကြိမ်ပေါင်းများစွာခံရပေမဲ့ အန်ဒရူးတစ်ယောက် အမှတ်မရှိဘဲ နီကို့အပေါ်မပြတ်နိုင်တဲ့အခါ သူ့အခင်ဆုံးသူငယ်ချင်းကြီး ဂျိတ်တစ်ယောက် ခရစ္စတီယာနိုဆိုတဲ့ အွန်လိုင်းကောင်လေးတစ်ယောက်ဖန်တီးပြီး နီကိုနဲ့ပြတ်အောင် ဉာဏ်ဆင်ပါတော့တယ် ဒီလိုနဲ့ တကယ်မရှိတဲ့ ခရစ္စတီယာနိုဆိုတဲ့ အွန်လိုင်းလူသားတစ်ယောက်က ဆိုရှယ်မီဒီယာတွေကတစ်ဆင့် ကမ္ဘာကျော်သွားပြီး အန်ဒရူးနဲ့ခရစ္စတီယာနိုအတွဲက ဟိုးလေးတကျော်ကျော်ဖြစ်လာတဲ့အခါ.... တကယ်မရှိတဲ့ ဟန်ပြနာမည်တစ်ခုကို ကောင်လေးအဖြစ် လူသိရှင်ကြားတွဲနေရတဲ့ အန်ဒရူးတစ်ယောက် တကယ့်အချစ်စစ်နဲ့တွေ့တဲ့အခါ ဘယ်လိုဖြစ်မလဲ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဆိုပြီး အားလုံးကလေးစားချစ်ခင်နေကြပေမဲ့ အပြင်မှာတကယ်ရှိမနေတဲ့ ခရစ္စတီယာနိုရဲ့ နောက်ဆက်တွဲတွေကိုပါ ကြည့်ရှုလိုက်ကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ MTA ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size…  1.4GB | 710MB | 282MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... MTA Encoder ..... August

Action • Crime • Thriller
6.1 2022 100 mins
My Fake Boyfriend
My Mom Made Me Do It
5.1

My Mom Made Me Do It [Deadly Secrets] (2022) =================================== ဂျိတ်ဆိုတဲ့ထူးချွန်သူအထက်တန်းကျောင်းသူလေးဟာ သူ့အမေ ဖရီဒါနဲ့အတူ ဆွိမဲဒေါလ်ဆိုတဲ့နေရာကိုပြောင်းလာတာမကြာသေး ပါဘူး။ အမေတစ်ခုသမီးတစ်ခုဆိုပေမယ့် ဖရီဒါက နာမည်ကျော် စာရေးဆရာမဖြစ်တာကြောင့် ဂျိတ်တစ်ယောက် ငွေကြေးကိစ္စတွေ ပူပန်စရာမလိုဘဲနဲ့ အမေ့ဆီကအချစ်တွေအကုန်ရပြီး ဘဝကိုပျော် ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းခဲ့ရပါတယ်။ ဖော်ရွေသဘောကောင်းသူလေးဖြစ်တာကြောင့် ဂျိတ်ဟာ ကျောင်း သစ်မှာလည်း သူငယ်ချင်းသစ်တွေ ချက်ချင်းကိုပဲရလာခဲ့ပါတယ်။ ဒါပေမယ့် ဂျိတ်ပျော်ရွှင်မှုတွေဟာကြာရှည်မခံပါဘူး။ ဘာကြောင့်လဲ ဆိုတော့ တစ်နေ့မှာ ဂျိတ်သူငယ်ချင်းသစ်ဖြစ်သူ ထီအန်းတစ်ယောက် အသတ်ခံခဲ့ရပါတယ်။ ဖရီဒါကလည်း ဂျိတ်ထင်ထားသလို ပြီးပြည့်စုံ သာယာနေတာမဟုတ်ဘဲနဲ့ အခက်အခဲပြဿနာတချို့နဲ့ရင်ဆိုင်နေရာကို မထင်မှတ်ဘဲသိခဲ့ရအပြီးမှာ ဂျိတ်တစ်ယောက် အမေကိုကူချင်ပေးချင် စိတ်နဲ့အန္တရာယ်များတဲ့အလုပ်တစ်ခုကိုလက်ခံလုပ်ခဲ့မိလိုက်တယ်။ ဒီတော့ အဲဒီအလုပ်ကဘာဖြစ်မလဲ၊ အဲဒီအလုပ်လုပ်မိရာကနေ ဂျိတ်နဲ့ ဖရီဒါတို့ဘဝလေး ဘာဆက်ဖြစ်သွားမလဲ၊ ထီအန်းကိုသတ်တဲ့သူကရော ဘယ်သူဖြစ်နေမလဲ၊ ဂျိတ်တို့ပါအန္တရာယ်ရှိလာနိုင်မလားဆိုတာကိုတော့ ဒီ “My Mom Made Me Do It” ဇာတ်ကားလေးကိုဆက်ကြည့်ပြီးအဖြေ ရှာကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.44 GB) / (477 MB) / (300 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 30Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Thriller Translator…….Fiona Gillen Encoder……….SWM

5.1 2022 85 mins
My Mom Made Me Do It
The Civil Dead
6.3

The Civil Dead (2023) ================ IMDb Rating – 6.3/10 ဒီကားလေးကတော့ Clay လို့ခေါ်တဲ့ အပျော်တမ်းဓာတ်ပုံစရာ တစ်ယောက်ရဲ့ ကြုံခဲ့တာလေးကိုရိုက်ကူးထားတာပါ။ Clay က များသောအားဖြင့် အိမ်မှာဘဲ ဘီယာလေးသောက်လိုက် Chill လိုက်နဲ့ နေတတ်တဲ့ အိမ်တွင်းပုန်းဖက်တီးလေးတစ်ယောက်ပေါ့။ ဒါပေမဲ့ သူ့မှာချစ်သူကောင်မလေးတော့ရှိပါတယ်။ အိမ်ငှားခပေး ရက်နီးလာပြီဆိုရင် ကောင်မလေးကခိုင်းတော့ Clay တစ်ယောက် ပုံလေးဘာလေးထွက်ရိုက်ရတာပေါ့။ တစ်နေရာကျ သူရိုက်မဲ့ ရိုက်ကွင်းထဲ လူတစ်ယောက်က လာပိတ် ရပ်နေတော့ Clay လည်း ဘာညာသွားပွားရင်းနဲ့ အမှတ်မထင် စကားလက်ဆုံကျပြီး ခင်မင်သွားပါတော့တယ်။ လူတစ်ယောက် ဓာတ်ပုံရိုက်မဲ့ရှေ့ ဖြတ်လျှောက်တာတောင် ခုကာလမှ သိပ်ကြိုက် ကြတာမဟုတ်ဘူးမှတ်လား၊ အခုလိုရိုက်မဲ့ view ထဲ တည့်ကြီးရပ် နေတာကကျ ဘောင်ကျော်သွားပါပြီ။ ဒါပေမဲ့ ဖြစ်ချင်တော့ ရပ်နေ တဲ့သူကလည်း အမြင်ကတ်ပုဒ်မနဲ့ရပ်နေတာမဟုတ်ဘဲ သူ့ကိုမမြင် နိုင်ဘူးထင်လို့ သူ့ဖာသာရပ်နေတာပါ၊ ဘာလို့ဆို သူက သရဲဖြစ်နေ လို့ပါဘဲ။ အဲတော့ သရဲ နဲ့ ဘော်ဒါဖြစ်သွားတဲ့ Clay တစ်ယောက် ဘာတွေဘယ်လိုကြုံရမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက် ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.3 GB) / (465 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 44Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Thetti Tun Encoder……….SWM

6.3 2023 104 mins
The Civil Dead
The Treasure Protector
5.7

ရှားရှင်းရှင်းဟာ အငိုအဆိုအလွန်ကောင်းတဲ့ ဈာပနာပွဲစီစဉ်သူတစ်ယောက်ပါ။ မိဘမဲ့ဖြစ်တဲ့သူဟာ သူငယ်ငယ်ကတည်းကတိတ်တခိုးချစ်ရတဲ့ ကောင်မလေးကိုလက်ထပ်ပြီး မိသားစုလေးတည်ဆောက်ဖို့ဟာ သူ့အတွက်အိပ်မက်ကြီးဖြစ်ခဲ့တယ်။ ယောက္ခမလောင်ကြီးက ယွမ်(၁)သိန်းနဲ့ တင်တောင်းဖို့ပြောလာတဲ့အတွက် ရရာနည်းနဲ့ ပိုက်ဆံရှာဖို့ကြိုးစားတော့တာပေါ့။ အဲဒီအချိန်မှာ ရှန်ထျန်းမင်နဲ့ ရှန်ကျားယီတို့သားအဖဟာ သဲကန္တာရထဲမှာ နိင်ငံရတနာရှေးဟောင်းပစ္စည်းတစ်ခုကိုရှာတွေ့သွားတဲ့အချိန်မှာ မသမာသူတွေနဲ့ကြုံပြီး အသက်ဘေးကြုံနေရပါတယ်။ လျှို့ဝှက်တဲ့လူတစ်ယောက်က ရှန်ကျားယီကို ကယ်လိုက်ပေမယ့် ရတနာပစ္စည်းကိုယူသွားခဲ့ပါတယ်။ အဖေထားခဲ့တဲ့နောက်ဆုံးပစ္စည်းကို ပြန်ယူနိုင်ဖို့အတွက် ရှန်ကျားယီက အဲဒီလူကိုလိုက်ရှာရင်း ငွေလိုနေတဲ့ရှားရှင်းရှင်းကို အခကြေးငွေပေးပြီးငှားလိုက်ပါတယ်။ ဒီလိုနဲ့ ရှားရှင်းရှင်းရဲ့ ဘာမှမဟုတ်တဲ့လူတစ်ယောက်ဘဝကနေပြီးတော့ နိုင်ငံ့ရတနာကိုကာကွယ်စောင့်ရှောက်သူ သူရဲကောင်းအဖြစ်ပြောင်းလဲသွားမယ့် ဘဝလမ်းခရီးဟာစတင်လိုက်တာပဲဖြစ်ပါတယ်……

Thriller • Drama
5.7 2024
The Treasure Protector
Ghost World
7.3

Ghost World (2001) ~ IMDb – 7.3/10, RT – 93%, Meta – 90% ~ Coming-of-Age ကားလည်းဖြစ်တယ်၊ ရုပ်ရှင်ပိုစတာမှာလည်း ဆယ်ကျော်သက် ကောင်မလေး ၂ ယောက်ပုံနဲ့ဆိုတော့ သာမန် Rom-Com ကားလေးလို့ပဲ ထင်ရက်စရာရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုထင်ခဲ့တာပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်က Coming-of-Age ထက်ပိုတဲ့ ဒါမှမဟုတ် သာမန် Coming-of-Age တွေထက် ပိုအဓိပ္ပာယ်ရှိတဲ့ ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်က 90s နဲ့ 00s ခုနှစ်တဝိုက်ကထွက်တဲ့ ဆယ်ကျော်သက်ရုပ်ရှင်တွေလို ကျောင်းကပွဲမှာ ဒိတ်ရဖို့၊ ကျောင်းမှာ ရည်းစားရဖို့၊ သူငယ်ချင်းရဖို့၊ အလှဆုံးဖြစ်ဖို့၊ နာမည်ကြီးဖို့ ဘာဘာညာညာ ဖန်တရာတေ ဇာတ်လမ်းမျိုးမဟုတ်ဘူး။ အဲဒီဇာတ်လမ်းတွေထဲမှာက ပြဿနာတစ်ခုကို အရင်ဆုံးပြထားပြီး နောက်ဆုံး အဖြေပေါ်ရာကနေ ဇာတ်လမ်းပြီးတယ်။ ကပွဲအတွက် အတွဲရသွားတာတို့၊ အလှဆုံးဖြစ်တာတို့၊ နာမည်ကြီးသွားတာတို့ပေါ့။ ဒီရုပ်ရှင်မှာက ကျောင်းသားပြဿနာတွေကိုကျော်ပြီး အထက်တန်းပြီးပြီးချင်း ဘဝကြီးထဲရောက်လာတဲ့ ကောင်မလေး ၂ ယောက်ရဲ့ ရှုထောင့်တွေကိုပြောထားတယ်။ ဒဿနပိုင်းအရလည်း တော်တော်ကိုပြည့်ဝတဲ့ Coming-of-Age ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ လူငယ်ဘဝကိုဖြတ်သန်းဖူးတဲ့လူတိုင်း ကြုံခဲ့ရမယ့် -ism တွေပေါ့။ ဒါကို ဟာသဆန်ဆန် ပြောပြသွားတာ လက်ဖျားခါဖို့ကောင်းတယ်။ ဒီရုပ်ရှင်က ရုပ်ပြစာအုပ်ကနေ ရုပ်ရှင်အဖြစ်ပြန်ရိုက်ထားတဲ့ကား။ ရုပ်ပြအကြောင်းတော့ တကူးတက သိပ်ပြောဖို့မလိုပါဘူး။ ဘာလို့ဆို ဒီရုပ်ရှင်က ရုပ်ပြနဲ့ တော်တော်လေးကို နီးစပ်အောင် ရိုက်ထားနိုင်လို့ပါပဲ။ ရုပ်ရှင်ကိုကြည့်ရုံနဲ့ ရုပ်ပြဘယ်လောက်ကောင်းသလဲ မြင်သာပါတယ်။ ပြီးတော့ ဒီရုပ်ရှင်က Adaptive Screenplay အော်စကာဆုအတွက်တောင် ဆန်ကာတင်ပါခဲ့ပါသေးတယ်။ ဒါရိုက်တာ Terry Zwigoff ဆိုတာကလည်း ကားနည်းနည်းပဲရိုက်ပေမဲ့ ဒီလို “စည်းအပြင်ကလူ” အထာ ဇာတ်လမ်းမျိုးတွေ ကြိုက်တဲ့ဘဲမျိုးဆိုတော့ တော်တော်ကို အံကိုက်ဖြစ်သွားတယ်ပြောရမယ်။ သူကိုယ်တိုင်ကိုကလည်း အဲဒီလို ဘုကန့်လန့်ကိုး။ သူ့မိတ်ဆွေတစ်ယောက် ကြားမကောင်းတဲ့အမှုတစ်ခုနဲ့ ထောင်ကျတာကိုတောင် ပြန်လွှတ်ဘာညာ လှော်ခဲ့သေးတာ။ ဒီရုပ်ရှင် Iconic ဖြစ်ရတဲ့ အကြောင်းပြချက်ထဲမှာ သရုပ်ဆောင်တွေကောင်းတာကြောင့်လည်း ပါတယ်။ Thora Birch က လောကကြီးကို အမြင်ကပ်ပြီး လူတွေကို စိတ်ကုန်နေတဲ့ ကောင်မလေးဇာတ်ရုပ်နဲ့ သိပ်ကိုက်တယ်။ ဇာတ်လမ်းထဲတင်မဟုတ်ပါဘူး။ အပြင်မှာလည်း ရိုက်ကူးရေးအဖွဲ့ကို ဂဂျီဂဂျောင်ကျလွန်းလို့ အကုန်လုံးစိတ်ဒုက္ခရောက်ရတယ်ဆိုပဲ။ ဒုက္ခအိုးဇာတ်ရုပ်ကို အပြင်ထိသယ်သွားနိုင်တယ်ပဲပြောရမလား၊ လက်တွေ့ဘဝကဇာတ်ရုပ်ကို ရုပ်ရှင်ထဲထိ သယ်လာတယ်ပြောရမလားတော့မသိဘူး။ နောက်ထပ် ချီးကျူးရမှာက Steve Buscemi ပေါ့။ ဒီဘဲကတော့ သိတဲ့အတိုင်း အုန်းဆီကောက်လိမ်း၊ ခေါင်းဆွဲဖြီးပေးပြီး ရှပ်အင်္ကျီကို ခါးကြားညှပ်ခိုင်းလိုက်ရင် အရှုံးသမားလိုလို Geek လိုလိုရုပ်ပေါက်သွားတာမျိုး။ ဒီထဲမှာလည်း သူက အဲဒီလိုပဲလုပ်ထားတယ်။ အံ့ဩဖို့ကောင်းတာက သူ့ရဲ့ အဲဒီလို အူကြောင်ကြားပုံစံက Creepy ဖြစ်မယ့်အစား ကြည့်နေတဲ့လူတွေအတွက်ပါ တစ်မျိုးလေး ခင်ချင်စရာကောင်းသွားတာပဲ။ နောက်အဓိကတစ်ယောက်ကတော့ မမ Scarlett Johansson ပေါ့လေ။ မမကတော့ မမ ဖြစ်နေလို့ အရမ်းကောင်းတဲ့အပြင် လှချက်ကလည်း လက်ဖျားခါဖို့ကောင်းတယ်။ သရုပ်ဆောင်တာနဲ့ပတ်သက်ရင် သဘာဝကျလွန်းနေတာက သဘောကျဖို့ကောင်းတယ်။ အပြင်လက်တွေ့ဘဝက ကောင်မလေးတွေ စကားပြောနေသလိုကို သဘာဝကျတာ။ အတင်းတုပ်တာကစလို့ ရန်ဖြစ်ကြတဲ့အထိ။ ဇာတ်လမ်းအကြောင်းကတော့ အထက်တန်း ပြီးခါစ ကောင်မလေး ၂ ယောက်ကစတယ်။ အီနစ် (Thora Birch) နဲ့ ရေဗက္ကာ (Scarlett Johansson)။ အထက်တန်းပြီးတော့ အားလုံးကိုယ်စီ ဘဝလမ်းကြောင်းရွေးရမယ့်အချိန်ပေါ့။ ဒီအချိန်ကို လူတိုင်းနီးပါးကြုံဖူးလိမ့်မယ်။ ကိုယ့်ဘဝကိုယ် ဘာလုပ်ရမှန်းမသိဖြစ်တဲ့အချိန်မျိုးပေါ့။ ကျောင်းစာတွေကနေ ဝေးပြီး လူ့လောကထဲ အတည်ပေါက်ရောက်လာတော့ လူတွေအကြောင်းပိုပိုသိလာလေလေ လူတွေကို အမြင်ကပ်လာလေလေနဲ့ တစ်လောကလုံးကို ဆန့်ကျင်ချင်စိတ်ပေါက်လာတဲ့ကာလမျိုး။ ဒီအချိန်မျိုးမှာ သူတို့ ၂ ယောက်ကလည်း ‌လျှောက်မွှေတာပေါ့လေ။ တစ်နေ့ကျတော့ သတင်းစာထဲမှာ လူရှာ‌တဲ့ကြော်ငြာတစ်ခုတွေ့လိုက်တယ်။ အဲဒီလူက လေဆိပ်ထဲမှာ တွေ့ခဲ့ရတဲ့ ကောင်မလေးကို ရှာနေတာ။ အဲဒါနဲ့ သူတို့ကလည်း စသလိုနောက်သလိုနဲ့ ဖုန်းဆက်ပြီး ဆိုင်တစ်ဆိုင်ကို ချိန်းလိုက်တယ်။ ပြီးတော့ အဲဒီလူ ထိုင်စောင့်နေတာကို ထိုင်ကြည့်ပြီး ဟားကြတာပေါ့။ ဟားရုံနဲ့တင်မပြီးဘဲ အဲဒီလူနေတဲ့နေရာကို နောက်ယောင်ခံလိုက်မယ် ဆိုပြီး Stalk ကြပါလေရော။ ဖြစ်ချင်တော့ အဲဒီလူက သူတို့နဲ့ တစ်ရပ်ကွက်ထဲမှာ နေတဲ့လူဖြစ်နေတယ်။ သူက ရှေးဟောင်းပစ္စည်းတွေစုတာ၊ အထူးသဖြင့်ဓာတ်ပြားပေါ့။ သူ့နာမည်က ဆီးမောလို့ခေါ်တယ်။ သူက ဓာတ်ပြားဟောင်းတွေလည်း ပြန်ထုတ်ရောင်းတတ်တယ်။ ဒါနဲ့ သူတို့သူငယ်ချင်း နှစ်ယောက်က အဲဒီလူ ဓာတ်ပြားထုတ်ရောင်းတဲ့နေရာကို ဟိုလိုလို ဒီလိုလိုနဲ့ ဝင်ပြီး မိတ်‌ဖွဲ့တာပေါ့။ အဲဒီမှာ ယောက်ျားတွေကို ငတုံးတွေ၊ မုန်းဖို့ကောင်းတဲ့ကောင်တွေလို့ ယူဆထားတဲ့ အီနစ်က ဆီးမောကို မြင်တော့ သနားသွားတယ်။ သူတို့ အဲဒီလို ဓာတ်ပြားငှားလိုက်ပေးလိုက်နဲ့ ပိုပိုခင်လာတယ်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အသက်အရွယ်ကွာပေမဲ့ လူတွေကို စိတ်ပျက်တာချင်း တူတာကြောင့် ပေါင်းလို့သင်းလို့အဆင်ပြေနေတာပေါ့။ အီနစ်က အလုပ်ရှာဖို့ ဝေလေလေ လုပ်နေတဲ့အချိန် ရေဗက္ကာကတော့ အိမ်ခွဲနေဖို့ စိုင်းပြင်းနေတယ်။ အဲဒီမှာ အခင်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ သူတို့နှစ်ယောက်ရဲ့ ဘဝလားရာက ကွာလာတယ်။ အီနစ်က လူတွေကိုစိတ်ပျက်တယ်။ သူလုပ်ချင်တာကို လွတ်လွတ်လပ်လပ် မလုပ်ရလို့ စိတ်ညစ်နေတယ်။ ပြီးတော့ လူတွေရဲ့ စံနှုန်းကို အချိန်ပြည့်မေးခွန်းထုတ်နေတယ်။ ရေဗက္ကာကကျ ဘဝကို သာမန်အတိုင်း လိုက်လျောညီထွေနေသွားချင်နေတယ်။ သူ့အဖေကလည်း အီနစ်ကြည့်မရတဲ့ မိန်းမတစ်ယောက်နဲ့ပြန်တွဲနေတယ်။ ‌အီနစ်အနေနဲ့ ရေဗက္ကာရဲ့လုပ်ရပ်တွေ၊ သူ့အဖေရဲ့လုပ်ရပ်တွေကို နားမလည်နိုင်ဖြစ်လာတယ်။ မလာတော့မယ့်ဘတ်စ်ကားကို နေ့တိုင်း လာထိုင်စောင့်နေတဲ့ နော်မန်ဆိုတဲ့လူကို သူနားလည်လာတယ်။ ဒီလိုနဲ့ ရုပ်ရှင်တစ်ခုလုံးကို ပေါ့ပေါ့ပါးပါးဆွဲခေါ်ပြီး နောက်ဆုံးမှာ တွေးစရာတစ်ခုနဲ့ ဇာတ်သိမ်းပေးလိုက်တယ်။ ဇာတ်သိမ်းကတော့ တွေးကြည့်ရုံပေါ့။ ပုံမှန် Coming-of-Age ကားတွေမှာ မြင်ရတဲ့ပုံစံမျိုးတော့မဟုတ်ဘူး။ ဒဿန Philosophy ပိုင်းမှာလည်း ဒီရုပ်ရှင်က တော်တော် ခြုံမိတယ်ပြောရမယ်။ ဒီလို လူ့စရိုက်ကို သိသိသာသာပြနိုင်တဲ့ High School Rom-Com မျိုး တော်တော်ရှားတယ်။ အဓိကကတော့ Nihilism နတ္ထိက ဝါဒ နဲ့ Absurdism ဘဝအနက်မဲ့ဝါဒ ပေါ့။ အီနစ်ရဲ့ ဘဝကိုရှုမြင်ပုံက အဲဒီနှစ်မျိုးကို ရောထားတာပဲ။ နီးချာရဲ့ Nihilist ပုံစံနဲ့ ကမူးရဲ့ Absurdist ပုံစံမျိုး။ အီနစ်ဆီမှာ လူမှုစံနှုန်းတွေကို မေးခွန်းထုတ်ပြီး သူ့ကိုယ်သူ သင်းကွဲတစ်ယောက်လို ခံစားလာရတာကို အထင်းသားမြင်နေရတယ်။ အဲဒီ ဝါဒနှစ်ခု ယှဉ်တွဲ‌တယ်ဆိုတဲ့နေရာမှာ အီနစ်ရဲ့ လူ့လောကကိုရှုမြင်ပုံက Nihilist ဆန်ပြီး လောကကြီးကို သူတုံ့ပြန်တဲ့ပုံစံက Absurdist ဆန်နေတယ်။ လောကကြီးက အဓိပ္ပာယ်မရှိဘူး၊ မရှိလို့ လောကကြီးရဲ့ အပိုဆာဒါးစံနှုန်းတွေကို ဆန့်ကျင်ပြီး ငါ့လမ်းငါဖောက်မယ်ဆိုတဲ့ သဘောမျိုးပေါ့။ ကျွန်တော်တို့လည်း တစ်ချိန်မဟုတ် တစ်ချိန်တော့ လောကကြီးရဲ့ အဓိပ္ပာယ်မဲ့မှုတွေကို စိတ်ကုန်လာမိလိမ့်မယ်။ ဘဝရဲ့အဓိပ္ပာယ်ကို လိုက်မရှာနေရင်တောင် ငါတို့က ဘာကြောင့် ဆိုတဲ့ မေးခွန်းလေးတစ်ခုကို ကိုယ့်ကိုယ်မေးဖူးကြလိမ့်မယ်။ အဲဒီအတွက်လည်း အဖြေတွေ အမျိုးမျိုးရှိနေလိမ့်ဦးမယ်။ ကမူးစကားအရဆိုရင်တော့ “ပျော်ရွှင်မှုကို ဘာနဲ့ဖွဲ့စည်းထားလဲလိုက်ရှာနေရင် ပျော်ရမှာမဟုတ်ဘူး။ ဘဝရဲ့ အဓိပ္ပာယ်ကိုလိုက်ရှာနေရင် ဘယ်တော့မှ ဘဝကို တကယ်နေထိုင်ရမှာမဟုတ်ဘူး” ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.75GB, 1.4GB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 51Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
7.3 2001 111 mins
Ghost World
Catwalk: Tales from the Catshow Circuit
6.3

ဒီဒိုကူမန်ထရီကတော့ ကြောင်ချစ်သူတွေအတွက် ဦးတည်ပါတယ်။ ကနေဒါက ပြိုင်ဆိုင်မှုပြင်းထန်းတဲ့ ကြောင်အလှပြိုင်ပွဲတွေအကြောင်းကို ရိုက်ပြထားတာပါ။ ဒီပွဲတွေမှာ ဒိုင်ပေါင်းစုံ ကြောင်ပေါင်းစုံ ကြောင်အမျိုးအစားအလိုက် ပြိုင်ပွဲဝင်ရတဲ့ တန်းပေါင်းစုံနဲ့ ပြိုင်ကြတာဖြစ်ပြီး ဒီလိုပွဲတွေအများကြီး လိုက်ပတ်ပြိုင်ပြီး ပွဲပေါင်းစုံက ရတဲ့ ရမှတ်စုစုပေါင်းကိုပါ ပြိုင်ကြပါတယ်။ တစ်နှစ်တစ်နှစ်ကို ကြောင်ပွဲတွေလည်း မနည်းပါဘူး။ တစ်ပွဲမှာလည်း အခါခါပြိုင်ရတယ်။ ဒီလိုပြိုင်တဲ့နေရာမှာ တစ်ချို့ကြောင်တွေက အရမ်းကြီးဂရုစိုက်ပေးစရာမလိုပေမဲ့ တစ်ချို့ကြောင်တွေကတော့ ရေနည်းနည်းထိလို့တောင် မရတဲ့ကြောင်တွေရှိတော့ တော်တော်ဂရုစိုက်ပေးရတယ်။ ဒီတော့ ကြောင်ပိုင်ရှင်တွေရဲ့ သူတို့ကြောင်တွေကို ချစ်ကြပုံဂရုစိုက်ကြပုံတွေကိုလည်း မြင်ရမှာပါ။ ဒီဒိုကူမန်ထရီရဲ့ အဓိကဇာတ်လိုက်ကျော်တွေကတော့ အိုလာလာနဲ့ ဘော်ဘီဆိုတဲ့ကြောင်၂ကောင်ပါ။ ဒီဒိုကူမှာ အဓိကအားဖြင့်တော့ သူတို့သခင်နှစ်ယောက်နဲ့ သူတို့နှစ်ကောင်ရဲ့ ပြိုင်ဆိုင်မှုတွေကို အဓိကထားပြထားပါတယ်။ ကြောင်တွေအပေါ် ကြောင်ချစ်သူတွေရဲ့ အမြင်တွေကိုလည်းပြထားပါတယ်။ ကြောင်ချစ်သူတွေအနေနဲ့ ချစ်စရာကောင်းတဲ့ကြောင်ပေါင်းစုံကို ဒီဒိုကူမန်ထရီမှာ မြင်ကြရမှာပါ။ File Size : 1.5 GB, 810 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

Drama
6.3 2018 77 mins
Catwalk: Tales from the Catshow Circuit
Warriors of the Nation
6.1

Warriors Of The Nation(2018) IMDb …… 6.1 ဒီတစ်ခါတော့ တရုတ်ကွန်ဖူးသိုင်းကားအများကြီးရှိတဲ့ အထဲမှာ မင်းသားများစွာပြောင်းလဲသရုပ်ဆောင်ခဲ့ဖူးတဲ့ နာမည်ကျော်ကွန်ဖူးသိုင်းသမား ဝမ်ဖေးဟုန်ရဲ့ worriors of the nation ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ မျိုးချစ်စိတ်၊နိုင်ငံချစ်စိတ်ကို နိုးဆွပေးတဲ့ ဇာတ်ကားကောင်း တစ်ကားဆိုရင်လည်း မမှားပေဘူး။ ၁၉၀၇ခုနှစ် တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာ ဂျပန်နိုင်ငံက တရုတ်အရှေ့ကျွန်းကို သိမ်းပိုက်ဖို့အစတည်ရာက တစ်စတစ်စ တစ်တိုင်းပြည်လုံးသိမ်ပိုက်ဖို့ အတွက်Planကြီးဆွဲထားခဲ့တယ်။ အဲဒီအချိန် ဘုရင်ရဲ့ အမိန့်နဲ့ ကွမ်ကျိုးကို ရောက်လာတဲ့ မျိုးချစ်စိတ်နဲ့ နိုင်ငံတော်ကို ကယ်တင်ချင်တဲ့ စစ်သေနာပတိ ကျန်းကျိတုန်းနဲ့ ဝမ်ဖေးဟုန်တို့ ပေါင်းမိသောအခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ba Chit ပဲဖြစ်ပါတယ်…. File Size : 1.82GB / 790MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:35:00 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Translated by Ba Chit Encoded by Tiff

6.1 2018 95 mins
Warriors of the Nation
Enchanting Christmas
6.3

Enchanting Christmas (2024) IMDb Rating (6.3) ဘန်ဟာ ရေခဲပန်းပုထုသူတစ်ယောက်ဖြစ်ပြီး သမီးဖြစ်သူ အန်နီနဲ့အတူ မြို့လေးတစ်မြို့မှာ နေထိုင်သူပါ။ ခရစ္စမတ်နီးလာတဲ့တစ်နေ့မှာ ဘန်ဟာ သမီးဖြစ်သူအလိုကျ ရေခဲမင်းသမီးရုပ်လေးတစ်ရုပ်လုပ်ပေးခဲ့ပါတယ်။ ငယ်စဥ်ကတည်းက အမေဆုံးပါးသွားတဲ့ အန်နီဟာ သူ့အဖေထုဆစ်ပေးထားတဲ့ လှပလွန်းတဲ့ မင်းသမီးပန်းပုရုပ်ထုလေးကိုကြည့်ရင်း သူ့အဖေအထီးကျန်‌နေတာမကြည့် ရက်တာရယ် သူမလိုက်နိုင်တဲ့ သင်္ချာနဲ့ပတ်သက်လို့ ကူညီပေးဖို့ရယ် သူတို့သားအဖအတွက် သူငယ်ချင်းတယောက်အနေနဲ့လိုချင်ပါတယ်ဆိုပြီး ပန်းပုရုပ်ထုလေး အသက်ဝင်လာပါစေလို့ ဆုတောင်းမိလိုက်ပါတယ်။ နောက်တစ်နေ့မှာတော့ ပန်းပုရုပ်ထုလေးဟာ တစစီဖြစ်နေတာမြင်လို့ ဘန်က အန်နီကိုညကမုန်တိုင်းဝင်သွားလို့ဖြစ်ရမယ်ဆိုပြီး နှစ်သိမ့်ပေးခဲ့ရင်း အလုပ်ကိစ္စတခု အတွက် ထွက်သွားခဲ့ပါတယ်။ အဲဒီမှာ အန်နီဟာကျကွဲနေတဲ့ရေခဲတုံးတွေဘေးမှာ ခြေရာတွေရှိနေတာကိုသတိထားမိပြီး နောက်ယောင်ခံလိုက်ရင်း သူ့ဆုတောင်း ကတကယ်ဖြစ်လာတာကို မျက်ဝါး ထင်ထင်မြင်တွေ့ခဲ့ရပါတော့တယ်။ အဲဒီနောက်မှာတော့ အသက်ဝင်လာတဲ့မင်းသမီးလေးကို အန်နီက ဂျိတ်ဒ်ဖရော့စ်လို့အမည်ပေးရင်း အိမ်ကိုခေါ်လာခဲ့ကာ သူ့အဖေကိုတော့ ဂျိတ်ဒ်ဟာကျောင်းကဆရာ မတစ်ဦးဖြစ်ပြီး တိုက်ခန်းမှာရေယိုစိမ့်တဲ့ပြဿနာဖြစ်နေလို့ သွားစရာမရှိလို့ ခရစ္စမတ်ကာလမှာ ၃ ယောက်အတူတူယာယီနေရအောင်ဆိုပြီး သူ့အဖေကိုလိမ်လည် စည်းရုံးခဲ့ပါတယ်။ ခုချိန်မှာ အရာရာအဆင်ပြေချောမွေ့နေပေမယ့်လည်း ဂျိတ်ဒ်နဲ့ အန်နီတို့တွေ ခရစ္စမတ်စ်အပြီးမှာ ဘန်ကိုဘယ်လိုဆက်လိမ်ကြမလဲ ဒါမှမဟုတ် အမှန်အတိုင်းပဲပြောလိုက် ကြမလား။ ဂျိတ်ဒ်ကရော ဘန်တို့သားအဖနှစ်ယောက်နဲ့အတူ ဘယ်လိုတွေစခန်းသွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါးဇာတ်လမ်းသွားလေးနဲ့ ကြည့်ရှုခံစားပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Fiona Spalko ဖြစ်ပါတယ်။) File size…(1.8 GB) / (830 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance Duration….01:31:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Fiona Spalko

6.3 2024 90 mins
Enchanting Christmas
Fargo
8.1

Fargo(1996) ************* IMDb – 8.1/10_____Rotten – 94% Won 2 Oscars. Another 81 wins & 57 nominations ဒီကားက အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု နဲ့ အကောင်းဆုံးဇာတ်ညွှန်းဆု ရရှိထားပါတယ်…အခြားဆု(၈၁)ဆုရရှိခဲ့ပြီး ဆန်ကာတင် (၅၇)ဆုလည်းဝင်ခဲ့တယ်… မင်းသမီးကတော့ Three Billboards Outside မှာ အော်စကာထပ်ရခဲ့တဲ့ Frances McDormand ပါပဲ… ဒီကားက ၁၉၈၇ ခုနှစ် မီနီဆွန်တာမှာဖြစ်ခဲ့တဲ့ တကယ့်မှုခင်းကြီးကို အခြေခံပြီးပြန်လည်ရိုက်ကူးထားတာပါ…. သိပ်ချမ်းသာတဲ့မိသားစုတစ်စုရှိတယ်…..ယောက္ခမက စည်းကမ်းကြီးသလို တိလည်းတိကျတယ်… ဒီမိသားစုမှာ သားမက်ကတော့ စီးပွားရေးပိုင်းရော လူမှုရေးပိုင်းရော အားနည်းတယ်… ဒါ့အပြင် အသုံးအစွဲကလည်းမတတ်ဆိုတော့ ကြာတော့ ငွေကအရမ်းလိုလာတယ်.. ဒီတော့ ပြန်ပေးသမားတွေနဲ့ပေါင်းပြီး ကိုယ့်မိန်းမကိုယ် ပြန်ပေးဆွဲဖို့စီစဉ်တယ်.. ယောက္ခမဆီကနေ ငွေညှစ်မယ်ပေါ့… သို့သော်လည်း သူထင်သလောက်ရိုးရိုးရှင်းရှင်းလေးဖြစ်မသွားဘူး…. ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတော့ ခံစားကြည့်လိုက်ဦးဗျို့… ကားသစ်တွေကို တစ်ခါတစ်ရံစိတ်တိုင်းမကျတဲ့သူတွေအဖို့ ဒီလိုကားမျိုးကို နင်းကန်ကြည့်ဖို့ပြောပါရစေ… ဇတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ye Pye Sone ဖြစ်ပါတယ်…. File Size : 2.8 GB, 783 MB Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:38:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by AHtet

Drama • Thriller
8.1 1996 98 mins
Fargo
Drop Dead Gorgeous

ဒီဇာတ်ကားလေးကတော့ Spidermanဇာတ်ကားသုံးတွဲမှာ MJအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kirsten Dunst ရဲ့ဇာတ်ကားလေးပါပဲ။ သူ့အပြင် တစ်ခြားအလှမင်းသမီးတွေလည်း ပါဝင်ပါသေးတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အမေရိကန်နိုင်ငံမှာ ဆယ်ကျော်သက်မင်းသမီးလေးအလှမယ်ပြိုင်ပွဲဆိုပြီး အလှမယ်ပြိုင်ပွဲတစ်ခုရှိပါတယ်။ ဒီပြိုင်ပွဲကို မြို့နယ်ကနေ ပြည်နယ်အဆင့် ပြည်နယ်ကနေ နိုင်ငံအဆင့်ထိ ယှဥ်ပြိုင်ကြရပါတယ်။ ဇာတ်လမ်းအခြေတည်ထားတာကတော့ နယ်မြို့လေးဖြစ်တဲ့ မောင့်ရို့စ်ဆိုတဲ့နယ်မြို့‌‌လေးမှာပါပဲ။ ဒီမြို့လေးမှာလည်း အလှမယ်ပြိုင်ပွဲကျင်းပရင်း ပြိုင်ပွဲအဖွဲ့အစည်းရဲ့ ဥက္ကဌသမီးက နိုင်ဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ သူမက ဒီပြိုင်ပွဲကိုအနိုင်ရဖို့ ဘယ်လောက်တောင်လုပ်ဆောင်သွားမလဲ။ ဇာတ်လိုက်ဖြစ်တဲ့ နောက်တွဲကားမှာ အမေနဲ့နှစ်ယောက်ထဲ နေထိုင်နေရတဲ့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်မင်းသမီးလေးကရော အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို ကြည့်ရမှာပါ။ ရိုက်ကူးထားတဲ့ပုံစံကလည်း သာမန်နဲ့မတူဘဲ အလှမယ်ပြိုင်ပွဲကို မှတ်တမ်းတင်ရိုက်ကူးနေတဲ့ပုံစံနဲ့ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ အလှမယ်ပြိုင်ပွဲလေးတစ်ခုအတွက် ဘယ်လောက်ထိရက်စက်ကြမလဲ။ မင်းသမီးကရော အနိုင်ရပါ့မလား။ ပေါ့ပေါ့ပါးပါးနဲ့ကြည်ရှုနိုင််မယ့် ဇာတ်လမ်း‌လေးတစ်ခုပဲဖြစ်ပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Lwin

Action • Thriller
0 1999
Drop Dead Gorgeous
Angela’s Ashes

“Angela’s Ashes” (1999) ဇာတ်ကားကို Frank McCourt ရဲ့ Pulitzer Prize ဆုရထားတဲ့ ကိုယ်တွေ့မှတ်တမ်းစာအုပ်ကို အခြေခံပြီး Alan Parker က ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားက 1930 ခုနှစ်ဝန်းကျင် အိုင်ယာလန်နိုင်ငံ Limerick မြို့မှာ ဆင်းရဲဒုက္ခရောက်နေတဲ့ မက်ကော့မိသားစုရဲ့ ဘဝကို လှလှပပပြသထားတယ်။ ဇာတ်လမ်းက ဖရန်ကီ မက်ကော့ဆိုတဲ့ ကောင်လေးရဲ့ ငယ်ဘဝကနေ ဆယ်ကျော်သက်အရွယ်ထိ သူ့မိသားစုနဲ့အတူ ဆင်းရဲမွဲတေမှု ရောဂါ သေဆုံးမှုတွေနဲ့ ရင်ဆိုင်ရင်း ဘယ်လိုရုန်းကန်ရသလဲဆိုတာကို ပြသထားတယ်။ ဇာတ်လမ်းအစမှာ ဖရန်ကီတို့မိသားစု နယူးယော့ခ်ကနေ အိုင်ယာလန်ကို ပြန်လာကြတယ် ဒါပေမယ့် အဲဒီမှာ ဘဝက ပိုဆိုးသွားတယ်။ ဖရန်ကီရဲ့ဖခင် မလက်ချီ (Robert Carlyle) က အရက်စွဲနေတဲ့သူဖြစ်ပြီး အလုပ်မရှိ ရှိရင်လည်း ရတဲ့ပိုက်ဆံကို အရက်သောက်ပစ်တယ်။ မိခင် အန်ဂျလာ (Emily Watson) ကတော့ သားသမီးတွေအတွက် အရာရာကို သည်းခံရင်း မိသားစုကို ထိန်းသိမ်းထားရတယ်။ ဖရန်ကီကို အသက်အမျိုးမျိုးမှာ သရုပ်ဆောင်သုံးယောက် (Joe Breen, Ciaran Owens, Michael Legge) က သရုပ်ဆောင်ထားပြီး သူ့ရဲ့ ကြီးပြင်းလာပုံကို သဘာဝကျကျပြသထားတယ်။ ဒီဇာတ်ကားက ဆင်းရဲမွဲတေတယ်ဆိုတာရဲ့ ရက်စက်တဲ့အမှန်တရားကို ဖော်ပြထားပြီး Limerick ရဲ့ မိုးစိုစိမ့်နေတဲ့ ဆင်းရဲရပ်ကွက်တွေကို ပြန်လည်ဖန်တီးထားတာ တကယ်ကို ထိမိတယ်။ ဒ ါပေမယ့် စာအုပ်ထဲက ဟာသဆန်ဆန် ပေါ့ပါးတဲ့ အသံသြဇာကို ရုပ်ရှင်မှာ သိပ်မမိဘူးလို့ ဝေဖန်သူတွေက ပြောကြတယ်။ Emily Watson ရဲ့ အန်ဂျလာသရုပ်ဆောင်ချက်တွေက ဒုက္ခတွေကြားထဲက မိခင်တစ်ယောက်ရဲ့ ခံနိုင်ရည်ကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတယ်။ ဖရန်ကီကတော့ ဆင်းရဲတဲ့ဒဏ်တွေက ရုန်းထွက်ဖို့ စာဖတ် စာရေးပြီး နောက်ဆုံးမှာ အမေရိကကို ပြန်ရောက်နိုင်ဖို့ အိပ်မက်မက်ခဲ့တယ်။ ဒီဇာတ်ကားက ၂ နာရီ ၂၅ မိနစ်ကြာပြီး R-rated ဖြစ်ပါတယ်။ ရုပ်ရှင်က စာအုပ်ရဲ့ အနှစ်သာရကို ဖမ်းယူထားပေမယ့် အချို့ဝေဖန်သူတွေက စာအုပ်ရဲ့ ဟာသရောစွက်ထားတဲ့ ခံစားချက်ကို မရနိုင်ခဲ့ဘူးလို့ ထောက်ပြခဲ့ကြတယ်။ Rotten Tomatoes မှာ 52% သာ ရရှိထားပေမယ့် ဆင်းရဲမွဲတေတာတွေနဲ့ မိသားစုရဲ့ ရုန်းကန်ရှင်သန်ရတာကို ခံစားကြည့်ရှုချင်သူတွေအတွက် ဒီဇာတ်ကားက တကယ်ထိမိတဲ့ ရုပ်ရှင်တစ်ကားပါ။ File size…(3.4 GB)/(1.7 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

0 1999
Angela’s Ashes