YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Titans.2018.S04E03.Jinx.1080p.HMAX.WEB-DL.AAC5.1CH(CM).mp4

483.36 MB N/A video/mp4 780 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Triad Election
7.3

~ IMDb – 7.3/10, RT – 96%, Meta – 83% ~ Election 1 မှာတော့ တိုနီလျောင်ခဖိုင်နဲ့ ဆိုင်မွန်ယန်းတို့ရဲ့ ကာရိုက်တာနှစ်ယောက် ဂိုဏ်းခေါင်ဆောင် နေရာအတွက်ပြိုင်ကြတာကို အဓိက မီးမောင်းထိုးပြသွားပေမဲ့ Triad Election မှာတော့ ပထမရွေးကောက်ပွဲမှာ လော့ကို ကူညီခဲ့တဲ့သူ‌အများစုပါ ဂိုဏ်းခေါင်းဆောင်နေရာအတွက် ၀င်ပြိုင်ချင်နေကြပြီး လော့ကိုယ်တိုင်ကလည်း ဒုတိယသက်တမ်းကိုလိုချင်နေတဲ့အတွက် ပြိုင်ဆိုင်မှုပိုပြင်းထန်လာပါပြီ။ ပြည်မက ဂိုဏ်းတစ်ဂိုဏ်းကလည်း သူတို့အခြေအနေကို စောင့်ကြည့်နေပါတယ်ာ ဒီမှာတော့ Louis Koo ရဲ့ ကာရိုက်တာ ဂျင်မီကို အဓိက မီးမောင်းထိုးပြသွားပြီး ရက်စက်သင့်တဲ့နေရာမှာ ရက်စက်ပြီး သိက္ခာရှိတဲ့နေရာမှာရှိတဲ့ သူ့ကာရိုက်တာဟာ Godfather ဆန်ဆန်နဲ့ကို တော်တော်ငြိစရာကောင်းပါတယ်။ နောက် သဘောကျစရာကောင်းတာက Election 2 ဟာ Action ခန်းကိုလည်း ပါသင့်သလောက် ထည့်ထားသလို Godfather တစ်ယောက်ရှိသင့်တဲ့ အတွေးအခေါ်တို့ စိတ်အခံတို့ကိုလည်း သေချာပုံဖော်သွားပါတယ်။ ပြောရရင် Wong Kar Wai ရဲ့ The Grandmaster ဂန်းဗားရှင်းလို့တောင် ဆိုလို့ရပါတယ်။ Election နဲ့ Triad Election တို့ဟာ အာရှရဲ့ Godfather လို့ ချီးကျူးခံရတဲ့အထိ ကောင်းတဲ့ ဂန်းရုပ်ရှင်တွေဖြစ်ပြီး Godfather Part 3 အတွက် ကော်ပိုလာက 16နှစ်အချိန်ယူခဲ့သလို Johnnie Toလည်း Election 3 အတွက် အချိန်ယူလာခဲ့တာ ၂၀၀၆ ကတည်းကနေ ခုထိပါပဲ။ ခုတောင် 16နှစ် ရှိနေပါပြီ။ လက်ရှိ Actor တွေအပြင် Andy Lau ပါ ပါလာမယ်လို့ ဆိုကြပါတယ်။ မကြာခင်နှစ်တွေမှာ Johnnie To ရဲ့ ဇာတ်ညွန်းရှိပြီးသား Election 3 ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဟောင်ကောင်ရုပ်ရှင်တွေရဲ့ ကျဆင်းလာတဲ့ အရည်အသွေးအရ သိပ်တော့မမျှော်လင့်ရဲပေမဲ့ ဘာရိုက်ရိုက် မာစတာပိစ်ဖြစ်နေတဲ့ Johnnie To ကတော့ သူ့မာစတာပိစ်နှစ်ကားရဲ့ Trilogy အပိတ်အတွက် အကောင်းဆုံးမဟုတ်တောင် မညံ့တဲ့ရုပ်ရှင်ကို ဖန်တီးနိုင်မယ်လို့ မျှော်လင့်ရတာပါပဲ။ လက်ရှိနှစ်ကားကတော့ နိုင်ငံတကာ ဂန်းရုပ်ရှင်ပဲကြိုက်ကြိုက် အာရှကားပဲကြိုက်ကြိုက် ကြည့်ကိုကြည့်သင့်တဲ့ မာစတာပိစ်နှစ်ကားပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size – 1.3GB, 575MB Quality – 1080p, 720p Format – mp4 Duration – 1H 33Min IMDb rating – 7.3/10 Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Horror • Thriller
7.3 2006 92 mins
Triad Election
Charlotte
6.4

Charlotte (2021) ~ IMDb – 6.4/10, Rotten Tomatoes – 71% ~ Loving Vincent ဆိုတဲ့ အန်နီမေးရှင်းကားကိုမှ ဗန်ဂိုးရဲ့ ပန်းချီဟန်တွေနဲ့ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကို သိကြမယ်ထင်ပါတယ်။ ဒီရုပ်ရှင်ဟာလည်း ထိုနည်းလည်းကောင်း ရုပ်ရှင်ပါ။ Charlotte လို့ခေါ်တဲ့ ဒုတိယကမ္ဘာစစ်ကာလတုန်းက ဂျာမန်ဂျူးအစပ် ပန်းချီဆရာမလေးရဲ့ ဂျာမန်တွေဒဏ်ကိုခံနေရတဲ့ကြားက မာစတာပိစ်လက်ရာတစ်ခုကို ဖန်တီးတဲ့အကြောင်းကို ရိုက်ပြထားတာပါ။ ကျွန်တော့်လို Loving Vincent ကို အသည်းစွဲကြိုက်တဲ့လူတွေတော့ ဒီရုပ်ရှင်ကိုလည်း သဘောကျကြမှာပါ။ Charlotte ဟာ သူ့မိသားစုရဲ့ ရင်နာစရာဇာတ်ကြောင်းကို ပန်းချီကားတစ်ထောင်ကျော်နဲ့ ပုံဖော်ရေးဆွဲခဲ့ပြီး “ဘဝလေလား ပြဇာတ်လေလား” လို့ ပန်းချီတစ်ထောင်ကျော်လုံးကို တစ်စုတည်းအဖြစ် သတ်မှတ် နာမည်ပေးလိုက်ပါတယ်။ အဲဒီပန်းချီကားစုကို ပထမဆုံး ဂရပ်ဖစ်နိုဗယ်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူဟာ ပျော်စရာတွေထက် ဝေဒနာတွေက အနုပညာပိုစစ်တယ်လို့ ယူဆခဲ့ပြီး သူ့မိသားစုရဲ့ ဝေဒနာတွေကို ပန်းချီကားပေါင်းများစွာနဲ့ ပုံဖော်ခဲ့ပါတယ်။ ဒီပန်းချီတွေကို သူပန်းချီသေချာဆွဲတတ်စ နှောင်းပိုင်းကနေ တစ်သက်လုံးအားထုတ်ရေးဆွဲခဲ့တာပါ။ သူဟာ အသက် ၂၆အထိပဲ နေသွားရပေမယ့် ဒီကာလတိုတိုလေးအတွင်းမှာ ဒီပန်းချီကားပေါင်းများစွာကို မနားမနေအားထုတ်ရေးဆွဲသွားခဲ့တဲ့ အနုပညာရှင်ပါပဲ။ Keira Knightley က Charlotte အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။ အနုပညာကိုချစ်ခြင်းဟာ အကောင်းဆုံးဘဝနေနည်းလို့ ဆိုခဲ့ကြပေမဲ့လဲ လက်တွေ့ဘဝမှာ အနုပညာချည်းသက်သက်ကို တွယ်ဖက်ပြီး ရှင်သန်ဖို့သာ အခက်ခဲဆုံးအရာတစ်ခုပါပဲ။ ဒီရုပ်ရှင်ဟာ ပန်းချီအနုပညာကို ချစ်ခဲ့တဲ့ ပန်းချီအနုပညာကို တွယ်ဖက်ခဲ့တဲ့ အမျိုးသမီးပန်းချီဆရာမတစ်ယောက်ရဲ့ ရင်နင့်စရာ ဖြစ်ရပ်မှန်ကို animation အနေနဲ့ အသက်သွင်းထားတဲ့ ရုပ်ရှင်ပါ။ ပန်းချီကိုချစ်တဲ့သူတွေ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ဆိုလည်းဟုတ်ပါတယ်။ ရင်နင့်စရာကောင်းအောင် လှပတဲ့ရုပ်ရှင်လို့လည်း တစ်ချို့ကဆိုကြပါတယ်။ ဒီရုပ်ရှင်ဟာ ဟယ်ရီပေါ်တားရဲ့ Narcissa Malfoy, Peaky Blinder ရဲ့ Polly Gray တို့အဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အချစ်ကိုရရှိခဲ့တဲ့ Helen McCrory ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နောက်ဆုံးရုပ်ရှင်လည်းဟုတ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီရုပ်ရှင်နဲ့ဟန်အတော်ဆင်တဲ့ ရုပ်ရှင်ဖြစ်တဲ့ Loving Vincent မှာလည်း Louise Chevalier အဖြစ် အသံသရုပ်ဆောင်ခဲ့သေးပါတယ်။ ကြွေသွားတဲ့ ကြယ်တစ်ပွင့်ရဲ့ နောက်ဆုံးရုပ်ရှင်အနေနဲ့လည်း ခံစားကြရမှာပါ။ ဘဝဟာ လူတိုင်းအတွက် ကောင်းခြင်းတွေပဲ ပေးမနေပါဘူး။ ဘဝဟာ ကိုယ့်ကို အမြဲတမ်းချစ်ပေးမနေပါဘူး။ အရေးကြီးတာကတော့ ကိုယ်က ဘဝကို ချစ်နေဖို့ပါပဲတဲ့။ ဒီရုပ်ရှင်ဟာ ဘယ်လိုအကြောင်းအရာလဲ စာတစ်ကြောင်းနဲ့ ဖော်ပြခိုင်းခဲ့ရင်တော့ ကျွန်တော်ပြောနိုင်တာက… ဒီရုပ်ရှင်ဟာ ကံဆိုးမိုးမှောင်တွေကြားမှာ ဘဝကိုချစ်ရင်း အနုပညာကိုချစ်ရင်း လောကဓံကို အစိမ်းလိုက်ရင်ဆိုင်ရဲခဲ့တဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 540MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 32Min Genre – Animation Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Comedy • Family • Science Fiction
6.4 2021 92 mins
Charlotte
Summer Hours
7.2

Rotten Tomatoes 94% IMDb 7.2အထိရရှိခဲ့ပြီး ဆု ၈ ခုနဲ့ ဆန်ကာတင် ၂၃ ခုကိုဆွတ်ခူးခဲ့တဲ့ ၂၀၀၈ ခုနှစ်ထွက် အနုပညာ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ပြင်သစ်မိသားစု ဒရာမာကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်ထဲမှာ အထင်ကရ ပြင်သစ်ပန်းချီပညာရှင်၊ လက်မှုပညာရှင်တွေနဲ့ နာမည်ကျော်အနုပညာလက်တွေအကြောင်းကို အလျှံပယ်တွေ့ရှိရမှာပါ။ ဟယ်လင် ဟာ နာမည်ကြီး ပြင်သစ်ပန်းချီဆရာ အနုပညာစုဆောင်းသူတစ်ဦးဖြစ်တဲ့ Paul Berthier ရဲ့တူမဖြစ်ပြီး Paul Berthier ဆုံးပါးသွားပြီးနောက်ပိုင်းမှာ ဦးလေးဖြစ်သူရဲ့ အိမ်ခြံနဲ့ တန်ဖိုးကြီးအနုပညာပစ္စည်းတွေကို ဆက်လက်ထိန်းသိမ်းပေးနေတဲ့ ၇၅နှစ်အရွယ် အမျိုးသမီးကြီးတစ်ယောက်ပါ။ ဟယ်လင်ရဲ့ သားသမီးသုံးယောက်ဖြစ်သူ ဖရက်ဒရစ်၊ ယေဟေမိနဲ့ ‌‌အေဒရီယန်တို့ဟာ ၎င်းတို့ရဲ့မိသားစုတွေနဲ့အတူ မိခင်ကြီးရဲ့ ၇၅နှစ်ပြည့်မွေးနေ့မှာ တွေ့ဆုံကြဖို့အတွက် ငယ်ဘ၀ကအိမ်လေးဆီ အရောက်ပြန်လာခဲ့ကြပါတယ်။ ထို့နောက် ဟယ်လင်ဟာ ရုတ်တရက်ဆုံးပါးသွားပြီးတဲ့နောက်မှာတော့ ဖရက်ဒရစ်၊ ယေဟေမိနဲ့ အေဒရီယန်တို့သုံးဦးဟာ အမေဖြစ်သူဟယ်လင် ဘ၀တလျှောက်လုံးထိန်းသိမ်း‌‌စောင့်ရှောက်လာခဲ့တဲ့ Paul Berthier ရဲ့အိမ်တော်ကြီးနဲ့ အမွေပစ္စည်းတွေကို စီမံခန့်ခွဲကြဖို့ရာ အကြောင်းဖန်လာတော့တဲ့အခါမှာတော့… Paul Berthier နဲ့ ဟယ်လင်ရဲ့အကြားက ဆက်ဆံရေး၊ သားသမီးသုံးဦးရဲ့ အနုပညာပစ္စည်းတွေအပေါ်အမြင်၊ ရှေးပဝေသဏီကတည်းက မိသားစုရဲ့ ထမင်းချက်အိမ်ထိန်းဖြစ်ခဲ့တဲ့ အယ်လူဝိစ်ရဲ့ ခံယူချက်တွေကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဒီရုပ်ရှင်ရဲ့ဖန်တီးသူ စာရေးဆရာ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Oliva Assayas ဟာ Summer Hours ရဲ့ခံစားချက်ကိုဆွဲဆောင်စေတဲ့ခံစားချက်ရရှိအောင် ဇာတ်ဆန်ဆန်မရိုက်ကူးထားဘဲ အရွယ်ရောက်ပြီးသား သားသမီးသုံးယောက်ရဲ့ သဘာ၀အတိုင်း တိုင်ပင်ဆွေးနွေးငြင်းခုန်ကြပုံတွေ ရိုက်ကူးထားတယ်လို့ဆိုပါတယ်။ File size…(2.4 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant

7.2 2008 103 mins
Summer Hours
It Only Takes A Night
6.6

It Only Takes A Night (2023) ဒီကားလေးကတော့ ပေါ့ပေါပါးပါးအချစ်ကားလေးတွေကိုကြိုက်တတ်တဲ့ ပရိသတ်အတွက် Rom-Com ဇာတ်ကားလေးပါ။ CW ရဲ့နာမည်ကြီးစီးရီး “The 100” ကို ကြည့်ဖူးတဲ့သူဆိုရင် ဒီကားထဲက အဓိကဇာတ်ဆောင်မင်းသမီး ရူဘီကို ရင်းနှီးကြမှာပါ။ လတ်တလောမှ သုံးနှစ်ကြာသက်တမ်းကြာ ဘဲနဲ့ပြတ်ထားတဲ့ ရူဘီတစ်ယောက် မုမအွန်နိုင်သေးလို့သူငယ်ချင်းသုံးယောက်နဲ့ Nightout ထွက်ပြီး ပျော်ဖို့လုပ်ပါတယ်။ ဒါပေမဲ့ စားသောက်ဆိုင်မှာ အဆက်ဟောင်းရယ် သူ့ကောင်မလေးအသစ်ရယ်ကိုတွေ့တော့ ပြဿနာရှာမိပြီး တလွဲတွေလုပ်မိပါတော့တယ်။ ဒါပေမဲ့ သုံးနှစ်လောက်တွဲပြီး Soulmate မတွေ့ခဲ့တဲ့ ရူဘီတစ်ယောက် အဲဒီညမှာပဲ ‌ကလပ်ပိုင်ရှင်ဩစတေးလျသားလေးတစ်ယောက်နဲ့ချိတ်မိပြီး အဆက်ဟောင်းဆီပဲပြန်စိတ်လည်မလား… အသစ်လေးနဲ့ပဲညားမလား… ဆိုတာ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပါ။ အလုပ်ပြန် စိတ်အပန်းဖြေဖို့ ရွေးချယ်သင့်တဲ့ကားလေးမလို့ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 780MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 34Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.6 2023 94 mins
It Only Takes A Night
Parking
8

Parking (2023) “နေရာ” IMDb – 8.0/10 သတင်းရင်းမြစ်တွေအရ ၂၀၂၃တမီးလ်ရုပ်ရှင်တွေထဲမှာ အကောင်းဆုံးစာရင်းဝင်ထားတဲ့ ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ အက်ရှ်ဝါဆိုတာ အိုင်တီပညာရှင်တစ်ဦး။ကိုယ်ဝန်သည်ဇနီးဖြစ်သူနဲ့အတူ ချန်နိုင်းမြို့မှာအိမ်ငှားနေဖို့ ပြောင်းလာပါတယ်။သူတို့ငှားနေတဲ့ အောက်ထပ်မှာတော့ လူရိုးလူဖြောင့် အစိုးရဝန်ထမ်း လူ့ဂွစာအဘိုးကြီးမိသားစုနေပါတယ်။ လာဘ်ပေးလာဘ်ယူမုန်း ခေတ်သစ်လူ့အဖွဲ့အစည်းကိုလည်း အမြင်မကြည်တဲ့အဘိုးကြီးနဲ့ ဇနီးဖြစ်သူရဲ့မျက်နှာကို အရိပ်တကြည့်ကြည့်နဲ့ ချစ်ကြင်နာတတ်တဲ့ အိုင်တီပညာရှင်လူငယ်တို့ တွေ့တွေ့ချင်းမှာတော့ ပလဲနံသင့်ရှိကြပါပေရဲ့။ ဒါပေမဲ့လည်း ဇာတ်လမ်းနာမည်အတိုင်း တစ်နေရာတည်းရှိတဲ့ ပါ့ခ်ကင်ကို မောင်ပိုင်စီးဖို့ကြိုးစားကြတဲ့အခါမှာတော့။ ကြောင်နဲ့ကြွက်လို တကျက်ကျက်ဖြစ်လာမဲ့ အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်းလေးကို ပရိသတ်တို့ အပျင်းတော်ပြေစေကြောင်းရယ် တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8 2023
Parking
Broken Hearts Trip

Broken Hearts Trip (2023) Broken Hearts Trip ဖိလစ်ပိုင် LGBTQကားအသစ်‌ပါ။ LGBTကားကိုမှ နည်းနည်းဆန်းဆန်းပြားပြားဖြစ်သွားအောင် Variety Showလုပ်တဲ့ အကြောင်းကို ရုပ်ရှင်ပြန်ရိုက်ပြထားတာပါ။ သူတို့လုပ်တဲ့ရှိုးကတော့ အသည်းကွဲနေတဲ့ LGBTတွေ ခရီးထွက်ပြီး အသည်းကို ပြန်ကုစားမယ့် အကြောင်းပါ။ သိတဲ့အတိုင်း ဖိလစ်ပိုင်ဂေးတွေ ထိုင်းဂေးတွေက ရယ်ရတတ်တယ်ဆိုတော့ ဒီထဲက ဂေးတွေတော်တော်များများကလည်း ရယ်ရပါတယ်။ သက်ကြီးဂေး သက်ငယ်ဂေး ဆယ်လီဂေး ဂေးချော ဂေးတောင့် ဂေးဖြောင့် ထရန်ဂျန်ဒါတွေ စသဖြင့် အသည်းကွဲနေတဲ့ ဂေးပေါင်းစုံ စုနေတဲ့ကားပါပဲ။ ဒီရှိုးမှာ သူတို့ဟာ ပြိုင်ပွဲတွေကို ဝင်ပြိုင်ရမှာဖြစ်ပြီး နောက်ဆုံးကျန်ခဲ့တဲ့တစ်ယောက်က ဆုငွေတစ်သန်းရမှာပါ။ သူတို့တွေထဲ တစ်ယောက်ကိုတစ်ယောက်ဖေးမကြတဲ့လူတွေရှိသလို တစ်ယောက်ကိုတစ်ယောက် တွန်းချကြတဲ့လူတွေလည်းရှိပါတယ်။ ဘယ်လိုလူတွေဟာ ဘယ်လိုပုံစံတွေနဲ့ ဒီအသည်းကွဲခရီးစဉ်ရှိုးမှာ ဝင်ပြိုင်ပြီး ဘယ်သူက နောက်ဆုံးအနိုင်ရသူဖြစ်မလဲဆိုတာကို ကြည့်ရမယ့် ဖိလစ်ပိုင်ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ထဲက ရှိုးကို လေကြောင်းလိုင်းနဲ့ Tours ကုမ္ပဏီက စပွန်ဆာပေးထားတာမို့ ဖိလစ်ပိုင်ရဲ့ အလှဆုံးဆိုတဲ့နေရာတွေမှာချည်း သူတို့တွေ ခရီးသွားနေရမှာပါ။ ထူးတာက ပြိုင်ပွဲဖြစ်တာကြောင့် အပြိုင်အဆိုင်တွေလည်း ရှိပေမဲ့ သူတို့ရဲ့အသည်းကွဲနောက်ခံဇာတ်လမ်းတွေ သူတို့ရဲ့အသည်းကို ပြန်ကုစားခြင်းတွေဟာ နွေးတော့နွေးထွေးနေပါတယ်။ တစ်ကားလုံး LGBTQကို အသားပေးထားတဲ့ရုပ်ရှင်ဖြစ်သလို ဖိလစ်ပိုင်ရဲ့ အလှပဆုံး စိတ်လှုပ်ရှားဖို့အကောင်းဆုံးနေရာတွေမှာရိုက်ပြထားတာမို့ ဇာတ်လမ်းတော့ အရမ်းကြီးမကောင်းလှပေမဲ့ ဖိလစ်ပိုင်းကားတစ်ကားအနေနဲ့တော့ ကြည့်ရမဆိုးတဲ့ ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 2.1GB | 1.1GB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

Thriller
0 2023
Broken Hearts Trip
Swakaryam Sambhavabahulam
7.4

Swakaryam Sambhavabahulam (2024) “တွေ့ဆုံကြုံကွဲ” IMDb 9.3/10 မလေယာလမ်းဒါရိုက်တာကြီး Naseer Badarudeenရဲ့လက်ရာ ဇာတ်လမ်းတစ်ပုဒ်ကိုခံစားကြည့်ရအောင်ဗျာ။ ရာဗီဆိုတာ သမီးနှစ်ယောက်ဖခင်။ သားသမီးတွေရယ် ဇနီးဖြစ်သူရယ်နဲ့ ပျော်ရွှင်တဲ့မိသားစုလေးကိုဦးဆောင်နေတဲ့ သမီးဖြစ်သူတွေကို မကောင်းတဲ့ပတ်ဝန်းကျင်ကနေ ကင်းနေအောင်ထားချင်တဲ့ အဖေတစ်ယောက်။ သူ့အလုပ်က စိတ်ကျန်းမာရေးဆေးရုံမှာ အကူလုပ်သားအဖြစ်။ သမီးကြီး သမီးငယ်ရဲ့ အရေးကိစ္စတွေကို အလေးပေးပြီးဂရုစိုက်တတ်တဲ့ဖခင်တစ်ယောက်ဆီ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ လောကဓံရိုက်ချက်တွေ ကြုံလာရတဲ့အခါမှာတော့…။ မတူညီတဲ့ဇာတ်ကောင်တွေကို တစ်ကွက်ချင်းရိုက်ပြပြီး ပေါင်းစပ်ပြတတ်တဲ့ မလေယာလမ်းဇာတ်လမ်းကောင်းတွေထဲက တစ်ပုဒ်မို့ ခံစားကြည့်ရှုကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.4 2024
Swakaryam Sambhavabahulam
The Lost Cave of the Arctic Sea
5.8

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်သင်္ချိုင်းဖောက်တဲ့ ရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့…… ပင်လယ်ကျွန်းတစ်ကျွန်းပေါ်မှာ နန်ယွဲ့ရှေးဟောင်းသမိုင်းဝင် နေရာဟောင်းကို ရှာတွေ့ခဲ့ပါတယ်။ ဒီနေရာက နန်ယွဲ့အမတ်ချုပ်ကြီး လွီကြားတဲ့ ရတနာတွေ ဖွက်ထားတဲ့ နေရာဖြစ်တယ်လို့ ပြောနေကြပါတယ်…… တိုက်ဖွန်မုန်တိုင်းကြီး ကျရောက်ခါနီးမှာ ထူးခြားတဲ့ နားကြားစွမ်းရည်ရှိတဲ့ ဝူဟိန်ကို နန်ယွဲ့သမိုင်းလေ့လာနေတဲ့ ကုလင်က အကူအညီတောင်းခဲ့တဲ့အတွက် ကျွန်းပေါ်ကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမှာ လွီကျားတို့ခေတ်ထက် ပိုဝေးတဲ့ သမိုင်းဝင်ဂူကြီးတစ်ခုကို တွေ့သွားတဲ့အခါ စွန့်စားရေးခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတော့တယ်…… တရုတ်သင်္ချိုင်းဖောက်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ပုံရိပ်ယောင်တွေ တစ္ဆေတွေ မိစ္ဆာတွေ သင်္ချိုင်းထဲက ထူးဆန်းတဲ့အကောင်ကြီးတွေ မျိုးစုံကို မြင်တွေ့ရမှာဖြစ်တဲ့အတွက် အသည်းငယ်သူတွေတော့ သတိလေးနဲ့ ကြည့်ကြပါလို့……

Horror
5.8 2024
The Lost Cave of the Arctic Sea
Peranmai
7.1

Peranmai ( 2009 ) “သူရဲကောင်းတို့ရဲ့ဂုဏ်သိက္ခာ” ဒီဇာတ်ကားကတော့ ၂၀၀၉ ခုနှစ်ထွက် တမီးလ်စကားပြော Action / Adventure ဇာတ်ကားတစ်ကားဖြစ်ပါတယ် ဇာတ်ကားအကျဉ်းကတော့ တက္ကသိုလ်ကျောင်းသူတစ်စုဟာ စခန်းသွင်းလေ့ကျင့်ရေးအတွက် တောထဲက တက္ကသိုလ်မှာ လာနေပြီး ချီတက်ပွဲအတွက် အပြိုင်အဆိုင်လေ့ကျင့်ရမှာဖြစ်ပါတယ်။ ကျောင်းသူတွေထဲမှာ သူတို့ကိုယ်သူတို့ ဒီစခန်းရဲ့ မဏ္ဍိုင်ကြီးငါးခုအဖြစ် ကြေညာသတ်မှတ်ထားတဲ့ ခပ်ကဲကဲကျောင်းသူအလန်းလေး ၅ ယောက်ပါလာပါတယ်။ ဘယ်သူ့ကိုမှလည်းမကြောက်သလို မြို့သူလေးတွေလည်းဖြစ်ပြန်တော့ ဘာကိုမှအလေးအနက်မထားတတ်ဘဲ အစားအသောက်ကအစ ကလေးဆန်ဆန်ချေးများလို့နေပါတော့တယ်။ မင်းသားဖြစ်တဲ့ ဒူရူဗန်ကတော့ သူတို့အားလုံးကို လေ့ကျင့်ပေးရတဲ့ဆရာတစ်ယောက်ဖြစ်ပြီး တောရိုင်းလူမျိုးစုတစ်စုက ဆင်းသက်လာသူဖြစ်ပါတယ်။ လေ့ကျင့်ကွင်းထဲမှာ စည်းကပ်အလွန်တင်းကျပ်ပေမဲ့ သာမာန်အချိန်မှာ ပျော်ပျော်နေတတ်သူဖြစ်တာကြောင့် ကျောင်းသူတွေကိုလည်း သူငယ်ချင်းလိုပဲဆက်ဆံပါတယ်။ ဒါပေမဲ့ အပျိုချောတို့ကတော့ သူ့မျိုးနွယ်စုကြောင့် အထင်တသေးလှောင်ပြောင်ချင်စိတ်ပဲရှိနေကြပါတယ်။ ဒီလိုနဲ့ စည်းကမ်းကျပ်တဲ့လေ့ကျင့်ရေးဆရာနဲ့ ဘာကိုမှအလေးအနက်မထားတတ်တဲ့ကျောင်းသူတစ်စုတို့ ဘယ်လိုတွေစခန်းသွားကြမလဲ.. Action / Adventure Genre ဖြစ်လာဖို့ ဇာတ်ကြောင်းလှည့်ကွက်တွေ ဘယ်လိုဆက်ရှိမလဲဆိုတာကိုတော့ ဇာတ်ကားတလျှောက် ဆက်လက်ကြည့်ရှုပေးကြပါဦးဗျာ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။)

7.1 2009
Peranmai
Heartbreak Motel
7

အဆိပ်အတောက်ဖြစ်စေတဲ့ဆက်ဆံရေးတွေကနေ ရုန်းထွက်ဖို့ ကြိုးစားနေသူတစ်ယောက်လား??? ဒါဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့ အကြံပေးချင်ပါတယ် သရုပ်ဆောင်လောကရဲ့ တက်သစ်စ သရုပ်ဆောင် အယ်ဗာအက်လန်ဒရာဟာ အတိတ်မှာ ရခဲ့တဲ့စိတ်ဒဏ်ရာတွေကနေ ရုန်းမထွက်နိုင်ဖြစ်နေခဲ့ပါတယ်… သူ့ရဲ့စိတ်ဒဏ်ရာကို ကုစားပေးနေတယ်လို့ သူယူဆခဲ့တဲ့ သူ့ရည်းစား ရီဇာမလစ်က စိတ်တိုဒေါသထွက်လွယ်ပြီး ရိုက်နှက်နှိပ်စက်တတ်သူတစ်ယောက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါ….. ဒီအဆိပ်အတောက်ဖြစ်နေတဲ့ဆက်ဆံရေးတွေကနေ သူဘယ်လိုရုန်းထွက်ဖို့ ကြိုးစားမလဲ??? အတိတ်ကစိတ်ဒဏ်ရာတွေကိုရော သူကုစားနိုင်ပါ့မလား ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် အင်ဒိုနီးရှား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:55:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Mon

7 2024 115 mins
Heartbreak Motel
Solitude Einvera
6.9

Solitude (2024) IMDb Rating (6.9) “အထီးကျန်” တစ်ယောက်တည်းအဆင်ပြေတယ်ဆိုတာ အဆင်မပြေခြင်းတစ်မျိုးပဲတဲ့။ ဒီစာသားဟာ အထီးကျန်ခြင်းရဲ့ စာသားဖြစ်လိမ့်မယ်။ အထီးကျန်ပြီးပဲ နေသင့်တယ်လို့ ထင်ရတဲ့လူတွေလည်းရှိတယ်ဆိုတဲ့ စကားကို လွယ်လွယ်နဲ့မပြောချင်ပါဘူး။ ဒါပေမဲ့ တကယ်လည်းရှိနေတယ်။ ကမ္ဘာကြီးနဲ့ခွာနေလာရင်း ကမ္ဘာကြီးနဲ့ ပြန်အစေးမကပ်တော့သူတွေပေါ့။ ကမ္ဘာကြီးဆီ ပြန်ကပ်ကြည့်လိုက်တိုင်း သူတို့မှာ ဒဏ်ရာတွေ ဗရပွနဲ့။ အံ့ဩဖို့ကောင်းတဲ့လူတွေကပဲ အံ့ဩဖို့ကောင်းအောင် ရက်စက်တတ်ပါတယ်။ သူတို့တော့ သိလိမ့်မယ်မထင်ဘူး။ တစ်ယောက်တည်းအဆင်ပြေတယ်ဆိုတာ အဆင်မပြေခြင်းတစ်မျိုးပဲတဲ့။ အခုတော့ ငါတစ်ယောက်တည်း အဆင်မပြေဘူးအချစ်ရယ်။ ဒါပေမဲ့ ငါကမ္ဘာကြီးနားကပ်လိုက်ရင်း ကမ္ဘာကြီးက ငါ့ကိုတွန်းထုတ်ရင်း ငါတစ်ယောက်တည်း အဆင်မပြေဘူးအချစ်ရယ် (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(1 GB) / (500 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:14:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

6.9 2024 75 mins
Solitude Einvera
National Anthem
6.2

National Anthem (2024) IMDb Rating (6.2) / Rotten Tomatoes (91%) ၂၀၂၀မှာ ဓာတ်ပုံဆရာ Luke Gilford ဟာ National Anthemဆိုတဲ့နာမည်နဲ့ အင်တာနေရှင်နယ်ဂေးနွားရိုင်းစီးသမားအစည်းအရုံးက queer တွေရဲ့ ပုံတွေကို ရိုက်ပြီး တင်ဆက်ခဲ့ဖူးတယ်။ တော်တော်အသက်ဝင်တဲ့ဓာတ်ပုံတွေလို့ဆိုကြတယ်။ ဒီရုပ်ရှင်ရဲ့ဒါရိုက်တာ Gilfordဟာ ဒီရုပ်ရှင်ဇာတ်အိမ်တည်တဲ့ ဒေသမှာပဲကြီးပျင်းလာခဲ့ပြီး နွားရိုင်းစီးပွဲတွေကိုလည်း ငယ်ငယ်ကတည်းက သဘောကျခဲ့တယ်။ ဒီရုပ်ရှင်မှာတော့ Southwest ဒေသနဲ့ အဲဒီအရပ်က မိသားစုထဲက ကောင်လေးတစ်ယောက်နဲ့ နွားရိုင်းစီးသမား queerတွေရဲ့ ဆက်ဆံရေးကို အဓိကအခြေတည်ထားတယ်။ ကောင်လေးက queerဟုတ်မဟုတ်ကတော့ မပြောတတ်ဘူး။ ထူးခြားတာက ဒီရုပ်ရှင်တစ်ကားလုံး အဓိကဇာတ်ဆောင်ကောင်လေးရဲ့မိသားစုကလွဲလို့ ကျန်တာအကုန် queerတွေချည်းသုံးထားတယ်။ queerတွေကို အခြေတည်ပြီးဖြစ်လာတဲ့ဇာတ်ဆိုတော့လည်း queerတွေကို အသားပေးတာတော့မဆန်းပေမဲ့ တင်ဆက်ပုံကတော့ ဆန်းတယ်ပြောရပါမယ်။ အပျင်းပြေကြည့်ဖို့တော့ သိပ်အဆင်မပြေလောက်ပေမဲ့ ခံစားချက်တစ်ခုခုကိုလိုချင်ရင်တော့ ကြည့်လို့အရသာရှိမယ့်ဇာတ်လမ်းပါပဲ ။ Gilford ကတော့ ဒီqueerအသိုင်းအဝိုင်းနဲ့ပတ်သက်ပြီး သူချစ်တဲ့တစ်ချက်က ခင်ဗျားသူတို့ဆီသွားလိုက်တာနဲ့ သူတို့ကလက်ခံပေးတာပဲ။ ဒါကတော်တော်ချစ်စရာကောင်းတဲ့အရာပါပဲ။ အမေရိကကလည်း ဒီလိုပဲဖြစ်နေသင့်တယ်လို့ ပြောခဲ့တယ်။ ဆိုတော့ ဒီရုပ်ရှင်ရဲ့နာမည် နိုင်ငံတော်သီချင်းဆိုတာ ဒီ queer အသိုင်းအဝိုင်းကို ရည်ညွှန်းခြင်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(3 GB) / (1.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:41:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

6.2 2024 99 mins
National Anthem
Queen of the Ring
6.6

ဒါကတော့ အမေရိကန်ရဲ့ နာမည်ကျော် WWE နပမ်းလောကမှ လေဒီနပမ်းသမားနယ်ပယ်ကို ဦးဆောင်လမ်းဖောက်ပေးခဲ့တဲ့ မစ်ရက်ဘာ့ခ်ရဲ့ အကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့ သမိုင်းရုပ်ရှင်တစ်ခုပါ…. ၉၀ ခေတ်က အမျိုးသားတွေပဲ ကြီးစိုးခဲ့တဲ့ WWE လောက ထဲကို ဝင်ချင်ခဲ့တဲ့ မစ်ရက်ရဲ့ ကြိုးစားမှုတွေကြောင့် ပွဲတော် တွေမှာ ယောက်ျားတွေနဲ့ ကြေးစားအဖြစ် နပမ်းသတ်ပြရင်း နာမည်ရလာပါတယ်… အဲ့ဘက်ခေတ်ကလည်း အမျိုးသမီး ၂ ယောက် ကွင်းထဲမှာ နပမ်းသတ်တဲ့ ကိစ္စက ပြည်နယ်အချို့မှာ တရားမဝင် သတ်မှတ်ထားပါတယ်… WWE နပမ်းသမားတွေက အတုအယောင် တကယ် ထိုးတာမဟုတ်ဘူးလို့ ထင်နေရင်တော့ မှားသွားပါလိမ့်မယ်… လူတွေစိတ်ဝင်စားလာအောင် ဇာတ်လမ်းတွေဆင်ပြီး လူဆိုး လူကောင်းခွဲပြီး ခါးပတ်လုကြတဲ့ ပွဲမှာ ဖိုက်တာ သွေးပါလာတဲ့ မစ်ရက်ဘာ့ခ်ရဲ့ ဝိတ်တာဘဝကနေ အမျိုးသမီးဟဲဗီးဝိတ်ချန်ပီယံဖြစ်လာတဲ့ သမိုင်းဇာတ်လမ်း တစ်ပုဒ်ကို ကြည့်ရှုရာမှာဖြစ်ပါတယ်….. File size… (2.54GB) / 1.37GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….2h 20m Genre …..Biography , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thiha & Matteo

6.6 2024 140 mins
Queen of the Ring