YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Tiger Woman 2015.720p{CM}.mp4

391.25 MB N/A video/mp4 4395 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Family Man
6.7

အဓိကဇာတ်ဆောင်အဖြစ် မင်းသားကြီး Gerard Butler ကသရုပ်ဆောင်ထားပြီး William Dafoe၊ Alfred Molina၊ Alison Brie၊ Gretchen Molစတဲ့ ပရိသတ်နဲ့ရင်းနီးပြီးသား သရုပ်ဆောင်တွေချည်းပါပဲ။ ဇာတ်လမ်းလေးကတော့ Head-hunter ဆိုတာ ကုမ္ပဏီတွေအတွက်လူသစ်ရှာဖွေရေးဝန်ဆောင်မှုလုပ်ရင်း အလုပ်ဖြစ်ရင်၊ ပွဲဖြစ်ရင် ကုမ္ပဏီဘက်ကနေ ဝန်ဆောင်ခရတဲ့ အလုပ်ကိုမျိုးကို ပွဲစားလိုလုပ်တဲ့ အလုပ်ပွဲစားတွေပေါ့။ အလုပ်လုပ်ဖို့ကလည်း စားပွဲတစ်လုံး ဖုန်းတစ်လုံး ထိုင်ခုံတစ်ခု လူတစ်ယောက်ပဲ လိုပါတယ်။ ကလိမ်ကကျစ်ကျတတ်ဖို့၊ ကွက်ကျော်ရိုက်တတ်ဖို့ ၊လိမ်လည်တတ်ဖို့ကတော့ အဆစ်ပေါ့ဗျာ။ သူဌေးဖြစ်သူကိုယ်တိုင်က အလုပ်မဖြစ်တဲ့ အလုပ်ပွဲစားတွေကို အလုပ်ဖြုတ်တဲ့စနစ်၊ ရာထူးတိုးချင်ရင်လည်း လအလိုက်အပြိုင်အဆိုင် ငွေရှာခိုင်း၊ နိုင်တဲ့သူမှ ရာထူးတိုးပေးတဲ့စနစ်ကိုပဲသွေးအေးအေးကျင့်သုံးတဲ့သူပေါ့။ ဘယ်လောက်တောင်ဆိုးလဲဆိုရင် အလုပ်ထွက်သွားတဲ့သူတွေ သူ့ကိုပြန်မတုနိုင်အောင် မယှဥ်ပြိုင်ရသဘောတူညီချက်(non-compete aggreement)တွေထားပြီး ကိုယ့်ဆီကအလုပ်ထွက်သွားရင်တောင် ဒီအလုပ်လုပ်လို့မရအောင် ခေါင်းပုံဖြတ်ထားသတဲ့။ ဒီအလုပ်ကိုပိုင်နိုင်ကျွမ်းကျင်သလို အရမ်းလည်းအလုပ်ကြိုးစားတဲ့ David Jensenတစ်ယောက် အလုပ်ကိုပဲ မဲလုပ်နေတော့ မိသားစုအပေါ်လစ်လပ်လာတာတွေ၊ သားသမီးကိုဂရုမစိုက်မိတာတွေ ဖြစ်လာတယ်။ ပိုကံဆိုးချင်တော့ သားဖြစ်သူက သွေးကင်ဆာ ဖြစ်ပြီး သေမလားရှင်မလားဖြစ်အလာ၊ အလုပ်ကလည်း အပြိုင်အဆိုင်ဆိုတော့ Dane တစ်ယောက် ဘာ‌တွေဘယ်လို့ရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ File Size :(948MB)&(461MB) Quality : Blu-Ray 1080p, 720p Format :mp4 Duration : 01:48:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by HYAN

Horror • Thriller
6.7 2017 108 mins
A Family Man
Viruman
5.8

ဗီရူမန်ကတော့ မွေးချင်းညီအစ်ကို လေးယောက်ထဲမှာ အငယ်ဆုံးသားဖြစ်ပါတယ် သူငယ်ငယ်လေးထဲက သူ့အဖေအရင်းကိုတောင် ဓါးကိုင်ပြီးလိုက်ခုတ်ခဲ့ဖူးပါတယ် အကြောင်းရင်းကတော့သူ့အမေအရင်းက သူ့အဖေရဲ့နှိပ်စက်မှုဒဏ်တွေကြောင့် ဆုံးပါးသွားခဲ့ပါတယ် အဲ့ဒါကြောင့်သူ့အဖေကို နာကျည်းမုန်းတီးကာ ငယ်ငယ်ထဲက သူ့ဦးလေးတွေနဲ့ပဲနေထိုင်ကြီးပြင်းခဲ့ပါတယ် ဒီလိုနဲ့ကြီးပြင်းလာ‌တော့ သူ့အဖေကိုLesson ပေးချင် အပြစ်တွေအတွက် ပြစ်ဒဏ်ခံယူစေချင်တာကြောင့် အမျိုးမျိုးနှောင့်ယှက်ဒုက္ခပေးပါတော့တယ် သူ့အဖေကတော့ လာဘ်စားပြီးမောက်မာဆိုးသွမ်းတဲ့လွှတ်တော်အမတ်တစ်ဦး ဖြစ်ပါတယ် ထို့အပြင်သူ့အစ်ကိုသုံးယောက်ကိုလည်း မကောင်းတဲ့ဖခင်ကိုဆန့်ကျင်စေချင်တာကြောင့် လိုက်လံစည်းရုံးပေမဲ့ သူ့အစ်ကို ၃ယောက်က ငွေ ၊ ပစ္စည်းဥစ္စာမျက်နှာကြောင့် သူ့အဖေဘက်ကနေထွက်မလာပါဘူး ဒီလိုနဲ့ ‌ဖအေနဲ့ သားရဲ့တိုက်ပွဲမှာ နောက်ဆုံးသူ့အဖေကပဲရှုံးပြီး အပြစ်ကြွေးတွေဆပ်ရမလား... သူ့သားကပဲလက်လျှော့သွားရမလားဆိုတာ... File size…3GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa & Allena & Kevin & Yunni

Drama • Horror
5.8 2022 151 mins
Viruman
Fast 888
6

ထိုင်း အခွီမင်းသားချော Nick Kunatip နဲ့ ဟာသတွဲဖက် Chuanchen Chaet တို့အဓိက ပါဝင်ထားတဲ့ တကားလုံးရီနေရတဲ့ဇာတ်ကားပါ။ လတ်တလောကမှ ကျောက်ဖုရားမြစ်ထဲ တွန်းချခံရလို့ သေဆုံးခဲ့တဲ့ မင်းသမီးချောလေး Tangmo Nida Patcharaveerapong လဲ ဒီကားထဲ ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်း... ဖွန်(Chuanchen Chaet)) က ဘတ်စ်ကားအမှတ်၈၈၈ကိုမောင်းနှင်သူတစ်ယောက်ဖြစ်ပြီး သူငယ်ချင်းဖြစ်သူ ဝင်း(Kunatip)ကတော့ ကားစပယ်ယာလုပ်ပေးနေသူပဲဖြစ်ပါတယ် ဖွန်ရဲ့ ဇနီးဖြစ်သူ မီအာ(Tangmo)က ဖခင်နဲ့ချစ်သူဖွန်ကြား ဖွန့်ကိုရွေးလာသူမို့ ဖွန့်အနေနဲ့ မိန်းမရှိခိုး သွားမကျိုးဆိုတဲ့အတိုင်းနေလာခဲ့သူလည်းဖြစ်ပါတယ် တစ်ရက် ဖွန်နဲ့ ဝင်းတို့ ဘတ်စ်၈၈၈ ကိုမောင်းလာရင်း ဖွန်ရဲ့ ဝါသနာအတိုင်း တခြားဘတ်စ်ကားနဲ့ ကားမောင်းပြိုင်ရာက အလွဲတွေ စဖြစ်ပါတော့တယ်.. ကားပေါ်မှာ ဖွန့်ကိုကြည့်မရလို့ ကားဘရိတ်ကြိုးဖြတ်ဖို့နဲ့ ချိန်ကိုက်ဗုံးထောင်ထားတဲ့ အဖွဲ့နှစ်ဖွဲ့အပြင် ကောင်မလေးကြောင့် သတ်သေချင်နေသူ, မော်ဒယ်အဖွဲ့, လျှို့ဝှက်တဲ့ပုံနဲ့နေနေတဲ့ညီအစ်ကိုနှစ်ယောက်, ရောဂါသည်တစ်ယောက် နဲ့ သီချင်းဆိုပြိုင်ပွဲလာဝင်တဲ့သူ စတဲ့ခရီးသည်ပေါင်းစုံပါလာပြီး ကားပေါ်က ဖွန်နဲ့ ခရီးသည်တွေရဲ့အကြောင်းစုံကို ဟာသနှောပြီးတင်ဆက်ပေးထားတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ပေါ့ပေါ့းပါးပါးရီချင်နေရင်တော့ ဒီဇာတ်ကားက အဲ့လိုပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Kyi Nue Zin မှ တင်ဆက်ပေးထားပါတယ်။) File size…(2.1 GB)/(999 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:33:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Kyi Nue Zin

Comedy • Drama
6 2016 95 mins
Fast 888
The Red Book Ritual
5.5

2022 ထွက် Horror ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကစားနည်းတစ်ခု ရှိပါတယ်။ သဘာဝလွန် ကစားနည်းပေါ့။ တစ်နည်းအားဖြင့်ပြောရရင် တမလွန်ဘုံသားများနဲ့ အတူဆော့ရမယ့် ကစားနည်းပါ။ ကစားနည်းက သိပ်မထူးဆန်းပါဘူး။ ဖယောင်းတိုင်လေး တစ်တိုင်ထွန်း။ ဘေးမှာ လူတွေဝိုင်းထိုင်။ မျက်နှာဖုံးအနီရောင်နဲ့ စာအုပ်တစ်အုပ်ရှာပြီး ကစားရုံပါပဲ။ အန်ကယ်ဆမ်တို့ဆီမှာ လူတိုင်းသိတဲ့ ကစားနည်းပေါ့။ ကျွန်တော်တို့ဆီဆိုရင် ဖျာလိပ်နတ်မေးကြသလိုပေါ့ဗျာ။ ကစားဖို့အတွက် သူတို့ဆင့်ခေါ်လိုက်တဲ့ ဝိညာဉ်ဟာ အဖော်အပေါင်းတွေနဲ့ သုံးယောက်ပူး ရောက်ချလာပါလေရော။ အိမ်ထဲမှာ ရှိနှင့်ပြီးသား စုန်းမတစ်ယောက်ကလည်း စာအုပ်ကနဆင့် အပြင်ထွက်နိုင်အောင် ကြိုးစားလာပါပြီ။ ဘာတွေကစားချင်လို့ ခေါ်လိုက်မှန်း မသိရပေမယ့် အခြေအနေက ခြောက်ခြားလာတဲ့အခါ ကစားပွဲက ထွက်ဖို့ ကြိုးစားရပါတော့တယ်။ ဒါပေမဲ့ အခက်သားလားဗျာ။ အစတည်းက စည်းကမ်းရှိပြီးသား။ သူတို့ သုံးထားတဲ့ သွေးနီစာအုပ်ရဲ့ ခွင့်ပြုချက်ရမှ ဒီကစားပွဲက ထွက်ရမယ်ဆိုတော့။ အင်း ... ဇာတ်ကားကိုသာ ကြည့်လိုက်ပါတော့ဗျို့။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Arr Khun Winchester ပါ ) File Size__(1.1GB) / (600MB) Quality__WEB-DL_1080p, 720p IMDb Rating__4/10 Format__mp4 Duration__01:24:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

5.5 2022 83 mins
The Red Book Ritual
Jalsa
6.4

IMDb 6.3 ဒီတစ်ခေါက်မှာတော့ Drama/ Thriller movie ဖြစ်တဲ့ Jalsa ကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းချုပ်ကတော့ ကားတိုက်ပြေးမှုကိုဖော်ထုတ်မယ့် ဇာတ်ကားတစ်ကားပါ ညဉ့်နက်ကားမောင်းရင်းအိပ်ငိုက်လာတဲ့ မာယာတစ်ယောက်သူ့အိမ်ဖော်ရဲ့သမီးဖြစ်သူကို ဝင်တိုက်မိခဲ့ပေမယ့် တာဝန်မယူဘဲထွက်ပြေးခဲ့ပါတယ် ဒါကို မာယာတိုက်ပြေးတယ်မှန်းမသိဘဲ မာယာတို့ကုမ္ပဏီမှာအလုပ်သင်အဖြစ်လုပ်နေတဲ့ တက်သစ်စဂျာနစ်လစ်မလေးကလိုက်လံစုံစမ်းနေခဲ့ပါတယ် ဇာတ်လမ်းကထင်သလောက်တော့ရိုးရှင်းမနေပါဘူး ငွေသုံးနိုင်ရင်အနိုင်ရနေတဲ့ခေတ်ကြီးမှ ာအမှန်တရားကအနိုင်ရနိုင်ပါ့မလား ဒီအမှုကရောဘာတွေဆက်ဖြစ်သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုနိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ်ရှင် (အညွှန်းကို Yunniမှရေးသား‌ပေးထားပါတယ်) File size…1.5GB / 700MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & Yunni & Honey

Comedy
6.4 2022 127 mins
Jalsa
Nayika Devi: The Warrior Queen
8.2

Nayika Devi 2022 (IMDb 8.5/10) ဘာဟူဗလီတို့ ဘိုင်ရာဗားတို့လို ရာဇဝင်နောက်ခံ ရှေးနန်းတွင်း အိန္ဒိယအက်ရှင်ကားကောင်းကောင်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားကို ထပ်မံတင်ဆက်ပေးပါရစေ ဘီစီ ၁၂ ရာစုလောက်က အိန္ဒိယနိုင်ငံဂူဂျာရက်ဂ်ကို အုပ်စိုးခဲ့တဲ့ ပထမဆုံးစစ်သည်တော်ဘုရင်မ နာရိကာဒေဗီအကြောင်းကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားပြီးတော့ ဘုရင်မနာရိကာဒေဗီရဲ့ ရဲစွမ်းသတ္တိတွေ စစ်သည်တော်လိုမျိုး စစ်မြေပြင်မှာတိုက်ခိုက်ပုံတွေကို အထူးပြုလုပ်ချက် ကောင်းကောင်းနဲ့ရိုက်ကူးထားပြီး သမိုင်းကိုဇာတ်အိမ်တည်ထားတာဆိုတော့ ဇာတ်အိမ်မခိုင်မာမှာကို ပူစရာမလိုပါဘူး စစ်ဘုရင်မိုဟာမတ်ဂိုရီကို ပြန်လည်တိုက်ခိုက်မဲ့ ဧကရီနာရိကာဇာတ်ကားလေးကို ရာဇဝင်စစ်ကားကောင်းလေးတွေကို လွမ်းဆွတ်နေတဲ့ CM ပရိသတ်ကြီးအတွက်တင်ဆင်ပေးလိုက်ပါတယ်

Comedy • Drama
8.2 2022
Nayika Devi: The Warrior Queen
Detective Dee And Thunder Fire
6

ဒီတစ်ခေါက်မှာတော့ အမှုစစ်ဒီးရန်ကျယ်ရဲ့အမှုတွဲတွေထဲက နောက်ဆုံးထွက်ထားတဲ့ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်း… ဘုရင်မ အုပ်စိုးနေတဲ့ ရှန့်ယွမ်ပထမနှစ်မှာ သဘာဝဘေးအန္တရာယ်ဆိုး တွေ ကျရောက်လာတာကြောင့် တိုင်းပြည်မှာ ပြည်သူတွေရဲ့ အပြစ်တင်မှုတွေဖြစ်ပေါ်လာခဲ့တယ် ဘုရင်မဟာ ပြည်သူတွေရဲ့အပြစ်တင်သံတွေကို လျစ်လျူရှူခဲ့ပြီး နန်းတွင်း ဆရာကြီးရဲ့ အဆိုမိန့်အတိုင်းနန်းဆောင်ကို ဆောက်လုပ်ပြီး နတ်နဂါးကို ခေါ်ဆောင်ဖို့ပြုလုပ်ခဲ့ပါတယ် ဒါပေမယ့် နတ်နဂါးကြီး သက်ဝင်လှုပ်ရှားလာတဲ့အခါမှာတော့ နတ်နဂါးကြောင့် နန်းဆောင်ကြီး မီးလောင်သွားပြီး အနီးအနားကလူတွေအပြင် အမှုစစ်တွေကပါ သဘာဝလွန် ထူးဆန်းစွာ သေဆုံးလာကြတဲ့အခါ….. ဒီထူးခြားဆန်းကြယ်တဲ့ အမှုကြီးကိုဖြေရှင်းဖို ပြောင်းရွှေ့မိန့်ကျလာတဲ့ ဒီးရန်ကျယ် အတွက် ဘယ်လိုဖြေရှင်းချက်တွေပြုလုပ်လာမလဲဆိုတာကို ထုံးစံအတိုင်းဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်

6 2023
Detective Dee And Thunder Fire
Walid
5.3

Walid (2023) မလေးရှားနိုင်ငံ အတွင်းမှာ ဖြစ်ပျက်နေတယ့် လူကုန်ကူးမှုတွေနဲ့ ကလေးများအပေါ် အမြတ်ထုတ်မှုတွေကို အခြေခံရိုက်ကူးထားသော ဘဝပေးဇာတ်ကားလေးဖြစ်ပါတယ်။ ကျူးကျော်နေထိုင်နေရတယ့် ကလေးများကို စာသင်ပေးရင်းနဲ့ Walid တစ်ယောက် Aisha ဆိုတဲ့ ကလေးမလေးနဲ့ တွေ့ပြီး ဘယ်လိုအခက်အခဲတွေ ရင်ဆိုင် ကြုံတွေ့ရမလဲ ဆိုတာ စိတ်ဝင်စားမှုအပြည့်နဲ့ ရင်ခုန်စွာကြည့်ရှုရမယ့် ပညာပေး အက်ရှင်ကားလေးဖြစ်ပါတယ်။ ဇတ်လမ်းအကျဥ်း – Walid တစ်ယောက် ကလေးတွေအပေါ် အမြတ်ထုတ်သူတွေကို နိုင်ငံတော်နဲ့အတူတူ ဘယ်လိုပညာပေးပြီး ဖမ်းဆီးခံရတဲ့ ကလေးတွေကို လူကုန်ကူးသူတွေလက်က ဘယ်လို ကယ်တင်မလဲဆိုတာ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမယ့် ကလေးငယ်များအတွက် ဘဝသင်ခန်းစာများစွာပါဝင်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ မလေးရှားနဲ့ ထိုင်းနယ်စပ်ကြားမှာ ဖြစ်ပျက်နေတယ့် ခေတ်ပျက်မှုတွေကို မြင်တွေ့ရပြီး မိမိကလေးများအတွက်ရော မိမိတို့အတွက်ပါ နားလည်မှတ်သားဖွယ် ဘဝ အတွေ့အကြုံများကို Walid ဆိုတဲ့ ကျောင်းဆရာလေးနဲ့ Aisha သော ကလေးမလေး နေရာကနေ ရသနှစ်မျိုးနဲ့ ခံစားကြည့်ရှုရမယ့် ရသစုံ ပညာပေး အက်ရှင် ဇာတ်ကားလေးဘဲဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ထားတာကတော့ Robin ပဲ ဖြစ်ပါတယ် Genre….. Action, Thriller Quality…. 1080p | 720p File size… 2.5GB | 1.3GB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Robin Encoder ….. Aaron

Horror • Fantasy • War
5.3 2023 118 mins
Walid
8 A.M. Metro
7

8 A.M Metro (2023) ရှစ်နာရီမက်ထရို Saithan၊ Hate Story နဲ့Hunterrr တို့ရဲ့မင်းသား Gulshan Devaiah နဲ့ Ghoomerမင်းသမီး Saiyami Kherတို့ရဲ့ ဒရာမာကားလေးပါ. ဘဝဟာ ရထားတစ်စင်းနဲ့တူတယ်လို့ပြောကြတယ်။ ဘဝတစ်လျှောက် မောင်းနှင်သွားလိုက်ရတာ ကိုယ်ဆင်းမယ့် ဘူတာမရောက်ခင်ထိပေါ့။ ရထားပေါ်မှာ လူအမျိုးမျိုး အဖြစ်အပျက်အမျိုးမျိုးကို တွေ့ကြုံရတတ်ကြတယ်။ မြင်ရခံစားရတယ်။ ကိုယ့်ကိုကိုယ်ပျောက်ဆုံးနေတယ်လို့ ခံစားရတဲ့သူအဖို့တော့ ရထားဟာလည်း ဗလာပါပဲ။ အီရာဟာ သာမန်အိမ်ထောင်ရှင်မတစ်ယောက်ပါ။ အရမ်းအလုပ်များတဲ့ ခင်ပွန်းနဲ့ ကလေးနှစ်ယောက်နဲ့ ပြည့်စုံတဲ့မိသားစုလေးနဲ့ပါ။ အတိတ်ကဖြစ်ရပ်တွေကြောင့် စိတ်ဒဏ်ရာရပြီး ရထားစီးရမှာ ကြောက်နေတဲ့ အီရာဟာ ဆေးရုံတက်နေတဲ့ ညီမဖြစ်သူကိုပြုစုဖို့အတွက် နှစ်ပတ်လောက် မက်ထရို(ရထား) စီးရဖို့ ဖြစ်လာပါတယ်။ အဲဒီမှာ သူ့လိုပဲ လူသိပ်မရောတတ်တဲ့ ပရီတမ်နဲ့ ဆုံခဲ့တယ်။ အီရာလိုပဲ ပရီတမ်မှာလည်း အတိတ်ဒဏ်ရာတွေနဲ့ပါ။ ဝါသနာအရ ကဗျာရေးတဲ့ အီရာဟာ ကဗျာချစ်သူပရီတမ်နဲ့ ရထားပေါ်မှာပဲ ပိုရင်းနှီးလာခဲ့တယ်။ အိမ်ထောင်ကိုယ်စီရှိကြတဲ့ နှစ်ယောက်သား၊ ကဗျာရေးတဲ့သူနဲ့ ကဗျာဖတ်တဲ့သူနှစ်ယောက်ကြား ခင်မင်ရုံပဲလား။ အဲဒီထက်ပိုလာမလား။ နှလုံးသားချင်းနီးစပ်ရင် အချိန်တွေဟာ အလကားပါဆိုတဲ့ စကားအတိုင်း တစ်ယောက်နဲ့ တစ်ယောက် စာနာနားလည်ကြတဲ့ သူတို့အတွက် ဘာတွေဆက်ဖြစ်လာကြမလဲဆိုတာကတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ Alex ~ToMo ~ V ~ Suri ဖြစ်ပါတယ်)

7 2023
8 A.M. Metro
Nosferatu
7.6

Nosferatu (2024) IMDb Rating (7.6) / Rotten Tomatoes (84%) ဒီရုပ်ရှင်ကတော့ ၁၉၂၂ တုန်းက ရိုက်ကူးခဲ့တဲ့ ဂန္ဓဝင်ဂျာမန်ဟော်ရာရုပ်ရှင်ကြီးကို ပြန်လည်ဖန်တီးထားတာပါ။ မူရင်းရုပ်ရှင်ကိုတော့ ကြောက်ဖို့အရမ်းကောင်းလို့ ဆွီဒင်နိုင်ငံမှာဆို ၁၉၇၂ အထိ ပိတ်ပင်ခံခဲ့ရတာပါ။ ဒါ့အပြင် မူရင်းရုပ်ရှင်ဟာ ဘရမ်စတုတ်ရဲ့ ကမ္ဘာကျော် ဒရက်ကူလာဝတ္ထုကို မူပိုင်ခွင့်မတောင်းဘဲ မှီငြမ်းရိုက်ကူးခဲ့လို့ ဘရမ်စတုတ်ရဲ့ အမျိုးသမီးက တရားစွဲတာ ခံခဲ့ရပါတယ်။ လျော်ကြေးမပေးနိုင်လို့ ပရိုဂျူဆာတွေက ဒေဝါလီခံသွားပြီး ရုပ်ရှင်ရဲ့ ဖလင်နဲ့ မိတ္တူအားလုံးကို ဖျက်ဆီးဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။ ဒါပေမဲ့ မိတ္တူအချို့ ဖျက်ဆီးခံရတဲ့ဘေးကနေ လွတ်မြောက်သွားတာမို့ လိုင်းပေါ်မှာ ရှိနေပြီး ချန်နယ်မြန်မာမှာလည်း တင်ပေးထားမှာပါ။ အခု ၂၀၂၄ ဗားရှင်းကတော့ မူပိုင်ခွင့်ယူထားတယ်လို့ မကြေညာထားပေမဲ့ သီးသန့် သဘောတူညီချက်ရှိရင်ရှိမှာပါ။ နောက်ပြီးတော့ ဒရက်ကူလာဝတ္ထုဟာလည်း ထုတ်ဝေပြီး နှစ် ၅၀ အကြာမှာ အများသုံးမူပိုင်ခွင့်စာရင်းထဲ ပါဝင်လာပြီမို့ တရားတော့အစွဲမခံရလောက်ဘူးထင်ပါတယ်။ အခုရုပ်ရှင်ဟာ The Lighthouse 2019 ရဲ့ ဖန်တီးရှင် ရောဘတ်အက်ဂါ ရိုက်ကူးထားတဲ့ဖြစ်ပြီး သူ့ရဲ့လက်ရှိ အကောင်းဆုံးလက်ရာလို့ ပြောလို့ရပါတယ်။ နို့စ်ဖရာတူ ၁၉၂၂ ဟာ ရောဘတ် ဒါရိုက်တာဘဝမှာ အကြီးအကျယ်လွှမ်းမိုးခဲ့တဲ့ရုပ်ရှင်ဖြစ်တာကြောင့် ဒီလို အကောင်းဆုံး ပြန်ရိုက်ကူးနိုင်ခဲ့တာလည်း ဖြစ်မှာပါ။ သရုပ်ဆောင်တွေအနေနဲ့ကတော့ အယ်လာဟက်တာအဖြစ် ဂျွန်နီဒက်ရဲ့ သမီး လီလီ-ရို့စ် ဒက်၊ သောမတ်ဟက်တာအဖြစ် နီကိုလတ်ဟောက်ထ်၊ နယ်စားကြီး အောလော့အဖြစ် IT ထဲက လူပြက်ကြီး ဘေလ်စကားစဂတ်၊ ပါမောက္ခဖရန့်အဖြစ် ဝီလီယံဒဖိုးတို့ ပါဝင်ထားတာပါ။ ဇာတ်လမ်းအကျဉ်း နို့စ်ဖရာတူ ဆိုတဲ့ စကားလုံးရဲ့ ဇစ်မြစ်ကတော့ ကွဲပြားနေတာအမျိုးမျိုးရှိပါတယ်။ ရိုမေးနီးယားဘာသာဖြစ်ပြီး ဗမ်ပိုင်းယား၊ ပလိပ်ကပ်ဘေး၊ သေမင်း စသဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပေမဲ့ ရိုမေးနီးယားစကားလုံးအစစ်ဟုတ်မဟုတ်၊ ဂျာမန်လား အခြားဘာသာလားဆိုတာ အတည်ပြုရခက်ပါသေးတယ်။ ဒီရုပ်ရှင်မှာတော့ သောမတ် နဲ့ အယ်လန်တို့က ကြင်စဦး ဇနီးမောင်နှံတွေပါ။ သောမတ်ဟာ ဆင်းရဲတာကြောင့် ငွေရှာဖို့ကြိုးစားရင်း နယ်စားကြီးအောလော့ဆီမှာ အိမ်စာချုပ်တစ်ခု သွားချုပ်ပေးဖို့ ကြုံလာပါတယ်။ သောမတ်တစ်ယောက် အောလော့ဆီကို ရောက်နေတုန်းမှာပဲ အယ်လန်ဟာ ညဘက်တွေ ယောင်တာ၊ လမ်းထလျှောက်တာ၊ အတက်ရောဂါတွေဖြစ်လာပြီး ဆရာဝန်တွေ ကုလို့မနိုင်လောက်အောင် ဆိုးရွားလာပါတယ်။ သောမတ်ကလည်း အောလော့ဟာ လူသားမဟုတ်တာကို သိပြီးထွက်ပြေးဖို့ ကြိုးစားရပါတော့တယ်။ အဲဒီအချိန်မှာပဲ ဝစ္စဘက်မြို့တစ်ခုလုံး ပလိပ်ကပ်ဘေးကြီးကျလာတဲ့အခါ ဂမ္ဘီရပညာတွေကိုလေ့လာနေတဲ့ သမားတော် ဗွန်ဖရန့်နဲ့ သောမတ်ဇနီးမောင်နှံတို့ဟာ နို့စ်ဖရာတူ ခေါ် နယ်စားကြီးအောလော့ကို နှိမ်နင်းဖို့ ကြိုးစားကြရပါတော့တယ်။ ဒီရုပ်ရှင်အတွက် ဘေလ်စကားစဂတ်ဟာ အော်ပရာအဆိုတော်တစ်ယောက်နဲ့ အောလော့အသံကို လေ့ကျင့်ခဲ့ပြီးမှ သရုပ်ဆောင်ခဲ့တာပါ။ ဝီလီယံဒဖိုးကလည်း ကြွက်အစစ် အကောင် ၂၀၀၀ နဲ့ ဇာတ်ဝင်ခန်းကို ပီပီပြင်ပြင် သရုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဆုတွေ တစ်ပုံကြီးသိမ်းပိုက်ထားပြီး အော်စကာမှာလည်း ထိပ်ဆုံးကပြေးမဲ့ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ရောဘတ်အက်ဂါပိုင်တဲ့ ရုပ်ရှင်အလင်းအမှောင်နဲ့ ရိုက်ကွင်းအလန်းတွေ၊ အသံဖန်တီးမှုကောင်းတွေ၊ သရုပ်ဆောင်ကောင်းတွေအပြင် မူရင်းဟော်ရာမြင်ကွင်းတွေနဲ့ ခေတ်သစ်ဟော်ရာစတိုင်တွေကို ပေါင်းစပ်ထားတာမို့ နို့စ်ဖရာတူ ၂၀၂၄ ဟာလည်း ဂန္ဓဝင်ဟော်ရာရုပ်ရှင်စာရင်းထဲမှာ သေချာပေါက်ပါလာမဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ အိပ်ရာခန်းအချို့နဲ့ ရက်စက်တဲ့အခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့ကြည့်လို့တော့ သိပ်အဆင်မပြေလောက်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size…(9.2 GB) / (2.3 GB) / (1.1 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Fantasy, Horror, Mystery Duration….02:13:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mr. Anderson

7.6 2024 133 mins
Nosferatu
Birds Flying East
6

ကိုလမ်ဘိုဟာ ဘာကိုမှ အလေးအနက်မထားဘဲ ကားပြင်တဲ့ ဆိုင်တစ်ခုမှာ အလုပ်လုပ်ရင်း ဘဝကိုဖြစ်သလို ဖြတ်သန်းနေတဲ့သူပါ.. သားဖြစ်သူရဲ့ မွေးနေ့ကိုပါ မမှတ်မိတာကြောင့် ဇနီးဖြစ်သူက ကွာရှင်းပေးဖို့ တောင်းဆိုခံလိုက် ရပါတော့တယ်.. အဲဒီအချိန်မှာ ကြိုးကြာငှက်တွေကို သွားကြည့်ချင်တဲ့ အဘိုးကြီးမာရီယိုက ကိုလမ်ဘိုတို့ရဲ ဆိုင်ကို ရောက်လာပြီး သူ့ကို ကားသမားအဖြစ် ငှားရမ်းခဲ့ပါတယ် ကိုလမ်ဘိုလည်း ငွေလိုနေချိန်ဖြစ်တာကြောင့် ပိုက်ဆံအများကြီး ပေးမယ်ဆိုတဲ့ မာရီယိုနောက်ကို လိုက်လာပါတော့တယ်.. ဒီလိုနဲ့ နှစ်ယောက်အတူ ခရီးထွက်လာကြရင်း ဘယ်လိုပြဿနာတွေကို ကြုံတွေ့ရပြီးတော့ မာရီယိုတစ်ယောက် သူမြင်ချင်တဲ့ ကြိုးကြာငှက်တွေကို မြင်တွေ့ခွင့်ရမလားဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်.. ဒိတ်ဒိတ်ကြဲ နာမည်ကြီးသရုပ်ဆောင်တွေ မပါပေမဲ့ ဘဝမှာ တွေ့ကြုံရတတ်တဲ့ အခက်အခဲ‌တွေအကြောင်း ရိုက်ကူးထားတာဖြစ်ပြီး စပိန်နိုင်ငံအပြင် ဥရောပတိုက် တစ်လွှားမှာရှိတဲ့ နိုင်ငံပေါင်းများစွာမှာ ရိုက်ကူးထားတာ ဖြစ်လို့ အဲဒီနိုင်ငံတွေရဲ့ လှပတဲ့ရှူခင်းတွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်.. ဒါကြောင့်မို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်…. File size… (1.53 GB) / (894 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 40m Genre …..Adventure , Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by okka

Horror • Comedy • Romance
6 2024 100 mins
Birds Flying East
Kabuliwala
5.5

Kabuliwala (2024)”ကာဘူလီဝါလာ” ============================= အိန္ဒိယ ဂန္ထဝင်ကဗျာဆရာ၊ စာရေးဆရာကြီး ရာဘင်ဒြာနတ်တဂိုးရေးသားခဲ့တဲ့ ဝတ္ထုတိုကို ပြန်လည်အသက်သွင်းထားတဲ့ ဟင်ဒီစကားပြော ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းကိုပဲ ၁၉၆၁ ခုနှစ်တုန်းကလည်း ရုပ်ရှင်တစ်ခုထွက်ရှိခဲ့ပြီး အခုရုပ်ရှင်ကတော့ ၁၉၆၁ ခုနှစ်ရုပ်ရှင်ရဲ့ Remake ဖြစ်ကာ မင်းသားကြီး မီသွန်းချာကရာဘော်တီက ကာဘူလီဝါလာနေရာကနေ သရုပ်ဆောင်ပါဝင်ထားပါတယ်။ ရုပ်ရှင်နာမည်ဖြစ်တဲ့ ကာဘူလီဝါလာဆိုတာကတော့ အဝေးကြီးကနေ အိန္ဒိယကို အလုပ်လာလုပ်ကြတဲ့ အာဖဂန်နွယ်ဖွားတွေကို အိန္ဒိယကလူတွေခေါ်ကြတဲ့နာမည်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၆၀ ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားတာပါ။ အာဖဂန်နစ္စတန် နယ်စပ်မှာတည်ရှိပြီး ရွှံ့နဲ့လုပ်ထားတဲ့အိမ်လေးတွေရှိတဲ့ ရွာလေးတစ်ရွာမှာ ရာမတ်နဲ့ ရာဇီယာဆိုတဲ့သားအဖနှစ်ယောက်ရှိပါတယ်။ ရာဇီယာလေးဟာ ရာမတ်တို့ဇနီးမောင်နှံ အသက်ကြီးမှရတဲ့ သမီးဦးလေးဖြစ်ပြီး ရာမတ်ရဲ့ဇနီးကတော့ ဆုံးပါးသွားခဲ့ပါပြီ။ သူတို့ရွာလေးဟာ ကန္တာရထဲမှာရှိတဲ့ နယ်စပ်ရွာလေးဖြစ်တဲ့အတွက် အစာရေစာရှားပါးပြီး အသက်ရှင်ရပ်တည်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အဲဒီလိုနဲ့ ရပ်တည်ဖို့ကြိုးစားရင်း အကြွေးတွေတင်လာတဲ့အတွက် ရာမတ်ဟာ သူ့သမီးလေးကို အဘွားဖြစ်သူနဲ့ထားခဲ့ကာ ကာလကတ္တားကို အလုပ်သွားလုပ်ဖို့ဖြစ်လာပါတယ်။ အသက်ရှင်ရပ်တည်ရေးအတွက် သမီးလေးနဲ့ မိုင်ထောင်ချီအဝေးမှာ အလုပ်လုပ်နေရတဲ့ရာမတ်ဟာ သူ့သမီးလေးနဲ့တူတဲ့ မီနီဆိုတဲ့ကလေးမလေးနဲ့ သားအဖသံယောဇဉ်ဖြစ်လာပုံကို လွမ်းစရာကောင်းအောင်၊ ရင်နင့်စရာကောင်းအောင် ပုံဖော်ပြထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Western • Action • Drama • Romance • Thriller
5.5 2024 101 mins
Kabuliwala
American Trash

American Trash ဟာ ၂၀၂၄ ခုနှစ်‌နှောင်းပိုင်းက ထွက်ရှိခဲ့တဲ့ Drama ဇာတ်ကားတစ်ကား ဖြစ်ပြီး ဒီဇာတ်ကားဟာဆိုရင် Robert LaSardo က ကိုယ်တိုင်ရေးသားရိုက်ကူးပြီး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ အတွေးအခေါ်ပိုင်းအသားပေး ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း Milles လို့ခေါ်တဲ့ စစ်ပြန်တစ်ဦးရဲ့ အကြောင်းကို အဓိကထားရိုက်ကူးထားဖြစ်ပြီးတော့ သူဟာ စစ်ပွဲရဲ့ နောက်ဆက်တွဲ စိတ်ဒဏ်ရာ (PTSD) တွေနဲ့ ရုန်းကန်နေရပြီး လူမှုပတ်ဝန်းကျင်နဲ့ အဆက်အသွယ်ပြတ်သလို ခံစားနေရသူပါ။ သူ့ရဲ့ဘဝထဲကို လွတ်လပ်ပေါ့ပါးတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားလေး Melissa ရောက်လာခြင်းက Milles ရဲ့ မှောင်မိုက်နေတဲ့ ဘဝထဲက အလင်းရောင်တစ်ခု ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ Charles Manson ရဲ့ အတွေးအခေါ်တွေ၊ သဘာဝပတ်ဝန်းကျင်အပေါ်ထားတဲ့ ခံယူချက်တွေနဲ့ အချင်းချင်း နားလည်မှုရခဲ့ပြီး အချစ်ဇာတ်လမ်းတစ်ပုဒ် စတင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆက်ဆံရေးက ကြာရှည်မခံလိုက်ပါဘဲ တစ်နေ့မှာတော့ Melissa ဟာ ရက်စက်စွာ အသတ်ခံလိုက်ရပြီး အမှိုက်ပုံထဲမှာ ပစ်ထားခြင်း ခံခဲ့ရတဲ့အခါ ဒီအဖြစ်အပျက်ကြောင့် Milles တစ်ယောက် ပိုမိုဆိုးရွားတဲ့ စိတ်ဒဏ်ရာတွေနဲ့ နာကျင်မှုတွေ ရခဲ့ပါတယ်။ Milles ဟာ Melissa ရဲ့ သေဆုံးမှုအတွက် တရားမျှတမှုရဖို့ ကြိုးစားရင်း လောကရဲ့ ဆိုးရွားတဲ့ အခြေအနေတွေ၊ လူမှုရေး ကိစ္စတွေ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေနဲ့ ပတ်သက်ပြီး ဒေါသတွေ ထွက်လာရင်း Milles ရဲ့ လက်စားချေမှုနဲ့ နာကျင်မှုတွေကြားကနေ သူ့ရဲ့လူသားဆန်မှု ဆုံးရှုံးသွားပုံကို ဖော်ပြထားပါတဲ့ ဇာတ်ကားဖြစ်ပါတယ်။ File size…(1.6 GB)/(948 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Vivien

Comedy • Romance
0 2024
American Trash