YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Tiger and Crane E20 1080p WEB-DL CM.mp4

701.91 MB N/A video/mp4 168 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Raven
6.3

The raven 2012 ကွင်းဆက်လူသတ်သမား စုံထောက်ဇာတ်လမ်းမျိုးကိုမှ ၁၈၀၀ ပြည့်နှစ်ကာလကို အခြေခံထားပြီး ခမ်းခမ်းနားနားရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ မင်းသားတွေကလဲ 2012 ကမ္ဘာပျက်ဇာတ်ကားထဲက john cusack နဲ့ Dracula untold မင်းသား luke evans တို့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကဗျာဆရာ၊ စာရေးဆရာ အက်ဒ်ဂါအလန်ပိုး ရဲ့ ပရိသတ်တဦးဖြစ်သူ လူသတ်သမားက ပိုးရဲ့ စိတ်ကူးယဉ်လူသတ်ဇာတ်လမ်းတွေကို အခြေခံပြီး လူသတ်မှုတွေစတင်ကျူးလွန်ခဲ့ပြီး ပိုးရဲ့ချစ်သူကိုပြန်ပေးဆွဲကာ သူမရှိရာနေရာကိုလာဖို့ လူတယောက်သတ်ပြီးတိုင်း သဲလွန်စတွေချန်ထားပေးတာတွေကနေတဆင့် လူသတ်သမားကိုဖော်ထုတ်နိုင်မလား ပိုးရဲ့ချစ်သူကိုရော အချိန်မီကယ်တင်နိုင်မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကစိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမယ့် အက်ဒ်ဂါအလန်ပိုးရဲ့ ကဗျာတွေ ပုံပြင်ဇာတ်လမ်းတွေကတော့ ပိုးရဲ့စာအုပ်တွေထဲကယူသုံးထားတာတွေဖြစ်ပါတယ်။ File size…  1.1 GB /  489 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 51m Genre ..... Thriller , Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Chit Min Thu

Drama • History • Romance
6.3 2012 111 mins
The Raven
A Little White Lie
5.8

IMDb Rating - 5.9/10 လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က စာပေလောကကို တုန်လှုပ်စေခဲ့တဲ့ ဝတ္ထုတစ်အုပ်ထွက်ပြီး လူလုံးထွက်မပြတဲ့ စာရေးဆရာ ရှရိုက်ဗာ ဆိုတာ ရှိခဲ့ပါတယ်။ အမျိုးသားစာပေဆုကို သမ္မတကပေးတာတောင် တက်မယူဘဲနဲ့ပေါ့။ ဒီလိုနဲ့ သူကတော့ တစ်အုပ်ထွက်ပြီး ပျောက်ကွယ် သွားခဲ့တယ်။ အခုလက်ရှိမှာတော့ တက္ကသိုလ်စာပေပွဲတော်လုပ်ဖို့ ပရော်ဖက်ဆာကလီရီတို့တသိုက် ခေါင်းကိုက်နေကြတယ်။ ဘာလို့လဲ ဆိုတော့ ဘုတ်အဖွဲ့က ဘတ်ဂျတ်ချမပေးတော့ဘူးဆိုတော့။ အဲဒီမှာ ကလီရီက ရှရိုက်ဗာကို ရအောင်ရှာပြီး သူတို့စာပေပွဲတော်ကို ဖိတ်တယ်၊ သူသာတက်ရောက်မယ်ဆို ဒီပွဲတော်က ဆက်လက်ပြီး လူတွေကို ဆွဲဆောင် အသက်ဆက်နိုင်တော့မှာကိုး။ အဲဒီမှာ တစ်ဖက်မှာ ဆက်သွယ်ခံရတဲ့ ရှရိုက်ဗာက စာရေးတာကိုမပြောနဲ့ တစ်ရက်တစ်ရက် သူများခိုင်းသမျှလုပ်ပြီး၊ မျက်နှာကြက်ရေယိုတာကို ကြောင်လေးကိုပိုက်ပြီး အိပ်ရာပေါ်ကနေ ကြည့်တတ်တဲ့ အထီးကျန် အရက်သမားတစ်ယောက်။ ဒါပေမဲ့ ဘေးနားက ဘော်ဒါက ဟန်ဆောင်ပြီး သွားတက်ရင် ဆုတွေရမှာဘာညာနဲ့ ဂျင်းထည့်ပြီး မြှောက်ပေးလိုက်တော့ ဒီပွဲတော်ကို သွားပြီး ဟန်ဆောင်တက်ရောက်ဖို့ ဖြစ်လာတယ်။ အဲဒါနဲ့ ဒီပွဲတော်သုံးရက်ကာလမှာ ရှရိုက်ဗာတစ်ယောက် လူတွေကို ဘယ်လိုလှည့် စားနိုင်မလဲ၊ အလိမ်အညာတွေ ပေါ်သွားမလား၊ ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကို ဟာသဆန်ဆန် စာပေဆန်စွာနဲ့ တင်ဆက်ထားတဲ့ စာပေလောက အလွဲအမှားတွေအကြောင်းရိုက်ကူးသွားတဲ့ ဟာသဒရမ်မာဇာတ်ကားသစ် လေးပါ။ အဓိကသရုပ်ဆောင်ကြီးကတော့ ကျွန်တော်တို့ Superman ကြီးရဲ့ General Zod အဖြစ် သရုပ်ဆောင်ထားတဲ့ Michael Shannon ဖြစ်ပြီး အူတိအူကြောင် ဂွကျကျပုံစံမျိုး ပိုင်နိုင်စွာ သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ။ မင်းသမီး နေရာက Kate Hudson ဆိုလည်း အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ အလှတရားတွေနဲ့ ပါဝင်သရုပ်ဖော်ပေးထားပါသေးတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size..........(1.87 GB) / (710 MB) / (400 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 41Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Thura Aung Encoder..........SWM

Drama
5.8 2023 101 mins
A Little White Lie
Operation Seawolf
5.9

The Purge: Election Year, Hitman's Wife's Bodyguard နဲ့ Captain America: The Winter Soldier တို့ထဲပါခဲ့ပြီး မြန်မာနိုင်ငံကိုတောင် အလည်ခဏလာဖူးတဲ့ Frank Grillo နဲ့ The Expendables တို့၊ Rocky တို့၊ Creed တို့၊ Aquaman တို့ထဲပါဖူးပြီး ကျွန်တော်တို့ မြန်မာပရိသတ်တွေ ရုရှားအာနိုးလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ Dolph Lundgren တို့ တွဲဖက်ပါ၀င်ထားတဲ့ ရေတပ်ကားအသစ် အကြမ်းကြီးပါပဲ။ စစ်ကားထဲမှာမှ ကြည့်ရခဲလှတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ ရေတပ်ကားပေါ့။ ဒုတိယကမ္ဘာစစ်ကြီး ကန့်လန့်ကာပိတ်သိမ်းဖို့ နီးကပ်လာတဲ့အချိန်၊ အဘက်ဘက်က အင်အားနည်းလာတဲ့ ဂျာမန်တပ်တွေဟာ စစ်ပွဲချိန်ခွင်လျှာပြောင်းဖို့ ကြံရာမရ နောက်ဆုံးအားထုတ်မှုတွေထဲက တစ်ခုအဖြစ်နဲ့ မဟာမိတ်တပ်တွေရဲ့ အဓိကအချက်အချာနေရာဖြစ်တဲ့ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း နယူးယော့ခ်က ကုန်သွယ်သင်္ဘောသွားရာ ရေလမ်းကြောင်းတွေကို ရေငုပ်သင်္ဘောတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ဖို့အတွက် ပင်လယ်ဝံပုလွေဆိုတဲ့ စစ်ဆင်ရေးတစ်ခုကို စတင်လာခဲ့တယ်။ ဒီစစ်ဆင်ရေးကိုဦးဆောင်ဖို့ သူတို့ရွေးချယ်လိုက်တာက ဝါရင့်သမ္ဘာရင့် ရေငုပ်သင်္ဘောတပ်မှူးဖြစ်တဲ့ ဟန်စ်ကတ်စ်လာပဲ။ ဒါပေမဲ့ သူ့ဘဝတလျှောက်လုံးနီးပါး တိုင်းပြည်အတွက် စစ်မှုထမ်းလာခဲ့တဲ့ ကတ်စ်လာမှာ တန်ဖိုးဖြတ်မရတဲ့ အတွေ့အကြုံတွေနဲ့ထပ်တူ ကုစားမရတော့တဲ့ ဒဏ်ရာဒဏ်ချက်တွေကလည်း ရှိနှင့်နေတယ်။ စစ်အတွင်း ဗုံးကြဲမှုတစ်ခုမှာ တစ်မိသားစုလုံးကို ဆုံးရှုံးထားရတဲ့ ကတ်စ်လာဟာ သူ့စစ်မှုထမ်းဘဝရဲ့ နေဝင်ချိန်တွေကို အရက်ပုလင်းထဲခေါင်းထိုးရင်း ဖြတ်သန်းနေသူတစ်ယောက်။ ဒီလိုလူက နဂိုရှိနှင့်ပြီးသား သင်္ဘောကပ္ပတိန်ကို အစားထိုးပြီး လာဦးစီးမှာကို ရေငုပ်သင်္ဘောတပ်သားတွေက ကလန်ကဆန်လုပ်ချင်ကြပေမဲ့ သူတို့ရဲ့ မယုံကြည်မှုတွေကြားကနေ ကတ်စ်လာတစ်ယောက် စစ်ဆင်ရေးတလျှောက်မှာ စံပြဦးဆောင်နိုင်စွမ်းကို ပြသရင်းနဲ့ ယစ်ထုပ်ဘဝကိုစွန့်ပြီး ဘဝရည်ရွယ်ချက်ကို ပြန်ရှာတွေ့သလို ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ အစတည်းက မျှော်လင့်ချက်နည်းခဲ့တဲ့ သူတို့ရဲ့စစ်ဆင်ရေး အောင်မြင်လုနီးပါး ဖြစ်လာကာမှပဲ ဒုတိယကမ္ဘာစစ်ကြီးက ပြီးဆုံးသွားတဲ့အခါမှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 880MB Quality - 1080p, 720p Format - mp4 Duration - 1H 27Min Genre - Action, Adventure, History Subtitle - Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Horror • Thriller
5.9 2022 86 mins
Operation Seawolf
Purple Hearts
8.2

အကောင်းတကော့အကောင်းဆုံး မာစတာပိစ်ကားတွေ စီးရီးတွေကို တင်ဆက်ပေးနေတဲ့ နက်ဖလစ် ရဲ့ အကောင်းစား ရိတ်တင်မြင့် ဒရာမာကားသစ်လေးကို ပြန်လည်တင်ဆက်လိုက်ပါတယ်။ နက်ဖလစ်က ထုတ်ရင် မကောင်းတဲ့ကားမရှိသလို ဒီကားကလည်း သူ့ထုတ်တဲ့ကားတွေထဲမှာမှ ရိတ်တင် ၇ကျော်နေတဲ့ ရုပ်ရှင်ပါပဲ။Tess Wakefield ရဲ့ ဝတ္တုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ခပ်ချောချော အမေရိကန်အဆိုတော်မလေး Sofia Carsonက အဆိုတော်မလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ သီချင်းတွေလည်း မနည်းမနောပါတာမို မြူဇစ်ကယ်ဒရာမာကြိုက်တဲ့သူတွေ အကြိုက်တွေ့ကြမယ့် ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းကတော့ မရိန်းတပ်သားလေးတစ်ယောက်ရှိတယ်။ အစက သူက ဆေးသမား နောက်မှဆေးပြတ်ပြီး တပ်သားဖြစ်လာတာ။ သူတိုအိမ်က မျိုးဆက်သုံးဆက်လုံး မရိန်းတပ်သားတွေ။ သူ့အဖေဆို စစ်တပ်ကပေးတဲ့ Purple Heartsဆုကိုရထားတယ်။ တိုက်ပွဲမှာ တာဝန်ထမ်းဆောင်ရင်း ရန်သူကြောင့် ထိခိုက်ဒဏ်ရာရတာတို သေတာတိုဖြစ်ရင်ပေးတဲ့ဆုပေါ့။ ကိုယ့်သေနတ်နဲ့ ကိုယ်ပြန်ပစ်မိရင်တော့ မပေးဘူးပေါ့။ ကံဆိုးချင်တော့ ငနဲက စစ်တပ်ထဲသာဝင်တယ် အကြွေးကမကြေသေးဘူး။ ဒီတော့ဆေးရောင်းတဲ့ကောင်က သူ့ဆီက ငွေလာကောက်တယ်။ သူ့မိသားစုကိုရန်ရှာမှာစိုးလို ပေးပေမဲ့ ငွေကမလောက်နေဘူး။ တစ်ဖက်ကလည်း ဂီတကိုဝါသနာထုံပြီး ဆီးချိုရှိတာမို အင်ဆူလင်ဖိုးနဲ့တင် မွဲတေနေတဲ့ အဆိုတော်မလေးရှိတယ်။ သူ့ကျန်းမာရေးအာမခံက သူလိုတဲ့ အင်ဆူလင်ပမာဏအတွက် မကာမိတော့ ၊ အိတ်စိုက်ဝယ်စရာလည်းမရှိနဲ့ ဒုက္ခများနေတာ။ တစ်ည မရိန်းတပ်သားတွေ သူအလုပ်လုပ်တဲ့ ဘားမှာ ပွဲလာလုပ်ရင်း မရိန်းတပ်သားမယားဆို ကျန်းမာရေးအာမခံအပြည့်ရတယ်ဆိုလို မရိန်းတပ်သားကို ရှာကြံလက်ထပ်ဖိုလုပ်တယ်။ အကြွေးဆပ်ဖို ငွေလိုနေတဲ့စစ်သားရယ် ဆေးဖိုးငွေလိုနေတဲ့ကောင်မလေးရယ်ပေါင်းပြီး လက်ထပ်ပွဲအတုလုပ်လိုက်ကြတယ်။ ကောင်မလေးလည်း ဆေးဖိုးရ စစ်သားလည်း ထောက်ပံ့ကြေးရပေါ့။ အဲဒီကနေမှ သူတိုရဲ့ လွမ်းမောဆွတ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းလေးဆီ ဘယ်လိုဆက်သွားမလဲဆိုတာကိုတော့ သီချင်းလေးတအေးအေးနဲ့ တငြိမ့်ငြိမ့်ချင်း ခံစားကြည့်လိုက်ကြပါတော့။ File Size__(2.8GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.2/10 Format__mp4 Duration__02:05:00 Type__Drama, Music, Romance Subtitle__Myanmar Subtitle (Hardsub) Translated by --- Encoded by Naing Aung Latt

Horror
8.2 2022 122 mins
Purple Hearts
The King of Pigs
6.1

ဦးစွာပထမပြောချင်တာကတော့ ဒီကားဟာ Animation ကားဆိုပေမဲ့ တော်တော်လေးကို Deep ဖြစ်တဲ့ဘက်ကို သွားထားတဲ့ Psychological, Drama, Thriller Film အမျိုးအစားပဲဖြစ်ပါတယ်။ ကိုရီးယားမှာ Animation ကားတွေသိပ်မပေါ်လာသေးတဲ့အချိန် ဒါရိုက်တာက လက်တွေ့ဖြစ်ရပ်တွေ၊ အတွေ့အကြုံတွေကိုပါ ပေါင်းစပ်ပြီး အကောင်းဆုံးဖြစ်အောင် တင်ဆက်ထားနိုင်တာမလို့ ဆုတွေအများကြီးဆွတ်ခူးထားနိုင်တဲ့ကားပါ။ ဒီကားက 2011 တုန်းကတည်းက ထွက်ရှိထားခဲ့တာဖြစ်ပြီး အခုလက်ရှိ 2022 မှာလည်း ဒါကို Adaptation ပြန်လုပ်ထားတဲ့ Serie ကို နာမည်ကြီးမင်းသားတွေရဲ့ သရုပ်ဆောင်ပီပြင်မှုနဲ့အတူ ခံစားကြည့်ရှုလို့ရနေပါပြီ။ Animation ကားဆိုပြီး အထင်မသေးသင့်တဲ့အပြင် ရင့်သီးတဲ့စကားအသုံးအနှုန်းတွေနဲ့အတူ လက်ရှိဘဝက ထိတ်လန့်စရာအမှန်တရားတွေကိုပါ ထင်ဟပ်အောင်ပြသထားနိုင်တဲ့အတွက် အသည်းငယ်သူတွေမကြည့်သင့်ကြောင်း ကြိုပြီးသတိပေးထားပါရစေ။ Suicidal သဘောတရားတွေပါ ပါနေတာမလို့ စိတ်ဓာတ်ကျရောဂါအခံရှိသူများလည်း ကြည့်ရှုဖို့မသင့်ပါကြောင်း ထပ်လောင်းပြောကြားပါရစေ။ ဇာတ်လမ်းအကြောင်းအရာကတော့... ကျောင်းမှာ အားကြီးတဲ့သူက အားနည်းသူကို အနိုင်ကျင့်နေကြဖြစ်တဲ့ Bully case တွေ ... အဲဒါတွေကို အောင့်အီးသည်းခံနေတတ်တဲ့ အငိုသန်သူ ဂုဏ်ပုဒ်ရ ဟွမ်ဂယောင်မင်း ... ဟွမ်ဂယောင်မင်းနဲ့အတူ မူလတန်းကတည်းက ကျောင်းနေဖက်ဖြစ်သူ ဂျောင်ဂျုံဆော့နဲ့ သူတို့ကြားကို ဝင်ရောက်လာတဲ့ လောကကြီးကို အရွဲ့တိုက်တတ်သူ ငချွတ်လေး ဂင်ချောလ် ... ဒီကောင်လေး သုံးယောက်က သူတို့ရော တခြားသူတွေပါ ခံစားနေရတဲ့ Bully case တွေကို ဘယ်လိုဖြေရှင်းဖို့ကြိုးစားကြသလဲဆိုတာနဲ့ အဲဒီကိစ္စရပ်ကြောင့် လောကဓံရဲ့ ရိုက်ခတ်မှုဒဏ်တွေကို ဘယ်လိုတွေခံစားရမလဲဆိုတာကို စောင့်ကြည့်ခံစားရမဲ့ကားကောင်းလေးပဲဖြစ်ပါတယ်။ Series လည်း ထွက်ရှိနေပြီဖြစ်တာမလို့ မူလပထမဖြစ်တဲ့ Animation film ကို ကြည့်ရှုခံစားရင်း Series နဲ့ Animation Movie ကြား ဘယ်လိုတွေကွဲထွက်ပြီး ဘယ်လိုဇာတ်သိမ်းကြမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုပေးကြပါဦးလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်ဗျ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chothet_mlmt ပဲ ဖြစ်ပါတယ်) File Size          :  650MB, 330MB & 207MB Quality            : 1080p Blu-ray, 720p Blu-ray & 480p Format            : mp4 Duration         : 1hr & 37mins Genre              : Animation, Drama, Thriller Translated by  Chothet_mlmt Encoded by Kinnov

Drama • Romance
6.1 2011 97 mins
The King of Pigs
Master Petchtai

နာမည်ကြီး ထိုင်းဟာသ သရုပ်ဆောင် Mum အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဘယ်လောက်ထိ အဓိကကျလဲဆိုရင် တစ်ကားလုံး သူ့ချည်းပဲမြင်ရမှာပါ... ၇ ကိုယ်ခွဲလောက် သရုပ်ဆောင်ထားတာမလို့ပါ... ဇာတ်လမ်းကတော့... ခမ်းနားတဲ့ ခမ်းလောင်မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းအမွေတွေပေးထားနိုင်ခဲ့ကြပေမယ့် ခွန်ချိုင်းယိုင်လက်ထက်မှာတော့ ကလေးရဖို့ခက်ခဲနေတာမို့ ခမ်းလောင်မျိုးဆက်အတွက် စိတ်ပူနေကြရပါပြီ... ခွန်ချိုင်းယိုင်နဲ့ သူ့မိန်းမ ဖင်းလမွန်တို့ ကလေးမွေးဖို့ကြိုးစားကြရင်း မိသားစုတွင်းက ပြသနာတွေကို ဟာသအနေနဲ့ တင်ဆက်ထားပါတယ်။ File size…(999 MB)/(500 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:22:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Noon Mo

Drama • Family • Fantasy
0 2021 83 mins
Master Petchtai
Ju Dou
7.6

Ju Dou (1990) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ ကျန်းရိမူဆိုတာနဲ့ သူ့ကနဦးကားတော်တော်များများကြည့်ဖူးတဲ့လူဆို အနီရဲရဲအရောင်တွေကိုပဲ ပြေးမြင်ကြမှာပါပဲ။ တရုတ်ကားတစ်ကားကြည့်လို့ စီနီမာတိုဂရပ်ဖီက Composition လည်း သာမန်မြင်နေကျတွေထက် ကျကျနနဖြစ်နေ၊ အရောင်အသုံးတွေကလည်း စုတ်ချက်ပြင်းပြင်းဆွဲထားသလိုတွေဖြစ်နေရင် သူ့ပဲပြေးမြင်မိကြမှာပဲ။ ကနဦးကားတွေမှာဆိုရင်တော့ ရဲရဲနီနီတွေပေါ့။ Red Sorghum, Ju Dou, To Live, Raise the Red Lantern တို့လိုကားတွေပေါ့။ နောက်ပိုင်းကားတွေမှာတော့ Shadow တို့၊ House of Flying Daggers တို့၊ Curse of the Golden Flower တို့၊ Hero တို့လို အသားပေးအရောင်ပြောင်းသွားတဲ့ကားတွေများပေမဲ့ အဲဒီအရောင်တွေမှာလည်း သူပြချင်တဲ့အရောင်ကိုပဲ တစ်စိုက်တစ်မတ်သုံးသွားတတ်တဲ့ သူ့ဟန်ကို မြင်နေရသေးတာပါပဲ။ ဆိုတော့ ကျန်းရိမူဆိုတာနဲ့ ကျွန်တော်တို့ ပြေးမြင်မိကြမှာက စစချင်းဆို တရုတ်လူနေမှုဘဝ တရုတ်လူ့ဘောင် လူစနစ်ကိုပေါ်လွင်တဲ့ ဇာတ်လမ်းတွေနဲ့ အနီနီရဲရဲတွေပေါ့။ နောက်ပိုင်းကတော့ သူ့အရောင်တွေပေါ့။ 1988 မှာ ကျန်းရိမူဟာ Red Sorghum နဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ခဲ့ပြီး အတိုင်းအတာတစ်ခုအထိအောင်မြင်ခဲ့ပါတယ်။ Red Sorghum ဟာ ဂေါင်လီက ပထမဆုံး အဓိကမင်းသမီးအဖြစ် ပွဲဦးထွက်တဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ Golden Bear မှာ BP ဆုလည်းရခဲ့တယ်။ နောက် 1989 မှာ Codename Cougar ဆိုတဲ့ရုပ်ရှင်ကိုရိုက်တယ်။ ကျန်းရိမူကိုယ်တိုင် ဒီကားကို သူ့အဆိုးဆုံးကားအဖြစ် သတ်မှတ်ခဲ့တယ်။ ဒီကားမှာလည်း ဂေါင်လီကိုပဲ သုံးခဲ့တယ်။ 1989 မှာပဲ ဂေါင်လီကိုပဲသုံးပြီး Yang Fengliang နဲ့တွဲပြီး Ju Dou ကိုရိုက်ခဲ့တယ်။ ဒီကားမှာလည်း ဂေါင်လီကိုပဲ သုံးထားတယ်။ ဒီကားကတော့ ကိန်းမှာဆုရပြီး အော်စကာဆန်ခါတင်ဝင်ခဲ့တယ်။ ဒီသုံးကားဟာ ၁၉၉၀မတိုင်ခင်ရိုက်ခဲ့တဲ့ ကျန်းရိမူရဲ့အစောဆုံး သုံးကားပါပဲ။ Ju Dou က စစချင်းသူ့ရုပ်ရှင်တွေရဲ့ ပုံစံအတိုင်းပဲ တရုတ်က နာမည်ကြီးဝတ္တုတစ်ပုဒ်ကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ Liu Heng ရဲ့ Fuxi Fuxi ဆိုတဲ့ ဝတ္တုကို ပြန်ရိုက်ထားတယ်။ ထုံးစံအတိုင်း စစချင်းမှာ‌တော့ တရုတ်ပြည်မှာ ဘန်းခံထိတဲ့ကားပဲ။ ကားရဲ့အကြောင်းအရာဖြစ်တဲ့ သွေးရင်းစပ်ယှက်မှုကြောင့် ဘန်းတယ်လို့တော့ထင်ရတာပဲ။ မသေချာဘူး။ ဇာတ်လမ်းကကျ ဒီလို… အထည်ဆေးဆိုးလုပ်ငန်းပိုင်တဲ့ အဘိုးကြီးတစ်ယောက်ရှိတယ်။ ကပ်စေးနဲတော့ လူပိုမခေါ်ဘဲ သူ့တူနဲ့အတူပဲ ဒီလုပ်ငန်းကို လုပ်တယ်။ သူက သားလိုချင်လို့ မိန်းမယူတာ ဂေါင်လီ့ဇာတ်ကောင်ပါနဲ့ဆို ၃ယောက်ရှိပြီ။ ဒါပေမဲ့ သူကိုယ်တိုင်ကိုက မစွမ်းနေတော့ အဖတ်မတင်ဘူး။ အဘိုးကြီးက သူမစွမ်းတာကို လက်မခံနိုင်ဘဲ မိန်းမတွေအသုံးမကျလို့ဆိုပြီး လုပ်ပြီး သူ့မိန်းမတွေကိုနှိပ်စက်တယ်။ ဒီလိုနဲ့ပဲ ရှေ့က ၂ယောက်သေသွားပြီ။ ခုက ဂေါင်လီ့တစ်လှည့်။ နှိပ်စက်တာကို မခံနိုင်တော့တဲ့ ဂေါင်လီက အဘိုးကြီးရဲ့တူနဲ့ ကာမဆက်ဆံပြီး ကလေးရသွားတယ်။ အဘိုးကြီးကတော့ သူ့ကလေးပဲထင်နေတယ်။ ဒီနောက် အဘိုးကြီးသိသွားတဲ့အခါ ဘာတွေဆက်ဖြစ်လာလဲ ရိုက်ပြထားတယ်။ ဒါပဲ ဇာတ်ကရှင်းရှင်းလေး။ ဒါပေမဲ့ ဒီဇာတ်ကောင်လေးသုံးကောင်ကိုပဲ ကာရိုက်တာသေချာပေါ်အောင် ပုံဖော်ထားပြီး လိင်ဆွဲဆောင်မှုကို အစွမ်းကုန်သုံးပြီးရိုက်ထားတယ်။ ကြည့်ဖူးသမျှ ကျန်းရိမူဂေါင်လီကားတွေထဲတော့ ဒီကားက ဂေါင်လီရဲ့ လိင်ဆက်ဆံခန်းအများဆုံးကားဖြစ်သလို အဲဒီအခန်းတွေမပါဘဲနဲ့တောင် သူ့ဆွဲဆောင်မှုအပေါ်ဆုံးကားလည်းဟုတ်တယ်။ ဒီလိုဘာမှမဟုတ်တဲ့ ဇာတ်လေးရဲ့ နောက်ကွယ်မှာကို တရုတ်ရဲ့မုဆိုးမယဉ်ကျေးမှု၊ ဖိုဝါဒီကြီးစိုမှု၊ ဘူဇွာတွေရဲ့ နိုင်ထက်စီးနင်းမှု၊ နောက် နာမည်နဲ့ပတ်သက်တဲ့ သူတို့ယုံကြည်မှုတွေကိုပါ မြင်နိုင်တယ်။ ဇာတ်ကတော့ ကျဉ်းပေမဲ့ ပုံဖော်တဲ့လူတွေက သူတို့သိတဲ့ကိစ္စတွေဆိုတော့ အပြည့်စုံဆုံးဖြစ်အောင် ပုံဖော်ခဲ့ကြပုံပါပဲ။ ထူးခြားတဲ့သမိုင်းမှတ်တိုင်တစ်ခုလည်းရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ Academy Award for Best Foreign Language Film ကို ဆန်ခါတင်ခဲ့တဲ့ ပထမဆုံး တရုတ်ရုပ်ရှင်လို့ သတ်မှတ်ခံခဲ့ရခြင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 800MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 35Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Mystery • Thriller • Comedy • Horror
7.6 1990
Ju Dou
Burning Betrayal

ဒီရုပ်ရှင်ကတော့ 365 Days နဲ့တူပါတယ်။ မင်းသား မင်းသမီးအလန်းတွေကိုရွေး အဖော်အချွတ် အိပ်ရာခန်းတွေကို ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျ ဖောဖောသီသီထည့်ထားတဲ့ ရုပ်ရှင်အမျိုးအစားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လှည့်ကွက်လေးတွေနဲ့ Crime, Drama အမျိုးအစားပါပဲ။ ဘာဘီဟာ သူ့ရဲ့ချစ်သူ ကိုင်အိုနဲ့လက်ထပ်ဖို့ ပြင်နေပါပြီ။ လက်မထပ်ခင် အပျိုညမှာပဲ သူ့ဆီကို ကိုင်အိုဖောက်ပြန်နေတဲ့ ဓာတ်ပုံတွေရောက်လာလို့ အရမ်းဒေါသထွက်သွားပြီး ပြတ်စဲလိုက်ပါတယ်။ သူ့ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ ပက်တီ နဲ့ သီရာဂို တို့အကူအညီနဲ့လည်း သူ့ကို လက်စားချေဖို့ ကြိုးစားပါတယ်။ အဲဒီမှာ တရားသူကြီးတစ်ယောက်နဲ့ ထပ်ညှိသွားပါတယ်။ သူ့ရည်းစားကို ရိုးရိုးလက်စားချေဖို့ ကြိုးစားရာကနေ ရာဇဝတ်မှုတွေနဲ့ပါ ဆက်နွယ်လာတဲ့အခါ…. File size…(1.3GB) / (707 MB) Quality….1080p / 720p Format…mp4 Duration….01:39:00 Genre…Romance, Mystery, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Andreson

0 2023
Burning Betrayal
The Shadow Strays
6.7

အင်ဒိုဇာတ်ကားဆိုရင် တော်ရုံတန်ရုံ ဒရာမာကား သရဲကားလောက်ပဲ နာမည်ကြီးတာများပြီးတော့ အက်ရှင်ကားရိုက်ရင်သိပ်မပေါက်မမြောက် ပါဘူး။ဒါပေမယ့် အခုတင်ဆက်ပေးမဲ့အင်ဒိုအက်ရှင်ဇတ်ကားကတော့ အက်ရှင်ချစ်သူတွေအချိန်ပေးကြည့်ရတာတန်စေမဲ့ နိုင်ငံတကာအဆင့်မှီ အင်ဒိုအက်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ The Shadow Strays ဖြစ်ပြီး လက်ရှိ IMDb Rating 6.8 အထိရရှိထားပါတယ်။ နိုင်ငံတကာမှာအာဏာကြီးမားတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ကြီးတွေတောင်ကြောက်ရတဲ့ ကြေးစားလူသတ်အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲ့ဒီအဖွဲ့ရဲ့နာမည်ကတော့သေမင်းအရိပ်ဖြစ်ပြီး နာမည်အတိုင်းပဲ အရိပ်တွေထဲကနေထွက်လာပြီး တိုက်ခိုက်တတ်တဲ့ ကြေးစားလူသတ် သမားတွေဖြစ်တဲ့အတွက် အဖွဲ့ရဲ့အေးဂျင့်တွေကိုလည်း အရိပ်တွေလို့ပဲ ခေါ်ဆိုပါတယ်။ ဇာတ်လမ်းအစမှာတော့ အဲ့ဒီသေမင်းအရိပ်အဖွဲ့က ဂျပန်ယာကူဇာဂိုဏ်း တစ်ခုကိုဝင်ရောက်သုတ်သင်ပုံကိုတွေ့ရမှာဖြစ်ပြီး အရိပ်တွေအများကြီး ထဲကတစ်ယောက်ဖြစ်တဲ့ ၁၃ ကတော့သနားညှာတာမိပြီးတုံ့ဆိုင်းမိခဲ့တဲ့ အတွက် ရာထူးကနေရပ်နားခံလိုက်ရပါတော့တယ်။ကြေးစားလူသတ် သမားဆိုတာကလည်း သနားကြင်နာမှုတွေ ညှာတာမှုတွေရှိလို့မရတဲ့ အလုပ်ဖြစ်တဲ့အတွက် ၁၃ ကတော့တော်တော်နဲ့စစ်ဆင်ရေးပြန်လုပ်ခွင့် မရခဲ့ပါဘူး။းဒီလိုနဲ့စစ်ဆင်ရေးမရဘဲ ကြောင်ပျောက်နေတဲ့ ၁၃ ရဲ့အာရုံကို သူနဲ့တစ်တိုက်တည်းနေနေတဲ့သားအမိ ၂ ယောက်ကဖမ်းစားသွားပါ တော့တယ်။အမေဖြစ်သူက သူတို့နေထိုင်ရာ ဂျာကာတာမြို့မှာ လက်ဝါးကြီး အုပ်ထားတဲ့ မူးယစ်ဆေးရောင်းဝယ်တဲ့ဒုစရိုက်သမားကြီးတွေနဲ့ ပတ်သတ်ပြီး ပိုက်ဆံရှာနေတဲ့အတွက် သိပ်မကြာခင်မှာပဲ အသတ်ခံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ကျန်ခဲ့တဲ့ကောင်လေးကို မောင်လေးတစ်ယောက်လိုစောင့်ရှောက် နေချိန်မှ အဲ့ဒီလူဆိုးတွေက သက်သေဖျောက်ဖို့ကောင်လေးကိုပါ ဖမ်းခေါ် သွားတဲ့အချိန်မှာ တစ်သက်လုံးလူသတ်ခဲ့တဲ့လက်နဲ့ အဲ့ဒီကောင်လေးရဲ့ အသက်တစ်ချောင်းကိုဘယ်လိုပြန်ကယ်မလဲဆိုတာကို အက်ရှင်အကြမ်းစား တွေနဲ့ကြည့်ရှုရမဲ့ အင်ဒိုဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.84GB / 1.04GB Quality…NF WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 24m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2024 145 mins
The Shadow Strays
The Heiress and the Handyman

June လို့ခေါ်တဲ့ သူဌေးမလေးဟာ မိဘတွေထားခဲ့တဲ့အမွေတွေကိုမထိန်းသိမ်းနိုင်တာကြောင့် နေ့ချင်းညချင်းဆင်းရဲသွားပြီး အဒေါ်ဖြစ်သူ Birdie ပေးခဲ့တဲ့ နယ်ဘက်ကအိမ်လေးတစ်အိမ်မှာသွားနေဖို့အကြောင်းဖန်လာပါတယ်။ အဲ့ဒီမှာပဲ Bart နဲ့ Nina လို့ခေါ်တဲ့ အိမ်နီးချင်းမောင်နှမနှစ်ယောက်နဲ့ရင်းနှီးခဲ့ပြီး သူ့ဒေါ်အကြောင်းတွေကိုပိုသိလာရပါတယ်။ သူတို့ရဲ့ကောက်ရိတ်သိမ်းပွဲက ပြိုင်ပွဲတွေမှာ အဒေါ်ဖြစ်သူကဗိုလ်စွဲနေကြဆိုတော့ အဒေါ်ဖြစ်သူဆုံးပြီးတဲ့နောက် June တစ်ယောက်ဘယ်လိုမျိုး အဒေါ် Birdie ရဲ့ဂုဏ်ကိုဆောင်မလဲဆိုတာကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကပေါ့ပေါ့ပါးပါးလေးဖြစ်တဲ့အတွက် မိသားစုနဲ့ကြည့်လို့သင့်တော်တဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB)/(840 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…TV Movie, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Saw Forlife

0 2024
The Heiress and the Handyman
Oasis of Now
6.4

Oasis of Now (2023) IMDb Rating (6.4) မလေးရှားနိုင်ငံရဲ့ ကွာလာလမ်ပူမှာ ဆင်းဆင်းရဲရဲ ရုန်းကန်နေထိုင်နေရတဲ့ ဗီယက်နမ်အမျိုးသမီး Hanh က လျှိဝှက်ချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ သူကိုယ်တိုင်က ဆင်းရဲလို သူ့ရဲ့သမီးလေးကို လိုအပ်တာတွေဖြည့်ဆည်းပေးနိုင်တဲ့ နယ်ခံမိသားစုဆီမှာ မွေးစားဖိုပေးထားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကလေးမလေးက Hanh ကို သူ့အမေအရင်းမှန်းမသိဘဲ သူတိုအိမ်မှာ အိမ်သန့်ရှင်းရေးလာလုပ်နေတဲ့ အန်တီတစ်ယောက်လိုပဲ သိထားတာပါ။ Hanh က သူ့သမီးလေးနဲ့ အလုပ်အချိန်အားတိုင်း တိုက်ခန်းလှေကားထစ်နားမှာ အတူတူဆော့ပြီး ရင်းနှီးအောင်ကြိုးစားလေ့ရှိပါတယ်။ ဒီဇာတ်လမ်းလေးကတော့ အောက်ခြေလူတန်းစားတွေရဲ့ ပေးဆပ်ရတဲ့ ​ဘဝအကြောင်းကို ပေါ်လွင်အောင်ရိုက်ကူးထားပြီး Busan International Film Festival မှာ ပြသခဲ့တဲ့ ဗီယက်နမ် ဒရမ်မာကားတစ်ကောင်းပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.7 GB) / (530 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:30:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Comedy • Drama • TV Movie
6.4 2023
Oasis of Now
200KG Vampire
7.1

ဒီတစ်ခါမှာတော့ ဟာသသရဲကားကြိုက်နှစ်သက်သူတွေအတွက် ပေါ့ပေါ့ပါးပါးရှုစားလို့ရမဲ့ မလေးရှားဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ 200KG Vampire ဖြစ်ပြီး လက်ရှိ IMDb Rating 7.1 အထိရရှိထားပါတယ်။ ဇာတ်ကားနာမည်အတိုင်း ကီလိုဂရမ် ၂၀၀ လေးတဲ့သွေးစုပ် ဖုတ်ကောင်နဲ့ ရွာသားတွေကြားကအလွဲလေးတွေ ဟာသလေးတွေကို ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့အဓိကရွာလေးနာမည်ကတော့တာဘာလစ်ရွာဖြစ်ပြီး အခုအချိန်မှာတော့ရွာသူကြီးရဲ့သား ကိုရီးယားရူးလေး ရွာကို ပြန်လာတော့မှာဖြစ်တဲ့အတွက် ကျေးဇူးတော်နေ့တွေ့ဆုံပွဲလည်း တစ်ခါတည်းလုပ်ဖို့ပြင်ဆင်နေကြပါတယ်။ဖြစ်ချင်တော့ အဲ့ဒီပွဲမှာ တည်ခင်းထားတဲ့အစားအသောက်တွေကို အစားကြီးတဲ့ ကီလိုဂရမ် ၂၀၀ ရှိတဲ့သွေးစုပ်ဖုတ်ကောင်နှစ်ကောင်ကလာစားပါတော့တယ်။ အဲ့ဒီကနေစပြီး ရွာသူရွာသားတွေရဲ့အစားအသောက်တွေ တစ်နေ့ထက် တစ်နေ့ပိုပိုကုန်လာတဲ့အပြင် သွေးစုပ်ခံရတဲ့ရွာသူရွာသားတွေလည်း ရှိလာတဲ့အတွက် ရွာသူကြီးနဲ့လူငယ်ခေါင်းဆောင်တွေပူးပေါင်းပြီး ဒီသွေးစုပ်ဖုတ်ကောင်တွေကိုရှင်းထုတ်ပစ်ဖို့ကြိုးစားကြပုံကို ပေါ့ပေါ့ပါးပါး ရှုစားကြရမှာဖြစ်ပါတယ်။ File size… (1.16GB) / (578MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre ….. Comedy , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Thriller
7.1 2024 91 mins
200KG Vampire
In His Mother’s Eyes
7.1

In His Mother’s Eyes (2024) IMDb Rating (7.1) အော်တစ်ဇင်ဖြစ်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ကမ္ဘာကိုတင်ဆက်ပြသထားတဲ့ ဖိလစ်ပိုင်ကားလေးပါ။ ကမ္ဘာဆိုတဲ့‌နေရာမှာ အော်တစ်ဇင်တစ်ယောက်ရဲ့ အမြင်ကနေ မြင်ရမယ့် ကမ္ဘာကို ပြထားတာတော့မဟုတ်ပါဘူး။ ဒီလိုကမ္ဘာကိုတော့ The Reason I Jumpလို ရုပ်ရှင်မျိုးမှာ လက်တွေ့ကျကျပြထားတယ်။ ဝူယောင်းဝူလို ဇာတ်လမ်းတွဲမျိုးမှာလည်းပြထားပေမဲ့ ဒီမှာကတော့ သူ့ဘေးပတ်ဝန်းကျင်က ဆက်ဆံမှုတွေကြား သူနေရတဲ့ ကမ္ဘာကို ဦးတည်ပါတယ်။ အော်တစ်ဇင်ဆိုပြီး နှိမ်ချင် ကြဉ်ချင်ကြတဲ့လူတွေ သနားသလိုနဲ့ အမြတ်ထုတ်ချင်နေတဲ့လူတွေနဲ့ ဆက်ဆံနေရတဲ့ကမ္ဘာကြီမှာ သူ့ဘက်ကရပ်တည်ပေးတဲ့ လူနည်းစုက ရပ်ကြည့်နေရတဲ့ အကြောင်းတွေ။ နောက် ရပ်မကြည့်ခဲ့တဲ့ သူ့အမေရဲ့ သူ့တုံ့ပြန်မှုနဲ့ သူ့ကမ္ဘာကလူတွေရဲ့ တုံ့ပြန်မှုတွေကို ပြထားတယ်။ ကောင်းကွက်ကတော့ ဒီလိုဘီအဆင့်အာရှရုပ်ရှင်တွေမှာ ကျွန်တော်တို့ကို လက်တွေ့ကျတဲ့ ဇာတ်သိမ်းခန်းတွေ ပေးတာရှားပါတယ်။ ကမ္ဘာနဲ့ငါ ပြန်ပေါင်းထုပ်ကျလေသတည်းနဲ့ ပျော်ရွှင်စွာဇာတ်သိမ်းခန်းတွေကို မြင်ရတာများပေမဲ့ ဒီရုပ်ရှင်ကတော့ အသိမ်းကိုတော့ လက်တွေ့ကျကျ သိမ်းပေးထားတယ်။ အော်တစ်ဇင် အနည်းနဲ့အများဖြစ်နေကြတဲ့ ကလေးတွေ ပမာဏတစ်ခုအထိရှိတဲ့ကိစ္စကို အဲဒီဘက်လိုင်းကို အားစိုက်နေတဲ့ အသိတစ်ယောက်ပြောဖူးတယ်။ သူတို့မြင်တဲ့ကမ္ဘာနဲ့ ကျွန်တော်တို့မြင်တဲ့ကမ္ဘာတော့ မတူကြပေမဲ့ ကျွန်တော်တို့ကမ္ဘာကို သူတို့နားလည်ဖို့ခက်နေရင် ကျွန်တော်တို့က သူတို့ကမ္ဘာကို နားလည်အောင်လုပ်ပေးဖို့လိုပါတယ်။ သူတို့ခံစားချက်ကို ထုတ်ပြဖို့က သူတို့အတွက်ခက်ခဲနေရင် သူတို့ခံစားချက်ကို ကျွန်တော်တို့က နားလည်အောင်လုပ်ပေးဖို့လိုပါတယ်။ ဘာလို့ဆို မမြင်နိုင်တဲ့အကြောင်းတရားတွေနဲ့ ဂြိုဟ်တွေ ကမ္ဘာတွေက အမြဲ တစ်ခုအတွက်တစ်ခု အမှီသဟဲဖြစ်နေတာပဲ မဟုတ်လား။ ဇာတ်လမ်းဇာတ်အိမ်က ခြောက်ပြစ်ကင်းနေတာကြီးတော့ မဟုတ်ပေမဲ့ သူတို့ကမ္ဘာကို ပိုနားလည်လာအောင် ကြည့်သင့်တဲ့ ရုပ်ရှင်လို့ပဲမြင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(6 GB) / (1.9 GB) / (760 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:49:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Drama • Thriller
7.1 2024 115 mins
In His Mother’s Eyes