YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Tid.Noi.2023.720p.AMZN.WEB-DL.DDP5.1.CM.mp4

904.24 MB N/A video/mp4 4880 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Transporter
6.7

Jason Statham ရဲ့ Transporter ဇာတ်ကားတွေဟာ အက်ရှင်ကားစစ်စစ်တွေလို့ ပြောရလောက်အောင် အထိုးအခုတ်အတိုက်အခိုက် ပေါက်ကွဲရမ်းကားမှုတွေနဲ့ ဆွဲဆောင်မှုရှိခဲ့ပါတယ်။ သူပါဝင်ထားတဲ့ Transporter (၃)ကားထွက်ရှိထားပြီး ၃ ကားလုံး လန်းတယ် ဆိုရပါမယ်။ Frank Martin (Jason Statham) ဟာ စည်းကမ်းတွေနဲ့ အလုပ်လုပ်တတ်တဲ့ သယ်ယူပို့ဆောင်ရေးသမားဖြစ်ပြီး တိကျမှု စမတ်ကျမှု တည်ကြည်ခန့်ငြားမှုတွေအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရှင်သန်နေထိုင်တဲ့ တကယ့်ဖိုက်တာတစ်ယောက်ပါ... ဒီလိုလူမျိုးနဲ့မှ လာပတ်သက်မိတဲ့ ဒုစရိုက်သမားတွေ ဘယ်လိုအဗျင်းခံရလဲဆိုတာ အပေါ်စီးကနေ ထိုင်ကြည့်နေယုံပါပဲ။ မင်းသား Jason Statham ရဲ့တည်ငြိမ်တဲ့ပုံစံကြောင့် ဒီဇာတ်ကားဟာ နာမည်ကြီးလူကြိုက်များခဲ့ပါတယ်။ Action ပေါ့ပေါ့ပါးပါးလေးတွေကို ဟာသဆန်ဆန်ကြည့်ရတာ နှစ်ခြိုက်သူများအတွက်တော့ လက်လွတ်မခံသင့်ပါ။ The Transporter(2002)မှာတော့ တရုတ်မင်းသမီး Shu Qi ပါဝင်ထားပြီး IMDb Rating(6.8/10)ရရှိထားပါတယ်။ File size…(2.3 GB)/(760 MB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:32:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Comedy • Horror
6.7 2002 92 mins
The Transporter
[18+] Perfect Partner (2011) My Secret Partner
6

IMDb Rating (6.0) Perfect Partner (or) My Secret Partner ဆိုတဲ့ဒီဇာတ်ကားက ကိုရီးယား 18+ ဇာတ်ကားတွေထဲ တော်တော်မိုက်တဲ့ဇာတ်ကားပါ… မိုက်တယ်ဆိုတာ ဇာတ်လမ်းဇာတ်ကွက်ရော သရုပ်ဆောင်တွေရော ကွက်တိကျသလို ရီလဲရီရပါတယ်။ Adult,Comedy,Romance,Drama အမျိုးအစားဖြစ်တာကြောင့် အချစ်အကြောင်းကို နူးညံ့စွာ ပုံဖော်ရာမှာ ထည့်ပြသင့်တာအကုန် ထည့်ရိုက်ပြထားတဲ့ ကိုရီးယားဇာတ်ကားပါပဲ။ သရုပ်ဆေင်တွေကတော့ မင်းသား Kim Young Ho , Kim San-ho တို့ဖြစ်ပြီး မင်းသမီးတွေကတော့ Kim Hye Sun နဲ့ Chae-Yi Yoon တို့ဖြစ်ပါတယ်။ အချစ်မှာအသက်အရွယ်က အရေးမပါဘူးဆိုတဲ့အကြောင်းနဲ့ အချစ်မှာ ဘာတွေပဲအရေးပါလဲဆိုတာ ဒီဇာတ်ကားက ရှင်းပြပါလိမ့်မယ်။ WEBRip 1080p Quality ထိ တင်ဆက်ထားပြီး အဲ့ Version မှာ ဆင်ဆာဖြတ်ခံထားရတဲ့အခန်းတွေကို DVD ခွေကနေ ပြန်ယူပြီး ပေါင်းထည့်ပေးထားတာမလို့ ဆင်ဆာအခန်းတွေပါ ပါဝင်တဲ့ 1080p Uncut Version ဖြစ်ပါတယ်။

Action • Thriller
6 1900 125 mins
[18+] Perfect Partner (2011) My Secret Partner
Nanpakal Nerathu Mayakkam
8.2

Nanpakal Nerathu Mayakkam (2023) Drama IMDb 8.3/10 အခါတစ်ခါမှာတော့ မာလယာလမ် မင်းသားကြီး မမ်မူးတီးရဲ့ဇာတ်ကားလေး တစ်ကားကို တင်ဆက်ပေးပါ့မယ်။ သူ့ကားတွေရဲ့ထူးခြားချက်က ဇာတ်ကိုအေးအေးလေးနဲ့ ပရိသတ်ကို ဆွဲခေါ်သွားပြီး စဥ်းစားစရာအချက်တွေ အများကြီးပေးပါတယ်။ ခု ဒီကားမှာလည်း ဒီလိုပါပဲ။ မိသားစုတွေ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဘုရားဖူးခရီးကအပြန်မှာ သူဟာ လမ်းခုလတ်မှာ ကားကိုရပ်ခိုင်းခဲ့ပြီး ကားပေါ်ကလူတွေအားလုံးအိပ်ပျော်နေချိန်မှာ ဆင်းသွားခဲ့ပါတယ်။ သူ အချိန်အတော်ကြာပြန်မလာတဲ့အခါမှာ လိုက်လံရှာဖွေကြရင်း သူဟာ တခြားရွာက လူတစ်ယောက်ပုံစံဖြစ်နေပြီး သူတို့ကိုလည်း လုံးဝ မမှတ်မိတော့ပါဘူး။ မာလယာလမ်လူမျိုးတစ်ယောက်ဖြစ်တဲ့သူဟာ လမ်းခုလတ်က တမီလ်ရွာလေးက လူတစ်ယောက်ဖြစ်သွားခဲ့ပြီး တမီလ်ဘာသာစကားကို မနှစ်မြို့တဲ့သူဟာ တမီလ်လို ချောချောမွေ့မွေ့နဲ့ စကားပြောနေခဲ့ပါတော့တယ်။ ဘာကြောင့်လဲ… ဘာဖြစ်လို့လဲ… ဘာဖြစ်သွားတာလဲဆိုတာကိုတော့ ဆက်လက်ပြီးတော့ ခေါင်းခြောက်လိုက်ကြပါဦးနော်။

8.2 2022
Nanpakal Nerathu Mayakkam
My Name Is Shruthi
8.7

My Name Is Shruthi (2023) “ကျွန်မက ရှရူသီ” IMDb-8.7/10 တောင်ပိုင်းမင်းသမီးချော ဟန်ဆီကာအဓိကပါဝင်တင်ဆက်ထားတဲ့ အိန္ဒိယရုပ်ရှင်ကားကောင်းလေးတကားကို တင်ဆက်ပေးလိုက်ပါတယ်။ အသက်ကြီးလို့ အသားရေပျက်စီး ယိုယွင်းလာတာကိုမလိုချင်ကြတဲ့ ငွေကြေးချမ်းသာတဲ့လူတွေက နုပျိုမှုအတွက် အရေပြားအစားထိုးကုသကြတယ်။ တရားဝင်မဟုတ်တဲ့အတွက်ကြောင့် အရေပြားအစားထိုးကုသဖို့အတွက် မှောင်ခိုကူးတဲ့ မာဖီးယားဂိုဏ်းရှိတယ်။ အဲဒီမာဖီးယားဂိုဏ်းရဲ့ခေါင်းဆောင်ကဝန်ကြီးဖြစ်ဖို့အသည်းအသန်ကြိုးစားနေတဲ့ လွှတ်တော်အမတ်တယောက်။ သူတို့ဂိုဏ်းက အသားရေလှပတဲ့ အမျိုးသမီးငယ်လေးတွေကိုဖမ်းပြီး အရေပြားအစားထိုးမှုအတွက် အတင်းအဓမ္မလုပ်ဆောင်စေပါတယ်။ ဒီလိုအရှုပ်အထွေးတွေကြားထဲမှာ နယ်မြို့လေးကနေ ဟိုက်ဒရာဘတ်ကိုတက်ပြီး အလုပ်လာလုပ်တဲ့ ရှရူသီဆိုတဲ့ အမျိုးသမီးလေးတစ်ယောက် ဘယ်လိုတွေပါဝင်ပတ်သက်သွားမိမလဲ။ ရဲတပ်ဖွဲ့ကရော ဒီမိန်းကလေးတွေပျောက်တဲ့အမှုကို ဖော်ထုတ်အရေးယူနိုင်မှာလားဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.7 2023
My Name Is Shruthi
This Place
5.2

ယိုစသာ ဆိုတဲ့အင်ဒီးယန်းမျိုးနွယ်ကောင်မလေးဟာ ကျောင်းဆက်တက်ဖို့အကြောင်းပြချက်နဲ့မြို့တော်ကြီးကိုတက်လာခဲ့ပေမယ့် သူ့ရဲ့တကယ့်ရည်မှန်းချက်က မွေးကတည်းကမမြင်ဖူးခဲ့တဲ့ဖခင်ဖြစ်သူကိုရှာဖို့ဖြစ်ပါတယ်။ သူနဲ့သူ့ဖခင်ကိုကိုဝေးကွာစေခဲ့တဲ့ မိခင်ကိုအပြစ်မတင်နိုင်မတင်ရက်ပေမယ့် ခွင့်လွှတ်ဖို့လည်းသူ့အတွက်ခက်နေပါတယ်။ အဲ့ဒီအချိန်မှာ မာလယ်ဆိုတဲ့ သီရိလင်္ကာနိုင်ငံသူ တမီလ်လူမျိုးအမျိုးသမီးလေးနဲ့ဆုံတွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်သွားတဲ့နောက် နှစ်ဦးသားအပြန်အလှန် ရင်ဖွင့်ဖလှယ်ကြရင်း ဘ၀ရဲ့ပြဿနာတွေ ဒွိဟတွေကို ရင်ဆိုင်ဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။ This Place ဟာ ထူးခြားတဲ့ဇာတ်အလှည့်အပြောင်းမပါ၊ ရိုးရှင်းတဲ့တင်ဆက်ပုံနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းရှုစားရမယ့် coming of age drama ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(1.1 GB)/(584 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias

Drama • Romance
5.2 2022
This Place
Loving Leah
7.1

ဒီတစ်ခါ cm ပရိသတ်ကြီးကို မိုးအေးအေးလေး ဇိမ်နဲ့ကွေးပြီး ကြည့်ဖို့ ဆွတ်ပျံ့ကြည်နူးဖို့ ကောင်းတဲ့ အချစ်ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ နှလုံးခွဲစိတ် ဆရာဝန်တစ်ဦး ဖြစ်တဲ့ ဂျိတ်ခ်ဟာ ဂျူးလူမျိုး တစ်ဦးဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ ဆရာဝန်တစ်ယောက်ပါ။ တစ်နေ့မှာ အစ်ကိုဖြစ်သူ ဂျူးဘာသာရေးဆရာ ရုတ်တရတ်ဆုံးပါးသွားပြီး အိမ်ကို နာရေးပြန်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သူမသိလိုက်တာက ကလေးမရှိသေးတဲ့ ဂျူးအိမ်ထောင်မှာ အစ်ကိုဖြစ်သူ ဆုံးပါးပြီး ညီဖြစ်သူက လူပျိုလူလွတ်ဆိုရင် အစ်ကိုဖြစ်သူရဲ့ ဇနီးကို လက်ထပ်ယူဖို့ သတ်မှတ်ထားတဲ့ လယ်ဗီရိတ် အိမ်ထောင်ပြုခြင်း ရှိနေတယ်ဆိုတာပါပဲ။ ဘာသာရေးကို သိပ်ပြီး ယုံကြည်မှုမရှိတဲ့ ဂျိတ်ခ်နဲ့ သူ့ရဲ့ ဆန့်ကျင်ဘက် ခယ်မလေး လေယာတို့ နှစ်ဦး ဆုံတွေ့ ချိန်မှာတော့ ဘယ်လိုတွေ ဖြစ်လာမလဲ။ ရှေးရိုးစွဲ ယုံကြည်မှု ဘာသာရေး ကိုင်းရှိုင်းတဲ့ ဂျူးမိသားစုအတွင်း ဖြစ်တတ်တဲ့ သဘောတရားလေးတွေနဲ့ အမြင်မတူညီတဲ့ သူနှစ်ဦး ပေါင်းစပ်ဖို့ အကြောင်းဖန်လာတဲ့အခါ….။ ရိုမန်တစ် ဇာတ်ကားကောင်းတွေ ရိုက်ကူးလေ့ရှိတဲ့ Hallmark Channel က ရိုက်ကူးထားပြီး Nomination ငါးခု အထိ ရထားတဲ့ အချစ်ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။ File size…2.01GB / 986MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 35m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

7.1 2009 97 mins
Loving Leah
Kings of Mulberry Street: Let Love Reign
How to Steal a Million
7.5

နာမည်အတိုင်းပါပဲ Criminal ကို အချစ်၊ ဟာသလေးတွေနဲ့ အားထပ်ဖြည့်ထားတဲ့ ဇာတ်မြူးဖောက်ထွင်းရေး ရုပ်ရှင် ဖြစ်ပါတယ်။ ရုပ်ရှင်ကတော့ အဘိုးတို့ခေတ် (၁၉၆၆ ခုနှစ်)က ရုပ်ရှင်ဖြစ်တဲ့အတွက် စိတ်တွေမွန်းကြပ်လို့ ရုပ်ရှင်ကားဟောင်းတွေ ကြည့်ရင်း ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတွေနဲ့ အပန်းဖြေချင်တဲ့သူတွေအတွက် အံကိုက်စေမယ့် ရုပ်ရှင်လေးတစ်ကားပါ။ နီကိုးလ်ရဲ့ အ​ဖေဟာ ပန်းချီကားတွေကို အတုပြန်ဆွဲပြီး ရောင်းချတဲ့သူဖြစ်ပါတယ်။ နီကိုးလ်ကတော့ အဖေဖြစ်သူကို တားမရတဲ့အဆုံးလွှတ်ထာရပြီး တရက်မှာတော့ အိမ်မှာ ဖခင်ဖြစ်သူရဲ့ နာမည်ကျော် ရုပ်တုအတုကို ပြတိုက်မှာပြဖို့ ဖခင်က ဆုံးဖြတ်လိုက်ပါတယ်။ ပြတိုက်မှာ ရုပ်တုဖွင့်ပွဲအတွက် အိမ်မှာ လူမရှိတုန်း အိမ်ကို သူခိုးကပ်လို့ နီကိုးလ်တစ်ယောက် ရင်ဆိုင်ဖြေရှင်းရင်း သူခိုးရဲ့လက်မောင်းကို မတော်တဆ သေနတ်နဲ့ပစ်လိုက်မိပါတယ်။ အဲ့လိုကနေ သူခိုး(ဒါးမော့တ်) နဲ့ နီကိုးလ်တို့ ခဏခဏ တွေ့ဆုံဖြစ်ကြပြီးနောက်မှာတော့ မမြင်ရတဲ့ ကြိုးလေးတွေ ဖြစ်တည်လာပါတော့တယ်။ နှစ်ဦးနှစ်ဖက်ကလည်း အချင်းချင်း ခံစားချက်တွေရှိကြပါတယ်။ တရက်မှာတော့ နီကိုးလ်ရဲ့ အဖေဟာ ပြဿနာတစ်ခုကြောင့် မိဘမကောင်း သားသမီးခေါင်းဆိုသလို မဖြစ်မနေဖြေရှင်းရဖို့ ဖြစ်လာပါတော့တယ်။ ဒါးမော့တ် လည်း နီကိုးလ်ရဲ့ ပြဿနာတွေကိုလိုက်လံကူညီဖြေရှင်းဖို့ ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရမလဲ၊ ဘယ်လိုအစီအစဉ်တွေနဲ့ ဖောက်ထွင်းရေးကို လုပ်ကြမလဲ၊ နီကိုးလ်နဲ့ ဘယ်လိုနီးစပ်သွားမလဲဆိုတာကို ရသပေါင်းစုံ နဲဲ့ရိုက်ကူးထားပါတယ်။ File size…(1.8 GB)/(800 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:03:00 Genre… Comedy, Crime, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by T Hmue

7.5 1966
How to Steal a Million
Swan Song

IMDb – 7.6/10 Swan Lakeဆိုတာ ရုရှားဂီတစာဆိုကြီး Pyotr Ilyich Tchaikovskyရဲ့ ဘဲလေးပြဇာတ်တစ်ပုဒ်ပေါ့။ ဘဲလေးအကမှာတော့ ထင်ရှားတဲ့ပြဇာတ်တွေထဲက တစ်ခုအဖြစ် အမျိုးမျိုးဖျော်ဖြေကပြကြတာပေါ့။ ဒီရုပ်ရှင်ကတော့ ကနေဒါရဲ့ နာမည်အကျော်ကြားဆုံး ဘဲလေးအကမယ်ဟောင်း Karen Kainတာဝန်ယူဦးစီးပြီး အဓိကဘဲလေးမယ်အဖြစ် ရုရှား-လစ်သူယေးနီးယားဘဲလေးမယ် Jurgita Droninaကပြခဲ့တဲ့ ကမ္ဘာ့အဆင့်ဖျော်ဖြေတဲ့ပွဲရဲ့ Swan Lakeပြဇာတ်မှာ နောက်ကွယ်က ဖြစ်ရပ်တွေကိုရိုက်ကူးပုံဖော်ထားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ပုဒ်ပါပဲ။ ကမ္ဘာ့အဆင့်ပွဲတစ်ခုဖြစ်တဲ့အတွက် သူတို့တွေ ခက်ခက်ခဲခဲကြိုးစားကြပုံတွေ၊ အဲဒီခေတ်အနေအထားမှာ ဘဲလေးအကမယ်တွေကြားက လူမျိုးရေးခွဲခြားမှုနဲ့ အဆင်မပြေမှုတွေ၊ တစ်မူထူးခြားစွာတင်ဆက်ပြချင်တဲ့အတွက် ဘဲလေးအကအစဉ်အလာတွေကနေ ဖောက်ထွက်ဖို့ကြိုးစားကြပုံတွေကို ခံစားကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2024
Swan Song
The Crow: City of Angels

The Crow: City of angels (1996) ဟာ 1994 ခုနှစ်က ထွက်ခဲ့ပြီး အရမ်းနာမည်ကြီး လူကြိုက္များခဲ့တဲ့ The crow ရဲ့ sequel ပဲ ဖြစ်ပါတယ်။ Brue lee ရဲ့ သားဖြစ်သူ Brandon Lee ရိုက်ခဲ့တဲ့ ပထမကားကိုတော့ မမှီတာတော့ အမ‌ှန်ပါ။ ဒီကားမှာ‌ေတာ့ Vincent Perez က The crow အဖြစ်ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Ashe Corven (Vincent Perez) ရယ် သူ့သားရယ်ဟာ ဆိုးဆိုးရွားရွား အသတ်ခံလိုက်ရပါတယ်။ သတ်သွားတဲ့လူတွေကို လက်စားချေဖို့အတွက် Ashe Corven ဟာ The crow အဖြစ်နဲ့ သေရွာကပြန်လာပြီး ဘယ်လို လက်စားချေသွားမလဲဆိုတာကို ကြည့်ရှုကြရမှာပါ ခင်ဗျာ။ (အဖော်အချွတ် scene တွေပါလို့ မိသားစုနဲ့မကြည့်သင့်ပါ) IMDB 4.6 Rotten Tomatoes 14% File size…(1.6 GB)/(857 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre… Action, Fantasy, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wai Hlyan Phyo Pai

Action • Science Fiction • Fantasy
0 1996
The Crow: City of Angels
The Body
7.6

The Body (2012) El cuerpo IMDb Rating (7.6) / Rotten Tomatoes (79 %) စပိန်စကားပြော ဇာတ်ကားတစ်ကားဖြစ်တဲ့ The Body (စပိန်ဘာသာဖြင့် El Cuerpo) ဟာ လျှို့ဝှက်သည်းဖိုဇာတ်ကားကောင်းများစွာထဲမှာ တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။ လျှို့ဝှက်သည်းဖိုဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း လှည့်ကွက်များစွာ ကြုံတွေ့ရမှာကို ကြိုသိနေသည့်တိုင်အောင် တစ်ခုကိုဖွင့်ချလိုက်တိုင်း နောက်ထပ်လှည့်ကွက်တစ်ခုက ထပ်ပေါ်လာတဲ့ Russian Doll ဆန်ဆန် ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ နာမည်အတိုင်း ရင်ခွဲရုံကနေ ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ အလောင်းကောင်တစ်ကောင်နဲ့ စတင်ထားပါတယ်။ ထိုအလောင်းကတော့ ထက်မြက်ပြီး ကုမ္ပဏီများစွာကို ဦးစီးချုပ်ကိုင်နေတဲ့ မေကာ ဖြစ်ပြီးတော့ သူ့ထက်ငယ်ရွယ်တဲ့ အဲလက်စ် နဲ့ လက်ထပ်ထားသူလည်းဖြစ်ပါတယ်။ မေကာ နှလုံးရောဂါဖောက်ပြီးသေဆုံးတဲ့ညမှာပဲ အလောင်းထားရှိရာ ရေခဲတိုက်ရဲ့ညစောင့် အိန်ဂျယ်တောရက်စ်ဟာ ညကြီးမင်းကြီး ရင်ခွဲရုံကနေ တောအုပ်ကို ကြောက်လန့်တကြီး ထွက်ပြေးလာရင်းနဲ့ ကားလမ်းပေါ်အတက်မှာ ကားတစ်စီးက ဝင်တိုက်သွားခဲ့ပါတယ်။ ကားတိုက်ခံရတဲ့ဒဏ်ကြောင့်ပဲ ထိုညစောင့်က ကိုမာဝင်သွားခဲ့ပြီးတော့ သူ ထွက်မပြေးခင်မှာ ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်။ ထိုအခြင်းအရာကို စုံစမ်းဖို့ ရင်ခွဲရုံကို ရောက်လာတဲ့ စုံထောက်ကြီး ဟိုင်မီနဲ့အဖွဲ့ဟာ မေကာရဲ့အလောင်း ထူးဆန်းစွာပျောက်ဆုံးနေမှန်း မျက်ဝါးထင်ထင် တွေ့လိုက်ရပါတယ်။ တစ်ဖက်မှာတော့ အဲလက်စ်က သူ့ရဲ့ အငယ်အနှောင်းဖြစ်တဲ့ ကာလာနဲ့ တွေ့ဆုံပြီး မေကာ့ကို အစဖျောက်ပစ်လိုက်ကြောင်း ပြောပြနေပါတယ်။ ထိုအချိန်မှာပဲ မေကာရဲ့အလောင်း ရင်ခွဲရုံကနေ ပျောက်ဆုံးသွားတဲ့အကြောင်း အဲလက်စ်ကို အကြောင်းကြားလာပါတယ်။ အဲလက်စ် ရင်ခွဲရုံကို ရောက်လာတဲ့အချိန်မှာ စုံထောက်ကြီးဟိုင်မီက စစ်ဆေးမေးမြန်းနေရင်းနဲ့ အဲလက်စ်အနေနဲ့ မေကာ့ကို မရှိတော့တဲ့လူတစ်ယောက်လို သုံးနှုန်းပြောဆိုနေတာ သတိထားမိပြီး သံသယဝင်လာပါတယ်။ အဲလက်စ်ကို ဆက်လက်စစ်ဆေးဖို့ ရင်ခွဲရုံမှာပဲ ထိန်းသိမ်းထားတဲ့အချိန် ရေခဲတိုက်ထဲက အသံတစ်ခု ကြားရလို့ သွားကြည့်တဲ့အချိန်မှာ သူနေ့ခင်းက မေကာသောက်မယ့်ဝိုင်ခွက်ထဲကို ထည့်ခဲ့တဲ့ TH-16 တံဆိပ်ကပ်ထားတဲ့ အဆိပ်ဆေးပုလင်းကို သော့ဖျက်ထားတဲ့ လော့ဒ်ကာတစ်ခုထဲမှာ တွေ့လိုက်ရပါတယ်။ သောက်ပြီး ၈ နာရီကြာမှ အစွမ်းပြတဲ့ TH-16 ဟာ သဲလွန်စတစ်စုံတစ်ရာ ရှာမတွေ့ဘဲ နှလုံးရောဂါဖောက်ပြီး သေဆုံးအောင် ပြုလုပ်နိုင်တဲ့ ဆေးပုလင်းတစ်ခုဖြစ်နေပါတယ်။ အဲလက်စ်အနေနဲ့ သူ တိတ်တဆိတ် ကြံစည်ထားတဲ့ ဒီဆေးပုလင်းကို သူမျက်စိရှေ့ရောက်အောင် ပို့နိုင်သူဟာ တခြားသူမဟုတ်ဘဲ သေဆုံးဟန်ဆောင်ပြီး သူ့ကို အကွက်ဆင်ဖမ်းမယ့် မေကာပဲလို့ တစ်ထစ်ချ ယုံကြည်နေပါတယ်။ စုံထောက်ကြီး ဟိုင်မီရောက်လာတဲ့အချိန်မှာတော့ အဲလက်စ်ရဲ့ အိတ်ကပ်ထဲက TH-16 ကို တွေ့ပြီးတော့ တစ်ခုခုကို ဖုံးကွယ်ထားမှန်းသိသာနေတဲ့ အဲလက်စ်ကို အလွတ်မပေးဖို့ အကြောင်းပြချက်တစ်ခု တိုးလာခဲ့ပါတယ်။ ဇာတ်လမ်းက ဒီနေရာအရောက်မှာပဲ မေကာက တကယ် မသေဘဲ အဲလက်စ်ကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေတာလား၊ စုံထောက်ကြီးဟိုင်မီကရော အဲလက်စ်ရဲ့ မသမာမှုကို ဖော်ထုတ်နိုင်မှာလား၊ အဲလက်စ်အနေနဲ့ ဒီအခြေအနေက အကောင်းဆုံး ဘယ်လိုရုန်းထွက်နိုင်မလဲ ဒါမှမဟုတ် ဒီကိစ္စတစ်ခုလုံးက သဘာဝလွန်ဖြစ်ရပ်ဆန်းတစ်ခုပဲလား ဆိုတဲ့ မေးခွန်းများစွာကို တောင်းဆိုလာပါတော့တယ်။ တွက်ရခက်တဲ့ပုစ္ဆာရှည်တစ်ပုဒ်ကို တစ်စချင်းစီဆွဲထုတ်ဖြေရှင်းသွားသလိုပဲ ဇာတ်လမ်းအစကနေ အဆုံးအထိ စိတ်အာရုံကို ဖမ်းစားသွားမယ့်ဇာတ်လမ်းတစ်ပုဒ်ကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Sumali မှ တင်ဆက်ထားပါတယ်။)

Drama • Family • Fantasy • TV Movie
7.6 2012
The Body
Breathing In
5.5

ဒီတစ်ခါ cm ပရိသတ်ကြီးကို Horror Drama ဇာတ်ကား တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ နောက်ခံအချိန်ကာလက ၁၉၀၀ ပြည့်နှစ် ဝန်းကျင် တောင်အာဖရိက ဘိုဝါစစ်ပွဲအချိန်ကာလကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒဏ်ရာရ အင်္ဂလိပ် စစ်ဗိုလ်မှူးတစ်ယောက်က အမျိုးသမီး တစ်ဦးနဲ့ သူ့ရဲ့ သမီးငယ်လေးရဲ့ တဲအိမ်မှာ ခိုလှုံဒဏ်ရာ ကုသနေတာနဲ့ အစချီထားပါတယ်။ မှောင်မည်းပြီး Creepy ဖြစ်တဲ့ ရိုက်ကွက်တွေနဲ့အတူ တခြား Horror ကားတွေနဲ့ မတူတဲ့တင်ဆက်မှုလို့ ပြောလို့ရတာက ဇာတ်လမ်း plot က သိပ်ပြီးတိတိကျကျ ရေရေရာရာ မရှိတဲ့အပြင် တစ်နေရာ တည်းမှာပဲ ဇာတ်လမ်းကို ရိုက်ကူးပြသွားတာပါ။ ဒါပေမယ့် စစ်ပွဲရဲ့ ရိုက်ခတ်မှုဖြစ်တဲ့ စိတ်ဖိစီးမှုတွေ ရူးသွပ်မှုတွေနဲ့ ပညာသည်လို့ ယူဆရတဲ့ အမျိုးသမီးနဲ့ သူ့သမီးငယ်ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေက ကောင်းမွန်လှပါတယ်။ ပြူးပြူးပြဲပြဲခြောက်လှန့်မှုမျိုး မဟုတ်ဘဲ ကြည့်ရှုသူရဲ့ စိတ်ကို Edgy ဖြစ်နေအောင် တင်ဆက်ရိုက်ကူးနိုင်တာလို့ ပြောရမယ် ထင်ပါတယ်။ ခြုံငုံပြီး သုံးသပ်ရရင်တော့ ဘယ်လိုစစ်ပွဲမဆို အနိဌာရုံတွေ မြင်ရတာများတဲ့ အခါမှာ လူတွေရဲ့ စိတ်ဟာ ကုစားမရတဲ့ စိတ်ဒဏ်ရာတွေနဲ့အတူ ရှင်သန်မှု တစ်ခုတည်းအတွက် နောက်ဆုံးထွက်သက်အထိ ရုန်းကန်ကြိုးစားရတယ်ဆိုတဲ့ မက်ဆေ့ကို ပေးချင်တယ်လို့ပဲ မြင်ပါတယ်…။ File size… (587 MB) Quality… WEB-DL 1080p HEVC Format…mkv / mp4 Duration….1h 45m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Horror • Mystery
5.5 2024 105 mins
Breathing In
Simona Kossak
6.1

Simona Kossak (2024) IMDb Rating (6.1) ဆီမိုနာ ကိုဆတ်ခ် ဟာ ပိုလန် ဇီ၀ပညာရှင်၊ဂေဟဗေဒနဲ့သစ်တောသိပ္ပံပေါမောက္ခတစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံတွင်း သဘာ၀ဂေဟစနစ်ရဲ့ကျန်ရှိနေသေးတဲ့အစိတ်အပိုင်းတွေကိုထိန်းသိမ်းရေးတွေ၊ တောနဲ့တောအုပ်ထဲတိရိစ္ဆာန်တွေကို ကာကွယ်ဖို့အတွက်လျှပ်စစ်မီးမရှိ ရေမရှိတဲ့ တောထဲက အိမ်တစ်လုံးမှာ တောရိုင်းတိရိစ္ဆာန်တွေနဲ့အတူနေထိုင်ရင်းကြိုးစားရုန်းကန်ခဲ့သူပါ။ ဒီဇာတ်ကားကတော့ သူ့ဘ၀ခရီးကြမ်းရဲ့အစိတ်အပိုင်းတစ်ခုကို ပုံဖော်ထားတာဖြစ်ပြီး၊ ဆီမိုနာရဲ့ခေါင်းမာမှု၊ ဇွဲလုံ့လ၊ အမျိုးသားတွေကြီးစိုးတဲ့ နယ်ပယ်တစ်ခုမှာ အမျိုးသမီးတစ်ယောက်ရင်ဆိုင်ရတဲ့အခက်အခဲနဲ့စိန်ခေါ်မှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Biopic ဆိုပေမယ့် ပျင်းစရာကောင်းမနေပဲ အဆုံးထိအလွယ်တကူဆွဲဆောင်နိုင်တဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ တောနဲ့တောရိုင်းတိရိစ္ဆာန်တွေ သဘာ၀ကိုမြတ်နိုးသူတွေ မြည်းစမ်းကြည့်သင့်တဲ့ ဇာတ်ကားမျိုးပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.6 GB) / (860 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,History Duration….01:41:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Drama
6.1 2024
Simona Kossak