YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Those Who Call.2021.480p.(CM).mp4

294.93 MB N/A video/mp4 108 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Doll 3
4.7

အင်ဒိုနီးရှား အရုပ်သရဲကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ မိဘတွေရဲ့ ကားအက်ဆီးဒင့်ကြောင့် စိတ်ဒဏ်ရာရနေတဲ့ မောင်လေးကို Tara က ပြုစုစောင့်ရှောက်ရပါတယ်။ သူ့မောင်လေးက ဆေးရုံကနေ ဆင်းလာပြီးတဲ့နောက်ပိုင်း အစ်မ Tara မှာ ချစ်သူရှိနေမှန်းသိသွားတော့ သူ့ကို Tara က မချစ်တော့ဘူးလို့တွေးပြီး သူတို့လက်ထပ်ခွင့်တောင်းတဲ့နေ့မှာပဲ တိုက်ပေါ်ကနေခုန်ချပြီး သတ်သေသွားခဲ့ပါတယ်။ အဲဒီကိစ္စကြောင့် ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်တဲ့ Tara က သူ့မောင်လေးကို နှုတ်ဆက်စကားပြောချင်လို့ဆိုပြီး နတ်ဆရာဆီမှာ ဝိညာဉ်ဆင့်ခေါ်ပြီး အရုပ်ထဲကို သူ့မောင်လေးရဲ့ဝိညာဉ်သွင်းလိုက်ပါတယ်။ သူ့မောင်လေးက အစတည်းက စိတ်ဒဏ်ရာရနေတဲ့အပြင် သူ့ရဲ့ဝိညာဉ်မှာ မကောင်းဆိုးဝါးစွမ်းအင်ပါ ပါလာတော့ သူ့အစ်မကို လုယူသွားမယ့်သူတွေကို အပြတ်ရှင်းဖို့ ကြိုးစားလာတဲ့အခါ Tara အနေနဲ့ သူချစ်တဲ့သူတွေကို ကာကွယ်နိုင်ပါ့မလား၊ သူ့မောင်လေးရဲ့ဝိညာဉ်ကိုရော ပြန်နှင်ထုတ်နိုင်ပါ့မလား၊ မောင်လေးနဲ့ ချစ်သူကြားမှာ ဘယ်သူ့ကိုရွေးမလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size…1.4GB | 832MB | 476MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh  Encoder ..... August

Drama • Romance
4.7 2022 115 mins
The Doll 3
La La Land
7.9

(သီချင်းလေးတွေပါ ဘာသာပြန်ပြီး ပြန်လည်တင်ဆက်လိုက်ပါတယ်..BluRay 4K Quality ထိ ခံစားကြည့်ရှုနိုင်ပါတယ်။) IMDb - (8/10) / Rotten Tomatoes (91%) ၂ဝ၁၆ ခုနှစ်အတွင်း ပြသခဲ့သည့်ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းများထဲမှအကောင်းဆုံးအတတ်ပညာရှင်၊ အနုပညာရှင်များကိုဂုဏ်ပြုသည့်(၇၄) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဇန်နဝါရီ ၈ ရက် ဒေသစံတော် ချိန်ညနေ ၅ နာရီတွင် ကယ်လီဖိုးနီးယားပြည်နယ် ဘေဘရီဟေးစ်ရှိ The Beverly Hilton ဟိုတယ်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အစီအစဉ်တင်ဆက်သူအဖြစ် ဟာသပညာရှင် ဂျင်မီဖော်လန်က ဆောင် ရွက်ခဲ့သည့်ဆုပေးပွဲတွင် “La La Land” ရုပ်ရှင်က ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည့်ဆုခုနစ်ခုကိုသိမ်းကျုံးရယူခဲ့ကာ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့သည်။တင်ဆက်သူ ဖော်လန်က ”ဒါဟာလူကြိုက်များတဲ့မဲကိုဂုဏ်ပြုနေသေးတဲ့ အမေရိကမှာ ကျန်နေသေးတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲဖြစ်ပါတယ်” ဟုဆိုကာ နိုင်ငံရေးနှင့်ဆက်နွှယ်သော စကားဖြင့် ပွဲကိုစဖွင့်ခဲ့သည်။ ကွယ်လွန်သူ ဒါရိုက်တာကြီး ဗင်ဆန်တီမီနယ်လီနှင့်ဂျက်ကွက်ဒမ်မီတို့ ဖန်တီးခဲ့သော ရုပ်ရှင်များကို စိန်ခေါ်နိုင်ခဲ့သည့်“La La Land” ရုပ်ရှင်ဖန်တီးရှင်အသက် (၃၁) နှစ်ရှိဒါရိုက်တာ ဒါမီယန်ချာဇက်လီကအကောင်းဆုံးဇာတ် ညွှန်းဆုနှင့် အကောင်းဆုံးဒါရိုက်တာဆုများကို ရရှိခဲ့သည်။ထို့ပြင်ယင်းရုပ်ရှင်မှ မင်းသားရိုင်ယန်ဂိုးစလင်း နှင့် မင်းသမီး အမ်မာစတုန်းတို့ကအကောင်းဆုံး သရုပ်ဆောင် ဆုများကို အသီးသီးရရှိခဲ့သည်။ ကခုန်ခြင်းနှင့် သီချင်းသီဆိုခြင်းကို ဝါသနာပါသည့် လူငယ်နှစ်ဦးက၎င်းတို့ဖြတ်သန်းရာ ဘဝခရီးလမ်းတွင် မည်မျှကြမ်းတမ်းသောအခက်အခဲများပင် ရှိလင့်ကစား အောင်မြင်မှုများကို ရယူနိုင်ကြောင်း ရိုက်ကူးပြသခဲ့သည့်ရုပ်ရှင်က ယခင်က ဆုခြောက်ခုရရှိခဲ့ဖူးသောOne Flew Over the Cuckoo’s Nest and Midnight Express ရုပ်ရှင်ကိုကျော်တက်ကာ ဆုရရှိမှုစံချိန်တင်ခဲ့ခြင်း ဖြစ်သည်။ နာမည်ကျော်ဘရော့ဒ်ဝေး လမ်းမထက်က ဖျော်ဖြေပွဲများကိုအခြေခံထားခြင်းမရှိသည့် ယင်းရုပ်ရှင်ပြသသည်နှင့် တစ်ပြိုင်နက်စတူဒီယိုများတွင် ပြသခွင့်ရရှိခဲ့သည့် ရုပ်ရှင်လည်းဖြစ်သည်။ အနုပညာစိတ်ကူးဉာဏ်ရင့်သန်မှုတို့ဖြင့် ဒါရိုက်တာ ချာဇက်လီသည် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Lionsgate နှင့်တွဲဖက်ကာ အခွင့် အရေးကိုပိုင်နိုင်စွာအသုံးချပြီး အနုပညာအလောင်းအစားပြုလုပ်ခဲ့ရာမှအောင်မြင်မှုရရှိခဲ့ခြင်းလည်း ဖြစ်သည်။ အမျိုးသား သရုပ်ဆောင်ဆု တွမ်ဟီဒယ်စတန်ဆန်ခါတင် စာရင်းထဲတွင်ပါရှိခဲ့သည့် ဆုအားလုံးကို ရရှိခဲ့သည်သာမကအကောင်းဆုံး မူရင်းတေးသွားဆု နှင့် ဇာတ်ဝင်တေးသီချင်းတို့ကိုပါ ရရှိခဲ့သည်။ ယင်းရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု (တေး သံစုံ၊ ဇာတ်မြူး) ရရှိခဲ့သူအမ်မာစတုန်းကဆုလက်ခံရယူ ပြီးနောက် ”ဒါဟာ စိတ်ကူးယဉ်သမားတွေအတွက် ရုပ်ရှင်တစ်ခုပါပဲ။ ပြီးတော့ မျှော်လင့်ချက်နဲ့ဖန်တီးနိုင်မှုဟာ ကမ္ဘာပေါ်က အရေးအကြီးဆုံး အရာနှစ် ခုဖြစ်တယ် လို့ကျွန်မထင်ပါတယ်။ အဲဒါဟာ ဒီရုပ်ရှင်ရဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ရွှေကမ္ဘာလုံးဆုပေးပွဲသည် ဟောလိဝုဒ်ရုပ်ရှင်များအတွက် ဆုပေးပွဲရာသီပွဲဦးထွက်ကျင်းပသည့်ပွဲဖြစ်သည်။ ဆုများစွာကို စံချိန်တင်သိမ်းပိုက်ရရှိခဲ့သည့် “La La Land” ရုပ်ရှင်ကအော်စကာဆုအတွက် ဆုလျာထား စာရင်းတွင်ပါဝင်နိုင်ရန် သေချာသွားခဲ့သည်။အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု ရိုင်ယန်ဂိုးစလင်းCecil B. DeMille ဘဝတစ်သက်တာ အောင်မြင်မှု ဆုကိုရရှိခဲ့သူမယ်ရီယယ်စတွိက ပြီးခဲ့သောနှစ်တွင် မဲဆွယ်ပွဲတစ်ခု၌ မသန်စွမ်းသတင်းထောက်တစ်ဦးပုံစံကို သရုပ်ဆောင်ပြီး ဒေါ်နယ်ထရန့်က သရော်ခဲ့သည့် အတွက်စိတ်မကောင်းဖြစ်ခဲ့ရသည်ဟုဆိုကာ ဆုပေးပွဲတွင် အမေရိကန်သမ္မတဖြစ်လာမည့်သူကိုစကားဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့သည်။ အသက်(၆၇) နှစ်အရွယ်စတွိက”ပြီးခဲ့တဲ့နှစ်က ကျွန်မကို စိတ်မကောင်းဖြစ်စေ တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ ကျွန်မနှလုံးသားထဲအထိ နာကျင်ရပါတယ်။ အရမ်းကိုကောင်းလွန်းလို့တော့ မဟုတ်ပါဘူး။ မသန်စွမ်းသတင်းထောက် တစ်ယောက်ပုံစံတူပြုပြီးတော့ ကျွန်မတို့နိုင်ငံရဲ့အလေးစားခံရဆုံး ထိုင်ခုံမှာ ထိုင်မယ့်သူက လုပ်ခဲ့တဲ့ဖြစ်ရပ်ပါ၊အာဏာရှိတဲ့သူတွေက သူတို့ရဲ့ ရပ်တည်ရာနေရာကိုအသုံးချပြီးတခြားသူတွေကို အနိုင်ကျင့်မယ်ဆိုရင် ကျွန်မတို့အားလုံးဆုံးရှုံးတာပါပဲ။ ပြီးတော့ဟောလိဝုဒ်ဆို တာ ပြင်ပကလူတွေနဲ့ နိုင်ငံခြားသားတွေဝင်ထွက်သွားနေတဲ့နေရာပါ။ ရှင်တို့သာ သူတို့ကို နှင်ထုတ်ပစ်မယ်ဆိုရင်အနုပညာမဟုတ်တဲ့ ဘောလုံးပွဲနဲ့ သိုင်းပညာကလွဲလို့ ကြည့်စရာရှိတော့မှာ မဟုတ်ပါဘူး” ဟု ဝေ ဖန်ပြောကြားခဲ့သည်။ မင်းသမီးကြီးစတွိသည် ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်းတွင်အကြိမ် ၃ဝ ပါ ဝင်ဖူးပြီး ရှစ်ကြိမ်ဆုရရှိဖူးသည်။ ၎င်းကဲ့သို့ Cecil B. De-Mille ဆုရရှိခဲ့ကြဖူးသူများမှာဒန်ဇယ်ဝါရှင်တန်၊ ဂျော့ခ်ျ ကလူးနေး၊ ဝူဒီအယ်လန်နှင့် ဂျိုဒီဖော်စတာတို့ဖြစ်ကြသည်။“La La Land” ရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု ရရှိခဲ့သူ ရိုင်ယန်ဂိုးစလင်းကဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ကနေဒါနိုင်ငံသားဖြစ်သူ ရိုင်ယန်ရေးနိုးစ်ကိုဂုဏ်ပြုသည့် စကားကိုလည်း ဆု လက်ခံရယူနေချိန်တွင် ပြောကြားခဲ့သည်။၎င်းက ”ကျွန်တော့်ကို ရိုင်ယန်ရေးနိုးစ်နဲ့မှားကြတာ ဒါပထမဆုံးအကြိမ်မ ဟုတ်ပါဘူး။တစ်ခါတလေတော့လည်း အမှားဟာ အမှားကောင်းဖြစ်သွားတော့တာပါပဲ” ဟုပြောဆို သည်။ La La Land ဇာတ်ကားဟာ ဗြိတိန်ရုပ်ရှင်ရုံများတွင် စတင်ပြသသည့် ပိတ်ရက်ကတည်းကရုံဝင်ငွေ ပေါင် ၆ သန်း ကျော်ရရှိခဲ့ကာ အခြားဇာတ်ကားများထက် ပေါင်၅သန်းကျော် ပိုမိုရရှိခဲ့ပြီးပေါက်ကားတစ်ကားဖြစ်ခဲ့ပါသည်။ရွှေကမ္ဘာလုံးဆုပေးပွဲသမိုင်းတွင် စုစုပေါင်း ဆု ၇ ဆုရရှိခဲ့ကာစံချိန်ချိုးနိုင်ခဲ့သည့် ဂီတနောက်ခံရုပ်ရှင်ဇာတ်ကား La La Land ဟာBafta ဆုပေးပွဲအတွက်လည်း အကောင်းဆုံးရုပ်ရှင်ဆုအပါအဝင်ဆုပေါင်း ၁၁ ဆုအတွက် လျာထားခြင်း ခံခဲ့ရပါသည်။ပွဲဦးထွက်ရုံဝင်‌ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် စံချိန်ချိုးနိုင်ခဲ့သော ဇာတ်ကားမှာLes Miserables ဖြစ်ပြီး ၂၀၁၃ခုနှစ်က ပြသခဲ့ကာပွဲဦးထွက်ရုံဝင်ငွေ ပေါင်၈.၁၂သန်း ရရှိခဲ့ပါသည်။ La La Land တွင် မင်းသား Ryan Gosling ကJazz ဂီတသမားစန္ဒယားဆရာအဖြစ် သရုပ်ဆောင်ထားပြီးမင်းသမီး Emma Stone က ရည်မှန်းချက်ကြီးသော မင်းသမီးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားကာ သူတို့ နှစ်ဦး၏ အိပ်မက်တွေကို လော့စ်အိန်ဂျယ်လိစ်မြို့၌အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီးသူတို့၂ယောက် အကောင်အထည်ဖော်နိုင်မဖော်နိုင်ကိုကတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ရှူ ရမှာပါ။ (ရုပ်ရှင်အညွှန်းကို myanmarnewsnetwork မှ ကူးယူဖော်ပြပါသည်။) File size…(9 GB)/ (1.9 GB) / (800 MB) Quality….BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:07:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Comedy • Crime • Drama
7.9 2016 129 mins
La La Land
Moonshot
6.9

ဒီဇာတ်ကားလေးကတော့ ၂၀၂၂ မှာအသစ်ထွက်ရှိထားတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ Walt ဆိုတဲ့ကောင်လေးတစ်ယောက်က ငယ်ငယ်လေးကတည်းက အာကာသတစ်ခွင် လျှောက်သွားချင်နေခဲ့တာပါ။ Kovi Industries Student Mars Program ဆိုတာကတော့ ကောလိပ်ကျောင်းသားတွေကို အင်္ဂါဂြိုလ်ဆီ ပို့ပေးနေတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ Walt ရဲ့ရည်းစားဖြစ်သူကလည်း အင်္ဂါဂြိုလ်မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ။ Walt တစ်ယောက် အင်္ဂါဂြိုလ်သွားဖို့ကို အကြိမ်ကြိမ်ပယ်ချခံရပြီးနောက်မှာတော့ Sophie ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ Sophie ကတော့ ထူးချွန်တဲ့ကျောင်းသူတစ်ယောက်ဖြစ်သလို သူ့ရည်စား Kelvin ကလည်း အင်္ဂါဂြိုလ်ပေါ်မှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။ တစ်နေ့မှာ Sophie ဟာသူ့ရည်စားနဲ့ တွေ့ဖို့အတွက် အင်္ဂါဂြိုလ်ကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီမှာ အင်္ဂါဂြိုလ်ရူး Walt ကလည်း Sophie ကိုအသုံးချပြီး ယာဉ်ပေါ်ကို ခိုးပြီးလိုက်ပါသွားပါတော့တယ်။ Walt ခိုးပြီးတော့လိုက်ပါလာတာကို Sophie သိသွားပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက် အာကာသခရီးစဉ်တစ်လျှောက် ဘယ်လိုနှစ်ပါးဆက်သွားကြမလဲ၊ သူတို့ရဲ့ ရည်းစားတွေနဲ့ရော အင်္ဂါဂြိုလ်ပေါ်မှာ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကတော့ C hannel Myanmar ပရိသတ်ကြီးက ဆက်ကြည့်ပြီး ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ အညွှန်းကိုတော့ Loon Swal Eain က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Loon Swal Eain နဲ့ Leonard Lin တို့ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance, Sci-Fi Quality….WEB-DL 1080p and 720p File size… Format…mp4 Duration….1h 44min Subtitle….Myanmar Subtitle (Hardsub) Translator ..... Looon Swal Eain and Leonard Lin Encoder ..... August

6.9 2022 104 mins
Moonshot
Offseason
5.5

Catalonian International Film Festival မှာ Best Motion Picture award အတွက် စကာတင် အရွေးခံခဲ့ရတဲ့ တကယ်မိုက်တဲ့ Horror movie လေး ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... မိခင်ရဲ့ အုတ်ဂူ ပျက်စီးသွားတယ်ဆိုတဲ့ ထူးဆန်းတဲ့ အကြောင်းကြားစာကို ရပြီးနောက် မာရီတစ်ယောက် အုတ်ဂူရှိရာ ကျွန်းမြို့လေးကို ချက်ချင်း ရောက်လာခဲ့တယ်။ အဲ့ဒီကျွန်းက နွေဦးရာသီရောက်တဲ့အထိ ပိတ်တဲ့ ကျွန်းပါ။ သူမ ရောက်သွားတဲ့အချိန်မှာ ရာသီကုန်လို့ ပိတ်တော့မှာ။ ဒါပေမဲ့ အကြောင်းကြားစာထဲမှာ အရေးတကြီးခေါ်တာဆိုတော့ သူမက ပိတ်လည်း ပိတ်ပါစေဆိုပြီး ကျွန်းထဲ ဝင်လာခဲ့တယ်။ အဲ့ဒီနောက်မှာ ဘာတွေ ဆက်ဖြစ်မယ်ထင်လဲ? မီးပျက်တဲ့ည မှောင်မှောင်မည်းမည်းမှာ ယပ်လေးခတ်ပြီး ကြည့်လိုက်ကြရအောင်ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ) File Size          :  1.5GB, 472MB & 224MB Quality            : 1080p WEBRip AC3 5.1CH, 720p WEBRip & 480p Format            : mp4 Duration         : 1hr & 23mins Genre              : Drama, Fantasy, Horror Translated by  Kit Encoded by Kinnov

Action • Crime • Thriller
5.5 2022 83 mins
Offseason
Drunk Bus
5.5

IMDb Rating - 6.2/10 2020 ကထွက်ရှိခဲ့တဲ့ drama, comedy ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ မိုက်ကယ်ဆိုတဲ့ကောင်လေးက ကျောင်းပြီးလို့ ဘွဲ့ရသွားပေမယ့် လမ်းပျောက်နေတဲ့သူတစ်ယောက်ပါ။ ဓာတ်ပုံပညာကို အလွန်ဝါသနာ ပါခဲ့ပေမယ့် သူနဲ့ငါးနှစ်တွဲခဲ့တဲ့ချစ်သူအေမီ သူ့ကိုထားသွားပြီးနောက် မှာတော့ ပျက်နေတဲ့ကင်မရာကိုတောင် မပြင်တော့ပဲ ဘဝကို ပျင်းရိ ငြီးငွေ့စွာ တက္ကသိုလ်ကြိုပို့ကားမောင်းရင်း ရှင်သန်နေသူတစ်ဦးပေါ့။ ကြင်နာတတ်ပေမယ့် နည်းနည်းကြောက်တတ်တဲ့သူကို အနိုင်ကျင့် စော်ကားသူတွေလည်း ရှိပြန်လေရဲ့… ဒီလိုနဲ့ သူ တစ်နေ့ ကျောင်းသားတစ်ယောက်ရဲ့ထိုးကြိတ်တာကို ခံလိုက် ရပြီးနောက် ကားကုမ္ပဏီက သူ့လုံခြုံရေးအတွက် ဘော်ဒီဂတ်သဘောမျိုး လူတစ်ယောက်ခန့်ပေးခဲ့ပါတယ်။ ထူးခြားတာက အဲဒီလူကြီးဟာ တစ်ကိုယ်လုံး ဆေးမင်ကြောင်တွေနဲ့ပြည့်နေပြီး နာမည်ကလည်း နာနတ်သီးဆိုပဲ… သူနဲ့ နာနတ်သီး ခင်မင်သွားကြပြီး နာနတ်သီးက သူ ဘဝမှာ မလုပ်ရဲ မလုပ်ဝံ့ ခဲ့တာတွေကို တွန်းအားပေးလာခဲ့ချိန်မှာတော့… Fun fact အနေနဲ့ပြောရရင် နာနတ်သီးရဲ့ အပြင်နာမည်ကလည်း နာနတ်သီးပါပဲတဲ့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Myat Thu ဖြစ်ပါတယ်) File Size - (1.14 GB) / (504 MB) / (333 MB) Quality – BluRay 1080p / 720p/480p Duration - 1h 41mins Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Drama Translator – May Myat Thu Encoder – SWM

Drama • Romance • War
5.5 2021 101 mins
Drunk Bus
Falling for Christmas

လင်ဆေးလိုဟန်ရဲ့ ရုပ်ရှင်ကားသစ်ကို နက်ဖလစ်ကနေ ပြသသွားတာပါ။ ဟိုတယ်စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးရဲ့ သမီးဖြစ်သူ Sierraဟာ အစစအရာရာ လိုလေသေးမရှိ ကျော့ကျော့မော့မော့ နေခဲ့ရသူတစ်ယောက်ပေါ့။ ခရစ္စမတ်မတိုင်ခင် တစ်ပတ်လောက်အလိုမှာတော့ Sierraခမျာ ရည်းစားဖြစ်သူ Tad Fairchildနဲ့အတူ တောင်ပေါ် ခရီးထွက်ခဲ့ရာက မတော်တဆမှု ဖြစ်ကာ တောင်အောက်ကိုလိမ့်ကျပြီး သတိလစ် အတိတ်မေ့သွားပါတော့တယ်။ သတိလစ်နေတဲ့ Sierraကို North star တည်းခိုရိပ်သာ ပိုင်ရှင်ဖြစ်တဲ့ Jake Russelတစ်ယောက် တွေ့ပြီး ကယ်တင်ခဲ့ပါတယ်။ ဒါ့အပြင် အတိတ်မေ့ပြီး ကူကယ်ရာမဲ့နေသူမို့ လောကွတ်ချော်ကာ အိမ်ပေါ်တင် စောင့်ရှောက်ထားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ သံယောဇဉ်တွေ ငြိတွယ်လာရင်း..။ တစ်ဖက်မှာတော့ Tadကလည်း ပွန်းပဲ့ဒဏ်ရာ အနည်းငယ်လောက်သာရပြီး အသက်ရှင် ကျန်ခဲ့ပါတယ်။ သို့သော်ငြားလဲ လူသူဝေးရာ တောထဲတောင်ထဲမှာမို့ ဆောက်တည်ရာမရ ဖြစ်ရပြန်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ လမ်းပျောက်နေတဲ့ Tadနဲ့ အတိတ်မေ့နေတဲ့ Sierraတို့ ဘယ်လိုဘယ်ပုံ ခရီးဆက်ကြမလဲ။ Sierraတစ်ယောက် မှတ်ဉာဏ် ပြန်ရလာပြီးတဲ့နောက် သူ့ကိုကယ်တင်ခဲ့တဲ့ ကလေးအဖေ မုဆိုးဖို Jakeကိုပဲ ရွေးချယ်လေမလား။ သူဌေးသား ဆိုရှယ်ကြောင် Tadကိုပဲ သစ္စာရှိမှာလား။ လုပ်ငန်းပိတ်သိမ်းရလုနီးပါးဖြစ်နေတဲ့ Tadကရော ဘာတွေ လုပ်မလဲဆိုတာကို နှင်းတွေတဖွေးဖွေးအောက်မှာ ဟာသလေးတွေ နှောပြီး ရိုက်ကူးပြထားတာကို ခံစားကြည့်ရှုကြရမှာပါ။ File size…(2.2 GB)/(1.1 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hugo

Horror • Thriller
0 2022
Falling for Christmas
Summer Love Love
5.2

ဒီတစ်ခါတေ့ာ တရုတ်ဇာတ်မြူး ကားလေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ လူကြီးရုပ်ရှင် မဟုတ်ပေမယ့် ခပ်လန်းလန်း ကောင်မလေးတွေ ကို အားပါးတရ ငမ်း လို့ လည်း ရမှာ ဖြစ်တာကြောင့် ရုပ်ရှင်လည်း ကြည့်ရင်း စကီလည်းရှိုးရင်း ဆိုသလို ကိုကိုပုရိသတို့ အကြိုက်တွေ့စေမယ် ဆိုတာ တော့ အာမခံ ပါရစေ။ ဇာတ်လမ်း အကျဉ်းချုံး ကတော… Fong Ryan နဲ့ Fattyတို့ သုံးယောက်ဟာ ဟိုင်နန် ကို အပန်းဖြေ ခရီး ထွက် လာရင်းနဲ့ ဒုက္ခ ရောက်ရပုံ နဲ့ တည် ထား ပါတယ်။ ပစ္စည်းတွေ အလစ်သုတ် ခံရပြီး ကမ်းခြေ တစ်ခု မှာ သုံးယောက်သား ယောင်လည်လည် ဖြစ်နေကြတာပါ။ အဲ့ဒီ အချိန်မှာပဲ ထိုနေရာမှာ လူထူးဆန်း တစ်ယောက်က သူ့ဘဝလက်တွဲဖော် ရှာဖို့ ပြိုင်ပွဲ စီစဉ်နေတာပါ။ ပြိုင်ပွဲ နာမည်က “သန်းကြွယ်လေးနဲ့ ဘယ်သူ လက်ထပ် ချင်လဲ” ဆိုတာပါ။ စကီလေးတော်တော် များများကလည်း စိတ်ဝင်စားကြပြီး ထိုလူရဲ့ စိတ်ဝင်စား မှု ရအောင် ကြံဖန် ကြပါတော့တယ်။ အဲ့ စကီလေးတွေ ထဲက တချို့ကို သကောင့်သား ငနဲသုံးကောင်က စိတ်ဝင်စား မိပြီး ချဉ်းကပ် ကြပုံ ကို တင်ဆက် ထားတာပါ။ ဇာတ်လမ်းကို ပေါ့သွားမှာ စိုးလို့ အစအဆုံးပြောမနေတော့ပါဘူး။ သူတို့ သုံးယောက်ဟာ သူတို့ လိုချင်တဲ့ အဖြေ ကို ကောင်မလေးတွေဆီက ရနိုင်ပါ့မလား။ ဘယ်လိုပုံ ဘယ်လိုနည်း နဲ့ ချဉ်းကပ်ကြမယ် ဆိုတာကတော့ ပရိသတ်ကြီးတို့ပဲ ရှူစားကြပါလို့ ပြောပါရစေ။ ဒီဇာတ်ကားလေးကလည်း ပရိသတ်တွေရဲ့ ဘဝအမော ကို ဖြေဖျောက်ပေးနိုင်မှာ တေ့ာ သေချာ ပါကြောင်း File size… 3.3 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

5.2 2011
Summer Love Love
Whiteout

တောင်ဝင်ရိုစွန်းက လူသတ်သမားက ဘယ်သူလဲ❓ Thriller, Crime အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားဟာဆိုရင် အန္တာတိကအခြေစိုက်စခန်းတစ်ခုမှာ setting ယူထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်ကယ်ရီဆက်ကိုဟာ အခြေစိုက်စခန်းရဲ့ မာရှယ်တစ်ယောက်ဖြစ်တယ်။ ဆောင်းတွင်းဆိုရင် ၆ လလောက် နေမမြင်ရတဲ့ဒေသမို့ အခြေစိုက်ခန်းတွင်းက ဝန်ထမ်းတွေအကုန်လုံးနီးပါးဟာ ဆောင်းတွင်းမတိုင်ခင်မှာ နေရာပြောင်းရွှေ့ကြရတယ်။ နောက် ၃ ရက်နေမှ ကျရောက်လာမယ်လို့ တွက်ချက်ထားခဲ့တဲ့ မုန်တိုင်းဟာ ခန့်မှန်းထားချိန်ထက် ၁ ရက်နီးပါးထိ စောပြီးဝင်လာတဲ့အခါမှာတော့ အခြေစိုက်စခန်းတစ်ခုလုံး ဒရောသောပါးနဲ့ နယ်မြေရွှေ့ပြောင်းဖို့ ‌ဖြစ်လာခဲ့တယ်။ အဲအချိန်မှာပဲ Haworth Mesa မှာ တောင့်ခဲနေတဲ့ လူသေအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရတယ်။ အလောင်းရဲ့ ဒဏ်ရာဟာ အသတ်ခံရတာဖြစ်ကြောင်း တွေ့လိုက်ရချိန်၊ ရေခဲပြင်အောက်က ရုရှားလေယာဉ်ပျက်၊ ကျည်ဖူးတွေပျောက်ဆုံးမှု‌နဲ့ ဆက်စပ်ပြီး ရောက်လာခဲ့တဲ့ UN က အလွတ်အေးဂျင့်။ ဒီအလောင်းရဲ့နောက်ကွယ်မှာ အကြောင်းအရာတွေက ထင်သလောက် ရိုးရှင်းမနေခဲ့တဲ့အကြောင်းကို သိလိုက်ရချိန်မှာ ဆက်ကိုဟာ လူသတ်သမားကို ရှာဖို့ ဆုံးဖြတ်ခဲ့တယ်။ နီးကပ်လာတဲ့ နေရပ်ပြောင်းရွှေ့ချိန်၊ နောက်ဆုံးလေယာဉ်နဲ့မှမလိုက်ရင် ဆောင်းတွင်းတစ်တွင်းလုံး ရာသီဥတုဆိုးဝါးကြမ်းတမ်းလှတဲ့ ဒီအခြေစိုက်စခန်းထဲမှာပဲ lockdown ပိတ်ပြီး ကျန်ခဲ့ရနဲ့ အခြေအနေမှာ လူသတ်သမားကို မိအောင် ဖမ်းနိုင်ပါ့မလား။ File size…(1.6 GB)/(800 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Action, Crime, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yoshi

0 2009
Whiteout
Rebel Moon – Part One: A Child of Fire
6.4

ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စတားဝေါ ဖန်မိတ် ရုပ်ရှင်ကြီးလာပါပြီ။ ဒီဇာတ်လမ်းကို စတားဝေါလူကြီးဆန်ဆန်ဗားရှင်းအဖြစ် ကမ်းလှမ်းခဲ့ပေမဲ့ ဒစ္စနေးနဲ့လူးကပ်ရုပ်ရှင်ကုမ္ပဏီက လက်မခံတာကြောင့် Star Wars ရုပ်ရှင်အဖြစ်မဟုတ်ဘဲ ကိုယ်ပိုင်ရိုက်ကူးဖြစ်သွားတာပါ။ ဒါကြောင့် ဂျဒိုင်းတွေနဲ့အလင်းဓားတွေ မပါဝင်ပေမဲ့ အင်ပါယာ နဲ့ ဖိနှိပ်ခံဂြိုလ်တွေ၊ တော်လှန်ရေးအဖွဲ့တွေ အကုန်ပါဝင်နေပါတယ်။ ဒါ့အပြင် ဇာတ်လမ်းကျောရိုးကိုလည်း ဇက်ရဲ့ အကြိုက်ဆုံးရုပ်ရှင် Seven Samurai (1954) ကို မှီငြမ်းထားတာမို့ အာကာသထဲက ဆာမူရိုင်း ၇ ယောက် ဇာတ်လမ်းမျိုးဖြစ်နေပြန်ပါတယ်။ လက်ရှိ ဝေဖန်ရေးဆရာတွေ အကြိုက်မတွေ့တဲ့အချက်ကလည်း ဒီအချက်ပဲဖြစ်ဖို့များပါတယ်။ မူရင်းဖန်တီးချက် ဘာမှမပါသေးဘဲ စတားဝေါ နဲ့ ဆဲဗင်းဆာမူရိုင်း ဒါမှမဟုတ် Magnificent Seven ကြည့်ပြီးသားလူတွေအတွက် မဲပြာပုဆိုးဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ ပထမရုပ်ရှင်ပဲ ရှိသေးတာမို့ နောက်ထွက်လာမဲ့ အပိုင်းတွေမှာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ အောင်မြင်နိုင်ပါသေးတယ်။ ဒီအချက်တွေကို မေ့ပစ်ပြီး ကြည့်မယ်ဆိုရင်တော့ ဇက်ရဲ့ထုံးစံအတိုင်း ရိုက်ချက်လှလှ၊ ဒိုင်ယာလော့ကောင်းကောင်း၊ အက်ရှင်ခန်းကြမ်းကြမ်းတွေနဲ့ ကြည့်ပျော်တဲ့ရုပ်ရှင်မို့ လူတိုင်းကြည့်လို့အဆင်ပြေပါတယ်။ ဇာတ်လမ်းအကျဉ်း ဗဲ့ဒ်ဆိုတဲ့ ရွာကလေးက လယ်သမားတွေဆီကို အင်ပါယာဗိုလ်ချုပ်တစ်ယောက်ရောက်လာပြီး ရိက္ခာတွေ မတန်တဆ တောင်းတယ်။ ဒါကို ရွာသားတွေကမပေးနိုင်တော့ ပြန်ခုခံဖို့ အကူအညီတောင်းဖို့ ကြိုးစားတယ်။ သူတို့မှာလည်း ကြေးစားတပ်တွေငှားဖို့ ပိုက်ဆံမရှိပါဘူး ရိက္ခာအပိုလေးနည်းနည်းပဲပေးနိုင်တာပါ။ ရွာမှာ ခိုအောင်းနေတဲ့ ဝရမ်းပြေးစစ်သည်တော်တစ်ယောက်နဲ့ လယ်သမားလေးတစ်ယောက်တို့ စကြဝဠာထဲမှာ ခြေဆန့်ပြီး မဖြစ်စလောက်ရိက္ခာလေးပေးရုံနဲ့ လယ်သမားတွေဘက်ကနေ ကူတိုက်ပေးမဲ့ စစ်သည်တော်တွေကို လိုက်စုစည်းကြတာက အပိုင်း-၁ ရဲ့ ဇာတ်လမ်းပါပဲ။ အပိုင်း-၂ မှာတော့ ဒီဆာမူရိုင်းတွေ အင်အားအရမ်းကြီးတဲ့ အင်ပါယာကြီးကို ဘယ်လိုခုခံတော်လှန်ကြမလဲဆိုတာ တွေ့ရမှာပါ။ File size…(1.8 GB)/(1 GB) Quality….WEB-DL 1080p/ 720p Format…mp4 Duration….02:13:00 Genre…Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by Mr. Anderson

6.4 2023
Rebel Moon – Part One: A Child of Fire
Space Sharks
5

ဒီဇာတ်ကားကို Sci-fi Genre ရုပ်ရှင်တွေ အရိုက်များတဲ့ Director Dustin Ferguson က ရိုက်ကူးထားပြီးတော့ သရုပ်ဆောင်တွေအနေနဲ့ကတော့ ဂန္တဝင်သရုပ်ဆောင်တွေ ဖြစ်တဲ့ Eric Roberts, Brinke Stevens တို့က ပါဝင်အား ဖြည့်ပြီး သရုပ်ဆောင်ပေးထားပါတယ်။ Sci-fi Genre ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် အမေရိကန် အစိုးရဟာ သက်ရှိတွေနေထိုင်နေတယ်လို့ ယူဆရတဲ့ ဂြိုလ်တစ်ခုပေါ်ကနေ နမူနာပစ္စည်းတွေကိုယူလာဖို့အတွက် အာကာသယာဉ်တစ်စင်းကို စေလွှတ်ခဲ့ပါတယ်။ အဲဒီယာဉ်ဟာ ယူလာပြီးတော့အပြန်လမ်းမှာ ဥက္ကာခဲတွေနဲ့ တိုက်မိပြီးတော့ ကမ္ဘာပေါ်ကိုပျက်ကျလာပါတယ်။ အဲဒီလိုနဲ့ ယာဉ်ပေါ်မှာပါလာတဲ့ သက်ရှိတွေဟာ ကမ္ဘာပေါ်မှာလွတ်ကုန်ပြီးတော့ သောင်းကြမ်းကုန်ပါတယ်။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ၊ နောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာတွေကို သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 2.29GB / 1.04GB Quality… WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Comedy • Drama
5 2024
Space Sharks
Borgo
7

ဒီရုပ်ရှင်ကတော့ Borgo လို့ခေါ်တဲ့ ၂၀၂၃ကထွက်ခဲ့တဲ့ဇာတ်ကားလေးဖြစ်ပါတယ် ပြင်သစ်နိုင်ငံကရိုက်ကူးထားတာဖြစ်တဲ့ဒီ Crime/Drama ဇာတ်ကားကတော့၂၀၁၇တုန်းက Bastia လေဆိပ်မှာ Corsican ရာဇဝတ်သမားနှစ်ယောက်လုပ်ကြံခံရမှုမှာထောင်အစောင့်တစ်ယောက်ပါဝင်ပတ်သတ်နေတဲ့ဖြစ်ရပ်မှန်အကြောင်းကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့… အသက်၃၂နှစ်ရှိပြီဖြစ်တဲ့ Melissa နဲ့ သူ့မိသားစုဟာ Corsica ဆိုတဲ့ကျွန်းလေးကိုပြောင်းလာခဲ့ပါတယ် အဲ့ဒီမှာသူကတခြားထောင်တွေနဲ့မတူပဲတမူထူးခြားတဲ့ထောင်တစ်ခုရဲ့အစောင့်အနေနဲ့အလုပ်လုပ်ရင်းကနေသူ Saveriu လို့ခေါ်တဲ့လူငယ်အကျဥ်းသားတစ်ယောက်နဲ့ခင်သွားခဲ့ပါတယ် Saveriu ကထောင်ကလွတ်သွားတဲ့အခါမှာတော့သူ့ကိုအကူအညီတောင်းတာကနေဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုစိတ်ဝင်စားစရာကြည့်ရမယ့်ကားလေးဖြစ်ပါတယ်။ ရုပ်ရှင်က Crime/Drama genre ဖြစ်တဲ့အတွက်အက်ရှင်အခန်းတွေမပါပေမဲ့လည်းထောင်ကားနဲ့စုံထောက်ကားကိုပေါင်းထားတဲ့ပုံစံမျိုးဖြစ်တာကြောင့်တော်တော်ကိုကြည့်လို့ကောင်းပြီး IMDB Rating မှာလည်း 7.0 ရထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ် File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:58:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin

Family • Drama
7 2023 118 mins
Borgo
The Yin-Yang Master Zero Onmyoji Zero
5.7

The Yin-Yang Master Zero (2024) IMDb Rating (5.7) ဒီဇာတ်လမ်းက ဂမ္ဘီရတွေနာမည်ကျော်ကြားတဲ့ ရှေးဂျပန် Heian ခေတ်တုန်းက အင်ပါယာကိုအခြေခံထားတဲ့ Fantasy ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ​Heian ခေတ်မှာ Onmyoji ဆိုတဲ့ ဂမ္ဘီရပညာရှင်တွေ ကျော်ကြားကြပြီး Onmyoji ဖြစ်ဖို့ ကြိုးစားကြတဲ့ ကျောင်းသားတွေလည်း အများကြီးရှိကြတယ်။ မြေခွေးသားတော်လို့ လူတွေပြောကြတဲ့ Abe no Seimei က အရည်အချင်းအရမ်းရှိပေမဲ့ Onmyoji ဖြစ်ဖို့ ဆန္ဒမရှိဘဲ သဘာဝလွန်ဖြစ်ရပ်တွေကို အယုံအကြည်မရှိတဲ့ လူတွေနဲ့ ခပ်ခွာခွာနေတတ်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့တစ်ခုတည်းသောရည်မှန်းချက်က သူများတွေလို Onmyoji တစ်ယောက်ဖြစ်ဖိုမဟုတ်ဘဲ သူ့မိဘတွေကို သတ်ခဲ့တဲ့တရားခံကို ရှာပြီး အပြစ်ပေးဖို့ပဲ စိတ်ဆုံးဖြတ်ထားတဲ့သူဖြစ်တယ်။ တစ်နေ့မှာ Onmyoji ဌာနက ထူးချွန်ကျောင်းသားတစ်ယောက် အသတ်ခံလိုက်ရပြီး တရားခံကိုရှာဖွေဖို့က ကျောင်းသားတွေအကုန်လုံးရဲ့ စာမေးပွဲဖြစ်လာခဲ့တယ်။ Seimei လည်း သူ့သူငယ်ချင်းဖြစ်တဲ့ တက်တက်ကြွကြွ အထက်တန်းလွှာဂီတပညာရှင် အရှင် Hiromasa နဲ့ လူသတ်မှုကို စုံစမ်းစစ်ဆေးရေး စခဲ့တယ်။ အဲဒီမှာပဲ Seimei ရဲ့ အရည်အချင်းနဲ့ ယုံကြည်မှုတွေကို စိန်ခေါ်မဲ့ အန္တရာယ်များတဲ့ လှည့်ကွက်တွေ ပေါ်ပေါက်လာပြီး အာဏာနဲ့ရာထူးကို ဆာလောင်မက်မောတဲ့ လောဘကြီးသူတွေကြောင့် လူတွေဘယ်လို ထိခိုက်ရလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုရမဲ့ သဘာဝလွန်ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.9 GB) / (950 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Fantasy,History,Mystery Duration….01:53:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Action
5.7 2024 112 mins
The Yin-Yang Master Zero Onmyoji Zero
Neeli Megha Shyama

Neeli Megha Shyama (2024) “သူနဲ့တွေ့မှ” အသစ်ထွက်ရှိလာတဲ့ တေလဂူးစကားပြော အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောရရင် ရှမ်ဆိုတဲ့ သူဌေးသားဟာ ဆိုရှယ်မီဒီယာဖော်လိုဝါများဖိုနဲ့ အရက်ဆိုင်ထိုင်ဖိုကလွဲရင် ဘဝမှာ ရည်မှန်းချက်ထွေထွေထူးထူးမရှိတဲ့သူပါ သူ့အဖေ ကြိမ်းမောင်းတာလည်း မကြာခဏခံရပြီး တစ်ရက်မှာတော့ မာနာလီဆိုတဲ့ တောင်ပေါ်ဒေသမှာ ခြေကျင်တောင်တက်ခရီးသွားဖို စိတ်ကူးပေါက်လာပါတယါ သူ့ရည်မှန်းချက်ကတော့ ဉာဏ်အလင်းကို ရှာဖွေဖိုပါပဲ ဒီကနေ မယ်ဂါဆိုတဲ့ ဆတ်တောက်တောက် လမ်းပြကောင်မလေးနဲ့တွေ့တဲ့အခါ ဘယ်လိုအချစ်ဇာတ်လမ်းလေးပေါ်ပေါက်လာမှာလဲ ဆိုတာကတော့ … အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ~ V ~ KKKZ ~ Star ~ Cym တိုမှ ဖြစ်ပါတယ်

Horror • Thriller
0 2025 114 mins
Neeli Megha Shyama
The Keepers of the 5 Kingdoms

ပက်စီလီဆိုတဲ့ကောင်မလေးက အဖေသေသွားတာကြောင့် ပူ‌ဆွေးနေသူတစ်ဦး ။ ဒီလိုပုံမှန်အထက်တန်းကျောင်းသူလေးဘ၀ထဲကိုမတော်တဆ၀င်လာတဲ့အရာတစ်ခုကြောင့် ဆန်းကြယ်တဲ့ကမ္ဘာတစ်ခုထဲ၀င်သွားပြီး အိမ်ပြန်နိုင်ဖို့ဆိုရင် ငါးနိုင်ငံကိုအုပ်စိုးချင်နေသူ မိစ္ဆာသခင်မကိုနှိမ်နင်းနိုင်မှသာဖြစ်တယ် ။ သူနဲ့သူငယ်ချင်းတစ်သိုက် အဘိုးဖြစ်တို့ဟာ ဒီအန္တရာယ်အပြည့်နဲ့ ကမ္ဘာထဲ ဘယ်လိုရုန်းကန်သွားကြမလဲ မကောင်းမှုကိုဘယ်လိုအနိုင်ယူသွားမလဲဆိုတာ‌ကိုကြည့်ရမှာပါ ။ ကလေးတွေကြိုက်မယ့် fantasy ဆန်ဆန် movie လေးပါ ။ File size…(1.7 GB)/(967 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:52:00 Genre…Adventure, Fantasy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin

Horror • Thriller
0 2024
The Keepers of the 5 Kingdoms