YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Thibaan.2023.S01E06.END.720p.CM.mp4

260.65 MB N/A video/mp4 71 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Along Came a Spider
6.3

မင်းသားကြီး မော်ဂန် ဖရီးမန်း ပါဝင်သရုပ်ဆောင်ထားပြီး 2001 တုန်းကထွက်ရှိခဲ့တဲ့ မှုခင်းအက်ရှင်‌ကားကောင်း တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စိတ်ပညာရှင်/စုံထောက် ဒေါက်တာ အဲလက်စ် ခရော့စ် (မော်ဂန် ဖရီးမန်း) ဟာ စစ်ဆင်ရေးတစ်ခုမှာ သူ့ရဲ့တွဲဖက်ကို ဆုံးရှုံးလိုက်ရပြီးကတည်းက သူ့ကိုယ်သူခွင့်မလွှတ်နိုင်ပဲ၊ ဘဝကြီးကိုလည်း ရည်ရွယ်ချက်မရှိဖြတ်သန်း‌နေသူပါ။ ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်အပြီး ရှစ်လအကြာမှာတော့ ပြည်နယ်လွှတ်တော်အမတ် ဟန့်ခ် ရို့စ်ရဲ့ ကိုယ်ပိုင်ကျောင်းတစ်ခုမှာကျောင်းတက်နေတဲ့ သမီးလေး ရို့စ်ဟာ Secret Service ရဲ့စောင့်ရှောက်မှုအောက်မှာ ရှိနေရင်းနဲ့ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဒီလိုနဲ့ အဲလက်စ်ဆီကို ပြန်ပေးသမားကဖုန်းဆက်ပြီး သူရဲ့ကစားပွဲထဲကို ဝင်ပါခိုင်းရင်း အဲလက်စ်တစ်ယောက် ပြန်ပေးသမားရဲ့ကစားပွဲကို နိုင်အောင်ကစားနိုင်မှာလား၊ ရို့စ်ကိုရော အောင်အောင်မြင်မြင်နဲ့ကယ်ထုတ်နိုင်မှာလား၊ ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရမလဲ၊ ဘယ်လိုအလှည့်အပြောင်းတွေရှိလာမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။ File size…  2.77 GB /  742 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Drama , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by TMMT

Drama • Thriller
6.3 2001 104 mins
Along Came a Spider
The Collective
6.9

The Collective (2023) Missionတွေလုပ်ရတဲ့ အက်ရှင်ကားကောင်းလေးတွေ မျှော်နေသူတွေသဘောတွေ့စေမယ့် The Collection ဆိုတဲ့ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ X-men ထဲက Havok ဖြစ်တဲ့ Lucas Till နဲ့ FF မိသားစုဝင် Roman (Tyrese Gibson)တို့ ဘယ်လိုအတွဲညီညီနဲ့ ရန်သူကို နှိမ်နင်းမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။ မသမာမှု လာဘ်စားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ငွေသာအရာရာဖြစ်နေတဲ့လောကကြီးမှာ ဝိသမလောဘသားတွေက ငွေထုပ်လှေကားခုပြီး ဥပဒေပေါ်တက်ထိုင်နေကြတာပေါ့။ နိုင်ငံရေးလောကရဲ့ထိပ်သီးတွေ အစိုးရရာထူးအကြီးပိုင်းတွေကိုပါ ငွေနဲ့အိတ်ထဲထည့်ထားတဲ့ ဒီလိုလူတွေ CIAလိုအဖွဲ့ကတောင် ဥပဒေဘောင်တွင်းက ဘာမှလုပ်မရဘဲ ကြည့်နေရုံသာ တတ်နိုင်ပါသတဲ့။ ဒါပေမဲ့ မတရားမှုကို လက်ပိုက်ကြည့်မနေနိုင်တဲ့လူတွေစုပြီး ဒီလို ဥပဒေသွားထိလို့မရတဲ့လူတွေ သေနတ်နဲ့ရှင်းမယ်ဆိုတဲ့ အခွင့်ထူးခံတွေကို ကျရှုံးစေမယ့် The Collectiveဆိုတဲ့ အမှန်တရားဘက်တော်သားကြေးစားအဖွဲ့ပေါ်လာပါတော့တယ်။ မီရိုဆိုတဲ့ လူကုန်ကူးတဲ့ ရာဇာကြီးတစ်ယောက်က ရွေးကောက်ပွဲမဲဝယ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး သတင်းဖြန့်ခဲ့တဲ့ သတင်းပေးခရစ်စတိုဖာနီလီဆိုတဲ့လူကို ထုံးစံအတိုင်း လေလံပစ်ဖို့လုပ်နေတာပေါ့။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းထွက်တာကြောင့် ခံလိုက်ရသူတွေလည်းမနည်းတော့ နီလီကိုလက်စားချေအမှုန့်ကြိတ်ချင်နေသူတွေကလည်းဒုနဲ့ဒေးပါပဲ။ The Collectiveအဖွဲ့ကလည်း နီလီကိုသာရရင် ရာထူးကြီးပိုင်းက အကျင့်အပျက်ခြစားမှုတွေကို ဖော်ထုတ်နိုင်မှာဖြစ်လို့ နီလီကိုပစ်မှတ်ထားထားတာပေါ့။ ဒါပေမဲ့ မီရိုကလည်း ခေသူတစ်ယောက်မဟုတ်တဲ့အခါ... ဆမ်ကတော့ လတ်လတ်လောလော ‌training အောင်ထားတဲ့ လက်တွေ့မစ်ရှင်မလုပ်ဖူးသေးတဲ့ ကြေးစားလက်သစ်လေးပေါ့။ ဒါပေမဲ့ Collectiveအဖွဲ့ရဲ့စနစ်ကို မီရိုဘက်ကလူတွေက ဟက်ခ်သွားတာကြောင့် အေးဂျင့်တွေအကြောင်းအကုန်ပေါ်သွားတဲ့အတွက် စနစ်ထဲမရောက်သေးတဲ့ လူသစ်လေးက မီရိုလိုရာဇာကြီးကိုဖမ်းဖို့ အဖွဲ့ထဲကကြေးစားဂုရုကြီးဟူဂိုနဲ့ လက်တွဲရဖို့ဖြစ်လာတဲ့အခါမှာတော့ .... ကြေးစားဂုရုကြီးဟူဂိုနဲ့ ဒုစရိုက်ကျားကြီးမီရိုတို့ရဲ့တိုက်ပွဲအလယ်က လူတစ်ယောက်မှမသတ်ဖူးတဲ့ ဘုရားစူးအဖြူထည်ကြေးစားလေးဆမ်တို့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ။ မီရိုလက်က ခရစ်စတိုဖာနီလီကိုရော The Collectiveအဖွဲ့က ရသွားမှာလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။

Action • Adventure • Crime
6.9 2023 86 mins
The Collective
Paddington 2
7.5

ဘရောင်းမိသားစုနဲ့အတူ လန်ဒန်မှာ အခြေချနေထိုင်တဲ့ ဝက်ဝံလေးပက်ဒင်တန်ဟာ ဘာ လုပ်လုပ် အလွဲလွဲအချော်ချော် ဖြစ်ပေမယ်လို့ လူတိုင်းကိုကူညီလို စိတ်ရှိတဲ့အတွက် ချစ်ခင်သူများပါ တယ်။ ဘရောင်းမိသားစုမှာလည်း အိုလံပစ်ယာဉ်မောင်းဖြစ်ဖို့ ကြိုး ပမ်းနေတဲ့ မေရီ၊ ရာထူးမတိုးသေး တဲ့ ဟင်နရီ၊ ချစ်သူနဲ့လမ်းခွဲလိုက် တဲ့ ဂျူဒီ၊ အရွယ်ရောက်လာတဲ့ ဂျိုနသန်စတဲ့ အပြောင်းအလဲ များစွာနဲ့ပါ။ တစ်ရက်မှာတော့ အန်တီ လူစီရဲ့ အသက်ရာပြည့်မွေးနေ့မှာ အမှတ်တရ လက်ဆောင်အဖြစ် ဆင်မြူရယ်ဂရူဘာရဲ့ ရှေး ဟောင်းပစ္စည်းဆိုင်က Pop Up စာအုပ်လေးဝယ်ပေးဖို့ စိတ်ကူး ထားတာကြောင့် ပက်ဒင်တန်ဟာ အလုပ်မျိုးစုံလုပ်ရင်း ငွေစုခဲ့ပါ တယ်။ ပိုက်ဆံပြည့်တဲ့နေ့မှာ စာ အုပ်သွားဝယ်ရင်း သူဝယ်မယ့် စာအုပ်သူခိုးခိုးသွားတာ တွေ့ပေ မယ့်လို့ ပက်ဒင်တန်ဟာ စာအုပ် သူခိုးအဖြစ် မှားယွင်းစွပ်စွဲခံရပြီး သက်သေမပြနိုင်တဲ့အတွက် အ ဖမ်းခံခဲ့ရပါတယ်။ ဘရောင်းမိသားစုကလည်း ပက်ဒင်တန် မလုပ်ဘူးဆိုတာကို သက်သေပြနိုင်ဖို့အတွက် ကြိုး ပမ်းရင်း ရှေ့ဖြစ်ဟောသူ တစ် ယောက်နဲ့ ဆုံခဲ့ပြီး ပျောက်သွား တဲ့ Pop Up စာအုပ်ရဲ့ နောက် ကွယ်မှာ ဆန်းကြယ်တဲ့ဖြစ်ရပ် ရှိတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ တကယ်တော့ စာအုပ်ကို ဘရောင်းမိသားစု အိမ်နားမှာနေ တဲ့ ဖီးနစ်ဘက်ချနန်ဆိုတဲ့ သူက ခိုးယူထားတာဖြစ်ပြီး ဟင်နရီနဲ့ မေရီက အဲဒီလူရဲ့ အိမ်ထဲခိုးဝင် ရှာဖွေကြတဲ့အခါ ပျောက်နေတဲ့ စာအုပ်ကိုတွေ့ခဲ့ပေမယ့် ဘက်ချနန် အိမ်ပြန်ရောက်လာတဲ့အတွက် ဘာသက်သေမှ မယူလာနိုင်ခဲ့ပါဘူး။ ပက်ဒင်တန်ဟာလည်း ထောင်ထဲမှာဆုံတဲ့ မိတ်ဆွေတွေနဲ့အတူ ထောင်ဖောက်ထွက်ပြေးခဲ့ပြီး ဘရောင်းမိသားစုနဲ့ ပြန် ချိတ်ဆက်မိခဲ့ပါတယ်။ Pop Up စာအုပ်ရဲ့ နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေလဲ။ ဘက်ချနန်ဟာ စာအုပ်သူခိုးအစစ်ဖြစ်တယ်ဆိုတာ ဘယ်လိုဖော်ထုတ်မလဲဆိုတာတော့ ဆက်ကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးမှာ ဟျူဘွန်နဗီလ်၊ ဆယ်လီဟော့ကင်း၊ ဘရန်ဒန်ဂလီဆန်၊ ဂျူလီဝေါ်လ်တာ၊ ဂျင်မ်ဘရော့ဘန့်၊ ပီ တာကက်ပယ်ဒီ၊ ဟျူဂရန့် စသူတွေရဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ ရယ်ရယ်မောမော ကြည့်လိုက်ပါဦးလို့ ...။ (ဇာတ်လမ်းအညွှန်းကို 7Daily Website မှ ကူးယူဖော်ပြပါသည်) File Size : (900 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1h 44min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Arkar Phyo & Wai Yan Maung Encoded by Thanhtike Zaw

Drama
7.5 2017 104 mins
Paddington 2
Okinawa Rendez-vous
6

Okinawa Rendez-vous (2000) ဇာတ်အိမ်ကရိုးရိုးလေးပဲ။ ဂိုဏ်းစတားတစ်ကောင်ရယ်၊ သူခိုးတစ်ကောင်ရယ် (လတ်စလီ)၊ ရဲတစ်ကောင်ရယ် (ခဖိုင်)၊ ကောင်မလေး၂ယောက်ရယ်ရဲ့ ‌နဖူးစာမင်ရည်ကျဲ၏ မကျဲ၏ ဇာတ်လမ်းသက်သက်ပဲ။ ချစ်ကြတယ်။ လွဲကြတယ်။ ဝေးကြတယ်။ ဒါကိုပဲ ဂိုဏ်းစတားနဲ့ သူခိုးနဲ့ ဂိုဏ်းစတားရဲ့ ရည်းစားဟောင်း (Faye Wong) ကြားက ဇာတ်ရှုပ်နဲ့ ချိတ်ဆက်ပေးထားတယ်။ ဇာတ်ကားနာမည်ကိုက အိုခိန၀ဆုံစည်းခြင်း ဆိုတော့ အိုခိန၀ရဲ့ကောင်းကင်အောက် တွေ့ကြတယ်။ ကွဲကြတယ်။ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြတယ်။ ဒါပါပဲ။ ဒါပေမဲ့ Faye Wong နဲ့ Leslie Cheung တို့ လိုက်ဖက်ညီသဟဇာတ ဖြစ်နေတာက ဒီရုပ်ရှင်ကို ပိုအရသာရှိစေတဲ့ အဓိက အချက်လို့ဆိုရပါမယ်။ သူတို့၂ယောက်ကပေးတဲ့ ရသကို အမြည်းခံစားကြည့်ချင်ရင်တော့ အောက်ကစာ စာသားကို နမူနာမြည်းစမ်းကြည့်နိုင်ပါတယ်။ ” နှစ်လက်မတစ်စိတ် အကွာအဝေး၏ မိုင်သန်းပေါင်း လေးသောင်းနှစ်ထောင်ဆီမှ အရူးအမူးချစ်ခြင်းဖြင့် ဂျွမ်းထိုးမှောက်ခုံ ပြုတ်ကျလာခြင်းကြောင့် ငါ သေဆုံးသွားသည်။ ကမ္ဘာလောကရှိ အကွာအဝေး အတိုင်းအတာမှန်သမျှတို့သည် အတူတကွရှိနေခြင်း၏ ပြာလဲ့လဲ့ မြူနှင်းမှုန်ထဲတွင် ဝေဝါးကွာပျောက်ကွယ်သွားကြ၏။ အစ်ရှ်တာ ကုန်းပြင်မြင့်ပေါ်က သောကြာကြယ်ကို ဖွဲ့စည်းတည်ဆောက်ထားသော အနက်ရောင်တောက်တောက် ကျောက်ဆောင်တို့အလယ်တွင် သူမရပ်နေ၏။ ခရမ်းနုရောင် ပိုးသားဝတ်စုံကို ဝတ်ကာ ခမ်းနားတင့်တယ်စွာ ရပ်နေ၏။ “ – ဇော်ဇော်အောင် Chungking Express ကို အားကျလို့ပဲလားတော့မသိပေါ့။ ဒါရိုက်တာဟာ နှစ်လမပြည့်တဲ့ အချိန်အတွင်း ဇာတ်ညွှန်းမပါဘဲရိုက်ခဲ့တယ်တဲ့။ Gordon Chan ပုံမှန်ရိုက်နေကျက စတီဖင်ချောင်ကားတွေ ဂျက်ကီချမ်းကားတွေဆိုတော့ သူ့ပုံစံကနေ ကွဲထွက်တယ်ပြောရမှာပဲ။ Theme song အဖြစ် လတ်စလီချောင်ရဲ့ Without Love ကို သုံးထားတယ်။ Chungking Express ထဲကလို Faye Wong ရဲ့ စားသောက်ဆိုင်လေးထဲမှာ ဈေးရောင်းရင်း သီချင်းတွေဖွင့်နေတဲ့ အခန်းတောင်ပါသေးတယ်။ ဒီရုပ်ရှင်မှာ ဘာမှအားရလောက်စရာမပါပါဘူး။ အိုခိန၀ရဲ့ရှု့ခင်းတွေ၊ လတ်စလီချောင်၊ တိုနီလျောင်ခဖိုင်၊ Faye Wong၊ ဒီလောက်ပါပဲ။ Cast တွေက ဟောင်ကောင် Mega Starတွေချည်း။ ရိုက်ထားတာလည်း ၆ကားလောက်ပဲရှိပြီး သူ့ကိုကြာကြာမြင်ရတာ ၃ကားလောက်ပဲရှိတဲ့ Faye Wong ကို မြင်ရမယ့်ကားဆိုတော့ တော်တော်တော့ကြည့်လို့တန်ပါတယ်။ လတ်စလီချောင် သူ့ဘ၀သူ ဇာတ်သိမ်းပစ်လိုက်တာ တော်တော်ကြာပါပြီ။ သူ့ရုပ်ရှင်တွေဟာ ပြီးပါပြီ စာတန်းထိုးပြီး ပြီးသွားကြပေမဲ့ အခါအခွင့်သင့်တဲ့ အချစ်တကွေ့မှာ သတိရမိနေဦးမယ့် ကျွန်တော်တို့ ခံစားမှုတွေထဲ ကျွန်တော်တို့အရင်လူတွေ နောက်လူတွေရဲ့ ခံစားမှုတွေထဲတော့ မပြီးဆုံးနိုင်ဘူးပေါ့။ လတ်စလီ‌ချောင်ရဲ့ တချို့ရုပ်ရှင်တွေဟာ ကောင်းလားမေးရင် သာမန်ပါပဲ။ ဒါပေမဲ့ သူပါနေလို့ကို ဒီရုပ်ရှင်တွေဟာ ကျွန်တော့်အတွက် ပိုလှပခဲ့တယ်။ ဝေါင်ကာဝေးရဲ့ ရိုက်ကွင်းမှာ သူ့ကိုယ်သူ Legend လို့ နောက်သလိုပြောတတ်တဲ့ လတ်စလီဟာ သူ ဟောင်ကောင်ရုပ်ရှင်ဖန်တွေရဲ့ အချစ်အခံရဆုံး Legend အစစ်ဖြစ်လာတာကိုတော့ မမြင်သွားလိုက်ရဘူးပေါ့။ ဒါပေမဲ့ သူ့ရုပ်ရှင်တွေ သီချင်းတွေကတော့ ရှင်သန်နေဦးမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size – 1.6GB, 782MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 40Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Music • Romance
6 2000
Okinawa Rendez-vous
Martyr or Murderer
5.5

နိုင်ငံရေးအကြောင်း၊ သမိုင်းကြောင်းတွေ စိတ်ဝင်စားတဲ့ပရိတ်သတ်တွေအတွက် ၂၀၂၃ခုနှစ်မှာ ထွက်ရှိ တဲ့ ဖိလစ်ပိုင်ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဖိလစ်ပိုင်နိုင်ငံရဲ့သမိုင်းမှာ နာမည်ကြီးနိုင်ငံရေးဦးဆောင် မိသားစု ၂စုဖြစ်တဲ့ အကွီနိုမိသားစုနဲ့ မားကို့စ်မိသားစုတို့ကြားက ရန်ကြွေးဟာ လူသိထင်ရှားပါပဲ။ ဒီဇာတ်လမ်းဟာ ၎င်းမိသားစုနှစ်စုရဲ့ ကျောင်းတော်ကရန်စ၊ အတိတ်နောက်ခံသမိုင်း၊ နိုင်ငံရေးမှာအားပြိုင်မှု စတာတွေကို ဖော်ကျူး ခြယ်မှုန်းထားတဲ့ စိတ်ဝင်စားစရာရုပ်ရှင်ဖြစ်ပါတယ်။ ဖာဒီနန်မားကို့စ်ဟာ အာဏာရှင်အဖြစ်ကျော်ကြားပြီးတော့ စစ်အုပ်ချုပ်ရေး ကာလထုတ်ပြန်ပြီး အုပ်ချုပ်ခဲ့ ချိန်တွေအပါအဝင် နှစ်ပေါင်း ၂၀ နီးနီး ဖိလစ်ပိုင်နိုင်ငံကို ကြိုးကိုင် ချယ်လှယ်ခဲ့တဲ့သူပါ။ သူအုပ်စိုးစဉ်ကာလအတွင်း၊ သူ့သမ္မတသက်တမ်းအတွင်း သူ့ရဲ့အဓိကပြိုင်ဘက်၊ အဓိက ဝေဖန်တိုက်ခိုက်ခဲ့သူ ကတော့ လွှတ်တော်အမတ် ဟောင်း၊ တာလေးဒေသအုပ်ချုပ်ရေးမှူးဟောင်း နီနွိုင်းအကွီနို ဖြစ်ပါတယ်။ ဖာဒီနန်မားကို့စ် အာဏာကနေ ပြုတ် ကျသွားတာကလည်း လေဆိပ်မှာ နီနွိုင်းအကွီနို လုပ်ကြံအသတ်ဖြတ်ခံရမှုရဲ့ နောက်ဆက်တွဲဂယက်ကြောင့် ဖြစ်ပြီး သူ့ကိုဖြုတ်ချတဲ့ ပြည်သူ့အာဏာတော်လှန်ရေးကို ဦးဆောင်သူကလည်း နီနွိုင်းအကွီနိုရဲ့ ဇနီးသည်ဖြစ်သူ၊ ၁၁ကြိမ် မြောက်သမ္မတဖြစ်လာသူ ကော်ရာဇိုအကွီနိုပါပဲ။ ဖာဒီနန်မားကို့စ်ရဲ့ဇနီးဖြစ်သူ အီမယ်လ်ဒါမားကို့စ်ဟာ တချိန်က နီနွိုင်းအကွီနိုနဲ့ ချစ်သူဖြစ်ခဲ့ပြီး မားကို့စ်နဲ့ တွေ့ဆုံပြီး သိပ်မကြာခင်မှာပဲ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး အီမယ်လ်ဒါမားကို့စ်ဟာ ဖိနပ်အရံ (၁၀၀၀၀) တစ်သောင်းထိ ရှိတယ်လို့ ထိုစဉ်က လူသိထင်ရှားကျော်ကြားခဲ့သူပါ။ ဒီဇာတ်လမ်းဟာ ဖာဒီနန်မားကို့စ် ဇာတ်လမ်းအကြောင်း ရိုက်ကူးတဲ့ ဇာတ်ကား ၃ ကားထဲမှာ ဒုတိယ မြောက် ကားဖြစ်ပြီး (၂၀၂၂)ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Maid in Malacanang ရဲ့နောက်ဆက်တွဲဖြစ်ပါတယ်။ ပထမ ဇာတ်လမ်း နဲ့ပက်သက်ပြီး ဖိလစ်ပိုင်နိုင်ငံအတွင်းမှာ ဝေဖန်မှုများစွာနဲ့ ဂယက်ရိုက်ခဲ့သလို အခုဒီဇာတ်လမ်းနဲ့ ပက် သက်ပြီးလည်း ဝေဖန်သံတွေ သောသောညံနေဆဲပါ။ အကြောင်းကတော့ နီနွိုင်းအကွီနိုဘက်ကို အနည်းငယ်ပုတ် ခတ်ထားပြီး ဖာဒီနန်မားကို့စ်ဘက်ကို လျှော့ပေါ့ထားတဲ့အကြောင်းအရာတွေများပြားနေလို့ပါ။ လက်ရှိသမ္မတ ဖြစ်သူက ဖာဒီနန်မားကို့စ်ရဲ့သားဖြစ်သူ ဖြစ်နေတဲ့အကြောင်းကြောင့်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်နိုင်ငံရဲ့ သမိုင်းဖြစ်စဉ်မှာ အဓိကကျတဲ့နေရာမှာပါဝင်ခဲ့တဲ့ မိသားစု ၂စုရဲ့ အတွင်းရေးအချို့ကို လှစ်ဟပြထားတဲ့အတွက် ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းဖြစ်စဉ်နဲ့ချိန်ထိုးပြီး ခံစားနိုင်မယ့် ဇာတ်ကားကောင်းတစ်ခုဆိုတာကို ညွှန်းဆိုပါရစေ။ File size…1.54GB / 680MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 43m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ko Myo

5.5 2023
Martyr or Murderer
Buffalo ’66
7.4

Buffalo ’66 (1998) ~ IMDb – 7.4/10, Rotten Tomatoes – 76% ~ အဟောင်းအကောင်း Old but Gold ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ IMDb Rating (7.4/10) ရထားတဲ့ ဒီဒရာမာ ဟာသ ရိုမန့်စ်ကားလေးက ဆုပေါင်း(၆)ဆုဆွတ်ခူးထားပြီး Nomination တွေလည်း (၁၁)ခုထိ ၀င်ထားခဲ့ပါသေးတယ်။ ကြည့်ရှုသူများကလည်း ကြည့်ဖူးသမျှထဲမှာ အကောင်းဆုံး Independent Film လို့ရည်ညွှန်းခံရတဲ့ကားလေးပါ။ ဘီလီဘရောင်းဆိုတဲ့သူက ထောင်ငါးနှစ်ကျပြီး ထွက်လာခဲ့တာပါ။ မိဘတွေကို ထောင်ကျခဲ့တာလို့မပြောဘဲ အလုပ်ကိစ္စကြောင့်အဝေးရောက်‌နေပြီး အိမ်ထောင်လည်းကျနေပြီလို့ လိမ်ညာခဲ့မိတာကြောင့် မိဘအိမ်ပြန်ဖို့လိုလာတဲ့အချိန် ပြစရာဇနီးလိုလို့ လမ်းကြုံကောင်မလေးတစ်ယောက်ကို ပြန်ပေးဆွဲရာကနေ ဒီဇာတ်လမ်းက စတင်လာခဲ့ပါတယ်။ ဒီကားလေးက သရုပ်ဆောင်နယ်ပယ်မှာ နာမည်ကြီးပြီး ဆုတွေအများကြီးလည်းရဖူးတဲ့ Golden Lion ဆုအတွက်လည်း Nomi အကြိမ်ကြိမ်၀င်ဖူးတဲ့ Vincent Gallo ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ခဲ့တဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်ညွှန်းကိုလည်း သူကိုယ်တိုင်ပဲရေးသားထားပြီး သူကိုယ်တိုင်ပဲသရုပ်ဆောင်ထားတာပါ။ သူ့ကို Mainstream ပေါ် တင်ပေးခဲ့တဲ့ကားဆိုရင်လည်း မမှားပါဘူး။ မင်းသမီးဆိုရင်လည်း ကြည့်ရှုသူတွေနဲ့မစိမ်းတဲ့ ၁၉၉၁ ခုထွက် The Addams Family ထဲက မူလလက်ဟောင်း ဗုဒ္ဓဟူးမလေးပါ။ သူရဲ့ပျိုမျစ်လတ်ဆတ်တဲ့အလှရယ် ညှို့ငင်တတ်တဲ့မျက်၀န်းနက်နက်လေးတွေရယ် ဘိုးလင်းရုံမှာကတဲ့ Tap Dance အခန်းလေးတွေက ဒီဇာတ်ကားလေးကို အသက်၀င်စေတဲ့ သွေးကြောလေးတွေပါပဲ။ အားလုံးပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 960MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 50Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Comedy • Drama • Romance
7.4 1998
Buffalo ’66
The Fury of a Patient Man
6.7

နောက်ပိုင်းထွက်တဲ့ ဇာတ်ကားသစ်တွေကောင်းတာရှားလို့ Old but Gold ဇာတ်ကားဟောင်းတွေကိုပြန်ကြည့်ချင်တဲ့လူတွေအတွက် ၂၀၁၆ ကထွက်ရှိခဲ့တဲ့ The Fury of a Patient Man ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.7 ရရှိထားပြီး ဇာတ်ကားနာမည်အတိုင်းပဲ သည်းခံစိတ်ရှိတဲ့ လူတွေ ဒေါသထွက်လာရင်တကယ်မလွယ်ဘူးဆိုတဲ့ အကြောင်းကို အဓိက တွေ့ရမှာဖြစ်ပါတယ်။ဟိုဆေးဆိုတဲ့ လူတစ်ယောက်က မကြာခင်လက်ထပ်ရတော့မဲ့ သူ့ရဲ့ချစ်သူကို ဆုံးရှုံးထားရတဲ့ လူဖြစ်ပြီး သူ့ရဲ့ချစ်သူက ဘဏ်ဓားပြတိုက်ခဲ့တဲ့ လူတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။သူ့ချစ်သူကို သတ်ခဲ့တဲ့ အဲ့ဒီ လူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကူရိုဆိုတဲ့ လူတစ်ယောက် ထောင်ထဲက ထွက်လာပြီးနောက်မှာ ဟိုဆေးကကူရို့ကို အသုံးချပြီးဘယ်လိုတွေ ပြန်လက်စားချေသွားမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.89GB/ 769MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2016 92 mins
The Fury of a Patient Man
Macabre
6.4

ဒီတစ်ခါမှာတော့ Horror ဇာတ်ကားကောင်းကောင်းလေးတွေကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်ကြီးကို rating 6.4/10 အထိရရှိထားတဲ့ Macabreဆိုတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားကို Kimo Stamboel က ဒါရိုက်တာအဖြစ်ကော ဇာတ်ညွှန်းရေးဆရာ အဖြစ်ကော တာဝန်ယူရိုက်ကူးထားပြီး အင်ဒိုနီးရှားရုပ်ရှင်သရုပ်ဆောင် အကျော်အမော်တွေဖြစ်တဲ့ မင်းသား Ario Bayuနဲ့ မင်းသမီး Julie Estellaကပါဝင်အားဖြည့်ရိုက်ကူးထားပါတယ် ဇာတ်လမ်းအစမှာ မိဘတွေအက်ဂျီကြောင့် ကားမတော်တဆမှုဖြစ်ပြီးဆုံးသွားလို့ ခပ်တန်းတန်းဖြစ်သွားတဲ့ ညီမဖြစ်သူ လိုင်ဒီယာနဲ့ အက်ဂျီတို့ မောင်နှမနှစ်ယောက်ကို ပြန်လည်ပေါင်းစည်းဖို့ကြိုးစားကြပုံနဲ့ အစပျိုးထားပါတယ် အဲ့နောက်မှာတော့ ညီမဖြစ်သူလိုင်ဒီယာတစ်ယောက် အကိုဖြစ်သူတို့အက်ဂျီနဲ့ဇနီးဖြစ်သူ ကိုယ်ဝန်သည် အက်စ်ထရစ်တို့ အတူတူဂျာကာတာမြို့ကိုသွားတော့မှာဖြစ်တဲ့အတွက် လိုက်ပို့လိုက်ပါတယ် ဒီလိုနဲ့ အက်ဂျီတို့ငါးယောက် ဂျာကာတာကိုသွားတဲ့လမ်း ညကြီးမိုးချုပ်မှာ လမ်းမှာ မျှော်လင့်မထားဘဲ ကောင်မလေးတစ်ယောက် ဒုက္ခရောက်နေတာတွေ့လို ကူညီဖို့ဆုံးဖြတ်လိုက်ကြပြီး ကားအသွားမလာမရှိတာနဲ့ အိမ်အထိလိုက်ပို့ ပေးလိုက်ကြပါတယ် သူတို့တစ်တွေ လမ်းမှာကူညီပေးလိုက်တဲ့ ကောင်မလေး နာမည်ကဆိုနီဖြစ်ပြီး ကောင်မလေးအိမ်ကိုရောက်တဲ့အခါမှာတော့ ထင်မှတ် မထားတဲ့အရာတွေနဲ့တွေ့ကြုံလိုက်ရပါတော့တယ် အဲ့တာကတော့ ဆိုနီတို့မိသားစုဟာ အိမ်ကိုရောက်လာတဲ့ ဧည့်သည်တွေကို စားကောင်းသောက်ဖွယ်တွေနဲ့ ဧည့်ခံကျွေးမွေးပြီး ဆေးခတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ပြီး ကလိစာတွေကို လူချမ်းသာတွေထံပြန်လည်ရောင်းချတာပဲ ဖြစ်ပါတယ် သူတို့တွေ ဒီအိမ်ကြီးမှာ ဘယ်လိုရက်စက်မှုအပေါင်းသရဖူဆောင်းထားတဲ့လုပ်ရက်တွေကို ရင်ဆိုင်ကြုံတွေ့ကြမလဲ သူတို့တွေ ဒီအိမ်ကြီးကနေ အသက်ရှင်လျက်လွတ်မြောက်အောင် ဘယ်လိုတွေ ကြိုးပမ်းကြမလဲ အဲ့ဒီနောက် သူတို့တစ်တွေ ဒီအိမ်ကြီးကနေကော အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလား ဆိုတာကိုဒီဇာတ်ကားလေးထဲမှာ လိုက်ပါစီးမျောခံစား ကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက Horror,Drama&Thriller ဖြစ်ပြီး ကြည့်ရှုသူပရိတ်သတ်က ဟာခနဲ့ ဟင်ခနဲ့ဖြစ်သွားအောင် မျက်တောင်မခတ်ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါတယ် ဒီဇာတ်ကားဟာ အင်ဒိုနီးရှားHorrorကားဖြစ်တာနဲ့အညီ သွေးသံရဲရဲအခန်းတွေ ပါဝင်တဲ့အတွက် ကလေးငယ်လေးတွေ ကြည့်ရှုဖို့မသင့်တော်ဘူးဆိုတဲ့အကြောင်းကို ကြိုတင်အသိပေးပါရစေ…. File size…1.87GB / 857MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 35m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

Horror • Thriller
6.4 2009 95 mins
Macabre
Madame de Sévigné
6.5

ဇာတ်ကားအမျိုးအစားအများကြီးရှိတဲ့ထဲကမှ မိဘနဲ့သားသမီးတို့ကြားက ချစ်ခြင်းကိုဖော်ပြတဲ့ကားတွေ အများကြီးရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ပြင်သစ် ဇာတ်ကားလေးဖြစ်တဲ့ Madame.de.Sevigne ဆိုတဲ့ကားလေးမှာ မဒမ်ဆီဗင်ညီးရဲ့ သူ့သမီးအပေါ်ထားတဲ့ ချစ်မေတ္တာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မြို့စားကတော် မဒမ်ဆီဗင်ညီးဟာ သူ့ရဲ့သမီးချောလေး ဖရွန်ဆွက်စ်ကို ယောက်ျားပေးစားဖို့ လုပ်နေပါတယ်။ အဆင်ပြေရင် ဘုရင်နဲ့လက်ဆက်ဖို့ထိပါပေါ့။ ဒါပေမဲ့ အဆင်မပြေမှုလေးတွေဖြစ်ပြီး သူ့ရဲ့အဆက်ဟောင်း မြို့စားတစ်ယောက်နဲ့ လက်ဆက်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ သားအမိတွေ နည်းနည်းဝေးသွားကြရင်း တစ်နေ့မှာ သူ့သမီးဆီအလည်သွားရင်း အဆင်မပြေတဲ့ကိစ္စတချို့ကို ကြားလာရပါတယ်။ ဒါနဲ့ပဲ သူ့သမီးကိုပြန်ခေါ်ဖို့ကြိုးစားခဲ့ပေမဲ့ လိုက်မလာပါဘူး။ နောက်ပိုင်းလိုက်လာတဲ့ အခါမှာသူချစ်တဲ့သူ့သမီးနဲ့သူအဆင်မပြေတော့ပါဘူး။ တစ်ခါတလေမှာ ချစ်တာကို အချစ်လွန်တဲ့အခါ ၂ဦး၂ဘက် အဆင်မပြေမှုတွေဖြစ်ပြီး ဝေးကွာသွားတတ်ပုံကို အကောင်းဆုံးဖော်ပြထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။ အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Wunna ပဲဖြစ်ပါတယ်။ File size…(1.5 GB)/(660 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre… Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ko Wunna

6.5 2023
Madame de Sévigné
Company of Heroes
5

Company of Heroes (2013) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကာလအကြောင်းကိုစိတ်ကူးယဥ်ရိုက်ပြထားတဲ့ စစ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီး ၁၉၄၄ ခုခရစ်စမတ်ကာလမှာ ဂျာမနီကိုမဟာမိတ်တပ်တွေနဲ့ ဆိုဗီယက်တပ်နီတော်တို့က ဝိုင်းထားလိုက်ပါပြီ။ ဟစ်တလာကတော့ ဂျာမန်ပြည်သူတွေကိုစွမ်းအားပြင်းလက်နက်တစ်ခုနဲ့အနိုင်ပြန်ယူမယ်လို့ကတိပေးထားခဲ့ပါတယ်။ ထိုအချိန် Ardennes ဒေသမှာ ဂျာမန်စစ်သားတွေမရှိတော့ဘူးလို့ယူဆတဲ့ လက်ဖတင်နင်ကွန်တီက ဆာဂျင်မက်သီဆင်နဲ့သူ့တပ်ဖွဲ့ကိုရှေ့တန်းစစ်စခန်းကို ခရစ်စမတ်ဝက်ပေါင်ခြောက်ပို့ပေးဖို့ တာဝန်ပေးခဲ့ပါတယ်။ ဆာဂျင်မက်သီဆင်နဲ့သူ့တပ်ဖွဲ့ဟာနှင်းတော့ကိုဖြတ်သွားရင်းနဲ့ ဂျာမန်တင့်ကားစစ်ကြောင်းနဲ့ထိပ်တိုက်တိုးခဲ့ပါတယ်။ ထို့နောက်သူတို့ဟာ ဂျာမန်တွေရဲ့အနောက်ဖက်ကိုရောက်သွားပြီးတော့ ဌာနကိုပြန်ဖို့လုပ်ရင်းနဲ့ ဂျာမန်တွေရဲ့လက်နက်စမ်းသပ်တဲ့နေရာတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်။ ထိုနေရာဟာ မွဲစာကြဲနေတာကိုတွေ့ရှိရပြီးတော့ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ(အိုအက်စ်အက်စ်) တပ်သားတစ်ယောက်နဲ့တွေ့ရှိခဲ့ပါတယ်။ ထိုသူကဂျာမန်တွေ အနုမြုဗုံးစမ်းသပ်တာကိုစုံစမ်းနေတာဖြစ်ပြီး သေခါနီးဖြစ်နေပါပြီ။ သူကပထမစစမ်းသပ်တဲ့ဗုံးကမအောင်မြင်ခဲ့ပဲ နောက်ထပ်စမ်းသပ်မှုကိုတားနိုင်ဖို့ သူ့ရဲ့စစ်ဆင်ရေးကိုဆက်လုပ်ဖို့ Stuttgart မြို့ကိုသွားမဲ့ရထားပေါ်ကလူကို လျှို့ဝှက်စာတွေပို့ပေးဖို့အမိန့်ပေးခဲ့ပါတယ်။ ဒီတော့ ဆာဂျင်မက်သီဆင်ရဲ့တပ်ဖွဲ့ ဒီစစ်ဆင်ရေးကိုဆက်လက်လုပ်ဆောင်နိုင်မလား၊ ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲဆိုတာကို‌ဆက်လက်ကြည့်ရှူကြပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ AKM ဖြစ်ပါတယ်။) File size…(2 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Drama, War Duration….01:41:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by AKM

Comedy • Romance
5 2013 100 mins
Company of Heroes
Companion
7.3

Companion (2025) IMDb Rating (7.3) / Rotten Tomatoes (94%) ဒီကားက ဟော်ရာကားဖြစ်ပြီး IMDb 7 ကျော် ရထားတာပါ။ ထိုက်ထိုက်တန်တန်ကိုရထားတာပါ။ Substance တုန်းကလိုပဲ ဇာတ်လမ်းဆန်းသစ်ပြီး တင်စားထားတာတွေ အရမ်းကောင်းပါတယ်။ မထတမ်း ကြည့်ချင်စေမဲ့ ရုပ်ရှင်မျိုးပါပဲ။ ဒါရိုက်တာ Drew Hancock ရဲ့အကောင်းဆုံးလက်ရာလို့ ပြောလို့ရပါတယ်။ မင်းသမီးက Heretic တို့ Yellowjackets တို့မှာ အရမ်းလန်းထားတဲ့ Sophie Thatcher ပါ။ မင်းသားကတော့ The Boys ထဲက အားလုံးအချစ်တော် ဟူဝီဖြစ်တဲ့ Jack Quaid ပါပဲ။ ဇာတ်လမ်းအကျဉ်း +++++++++++ ဟော်ရာထုံးစံအတိုင်း လူသူမနီးတဲ့ ရေကန်အိမ်ကြီးထဲကို အလည်အပတ်ထွက်လာတဲ့ အတွဲသုံးတွဲရှိတယ်။ အဓိက အတွဲကတော့ဂျော့ရှ် နဲ့ အိုင်းရစ် တို့အတွဲပါ။ အိုင်းရစ်က ဂျော့ရှ်ကို အသေအလဲချစ်နေတဲ့ကောင်မလေးပေါ့။ နောက်တစ်တွဲကလည်း အီလိုင်ဆိုတဲ့ကောင်လေးရယ် သူ့ကိုအသေအလဲချစ်နေတဲ့ ပတ်ထရစ်ရယ်ပါမယ်။ နောက်တစ်တွဲကတော့ ရုရှားခပ်ဆိုးဆိုးကောင်ကြီး ဆာဂေ နဲ့သူ့စမောလေး ကတ် တို့ပါပဲ။ အိမ်ထဲမှာ ကြောက်စရာတွေကြမယ် ဘာညာတော့ သိမှာပါ။ ကျန်တာတော့ ဘာမှမညွှန်းချင်တော့ပါဘူး ဟာ ဟာ နဲ့ ကြည့်လို့ရအောင် ဒီအတိုင်းပဲတင်ပေးထားလိုက်ပါတယ်။ ဘာမှမသိဘဲသာ ဆက်ကြည့်လိုက်ပါ။ကြိုက်သွားပါလိမ့်မယ်။ File size…(3.6 GB) / (1.13 GB) / (647 MB) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Comedy • Action
7.3 2025 97 mins
Companion
Exclusive Memory
5.6

အရာအားလုံးကိုမြင်ဖူးရုံနဲ့ မေ့မရတဲ့မှတ်ဉာဏ်စွမ်းရည်ရှိတဲ့သူများဟာ ကမ္ဘာပေါ်မှာအင်မတန်ရှားပါးပါတယ်။ ဖြစ်ချင်တိုင်းမဖြစ်ရတဲ့ အရာအားလုံးအဆင်ပြေတယ်ဆိုတာာ မရှိတဲ့လောကကြီးမှာ မေ့မရခြင်းဟာလဲ ကောင်းလှတဲ့အရာတော့မဟုတ်ပါဘူး။ ဒီလိုလက္ခဏာရှိတဲ့သူတွေကို စိတ်ပညာအရ မှတ်ဉာဏ်လွန်ရောဂါလို့ခေါ်ပါတယ်။ တစ်နေ့မှာတော့ ဒေါက်တာချင်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဟာ အရာအားလုံးကိုမေ့မရတာကြောင့် ဖိအားတွေဖြစ်ပြီ း ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကြိုးစားလာနိုင်တဲ့လူငယ်လေးကို ကုသပေးဖို့ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဆန်းကြယ်တဲ့စိတ်ပညာအကြောင်းတွေစိတ်ဝင်စားတဲ့လူတွေ ဦးစားရတာကြိုက်တဲ့လူတွေအတွက် အကြိုက်တွေ့စေမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။

5.6 2025
Exclusive Memory